"အား ေမာလိုက္တာ အခုမွ အေမာေျပတယ္"
သုန္သုန္ လိေမၼာ္ရည္ကို ပိုက္န႔ဲ စုတ္ကာ ညည္းညဴလိုက္သည္။
လင္းလက္န႔ဲ ဝသုန္တို႔ သင္တန္းစုံစမ္းၿပီးေနာက္ အေအးဆိုင္မွာ ဝင္ထိုင္ေနၾကျခင္းပင္။
အ့ဲအခ်ိန္ လင္းလက္ရဲ့ ဖုန္းကေန Baekhyunneရဲ႕ Love again ringtoneသံ ထြက္လာေတာ့ လင္းလက္ကိုင္လိုက္သည္။
"ဟယ္လို"
"လင္းလက္ ဘယ္မွာလဲ"
"ညီမေလး အေအးဆိုင္မွာ ဘာလို႔လဲ ကိုႀကီး"
"ေအာ္ ဘာမွမဟုတ္ေတာ့ပါဘူး ေန႔လည္စာစားၿပီးၿပီလားလို႔ ေမးမလို႔"
"အင္း ရပါတယ္ ညီမေလးဘာသာ သုန္သုန္န႔ဲ စားလိုက္မယ္ စိတ္မပူန႔ဲ"
"အာ..အင္းအင္း ဟုတ္ၿပီ ဒါပဲေနာ္ ညီမေလး"
ကိုႀကီး ေျပာလို႔မၿပီးခင္ လင္းလက္ ဖုန္းခ်ကာ အိတ္ထဲ ထိုးထည့္လိုက္သည္။
"လင္းလက္ နင့္ကိုႀကီးကို နင္တအား ရင့္သီးေနသလိုပဲ အရင္န႔ဲလည္း မတူဘူး"
သုန္သုန္႔အေျပာကို လင္းလက္ ဘာမွျပန္မေျပာဘဲ ၿပံဳးသာ ၿပံဳးျပမိလိုက္သည္။
သုန္သုန္မွမသိတာ ကိုႀကီး သူမအေပၚ ဆက္ဆံခ့ဲတ့ဲပုံစံကို!
မိန္းမေရွ႕မွာ မိန္းမမေကာင္းေၾကာင္း ေျပာၿပီး တျခားမိန္းမန႔ဲ ေပ်ာ္ပါးေနတာကို မ်က္စိေရွ႕ ေတြ႔ျမင္ခ့ဲရ နားန႔ဲ ဆတ္ဆတ္ၾကားခ့ဲရတာကို သုန္သုန္ မသိႏိုင္ပါေလ~~
******
∆ေနာက္တပတ္အၾကာ∆
လင္းလက္ သင္တန္းသြားဖို႔ အလွျပင္ဆင္ၿပီးေနာက္ အိတ္ကို ကိုင္ကာ ေလွကားမွ ဆင္းလာသည္။
မီးဖိုေခ်ာင္ကို တစ္ခုခုစားဖို႔ သြားမ့ဲအခ်ိန္ ဧည့္ခန္းမွာ ထိုင္ေနတ့ဲ တစ္စုံတစ္ေယာက္ေၾကာင့္ ေျခလွမ္းေတြ တုံ့သြားရသည္။
ထိုသူမက အက်ႌအျဖဴ ခါးတိုေလးန႔ဲ ထမိန္စကပ္အဝါေလးကို ဝတ္ဆင္ထားကာ ဆိုဖာေပၚထိုင္လ်က္ ဖိုင္တြဲတစ္ခုကို ၾကည့္ေန၏ မ်က္ႏွာကို မိတ္ကပ္ပါးပါးေလး ျခယ္သထားၿပီး နႈတ္ခမ္းနီ ပန္းေရာင္ေလး ဆိုးထားပုံက ယဥ္သကိုအလွပိုင္ရွင္က့ဲသို႔။
ထို ခါးေသးရင္ခ်ီခႏၲာကိုယ္န႔ဲ ယဥ္သကိုအလွပိုင္ရွင္ေလးက ေကာ္ဖီဆိုင္ရဲ႕ CEOခန္းထဲမွာ ကိုႀကီးန႔ဲ ျဖစ္ခ်င္တိုင္း ျဖစ္ေနတာကို ျပန္ျမင္ေယာင္ၾကည့္မိေတာ့ မေန႔ညက စားထားသမွ် အစာမေက်တာေတြ လည္ေခ်ာင္းဝထိ ပ်ိဳ႕တက္လာသလို ခံစားရၿပီး လင္းလက္ မီးဖိုေခ်ာင္ကို အျမန္ေျပးမိသည္။
မ်က္လုံးေထာင့္မွာ ႐ုတ္တရက္ သူမ ေျပးထြက္သြားလို႔ မ်က္လုံးျပဴးက်န္ေနခ့ဲတ့ဲသူကို ေတြ႔လိုက္ရေသးသည္။
"ဟ့ဲဟ့ဲ ငယ္ေလး ဘာျဖစ္တာတုန္း"
လင္းလက္ အရွိန္န႔ဲ မီးဖိုေခ်ာင္ထဲက ေဘစင္ဆီ ေျပးကာ အန္ေတာ့ ႀကီးပုမ်က္လုံးျပဴးကာ ေမးသည္။
လင္းလက္ လက္ကာျပကာ ပလုတ္က်င္းလိုက္သည္။
"ဘာျဖစ္တာလဲ ငယ္"
ကိုႀကီးက အလန္႔တၾကား ေမးသည္။
လင္းလက္ တစ္ရႉးန႔ဲ ပါးစပ္သုတ္လိုက္ရင္း
"ဘာမွမျဖစ္ဘူး ႀကီးပု ညက အစာမာတာေတြ စားမိၿပီး အစာမေက်တာ ထင္တယ္"
"လန္႔သြားတာပဲ ငယ္ေလးရယ္ ဘာစားမလဲ ခု"
"ထမင္းေၾကာ္ထားေသးလား ၾကက္သြန္နီန႔ဲ ဆႏြင္းမႈန္႔ေလးထည့္ၿပီးေလ"
"မေၾကာ္ရေသးဘူး ႀကီးပုက ဆီခ်က္ ခ်က္ထားတာ စားမလား "
"စားမယ္"
ႀကီးပုက ထြက္သြားမလို လုပ္ၿပီးမွ
"ကိုစက္ကေရာ ႀကီးပု ထည့္လာေပးရမလား"
"ဟုတ္က့ဲ ေကာ္ဖီေလးပါ ေဖ်ာ္ခ့ဲေပးေနာ္"
"ကြၽန္ေတာ္ေရာေနာ္ ေကာ္ဖီေတာ့မပါဘူး"
မီးဖိုေခ်ာင္ထဲ ထပ္ဝင္လာတ့ဲ ကိုလတ္က ကမန္းကတန္း ဝင္ေျပာေတာ့ ႀကီးပုလည္း ရယ္ေမာကာ ေမာင္ႏွမသုံးေယာက္အတြက္ ျပင္ဆင္ေပးဖို႔ ထြက္သြား၏
ကိုလတ္က ထမင္းစားစားပြဲမွာ ဝင္ထိုင္လိုက္သည္။
"ငယ္ေလး စားၿပီး ေဆးေသာက္လိုက္ဦးေနာ္ ၿပီးမွ သင္တန္းသြား"
"ဘာျဖစ္လို႔လဲ ငယ္ေလးက"
ကိုလတ္က ဖုန္းသုံးေနရာမွ မ်က္လုံးျပဴးကာ ထေမးသည္။
"ဘာမွမျဖစ္ပါဘူး ကိုလတ္ရဲ႕ အစာမေက်လို႔ ျပန္အန္တာ"
"ေအာ္ ဟုတ္တယ္ အ့ဆို အစာေက်ေဆးေလးစားၿပီးမွသြား"
"အိုေက"
ဆီခ်က္စားၿပီးေနာက္ လင္းလက္က အရင္ ထသြားသည္။ ကိုႀကီးက ေကာ္ဖီေသာက္ေနခ့ဲၿပီး ကိုလတ္က ခုထိ စားလို႔ မၿပီးေသးေပ။
လင္းလက္ ဧည့္ခန္းက ထိုမိန္းမကို ျမင္ရဦးမည္ကို ျပန္ေတြးကာ အလိုလို မ်က္ခုံးက်ံဳ႕သြားသည္။
သင္တန္းမသြားေသးဘဲ ထိုမိန္းမေရွ႕က ဆိုဖာမွာ ဝင္ထိုင္ကာ ဖုန္းထိုင္သုံးေနလိုက္သည္။ မဟုတ္လည္း သင္တန္းက တစ္နာရီခြဲေလာက္ အခ်ိန္လိုေနေသးသည္။
"ဟိုေလ"
ဖုန္းသုံးေနရာက လင္းလက္ ေမာ့ၾကည့္လိုက္သည္။
"အဆင္ေျပရဲ႕လား ခုနက ေျပးထြက္သြားလို႔ေလ"
ဘာလဲဟ သူ႔အၾကည့္က ငါကပဲ ကိုယ္ဝန္ရေနတ့ဲ အၾကည့္န႔ဲ
"ဘာမွမျဖစ္ဘူး အစာမေက်လို႔"
ေျပာၿပီး ဖုန္းျပန္သုံးေနလိုက္သည္။
"အာ.."
"အယ္ ငယ္ သင္တန္းမသြားဘူးလား"
ေမာ့ၾကည့္လိုက္ေတာ့ ကိုႀကီး ျဖစ္ေနသည္။
ထိုမိန္းမက မတ္တတ္ထရပ္လိုက္သည္ကို မ်က္လုံးေထာင့္ကေန ေတြ႔လိုက္ရေသးသည္။
"အင္း အခ်ိန္ေစာေသးလို႔"
"ဆရာ"
"အင္း... အ့ဆို ငယ္ ကိုႀကီးအလုပ္သြားလိုက္ဦးမယ္"
ထိုမိန္းမကို တခ်က္သာ ေခါင္းၿငိမ့္ျပၿပီး လင္းလက္ဘက္ကို လွည့္ကာ ျပန္ေျပာလာသည္ေၾကာင့္ လင္းလက္ အႀကံတစ္ခု ရသြားသည္။
"ကိုႀကီး အလုပ္အေရးမႀကီးေသးရင္ ငယ့္ကို သင္တန္းလိုက္ပို႔"
"အမ္ ရတယ္ေလ"
"ဆရာ ဒါမ့ဲ"
ထိုမိန္းမကို လက္ကာျပကာ ကိုႀကီးက လင္းလက္အိတ္ကို ေကာက္လြယ္ၿပီး လင္းလက္ကို လက္ကမ္းေပးေလ၏
လင္းလက္ မ်က္ခုံးပင့္ကာ မတ္တတ္ထရပ္ၿပီး ကိုႀကီးေပၚ ခုန္တက္လိုက္သည္။
႐ုတ္တရက္မို႔ ကိုႀကီး ေနာက္ျပန္လဲက်မတတ္ျဖစ္သြားေပမ့ဲ ျပန္ထိန္းလိုက္ႏိုင္သည္။
"ဟဟ ငယ္ေလး ဆင္းဦး ကိုႀကီး လဲေတာ့မယ္"
"ရပု အ့ဲအတိုင္း ကားဆီ ေခၚသြား"
"ဟဟ"
ထိုမိန္းမ မ်က္ႏွာက မသိမသာ ရႈံ့မ့ဲသြားတာ ေတြ႔လိုက္ေတာ့ လင္းလက္ ႀကိတ္ၿပံဳးလိုက္သည္။
ကားဆီ ေရာက္ေတာ့ ထိုမိန္းမက ေရွ႕ခန္းတံခါးကို ဖြင့္တာေတြ႔လိုက္ေတာ့ လင္းလက္ ကိုႀကီးေပၚက ခုန္ဆင္းကာ ဝင္ထိုင္လိုက္သည္။
"ေက်းဇူးပဲေနာ္"
ထိုမိန္းမ မ်က္ႏွာ မည္းသြားကာ ကိုႀကီးကို လွည့္ၾကည့္ေလသည္။ ကိုႀကီးက မျမင္ခ်င္ေယာင္ေဆာင္ၿပီး ေခါင္းခန္းကေန ပတ္ကာ ေမာင္းသူေနရာ ဝင္ထိုင္ေတာ့ ထိုမိန္းမလဲ မတတ္သာဘဲ ေနာက္ခန္းတံခါးသာ ဖြင့္ကာ တက္လိုက္ရေလ၏
"ငယ္ေလး"
ကိုလတ္က ကားဆီ ေျပးလာသည္။ လင္းလက္ မ်က္ခုံးပင့္ကာ ဘာလဲ လို႔ ျပန္ေမးေတာ့ ကိုလတ္က လက္ဝါးျဖန္႔ေပးသည္။ လက္ဝါးထဲမွာ ေဆးလုံးတစ္လုံး။
"ေဆးေသာက္ရမယ္ေလ ခုနက အန္ထားတာဆို"
လင္းလက္ လွ်ာထုတ္ကာ ေဆးယူေသာက္လိုက္သည္။ ကိုႀကီးက ေရဘူးေပးသည္။ ေသာက္ၿပီးေတာ့ ကိုလတ္က ကိုႀကီးဆီက လင္းလက္ရဲ႕ အိတ္ကို ယူလိုက္ၿပီး ပိုက္ဆံထည့္ေပးေနေသးသည္။
"Thank you ကိုလတ္"
ကိုလတ္က ၿပံဳးကာ လင္းလက္ေခါင္းကို ဖြသည္။
လမ္းမွာ ထိုမိန္းမက ကိုႀကီးကို စကားေျပာဖို႔ ႀကိဳးစားေပမ့ဲ ကိုႀကီးက လင္းလက္ကိုသာ စကားေတြ ေျပာေနတာေၾကာင့္ သူမမွာ စကားေျပာခြင့္မရဘဲ မ်က္ႏွာမႈန္သုန္ကာ ထိုင္ေနေလ၏
ထိုအမူအရာေၾကာင့္ ထိုမိန္းမ ကိုႀကီးကို စိတ္ဝင္စားေနၿပီကို လင္းလက္ရိပ္မိသြားသည္။
ၾကည့္ရတာ ကိုႀကီးက ကုမၸဏီကို ဦးစီးရမ႕ဲသူဆိုတာ သိသြားတ့ဲအတြက္ အပိုင္ခ်ဥ္းကပ္ခ်င္ေနပုံပင္။ လင္းလက္ သူမကို အခြင့္အေရး ေပးရမွာေပါ့ေလ
"ကိုႀကီး သူက ကိုႀကီးရဲ႕ အတြင္းေရးမႈးမလား သူ အလုပ္အေၾကာင္း ေျပာခ်င္လို႔ လိုက္လာတာေနမွာ သူန႔ဲ ေျပာလိုက္ဦးေလ"
"ရတယ္ ကုမၸဏီေရာက္မွ ေအးေဆးေျပာၾကတာေပါ့ ငယ္ေလးကိုက အခုမွ သင္တန္းသြားပို႔ရတာကို"
လင္းလက္ မ့ဲၿပံဳးၿပံဳးကာ ျပတင္းေပါက္ဘက္လွည့္ၿပီး ရႈခင္းေတြသာ ၾကည့္ေနလိုက္သည္။
အရင္တုန္းက သူမပိုင္ဆိုင္မႈေတြ ကိုႀကီးက တပ္မက္လာၿပီး အ့ဲမိန္းမဘက္ စိတ္ယိုင္သြားတာက အ့ဲမိန္းမက ဉာဏ္နီဉာဏ္နက္ေတြ မာယာေတြ ထုတ္သုံးလိုက္တာ ျဖစ္မည္။
ဟမ့္!! ဒီဘဝေတာ့ နင္ ငါ့ကိုႀကီးအရိပ္ေတာင္ မနင္းႏိုင္ေစရဘူး!!
*******
သင္တန္းေရာက္ေတာ့ သုန္သုန္က လင္းလက္ကို တခုခုေမးခ်င္ေနပုံန႔ဲ ၾကည့္ေနတာေၾကာင့္ လင္းလက္ ေမးေငါ့ျပလိုက္သည္။
"အရင္က နင္ ကိုႀကီးကို မၾကည္ပါဘူး ဘယ္လိုျဖစ္ၿပီး ဒီေန႔က် သင္တန္းလိုက္ပို႔ခိုင္းရတာလဲ"
"ဒီတိုင္းပါပဲ လမ္းႀကံဳလို႔"
"ဟင္ လမ္းက တျခားစီႀကီးကို"
လင္းလက္ ရယ္ကာ ညက ေဒါင္းထားတ့ဲ Who Rules The World ကားကို ၾကည့္ဖို႔ ဖုန္းထုတ္လိုက္သည္။
သုန္သုန္ကလဲ သူမနား ကပ္ကာ အတူၾကည့္ဖို႔ ျပင္ေနေလသည္။
သူမေရာ သုန္သုန္ေရာက EXOLေတြ ျဖစ္တ့ဲအျပင္ ေခ်ာတ့ဲေကာင္ေလး ငါ့ေကာင္ေလး လို႔ ခံယူထားသူေတြပင္။
အခုလဲ Yang Yangေလးရဲ့ ကားမို့ ongoing လိုက္ေနၾကျခင္းပင္၊
"ဟိုင္း"
လင္းလက္န႔ဲ သုန္သုန္တို႔ ေမာ့ၾကည့္လိုက္ေတာ့ ေကာင္ေလးတစ္ေယာက္။
ဆံပင္အနက္ေရာင္ကို ခပ္တိုတိုေလးန႔ဲ သပ္သပ္ရပ္ရပ္ ညႇပ္ထားၿပီး မ်က္ႏွာက ရွင္းသန္႔ေနကာ မ်က္မွန္လွလွေလး တပ္ထားသည္က ေတာ္ေတာ္ေခ်ာတ့ဲ ေကာင္ေလးျဖစ္သြားေစျခင္းေပလားမသိ။
"အဟမ္း ဟယ္လို ဘာကူညီေပးရမလဲ"
လင္းလက္ ခဏတာ ေငးၾကည့္ေနၿပီးမွ အသိဝင္ကာ ျပန္နႈတ္ဆက္လိုက္သည္။
ေဘးက သုန္သုန္မကေတာ့ ယန္းယန္ေတာင္ မၾကည့္ႏိုင္ဘဲ ထိုေကာင္ေလးကိုသာ ၾကည့္ေနသည္။
သုန္သုန္႔အၾကည့္ေၾကာင့္ေပလားမသိ ထိုေကာင္ေလး လည္ပင္းကို လက္န႔ဲ ပြတ္သပ္ကာ
"အဟမ္း ကိုယ္ ညီမတို႔ကို ခင္ခ်င္လို႔ ရမလား"
"ရတာေပါ့ လုံးဝ ရတယ္"
လင္းလက္ တက္ႂကြလြန္းေနတ့ဲ သုန္သုန္႔ခါးကို ဆြဲဆိတ္လိုက္သည္။
ငါ့ကိုလတ္ကို နင့္ကို မေပးေတာ့ဘူး!!!!
ထိုေကာင္ေလးက လင္းလက္ေဘးက ခုံမွာ ဝင္ထိုင္လိုက္ၿပီး
"ကိုယ့္နာမည္က စစ္မင္းသိုက္ ပါ"
"ညီမက လင္းလက္သြင္ သူက ဝသုန္လြင္"
"ဘာကားၾကည့္ေနၾကတာလဲ"
စစ္မင္းသိုက္က လင္းလက္တို႔ ၾကည့္လက္စကားကို ၾကည့္ကာ ေမးသည္
"Who Rules The Worldေလ ေနာက္တပတ္ဆို ဇာတ္သိမ္းၿပီ"
"ေအာ္ လင္းလက္တို႔က ဆယ္တန္းေျဖၿပီးၿပီလား"
"အင္း စစ္မင္းသိုက္ေရာ"
"စစ္မင္းလို႔ ေခၚလို႔ရပါတယ္ ကိုယ္က 2nd yrs English"
"အာ အသက္ႀကီးသားပဲ ကိုစစ္လို႔ ေခၚမယ္ေလ"
သို႔ႏွင့္ လင္းလက္တို႔ သုံးေယာက္ ေတာ္ေတာ္ရင္းႏွီးသြားၿပီး fb accေတြပါ လဲလိုက္ၾကသည္။
လင္းလက္အထင္ေပလားမသိ ကိုစစ္က လင္းလက္ကို ခဏခဏ ၾကည့္သလိုပင္။ အထင္ပဲ ေနမွာပါေလ!!!!
****
သင္တန္းၿပီးေတာ့ အိမ္မွာ လုပ္စရာရွိလို႔ဆိုကာ သုန္သုန္က အရင္ျပန္သြားေတာ့ လင္းလက္ အိမ္ကို လာႀကိဳခိုင္းရမလား တကၠစီငွားျပန္ရမလား ေတြးကာ ေၾကာင္ရပ္ေနမိသည္။
"လင္းလက္ ဘာလုပ္ေနတာလဲ "
"ေအာ္ ကိုစစ္ အိမ္ကို ဘာန႔ဲ ျပန္ရမလဲ စဥ္းစားေနတာ တကၠစီပဲ သြားငွားလိုက္ေတာ့မယ္ ျပန္ၿပီေနာ္ ဘိုင့္ဘိုင္"
"ဟိုဟာ.."
"ဟင္"
"ကိုယ္ လိုက္ပို႔ေပးမယ္ေလ ရမလား ဟို ခုမွ စခင္တာေတာ့ သိေပမ့ဲ အဲ.. ဟို.."
"ဟဟ ရတယ္ေလ လိုက္ပို့"
အထစ္ထစ္အေငါ့ေငါ့န႔ဲ ျဖစ္ေနတ့ဲ ကိုစစ္ေၾကာင့္ လင္းလက္ ၿပံဳးလိုက္မိသည္။
"ဖုန္းနံပါတ္မလဲရေသးဘူးေနာ္ ကိုယ္တို႔"
ကားဆီ ေလွ်ာက္လာရင္း ကိုစစ္က ေျပာသည္။
"ဟင္ အင္းအင္း လဲမယ္ေလ"
လင္းလက္ ဖုန္းနံပါတ္ေပးမလို႔လုပ္ခ်ိန္မွာ ကိုႀကီးဆီက ဖုန္းဝင္လာသည္။
"ဟယ္လို ကိုႀကီး"
"...."
"အင္း ၿပီးၿပီ ခုပဲ ျပန္ေတာ့မလို႔"
"..."
"ရတယ္ သူငယ္ခ်င္း လိုက္ပို႔မွာ"
"..."
"ရပါတယ္ အလုပ္မွာမလား အခုက အလုပ္သာလုပ္"
"..."
"အင္းအင္း ဒါပဲေနာ္"
လင္းလက္ စိတ္ထင္ပဲလားမသိ။ ကိုႀကီးက ခုတေလာ သူမကို လိုက္ကပ္တြယ္ေနသလိုပင္။
"ကိုႀကီးဆိုတာက?"
"ေအာ္ လင္းလက္ရဲ႕ အကိုႀကီးေလ လာ ျပန္ရေအာင္"
ေၾကာင္ေတာင္ေတာင္န့ဲ ကိုစစ္က ေမာင္းသူေနရာ ဝင္ထိုင္ကာ ထြက္လာၾက၏
🌺🌺🌺🌺🌺🌺
အေဟး ေနာက္တေယာက္ ေပၚလာပါၿပီ
19.6.22
🌺🌺🌺🌺🌺🌺
Unicode
"အား မောလိုက်တာ အခုမှ အမောပြေတယ်"
သုန်သုန် လိမ္မော်ရည်ကို ပိုက်န့ဲ စုတ်ကာ ညည်းညူလိုက်သည်။
လင်းလက်န့ဲ ဝသုန်တို့ သင်တန်းစုံစမ်းပြီးနောက် အအေးဆိုင်မှာ ဝင်ထိုင်နေကြခြင်းပင်။
အ့ဲအချိန် လင်းလက်ရဲ့ ဖုန်းကနေ Baekhyunneရဲ့ Love again ringtoneသံ ထွက်လာတော့ လင်းလက်ကိုင်လိုက်သည်။
"ဟယ်လို"
"လင်းလက် ဘယ်မှာလဲ"
"ညီမလေး အအေးဆိုင်မှာ ဘာလို့လဲ ကိုကြီး"
"အော် ဘာမှမဟုတ်တော့ပါဘူး နေ့လည်စာစားပြီးပြီလားလို့ မေးမလို့"
"အင်း ရပါတယ် ညီမလေးဘာသာ သုန်သုန်န့ဲ စားလိုက်မယ် စိတ်မပူန့ဲ"
"အာ..အင်းအင်း ဟုတ်ပြီ ဒါပဲနော် ညီမလေး"
ကိုကြီး ပြောလို့မပြီးခင် လင်းလက် ဖုန်းချကာ အိတ်ထဲ ထိုးထည့်လိုက်သည်။
"လင်းလက် နင့်ကိုကြီးကို နင်တအား ရင့်သီးနေသလိုပဲ အရင်န့ဲလည်း မတူဘူး"
သုန်သုန့်အပြောကို လင်းလက် ဘာမှပြန်မပြောဘဲ ပြုံးသာ ပြုံးပြမိလိုက်သည်။
သုန်သုန်မှမသိတာ ကိုကြီး သူမအပေါ် ဆက်ဆံခ့ဲတ့ဲပုံစံကို!
မိန်းမရှေ့မှာ မိန်းမမကောင်းကြောင်း ပြောပြီး တခြားမိန်းမန့ဲ ပျော်ပါးနေတာကို မျက်စိရှေ့ တွေ့မြင်ခ့ဲရ နားန့ဲ ဆတ်ဆတ်ကြားခ့ဲရတာကို သုန်သုန် မသိနိုင်ပါလေ~~
******
∆နောက်တပတ်အကြာ∆
လင်းလက် သင်တန်းသွားဖို့ အလှပြင်ဆင်ပြီးနောက် အိတ်ကို ကိုင်ကာ လှေကားမှ ဆင်းလာသည်။
မီးဖိုချောင်ကို တစ်ခုခုစားဖို့ သွားမ့ဲအချိန် ဧည့်ခန်းမှာ ထိုင်နေတ့ဲ တစ်စုံတစ်ယောက်ကြောင့် ခြေလှမ်းတွေ တုံ့သွားရသည်။
ထိုသူမက အကျႌအဖြူ ခါးတိုလေးန့ဲ ထမိန်စကပ်အဝါလေးကို ဝတ်ဆင်ထားကာ ဆိုဖာပေါ်ထိုင်လျက် ဖိုင်တွဲတစ်ခုကို ကြည့်နေ၏ မျက်နှာကို မိတ်ကပ်ပါးပါးလေး ခြယ်သထားပြီး နှုတ်ခမ်းနီ ပန်းရောင်လေး ဆိုးထားပုံက ယဉ်သကိုအလှပိုင်ရှင်က့ဲသို့။
ထို ခါးသေးရင်ချီခန္တာကိုယ်န့ဲ ယဉ်သကိုအလှပိုင်ရှင်လေးက ကော်ဖီဆိုင်ရဲ့ CEOခန်းထဲမှာ ကိုကြီးန့ဲ ဖြစ်ချင်တိုင်း ဖြစ်နေတာကို ပြန်မြင်ယောင်ကြည့်မိတော့ မနေ့ညက စားထားသမျှ အစာမကျေတာတွေ လည်ချောင်းဝထိ ပျို့တက်လာသလို ခံစားရပြီး လင်းလက် မီးဖိုချောင်ကို အမြန်ပြေးမိသည်။
မျက်လုံးထောင့်မှာ ရုတ်တရက် သူမ ပြေးထွက်သွားလို့ မျက်လုံးပြူးကျန်နေခ့ဲတ့ဲသူကို တွေ့လိုက်ရသေးသည်။
"ဟ့ဲဟ့ဲ ငယ်လေး ဘာဖြစ်တာတုန်း"
လင်းလက် အရှိန်န့ဲ မီးဖိုချောင်ထဲက ဘေစင်ဆီ ပြေးကာ အန်တော့ ကြီးပုမျက်လုံးပြူးကာ မေးသည်။
လင်းလက် လက်ကာပြကာ ပလုတ်ကျင်းလိုက်သည်။
"ဘာဖြစ်တာလဲ ငယ်"
ကိုကြီးက အလန့်တကြား မေးသည်။
လင်းလက် တစ်ရှူးန့ဲ ပါးစပ်သုတ်လိုက်ရင်း
"ဘာမှမဖြစ်ဘူး ကြီးပု ညက အစာမာတာတွေ စားမိပြီး အစာမကျေတာ ထင်တယ်"
"လန့်သွားတာပဲ ငယ်လေးရယ် ဘာစားမလဲ ခု"
"ထမင်းကြော်ထားသေးလား ကြက်သွန်နီန့ဲ ဆနွင်းမှုန့်လေးထည့်ပြီးလေ"
"မကြော်ရသေးဘူး ကြီးပုက ဆီချက် ချက်ထားတာ စားမလား "
"စားမယ်"
ကြီးပုက ထွက်သွားမလို လုပ်ပြီးမှ
"ကိုစက်ကရော ကြီးပု ထည့်လာပေးရမလား"
"ဟုတ်က့ဲ ကော်ဖီလေးပါ ဖျော်ခ့ဲပေးနော်"
"ကျွန်တော်ရောနော် ကော်ဖီတော့မပါဘူး"
မီးဖိုချောင်ထဲ ထပ်ဝင်လာတ့ဲ ကိုလတ်က ကမန်းကတန်း ဝင်ပြောတော့ ကြီးပုလည်း ရယ်မောကာ မောင်နှမသုံးယောက်အတွက် ပြင်ဆင်ပေးဖို့ ထွက်သွား၏
ကိုလတ်က ထမင်းစားစားပွဲမှာ ဝင်ထိုင်လိုက်သည်။
"ငယ်လေး စားပြီး ဆေးသောက်လိုက်ဦးနော် ပြီးမှ သင်တန်းသွား"
"ဘာဖြစ်လို့လဲ ငယ်လေးက"
ကိုလတ်က ဖုန်းသုံးနေရာမှ မျက်လုံးပြူးကာ ထမေးသည်။
"ဘာမှမဖြစ်ပါဘူး ကိုလတ်ရဲ့ အစာမကျေလို့ ပြန်အန်တာ"
"အော် ဟုတ်တယ် အ့ဆို အစာကျေဆေးလေးစားပြီးမှသွား"
"အိုကေ"
ဆီချက်စားပြီးနောက် လင်းလက်က အရင် ထသွားသည်။ ကိုကြီးက ကော်ဖီသောက်နေခ့ဲပြီး ကိုလတ်က ခုထိ စားလို့ မပြီးသေးပေ။
လင်းလက် ဧည့်ခန်းက ထိုမိန်းမကို မြင်ရဦးမည်ကို ပြန်တွေးကာ အလိုလို မျက်ခုံးကျုံ့သွားသည်။
သင်တန်းမသွားသေးဘဲ ထိုမိန်းမရှေ့က ဆိုဖာမှာ ဝင်ထိုင်ကာ ဖုန်းထိုင်သုံးနေလိုက်သည်။ မဟုတ်လည်း သင်တန်းက တစ်နာရီခွဲလောက် အချိန်လိုနေသေးသည်။
"ဟိုလေ"
ဖုန်းသုံးနေရာက လင်းလက် မော့ကြည့်လိုက်သည်။
"အဆင်ပြေရဲ့လား ခုနက ပြေးထွက်သွားလို့လေ"
ဘာလဲဟ သူ့အကြည့်က ငါကပဲ ကိုယ်ဝန်ရနေတ့ဲ အကြည့်န့ဲ
"ဘာမှမဖြစ်ဘူး အစာမကျေလို့"
ပြောပြီး ဖုန်းပြန်သုံးနေလိုက်သည်။
"အာ.."
"အယ် ငယ် သင်တန်းမသွားဘူးလား"
မော့ကြည့်လိုက်တော့ ကိုကြီး ဖြစ်နေသည်။
ထိုမိန်းမက မတ်တတ်ထရပ်လိုက်သည်ကို မျက်လုံးထောင့်ကနေ တွေ့လိုက်ရသေးသည်။
"အင်း အချိန်စောသေးလို့"
"ဆရာ"
"အင်း... အ့ဆို ငယ် ကိုကြီးအလုပ်သွားလိုက်ဦးမယ်"
ထိုမိန်းမကို တချက်သာ ခေါင်းငြိမ့်ပြပြီး လင်းလက်ဘက်ကို လှည့်ကာ ပြန်ပြောလာသည်ကြောင့် လင်းလက် အကြံတစ်ခု ရသွားသည်။
"ကိုကြီး အလုပ်အရေးမကြီးသေးရင် ငယ့်ကို သင်တန်းလိုက်ပို့"
"အမ် ရတယ်လေ"
"ဆရာ ဒါမ့ဲ"
ထိုမိန်းမကို လက်ကာပြကာ ကိုကြီးက လင်းလက်အိတ်ကို ကောက်လွယ်ပြီး လင်းလက်ကို လက်ကမ်းပေးလေ၏
လင်းလက် မျက်ခုံးပင့်ကာ မတ်တတ်ထရပ်ပြီး ကိုကြီးပေါ် ခုန်တက်လိုက်သည်။
ရုတ်တရက်မို့ ကိုကြီး နောက်ပြန်လဲကျမတတ်ဖြစ်သွားပေမ့ဲ ပြန်ထိန်းလိုက်နိုင်သည်။
"ဟဟ ငယ်လေး ဆင်းဦး ကိုကြီး လဲတော့မယ်"
"ရပု အ့ဲအတိုင်း ကားဆီ ခေါ်သွား"
"ဟဟ"
ထိုမိန်းမ မျက်နှာက မသိမသာ ရှုံ့မ့ဲသွားတာ တွေ့လိုက်တော့ လင်းလက် ကြိတ်ပြုံးလိုက်သည်။
ကားဆီ ရောက်တော့ ထိုမိန်းမက ရှေ့ခန်းတံခါးကို ဖွင့်တာတွေ့လိုက်တော့ လင်းလက် ကိုကြီးပေါ်က ခုန်ဆင်းကာ ဝင်ထိုင်လိုက်သည်။
"ကျေးဇူးပဲနော်"
ထိုမိန်းမ မျက်နှာ မည်းသွားကာ ကိုကြီးကို လှည့်ကြည့်လေသည်။ ကိုကြီးက မမြင်ချင်ယောင်ဆောင်ပြီး ခေါင်းခန်းကနေ ပတ်ကာ မောင်းသူနေရာ ဝင်ထိုင်တော့ ထိုမိန်းမလဲ မတတ်သာဘဲ နောက်ခန်းတံခါးသာ ဖွင့်ကာ တက်လိုက်ရလေ၏
"ငယ်လေး"
ကိုလတ်က ကားဆီ ပြေးလာသည်။ လင်းလက် မျက်ခုံးပင့်ကာ ဘာလဲ လို့ ပြန်မေးတော့ ကိုလတ်က လက်ဝါးဖြန့်ပေးသည်။ လက်ဝါးထဲမှာ ဆေးလုံးတစ်လုံး။
"ဆေးသောက်ရမယ်လေ ခုနက အန်ထားတာဆို"
လင်းလက် လျှာထုတ်ကာ ဆေးယူသောက်လိုက်သည်။ ကိုကြီးက ရေဘူးပေးသည်။ သောက်ပြီးတော့ ကိုလတ်က ကိုကြီးဆီက လင်းလက်ရဲ့ အိတ်ကို ယူလိုက်ပြီး ပိုက်ဆံထည့်ပေးနေသေးသည်။
"Thank you ကိုလတ်"
ကိုလတ်က ပြုံးကာ လင်းလက်ခေါင်းကို ဖွသည်။
လမ်းမှာ ထိုမိန်းမက ကိုကြီးကို စကားပြောဖို့ ကြိုးစားပေမ့ဲ ကိုကြီးက လင်းလက်ကိုသာ စကားတွေ ပြောနေတာကြောင့် သူမမှာ စကားပြောခွင့်မရဘဲ မျက်နှာမှုန်သုန်ကာ ထိုင်နေလေ၏
ထိုအမူအရာကြောင့် ထိုမိန်းမ ကိုကြီးကို စိတ်ဝင်စားနေပြီကို လင်းလက်ရိပ်မိသွားသည်။
ကြည့်ရတာ ကိုကြီးက ကုမ္ပဏီကို ဦးစီးရမ့ဲသူဆိုတာ သိသွားတ့ဲအတွက် အပိုင်ချဉ်းကပ်ချင်နေပုံပင်။ လင်းလက် သူမကို အခွင့်အရေး ပေးရမှာပေါ့လေ
"ကိုကြီး သူက ကိုကြီးရဲ့ အတွင်းရေးမှုးမလား သူ အလုပ်အကြောင်း ပြောချင်လို့ လိုက်လာတာနေမှာ သူန့ဲ ပြောလိုက်ဦးလေ"
"ရတယ် ကုမ္ပဏီရောက်မှ အေးဆေးပြောကြတာပေါ့ ငယ်လေးကိုက အခုမှ သင်တန်းသွားပို့ရတာကို"
လင်းလက် မ့ဲပြုံးပြုံးကာ ပြတင်းပေါက်ဘက်လှည့်ပြီး ရှုခင်းတွေသာ ကြည့်နေလိုက်သည်။
အရင်တုန်းက သူမပိုင်ဆိုင်မှုတွေ ကိုကြီးက တပ်မက်လာပြီး အ့ဲမိန်းမဘက် စိတ်ယိုင်သွားတာက အ့ဲမိန်းမက ဉာဏ်နီဉာဏ်နက်တွေ မာယာတွေ ထုတ်သုံးလိုက်တာ ဖြစ်မည်။
ဟမ့်!! ဒီဘဝတော့ နင် ငါ့ကိုကြီးအရိပ်တောင် မနင်းနိုင်စေရဘူး!!
*******
သင်တန်းရောက်တော့ သုန်သုန်က လင်းလက်ကို တခုခုမေးချင်နေပုံန့ဲ ကြည့်နေတာကြောင့် လင်းလက် မေးငေါ့ပြလိုက်သည်။
"အရင်က နင် ကိုကြီးကို မကြည်ပါဘူး ဘယ်လိုဖြစ်ပြီး ဒီနေ့ကျ သင်တန်းလိုက်ပို့ခိုင်းရတာလဲ"
"ဒီတိုင်းပါပဲ လမ်းကြုံလို့"
"ဟင် လမ်းက တခြားစီကြီးကို"
လင်းလက် ရယ်ကာ ညက ဒေါင်းထားတ့ဲ Who Rules The World ကားကို ကြည့်ဖို့ ဖုန်းထုတ်လိုက်သည်။
သုန်သုန်ကလဲ သူမနား ကပ်ကာ အတူကြည့်ဖို့ ပြင်နေလေသည်။
သူမရော သုန်သုန်ရောက EXOLတွေ ဖြစ်တ့ဲအပြင် ချောတ့ဲကောင်လေး ငါ့ကောင်လေး လို့ ခံယူထားသူတွေပင်။
အခုလဲ Yang Yangလေးရဲ့ ကားမို့ ongoing လိုက်နေကြခြင်းပင်၊
"ဟိုင်း"
လင်းလက်န့ဲ သုန်သုန်တို့ မော့ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်။
ဆံပင်အနက်ရောင်ကို ခပ်တိုတိုလေးန့ဲ သပ်သပ်ရပ်ရပ် ညှပ်ထားပြီး မျက်နှာက ရှင်းသန့်နေကာ မျက်မှန်လှလှလေး တပ်ထားသည်က တော်တော်ချောတ့ဲ ကောင်လေးဖြစ်သွားစေခြင်းပေလားမသိ။
"အဟမ်း ဟယ်လို ဘာကူညီပေးရမလဲ"
လင်းလက် ခဏတာ ငေးကြည့်နေပြီးမှ အသိဝင်ကာ ပြန်နှုတ်ဆက်လိုက်သည်။
ဘေးက သုန်သုန်မကတော့ ယန်းယန်တောင် မကြည့်နိုင်ဘဲ ထိုကောင်လေးကိုသာ ကြည့်နေသည်။
သုန်သုန့်အကြည့်ကြောင့်ပေလားမသိ ထိုကောင်လေး လည်ပင်းကို လက်န့ဲ ပွတ်သပ်ကာ
"အဟမ်း ကိုယ် ညီမတို့ကို ခင်ချင်လို့ ရမလား"
"ရတာပေါ့ လုံးဝ ရတယ်"
လင်းလက် တက်ကြွလွန်းနေတ့ဲ သုန်သုန့်ခါးကို ဆွဲဆိတ်လိုက်သည်။
ငါ့ကိုလတ်ကို နင့်ကို မပေးတော့ဘူး!!!!
ထိုကောင်လေးက လင်းလက်ဘေးက ခုံမှာ ဝင်ထိုင်လိုက်ပြီး
"ကိုယ့်နာမည်က စစ်မင်းသိုက် ပါ"
"ညီမက လင်းလက်သွင် သူက ဝသုန်လွင်"
"ဘာကားကြည့်နေကြတာလဲ"
စစ်မင်းသိုက်က လင်းလက်တို့ ကြည့်လက်စကားကို ကြည့်ကာ မေးသည်
"Who Rules The Worldလေ နောက်တပတ်ဆို ဇာတ်သိမ်းပြီ"
"အော် လင်းလက်တို့က ဆယ်တန်းဖြေပြီးပြီလား"
"အင်း စစ်မင်းသိုက်ရော"
"စစ်မင်းလို့ ခေါ်လို့ရပါတယ် ကိုယ်က 2nd yrs English"
"အာ အသက်ကြီးသားပဲ ကိုစစ်လို့ ခေါ်မယ်လေ"
သို့နှင့် လင်းလက်တို့ သုံးယောက် တော်တော်ရင်းနှီးသွားပြီး fb accတွေပါ လဲလိုက်ကြသည်။
လင်းလက်အထင်ပေလားမသိ ကိုစစ်က လင်းလက်ကို ခဏခဏ ကြည့်သလိုပင်။ အထင်ပဲ နေမှာပါလေ!!!!
****
သင်တန်းပြီးတော့ အိမ်မှာ လုပ်စရာရှိလို့ဆိုကာ သုန်သုန်က အရင်ပြန်သွားတော့ လင်းလက် အိမ်ကို လာကြိုခိုင်းရမလား တက္ကစီငှားပြန်ရမလား တွေးကာ ကြောင်ရပ်နေမိသည်။
"လင်းလက် ဘာလုပ်နေတာလဲ "
"အော် ကိုစစ် အိမ်ကို ဘာန့ဲ ပြန်ရမလဲ စဉ်းစားနေတာ တက္ကစီပဲ သွားငှားလိုက်တော့မယ် ပြန်ပြီနော် ဘိုင့်ဘိုင်"
"ဟိုဟာ.."
"ဟင်"
"ကိုယ် လိုက်ပို့ပေးမယ်လေ ရမလား ဟို ခုမှ စခင်တာတော့ သိပေမ့ဲ အဲ.. ဟို.."
"ဟဟ ရတယ်လေ လိုက်ပို့"
အထစ်ထစ်အငေါ့ငေါ့န့ဲ ဖြစ်နေတ့ဲ ကိုစစ်ကြောင့် လင်းလက် ပြုံးလိုက်မိသည်။
"ဖုန်းနံပါတ်မလဲရသေးဘူးနော် ကိုယ်တို့"
ကားဆီ လျှောက်လာရင်း ကိုစစ်က ပြောသည်။
"ဟင် အင်းအင်း လဲမယ်လေ"
လင်းလက် ဖုန်းနံပါတ်ပေးမလို့လုပ်ချိန်မှာ ကိုကြီးဆီက ဖုန်းဝင်လာသည်။
"ဟယ်လို ကိုကြီး"
"...."
"အင်း ပြီးပြီ ခုပဲ ပြန်တော့မလို့"
"..."
"ရတယ် သူငယ်ချင်း လိုက်ပို့မှာ"
"..."
"ရပါတယ် အလုပ်မှာမလား အခုက အလုပ်သာလုပ်"
"..."
"အင်းအင်း ဒါပဲနော်"
လင်းလက် စိတ်ထင်ပဲလားမသိ။ ကိုကြီးက ခုတလော သူမကို လိုက်ကပ်တွယ်နေသလိုပင်။
"ကိုကြီးဆိုတာက?"
"အော် လင်းလက်ရဲ့ အကိုကြီးလေ လာ ပြန်ရအောင်"
ကြောင်တောင်တောင်န့ဲ ကိုစစ်က မောင်းသူနေရာ ဝင်ထိုင်ကာ ထွက်လာကြ၏
🌺🌺🌺🌺🌺🌺
အဟေး နောက်တယောက် ပေါ်လာပါပြီ
🌺🌺🌺🌺🌺🌺