The Kookie Guy

By Kim_Cara_Rae

401K 42.9K 4.9K

Jeon Jungkook X Kim Taehyung More

Intro
Part 1
Part 2
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22(Final)
Kookie Book

Part 5

15.8K 1.8K 274
By Kim_Cara_Rae

Tram ပေါ်ကဆင်းလာပြီး အဆောက်အအုံကြီးတွေရဲ့ ဘေးဘက် ပလက်ဖောင်းအတိုင်းအပေါ်ကိုတက် သွားလိုက်တော့ မြို့တော်ရဲ့ ဘုရားကျောင်းရှေ့ကို ရောက်သွားသည်။

"Hyung က ကက်သလစ် ဘာသာဝင်လား"

"ငါကဘာသာမဲ့"

"ကျနော်ကတော့ အခုကစပြီး တစ်ခုခုကို ကိုးကွယ်တော့မလို့.. အချစ်ဘာသာလေ"

Taehyung လွှတ်ခနဲ အသံထွက် ရယ်မိသွားသည်။

"အော အော Hyung ရယ်လိုက်တယ်"

"ရယ်စရာပဲလေ"

သူ့ရဲ့စကားတစ်ခွန်းတည်းနဲ့ ကျနော့်ရဲ့စိတ်ခံစားချက်ကို လှောင်ပြောင်သလို ခံစားလိုက်ရ၏။ ဥက္ကဌကြီးက တွေးစရာတွေနဲ့ ပညာသားပါတာတွေ သိပ်ပြောတတ်တာ။

"ဘယ်အထိလမ်းလျှောက်နေရအုံးမှာလဲ"

"ဘာလို့လဲ ခြေထောက်နာလို့လား"

သူကျနော်မေးတာကို ပြန်မဖြေ မျက်နှာကတော့ မဲ့ရှုံ့နေ၏ ။ ပြောင်လက်နေတဲ့ အညိုရောင် လယ်သာရှူးဖိနပ်က ထိပ်အချွန်မို့ လျှောက်ရတာ များလာတော့ နာလာတာ ဖြစ်မည်။

View Point ရောက်တဲ့အထိ အပေါ်ကိုတက်လာလိုက်ပြီးမှ

"ဖိနပ်ချွတ်လိုက်"

"ဘာလုပ်ဖို့လဲ"

Tagus (တားဂက်စ်) မြစ်ရူခင်းကို တမေ့တမောငေးကြည့်နေတဲ့ မျက်လုံးတို့က ကျနော့်ထံသို့ ရောက်ရှိလာ၏။

"နာနေတယ်လေ"

Jungkook ခါးကနေ ကောက်ပွေ့လိုက်ပြီး အုတ်ခုံပေါ်ထိုင်စေလိုက်တော့ သူ့အမူအရာက လန့်ဖြန့်သွားပြီး မျက်လုံးလေးများ တဖျက်ဖျက် လှုပ်ရှားလာသည်။

မြစ်ရေကို ထိစပ်တိုက်ခိုက်လာတဲ့ လေအေးအေးက ပူငွေ့ငွေ့ဖြစ်နေတဲ့ သူတို့ကြား လန်းဆန်းသည့်အသွင်ဖြင့် ရောက်ရှိလာ​သည်။

မလှမ်းမကမ်းက စက္ကူပန်းပင်က ပန်းခြောက်တွေက ကြွေကျလာပြီး ကြမ်းပြင်ပေါ်လွှင့်နေလေကာ နေရှိန်ကျလက်စ ညနေခင်းအလှကို ပံ့ပိုးကူညီ၏။

"မင်းဘာလုပ်တာလဲ"

Jungkook သူ့ရှေ့ထိုင်ပြီး Sneaker ဖိနပ်ကိုချွတ်လိုက်ကာ Taehyung ခြေထောက်က ရူးဖိပ်နဲ့ဖိနပ်ချင်းလဲဝတ်ပေးလိုက်တော့ အသံဩဩ တစ်ခုက ရှတတ အနေထားဖြင့် ထွက်ပေါ်လာသည်။

"တော်သားပဲ ရပြီ"

Taehyung သူ့ခြေဖဝါးထက်မှာ ရောက်ရှိလာတဲ့ belanciaga တံဆိပ် Sneaker ကိုငုံကြည့်လိုက်တော့

"ဒီနေ့မှ ထုတ်စီးလာတဲ့ အသစ်ပါ"

ညနေစောင်းနေဝင်ချိန်မို့ View Point မှာလူတွေရှုပ်နေပြီး တစ်ယောက်နဲ့ တစ်ယောက်တွန်းတိုက်နေကြကာ Jungkook ကိုအနောက်ကတစ်ယောက်က တွန်းတိုက်လိုက်​လေတော့ ကိုယ်ကယိမ်းယိုင်သွားပြီး Taehyung ခေါင်းကသူ့ရင်ခွင်ထဲကွက်တိ ထိစပ်သွားသည်။

မော့ကြည့်လာတဲ့ နဂိုကြီးတဲ့ မျက်လုံးအစုံတို့က ပိုမိုပြူးကျယ်နေလျက်

"အတင့်ရဲမလာနဲ့"

Jungkook ပိုပိုသာသာ တိုးကပ်ပစ်လိုက်သည်။

"လူတွေက သိပ်တိုးလာတာ ကျနော်လည်း မတတ်နိုင်ဘူးလေ.."

Taehyung သူ့ကိုစိုက်ကြည့်ပြီး မျက်လုံးလွှဲလိုက်သည်။

"Hyung ဒီလို Suit ကိုဘယ်သွားသွား ဝတ်တာပဲလား မပူဘူးလား"

"ဒါကငါ့အတွက် ပိုပြီးသက်တောင့်သက်သာ ဖြစ်တာမို့.."

"Hyung View Point ကိုပထမဆုံး ရောက်ဖူးတာတော့ မဟုတ်ဘူး မဟုတ်လား"

Jazz Club ရယ် Golf Club ရယ် ထိုင်နေကြ Restaurant ရယ်ကလွှဲပြီး ဘယ်မှကျော်ပြီး မသွားဖြစ် ဒီနေ့လုပ်ခဲ့တာတွေက ပထမဆုံးသာ ဖြစ်သည်။

"ဟား Hyung ကအရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ"

သူအထင်မှားနေတာဖြစ်မယ်။ ကျနော်က အမြဲတမ်း formal ကျနေပြီးအများကြီး မဆန်းသစ်တဲ့လူ မဟုတ်ပါလား။

နေအလင်းရောင်ကအပြီးတိုင်ကွယ်ပျောက်သွားပြီး ပြာတောက်နေတဲ့ Neon ပြာရောင် ပြာတောက်တောက် ကောင်းကင်အလှည့် ရောက်လာသည်။

ပလက်ဖောင်းပေါ်မှာ အပြေးလေ့ကျင့်နေတဲ့သူတွေ ရင်ပြင်ပေါ်မှာ Scooter စီးနေတဲ့လူငယ်တွေ လမ်းဘေးဆိုင်လေးတွေက မှိတ်တုပ်မှိတ်တုပ် မီးလေးတွေ ဖွင့်လာပြီးတစ်စတစ်စနဲ့ မြို့တော်ရဲ့ Night life ကစတင်အသက်ဝင်လာသည်။

"မင်းဘာလို့ ငါ့ကိုစိတ်ဝင်စားတာလဲ"

ကျနော်တို့ လမ်းလျှောက်နေရာမှ ရပ်ပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်လိုက်ကြ၏။

လမ်းမပေါ်က လမ်းမီးတိုင်တွေက တစ်တိုင်ပြီးတစ်တိုင်မီးလင်းလာကာ ကျနော်တို့နှစ်ယောက်အပေါ် ကွက်တိဖြာကျလာသည်။

ဒီအခိုက်အတန့်တစ်ခုချင်းဆီက ကျနော့်ဦးနှောက်ထဲကနေ နှသုံးသားထဲအထိ တစ်ခုချင်းဆီ ဖြတ်သန်းဝင်ရောက်လာကြတော့၏။

"ဒီအတိုင်းပဲ... သဘောကျတယ်... တန်ဖိုးကြီးတဲ့ လူတစ်ယောက်မို့ ရချင်မိတာ မှန်ပေမယ့်ဘယ်ဟာကိုလဲ မသိဘူး ဘယ်အရာကိုလဲ မသိဘူး အခိုက်အတန့် တစ်ခုချင်းဆီက တစ်စတစ်စနဲ့ ဦးနှောက်ထဲကနေ နှလုံးသားအထိ သွားနေပြီ ကျနော်တော့ တကယ် ဒုက္ခရောက်ပြီ ထင်တယ်.."

ရင်ပြင်ပေါ်က Live တီးဝိုင်းကလာတဲ့ Latin Jazz သီချင်းသံက ကျနော်တို့ထဲ ပျံ့လွှင့်လာသည်။ အချစ် Romance Drama ကားထဲက ဇာတ်ကောင်နေရာကို ကျနော်ရောက်ရှိသွားသလိုပါပဲ...။

ကျနော့်သူ့ခါးကို အသာဖက်ကာ နှုတ်ခမ်းတွေကို နမ်းရှိုက်မိတော့သည်။

သူလန့်သွားကာ ကြောင်နေပြီးနောက် ကျနော့်ကို အားပြင်းပြင်းနဲ့ တွန်းဖယ်ထုတ်သည်။ တွန်းနေရင်းကပဲ လက်ကောက်ဝတ်က အားတို့ ယုတ်လျော့လာကာ အင်္ကျီကိုဆုပ်ကိုင်ထားတဲ့ လက်က လည်ပင်းမှာ တွဲခို၏...။

လမ်းကြားထဲက အဆောအအုံဟောင်းရဲ့နံရံမှာ ကပ်ရင်း ထိကပ်ထားတဲ့ နှုတ်ခမ်းနဲ့ လူနှစ်ကိုယ်ကြားထဲ လေတောင် တိုးဝှေ့လို့မပေါက်တော့..။

နှုတ်ခမ်းနှစ်လွှာရဲ့ ပွတ်တိုက်မှုက အရှိန်အပြီးမသတ်နိုင်သေးခင် Taehyung ရဲ့ရှတတအက်ကွဲသံက နှစ်ကိုယ်ကြားထဲကနေ ညှင်းသဲ့သဲ့ထွက်လာသည်။

"အဝတ်တွေက အရမ်းပူတယ်... မင်းအဲ့ဒါတွေကို ချွတ်ပေးချင်လား.."

Jungkook သူ့ရဲ့မျက်လုံးတွေထဲ စူးစိုက်ကြည့်လိုက်၏။

"သေချာလား နောင်တမရမှာ သေချာလား"

"အခုတော့ ဒီလိုပဲဆန္ဒရှိတယ် ပြီးတော့ အဲ့ဒီအတိုင်းပဲ သွားချင်တယ်.."

Neon ပြာရောင်ကောင်းကင်က မဲနက်တဲ့ညအမှောင်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ အဝတ်တွေကို တစ်စတစ်စ ချွေချပစ်ရင်း တစ်ယောက်ကိုယ် တစ်ယောက်တစ်ခါမှ မမြင်ဖူးတဲ့သူတွေလို ကြည့်နေကြ၏။

အရက်မူးနေခြင်းမဟုတ်ပါပဲ ယစ်မူးရီဝေ နေလေသည်။သူတို့တစ်စုံတစ်ရာသော ခံစားချက် စစ်စစ်မှာ ယစ်မူးနေခဲ့ကြခြင်းသာ....။

လက်တံရှည်ရှည်တွေက ကျနော့် Shirt ပေါ်က ကြယ်သီးတွေမှာ ရှိနေသည်...။

ကျနော့်ရဲ့ ပလောင်းပလဲခုန်နေတဲ့ ရင်ခုန်သံတွေက သူ့လက်ဖျားမှာ ထိခတ်နေလောက်မည်...။

သူဒါကိုသိပါလေရဲ့လား...။

အိပ်ရာထက်ကနေ လှန်ကြည့်လိုက်တဲ့ မျက်ဝန်းတို့က စူးရဲလှ၍ ညိုစိမ့်စိမ့်ခဏကိုယ်က အပြင်ပန်းသွင်ပြင်နဲ့ ခြားနားလွန်းစွာ အိစက်နူးညံ့လှကာ ပေါင်တံတို့က သွယ်လျနေလေသည်။

နှုတ်ခမ်းဖျားနဲ့ အသာယာထိတွေ့မိတော့ သူ့ကျောပြင်က အိပ်ရာနဲ့ ကွာသွားကာ ခြေချောင်းလေးများက စောင်ထဲတိုးဝင်ကြကုန်၏။

"Hyung... သေချာရဲ့လား.."

သူပြန်မဖြေ ကျနော့်နှုတ်ခမ်းတို့အား ဆွဲယူနမ်းရှိုက်၍ လက်မောင်းကြွက်သားများ ဗိုက်ကြွက်သားများကိုတစ်ခုချင်း စမ်းသပ်ပြီး လက်တို့က ကျောပြင်ကနေ တဖြည်းဖြည်းလျောဆင်းသွားကာ ရည်ရွယ်ချက်တစ်ခုကို ပုံဖော်လေသည်။

"မင်း... မလုပ်တတ်ဘူးလား"

Jungkook စိတ်မရှည်ပုံရနေသော သူ့မျက်နှာလှလှကို ကိုင်ဖို့လက်လှမ်းတော့ မျက်နှာကို တစ်ဖက်သို့ လွှဲချလိုက်သည်။

"မလုပ်တတ်ဘူးဆို ငါ့ပေါ်ကဆင်း"

သူ့ဆီကနေ ပြည့်သိပ်သိပ်ခံစားချက်တို့ ဝင်လာချိန်မှာတော့ Taehyung ရောင်ရမ်းပြီး သူ့ရင်ဘတ်ကို ရိုက်ချလိုက်၏။

"ကြည့်ပါလား... အဲ့တာကြောင့် အချိန်ယူနေတာလေ.."

Taehyung နာကျင်မှုကို ဒဏ်ကိုမခံနိုင် နှုတ်ခမ်းဖျားတို့ တဆတ်ဆတ်တုန်နေလေသည်။ တစ်ချက်တစ်ချက် ညီးညူသံတို့ပါ ထွက်လာလေကာ Jungkook ကျောပြင်ကို ကုပ်ခြစ်၏။

"ဘာကိုသဘောကျလဲဆိုရင် အားလုံးပဲ.. Hyung ရဲ့အားလုံးကို သဘောကျနေမိပြီ.. ကျနော်တော့ Hyung ဆီမှာ ကျရှုံးသွားပြီ ထင်တယ်.."

ကျနော့်ပခုံးပေါ်က သူ့ခြေထောက်တွေ တုန်လာနေတာ..။သူကမောဟိုက်နေပုံရပြီး မျက်လုံးများမှိတ်ထားကာ နှုတ်ခမ်းကို အသာဟထား၏။

သူ့ဘေးနားမှာ ကျနော်ဝင်လဲလိုက်တာနဲ့ နှစ်ယောက်လုံး တစ်ပြိုင်တည်း အိပ်မောကျသွားခဲ့တော့သည်။

မနက်မိုးလင်းတော့ King Size အိပ်ရာပေါ်ရဲ့ တစ်ဖက်အဖျားကနေ အလွန်လစ်ဟာတဲ့ ခံစားချက်နဲ့ နှိုးလာတာ။

Suite Room အခန်းအကျယ်ကြီးထဲမှာ ကျနော်တစ်ယောက်တည်း။ သူနဲ့ပက်သက်တဲ့ အစအန ဘာဆိုဘာမှ မရှိတော့တာ ဖြစ်သည်။

"အသုံးပြုပြီး ထားခဲ့ခံလိုက်ရတဲ့ ခံစားချက်ကြီး ဘာလို့ရနေတာပါလိမ့်"

ကြမ်းပြင်ပေါ်ခြေထောက်ချလိုက်တော့ အညိုရောင်ရူးဖိနပ်တစ်စုံကို တွေ့သည်။

"အို့.. သူလောလော လောလောနဲ့ ထွက်သွားရတာပဲ.. ဖိနပ်တောင် ပြန်လဲမသွားဘူး.."

နောက်ကျောဘက်က စပ်ဖျင်းဖျင်းဖြစ်နေတာမို့ မှန်ကြည့်လိုက်တော့ အစင်းရာတွေက ခါးထိအပြည့်ဖြစ်၏။

Jungkook နှုတ်ခမ်းကို တစ်ချက်တွန့်လိုက်ပြီးမှ အိပ်ရာပေါ်ပစ်လဲလိုက်ရင်း မနေ့ညကအကြောင်းကို ပြန်တွေးကာ စိတ်လိုလက်ရ အားရပါးရပြုံးသည်။

"သေလို့ရပြီ"

Jungkook မနက်စာအတွက် Cookie ပေးဖို့အမှီ Villa ကိုပြန်ပြေးလိုက်တော့၏။ ki နဲ့ Chul သူ့ကိုမြင်တော့ ဝရုန်းသုန်းကား ပြေးထွက်လာသည်။

"Jeon ခြေနေ ခြေနေ"

"Cookie Cookie"

Jungkook ဘာမှမပြောနိုင် Cookie ထုပ်ကိုသာ ရှာနေလေ၏။

Ki "နောက်ကျသွားပြီ ဘဲကြီး ပြန်သွားပြီ"

Chul "မနက်အစောကြီး လာပြီး အထုပ်အပိုးတွေနဲ့ တစ်ခါတည်း ထွက်သွားတာ ကိုရီးယားပြန်ပြီ ထင်တယ်"

"အချိန်ဇယားအရ မနက်ဖြန်မှ ပြန်မှာလေ"

Ki "Jeon မင်းသူပြန်ပြေးအောင် ဘာတွေများ လုပ်လိုက်တာလဲဟ"

Jungkook ပြုံးစစ ဖြစ်သွားတော့ ကျန်တဲ့ကောင်တွေ ရှေ့တိုးလာပြီး

Ki"ဘာလဲ ဒီမျက်နှာထားက.. ညကလည်း ပြန်မလာဘူးဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ.."

"Cookie မပေးလိုက်ရတာ ရင်နာတယ်ကွာ"

Chul "မပူနဲ့ မနက်စာအဖြစ် မင်းအစား ငါတို့သူ့အခန်းရှေ့မှာ ထားပေးထားလိုက်တယ်"

'ဒီနေ့ရော ကောင်းသောမနက်ခင်းပါ
                                -The Kookie Guy'

"အဲ့တာဟုတ်တယ်မို့လား"

Jungkook Chul ကိုပခုံးချင်းတိုက် လက်ဆွဲနှုတ်ဆက်ကာ အသိအမှတ်ပြုလိုက်ပြီး ကျေးဇူးတင်လိုက်သည်။

"ဒီကျေးဇူးကို သေချာပြန်ဆပ်မယ် အခု Korea ပြန်ကြမယ်"

Ki "ဟမ် နေအုံးမှာ မဟုတ်ဘူးလား ခါတိုင်း ၁ လဆိုတာ အနည်းဆုံးလေ"

"Ash လည်းမိန်းမရသွားပြီ ငါတို့လည်းအသက်၂၀ ရောက်ပြီ ရင့်ကျက်သင့်တာပေါ့"

Chul "အဲ့တာ Korea ပြန်တာနဲ့ ဘာဆိုင်လဲ"

"Bolacha ကုမ္ပဏီရဲ့ ဒုဥက္ကဌက ဘယ်သူလဲ!"

Ki "ဒါပေါ့ မင်းဆိုတဲ့ Jeon Jungkook လေ"

Chul "မဟုတ်မှ ဘဲကြီးနဲ့ဆင်တူ ကုမ္ပဏီထဲ ဝင်တော့မလို့လား မအက်စပ်တာကြီး!"

Ki "သူက ဘာတစ်လုံးနားလည်လို့ ကုမ္ပဏီထဲဝင်ရမှာ"

"အေး နားမလည်လို့ပဲ သင်တော့မလို့လေ"

Chul "ဘာ! ဒါဆို ငါတို့နဲ့ မကစားတော့ဘူးပေါ့!"

"မင်းတို့နေချင်ရင် နေခဲ့တော့ ပြန်တော့မယ် ဘိုင်းဘိုင်"

"Jeon! ဟေ့ကောင်! တူတူပြန်မယ်!"

Korea,Seoul

အတွင်းရေးမှူးဟန်က လေဆိပ်မှာ ကြိုစောင့်နှင့်နေကာ နှုတ်ဆက်သည်။

"ကောင်းသောခရီးစဉ်လေး ဖြစ်ခဲ့ရဲ့လား ဥက္ကဌကြီး"

Taehyung ပြန်မဖြေ မျက်ခုံးရိုးကို လက်နဲ့ကိုင်ဖိထားလိုက်၏။

"ဒီနေ့ ဘာအစီအစဉ်ရှိလဲ"

"သုတသနေအဖွဲ့နဲ့ Meeting ရှိပါမယ် တကယ်လို့ နားချင်တယ်ဆိုရင် ရွှေ့ဆိုင်းလိုက်ပါမယ်"

"ရတယ်"

အတွင်းရေးမှူးဟန်က Taehyung စီးထားတဲ့ belanciaga တံဆိပ် Sneaker ကိုမြင်သွားသည်။

"အော ဥက္ကဌ ဖိနပ်က...."

Taehyung အောက်ကိုငုံ့ကြည့်လိုက်သည်။ လောလော လောလောနဲ့ အဲ့ဟာလေး မနိုးခင် ပြေးလာခဲ့တာ မဟုတ်လား။

"belanciaga တံဆိပ်က လူငယ်တွေအများဆုံး စီးကြတဲ့ Brand ပဲ.."

"အဝတ်အစားအသစ် ဖိနပ်အသစ် ပြင်ထားတယ်မဟုတ်လား"

"ဟုတ်ကဲ့"

Taehyung Company ကိုရောက်ရောက်ချင်း အဝတ်အစားနဲ့ ဖိနပ်ကို လဲလိုက်တော့သည်။

"ဖိနပ်ကိုရော ဘာလုပ်လိုက်ရမလဲ"

"အင်း.."

"ပစ်လိုက်ရမလား"

"အဲ့နားထားခဲ့လိုက်.."

အတွင်းရေးမှူးဟန် နားမလည်ဟန်ဖြင့် ဖိနပ်ကိုထားခဲ့ပြီး ထွက်သွားလိုက်တော့၏။ Taehyung ထိုင်ခုံကို မှီထားကာ နတ်ခ်တိုင်ကို ဖြေလျော့လိုက်သည်

"ဘာကိုဒီနားထားခဲ့လိုက်လဲ မဟုတ်လဲ ပြန်တွေ့စရာမှ မရှိတာ အလကားသက်သက် ဘာလုပ်ဖို့လဲ..."

ဒီရက်တွေရဲ့ တစ်နေ့တာက ဟာတာတာ ဖြစ်နေသလိုခံစားမိလိုက်တော့ ကိုယ့်ကိုယ်ကိုယ် အံ့ဩမိလိုက်၏။ အံဆွဲထဲက နောက်ဆုံးရခဲ့တဲ့ Cookie ထုပ်ကို ထုတ်လိုက်သည်။

"The Kookie Guy...."

တံခါးခေါက်သံကြားပြီးနောက် အတွင်းရေးမှူးဟန် ဝင်လာသည်။

"မနက်စာပါ"

"အင်း.."

လင်ဗန်းပေါ်မှာ Sandwich ရယ် စတော်ဘယ်ရီအအေးတစ်ခွက်နဲ့ ဘေးက cookie တစ်ထုပ်...။

ကျနော့်လက်တို့က အဲ့အထုပ်ပေါ်ကို ဖြတ်ခနဲ ရောက်သွားသည်။

"ဒါကဘာလဲ"

"Cookie တဲ့.."

"အင်းလေ ဘာ Cookie လဲ"

"Jungkookie"

ကောင်လေးတစ်ယောက် ရုံးခန်းထဲ ဝင်လာသည်။ အတွင်းရေးမှူးဟန်က မအီမသာမျက်နှာနဲ့ ခြေဆုံးခေါင်းဆုံး ကြည့်နေလေသည်။

အဲ့ကောင်လေးက စာတန်းတွေပါဝင်တဲ့ Jeans ဝမ်းဆက်ဝတ်ထားပြီး ဆံပင်အဝါတို့က မျက်နှာပေါ်ဝဲနေလေ၏။

"Hyung မတွေ့ရတာ တစ်ပတ်လောက်ရှိပြီလား.. သတိရနေတာ.."

Zawgyi



"ငါကဘာသာမဲ့"




"ရယ်စရာပဲလေ"






"ဖိနပ်ချွတ်လိုက်"

"ဘာလုပ်ဖို့လဲ"


"နာနေတယ်လေ"




"မင်းဘာလုပ်တာလဲ"


"တော်သားပဲ ရပြီ"





"အတင့်ရဲမလာနဲ့"






























သူဒါကိုသိပါလေရဲ့လား...။



"Hyung... သေချာရဲ့လား.."


"မင်း... မလုပ်တတ်ဘူးလား"
















"သေလို့ရပြီ"


"Jeon ခြေနေ ခြေနေ"

"Cookie Cookie"










                                -The Kookie Guy'

"အဲ့တာဟုတ်တယ်မို့လား"














Korea,Seoul




"ဒီနေ့ ဘာအစီအစဉ်ရှိလဲ"


"ရတယ်"


"အော ဥက္ကဌ ဖိနပ်က...."




"ဟုတ်ကဲ့"



"အင်း.."

"ပစ်လိုက်ရမလား"

"အဲ့နားထားခဲ့လိုက်.."




"The Kookie Guy...."


"မနက်စာပါ"

"အင်း.."



"ဒါကဘာလဲ"

"Cookie တဲ့.."

"အင်းလေ ဘာ Cookie လဲ"

"Jungkookie"




Continue Reading

You'll Also Like

30.6K 2K 22
แ€กแ€€แ€ผแ€ฝแ€ฑแ€ธแ€”แ€ฒแ€ท แ€žแ€ญแ€™แ€บแ€ธแ€‘แ€ฌแ€ธแ€œแ€ญแ€ฏแ€ท แ€™แ€แ€ปแ€…แ€บแ€”แ€ญแ€ฏแ€„แ€บแ€˜แ€ฐแ€ธแ€œแ€ญแ€ฏแ€ท แ€€แ€ญแ€ฏแ€šแ€ทแ€บแ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€šแ€บแ€œแ€ญแ€™แ€บแ€›แ€„แ€บแ€ธ แ€แ€…แ€บแ€”แ€ฑแ€ทแ€™แ€พแ€ฌ แ€žแ€ฐแ€ทแ€€แ€ญแ€ฏแ€กแ€แ€ผแ€ฌแ€ธแ€žแ€ฐแ€œแ€€แ€บแ€‘แ€ฒ แ€›แ€€แ€บแ€…แ€€แ€บแ€…แ€ฝแ€ฌ แ€กแ€•แ€บแ€œแ€ญแ€ฏแ€€แ€บแ€™แ€ญแ€แ€šแ€บแ‹ แ€žแ€ฐแ€ทแ€€แ€ญแ€ฏแ€แ€ปแ€…แ€บแ€™แ€พแ€”แ€บแ€ธแ€žแ€ญแ€แ€ฒแ€ท แ€กแ€แ€ปแ€ญแ€”แ€บแ€™แ€พแ€ฌ...
49.4K 2.3K 51
Wang yibo.. "แ€Ÿแ€€แ€บ**แ€›แ€พแ€ฑแ€ฌแ€„แ€บแ€ธแ€€แ€ปแ€”แ€ทแ€บ:::แ€€แ€ปแ€ฏแ€•แ€บ แ€˜แ€šแ€บแ€œแ€ญแ€ฏแ€™แ€ปแ€ฌแ€ธแ€œแ€ฏแ€•แ€บแ€›แ€•แ€ซแ€ทแ€™แ€œแ€Šแ€บแ€ธแ€ธแ€ธแ€ธแ€€แ€ปแ€ฏแ€•แ€บแ€†แ€ญแ€ฏแ€แ€ฒแ€ท แ€œแ€ฐแ€€แ€แ€แ€ผแ€ฌแ€ธ Alpha แ€แ€ฝแ€ฑแ€œแ€ญแ€ฏแ€™แ€ปแ€ญแ€ฏแ€ธแ€กแ€œแ€พแ€แ€›แ€ฌแ€ธแ€€แ€ญแ€ฏ แ€แ€ถแ€…แ€ฌแ€ธแ€›แ€แ€ฌแ€‘แ€€แ€บแ€–แ€ปแ€€แ€บแ€…แ€ฎแ€ธแ€›แ€แ€ฌแ€€แ€ญแ€ฏแ€•แ€ญแ€ฏแ€”แ€พแ€…แ€บแ€žแ€€แ€บแ€...
323K 29.2K 15
[ Unicode ] " แ€€แ€ญแ€ฏแ€šแ€ทแ€บแ€›แ€ฒแ€ทแ€กแ€แ€ปแ€…แ€บแ€แ€ฝแ€ฑแ€€ แ€€แ€œแ€ฑแ€ธแ€กแ€แ€ฝแ€€แ€บแ€˜แ€ฒ " [ Zawgyi ] " แ€€แ€ญแ€ฏแ€šแ€ทแ€นแ€›แ€ฒแ‚•แ€กแ€แ€บแ€…แ€นแ€ฑแ€แ€ผแ€€ แ€€แ€ฑแ€œแ€ธแ€กแ€แ€ผแ€€แ€นแ€˜แ€ฒ "
663K 47.6K 26
Jeon แ€งแ€€แ€›แ€ฌแ€‡แ€บแ€กแ€ฏแ€•แ€บแ€แ€ปแ€ฏแ€•แ€บแ€”แ€ฑแ€žแ€Šแ€บแ€ทแ€€แ€ฌแ€œ..... YunHwa แ€†แ€ฑแ€ฌแ€„แ€บแ€€แ€ผแ€ฌแ€™แ€ผแ€ญแ€ฏแ€„แ€บแ€€ แ€กแ€œแ€พแ€œแ€ฑแ€ธ Kim Taehyung.. แ‚แ แ€›แ€ฌแ€…แ€ฏแ€€แ€ฌแ€œ..... แ€™แ€ญแ€”แ€บแ€ธแ€€แ€œแ€ฑแ€ธแ€•แ€›แ€ญแ€แ€บแ€žแ€แ€บแ€แ€ฝแ€ฑแ€›แ€ฑแ€ฌ แ€šแ€ฑแ€ฌแ€€แ€ปแ€ฌแ€บแ€ธแ€œแ€ฑแ€ธแ€•แ€›แ€ญแ€แ€บแ€žแ€แ€บแ€แ€ฝแ€ฑแ€€แ€ผแ€ฌแ€ธแ€™แ€พแ€ฌ...
Wattpad App - Unlock exclusive features