"ကျွန်တော့်မေမေကပြောဖူးတယ် တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ထားရင် တခြားသူကိုမပေးပစ်ရဘူး ပစ္စည်းဥစ္စာကအစ ချစ်ခြင်းမေတ္တာအဆုံးပဲတဲ့။"
၀တ္ထုတစ်ပုဒ်မှာ ပါတဲ့သဘောကျတဲ့စာသားလေးကို Note book ထဲထည့်ကူးရင်း သက်ပြင်းပင့်သက်ချကာ မျက်စိရှေ့က ရေပြင်ကျယ်လေးကိုငေးကြည့်မိတယ်။ ဘေးခုံကအတွဲကလည်း ကြည်နူးနေသလို ကန်ရှေ့ကမိသားစုကလည် ပျော်ဖို့ကောင်းနေပုံပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်လာရင် Asahi ဆိုတဲ့ကျွန်တော်က တိတ်တဆိတ်ပဲငေးကြည့်မိတယ်။ မသက်ဆိုင်တဲ့အရာတစ်ခုလိုပေါ့။ တစ်ကောင်ကြွက်ဆိုတဲ့ဘ၀ကငယ်ငယ်လေးထဲကမို့ အရွယ်တစ်ခုရောက်လာတော့လဲထူးထူးခြားခြားပြောင်းလဲသွားတာသိပ်မရှိပါဘူးရယ်။ မိဘမဲ့ဂေဟာမှာကြီးပြင်းလာတဲ့ ကျွန်တော်က ဂေဟာမှူးရဲ့ထောက်ပံ့ကြေးနဲ့ မိဘတွေရဲ့အမွေပိုင်ဆိုင်မှုအနည်းငယ်နဲ့ပေါင်းပြီးကော်ဖီဆိုင်အသေးစားလေးဖွင့်ထားတယ်။ပိတ်ရက်တွေဆို ပန်းခြံနားမှာထိုင်ပြီး ပန်းချီဆွဲရင်ဆွဲရင်မဟုတ်ရင်စာဖတ် လုပ်နေတတ်တယ်။ပေါင်းသင်းဆက်ဆံရေးသိပ်မကောင်းတော့ သူငယ်ချင်းမိတ်ဆွေရှားတယ်ရယ်။အတွေးတွေထဲမျောနေရင်း မိုးကရွာချလာပြီ ဖတ်လက်စစာအုပ်တွေ လွယ်အိတ်ထဲအမြန်ထည့်ပြီး နီးစပ်ရာ ကားမှတ်တိုင်၀င်ခိုမိတယ်။ဖြစ်ချင်တော့ အဲ့နေ့မှကိုယ်စီးမယ့်ကားကနောက်ကျနေလေရဲ့ မှတ်တိုင်မှာတစ်စတစ်စလူတွေရှင်းလာပြီ ရုတ်တရက်အရှေ့ကို လူတစ်ယောက်လာရပ်ပြီး ထီးလေးကိုကမ်းပေးတယ် ကြည့်လိုက်တော့ထီးအရောင်က ပန်းရောင်လေးရယ် သူကတော့ အနောက်တိုင်း၀တ်စုံကိုအကျအန၀တ်ထားလေရဲ့ ထီးကိုမယူသေးပဲသူ့ကိုကြည့်လိုက်တော့။
"ဘာကြည့်နေတာလဲ ယူလေဗျာ"
"မယူပါဘူး။သိမှမသိပဲ"
"ခင်ဗျားမှာထီးမရှိလို့ ထိုင်နေတာမလား။"
"မဟုတ်ပါဘူး။ကားစောင့်နေတာပါ"
"ဪ ထီးတော့မရှိဘူးမလား။အဲ့တော့ယူပါဗျာ"
"မယူပါဘူး မကိုင်ချင်လို့တောင် ထီးမယူလာတာကို"
"ခင်ဗျားကဘယ်ကလဲ။"
"တစ်မှတ်တိုင်ကျော်က ကော်ဖီဆိုင်ကိုရယ်။"
"အာ အတော်ပဲကျွန်တော်လဲအဲ့သွားမလို့ အဲ့ကကိတ်လေးအိမ်ကမှာလိုက်လို့ ၀ယ်မလို့ရယ်။"
"ဪ"
"တခါထဲလိုက်ခဲ့ပါလား ကျွန်တော့်ကားလဲရောက်နေပြီရယ်။" မျက်စောင်းထိုးမှာ ရပ်ထားတဲ့ ကားကိုလက်ညှိုးထိုးရင်းပြောပြလာသည်။
"ရပါတယ်။ bus ကားပဲဆက်စောင့်လိုက်ပါ့မယ်။"
"မဟုတ်ရင်ကြာနေလိမ့်မယ်။လာခဲ့ပါဗျာ။"ပြောပြောဆိုဆိုနဲ့ လက်ကိုဆွဲကာ ကားလမ်းကူးပြီးခေါ်သွားလေရဲ့။ ကားထဲရောက်တော့ နေရာပြောရင်း အပြင်ကိုပဲငေးကြည့်မိတယ်။ဒါပထမဆုံး သူစိမ်းခေါ်လို့စီးဖူးတဲ့ကားပဲ။
"ဒီက နာမည်က"
"Hamada Asahi ပါ ဒါကျွန်တော့် business card ပါ" business card ကိုရိုသေသမှုနဲ့ပေးတော့ တစ်ဖတ်လူကလဲ သူ့ business card လေးကိုထုတ်ပေးလာရင်း
"Yoon Jaehyuk ပါ ဒါကျွန်တော့်ဟာလေးပါ အိုး ခင်ဗျားက ကော်ဖီဆိုင်ပိုင်ရှင်ပဲ အဲ့ဆိုင်ကကိတ်ကို ကျွန်တော့်မေမေနဲ့သူငယ်ချင်းကအရမ်းသဘောကျတာရယ်။"
"အာ ကျေးဇူးပါ" တဖက်ကမတရားချီးကျူးစကားကြောင့် Asahi တို့ရယ်ကျဲကျဲနှင့်ပင် လက်နှစ်ဖက်ဖြင့်ပေါင်ကိုသာဖိပွတ်နေမိသည်။ အတော်နေရခက်တဲ့အနေအထားရယ် အိမ်ရယ်မြန်မြန်ရောက်ပါတော့ လို့သာဆုတောင်းနေမိသည်။ ဆိုင်ရှေ့ရောက်တော့ ဆိုင်ထဲက၀န်ထမ်းလေးကို ကိတ်မုန့်တွေစီစဉ်ခိုင်းပြီးတော့ Yoon Jaehyuk ကိုပေးလိုက်သည်။
"Yoon Jaehyuk shii cake တွေရပါပြီ"
"Arr ဟုတ် ကျသင့်ငွေကဘယ်လောက်"
"မပေးပါနဲ့"
"ဗျာ"
"ကျွန်တော့်ကိုလိုက်ပို့လို့ ကျေးဇူးတင်တဲ့အနေနဲ့လက်ဆောင်ပေးတာပါ"
"အာမဟုတ်တာ ယူပါဗျာ"
"ရပါတယ်။ မယူပါဘူးဗျာ။"
"ဒါဆို ကျွန်တော့်ကို Asahi ရဲ့အကောင့်လေးပေးပါ ကျေးဇူးတင်စကားလေးပြောချင်လို့ပါ"
"ဟုတ်ကဲ့ ဒီဟာလေးပါ"
"ကျွန်တော့်ကိုလက်ခံပေးဦးနော် ကျေးဇူးပါဗျာ"
"ဟုတ်" ဆိုင်ပြင်ကိုထွက်သွားတဲ့ ကျောပြင်ကိုကြည့်ရင်း Asahi တစ်ယောက် ခပ်ဖြည်းဖြည်းသက်ပြင်းချမိသွားတယ်။အမျိုးအမည်မသိတဲ့ ခံစားချက်တွေကလည်း ရှုပ်ထွေးစရာ။
~~~~~~~~~~~~~~~~~~~~~~~~~
ရေချိုးကိုယ်လက်ဆေးပြီ Asahi တစ်ယောက်အိပ်မလို့ မီးပိတ်ဖို့ပြင်နေချိန်
Ring "အိပ်ပြီလား။ Asahi"
Asahi pov: ဪ ငါ့ဖုန်းကမြည်တာပဲ။ Jaehyuk ပါလား။
Asahi: ဟုတ် တအောင့်နေအိပ်မလို့ပါ
Jaehyuk:အာ ကိုယ်အနှောင့်အယှက်ပေးသလိုများဖြစ်သွားလား။
Asahi:မဖြစ်ပါဘူး အိပ်မပျော်ရင်တောင်ကျွန်တော်က စာဖတ်မလားလို့ပါ။
Jaehyuk:ဪ Asahi ကစာဖတ်ရတာကြိုက်တာလား။ ကိုယ်ကတော့မကြိုက်ဘူးရယ်။ ဘာလို့လဲသိလား။
Asahi:ဘာလို့ 😬
Jaehyuk:စာဖတ်ရတာထက်စာဖတ်တဲ့သူကိုပိုသဘောကျတယ်။
Asahi: ဪ ဖြစ်တတ်ပါတယ်။
Jaehyuk:ဗျာ ဘာကိုလဲ။
Asahi:ကျွန်တော်အိပ်တော့မယ်နော်။ Good night ပါ။
Jaehyuk: Good night ပါ ကိုယ့်ကိုအိမ်မက်ထဲထည့်မက်နော်။
Asahi တစ်ယောက် Seen သာပြပြီးဘာမှပြန်မပြောဖြစ် ဘာပြောရမှန်းမသိတာဆိုပိုမှန်လိမ့်မည်။သူစိမ်းတစ်ယောက်ရဲ့ ဘာမှန်းမသိတဲ့စကားလေးတစ်ခွန်းကြောင့် Asahi တစ်ယောက်အမျိုးအမည်မသိတဲ့ခံစားချက်တွေ ဖြစ်နေတယ်ဆိုတာ တဖက်လူကရောသိပါလေစ။အဲ့ညက Asahi တစ်ယောက်ညည့်နက်ခဲ့ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~
Asahi တစ်ယောက်ဆိုင်သိမ်းဖို့ ပြင်နေတုန်း
"ဟိတ် တစ်ယောက်ထဲလား။"
"Arr Jaehyuk လန့်လိုက်တာဗျာ။"
"Jaehyuk ပဲခေါ်တော့မှာလား။အခုထိ sahi အတွက်ကိုယ်ကသူစိမ်းပဲလား။"
"အာ မဟုတ်ပါဘူး စတွေ့ထဲကအဲ့လိုပဲခေါ်နေကျမို့ပါ"
"Jae လို့ခေါ်"
"ဗျာ"ရုတ်တရက်နီးကပ်လာတဲ့ Jaehyuk မျက်နှာကြောင့် Asahi နောက်ကိုတစ်လှမ်းချင်းဆီဆုတ်ပေမဲ့ တစ်လှမ်းချင်းဆီတိုးလာတဲ့ Jaehyuk ခြေလှမ်းကြောင့် Asahi တစ်ယောက်ချောင်ပိတ်မိတဲ့ကြောင်ပေါက်လေးလိုသနားစရာကောင်းနေသည်။
"နဖူးလေးကိုနမ်းချင်လို့"
"ဗျာ" Asahi ရဲ့ ခွင့်ပြုခြင်းမမည်တဲ့ အာမေဋိတ်ကို Jaehyuk တစ်ယောက်မျက်ကွယ်ပြုကာ Asahi နဖူးလေးကို နမ်းလိုက်သည်။ ကြောင်အမ်းအမ်းနဲ့ကြည့်လာတဲ့ Asahi ကိုကြည့်ရင်း
"အဲ့လိုမကြည့်နဲ့ကွာ ကိုယ်အသည်းယားပြီး တခုခုလုပ်မိလိမ့်မယ်။"
"ဟင်"
"သဘောကျတယ်။ Sahi ရဲ့ နဖူးလေးကအစ ဒီနှုတ်ခမ်းလေးအဆုံး အားလုံးကိုသဘောကျတယ်။"
"Nae nae ကျေးဇူးပါ အခုတော့နည်းနည်းနောပ်ဆုတ်ပေးပါလား။"
"ဟင့်အင်း Jaeလို့ခေါ်မှာ"
"မခေါ်ရဲပါဘူးဗျာ"
"မခေါ်ရင်ရှေ့တိုးဦးမှာလို့ပြောရင်း" Jaehyuk နဖူးနဲ့ Asahi ကိုထိလိုက်တော့ Asahi တစ်ယောက်ယောင်ယမ်းပြီး မျက်လုံးမှိတ်လိုက်ကာ
"Jae~~jae နောက်ဆုတ်ပေးပါ"
"အား သဘောကျလိုက်တာ"လို့ပြောကာ Asahi ဆံပင်လေးကိုဖွရင်း ပြောလိုက်သည်။
"ကိုယ်တို့တွဲကြည့်မလား။"
"....."
"အဲ့လောက်ပဲစဉ်းစားစရာလိုလို့လား။"
"မဟုတ်ပါဘူး ဒီအတိုင်းပဲ"
"ဒါဆိုတွဲတယ်လို့ပဲသဘောထားလိုက်မယ်နော်။"
"အင်း"
Asahi ရဲ့စကားကြောင့်ပျော်ပြီး ထွက်သွားတဲ့ Jaehyuk ကိုကြည့်ရင်း ချစ်ခြင်းမေတ္တာဆိုတာ ဒါပါလားလို့ တွေးမိရင် ပြုံးမိသွားသည်။တကယ်တော့ရင်ထဲမှာအတိုင်းမသိပါပဲ ကိုယ်ကိုတိုင်ကခံစားချက်ကို ထုတ်မပြတတ်တဲ့သူမို့လို့သာ ပြုံးမိတယ်ဆိုရုံနဲ့တင် ရင်ထဲတော်တော်ပျော်နေမိသူပါ။
~~~~~~~~~~~~~~~~~~~~~~~~~
3 months anniversary
ဘာလိုလိုနဲ့ Jae နဲ့ ကျွန်တော်တွဲလာတာတောင်သုံးလပြည့်ပြီ ချစ်ခြင်းမေတ္တာကိုလဲ ခံစားမိသွားသလို ကြည်နူးခြင်းပျော်ရွှင်ခြင်းတွေလဲ သုံးလအတွင်းအများကြီးခံစားခဲ့ရတဲ့အတွက်Jaeကိုကျေးဇူးတင်မိသည်။မနေ့ကဆိုင်လာရင်း Jae ကျန်ခဲ့တဲ့ ထီးပန်းရောင်လေးကိုပြန်သွားပေးရင်း ညဈေးလျှောက်မလားလို့တွေးမိပြီး ဆိုင်ကိုစောသိမ်းလိုက်သည်။ Jaeရဲ့ company ကိုရောက်တော့ ၀န်ထမ်းလေးရဲ့လမ်းညွှန်မှုကြောင့် Jae ရုံးခန်းကိုရောက်တော့ ၀င်ခါနီးဘေးကဖြတ်လျှောက်သွားတဲ့ ၀န်ထမ်းကောင်မလေးနှစ်ယောက်လဲ ၀င်မလို့လုပ်နေလို့ Asahi နောက်ဆုတ်လိုက်တော့။
Girl 1"သူဌေးနဲ့လာတွေ့တာလားမသိဘူး"
Asahi "ဟုတ်ကဲ့ ဒီထီးလေး"
Girl 2"အာ သူဌေးတော့ကျေးဇူးတင်နေတော့မှာ အဲ့ထီးကနယ်နယ်ရရမဟုတ်ဘူး သူဌေးရဲ့ကောင်မလေးပေးထားတာ"
Asahi"ကောင်မလေး"
Girl 1"ဟုတ်ပါ့ ဘယ်လောက်ပနံသင့်လဲကြည့်ပါလား"လို့ဆိုကာ တံခါးလေးကိုဖြည်းဖြည်းလေးဟပြတော့ ၀န်ထမ်းကောင်မလေးနှစ်ယောက်နဲ့အတူ ခေါင်းတိုးကြည့်တော့ Jae ရဲ့ အလုပ်စားပွဲပေါ်ထိုင်နေတဲ့ကောင်မလေးတစ်ယောက် Jaeကအဲ့ကောင်မလေးဘေးနှစ်ဖက်ကို လက်နဲ့ထောက်ထားရင်း ထိုကောင်မလေးနဖူးနဲ့ သူ့နဖူးကိုထိကာ စကားပြောနေသည်။ အသားထိရတာသဘောကျတဲ့ Jae အကြောင်းကိုသိပေမဲ့ ဒီလောက်ကြီးအထိတော့ ကျွန်တော်လက်မခံနိုင်ပါ။ ၀န်ထမ်းကောင်မလေးက တံခါးကိုအသာလေးပြန်စိကာ
Girl 2 " ဒီလောက်ချစ်ကြတဲ့နှစ်ယောက်ကြားထဲ ဘယ်လိုလူတွေများနှောင့်ယှက်သလဲမသိဘူး"
Girl 1"ဟမ် ဘာလို့"
Girl 2"သူဌေးက အပြင်မှာကောင်လေးတစ်ယောက်နဲ့ကြိတ်ပုန်းခုတ်နေတာတဲ့ အဲ့တာကြောင့် မမလေးကစိတ်ဆိုးလို့ အခုချော့နေတာနေမှာပေါ့"
Asahi"ကြိတ်ပုန်းခုတ်တယ်။" ထိုစကားကိုအံ့ဩစွာနဲ့ပြောမိတော့။
Girl 2"ဟုတ်တယ် သူဌေးနဲ့မမလေးက ဟိုးလူပျိုအပျိုပေါက်ထဲ စေ့စပ်ထားတာတဲ့ မမလေးနိုင်ငံခြားသွားတဲ့လေးလ အတွင်း အဲ့လိုသတင်းထွက်တာတဲ့တော် အံ့ဩပါ့"
Girl 1"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မမလေးက စင်ပေါ်ကပါနော် အခုတောင်ဘယ်လိုအနေအထားလဲ လုံး၀ နေနဲ့လ ရွှေနဲ့မြပါတော် ဟုတ်တယ်မလား။"
Asahi ကို မျက်စပစ်ရင်းမေးတော့ ရုတ်တရက် Asahi လဲ ခေါင်းသာညိမ့်ပြမိသည်။
Asahi "ဒါ ဒီထီးလေးသူဌေးကိုပေးပေးပါနော်။ကျေးဇူးပါနော်။"
Girl 1 &2:"ဟုတ် ဟုတ်ကဲ့"
Asahi လည်း ခပ်မြန်မြန်လမ်းလျှောက်ပြီး company အပြင်ကိုထွက်လာခဲ့မိသည်။ ဘာတွေလဲ ကျွန်တော်မြင်ခဲ့ရတဲ့ မြင်ကွင်းကရောဘာလဲ ကျွန်တော်ကတကယ် ဒုတိယလူလား။ကြိတ်ပုန်းခုတ်တယ် ဆိုတဲ့စကား ကျွန်တော့်ကိုရည်ညွှန်းတာလား။ချစ်ခြင်းမေတ္တာကိုတောင်းတမိရုံလေးပါ ဒီလိုဖြစ်ဖို့မရည်ရွယ်ပါဘူး။ဒီအမျိုးသမီးနိုင်ငံခြားသွားတဲ့ရက်ကစပြီးကျွန်တော်နဲ့ဆုံခဲ့တာလား။စေ့စပ်ထားတာနဲ့ အစထဲကသတ်မှတ်ထားပြီးသားလူက ဘာလို့များကျွန်တော့်လိုဘာမှမရှိတဲ့လူဆီလာရတာလဲ။ စင်ပေါ်ကလူ တကယ်ပါလိုအပ်လာလို့ ယှဉ်ရရင်တောင် ထိုအမျိုးသမီးက စင်ပေါ်ကပဲမလား။ အတွေးတွေမျောရင်း မိုးရွာလာရော ဘယ်စုံတစ်ယောက်ကိုမှမမျှော်လင့်မိသလို ဘယ်သူနဲ့မှလဲတွေ့လိုစိတ်မရှိတာကြောင့် လမ်းကြားလေးတွေကနေပဲပြန်ဖို့ဆုံးဖြတ်လိုက်တယ်။တလမ်းလုံး မိုးရေတွေလားမျက်ရည်တွေလားမကွဲတော့တဲ့အထိ ကျွန်တော့်မျက်လုံးတွေကျိန်းစပ်အောင်ငိုလိုက်မိတယ်။ဆိုင်နားရောက်တော့ ဆိုင်ရှေ့မှာထိုင်စောင့်နေတဲ့ ကောင်လေးတစ်ယောက် ခပ်လှမ်းလှမ်းကကားကိုမြင်လိုက်ထဲက Jae ဆိုင်ရှေ့ရောက်နေတယ် ဆိုတာသိလိုက်ပေမဲ့ သူနဲ့ပြောချင်စိတ်မရှိတာတော့အမှန်ပင်။
Jaehyuk "မိုးမိလာတာလား။"
Asahi "......."
တဖက်လူကိုမျက်ကွယ်ပြုရင်းတံခါးသာကြိုးစားဖွင့်နေသည်။
Jaehyuk "ကိုယ့် company ကိုလာသေးတယ်ဆို"
Asahi "......"
Jaehyuk "ထီးလာပို့တာဆို"
Asahi "ဘယ်သူလဲ"
Jaehyuk "၀န်ထမ်းကောင်မလေးတွေပြောတာ"
Asahi"ဘယ်သူလဲ"
jaehyukကိုကြည့်တိုင်းအမြဲရှက်ကိုးရှက်ကန်းဖြစ်နေတတ်တဲ့ Asahi မျက်လုံးက ဒီနေ့တော့ငိုထားတာကြောင့်လား စိတ်တိုလို့လားမသိ မျက်လုံးတွေရဲနေသည်။
Jaehyuk "အင်း ကြားခဲ့တဲ့အတိုင်းပဲ"
ဒါပထမဆုံး Jaehyuk မျက်လုံးခြင်းမဆိုင်ခြင်းပင်။Asahi သက်ပြင်းချလိုက်တော့ Jaehyuk တစ်ယောက်ပြာပြာသလဲကြည့်မိချိန် Asahi လက်တွေကအပြစ်မရှိတဲ့သော့ခလောက်ကို တင်းတင်ကြပ်ကြပ်ဆုပ်ကိုင်ထားတာ ဘယ်အချိန်ထဲကမသိ လက်လေးကသွေးပင်မလျှောက်တော့ နှုတ်ခမ်းလေးကလဲ ဖိကိုက်ထားတဲ့အရှိန်ဖြင့်သွေးပင်စို့နေလေပြီ။
Asahi "အရမ်းများလွယ်သွားလား။"
Jaehyuk "....."
Asahi " ချစ်ခြင်းမေတ္တာလိုချင်ရုံပဲလိုအပ်ခဲ့တာ အဲ့လောက်ပဲ ပေါသောသွားလား။"
Jaehyuk"...."
Asahi"ပြောစမ်းပါဦး စကားတွေတအားများလွန်းတဲ့ Yoon Jaehyuk ရဲ့"
Jaehyuk"တောင်းပန်ပါတယ် ကိုယ် တောင်းပန်"
Asahi"တစ်စုံတစ်ယောက်အတွက်ရည်ရွယ်ထားရင် တခြားလူကိုမပေးပစ်ရဘူး ပစ္စည်းဥစ္စာရော ချစ်ခြင်းမေတ္တာရော။ သွားလိုက်ပါ ကျွန်တော့်မျက်စိရှေ့ကရော ကျွန်တော့် အနာဂတ်မှာရော ကျွန်တော့်ဘ၀ထဲကရော!!!"
Jaehyuk"ကိုယ် ပြောပြပါရစေ"
Asahi" ကျေးဇူးပါမေတ္တာတွေငတ်ခဲ့လွန်းတဲ့ကျွန်တော့်လိုလူကို သနားစရာကောင်းအောင်ချစ်ပေးလို့"
ပြောကာတံခါးအမြန်ပိတ်ပြီး အပေါ်ထပ်အိပ်ခန်းကိုပြေးတက်ကာ တံခါးပိတ်ပြီးကျောမှီထိုင်ချကာ ဒူးပိုက်ပြီး ငိုနေမိတယ်။ ဒီတခါတော့ ကျွန်တော်ငိုပါရစေ မပိုင်ဆိုင်ခဲ့ရတဲ့ ချစ်ခြင်းကြောင့်ငိုပါရစေ။ ကျွန်တော့်ကို အစစ်အမှန်တွေပေးပြီထင်ရတဲ့ လောကကြီးရဲ့ကျီစယ်မှုကိုမခံနိုင်လို့ ငိုပါရစေ။ရည်ရွယ်ထားသူရှိနေတာမသိပဲသဘောကျခဲ့မိတဲ့အတွက်ငိုပါရစေ။
နာကျင်နေတဲ့ဘယ်ဘတ်ရင်အုံကို ဖိကိုင်ကာရှိုက်ကြီးတငင်ငိုနေတဲ့ ကောင်လေးတစ်ယောက်နဲ့ သဘောကျမိရုံသက်သက် ပတ်သတ်မိသွားလို့ နောင်တရသွားတဲ့ကားပေါ်ကကောင်လေးတစ်ယောက်။နေမင်းကြီးကတော့ စိတ်ရှုပ်ထွေးစွာနဲ့တိမ်တွေကြားထဲတိုး၀င်ပျောက်ကွယ်သွားလေပြီ။အရာအာလုံးနေ့သစ်အတွက် အားအင်အသစ်မွေးကြတော့မယ် အခန်းထောင့်ကကောင်လေးကရောအဆင်ပြေပါ့မလား။
မိုးကတော့ရွာနေဆဲ..............................
_______________________________________
လိုအပ်ချက်များကိုလည်း ဝေဖန်ထောက်ရှုပေးပြီး အမှားများကိုလည်း သည်းခံခွင့်လွှတ်ပေးဖို့မေတ္တာရပ်ခံပါတယ်။ ဖတ်တဲ့တစ်ဦးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။