IDOL

By Thurein__

48.2K 3.2K 580

Stage ပေါ်မှာ တောက်ပနေမယ့် Idol တစ်ယောက်အကြောင်း More

IDOL (Intro)
(Announcement)
1 (Uni)
1 (Zawgyi)
2 (Uni)
2 (Zawgyi)
3 (Uni)
3 (Zawgyi)
4 (Uni)
4 (Zawgyi)
(A/N)
5 (Uni)
5 (Zawgyi)
6 (Uni)
6 (Zawgyi)
7 (Zawgyi)
8 (Uni)
8 (Zawgyi)
9 (Uni)
9 (Zawgyi)
10 (Uni)
10 (Zawgyi)
11 (Uni)
11 (Zawgyi)
12 (Uni)
12 (Zawgyi)
13 (Uni)
13 (Zawgyi)
14 (Uni)
14 (Zawgyi)
15 (Uni)
15 (Zawgyi)
16 (Uni)
16 (Zawgyi)
17 (Uni)
17 (Zawgyi)
18 (Uni)
18 (Zawgyi)
19 (Uni)
19 (Zawgyi)
20 (Uni)
20 (Zawgyi)
21 (Uni)
21 (Zawgyi)
22 (Uni)
22 (Zawgyi)
23 (Uni)
23 (Zawgyi)
24 (Uni)
24 (Zawgyi)
25 (Uni)
25 (Zawgyi)
26 (Uni)
26 (Zawgyi)
27 (Uni)
27 (Zawgyi)
28 (Uni)
28 (Zawgyi)
29 (Uni)
29 (Zawgyi)
30 (Uni)
30 (Zawgyi)
Members' Biology
31 (Uni)
31 (Zawgyi)
CLICK!!
32 (Uni)
32 (Zawgyi)
33 (Uni)
33 (Zawgyi)
34 (Uni)
34 (Zawgyi)
35 (Uni)
35 (Zawgyi)
36 (Uni)
36 (Zawgyi)
37 (Uni)
37 (Zawgyi)
38 (Uni)
38 (Zawgyi)
39 (Uni)
39 (Zawgyi)
40 (Uni)
40 (Zawgyi)
41 (Uni)
41 (Zawgyi)
42 (Uni)
42 (Zawgyi)
43 (Uni)
43 (Zawgyi)
44 (Uni)
44 (Zawgyi)
45 (Uni)
45 (Zawgyi)
46 (Uni)
46 (Zawgyi)
47 (Uni)
47 (Zawgyi)
48 (Uni)
48 (Zawgyi)
49 (Uni) 🔞
49 (Zawgyi) 🔞
50 (Uni)
50 (Zawgyi)
51 (Uni)
51 (Zawgyi)
52 (Uni)
52 (Zawgyi)
53 (Uni)
53 (Zawgyi)
54 (Uni)
54 (Zawgyi)
55 (Uni)
55 (Zawgyi)
56 (Uni)
56 (Zawgyi)
57 (Uni)
57 (Zawgyi)
58 (Uni)
58 (Zawgyi)
59 (Uni)
59 (Zawgyi)
60 (Uni)
60 (Zawgyi)
61 (Uni)
61 (Zaw gyi)
62 (Uni) 🔞
62 (Zawgyi) 🔞
63 (Uni)
63 (Zawgyi)
64 (Uni)
64 (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Thanking

7 (Uni)

448 44 4
By Thurein__

ကျောင်းပြန်ဖွင့်ပြီ.....။

တစ်ရက်တစ်ရက် တစ်ပတ်တစ်ပတ် ဘာမှလည်းမကြာလိုက်။ ဘာလိုလိုနဲ့ နိုဝင်ဘာလကုန်ဖို့ရက်နည်းနည်းသာလိုတော့သည်။
ဆောင်းဦးရာသီဖြစ်သော်လည်း ရန်ကုန်ဆောင်းသည် ဆောင်းရောက်နေမှန်းတောင်မသိသာသည့်ဆောင်းပင်။

"ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ.." ဆိူသည့်သီချင်းလိူ မြူတွေမြိုင်မြိုင်ကျအောင်ချမ်းလွန်းတဲ့ဒီဇင်ဘာမှာတောင် ရန်ကုန်ဆောင်းက မိုးအေးသလောက်လေးအေးတာ။
အနွေးထည်တွေဝတ် မာဖလာပတ်ပြီး ရှိုးထုတ်ချင်လို့မှ ထုတ်မရတဲ့ဆောင်း။

မကြာခင်ဒီဇင်ဘာလထဲရောက်တော့မည်။ ကျောင်းသားတွေရဲ့လက်ဆောင် ဒီဇင်ဘာကျောင်းပိတ်ရက်ကြီးကို ညီညီမျှော်နေမိခြင်းဖြစ်ပါသည်။

ညီညီအတန်းထဲရောက်တော့ ထူးထူးဆန်းဆန်း ရောင်စဥ်ကအရင်ရောက်​နှင့်နေပြီ။ နဖူးကိုလက်ဆစ်များဖြင့်ထောက်၍ ခေါင်းငုံ့ထားသည့်ရောင်စဥ့်ကိူကြည့်ရတာ ခါတိုင်းနေ့များထက်အားအင်များ လျော့နည်းနေဟန်ရှိသည်။ မကြုံစဖူးအခြေအနေမို့ တန်းသတိထားမိသွား၏။

ပေါက်ပေါက်သံများညံနေကျအတန်းထဲတွင် ကျောင်းသားကျောင်းသူတို့သည် တိတ်တိတ်လေးသာ လှုပ်ရှားနေကြသည်။ စိတ်ထဲပဲထင်လို့လားမသိ။ အခန်းထဲဝင်လာရတာမသိုးမသန့်ကြီး။ အခန်းက အရင်နေ့တွေကလောက်မဆူညံနေ​ပဲ အာရုံတွေကတစ်ဦးတစ်ယောက်ထဲစီမှာ စုနေကြသလိုမျိုး။ ပြီးမှ ရောင်စဥ်ခေါင်းငုံ့နေတဲ့ဆီ မျက်လုံးတွေရောက်ရောက်နေကြတာမှန်း သတိထားမိလိုက်၏။

လွယ်အိတ်ကိုခုံထဲထည့် ဘယ်ညာလှည့်ကြည့်ပြီးစနည်းနာကြည့်တော့ နောက်အတန်းနားက ယမင်းတို့ တိုးတိုးလေးပြောနေကြလေသည်။

"ဟဲ့ သော်ဇင်ဖြိုးက ဘာဖြစ်တာလဲ"

"​ဘာဖြစ်ရမလဲ။ ရောင်စဥ်နဲ့ကိုသက်ထင်နဲ့တွဲနေပါတယ်ဆိူပြီး ​အရင်ဆုံးတင်တာသူလေ"

ညီညီနားစွင့်ရပြီ။ ကိုယ်သိချင်နေတဲ့အကြောင်းအရာလည်းဖြစ်နေတော့ အတော်ဖြစ်သွား၏။

"ဟယ် အဲ့တော့"

"နင်များတုံးချက်နော်။ ဘာမှကိုမသိဘူး ဒီလောက်ပွနေတဲ့ကိစ္စကို"

ညီညီနားစွင့်နေရင်း ကိုယ့်များပြောလိုက်သလိုပင်ထင်မိသွားသည်။ တကယ်ဘာမှမသိနေခဲ့ပေ။ အမှန်တော့ ညီညီက Social Media အသုံးနည်းတယ်။ အားရင် ဘာသာစကားတစ်ခုခုကိုလေ့လာတာဖြစ်ဖြစ် ကြည့်ချင်တဲ့ ဒရမ်မာတွေကြည့်တာဖြစ်ဖြစ်လုပ်တတ်တာ။ သင်တန်းတွေပတ်တက်နေရတော့ Social Media ဘက်ကိုအချိန်နည်းနည်းသာပေးဖြစ်သည်။ ခုတော့အပြောခံလိုက်ရသည့် ဧပရယ်မိုးနှင့်သာအဖြစ်တူနေတော့သည်။

"ဆက်ပြောပါဦး"

"အဲ့တော့ ရောင်စဥ်ကဘာမှမပြောပေမယ့် ဒီနေ့ကျောင်းလာတော့အဲ့ပုံစံပဲ။ ဘယ်တုန်းကအဲ့ပုံကိုနင်မြင်ဖူးလဲ။ သော်ဇင်ကိုလည်းရုံးခန်းကခေါ်လို့သွားတယ်။ လျှောက်တင်တာနဲ့ပတ်သတ်ပြီးသတိပေးဖို့နေမှာပေါ့"

"ဟယ် သူတို့ကတကယ်တွဲနေတာမဟုတိဘူးလား"

"ငတုံးမ။ အဲ့ညကပဲ ရောင်စဥ်တင်ထားတာမသိဘူးလား။ ခဏကြာတော့ ကိုသက်ထင်ကပါတင်ရော"

"ဘာတင်တာလဲ"

ညီညီ့ အနေတော်ထင်းနေသောမျက်ခုံးမွှေးတန်းပါးလှပ်လှပ်လေး မြင့်တက်သွားလေသည်။

"ရော့ ကိုယ့်ဘာသာဖတ်သာကြည့်"

ဒီတစ်ခါတော့ ဧပရယ်ကအရင်သိလိုက်ရပြီ။ နောက်လှည့်ပြီးဖုန်းဆွဲယူပြီးကြည့်ဖို့တော့ စိတ်ကူးမရမိပါ။

အစ်ကိူနဲ့ရောင်စဥ့်သတင်းဆိုတာကိုတော့ New feed မှာတွေ့လိုက်ရသည်။ ဟိုးလေးတကျော်ကျော်ဖြစ်သွားသည်အထိ ဂယက်ကြီးသွားသည်ဆိုတာလည်းသိသည်။ ဘာတင်ထားလဲသိချင်လာ၍ အိတ်ထဲက ကိုယ့်ဖုန်းကိုယ်ထုတ်လိုက်သည်။ ကိုယ်က Blink (BLACKPINK fan) မို့ အနက်နှင့်ပန်းရောင်နှစ်ရောင်စပ်ကာဗာတပ်ထားသည့် ဖုန်းတစ်လုံးထွက်လာသည်။ အကိုက်ရာပါသည့်ပန်းသီးတံဆိပ်မှန်း မသိစေချင်တာလည်းပါမည်။

ညီညီ့မှာလိုင်းဖွင့်ကြည့်ပြန်တော့လည်း ဘယ်မှာသွားရှာရမည်မသိ။ ညီညီ့အကောင့်ထဲမှာ သူငယ်ချင်းနည်းနည်းနဲ့ သတင်းပေ့ချ်အချို့ကိုသာ Like လုပ်ထားတာ။ အစ်ကို့အကောင့်ရော ပေ့ချ်ကိုပါ follow လုပ်ထားပေမယ့် အစ်ကိုတင်တာ ညီညိမသိလိုက်။

ဟောတွေ့ပြီတွေ့ပြီ။ စာတိုလေးတစ်ကြောင်း။

"ခုတက်နေတဲ့ ကျွန်တော့် သတင်းတွေကအမှန်မဟုတ်ပါဘူး။ တစ်ဖက်လူဘက်ကို သွားထိခိုက်နေမှာစိုးလို့ သတင်းအမှားများမဖြန့်ဖို့ အလေးအနက် တောင်းဆိုအပ်ပါသည်ခင်ဗျာ"တဲ့။

သက်နှင်းနဲ့ညီညီ မုန့်သွားဝယ်နေချိန်မှာ အစ်ကိုကပန်းစည်းဝင်ပေးရင်း အများကတစ်မျိုးထင်ကုန်တာနေမှာ။ အဲ့ကနေ ယုန်ထင်ကြောင်ထင်ကြရင်း သတင်းတွေပွကုန်တာ။

အင်းလေ...... ဖန်တောင်မှ အမျိူးမျိုးရှိတာပဲ။
ကိုယ့်အချစ်တော်လူသားကို တစ်ယောက်တည်းမြင်နေရတာကိုပဲ ပျော်တဲ့ဖန်ရှိတယ်။

သူတို့ နောက်ထပ်သဘောကျတဲ့တစ်ယောက်ယောက်နဲ့ အလုပ်အတူလုပ်တာဖြစ်ဖြစ် ဇာတ်ကားရိုက်တာဖြစ်ဖြစ် အတူမြင့်ခွင့်ရတာလေးကို ပျော်တဲ့ဖန်ရှိတယ်။

Idol ဟာသူ့အသက် Idol ဟာသူ့ဘဝဆိုပြီးသတ်မှတ်လောက်အထိ ဖြူစင်တဲ့အချစ်တွေနဲ့ချစ်တဲ့ဖန်ရှိတယ်။

ခုလည်း အစ်ကိုတို့နှစ်ယောက်ကိုသဘောတူတဲ့သူတွေက အတူမြင်လိုက်ရတဲ့အခါ စိတ်ထဲကဖြစ်လာတဲ့ ကျေနပ်ပီတိကြောင့်ပျော်လွန်းလို့ တင်လိုက်တဲ့သူကလည်းတင်တယ်။ မကြိုက်တဲ့သူက အပြစ်တင်ကြတယ်။

တင်လိုက်တဲ့သူကိုအပြစ်တင်လို့မရ။ အနုပညာရှင်ဆိုတာ တစ်မျိုးမဟုတ်တစ်မျိုး ဝေဖန်မှုမျိုးစုံတွေ့နေရမှာ။ ပြီးတော့ အစ်ကိုနဲ့ရောင်စဥ်နဲ့ကိုဘယ်သူမဆိုထင်ကြမှာပဲ။ အစ်ကို့သီချင်းတစ်ပုဒ်ရဲ့ MV ကနေ အတူတွဲသရုပ်ဆောင်ရင်းက လိုက်ဖက်လွန်းလို့ဆိုပြီး အများကသဘောတူထားကြတဲ့ သူနှစ်ယောက်လေ။

"Guess Song" "Cele Quest" တို့လိုမျိုး နာမည်ကြီး Variety Show  တွေမှာ Couple စီသွားရတဲ့အခါတိုင်း သူတို့နှစ်ယောက်ပဲတွဲဖြစ်တာ။ ဒါ့အပြင် တစ်ယောက်ကိုတစ်ယောက်လည်း မေတ္တာရှိကြတဲ့ပုံပေါ်နေတာ အသိသာကြီး။

ဒါပေမယ့်လည်း မေတ္တာရှိတာမှန်တိုင်း ဝန်ခံလိုက်လို့မှမရတာ။ သူတို့ကခုမှအထက်တန်းကျောင်းသားပဲရှိသေးတာ။ ပညာရေးအတွက် ငြင်းရမည်လေ။ ငြင်းတဲ့သူလည်းမှန်တာပဲ။ ဒါဆိုဘာကမှားတာလဲ ညီညီမစဥ်းစားတတ်တော့ပါ။

ရောင်စဥ့်ပုံကခုလိုဖြစ်နေတာ ဒီလိုအကြောင်းရာကြောင့်လားဆိုတာသိရပြီ။ သန်မာလွန်းတဲ့
ရောင်စဥ် ခုလိုပြိုလဲနေတာမြင်ရတော့လည်း ညီညီစိတ်မကောင်း။ ဒါဆို အစ်ကိုရောဘယ်လိုနေနေပါလိမ့်။

အဆင်ပြေရဲ့လား။ ရောင်စဥ့်လို အစ်ကိုရောစိတ်ညစ်နေမလား။

ထိုစဥ် ကျောင်းတက်ခေါင်းလောင်းမြည်လာသည်။ ရုတ်ရုတ် ရုတ်ရုတ်နဲ့ အခန်းထဲလူတွေပြည့်လာပြီး သတိအနေအထားဖြင့်မတ်တပ်ရပ်ကြသည်။ နိုင်ငံတော်သီချင်းဆိုရတော့မည်။

မကြာခင်ပင် မိန်းကျောင်းဆောင်ကြီးအလယ်ပေါက်တွင်တပ်ထားသည့် အသံချဲ့စက်ကြီး သုံးလုံးစီမှ အသံသွင်းထားပြီးသား "သတိ သက်သာ အလေးပြု" စစ်ရေးပြအသံထွက်လာသည်။ ထိုအသံအတ်ုင်း ကျောင်းသားတို့ကငြိမ်သက်စွာလုပ်ကြရင်း နိုင်ငံတော်သီချင်းကိုသီဆိူကြသည်။

သို့နှင့် စာသင်ချိန်ပထမအချိန်ကိုရောက်ခဲ့ချေပြီ။ အခန်းထဲလူစုံတက်စုံရှိနေချိန်မို့ ရောင်စဥ့်အပေါ်အာရုံစိုက်နေကြတာများသည်။ ရောင်စဥ်ကလည်း အားလုံးကိုမသိကျိုးနွံပြုထားပုံဖြင့် အတန်းရှေ့တည့်တည့်မျက်နှာစာသိူ့သာ မျက်နှာမူထားလေသည်။

တစ်ချို့ကျ သက်နှင်းနဲ့ခင်တဲ့သူကို မေးကြည့်ဖို့ ကပ်တိုးပြောနေကြသည်။ သက်နှင်းတို့ တည်တည်နေတာ ခုလိုအချိန်မျိုးမှာအသုံးဝင်ခဲ့ပေပြီ။

တော်တော်လည်း စပ်စုကြပါလား လူတွေများ။ သူများအရေးဆိုသိပ်သိချင်ကြတာပဲ။ သိသွားပြီးရင်လည်း တစ်မျိုးမျိုးနဲ့ သူများအကြောင်းပါးစပ်အရသာခံပြီးပြောကြဦးမှာ။ 

"တန်းထ"

ဆရာမဝင်လာပြီ။ ဆရာမသည် ခုရာသီနှင့် မလိုအပ်သည့် လက်လုပ်ချည်ထိုးလက်ရှည် ထပ်အင်္ကျီလေးကိုဝတ်ထားသည်။ လေးထောင့်ကျကျ မျက်မှန်သည် ဆရာမ၏မေးရိုးသွယ်သွယ်မျက်နှာနှင့်လိုက်ဖက်လှပါသည်။ အဖြူအစိမ်း
နှင့်လိုက်ဖက်စွာ လက်ဖက်ရည်ပန်းကန်လုံးလောက်ရှိသည့်ဆံထုံးကိုလည်း ပိုက်ကွန်ပုံ ဘိုးအစိမ်းရောင်ဖြင့်သိမ်းထုပ်ထားသည်။ စာအုပ်သုံးလေးအုပ်လောက်ကို စားပွဲပေါ်တင်ပြီး အတန်းရှေတွင်မတ်တပ်ပြန်ရပ်သည်။

နှုတ်ဆက်ပြီးနောက် ဆရာမက ကြည်လင်သောမျက်နှာထားနှင့် အတန်းကိုတစ်ပတ်ဝေ့ကြည့်ပြီး တစ်ခုခုကိုသတိထားမိဟန်ရှိကာ လက်သီးဆုပ်လေးပါးစပ်နားတေ့၍ ချောင်းဟန့်သည်။

"အဟမ်း။ ကိုယ့်ကိစ္စမဟုတ်ပဲ မပါကြဖို့ သတိပေးချင်တယ်"

တစ်ခွန်းတည်းသာပြောလေသည်။ အားလုံးလည်း ညီညီ့လို သဘောတန်းပေါက်ကြမှာပါပဲ။

ဆရာမနှင့်ရှေ့ဆင့်နောက်ဆင့်ဝင်လာသည့် ရုံးခန်းထဲအခေါ်ခံရသူ သော်ဇင်လည်း ခေါင်းကိုသိသိသာသာငုံ့သွားတာမြင်လိုက်ရသည်။

သော်ဇင်ဆိုတာ ရောင်စဥ့်လာပြီဆိုရင် မျက်လုံးအပြူးသားလေးနဲ့ သူများထက်ပိုပြီးစိတ်တွေလှုပ်ရှားတတ်တဲ့ ရောင်စဥ့်ရဲ့ပရိတ်သတ်အစစ်။  သူ့နည်းတူတင်ကြတဲ့သူ သုံးလေးယောက်
ရှိပေမယ့် အရိပ်အကဲမြန်တဲ့ကျန်တဲ့သူတွေက ချက်ချင်းပြန်ဖျက်လိုက်လို့ သော်ဇင်တစ်ယောက်တည်း ရုံးခန်းရောက်ရတာ။ ဒါ ပရိတ်သတ်တစ်ယောက်ရဲ့အမှားမှမဟုတ်တာ။

"ကဲ ကဲ အားလုံးကို ပြောစရာတစ်ခုရှိတယ်"

ဆရာမဆီသိူ့ မျက်လုံးပေါင်းစူံရောက်ကုန်ကြလေသည်။

"ဒီဇင်ဘာပိတ်ရက်ကြီးမတိုင်ခင်မှာ တို့ကျောင်းရဲ့စူံညီပွဲတော်ရှိတယ်"

"ဟေး..... "

"ဝိုး...."

အတန်တွင်း သြဘာသံများ သောင်းသောင်းထသွားသည်။ စုံညီဆိုတာ ကျောင်းသားကျောင်းသူတွေအတွက် တစ်နှစ်တာရဲ့အကြီးမားဆုံးပျော်ရွှင်ပွဲကြီးပင်။ သူများကျောင်းကစူံညီဆိုတာ ရပ်မိရပ်ဖတွေနဲ့ ဆုရကျောင်းသားကျောင်းသူတွေအတွက်သာ။ မနက်ပိုင်းအားကစားပြိုင်ပွဲတွေ ပန်းပွားအကနဲ့ ဘင်ခရာတီးဝိုင်းတွေဆိုတာ လူကြိုက်နည်းသည်။ ထို့ကြောင့် တစ်ကျောင်းလုံးကကျောင်းသားတွေ မစူံညီသည့်ပွဲပင်။

ညီညီတို့ကျောင်းကကျ ပိုပြီးထူးခြားသည်။
ဘာထူးခြားဆို နိုင်ငံကျော်အနုပညာရှင်တွေပါ ပါတာကိုး။ တစ်ယောက်တည်းမဟုတ်။ အနည်းဆုံးသုံးယောက်လောက်ပါသည်။ ထို့ကြောင့်စူံညီပွဲတော်ဆို လူကိုကြိတ်ကြိတ်တိုးအောင်များသည်။
နေ့ခင်းပိုင်းစူံညီအတွက် မပြန်ဘဲစောင့်နေကြတာဆိုတော့ မနက်ပိုင်းအားကစားပွဲများနှင့် အတီးအမှုတ်ပွဲမှာလည်း အလိုလိုလူကများ၏။

"ဆရာမ ခုနှစ်ရော ဘယ်သူတွေလာမှာလဲဟင်"

တစ်ယောက်ကထမေးတော့ အားလုံးကလည်းသိချင်ကြဟန်ရှိသည်။

"ဆရာမလည်းမသိဘူး။ ပွဲကျမှ Suprise လုပ်မယ်ထင်တယ်"

"​ဟီဟီ ဝိုင်းစုခိုင်သိန်းသာဖြစ်လိုက်စမ်းပါ"

"ဟဲ့ တင်ဇာမော်ဟ"

"ဟာ... ထက်သီရိ​ပဲလာခိုင်းမှာပေါ့"

"G fatt! Gfatt! Gfatt!"

"ဖြးဖြူကျော်သိန်းပဲ အပီကိုလိုက်ဟဲပစ်မယ်"

ယောက်ျားလေးတွေတစ်မျိုး မိန်းကလေးတွေကတစ်မျိုး သူတို့အော်ချင်ရာအော်လေသည်။

"ကဲပါ ခုလိုတွေအော်နေလို့ ဘာမှဖြစ်မလာဘူး။ စာသင်မယ် စာအုပ်ဖွင့်"

"ဆရာမ ဒါဆိုဘယ်နှစ်ယောက်လာမှာလဲဆိုတာပဲပြောပြ"

ဆရယမ မျက်စောင်းလှလှလေးထိုးကာ လက်သုံးချောင်းထောင်ပြလေသည်။

"ဟေး....သုံးယောက်တောင်ဟေ့ သုံးယောက်တောင်"

"အမလေး မိစန္ဒီသာလာလိုက်ပါတော့။ စျေးဗန်းခင်းချင်လိူ့"

"ဟားဟား"

ကျောင်းသားတွေဝါးခနဲကျနေပြန်တော့လည်း ဆရာမကမဆူပါ။ သူပါလိုက်ပြုံးလို့။

"Khant Entertainment ဘက်ကတစ်ယောက်ငှားပေးတယ်"

Khant Ent ဆိုတာနှင့် သက်နှင်းကိုအားလုံးကလှည့်ကြည့်ကြလေသည်။

"ဆရာမ အစ်ကိုသက်မင်းခန့်ထင်ကရော ဘာလို့တစ်ခါမှမဆိုတာလဲဟင်"

"ဟုတ်တယ် ဆရာမ။ သူ့ပွဲတွေကြည့်ချင်ရင် ဘယ်မှာပွဲလုပ်လဲဆိုတာကိုပဲလိုက်ရှာရတယ်။ ခုလိုကျောင်းပွဲကျတစ်ခါမှမဆိုပါလား။ ဘာလို့လဲဟင်"

ဆရာမက သူကဘယ်လိုလုပ်သိမလဲဆိုသည့် စိတ်ပျက်သည့်အကြည့်နှင့်ပြန်ကြည့်​သည်။

"သူ့ကိုပြောပေးပါဆရာမရယ်။ သူက ခုတစ်နှစ်ပြိးရင် ကျောင်းပြီးပြီလေ။ နောက်ဆုံးနှစ်လေးမို့လို့ ဆိုပေးပါလို့တောင်းဆိုပေးပါလား"

"ဟုတ်ပါတယ်ဆရာမ ပြောပေးပါ"

မိန်းကလေးတွေဘက်က ညံလာပြန်သည်။ ခုလိုအချိန်မှာ အတန်းရှေ့က ရောင်စဥ့်ကိုယ်သူမှသတိမထားမိကြတော့။ လောလောလတ်လတ် ကိစ္စတွေရှုပ်ထွေးထားတယ်ဆိုပေမယ့် ကာယကံရှင်တွေကိုယ်တိုင်ငြင်းထားသည့်ကိစ္စမို့ ခုလိုလွတ်လွတ်လပ်လပ်ပြောကြတာဖြစ်ပါလိမ့်မည်။

ညီညီလည်း အစ်ကို့ရဲ့ပရိတ်သတ်လေးတွေရဲ့ဆန္ဒနဲ့ထပ်တူပါပဲ။ အစ်ကို့ကိုသီချင်းဆိုစေချင်တယ်။ အစ်ကို Live ဆိုတာကိုတစ်ခါမှမကြည့်ဖူးသေးဘူး။ မိန်းကလေးတွေနဲ့အတူ နှုတ်ကထွက်မတောင်းဆိုမိပေမယ့် စိတ်ထဲကတော့ သီချင်းဆိုပေးပါလို့ပြောပေးအောင် တိုက်တွန်းနေမိသည်။

"ဟယ် ကျုပ်ကသူ့အမေမှမဟုတ်တာ။ အဲ့တာကျုပ်ကိုပြောရမှာမဟုတ်ဘူး။ သက်နှင်းကိုပြောရမှာ"

အားလုံးနဲ့အတူ သက်နှင်းဆီဒုတိယအကြိမ် အကြည့်တွေရောက်ကြပြန်သည်။ ဟုတ်သားပဲ။ သက်နှင်းက်ုအပူကပ်ရင်ရတဲ့ဥစ္စာ။ တခြားသူတွေက သက်နှင်းကခပ်တည်တည်နေတော့ပြောရဲမှာမဟုတ်။ ညီညီက သက်နှင်းရဲ့သရုပ်မှန်ကိုသိထားသည့်တစ်ဦးတည်းသော သူ။

ဟဲဟဲ။ အစ်ကို့ကိုနားပူနားဆာလုပ်ခိုင်းမယ်။

"သမီးကို အကူအညီတောင်းပါတယ်။ သက်ထင်ကိုပြောပေးပါနော်"

"ဟုတ်"

"နောက်ပြီး 7Colours ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကလည်း တစ်ယောက်ငှားပေးတယ်"

ထိုအခါတော့မှ အသံတွေကတိတ်ကုန်ကြလေသည်။ ရောင်စဥ်ကတော့ ခါးလေးမတ်ပြီးမလှုပ်မယှက်ထိုင်နေသော်လည်း ဘယ်သူမှကျေးဇူးတင်ကြောင်းမပြောကြ။ မပြောဝံ့ကြတာဖြစ်ပါလိမ့်မည်။ ရောင်စဥ့်ရဲ့စိတ်အခြေအနေကိုကြည့်ပြီး ငြိမ်ကျသွားခြင်းဖြစ်သည်။
ဆရာမကလည်း ရုတ်တရက်ကြီးအိူ့တို့အမ်းတမ်းဖြစ်သွားသည့်အခြေအနေကို အပြုံးလေးနှင့်ပြန်ထိန်းသည်။

"နောက်တစ်ယောက်ကိုတော့ Melody Moon Entertainment ကနေ ငှားပေးတာ"

ဟိုနေ့ကဖေဖေလာတဲ့အကြောင်းအရင်းကို ညီညီသိလိုက်ပြီ။ သားအကြိုက်ကို သိသည့်ဖေဖေတစ်ယောက် သူ့အကြိုက်လိုက်ပြီးငှားပေးမယ်ထင်။

"ဝိုး"

သူငယ်ချင်းတွေများ အံ့သြသွားလိုက်တာ။
အမယ် တို့ကုမ္ပဏီရဲ့အရှိန်အဝါက ကြီးသားပဲ။

"အဲ့ကုမ္ပဏီမှာသွားပြီးလူရွေးချင်တာ။ ဘာမှတတ်တာမရှိလို့"

"ဟားဟား"

အတန်းထဲကလူရှုပ်ကြောင့် တစ်တန်းလုံးဝါးခနဲပွဲကျလေသည်။

"ဆရာမ ဒီကျောင်းမှာသူတို့ကလေးရှိတယ်ဆို။ ဘယ်အတန်းမှာလဲဟင်"

ရုတ်တရက်ကြီးထွက်လာသည့်မေးခွန်းတစ်ခု။ ညီညီ့မှာ တကယ်လန့်သွားတာ။ နားထင်ကြောတွေတောင် ထောင်ကုန်၏။ ဒီကျောင်းမှာ သူ့အကြောင်းသိတာ ကျောင်းအုပ်ကြီးရယ် အတန်းစဥ်သင်ခဲ့ရတဲ့ဆရာ ဆရာမတွေပဲရှိတာ။

နောက်တစ်ယောက်ရှိသေးတယ်။ သက်နှင်း...။ မယ်မင်းကြီးမကိုလှည့်ကြည့်တော့ မျက်ခုံးတွေ
ပင့်ပြနေတာ။ ဘယ်သူမှ မသိတဲ့လျှို့ဝှက်ကြီး သူသိနေတယ်ဆိုပြီးဂုဏ်ယူနေတဲ့မျက်နှာကြီးနဲ့။ ဖေဖေလာတဲ့နေ့ကလေ ဖေဖေကသူ့ကိုလှမ်းခေါ်လို့ သက်နှင်းကသိသွားတာ။ သက်နှင်းကဒီလောက်တည်တာ ပါးစပ်ဖွာမယ့်သူမဟုတ်ဟုယုံကြည်မိတာကြောင့် နည်းနည်းစိတ်အေးရသော်လည်း ခုမျက်နှာကြီးက ကြက်သီးတောင်ထမိသည်။

ဆရာမကလည်း ညီညီ့ကိုဝေ့ကြည့်လာလေသည်။ ဟင် ဘာလို့ကြည့်နေတာလဲ။ သိကုန်တော့မှာပဲ။ ဆရာမကိုမသိမသာခေါင်းခါပြတော့ ဆရာမက ကြောင်အမ်းအမ်းပြန်လှည့်သွားလေသည်။

"ဘယ်.... ဘယ်သိပါ့မလဲ"

"အယ် သမီးကြားဖူးတယ်။ သမီးတို့နဲ့အတန်းတူတူပဲတဲ့"

"ဟုတ်လား ဒါဆိုငါတို့အခန်းထဲမှာရှိတာ သေချာပေါက်ပဲ"

ဗုဒ္ဓေါ။ ညီညီမှာကျောတွေချမ်းလှပြီ။ အကြောတွေတောင့်လှပြီ။ ဇောချွေးတွေပြန်လှပြီ။ ဒီလိုနဲ့ပေါ်ကုန်ရင်တော့ ဘာတွေဆက်ဖြစ်ကြမှာပါလိမ့်။

တစ်တန်းလုံးကိုနှစ်တွေအကြာကြီးလိမ်ထားရမလားဆိုပြီး ဝိုင်းကြဥ်ကြမှာလား။ အပြစ်တွေဝိုင်းပြောကြမှာလား။ ချမ်းသာတဲ့မိသားစုအသိုင်းအဝိုင်းက ကောင်လေးကပျော့ပျော့ပြဲပြဲအူတုံတုံဆိုပြီး အနိုင်ကျင့်ငွေညှစ်ကြမှာလား။ သူအနိုင်ကျင့်ခံရမှာလား။ အရင်ကတော့ ဖာသိဖာသာနေကြပြီးမှ ကိုယ့်ကိုမျက်နှာလုပ်လာကြမှာလား။

ညီညီကလေ ကိုယ့်နောက်ကြောင်းကို တမင်ဖုံးကွယ်ထားတာမဟုတ်ပါဘူး။ ခုနကပြောသလို အာရူံစိုက်မခံချင်လို့ပါ။ ထင်ထင်ပေါ်ပေါ်ကြီးနေရတာကို မကြိုက်လို့ပါ။

"လျှောက်ပြောမနေနဲ့။ သူတို့ကလေး ဒီကျောင်းမှာရှိတော့ရှိတယ်။ ဘယ်အတန်းမှာလဲမသိဘူး"

"ဆရာမ မလိမ်နဲ့နော်"

"ဘာလို့်လိမ်ရမှာတုန်း"

"သေချာပေါက်ကိုရအောင်ရှာမယ် ဟွန့်"

တော်ပါသေးသည်။ မပေါ်သွားလို့။

"အဓိကပြောမယ့်ဟာကျန်သေးတယိ။ တို့အတန်းက နှစ်ယိမ်းထွက်ရမယ်။ အဆိုတစ်ယိမ်း အကတစ်ယိမ်း။ အဲ့တာအကအတွက် နေ့ခင်းကျဆရာမတွေလူလာရွေးလိမ့်မယ်"

အတန်းထဲအသံဝေါဝေါကြီးက အုပ်ဆိုင်းဆိုင်းထွက်နေလေသည်။ အဆိုယိမ်းတဲ့။ ညီညီလုပ်လိုက်ရမလား။ ညီညီ စင်ပေါ်မှာဆိူရတဲ့ ခံစားချက်ကို ညီညီမသိပါ။ ငါစင်ပေါ်တက်ရဲပါ့မလားလို့တွေးကြည့်ရင် ကြောက်စိတ်တွေကဝင်လာရော။

ညီညီတတ်မြောက်ထားတဲ့ပညာတွေကို အသုံးချခွင့်ရမယ့်စင်ကိုကြောက်နေတဲ့ပြဿနာကို ညီညီလည်းစိတ်ပျက်လှပါသည်။ ကိုယ်သင်ထားတဲ့ပညာတွေက ကိုယ့်တစ်ကိုယ်တည်းသီချင်းဆိူဖို့မှမဟုတ်တာ။ သူများတွေကိုလှလှပပလေးဆိူပြချင်စိတ်တစ်ဝက်ပါသည်လေ။ ဒီတစ်ခါလည်း ငြိမ်နေလိုက်ပြန်ပါရဦးမယ်။

"အဆိုက အဖွဲ့လိုက်လား ဆရာမ"

"အဖွဲ့လိုက်တော့ဖြစ်မယ်မထင်ဘူး။ စုံတွဲဖြစ်ဖြစ် Solo ဖြစ်ဖြစ် လေးယောက်ငါးယောက်အဖွဲ့ဖြစ်ဖြစ်ရမှာပေါ့ ဘာလို့လဲ သားဆိူမလို့လား"

"ဟားဟား ဆရာမ သူ့သာဆိုခိုင်းရင် အဆိုတော်စောင့်တဲ့သူတွေ ချက်ချင်းထပြန်ကုန်လိမ့်မယ်"

"ဟားဟား"

"ဟဲ့ ဒီကောင်လေး"

ဆရာမက ပြုံးစိစိနှင့်ဝင်ထိန်းသည်။

"ဂုဏ်ရည်ညီညီဆိုရင်ရော ဆရာမ"

ထာဝစဥ်ရွှေ၏အသံ။ ပွဲကျနေသောအတန်းထဲ တန်းပြီးတိတ်ဆိတ်သွားလေသည်။ ရုတ်တရက်ကြီး မဆီမဆိုင်နာမည်အခေါ်ခံလိုက်ရသည့် ညီညီပင် ကိုယ့်ခေါ်လို့ခေါ်မှန်းမသိဖြစ်နေစဥ်.....။

"သူက သီချင်းတစေဆိုနေတာလေ။ သူ့ရောဆိုချင်မလားလို့"

ဆရာမ ရောင်စဥ်အပါအဝင် တစ်တန်းလုံးက ညီညီ့ကိုကြည့်လာကြသည်။ ညီညီသိလိုက်ပါပြီ။

ထာဝစဥ်ရွှေ သူ့ကိူအချွန်နဲ့မနေပြီဆိုတာ။

ညီညီ​ကသတ္တိမရှိလို့ငြိမ်နေတာ။ သတ္တိများရှိရင် လူတွေသြချရလောက်တဲ့အရည်အချင်းက ထုတ်ပြဖို့အဆင်သင့်ရှိပြီးသား။ ကိုယ့်တစ်ကိုယ်တည်း ကိုယ့်နှုတ်နဲ့ကိုယ်သီချင်းညီးတာကိုပင် ဇကာချဲ့ပြီး လိုက်တိုက်ခိုက်နေတာ။ ဟိုနေ့က ကိစ္စအခဲမကျေသေးလို့ထင်တယ်။

လှည့်ကြည့်တော့ သူစကားအရဆို "နင့်အဆင့်ကို​နင်မြင်အောင်ငါပြပေးမယ်"ဆိုပြီးလှမ်းပြောနေသယောင် မဲ့ပြုံးပြုံးကြည့်လျက်။

"သား ဂုဏ်ရည် သားဆိုချင်လား"

ဆရာမက အခွင့်အရေးပေးသည့်အနေဖြင့် ညီညီ့ သဘောထားကိုမေးလာသည်။ အတန်းဖော်တွေကလည်း အဓိပ္ပါယ်မပါသည့်မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ကြည့်ကြသည်။ ခက်လိုက်တာ။ ခုနကလေးတင် ငြိမ်နေလိုက်ဖို့ဆူံးဖြတ်ပြီးပြီ။ စင်ပေါ်တက်သီချင်းဆိုတာကလေ စင်ပေါ် စက္ကန့်ပိုင်းလောက်ဆုတက်ယူရတာနဲ့မတူပါ။ အောက်ကကြည့်နေကြမယ့်သူတွေဆိုတာ အလျှံပါယ်။

ဆုယူတဲ့သူတွေထက် မြင်ရခဲတဲ့အဆိုတော်တွေ ယိမ်းတွေကိုကြည့်ချင်ကြတာ။ ဆုတက်ယူရတဲ့အခါ ကိုယ်ကသာစိတ်လှုပ်ရှားနေတာ အောက်မှာကိုယ့်ကိူကြည့်နေတဲ့သူက ပရိတ်သတ်ရဲ့ဆယ်ပုံတစ်ပုံတောင်မရှိ။

ခုဟာက အားလုံးက ဝိုင်းကြည့်နေကြမယ့် ဖျော်ဖြေရေးကိစ္စ။ ညီညီက တစ်ခါမှလူလုံးမထွက်ဖူးတဲ့သူဆိုတော့ ကိုယ့်အစွမ်းအစကို မမြင်ကြမချင်း နှာခေါင်းရှုံ့ပြီးအထင်သေးမယ့်လူတွေချည်း။ အခုအခွင့်အရေးက ရှေ့မှာရောက်လာပြီ။ နှစ်ခါမရနိုင်တဲ့အခွင့်အရေး။

လက်လွှတ်လိုက်ရမလား ဖမ်းဆုပ်ထားလိုက်ရမလား။

ထာဝစဥ်ရွှေအပါအဝင် ကိုယ့်ကိုအနုံချာလိုမြင်ကြတဲ့သူတွေအတွက် လုပ်ပြလိုက်ချင်ပေမယ့် တကယ်တမ်းကြောက်နေမိ၏။ အမှားတစ်ခုလုပ်လိုက်လို့ ပြန်ရလာမယ့် feedback ကပျော့မှာမဟုတ်။ Output ကိုမကြည့်ဘဲ Input ကောင်းကောင်းကို အကောင်းဆုံးလုပ်ပြီးသွင်းလိုက်ရမှာဆိုပေမယ့် အကောင်းဆုံးလုပ်ခဲ့လို့မှ အကောင်းပြန်မရရင်ဆိုတဲ့စိတ်ကြီးက
ခြောက်လှန့်နေတာ။

ငြင်းလိုက်ပါမယ်။ ငြင်းလိုက်ပါ့မယ်။

"မဆိုတော့ပါဘူး ဆရာမ"

ဆရာမက ခေါင်းတစ်ချက်ညိမ့်ကာ မျက်နှာပြန်တည့်သွားလေသည်။ ငြင်းလိုက်ပြီးမှ နောင်တရသလိုရှိပေမယ့် နှစ်ခါမြောက်ထပ်မေးလာလည်း ငြင်းမိဦးမှာပါပဲ။

"ဂုဏ်ရည်ကလည်း ဆိုလိုက်ပါ။ နင်ကအသံကောင်းတာပဲကို"

ထာဝစဥ်ရွှေသည်အရှုံးမပေး။ ဆက်ရွဲ့နေသည်။

ထာဝစဥ်ရွှေ့အနံ့ရှူနေတဲ့ အမှတ်မရှိတဲ့ နောက်တန်းက ကောင်တွေကလည်း ရိသဲ့သဲ့လှမ်းကြည့်နေသည်။ အရင်တစ်ခေါက်က သက်နှင်းငေါက်တာခံရတာ ညီညီ့အပေါ်ပုံချပြန်ပြီထင်တယ်။ ကြောက်စေချင်ရင် ကျားဖြစ်အောင်လုပ်ရမှာ။ ခုဟာက အုပ်စုဖွဲ့ပြီးမဲမဲမြင်ရာလိုက်ဆွဲတဲ့ ခွေးအ ကြီးတွေနဲ့ပင်တူနေတော့သည်။

"အရွှေရယ် သူက ဘယ်လိုလုပ်ဆိုရဲမှာလဲ။ လူကြောက်တတ်လိုက်လည်းလွန်ရော။ သူ့ဘယ်သူမှကိုက်လည်းမစားပါဘဲ"

"အဟင်းဟင်း"

ထိုစကားကို ထာဝစဥ်ရွှေနှင့် ကာယကံရှင်ပြောသူ နှစ်ယောက်သုံးယောက်ကလွဲလို့ တစ်တန်းလုံးကမရယ်ကြပါ။ ကိုယ့်ကိုယ်ထိအောင်နာအောင်ပြောနေတဲ့စကားတွေပေမယ့် အတန်းထဲမှာဆရာမရှိနေသေးတယ်။ တစ်တန်းလုံးကငြိမ်နေတဲ့အတွက် ကိုယ့်ဘက်ပါနေသေးတယ်ဆိုတဲ့စိတ်ကြောင့် ငြိမ်နေလိုက်သည်။

ခွေးဟောင်နေတယ်လို့မှတ်။ ခွေးဟောင်နေတာ။ ခွေးဟောင်နေတာ။

"ဟုတ်သားပဲ ညီညီရဲ့။ ဆိုလိုက်ပါလား။ နင်က သူများတွေလိုအာပလာမှမဟုတ်တာ"

ဝစီပိတ်နတ်သမီး သက်နှင်းအသံထွက်လာသည်။

"ဂီတာ၊ စန္ဒယား တယောအကုန်တီးတတ်တယ်မလား။ ငါ့အစ်ကိုတောင်အဲ့လောက်မတော်ဘူး။ ဆိုပြလိုက်"

ခေါင်းတွေလှုပ်ရွလှုပ်ရွဖြစ်ကုန်လေသည်။ ညီညီ့ဘက်ကမခံနိုင်လို့ နာလို့ ခပ်ကြွားကြွားလေး ပြောပေးသည့်စကားမှန်းသိပါသည်။ သက်နှင်းသည်သူငယ်ချင်းကောင်းတစ်ယောက်။ ညီညီ့အကြောင်းတစ်ပိုင်းတစ်စကို သက်နှင်းကဖော်ချလိုက်တော့ ဟုတ်မှဟုတ်ပါ့မလားဆိုသည့် အထင်သေးသည့်မျက်ခုံးတွန့်တွန့်​များနှင့်
ဝိုင်းကြည့်လာကြသည်။

"ဟယ် မဟုတ်တာတွေပြောတော့မယ် သက်နှင်းကလည်း ညီညီကဘယ်လိုလုပ်တီးတတ်မှာတုန်း"

"ခုံပဲခေါက်တတ်တာလေ"

"သူသာတီးတတ်ရင် တစ်ကျောင်းလုံးတီးတတ်နေမှာ"

"ဟားဟား"

တစ်ယောက်တစ်ပေါက်ပြောနေလိုက်ကြတာ။ လူ့အဆိပ်တွေ။ မြွေပွေးထက်အဆိက်ပိုပြင်းတဲ့ ပါးစပ်ပေါက်တွေ။ လေအလကားရတိုင်း နှာခေါင်းရှုံ့ပြီး ဝေဖန်နေလိုက်ကြတာ။ ကိုယ်နဲ့မဆိုင်ပါပဲ ဝင်ပါလိုက်ကြတာ။ ထိုစကားများက ညီညီ့ကိုမခံချင်စိတ်တွေဖြစ်လာစေသည်။ ညီညီ့ရင်ထဲက ကိန်းအောင်းနေတဲ့ ကြောက်စိတ်တွေနေရာမှာ "ငါလုပ်ပြလိုက်ရ"ဆိုတဲ့စိတ်တွေဝင်လာသည်။

ထို့အတူပင် အာပလာလူတွေအတွက်နဲ့တော့ ကိုယ့်အရည်အချင်းကိုမပြချင်တဲ့စိတ်လည်း တပြိုင်တည်းဖြစ်လာသည်။

"ပုလွေတော့ပေးတော့ကျွမ်းကျင်မှာပေါ့"

နောက်တန်းကကောင်တွေဆီက သဲ့သဲ့လေးထွက်လာသည်အသံ။ ရိုင်းလိုက်တာ။ လက်သီးကျစ်ကျစ်​ဆုပ်ထားမိသည်ကလွဲ၍ ညီညီဘာမှမတုံ့ပြန်နိုင်ခဲ့။

ညီညီ့ကို ဘယ်ထင်ပါ့မလဲ။ ဘယ်ခံစားတတ်ပါ့မလဲ။ အချင်းလှလှမလှလှ အဆင်းလှရင် အလိုလိုမျက်နှာပန်းပွင့်တဲ့ခေတ်ကိုး။ ညီညီ့လိုလျော့တိလျော့ရဲ သက်ကြီးပုံ​နဲ့ကောင်ကို ဘယ်သူက ခုလိုတွေတတ်မယ်လို့ထင်မှာလဲ။ ကြည့်နေ စောင့်နေလိုက်။ အခွင့်အရေး​ရရင် လုပ်ကိုပြမယ်။

"မနက်ဖြန် ဂီတအချိန်ကျရင် ကိုယ်တိုင်တီးကိုယ်တ်ုင်ဆိုပြီး သားအစမ်းဆိုပြပါ့မယ်"

ကြည်ကြည်လင်လင်နဲ့ ပြတ်ပြတ်သားသားပြောလိုက်သည်။ နှာခေါင်းရှုံ့ဆဲ နှုတ်ခမ်းရွဲ့ဆဲလူတွေကိုလည်း တေးမှတ်ထားလိုက်သည်။

"ဟုတ်ပြီ သား။ ခုတစ်ချိန်တော့စာမသင်ရတော့ဘူး။ အချိန်ကသိပ်လည်းမကျန်ဘူး။ လုပ်ချင်တာသာလုပ်တော့"

ထို့နောက် တစ်ယောက်တစ်ပေါက်နဲ့ သူကမယ် ငါကမယ် သူဆိုမယ်ငါဆိုမယ်ဆိုပြီး ပေါက်ပေါက်ဖောက်ကြပြန်သည်။ ဆရာမကလည်း မနိုင်တော့ဘူးဟုဆိုကာလွှတ်ထားလိုက်တော့လေသည်။

သူတို့ကတော့ ဘာမှမဖြစ်သလိုအရယ်အမောမပျက်ပေမယ့် လေထဲမှာပဲပျောက်သွားမယ့်စကားတွေနဲ့ အနှိမ်ခံလိုက်ရတဲ့ညီညီကတော့ လေထဲမပျောက်ဘဲ ရင်ထဲတင်းမာစွာနှင့်ပင်ကျန်ခဲ့သည်။

ညီညီ့ရင်ထဲ စကားတစ်ခွန်းကိုသာ အကြိမ်ကြိမ်ရွတ်နေမိ၏။

"အားနာလိူ့မပြောပဲနေတာ။ အ တယ်မထင်နဲ့"

............

#Thurein

Continue Reading

You'll Also Like

164K 16.9K 67
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
247K 9K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
866K 9.2K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
590K 57.9K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...