ချစ်မိပြန်ပြီ မမမြိုင် ( Comp...
By morA_nyein
254K 22.6K 1.5K
‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.20... More
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၅
အခန်း ၆
အခန်း ၇
..
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
မမမြိုင်ဆီသို့
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇ ( ဇာတ်သိမ်းခန်း )
.. 100K ..
မမမြိုင် character
ညိုလေး character
Attention plz‼️
အခန်း ၄
6K 573 37
By morA_nyein
" ကိုကိုမြင့် ။ ရော့ ငါးဖယ်လေး စားချေ ။ "
" သြော် ။ ဒါနဲ့ ဒါနဲ့ ။
" ဟူး ။
" ဟုတ်ကဲ့ ကိုကိုမြင့် ။ "
" ပြေးမသွားနဲ့ ။ ချော်လဲမှဖြင့် ။ "
ဒီမိန်းမက သိပ်လှတာပဲ ။
မမမြိုင် မမမြိုင် ။
" အဲ့တာ ဘာရုပ်လဲ ။ မသက်သာလိုက်တာနော် ။ "
" အမလေး ။ "
" ဘာဖြစ်တာလဲဟယ် ။ "
" ဟို လန့် သွားလို့ ။ "
" မမမြိုင်ကို မြင်လို့ ။ "
" ဗုဒ္ဓေါ ။ အဲ့တာ ဘာစကားလဲ ။ "
" ဟုတ်ကဲ့ မမမြိုင် ။ "
တွေ့မယ် တွေ့မယ် ။
ကိုမြင့်မောင်ရေ ။
" ဝေးဝေးလျှောက်စမ်း ။ "
ကြောက်လိုက်တာ ။
ချစ်စရာလေး ။
" ဘုရား ။ "
" မစားပါဘူး ။ "
၁၂ နှစ်ကြာပြီ ။
" မလိုဘူး ။ "
မဟုတ်ဘူးလား ညိုလေး ။ "
" ဟုတ်ကဲ့ မမမြိုင် ။ "
" မြိုင် ။ "
ကျွန်မ သွားမယ် ။ "
" လိုက်ခဲ့ ။ "
" ဒီမှာ ။ မင်း နေရမဲ့ အခန်း ။ "
" ဟုတ်ကဲ့ မမမြိုင် ။
" သြော် ။ ဒါက ။ "
" ဟုတ်ကဲ့ မမမြိုင် ။ "
" အို ။ စကားကိုက ။
အို ။
တကယ်ပါပဲ ။
တံခါးဖွင့်တဲ့ အသံပဲ ။
မထိုင်တော့ဘူးလား ။
အို ။ ဘာဖြစ်သလဲ ။
ငါ့လင်ငါ သဝန်တိုတာပဲ ။
X X X X X
18.6.2022
morA_nyein
" ကိုကိုမြင့် ။ ရော့ ငါးဖယ်လေး စားချေ ။ "
သီရိမြိုင်စံအိမ်တော်ကြီးရဲ့ ထမင်းစားခန်းကြီးထဲ၌ ရာဇဝတ်အုပ်ကိုမြင့်မောင် နဲ့ အတူတူ ဇနီးငယ် ညိုလေးတို့ နှစ်ယောက် ထိုင်နေကြခြင်း ဖြစ်သည် ။
ညိုလေးကတော့ မစားပါ ။ မမမြိုင် မစားရသေးတဲ့ အိုးထဲကထမင်းကို ညိုလေး မနှိုက်ချင်ခဲ့ပါ ။
" ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ရောက်လာတာလဲဟင် ။ ကျွန်မက ကိုကိုမြင့်ဆီ ထမင်းချိုင့် လာပို့တော့မလို့ပဲ ။ "
" ဟော ညိုလေးရယ် ။ တစ်ခေါက်လောက်တော့ ကိုကိုမြင့်လည်း ဇနီးငယ်ရဲ့ မျက်နှာကိုကြည့်ပြီး ထမင်းစားချင်တာပေါ့ ။ "
" ဟွန့် ။ ကိုကိုမြင့်နော် ။ ဒီစကားကို မမမြိုင်ကြားရင် ကျွန်မကို မုန်းလိမ့်မယ်ရှင့် ။ "
" ဘယ်ကသာ ။ မြိုင်က အဲ့လိုမိန်းမမျိုး မဟုတ်ဘူး ဆိုတာ ကိုကိုမြင့် ကောင်းကောင်းသိတယ် ။
အခုက ညိုလေးကို သူစိတ်ဆိုးနေတာပါ ။ "
" ဒီလိုပဲ မျှော်လင့်ရပါတယ်လေ ။ "
ကိုမြင့်မောင်ဟာ စားနေတဲ့ ဇွန်းကို ပန်းကန်ပေါ်၌ချကာဖြင့် ဘေးကရေနွေးခွက်ကိုယူကာ တစ်ငုံကယ်မျှ သောက်လိုက်ပေတော့သည် ။ ညိုလေးကတော့ လင်ယောက်ျားကို ဘေးနားက ယက်တောင်လေးခပ်ပေးနေလို့ပါပဲ ။
" သြော် ။ ဒါနဲ့ ဒါနဲ့ ။
မြိုင် နဲ့ရော အဆင်ပြေရဲ့လား ။ အခြေအနေတွေရော ဘယ်အဆင့်ထိ ရောက်ပြီလဲ ။ "
ကိုမြင့်မောင်ရဲ့ စကားကြောင့် ညိုလေးမှာ သက်ပြင်းတစ်ချက် ရှိုက်လိုက်မိပေတော့သည် ။
" ဟူး ။
အဲ့တာတော့ ပြောကို မပြောချင်တော့ပါဘူး ကိုကိုမြင့်ရယ် ။
မမမြိုင်ကလေ ကျွန်မနဲ့ပတ်သက်ရင် ဇီဇာအရမ်းကြောင်တာပဲရှင် ။
ဒီကတော့ဖြင့် အစ်မတစ်ယောက်လို ချစ်လိုက်ရတာ ။ မမမြိုင်ကတော့ ကျွန်မကို သူစိမ်းလိုပဲ သတ်မှတ်ထားနေဆဲပဲလား ။
အို ။ မသိတော့ပါဘူး ကိုကိုမြင့်ရယ် ။ "
" ဘာပဲဖြစ်ဖြစ် ။ ညိုလေးက မြိုင် သဘောကျလာအောင် ကြိုးစားရမယ့်သူ မဟုတ်လား ။ အဲ့အတွက် အားတင်းထား ။ ညိုလေးအနောက်မှာ ကိုကိုမြင့်တစ်ယောက်လုံးရှိတယ် ။ မြိုင့်အကြောင်း သိချင်ရင် မေးလှည့် ။ ဟုတ်ပြီလား ။ "
" ဟုတ်ကဲ့ ကိုကိုမြင့် ။ "
ထိုအချိန် သီရိမြိုင်စံအိမ်တော် ခြံဝန်းထဲသို့ ဝင်လာတဲ့ ရထားလုံးအသံကို ညိုလေးကြားလိုက်ရပါတော့သည် ။
" ဟယ် ။ မမမြိုင် ပြန်ရောက်လာတာထင်တယ် ။ ကျွန်မ သွားကြိုလိုက်ဦးမယ် ကိုကိုမြင့် ။ "
ညိုလေးမှာ ကမန်းကတန်းနဲ့ ခုံပေါ်ကထလို့ အရှေ့ကို ပြေးဖို့အရှိန်ယူနေချိန်မှ ကိုမြင့်မောင်ဟာ ချစ်ဇနီးငယ်အား သတိပေးလိုက်ပါတော့သည် ။
" ပြေးမသွားနဲ့ ။ ချော်လဲမှဖြင့် ။ "
" ဟုတ်ကဲ့ပါ ကိုကိုမြင့်ရဲ့ ။ "
သို့ပေတည်း ညိုလေးမှာ ကိုမြင့်မောင် စကားကို နားထောင်ပါ ။ မမမြိုင်ကိုသာ အပြေးကြိုဖို ဆန္ဒစောနေပေသည် ။
ထမင်စားခန်းထဲမှ အပြေးထွက်လာသော ညိုလေးဟာ အိမ်ရှေ့ဧည့်ခန်းကြီးက နှစ်ဖက်ခွဲလှေကားအရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး မောဟိုက်ဟန်ဖြင့် ပြုံးရယ်နေတော့သည် ။
ဒါကို ရထားလုံးပေါ်က ဆင်းလာတဲ့ မမမြိုင် မတွေ့သေးချေ ။
ခြေတစ်လှမ်း ကုဋေတစ်သန်းတန်လောက်တဲ့အထိ မမမြိုင်ရဲ့ ခြေလှမ်းတိုင်းကို ညိုလေး ငေးကြည့်နေမိတော့သည် ။ ညာဘက်ပါးမို့ပေါ်က မဲ့နက်နက်လေးဟာလည်း မမမြိုင်ရဲ့ အလှကို အင်အားဖြစ်ပေးနေလို့ ။
ဒီမိန်းမက သိပ်လှတာပဲ ။
ယောက်ျားတွေရဲ့ အူအသည်းတွေကို နင်းခြေနိုင်တဲ့ အပြင် ငါ့လိုမိန်းမတစ်ယောက်ရဲ့ ရင်ဝကိုပါ ဓားနဲ့လာမွှန်းနေတာပါလား ။
မမမြိုင် မမမြိုင် ။
" အဲ့တာ ဘာရုပ်လဲ ။ မသက်သာလိုက်တာနော် ။ "
အတွေးကမ္ဘာထဲ ရောက်နေတဲ့ ညိုလေးမှာ မမမြိုင် အသံကိုကြားလိုက်ကာမှဖြင့် အိပ်မက်ဆိုးမက်ပြီး လန့်နိုးလာတဲ့လူလို ချက်ချင်းအလန့်တကြားဖြစ်သွားပေတော့သည် ။
" အမလေး ။ "
" ဘာဖြစ်တာလဲဟယ် ။ "
" ဟို လန့် သွားလို့ ။ "
" တကယ်ပါပဲ နော် ။ လန့်သွားရအောင် သရဲမြင်လို့လား ။ "
" မမမြိုင်ကို မြင်လို့ ။ "
" ဗုဒ္ဓေါ ။ အဲ့တာ ဘာစကားလဲ ။ "
ညိုလေးမှာ စိတ်တိုသွားတဲ့ မမမြိုင်ရဲ့ဟန်ပန်ကြောင့် သူမရဲ့ပါးစပ်ကိုသာ လက်ကလေးနဲ့ အုပ်ထားပေတော့သည် ။
" တတ်လည်းတတ်နိုင်တဲ့ မိန်းမ ။
ကိုမြင့်မောင် အတွက် ထမင်းချိုင့် ပို့ပြီးပြီလား ။ "
" ဟို ကိုကိုမြင့်က ဒီနေ့ စံအိမ်မှာပြန်စားတယ် မမမြိုင် ။ အခု ထမင်းစားခန်းထဲမှာ ။ "
" ဘာ ။ သင်းက ။ သင်းက စံအိမ်ကိုတကူးတကလာပြီး ပြန်လာစားတယ် ဟုတ်သလား ။ "
" ဟုတ်ကဲ့ မမမြိုင် ။ "
တွေ့မယ် တွေ့မယ် ။
ငါနဲ့ကောင်းကောင်းကြီး တွေ့မယ် ။
ကိုမြင့်မောင်ရေ ။
မြိုင်တဲ့ ။ တစ်မြိုင်ထဲပဲ ရှိတာနော် ။
မမမြိုင်ရဲ့ ထမင်းစားခန်းရှိရာ အိမ်နောက်ဘက်သို့ ကပြာကလျာလမ်းလျှောက်သွားတော့ ညိုလေးလည်း အနောက်မှ ထပ်ကြပ်မခွာလိုက်ပြန်တော့သည် ။
ဒါကို မမမြိုင် သိနေတော့ ညိုလေးအား တစ်ချက်လှည့်မကြည့်ဘဲ ငေါက်ခနဲပြောလိုက်ပါတော့သည် ။
" ဝေးဝေးလျှောက်စမ်း ။ "
ထိုအခါမှ ညိုလေးမှာ တုန့်ခနဲ ရပ်တန့်လိုက်ပြီး မမမြိုင် ခပ်ဝေးဝေးသို့ရောက်မှ အနောက်က ပြန်လိုက်ပေသည် ။
ကြောက်လိုက်တာ ။
မိန်းမကြီးတွေ ဘာလို့ အဲ့လောက်သြဇာကြီးပြီး ကြောက်စရာကောင်းနေရပါ့လိမ့် ။
ဒါပေမယ့် ဒီမိန်းမကတော့ ခြွင်းချက် ။
ချစ်စရာလေး ။
အို ။ ငါ ဘာတွေ တွေးနေပါလိမ့် ။
ထမင်းစားခန်းထဲမှာ တိုက်ပုံအနက်ရောင် ၊ အထက်တန်းစားလုံချည်ကို ဝတ်ထားပြီး ပြောင်နေအောင်သုတ်ထားတဲ့ အမျိုးသားစီး ရှူးဖိနပ်ကို စီးလို့ ခြေချိတ်ထိုင်နေတဲ့ ကိုမြင့်မောင်ဟာ မိန်းမဖြစ်သူ မမမြိုင် လာတာတောင်မသိ ထမင်းကို မြိန်စွာ စားနေပေတော့သည် ။
ကိုမြင့်မောင် ကိုမြင့်မောင် ။
ဒီမှာ ရှင့်မိန်းမ တစ်ယောက်လုံးရောက်နေတာကို မမြင်ရလောက်အောင် ကန်းနေသလား ။
မမမြိုင်ဟာ ကိုမြင့်မောင်ဘေးက ခုံအလွတ်၌ ဝင်ထိုင်လိုက်ပြီး ပိုက်ဆံအိတ်ကို စားပွဲပေါ်သို့ အသံကြားရတဲ့အထိ ဗုန်း ခနဲချပစ်လိုက်တော့သည် ။
" ဘုရား ။ "
ထိုအခါမှ ကိုမြင့်မောင် အသံကြားလို့ လန့်သွားဟန်ဖြစ်ပြီး ညိုလေးကလည်း ထမင်းစားခန်းထဲသို့ အပြေးဝင်ကာ ကိုမြင့်မောင်ဘေးက တစ်ဖက်ခုံ ဖြစ်သော မမမြိုင်နှင့် မျက်နှာချင်းဆိုင်ခုံ၌ ဝင်ထိုင်လိုက်ပေတော့သည် ။
" အဟွတ် အဟွတ် ။ လန့်လိုက်တာ မြိုင်ရယ် ။ ဖြည်းဖြည်းလုပ်ပါ ။ အစ်ကို ထမင်းစားနေတာတောင် သီးသွားပြီ ။ "
" ရှင်က မျက်မမြင်ဖြစ်နေတာကိုး ကိုမြင့်မောင်ရဲ့ ။ "
" မဟုတ်ပါဘူး မြိုင်ရယ် ။ အစ်ကို ထမင်းမြိန်သွားလို့ပါ ။
ဒီမှာ ဒါတွေအကုန်လုံးကိုလေ ညိုလေး ချက်ထားတာ ။ ငါးဖယ်လေးဆို စီးပြီးစားကောင်းနေရော ။ မြိုင် စားကြည့်လိုက် ။ "
" မစားပါဘူး ။ "
" ဟော ခက်ပြီ ။ ညိုလေး မမမြိုင်အတွက် ထမင်းလေးတစ်ပွဲလောက် ခူးပေးလိုက်ပါဦး ။
မြိုင် သရေကျနေတာ အစ်ကို သိတယ်နော် အဟားဟားဟား ။ "
၁၂ နှစ်ကြာပြီ ။
ဒီစံအိမ်တော်မှာ ရှင့်ရယ်သံ မကြားရတာ ။
၁၂ နှစ်ကြာခဲ့ပြီ ကိုမြင့်မောင် ။
ကျွန်မ ဒီရယ်သံလေးကို ဘယ်လောက်တောင် လွမ်းနေခဲ့ရသလဲ ။
ဒါပေမယ့် အခုရယ်သံက ကျွန်မအတွက်မှ မဟုတ်တာ ။
" မမမြိုင် ။ ကျွန်မ ထမင်းခူးလိုက်မယ်နော် ။ "
" မခူးနဲ့ ။ ကြီးကြီးနဲ့ အတူတူ ထမင်းစားခဲ့ပြီးပြီ ။ "
" ဟော မြိုင်ရယ် ။ မြိုင့်အတွက် ညိုလေးက အပင်ပန်းခံပြီး ချက်ထားရတာလေ ။ "
မမမြိုင် ဘာမှဆက်မပြောတော့ပါ ။ သို့ပေတည်း ညိုလေးကို အမြင်မကြည်ဖြစ်၍ မုန်းနေသည့်မျက်ဝန်းတွေသာ ထင်ဟက်နေသည့် အကြည့်တွေသာ ရှိနေတော့သည် ။
ဒီမျက်ဝန်းတွေမှာ ဝမ်းနည်းမှုတွေပါတယ် ။ လင်ယောက်ျားအပေါ်မှာ ဖြစ်တည်နေတဲ့ သဝန်တိုမှုတွေ ပါတယ် ။
ဒီမျက်ဝန်းတွေရဲ့ အဓိပ္ပါယ်ကိုလည်း ညိုလေး ဖတ်တတ်သည် ။ နားလည်သည် ။
" ဒါဖြင့်လည်း မမမြိုင် ထမင်းထပ်စားချင်တဲ့အချိန် ကျွန်မကို ပြောပါ ။ မမမြိုင် အကြိုက် ဖြစ်စေရပါမယ် ။ "
" မလိုဘူး ။ "
ထိုအချိန် ကိုမြင့်မောင် ချောင်းတစ်ချက်ဟန့်လိုက်ပြီး သူ၏ တိုက်ပုံအင်္ကျီထဲက ကတ်ထူကတ်လေးနှစ်ခုကို ထုတ်ပြလိုက်ပါတော့သည် ။
ညိုလေးကတော့ ဘာလေးများလဲ ဆိုတာ သိချင်နေပေမယ့် မမမြိုင်ကတော့ လက်ကိုပိုက်လို့ မာန်ထားနေဆဲ ။
" ဒီမှာ ကြည့်ပါဦး မြိုင် ။ အစ်ကိုက မြိုင်နဲ့ညိုလေးအတွက် ဂီတၿပဲလက်မှတ်လေး ဝယ်လာတာ ။ "
" အဲ့တာ ကျွန်မက ဘာလုပ်ရမှာလဲ ။ "
" အစ်ကို့ ဇနီးနှစ်ယောက်ကို ရင်းနှီးစေချင်တဲ့ ဆန္ဒလေးလေ ။ မြိုင် ဒီဆန္ဒလေးကို ဖြည့်ဆည်းပေးမယ် မဟုတ်လား ။ မဟုတ်လား လို့ ။ "
မမမြိုင်မှာ အချွဲလာပိုပြနေတဲ့ ကိုမြင့်မောင်ကို ရိုက်သတ်ချင်တဲ့အထိ ဖြစ်ပေမယ့်လို့ မလုပ်ရက်နိုင်မှန်း ကိုယ့်ကိုယ်ကိုယ် သိနေတာကြောင့် မျက်စောင်းတစ်ချက်ထိုးကာဖြင့် လက်ထဲက လက်မှတ်နှစ်စောင်ကို ဆက်ခနဲ ဆွဲယူလိုက်ပါတော့သည် ။
" မနက်ဖြန်ခါပဲ ။ ဘာလို့ အဲ့လောက် ရက်ကပ်တာကို ဝယ်လာရတာလဲ ကိုမြင့်မောင် ။ "
" မြန်မြန်နီးစပ်လေ မြန်မြန်ပိုကောင်းလေပေါ့ မြိုင်ရဲ့ ။
မဟုတ်ဘူးလား ညိုလေး ။ "
ကိုမြင့်မောင်ဟာ ညိုလေးကိုလှည့်ကြည့်ပြီး မေးလိုက်တော့ ညိုလေးက ပြုံးပြကာဖြင့် ခေါင်းညိမ့်လိုက်သည် ။
ကိုမြင့်မောင်ရဲ့ အပြုံးတွေက ညိုလေးနဲ့မှ အသက်ဝင်လာတာကို မမမြိုင်တွေ့လိုက်ရသည် ။
ကျွန်မ ပိုင်ဆိုင်ခဲ့တဲ့ ရှင့်အပြုံးကို တခြားတစ်ယောက်ကို ပေးလိုက်ရတာ ကျွန်မ ရင်နာမိတယ် ကိုမြင့်မောင် ။
" ဒါဖြင့်လည်း သွားကြတာပေါ့ ။ "
မမမြိုင်မှာ ညိုလေးကို မျက်လုံးလေးလှန်ကြည့်ပြီး ပြောလိုက်ခြင်းဖြစ်သည် ။ ညိုလေးမှာလည်း ပြုံးရယ်ကာဖြင့် ခေါင်းညိမ့်ပြပေတော့သည် ။
" ဟုတ်ကဲ့ မမမြိုင် ။ "
" ကဲ ။ ကျွန်မ အပေါ်တက်မယ် ။ ရှင်တို့ အေးဆေးနေခဲ့ကြပေါ့ ။ "
ခုံပေါ်က ထတော့မယ့် မြိုင့်ရဲ့လက်ကို ကိုမြင့်မောင် လှမ်းဆွဲလိုက်ပေတော့သည် ။
" ဒီည ။ မြိုင် နဲ့ အတူတူနေချင်တယ် ။ "
" ရှင့်ကိုယ်ရှင် မင်းတုန်းမင်းလို့ ထင်မှတ်နေသလား ကိုမြင့်မောင် ။ မရဘူး ။ "
ကိုမြင့်မောင်မှာ ခေါင်းလေးငုံ့လို့ အသံတိတ်နေရှာတော့သည် ။ မမမြိုင် ညိုလေးကို တစ်ချက်လှည့်ကြည့်ရင်း သဝန်တိုစိတ်များ တဖွားဖွားထွက်လာတော့သည် ။
" ပြီးတော့ ရှင် ညိုလေးနဲ့လည်း ညဘက်အတူတူ မနေရဘူး ။ "
" ဘယ်လို ။ ညိုလေးနဲ့လည်း အတူနေခွင့်မရဘူး တဲ့လား ။ "
" ဟုတ်တယ် ။ ညိုလေးကို ကျွန်မ ဘေးအခန်းမှာ ထားတော့မှာ ။ "
" အဲဒီ့အခန်းက ။ အဲဒီ့အခန်းက အသံကြားရတယ်လေ မြိုင် ။ "
" ဟုတ်တယ်လေ ။ အဲ့တာကြောင့် ကျွန်မ ဘေးအခန်းမှာ ထားမယ် ပြောတာပေါ့ ။ "
" မြိုင် ။ "
" ထပ်မပြောနဲ့ ကိုမြင့်မောင် ။
ကျွန်မ သွားမယ် ။ "
မမမြိုင် ခုံပေါ်မှာ ထကာ စားပွဲပေါ်က ပိုက်ဆံအိတ်ကို ယူလိုက်ပြီး ညိုလေးကို ငုံ့ကြည့်လိုက်ပါတော့သည် ။ ပြီးနောက် ခက်ထန်သောလေသံဖြင့် ပြောသည် ။
" လိုက်ခဲ့ ။ "
မမမြိုင်ရဲ့ စကားဟာ ညိုလေးနားစည်ထဲမှာ တစ်ချက်လွှတ် အမိန့်တစ်ခုလို ။ ညိုလေးမှာ ကိုမြင့်မောင်ကိုတောင် တစ်ချက်လှည့်မကြည့်မိ ။ ခေါင်းကိုငြိမ့်လို့ မမမြိုင်အနောက် လိုက်သွားပေတော့သည် ။
စံအိမ်တော်ကြီးရဲ့ အလယ်ရှိ ဘေးနှစ်ခွဲလှေကားကြီးပေါ်သို့ မမမြိုင်တက်သွားစဉ် အနောက်မှ လိုက်ပါလာသော ညိုလေးမှာ မမမြိုင် ခြေလှမ်းတစ်ချက်လှမ်းလိုက်တိုင်း ခြေမျက်စိ ခြေဖနောင့်လေးတွေ ပေါ်သွားသည်ကို ရင်ထဲအသည်းထဲကနေ လှိုက်အောင် ငေးကြည့်နေတော့သည် ။
ကျွန်မလို မိန်းမတစ်ယောက်တောင် မမမြိုင်ရဲ့ ခြေသွယ်သွယ်လေးတွေကို ငေးကြည့်နေမိပြီဆို ကိုကိုမြင့်သာဆိုလျှင် ဘယ်လောက်တောင်မှ သဘောကျပြီး မြတ်နိုးခဲ့ရမလဲ ။
တဖြည်းဖြည်းတက်သွားတဲ့ မမမြိုင်ကို ငေးလို့ ညိုလေးမှာ ညှို့ချက်မိသလို မျောကျကာပါသွားပေတော့သည် ။
သီရိမြိုင်စံအိမ်အပေါ်ထက်က ဘေးဘောင် လက်ကိုင်တန်းလေးတွေကိုကိုင်ရင်း လမ်းလျှောက်သွားတဲ့ မမမြိုင်ရဲ့ လက်ချောင်းလေးတွေကိုလည်း ညိုလေး ငေးမိပြန်သည် ။
သွယ်သွယ်လှလှ လက်ချောင်းလေးတွေကို ကိုကိုမြင့် သိပ်မြတ်နိုးခဲ့မှာပေါ့နော် ။
မမမြိုင်ရဲ့ လက်ချောင်းလေးတွေမှာလည်း ကိုကိုမြင့်ရဲ့ နှုတ်ခမ်းရာလေး ထင်ကျန်နေမှာပေါ့နော် ။
" ဒီမှာ ။ မင်း နေရမဲ့ အခန်း ။ "
တံခါးကို ဆွဲဖွင့်ကာဖြင့် အခန်းထဲ ဝင်သွားတဲ့ မမမြိုင်ရဲ့ အနောက်ကို ညိုလေး လိုက်မိပြန်သည် ။ ဒီတစ်ခါတော့ နီးနီးကပ်ကပ်မဟုတ် ။ သုံးတောင်လောက်တော့ ခြားပါသည် ။
ဒီအခန်းက ညိုလေးနေခဲ့ဖူးတဲ့ အောက်ထပ်က အခန်းနှင့် မတူပါ ။ ပိုပြီးသပ်ရပ်လို့ ပိုပြီးခမ်းနားသည် ။ အရင်အိပ်ခန်းမှာ ကုတင်လေးတစ်လုံးနဲ့ သစ်သားခုံ တစ်ခုံသာ ရှိပေမယ့်လို့ ယခုဒီအိပ်ခန်းမှာတော့ နှစ်ယောက်အိပ် ကုတင်ကြီးတစ်လုံး ၊ ကျွန်းသားနဲ့ပြုလုပ်ထားတဲ့ ဗီဒိုတစ်လုံး နဲ့ ကျွန်းခုံ နှစ်ခုံ တို့ထားရှိပြီး အလှပြင်ခုံတွေပါ အဆင်သင့် ရှိပေသည် ။
" ဒါ အရင်က ။ မမကြီး နေတဲ့အခန်းပေါ့ ။ စံအိမ်တော်က ထွက်သွားတာ ၁၈ နှစ်ရှိပြီ ။
အခုတော့ မင်းပဲ နေလိုက်တော့ ။ "
" ဟုတ်ကဲ့ မမမြိုင် ။
ဒါနဲ့ ကိုကိုမြင့် ပြောတာက အသံကြားရတယ် ဆိုတာ ဘာများလဲ ။ "
" သြော် ။ ဒါက ။ "
မမမြိုင်ဟာ ဘေးတစ်ဖက်နံရံကို သွားကာဖြင့် ကြမ်းပြင်ပေါ်၌ ခပ်ကျုတ်ကျုတ်လေး ထိုင်လိုက်ပေတော့သည် ။ ဒါကို ညိုလေးကလည်း သူမအရှေ့မှာ လိုက်ထိုင်ပေသည် ။
" ဒီမှာလေ ။ ဒီအဖုံးလေးကို ဖွင့်ကြည့်လိုက် ။ "
" ဟုတ်ကဲ့ မမမြိုင် ။ "
နံရံမှာကပ်ထားတဲ့ အဖုံးလေးကို ဖွင့်လိုက်သည့်အခါ အပေါက်ကလေးတွေကို ညိုလေးတွေ့လိုက်တော့သည် ။ ပြီးတော့ မမမြိုင်ကို လှမ်းကြည့်သည် ။
" ဒါက မမကြီးနဲ့ အတူတူ ၉ နှစ်အရွယ်မှာ ဖောက်ခဲ့ကြတာ ။ ဒီမှာပြောတဲ့ စကားတွေကို ဟိုဘက်အခန်းက အကုန်ကြားရတယ် ။ အဲ့သလိုပဲ ငါ့အခန်းက အသံတွေကို ဒီအခန်းက ကြားရတယ် ။ "
" ဒါဆို မမမြိုင် ဘာလုပ်လုပ် ကျွန်မ ကြားရတယ်ပေါ့ ။ "
" အို ။ စကားကိုက ။
နင်က ငါ့ကို စောင့်ကြည့်ရမှာမဟုတ်ဘူး ။ ငါက နင့်ကို စောင့်ကြည့်မှာ ။
တကယ်ပါပဲ နော် ။ စကားအပြောအဆိုကိုက အရှေ့အနောက်ကို မကြည့်ဘူး ။ "
မမမြိုင်မှာ စိတ်ဆိုးဟန်ဖြင့် ကောက်ခနဲထကာ အိပ်ခန်းတံခါးရှိရာသို့ ခပ်သွက်သွက် သွားလိုက်ပြီး တံခါးဖွင့်ဖို့ လက်လှမ်းချိန် နံရံဘေးမှာ ထိုင်ကာဖြင့် သူမအား လှည့်ကြည့်နေသော ညိုလေးမှာသဘောကျဟန် ပြုံးရယ်နေတာကြောင့် မမမြိုင် စိတ်ထဲ အစိုင်အခဲလေးတွေ ဖြစ်သွားပါတော့သည် ။
အို ။
ဘယ်လို မိန်းမမှန်းကို မသိပါဘူး ။
မုန်းစရာကောင်းလိုက်တာနော် ။
တကယ်ပါပဲ ။
ညိုလေးအား လျှပ်စီးမျက်စောင်းများ ထိုးပစ်ကျွေးပြီး အခန်းတံခါးကို ဆွဲဖွင့်၍ ထွက်သွားပေတော့သည် ။
ညိုလေးမှာတော့ ပြုံးရယ်ကာဖြင့် သဘောကျနေပေတော့သည် ။ ပြီးနောက် ထို အသံကြားရသော အပေါက်လေးတွေအနား နားကိုကပ်လို့ မမမြိုင် အခန်းထဲက ထွက်ပေါ်လာမယ့် သံစဉ်လေးတွေ ခိုးနားထောင်နေပါတော့သည် ။
တံခါးဖွင့်တဲ့ အသံပဲ ။
ဟော တံခါးပြန်ပိတ်လိုက်ပြီ ။
ဟိုဘက်လျှောက် ဒီဘက်လျှောက်နဲ့ ။
မမမြိုင် ဘာလုပ်နေတာပါလိမ့် ။
မထိုင်တော့ဘူးလား ။
ဟုတ်ပါသည် ။ မမမြိုင် ထိုင်မနေပါ ။ သူမရဲ့လက်ချောင်းတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အခန်းထဲမှာ လမ်းလျှောက်နေပေတော့သည် ။
ကိုမြင့်မောင်တို့ကို ဒီလို ခွဲနေခိုင်းလိုက်တော့ ဟိုဝံပုလွေမ ငါ့ကို ဘယ်လိုထင်သွားမလဲ နော် ။
ကိုမြင့်မောင်ကို သဝန်တိုတယ် ထင်သွားမလား ။
အို ။ ဘာဖြစ်သလဲ ။
ငါ့လင်ငါ သဝန်တိုတာပဲ ။
ဝံပုလွေမကို ဂရုစိုက်ဖို့ လိုသေးလို့လား ။
အတွေးတွေကို ခဏရပ်ပြီး အသံကြားရသော အပေါက်လေးရှိရာ နံရံသို့ မမမြိုင် လှမ်းကြည့်မိသည် ။
" သူ အခုလောက်ဆို ဘာလုပ်နေမလဲ ။ "
ဟု ပြောကာ နံရံအနားသို့ ခြေလှမ်းခပ်ဖွဖွလေးသွားရင် အပေါက်လေးအနားသို့ နားကပ်ကာ ခိုးနားထောင်နေပါတော့သည် ။
တစ်ယောက်ကိုတစ်ယောက် ခိုးနားထောင်နေတာကို ဒီနံရံလေးကလွဲလို့ ဘယ်သူများ သိနိုင်ဦးမလဲ ။
ဒီနံရံသာ ကျွန်မဖြစ်မယ်ဆို အမျိုးသမီးနှစ်ယောက်ရဲ့အနမ်းကို တစ်ပြိုင်တည်းလက်ခံနေရလို့ အသက်ရှူလမ်းကြောင်းပိတ်ပြီး နတ်ပြည်ကို တန်းရောက်သွားမည့်အထိပါ ဖြစ်သွားမှာ သေချာသည် ။
ဒီနံရံလေးမှာလည်း ရှက်နေမှာ မလွဲဧကန်ပင် ။
X X X X X
18.6.2022
morA_nyein
Continue Reading
You'll Also Like
2.4K 331 19
အနက်ရောင်ကောင်းကင်က ကြယ်တစ်ပွင့် ကျွန်မနှလုံးသားထဲ တည့်တည့် ကြွေကျလာတယ်။ တစ်စုံတစ်ယောက်ရဲ့ ဆန္ဒတွေဆီ လွင့်မျောပါရင်း ကျွန်မအိမ်မက်ဟာ ယိုင်နဲ့လာတယ်။ အ...
70.9K 8.3K 84
transition novel
224K 14.2K 33
မချစ်ရင်နေပါ... မုန်းတော့မမုန်းလိုက်နဲ့....
76.7K 6.1K 116
wp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြေ...