မဖိတ်ခေါ်ဘဲ ရောက်လာလေသူ || Th...

De fried_grass

13.5K 1.5K 90

Original Author : Mu Su Li (木苏里) Total Chapters : 59 Tags : အားကောင်း × အားကောင်း၊ သဘာဝလွန် (နတ်ဘုရား၊ သရဲ၊... Mais

Synopsis
Chapter-1
CHAPTER-2
CHAPTER-3
CHAPTER-4
CHAPTER-5
CHAPTER-6
CHAPTER-7
CHAPTER-8
CHAPTER-9
CHAPTER-10 (Part 1)
Chapter-10 (Part 2)
CHAPTER-11
CHAPTER-12
CHAPTER-14
💿AUDIO DRAMA💿
CHAPTER - 15

CHAPTER-13

279 53 9
De fried_grass

UNICODE

အပိုင်း (၁၃)

ရှန်းယွဲ့စားသောက်ဆိုင်တံခါးက ​ဗုန်းခနဲအသံနှင့်အတူ ပွင့်ထွက်လာကာ အရပ်ရှည်ရှည်အမျိုးသမီးတစ်ဦး ထွက်လာ၏။ တဝါးဝါးသမ်းဝေရင်း ကောက်လိမ်နေသည့်ဆံပင်ဖျားကို လက်ချောင်းများဖြင့် ထပ်လိမ်နေသေးသည်။

"ဘာလို့ လူကို အိပ်ရေးမဝအောင် လာနှောင့်ယှက်တာတုံး? ဘာတွေဖြစ်နေလို့......."

စကားပြောနေရင်း အသံကို ဆွဲငင်လိုက်သည်။ မျက်လုံးများက ပွင့်မလာသေး။ သမ်းဝေထား၍ မျက်ရည်အရာများက ပါးနှစ်ဖက်ထက်၌ အထင်းသားပေါ်နေပြီး မျက်တောင်ရှည်ရှည်များထက် မျက်ရည်ဥများ တွဲလဲခိုနေ၏။ တံခါးဘောင်၌ မှီရပ်ကာ ယိမ်းထိုးရင်း ဟောက်သံထွက်လာလေသည်။

ရှဲ့ပိုင်က ယင်ဝူရှုအား ထပ်မကြည့်တော့။ တစ်ဖက်လှည့်ကာ လုံရှန်းယွဲ့အား ပြောလိုက်သည်။

"ဟောကိန်းထုတ်ခိုင်းဖို့"

လုံရှန်းယွဲ့က မျက်လုံးမဖွင့်သေးဘဲ အိပ်ချင်မူးတူးဖြင့် ဆိုပါ၏။

"အိုး ဝင်လာခဲ့လေ.. ဘယ်နှယောက်ကို ဟောပေးရမှာလဲ?"

ရှဲ့ပိုင်၏ကျောပြင်က ရုတ်တရက် တောင့်တင်းသွားသည်။ မျက်လုံးအောက်စိုက်ကြည့်ပြီးနောက် ဥပေက္ခာပြုသည့်အရိပ်အယောင်မျိုးဖြင့် ဆိုလိုက်သည်။

"ကျွန်တော်တစ်ယောက်တည်း"

ထို့နောက် ခြေထောက်ကြွကာ စားသောက်ဆိုင်တံခါးပေါက်ဆီ​ ဦးတည်လျှောက်သွား၏။

လုံရှန်းယွဲ့က မျက်ခွံတစ်ဖက်ကို ဖွင့်ကြည့်လိုက်သည်။ တံခါးအရှေ့၌ ရပ်နေသူဟာ မည်သူမည်ဝါဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိပုံမပေါ်။ အကျင့်ပါနေသည့်အတိုင်း စကားဆိုလိုက်၏။

"ဟောခိုင်းမယ်ဆို ဝင်လာခဲ့.. ကျန်တဲ့လူတွေက အပြင်မှာ ရပ်စောင့်နေ"

စကားဆုံးသည်နှင့် လုံရှန်းယွဲ့က တံခါးကို ဗုန်းခနဲ ဆွဲပိတ်လိုက်လေသည်။ နံနက်စောစောထရသည်ကို အလွန်အမင်း မကျေမချမ်းဖြစ်နေသည့်ပုံပင်။

တံခါးပိတ်သံကိုကြားသော် ရှဲ့ပိုင်၏ခြေလှမ်းများက တွန့်ဆုတ်သွားရသည်။ သို့သော် မျက်နှာပျက်ခြင်းအလျဥ်းမရှိဘဲ ရှေ့သို့ ဆက်လျှောက်သွား၏။ ခြေလှမ်းကျဲများဖြင့် အပေါ်ဆုံးအထပ်သို့ လုံရှမ်းယွဲ့၏အနောက်မှ လိုက်လာခဲ့လေသည်။

ရှန်းယွဲ့စားသောက်ဆိုင်မှာ အရွယ်အစားအားဖြင့် မကြီးလှချေ။ တည်ဆောက်ထားပုံက ရိုးရှင်း၏။ ပထမအထပ်၌ ပင်မစားသောက်ဆောင်ကြီးရှိပြီး ဒုတိယအထပ်၌မူ သီးသန့်စားသောက်ခန်းများဖြင့် ဖွဲ့စည်းထားသည်။ ဤမျှဖြင့် နယ်ခံဧည့်သည်များကို ဧည့်ခံထားရန် လုံလောက်နေပြီ။ လုံရှန်းယွဲ့က တတိယအထပ်၌ နေထိုင်၏။ ပြင်ပဧည့်သည်များကို တားမြစ်ထားသည့် နေရာပင်။ အပေါ်ဆုံးအထပ်၌ ပုံမှန်အချိန်ဆိုလျှင် သော့ခတ်ထားလေ့ရှိသော ထပ်ခိုးအခန်းငယ်တစ်ခန်းရှိ၏။ လုံရှန်းယွဲ့က သူ ရှေ့ဖြစ်ဟောကြားပေးမည့်ပုဂ္ဂိုလ်များကိုသာ ထိုအခန်းထဲ ခေါ်လာလေ့ရှိသည်။

အမိုးအောက်ထပ်ခိုးအခန်း၏ဖွဲ့စည်းပုံမှာ လွန်လေပြီးသာနှစ်များ၌ တည်ရှိခဲ့သော သေရည်ဆိုင်အပေါ်ထပ်ရှိ အခန်းလေးနှင့် တစ်ထေရာတည်းပင်ဖြစ်၏။ ထူးခြားဆန်းကြယ်လှသော အရာဝတ္ထုများ၊ အရိုးအပိုင်းအစများအပြင် ပုံသဏ္ဍာန်အဆန်းများနှင့် ဓားရှည်မျိုးစုံက နံရံလေးဖက်လေးတန်၌ အသီးသီးနေရာယူချိတ်ဆွဲခံထားရ​၏။ အခန်း​၏အလယ်တည့်တည့်တွင်မူ မဟော်ဂနီစားပွဲတစ်လုံးနှင့် မဟော်ဂနီထိုင်ခုံနှစ်လုံး ရှိလေသည်။

ကျွဲဆက်ရက်က ကသုတ်ကရက်နိုင်စွာဖြင့် ရှဲ့ပိုင်တို့နှစ်ဦး အနောက်သို့ လိုက်လာကာ ထပ်ခိုးအခန်းထဲ ဝင်လာသည်။ အမွေးတစ်ဝက်ခန့်က ထိုးထိုးထောင်ထောင်နှင့်။ ငှက်နားသည့်အကိုင်းကဲ့သို့ နေရာလေးတစ်ခုပေါ် ဝရုန်းသုန်းကား သက်ဆင်းနားလိုက်သည်။

ရှဲ့ပိုင်က လုံရှန်းယွဲ့၏မျက်နှာချင်းဆိုင်၌ ထိုင်ကာ နာမည်ခေါ်လိုက်၏။

"အန်တီလုံ"

ကျွဲဆက်ရက်မှာ ကြောက်လန့်တကြား ဖြစ်သွားရ၏။

"ချီးပဲ"

"ဘယ်သူက ငါ့ကို အန်တီလို့ ခေါ်ရဲတာလဲ? သေချင်နေပြီလား?"

အန်တီလုံဟု အခေါ်ခံရပြီးနောက် လုံရှန်းယွဲ့က စားပွဲခုံအား လက်ဖဝါးဖြင့် ရိုက်ချပစ်လိုက်သည်။ သူ့လှုပ်ရှားမှုနှင့်သူ နိုးနိုးကြားကြားရှိသွားသည့် လုံရှန်းယွဲ့မှာ အိပ်ချင်မူးတူးမျက်လုံးများကို ပုံမှန်အတိုင်း ဖွင့်နိုင်သွားလေပြီ။

"ရှောင်ပိုင်?" အဆုံးတွင်တော့ အခန်းထဲ ခေါ်လာခဲ့သည့်သူကို မှတ်မိသွားခဲ့ပြီ။ "နင်.... နင့်ကို မတွေ့တာ ကြာလှပြီကော.. မှတ်တောင် မမှတ်မိဘူး"

ရှောင်ပိုင် : "........."

__အဲ့ဒါ အန်တီ မျက်လုံးမဖွင့်လို့လေ။

တစ်စုံတစ်ယောက်ကသာ လုံရှန်းယွဲ့အား အန်တီဟု ခေါ်ပါက လုံရှန်းယွဲ့သည် ထိုသူအား လက်ထဲရှိ ဓားဖြင့် တဇွက်ဇွက် ထိုးသတ်ပြီးနေလောက်ပြီ။ သို့သော် ရှဲ့ပိုင်ဖြစ်နေ၍ ဘာမှမပြောနိုင်တော့။ ရှဲ့ပိုင်သည် သူ့မျက်စိရှေ့၌ အရွယ်ရောက်လာခဲ့ခြင်းဖြစ်သည်လေ။ ကျွဲဆက်ရက်နည်းတူ 'လုံမိန်းမိန်း'ဟု ရှဲ့ပိုင် ခေါ်လိမ့်မည်မဟုတ်။ ထိုသို့ ခေါ်လျှင်လည်း ရှဲ့ပိုင် မဟုတ်တော့။ အကြောင်းမှာ ယင်ဝူရှုနှင့်အပေါင်းအပါဖြစ်နေ၍။

ယင်ဝူရှုအကြောင်း တွေးတောမိရင်း......

"နေပါဦး နေပါဦး.. ခုနက နင့်ဘေးမှာ တစ်ယောက်ယောက်ရပ်နေတာ မြင်လိုက်သလားလို့?"

လုံရှန်းယွဲ့က မနေနိုင်မထိုင်နိုင် ပြတင်းပေါက်ဆီ ပြေးသွားကာ အောက်သို့ လှမ်းကြည့်လိုက်၏။

ရှဲ့ပိုင် : "အမ်"

လုံရှန်းယွဲ့ခမျာတော့ နှုတ်ခမ်းများပင် တဆန့်ငင်ငင်လှုပ်သွားရပြီ။

"စဥ်းစားကြည့်မှပဲ.. ဘာလို့ အဲ့အသံကို.. ယင်ဝူရှုအသံလို့ ထင်နေမိတာလဲ? ငါ့နားပဲ မကောင်းတော့တာများလား?"

ရှဲ့ပိုင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။

"အမ် သူပဲ"

လုံရှန်းယွဲ့ : "......."

ရှဲ့ပိုင်၏နှစ်ပေါင်းများစွာသော အတွေ့အကြုံများအရ အကုန်လုံးက ယင်ဝူရှုအား တစ်နည်းနည်းဖြင့် ကြောက်ရွံ့ကြ၏။ ယင်ဝူရှုနှင့် ရင်းနှီးလှပါသည်ဆိုသော လုံရှန်းယွဲ့နှင့်အခြားသူများအပါအဝင်။ စကားစမြည်ပြောဆိုကြ၊ ရယ်မောကြသည့်အချိန်များတွင်တော့ ဤသည်က သိပ်မသိသာလှ။

လုံရှန်းယွဲ့က သူ့နဖူးသူ စားပွဲခုံပေါ် ဗုန်းခနဲ ရိုက်ချပစ်လိုက်၏။ ထို့နောက် နုံးချည့်စွာ ပြောလာသည်။

"ခုနတုန်းက ငါ တံခါးကို အသံအကျယ်ကြီး ပိတ်မိသွားလား?"

ရှဲ့ပိုင် :"နည်းနည်းပါ"

လုံရှန်းယွဲ့ : "ငါ သော့ခတ်လိုက်တော့ အပြင်မှာ ကျန်ခဲ့တဲ့လူက........."

ရှဲ့ပိုင် : "ယင်ဝူရှုလေ"

ရှဲ့ပိုင်သည် သူ ပေါက်စနအရွယ်ကတည်းက လုံရှန်းယွဲ့တစ်ယောက် မည်မျှဒရာမာခင်းတတ်ကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံဖူးပြီးဖြစ်သည်။ ပြဿနာတစ်စုံတစ်ရာ ကြုံလိုက်သည်နှင့် ခြေဟန်လက်ဟန်၊ မျက်နှာအမူအရာများမှအစ ပူဆွေးပြဇာတ်ကနေသည့် မင်းသမီးနှယ်။ ယခုလည်း လုံရှန်းယွဲ့တစ်ယောက် မျက်နှာမော့လိုက်ရာ မျည်ရည်စီးကြောင်းများ တသွင်သွင်ကျဆင်းနေသည်ကို ရှဲ့ပိုင် မြင်တွေ့လိုက်ရသည်။

"ဒီနေ့ပြီးရင်တော့ ဒီစားသောက်ဆိုင်ကို မဖွင့်နိုင်လောက်တော့ဘူးထင်တယ်.. ဘယ်လိုလုပ်ရပါ့?"

မျက်နှာသေဖြင့် ကြည့်နေသော ရှဲ့ပိုင် : "......."

"အယ်? ဟုတ်သေးပါဘူး----"

လုံရှန်းယွဲ့က ခါးမတ်၍ ထိုင်ခုံပေါ်ထိုင်ကာ တစ်စုံတစ်ရာအား သတိရသွားဟန်ပေါ်ပြီးနောက် နောက်မှီလိုက်၏။ ပြီးလျှင် လက်ပိုက်လိုက်လေသည်။

"နင် ကုယန်းလမ်းကို မလာတာ နှစ်တစ်ရာတောင် ကျော်နေပြီမလား.. သူနဲ့လည်း အဆက်အသွယ်မလုပ်ဖြစ်တာ ကြာပြီဟုတ်?"

ရှဲ့ပိုင်က 'အမ်'ဟု အသံပြုပြီးနောက် ဆိုပါ၏။

"ဒီနေ့ တိုက်ဆိုင်ပြီး ဆုံဖြစ်တာ"

လုံရှန်းယွဲ့က သက်ပြင်းတစ်ချက်ချ၏။

"အမုန်းတရားတွေက ဘယ်လိုလုပ်ပြီး ရောက်လာ.... ဒီနှစ်တွေထဲမှာရော နင် အဆင်ပြေရဲ့လား? နင့်ကိုလည်း ကြားထဲ မတွေ့ဖြစ်တော့ သာကြောင်းမာကြောင်း မမေးဖြစ်ဘူး.. ယင်ဝူရှုကတော့ တစ်နေ့တခြား အခြေအနေပိုပိုဆိုးလာတယ်.. သူ့နဂိုစိတ်ရင်းကိုဆို ပိုပြီးတော့တောင် မှန်းရခက်သွားတယ်.. ငါ ခန့်မှန်းရသလောက် နင်လည်း သူ့လောက်မဟုတ်ရင်တောင် သူ့ထက်တော့ မလျော့လောက်ဘူး.. အနည်းဆုံးတော့ နင်တို့ခင်လာတာလည်း နှစ်ပေါင်းတစ်ရာနီးပါး ရှိနေပြီပဲ.. သာမန်လူတစ်ယောက်အနေနဲ့ဆိုရင် ဒါက မိသားစုနီးနီးကို ဖြစ်နေပြီ.. အရာအားလုံးအဆင်ပြေနေတဲ့အချိန် ရုတ်တရက်ကြီး နင်တို့နှစ်ယောက် ဘယ်လိုလုပ် မတည့်တော့တာလဲ?"

ရှဲ့ပိုင်က အေးတိအေးစက်၊ ဘာကိုမှ အမှုမထားသည့်ပုံဖြင့် ပြန်ပြောလေသည်။

"ကျွန်တော်လည်း အရင်ကတော့ အဲ့မေးခွန်းကို မေးချင်ခဲ့တာ.. ဒါပေမဲ့ အခုတော့ အရေးမကြီးတော့ပါဘူး"

ရှဲ့ပိုင်၏ခန္ဓာကိုယ်က အရှေ့သို့ မဆိုစလောက်လေး ကိုင်းသွား၏။ ပြီးလျှင် ပိန်းပိတ်အောင် မည်းနက်နေသော မျက်ဆံများဖြင့် လုံရှန်းယွဲ့အား စိုက်ကြည့်လိုက်လေသည်။

"အန်တီလုံ.. ကျွန်တော် ဒီနေ့လာရတဲ့အကြောင်းရင်းက ဂမ္ဘီရနဲ့ ပတ်သက်ပြီး အန်တီ့ကို အကူအညီတောင်းစရာလေးရှိလို့.. နောက်ကွယ်မှာ ကျွန်တော့်ကို မကောင်းကြံနေတဲ့သူရှိလား?"

လုံရှန်းယွဲ့က မဟော်ဂနီစားပွဲခုံအား လက်ချောင်းများဖြင့် ကြိမ်ဖန်များစွာ ခေါက်ရင်း ဆိုလိုက်၏။

"အဲ့လိုမျက်နှာချောချောလေးနဲ့ ငါ့နား ကပ်မလာပါနဲ့ဟယ်.. မင်းရဲ့အန်တီလုံက အလှအပလေးတွေဆို သိပ်ခံစားတတ်တာ.. စိတ်က ထိန်းနိုင်တာမဟုတ်ဘူး.. ပြောစရာရှိရင် မတ်မတ်ထိုင်ပြီး ပြော"

ရှဲ့ပိုင် : "........."

လုံရှန်းယွဲ့က မေး၏။

"နောက်ကွယ်မှာ မကောင်းကြံနေတယ်ဆိုတာ ဘာကိုပြောချင်တာလဲ? ခုတလော တစ်ခုခုလွဲနေတာမျိုး ရှိလို့လား?"

ရှဲ့ပိုင်က လက်ရှိ သူ၏အခြေအနေကို ဇာမချဲ့ဘဲ ရိုးရိုးတန်းတန်း ရှင်းပြလေသည်။ ထို့နောက် မတ်မတ်ပြန်ထိုင်ကာ လုံရှန်းယွဲ့ စကားပြန်ပြောလာမည့်အချိန်ကို စောင့်ဆိုင်းရင်း စားပွဲခုံပေါ် ရှည်လျားသွယ်လျသည့်လက်ချောင်းများဖြင့် ဖွဖွလေး ခေါက်နေတော့၏။

လုံရှန်းယွဲ့လည်း နားထောင်ပြီးသည်နှင့် အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ သူ မည်သည်ကို တွေးတောနေမှန်း ခန့်မှန်းမရနိုင်။ ထို့နောက် လုံရှန်းယွဲ့က အသက်ဝဝရှူသွင်းကာ ပြောလာ၏။

"ဒါ တော်တော်ထူးဆန်းတာပဲ...... ဘယ်လိုလုပ် နင့်ကိုယ်မှာမှ ဒီလိုမျိုး လာဖြစ်ရတာလဲ?"

"ဗျာ?"

ရှဲ့ပိုင်သည် လုံရှန်းယွဲ့၏မျက်နှာအခြေအနေမကောင်းကြောင်း တွေ့မြင်သော် မျက်ခုံးတွန့်လိုက်သည်။

"ကျွန်တော့်ကိုယ်မှာ ဘာလို့အဲ့လိုဖြစ်လို့မရတာလဲ?"

လုံရှန်းယွဲ့အား အန်တီဟု တပ်ခေါ်ရခြင်းမှာ ရှဲ့ပိုင်ထက် အတော်အတန်အသက်ကြီးနေသည့်အပြင် အတွေ့အကြုံလည်း ရင့်သန်နေသည့်အတွက်။ ရှဲ့ပိုင် သေချာမသိသည့်အကြောင်းအရာတချို့ကို လုံရှန်းယွဲ့က ကောင်းမွန်စွာ နားလည်လေသည်။ ယခုလက်ရှိ လုံရှန်းယွဲ့၏မျက်နှာအမူအရာကို မှန်းဆကြည့်ခြင်းဖြင့် ရှဲ့ပိုင်၏အခြေအနေဟာ မည်သို့မှားယွင်းနေကြောင်းကို ကောင်းမွန်စွာ သဘောပေါက်နေသည့်ပုံပင်။

"ငါ ဘယ်လိုရှင်းပြရမလဲ......"

လုံရှန်းယွဲ့က ခေါင်းမော့ကာ ရှဲ့ပိုင်အား ကြည့်လာပြီးနောက် ချီတုံချတုံဖြင့် ပြောလေသည်။

"ဒီလိုအခြေအနေမျိုးက မကောင်းဆိုးဝါးတွေနဲ့ ယောင်တွေရဲ့ခန္ဓာကိုယ်ပေါ်မှာပဲ ဖြစ်တတ်တာ.. အများအားဖြင့်...... အများအားဖြင့် တစ်ယောက်ယောက်က သူတို့ကို လာသိမ်းတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်ယောက်ယောက်က အဝေးကနေ သူတို့ကို အစီအရင်နဲ့ ဆင့်ခေါ်တာပဲဖြစ်ဖြစ် သူတို့ နင့်လို အခြေအနေမျိုး ကြုံရတတ်တယ်.. ငါ့မျက်လုံးတွေနဲ့ နှစ်ခါတိတိ မြင်ဖူးတယ်.. ဆယ်နှစ်နီးပါး ငါ့နောက်လိုက်ဖြစ်ဖူးတဲ့ ဟောင်ကျိ တုန်းကလည်း အဲ့လိုပဲ.. ဘယ်လိုတွေဖြစ်ခဲ့လဲဆိုတာ ငါ ရှင်းရှင်းလင်းလင်းကို မှတ်မိတာပေါ့.. ဒီလိုအခြေအနေဆိုတာ သာမန်ယောင်၊ ဝိညာဥ်တွေမှာ လာမဖြစ်တတ်ဘူး.. ဆင့်ခေါ်မှုက ပိုအန္တရာယ်များလေလေ ခန္ဓာကိုယ်က ပြောင်းလဲမှုတွေက ပိုသိသာလေလေပဲ"

လုံရှန်းယွဲ့က စကားဆုံးသည်နှင့် မနေနိုင်မထိုင်နိုင် ထပ်မေးပြန်၏။

"နင်ပြောတာ သေချာရဲ့လားဟယ်? အမှတ်မှားတာများလား?"

ရှဲ့ပိုင်က လုံရှန်းယွဲ့၏စကားကို ကြားစဥ်က စိတ်ပျက်အံ့အားသင့်သွား၏။ လုံရှန်းယွဲ့ နောက်တစ်ကြိမ် ထပ်မေးလာသော် ခပ်ဖွဖွရယ်မော၍ ပြောလိုက်သည်။

"ဒါဆို သေချာနေပြီပေါ့"

လုံရှန်းယွဲ့မှာ ရှဲ့ပိုင်၏ရယ်မောသံကို ကြားသော် ကြက်သီးတဖျန်းဖျန်းထသွားရ၏။ "....................."

ထိုစဥ် ကျွဲဆက်ရက်က ရုတ်တရက် အော်မြည်လာလေသည်။

"အား! ကယ်ကြပါဦး---"

နှစ်ဦးသား ကြက်သေသေသွား၏။ တစ်ဆက်တည်းမှာပင် မာကျောသည့်အရာဝတ္ထုများ ကွဲအက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆူညံသံမျိုးကို ဆက်တိုက်ကြားလိုက်ရလေသည်။ ရုတ်ခြည်းဆိုသလို ရှန်းယွဲ့စားသောက်ဆိုင်တစ်ခုလုံး နှစ်ကြိမ်နှစ်ခါ လှုပ်ခါသွား၏။ ထို့နောက် သူတို့မတ်တပ်ရပ်နေကြသည့် ကြမ်းပြင်မှာ ခပ်အုပ်အုပ်မြည်ဟည်းသံကြီးနှင့်အတူ အောက်သို့ ကျွံဝင်သွားလေတော့သည်။

✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️✖️

ZAWGYI

အပိုင္း (၁၃)

ရွန္းယြဲ႕စားေသာက္ဆိုင္တံခါးက ​ဗုန္းခနဲအသံႏွင့္အတူ ပြင့္ထြက္လာကာ အရပ္ရွည္ရွည္အမ်ိဳးသမီးတစ္ဦး ထြက္လာ၏။ တဝါးဝါးသမ္းေဝရင္း ေကာက္လိမ္ေနသည့္ဆံပင္ဖ်ားကို လက္ေခ်ာင္းမ်ားျဖင့္ ထပ္လိမ္ေနေသးသည္။

"ဘာလို႔ လူကို အိပ္ေရးမဝေအာင္ လာေႏွာင့္ယွက္တာတုံး? ဘာေတြျဖစ္ေနလို႔......."

စကားေျပာေနရင္း အသံကို ဆြဲငင္လိုက္သည္။ မ်က္လုံးမ်ားက ပြင့္မလာေသး။ သမ္းေဝထား၍ မ်က္ရည္အရာမ်ားက ပါးႏွစ္ဖက္ထက္၌ အထင္းသားေပၚေနၿပီး မ်က္ေတာင္ရွည္ရွည္မ်ားထက္ မ်က္ရည္ဥမ်ား တြဲလဲခိုေန၏။ တံခါးေဘာင္၌ မွီရပ္ကာ ယိမ္းထိုးရင္း ေဟာက္သံထြက္လာေလသည္။

ရွဲ႕ပိုင္က ယင္ဝူရွုအား ထပ္မၾကည့္ေတာ့။ တစ္ဖက္လွည့္ကာ လုံရွန္းယြဲ႕အား ေျပာလိုက္သည္။

"ေဟာကိန္းထုတ္ခိုင္းဖို႔"

လုံရွန္းယြဲ႕က မ်က္လုံးမဖြင့္ေသးဘဲ အိပ္ခ်င္မူးတူးျဖင့္ ဆိုပါ၏။

"အိုး ဝင္လာခဲ့ေလ.. ဘယ္ႏွေယာက္ကို ေဟာေပးရမွာလဲ?"

ရွဲ႕ပိုင္၏ေက်ာျပင္က ႐ုတ္တရက္ ေတာင့္တင္းသြားသည္။ မ်က္လုံးေအာက္စိုက္ၾကည့္ၿပီးေနာက္ ဥေပကၡာျပဳသည့္အရိပ္အေယာင္မ်ိဳးျဖင့္ ဆိုလိုက္သည္။

"ကၽြန္ေတာ္တစ္ေယာက္တည္း"

ထို႔ေနာက္ ေျခေထာက္ႂကြကာ စားေသာက္ဆိုင္တံခါးေပါက္ဆီ​ ဦးတည္ေလၽွာက္သြား၏။

လုံရွန္းယြဲ႕က မ်က္ခြံတစ္ဖက္ကို ဖြင့္ၾကည့္လိုက္သည္။ တံခါးအေရွ႕၌ ရပ္ေနသူဟာ မည္သူမည္ဝါျဖစ္ေၾကာင္း ရွင္းရွင္းလင္းလင္း သိပုံမေပၚ။ အက်င့္ပါေနသည့္အတိုင္း စကားဆိုလိုက္၏။

"ေဟာခိုင္းမယ္ဆို ဝင္လာခဲ့.. က်န္တဲ့လူေတြက အျပင္မွာ ရပ္ေစာင့္ေန"

စကားဆုံးသည္ႏွင့္ လုံရွန္းယြဲ႕က တံခါးကို ဗုန္းခနဲ ဆြဲပိတ္လိုက္ေလသည္။ နံနက္ေစာေစာထရသည္ကို အလြန္အမင္း မေက်မခ်မ္းျဖစ္ေနသည့္ပုံပင္။

တံခါးပိတ္သံကိုၾကားေသာ္ ရွဲ႕ပိုင္၏ေျခလွမ္းမ်ားက တြန့္ဆုတ္သြားရသည္။ သို႔ေသာ္ မ်က္ႏွာပ်က္ျခင္းအလ်ဥ္းမရွိဘဲ ေရွ႕သို႔ ဆက္ေလၽွာက္သြား၏။ ေျခလွမ္းက်ဲမ်ားျဖင့္ အေပၚဆုံးအထပ္သို႔ လုံရွမ္းယြဲ႕၏အေနာက္မွ လိုက္လာခဲ့ေလသည္။

ရွန္းယြဲ႕စားေသာက္ဆိုင္မွာ အရြယ္အစားအားျဖင့္ မႀကီးလွေခ်။ တည္ေဆာက္ထားပုံက ရိုးရွင္း၏။ ပထမအထပ္၌ ပင္မစားေသာက္ေဆာင္ႀကီးရွိၿပီး ဒုတိယအထပ္၌မူ သီးသန့္စားေသာက္ခန္းမ်ားျဖင့္ ဖြဲ႕စည္းထားသည္။ ဤမၽွျဖင့္ နယ္ခံဧည့္သည္မ်ားကို ဧည့္ခံထားရန္ လုံေလာက္ေနၿပီ။ လုံရွန္းယြဲ႕က တတိယအထပ္၌ ေနထိုင္၏။ ျပင္ပဧည့္သည္မ်ားကို တားျမစ္ထားသည့္ ေနရာပင္။ အေပၚဆုံးအထပ္၌ ပုံမွန္အခ်ိန္ဆိုလၽွင္ ေသာ့ခတ္ထားေလ့ရွိေသာ ထပ္ခိုးအခန္းငယ္တစ္ခန္းရွိ၏။ လုံရွန္းယြဲ႕က သူ ေရွ႕ျဖစ္ေဟာၾကားေပးမည့္ပုဂၢိဳလ္မ်ားကိုသာ ထိုအခန္းထဲ ေခၚလာေလ့ရွိသည္။

အမိုးေအာက္ထပ္ခိုးအခန္း၏ဖြဲ႕စည္းပုံမွာ လြန္ေလၿပီးသာႏွစ္မ်ား၌ တည္ရွိခဲ့ေသာ ေသရည္ဆိုင္အေပၚထပ္ရွိ အခန္းေလးႏွင့္ တစ္ေထရာတည္းပင္ျဖစ္၏။ ထူးျခားဆန္းၾကယ္လွေသာ အရာဝတၳဳမ်ား၊ အရိုးအပိုင္းအစမ်ားအျပင္ ပုံသ႑ာန္အဆန္းမ်ားႏွင့္ ဓားရွည္မ်ိဳးစုံက နံရံေလးဖက္ေလးတန္၌ အသီးသီးေနရာယူခ်ိတ္ဆြဲခံထားရ​၏။ အခန္း​၏အလယ္တည့္တည့္တြင္မူ မေဟာ္ဂနီစားပြဲတစ္လုံးႏွင့္ မေဟာ္ဂနီထိုင္ခုံႏွစ္လုံး ရွိေလသည္။

ကၽြဲဆက္ရက္က ကသုတ္ကရက္နိုင္စြာျဖင့္ ရွဲ႕ပိုင္တို႔ႏွစ္ဦး အေနာက္သို႔ လိုက္လာကာ ထပ္ခိုးအခန္းထဲ ဝင္လာသည္။ အေမြးတစ္ဝက္ခန့္က ထိုးထိုးေထာင္ေထာင္ႏွင့္။ ငွက္နားသည့္အကိုင္းကဲ့သို႔ ေနရာေလးတစ္ခုေပၚ ဝ႐ုန္းသုန္းကား သက္ဆင္းနားလိုက္သည္။

ရွဲ႕ပိုင္က လုံရွန္းယြဲ႕၏မ်က္ႏွာခ်င္းဆိုင္၌ ထိုင္ကာ နာမည္ေခၚလိုက္၏။

"အန္တီလုံ"

ကၽြဲဆက္ရက္မွာ ေၾကာက္လန့္တၾကား ျဖစ္သြားရ၏။

"ခ်ီးပဲ"

"ဘယ္သူက ငါ့ကို အန္တီလို႔ ေခၚရဲတာလဲ? ေသခ်င္ေနၿပီလား?"

အန္တီလုံဟု အေခၚခံရၿပီးေနာက္ လုံရွန္းယြဲ႕က စားပြဲခုံအား လက္ဖဝါးျဖင့္ ရိုက္ခ်ပစ္လိုက္သည္။ သူ႔လွုပ္ရွားမွုႏွင့္သူ နိုးနိုးၾကားၾကားရွိသြားသည့္ လုံရွန္းယြဲ႕မွာ အိပ္ခ်င္မူးတူးမ်က္လုံးမ်ားကို ပုံမွန္အတိုင္း ဖြင့္နိုင္သြားေလၿပီ။

"ေရွာင္ပိုင္?" အဆုံးတြင္ေတာ့ အခန္းထဲ ေခၚလာခဲ့သည့္သူကို မွတ္မိသြားခဲ့ၿပီ။ "နင္.... နင့္ကို မေတြ႕တာ ၾကာလွၿပီေကာ.. မွတ္ေတာင္ မမွတ္မိဘူး"

ေရွာင္ပိုင္ : "........."

__အဲ့ဒါ အန္တီ မ်က္လုံးမဖြင့္လို႔ေလ။

တစ္စုံတစ္ေယာက္ကသာ လုံရွန္းယြဲ႕အား အန္တီဟု ေခၚပါက လုံရွန္းယြဲ႕သည္ ထိုသူအား လက္ထဲရွိ ဓားျဖင့္ တဇြက္ဇြက္ ထိုးသတ္ၿပီးေနေလာက္ၿပီ။ သို႔ေသာ္ ရွဲ႕ပိုင္ျဖစ္ေန၍ ဘာမွမေျပာနိုင္ေတာ့။ ရွဲ႕ပိုင္သည္ သူ႔မ်က္စိေရွ႕၌ အရြယ္ေရာက္လာခဲ့ျခင္းျဖစ္သည္ေလ။ ကၽြဲဆက္ရက္နည္းတူ 'လုံမိန္းမိန္း'ဟု ရွဲ႕ပိုင္ ေခၚလိမ့္မည္မဟုတ္။ ထိုသို႔ ေခၚလၽွင္လည္း ရွဲ႕ပိုင္ မဟုတ္ေတာ့။ အေၾကာင္းမွာ ယင္ဝူရွုႏွင့္အေပါင္းအပါျဖစ္ေန၍။

ယင္ဝူရွုအေၾကာင္း ေတြးေတာမိရင္း......

"ေနပါဦး ေနပါဦး.. ခုနက နင့္ေဘးမွာ တစ္ေယာက္ေယာက္ရပ္ေနတာ ျမင္လိုက္သလားလို႔?"

လုံရွန္းယြဲ႕က မေနနိုင္မထိုင္နိုင္ ျပတင္းေပါက္ဆီ ေျပးသြားကာ ေအာက္သို႔ လွမ္းၾကည့္လိုက္၏။

ရွဲ႕ပိုင္ : "အမ္"

လုံရွန္းယြဲ႕ခမ်ာေတာ့ ႏွုတ္ခမ္းမ်ားပင္ တဆန့္ငင္ငင္လွုပ္သြားရၿပီ။

"စဥ္းစားၾကည့္မွပဲ.. ဘာလို႔ အဲ့အသံကို.. ယင္ဝူရွုအသံလို႔ ထင္ေနမိတာလဲ? ငါ့နားပဲ မေကာင္းေတာ့တာမ်ားလား?"

ရွဲ႕ပိုင္က ေပါ့ေပါ့ပါးပါး ျပန္ေျဖ၏။

"အမ္ သူပဲ"

လုံရွန္းယြဲ႕ : "......."

ရွဲ႕ပိုင္၏ႏွစ္ေပါင္းမ်ားစြာေသာ အေတြ႕အၾကဳံမ်ားအရ အကုန္လုံးက ယင္ဝူရွုအား တစ္နည္းနည္းျဖင့္ ေၾကာက္ရြံ႕ၾက၏။ ယင္ဝူရွုႏွင့္ ရင္းႏွီးလွပါသည္ဆိုေသာ လုံရွန္းယြဲ႕ႏွင့္အျခားသူမ်ားအပါအဝင္။ စကားစျမည္ေျပာဆိုၾက၊ ရယ္ေမာၾကသည့္အခ်ိန္မ်ားတြင္ေတာ့ ဤသည္က သိပ္မသိသာလွ။

လုံရွန္းယြဲ႕က သူ႔နဖူးသူ စားပြဲခုံေပၚ ဗုန္းခနဲ ရိုက္ခ်ပစ္လိုက္၏။ ထို႔ေနာက္ ႏုံးခ်ည့္စြာ ေျပာလာသည္။

"ခုနတုန္းက ငါ တံခါးကို အသံအက်ယ္ႀကီး ပိတ္မိသြားလား?"

ရွဲ႕ပိုင္ :"နည္းနည္းပါ"

လုံရွန္းယြဲ႕ : "ငါ ေသာ့ခတ္လိုက္ေတာ့ အျပင္မွာ က်န္ခဲ့တဲ့လူက........."

ရွဲ႕ပိုင္ : "ယင္ဝူရွုေလ"

ရွဲ႕ပိုင္သည္ သူ ေပါက္စနအရြယ္ကတည္းက လုံရွန္းယြဲ႕တစ္ေယာက္ မည္မၽွဒရာမာခင္းတတ္ေၾကာင္း မ်က္ျမင္ကိုယ္ေတြ႕ ၾကဳံဖူးၿပီးျဖစ္သည္။ ျပႆနာတစ္စုံတစ္ရာ ၾကဳံလိုက္သည္ႏွင့္ ေျခဟန္လက္ဟန္၊ မ်က္ႏွာအမူအရာမ်ားမွအစ ပူေဆြးျပဇာတ္ကေနသည့္ မင္းသမီးႏွယ္။ ယခုလည္း လုံရွန္းယြဲ႕တစ္ေယာက္ မ်က္ႏွာေမာ့လိုက္ရာ မ်ည္ရည္စီးေၾကာင္းမ်ား တသြင္သြင္က်ဆင္းေနသည္ကို ရွဲ႕ပိုင္ ျမင္ေတြ႕လိုက္ရသည္။

"ဒီေန႔ၿပီးရင္ေတာ့ ဒီစားေသာက္ဆိုင္ကို မဖြင့္နိုင္ေလာက္ေတာ့ဘူးထင္တယ္.. ဘယ္လိုလုပ္ရပါ့?"

မ်က္ႏွာေသျဖင့္ ၾကည့္ေနေသာ ရွဲ႕ပိုင္ : "......."

"အယ္? ဟုတ္ေသးပါဘူး----"

လုံရွန္းယြဲ႕က ခါးမတ္၍ ထိုင္ခုံေပၚထိုင္ကာ တစ္စုံတစ္ရာအား သတိရသြားဟန္ေပၚၿပီးေနာက္ ေနာက္မွီလိုက္၏။ ၿပီးလၽွင္ လက္ပိုက္လိုက္ေလသည္။

"နင္ ကုယန္းလမ္းကို မလာတာ ႏွစ္တစ္ရာေတာင္ ေက်ာ္ေနၿပီမလား.. သူနဲ႔လည္း အဆက္အသြယ္မလုပ္ျဖစ္တာ ၾကာၿပီဟုတ္?"

ရွဲ႕ပိုင္က 'အမ္'ဟု အသံျပဳၿပီးေနာက္ ဆိုပါ၏။

"ဒီေန႔ တိုက္ဆိုင္ၿပီး ဆုံျဖစ္တာ"

လုံရွန္းယြဲ႕က သက္ျပင္းတစ္ခ်က္ခ်၏။

"အမုန္းတရားေတြက ဘယ္လိုလုပ္ၿပီး ေရာက္လာ.... ဒီႏွစ္ေတြထဲမွာေရာ နင္ အဆင္ေျပရဲ့လား? နင့္ကိုလည္း ၾကားထဲ မေတြ႕ျဖစ္ေတာ့ သာေၾကာင္းမာေၾကာင္း မေမးျဖစ္ဘူး.. ယင္ဝူရွုကေတာ့ တစ္ေန႔တျခား အေျခအေနပိုပိုဆိုးလာတယ္.. သူ႔နဂိုစိတ္ရင္းကိုဆို ပိုၿပီးေတာ့ေတာင္ မွန္းရခက္သြားတယ္.. ငါ ခန့္မွန္းရသေလာက္ နင္လည္း သူ႔ေလာက္မဟုတ္ရင္ေတာင္ သူ႔ထက္ေတာ့ မေလ်ာ့ေလာက္ဘူး.. အနည္းဆုံးေတာ့ နင္တို႔ခင္လာတာလည္း ႏွစ္ေပါင္းတစ္ရာနီးပါး ရွိေနၿပီပဲ.. သာမန္လူတစ္ေယာက္အေနနဲ႔ဆိုရင္ ဒါက မိသားစုနီးနီးကို ျဖစ္ေနၿပီ.. အရာအားလုံးအဆင္ေျပေနတဲ့အခ်ိန္ ႐ုတ္တရက္ႀကီး နင္တို႔ႏွစ္ေယာက္ ဘယ္လိုလုပ္ မတည့္ေတာ့တာလဲ?"

ရွဲ႕ပိုင္က ေအးတိေအးစက္၊ ဘာကိုမွ အမွုမထားသည့္ပုံျဖင့္ ျပန္ေျပာေလသည္။

"ကၽြန္ေတာ္လည္း အရင္ကေတာ့ အဲ့ေမးခြန္းကို ေမးခ်င္ခဲ့တာ.. ဒါေပမဲ့ အခုေတာ့ အေရးမႀကီးေတာ့ပါဘူး"

ရွဲ႕ပိုင္၏ခႏၶာကိုယ္က အေရွ႕သို႔ မဆိုစေလာက္ေလး ကိုင္းသြား၏။ ၿပီးလၽွင္ ပိန္းပိတ္ေအာင္ မည္းနက္ေနေသာ မ်က္ဆံမ်ားျဖင့္ လုံရွန္းယြဲ႕အား စိုက္ၾကည့္လိုက္ေလသည္။

"အန္တီလုံ.. ကၽြန္ေတာ္ ဒီေန႔လာရတဲ့အေၾကာင္းရင္းက ဂမၻီရနဲ႔ ပတ္သက္ၿပီး အန္တီ့ကို အကူအညီေတာင္းစရာေလးရွိလို႔.. ေနာက္ကြယ္မွာ ကၽြန္ေတာ့္ကို မေကာင္းႀကံေနတဲ့သူရွိလား?"

လုံရွန္းယြဲ႕က မေဟာ္ဂနီစားပြဲခုံအား လက္ေခ်ာင္းမ်ားျဖင့္ ႀကိမ္ဖန္မ်ားစြာ ေခါက္ရင္း ဆိုလိုက္၏။

"အဲ့လိုမ်က္ႏွာေခ်ာေခ်ာေလးနဲ႔ ငါ့နား ကပ္မလာပါနဲ႔ဟယ္.. မင္းရဲ့အန္တီလုံက အလွအပေလးေတြဆို သိပ္ခံစားတတ္တာ.. စိတ္က ထိန္းနိုင္တာမဟုတ္ဘူး.. ေျပာစရာရွိရင္ မတ္မတ္ထိုင္ၿပီး ေျပာ"

ရွဲ႕ပိုင္ : "........."

လုံရွန္းယြဲ႕က ေမး၏။

"ေနာက္ကြယ္မွာ မေကာင္းႀကံေနတယ္ဆိုတာ ဘာကိုေျပာခ်င္တာလဲ? ခုတေလာ တစ္ခုခုလြဲေနတာမ်ိဳး ရွိလို႔လား?"

ရွဲ႕ပိုင္က လက္ရွိ သူ၏အေျခအေနကို ဇာမခ်ဲ့ဘဲ ရိုးရိုးတန္းတန္း ရွင္းျပေလသည္။ ထို႔ေနာက္ မတ္မတ္ျပန္ထိုင္ကာ လုံရွန္းယြဲ႕ စကားျပန္ေျပာလာမည့္အခ်ိန္ကို ေစာင့္ဆိုင္းရင္း စားပြဲခုံေပၚ ရွည္လ်ားသြယ္လ်သည့္လက္ေခ်ာင္းမ်ားျဖင့္ ဖြဖြေလး ေခါက္ေနေတာ့၏။

လုံရွန္းယြဲ႕လည္း နားေထာင္ၿပီးသည္ႏွင့္ အခ်ိန္အတန္ၾကာ တိတ္ဆိတ္သြားၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူ မည္သည္ကို ေတြးေတာေနမွန္း ခန့္မွန္းမရနိုင္။ ထို႔ေနာက္ လုံရွန္းယြဲ႕က အသက္ဝဝရွူသြင္းကာ ေျပာလာ၏။

"ဒါ ေတာ္ေတာ္ထူးဆန္းတာပဲ...... ဘယ္လိုလုပ္ နင့္ကိုယ္မွာမွ ဒီလိုမ်ိဳး လာျဖစ္ရတာလဲ?"

"ဗ်ာ?"

ရွဲ႕ပိုင္သည္ လုံရွန္းယြဲ႕၏မ်က္ႏွာအေျခအေနမေကာင္းေၾကာင္း ေတြ႕ျမင္ေသာ္ မ်က္ခုံးတြန့္လိုက္သည္။

"ကၽြန္ေတာ့္ကိုယ္မွာ ဘာလို႔အဲ့လိုျဖစ္လို႔မရတာလဲ?"

လုံရွန္းယြဲ႕အား အန္တီဟု တပ္ေခၚရျခင္းမွာ ရွဲ႕ပိုင္ထက္ အေတာ္အတန္အသက္ႀကီးေနသည့္အျပင္ အေတြ႕အၾကဳံလည္း ရင့္သန္ေနသည့္အတြက္။ ရွဲ႕ပိုင္ ေသခ်ာမသိသည့္အေၾကာင္းအရာတခ်ိဳ႕ကို လုံရွန္းယြဲ႕က ေကာင္းမြန္စြာ နားလည္ေလသည္။ ယခုလက္ရွိ လုံရွန္းယြဲ႕၏မ်က္ႏွာအမူအရာကို မွန္းဆၾကည့္ျခင္းျဖင့္ ရွဲ႕ပိုင္၏အေျခအေနဟာ မည္သို႔မွားယြင္းေနေၾကာင္းကို ေကာင္းမြန္စြာ သေဘာေပါက္ေနသည့္ပုံပင္။

"ငါ ဘယ္လိုရွင္းျပရမလဲ......"

လုံရွန္းယြဲ႕က ေခါင္းေမာ့ကာ ရွဲ႕ပိုင္အား ၾကည့္လာၿပီးေနာက္ ခ်ီတုံခ်တုံျဖင့္ ေျပာေလသည္။

"ဒီလိုအေျခအေနမ်ိဳးက မေကာင္းဆိုးဝါးေတြနဲ႔ ေယာင္ေတြရဲ့ခႏၶာကိုယ္ေပၚမွာပဲ ျဖစ္တတ္တာ.. အမ်ားအားျဖင့္...... အမ်ားအားျဖင့္ တစ္ေယာက္ေယာက္က သူတို႔ကို လာသိမ္းတာပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ တစ္ေယာက္ေယာက္က အေဝးကေန သူတို႔ကို အစီအရင္နဲ႔ ဆင့္ေခၚတာပဲျဖစ္ျဖစ္ သူတို႔ နင့္လို အေျခအေနမ်ိဳး ၾကဳံရတတ္တယ္.. ငါ့မ်က္လုံးေတြနဲ႔ ႏွစ္ခါတိတိ ျမင္ဖူးတယ္.. ဆယ္ႏွစ္နီးပါး ငါ့ေနာက္လိုက္ျဖစ္ဖူးတဲ့ ေဟာင္က်ိ တုန္းကလည္း အဲ့လိုပဲ.. ဘယ္လိုေတြျဖစ္ခဲ့လဲဆိုတာ ငါ ရွင္းရွင္းလင္းလင္းကို မွတ္မိတာေပါ့.. ဒီလိုအေျခအေနဆိုတာ သာမန္ေယာင္၊ ဝိညာဥ္ေတြမွာ လာမျဖစ္တတ္ဘူး.. ဆင့္ေခၚမွုက ပိုအႏၲရာယ္မ်ားေလေလ ခႏၶာကိုယ္က ေျပာင္းလဲမွုေတြက ပိုသိသာေလေလပဲ"

လုံရွန္းယြဲ႕က စကားဆုံးသည္ႏွင့္ မေနနိုင္မထိုင္နိုင္ ထပ္ေမးျပန္၏။

"နင္ေျပာတာ ေသခ်ာရဲ့လားဟယ္? အမွတ္မွားတာမ်ားလား?"

ရွဲ႕ပိုင္က လုံရွန္းယြဲ႕၏စကားကို ၾကားစဥ္က စိတ္ပ်က္အံ့အားသင့္သြား၏။ လုံရွန္းယြဲ႕ ေနာက္တစ္ႀကိမ္ ထပ္ေမးလာေသာ္ ခပ္ဖြဖြရယ္ေမာ၍ ေျပာလိုက္သည္။

"ဒါဆို ေသခ်ာေနၿပီေပါ့"

လုံရွန္းယြဲ႕မွာ ရွဲ႕ပိုင္၏ရယ္ေမာသံကို ၾကားေသာ္ ၾကက္သီးတဖ်န္းဖ်န္းထသြားရ၏။ "....................."

ထိုစဥ္ ကၽြဲဆက္ရက္က ႐ုတ္တရက္ ေအာ္ျမည္လာေလသည္။

"အား! ကယ္ၾကပါဦး---"

ႏွစ္ဦးသား ၾကက္ေသေသသြား၏။ တစ္ဆက္တည္းမွာပင္ မာေက်ာသည့္အရာဝတၳဳမ်ား ကြဲအက္ျခင္းေၾကာင့္ ျဖစ္ေပၚလာသည့္ ဆူညံသံမ်ိဳးကို ဆက္တိုက္ၾကားလိုက္ရေလသည္။ ႐ုတ္ျခည္းဆိုသလို ရွန္းယြဲ႕စားေသာက္ဆိုင္တစ္ခုလုံး ႏွစ္ႀကိမ္ႏွစ္ခါ လွုပ္ခါသြား၏။ ထို႔ေနာက္ သူတို႔မတ္တပ္ရပ္ေနၾကသည့္ ၾကမ္းျပင္မွာ ခပ္အုပ္အုပ္ျမည္ဟည္းသံႀကီးႏွင့္အတူ ေအာက္သို႔ ကၽြံဝင္သြားေလေတာ့သည္။

✖️✖️✖️✖️✖️✖️✖️✖️✖️✖️

Continue lendo

Você também vai gostar

378K 26.9K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
14K 421 31
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
482K 69.2K 101
Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူး...