ငါ မင်းရဲ့ကောင်လေးကို အချိန်အ...

By xingliang_baobei

55.1K 7.9K 493

Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not o... More

Description
Chp(1)
Chp(2)
Chp(3)
Chp(4)
Chp (5)
Chp (6)
Chp (7)
Chp (8)
Chp (9)
Chp (10)
Chp (12)
Chp(13)
Chp(14)
Chp(15)
Chp(16)
Chp(17)
Chp(18)
Chp(19)
Chp(20)
Chp(21)

Chp (11)

1.4K 286 12
By xingliang_baobei

[Unicode]

ဖိန့်ရန်တစ်ယောက် ဒီတစ်ပွဲမှာ ငါးမိနစ်တောင် မကြာလိုက်ပါဘူး တန်းသေသွားရော။ ရန်သူက သူ့ရဲ့သေတ္တာကို မွှေနှောက်နေတာကို မြင်လိုက်တဲ့အခါ မျက်မှောင်မကြုပ်ဘဲ မနေနိုင်တော့ဘူး။

ဒီဂိမ်းက အဲ့လောက်ခက်တာလား?

သူ ဖုန်းကိုဖွင့်ပြီး message boxရဲ့ ထိပ်ဆုံးကို စစ်ကြည့်လိုက်တယ်။ လင်းခန်းက စူးနျန်တစ်ယောက် gpထဲမှာ သောက်ကျိုးနည်းတွေ ပြောနေတဲ့ ssတစ်ပုံလိုက်ကြီးနဲ့အတူ message များစွာ ပို့ထားလေရဲ့။

လင်းခန်း :: [ငါ-ိုး! ငါ သူ့ကို ပျော်ပျော်နေတတ်ပြီး စိတ်ရှုပ်ဖို့ ကောင်းတယ်လို့ပဲ ထင်ထားမိတာ၊ တကယ်‌တော့ သူက ပါးစပ်စည်းမစောင့်တတ်တဲ့ ကောင်လည်း ဖြစ်နေသေးတာကိုး!]

လင်းခန်း :: [သူ မင်းကို အဲ့လိုလိုက်အပုပ်ချအောင် မင်း ဘာလုပ်လိုက်မိလို့လဲ? ငါ မင်းကို gpထဲ ထည့်ပေးရမလား? မစိုးရိမ်နဲ့ ငါ မင်းဘက်မှာ ရှိတယ်!]

လင်းခန်း :: [မင်း ကိုယ်တိုင်ပြောဖို့ မရဲရင်လည်း ငါ သူ့ကို ဆက်မပြောဖို့ သွားပြောလိုက်မယ်၊ ငါတို့အားလုံးက သူငယ်‌ချင်းတွေပဲ၊ သွားပြောပြီးတာတောင်မှ အဲ့လိုဆက်ပြောနေအုံးမယ်ဆို ငါ ပြတ်ပြတ်သားသား ရေစက်ဖြတ်ပစ်မယ်]

ဖိန့်ရန် :: [မလုပ်နဲ့ ။ မင်းကို ကျေးဇူးတင်ပါတယ်]

ဖိန့်ရန် :: [မင်း ငါ့ဆီ ssတွေလည်း ထပ်မပို့နဲ့တော့။ နောက်တစ်ခေါက်တွေ့မှ မင်းကို ညစာလိုက်ဝယ်ကျွေးမယ်။]

ဖိန့်ရန်က chat history ကို ဖွင့်ပြီး မျက်နှာသေဖြင့် နောက်တစ်ခေါက် ထပ်ဖတ်လိုက်တယ်။

စူးနျန် လုံးဝမှားနေတာတော့ မဟုတ်ဘူး။ စူးနျန်ဆိုတာ သူ့ကိုယ်ပိုင်အချိန်ကို ဖဲ့ပေးရလောက်ထိ တန်တယ်လို့ ဖိန့်ရန် မထင်ဘူး။

ယန်းကျွင်ဆီက ဖိတ်ခေါ်စာ ရောက်လာတော့ ဖိန့်ရန်က ဖုန်းကို ဘေးချပြီး 'လက်ခံသည်' ဟု နှိပ်လိုက်တယ်။

"Boss" ယန်းကျွင်ရဲ့အသံက အခုမှ အိပ်ရာနိုးသလိုမျိုး အက်ရှရှ ဖြစ်နေလေရဲ့။

"အမ်?" ဖိန့်ရန်လည်း အလိုလို ပြန်ထူးလိုက်တယ်။

ထို့နောက် သူ ပြောလိုက်တယ် :: "မင်း ငါ့ကို အဲ့လိုခေါ်ဖို့ မလို...."

ယန်းကျွင်က သူ့ဂိမ်းကာရိုက်တာရဲ့ ဝတ်စုံကို ချွတ်ပြီး ဖိန့်ရန်ဂိမ်းကာရိုက်တာနဲ့အတူ သာမန်ဝတ်စုံဆင်တူကိုသာ ဝတ်ဆင်ထားတယ်။

သူ တစ်ခဏလောက် တွေးကြည့်ပြီး သူ့ဂိမ်းကာရိုက်တာကို မိန်းကလေးအသွင် ပြောင်းလဲလိုက်သေးတယ်။

"ဒီနေ့တော့ မတူ‌တာလေးတွေ သွားလုပ်ကြမလား?" ယန်းကျွင် မေးလိုက်တယ်။

ဖိန့်ရန် :: "ဘယ်လိုမျိုးလဲ?"

"Sanhokမှာ နှစ်ယောက်တွဲ" ယန်းကျွင် ဆက်ပြောတယ် :: "မင်း killတစ်ချို့ရအောင်လို့"

¶PUBGထဲမှာ Sanhokက ဖိလစ်ပိုင်နဲ့ထိုင်းကြားက ကျွန်းတစ်ကျွန်းကို inspireယူပြီး ဂိမ်းထဲမှာ မြေပုံဖန်တီးထားတာပါ။ ဂိမ်းအတွက် လိုအပ်တဲ့ တန်ဆာပလာ‌‌ ကောင်းကောင်းတွေ ရနိုင်ပါတယ်တဲ့ (ကိုယ်က PUBGမဆော့ဖူးတဲ့အတွက် googleက‌နေ ကိုးကားထားတာပါ။ အမှားပါသွားရင် လာထောက်ပြလို့ရပါတယ်)¶

ဖိန့်ရန် ရှုံ့မဲ့မဲ့ ပြုံးလိုက်တယ်။ မနေ့ညက သူတို့တွေ ကြက်သားအများကြီး စားလိုက်ရရင်တောင် သူက ဘာkillမှ မရှိဘဲ ဂိမ်းပွဲတွေကို အဆုံးသတ်လိုက်ရတဲ့ တစ်ယောက်သာသာပဲ။

အနိုင်ပွဲစဉ်တွေဆီ carryလုပ်တာ ခံရပေမဲ့လည်း သူ တော်တော်လေး ပျော်ခဲ့ရတယ် :: "ကောင်းပြီလေ"

ယန်းကျွင် ပြောလိုက်တဲ့ 'killsရအောင်' ဆိုတဲ့စကားက မြန်မြန်ဆန်ဆန် မြင်သာထင်ရှားလာတော့တယ်။

သူတို့ ဂိမ်းပွဲစစချင်း ယန်းကျွင်က 'Bootcamp'မှာ အမှတ်မှတ်လိုက်တယ်။

Bootcampကို 'Dumbstruck Town' လို့လည်း သိကြတယ်၊ ကောက်ရတဲ့ပစ္စည်းထက် ရန်သူသေလို့ရတဲ့ သေတ္တာအရေအတွက်က ပိုများနေတဲ့ နေရာပေါ့။ အဲ့နေရာမှာ ခြေချပြီးတာနဲ့ အကြမ်းပတမ်း တိုက်ခိုက်ပေတော့ပဲ။

"ခုန်တော့" ယန်းကျွင်က သူ့ကို သတိပေးလိုက်တယ်။

ဖိန့်ရန်ကလည်း အလျင်အမြန် 'F'ကို နှိပ်ကာ မနေ့က ယန်းကျွင် သင်ပေးထားတဲ့အတိုင်း လေထီးခုန်လိုက်တယ်။

သူ Bootcampဆီ ခြေချခါနီးမှာပဲ အနောက်ကို လှည့်ကြည့်လိုက်တော့ ကစားသမားတစ်ပုံကြီးကို မြင်လိုက်ရတယ် :: "........"

"ကုန်လှောင်ရုံသုံးရုံပေါ်မှာ ဆင်းလိုက်၊ ငါ့နောက်ကနေ ကပ်လိုက်ခဲ့"

သူတို့ မြေပြင်ပေါ်ကို ရောက်တော့ ဖိန့်ရန်တစ်ယောက် သူ့နားကြပ်ထဲမှာ ကြားနေရတဲ့ တစ်ခုတည်းသော အသံက တရစပ်သေနတ်သံတွေပဲ၊ ဟိုအရင်က သူ တက်ဖူးတဲ့ orchestra ဖျော်ဖြေပွဲကိုတောင် သွားသတိရမိတယ်။

သူ ကမန်းကတန်း သေနတ်ကို ကောက်ကိုင်လိုက်တယ်။ သူ ကျည်ထိုးလို့ပြီးတဲ့အချိန်မှာ ယန်းကျွင်က နှစ်ယောက်သတ်ပြီးနေပြီ။

ဖိန့်ရန် သူ့ဆီ ပြေးသွားမလို့ရှိသေး အနောက်ကနေ တံခါးဖွင့်လာတဲ့အသံကို ကြားလိုက်ရတယ်။ နောက်ခဏမှာပဲ ရန်သူကစားသမားရဲ့ ရက်ရက်စက်စက် သတ်ခြင်းခံလိုက်ရတယ်။ ထိုကစားသမားကတော့ မြန်မြန်ဆန်ဆန် အပြင်ပြန်ထွက်သွားတယ်။

ထိုကစားသမားက ခပ်လှမ်းလှမ်းကို ပြေးသွားတာကြောင့် ယန်းကျွင် ရောက်လာချိန်မှာ သူ့ကို မမြင်ရတော့ဘူး။ သူ အသင်းနှစ်သင်းကို အပြတ်ရှင်းပြီးတာနဲ့ မေးလိုက်တယ် :: "မင်းကို သတ်လိုက်တဲ့သူက ဘာဝတ်စုံဝတ်ထားတာလဲ?"

ဒီမေးခွန်းက ဖိန့်ရန်ကို အံ့အားသင့်သွားစေတယ် :: "ငါထင်တာ...သာမန်ဝတ်စုံပဲ။ စိတ်ထဲမထားနဲ့"

"ငါ့ကို စောင့်ရင်း ပွဲခဏကြည့်နေ" ယန်းကျွင်က ‌ပစ္စည်းကောက်လို့ပြီးတော့ "ငါ မြန်မြန်ပြန်လာခဲ့မယ်"

ဆယ်မိနစ်အကြာမှာ Boot campထဲက သာမန်ဝတ်စုံ ဝတ်ထားတဲ့ ရန်သူကစားသမားတိုင်းကို ရှင်းထုတ်ပစ်ခဲ့တဲ့ ယန်းကျွင်တစ်ယောက် သေနတ်ကိုင်ဆောင်ကာ ပြန်ရောက်လာတယ်။

အသင်းတစ်သင်းတည်း ကျန်တော့တဲ့အချိန်မှာ ယန်းကျွင်က ကစားသမားထဲက တစ်ယောက်ကို knock outလုပ်ကာ မိုက်ဖွင့်မေးလိုက်တယ် :: "မင်းအသင်းသားက ဘာဝတ်စုံဝတ်ထားတာလဲ?"

ထိုကစားသမားကလည်း ဘာဖြစ်သွားမှန်း မသိလိုက်တော့ လိမ်လိမ်မာမာ ပြန်ဖြေတယ် :: "PlayerUnknown's trench coat တအားဈေးကြီးတယ်။ ခင်ဗျား လိုချင်လို့လား? ကျွန်တော် သူ့ကို ချွတ်ခိုင်းပြီး ခင်ဗျားကို ပေးမယ်လေ။"

အဲ့နောက် ရန်သူကစားသမားရဲ့ ခါးသီးတဲ့ အကြည့်အောက်မှာ ယန်းကျွင်က သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်တော့တယ်။

ဖိန့်ရန် ကြောင်အသွားတယ် :: "မင်းကိုယ်မင်း ဖောက်ခွဲပစ်ဖို့ မလိုဘူးလေ၊ ငါ ဒီတိုင်းပွဲကြည့်ပေးလို့လည်း ရပါတယ်။"

"မင်း မရှိလို့ ငါ ဆက်မဆော့တော့ဘူး။" ယန်းကျွင်က ဆိုတယ် :: "နောက်တစ်ပွဲအတွက် 'ready' ကို နှိပ်လိုက်"

လေယာဉ်ပေါ်ကနေ သုံးခါဆက်တိုက် ခုန်ချလို့အပြီးမှာတော့ ဖိန့်ရန်တစ်ယောက် one killနိုင်လိုက်ပြီလေ။

"ယန်းကျွင် ငါ killလိုက်နိုင်ပြီ!" ဖိန့်ရန် သူ့လက်ဖဝါးတစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် လောင်ကျွမ်းသွားသလိုတောင် ခံစားလိုက်ရတယ်။ သူ လွှတ်ခနဲ ပြောလိုက်သေးတယ် :: "အဲတာပဲ မဟုတ်ဘူး... ငါ နှစ်ယောက် killနိုင်လိုက်တယ်!"

အချိန်နှောင်းမှ သူ ရှက်စိတ်ဝင်လာမိတယ်-သုံးပွဲမှာမှ two kills ။ ယန်းကျွင်နှစ်ယောက်တွဲ ကစားဖူးတဲ့ ဘယ်ကစားသမားမဆို ဒီထက်တော့ အများကြီး ပိုကောင်းအောင် လုပ်နိုင်မှာ။

"ငါ မြင်လိုက်တယ်" ယန်းကျွင်က အေးဆေးပေါ့ပါးစွာ ဆက်ပြောတယ် :: "မင်း တော်တယ်။"

ဖိန့်ရန်နှလုံးခုန်နှုန်းက အရမ်းမြန်နေပြီ၊ သူ စာမေးပွဲဖြေတာထက်တောင် ပိုစိတ်လှုပ်ရှားနေတာ။

သူ killနိုင်ခြင်းရဲ့ အရသာကို သိသွားတာနဲ့ နောက်ထပ်တစ်ယောက်ကိုပါ ထပ်killနိုင်လိုက်တယ်။ မိနစ်တစ်ချို့ ကြာပြီးချိန်မှာတော့ Dumbstruck Townကြီးက တိတ်ဆိတ်သွားပြီ။

"ယန်းကျွင်" ဖိန့်ရန်က အတည်ပြုဖို့ တိုးတိုးလေး ‌လှမ်းမေးလိုက်တယ် :: "ငါ ထင်တာ အားလုံးကုန်သွားပြီလားလို့?"

ယန်းကျွင်က ရယ်ရင်း "အင်း ငါတို့တွေ အားလုံးကို ရှင်းထုတ်နိုင်လိုက်ပြီ... မင်း အသံတိုးစရာ မလိုဘူးလေ။ မင်း ပြောတာကို ငါတစ်ယောက်ပဲ ကြားနိုင်တာ"

အဲ့တော့မှပဲ ဖိန့်ရန်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ငတုံးမှန်း သဘောပေါက်လိုက်တယ်။ သူ ဆောင့်ကြောင့်ထိုင်ပြီး ပစ္စည်းလိုက်ကောက်နေတုန်း ယန်းကျွင်က ရုတ်တရက် ပြတင်းပေါက်ကနေ ကျော်ဝင်လာတယ်။ မနေ့ညက ဖိန့်ရန်တစ်ယောက် ဒီလိုလှုပ်ရှားမှုအတွက် အလိုလိုတုန့်ပြန်နိုင်စွမ်းက မြင့်တက်သွားပြီ။ သူ တွေးတောင်မတွေးတော့ဘဲ သူ့သေနတ်ကို ဖြုတ်ကာ မြေပြင်ပေါ် ပစ်တင်ပေးလိုက်တယ်။

¶အရှေ့ပိုင်းတွေတုန်းက ယန်းကျွင်က ဖိန့်ရန်ရှိတဲ့နေရာဆီ ပြတင်းပေါက်ကနေ ကျော်ဝင်လာပြီး ဖိန့်ရန်ရဲ့သေနတ်ကို လာလာတောင်းတတ်တယ်လေ။ အဲ့တာကြောင့် အခုလည်း ဖိန့်ရန်က သူ့သေနတ် လာတောင်းတယ် ထင်သွားတာ¶

ယန်းကျွင်ရဲ့ ဂိမ်းကာရိုက်တာက သိသိသာသာ ရပ်တန့်သွားတယ်။ တစ်ခဏကြာတော့ ယန်းကျွင်က ရယ်သံနှောရင်း ပြောလာတယ် :: "ငါ ဒီသေတ္တာထဲမှာ အပိုမှန်ပြောင်းလေးများ ရှိမလားလို့ လာကြည့်ရုံပါ။"

ဖိန့်ရန် :: "........"

ဖိန့်ရန် ချက်ချင်းပဲ သေနတ်ကို ပြန်ယူလိုက်တယ်၊ သူ ဘယ်တုန်းကမှ သေနတ်တစ်လက်ကို ဒီလောက်မြန်မြန် မကောက်ဖူးဘူး၊ ဂိမ်းပွဲစစချင်း မြေပြင်ပေါ် ဆင်းတုန်းကတောင် အဲ့လောက် မမြန်ဘူး။

ယန်းကျွင် :: "ဒါပေမဲ့ ငါ မင်းသေနတ်ကို သုံးချင်သေးတယ်။"

ယန်းကျွင်က သူ့ဘေးမှာ ဒူးထောက်ပြီး ကိုယ်ပိုင်သေနတ်ကို လှမ်းပစ်ပေးလိုက်တယ် :: "ဒီတစ်ခါအတည်လဲမှာ... Multiplier buffနဲ့ နောက်တစ်ပွဲဆော့ဖို့ အခွင့်အရေးပေးလေနော်"

ဖိန့်ရန်က တုန့်ဆိုင်းခြင်းမရှိ လှည့်ထွက်သွားတယ် :: "တော်ပြီ မလဲတော့ဘူး။"

ယန်းကျွင်က ချက်ချင်း ကုန်းထပြီး သူ့နောက် ပြေးလိုက်သွားတယ်။ Boot campတစ်လျှောက်လုံး သူ ဖိန့်ရန်နောက်ကနေ ကပ်လိုက်လာတယ်။ ဖိန့်ရန်တစ်ယောက် ပစ္စည်းကောက်ဖို့ နောက်ဆုံး ရပ်တော့မှပဲ သူ ဖိန့်ရန်ရှေ့ ဒူးထောက်ချကာ မြေကြီးထိတဲ့ထိ ဦးညွှတ်လိုက်တယ်။

ဖိန့်ရန်ကလည်း ဦးညွှတ်တယ်။

ယန်းကျွင်က ထပ်ဦးညွှတ်ပြန်တယ်။

အရူးအပေါတွေလို သူညွှတ်လိုက်ငါညွှတ်လိုက် လုပ်ပြီးတဲ့နောက် ဖိန့်ရန်လည်း နောက်‌ဆုံးတော့ သူ့သေနတ်ကို ပေးလိုက်တော့တယ်။

ယန်းကျွင် :: "ထပ်ဦးမညွှတ်တော့ဘူးလား? တစ်ခေါက် လိုသေးတာကိုး"

ဖိန့်ရန် နားမလည်ပါဘူး :: "ဘာလို့ဆက်ဦးညွှတ်ရမှာလဲ?"

"ဘာမှမဟုတ်တော့ဘူး။"

ယန်းကျွင်က သူ့ဂိမ်းကာရိုက်တာကို auto-run စေပြီး မိုက်ကို ပိတ်လိုက်တယ်။ စီးကရက်တစ်လိပ်ကို မီးညှိရင်း သူတို့သာ အပြန်အလှန် တစ်ကြိမ် ထပ်ဦးညွှတ်လိုက်မယ်ဆိုရင် မင်္ဂလာဦးညကို ဆင်နွှဲလို့ရပြီ‌ဆိုပြီး အတွေးနယ်ချဲ့နေလေရဲ့။

သူတို့ နှစ်ပွဲလောက် ထပ်ကစားကြတယ်၊ အဲ့နောက် ဖိန့်ရန် ဝင်တော့မယ့်အချိန်မှာ ယန်းကျွင် ပြောလိုက်တယ် :; "ဒီတစ်ပွဲတော့ အခြားတစ်နေရာရာမှာ ဆင်းကြရအောင်။ ဒီဘက်မှာ မိုးတွေတအားရွာနေတယ်။ ငါ ခြေလှမ်းသံကို မကြားရဘူး။"

အဲ့တော့မှပဲ ဖိန့်ရန်လည်း သူ့ပြတင်းပေါက်ဘောင်ကို လာရိုက်ခတ်နေတဲ့ မိုးစက်တွေကို သတိပြုမိလိုက်တော့တယ်။

"ငါ့ဘက်မှာလည်း မိုးရွာနေတယ်"

ယန်းကျွင် :: "အင်း။ ငါတို့က တစ်မြို့တည်းမှာ နေနေကြတာ။ ငါက မန်ချန်း‌ကျောင်းခွဲနားမှာ နေတာ"

ဖိန့်ရန်ကလည်း များများစားစား မတွေးဘဲ ပြောလိုက်တယ် :: "ငါ အထက်တန်းတုန်းက မန်ချန်းကျောင်းခွဲမှာ တက်တာ"

"သိတယ်" ယန်းကျွင်က ပြောတယ် "ငါတို့က ကျောင်းတူတယ်လေ။"

ဖိန့်ရန် တောင့်ခဲသွားတယ်။ သူ အထက်တန်းတုန်းက ယန်းကျွင်ကို မြင်ဖူးခဲ့လားဆိုတာ မမှတ်မိတော့ဘူး။

တိတ်ဆိတ်သွားတာကို သတိပြုမိတော့ ယန်းကျွင်က ဆက်ပြောတယ် :: "မင်း တွေးနေတာ ရပ်လို့ရပြီ။ ငါတို့စာသင်ခန်းက အပေါ်ထပ် အောက်ထပ် ဖြစ်နေလို့ မသိကြတာ"

ဖိန့်ရန်က နားလည်ကြောင်း အသံပြုလိုက်တယ်။ အကြောင်းအရာက သူ့အတွက် နည်းနည်း ထူးဆန်းနေလို့ အေးအေးဆေးဆေး စဉ်းစားကြည့်ဖို့ အချိန်မရသေးခင်မှာဘဲ ယန်းကျွင်က သူ့အတွေးတွေကို နှောင့်ယှက်လိုက်တယ်။

"ခုန်တော့။ ငါ ဒီတစ်ပွဲမှာ မင်း ကြက်သားစားရအောင် carryပေးမယ်။"

သူတို့နှစ်ယောက်သား ညနေထိ Duoကစားနေကြလေရဲ့။ သူ ဂိမ်းထဲကနေ ထွက်ခါကြမှ အားလပ်ရက်မှာ လုပ်မယ်ဆိုတဲ့ သူ့အစီအစဉ်အားလုံးကို ရုတ်တရက် သတိရသွားတော့တယ်။

"မနက်ဖြန် ထပ်လာရှာအုံးနော်" ယန်းကျွင်က လေးတွဲ့တွဲ့ ပြောလိုက်တယ် :: "Boss"

ဘာပဲဖြစ်ဖြစ် အစီအစဉ်တွေလည်း ပျက်သွားပြီပဲကို ဖိန့်ရန် ထိုသို့တွေးလိုက်တယ်။

မအိပ်ခင်မှာ ဖိန့်ရန်က အကျင့်အရ Wechat ကို တစ်ခေါက် စစ်ဆေးလိုက်တယ်။ လော့ချင်ရှန်း ပို့ထားတဲ့ unread messageအစောင်နှစ်ဆယ်ကို မြင်တော့မှပဲ သူ ဒီနေ့ ဖြစ်ခဲ့တဲ့ အင်မတန် ရွံရှာစက်ဆုပ်ဖွယ် ကိစ္စကို ပြန်အမှတ်ရသွားတော့တယ်။

ညနေတုန်းက Dumbstruck Town အတွေ့အကြုံက သူ့ကို စိတ်လှုပ်ရှားစေလွန်းလို့ အဲ့ကိစ္စကို လုံးလုံးလျားလျား မေ့သွားတဲ့အထိပဲ။

ထင်ထားတဲ့အတိုင်းပါပဲ လော့ချင်ရှန်းရဲ့ messageတွေက အားလုံးဆင်ခြေချည်းပဲ၊ သူ gp chatကို မကြည့်မိလိုက်လို့ပါ၊ ဖိန့်ရန်နဲ့ စူးနျန်ကြား ပြဿနာကိုလည်း သူ မသိလိုက်တဲ့အ‌ကြောင်း၊ စူးနျန်နဲ့လည်း လုံးဝရေစက်ဖြတ်လိုက်ပါပြီဆိုတဲ့အကြောင်း၊ ဖိန့်ရန် အထင်လွဲတာ မခံချင်တဲ့အကြောင်း။

ဖတ်ပြီးတာနဲ့ ဖိန့်ရန်က chat history ကို ရှင်းထုတ်ပြီး အိပ်ဖို့ ပြင်တော့တယ်။

-----

အားလပ်ရက်လည်း တဖြုတ်ဖြုတ် ကုန်ဆုံးသွားတယ်၊ နောက်ဆုံးနေ့ ရောက်တော့ သူ့အမေဆီက ဝင်လာတဲ့ ဖုန်းတစ်ကောကို ရတဲ့အခါ ဖိန့်ရန်တစ်ယောက် ရုတ်တရက် ထိသွားတယ်။

သူ့‌အမေက သာကြောင်းမာကြောင်း မေးပြီး ဒီရက်ပိုင်းမှာ သူနဲ့အတူ မရှိပေးနိုင်တဲ့အတွက် တောင်းပန်လာတယ်။ ပြီးတော့ အားလပ်ရက်မှာ ဘာလုပ်ခဲ့လည်းဆိုပြီး မေးတယ်။

ဖိန့်ရန် သည်းသည်းမည်းမည်း မျက်တောင်ပုတ်ခတ်ပြီး အထစ်ထစ်အငေါ့ငေါ့ လိမ်ညာလိုက်တယ် :: "သား ပုံတစ်ချို့ ဆွဲတယ်။"

အမှန်က သူ ဂိမ်းကစားတာမှာပဲ ‌ပျော်မွေ့နေတာ ဘယ်လောက်ထိလည်းဆို သေနတ်ပစ်တဲ့အခါ ပြန်ကန်ထွက်လာတဲ့ အားကို ထိန်းချုပ်တဲ့ နည်းလမ်းတွေကိုပါ စတင်သင်ယူနေပြီ။

သူ ဖုန်းချပြီးတဲ့နောက် တွန့်ဆုတ်စွာဖြင့် ဒီနေ့ ကစားတာကို ရပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူ Wechat ကို ဖွင့်လိုက်တာနဲ့ voice messageတစ်စောင် တန်းရောက်လာတယ်။

"မစ္စတာဖိန့် , ဂိမ်းက ယာဉ်အသစ် ထုတ်ထားတယ်၊ helicopter ။ passenger ဘက်ကနေပါ လှမ်းပစ်လို့ရတယ်။" ယန်းကျွင် ဆက်ပြောတယ် :: "မင်း ဘယ်အချိန် ဝင်လာမှာလဲ? ငါ မင်းကို helicopter စီးဖို့ ခေါ်သွားပေးမယ်။"

ဖိန့်ရန်က အောက်နှုတ်ခမ်းကို ကိုက်ပြီး စာရိုက်လိုက်တယ်။

"ဒီနေ့ မဆော့တော့ဘူး"

ဖျက်လိုက်တယ်။

"နောက်မှပေါ့"

ဖျက်လိုက်ပြန်တယ်။

ယန်းကျွင်တစ်ယောက် ပါးစပ်ထဲမှာ ယုန်ဖြူသကြားလုံးရဲ့ နို့အရသာကို ခံစားနေရင်း သူ့bossနဲ့ chat box ထိပ်ဆုံးမှာ 'စာရိုက်နေပါသည်..." ဆိုတဲ့စာတန်းကို ခပ်မြူးမြူး စိုက်ကြည့်နေလေရဲ့။

ဘယ်လောက်ကြာသွားလဲ မသိချိန်မှာ

ဖိန့်ရန် :: [ကောင်းပြီလေ]

ယန်းကျွင်နှုတ်ခမ်းထောင့်က အလိုလိုကွေးတက်သွားပြီး သကြားလုံးကို တစ်ကိုက်တည်း ဝါးစားပစ်လိုက်တယ်။

အပြစ်ရှိစိတ်လေး ဝင်နေတဲ့ ဖိန့်ရန်တစ်ယောက် ကွန်ပျူတာကို ဖွင့်ပြီး PUBGထဲ ဝင်လိုက်တယ်။ screenညာဘက်ထောင့်နားကနေ အသင်းဖိတ်ခေါ်စာ ရောက်လာတဲ့အခါ သူ အလိုအလျောက် join ကို နှိပ်လိုက်မိတယ်။

ဒါပေမဲ့ နှစ်ယောက်ဆုံတဲ့အခါ သူ့ဘေးကလူက တောက်ပြောင်နေတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းအစခြေအဆုံး limited editionတွေချည်းပဲ။

Hostက ဂိမ်းကို စပြီးမှပဲ ဖိန့်ရန် သတိပြုမိတော့တယ်။ တစ်ဖက်လူက Duo-queueကို ရွေးလိုက်တဲ့အတွက် အသင်းထဲမှာ သူတို့နှစ်ယောက်တည်း။

"ဖိန့်ရန်..." လော့ချင်ရှန်းအသံက နားကြပ်မှတစ်ဆင့် ဖြတ်သန်းရောက်ရှိလာတယ် :: အလွန်ကိုမှ နူးညံ့ပြီး နာကျင်နေဟန်။ သူက တိုးတိုးရေရွတ်တယ် :: "မင်း နောက်ဆုံးတော့ ကိုယ့်ကို ထပ်ပြီးလျစ်လျူမရှုတော့ဘူးပဲ။"

ယန်းကျွင်က ဖိန့်ရန်ကို ဖိတ်တော့မလို့ ပြင်လိုက်ပေမဲ့ 'ရန်ပေါင်ပေ့'က အတွဲရှိပြီးသား ဖြစ်နေတာကို မြင်လိုက်ရတယ်။

သူ အောက်ကို ထပ်ဆွဲကြည့်တော့ 'ရန်ပေါင်ပေ့ကိုချစ်တယ်' နဲ့ တွဲဖက် ဖြစ်နေတယ်တဲ့။

ယန်းကျွင် မျက်ဝန်းအစုံကို မှိတ်ပြီး တစ်ခဏလောက် ကြာမှ ဖုန်းကို ကောက်ကိုင်ကာ message ပို့လိုက်တယ်။

ယန်းကျွင် :: [ ? ]

ဖိန့်ရန် :: [ငါ မတော်တဆ ပွဲစလိုက်မိတယ်...]

ဖိန့်ရန် :: [မင်းတစ်ယောက်တည်း ခဏအရင်ကစား‌နှင့်နော်]

အဲ့ဒီနောက် ယန်းကျွင်က ထိုင်ခုံကို ပြန်မှီချကာ စီးကရက် စသောက်ရင်း ဖိန့်ရန်ID ကို စူးစိုက်ကြည့်နေလေရဲ့။

သူ့ဖုန်းက အသံမြည်လာတယ်။ သူ gpအသစ်တစ်ခုထဲ ထည့်ခံလိုက်ရတာ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ စူးနျန်မဟုတ်ဘူး။

လင်းခန်း :: [အခုကစပြီး ဒီကနေ စကားပြောကြရအောင်]

လင်းခန်း :: [ငါ ဖိန့်ရန်ကို ထည့်သင့်လား? @‌လော့ချင်ရှန်း]

လင်းခန်း :: [@‌လော့ချင်ရှန်း မင်း ဘယ်မှာလဲ?]

လော့ချင်ရှန်း :: [အခုမအားသေးဘူး]

လော့ချင်ရှန်း :: [ငါ့ကို လာမနှောင့်ယှက်နဲ့စမ်း။ ငါ အခု ဇနီးလေးနဲ့ နှစ်ယောက်တွဲ ဆော့နေတာကွ]

လင်းခန်း :: [ ?? မင်းတို့နှစ်ယောက် ပြန်တွဲတာလား?]

လော့ချင်ရှန်း :: [နောက်ဆုံးတော့ သူ ငါ့ကို လျစ်လျူမရှုတော့ဘူးလေ...‌ဟုတ်ပြီ ငါ သွားရတော့မယ်]

ယန်းကျွင်က gp chatကို ပိတ်လိုက်တယ်။ သူ စီးကရက်ကို မီးသတ်ဖို့ လုပ်လိုက်ပေမဲ့ သူ့လက်ချောင်းထိပ်ပေါ် မတော်တဆ ပြာမှုန်ကျလာတယ်။

သူ ပြာမှုန်ကို လျစ်လျူရှုပြီး လင်ရွှီးဟွမ့်ကို Wechat ကနေ ဖုန်းခေါ်လိုက်တယ်။

လင်ရွှီးဟွမ့်က တန်းကိုင်တယ် :: "ဘာကိစ္စလဲ၊ ငါ streamingနေတာ"

"မင်းအသင်းထဲမှာ နေရာတစ်နေရာရှိလား? ငါ့ကို ဖိတ်လိုက်"

လင်ရွှီးဟွမ့် တန့်သွားတယ် :: "ဘာလဲ, ငါ့ကို အတင်းဈေးရောင်းနေတာလား?"

"မင်းပိုက်‌ဆံကို လိုမနေဘူး" ယန်းကျွင်က လေသံတိုးတိုးဖြင့် ဆက်ပြောတယ် :: "မင်းအသင်းက rankမြင့်မြင့် ရှိတယ်လေ။ killရတာ ပိုကျေနပ်ဖို့ကောင်းမှာ"

လင်ရွှီးဟွမ့်က ရယ်လိုက်တယ် :: "မင်းက စိတ်ကြီးနေတာပဲ။ ကောင်းပြီလေ ငါ မင်းကို ဖိတ်လိုက်မယ်... ဒီနေ့ကျတော့ မင်းbossကို အဖော်မပြုတော့ဘူးလား?"

ယန်းကျွင်က တစ်ချက်ရယ်လိုက်သော်ငြား အသက်မပါပေ :: "အမ် Bossက ငါ့ကို ဒီနေ့မလိုတော့ဘူးတဲ့"

-----------

• ဟိုးးး stop! ဖိန့်ရန်ကို အထင်မလွဲကြပါနဲ့ ။ နောက်တစ်ပိုင်း ဆက်ဖတ်ကြပါ။ အဲ့တာကြောင့်မို့ နှစ်ပေါင်း ပေါင်းတင်ပေးတာ ဟဲဟဲ

• ဒါလေးကတော့ သွားမွှေနှောက်ရှာလာတဲ့ fan artတစ်ခုပေါ့နော်။ ယုန်ဖြူ နို့သကြားလုံးလေး><

________

[Zawgyi]

ဖိန႔္ရန္တစ္ေယာက္ ဒီတစ္ပြဲမွာ ငါးမိနစ္ေတာင္ မၾကာလိုက္ပါဘူး တန္းေသသြားေရာ။ ရန္သူက သူ႔ရဲ့ေသတၲာကို ေမႊေနွာက္ေနတာကို ျမင္လိုက္တဲ့အခါ မ်က္ေမွာင္မၾကဳပ္ဘဲ မေနႏိုင္ေတာ့ဘူး။

ဒီဂိမ္းက အဲ့ေလာက္ခက္တာလား?

သူ ဖုန္းကိုဖြင့္ၿပီး message boxရဲ့ ထိပ္ဆံုးကို စစ္ၾကၫ့္လိုက္တယ္။ လင္းခန္းက စူးန်န္တစ္ေယာက္ gpထဲမွာ ေသာက္က်ိဳးနည္းေတြ ေျပာေနတဲ့ ssတစ္ပံုလိုက္ႀကီးနဲ႔အတူ message မ်ားစြာ ပို႔ထားေလရဲ့။

လင္းခန္း :: [ငါ-ိုး! ငါ သူ႔ကို ေပ်ာ္ေပ်ာ္ေနတတ္ၿပီး စိတ္ရႈပ္ဖို႔ ေကာင္းတယ္လို႔ပဲ ထင္ထားမိတာ၊ တကယ္‌ေတာ့ သူက ပါးစပ္စည္းမေစာင့္တတ္တဲ့ ေကာင္လည္း ျဖစ္ေနေသးတာကိုး!]

လင္းခန္း :: [သူ မင္းကို အဲ့လိုလိုက္အပုပ္ခ်ေအာင္ မင္း ဘာလုပ္လိုက္မိလို႔လဲ? ငါ မင္းကို gpထဲ ထၫ့္ေပးရမလား? မစိုးရိမ္နဲ႔ ငါ မင္းဘက္မွာ ရိွတယ္!]

လင္းခန္း :: [မင္း ကိုယ္တိုင္ေျပာဖို႔ မရဲရင္လည္း ငါ သူ႔ကို ဆက္မေျပာဖို႔ သြားေျပာလိုက္မယ္၊ ငါတို႔အားလံုးက သူငယ္‌ခ်င္းေတြပဲ၊ သြားေျပာၿပီးတာေတာင္မွ အဲ့လိုဆက္ေျပာေနအံုးမယ္ဆို ငါ ျပတ္ျပတ္သားသား ေရစက္ျဖတ္ပစ္မယ္]

ဖိန႔္ရန္ :: [မလုပ္နဲ႔ ။ မင္းကို ေက်းဇူးတင္ပါတယ္]

ဖိန႔္ရန္ :: [မင္း ငါ့ဆီ ssေတြလည္း ထပ္မပို႔နဲ႔ေတာ့။ ေနာက္တစ္ေခါက္ေတြ့မွ မင္းကို ညစာလိုက္ဝယ္ေကြၽးမယ္။]

ဖိန႔္ရန္က chat history ကို ဖြင့္ၿပီး မ်က္ႏွာေသျဖင့္ ေနာက္တစ္ေခါက္ ထပ္ဖတ္လိုက္တယ္။

စူးန်န္ လံုးဝမွားေနတာေတာ့ မဟုတ္ဘူး။ စူးန်န္ဆိုတာ သူ႔ကိုယ္ပိုင္အခ်ိန္ကို ဖဲ့ေပးရေလာက္ထိ တန္တယ္လို႔ ဖိန႔္ရန္ မထင္ဘူး။

ယန္းကြၽင္ဆီက ဖိတ္ေခၚစာ ေရာက္လာေတာ့ ဖိန႔္ရန္က ဖုန္းကို ေဘးခ်ၿပီး 'လက္ခံသည္' ဟု ႏိွပ္လိုက္တယ္။

"Boss" ယန္းကြၽင္ရဲ့အသံက အခုမွ အိပ္ရာႏိုးသလိုမ်ိဳး အက္ရွရွ ျဖစ္ေနေလရဲ့။

"အမ္?" ဖိန႔္ရန္လည္း အလိုလို ျပန္ထူးလိုက္တယ္။

ထို႔ေနာက္ သူ ေျပာလိုက္တယ္ :: "မင္း ငါ့ကို အဲ့လိုေခၚဖို႔ မလို...."

ယန္းကြၽင္က သူ႔ဂိမ္းကာရိုက္တာရဲ့ ဝတ္စံုကို ခြၽတ္ၿပီး ဖိန႔္ရန္ဂိမ္းကာရိုက္တာနဲ႔အတူ သာမန္ဝတ္စံုဆင္တူကိုသာ ဝတ္ဆင္ထားတယ္။

သူ တစ္ခဏေလာက္ ေတြးၾကၫ့္ၿပီး သူ႔ဂိမ္းကာရိုက္တာကို မိန္းကေလးအသြင္ ေျပာင္းလဲလိုက္ေသးတယ္။

"ဒီေန့ေတာ့ မတူ‌တာေလးေတြ သြားလုပ္ၾကမလား?" ယန္းကြၽင္ ေမးလိုက္တယ္။

ဖိန႔္ရန္ :: "ဘယ္လိုမ်ိဳးလဲ?"

"Sanhokမွာ ႏွစ္ေယာက္တြဲ" ယန္းကြၽင္ ဆက္ေျပာတယ္ :: "မင္း killတစ္ခ်ိဳ႕ရေအာင္လို႔"

¶PUBGထဲမွာ Sanhokက ဖိလစ္ပိုင္နဲ႔ထိုင္းၾကားက ကြၽန္းတစ္ကြၽန္းကို inspireယူၿပီး ဂိမ္းထဲမွာ ေျမပံုဖန္တီးထားတာပါ။ ဂိမ္းအတြက္ လိုအပ္တဲ့ တန္ဆာပလာ‌‌ ေကာင္းေကာင္းေတြ ရႏိုင္ပါတယ္တဲ့ (ကိုယ္က PUBGမေဆာ့ဖူးတဲ့အတြက္ googleက‌ေန ကိုးကားထားတာပါ။ အမွားပါသြားရင္ လာေထာက္ျပလို႔ရပါတယ္)¶

ဖိန႔္ရန္ ရႈံ႔မဲ့မဲ့ ၿပံဳးလိုက္တယ္။ မေန့ညက သူတို႔ေတြ ၾကက္သားအမ်ားႀကီး စားလိုက္ရရင္ေတာင္ သူက ဘာkillမွ မရိွဘဲ ဂိမ္းပြဲေတြကို အဆံုးသတ္လိုက္ရတဲ့ တစ္ေယာက္သာသာပဲ။

အႏိုင္ပြဲစဉ္ေတြဆီ carryလုပ္တာ ခံရေပမဲ့လည္း သူ ေတာ္ေတာ္ေလး ေပ်ာ္ခဲ့ရတယ္ :: "ေကာင္းၿပီေလ"

ယန္းကြၽင္ ေျပာလိုက္တဲ့ 'killsရေအာင္' ဆိုတဲ့စကားက ျမန္ျမန္ဆန္ဆန္ ျမင္သာထင္ရွားလာေတာ့တယ္။

သူတို႔ ဂိမ္းပြဲစစခ်င္း ယန္းကြၽင္က 'Bootcamp'မွာ အမွတ္မွတ္လိုက္တယ္။

Bootcampကို 'Dumbstruck Town' လို႔လည္း သိၾကတယ္၊ ေကာက္ရတဲ့ပစၥည္းထက္ ရန္သူေသလို႔ရတဲ့ ေသတၲာအေရအတြက္က ပိုမ်ားေနတဲ့ ေနရာေပါ့။ အဲ့ေနရာမွာ ေျခခ်ၿပီးတာနဲ႔ အၾကမ္းပတမ္း တိုက္ခိုက္ေပေတာ့ပဲ။

"ခုန္ေတာ့" ယန္းကြၽင္က သူ႔ကို သတိေပးလိုက္တယ္။

ဖိန႔္ရန္ကလည္း အလ်င္အျမန္ 'F'ကို ႏိွပ္ကာ မေန့က ယန္းကြၽင္ သင္ေပးထားတဲ့အတိုင္း ေလထီးခုန္လိုက္တယ္။

သူ Bootcampဆီ ေျခခ်ခါနီးမွာပဲ အေနာက္ကို လွၫ့္ၾကၫ့္လိုက္ေတာ့ ကစားသမားတစ္ပံုႀကီးကို ျမင္လိုက္ရတယ္ :: "........"

"ကုန္ေလွာင္ရံုသံုးရံုေပၚမွာ ဆင္းလိုက္၊ ငါ့ေနာက္ကေန ကပ္လိုက္ခဲ့"

သူတို႔ ေျမျပင္ေပၚကို ေရာက္ေတာ့ ဖိန႔္ရန္တစ္ေယာက္ သူ႔နားၾကပ္ထဲမွာ ၾကားေနရတဲ့ တစ္ခုတည္းေသာ အသံက တရစပ္ေသနတ္သံေတြပဲ၊ ဟိုအရင္က သူ တက္ဖူးတဲ့ orchestra ေဖ်ာ္ေျဖပြဲကိုေတာင္ သြားသတိရမိတယ္။

သူ ကမန္းကတန္း ေသနတ္ကို ေကာက္ကိုင္လိုက္တယ္။ သူ က်ည္ထိုးလို႔ၿပီးတဲ့အခ်ိန္မွာ ယန္းကြၽင္က ႏွစ္ေယာက္သတ္ၿပီးေနၿပီ။

ဖိန႔္ရန္ သူ႔ဆီ ေျပးသြားမလို႔ရိွေသး အေနာက္ကေန တံခါးဖြင့္လာတဲ့အသံကို ၾကားလိုက္ရတယ္။ ေနာက္ခဏမွာပဲ ရန္သူကစားသမားရဲ့ ရက္ရက္စက္စက္ သတ္ျခင္းခံလိုက္ရတယ္။ ထိုကစားသမားကေတာ့ ျမန္ျမန္ဆန္ဆန္ အျပင္ျပန္ထြက္သြားတယ္။

ထိုကစားသမားက ခပ္လွမ္းလွမ္းကို ေျပးသြားတာေၾကာင့္ ယန္းကြၽင္ ေရာက္လာခ်ိန္မွာ သူ႔ကို မျမင္ရေတာ့ဘူး။ သူ အသင္းႏွစ္သင္းကို အျပတ္ရွင္းၿပီးတာနဲ႔ ေမးလိုက္တယ္ :: "မင္းကို သတ္လိုက္တဲ့သူက ဘာဝတ္စံုဝတ္ထားတာလဲ?"

ဒီေမးခြန္းက ဖိန႔္ရန္ကို အံ့အားသင့္သြားေစတယ္ :: "ငါထင္တာ...သာမန္ဝတ္စံုပဲ။ စိတ္ထဲမထားနဲ႔"

"ငါ့ကို ေစာင့္ရင္း ပြဲခဏၾကၫ့္ေန" ယန္းကြၽင္က ‌ပစၥည္းေကာက္လို႔ၿပီးေတာ့ "ငါ ျမန္ျမန္ျပန္လာခဲ့မယ္"

ဆယ္မိနစ္အၾကာမွာ Boot campထဲက သာမန္ဝတ္စံု ဝတ္ထားတဲ့ ရန္သူကစားသမားတိုင္းကို ရွင္းထုတ္ပစ္ခဲ့တဲ့ ယန္းကြၽင္တစ္ေယာက္ ေသနတ္ကိုင္ေဆာင္ကာ ျပန္ေရာက္လာတယ္။

အသင္းတစ္သင္းတည္း က်န္ေတာ့တဲ့အခ်ိန္မွာ ယန္းကြၽင္က ကစားသမားထဲက တစ္ေယာက္ကို knock outလုပ္ကာ မိုက္ဖြင့္ေမးလိုက္တယ္ :: "မင္းအသင္းသားက ဘာဝတ္စံုဝတ္ထားတာလဲ?"

ထိုကစားသမားကလည္း ဘာျဖစ္သြားမွန္း မသိလိုက္ေတာ့ လိမ္လိမ္မာမာ ျပန္ေျဖတယ္ :: "PlayerUnknown's trench coat တအားေဈးႀကီးတယ္။ ခင္ဗ်ား လိုခ်င္လို႔လား? ကြၽန္ေတာ္ သူ႔ကို ခြၽတ္ခိုင္းၿပီး ခင္ဗ်ားကို ေပးမယ္ေလ။"

အဲ့ေနာက္ ရန္သူကစားသမားရဲ့ ခါးသီးတဲ့ အၾကၫ့္ေအာက္မွာ ယန္းကြၽင္က သူ႔ကိုယ္သူ ေဖာက္ခြဲပစ္လိုက္ေတာ့တယ္။

ဖိန႔္ရန္ ေၾကာင္အသြားတယ္ :: "မင္းကိုယ္မင္း ေဖာက္ခြဲပစ္ဖို႔ မလိုဘူးေလ၊ ငါ ဒီတိုင္းပြဲၾကၫ့္ေပးလို႔လည္း ရပါတယ္။"

"မင္း မရိွလို႔ ငါ ဆက္မေဆာ့ေတာ့ဘူး။" ယန္းကြၽင္က ဆိုတယ္ :: "ေနာက္တစ္ပြဲအတြက္ 'ready' ကို ႏိွပ္လိုက္"

ေလယာဉ္ေပၚကေန သံုးခါဆက္တိုက္ ခုန္ခ်လို႔အၿပီးမွာေတာ့ ဖိန႔္ရန္တစ္ေယာက္ one killႏိုင္လိုက္ၿပီေလ။

"ယန္းကြၽင္ ငါ killလိုက္ႏိုင္ၿပီ!" ဖိန႔္ရန္ သူ႔လက္ဖဝါးတစ္ခုလံုး စိတ္လႈပ္ရွားမႈေၾကာင့္ ေလာင္ကြၽမ္းသြားသလိုေတာင္ ခံစားလိုက္ရတယ္။ သူ လႊတ္ခနဲ ေျပာလိုက္ေသးတယ္ :: "အဲတာပဲ မဟုတ္ဘူး... ငါ ႏွစ္ေယာက္ killႏိုင္လိုက္တယ္!"

အခ်ိန္ေနွာင္းမွ သူ ရွက္စိတ္ဝင္လာမိတယ္-သံုးပြဲမွာမွ two kills ။ ယန္းကြၽင္ႏွစ္ေယာက္တြဲ ကစားဖူးတဲ့ ဘယ္ကစားသမားမဆို ဒီထက္ေတာ့ အမ်ားႀကီး ပိုေကာင္းေအာင္ လုပ္ႏိုင္မွာ။

"ငါ ျမင္လိုက္တယ္" ယန္းကြၽင္က ေအးေဆးေပါ့ပါးစြာ ဆက္ေျပာတယ္ :: "မင္း ေတာ္တယ္။"

ဖိန႔္ရန္ႏွလံုးခုန္ႏႈန္းက အရမ္းျမန္ေနၿပီ၊ သူ စာေမးပြဲေျဖတာထက္ေတာင္ ပိုစိတ္လႈပ္ရွားေနတာ။

သူ killႏိုင္ျခင္းရဲ့ အရသာကို သိသြားတာနဲ႔ ေနာက္ထပ္တစ္ေယာက္ကိုပါ ထပ္killႏိုင္လိုက္တယ္။ မိနစ္တစ္ခ်ိဳ႕ ၾကာၿပီးခ်ိန္မွာေတာ့ Dumbstruck Townႀကီးက တိတ္ဆိတ္သြားၿပီ။

"ယန္းကြၽင္" ဖိန႔္ရန္က အတည္ျပဳဖို႔ တိုးတိုးေလး ‌လွမ္းေမးလိုက္တယ္ :: "ငါ ထင္တာ အားလံုးကုန္သြားၿပီလားလို႔?"

ယန္းကြၽင္က ရယ္ရင္း "အင္း ငါတို႔ေတြ အားလံုးကို ရွင္းထုတ္ႏိုင္လိုက္ၿပီ... မင္း အသံတိုးစရာ မလိုဘူးေလ။ မင္း ေျပာတာကို ငါတစ္ေယာက္ပဲ ၾကားႏိုင္တာ"

အဲ့ေတာ့မွပဲ ဖိန႔္ရန္တစ္ေယာက္ ကိုယ့္ကိုယ္ကိုယ္ ငတံုးမွန္း သေဘာေပါက္လိုက္တယ္။ သူ ေဆာင့္ေၾကာင့္ထိုင္ၿပီး ပစၥည္းလိုက္ေကာက္ေနတုန္း ယန္းကြၽင္က ရုတ္တရက္ ျပတင္းေပါက္ကေန ေက်ာ္ဝင္လာတယ္။ မေန့ညက ဖိန႔္ရန္တစ္ေယာက္ ဒီလိုလႈပ္ရွားမႈအတြက္ အလိုလိုတုန႔္ျပန္ႏိုင္စြမ္းက ျမင့္တက္သြားၿပီ။ သူ ေတြးေတာင္မေတြးေတာ့ဘဲ သူ႔ေသနတ္ကို ျဖဳတ္ကာ ေျမျပင္ေပၚ ပစ္တင္ေပးလိုက္တယ္။

¶အေရ႔ွပိုင္းေတြတုန္းက ယန္းကြၽင္က ဖိန႔္ရန္ရိွတဲ့ေနရာဆီ ျပတင္းေပါက္ကေန ေက်ာ္ဝင္လာၿပီး ဖိန႔္ရန္ရဲ့ေသနတ္ကို လာလာေတာင္းတတ္တယ္ေလ။ အဲ့တာေၾကာင့္ အခုလည္း ဖိန႔္ရန္က သူ႔ေသနတ္ လာေတာင္းတယ္ ထင္သြားတာ¶

ယန္းကြၽင္ရဲ့ ဂိမ္းကာရိုက္တာက သိသိသာသာ ရပ္တန႔္သြားတယ္။ တစ္ခဏၾကာေတာ့ ယန္းကြၽင္က ရယ္သံေနွာရင္း ေျပာလာတယ္ :: "ငါ ဒီေသတၲာထဲမွာ အပိုမွန္ေျပာင္းေလးမ်ား ရိွမလားလို႔ လာၾကၫ့္ရံုပါ။"

ဖိန႔္ရန္ :: "........"

ဖိန႔္ရန္ ခ်က္ခ်င္းပဲ ေသနတ္ကို ျပန္ယူလိုက္တယ္၊ သူ ဘယ္တုန္းကမွ ေသနတ္တစ္လက္ကို ဒီေလာက္ျမန္ျမန္ မေကာက္ဖူးဘူး၊ ဂိမ္းပြဲစစခ်င္း ေျမျပင္ေပၚ ဆင္းတုန္းကေတာင္ အဲ့ေလာက္ မျမန္ဘူး။

ယန္းကြၽင္ :: "ဒါေပမဲ့ ငါ မင္းေသနတ္ကို သံုးခ်င္ေသးတယ္။"

ယန္းကြၽင္က သူ႔ေဘးမွာ ဒူးေထာက္ၿပီး ကိုယ္ပိုင္ေသနတ္ကို လွမ္းပစ္ေပးလိုက္တယ္ :: "ဒီတစ္ခါအတည္လဲမွာ... Multiplier buffနဲ႔ ေနာက္တစ္ပြဲေဆာ့ဖို႔ အခြင့္အေရးေပးေလေနာ္"

ဖိန႔္ရန္က တုန႔္ဆိုင္းျခင္းမရိွ လွၫ့္ထြက္သြားတယ္ :: "ေတာ္ၿပီ မလဲေတာ့ဘူး။"

ယန္းကြၽင္က ခ်က္ခ်င္း ကုန္းထၿပီး သူ႔ေနာက္ ေျပးလိုက္သြားတယ္။ Boot campတစ္ေလ်ွာက္လံုး သူ ဖိန႔္ရန္ေနာက္ကေန ကပ္လိုက္လာတယ္။ ဖိန႔္ရန္တစ္ေယာက္ ပစၥည္းေကာက္ဖို႔ ေနာက္ဆံုး ရပ္ေတာ့မွပဲ သူ ဖိန႔္ရန္ေရ႔ွ ဒူးေထာက္ခ်ကာ ေျမၾကီးထိတဲ့ထိ ဦးၫႊတ္လိုက္တယ္။

ဖိန႔္ရန္ကလည္း ဦးၫႊတ္တယ္။

ယန္းကြၽင္က ထပ္ဦးၫႊတ္ျပန္တယ္။

အရူးအေပါေတြလို သူၫႊတ္လိုက္ငါၫႊတ္လိုက္ လုပ္ၿပီးတဲ့ေနာက္ ဖိန႔္ရန္လည္း ေနာက္‌ဆံုးေတာ့ သူ႔ေသနတ္ကို ေပးလိုက္ေတာ့တယ္။

ယန္းကြၽင္ :: "ထပ္ဦးမၫႊတ္ေတာ့ဘူးလား? တစ္ေခါက္ လိုေသးတာကိုး"

ဖိန႔္ရန္ နားမလည္ပါဘူး :: "ဘာလို႔ဆက္ဦးၫႊတ္ရမွာလဲ?"

"ဘာမွမဟုတ္ေတာ့ဘူး။"

ယန္းကြၽင္က သူ႔ဂိမ္းကာရိုက္တာကို auto-run ေစၿပီး မိုက္ကို ပိတ္လိုက္တယ္။ စီးကရက္တစ္လိပ္ကို မီးၫွိ႔ရင္း သူတို႔သာ အျပန္အလွန္ တစ္ႀကိမ္ ထပ္ဦးၫႊတ္လိုက္မယ္ဆိုရင္ မဂၤလာဦးညကို ဆင္ႏႊဲလို႔ရၿပီ‌ဆိုၿပီး အေတြးနယ္ခ်ဲ့ေနေလရဲ့။

သူတို႔ ႏွစ္ပြဲေလာက္ ထပ္ကစားၾကတယ္၊ အဲ့ေနာက္ ဖိန႔္ရန္ ဝင္ေတာ့မယ့္အခ်ိန္မွာ ယန္းကြၽင္ ေျပာလိုက္တယ္ :; "ဒီတစ္ပြဲေတာ့ အျခားတစ္ေနရာရာမွာ ဆင္းၾကရေအာင္။ ဒီဘက္မွာ မိုးေတြတအားရြာေနတယ္။ ငါ ေျခလွမ္းသံကို မၾကားရဘူး။"

အဲ့ေတာ့မွပဲ ဖိန႔္ရန္လည္း သူ႔ျပတင္းေပါက္ေဘာင္ကို လာရိုက္ခတ္ေနတဲ့ မိုးစက္ေတြကို သတိျပဳမိလိုက္ေတာ့တယ္။

"ငါ့ဘက္မွာလည္း မိုးရြာေနတယ္"

ယန္းကြၽင္ :: "အင္း။ ငါတို႔က တစ္ၿမိဳ႔တည္းမွာ ေနေနၾကတာ။ ငါက မန္ခ်န္း‌ေက်ာင္းခြဲနားမွာ ေနတာ"

ဖိန႔္ရန္ကလည္း မ်ားမ်ားစားစား မေတြးဘဲ ေျပာလိုက္တယ္ :: "ငါ အထက္တန္းတုန္းက မန္ခ်န္းေက်ာင္းခြဲမွာ တက္တာ"

"သိတယ္" ယန္းကြၽင္က ေျပာတယ္ "ငါတို႔က ေက်ာင္းတူတယ္ေလ။"

ဖိန႔္ရန္ ေတာင့္ခဲသြားတယ္။ သူ အထက္တန္းတုန္းက ယန္းကြၽင္ကို ျမင္ဖူးခဲ့လားဆိုတာ မမွတ္မိေတာ့ဘူး။

တိတ္ဆိတ္သြားတာကို သတိျပဳမိေတာ့ ယန္းကြၽင္က ဆက္ေျပာတယ္ :: "မင္း ေတြးေနတာ ရပ္လို႔ရၿပီ။ ငါတို႔စာသင္ခန္းက အေပၚထပ္ ေအာက္ထပ္ ျဖစ္ေနလို႔ မသိၾကတာ"

ဖိန႔္ရန္က နားလည္ေၾကာင္း အသံျပဳလိုက္တယ္။ အေၾကာင္းအရာက သူ႔အတြက္ နည္းနည္း ထူးဆန္းေနလို႔ ေအးေအးေဆးေဆး စဉ္းစားၾကၫ့္ဖို႔ အခ်ိန္မရေသးခင္မွာဘဲ ယန္းကြၽင္က သူ႔အေတြးေတြကို ေနွာင့္ယွက္လိုက္တယ္။

"ခုန္ေတာ့။ ငါ ဒီတစ္ပြဲမွာ မင္း ၾကက္သားစားရေအာင္ carryေပးမယ္။"

သူတို႔ႏွစ္ေယာက္သား ညေနထိ Duoကစားေနၾကေလရဲ့။ သူ ဂိမ္းထဲကေန ထြက္ခါၾကမွ အားလပ္ရက္မွာ လုပ္မယ္ဆိုတဲ့ သူ႔အစီအစဉ္အားလံုးကို ရုတ္တရက္ သတိရသြားေတာ့တယ္။

"မနက္ျဖန္ ထပ္လာရွာအံုးေနာ္" ယန္းကြၽင္က ေလးတြဲ႔တြဲ႔ ေျပာလိုက္တယ္ :: "Boss"

ဘာပဲျဖစ္ျဖစ္ အစီအစဉ္ေတြလည္း ပ်က္သြားၿပီပဲကို ဖိန႔္ရန္ ထိုသို႔ေတြးလိုက္တယ္။

မအိပ္ခင္မွာ ဖိန႔္ရန္က အက်င့္အရ Wechat ကို တစ္ေခါက္ စစ္ေဆးလိုက္တယ္။ ေလာ့ခ်င္ရွန္း ပို႔ထားတဲ့ unread messageအေစာင္ႏွစ္ဆယ္ကို ျမင္ေတာ့မွပဲ သူ ဒီေန့ ျဖစ္ခဲ့တဲ့ အင္မတန္ ရြံရွာစက္ဆုပ္ဖြယ္ ကိစၥကို ျပန္အမွတ္ရသြားေတာ့တယ္။

ညေနတုန္းက Dumbstruck Town အေတြ့အႀကံဳက သူ႔ကို စိတ္လႈပ္ရွားေစလြန္းလို႔ အဲ့ကိစၥကို လံုးလံုးလ်ားလ်ား ေမ့သြားတဲ့အထိပဲ။

ထင္ထားတဲ့အတိုင္းပါပဲ ေလာ့ခ်င္ရွန္းရဲ့ messageေတြက အားလံုးဆင္ေျခခ်ည္းပဲ၊ သူ gp chatကို မၾကၫ့္မိလိုက္လို႔ပါ၊ ဖိန႔္ရန္နဲ႔ စူးန်န္ၾကား ျပႆနာကိုလည္း သူ မသိလိုက္တဲ့အ‌ေၾကာင္း၊ စူးန်န္နဲ႔လည္း လံုးဝေရစက္ျဖတ္လိုက္ပါၿပီဆိုတဲ့အေၾကာင္း၊ ဖိန႔္ရန္ အထင္လြဲတာ မခံခ်င္တဲ့အေၾကာင္း။

ဖတ္ၿပီးတာနဲ႔ ဖိန႔္ရန္က chat history ကို ရွင္းထုတ္ၿပီး အိပ္ဖို႔ ျပင္ေတာ့တယ္။

-----

အားလပ္ရက္လည္း တျဖဳတ္ျဖဳတ္ ကုန္ဆံုးသြားတယ္၊ ေနာက္ဆံုးေန့ ေရာက္ေတာ့ သူ႔အေမဆီက ဝင္လာတဲ့ ဖုန္းတစ္ေကာကို ရတဲ့အခါ ဖိန႔္ရန္တစ္ေယာက္ ရုတ္တရက္ ထိသြားတယ္။

သူ႔‌အေမက သာေၾကာင္းမာေၾကာင္း ေမးၿပီး ဒီရက္ပိုင္းမွာ သူနဲ႔အတူ မရိွေပးႏိုင္တဲ့အတြက္ ေတာင္းပန္လာတယ္။ ၿပီးေတာ့ အားလပ္ရက္မွာ ဘာလုပ္ခဲ့လည္းဆိုၿပီး ေမးတယ္။

ဖိန႔္ရန္ သည္းသည္းမည္းမည္း မ်က္ေတာင္ပုတ္ခတ္ၿပီး အထစ္ထစ္အေငါ့ေငါ့ လိမ္ညာလိုက္တယ္ :: "သား ပံုတစ္ခ်ိဳ႕ ဆြဲတယ္။"

အမွန္က သူ ဂိမ္းကစားတာမွာပဲ ‌ေပ်ာ္ေမြ့ေနတာ ဘယ္ေလာက္ထိလည္းဆို ေသနတ္ပစ္တဲ့အခါ ျပန္ကန္ထြက္လာတဲ့ အားကို ထိန္းခ်ဳပ္တဲ့ နည္းလမ္းေတြကိုပါ စတင္သင္ယူေနၿပီ။

သူ ဖုန္းခ်ၿပီးတဲ့ေနာက္ တြန႔္ဆုတ္စြာျဖင့္ ဒီေန့ ကစားတာကို ရပ္ဖို႔ ဆံုးျဖတ္လိုက္တယ္။

သူ Wechat ကို ဖြင့္လိုက္တာနဲ႔ voice messageတစ္ေစာင္ တန္းေရာက္လာတယ္။

"မစၥတာဖိန႔္ , ဂိမ္းက ယာဉ္အသစ္ ထုတ္ထားတယ္၊ helicopter ။ passenger ဘက္ကေနပါ လွမ္းပစ္လို႔ရတယ္။" ယန္းကြၽင္ ဆက္ေျပာတယ္ :: "မင္း ဘယ္အခ်ိန္ ဝင္လာမွာလဲ? ငါ မင္းကို helicopter စီးဖို႔ ေခၚသြားေပးမယ္။"

ဖိန႔္ရန္က ေအာက္ႏႈတ္ခမ္းကို ကိုက္ၿပီး စာရိုက္လိုက္တယ္။

"ဒီေန့ မေဆာ့ေတာ့ဘူး"

ဖ်က္လိုက္တယ္။

"ေနာက္မွေပါ့"

ဖ်က္လိုက္ျပန္တယ္။

ယန္းကြၽင္တစ္ေယာက္ ပါးစပ္ထဲမွာ ယုန္ျဖဴသၾကားလံုးရဲ့ ႏို႔အရသာကို ခံစားေနရင္း သူ႔bossနဲ႔ chat box ထိပ္ဆံုးမွာ 'စာရိုက္ေနပါသည္..." ဆိုတဲ့စာတန္းကို ခပ္ျမဴးျမဴး စိုက္ၾကၫ့္ေနေလရဲ့။

ဘယ္ေလာက္ၾကာသြားလဲ မသိခ်ိန္မွာ

ဖိန႔္ရန္ :: [ေကာင္းၿပီေလ]

ယန္းကြၽင္ႏႈတ္ခမ္းေထာင့္က အလိုလိုေကြးတက္သြားၿပီး သၾကားလံုးကို တစ္ကိုက္တည္း ဝါးစားပစ္လိုက္တယ္။

အျပစ္ရိွစိတ္ေလး ဝင္ေနတဲ့ ဖိန႔္ရန္တစ္ေယာက္ ကြန္ပ်ူတာကို ဖြင့္ၿပီး PUBGထဲ ဝင္လိုက္တယ္။ screenညာဘက္ေထာင့္နားကေန အသင္းဖိတ္ေခၚစာ ေရာက္လာတဲ့အခါ သူ အလိုအေလ်ာက္ join ကို ႏိွပ္လိုက္မိတယ္။

ဒါေပမဲ့ ႏွစ္ေယာက္ဆံုတဲ့အခါ သူ႔ေဘးကလူက ေတာက္ေျပာင္ေနတဲ့ ဝတ္စံုကို ဝတ္ဆင္ထားၿပီး ေခါင္းအစေျခအဆံုး limited editionေတြခ်ည္းပဲ။

Hostက ဂိမ္းကို စၿပီးမွပဲ ဖိန႔္ရန္ သတိျပဳမိေတာ့တယ္။ တစ္ဖက္လူက Duo-queueကို ေရြးလိုက္တဲ့အတြက္ အသင္းထဲမွာ သူတို႔ႏွစ္ေယာက္တည္း။

"ဖိန႔္ရန္..." ေလာ့ခ်င္ရွန္းအသံက နားၾကပ္မွတစ္ဆင့္ ျဖတ္သန္းေရာက္ရိွလာတယ္ :: အလြန္ကိုမွ ႏူးညံ့ၿပီး နာက်င္ေနဟန္။ သူက တိုးတိုးေရရြတ္တယ္ :: "မင္း ေနာက္ဆံုးေတာ့ ကိုယ့္ကို ထပ္ၿပီးလ်စ္လ်ူမရႈေတာ့ဘူးပဲ။"

ယန္းကြၽင္က ဖိန႔္ရန္ကို ဖိတ္ေတာ့မလို႔ ျပင္လိုက္ေပမဲ့ 'ရန္ေပါင္ေပ့'က အတြဲရိွၿပီးသား ျဖစ္ေနတာကို ျမင္လိုက္ရတယ္။

သူ ေအာက္ကို ထပ္ဆြဲၾကၫ့္ေတာ့ 'ရန္ေပါင္ေပ့ကိုခ်စ္တယ္' နဲ႔ တြဲဖက္ ျဖစ္ေနတယ္တဲ့။

ယန္းကြၽင္ မ်က္ဝန္းအစံုကို မိွတ္ၿပီး တစ္ခဏေလာက္ ၾကာမွ ဖုန္းကို ေကာက္ကိုင္ကာ message ပို႔လိုက္တယ္။

ယန္းကြၽင္ :: [ ? ]

ဖိန႔္ရန္ :: [ငါ မေတာ္တဆ ပြဲစလိုက္မိတယ္...]

ဖိန႔္ရန္ :: [မင္းတစ္ေယာက္တည္း ခဏအရင္ကစား‌ႏွင့္ေနာ္]

အဲ့ဒီေနာက္ ယန္းကြၽင္က ထိုင္ခံုကို ျပန္မွီခ်ကာ စီးကရက္ စေသာက္ရင္း ဖိန႔္ရန္ID ကို စူးစိုက္ၾကၫ့္ေနေလရဲ့။

သူ႔ဖုန္းက အသံျမည္လာတယ္။ သူ gpအသစ္တစ္ခုထဲ ထၫ့္ခံလိုက္ရတာ ဒါေပမဲ့ ဒီတစ္ႀကိမ္ေတာ့ စူးန်န္မဟုတ္ဘူး။

လင္းခန္း :: [အခုကစၿပီး ဒီကေန စကားေျပာၾကရေအာင္]

လင္းခန္း :: [ငါ ဖိန႔္ရန္ကို ထၫ့္သင့္လား? @‌ေလာ့ခ်င္ရွန္း]

လင္းခန္း :: [@‌ေလာ့ခ်င္ရွန္း မင္း ဘယ္မွာလဲ?]

ေလာ့ခ်င္ရွန္း :: [အခုမအားေသးဘူး]

ေလာ့ခ်င္ရွန္း :: [ငါ့ကို လာမေနွာင့္ယွက္နဲ႔စမ္း။ ငါ အခု ဇနီးေလးနဲ႔ ႏွစ္ေယာက္တြဲ ေဆာ့ေနတာကြ]

လင္းခန္း :: [ ?? မင္းတို႔ႏွစ္ေယာက္ ျပန္တြဲတာလား?]

ေလာ့ခ်င္ရွန္း :: [ေနာက္ဆံုးေတာ့ သူ ငါ့ကို လ်စ္လ်ူမရႈေတာ့ဘူးေလ...‌ဟုတ္ၿပီ ငါ သြားရေတာ့မယ္]

ယန္းကြၽင္က gp chatကို ပိတ္လိုက္တယ္။ သူ စီးကရက္ကို မီးသတ္ဖို႔ လုပ္လိုက္ေပမဲ့ သူ႔လက္ေခ်ာင္းထိပ္ေပၚ မေတာ္တဆ ျပာမႈန္က်လာတယ္။

သူ ျပာမႈန္ကို လ်စ္လ်ူရႈၿပီး လင္ရႊီးဟြမ့္ကို Wechat ကေန ဖုန္းေခၚလိုက္တယ္။

လင္ရႊီးဟြမ့္က တန္းကိုင္တယ္ :: "ဘာကိစၥလဲ၊ ငါ streamingေနတာ"

"မင္းအသင္းထဲမွာ ေနရာတစ္ေနရာရိွလား? ငါ့ကို ဖိတ္လိုက္"

လင္ရႊီးဟြမ့္ တန႔္သြားတယ္ :: "ဘာလဲ, ငါ့ကို အတင္းေဈးေရာင္းေနတာလား?"

"မင္းပိုက္‌ဆံကို လိုမေနဘူး" ယန္းကြၽင္က ေလသံတိုးတိုးျဖင့္ ဆက္ေျပာတယ္ :: "မင္းအသင္းက rankျမင့္ျမင့္ ရိွတယ္ေလ။ killရတာ ပိုေက်နပ္ဖို႔ေကာင္းမွာ"

လင္ရႊီးဟြမ့္က ရယ္လိုက္တယ္ :: "မင္းက စိတ္ႀကီးေနတာပဲ။ ေကာင္းၿပီေလ ငါ မင္းကို ဖိတ္လိုက္မယ္... ဒီေန့က်ေတာ့ မင္းbossကို အေဖာ္မျပဳေတာ့ဘူးလား?"

ယန္းကြၽင္က တစ္ခ်က္ရယ္လိုက္ေသာ္ျငား အသက္မပါေပ :: "အမ္ Bossက ငါ့ကို ဒီေန့မလိုေတာ့ဘူးတဲ့"

-----------

• ဟိုးးး stop! ဖိန႔္ရန္ကို အထင္မလြဲၾကပါနဲ႔ ။ ေနာက္တစ္ပိုင္း ဆက္ဖတ္ၾကပါ။ အဲ့တာေၾကာင့္မို႔ ႏွစ္ေပါင္း ေပါင္းတင္ေပးတာ ဟဲဟဲ

• ဒါေလးကေတာ့ သြားေမႊေနွာက္ရွာလာတဲ့ fan artတစ္ခုေပါ့ေနာ္။ ယုန္ျဖဴ ႏို႔သၾကားလံုးေလး><

________

Continue Reading

You'll Also Like

997K 32.6K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်
216K 21.5K 81
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
1.2M 64.5K 51
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...