မြတ်နိုးမိသော

By ThetYeaw

5.3K 117 3

တကယ်တော့လေ ငါသိပ်ကိုချစ်တာပါ မင်းမမြင်ခဲ့တာမှမဟုတ်တာ မမြင်ချင်ယောင်ဆောင်ခဲ့တာလေ....အကယ်၍လောကကြီးကသာနောက်ထပ်ရွ... More

အခွင့်ရေးရလည်း ရူမိုက်စွာချစ်မှာပဲ ဒါမယ်ဒီတစ်ကြိမ်တော့ မင်းမသိလည်းဖစ်တယ်.....
သူငယ်ချင်း.......
နှလုံးသားအနီးရင်တောင် မဝေးချင်ဘူး
မင်းကမ္ဘာမြတ် သို့ သွေးသက်မောင်
ထပ်မတွေ့စေနဲ့
အရမ်းမဆိုးပါနဲ့ဟာ
အိမ်မက်မက်နေလိုက် ဟမ့်..
နှလုံးသားခံစားမှု
နောက်ဘဝကြလည်းသူ့အကိုကြီးပဲ ဖစ်ချင်တယ်

သတ်မှတ်ချက်

176 10 1
By ThetYeaw

"ကိုကို"
"ဖူးထိုင်လေ"
"ဖူးဘာသောက်မလဲ"
"အအေးပဲ မှာပေးနော်"
"အအေးတစ်ပုလင်းလောက်"
"ကိုကို ရှင်းပါအုံး တစ်ပတ်လောက် အဆက်သွယ် မလုပ်ရတဲ့အကြောင်းအရင်း မရည်ရွယ်ခ လို့ပဲ ပြောအုံးမှာလား"
"သဲရယ် ဖုန်းထဲမှာလဲ ကိုယ်ရှင်းပြပီးပီလေ သူကကိူယ့်သူငယ်ချင်း အိမ်နီးနားချင်းလည်းဖစ်တယ် မိဘတွေမျက်နှာရော သူ့မိဘတွေက လူကြီးတွေ နေ့ရော ညရောမစောင့်နိုင်ဘူးလေ ကိုယ်ကလူငယ်ပဲလေ လုပ်နိုင်တာ လုပ်ပေးရမှာပေါ့ "
မြင်နေရတယ် ရည်ရွယ်ခအကြောင်းပြောနေရရင် သူ့မျက်လူံးထဲက နူးညံ့မှုတွေ သိနေတယ် ဘယ်သူ့မှကြည့်တာမကြိုက်လို့နေရာတကာ လိုက်ပို့လိုက်သွားကြိုလိုက် မုန့်တောင်ကိုယ်တ်ုင်ပါမှ သွားစားခိုင်းတာတွေ အရိပ်တကြည့်ကြည့်နဲ့ငုံထားမတတ်ကို ဂရုစိုက်နေတာတွေကို သူကိုယ်တိုင်ကရော ညီမလေးတစ်ယောက်လို သူငယ်ချင်းလိုချစ်လို့လို့ပဲ ခေါင်းစဉ်တပ်ထားလေရဲ့  ဒါကတော့ ကိုယ့်အတွက်ကံကောင်းတာလား သူ့အတွက်ကံဆိုးတာလား မသိပေမယ့် နင်ငါ့ကိုချစ်နေတယ်လို့ပဲ ဆက်သတ်မှတ်ထားလိုက် တိမ်ယံဥက္ကာ ငါနင့်ကိုယူမှ ဖစ်မှာ ဒါမှမောင့်ကို လိုတာဝယ်ပေး လုပ်ငန်းထောင်ပေးနိုင်မှာ တိမ်ယံဥက္ကာပိုင်ဆိုင်တာတွေက ကုမ္ပဏီတွေအသားထား နယ်အသီးသီးမှာ ပိုင်တဲ့ခြံတွေကနည်းမှ မနည်းတာ မောင့်ကို အဆုံးရှူံးမခံနိုင်သလို တိမ်ယံကိုရော လက်လွတ်မခံနိုင်ဘူး နှစ်ယောက်လုံးကို ပိုင်ရမှ ဖစ်မှာ
"ဖူး ဘာတွေ တွေးနေတာလဲ"
"ဘာမှ မတွေးပါဘူး ကိုကိုရဲ့ "
"ကိုယ်မနက်ဖြန်ကျောင်းလာမှာလား"
မနက်ဖြန်ရွယ့်ကိုမုန့်လိုက်ကျွေးရအုံးမှာ........
"မလာသေးဘူးသဲ နားချင်လို့ သဘက်ခါမှ လာမှာ"
အာ့ဆို မနက်ကြ တိမ်ယံမလာရင် ငါလည်းမောင်နဲ့ချိန်းလို့ရတယ်
"ဟုတ်ပီကိုကို"
"အွန်း ပြန်ကြရအောင်လေ "
"ဟုတ် ကိုကိုလိုက်မပို့နဲ့တော့ သဲကားပါတယ်"
"ဟုတ်ပီ အာ့ဆို bye"

"ဟယ်လို"
"ဟယ်လို ယံယံ ဘာပြောမို့လဲ"
"ဘာမှမဟုတ်ဘူး နင်ထမင်းစားပီးးပီလား"
"အွန်းစားပီးပီ"
"ဆေးရောသောက်ပီးပီလား"
"အွန်းဆေးလဲသောက်တယ်"
"ခုဘာလုပ်နေတာလဲ "
"ဇာတ်ကားကြည့်နေတာ"
"ငါခုအပြင်ရောက်နေတာ"
"ဘာဝယ်ခဲ့ရအုံးမလဲ လာပို့ပေးမယ်"
"အင်းးးးးးး ‌မောက်ချိုက်"
"ဆေးသောက်ထားတာလေ အချဉ်အစပ်တွေမစားနဲ့အုံး"
"အာ့ဆို စတော်ဘယ်ရီကိတ်နဲ့ ချောကလတ်မစ်တီးဝယ်ခဲ့"
"အေးအေးဝယ်ခဲ့မယ်"
"နင်အိမ်မှာသွားစောင့်ရမလား"
"ရပါတယ် ငါလာခဲ့မယ်"
"အွန်း အာ့ဆို ဒါပဲ"

ဖူးခက်ပန်းအိမ်ပြန်လမ်းမှာ ထိုင်စောင့်နေတယ် မောင့်ကိုတွေ့တော့လန့်သွားတယ် ဖေဖေတို့တွေ့သွားရငိသွားပီပဲ
"မောင် ဘာလုပ်နေတာလဲ လာတက် ပြောစရာရှိရင် ကားထဲလာပြော တွေ့သွားလိမ့်မယ်"
"ဘာလဲ လူတွေမြင်ရင် ပန်းက ကျုပ်ကိုရှက်လို့လား"
"မဟုတ်ပါဘူးမောင်ရယ် အေးဆေးပြောရအောင်လို့ပါ လာနော် တက်"
"ကဲပြော ဘာပြောစရာရှိလို့စောင့်နေတာလဲ "
"ပိုက်‌ဆံလိုလို့ ငါးပုံးလောက်"
"အဲ့လောက်အများကြီး ပန်းဘယ်လိုရှိမလဲ မောင်ရယ်"
မောင်က မျက်မှောင်ကြုတ်ကြည့်တယ် အမ်းအဲ့မျက်လုံး အဲ့အကြည့်မှာပဲ ကျဆုံးခဲ့ရတာမဟုတ်လား မောင်နဲ့တွေ့ပုံက ရိုးရိုးလေးပါ ကားပျက်တဲ့ချိန် စိတ်မရှည်တဲ့ပုံနဲ့ အတင်းအကူညီတောင်းလို့ စူးစိုက်ကြည့်ပီးမှ ပြင်ပေးတဲ့မောင့်လိုဂျစ်တီးဂျစ်ကန်လေးရဲ့မျက်လူံးလေးတွေကိုချစ်ခဲ့တာ ချစ်ခဲ့တဲ့တစ်ပြိုင်နက်လဲ မုန်းလဲမုန်းခဲ့တယ် တစ်ချိန်က ကိုယ့်ထက်အရာရာသာနေလို့ ကြိတ်မုန်းခဲ့ရတာ မျက်ဝန်းတစ်စုံနဲ့အရမ်းတူတာပဲ အဲ့အ‌ေကြာင်းင်းမေ့ထားတာကြာပီပဲ အဲ့လောက်မရည်ရွယ်ခဲ့ပေမယ့် လောကကြီးက ထွက်သွားတော့လဲ အရမ်းဝမ်းနည်းပီးမခံစားရပါဘူး မရည်းရွယ်ဘူးဆိုပေမယ့် မသိစိတ်ရဲ့တစ်နေရာကတော့ ဖစ်သွားရင် ကောင်းမယ်ဆိုတဲ့ စိတ်လေးရှိနေမလားတောင်မသိဘူး တူညီတဲ့မျက်ဝန်းတွေမှာ တစ်စုံကိုမုန်းပီး နောက်တစ်စုံကိုတော့ ဘေးနားမှာပဲ ထားချင်တာ ရုတ်တရက်သတိရတာ တိမ်ယံ ပထမဆုံးခုန်ခဲ့ရတဲ့ရင်ခုန်သံကတိမ်ယံမလား ကန်တင်းမှာထိုင်ပီး ရည်ရွယ်ခစားဖို့ ဟိုဟာထယူဒီဟာထယူနဲ့ ခွံ့မ‌ေကျွးယုံတမယ် အရိပ်တကြည့်ကြည့်ဂရုစိုက်နေပံုကိုမြင်ကတည်းက တပ်မက်မိတာ အသားဖေ‌ွးဖွေး အရပ်မြင့်မြင့်မျက်နှာ ထားချိုပီး သိပ်ကိုကြည့်ကောင်းနေတဲ့သူက ပထမရင်ခုန်သံလေးဖစ်ခဲဲ့တာမောင်နဲ့ကိုကိုကအကျင့်စရိုက် တစ်လမ်းစီပါ ဒါမယ့်နှစ်ယောက်လုံးက ငါ့အပိုင်ပဲဖစ်ရမှာ ကိုကို့မျက်လုံးထဲက ချစ်ရည်ရွမ်းတဲ့အကြည့်တွေကိုလဲ ပိုင်ချင်တယ်လောဘကြီးမှန်းသိပေမယ့် လူဆိုတာ လောဘနဲ့မကင်းဘူးမလား နောက်မဆုတ်ချင်ဘူး.....
"ခင်ဗျားဘာတွေ တွေးနေတာလဲ"
"အော် ဒီလိုလုပ်မောင်ရယ် မနက်ကြ တွေ့ရအောင် အဲ့ကြပေးမယ်လေနော်"
ဟုတ်ပီ အာ့ဆိုသွားပီ"

ကျစ်မနက်ကြ ကုမ္ပဏီကိုထားခဲ့ရအုံးမှာ ညီမလေးရေ ကိုကိုက သူ့ဆီကယူထားတာတွေအကုန်လုံးကိုစာရင်းနဲ့အကုန်မှတ်ထားတာမို့စိတ်မပူနဲ့နော် အချိန်တန်ရင် အကုန်ပြန်ပေးမှာ စိတ်ချ အဲ့မိန်းမလက်နဲ့ထိတွေ့ထားခဲ့တာ အ်မ်မှာ ဘာမှမရှိစေရဘူး လောလောဆယ်တော့ သူ့ပတ်ဝန်းကျင်မှာ နာမည်ပျက်မှဖစ်မှာ.........

Continue Reading

You'll Also Like

540K 34.3K 70
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...
224K 2.5K 20
I have found an ideal life. I have a loving husband, no work and no danger. This is exactly what I wanted when I ran away and changed my identity. Bu...
286K 565 23
Enjoy the smuts...and if you get horny😏...help yourself💀💦
5.5M 229K 68
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...