'ဝဲ'

By La_Yaung_Nge01

103K 3.8K 142

အဝါရောင်ကျူးလစ်ပန်းလေးရဲ့ အဓိပ္ပာယ်က Hopeless loveတဲ့💛 အဝါေရာင္က်ဴးလစ္ပန္းေလးရဲ႕ အဓိပၸာယ္က Hopeless loveတဲ့💛 More

Intro
Part 1(U & Z)
Part 2(U & Z)
Part 3 (U & Z)
Part 4 (U & Z)
Part 5 (U & Z)
Part 6 (U & Z)
Part 7 (U & Z)
Part 8 ( U & Z )
Part 9 ( U & Z )
Part 10 ( U & Z )
Part 11 ( U & Z )
Part 12 ( U & Z )
Part 13 ( U & Z )
Part 14 ( U & Z )
Part 15 ( U & Z )
Part 16 ( U & Z )
Part 17 ( U & Z )
Part 18 ( U & Z )
Part 19 ( U & Z )
Part 20 ( U & Z )
Part 21 ( U & Z )
Part 22 ( U & Z )
Part 23 ( U & Z )

Part 24 (Final)

5.7K 166 6
By La_Yaung_Nge01

"မွှေးနေတာပဲ..."

ရေစိုနေသော ကြွေရုပ်ရဲ့ခေါင်းလေးကို ပုဝါနှင့် သုတ်နေရင်း တစ်ချက်နမ်းလိုက်သည်။
မျက်နှာတစ်ခုလုံးနီရဲတွတ်နေပြီး နားရွက်ပါးပါးလေးတွေကပါ ရှက်လို့ နီနေသေးသည်။

"မိုးကလဲမတိတ်သေးဘူး ချမ်းစိမ့်စိမ့်နဲ့"

"ချမ်းနေလို့လား...မိုးမိသွားလို့ ဖျားချင်သလိုလို ဖြစ်နေတာလား ခေါင်းလဲခြောက်ပြီဆိုတော့
ကိုယ့်ရင်ခွင်ထဲမှာပဲဝင်နေတော့..."

​ကျုပ်စကားတောင်မဆုံးသေးဘူး ထိုင်နေရာကနေ ထလာကာ ကျုပ်ရင်ခွင်ထဲတိုးလာပြီး
မျက်လုံးမှိတ်ရင်း အိပ်ဖို့ပြင်နေသည်။ ဘယ်လောက်မှမကြာလိုက်ပါဘူး...
အိပ်ပျော်သွားပြီး ဟောက်သံ ပိစိလေးတွေ ထွက်လို့နေသည်။ ကြွေရုပ်မနိုးအောင် ကျုပ်မှာ ထိုင်နေရင်း ဖြည်းဖြည်းလေးထပြီး ကုတင်ပေါ် ရွေ့ပေးရသည်။ဒါတောင် အိပ်ပုတ်လေးက နိုးမလာဘူး။

ကြွေရုပ်ကိုဖက်ထားရင် ဒီညနေ ကျုပ်
တို့နှစ်ယောက် အိပ်ယာပေါ်မှာပဲ
ကုန်ဆုံးခဲ့တော့သည်။

"မောနင်း...ကိုကို့ရဲ့အိပ်ပုတ်လေး"

"ဟာဗျာ ကျနော်အရင်နိုးတာ ကိုကိုကသာ
အိပ်ပုတ်"

​တွေ့လား...နှုတ်ခမ်းလေးကိုထော်ပြီး ကျုပ်ကို ရန်တွေ့နေတာ။

"သွားဗျာ...ကျနော်ကော်ဖီဖျော်နေတယ်"

အိပ်ယာနိုးလာပြီဆိုတာနဲ့ ကျနော့်ကို လိုက်ရှာပြီး တွေ့တာနဲ့ နောက်ကနေ အတင်းလာ
ဖက်တယ်။ တစ်ခါတစ်လေဆို အသက်ရှုကျပ် လွန်းတဲ့အထိပါဖက်တာ။ ကိုစိုင်း ဖက်ထားတာကနေ အတင်းရုန်းရင်လဲ စိတ်စိုးပါလေရော။

"ကုမ္ပဏီမသွားဘူးလား"

ကျုပ်ရဲ့ကလေးလေးကတော့ ဖျော်ထားတဲ့
ကော်ဖီခွက်လေးကိုယူကာ စားပွဲစီ လျှောက်လာပြီး ကုမ္ပဏီမသွားလို့ ပေါက်ပေါက်ဖောက်ဖို့
ပြင်နေသည်။ ကျုပ်ကလဲ ကလေးက မိုးချုန်းတာကြောက်တယ်ဆိုတာသိပြီးကတည်းက
မိုးတွင်းဘက်ဆို ဘယ်မှမသွားချင်တာ။ကလေး ကြောက်နေတဲ့အချိန် ကလေးကို ကျုပ်ရဲ့ရင်ခွင် ထဲမှာ ထည့်ထားမယ်။

"ဒီနေ့မိုးရွာမယ်လို့ ကြေညာထားတယ်"

​ဝေ့လည်ကြောင်ပတ်နဲ့ ဖြေနေပြီ။ကိုစိုင်းတစ်
ယောက်နဲ့တော့ ခက်တယ်။

"နေသာနေတဲ့အချိန်လေး စက်ဘီးစီးကြမလား။

ကြောက်လန့်လန့်နှင့် ကိုစိုင်းရဲ့ ခါးလေးကို ဖက်ပြီးစက်ဘီးပေါ်တက်လိုက်သည်။ ကိုစိုင်း ဆိုင်ကယ်စီးတာ မြင်ဖူးပေမယ့် စက်ဘီးစီးတာကိုတော့ တစ်ခါမှမမြင်ဖူးဘူး။ စက်ဘီးနင်းရော နင်းတတ်ရဲ့လား ကျနော်ပေါ်မှာထိုင်နေတာ ၅မိနစ်လောက်ရှိတော့
မယ် ခုထိစက်ဘီးမနင်းသေးဘူး။ ဘောင်းဘီအိတ်ကပ်ထဲကိုပဲ နှိုက်နေတာ...။

"ကိုယ့်ကို မယုံဖူးလား..."

တိုးညှင်းစွာ ပြောလာသော ကိုစိုင်းရဲ့မျက်လုံးလေးကိုကြည့်လိုက်ပြီး ခေါင်းခါပြလိုက်သည်။

"မဟုတ်ပါဘူး...ယုံပါတယ်"

ဟား...ဟား...ကလေးရယ် မလိမ်တတ်ဘဲ
မလိမ်စမ်းပါနှင့်။

ယုံတယ်လို့သာပြောနေတာ ခါးကိုအခုထိ
အတင်းဖက်ထားတုန်း...။

စက်ဘီးခြေနင်းပေါ် ခြေထောက်တင်ပြီး
နင်းလိုက်သောအခါ စက်ဘီးလေးက
တစ်ဖြည်းဖြည်းရွေ့လို့လာသည်။
မိုးနံ့ပါတဲ့ လေပြေညှင်းတွေကလဲတိုက်ခတ် လို့နေသည်။ ခါးဖက်ထားသောလက်တစ်စုံက
လေထဲတွင်ဝဲလို့နေသည်။

"ချစ်တယ် ကလေး..."

ချစ်တယ်လို့ အကြိမ်ကြိမ်ရေရွတ်ပြီး သူချစ်ရသူကို ပြောနေတဲ့ကောင်လေးတစ်ယောက်လဲရှိနေသည်...။

စက်ဘီးပေါ်ကထိုင်နေရင်း လက်ဆန့်ထားသော လက်ဝါးပေါ်သို့ မိုးရေစက်လေးကျလာသည်။

"က်ိုကိုမိုးရွာတော့မယ်"

"ကိုယ် မြန်မြန်နင်းပြီး မိုးခိုလို့ရမယ့်နေရာရှာ
လိုက်မယ်"

စက်ဘီးကို ခုနကနင်းနေတဲ့နှုန်းထက်၃ဆလောက်
မြန်အောင် နင်းလိုက်သည်။ နောက်ကထိုင်နေတဲ့ ကြွေရုပ်ပြုတ်ကျမှာစိုးလို့ ကျုပ်မှာ တော်တော်လေးသတိထားနေရတယ်။

မိုးခိုလို့ရမယ့်နေရာရောက်တာနှင့် စက်ဘီးကို
ဒေါက်ထောက်လိုက်ပြီး ထိုနေရာမှာ
မိုးခိုနေလိုက်သည်။မိုးတွေက သည်းကြီးမည်းကြီးကိုရွာနေတာ...တိတ်မယ်မထင်။

လက်ကလေးကိုရှေ့ထုတ်ပြီး
ကောင်းကင်ပေါ်ကကျလာတဲ့မိုးရေစက်တွေနှင့် ထိတွေ့လိုက်သည်။ ပြီးတော့
ကိုစိုင်းကိုကြည့်ပြီး စကားတစ်ခွန်းဆိုလိုက်
သည်။

"မိုးရေထဲမှာ ထီးမပါဘဲပြေးလွှားချင်မိတယ်"

ထိုစကားရဲ့အဆုံးမှာ ကောင်လေး
တစ်ယောက်က သူချစ်ရသူရဲ့ လက်ကလေးကို
ဆွဲပြီး မိုးရွာထဲမှာ ပြေးလွှားနေတော့သည်...။

မိုးရေစက်တွေနှင့်ထိတွေ့ရတာကို ကြိုက်တယ်။ ဒါပေမယ့် မိုးချုန်းတာတော့ ကြောက်မိတယ်။

ဂျိမ်း!

မိုးချုန်းသံကြားတာနှင့် ကျနော့်ရဲ့ ခန္ဓာကိုယ်ကိုဆွဲယူလိုက်တဲ့လက်တစ်စုံ။ထိုရင်ခွင်က
နွေးထွေးလွန်းတယ်...။

"ကလေးအတွက် ကျူးလစ်ပန်းလေး က်ိုယ်ယူလာတယ်"

ကျူးလစ်ပန်းလေးကိုတစ်ချက်ကြည့်ကာ
ကြွေရုပ်လွှာပြောလိုက်တဲ့စကားက...

"ကျူးလစ်ပန်းအဝါလေးက ကျနော်တို့စတွေ့
တုန်းက အချိန်ကိုအမှတ်ရစေတယ်"

ကျုပ်လက်ထဲက ကျူးလစ်ပန်းကိုကြည့်ကာ
ကြွေရုပ်လွှာပြုံးနေတဲ့ပုံရိပ်လေးက ကျုပ်ရင်ထဲကို စွဲသွားစေတယ်...။

_ _ _

ညနေတိုင်း စက်ဘီးစီးလေ့ရှိတဲ့အဘိုးအို
နှစ်ယောက်ဟာ ဒီညနေတော့ ပျောက်လို့နေ
သည်။ အမြဲတမ်း ချစ်ရသူကို စနောက်လေ့
ရှိတဲ့အဘိုးအိုဟာ ဝရံတာမှာထိုင်ရင်း ချစ်ရသူကို ကြည့်နေသည်။ အမြဲတမ်း စိတ်ကောက်လေ့ ရှိတဲ့အဘိုးအိုဟာလည်း ချစ်ရသူရဲ့ပုခုံးထက်မှာ ခေါင်းမှီထားသည်။

အသက်ရှုသံတွေကအစ နီးကပ်လွန်းနေသည်။ အသက်တွေကြီးလာလို့ထင်ပါရဲ့ အရင်လိုစကား
တစ်ခွန်းပြောဖို့ကို အားတွေယူနေရတယ်။ အသက်ကိုတောင် ခက်ခက်ခဲခဲ ရှုနေရတယ်။

အဘိုးအိုနှစ်ယောက်လုံးဟာ တစ်ယောက်လက် တစ်ယောက် ကိုင်လို့ထားသည်...။

"အိပ်ချင်နေပြီလား...ကလေး...မိုးရွာတာကို...ကြည့်ချင်တယ်ဆို...မိုးတိတ်သွားမှ...
အိပ်ရအောင်"

"အဟွတ်!...ချစ်..တယ် မိုးရေစက်...တွေထက်.. ကိုစိုင်းကိုပိုချစ်တယ်...အဟွတ်!"

"ဆက်မပြောနဲ့တော့...ကိုယ့်ကလေးလေး
မောနေမယ်"

စကားတွေဆက်မပြောဘဲ မိုးတိတ်သွားတဲ့အထိ ဝရံတာကနေကြည့်နေလိုက်သည်။ ဒီနေ့မှ မိုးရွာတာက လွမ်းဆွတ်စရာကောင်းနေပါလား...။

"ချစ်တယ်...အခုလည်းချစ်တယ်...နောက်ဘဝမှာ
လည်း..ချစ်တယ်"

"..."

တုံ့ပြန်ခြင်းမရှိတဲ့စကားသံကိုမကြားရတာ
ကြောင့် ချစ်ရသူရဲ့မျက်နှာလေးကို ကြည့်လိုက် တော့...မျက်ရည်တွေနှင့်အသက်မရှိတော့တာကို တွေ့လိုက်ရသည်။

ချစ်ရသူရဲ့မျက်နှာလေးကိုကိုင်ပြီး နဖူးလေးကို နမ်းကာ...ထိုနေရာမှာပဲအသက်ထွက်သွားရှာ
သည်။

အဘိုးအိုနှစ်ယောက်ရဲ့ သေဆုံးခြင်းဟာ အချို့လူတွေအတွက် ဝမ်းနည်းဖို့ကောင်းလွန်း
နေသည်။

လွိင်တူချစ်ခြင်းတွေဟာ အချို့မှာ
မခိုင်မြဲပေမယ့် သူတို့နှစ်ယောက်ရဲ့ချစ်ခြင်း မေတ္တာတွေဟာ ခိုင်မြဲလို့နေသည်။
ချစ်ခြင်းမေတ္တာဟာ လျော့လဲမလျော့ဘဲ
အဆုံးထိ သက်ဆုံးတိုင် ချစ်ခဲ့ကြသည်။
ကျူးလစ်ပန်းအဝါလေးကနေ စခဲ့တဲ့ အချစ်ဟာ အဆုံးထိ ချစ်ခဲ့ကြလေသည်...။

ဇာတ်လမ်းလေးရဲ့အဆုံးမှာတော့
စိုင်းထက်ဉာဏ်က ကြွေရုပ်လွှာကို
အသက်ထက်ပိုပြီးချစ်ခဲ့လေသည်။
ကြွေရုပ်လွှာကတော့ သူ့ဘဝတစ်ခုလုံးစာနှင့် ရင်းပြီးချစ်ခဲ့လေသည်။

...ပြီးပါပြီ...

နောက်ဆုံးတော့ ဇာတ်သိမ်းသွားပါပြီ။ ဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးတင်ပါတယ်။


"ေမႊးေနတာပဲ..."

ေရစိုေနေသာ ေႂကြ႐ုပ္ရဲ႕ေခါင္းေလးကို ပုဝါႏွင့္ သုတ္ေနရင္း တစ္ခ်က္နမ္းလိုက္သည္။
မ်က္ႏွာတစ္ခုလုံးနီရဲတြတ္ေနၿပီး နား႐ြက္ပါးပါးေလးေတြကပါ ရွက္လို႔ နီေနေသးသည္။

"မိုးကလဲမတိတ္ေသးဘူး ခ်မ္းစိမ့္စိမ့္နဲ႔"

"ခ်မ္းေနလို႔လား...မိုးမိသြားလို႔ ဖ်ားခ်င္သလိုလို ျဖစ္ေနတာလား ေခါင္းလဲေျခာက္ၿပီဆိုေတာ့
ကိုယ့္ရင္ခြင္ထဲမွာပဲဝင္ေနေတာ့..."

​က်ဳပ္စကားေတာင္မဆုံးေသးဘူး ထိုင္ေနရာကေန ထလာကာ က်ဳပ္ရင္ခြင္ထဲတိုးလာၿပီး
မ်က္လုံးမွိတ္ရင္း အိပ္ဖို႔ျပင္ေနသည္။ ဘယ္ေလာက္မွမၾကာလိုက္ပါဘူး...
အိပ္ေပ်ာ္သြားၿပီး ေဟာက္သံ ပိစိေလးေတြ ထြက္လို႔ေနသည္။ ေႂကြ႐ုပ္မႏိုးေအာင္ က်ဳပ္မွာ ထိုင္ေနရင္း ျဖည္းျဖည္းေလးထၿပီး ကုတင္ေပၚ ေ႐ြ႕ေပးရသည္။ဒါေတာင္ အိပ္ပုတ္ေလးက ႏိုးမလာဘူး။

ေႂကြ႐ုပ္ကိုဖက္ထားရင္ ဒီညေန က်ဳပ္
တို႔ႏွစ္ေယာက္ အိပ္ယာေပၚမွာပဲ
ကုန္ဆုံးခဲ့ေတာ့သည္။

"ေမာနင္း...ကိုကို႔ရဲ႕အိပ္ပုတ္ေလး"

"ဟာဗ်ာ က်ေနာ္အရင္ႏိုးတာ ကိုကိုကသာ
အိပ္ပုတ္"

​ေတြ႕လား...ႏႈတ္ခမ္းေလးကိုေထာ္ၿပီး က်ဳပ္ကို ရန္ေတြ႕ေနတာ။

"သြားဗ်ာ...က်ေနာ္ေကာ္ဖီေဖ်ာ္ေနတယ္"

အိပ္ယာႏိုးလာၿပီဆိုတာနဲ႔ က်ေနာ့္ကို လိုက္ရွာၿပီး ေတြ႕တာနဲ႔ ေနာက္ကေန အတင္းလာ
ဖက္တယ္။ တစ္ခါတစ္ေလဆို အသက္ရႈက်ပ္ လြန္းတဲ့အထိပါဖက္တာ။ ကိုစိုင္း ဖက္ထားတာကေန အတင္း႐ုန္းရင္လဲ စိတ္စိုးပါေလေရာ။

"ကုမၸဏီမသြားဘူးလား"

က်ဳပ္ရဲ႕ကေလးေလးကေတာ့ ေဖ်ာ္ထားတဲ့
ေကာ္ဖီခြက္ေလးကိုယူကာ စားပြဲစီ ေလွ်ာက္လာၿပီး ကုမၸဏီမသြားလို႔ ေပါက္ေပါက္ေဖာက္ဖို႔
ျပင္ေနသည္။ က်ဳပ္ကလဲ ကေလးက မိုးခ်ဳန္းတာေၾကာက္တယ္ဆိုတာသိၿပီးကတည္းက
မိုးတြင္းဘက္ဆို ဘယ္မွမသြားခ်င္တာ။ကေလး ေၾကာက္ေနတဲ့အခ်ိန္ ကေလးကို က်ဳပ္ရဲ႕ရင္ခြင္ ထဲမွာ ထည့္ထားမယ္။

"ဒီေန႔မိုး႐ြာမယ္လို႔ ေၾကညာထားတယ္"

​ေဝ့လည္ေၾကာင္ပတ္နဲ႔ ေျဖေနၿပီ။ကိုစိုင္းတစ္
ေယာက္နဲ႔ေတာ့ ခက္တယ္။

"ေနသာေနတဲ့အခ်ိန္ေလး စက္ဘီးစီးၾကမလား။

ေၾကာက္လန႔္လန႔္ႏွင့္ ကိုစိုင္းရဲ႕ ခါးေလးကို ဖက္ၿပီးစက္ဘီးေပၚတက္လိုက္သည္။ ကိုစိုင္း ဆိုင္ကယ္စီးတာ ျမင္ဖူးေပမယ့္ စက္ဘီးစီးတာကိုေတာ့ တစ္ခါမွမျမင္ဖူးဘူး။ စက္ဘီးနင္းေရာ နင္းတတ္ရဲ႕လား က်ေနာ္ေပၚမွာထိုင္ေနတာ ၅မိနစ္ေလာက္ရွိေတာ့
မယ္ ခုထိစက္ဘီးမနင္းေသးဘူး။ ေဘာင္းဘီအိတ္ကပ္ထဲကိုပဲ ႏႈိက္ေနတာ...။

"ကိုယ့္ကို မယုံဖူးလား..."

တိုးညႇင္းစြာ ေျပာလာေသာ ကိုစိုင္းရဲ႕မ်က္လုံးေလးကိုၾကည့္လိုက္ၿပီး ေခါင္းခါျပလိုက္သည္။

"မဟုတ္ပါဘူး...ယုံပါတယ္"

ဟား...ဟား...ကေလးရယ္ မလိမ္တတ္ဘဲ
မလိမ္စမ္းပါႏွင့္။

ယုံတယ္လို႔သာေျပာေနတာ ခါးကိုအခုထိ
အတင္းဖက္ထားတုန္း...။

စက္ဘီးေျခနင္းေပၚ ေျခေထာက္တင္ၿပီး
နင္းလိုက္ေသာအခါ စက္ဘီးေလးက
တစ္ျဖည္းျဖည္းေ႐ြ႕လို႔လာသည္။
မိုးနံ႔ပါတဲ့ ေလေျပညႇင္းေတြကလဲတိုက္ခတ္ လို႔ေနသည္။ ခါးဖက္ထားေသာလက္တစ္စုံက
ေလထဲတြင္ဝဲလို႔ေနသည္။

"ခ်စ္တယ္ ကေလး..."

ခ်စ္တယ္လို႔ အႀကိမ္ႀကိမ္ေရ႐ြတ္ၿပီး သူခ်စ္ရသူကို ေျပာေနတဲ့ေကာင္ေလးတစ္ေယာက္လဲရွိေနသည္...။

စက္ဘီးေပၚကထိုင္ေနရင္း လက္ဆန႔္ထားေသာ လက္ဝါးေပၚသို႔ မိုးေရစက္ေလးက်လာသည္။

"က္ိုကိုမိုး႐ြာေတာ့မယ္"

"ကိုယ္ ျမန္ျမန္နင္းၿပီး မိုးခိုလို႔ရမယ့္ေနရာရွာ
လိုက္မယ္"

စက္ဘီးကို ခုနကနင္းေနတဲ့ႏႈန္းထက္၃ဆေလာက္
ျမန္ေအာင္ နင္းလိုက္သည္။ ေနာက္ကထိုင္ေနတဲ့ ေႂကြ႐ုပ္ျပဳတ္က်မွာစိုးလို႔ က်ဳပ္မွာ ေတာ္ေတာ္ေလးသတိထားေနရတယ္။

မိုးခိုလို႔ရမယ့္ေနရာေရာက္တာႏွင့္ စက္ဘီးကို
ေဒါက္ေထာက္လိုက္ၿပီး ထိုေနရာမွာ
မိုးခိုေနလိုက္သည္။မိုးေတြက သည္းႀကီးမည္းႀကီးကို႐ြာေနတာ...တိတ္မယ္မထင္။

လက္ကေလးကိုေရွ႕ထုတ္ၿပီး
ေကာင္းကင္ေပၚကက်လာတဲ့မိုးေရစက္ေတြႏွင့္ ထိေတြ႕လိုက္သည္။ ၿပီးေတာ့
ကိုစိုင္းကိုၾကည့္ၿပီး စကားတစ္ခြန္းဆိုလိုက္
သည္။

"မိုးေရထဲမွာ ထီးမပါဘဲေျပးလႊားခ်င္မိတယ္"

ထိုစကားရဲ႕အဆုံးမွာ ေကာင္ေလး
တစ္ေယာက္က သူခ်စ္ရသူရဲ႕ လက္ကေလးကို
ဆြဲၿပီး မိုး႐ြာထဲမွာ ေျပးလႊားေနေတာ့သည္...။

မိုးေရစက္ေတြႏွင့္ထိေတြ႕ရတာကို ႀကိဳက္တယ္။ ဒါေပမယ့္ မိုးခ်ဳန္းတာေတာ့ ေၾကာက္မိတယ္။

ဂ်ိမ္း!

မိုးခ်ဳန္းသံၾကားတာႏွင့္ က်ေနာ့္ရဲ႕ ခႏၶာကိုယ္ကိုဆြဲယူလိုက္တဲ့လက္တစ္စုံ။ထိုရင္ခြင္က
ေႏြးေထြးလြန္းတယ္...။

"ကေလးအတြက္ က်ဴးလစ္ပန္းေလး က္ိုယ္ယူလာတယ္"

က်ဴးလစ္ပန္းေလးကိုတစ္ခ်က္ၾကည့္ကာ
ေႂကြ႐ုပ္လႊာေျပာလိုက္တဲ့စကားက...

"က်ဴးလစ္ပန္းအဝါေလးက က်ေနာ္တို႔စေတြ႕
တုန္းက အခ်ိန္ကိုအမွတ္ရေစတယ္"

က်ဳပ္လက္ထဲက က်ဴးလစ္ပန္းကိုၾကည့္ကာ
ေႂကြ႐ုပ္လႊာၿပဳံးေနတဲ့ပုံရိပ္ေလးက က်ဳပ္ရင္ထဲကို စြဲသြားေစတယ္...။

_ _ _

ညေနတိုင္း စက္ဘီးစီးေလ့ရွိတဲ့အဘိုးအို
ႏွစ္ေယာက္ဟာ ဒီညေနေတာ့ ေပ်ာက္လို႔ေန
သည္။ အၿမဲတမ္း ခ်စ္ရသူကို စေနာက္ေလ့
ရွိတဲ့အဘိုးအိုဟာ ဝရံတာမွာထိုင္ရင္း ခ်စ္ရသူကို ၾကည့္ေနသည္။ အၿမဲတမ္း စိတ္ေကာက္ေလ့ ရွိတဲ့အဘိုးအိုဟာလည္း ခ်စ္ရသူရဲ႕ပုခုံးထက္မွာ ေခါင္းမွီထားသည္။

အသက္ရႈသံေတြကအစ နီးကပ္လြန္းေနသည္။ အသက္ေတြႀကီးလာလို႔ထင္ပါရဲ႕ အရင္လိုစကား
တစ္ခြန္းေျပာဖို႔ကို အားေတြယူေနရတယ္။ အသက္ကိုေတာင္ ခက္ခက္ခဲခဲ ရႈေနရတယ္။

အဘိုးအိုႏွစ္ေယာက္လုံးဟာ တစ္ေယာက္လက္ တစ္ေယာက္ ကိုင္လို႔ထားသည္...။

"အိပ္ခ်င္ေနၿပီလား...ကေလး...မိုး႐ြာတာကို...ၾကည့္ခ်င္တယ္ဆို...မိုးတိတ္သြားမွ...
အိပ္ရေအာင္"

"အဟြတ္!...ခ်စ္..တယ္ မိုးေရစက္...ေတြထက္.. ကိုစိုင္းကိုပိုခ်စ္တယ္...အဟြတ္!"

"ဆက္မေျပာနဲ႔ေတာ့...ကိုယ့္ကေလးေလး
ေမာေနမယ္"

စကားေတြဆက္မေျပာဘဲ မိုးတိတ္သြားတဲ့အထိ ဝရံတာကေနၾကည့္ေနလိုက္သည္။ ဒီေန႔မွ မိုး႐ြာတာက လြမ္းဆြတ္စရာေကာင္းေနပါလား...။

"ခ်စ္တယ္...အခုလည္းခ်စ္တယ္...ေနာက္ဘဝမွာ
လည္း..ခ်စ္တယ္"

"..."

တုံ႔ျပန္ျခင္းမရွိတဲ့စကားသံကိုမၾကားရတာ
ေၾကာင့္ ခ်စ္ရသူရဲ႕မ်က္ႏွာေလးကို ၾကည့္လိုက္ ေတာ့...မ်က္ရည္ေတြႏွင့္အသက္မရွိေတာ့တာကို ေတြ႕လိုက္ရသည္။

ခ်စ္ရသူရဲ႕မ်က္ႏွာေလးကိုကိုင္ၿပီး နဖူးေလးကို နမ္းကာ...ထိုေနရာမွာပဲအသက္ထြက္သြားရွာ
သည္။

အဘိုးအိုႏွစ္ေယာက္ရဲ႕ ေသဆုံးျခင္းဟာ အခ်ိဳ႕လူေတြအတြက္ ဝမ္းနည္းဖို႔ေကာင္းလြန္း
ေနသည္။

လြိင္တူခ်စ္ျခင္းေတြဟာ အခ်ိဳ႕မွာ
မခိုင္ၿမဲေပမယ့္ သူတို႔ႏွစ္ေယာက္ရဲ႕ခ်စ္ျခင္း ေမတၱာေတြဟာ ခိုင္ၿမဲလို႔ေနသည္။
ခ်စ္ျခင္းေမတၱာဟာ ေလ်ာ့လဲမေလ်ာ့ဘဲ
အဆုံးထိ သက္ဆုံးတိုင္ ခ်စ္ခဲ့ၾကသည္။
က်ဴးလစ္ပန္းအဝါေလးကေန စခဲ့တဲ့ အခ်စ္ဟာ အဆုံးထိ ခ်စ္ခဲ့ၾကေလသည္...။

ဇာတ္လမ္းေလးရဲ႕အဆုံးမွာေတာ့
စိုင္းထက္ဉာဏ္က ေႂကြ႐ုပ္လႊာကို
အသက္ထက္ပိုၿပီးခ်စ္ခဲ့ေလသည္။
ေႂကြ႐ုပ္လႊာကေတာ့ သူ႔ဘဝတစ္ခုလုံးစာႏွင့္ ရင္းၿပီးခ်စ္ခဲ့ေလသည္။

...ၿပီးပါၿပီ...

ေနာက္ဆုံးေတာ့ ဇာတ္သိမ္းသြားပါၿပီ။ ဖတ္ေပးၾကတဲ့တစ္ေယာက္ခ်င္းစီတိုင္းကို
ေက်းဇူးတင္ပါတယ္။

Continue Reading

You'll Also Like

3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.1M 82.1K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
353K 14.6K 48
I recommend reading over 18 years old. Seme is Possessive type and Asshole type. Htike+Koon Tracy///
2.4M 140K 46
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...