༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎
"မင်းနဲ့ငါ အတူတူ သေကြရအောင်... အောင်ဆွေ"
ရှိသမျှအင်အားတွေကို ခြေထောက်မှာစုပြီး သူ့ခန္ဓာကိုယ်အားနဲ့ နောက်ဆုတ်တွန်းလိုက်သောအခါ သူအဲ့လိုလုပ်လိမ့်မည်ဟု မမျှော်လင့်ထားသော ကိုအောင်ဆွေက ဟန်ချက်ပျက်ကာ ချောက်ကမ်းပါးဆီသို့ သူနဲ့အတူ နောက်ဆုတ်ပါလာလေသည်
"မင်း..."
ကိုအောင်ဆွေက လက်ထဲက သေနတ်နဲ့ သူ့ကိုပစ်ရန်ကြိုးစားပေမယ့် သူက လက်ဦးမှု ရယူပြီးသွားတဲ့နောက် အားနဲ့ နောက်ပြန် လှန်ချလိုက်တဲ့အတွက် အခွင့်မသာတော့ဘဲ ချောက်ကမ်းပါးအစွန်းကနေ မြစ်ထဲသို့ အရှိန်ဖြင့် နှစ်ယောက်သား လုံးထွေးကာ ကျသွားကြလေတော့သည်
"အား..."
အောင်ဆွေရဲ့ အံဩတကြီး အော်လိုက်တဲ့အသံက သူ့နားထဲမှာ နားဝင်ချိုလှတာကြောင့် မျက်စိလေးမှိတ်ကာ ပြုံးမိလိုက်သည်
အရှိန်နဲ့ထိုးကျနေတဲ့ သူ့ခန္ဓာကိုယ်လေးက ရေပြင်နဲ့မထိခင် သူ့အတွေးထဲမှာ ကိုမိုးခမ်းရဲ့ ပုံရိပ်လေးများသာ ရစ်ဝဲနေသည်
ဗွမ်းကနဲမြည်သံနဲ့အတူ သူ့ခန္ဓာကိုယ်တစ်ခုလုံး စိုစွတ်အေးစက်သွားကာ ရေထုထည်ထဲသို့ နစ်မြှပ်သွားပြီး စီးနေသော ရေအလျင်အတိုင်း လိုက်ပါသွားရသည်
အာရုံငါးပါးဟာ လောကကြီးနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီးတဲ့နောက် သူ့ရဲ့စိတ်ဟာ တကယ်ပဲ ငြိမ်းချမ်းသွားကာ လွတ်မြောက်ခြင်းတစ်မျိုးဟာ သူ့ဆီ စီးဝင်လာခဲ့တယ်
.
.
.
.
.
သုံးနာရီခန့် ကြာပြီးနောက်....
"အဟွတ်... အဟွတ်..."
အဆုပ်အတွင်းမှ ရေများ အပြင်သို့ထွက်သွားသောအခါ မွန်းကြပ်လှသော ဒဏ်မှ လွတ်မြောက်လာသော သူတစ်ဦးကဲ့သို့ နှာခေါင်းဝရောက်လာသော လေကို အသည်းအသန်ရှိူက်ကာရှူသွင်းရင်း အမောဖြေနေရသည်
ပက်လက်အနေအထားနဲ့ တစ်ကိုယ်လုံးစိုရွဲနေတာကြောင့် အေးစိမ့်နေသော ဒဏ်ကလည်း မေးရိုးများကိုတောင် တဆတ်ဆတ် တုန်ခါနေစေသည်
"ကိုမင်းသွင်... သတိရလာပြီလား"
အသံကြားလို့ မျက်လုံးကို အားယူပြီး ဖွင့်ကြည့်မိလိုက်တဲ့အခါ နွေးထွေးသော မျက်ဝန်းများဖြင့် သူ့ကို အုံ့မိုးကာ ကြည့်နေသော အသက် ၂၀ ဝန်းကျင် ကောင်လေး တစ်ယောက်ကို တွေ့လိုက်ရသည်
"ကျွန်တော်ဘယ်ကိုရောက်နေတာလဲ... "
"ကိုမင်းသွင်နဲ့ ကိုအောင်ဆွေ မြစ်ထဲ ကျလာတာလေ... အဲ့တာ ကျွန်တော်တို့ ကယ်ထားတာ"
ထိုကောင်လေး ပြောပြလိုက်မှ ကမ်းပါးက အိမ်တွင် ဖြစ်ပျက်ခဲ့သမျှကို တစ်ခုချင်း ပြန်လည်မှတ်မိလာပြီးနောက် သေနတ်ဒဏ်ရာနဲ့ ကျန်ခဲ့သော ကိုမိုးခမ်းကို စိုးရိမ်သောစိတ်က ခေါင်းထဲ ချက်ချင်းဝင်ရောက်လာသည်
"ကျွန်တော် သွားမှ ဖြစ်မယ်... အား အ"
တွေးရင်းပင် ရုတ်တရက် ဇောနဲ့ ထလိုက်မိတဲ့အခါ ခါးမှသေနတ်ဒဏ်ရာ ပေါင်မှ ဓားဒဏ်ရာတွေကြောင့် ပြန်၍ လဲကျသွားလေသည်
ကမ်းပါးကနေ မြစ်ထဲကို အရှိန်နဲ့ ကျလာသောကြောင့် ထိခိုက်မိသောဒဏ်တွေသည် တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်လှသည်
"မောင်... သူက သွေးထွက်လွန်ထားတယ်ထင်တယ်... ငြိမ်ငြိမ်လေးနေတာက ပိုကောင်းလိမ့်မယ်"
သူ့ကို အုပ်မိုးကြည့်နေသော ကောင်လေး၏နောက်မှ နောက်ထပ်အသံတစ်သံထွက်ပေါ်လာပြီး များမကြာမီ တည်ကြည်ချောမောသော အသက် အစိတ်ဝန်းကျင် ကောင်လေးတစ်ယောက် သူ့မြင်ကွင်းထဲ ရောက်ရှိလာသည်
ထိုကောင်လေးမှာ အဖြူရောင် ကြောင်လေးကို လက်ထဲမှာ ပွေ့ထားပြီး ကောင်းကင်ပြင်နဲ့တူတဲ့ မျက်ဝန်းပြာပြာလေးတွေနဲ့ သူ့ကို စိုက်ကြည့်နေသည်
တစ်ကိုယ်လုံးရေတွေ စိုရွဲနေတာကြောင့် ထိုမျက်ဝန်းပြာနဲ့ကောင်လေးက သူ့ကို ရေထဲကနေ ဆယ်ယူပေးခဲ့တာ ဖြစ်ရမည်
သူ့နာမည်သာမက ကိုအောင်ဆွေနာမည်ပါ သိနေသော ထိုလူသားနှစ်ယောက်သည် အနည်းငယ်တော့ ထူးဆန်းနေပေသည်
"ခင်ဗျားတို့က ဘယ်သူတွေလဲ.... "
သူ့အမေးကို အသက်နှစ်ဆယ်အရွယ်ကောင်လေးက ပါးချိုင့်လေးများပေါ်အောင် ပြုံးပြရင်း
"ကျွန်တော်တို့က တမန်တော်တွေလေ....နာမည်တွေက "
Throw Back to the Creazy Moments
ONion
Coming Soon in July 7....
༒︎ 𝗭𝗮𝘄𝗴𝘆𝗶 ༒︎
"မင္းနဲ႕ငါ အတူတူ ေသၾကရေအာင္... ေအာင္ေဆြ"
ရွိသမွ်အင္အားေတြကို ေျခေထာက္မွာစုၿပီး သူ႕ခႏၶာကိုယ္အားနဲ႕ ေနာက္ဆုတ္တြန္းလိုက္ေသာအခါ သူအဲ့လိုလုပ္လိမ့္မည္ဟု မေမွ်ာ္လင့္ထားေသာ ကိုေအာင္ေဆြက ဟန္ခ်က္ပ်က္ကာ ေခ်ာက္ကမ္းပါးဆီသို႔ သူနဲ႕အတူ ေနာက္ဆုတ္ပါလာေလသည္
"မင္း..."
ကိုေအာင္ေဆြက လက္ထဲက ေသနတ္နဲ႕ သူ႕ကိုပစ္ရန္ႀကိဳးစားေပမယ့္ သူက လက္ဦးမႈ ရယူၿပီးသြားတဲ့ေနာက္ အားနဲ႕ ေနာက္ျပန္ လွန္ခ်လိဳက္တဲ့အတြက္ အခြင့္မသာေတာ့ဘဲ ေခ်ာက္ကမ္းပါးအစြန္းကေန ျမစ္ထဲသို႔ အရွိန္ျဖင့္ ႏွစ္ေယာက္သား လုံးေထြးကာ က်သြားၾကေလေတာ့သည္
"အား..."
ေအာင္ေဆြရဲ႕ အံဩတႀကီး ေအာ္လိုက္တဲ့အသံက သူ႕နားထဲမွာ နားဝင္ခ်ိဳလွတာေၾကာင့္ မ်က္စိေလးမွိတ္ကာ ၿပဳံးမိလိုက္သည္
အရွိန္နဲ႕ထိုးက်ေနတဲ့ သူ႕ခႏၶာကိုယ္ေလးက ေရျပင္နဲ႕မထိခင္ သူ႕အေတြးထဲမွာ ကိုမိုးခမ္းရဲ႕ ပုံရိပ္ေလးမ်ားသာ ရစ္ဝဲေနသည္
ဗြမ္းကနဲျမည္သံနဲ႕အတူ သူ႕ခႏၶာကိုယ္တစ္ခုလုံး စိုစြတ္ေအးစက္သြားကာ ေရထုထည္ထဲသို႔ နစ္ျမႇပ္သြားၿပီး စီးေနေသာ ေရအလ်င္အတိုင္း လိုက္ပါသြားရသည္
အာ႐ုံငါးပါးဟာ ေလာကႀကီးနဲ႕ အဆက္အသြယ္ျပတ္ေတာက္သြားၿပီးတဲ့ေနာက္ သူ႕ရဲ႕စိတ္ဟာ တကယ္ပဲ ၿငိမ္းခ်မ္းသြားကာ လြတ္ေျမာက္ျခင္းတစ္မ်ိဳးဟာ သူ႕ဆီ စီးဝင္လာခဲ့တယ္
.
.
.
.
.
သုံးနာရီခန့္ ၾကာၿပီးေနာက္....
"အဟြတ္... အဟြတ္..."
အဆုပ္အတြင္းမွ ေရမ်ား အျပင္သို႔ထြက္သြားေသာအခါ မြန္းၾကပ္လွေသာ ဒဏ္မွ လြတ္ေျမာက္လာေသာ သူတစ္ဦးကဲ့သို႔ ႏွာေခါင္းဝေရာက္လာေသာ ေလကို အသည္းအသန္ရွိူက္ကာရႉသြင္းရင္း အေမာေျဖေနရသည္
ပက္လက္အေနအထားနဲ႕ တစ္ကိုယ္လုံးစို႐ြဲေနတာေၾကာင့္ ေအးစိမ့္ေနေသာ ဒဏ္ကလည္း ေမးရိုးမ်ားကိုေတာင္ တဆတ္ဆတ္ တုန္ခါေနေစသည္
"ကိုမင္းသြင္... သတိရလာၿပီလား"
အသံၾကားလို႔ မ်က္လုံးကို အားယူၿပီး ဖြင့္ၾကည့္မိလိုက္တဲ့အခါ ေႏြးေထြးေသာ မ်က္ဝန္းမ်ားျဖင့္ သူ႕ကို အုံ႕မိုးကာ ၾကည့္ေနေသာ အသက္ ၂၀ ဝန္းက်င္ ေကာင္ေလး တစ္ေယာက္ကို ေတြ႕လိုက္ရသည္
"ကြၽန္ေတာ္ဘယ္ကိုေရာက္ေနတာလဲ... "
"ကိုမင္းသြင္နဲ႕ ကိုေအာင္ေဆြ ျမစ္ထဲ က်လာတာေလ... အဲ့တာ ကြၽန္ေတာ္တို႔ ကယ္ထားတာ"
ထိုေကာင္ေလး ေျပာျပလိုက္မွ ကမ္းပါးက အိမ္တြင္ ျဖစ္ပ်က္ခဲ့သမွ်ကို တစ္ခုခ်င္း ျပန္လည္မွတ္မိလာၿပီးေနာက္ ေသနတ္ဒဏ္ရာနဲ႕ က်န္ခဲ့ေသာ ကိုမိုးခမ္းကို စိုးရိမ္ေသာစိတ္က ေခါင္းထဲ ခ်က္ခ်င္းဝင္ေရာက္လာသည္
"ကြၽန္ေတာ္ သြားမွ ျဖစ္မယ္... အား အ"
ေတြးရင္းပင္ ႐ုတ္တရက္ ေဇာနဲ႕ ထလိုက္မိတဲ့အခါ ခါးမွေသနတ္ဒဏ္ရာ ေပါင္မွ ဓားဒဏ္ရာေတြေၾကာင့္ ျပန္၍ လဲက်သြားေလသည္
ကမ္းပါးကေန ျမစ္ထဲကို အရွိန္နဲ႕ က်လာေသာေၾကာင့္ ထိခိုက္မိေသာဒဏ္ေတြသည္ တစ္ကိုယ္လုံး ကိုင္ရိုက္ထားသလို နာက်င္လွသည္
"ေမာင္... သူက ေသြးထြက္လြန္ထားတယ္ထင္တယ္... ၿငိမ္ၿငိမ္ေလးေနတာက ပိုေကာင္းလိမ့္မယ္"
သူ႕ကို အုပ္မိုးၾကည့္ေနေသာ ေကာင္ေလး၏ေနာက္မွ ေနာက္ထပ္အသံတစ္သံထြက္ေပၚလာၿပီး မ်ားမၾကာမီ တည္ၾကည္ေခ်ာေမာေသာ အသက္ အစိတ္ဝန္းက်င္ ေကာင္ေလးတစ္ေယာက္ သူ႕ျမင္ကြင္းထဲ ေရာက္ရွိလာသည္
ထိုေကာင္ေလးမွာ အျဖဴေရာင္ ေၾကာင္ေလးကို လက္ထဲမွာ ေပြ႕ထားၿပီး ေကာင္းကင္ျပင္နဲ႕တူတဲ့ မ်က္ဝန္းျပာျပာေလးေတြနဲ႕ သူ႕ကို စိုက္ၾကည့္ေနသည္
တစ္ကိုယ္လုံးေရေတြ စို႐ြဲေနတာေၾကာင့္ ထိုမ်က္ဝန္းျပာနဲ႕ေကာင္ေလးက သူ႕ကို ေရထဲကေန ဆယ္ယူေပးခဲ့တာ ျဖစ္ရမည္
သူ႕နာမည္သာမက ကိုေအာင္ေဆြနာမည္ပါ သိေနေသာ ထိုလူသားႏွစ္ေယာက္သည္ အနည္းငယ္ေတာ့ ထူးဆန္းေနေပသည္
"ခင္ဗ်ားတို႔က ဘယ္သူေတြလဲ.... "
သူ႕အေမးကို အသက္ႏွစ္ဆယ္အ႐ြယ္ေကာင္ေလးက ပါးခ်ိဳင့္ေလးမ်ားေပၚေအာင္ ၿပဳံးျပရင္း
"ကြၽန္ေတာ္တို႔က တမန္ေတာ္ေတြေလ....နာမည္ေတြက.... "
Throw Back to the Creazy Moments
ONion
Coming Soon in July 7....