IDOL
By Thurein__
48.2K 3.2K 580
Stage ပေါ်မှာ တောက်ပနေမယ့် Idol တစ်ယောက်အကြောင်း More
IDOL (Intro)
(Announcement)
1 (Uni)
1 (Zawgyi)
2 (Uni)
2 (Zawgyi)
3 (Zawgyi)
4 (Uni)
4 (Zawgyi)
(A/N)
5 (Uni)
5 (Zawgyi)
6 (Uni)
6 (Zawgyi)
7 (Uni)
7 (Zawgyi)
8 (Uni)
8 (Zawgyi)
9 (Uni)
9 (Zawgyi)
10 (Uni)
10 (Zawgyi)
11 (Uni)
11 (Zawgyi)
12 (Uni)
12 (Zawgyi)
13 (Uni)
13 (Zawgyi)
14 (Uni)
14 (Zawgyi)
15 (Uni)
15 (Zawgyi)
16 (Uni)
16 (Zawgyi)
17 (Uni)
17 (Zawgyi)
18 (Uni)
18 (Zawgyi)
19 (Uni)
19 (Zawgyi)
20 (Uni)
20 (Zawgyi)
21 (Uni)
21 (Zawgyi)
22 (Uni)
22 (Zawgyi)
23 (Uni)
23 (Zawgyi)
24 (Uni)
24 (Zawgyi)
25 (Uni)
25 (Zawgyi)
26 (Uni)
26 (Zawgyi)
27 (Uni)
27 (Zawgyi)
28 (Uni)
28 (Zawgyi)
29 (Uni)
29 (Zawgyi)
30 (Uni)
30 (Zawgyi)
Members' Biology
31 (Uni)
31 (Zawgyi)
CLICK!!
32 (Uni)
32 (Zawgyi)
33 (Uni)
33 (Zawgyi)
34 (Uni)
34 (Zawgyi)
35 (Uni)
35 (Zawgyi)
36 (Uni)
36 (Zawgyi)
37 (Uni)
37 (Zawgyi)
38 (Uni)
38 (Zawgyi)
39 (Uni)
39 (Zawgyi)
40 (Uni)
40 (Zawgyi)
41 (Uni)
41 (Zawgyi)
42 (Uni)
42 (Zawgyi)
43 (Uni)
43 (Zawgyi)
44 (Uni)
44 (Zawgyi)
45 (Uni)
45 (Zawgyi)
46 (Uni)
46 (Zawgyi)
47 (Uni)
47 (Zawgyi)
48 (Uni)
48 (Zawgyi)
49 (Uni) 🔞
49 (Zawgyi) 🔞
50 (Uni)
50 (Zawgyi)
51 (Uni)
51 (Zawgyi)
52 (Uni)
52 (Zawgyi)
53 (Uni)
53 (Zawgyi)
54 (Uni)
54 (Zawgyi)
55 (Uni)
55 (Zawgyi)
56 (Uni)
56 (Zawgyi)
57 (Uni)
57 (Zawgyi)
58 (Uni)
58 (Zawgyi)
59 (Uni)
59 (Zawgyi)
60 (Uni)
60 (Zawgyi)
61 (Uni)
61 (Zaw gyi)
62 (Uni) 🔞
62 (Zawgyi) 🔞
63 (Uni)
63 (Zawgyi)
64 (Uni)
64 (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Thanking
3 (Uni)
584 48 5
By Thurein__
"မင်းတို့ရဲ့ ရပ်ကွက်ထဲ ဇိုးဘဲတွေ သိပ်ပေါလို×××
ခါးကြားထဲဓားထိုးပြီးတော့ မင်းဆီလာခဲ့မလို့×××
အိမ်ရှေ့ထွက်ခဲ့ပါတော့×××မင်းမျက်နှာလေးကို ငါငေးဖို့×××"
စာသင်ခန်းထဲ ညီညီ့သီချင်းသံသည် စည်းချက်ညီညီပျံ့လွင့်လျက်ရှိသည်။ ကိုယ်ကလွဲ၍လည်း စာသင်ခန်းတစ်ခန်းလုံး လှုပ်ရှားသက်ဝင်နေကြလျက်။
သင်ပုန်းဖျက်တဲ့သူဖျက် တံမြက်စည်းလှဲတဲ့သူလှဲ စကားပြောတဲ့သူပြောနဲ့ အထက်တန်းကျောင်းသားကျောင်းသူဘဝ၏ သရုပ်ပုံသည်အသက်ဝင်နေသည်။
ညီညီကတော့ ကိုယ့်ခုံမှာကိုယ် အေးဆေးထိုင်ပြီး သီချင်းလေးညီးနေသည်။ လက်တစ်ဘက်က ခုံကိုခေါက် ကျန်တစ်ဘက်က ခုံလေးပုတ်ကာ
တစ်ကိုယ်စာကြားနိုင်ရုံ သီချင်းညီးနေရတာ ညီညီ့အတွက် စိတ်အအေးချမ်းဆုံးအလုပ်။
အေးချမ်းရအောင်လည်း ရင်ထဲကို ဂီတထည့်ထားတာ။ ဂီတဆိုတာကလေ ခံစားတတ်ရင် သိပ်ကိုရသမြောက်တာ။ ဒိုရေမီဖာဆိုလာတီ နဲ့တည်ဆောက်ထားတဲ့ တေးသွားသံစဥ်အနိမ့်
အမြင့်တွေဟာ ညီညီ့အဖို့ အကောင်းဆုံးအဖော်ပဲ။ ကိုယ့်မှာ ပျင်းတဲ့အချိန်ရယ်လို့မရှိဘူး။ လုပ်စရာမရှိတဲ့အချိန်ဆို သီချင်းဆိုနေလိုက်တာပဲ။
သီချင်းဆိုတာကလည်း ဆိုတတ်ဦးမှကိုး။ ပါးစပ်တစ်ပေါက်ပါပြီး အသံထွက်တတ်တိုင်း သီချင်းဖြစ်လာတာမဟုတ်လေ။ စိတ်အပန်းပြေအောင် သီချင်းဆိုပြီးဖြေတယ်ဆိုပေမယ့် နှုတ်ကထွက်လာတဲ့အသံကလည်း သူများနားထဲ ကြားသာနာသာရှိဦးမှ။ သူများမကြားရင်တောင် အနည်းဆုံးတော့ ကိုယ့်အသံကိုယ်ပြန်ကြားပြီး ကိုယ့်စိတ်အေးချမ်းတာပေါ့။
ညီညီက သီချင်းဆိုတတ်ချင်လို့ ဖေဖေတို့ကို Vocal Training Class တစ်ခုပေးတက်ဖို့ပြောတော့ ဖေဖေတို့ကလည်း ဝါသနာကိုမြေတောင်မြှောက်ပေးပါသည်။ အခုဆို ဂီတာလည်း ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ပြီ။
စန္ဒယားလည်း တီးတတ်ပြီ။ တယောတီးဆက်သင်နေသည်။ တူရိယာဆိုတာနဲ့ ညီညီကအကုန်တီးတတ်ချင်တဲ့လောဘက ငယ်ငယ်ကတည်းက ကိန်းအောင်းခဲ့တာ။ ဆန္ဒတွေများနေတော့ "မျောက်သစ်ကိုင်းလွတ်"လိုမဖြစ်အောင်လည်း တစ်နှစ်ကိုတစ်မျိုးစောက်ချသင်ခဲ့တာ ခုဆိုရည်မှန်းချက်တွေအတော်ပြည့်လုခဲ့ပေပြီ။
"မင်းနဲ့မှချစ်တတ်ခဲ့တဲ့ ဘဝကို နင်သိဖို့ ×× အကြိမ်ကြိမ် ငါနီးဖို့ကြိုးစားလည်း×××
မင်းကနှာခေါင်းလေးပိတ်ကာ ပြေးထွက်ခဲ့××
ဒီလူငိုသံဟာ မကြမ်းတမ်းဘူး ဟေ့×××"
သင်တန်းက သင်ထားသည့်အတိုင်း Vibrate တွေပါထည့်ဆိုနိုင်၍ ကိုယ့်အဆိုပညာ​အပေါ်
ကိုယ့်ဘာသာကျေနပ်နေမိသည်။ ညီညီ့အသံသည် Nasal sound ဟုခေါ်သည့် နှာသံမျိုးမဟုတ်။ ​အသံလုံးသေးသေးလေးလည်းမဟုတ်။
EXO က Baekhyun တို့ NCT TEN လိူမျိုး အသံချိုကြည်ကြည်နှင့်သွားဆင်သည်။
မနက်ကတည်းက ဝေလ၏ နင်သိပ်ရက်စက်တယ် သီချင်းက ညီညီ့ပါးစပ်ထဲစွဲ​နေတာ။ ဖြစ်ပုံက မနေ့က မေမေတို့နဲ့သွားကြည့်တဲ့ ရောင်စဥ့်ရုပ်ရှင်ကိုကြည့်ပြီး ကောက်ဆိုမိတဲ့သီချင်းလေ။ ဇာတ်ကားကတော့ ကောင်းသလားမမေးနဲ့။ ရုံပြည့်ရုံလျှံအောင်ကိုပေါက်သည်ဆိုတာနှင့် ထိုက်တန်လွန်းသည်။
"ချစ်ရပါသောဒုတိယလူ"ရုပ်ရှင်မှာ ရောင်စဥ်က "ဝတ်လွှာ"ဆိုသည့်ကောင်မလေးနေရာက။
အသက်ငယ်ငယ်လေးနဲ့ မင်းသားဖြစ်သူ
"မြတ်မနော"ကို မကြိုက်နှစ်သက်ဘဲ စေ့စပ်လိုက်ရပြီးနောက် မြတ်မနောရဲ့စိတ်တွေက သူ့ရဲ့
အချစ်ဦးဖြစ်သူကောင်မလေးဆီမှာပဲရှိနေတုန်းပဲဆိုတာ သိလိုက်ရတဲ့အချိန် အသိုင်းအဝိုင်းကြီးထဲက ​မိန်းကလေးငယ်ဝတ်လွှာရဲ့ ပတ်ဝန်းကျင်မှာအရှက်ကွဲရမယ့် စေ့စပ်ပွဲဖျက်သိမ်းရမည့်အဖြစ်လို မဖြစ်ချင်လို့ လိုက်ဖျက်ရာကနေ မနောအပေါ် ကိုယ်ရောစိတ်ပါ လုံးဝပြိုလဲကျသွားခဲ့မှုတွေကို ညီညီခံစားခဲ့ရသည်။
ဇာတ်ကားက ရောင်စဥ့်ဇာတ်မဟုတ်သော်လည်း သူငယ်ချင်းအချင်းချင်းမို့ ရောင်စဥ့်နေရာကခံစားပြီးကြည့်ခဲ့တာ။ မြတ်မနောကိုလက်ထပ်ခွင့်ရလိုက်တဲ့ ပထမလူဖြစ်သွားတဲ့ ရောင်စဥ်က နောက်ဆုံးအထိ မြတ်မနောရဲ့ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ခဲ့န်ုင်ပေမယ့် မနောရဲ့နှလုံးသားကတော့ ဒုတိယလူအဖြစ်ကျန်ခဲ့ရတဲ့ အချစ်ဦးဆီမှာပဲ ကျန်ခဲ့သည်လေ။
တစ်ညလုံးရော ခုတစ်မနက်လုံးကရော ဒီဇာတ်ကားကိုပဲတွေးနေမိတာ။ ဘာကိုအားမလိုအားရဖြစ်နေမိတာလဲမသိပေမယ့် တစ်စုံတစ်ယောက်ကိုအပြစ်တင်ချင်​နေမိစိတ်ကစွဲကျန်ခဲ့တာ။
ဝတ်လွှာသည် ဗီလိန်ဖြစ်နေပေမယ့် သူမချစ်ဘဲနဲ့ လက်ထပ်လိုက်ရတဲ့ ယောက်ျားတစ်ယောက်အပေါ် ချစ်မိသွားတာက လူမုန်းစရာဖြစ်​သွားခဲ့တာလား။
ညီညီဒီလိုတွေးမိတယ်ဆိုတာကလည်း ရုံထဲကြည့်နေတုန်းက ဝတ်လွှာ့အပေါ် အပြစ်တင်သံတွေကြားမိလိုက်လို့ပါ။ ဒါကတော့ ဝတ်လွှာကိုအပေါ်ယံလေးပဲကြည့်ကြလို့။ တကယ်ချစ်ချစ်မချစ်ချစ် ပတ်ဝန်းကျင်မှာ သူ့ယောက်ျားကဖောက်ပြန်နေတာလေဆိုတဲ့ အတင်းအဖြင်းတွေကြောင့်နဲ့ ကိုယ့်ဂုဏ်သိက္ခါမြောင်းထဲရေစုန်မျောရမယ့်အရေးကြောင့် လိုက်တားတာကို သာသနာဖျက်တယ်ဆိုတော့ ဖောက်ပြန်တဲ့လူကို အားပေးနေကြတာလားလို့တောင် တွေးမိသည်။
ရုပ်ရှင်ကြည့်တဲ့လူအများစုက အဓိကမင်းသားမင်းသမီးနှစ်ယောက် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ညားရင်ပြီးရော။ သက်ဆိုင်ရာတွေရှိနေလည်း ဖောက်ပြန်ပြီးညားညား ကွာရှင်းပြီးညားညားရတယ်။
အဲ့ဒီနှစ်ယောက်ကိုယ်တိုင် လူ့အဖွဲ့အစည်းရဲ့စည်းဥပဒေတွေကိုကျော်လုပ်ရင်တောင် အပြစ်မမြင်ကြပေမယ့် ကျန်တဲ့သူဆိုရင်တော့ နည်းနည်းလေးလုပ်မိရင်တောင် အပြစ်ဖို့ကြတယ်။ ညီညီကတော့ ရုပ်ရှင်ကြည့်ရင်ဖန်စွဲချွတ်ကြည့်တတ်တယ်။
အိမ်ထောင်တစ်ခုမှာ အချစ်ပါမှခိုင်မြဲတာဆို။
ဝတ်လွှာဘက်ကချစ်လာတာကျ အသိအမှတ်မပြုကြတာလား။ ညီညီ​ကတော့ ပုဂ္ဂိုလ်ရေးခံစားချက်မပါဘဲပြောရရင် ဝတ်လွှာသည် အပြစ်တင်စရာ​ဇာတ်ကောင်လုံးဝလုံးဝမဟုတ်။ ဒါဆိုဘယ်သူဖြစ်မလဲ။ သေချာပေါက် မြတ်မနောပေါ့။
အချစ်ဦးအပေါ် ချစ်နေမိတာအပြစ်လားလို့ ပြန်မေးခွင့်မရှိတဲ့လူ။ ကိုယ်တကယ်ချစ်ရင် ကိုယ်တကယ်မစွန့်လွှတ်နိုင်ခဲ့ရင် တစ်ပါးသူနဲ့ မစေ့စပ်ခင်ကတည်းက မရရအောင် ရယူပိုင်ဆိုင်ဖို့ ကြိုးစားခဲ့ရမှာပေါ့။ မိဘစီစဥ်သမျှ မစဥ်းစားဘဲ ခေါင်းငြိမ့်ပြီးမှ မကြာခင်လက်ထပ်ရတော့မယ့်လူတစ်ယောက်ရဲ့ကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီး အချစ်ဦးဆိုတဲ့မိန်းကလေးဆီပြန်သွားတဲ့ကောင်။ တစ်ဖက်မိန်းကလေးက သူ့အပေါ်ငြင်းဆိူနေတာတောင် ဒူးပါထောက်ပြီး အောက်တန်းစားအဖြစ်ခံယူခဲ့တဲ့ကောင်။
ညီညီဖြင့် အဲ့လိူလူမျိုးကိုရွံလိုက်တာ။ ဇာတ်ကားဇာတ်သိမ်းအထိ ဝတ်လွှာကဗီလိန်ဖြစ်နေခဲ့တာ။ ဘာပဲဖြစ်ဖြစ်ပါလေ သရုပ်ဆောင်ကောင်းကြလွန်းလို့ ခုလိုစီးမြောသွားနိုင်တာ။ မေမေဆို ရုံထဲမှာတင်ချီးကျူးတာ ဘယ်နှစ်ခါပင်မသိ။
ခုလည်း အဲ့ဇာတ်ကားအကြောင်းတွေ ညီညီခေါင်းထဲနေစီနေတာပဲ။ အများအမြင်မှာတော့ ဝတ်လွှာကလူကြမ်းပေါ့လေ။ ဒါကြောင့်လည်း ဝတ်လွှာဘက်ကနာလွန်း၍ ခေါင်းထဲပေါ်လာတဲ့လူကြမ်းသီချင်းကောက်ဆိုမိနေတာ။
"ငါအရမ်းချစ်ခဲ့တာပါ××× ဓားချင်းခုတ်ချိန်မှာတောင် မင်းအကြောင်းတွေး×××
နူးညံ့တဲ့စိတ်ဓာတ်လေးတွေ×× မင်းတစ်ယောက်အတွက်ငါပေးသော်လည်း×××"
ထိုစ​ဥ် အတန်းထဲအသံတွေတိုးသွားသည်။
ညီညီသိလိုက်ပြီ။ တစ်စုံတစ်ယောက် အတန်းထဲဝင်လာလို့ပင်။ ဒီအတန်းရဲ့နတ်သမီး၊ ဒီကျောင်းရဲ့မျက်နှာဖုံး တက်သစ်စမင်းသမီးလေး
ရောင်စဥ်လှိုင်းဝင်လာရင် ခုလိုပဲ တိတ်သွားနေကျ။
မင်းသမီးများကားပေါ်ကဆင်းလာလျှင် အံသြဘနန်း မျက်တောင်မခတ်ဘဲကြည့်ကြသလိုမျိုး နေ့တိုင်းမြင်တွေ့နေရသည့် ရောင်စဥ်ဝင်လာတိုင်း မရိုးနိုင်အောင် ​ကြည့်နေကြ။
"လာနေပြီ လာနေပြီ"
ညီညီသာ သီချင်းအဆိုမပြတ်ဘဲ ဆိုမြဲအတိုင်းသာဆက်ဆိုနေသည်။ အတန်းတွင်း ဆူညံနေသည့်အချိန်တုန်းက ညီညီ့အသံသည် အများနင့်ရောယောင်၍မကျယ်ဘဲရှိနေကာ တစ်တန်းလုံးတိတ်သွားချိန်တွင်တော့ ကိုယ့်တစ်သံတည်းက ထိုးထွက်လာခဲ့လေသည်။
ဆိုနေတဲ့သီချင်းကလည်း လူကြမ်းဖြစ်သူက ချစ်ရသူမိန်းကလေးကို ဘယ်လောက်တွေ ချစ်ကြောင်းပြောပြတဲ့သီချင်းမို့ ရောင်စဥ်လိုမင်းသမီးဝင်လာတာနဲ့တိုက်ဆိုင်၍ အတန်းသားတွေက ဝါးခနဲရယ်ကြလေသည်။ ညီညီပါရောယောင်ရယ်လိုက်သေးသည်။ ကိုယ်ကလူကြမ်းတော့ဖြစ်သွားရတာပေါ့။
သို့သော် ကြာကြာမပျော်လိုက်ရ။ ရောင်စဥ့်က မျက်စောင်းပြင်းပြင်းလေးတစ်ခုနှင့် လှမ်းထိုးတာ ခံလိုက်ရသေးသည်။
ရုတ်တရက်ဆိုတော့ ညီညီစိတ်ထဲဘာလဲပေါ့။ ရောင်စဥ်က စိတ်ဆိုးသွားတာလား။ သူလာမှ သီချင်းကောက်ဆိုတာမှမဟုတ်တာပဲ။ အမှန်ဆို သူဝမ်းတောင်သာရဦးမှာ။ ကိုယ်က သူ့ကိုရည်ရွယ်ချက်ရှိရှိ ပေါ်တင်ကြောင်နေသည့်လူလည်းမဟုတ်။ မဖြစ်ဘူး မဖြစ်ဘူး နောက်ကို
ကိုယ့်ဘက်ကပဲ ​ဆင်ခြင်မှဖြစ်မည်ဟုတွေးလိုက်သည်။ ဘာကြောင့်ပဲထိုးထိုး သူမှမကြိုက်တာ
ကိုယ့်ဘက်ဆင်ခြင်ပေးရမှာပေါ့။
"ဂုဏ်ယူပါတယ် ရောင်စဥ်။ နင့်ရဲ့ပွဲဦးထွက် ရုပ်ရှင်ကားကြီးက အမိုက်စားပဲဟာ"
"နင်က ငယ်သေးလို့ ငယ်ဘဝကိုပဲ သရုပ်ဆောင်ရမယ်ထင်ထားတာ။ အားပါးပါး ဝါရင့်မင်းသမီးနဲ့အပြိုင်သပ်ချသွားတာ ငါဖြင့်ကြွေလိုက်တာဟယ်"
"ဟေ့ ငါ့တော့အကယ်ဒမီပဲ​ ရောင်စဥ့်အတွက်မှန်းချလိုက်ပြီ"
"ဟုတ်ပ ဝတ်လွှာလေးက ငါ့အတွက်တော့အကယ်ဒမီပဲ"
"ဗီလိန်ပေမယ့် ချစ်ပြီးသားပါနော်"
ရောင်စဥ့်နား လူတွေပြုံတိုး၍ ဂုဏ်ပြုစကားပြောကြလေသည်။ ကိုယ့်အတန်းသားချင်း ထောက်ခံအားပေးကြတာမြင်ရတော့ ညီညီဝမ်းသာမိသား။
မနေ့ကမှရုံစတင်တာ ပိတ်ရက်မှာအကြိတ်အနယ်တိုးပြီးသွားကြည့်ကြဟန်တူသည်။ ဟိုလူကချီးကျူးလိုက်၊ ဒီလူကို ချီးကျူးလိုက်နှင့် "ပီပြင်လိုက်တာ" "ကောင်းလိုက်တာ" "တော်လိုက်တာ"စသဖြင့် စိတ်ရင်းထဲကထွက်လာကြသည့် ချီးကျူးသံများသည် နားနှင့်မဆံနိုင်အောင်ရှိလေသည်။ အစကတော့ ညီညီလည်း သူတိူ့လ်ုအနားသွားပြီးပြောမလို့ပေမယ့် စောစောကကိစ္စကြောင့် ခံစားချက်မကောင်းတော့၍ စိတ်ထဲကပဲဂုဏ်ပြုလိုက်တော့သည်။
"ကျေးဇူးပါ"
"ဟိတ် ဟိတ် နင်တို့က အဲ့လိုတွေမပြောနဲ့လေ။ ငါသွားမကြည့်ရသေးဘူး။ ခေတ်နောက်ကျတယ်အပြောမခံရအောင် ခုပိတ်ရက်ကျ သွားကြည့်ဦးမှပဲ" 
အတန်းတွင်းတစ်ယောက် တစ်ပေါက်အသံတွေ ပုံမှန်စီစီညံလာပြန်ကာ အောင်မြင်မှုကိုအသိအမှတ်ပြုခံနေရသည့် ရောင်စဥ့်ပီတိသည် ညီညီ့ဆီသို့ပါ ကူးစက်နေသည်။
ဒါဟာ ညီညီတို့အတန်းထဲက ဖြစ်လေ့ရှိတဲ့ အရာတစ်ခု။ ရောင်စဥ်လှိုင်းလာပြီဆို ချိုချဥ်ခဲဘေး ပုရွက်ဆိတ်တွေအုံခဲနေသလို အမြဲသူ့အနားမှာ လူတွေအုံနေတတ်သည်။ တကယ်လည်း အချစ်ခံသင့်တဲ့သူပါလေ။
ရောင်စဥ်လှိုင်းဆိုတာက တက်သစ်စမင်းသမီးအသစ်တစ်လက်​။ တက်သစ်စဆိုပေမယ့် တက်လမ်းတွေအလားအလာများစွာရှိသည့် သူ။
ရောင်စဥ်ရဲ့မိဘတွေကိုယ်တိုင်က ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် "7Colours" ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကြီး၏ပိုင်ရှင်များဖြစ်ကာ ကျောင်းရဲ့လိုအပ်တာမှန်သမျှ အချိန်မရွေး လှူဒါန်းပေးနေသည့် ကျောင်း၏မျက်နှာဖုံး ထိပ်တန်းမိသားစုတွေထဲက တစ်ခုဆိုလည်းဟုတ်ပါသည်။
"ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူ" "စိန်နားကပ်ရောင်ကြောင့် ပါးပြောင်"စတဲ့ စကားပုံတွေက ရောင်စဥ့်အတွက်မဟုတ်။ ဆပ်ပြာနှင့်တိုက်ချွတ်စရာမလိုအောင် သန့်ရှင်းသည့်အဖြူထည်အဝတ်၊ နားကပ်ဝတ်စရာမလိုအောင် နီမြန်းဝင်းမွှတ်သည့် ပါးနှစ်ဖက်လိုမိန်းကလေးဖြစ်ပါသည်။
မိဘတွေရဲ့ အရှိန်အဝါကြောင့် အောင်မြင်နေတာမျိုးမဟုတ်ဘဲ ရောင်စဥ်ကိုယ်တိုင်က အနုပညာဘက်မှာ ပါရမီအထုံပါသူပါ။
ရုပ်ရည်ကလည်း မင်းသမီးဆိုသည့်အတိုင်းကို ယမင်းရုပ်ကလေးလို ထိရက်စရာမရှိ နုဖတ်သည်။ အနေအထိုင်ဆိုလည်း သန့်ပြန့်ကျော့ရှင်းသည်။ စားတာသောက်တာ စကားပြောတာကမှ အဆင့်အတန်းရှိရှိ ပြောတတ်ဆိုတတ်သူ။ ခုလိုထိန်းထိန်းသိမ်းသိမ်းနေတတ်ပုံနဲ့ဆို ရောင်စဥ်ဟာအနုပညာလောကမှာ နေရတစ်နေရာစာတော့ ထာဝရဖင်မြဲနေတော့မှာ။
"ငါဟဲ့ မင်းသမီး"ဆိုပြီး ထာဝစဥ်ရွှေ့လို ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်လည်းလုပ်စရာမလိုသူလည်းဖြစ်သည်။ ရောင်စဥ့်ရဲ့စရိုက် နေဟန် အမူအကျင့် စိတ်ဓာတ်အဆင့်အတန်း စာရိတ္တတွေဟာ သူကိုယ်တိုင်မော်ကြွားစရာမလိူလောက်အောင် လူသတင်းလူချင်းဆောင်ပြီး တစ်စတစ်စပြန့်ကုန်ပါလိမ့်မည်။
ရောင်စဥ်က သွေးအေးအေးနေတတ်သူမို့ လူတိုင်းနှင့်မခင်သော်လည်း ရောင်စဥ့်ကို မာနကြီးတယ်ဟူ၍လည်း မဆိုနိုင်ပြန်။
ရောင်စဥ့်ဘေးမှာ မိန်းကလေးတွေရော ယောက်ျားလေးတွေပါ ဝိုင်းဝိုင်းလည်နေတတ်တာ ဆန်းလှရယ်လိုတော့မဟုတ်။ ရောင်စဥ်နဲ့တည့်အောင်ပေါင်းပြီး နာမည်ကြီးဖြစ်ချင်တဲ့သူတွေလည်းပါသည်။ မြှောက်ထိုးပင့်ကော်လုပ်ပြီး ရောင်စဥ့်ရဲ့အာရုံစူးစိုက်မှုရချင်သူတွေလည်းပါသည်။ ရောင်စဥ့်ရဲ့ ပရိတ်သတ်လို့ခံယူထားတဲ့သူတွေလည်း ပါသည်။ တကယ်ကို ရောင်စဥ်နဲ့ရင်းနှီးချင်တဲ့သူတွေပါသည်။ ညီညီကတော့ ကိုယ့်အတန်းဖော်တစ်ယောက် သူ့အစွမ်းအစနဲ့ သူရပ်နေနိုင်တဲ့နေရာဟာ နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ အားပေးအားမြှောက်ပြုနေမှာပါပဲ။
ရောင်စဥ့်ကို ကိုယ့်ရဲ့ စံပြ တစ်ယောက်လိုတော့ မသတ်မှတ်မိ။ ဘာလို့ဆို ရောင်စဥ်ကသရုပ်ဆောင်နယ်ပယ်ကိုး။ အဆိုနယ်ပယ်ဆိုရင်တော့ ရောင်စဥ်ဟာ ညီညီရဲ့အိုင်ဒေါတစ်ယောက်ဖြစ်နေမှာပါ။ ဒီကျောင်းမှာ ညီညီရဲ့အိုင်ဒေါတစ်ယောက်ရှိသည်။ တက်သစ်စအဆိုတော်တစ်ဦးပဲ။ ညီညီအားကျအတုယူရတဲ့သူလည်းဖြစ်သလို တကယ်ကိုတခဲနက်အားပေးရတဲ့သူလည်းဖြစ်ပါသည်။
"ငါတို့ရောင်စဥ်လေးကတော့ ပထမဆုံးရုပ်ရှင်ကားကြီးနဲ့တင် အကယ်ဒမီရတော့မှာပဲ။ နင်ကလည်း ငါ့ကိုစောင့်ဦးလေဟာ"
ခုံစောင်းကိုတင်ပါးနှင့် ခပ်စောင်းစောင်းမှီထားကာ ထာဝစဥ်ရွှေက ရယ်ကျဲကျဲလေးပြောလေသည်။ ထာဝစဥ်ရွှေဆိုတာက ရောင်စဥ်နှင့် အလယ်တန်းကတည်းကသူငယ်ချင်း​။ ရုပ်ရည်​မခေသူမို့ ရောင်စဥ့်မိဘတွေက သူတို့သမီးသူငယ်ချင်းဟုဆိုကာ ​စင်တင်ပေးဖြစ်ရင်းက ကြော်ငြာတွေ​ရိုက်ကူးနေရသည့် တက်သစ်စကြော်ငြာမင်းသမီးအသစ် တစ်လက်ဆိုလည်း မမှားပါ။
ရောင်စဥ့်လောက်နာမည်မကြီးပေမဲ့ ကိုယ့်ရှိ
သည့်ဂုဏ်လေးနဲ့ အရွှေကတော့ မာန်လေးတက်ပြချင်ချင်ဖြစ်တတ်သည်။ ကိုယ့်မိဘတွေကလည်း ကိုယ့်ကိုယ်မထောက်ပံ့ပေးနိုင် ကိုယ့်မှာလည်း အနုပညာနှင့်အဆက်မရှိတော့ ရောင်စဥ့်နားကိုသာ ကပ်နေရတာ။ ခုချိန်မှာ အရွှေ့အတွက် ရောင်စဥ်ဟာ ရင်းထောင်တစ်ခုသာသာပဲ။
ထန်းရည်အစစ်အရသာကိုလိုချင်ရင် အကိုင်းအခက်မရှိ အကိုင်းခြောက်တွေသာရှိသည့် အထစ်အငေါ့တွေနဲ့ပင်စည်ရှည်ရှည်ကြီးပေါ် တက်နိုင်ဖို့က ရင်းထောင်နဲ့တက်မှရမည်။ အရွှေ လိုချင်သည့် အောင်မြင်မှုတစ်နေရာကိုရဖို့ ရောင်စဥ့်ဆီမှာ အောက်ကျို့ဆိုလည်း ကျို့ရမည်သာ။
အများအမြင်တော့ အရွှေ တို့နှစ်ယောက်က ရင်းနှီးသယောင်ရှိပေမဲ့ တကယ်တမ်းကျ အရွှေ့ ကိုလည်း အခြားသူတွေနဲ့မခြားပေ။ စကားအခွန်းတစ်ရာပြောလို့ ပြန်ပြောတာနှစ်ခွန်းပြည့်ချင်မှ
ပြည့်တာ။
ထို့ကြောင့် အရွှေကလည်း မချစ်သော်လည်းအောင့်ကာနမ်း ဆိုသလို အောက်ကျခံပြီးစကားလုပ်မပြောပေမဲ့ အခွင့်ကြုံရင်တော့ ဝင်ဝင်လုံးရသည်။
"ငါလည်း ဇာတ်ကားတစ်ကားလောက်ရိုက်ချင်လိုက်တာ။ ဇာတ်ကားရိုက် အားလုံးကသဘောတွေကျ။ သရုပ်ဆောင်ပီပြင်လိုက်တာဆိုပြီး ချီးကျူး။ ရုပ်ရှင်တွေအများကြီးက လာကမ်းလှမ်း။ မင်းသားဆို ပိုင်တံခွန်တို့ ဒေါင်းတို့။ ဟီဟီ ပြီးရင် အကယ်ဒမီ..."
"​ကြော်ငြာမင်းသမီးဘဝက လွတ်အောင်အရင်ရုန်းပါဦး"
"ဟင်"
ရောင်စဥ့်ဆီက မမျှော်လင့်ထားသည့် ဖြတ်ပြော စကားကြောင့် အရွှေ့ တစ်ကိုယ်လုံး အကြောတွေတင်းသွားလေသည်။ မျက်ခုံးတစ်ဖက်မြင့်တက်သွားကာ အံတွေကြိတ်ထားမိရင်း မိမိကိုအထင်သေးလို့ထွက်လာတဲ့စကားတစ်ခွန်းကို ရင်နာနာနဲ့ သည်းခံလိုက်ရတော့သည်။ ဒီအချိန်မှာ သူဟာကိုယ့်ထက်သာနေတဲ့သူဆိုတော့လည်း ဖိသမျှတင်းခံနေလို့မရဘဲ ပျော့လိုက်နေရသည့် ပူဖောင်းတစ်ခုလိုသာ။
သူ့ထက်နာမည်ပိုကြီးသည့်အချိန်ကျမှ အရွှေ အနှိမ်ခံရသမျှကို ပြန်ချေမည်။
ခုလောလောဆယ်တော့ သူညှစ်လိုက်ဖိလိုက်သမျှ ကိုယ့်ဘာသာတစ်နေရာရာမှာ ထွက်ပေါက်ရှာရမှ စိတ်ထဲပြေတော့မှာမို့ တစ်ဖက်လှည့်လိုက်တော့ အကြည့်စိမ်းစိမ်းတွေနဲ့ ကြည့်နေသည့် သူ့ကိုယ်သူ ညီညီဟု နာမ်စားသုံးတတ်တဲ့ အူကြောင်ကြားမှန်ကြောင်ထီး ဂုဏ်ရည်ညီညီက စိုက်ကြည့်နေသေးသည်။ နာမည်ကသာအပျံစား။ လူကအူတိအူကြောင်။
အရွှေ ကလေ ဂုဏ်ရည်ညီညီ့ကိုဆို ဘယ်လိုမှ ကြည့်ရတာမဟုတ်။ သီချင်းဆိုတတ်ရုံလေးကို အသံကောင်းလှပြီဆိုပြီး အားနေရင်းသီချင်းငြီးနေတတ်တဲ့ ရုပ်ဆိုးဆိုးအူတုံတုံမို့ အရွှေကအဖက်မလုပ်ခြင်းသာ။
ဒီအတန်းထဲမှာ အရွှေနဲ့ Level တူတာက ရောင်စဥ်လှိုင်းတစ်ယောက်တည်း ရှိသည်။
အခုလည်း ကိုယ်နဲ့ Level မတူသလိုခံစားရပေမဲ့ ညီညီ့အပေါ်ပုံချလိုက်ဖို့ စိတ်ကူးမိသည်။
"ဂုဏ်ရည်ညီညီ နင်ခုနက ရောင်စဥ့်ကို သီချင်းစောင်းဆိုနေတာမလား"
ထာဝစဥ်ရွှေ့အသံက အနည်းငယ်ကျယ်၍ အတန်းထဲရောက်လူအတော်အများ လှမ်းကြည့်လာသည်။ရုတ်တရက်ကြီး အမေးခံလိုက်ရသည့် ညီညီလည်း ချက်ချင်းဘာမှပြန်မဖြေန်ုင်ပဲ စကားလုံးတွေပျောက်ရှနေလေသည်။ အမှန်တော့ ဘာဖြေလို့ဖြေရမှန်းမသိတာပါ။ "မဟုတ်ဘူး"ဆိုပြီး သုံးလုံးလောက်ပြောလိုက်ရင်ရတဲ့ကိစ္စ။
"ဘာလဲ ဘာလို့ပြန်မပြောတာလဲ။ အာ တကယ်ဟုတ်နေတာပဲ။ ဘာလဲ နင်က ရောင်စဥ့်ကိုကြိုက်နေတာလား"
ထာဝစဥ်ရွှေ၏အသံ ကျယ်သထက်ကျယ်လာသည်။ တမင်လူတွေကြားအောင် ​အသံမြှင့်ပြောနေတာ။ ရောင်စဥ့်လောက်မအောင်မြင်တာ ရောင်စဥ့်လိုစိတ်ကောင်းမမွေးလို့ပဲ။ ကိုယ့်အနာကိုကိုယ်မသိတဲ့လူမျိုး။ ပြီးရင် မရောက်သေးတဲ့ အဆင့်တွေကိုကြိုတင်စိတ်ကူးယဥ် ရောင်စဥ်က မခံချင်စိတ်အောင်ဖြစ်အောင် ခပ်နာနာလေးပြောပြန်တော့ သူ့နှိမ်တယ်ထင်ပြန်။ ထွက်လာတဲ့ဒေါသကို သူများပေါ်ပုံချတတ်သေးတာ။ ဒီလိုစိတ်ဓာတ်နဲ့ အောင်မြင်ပါလေဦးမယ်ဟု တန်းကောက်ချက်ချလိုက်သည်။ သူများအကြောင်းစိတ်ဝင်စားလေ့မရှိပေမယ့် ထာဝစဥ်ရွှေ ရဲ့ခုပုံစံကြောင့် သူအခက်တွေ့နေရပေပြီ။
"နင် စကားကိူကြည့်ပြော"
"ဘာလဲရှက်သွားတာလား။ ခုနက သီချင်းအတိုင်းဆို နင်ကလူကြမ်းကြီးပေါ့ ဟားဟား။ လူကြမ်းတော့မဟုတ်ဘူး လူအေးလေးပါ။ ဟုတ်တယ်မလား"
"နင် တော်တော့"
"လူကြမ်းဖြစ်ဖြစ် လူအေးဖြစ်ဖြစ် နင်က
ရောင်စဥ့် တိုက်ပ်မဟုတ်ဘူး အဟင်းဟင်း"
"ဟားဟား"
စသလိုနောက်သလိုနဲ့ ရယ်စရာမဟုတ်တာကြီးတမင်ထုတ်ပြောနေသော ထာဝစဥ်ရွှေ့ကို အတော်စိတ်ပေါက်သွားသည်။ ဝုန်းခနဲမတ်တပ်ရပ်လိုက်သည့်အခါ ခုံတွေလည်း ရှဲခနဲနောက်ရောက်သွားကြလေသည်။ ဘယ်သူကရော ​ငါကရောင်စဥ့်ရဲ့အကြိုက်ပုံစံလို့ပြောနေလို့လဲ။ ရယ်တဲ့ကောင်တွေကရော ရောင်စဥ်ကြိုက်တာငါတို့လိုပုံစံကွလိူ့ထင်နေကြတာလား။ တော်တော်ရယ်ရတဲ့ဟာတွေ။
"နင်တို့ကရော ဘာလို့ရယ်နေကြတာလဲ။ နင့်စကားတွေက ဘယ်ရောက်နေပြီလဲဆိုတာ မသိဘူးလား"
" ဘယ်ကိုရောက်နေလို့လဲ"
ညီညီ့ကို ရှုံးမဲမဲနေတာလည်းသိသည်။ ညီညီ့အပြင် ရောင်စဥ့်ကိုပါထိအောင် ခဲတစ်လုံးနှင့်ငှက်နှစ်ကောင်ပစ်နေတာကိုလည်းသိသည်။ ညီညီက ဓားစာခံ ဖြစ်သွားရုံသက်သက်။ ညီညီတောင်သိနေတာ ရောင်စဥ်ကပိုသိတော့မပေါ့။ ရောင်စဥ်ကတော့ ခုလိုစကားတွေကို ချီးပုံလာနားထားတဲ့ ယင်အော်တာလို့ မှတ်​လိုက်တာနေမှာ။
ညီညီလည်း ဒေါသထွက်လွန်းလို့ ထရပ်လိုက်ပေမယ့် သူများကိုပြောရမယ်ဆိုတော့လည်း အားနာမိပြန်သည်။ ညီညီဆိုတာကလေ သူများကိုအရမ်းအားနာတာ။ ပစ်ပစ်ခါခါပြောလိုက်ဖို့မဆိုထားနဲ့ ကိုယ့်စကားတစ်လုံးကြောင့်သူများနာကျင်သွားမှာ တအားစိုးရိမ်တာ။ ခုလည်း ထာဝစဥ်ရွှေ့ကို စိတ်တိုလို့ပြောပစ်မယ်ကြံပြီးရပ်လိုက်တာ သူ့နှုတ်ကဘာစကားတစ်လုံးမှထွက်မလာခဲ့။
သူ့စကားသူ ဘယ်ရောက်လို့ရောက်မှန်းမသိဘူးတဲ့လေ။ တမင်တကာ နေရာတစ်ခုထိအရောက်ပစ်ပြီးကာမှ မသိဘူးတဲ့ တော်တော်ယုံဖို့ကောင်းတယ်။ ဉာဏ်နီဉာဏ်နက်နဲ့ မြေခွေးမယားငယ်လိုမိန်းမလို့ ညီညီစိတ်ထဲတွင်ပဲ ကျိန်ဆဲလိုက်တော့သည်။
"နင်ကတော့ နင်ပြောချင်တာပြောလိုက်ပေမယ့် ကိုယ့်စကားကြောင့် သူများဂုဏ်သိက္ခါတော့မထိပါးစေနဲ့ပေါ့ဟာ။ အနုပညာရှင်လုပ်နေပြီး စကားပြောမတတ်ရင်တော့ နင့်ဘဝနင်သတ်နေမှာ"
ညီညီ ကိုယ့်ပါးစပ်က ဒီလိုစကားမျိူးထွက်သွားတယ်ဆိုတာ ယုံတောင်မယုံမိ။ ထာဝစဥ်ရွှေ့အတွက်တော် သတိပေးစကားဖြစ်သွားဟန်တူသည်။ မျက်စိရှေ့မှာတင် မျက်နှာကြီးရဲတက်သွားတာမြင်နေရသည်။ ကိုယ့်စကားက သူ့စော်ကားတဲ့စကားမဟုတ်တာ ခုချိန်မှာ ထာဝစဥ်ရွှေတစ်ယောက် ဝေဖန်ပိုင်းခြားနိုင်ဟန်မရှိ။
"နင် နင့်လိုအဆင့်ကများ ငါ့ကိုဆရာကြီးလုပ်ရဲသေးတယ်"
လည်ချောင်းထဲကအစ်ထွက်လာသည့် ထာဝစဥ်ရွှေ၏ စကားတွင် ညီညီ့ရင်ထဲထိသွားသည်က အဆင့် ဟူသောစကားလုံး။ အဆင့်တဲ့။ အဆင့်ဆိုတာကို ဘာနဲ့တိုင်းတာနေတာလဲ။ ချမ်းသာမှုနဲ့လား။ စာရိတ္တနဲ့လား။ ရုပ်ရည်နဲ့လား။ ချမ်းသာမှုဆိုရင်တော့ ထာဝစဥ်ရွှေ့မိဘတွေပိူင်ဆိုင်တာ ညီညီတို့ ငုတ်တုပ်ထိုင်နေတာလောက်ရှိတာ။ ညီညီတို့က ကိုယ့်ကိုယ်ကိုယ်ဖော်ကြွားရမှာရှက်လွန်းသူလို့ကို ကိုယ့်မိဘအသိုင်းအဝိုင်းနောက်ကြောင်းတွေ ဘယ်သူမှမသိအောင် နေနေတာ။ ကိုယ့်မိဘအသိူင်းအဝိုင်းက သူပါးစပ်ပြန်မစိနိုင်လောက်တဲ့အထိ ချမ်းသာကြောင်းသာ ထာဝစဥ်ရွှေသိရင် အဆင့်ဟူသော စကားလုံးကိုထွက်တောင်ထွက်ခဲ့မှာမဟုတ်။
ဒါဆိူ စာရိတ္တနဲ့တ်ုင်းမှာလား။ ဒါဆိုလည်း
ရတယ်။ ဘယ်သူက အပြောအဆိူ အနေအထိုင်ပိုပျက်ပြားရမ်းကားနေသလဲဆိုတာ အားလုံးမျက်မြင်သက်သေပဲ။ ကိုယ်က ကိုယ်ရောနှုတ်ရောစည်းစောင့်လွန်းသူ၊ သူတစ်ပါးကိုရွဲ့စောင်းပြီး မှိုချိုးမျှစ်ချိုးပြောလိုက်ရမှာ အားနာလွန်းသူ၊ တစ်ပါးသူကိုတစ်ခွန်းလေးတောင် ကြမ်းကြမ်းတမ်းတမ်းမပြောခဲ့ဖူးသူ။ မိန်းကလေးတန်မဲ့ စကားကို အရပ်ပြောပြောတဲ့ ထာဝစဥ်ရွှေ့ထက် ညီညီ့စာရိတ္တကအပူံကြီးသားသည်။
ဒါဆိူရုပ်ရည်လား။ အပေါ်ယံရုပ်လှတာနဲ့ အဆင့်အတန်းမြင့်မားတယ်ဆိုတဲ့အတွေးက လူမဟုတ်တဲ့ဟာတွေတွေးတဲ့အတွေး။ ထာဝစဥ်ရွှေ လှတာလက်ခံတယ်။ အဲ့ရုပ်အလှကို စိတ်အလှနဲ့ထပ်အုပ်ပြီး အများအမြင်မှာ သူများမခူးရဲတဲ့နှင်းဆီပန်းလေးလိုနေပြရမယ့်အစား ဆူးတော့ပါပါရဲ့ လူတကာလှည့်တောင်မကြည့်ချင်တဲ့ ပဒိုင်းပန်းဖြစ်နေတာ ကိုယ့်ကိုယ်ကိူယ်သတိထားမိဟန်မရှိ။
ညီညီကလေ ကိုယ့်ရုပ်ရည်အပေါ်တစ်ခုမှ ချောတယ်ရုပ်ဆိုးတယ်သတ်မှတ်ဖူးတာမဟုတ်။ ခုသတ်မှတ်ကြည့်ရင် ညီညီ့ရုပ်က ချောတဲ့လှတဲ့ထဲမှာပါတယ်။ ပြင်ပြင်ဆင်ဆင်မနေတတ်လို့ အူတိအူကြောင်ပုံပေါက်နေတာကို ဒီအချက်ကိုနင်းပြိး အဆင့်ဆိုတဲ့စကားလုံးကိူ ပြောထွက်လေသလား။
"ငါ့အဆင့်က ဘာဖြစ်နေလို့လဲ"
ထာဝစဥ်ရွှေက နှုတ်ခမ်းတစ်ချက်မဲ့သည်။ ခုထိ အတန်းထဲကလူများ၏အကြည့်များ ညီညီတို့နှစ်ယောက်အပေါ်မှ ဖယ်မသွားကြသေးပေ။
"ကိုယ့်အဆင့်ကိုယ်မသိရင် သတ်မှတ်ကြည့်ရမှာပေါ့။ အလကား အောက်ခြေအဆင့်"
ညီညီအံကိုတင်းတင်းကြိတ်ထားမိသည်။
လစ်မစ်ကုန်သွားသည့် ညီညီ့စိတ်ကိုပြောရာပြေကြောင်း ထိန်းပြောလိုက်သည့်စကားတစ်ခွန်းက
"နင့်အဆင့်ကရော ဘယ်လောက်ရှိလို့လဲ"
ဘဝမှာပထမဆုံးအကြိမ် လူတစ်ဦးကိုကြမ်းကြမ်းတမ်းတမ်းပြောဖူးခြင်း။ ထိုအခါ ထာဝစဥ်ရွှေ။ မျက်နှာပိုရဲတက်သွားလေသည်။
"ဟေ့ကောင် ဟေ့ကောင် ညီညီမင်းစကားတွေကလွန်နေပြီနော်။ မိန်းကလေးတစ်ယောက်ကိုအဲ့လိုရင့်ရင့်သီးသီးတွေ မင်းမို့လို့ပြောထွက်တယ်ကွာ"
ညီညီ့မျက်ခုံးတို့တွန့်ချိုးကုန်သည်။ ရယ်သာရယ်လိုက်ချင်တော့သည်။ ဒီလိုနေရာကျ မိန်းကလေးမို့ ဆိုပြီး အခွင်ထူးခံလိုချင်ကြတယ်လား။
ကိုယ့်ဘက်ကစတာမဟုတ်ပါဘဲ စတဲ့သူက နာမည်ကြီးတစ်ယောက်ဖြစ်နေတာနဲ့ပဲ အလိုလိုသူပြောသမျှလုပ်သမျှက မှန်သွားတယ်ပေါ့လေ။ မျက်နှာကြီးရာဟင်းဖက်ပါရအောင်လည်း ကိုယ့်မျက်နှာဘယ်လောက်ကြီးသလဲ ဒင်းတို့မသိလို့။
အဲ့လိုဆိုတော့လည်း အခြေအနေကိုချက်ချင်းပြောင်းပစ်နိုင်သည့် ငါကွ ဘယ်သူဆိုပြီး ထုတ်ပြောတာမျိုးလည်း မလုပ်ချင်ပါ။ ခုဝင်ပြောတဲ့လူလည်း ဒီပုတ်ထဲကဒီပဲပဲ။ ခုပြောတဲ့သူကိုထောက်ခံတဲ့အကြည့်တွေနဲ့ ကြည့်နေကြတဲ့သူတွေလဲ အတူတူပါပဲ။
ထာဝစဥ်ရွှေ ရဲ့မျက်နှာသာပေးမှုကိုလိုချင်လို့ ထန်းသီးကြွေခိုက် ကျီးနားခိုက် မျက်နှာကောင်းဝင်ယူနေတာ မသိရင်ခက်မယ်။ မျက်နှာရချင်ရအောင် ထာဝစဥ်ရွှေက ဘာမို့လို့လဲ။ ကြော်ငြာလေးနှစ်ခါလောက်ရိုက်ရပြီး ထပ်အခေါ်မခံရတဲ့ မင်းသမီးမကျတကျလေ။ အဲ့လိုလူဆီက ဘာတွေမျှော်လင့်နေကြတာလဲ။ ရောင်စဥ့်လိုနာမည်ကြီးတဲ့သူဆိုလည်း ထားတော့။ ညီညီတစ်သက်လုံးထိန်းသိမ်းလာတဲ့ သူတစ်ပါးအပေါ်မဟုတ်မကမထင်တတ်သည့်စိတ်တွေအကုန် ကျိုးပျက်ကုန်သည်။
"အေးလေဟယ် အရွှေ ကစတာကို။ မဟုတ်ရင်မဟုတ်ဘူးငြင်းပေါ့။ နင့်ဟာကြီးက မှန်နေလို့အတင်းငြင်းနေတဲ့ပူံကြီး"
"ဟေး အရွှေ့ ကိူထိရင်တော့ မခံဘူးနော် ငါက"
ဟိုနားတစ်ယောက်ကထပြောလိုက် ဒီနားတစ်ယောက်ကထပြောလိုက်။ ပြောတဲ့စကားတွေအကုန်လုံးက ပြဿနာစရှာသည့် ထာဝစဥ်ရွှေ့ကို ကာကွယ်တဲ့စကားတွေချည်း။ ခံရခက်ပါဘိ။ ပိုခံရခက်တာက မဲ့ပြုံးပြုံးပြီး "နင်ဘာမှ​မတတ်နိုင်ပါဘူး"ဆိူတဲ့ မျက်လုံးတွေကိုပဲ။ ညီညီ့စိတ်ထဲလေ ထာဝစဥ်ရွှေကို အတော်ချဥ်သွားမိတော့သည်။
"ငါကလည်း ညီညီ့ကိုထိရင်မခံဘူးဟေ့"
နောက်တန်းမှ အသံတစ်သံစွာတက်လာသည်။ မိန်းကလေးသံ။
ဒီကျောင်းမှာ Impact မသေးတဲ့ မိန်းကလေးတစ်ဦးဖြစ်သည့် သက်မင်းခန့်ထင်၏ ညီမအရင်း သက်နှင်းခန့်ထင်......။
...........
#Thurein
Continue Reading
You'll Also Like
1M 54.1K 46
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း
519K 34.1K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary