Purple Dream [Complete]
By Sakawar-Hlaing
79.5K 6.6K 1.1K
အချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်... More
ခရမ်းရောင်အိမ်မက်
အလှဆုံးရွေးယူလာသောပန်းလေးတစ်ပွင့်
ဂျွန်နဲ့သူ့ကောင်မလေးတွေ
ခရမ်းရောင်လီလီနှင့်တူသောဂျွန်
ကျွန်တော်မမှတ်မိသောသူမ
ညစျေးအမှတ်တရ
နာကျင်မူကိုသဘောကျမိခြင်း
အနည်းငယ်သော ဂရုစိုက်မူလေး
ပြုစားနိုင်လွန်းတဲ့ဂျွန်
တစ်ရက်တာကမ်းခြေသို့
အမှတ်တရသစ်ပင်ငယ်
မုန်းတယ်ဂျွန် ဒါပေမဲ့..ဒီနေ့တစ်ရက်တည်း
ရက်စက်လွန်းပါတယ်ဂျွန်....
အရောင်နုနုအတ္တဖြင့်သာ
ချစ်ခြင်းနှင့်သံယောဇဥ်အားပြိုင်ရန်
ယောင်းကငါ့အပိုင်
ခိုးယူပိုင်ဆိုင်ခြင်း
မုန်း၍မရနိုင်သောဂျွန်...
လိမ္မော်ခင်းကြီးထဲကကုကီ
စကားတစ်ခွန်းတွင်ပြိုလဲခဲ့ရခြင်း....
မြတ်နိုးရလွန်းတဲ့ထယ်....
ပထမဆုံးသောနောင်တ
ငါ့ကိုဂရုမစိုက်နဲ့ယောင်း.....
ဝဋ်ကြွေးလှလှလေး
မရည်ရွယ်ပါပဲ ရယူမိခြင်း...
အနီရောင်နွေဦးပန်းတို့ကြားဝယ်....
ထားရက်ခဲ့လေသောဂျွန်....
ပြောင်းလဲဖြစ်ပျက်သွားခဲ့သော
ချစ်ခြင်း၏အရောင်နုသောအတ္တ
ခရမ်းရောင်လီလီတို့၏အတိတ်
နှင်းမြူများကြားဝယ်...
အကြင်သူဖြင့်ပြန်လည်တွေ့ဆုံခြင်း
အကြင်သူ၏‌တောင်းပန်စကား
ကံကြမ္မာလှည့်ကွက်...
ရှုပ်ထွေးခြင်းများကြား...
ကြေမွနေသောနှလုံးသားများ...
ခရမ်းလီလီ၏ နောင်တ...
ပြသာနာတို့ပြီးဆုံးချိန် ...
အဆုံးသတ်....
အမေး/အဖြေ
အကြင်သူ၏ခေါ်သံ...
1.4K 139 15
By Sakawar-Hlaing
Unicode
အကြင်သူဖြင့်တွေ့ဆုံခဲ့ရစဉ် သတ္တိကြောင်စွာသူရှောင်ပြေးခဲ့မိသလိုစိတ်ခံစားချက်တို့အားလည်း မထိန်းရှုပ်နိုင်ခဲ့။
သန်မာနေပြီ.... ရင့်ကျင့်နေပြီလို့ကိုယ့်ကိုကိုယ်ထင်ခဲ့မိပေမဲ့လည်း အကြင်သူရှေ့ရောက်ချိန်တွင်တော့ သူဟာအားနည်းစွာပြိုလဲခဲ့ရသည်။
ရေစက်မကုန်လို့ပြန်တွေ့ခဲ့ရရင်လည်းတည်ငြိမ်စွာပင်လျစ်လျူရူနိုင်မည်ဟု ထင်ခဲ့တာတွေလည်း အကုန်လွဲချော်လို့။
လွမ်းနေခဲ့မိသောအသံရှရှကို ကြားလိုက်ရရုံဖြင့်မျက်ရည်တွေကျခဲ့ရသည်။
ကုန်လွန်ခဲ့သောငယ်ဘဝတွေတစ်လျှောက်နားဆင်ခဲ့ရသော "ယောင်း..."ဆိုတဲ့ နာမည်ခေါ်သံကို​ကြားရုံဖြင့် ကာရံထားတဲ့အကာရံအထပ်ထပ်တွေကွာကျပြီး ခံစားချက်အစစ်မှန်တို့ ဖုံးဖိမရအောင်ဖြစ်ခဲ့ရသည်။
ဘယ်လောက်ပဲနာကျည်းနေပြီပြောပြော... မြတ်နိုးခဲ့ရဖူးသည့် မျက်နှာချောချောကိုမြင်လိုက်ရရုံဖြင့် လွမ်းစိတ်တွေက အသိစိတ်နှင့်ခန္ဒာတစ်ခုလုံးကိုဝါးမြိုသွားခဲ့သည်။
ညို့မှိုင်းနေသောမျက်ဝန်းနက်နက်တွေကိုကြည့်မိချိန်မှာတော့ ရပ်တည်နိုင်စွမ်းပင်မရှိတော့။ အကြင်သူနှင့်ဝေးရာကိုထွက်ပြေးခဲ့မိသည်။
ဘဝရဲ့အရာရာဟာအကြင်သူသာဖြစ်ခဲ့သည်မို့.... ။ တွဲခဲ့ဖူးသည့်လက်ဖဝါးလေးတစ်ဖက်ကိုသံသရာအဆက်ဆက်ထိမြဲသွားစေဖို့ဆန္ဒရှိခဲ့သလို... ခဏတာနားခိုခွင့်ရခဲ့တဲ့ရင်ခွင်နွေးနွေးကိုလည်း ထာဝရအပိုင်လို့ သတ်မှတ်ခဲ့ဖူးသည်မို့.... ။
တွဲလက်တွေကိုရက်ရက်စက်စက် အကြင်သူကဖြုတ်ချသွားတဲ့အခါ...
ခိုနားဖူးတဲ့ရင်ခွင်က မြူမှုန်တွေအလားပျောက်ကွယ်သွားတဲ့အခါ...
အသက်ရူဖို့ပင် ခွန်အားတို့မဲ့ခဲ့ရတာသူကိုယ်တိုင်သာအသိဆုံး။
လေးနှစ်ကျော်ငါးနှစ်နီးပါး မေ့ဖျောက်နိုင်အောင်ကြိုးစားခဲ့သမျှဟာလည်း ပြန်တွေ့ခဲ့ရတဲ့ထိုခဏနဲ့တင်အကုန်အချည်းအနှီး....။
ရက်စက်ခဲ့ဖူးသမျှကို နှလုံးသားတဆစ်ဆစ်နာအောင်ခံစားမိနေသည့်တိုင် သူဟာ........။
သို့ပေမဲ့.... သေချာသည်ကတော့ ဤဘဝတွင်သာမဟုတ်နောင်ဘဝအဆက်ဆက်အကြင်သူဖြင့် မတွေ့လိုတော့ပါ။
အကြင်သူ၏ ချစ်စကားအားမကြားလိုတော့ပါ။ အကြင်သူ၏ အဝေးတစ်နေရာတွင်သာအေးချမ်းစွာရှင်သန်ချင်ပါသည်။
"Ti...Ti....Ti..."
ကားဒတ်ရှ်ဘုတ်ပေါ်တင်ထားသောဖုန်းဆီမှ မြည်သံထွက်လာသည့်အခါမှ လွင့်မျောနေသောစိတ်အစဉ်တို့ကို ဖမ်းမိသည်။
ကားကိုလက်တစ်ဖက်ဖြင့်မောင်းပြီး ဒတ်ရှ်ဘုတ်ပေါ်ကဖုန်းကိုလှမ်းယူကာ ဖုန်းဖြေရ၏။
"ဟယ်လို minie"
"ထယ်... မင်းဒီနေ့အလုပ်သွားတယ်ဆို။ အန်တီငါ့ဆီဖုန်းဆက်တယ်"
"အင်းဟုတ်တယ်minie... ငါအခုလမ်းမှာ... ကားမောင်းနေတာ"
taehyung၏ ကားမောင်းနေတာဆိုသည့်စကားကြောင့် တစ်ဖက်မှjiminမှာလန့်ကာစိတ်ပူသွားဟန်ရှိသည်။
စကားသံတို့က ခပ်မြန်မြန်ထွက်လာ၏။
"ကားမောင်းရင်းဖုန်းပြောနေတာလားထယ်ရာ... ငါ့ကိုစိတ်ပူရအောင်လုပ်နေတာပဲ။ သေချာဂရုစိုက်အုံး။
ငါကဒီနေ့တစ်ရက်လောက်တော့မင်းနားမယ်ထင်နေတာ..."
"ငါကနေမကောင်းဖြစ်နေတာမှမဟုတ်တာminieရယ်.... ငါအဆင်ပြေပါတယ်။ ငါအရင်ကထက် အများကြီးသန်မာနေပြီမို့...စိတ်မပူပါနဲ့။
မနေ့ကလည်း..... အင်း... မနေ့ညကလည်း ရုတ်တရက်မို့ပါ "
ဖုန်းထဲမှနေminie၏ သက်ပြင်းချသံသဲ့သဲ့ကိုကြားရသည်။
သူလည်းဘာမှမပြောပဲနူတ်ဆိတ်နေမိ၏။
မနေ့ညကသူ့ပုံစံကြောင့် minieအတော်လန့်သွားမှာအမှန်။ ထိုညကတစ်ညလုံး သူ့အားရင်ခွင်ထဲထွေးပွေ့ရင်း minieကနှစ်သိမ့်စကားတွေတဖွဖွဆိုနေခဲ့သည်။
သူခံစားမိသည်သာ မမှားလျှင်minieဟာ သူ့ပုံစံကိုကြည့်ရုံနဲ့တင်သူမပြောရပါပဲ ဂျွန်နဲ့တွေ့ခဲ့သည်ဆိုတာသိလိမ့်မည်။ minieဟာ သူ့စိတ်အား ဖတ်တတ်ဆုံးသောသူမဟုတ်ပါလား....။
"အင်းအင်း မင်းအဆင်ပြေတယ်ဆိုရင်ပဲရပါပြီ။ ညနေကျမင်းဆိုင်လာခဲ့အုံးမယ်။ ဒါဆို... ဒါပဲနော်ထယ်... ကားဂရုစိုက်မောင်းအုံး"
"အင်းminie စိတ်ချပါ"
ဖုန်းပြောပြီးသွားတဲ့အခါ ဖုန်းအားဒတ်ရှ်ဘုတ်ပေါ်အရင်တိုင်းလှမ်းတင်လိုက်၏။
ဖုန်းတင်ပြီး အရှေ့ကိုမျက်နှာမူလိုက်ချိန် ရုတ်တရက်မှာပင်သူ့ကားရှေ့ပြေးဝင်လာသော အဖြူရောင်အမွှေးပွ ခွေးလေး။
"အား!!!"
လန့်ကားဘရိတ်ကို အားကုန်နင်းပစ်လိုက်မိသည်။ ကားကရပ်သွားခဲ့တာကိုသာ သိပြီး ဘာတွေဖြစ်ကုန်ပြီးလည်းမသိ။
ကားရှေ့ပြေးဝင်လာသောခွေးလေးကိုတိုက်လိုက်မိပြီလား... ခွေးလေးသေပြီလား....။
အခုချိန်အမြင်အာရုံဟာအဖြူထည်အတိ။ သူမျက်လုံးဖွင့်ထားလား... ပိတ်ထားလားပင်မသိတော့ပါ။
ရင်တွေတဒိမ်းဒိမ်းဖြင့်ကျယ်လောင်စွာခုန်နေသလို ရင်ဘတ်ထဲမှအဆမတန်နာကျင်၍ အောင့်လာသည်။နာကျင်ရလွန်းသောရင်ဘတ်ကိုလက်ဖဝါးဖြင့် ဖိထားရင်းညည်းညူမိ၏။
"အာ့....
အား...ဟင်း..."
အသက်ရှုနှုန်းတွေလည်း ပြင်းထန်နေကာအသက်ရူဖို့ခက်လာခဲ့သည်။
ရင်ဘတ်ထဲအောင့်၍နာကျင်နေသည်မှာလည်းမရပ်၊ အသက်ရူကြပ်နေသည်မှာလည်းမရပ်သဖြင့် နောက်ဆုံးသတိလွတ်တစ်ချက်၊ မလွတ်တစ်ချက်ဖြစ်လာခဲ့သည်။
"ယောင်း!!"
ထိုအချိန်နားထဲပီပီသသ.ကြားလိုက်ရတဲ့ခေါ်သံ။ အကြင်သူ၏စိုးရိမ်တကြီးခေါ်သံ....။
ဒါကတစ်ကယ်ပဲလား... ကြားယောင်နေသည်လားမခွဲခြားနိုင်ခင်မှာပဲ သူအသိစိတ်တွေအကုန်အမှောင်ထုထဲရောက်သွားတော့သည်။
မေ့မျောသွားသောထိုကောင်လေးမသိလိုက်သည်က သူ့ကားနောက် နောက်ထပ်ကားတစ်စီးက အစတည်းကနောက်မှထပ်ကြပ်မကွာလိုက်လာခဲ့တယ်ဆိုတာ ၊ သူကြားလိုက်ရသောခေါ်သံကဟာလည်း ထိုကောင်လေးထင်သည့်လူ၏ ခေါ်သံအမှန်တစ်ကယ်ဖြစ်နေခဲ့တယ်ဆိုတာပင်။
.
.
.
ဆေးရုံကုတင်ထက် ဖျော့တော့စွာအိပ်ပျော်နေသောtaehyungရဲ့ လက်ဖဝါးလေးတစ်ဖက်အား လူနာကုတင်၏ဘေးတွင်ရှိသောခုံတွင်ထိုင်နေသော jiminကနူးညံ့စွာဆုတ်ကိုင်ထားသည်။
taehyungအားမြတ်နိုးမဝစွာငေးကြည့်နေသောJiminမျက်ဝန်းများတွင် အားငယ်စိတ်၊ ဝမ်းနည်းစိတ်တို့အ​ပြင်ကြောက်ရွံ့စိတ်တို့ကပါ သိသိသာသာပင်ပျော်ဝင်နေလို့၏။
ထို့နောက်ခပ်ဆွေးဆွေးစကားတို့က တိတ်ဆိတ်နေတဲ့ဆေးရုံခန်းထဲ ဝမ်းနည်းဖွယ်ကောင်းစွာထွက်ပေါ်လာခဲ့သည်။
" ငါတစ်ကယ်ကြောက်နေမိတယ် ထယ်.... မင်းတစ်ခုခုဖြစ်သွားမှာကြောက်သလို မင်းကိုjungkookဆီပေးလိုက်ရမှာလည်းငါကြောက်တယ်.... မင်းjungkookကို ထပ်ယုံလိုက်မှာလည်းကြောက်တယ်ထယ်....
ငါသိပ်မြတ်နိုးရတဲ့မင်းကိုjungkookသာထပ်ပြီးနာကျင်အောင်လုပ်ရင် ဒီတစ်ခါငါတစ်ကယ်ရူးသွားလိမ့်မယ်ထင်တယ်။
ဟိုး အစတည်းကသုံးယောက်ဆိုပေမဲ့ သုံးနားညီတြိဂံလိုအချိုးညီအောင် ငါမနေခဲ့ဘူး။
အဲဒါ ဘာလို့လဲသိလားထယ်...
ဟင်... မင်းသိရဲ့လား....
သိပ်ချစ်လို့ပေါ့ထယ်ရယ်... ငါမင်းကိုသိပ်ချစ်လို့ပေါ့ကွာ.... ငါကမင်းကို​သိပ်ချစ်လွန်းလို့ဘေးထွက်ရပ်နေပေးခဲ့တာ... မင်းချစ်တဲ့သူနဲ့အတူရှိနေရင် မင်းအမြဲပြုံးပျော်နေမယ်ထင်ခဲ့မိလို့ငါဘေးထွက်ရပ်နေခဲ့တာထယ်...။
ဒါပေမဲ့ ငါထင်တာလုံးဝမှားသွားတယ်။ jungkookကမင်းကိုနာကျင်စရာတွေပဲပေးခဲ့တယ်။ ငါအချိန်မှီမင်းလက်ကိုလှမ်းဆွဲချင်ခဲ့ပေမဲ့ မင်းကတော့jungkoo​kလက်ကိုပဲတင်းနေအောင်ဆုတ်ကိုင်ထားခဲ့တယ်လေ....
အဲတုန်းက ငါဘယ်လောက်တောင်ရင်တွေကွဲလိုက်ရလဲ....
ငါခွင့်မပြုနိုင်တော့ဘူးထယ်... jungkook မင်းကိုထပ်ပြီးနာကျင်အောင်လုပ်ခွင့်မပေးတော့ဘူး။
နှစ်တွေအတော်ကြာအောင်ထိဂရုစိုက်နွေးထွေးပေးခဲ့တဲ့ ငါကဒီတစ်ခုလောက်တော့အတ္တကြီးခွင့်ရနိုင်မလားထယ်....
ငါအခုသုံးနားညီတြိဂံအတိုင်း အချိုးညီအောင်ပြန်နေခွင့်ရနိုင်မလား.... ငါမင်းကိုအမြဲပြုံးနေစေချင်တယ်.... နာကျင်မူကင်းဝေးလို့နွေးထွေးတဲ့မေတ္တာရပ်ဝန်းလေးမှာပဲရှင်သန်စေချင်တယ်ထယ်... မင်း ငါ့ကိုခွင့်ပြုနိုင်မလားထယ်ရယ်..... "
Jiminမှာပြောရင်း မျက်ရည်တွေကစီးကျနေခဲ့သည်။ ဆုတ်ကိုင်ထားတဲ့လက်လေးကိုအသာ မ'ကာမြတ်မြတ်နိုးနိုးနမ်းရှိုက်ပါ၏။ မျက်ရည်စလေးတွေက taehyungလက်ခုံလေး ပေါ်စိုစွတ်သွားခဲ့သည်။
ထိုအချိန်အိပ်ပျော်နေသော taehyung၏မျက်တောင်ရှည်လေးတွေက တစ်ဖတ်ဖတ်လှုပ်ရှားလာခဲ့သည်။
ထိုသည်ကိုသိထားမိသွားတဲ့ jiminကသူ့မျက်ရည်တွေကိုကမန်းကတန်းသုတ်ပစ်ကာ ထိုင်နေရာမှချက်ချင်းထရပ်၏။
"ထယ်... ထယ်... နိုးလာပြီလား..."
Jiminအသံကြောင့် taehyungမျက်လုံးလေးတွေကလုံးဝပွင့်လာခဲ့ပြီဖြစ်သည်။
ထို့နောက်အနည်းပင်ဖြူဖျော့ချင်နေသောနူတ်ခမ်းလေးက စကားလုံးတစ်ချို့ထွက်လာခဲ့၏။
"minie... ငါအခုဆေးရုံရောက်နေတာလား"
သူ့ကိုလည်းမေးပြီး ထယ့်ရဲ့မျက်လုံးအကြည့်တွေကအခန်းပတ်လည်ကိုဝေ့ကြည့်နေကာ တစ်ခုခုအားရှာပုံ။
ထယ်ဘာကိုရှာနေလဲဆိုတာ သူသိပါသည်။သိနေပေမဲ့ သူမမြင်ကာဆောင်ကာ လျစ်လျူပစ်လိုက်၏။
ထယ်စိတ်ထဲတွေးနေတာမှန်ပါသည်။
ထယ့်အားဆေးရုံခေါ်လာခဲ့သူမှာjungkookသာ။ သူကိုယ်တိုင်က ထယ်ဆေးရုံရောက်ပြီးမှjungkookဖုန်းဆက်ခေါ်၍သိရခြင်း။
jungkookကအမြဲတမ်း ထယ့်အနားဝန်းကျင်တွင်ရှိနေခဲ့သည်ဆိုသည့်အတွေးက သူ့ရင်ထဲမီးလောင်မြိုက်သလိုပူလောင်ရပါသည်။
"အင်းဟုတ်တယ်လေထယ်.... ဒါပေမဲ့ဘာမှမဖြစ်တော့ပါဘူး။
ကားရှေ့ဖြတ်ပြေးတဲ့ခွေးလေးလည်းဘာမှမဖြစ်ဘူးနော်... ဒါကြောင့်စိတ်အရမ်းမညစ်နဲ့။
အခုနေရတာဘယ်လိုလဲနေသေးလဲ ရင်ဘတ်တွေဘာတွေအောင့်နေသေးလား... နာနေသေးလား.... အသက်ရူရတာရောဝရဲ့လား"
"ငါဘာမှမဖြစ်တော့ပါဘူးminieရယ်... ရင်ဘတ်နည်းနည်းလေးနာနေသေးရုံကလွဲလို့... အကုန်ပုံမှန်အတိုင်းပါပဲ"
"ရင်ဘတ်နာနေသေးတာလား... ဒါဆိုငါဆရာဝန်ခေါ်လိုက်မယ်"
ဆရာဝန်ခေါ်ရန်လုပ်နေသောminie၏လက်အားဆွဲထားလိုက်ရသည်။ သူ့ဆီရောက်လာသောအကြည့်တို့အား ဖွဖွလေးပြုံးကာတုံ့ပြန်လိုက်၏။
"ဘာလို့လဲထယ်... ရင်ဘတ်နာသေးတယ်ဆို"
"အဲဒါကခဏနေကောင်းသွားမှာပါminieရယ်... ငါအဆင်ပြေပါတယ်"
"လာပြန်ပြီ အဆင်ပြေတယ်ဆိုတဲ့စကား။ ဖုန်းဆက်တုန်းကလည်း အဆင်ပြေတယ်ဆိုပြီး... အခုပဲကြည့်..."
"မင်းက နေမကောင်းတဲ့လူကိုလာဆူနေတာပဲminie"
ထိုစကားကြောင့်jiminကသဘောကျပြုံးကာ taehyungနှာခေါင်းအား မနာအောင်ဖွဖွလေးဆွဲညစ်ပစ်လိုက်သည်။
"အဆိုးလေး... လူကိုစိတ်ပူရအောင်အမြဲလုပ်သိလား"
"မေမေတို့ကောသိသွားလားminie"
"အန်တီက အိမ်ပြန်သွားပြီ။ ​အန်ကယ့်ကိုတစ်ယောက်တည်းအကြာကြီးထားခဲ့လို့အဆင်မပြေလို့ စိတ်မပူဖို့ပြောပြီးငါပြန်လွှတ်လိုက်တာ။ ကဲပါ... အခုဘာစားချင်လဲ။ အသီးစားမလား... မင်းကြိုက်တဲ့ စတော်ဗယ်ရီတွေဝယ်ထားတယ်"
"ငါ့ကိုအမြဲဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်minie  "
"ငါတို့ကြားမှာ ကျေးဇူးတင်စကားကမလိုအပ်ပါဘူးထယ်ရယ်"
မင်းကသာငါရဲ့ရာရာဆိုတာသိရဲ့လားထယ်ရယ်.... ငါ့အတွက်မင်းကိုဂရုစိုက်ပေးရတာ ငါ့ကိုငါဂရုစိုက်ရသလိုပါပဲ။
မင်းပြုံးရင်ငါပျော်တယ်...
မင်းဝမ်းနည်းငိုရင် ငါ့ကမ္ဘာလေးထဲမုန်းတိုင်းတွေထန်တယ်.....
မင်းအဆင်ပြေနေရင် ငါ့ကမ္ဘာလေးလည်းအေးချမ်းနေတယ်လေထယ်....
Purple Dream
Taehyung ဆေးရုံးမှာနှစ်ရက်လောက်နေလိုက်ရပြီး မေမေနဲ့minieတို့စိတ်မချတာကြောင့်ဆိုင်ကိုလုံးဝမသွားပဲ သုံးရက်လောက်နေလိုက်ရသည်။
ထိုရက်တွေအတွင်း ဘန်ဘန်မည်မျှပင်ပန်းနေရမလဲတွေးစရာပင်မလို။
ငါးရက်မြောက်နေ့တွင်တော့ ဘန်ဘန်ကသူ့ဆီဖုန်းဆက်လာခဲ့သည်။
ဆိုင်အတွက်လိုအပ်တဲ့လီလီတွေကို ပို့ပေးနေတဲ့ပန်းခင်းကပန်းတွေမပို့တာ သုံးရက်လောက်ကြာပြီဖြစ်ကြောင်းနှင့် အဆက်အသွယ်မရကြောင်း။ ဆိုင်ထဲလည်းလီလီပန်းတွေပြတ်နေပြီဖြစ်ကြောင်း ဖုန်းဆက်လာခဲ့သည်။
ထို့ကြောင့်ဤနေ့တွင်တော့ ထိုလီလီပန်းခင်းဆီလိုက်သွားဖို့ဆုံးဖြတ်ထားသည်။
ပန်းခင်းက ဆိုးလ်မြို့၏အစွန်းနားမှာရှိသည်ဖြစ်ပြီး မနက်သွားလျှင်နေ့လည်လောက်ပြန်ရောက်လိမ့်မည်။
မေမေ့ကိုသာအကျိုးကြောင်းပြောထားပြီး minieကိုတော့မပြောတော့။ မလိုအပ်ပဲminieအား စိတ်မပူစေချင်။
နောက်ပြီးminieမှာ ယနေ့တွင်အရေးကြီးတဲ့ meetingရှိကြောင်းလည်း မနေ့ညကဖုန်းပြောကြရင်းသိခဲ့ရသည်ကြောင့် ရုံးအစောကြီးဆင်းပြီးသူ့ဆီလာဖြစ်မဟုတ်။
အကုန်ပြင်ဆင်းပြီး မေမေ့ကိုနူတ်ဆက်လိုက်သည်။
"မေမေ ဒါဆိုကျွန်တော်သွားပြီနော်။ minieဖုန်းဆက်လာလည်း ကျွန်တော်အိပ်နေတယ်ပဲပြောနော်... minieကိုမလိုအပ်ပဲစိတ်မပူစေချင်ဘူး။ ဒီနေ့သူ့မှာအရေးကြီးတဲ့meetingရှိနေတာ"
"ဟုတ်ပါပြီသားငယ်ရယ်... အခုနလေးတင်မှာနေတာလေး၊ ငါးခေါက် မကတော့ဘူး"
"ကျွန်တော်က မေမေminieကိုပြောလိုက်မှာစိတ်ပူလို့ပါဗျာ။ မေမေကယုံရတာမဟုတ်ဘူး။ အကုန်minieကိုတိုင်ပြောနေတာ..."
"မပြောပါဘူးဆို ဒီကလေးနဲ့တော့ကွယ်။ ကဲ သွားတော့သွားတော့။ ကားကိုဂရုစိုက်မောင်းသွားနော်။ ကားမောင်းနေတုန်းစိတ်မလွင့်စေနဲ့အုံးနော်သားငယ်..."
"ဟုတ်ကဲ့ စိတ်ချပါမေမေ။ ဒါဆိုကျွန်တော်သွားပြီနော်"
ပန်းစိုက်ခင်းထဲရောက်လာတော့ အကြောင်းစုံသိရသည်။ ပန်းစိုက်ခင်း၏အဓိကအရောင်းကိစ္စများအားလုပ်ကိုင်ရသည့် လူကပိုက်ဆံတွေလိမ်ပြီးထွက်ပြေးသွား၍ ဝယ်ယူသူများနှင့်ရက်အနည်းငယ်အဆက်အသွယ်ပြတ်သွားကြောင်းနှင့် အခုအကုန်အဆင်ပြေသွားပြီဖြစ်ကြောင်းသိရသည်။
သူတို့ဘက်ကတာဝန်ပျက်ကွက်မူအတွက်တောင်းပန်သလို မနက်ဖန်အရောက်ပို့ပေးမည့်အကြောင်းကိုသေချာပြောပြပါ၏။
ထို့အပြင် လီလီပန်းတို့စိုက်ပျိုးထားသည့်ပန်းခင်းကျယ်ကြီးကမည်မျှလှကြောင်းနဲ့ ထိုသို့သွားကြည့်ရန်လည်းပြောသည်ကြောင့် သူလည်းပန်းခင်းရှိရာရောက်လာခဲ့သည်။
သူတို့ပြောတဲ့အတိုင်းပန်းခင်းကျယ်ကြီးက လှလွန်းပါ၏။ လီလီများကိုအမြောင်းလိုက် မြောင်းလိုက်ဖြင့်ကြားတွင် လူသွားရန်လမ်းကျဉ်းလေးတွေသာခြားပြီးစိုက်ပျိုးထားသည်။
လီလီပန်းအရောင်တစ်မျိုးတည်းအတွက်နေရာသည်ပင်အတော်ကျော်လှပါ၏။
အခုသူရောက်နေသည်က အဝါရောင်လီလီတို့စိုက်ပျိုးထားသောနေရာတွင်ဖြစ်သည်။
အဝါရောင်အတိဖုံးလွှမ်းနေသော လီလီပန်းများကိုငေးကြည့်နေရင်း တိုက်လာသောလေပြေနဲ့အတူ လီလီတို့ရနံ့ကိုရူရှိုက်နေရသည်က စိတ်ကိုအလွန်ပင်အေးချမ်းစေပါ၏။ ကားမောင်းလာခဲ့ရ၍ပင်ပန်းထားသမျှလည်း အကုန်ပျောက်သွားယောင်။
လူကအတော်ပင်လန်းဆန်းသွားသည်။
ကောင်းကင်ပြာပြာအောက်မှအဝါရောင်လီလီပန်းတို့အား ငေးမေားကြည့်မိချိန်နောက်ဘက်မှ ကြားလိုက်ရသောအသံ....
"ယောင်း...."
Purple Dream
Updated 12.06.2022
Sakawar
Thank you votes&comments.
Zawgyi
"Ti...Ti....Ti..."
"ဟယ္လို minie"
"အင်းminie စိတ္ခ်ပါ"
"အား!!!"
"အာ့....
အား...ဟင်း..."
"ယောင်း!!"
.
.
.
ဟိုး အစတည်းကသုံးယောက်ဆိုပေမဲ့ သုံးနားညီတြိဂံလိုအချိုးညီအောင် ငါမေနခဲ့ဘူး။
ဟင်... မင်းသိရဲ့လား....
"ထယ်... ထယ်... နိုးလာပြီလား..."
သူ့ကိုလည်းမေးပြီး ထယ့်ရဲ့မျက်လုံးအကြည့်တွေကအခန်းပတ်လည်ကိုဝေ့ကြည့်နေကာ တစ္ခုခုအားရွာပုံ။
မင်းဝမ်းနည်းငိုရင် ငါ့ကမ်ဘာလေးထဲမုန်းတိုင်းတွေထန်တယ်.....
မင်းအဆင်ပြေနေရင် ငါ့ကမ်ဘာလေးလည်းအေးချမ်းနေတယ်လေထယ်....
Purple Dream
နောက်ပြီးminieမွာ ယနေ့တွင်အရေးကြီးတဲ့ meetingရှိကြောင်းလည်း မနေ့ညကဖုန်းပြောကြရင်းသိခဲ့ရသည်ကြောင့် ရုံးအစောကြီးဆင်းပြီးသူ့ဆီလာဖြစ်မဟုတ်။
"ဟုတ်ပါပြီသားငယ်ရယ်... အခုနလေးတင်မှာနေတာလေး၊ ငါးခေါက် မကေတာ့ဘူး"
"ယောင်း...."
Purple Dream
Updated 12.06.2022
Sakawar
Continue Reading
You'll Also Like
136K 11.1K 15
{ Zawgyi + Unicode } မင်းသာလျှင် ကိုယ့်အတွက် တစ်ဦးတည်းသောချစ်ရသူ... Only You~~~ 🐯🐰 မင်းသာလျှင် ကိုယ့်အတွက် တစ္ဦးတည်းသောချစ်ရသူ... Only You~~~ 🐯🐰
711K 33.7K 57
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
82.2K 4.8K 25
အချစ်.... ဘဝပေါင်းများစွာဝေးကွာပီးမှ ပြန်ဆုံတွေ့လည်း.... ကိုယ်မင်းကိုသိပ်ချစ်ပါတယ်....
409K 8.5K 35
In wich a one night stand turns out to be a lot more than that.