ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ (ကံကြမ္မာ...

By choyee6

659K 62.4K 5.2K

Story Name - Signs Of The Fate (ကံၾကမၼာခ်ည္တဲ့ျကိုး) Own Creation Written by choyee6 Fic cover by - Wang Qiu... More

Intro
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Character
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Please read ❤
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 41
Chapter - 42
Chapter - 43
Return & Character
Chapter - 44
Chapter - 45
Chapter - 46
New Story announce
Chapter - 47
Chapter - 48
Chapter - 49 🚫
Chapter - 50
Chapter - 51
Chapter - 52 [Completed]
Extra
ဆက်အသင်္ခယာရှိန်း@wookie
Please read
To All My beloved Readers ❤
Final Announcement
bullshit!
New Fic Announcement
Special Extra For Water Festival
Unpublished!!
Return
Book Instock

Chapter - 40

6.9K 833 48
By choyee6

အလုပ္စားပဲြျပန္ေရာက္သည္ႏွင့္ ေကာင္းဆက္ေျပးလုပ္ရသည္မွာ ဂိမ္းမဟုတ္ခဲ့ပဲ ေမေမ့ဆီ ဖုန္းေခၚရျခင္းျဖစ္သည္။ မနက္ျဖန္ ​ေမေမ့ေမြးေန႔မွမဟုတ္တာကို ဘာမွႀကိဳမေျပာထားလို႔ကေတာ့ အကုန္လံုးလဲြမွာ ​ေသခ်ာေနတာေၾကာင့္ပင္ ။

"ေမေမ"

"အင္း ေျပာေလ သား"

"မနက္ကေျပာဖို႔ေမ့သြားလို႔ ညေနက်ရင္ ကြၽန္ေတာ္ ရံုးမွာပဲ အိပ္ရမယ္ထင္တယ္ အလုပ္မ်ားေနလို႔ေလ။ ဒါေပမယ့္ မနက္ျဖန္ ​ေန႔ခင္းပိုင္းျပန္လာခဲ့မယ္"

"အဲ့ဒါေျပာမလို႔ လွမ္းဆက္တာလား သား"

"မဟုတ္ဘူး ​ေမေမ မနက္ျဖန္ Shane နဲ႔သူ႔သူငယ္ခ်င္းပါ ပါလာလိမ့္မယ္။ အဲ့ဒါသူတို႔ကို ညေနစာေကြၽးဖို႔ ၊ ဒီတိုင္း အိမ္လိုက္လည္ဖို႔ေခၚရင္ တမ်ိဳးျဖစ္ေနမွာစိုးလို႔ ​ေမေမ့ ​ေမြးေန႔လို႔ ကြၽန္ေတာ္ေျပာထားလိုက္တယ္"

"​ေမ​ေမ့ ​ေမြးေန႔မွမဟုတ္တာကို"

"မဟုတ္လဲ ဟုတ္သလိုလိုပဲေနေပးပါလား။ Shane က လက္ေဆာင္လဲ ဝယ္ခ်င္ဝယ္လာလိမ့္မယ္။ ဒီတိုင္းပဲယူထားလိုက္ေနာ္ ေမေမ"

"အင္းပါ သားရယ္ ဒါနဲ႔သား "

"ဟုတ္ "

"ေထြေထြထူးထူး ကိစၥမ႐ွိပါဘူးေနာ္"

"မ႐ွိပါဘူး ​ေမ​ေမရဲ႕ ဘာျဖစ္လို႔လဲ"

"မျဖစ္ပါဘူး ဒီတိုင္းေမးၾကည့္တာ။ ဒါပဲေနာ္ သား မနက္ျဖန္အတြက္ မားဝယ္စရာ႐ွိတာ သြားဝယ္ဦးမယ္ "

"ဟုတ္ကဲ့..."

သားရဲ႕ဖုန္းကိုခ်ၿပီးသည့္ေနာက္ အေတာ္ၾကာၾကာထိ ​ေသာ္တာငိုင္ေနမိသည္။ အခုတေလာ အိမ္မက္ေတြက မေကာင္းလွ။ အိမ္မက္ထဲမွာသားက မ်က္နွာမသာမယာနဲ့ သူ႔အ​ေဖလက္ကိုဆဲြၿပီး အေဝးႀကီးကို သြားေတာ့မည့္အေျကာင္းေျပာ​ၿပီး လွည့္ထြက္သြား​ေလ​ေတာ့ လိုက္​ေခၚ​ေပမယ့္ မမွီသလို လည္ေခ်ာင္းကဲြမတတ္ ​ေအာ္ေခၚတာေတာင္ သားအဖႏွစ္ေယာက္လံုး လွည့္မၾကည့္ခဲ့ေပ။ တူညီတဲ့အိမ္မက္ေတြကို မက္ေနတာ၂ခါ႐ွိေနၿပီမို႔ ေသာ္တာအေတာ္လန္႔ေနခဲ့ၿပီ။ လင္ေယာက္က်ားကို ဆံုး႐ွံူးခဲ့ၿပီးၿပီမို႔ သားေလးကိုပါ ထပ္ဆံုး႐ွံုးလိုက္ရရင္ ႐ူးရံုတင္မက ​ေသ​ေတာင္သြားႏုိင္သည့္ အ​ေနအထားပင္။ မေကာင္းတဲ့အေတြးေတြပဲ ေတြးေနမိရင္ မေကာင္းတာေတြပဲ ျဖစ္လာမွာစိုးတာေၾကာင့္ အေတြးစေတြျဖတ္ကာ ေစ်းသို႔ထြက္လာခဲ့​ေတာ့သည္။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

တေန႔တာအလုပ္ေတြလဲၿပီးၿပီ၊ ​ေကာင္းဆက္ကလဲ ရံုးမွာအိပ္မွာမို႔ Shane လိုက္ပို႔ရန္မလို​ေတာ့။ ထို႔​ေၾကာင့္ ရံုးခဲြဖြင့္မည့္ေနရာသို႔ ထြက္လာၿပီး ႀကိဳဆို​ေနသည့္ ျမင္ကြင္းက​ေတာ့ မ​ေကာင္းလွ​ေပ။ က်ဳိးေနသည့္စားပဲြေတြ၊ ထိုင္ခံုေတြ၊ ပန္းကန္ခြက္ေယာက္ေတြနဲ႔ အဲ့ဒါေတြကို ႐ွင္းေနသည့္ ဝန္ထမ္းတခ်ိဳ ဘာေတြျဖစ္ေနတာလဲဟူေသာ အံ့အားသင့္စိတ္ျဖင့္ အထဲလွမ္းဝင္လိုက္ခ်ိန္မွာပဲ မန္​ေနဂ်ာအျဖစ္ ခန္႔အပ္ထားသည့္ ဝန္ထမ္းတစ္ဦးက အနားသို႔ေရာက္လာသည္မို႔ ထိုလူကို Shane ၾကည့္ကာ

"ဒါေတြကဘယ္လိုျဖစ္တာလဲ"

"ကြၽန္ေတာ္တို႔လဲ ဘယ္လိုေျပာျပရမလဲေတာင္ မသိဘူး။ ဒီအခန္းက စားေသာက္ဆိုင္ဖြင့္ထားတာတဲ့ Mr Shane"

"အဲ့ဒါ ကြၽန္ေတာ္သိတယ္ေလ"

"ဒီေန႔ က်ြန္ေတာ္တို႔ Decoration စမယ္ဆိုျပီး ​ေရာက္လာေတာ့ ဒီအခန္းပိုင္ရွင္နဲ႔ ဒီဆိုင္ခန္းမွာ ​ေစ်းေရာင္းေနတဲ့ အဌားမိသားစုက စကားမ်ားထားပံုရတယ္။ ဒီဆိုင္ခန္းပိုင္ရွင္က ပစၥည္း​ေတြအကုန္ ႐ိုက္ခ်ိဳးဖ်က္ဆီးထားတာ အဲ့ဒါ​ေတြ အခု႐ွင္း​ေနတာပါ"

"ဘာျဖစ္လို႔ စကားမ်ားျကတာတဲ့လဲ"

"အတိအက်​ေတာ့ မသိ​ေပမယ့္ ဟိုအဌားမိသားစုက ဒီဆုိင္ခန္းကို က်ြန္ေတာ္တို႔ ဝယ္ထားတာကို မသိတဲ့ပံုပဲ"

"ဒီဆိုင္ခန္းကို ပိုင္႐ွင္ဆီက ဝယ္ထားတာပဲ ၂လနီးပါးျဖစ္ေနၿပီေလ။ ပိုင္႐ွင္က အဌားကို မေျပာထားဘူးလား"

"ျပသာနာက ကြၽန္ေတာ္တို႔ဘက္က ကိုယ္စားလွယ္နဲ႔ ဆိုင္ခန္းပုိင္႐ွင္နဲ႔က အမ်ဳိးေတာ္တယ္တဲ့။ ကြၽန္ေတာ္တို႔ရဲ႕ ပထမအစီအစဥ္မွာလည္း အခန္းကိုဝယ္လိုက္ေပမယ့္ ပေရာ့ဂ်က္က ၁ႏွစ္ေက်ာ္မွစမယ္လို႔ စီစဥ္ထားေတာ့ ကြၽန္ေတာ္တို႔ ကုိယ္စားလွယ္က သူ႔ညီဝမ္းကဲြျဖစ္တဲ့ ဒီအခန္းပိုင္႐ွင္ကို ​ေသာ့ေပးထားတယ္"

"ဘာအတြက္လဲ"

"ပေရာ့ဂ်က္မစေသးခင္ ဆုိင္ခန္းဌားလို႔ရေအာင္"

"အင္း......"

ခပ္ေလးေလးအသံႏွင့္ အင္း..တလံုးသာ Shane ရြတ္ႏုိင္ေတာ့သည္။ ပေရာ႔ဂ်က္မစေသးမွန္းသိလို႔ အပိုဝင္ေငြရေအာင္ ခိုးဌားရမ္းျခင္းက ျပသာနာကို အစပ်ိဳး​ေစခဲ့ဟန္ပင္။

"အဌားမိသားစုကလဲ တႏွစ္စာစာခ်ဳပ္ခ်ဳပ္ၿပီး ဆိုင္ဖြင့္တာ ၃ရက္ပဲ႐ွိေသးတယ္။ ကြၽန္ေတာ္တို႔က အားျခင္းဖြင့္ေတာ့မယ္ဆိုေတာ့ ပိုင္႐ွင္က အဌားမိသားစုကို အတင္းဖယ္ခိုင္းတယ္တဲ့"

"..........."

"အဌားမိသားစုကလဲ တႏွစ္စာပိုက္ဆံေရာ စေပၚေငြေရာ ​ေပးထားရတဲ့အျပင္ စားေသာက္ဆုိုင္ဖြင့္ဖို႔ လိုအပ္တာအကုန္ဝယ္ထားၿပီး အရင္းအႏွီးစကာမွ ဖယ္ခိုင္း​​ေတာ့ မဖယ္ေပးႏုိင္ဘူး​​ေပါ့။ အဲ့ဒီကေန စကား​ေတြမ်ားၾက ပစၥည္းေတြ႐ိုက္ခဲြၾကနဲ႔ ျဖစ္ကုန္ၾကတာ"

"အဲ့ဒီလို အၾကမ္းဖက္စရာ မလိုတဲ့ဟာကို အဌားဘက္ကယူထားတဲ့ပိုက္ဆံကို ျပန္ေပးရင္ ဟိုဘက္ကလည္း ေၾကေအးမွာပါ"

"ခက္တာက Mr Shane , စာခ်ဳပ္ျပစရာမ႐ွိတာ"

"ဘာလို႔မ႐ွိတာလဲ အဌားစာခ်ဳပ္ မခ်ဳပ္ၾကဘူးလား။ မခ်ဳပ္ပဲနဲ႔ပိုက္ဆံေတြကို အဌားဘက္က ေပးလိုက္တာလား"

"ဘယ္သူက အမွန္လဲေတာ့မသိေပမယ့္ သူတို႔စကားမ်ားတဲ့အထဲက စကားေတြအရဆို အဌားမိသားစုရဲ႕စာခ်ဳပ္ပါ ပိုက္ဆံေတြကို ပိုင္႐ွင္က သံုးထားတယ္နဲ႔တူတယ္"

"သံုးထားလဲ ျပန္႐ွာေပးရမယ္ေလ။ စာခ်ဳပ္ႀကီး႐ွိေနတာကို"

"ဒီမနက္ပဲ ပိုင္႐ွင္က​ေရာက္လာၿပီး အဌားမိသားစုဆီကို စာခ်ဳပ္ေလး ဓာတ္ပံု႐ိုက္ခ်င္လို႔ ခဏျပပါဆိုေတာ့ ဟိုမိသားစုကျပတယ္တဲ့။ အဲ့ဒါ စာခ်ဳပ္လဲလက္ထဲေရာက္ေရာ ဟိုလူက မီးနဲ႔႐ိႈ့ပစ္လိုက္တယ္တဲ့"

"ဟာ....ေသခ်ာလား အဲ့ဒါ"

"ကြၽန္ေတာ္လဲ​ေသခ်ာမသိဘူး အဲ့ဒီလိုေျပာၾကတာပဲ။ အဌားမိသားစုက အဘိုးႀကီးအဘြားႀကီး လင္မယားရယ္ လူငယ္လင္မယားရယ္လို႔ေျပာတယ္။ လူငယ္လင္မယားမွာ မိန္းမျဖစ္သူက ကိုယ္ဝန္ႀကီးနဲ႔ အဲ့ဒါ ႐ုန္းရင္းဆန္ခတ္ေတြျဖစ္ၾကေတာ့ တြန္းမိသလိုျဖစ္ၿပီး မိန္းမျဖစ္သူကို အေရးေပၚတင္လိုက္ရတယ္ Mr Shane "

"ေအာ္...ဒုကၡပါပဲ ။ ဒီအခန္းကို စာခ်ဳပ္ခ်ဳပ္ေပးတဲ့ ကြၽန္ေတာ္တို႔ဘက္က ကုိယ္စားလွယ္ကို ကြၽန္ေတ္ာ့ဆီလႊတ္လိုက္"

တညေနလံုး ျပသာနာေပါင္းမ်ားစြာ ေျပာဆိုေျဖ႐ွင္းၿပီးတဲ့ေနာက္ ေျခေထာက္ေတြကို မနည္းသယ္ကာ အိမ္ျပန္လာရသည္။ ဌားထားတဲ့ Body Guard ကလဲ ကားအိမ္ေ႐ွ႕မွရပ္ၿပီး Shane အိမ္ထဲဝင္သည္ႏွင့္ သူ႔တာဝန္ၿပီးၿပီျဖစ္လို႔ ျပန္သြား​ေတာ့သည္။

Kelvin ​ေပးလိုက္တဲ့နာရီေလးကို ကုတင္ေဘးနားက စားပဲြေပၚတင္ၿပီးေနာက္ ပင္ပန္းမႈေတြေျပေပ်ာက္ေစရန္ ေရခ်ိဳးခန္းသို႔ဝင္ခဲ့သည္။ ျပန္ထြက္လာၿပီး​ေနာက္ ​ေကာင္းဆက္ကို ဖုန္းဆက္ရန္ ဖုန္းကိုင္လိုက္သည့္အခ်ိန္မွာ သတိျပဳမိသည္မွာ မျမင္ဖူးသည့္နံပါတ္တခုမွ ၃ႀကိမ္ခန္႔ ေခၚထားတာကိုပင္။ ပံုမွန္အားျဖင့္ နံပါတ္အစိမ္းမ်ားကို ျပန္ေခၚေလ့မ႐ွိေသာ္လည္း ၃ႀကိမ္ေတာင္ေခၚဆိုထားတာေၾကာင့္ တခုခုမ်ား အေရးႀကီးသလားဟုေတြး၍ ျပန္ေခၚလိုက္​ေတာ့သည္။

"ဟဲလို ဖုန္းေခၚထားလို႔ပါ ဘယ္သူမ်ားလဲမသိဘူး"

"Olivier Shane!!"

ခပ္ဆတ္ဆတ္ႏွင့္ အက္ကဲြကဲြအသံေၾကာင့္ ဘယ္သူလဲဟု ျပန္ေမးလိုက္ေပးမယ့္ ခဏအၾကာမွာ​ေတာ့ အသံပိုင္႐ွင္ကို Shane မွတ္မိသြားခဲ့ၿပီ။ Joel ဧ။္အစ္ကို Jonathan

"ဟုတ္ပါတယ္ Shane ပါ ဘာကိစၥ႐ွိလို႔ဆက္တာလဲ"

"မင္း!!ငါတို႔မိသားစု အေပၚဘယ္လိုအၿငိဳးေတြေၾကာင့္ ဒီလိုေတြ လိုက္လုပ္ေနရတာလဲ"

"အဲ့ဒီကိစၥကို သက္ေသျပစရာမ႐ွိလို႔ ကြၽန္ေတာ္မ႐ွင္းျပခဲ့ေပမယ့္ ဒီတခါေတာ့ ကြၽန္ေတာ္ေျပာရေတာ့မယ္။ ကြၽန္ေတာ္က Joel ဖန္တီးထားတဲ့ဂိမ္းကို ခိုးခဲ့တာမဟုတ္ဘူး။ ခင္ဗ်ားရဲ႕ညီက ကြၽန္ေတာ္ဖန္တီးထားတဲ့ ဂိမ္းကိုယူသြားၿပီး ေရာင္းစားခဲ့တာ"

"​ေတာ္စမ္းပါ အဲ့ဒီစကားကို ငါယံုေပးရမွာလား"

"Mr Jonathan ခင္ဗ်ားကိုယ္တုိင္လဲ ကြၽန္ေတာ့္အသက္ထိရန္႐ွာခဲ့ၿပီးၿပီပဲ ။ ဒါေပမယ့္ ကြၽန္ေတာ္အမႈပိတ္ေပးခဲ့ပါတယ္"

"အဲ့ဒီေတာ့ ဘာလဲ ငါကမင္းကို ​ေက်းဇူးတင္စကား ​ေျပာရဦးမွာလား"

"​ေက်းဇူးတင္စကား ေျပာဖို႔ေျပာေနတာမဟုတ္ဘူး။ ျဖစ္ရပ္မွန္​ေတြကို သိ​ေစခ်င္ရံု၊ အၿငိဳးအေတးဆိုတာ ဘယ္သူ့အတြက္မွ မ​ေကာင္းပါဘူး Mr Jonathan ။ ခင္ဗ်ားလဲကြၽန္ေတာ့္အေပၚ လုပ္ၾကံဖို႔အတြက္ တံု႔ဆိုင္းေနခဲ့တာကို ကြၽန္ေတာ္သိတယ္၊ လူမိုက္မဟုတ္ဘူးဆိုတာလဲ သိပါတယ္။ အဲ့ဒါေၾကာင့္ ႏွစ္ဦးႏွစ္ဖက္ျပသာနာေတြ ဒီထက္မပြားခင္ ကြၽန္ေတာ္တို႔ ကုိယ့္လမ္းကုိယ္သြားၿပီး ဒီမွာတင္ရပ္လိုက္ၾကရေအာင္"

"ဒီမွာတင္ ရပ္လိုက္ၾကရေအာင္ ဟုတ္လား ေအးေပါ့ေလ ဘာမွမဆံုး႐ွံုးဖူးတဲ့ မင္းကေတာ့ ဒီစကားထြက္လာမွာေပါ့။ ငါ့ညီကိစၥက မင္းေျပာသလိုပဲ ထားပါေတာ့။ ငါတို႔မိသားစုကိစၥကေရာ..."?

"ခင္ဗ်ားတို႔မိသားစုကိစၥ? ဘာကို​ေျပာခ်င္တာလဲ ကြၽန္ေတာ္နားမလည္ဘူး"

"သူေတာ္ေကာင္းေယာင္ ​ေဆာင္မေနစမ္းနဲ႔ Olivier Shane ။ မင္းကို ပထမအႀကိမ္ကတည္းက ေသေအာင္ငါ သတ္ခဲ့ရမွာ။ လက္တြန္႔ေနခဲ့လို႔၊ ေနာက္ထပ္လူတေယာက္ပါ ထပ္ပါလာခဲ့လို႔ ငါတံု႔ဆိုင္းေနခဲ့တာ။ အဲ့ဒါေၾကာင့္မို႔ိလုိ႔ပဲ အခုလိုကိစၥေတြျဖစ္ေနတာကြ မင္းသိရဲ႕လား"

နာက်ည္းမႈေတြ၊ ခံျပင္းမႈေတြ၊ ေဒါသတရားေတြ ​ေရာႁပြန္းေနတဲ့ တဖက္က စကားသံကို သတိထားမိေသာ္လည္း ထိုစကားလံုးေတြရဲ႕ အဓိပၸယ္ကို Shane တကယ္ကို နားမလည္ေပ။

"မင္းက! မင္းလိုေကာင္က!! လူအမ်ားအျမင္မွာေတာ့ ကုိယ့္ကို လုပ္ၾကံတဲ့သူကိုေတာင္ အမႈပိတ္ ေက်ေအးေပးတဲ့သူေတာ္ေကာင္းႀကီးေပါ့ေလ။ မင္းကိုသတ္ဖို႔ မေအာင္ျမင္ခဲ့တဲ့ေနာက္ပိုင္း မင္းေနာက္ငါလိုက္ခဲ့တယ္ အခြင့္ရရင္ထပ္သတ္ဖို႔။ ဒါေပမယ့္ ငါ ေနာက္ဆံုးမွာ လက္ေလ်ွာ့ခဲ့တယ္။ဘမင္းေျပာသလိုပဲ ကိစၥႀကီးကိုအဆံုးသတ္ဖို႔။ ငါကသာရပ္တန္႔ခဲ့ေပမယ့္ မင္းကေတာ့ ​ေနာက္ကြယ္က အၾကံႀကီးၾကံေနခဲ့တာကို ငါမသိခဲ့ဘူး"

"ခင္ဗ်ားေျပာတာ ကြၽန္ေတာ္နားမလည္ဘူး"

"ငါတို႔မိသားစု စီးပြားေရးလုပ္ဖို႔ စုထားသမ်ွ အကုန္ထုတ္သံုးၿပီး စတင္ခဲ့တဲ့ဆိုင္ခန္းကို မင္းေငြေၾကးနဲ႔ဖိၿပီး ရေအာင္ဝယ္ခဲ့တာ မဟုတ္လား။ ဒီေန႔ဖ်က္ဆီးတဲ့ အခန္းပိုင္႐ွင္ကလည္း မင္းလႊတ္ထားတဲ့သူမဟုတ္လား။ universe သူေဌးကဝယ္လိုက္လို႔ ခ်က္ခ်င္းဖယ္ရမယ္။ မဖယ္ရင္ အကုန္ဖ်က္ဆီးလို႔ မွာထားတယ္လို႔ ငါတုိ႔ကိုေျပာတယ္"

ထိုေတာ့မွပင္ အလံုးစံုကို Shane စတင္သေဘာေပါက္လာသည္။ Joel တို႔မိသားစုနဲ႔ မိမိရဲ႕ေရစက္ကလဲ ေတာ္တန္ရံုမဟုတ္ခဲ့။ သူတို႔မိသားစုဖြင့္တဲ့ ဆိုင္ခန္းက မိမိ ႀကိဳတင္ဝယ္ယူထားတဲ့ အခန္းျဖစ္ေနခဲ့သည္။ ႐ွင္းေလ႐ႈပ္ေလ ျဖစ္ေနသည့္ကိစၥအ​ေပၚ သက္ျပင္းဖြဖြခ်ကာ Shane ေျဖ႐ွင္းရန္ႀကိဳးစားခဲ့သည္။

"နားလည္မႈလဲြေနတာပါ။ ခင္ဗ်ား နားလည္ေအာင္ ကြၽန္ေတာ္...."

သို႔ေသာ္ တဖက္လူက ေျဖ႐ွင္းခ်က္ကို နားမေထာင္ေတာ့။ အသံေတြတုန္ခါေနကာ နာနာက်ည္းက်ည္း ေျပာဆိုသံေတြက တသီတတန္း ထြက္ေပၚလာေတာ့သည္။

"​Olivier Shane!! ငါမင္းကို သတ္ပစ္ခ်င္တဲ့အထိ မုန္းတယ္ဆိုတဲ့ စကားထက္ပိုမုန္းတယ္။ ငါခ်စ္ရတဲ့ ငါ့ညီေလးကို မင္းငါ့ရင္ခြင္ထဲက ဆဲြထုတ္ သတ္ပစ္ခဲ့တယ္။ အခုအခ်ိန္ထိ ငါ့ညီေလးမွာ လူတင္မဟုတ္ဘူး နာမည္ပါေသရတာ။ အခုေရာ အခုလဲ မေမြးဖြားလာေသးတဲ့..ငါ့ကေလးေလးနဲ႔ ငါ့မိန္းမကိုပါ မင္းငါ့ေဘးနားက ဆဲြထုတ္သြားတယ္။ မင္းကြာ ငါမင္းကိုအရမ္းမုန္းတယ္!!"

ထိုစကားလံုးမ်ားက​ေတာ့ Shane တကုိယ္လံုးကို ေတာင့္တင္းသြားေစခဲ့သည္။ ဒါဆို ညေနက တာဝန္ခံေျပာတဲ့ ကုိယ္ဝန္သည္အမ်ိဳးသမီးက Jonatham ရဲ႕ မိန္းမလား။ အခု အဲ့ဒီပစ္လဲတဲ့ဒဏ္ေၾကာင့္ ကေလးေရာအေမပါ ဆံုးသြားတာလား။ အေတြးမ်ားေနေတာ့ စကားပင္ျပန္မေျပာႏုိင္၊ ေျပာစရာစကားလံုးလဲမ႐ွိ။ ႀကီးက်ယ္လြန္းသည့္ ဆံုး႐ွံုးရမႈအေပၚ စိတ္ထြက္ေပါက္အေနနဲ႔ သက္သာရာရာပါ​ေစဟု သေဘာပိုက္ကာ ၿငိမ္ေနေပးခဲ့သည္။ သို႔ေသာ္

"မင္းကို မင္းကို!!! မင္းကိုငါသတ္မယ္။ မင္းခ်စ္ျမတ္ႏိုးတဲ့အရာဝထၳဳေတြ၊ လူေတြတေယာက္မက်န္ မင္းေဘးနားက ငါဆဲြထုတ္မယ္။ မင္းမွာမိဘေမာင္ႏွမ မ႐ွိေပမယ့္ မင္းသိပ္ခင္တဲ့ ဆရာဝန္သူငယ္ခ်င္းနဲ႔ ​ေကာင္းဆက္​ေဂ်ဒင္ အဲ့ဒီႏွစ္​ေယာက္ကို မင္းဘဝထဲက​ေန ရ​ေအာင္ငါဆဲြထုတ္မွာ။ ေကာင္းဆက္ေဂ်ဒင္က မင္းအတြက္ဘာဆိုတာ ငါေကာင္းေကာင္းႀကီး သိၿပီးသား။ ခ်စ္ရသူေတြ ဆံုး႐ွံုးရတဲ့ခံစားခ်က္က ဘာဆိုတာ မင္း မၾကာခင္သိရေစမယ္"

ဆုိေသာ ၿခိမ္းေျခာက္မႈဆန္သည့္ စကားလံုး၊ ထိုစကားလံုးေတြထဲ ခ်စ္ရသူနဲ႔ခင္ရသူ ၂ေယာက္ကို ဆဲြထည့္လာ​ေတာ့ သည္းခံႏုိင္စြမ္းမ႐ွိေတာ့...

"Mr...Jonathan!!"

ခပ္က်ယ္က်ယ္ ပိတ္ေအာ္လို္က္သည့္ေနာက္ေတာ့ တဖက္မွ အသံတိတ္သြားခဲ့သည္။

"က်ဳပ္ေျပာတာ ေသခ်ာနားေထာင္သြား Jonathan ။ သူတုိ႔ေတြကို ကိုယ္ထိလက္ေရာက္မေျပာနဲ႔ မ်က္လံုးနဲ႔ၾကည့္တာေတာင္ က်ဳပ္လက္မခံႏုိင္ဘူး။ သူတုိ႔ေတြကို ထိရဲရင္ခင္ဗ်ားထိၾကည့္လိုက္။ Olivier Shane က ဘာေကာင္လဲဆိုတာ ခင္ဗ်ားသိေစရမယ္ "

"အခုေတာ့ မ်က္ႏွာဖံုးကြာက်လာၿပီေပါ့။ ပထမအႀကိမ္တုန္းက မင္းကိုမလႈပ္ႏိုင္ေအာင္ drug ထိုးခဲ့တာ တိုက္ဆိုင္မႈလို႔ ထင္ေနတာလား။ မင္းရဲ႕လ်ိဳ႕ဝွက္ခ်က္ကို ငါသိေနတယ္ေလ "

ဘာအဓိပၸယ္လဲ၊ ဘာစကားႀကီးလဲ၊ ဘာကိုဆိုလိုတာလဲ။ မိမိရဲ႕လ်ိဳ႕ဝွက္ခ်က္ကို သိေနတယ္ဆိုပါလား။ အခ်ိန္ကိုရပ္တန္႔ႏိုင္တယ္ ဆိုတာကို သိေနတယ္လို႔ ဆိုလိုတာလား။ အံ့ၾသမႈေၾကာင့္ တံု႔ဆိုင္းသြားေပမယ့္ တုန္လႈပ္တာကိုသာထိုသူသိသြားခဲ့ရင္ မိမိ႐ွံုးျပီ။ ထို႔​ေၾကာင့္

"ဘာကိုပဲ ခင္ဗ်ားသိထားသိထား က်ဳပ္ဂ႐ုမစိုက္ဘူး။ မ်က္ႏွာဖံုးကြာက်တယ္ ဟုတ္လား။ အစကတည္းက က်ဳပ္မွာ မ်က္ႏွာဖံုးမ႐ွိဘူး။ ခင္ဗ်ားကေတာ့ ႐ွက္တတ္ရင္ လဲေသဖို႔ေတာင္ေကာင္းတယ္။ ခင္ဗ်ားညီက အ႐ွက္မ႐ွိက်ဳပ္ဖန္တီးထားတဲ့ ဂိမ္းကိုခိုးၿပီးေရာင္းတာ ဘယ္သူသိသိမသိသိ က်ဳပ္သိတယ္၊ ခင္ဗ်ားညီသိတယ္။ ခိုးတုန္းကခိုးၿပိး ခိုးတာေပၚကာနီးမွ အ႐ွက္လြန္ၿပီးသတ္ေသတာ က်ဳပ္အျပစ္လား။ ၿပီးေတာ့ဆိုင္ခန္းကိစၥ ေသသြားတဲ့ ခင္ဗ်ားမိန္းမနဲ႔ကေလးအတြက္ စိတ္မေကာင္းေပမယ့္ အဲ့ဒါကိုလြန္ခဲ့တဲ့ ၂လေလာက္ကတည္းက ဝယ္ထားတဲ့စာခ်ဳပ္ က်ဳပ္ဆီမွာ႐ွိတယ္။ ၾကည့္ခ်င္သပဆို ပို႔ေပးလိုက္မယ္။ "

"............."

"ေနာက္ဆံုးတခုလဲ​ေျပာလိုက္မယ္ က်ဳပ္နဲ႔ႏွစ္ေယာက္တည္း ​ေတြ႔ခ်င္ရင္ ေပၚတင္လာ ခိုးေၾကာင္းခိုးဝွက္ေတြ မလုပ္နဲ႔ ေသြးေၾကာင္တဲ့အထဲ က်ဳပ္မပါဘူး။ က်ဳပ္လူေတြနဲ႔ပတ္သတ္ၿပီးလဲ လာၿခိမ္းမေျခာက္နဲ႔။ ေလာကႀကီးမွာ က်န္ေနေသးတဲ့ ခင္ဗ်ားမိဘႏွစ္ပါးေရာ ခင္ဗ်ားကုိယ္တိုင္ပါ လူမသိသူမသိ ​ေပ်ာက္မသြားခ်င္ရင္ က်ဳပ္လူေတြကို မ်က္လံုးနဲ႔ေတာင္ ေစြမၾကည့္နဲ႔ ခင္ဗ်ားေတြးထားတာထက္ က်ဳပ္ပုိလုပ္ႏုိင္တယ္ နားလည္လား"

"Olivier...."

တဖက္လူ မိမိအမည္ကို အသံကုန္မေအာ္ခင္ အရင္ဦးေအာင္ဖုန္းခ်ကာ black list ပါ Shane တန္းသြင္းလုိက္​ေတာ့သည္။ ညေနခင္းကမလွပေတာ့...။ တညလံုးလဲ ​ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့​ေပ။ ကိုယ္ကျပန္ခ်ိန္းေျခာက္လိုက္သည္ ဆိုေသာ္ျငား တကယ္တမ္း ဟိုလူကသာ ​ေကာင္းဆက္တို႔ကို ဒုကၡေပးမယ္ဆို Shane ဘယ္လိုမွတားဆီးႏုိင္လိမ့္မည္မဟုတ္။

တညလံုး တလူးလူးတလိမ့္လိမ့္နဲ႔ အိပ္မေပ်ာ္ေလေတာ့ မနက္ေတာ္ေတာ္ေလး အခ်ိန္လင့္မွႏိုးေတာ့သည္။ ရံုးမေရာက္ခင္ သတိတရ Jewellery ဆိုင္သြား၍ Mrs ​ေမေမအတြက္ ဆဲြႀကိဳးေလးတကံုး ဝင္ဝယ္ၿပီးေနာက္ company ႐ွိရာဆီသို႔ ဦးတည္ခဲ့ေတာ့သည္။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ဒီေန႔ မနက္ကတည္းက ေကာင္းဆက္မွာ အလုပ္လုပ္သည့္အခန္းထဲမဝင္ႏုိင္​ေသး Shane အလာကို lobby မွာသာ ငုတ္တုတ္ထုိင္ေစာင့္ခဲ့သည္။ ရံုးခ်ိန္ေက်ာ္စျပဳလာသည့္ေနာက္ ႏုိရာကအနားေရာက္လာၿပီး

"၉နာရီခဲြေတာ့မယ္ အလုပ္မလုပ္ေသးဘူးလား။ Supervisor ေမးေနတယ္ေနာ္။ ေန႔လည္က်ရင္လည္းငါတို႔ ကေန႔တဝက္ပဲ ဆင္းမွာမလား"

"အင္း လာမယ္လို႔​ေျပာ​ေပးထား။ ငါ Shane ကို ​ေတြ႕ၿပီးမွလာခဲ့မယ္"

"ေရာဂါအရမ္းတက္ေနၿပီလား မ်က္ႏွာမျမင္ရရင္ အလုပ္စမလုပ္ႏုိင္ေတာ့ဘူးလား "

"ေအး အဲ့ဒီလိုပဲမွတ္ထားလိုက္ ရတယ္"

"ေခြးသား မနက္ကတည္းက ဂနာမၿငိမ္ဘူး ရြစိထိုးေနတယ္"

"နားညည္းတယ္ေဟ့ေကာင္ သြား ျမန္ျမန္"

ႏိုရာျပန္တက္သြားၿပီး မိနစ္၂၀ခန္႔အၾကာမွာမွ Company ေ႐ွ႕ Shane ရဲ႕ကားေလး ဆုိက္လာခဲ့ၿပီး ထိုေတာ့မွသာ ေကာင္းဆက္မွာလဲ သက္ျပင္းခ်ကာထိုေနရာမွ ထထြက္ႏိုင္​ေတာ့သည္။ ေန႔ခင္းဟုဆိုေသာ္လည္း အလုပ္ေတြ မျပတ္တာေၾကာင့္ ညေန ၅နာရီမွသာ ျပန္ရန္ျပင္ဆင္ႏုိင္ၿပီး Lobby ေရာက္သည္ႏွင့္ အဆင္သင့္ေစာင့္ေနသည့္ Shane ကိုေတြ႔လိုက္ရသည္။

"Devin မလိုက္ျဖစ္ဘူးတဲ့။ ကုိယ္ပဲလိုက္မယ္။ ဒါနဲ႔ Pooks, Kelvin တုိ႔ဆီက ကားေရာက္လာၿပီမဟုတ္လား"

"ကြၽန္ေတာ္မေမာင္းခ်င္ေသးလို႔ Company မွာပဲ ရပ္ထားလို္က္ပါတယ္ "

"သြားျကစို့ Mrs ​ေမေမအတြက္ ကိတ္မဝယ္ဘူးလား"

"ဟင့္အင္း ေမေမက ကိတ္မုန္႔မႀကိဳက္ဘူး"

"လက္ေဆာင္ေရာ ဘာဝယ္ထားလဲ"

"မဝယ္ထားဘူး"

"Pooks ရာ ​ေမ​ေမ့ေမြးေန့ကို ဘာလို႔လက္ေဆာင္မေပးတာလဲ ။ ကိုယ္ကေတာ့ ​ေမေမ့အတြက္ ဝယ္ၿပီးၿပီ။ လမ္းမွာတေနရာရာဝင္ၿပီး တခုခုဝယ္ေပးေလေနာ္"

"ေနာက္မွေပးလိုက္မယ္ Shane "

ေကာင္းဆက္က ဝယ္ဖို႔ကိုျငင္းဆန္ေနသည္မို႔ Shane ထပ္မေျပာေတာ့။ အိမ္ေလးဆီေရာက္႐ွိခ်ိန္မွာေတာ့ ညေန၆ခဲြခန္႔႐ွိေနခဲ့သည္။ ႐ိုးရာဝတ္စံုဟု ​ေခၚဆိုရမယ့္ ဝတ္စံုမ်ိဳးကိုသာ ေကာင္းဆက္ေမေမက ဝတ္ဆင္ထားၿပီး အေျပးေလးထြက္ႀကိဳ႐ွာသည္။

"လာၾက ေနာက္က်လိုက္တာ။ Shane လာ အထဲဝင္"

"ႏိုရာဗိုက္ဆာၿပီ အန္တီေသာ္တာ"

"စားရမွာေပါ့ကြယ္ ႏိုရာေလးအႀကိဳက္ေတြလဲ အန္တီခ်က္ထားတယ္"

"ကြၽန္ေတာ္ေရျပန္ခ်ိဳးဦးမယ္။ ၿပီးမွျပန္လာစားမယ္ အန္တီ။ ကြၽန္ေတာ့္ကိုမေစာင့္ပဲစားႏွင့္ ဟင္းေတာ့ခ်န္ထားေနာ္"

"ေအးပါ သားရယ္"

ထမင္းဝိုင္းေလး ျပင္ဆင္ထားရာဆီသို႔ အေရာက္မွာေတာ့ Shane မ်က္ခံုးေတြပင့္တက္သြားရသည္။ တႀကိမ္တခါမွ မျမင္ဖူးေသးသည့္ အစားအေသာက္ေတြနဲ႔ ခင္းက်င္းမႈပံုစံ။ ေကာင္းဆက္ကိုယ္တုိင္လဲ ဟင္းေတြၾကည့္ကာ အံ့ျသေနဟန္ျဖင့္ သူ႔ေမေမကိုလွမ္းၾကည့္ေနခဲ့ၿပီး Mrs ေမေမကေတာ့ ျပန္ျပံဳးျပကာ ေကာင္းဆက္ေခါင္းကို တခ်က္လွမ္းပြတ္လိုက္သည္။ ထို႔ေနာက္ေတာ့ Shane ႐ွိရာသို႔ ၾကည့္လာၿပီး....

"Asia ရဲ႕ စားေသာက္ပံုအေလ့အထေတြ၊ အစားအေသာက္ေတြနဲ႔ စားပဲြဝိုင္းကပံုေလးေတြကို Shane အေနနဲ႔ သိပ္စိမ္းမယ္လို႔ ေမေမထင္လို႔ ၾကံဳတုန္းေလး ေျပာျပခ်င္တယ္။"

ေျပာေျပာဆိုဆို ေမွာက္ခံုေမွာက္ထားသည့္ ေႂကြပန္းကန္ျပားကို ပက္လက္လွန္လိုက္ကာ မနည္းမမ်ားလြန္းသည့္ ထမင္းကို စတင္ထည့္​ေပးလာသည္။ မိမိနဲ႔စကားေျပာရာမွာ သူ႔ကိုယ္သူ " ေမေမ" ဟု သံုးႏႈန္းသြားသည့္အေပၚ​ေတာ့ Shane ပီတိေဝတာအမွန္ပင္။

"ေမေမတို႔ေတြက မိသားစုအကုန္ လက္စံုစားရတဲ့ ထမင္းဝိုင္းမ်ဳိးကို ႏွစ္သက္သေဘာက်တယ္။ အလုပ္ကုိယ္စီလုပ္ေနၾကေပမယ့္ ညေနျပန္ေရာက္ခ်ိန္မွာ အခ်ိန္ညႇိၿပီးအတူတူစားေလ့႐ွိတာမ်ိဳး...။ အဲ့ဒါေၾကာင့္ ေနာင္တခ်ိန္မွာ ေကာင္းဆက္က ထမင္းအတူတူစားဖို႔ ေန႔တိုင္းေစာင့္ဆုိင္းတဲ့အခါ သား Shane က မညည္းမညဴပဲ သေဘာက်ေပးပါ။ ဒါ သူ႔အေမဘက္က ယဥ္ေက်းမႈေလးအရမို႔။"

"ဟုတ္ကဲ့ Mrs...အဲ...ေမေမ"

"ေမေမတို႔ ဟင္းေလးေတြက အစပ္ကဲတယ္၊ အဆီမ်ားတတ္တယ္။ အပုပ္ခံၿပီးမွ ျပန္ပံုသြင္းထားတဲ့ အစားအစာတမ်ိဳးကို ျမန္မာလူမ်ိဳးေတာ္ေတာ္မ်ားမ်ားက ႀကိဳက္ႏွစ္သက္ပါတယ္။ က်န္းမာေရးနဲ႔မသင့္ေတာ္တဲ့ အစားအစာလို႔သတ္မွတ္ၾကေပမယ့္ အေနာက္တုိင္းက လူေတြကႏွာေခါင္း႐ွံု႔ၾကေပမယ့္ ဒါေလးနဲ႔မွ ခံတြင္းေတြ႔တတ္ၾကတယ္။ အဲ့ဒါကို "ငါးပိ" လို႔ေခၚၾကတယ္"

ၫႊန္ျပရာေနရာဆီမွာ ဖန္ပန္းကန္လံုးနဲ႔ထည့္ထားသည့္ ခပ္ညစ္ညစ္အေရာင္နဲ႔ အရည္တမ်ိဳး၊ ျငဳပ္သီးေတာင့္ေလးေတြနဲ႔ ပုဇြန္ေတြေပါေလာေပါေနၿပီး စားခ်င္စဖြယ္ ျဖစ္ေနေတာ့ Shane ဇြန္းျဖင့္ ခပ္ယူၾကည့္လိုက္စဥ္မွာပင္ ထြက္လာသည့္ အနံ႔တမ်ိဳးေၾကာင့္ တြန္႔ခနဲျဖစ္သြားကာ ျပန္ခ်လိုက္ရ​ၿပီး ဒါကိုျမင္တဲ့ ေမေမကေတာ့ျပံဳးၾကည့္ကာ စကားတခြန္းဆိုလာသည္။

"အေနာက္အေ႐ွ႕တုိင္းသားေတြျကိုက္တဲ့ Cheese ကို အေ႐ွ႕တုိင္းသားေတြ မႀကိဳက္ၾကသလိုေပါ့ ။ အႀကိဳက္တမ်ိဳး႐ွိတတ္ၾကပါတယ္။ ေနာင္တခ်ိန္မွာ ေမေမ့သား ​ေကာင္းဆက္က သား Shane ရဲ႕ မီးဖိုခန္းမွာ အနံ႔ဆိုးေတြထြက္ေစခဲ့တဲ့အခါ မရြံ႐ွာအျပစ္မဆိုပဲ သူ႔ေမေမဘက္ကေသြးပါလို႔ ႐ိုးရာစာစားေနပါလားလို႔ ေတြးေပးပါ။"

"ဟုတ္ကဲ့ ေမေမ.."

Iၿပီးေတာ့ အေနာက္တုိင္းမွာေတာ့ ထမင္းဝိုင္းမွာ စကားေျပာတာ မႀကိဳက္ၾကဘူး။ ဒါေပမဲ့ ေမေမတို႔ကေတာ့ မိသားစုေရးရာေတြ တုိင္ပင္တဲ့အခါ ၊ ေပ်ာ္စရာကိစၥေတြ၊ မိတ္ေဆြေတြရဲ႕အေၾကာင္းစံုေတြ စတာေတြ႐ွိလာတဲ့အခါ ထမင္းဝိုင္းမွာပဲ စကားေတြေျပာၾကပါတယ္။ ဒါကိုက ေမေမတို႔ရဲ႕ယဥ္ေက်းမႈပါပဲ။ အဲ့ဒါေၾကာင့္...."

"စိတ္ခ်ပါေမေမ ေနာင္တခ်ိန္ ေကာင္းဆက္က ထမင္းစားရင္း စကားေတြ အမ်ားႀကီးေျပာတဲ့အခါ မဟန္႔တားပဲ စကားေျပာေဖာ္ တိုင္ပင္ေဖာ္ျဖစ္ေပးပါ့မယ္။"

မိမိရဲ႕စကားဆံုးေတာ့ သိသိသာသာျပံဳးသြားသည့္ ေကာင္းဆက္ရဲ႕မ်က္ႏွာ၊ Mrs ေမေမကလဲ အေတာ္ေလးကို စိတ္ေက်နပ္သြားဟန္ျဖင့္....

"ကဲ စစားၾကစို႔။ Shane မႀကိဳက္တာေတြကိုေတာ့ မစားပဲေနလို႔ရတယ္ေနာ္"

အဆီပါဝင္မႈမ်ားၿပီး အစပ္ပါသည့္ အစားအစာေတြေပမယ့္ ေတာ္ေတာ္ေလးေတာ့ အႀကိဳက္ေတြ႔ခဲ့ကာ ဟင္းရြက္အစံုႏွင့္ခ်က္ထားသည့္ ဟင္းခ်ိဳတမ်ိဳးကိုေတာ့ ပို၍အႀကိဳက္ေတြ႔ခဲ့သည္။ စကားေျပာလိုက္၊ ရယ္လိုက္၊ အစားစားလိုက္နဲ႔ Asian ယဥ္​ေက်းမႈ ျခံဳလႊမ္းထားတဲ့ ထမင္းဝိုင္းေလးက ေကာင္းဆက္ေမေမေျပာသလို စိတ္ေပ်ာ္ရႊင္ရျခင္းနဲ႔ ​ေႏြး​ေထြးမႈအျပည့္ပင္။

6000 words

Unicode

အလုပ်စားပွဲပြန်ရောက်သည်နှင့် ကောင်းဆက်ပြေးလုပ်ရသည်မှာ ဂိမ်းမဟုတ်ခဲ့ပဲ မေမေ့ဆီ ဖုန်းခေါ်ရခြင်းဖြစ်သည်။ မနက်ဖြန် မေမေ့မွေးနေ့မှမဟုတ်တာကို ဘာမှကြိုမပြောထားလို့ကတော့ အကုန်လုံးလွဲမှာ သေချာနေတာကြောင့်ပင် ။

"မေမေ"

"အင်း ပြောလေ သား"

"မနက်ကပြောဖို့မေ့သွားလို့ ညနေကျရင် ကျွန်တော် ရုံးမှာပဲ အိပ်ရမယ်ထင်တယ် အလုပ်များနေလို့လေ။ ဒါပေမယ့် မနက်ဖြန် နေ့ခင်းပိုင်းပြန်လာခဲ့မယ်"

"အဲ့ဒါပြောမလို့ လှမ်းဆက်တာလား သား"

"မဟုတ်ဘူး မေမေ မနက်ဖြန် Shane နဲ့သူ့သူငယ်ချင်းပါ ပါလာလိမ့်မယ်။ အဲ့ဒါသူတို့ကို ညနေစာကျွေးဖို့ ၊ ဒီတိုင်း အိမ်လိုက်လည်ဖို့ခေါ်ရင် တမျိုးဖြစ်နေမှာစိုးလို့ မေမေ့ မွေးနေ့လို့ ကျွန်တော်ပြောထားလိုက်တယ်"

"မေမေ့ မွေးနေ့မှမဟုတ်တာကို"

"မဟုတ်လဲ ဟုတ်သလိုလိုပဲနေပေးပါလား။ Shane က လက်ဆောင်လဲ ဝယ်ချင်ဝယ်လာလိမ့်မယ်။ ဒီတိုင်းပဲယူထားလိုက်နော် မေမေ"

"အင်းပါ သားရယ် ဒါနဲ့သား "

"ဟုတ် "

"ထွေထွေထူးထူး ကိစ္စမရှိပါဘူးနော်"

"မရှိပါဘူး မေမေရဲ့ ဘာဖြစ်လို့လဲ"

"မဖြစ်ပါဘူး ဒီတိုင်းမေးကြည့်တာ။ ဒါပဲနော် သား မနက်ဖြန်အတွက် မားဝယ်စရာရှိတာ သွားဝယ်ဦးမယ် "

"ဟုတ်ကဲ့..."

သားရဲ့ဖုန်းကိုချပြီးသည့်နောက် အတော်ကြာကြာထိ သော်တာငိုင်နေမိသည်။ အခုတလော အိမ်မက်တွေက မကောင်းလှ။ အိမ်မက်ထဲမှာသားက မျက်နှာမသာမယာနဲ့ သူ့အဖေလက်ကိုဆွဲပြီး အဝေးကြီးကို သွားတော့မည့်အကြောင်းပြောပြီး လှည့်ထွက်သွားလေတော့ လိုက်ခေါ်ပေမယ့် မမှီသလို လည်ချောင်းကွဲမတတ် အော်ခေါ်တာတောင် သားအဖနှစ်ယောက်လုံး လှည့်မကြည့်ခဲ့ပေ။ တူညီတဲ့အိမ်မက်တွေကို မက်နေတာ၂ခါရှိနေပြီမို့ သော်တာအတော်လန့်နေခဲ့ပြီ။ လင်ယောက်ကျားကို ဆုံးရှူံးခဲ့ပြီးပြီမို့ သားလေးကိုပါ ထပ်ဆုံးရှုံးလိုက်ရရင် ရူးရုံတင်မက သေတောင်သွားနိုင်သည့် အနေအထားပင်။ မကောင်းတဲ့အတွေးတွေပဲ တွေးနေမိရင် မကောင်းတာတွေပဲ ဖြစ်လာမှာစိုးတာကြောင့် အတွေးစတွေဖြတ်ကာ ဈေးသို့ထွက်လာခဲ့တော့သည်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

တနေ့တာအလုပ်တွေလဲပြီးပြီ၊ ကောင်းဆက်ကလဲ ရုံးမှာအိပ်မှာမို့ Shane လိုက်ပို့ရန်မလိုတော့။ ထို့ကြောင့် ရုံးခွဲဖွင့်မည့်နေရာသို့ ထွက်လာပြီး ကြိုဆိုနေသည့် မြင်ကွင်းကတော့ မကောင်းလှပေ။ ကျိုးနေသည့်စားပွဲတွေ၊ ထိုင်ခုံတွေ၊ ပန်းကန်ခွက်ယောက်တွေနဲ့ အဲ့ဒါတွေကို ရှင်းနေသည့် ဝန်ထမ်းတချို ဘာတွေဖြစ်နေတာလဲဟူသော အံ့အားသင့်စိတ်ဖြင့် အထဲလှမ်းဝင်လိုက်ချိန်မှာပဲ မန်နေဂျာအဖြစ် ခန့်အပ်ထားသည့် ဝန်ထမ်းတစ်ဦးက အနားသို့ရောက်လာသည်မို့ ထိုလူကို Shane ကြည့်ကာ

"ဒါတွေကဘယ်လိုဖြစ်တာလဲ"

"ကျွန်တော်တို့လဲ ဘယ်လိုပြောပြရမလဲတောင် မသိဘူး။ ဒီအခန်းက စားသောက်ဆိုင်ဖွင့်ထားတာတဲ့ Mr Shane"

"အဲ့ဒါ ကျွန်တော်သိတယ်လေ"

"ဒီနေ့ ကျွန်တော်တို့ Decoration စမယ်ဆိုပြီး ရောက်လာတော့ ဒီအခန်းပိုင်ရှင်နဲ့ ဒီဆိုင်ခန်းမှာ ဈေးရောင်းနေတဲ့ အဌားမိသားစုက စကားများထားပုံရတယ်။ ဒီဆိုင်ခန်းပိုင်ရှင်က ပစ္စည်းတွေအကုန် ရိုက်ချိုးဖျက်ဆီးထားတာ အဲ့ဒါတွေ အခုရှင်းနေတာပါ"

"ဘာဖြစ်လို့ စကားများကြတာတဲ့လဲ"

"အတိအကျတော့ မသိပေမယ့် ဟိုအဌားမိသားစုက ဒီဆိုင်ခန်းကို ကျွန်တော်တို့ ဝယ်ထားတာကို မသိတဲ့ပုံပဲ"

"ဒီဆိုင်ခန်းကို ပိုင်ရှင်ဆီက ဝယ်ထားတာပဲ ၂လနီးပါးဖြစ်နေပြီလေ။ ပိုင်ရှင်က အဌားကို မပြောထားဘူးလား"

"ပြသာနာက ကျွန်တော်တို့ဘက်က ကိုယ်စားလှယ်နဲ့ ဆိုင်ခန်းပိုင်ရှင်နဲ့က အမျိုးတော်တယ်တဲ့။ ကျွန်တော်တို့ရဲ့ ပထမအစီအစဉ်မှာလည်း အခန်းကိုဝယ်လိုက်ပေမယ့် ပရော့ဂျက်က ၁နှစ်ကျော်မှစမယ်လို့ စီစဉ်ထားတော့ ကျွန်တော်တို့ ကိုယ်စားလှယ်က သူ့ညီဝမ်းကွဲဖြစ်တဲ့ ဒီအခန်းပိုင်ရှင်ကို သော့ပေးထားတယ်"

"ဘာအတွက်လဲ"

"ပရော့ဂျက်မစသေးခင် ဆိုင်ခန်းဌားလို့ရအောင်"

"အင်း......"

ခပ်လေးလေးအသံနှင့် အင်း..တလုံးသာ Shane ရွတ်နိုင်တော့သည်။ ပရော့ဂျက်မစသေးမှန်းသိလို့ အပိုဝင်ငွေရအောင် ခိုးဌားရမ်းခြင်းက ပြသာနာကို အစပျိုးစေခဲ့ဟန်ပင်။

"အဌားမိသားစုကလဲ တနှစ်စာစာချုပ်ချုပ်ပြီး ဆိုင်ဖွင့်တာ ၃ရက်ပဲရှိသေးတယ်။ ကျွန်တော်တို့က အားခြင်းဖွင့်တော့မယ်ဆိုတော့ ပိုင်ရှင်က အဌားမိသားစုကို အတင်းဖယ်ခိုင်းတယ်တဲ့"

"..........."

"အဌားမိသားစုကလဲ တနှစ်စာပိုက်ဆံရော စပေါ်ငွေရော ပေးထားရတဲ့အပြင် စားသောက်ဆိုင်ဖွင့်ဖို့ လိုအပ်တာအကုန်ဝယ်ထားပြီး အရင်းအနှီးစကာမှ ဖယ်ခိုင်းတော့ မဖယ်ပေးနိုင်ဘူးပေါ့။ အဲ့ဒီကနေ စကားတွေများကြ ပစ္စည်းတွေရိုက်ခွဲကြနဲ့ ဖြစ်ကုန်ကြတာ"

"အဲ့ဒီလို အကြမ်းဖက်စရာ မလိုတဲ့ဟာကို အဌားဘက်ကယူထားတဲ့ပိုက်ဆံကို ပြန်ပေးရင် ဟိုဘက်ကလည်း ကြေအေးမှာပါ"

"ခက်တာက Mr Shane , စာချုပ်ပြစရာမရှိတာ"

"ဘာလို့မရှိတာလဲ အဌားစာချုပ် မချုပ်ကြဘူးလား။ မချုပ်ပဲနဲ့ပိုက်ဆံတွေကို အဌားဘက်က ပေးလိုက်တာလား"

"ဘယ်သူက အမှန်လဲတော့မသိပေမယ့် သူတို့စကားများတဲ့အထဲက စကားတွေအရဆို အဌားမိသားစုရဲ့စာချုပ်ပါ ပိုက်ဆံတွေကို ပိုင်ရှင်က သုံးထားတယ်နဲ့တူတယ်"

"သုံးထားလဲ ပြန်ရှာပေးရမယ်လေ။ စာချုပ်ကြီးရှိနေတာကို"

"ဒီမနက်ပဲ ပိုင်ရှင်ကရောက်လာပြီး အဌားမိသားစုဆီကို စာချုပ်လေး ဓာတ်ပုံရိုက်ချင်လို့ ခဏပြပါဆိုတော့ ဟိုမိသားစုကပြတယ်တဲ့။ အဲ့ဒါ စာချုပ်လဲလက်ထဲရောက်ရော ဟိုလူက မီးနဲ့ရှို့ပစ်လိုက်တယ်တဲ့"

"ဟာ....သေချာလား အဲ့ဒါ"

"ကျွန်တော်လဲသေချာမသိဘူး အဲ့ဒီလိုပြောကြတာပဲ။ အဌားမိသားစုက အဘိုးကြီးအဘွားကြီး လင်မယားရယ် လူငယ်လင်မယားရယ်လို့ပြောတယ်။ လူငယ်လင်မယားမှာ မိန်းမဖြစ်သူက ကိုယ်ဝန်ကြီးနဲ့ အဲ့ဒါ ရုန်းရင်းဆန်ခတ်တွေဖြစ်ကြတော့ တွန်းမိသလိုဖြစ်ပြီး မိန်းမဖြစ်သူကို အရေးပေါ်တင်လိုက်ရတယ် Mr Shane "

"အော်...ဒုက္ခပါပဲ ။ ဒီအခန်းကို စာချုပ်ချုပ်ပေးတဲ့ ကျွန်တော်တို့ဘက်က ကိုယ်စားလှယ်ကို ကျွန်တေ်ာ့ဆီလွှတ်လိုက်"

တညနေလုံး ပြသာနာပေါင်းများစွာ ပြောဆိုဖြေရှင်းပြီးတဲ့နောက် ခြေထောက်တွေကို မနည်းသယ်ကာ အိမ်ပြန်လာရသည်။ ဌားထားတဲ့ Body Guard ကလဲ ကားအိမ်ရှေ့မှရပ်ပြီး Shane အိမ်ထဲဝင်သည်နှင့် သူ့တာဝန်ပြီးပြီဖြစ်လို့ ပြန်သွားတော့သည်။

Kelvin ပေးလိုက်တဲ့နာရီလေးကို ကုတင်ဘေးနားက စားပွဲပေါ်တင်ပြီးနောက် ပင်ပန်းမှုတွေပြေပျောက်စေရန် ရေချိုးခန်းသို့ဝင်ခဲ့သည်။ ပြန်ထွက်လာပြီးနောက် ကောင်းဆက်ကို ဖုန်းဆက်ရန် ဖုန်းကိုင်လိုက်သည့်အချိန်မှာ သတိပြုမိသည်မှာ မမြင်ဖူးသည့်နံပါတ်တခုမှ ၃ကြိမ်ခန့် ခေါ်ထားတာကိုပင်။ ပုံမှန်အားဖြင့် နံပါတ်အစိမ်းများကို ပြန်ခေါ်လေ့မရှိသော်လည်း ၃ကြိမ်တောင်ခေါ်ဆိုထားတာကြောင့် တခုခုများ အရေးကြီးသလားဟုတွေး၍ ပြန်ခေါ်လိုက်တော့သည်။

"ဟဲလို ဖုန်းခေါ်ထားလို့ပါ ဘယ်သူများလဲမသိဘူး"

"Olivier Shane!!"

ခပ်ဆတ်ဆတ်နှင့် အက်ကွဲကွဲအသံကြောင့် ဘယ်သူလဲဟု ပြန်မေးလိုက်ပေးမယ့် ခဏအကြာမှာတော့ အသံပိုင်ရှင်ကို Shane မှတ်မိသွားခဲ့ပြီ။ Joel ဧ။်အစ်ကို Jonathan

"ဟုတ်ပါတယ် Shane ပါ ဘာကိစ္စရှိလို့ဆက်တာလဲ"

"မင်း!!ငါတို့မိသားစု အပေါ်ဘယ်လိုအငြိုးတွေကြောင့် ဒီလိုတွေ လိုက်လုပ်နေရတာလဲ"

"အဲ့ဒီကိစ္စကို သက်သေပြစရာမရှိလို့ ကျွန်တော်မရှင်းပြခဲ့ပေမယ့် ဒီတခါတော့ ကျွန်တော်ပြောရတော့မယ်။ ကျွန်တော်က Joel ဖန်တီးထားတဲ့ဂိမ်းကို ခိုးခဲ့တာမဟုတ်ဘူး။ ခင်ဗျားရဲ့ညီက ကျွန်တော်ဖန်တီးထားတဲ့ ဂိမ်းကိုယူသွားပြီး ရောင်းစားခဲ့တာ"

"တော်စမ်းပါ အဲ့ဒီစကားကို ငါယုံပေးရမှာလား"

"Mr Jonathan ခင်ဗျားကိုယ်တိုင်လဲ ကျွန်တော့်အသက်ထိရန်ရှာခဲ့ပြီးပြီပဲ ။ ဒါပေမယ့် ကျွန်တော်အမှုပိတ်ပေးခဲ့ပါတယ်"

"အဲ့ဒီတော့ ဘာလဲ ငါကမင်းကို ကျေးဇူးတင်စကား ပြောရဦးမှာလား"

"ကျေးဇူးတင်စကား ပြောဖို့ပြောနေတာမဟုတ်ဘူး။ ဖြစ်ရပ်မှန်တွေကို သိစေချင်ရုံ၊ အငြိုးအတေးဆိုတာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး Mr Jonathan ။ ခင်ဗျားလဲကျွန်တော့်အပေါ် လုပ်ကြံဖို့အတွက် တုံ့ဆိုင်းနေခဲ့တာကို ကျွန်တော်သိတယ်၊ လူမိုက်မဟုတ်ဘူးဆိုတာလဲ သိပါတယ်။ အဲ့ဒါကြောင့် နှစ်ဦးနှစ်ဖက်ပြသာနာတွေ ဒီထက်မပွားခင် ကျွန်တော်တို့ ကိုယ့်လမ်းကိုယ်သွားပြီး ဒီမှာတင်ရပ်လိုက်ကြရအောင်"

"ဒီမှာတင် ရပ်လိုက်ကြရအောင် ဟုတ်လား အေးပေါ့လေ ဘာမှမဆုံးရှုံးဖူးတဲ့ မင်းကတော့ ဒီစကားထွက်လာမှာပေါ့။ ငါ့ညီကိစ္စက မင်းပြောသလိုပဲ ထားပါတော့။ ငါတို့မိသားစုကိစ္စကရော..."?

"ခင်ဗျားတို့မိသားစုကိစ္စ? ဘာကိုပြောချင်တာလဲ ကျွန်တော်နားမလည်ဘူး"

"သူတော်ကောင်းယောင် ဆောင်မနေစမ်းနဲ့ Olivier Shane ။ မင်းကို ပထမအကြိမ်ကတည်းက သေအောင်ငါ သတ်ခဲ့ရမှာ။ လက်တွန့်နေခဲ့လို့၊ နောက်ထပ်လူတယောက်ပါ ထပ်ပါလာခဲ့လို့ ငါတုံ့ဆိုင်းနေခဲ့တာ။ အဲ့ဒါကြောင့်မို့ိလို့ပဲ အခုလိုကိစ္စတွေဖြစ်နေတာကွ မင်းသိရဲ့လား"

နာကျည်းမှုတွေ၊ ခံပြင်းမှုတွေ၊ ဒေါသတရားတွေ ရောပြွန်းနေတဲ့ တဖက်က စကားသံကို သတိထားမိသော်လည်း ထိုစကားလုံးတွေရဲ့ အဓိပ္ပယ်ကို Shane တကယ်ကို နားမလည်ပေ။

"မင်းက! မင်းလိုကောင်က!! လူအများအမြင်မှာတော့ ကိုယ့်ကို လုပ်ကြံတဲ့သူကိုတောင် အမှုပိတ် ကျေအေးပေးတဲ့သူတော်ကောင်းကြီးပေါ့လေ။ မင်းကိုသတ်ဖို့ မအောင်မြင်ခဲ့တဲ့နောက်ပိုင်း မင်းနောက်ငါလိုက်ခဲ့တယ် အခွင့်ရရင်ထပ်သတ်ဖို့။ ဒါပေမယ့် ငါ နောက်ဆုံးမှာ လက်လျှော့ခဲ့တယ်။ဘမင်းပြောသလိုပဲ ကိစ္စကြီးကိုအဆုံးသတ်ဖို့။ ငါကသာရပ်တန့်ခဲ့ပေမယ့် မင်းကတော့ နောက်ကွယ်က အကြံကြီးကြံနေခဲ့တာကို ငါမသိခဲ့ဘူး"

"ခင်ဗျားပြောတာ ကျွန်တော်နားမလည်ဘူး"

"ငါတို့မိသားစု စီးပွားရေးလုပ်ဖို့ စုထားသမျှ အကုန်ထုတ်သုံးပြီး စတင်ခဲ့တဲ့ဆိုင်ခန်းကို မင်းငွေကြေးနဲ့ဖိပြီး ရအောင်ဝယ်ခဲ့တာ မဟုတ်လား။ ဒီနေ့ဖျက်ဆီးတဲ့ အခန်းပိုင်ရှင်ကလည်း မင်းလွှတ်ထားတဲ့သူမဟုတ်လား။ universe သူဌေးကဝယ်လိုက်လို့ ချက်ချင်းဖယ်ရမယ်။ မဖယ်ရင် အကုန်ဖျက်ဆီးလို့ မှာထားတယ်လို့ ငါတို့ကိုပြောတယ်"

ထိုတော့မှပင် အလုံးစုံကို Shane စတင်သဘောပေါက်လာသည်။ Joel တို့မိသားစုနဲ့ မိမိရဲ့ရေစက်ကလဲ တော်တန်ရုံမဟုတ်ခဲ့။ သူတို့မိသားစုဖွင့်တဲ့ ဆိုင်ခန်းက မိမိ ကြိုတင်ဝယ်ယူထားတဲ့ အခန်းဖြစ်နေခဲ့သည်။ ရှင်းလေရှုပ်လေ ဖြစ်နေသည့်ကိစ္စအပေါ် သက်ပြင်းဖွဖွချကာ Shane ဖြေရှင်းရန်ကြိုးစားခဲ့သည်။

"နားလည်မှုလွဲနေတာပါ။ ခင်ဗျား နားလည်အောင် ကျွန်တော်...."

သို့သော် တဖက်လူက ဖြေရှင်းချက်ကို နားမထောင်တော့။ အသံတွေတုန်ခါနေကာ နာနာကျည်းကျည်း ပြောဆိုသံတွေက တသီတတန်း ထွက်ပေါ်လာတော့သည်။

"Olivier Shane!! ငါမင်းကို သတ်ပစ်ချင်တဲ့အထိ မုန်းတယ်ဆိုတဲ့ စကားထက်ပိုမုန်းတယ်။ ငါချစ်ရတဲ့ ငါ့ညီလေးကို မင်းငါ့ရင်ခွင်ထဲက ဆွဲထုတ် သတ်ပစ်ခဲ့တယ်။ အခုအချိန်ထိ ငါ့ညီလေးမှာ လူတင်မဟုတ်ဘူး နာမည်ပါသေရတာ။ အခုရော အခုလဲ မမွေးဖွားလာသေးတဲ့..ငါ့ကလေးလေးနဲ့ ငါ့မိန်းမကိုပါ မင်းငါ့ဘေးနားက ဆွဲထုတ်သွားတယ်။ မင်းကွာ ငါမင်းကိုအရမ်းမုန်းတယ်!!"

ထိုစကားလုံးများကတော့ Shane တကိုယ်လုံးကို တောင့်တင်းသွားစေခဲ့သည်။ ဒါဆို ညနေက တာဝန်ခံပြောတဲ့ ကိုယ်ဝန်သည်အမျိုးသမီးက Jonatham ရဲ့ မိန်းမလား။ အခု အဲ့ဒီပစ်လဲတဲ့ဒဏ်ကြောင့် ကလေးရောအမေပါ ဆုံးသွားတာလား။ အတွေးများနေတော့ စကားပင်ပြန်မပြောနိုင်၊ ပြောစရာစကားလုံးလဲမရှိ။ ကြီးကျယ်လွန်းသည့် ဆုံးရှုံးရမှုအပေါ် စိတ်ထွက်ပေါက်အနေနဲ့ သက်သာရာရာပါစေဟု သဘောပိုက်ကာ ငြိမ်နေပေးခဲ့သည်။ သို့သော်

"မင်းကို မင်းကို!!! မင်းကိုငါသတ်မယ်။ မင်းချစ်မြတ်နိုးတဲ့အရာဝထ္ထုတွေ၊ လူတွေတယောက်မကျန် မင်းဘေးနားက ငါဆွဲထုတ်မယ်။ မင်းမှာမိဘမောင်နှမ မရှိပေမယ့် မင်းသိပ်ခင်တဲ့ ဆရာဝန်သူငယ်ချင်းနဲ့ ကောင်းဆက်ဂျေဒင် အဲ့ဒီနှစ်ယောက်ကို မင်းဘဝထဲကနေ ရအောင်ငါဆွဲထုတ်မှာ။ ကောင်းဆက်ဂျေဒင်က မင်းအတွက်ဘာဆိုတာ ငါကောင်းကောင်းကြီး သိပြီးသား။ ချစ်ရသူတွေ ဆုံးရှုံးရတဲ့ခံစားချက်က ဘာဆိုတာ မင်း မကြာခင်သိရစေမယ်"

ဆိုသော ခြိမ်းခြောက်မှုဆန်သည့် စကားလုံး၊ ထိုစကားလုံးတွေထဲ ချစ်ရသူနဲ့ခင်ရသူ ၂ယောက်ကို ဆွဲထည့်လာတော့ သည်းခံနိုင်စွမ်းမရှိတော့...

"Mr...Jonathan!!"

ခပ်ကျယ်ကျယ် ပိတ်အော်လိုက်သည့်နောက်တော့ တဖက်မှ အသံတိတ်သွားခဲ့သည်။

"ကျုပ်ပြောတာ သေချာနားထောင်သွား Jonathan ။ သူတို့တွေကို ကိုယ်ထိလက်ရောက်မပြောနဲ့ မျက်လုံးနဲ့ကြည့်တာတောင် ကျုပ်လက်မခံနိုင်ဘူး။ သူတို့တွေကို ထိရဲရင်ခင်ဗျားထိကြည့်လိုက်။ Olivier Shane က ဘာကောင်လဲဆိုတာ ခင်ဗျားသိစေရမယ် "

"အခုတော့ မျက်နှာဖုံးကွာကျလာပြီပေါ့။ ပထမအကြိမ်တုန်းက မင်းကိုမလှုပ်နိုင်အောင် drug ထိုးခဲ့တာ တိုက်ဆိုင်မှုလို့ ထင်နေတာလား။ မင်းရဲ့လျို့ဝှက်ချက်ကို ငါသိနေတယ်လေ "

ဘာအဓိပ္ပယ်လဲ၊ ဘာစကားကြီးလဲ၊ ဘာကိုဆိုလိုတာလဲ။ မိမိရဲ့လျို့ဝှက်ချက်ကို သိနေတယ်ဆိုပါလား။ အချိန်ကိုရပ်တန့်နိုင်တယ် ဆိုတာကို သိနေတယ်လို့ ဆိုလိုတာလား။ အံ့သြမှုကြောင့် တုံ့ဆိုင်းသွားပေမယ့် တုန်လှုပ်တာကိုသာထိုသူသိသွားခဲ့ရင် မိမိရှုံးပြီ။ ထို့ကြောင့်

"ဘာကိုပဲ ခင်ဗျားသိထားသိထား ကျုပ်ဂရုမစိုက်ဘူး။ မျက်နှာဖုံးကွာကျတယ် ဟုတ်လား။ အစကတည်းက ကျုပ်မှာ မျက်နှာဖုံးမရှိဘူး။ ခင်ဗျားကတော့ ရှက်တတ်ရင် လဲသေဖို့တောင်ကောင်းတယ်။ ခင်ဗျားညီက အရှက်မရှိကျုပ်ဖန်တီးထားတဲ့ ဂိမ်းကိုခိုးပြီးရောင်းတာ ဘယ်သူသိသိမသိသိ ကျုပ်သိတယ်၊ ခင်ဗျားညီသိတယ်။ ခိုးတုန်းကခိုးပြိး ခိုးတာပေါ်ကာနီးမှ အရှက်လွန်ပြီးသတ်သေတာ ကျုပ်အပြစ်လား။ ပြီးတော့ဆိုင်ခန်းကိစ္စ သေသွားတဲ့ ခင်ဗျားမိန်းမနဲ့ကလေးအတွက် စိတ်မကောင်းပေမယ့် အဲ့ဒါကိုလွန်ခဲ့တဲ့ ၂လလောက်ကတည်းက ဝယ်ထားတဲ့စာချုပ် ကျုပ်ဆီမှာရှိတယ်။ ကြည့်ချင်သပဆို ပို့ပေးလိုက်မယ်။ "

"............."

"နောက်ဆုံးတခုလဲပြောလိုက်မယ် ကျုပ်နဲ့နှစ်ယောက်တည်း တွေ့ချင်ရင် ပေါ်တင်လာ ခိုးကြောင်းခိုးဝှက်တွေ မလုပ်နဲ့ သွေးကြောင်တဲ့အထဲ ကျုပ်မပါဘူး။ ကျုပ်လူတွေနဲ့ပတ်သတ်ပြီးလဲ လာခြိမ်းမခြောက်နဲ့။ လောကကြီးမှာ ကျန်နေသေးတဲ့ ခင်ဗျားမိဘနှစ်ပါးရော ခင်ဗျားကိုယ်တိုင်ပါ လူမသိသူမသိ ပျောက်မသွားချင်ရင် ကျုပ်လူတွေကို မျက်လုံးနဲ့တောင် စွေမကြည့်နဲ့ ခင်ဗျားတွေးထားတာထက် ကျုပ်ပိုလုပ်နိုင်တယ် နားလည်လား"

"Olivier...."

တဖက်လူ မိမိအမည်ကို အသံကုန်မအော်ခင် အရင်ဦးအောင်ဖုန်းချကာ black list ပါ Shane တန်းသွင်းလိုက်တော့သည်။ ညနေခင်းကမလှပတော့...။ တညလုံးလဲ ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ ကိုယ်ကပြန်ချိန်းခြောက်လိုက်သည် ဆိုသော်ငြား တကယ်တမ်း ဟိုလူကသာ ကောင်းဆက်တို့ကို ဒုက္ခပေးမယ်ဆို Shane ဘယ်လိုမှတားဆီးနိုင်လိမ့်မည်မဟုတ်။

တညလုံး တလူးလူးတလိမ့်လိမ့်နဲ့ အိပ်မပျော်လေတော့ မနက်တော်တော်လေး အချိန်လင့်မှနိုးတော့သည်။ ရုံးမရောက်ခင် သတိတရ Jewellery ဆိုင်သွား၍ Mrs မေမေအတွက် ဆွဲကြိုးလေးတကုံး ဝင်ဝယ်ပြီးနောက် company ရှိရာဆီသို့ ဦးတည်ခဲ့တော့သည်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ဒီနေ့ မနက်ကတည်းက ကောင်းဆက်မှာ အလုပ်လုပ်သည့်အခန်းထဲမဝင်နိုင်သေး Shane အလာကို lobby မှာသာ ငုတ်တုတ်ထိုင်စောင့်ခဲ့သည်။ ရုံးချိန်ကျော်စပြုလာသည့်နောက် နိုရာကအနားရောက်လာပြီး

"၉နာရီခွဲတော့မယ် အလုပ်မလုပ်သေးဘူးလား။ Supervisor မေးနေတယ်နော်။ နေ့လည်ကျရင်လည်းငါတို့ ကနေ့တဝက်ပဲ ဆင်းမှာမလား"

"အင်း လာမယ်လို့ပြောပေးထား။ ငါ Shane ကို တွေ့ပြီးမှလာခဲ့မယ်"

"ရောဂါအရမ်းတက်နေပြီလား မျက်နှာမမြင်ရရင် အလုပ်စမလုပ်နိုင်တော့ဘူးလား "

"အေး အဲ့ဒီလိုပဲမှတ်ထားလိုက် ရတယ်"

"ခွေးသား မနက်ကတည်းက ဂနာမငြိမ်ဘူး ရွစိထိုးနေတယ်"

"နားညည်းတယ်ဟေ့ကောင် သွား မြန်မြန်"

နိုရာပြန်တက်သွားပြီး မိနစ်၂၀ခန့်အကြာမှာမှ Company ရှေ့ Shane ရဲ့ကားလေး ဆိုက်လာခဲ့ပြီး ထိုတော့မှသာ ကောင်းဆက်မှာလဲ သက်ပြင်းချကာထိုနေရာမှ ထထွက်နိုင်တော့သည်။ နေ့ခင်းဟုဆိုသော်လည်း အလုပ်တွေ မပြတ်တာကြောင့် ညနေ ၅နာရီမှသာ ပြန်ရန်ပြင်ဆင်နိုင်ပြီး Lobby ရောက်သည်နှင့် အဆင်သင့်စောင့်နေသည့် Shane ကိုတွေ့လိုက်ရသည်။

"Devin မလိုက်ဖြစ်ဘူးတဲ့။ ကိုယ်ပဲလိုက်မယ်။ ဒါနဲ့ Pooks, Kelvin တို့ဆီက ကားရောက်လာပြီမဟုတ်လား"

"ကျွန်တော်မမောင်းချင်သေးလို့ Company မှာပဲ ရပ်ထားလိုက်ပါတယ် "

"သွားကြစို့ Mrs မေမေအတွက် ကိတ်မဝယ်ဘူးလား"

"ဟင့်အင်း မေမေက ကိတ်မုန့်မကြိုက်ဘူး"

"လက်ဆောင်ရော ဘာဝယ်ထားလဲ"

"မဝယ်ထားဘူး"

"Pooks ရာ မေမေ့မွေးနေ့ကို ဘာလို့လက်ဆောင်မပေးတာလဲ ။ ကိုယ်ကတော့ မေမေ့အတွက် ဝယ်ပြီးပြီ။ လမ်းမှာတနေရာရာဝင်ပြီး တခုခုဝယ်ပေးလေနော်"

"နောက်မှပေးလိုက်မယ် Shane "

ကောင်းဆက်က ဝယ်ဖို့ကိုငြင်းဆန်နေသည်မို့ Shane ထပ်မပြောတော့။ အိမ်လေးဆီရောက်ရှိချိန်မှာတော့ ညနေ၆ခွဲခန့်ရှိနေခဲ့သည်။ ရိုးရာဝတ်စုံဟု ခေါ်ဆိုရမယ့် ဝတ်စုံမျိုးကိုသာ ကောင်းဆက်မေမေက ဝတ်ဆင်ထားပြီး အပြေးလေးထွက်ကြိုရှာသည်။

"လာကြ နောက်ကျလိုက်တာ။ Shane လာ အထဲဝင်"

"နိုရာဗိုက်ဆာပြီ အန်တီသော်တာ"

"စားရမှာပေါ့ကွယ် နိုရာလေးအကြိုက်တွေလဲ အန်တီချက်ထားတယ်"

"ကျွန်တော်ရေပြန်ချိုးဦးမယ်။ ပြီးမှပြန်လာစားမယ် အန်တီ။ ကျွန်တော့်ကိုမစောင့်ပဲစားနှင့် ဟင်းတော့ချန်ထားနော်"

"အေးပါ သားရယ်"

ထမင်းဝိုင်းလေး ပြင်ဆင်ထားရာဆီသို့ အရောက်မှာတော့ Shane မျက်ခုံးတွေပင့်တက်သွားရသည်။ တကြိမ်တခါမှ မမြင်ဖူးသေးသည့် အစားအသောက်တွေနဲ့ ခင်းကျင်းမှုပုံစံ။ ကောင်းဆက်ကိုယ်တိုင်လဲ ဟင်းတွေကြည့်ကာ အံ့သြနေဟန်ဖြင့် သူ့မေမေကိုလှမ်းကြည့်နေခဲ့ပြီး Mrs မေမေကတော့ ပြန်ပြုံးပြကာ ကောင်းဆက်ခေါင်းကို တချက်လှမ်းပွတ်လိုက်သည်။ ထို့နောက်တော့ Shane ရှိရာသို့ ကြည့်လာပြီး....

"Asia ရဲ့ စားသောက်ပုံအလေ့အထတွေ၊ အစားအသောက်တွေနဲ့ စားပွဲဝိုင်းကပုံလေးတွေကို Shane အနေနဲ့ သိပ်စိမ်းမယ်လို့ မေမေထင်လို့ ကြုံတုန်းလေး ပြောပြချင်တယ်။"

ပြောပြောဆိုဆို မှောက်ခုံမှောက်ထားသည့် ကြွေပန်းကန်ပြားကို ပက်လက်လှန်လိုက်ကာ မနည်းမများလွန်းသည့် ထမင်းကို စတင်ထည့်ပေးလာသည်။ မိမိနဲ့စကားပြောရာမှာ သူ့ကိုယ်သူ " မေမေ" ဟု သုံးနှုန်းသွားသည့်အပေါ်တော့ Shane ပီတိဝေတာအမှန်ပင်။

"မေမေတို့တွေက မိသားစုအကုန် လက်စုံစားရတဲ့ ထမင်းဝိုင်းမျိုးကို နှစ်သက်သဘောကျတယ်။ အလုပ်ကိုယ်စီလုပ်နေကြပေမယ့် ညနေပြန်ရောက်ချိန်မှာ အချိန်ညှိပြီးအတူတူစားလေ့ရှိတာမျိုး...။ အဲ့ဒါကြောင့် နောင်တချိန်မှာ ကောင်းဆက်က ထမင်းအတူတူစားဖို့ နေ့တိုင်းစောင့်ဆိုင်းတဲ့အခါ သား Shane က မညည်းမညူပဲ သဘောကျပေးပါ။ ဒါ သူ့အမေဘက်က ယဉ်ကျေးမှုလေးအရမို့။"

"ဟုတ်ကဲ့ Mrs...အဲ...မေမေ"

"မေမေတို့ ဟင်းလေးတွေက အစပ်ကဲတယ်၊ အဆီများတတ်တယ်။ အပုပ်ခံပြီးမှ ပြန်ပုံသွင်းထားတဲ့ အစားအစာတမျိုးကို မြန်မာလူမျိုးတော်တော်များများက ကြိုက်နှစ်သက်ပါတယ်။ ကျန်းမာရေးနဲ့မသင့်တော်တဲ့ အစားအစာလို့သတ်မှတ်ကြပေမယ့် အနောက်တိုင်းက လူတွေကနှာခေါင်းရှုံ့ကြပေမယ့် ဒါလေးနဲ့မှ ခံတွင်းတွေ့တတ်ကြတယ်။ အဲ့ဒါကို "ငါးပိ" လို့ခေါ်ကြတယ်"

ညွှန်ပြရာနေရာဆီမှာ ဖန်ပန်းကန်လုံးနဲ့ထည့်ထားသည့် ခပ်ညစ်ညစ်အရောင်နဲ့ အရည်တမျိုး၊ ငြုပ်သီးတောင့်လေးတွေနဲ့ ပုဇွန်တွေပေါလောပေါနေပြီး စားချင်စဖွယ် ဖြစ်နေတော့ Shane ဇွန်းဖြင့် ခပ်ယူကြည့်လိုက်စဉ်မှာပင် ထွက်လာသည့် အနံ့တမျိုးကြောင့် တွန့်ခနဲဖြစ်သွားကာ ပြန်ချလိုက်ရပြီး ဒါကိုမြင်တဲ့ မေမေကတော့ပြုံးကြည့်ကာ စကားတခွန်းဆိုလာသည်။

"အနောက်အရှေ့တိုင်းသားတွေကြိုက်တဲ့ Cheese ကို အရှေ့တိုင်းသားတွေ မကြိုက်ကြသလိုပေါ့ ။ အကြိုက်တမျိုးရှိတတ်ကြပါတယ်။ နောင်တချိန်မှာ မေမေ့သား ကောင်းဆက်က သား Shane ရဲ့ မီးဖိုခန်းမှာ အနံ့ဆိုးတွေထွက်စေခဲ့တဲ့အခါ မရွံရှာအပြစ်မဆိုပဲ သူ့မေမေဘက်ကသွေးပါလို့ ရိုးရာစာစားနေပါလားလို့ တွေးပေးပါ။"

"ဟုတ်ကဲ့ မေမေ.."

Iပြီးတော့ အနောက်တိုင်းမှာတော့ ထမင်းဝိုင်းမှာ စကားပြောတာ မကြိုက်ကြဘူး။ ဒါပေမဲ့ မေမေတို့ကတော့ မိသားစုရေးရာတွေ တိုင်ပင်တဲ့အခါ ၊ ပျော်စရာကိစ္စတွေ၊ မိတ်ဆွေတွေရဲ့အကြောင်းစုံတွေ စတာတွေရှိလာတဲ့အခါ ထမင်းဝိုင်းမှာပဲ စကားတွေပြောကြပါတယ်။ ဒါကိုက မေမေတို့ရဲ့ယဉ်ကျေးမှုပါပဲ။ အဲ့ဒါကြောင့်...."

"စိတ်ချပါမေမေ နောင်တချိန် ကောင်းဆက်က ထမင်းစားရင်း စကားတွေ အများကြီးပြောတဲ့အခါ မဟန့်တားပဲ စကားပြောဖော် တိုင်ပင်ဖော်ဖြစ်ပေးပါ့မယ်။"

မိမိရဲ့စကားဆုံးတော့ သိသိသာသာပြုံးသွားသည့် ကောင်းဆက်ရဲ့မျက်နှာ၊ Mrs မေမေကလဲ အတော်လေးကို စိတ်ကျေနပ်သွားဟန်ဖြင့်....

"ကဲ စစားကြစို့။ Shane မကြိုက်တာတွေကိုတော့ မစားပဲနေလို့ရတယ်နော်"

အဆီပါဝင်မှုများပြီး အစပ်ပါသည့် အစားအစာတွေပေမယ့် တော်တော်လေးတော့ အကြိုက်တွေ့ခဲ့ကာ ဟင်းရွက်အစုံနှင့်ချက်ထားသည့် ဟင်းချိုတမျိုးကိုတော့ ပို၍အကြိုက်တွေ့ခဲ့သည်။ စကားပြောလိုက်၊ ရယ်လိုက်၊ အစားစားလိုက်နဲ့ Asian ယဉ်ကျေးမှု ခြုံလွှမ်းထားတဲ့ ထမင်းဝိုင်းလေးက ကောင်းဆက်မေမေပြောသလို စိတ်ပျော်ရွှင်ရခြင်းနဲ့ နွေးထွေးမှုအပြည့်ပင်။

6000 words

Continue Reading

You'll Also Like

544K 32K 64
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
265K 16.4K 57
ဘာမွမေတာ္မစပ္ကိုယ့္ခ်စ္သူရဲ႕ေမာင္ကိုညီအရင္း၁ေယာက္လိုတြယ္တာရင္းေမတၱာေတြေပးမိခဲ့တဲ့သူ straight စစ္စစ္တစ္ေယာက္ၿပီးေတာ့ကိုယ့္အစ္မရဲ႕ခ်စ္သူ....အဲ့လိုလူကို...
45.8K 8.3K 44
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
1.4M 104K 43
(Unicode + Zawgyi) (Unicode below) ​ေတဇာပိုင္​ × သက္​တန္​႔လင္​း ​ငယ္​ရြယ္​တဲ့အခ်ိန္​မွာ အခ်စ္​ကိုစ​ေတြ႕ခဲ့တယ္​။ အရြယ္​နဲ႔မလိုက္​​ေအာင္​ အခ​်စ္​လမ္​းခ...