VNITY : The First Step

By yingyingbabyy

12.3K 1.8K 570

[DISCONTINUED] The original light novel of VNITY, first virtual Idol Group of Myanmar [By KAOS Studio] This i... More

Preface
Step 0.1
Step 0.2
Step 0.3
Step 0.4
Step 0.5
Step 0.6
Step 0.7
Step 0.8
Step 1.0
Step 1.1
SPECIAL CHAPTER
(PIT-A-PAT)ยน
Step 1.2
Step 1.3
Step 1.4
Step 1.5
Step 1.6

Step 0.9

375 81 29
By yingyingbabyy

Step 0.9 : Home sweet home

၃လပိုင်းကုန်ကာနီးအချိန်ဖြစ်လာပြီဖြစ်တာကြောင့် သင်္ကြန်သီချင်းသံကို နေရာအနှံ့တွင် ကြားနေရ၏။ ယခုလဲ ထီလှည်းကလေလား အိမ်တစ်အိမ်ကလေလား မသိနိုင်သော သီချင်းသံတခြိမ့်ခြိမ့်က နံနက်ခင်းကတည်းကပင် တစ်လမ်းလုံး လွင့်ပျံ‌‌နေသည်။ သို့သော်ငြား လူတိုင်းမှာ လောလောဆယ်တွင် သင်္ကြန်သီချင်းကို နားဆင်ခံစားနေနိုင်သည့် စိဆ်အခြေအနေက ရှိမနေနိုင်ပါပေ။

သီခသည် ဖုန်းပြောနေရင်းကို တစ်ဖက်မှ အသံကို ထိုးဖောက်ကာဝင်ရောက်လာသော သီချင်းသံကြောင့် ဆူညံသံသက်သာစေရန်အလို့ငှာ ပြတင်းပေါက်ကို ထပိတ်လိုက်ဖြစ်၏။

"အင်း roll call ကတော့ ပြည့်တယ်။ နောက် tuto အမှတ် ဘာညာလဲ carry ဦးမှာပဲ သိပ်ပူစရာမလိုပါဘူး"

အခြားသူများကတော့ မသိသော်လည်း သီခတို့မှာတော့ သင်္ကြန်နီးတိုင်း သင်္ကြန်နှင့်အတူ စာမေးပွဲပါ ပါလာတတ်တာကြောင့် ‌ဤအချိန်ရောက်တိုင်း မပျော်နိုင်ခဲ့တာ ကြာလှပြီဖြစ်သည်။ ယခုတော့ တစ်ပူပေါ်နှစ်ပူတင့် စာမေးပွဲကိစ္စတင်မက ကုမ္ပဏီနှင့် လေ့ကျင့်ရေးကိစ္စများကပါ ဖိစီးနေတာကြောင့် သီခမှာ မနည်းကို ရုန်းကန်နေရတော့တာဖြစ်၏။

တစ်ဖက်မှ စကားသံအဆုံးတွင်မူ သီခသည် ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်ရင်း ထိုသူ့ကို ခပ်သာသာ ငေါက်လိုက်၏။

"နောက်ရင်လဲ ရယ်ရအောင် နောက်ကွာ ... မင်း။ ငါ သင်္ချာရတာ မင်းဘယ်တုန်းက ကြားဖူးလို့လဲ..."

အဟုတ်ပင်။ သီခသည် ငယ်စဉ်ကတည်းက သင်္ချာအားနည်းခဲ့၏။ သူက သင်္ချာကိုမချစ်သလို သင်္ချာကလည်း သူ့ကိုချစ်ပုံမရ။ အမြဲလိုလို သူ့ကို စိတ်ဖိစီးမှု အပေးနိုင်ဆုံးအရာမှာ သင်္ချာပင်ဖြစ်ခဲ့သည်။ သို့သော်ငြား သီခသည် သင်္ချာမှာ သူ၏ အားနည်းချက်ဖြစ်ကြောင်းကိုတော့ အမြဲလက်ခံထားခဲ့တာဖြစ်သည်။ ဥပမာဆိုလျင် သူ့အတွက် မမြင်ဖူးသောဉာဏ်စမ်းပုစ္ဆာတစ်ပုဒ်ကို မှန်ကန်အောင်တွက်ဖို့ဆိုသည်မှာ မဖြစ်နိုင်သောအရာဖြစ်၏။ မဖြစ်နိုင်သောအရာသည် မဖြစ်ကိုမဖြစ်။ ထိုအစား ဖြစ်နိုင်သည့်အရာများဖြစ်သော ပုံသေနည်းနှင့် ပုံစံကွဲနည်းသည့် ပုစ္ဆာများဖက်ကိုသာ တွန်းလုပ်လိုက်ရင်း သူ့အမှတ်ကိုသယ်သည်။ ဤနည်းဖြင့် အတန်းမှန်သမျှတက်လာခဲ့တာ ယခုအချိန်ထိကိုဖြစ်သည်။ ဒါ သီခ၏ လက်စွဲမူဝါဒပင်ဖြစ်၏။

သို့သော်ငြား တစ်ခါ ကြားခဲ့ရဖူးသည့် အာရွန်၏ ထူးဆန်းသော အတွေးအခေါ်က ကြုံကြိုက်လေတိုင်းသူ့ခေါင်းထဲ ရောက်ရောက်လာနေသည်။ "ဘာမဆို လုပ်လျင်ဖြစ်သည်" ဆိုသည့်စကားမှာ သီခကို အင်မတန် ဘဝင်မကျစေတာဖြစ်၏။ မိမိအားနည်းချက်ကို လက်ခံကာ မဖြစ်နိုင်သည့်အရာကို အတင်းမလုပ်သည်ကမှသာ တကယ်တမ်း အောင်မြင်နိုင်မည့်နည်းမဟုတ်လား။

သို့ပေသိ ဤအကြောင်းကို အာရွန်နှင့် သွားငြင်းလို့မဖြစ်သည်ကိုတော့ သူသေချာသိနေ၏။ ဘာကြောင့်ရယ်မသိ သီခမှာ အာရွန်နှင့် စကားပြောမိလေတိုင်း သူ့လေကြောင်းအဆန်ကိုမကန်နိုင်ပဲ သူ့သဘောအတိုင်းသာ မျောသွားမိတတ်တာကြောင့် အစောကတည်းက လက်ရောခြေပါမြှောက်ယူထားရတာဖြစ်သည်။

စာမေးပွဲက နီးပြီဖြစ်သော်လည်း ဤနေ့တစ်ရက်ကတော့ ကုမ္ပဏီသွားလိုက်ဦးရန် သူကြံရွယ်ထား၏။ ယနေ့သွားပြီးမှ စာမေးပွဲရှိကြောင်းပြောကာ ခွင့်ယူခဲ့မည်ဟု အတွေးနှင့် အိမ်မှ ထွက်ရန်ပြင်လိုက်သော်ငြား အိမ်ပေါက်ဝအရောက်မှာတင် အမေ့ဆူသံကို စကြားရတော့သည်။

"စာမေးပွဲက ဒိလောက်ကပ်နေပြီကို ဘယ်သွားဦးမလို့လဲ?"

ကောင်းစေချင်၍ပြောမှန်း၊ စိတ်ပူ၍ ပြောမှန်းသိသော်ငြား လူငယ်သဘာဝ လုပ်မည်ဟု ရည်ရွယ်ထားပြီးသားအရာကို ထပ်ဆင့်ကာ အခိုင်းခံရလျင် လွန်စွာ စနိုးစနောင့်ဖြစ်ရ၏။ သို့သော်ငြား အခြေတင်မဖြစ်ချင်သည့်အပြင် အမေ့စကားက မှားသည်လည်း မဆိုသာတာကြောင့် သီခမှာ တိုသည့်စိတ်ကိုပင် အသာကလေးဆွဲဆန့်ကာ ဩဝါဒခံယူလိုက်ရတော့၏။

"အဲ့ အပြင်တွေလဲ သွားနေတာ တချိန်လုံးပဲ... ညကြီးမိုးချုပ်တွေရော။ မေမေက သားကို ယုံလို့သာ ဘာမှမမေးပဲ လွှတ်ထား‌ပေးတာနော်"

"သားသိပါတယ် မေမေရယ်။ ပြောပြလို့ရတဲ့အခါကျ သားပြောပြမှာပါ"

မိခင်ဖြစ်သူက ပြောစရာတစ်ထွေကြီးကို မျိုချလိုက်ရဟန်ဖြင့် ကြည့်သည်။ သီခမှာ သက်ပြင်းရှည်တစ်ချက်ကိုသာ စိတ်ထဲမှ တိတ်တခိုးချမိရတော့၏။

×××

"အင်းပေါ့ စာမေးပွဲဆိုတော့ ကြိုးစားရမှာပေါ့ ... ဖိုက်တင်း! ကိုကိုအာရွန် ကိုယ်ဖိရင်ဖိ အားပေး‌နေမယ်"

"ရိုးရိုးအား‌ပေးလဲ ရပါတယ်ဗျာ"

အချိန်ရသည်နှင့် သီခကို လာကာစနောက်ရခြင်းနှင့် လွန်စွာအသားကျနေပြီဖြစ်ဟန်တူသော အာရွန်က အနောက်မှလာရပ်ရင်း သူ့ခေါင်းပေါ် မေးတင်ကာ ဆို၏။

"အင်းပေါ့ စာမေးပွဲကတော့ အရင်‌အေးဆေးဖြေလိုက်ပါဦး။ ပြီးရင်တော့ အိမ်ကိုပြောပြပြီး အဆောင်နေသင့်ပြီလို့ အစ်ကိုတော့ထင်တာပဲ"

လင်းက တွေးတွေးဆဆ ဆို၏။ အာရွန်ကလည်း ဝင်ထောက်ခံ၏။

"အင်းလေ။ အခု စာမေးပွဲပြီးသွားလို့ထား။ နောက်နှစ်ကျောင်းပြန်ဖွင့်ရင်လဲ အစကပြန်လည်ဦးမှာပဲလေ။ မလွယ်ဘူးနော် ဂိသွားမယ်"

"ကျွန်တော်လဲ ပြောဖို့ပါပဲ ... ဒါပေမဲ့ ...အိမ်ကဗျာ ဒီလိုဟာမျိုးတွေ သိပ်ပြီးအားပေးတာမဟုတ်ဘူးဗျ... ဟိုအရင်က စောင်းတီးတာတောင် အဘွားကြောင့်သာ ပြိုင်ပွဲဝင်ဖို့အဆင့်ထိ ခွင့်ပြုပေးခဲ့တာ။ အခုက idol groupဆိုတာမျိုးကျ အဘွားကရော ဘယ်လိုတွေးမယ်မသိဘူးဗျ "

"အဲဒီတော့ သီခက အိမ်က သဘောမလုပ်နဲ့ဆို မလုပ်ပဲ ကုမ္ပဏီက ချက်ချင်းထွက်မှာလား?"

တောက်လျှောက်တိတ်ဆိတ်နေခဲ့သော Mist က ရုတ်တရက် ထကာ မေးလာသည်။ သီခမှာ ရုတ်တရက် မဖြေတတ်ဖြစ်သွားရ၏။

"အဲ့တာက ..."

"ဘာနေနေ ဆက်လုပ်မဲ့တူတူတော့ အဲ့တာမျိုး စိတ်ပူနေလဲ မထူးဘူးမဟုတ်လား"

Mist စကားမှာ တိုတိုပြတ်ပြတ်နှင့် တုံးတိနိုင်လွန်းလှသော်လည်း သူ့အမုအရာကတော့ ပုံမှန်လိုပင်မပြောင်းလဲသည်မို့ ဆူနေသည်လား အားပေးနေသည်လား ခွဲခြားရန်ခက်လှသည်။ သို့သော် သေချာသည်တစ်ခုကတော့ သူ့စကားက အမှန်ပင် ဖြစ်၏။

"တကယ်လို့ တစ်ယောက်ထဲပြောရမှာ ကြောက်ရင် ကိုယ်တို့တွေပါ အိမ်လိုက်ခဲ့ပြီး ကူပြောပေးမယ်လေ..."

"ကိုယ်ဖိရင်ဖိ‌လေး ကူညီကြမယ်လေ နော် ကိုလင်း!"

လင်းကပြောတော့ အာရွန်ကလည်း ရယ်ကျဲကျဲဆိုသည်။

သီခသည် ထိုစဉ်ကတော့ လင်းနှင့်အာရွန်တစ်ယောက် ထုံးစံအတိုင်း လျှောက်နောက်နေပြန်ပြီဟုသာ တွေးမိတာကြောင့် စိတ်ထဲမထားပဲ နေလိုက်ဖြစ်သော်လည်း စင်စစ်တော့ အထင်နှင့်အမြင်လွဲခဲ့၏။

သီခသည် စာမေးပွဲပြီးသည့်နေ့ကျလျင်တော့ အိပ်ယာပေါ် အခေါက်၃၀လောက် အားရပါးရလှိမ့်လိုက်ဦးမည်ဟု တွေးထားခဲ့သော်လည်း လက်တွေ့တွင်တော့ အိမ်နောက်ဖေးတွင် တိတ်တိတ်ကလေး ပန်းကန်ဆေးနေရလေသည်။

မဟုတ်သေးဘူးနော် .... ဒါက ဘယ်လိုတောင်....

အိမ်ရှေ့ခန်းတွင်က တဟားဟားနှင့် ပွဲကျနေသော အိမ်ကလူကြီးများနှင့် အာကျယ်အာကျယ် အာရွန့်အသံကို ကြားနေရသည်။ အာရွန့်လေကြောတွင်မျောတတ်သောအကျင့်မှာ သူတင်မက သူတို့တစ်မိသားစုလုံး၏ မျိုးရိုးဗီဇထဲကပင် ပါနေသလားဟုပင် တွေးမိရ၏။

သီခမှာ တကယ်ကို အားလုံး သူ့အိမ်သို့ရောက်ချလာလိမ့်မည်ဟု မထင်ခဲ့မိသော်ငြား မောင်မင်းကြီးသားတစ်သိုက်မှာ ဖုန်းတစ်ချက်သာဆက်ကာ အစားအသောက်တွေပါဝယ်ပြီး ဗြုန်းစားကြီး အိမ်ပေါ်တက်ချလာကြသည်မို့ တားချိန်ပင်မရလိုက်ရပေ။ ယခုတော့ဖြင့် အနေအထားက အိမ်ရှေ့ခန်းတွင် မိဘများနှင့်စကားလက်ဆုံပြောနေကြသည့် သားများနှင့် နောက်ဖေးတွင် တစ်ယောက်တည်းအလုပ်လုပ်နေရသည့် မွေးစားသားလေးလိုလို၊ အိုးတိုက်ပန်းကန်ဆေး အလုပ်သမားလေးလိုလို ဖြစ်နေရသည်။ ဘဝက ခါးလှ၏။

ထိုစဉ် မီးဖိုချောင်ထဲ တစ်စုံတစ်ယောက်ဝင်လာသံကို ကြားလိုက်ရသည်။ ကူဖော်လောင်ဖက်တော့ ရကြရှာသေးသားဟု တွေးကာ ပျော်ရန်ကြံလိုက်မိစဉ်မှာပင် သီခနှလုံးသားလေး အေးစက်သွားရပြန်သည်။ ထိုသူမှာ ရေခဲသေတ္တာထဲက အအေးဘူးလာယူကာ ပြန်ထွက်သွားသော Mist ဖြစ်နေတာကြောင့်ပင် ဖြစ်၏။

အိမ်း .... ရပါတယ်‌လေ။ ပျော်ကြပါ။

"ဪ"

သီခ သက်ပြင်းရှည်ကြီးချရန်ပြင်လိုက်စဉ်မှာပင် Mist က ဪကနဲ အသံနှင့်အတူ ပြန်လှည့်လာသည်။

"ဟင်?"

"အိမ်ကို permission တောင်းဖို့ဟာ အာရွန်နဲ့ ကိုလင်းနဲ့ ကူပြောပေးနေတယ်"

Mist က မပြောင်းလဲသောအမူအယာနှင့်ပင် လက်မထောင်ပြကာ ဆိုသည်။ သီခမှာ ရုတ်တရက် ကြောင်တက်တက် ဖြစ်သွားရသော်လည်း မကြာမီမှာပင် ခွိကနဲနေအောင် ရယ်မိသွားရ၏။ Mist မှာ စကားများများပြော‌လေ့ရှိသူမျိုး မဟုတ်သည့်အပြင် အမူအရာကလဲ တော်ရုံမပြောင်းတတ်တာကြောင့် သီခသည် Mist ၏ စိတ်အခြေအနေကို ဘယ်တုန်းကမှ မမှန်းဆနိုင်ခဲ့သော်ငြား ယခုတော့ အနည်းငယ် ပို၍သဘောပေါက်လာပြီထင်ရသည်။

တစ်ချိန်ထဲမှာပင် အာရွန်နှင့် လင်းကိုလဲ တွေးမိကာ ရင်ထဲလည်းနွေးရ၏။ သိကြတာပင် သိပ်မကြာလှသေးသော်ငြား သူတို့အားလုံးမှာ အလျင်အမြန်ပင် ရင်းနှီးသွားခဲ့ကြသလိုခံစားရသည်။ သာမန် သူငယ်ချင်းများနှင့်မတူ၊ လုပ်ဖော်ကိုင်ဖက်များနှင့်လည်းမတူပဲ ပို၍နွေးထွေးသော ပတ်သတ်မှုမျိုးနှင့်ပေါ့။ သည်လို ကိုယ့်အတွက် တွေးပေး၊ ကိုယ့်ကို ကူညီဖေးမပေးမည့် လူများနှင့်တွေ့ဆုံရသည်မှာ ဘဝ၏ ကောင်းချီးများထဲက တစ်ခုပင်ဖြစ်သည်ဟု သူတွေးမိ၏။

ပန်းကန်ဆေးပြီး ထွက်လာသည့်အခါတွင်မူ အရှေ့တွင် ချထားသော အချိုပွဲများပင် ကုန်သလောက်ဖြစ်နေပြီဖြစ်၏။ သီခတို့မိသားစုမှာ နဂိုထဲက လူများသည်မို့ နောက်ထပ် ထွားထွားကျိုင်းကျိုင်း ယောက်ျားကလေး၃ယောက်က ပြွတ်သိပ်ကာ တိုးဝင်လာကြသည့်အခါတွင်တော့ သီခပင် ဘယ်နားက တိုးရမည်မသိတော့အောင်ဖြစ်နေရ၏။

"လာ လာ ဒီနားလာထိုင်"

အာရွန်ပုတ်ပြသည့်နေရာက သူနှင့်လင်း နှစ်ယောက်ကြားက လက်တစ်ဖဝါးစာ နေရာကလေး။ သီခသည် ရပ်၍သာ နေပါတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်ဖြစ်၏။

"အရုဏ်တို့ ပြောပြတာတော့ မေမေတို့လဲ ကြားပြီးပါပြီ"

"ဟုတ် ... အမ် အရုဏ်?"

အာရွန်က နောက်မှပြောပြမည်ဆိုသည့် အမူအရာဖြင့် ပြုံးကာ မျက်စိမှိတ်ပြ၏။

"ဒီလိုကိစ္စကိုများ ဒီလောက်အကြာကြီး မပြောပဲနေရတယ်လို့ကွယ်..."

သီခရင်ထဲ ရုတ်တရက် စိမ့်ကနဲဖြစ်သွား၏။ သီခသည် မျက်စောင်းထိုးတွင်ထိုင်နေသော အဘွားဖြစ်သူကို စောင်းငဲ့ကာကြည့်မိ၏။ ငယ်စဉ်ကတည်းက အဆူခံရနိုင်သည့်ကိစ္စဆိုလျင် အဘွားကို အရင်ဆုံး အားကိုးရှာနေကျအကျင့်က ကြီးသည်အထိ အကျင့်တစ်ခုလို ပါလာခဲ့တာမို့ ပြင်ရက ခက်လှသည်။ အဘွားကတော့ ထုံးစံအတိုင်း ပြုံး၍သာ နေသည်မို့ သီခမှာ မှန်းဆရခက်နေရ၏။ အဘွားမှာ အမြင်ကျဉ်းသူတော့ မဟုတ်သော်ငြား သူ့ကို မြန်မာ့ရိုးရာဂီတနှင့်သာ အကျွမ်းဝင်အောင် ပျိုးထောင်လာခဲ့သူမို့ သည်လို idol ဆိုသည့်အလုပ်မျိုးကို အားပေးပါ့မလားဆိုသည်ကို အနည်းငယ်တော့ စိုးရိမ်နေမိတာဖြစ်၏။

ထိုစဉ်မှာပင် အဘွားဖြစ်သူက စကားတစ်ခွန်းကို မေးလာသည်။

"မြေး ... ဒီလောက် လနဲ့ချီအောင် လုပ်ခဲ့ပြီးပြီဆိုတော့ သိလောက်ပြီမလား? မြေး ဒီအလုပ်မှာ ပျော်သလား?"

သီခသည် မဆိုင်းမတွပင် ဖြေလိုက်၏။

"ပျော်တယ် ဘွား"

"ခရီးက မရေရာဘူး။ လမ်းကလည်း ရှည်လိမ့်မယ်။ ဒါပေမဲ့ ဒီလမ်းကို အဆုံးထိလျှောက်နိုင်မယ်လို့ရော ကိုယ့်ကိုယ်ကိုယ် ယုံကြည်သလား"

သီခသည် သည်တစ်ခါတွင်တော့ အတန်ကြာအောင် တွေးပြီးမှ ဖြေလိုက်ဖြစ်၏။

"ယုံပါတယ်"

တကယ်တမ်း ၁၀၀%တော့ မဟုတ်သော်ငြား Mist ပြောခဲ့သလိုပင် သည်အချိန်မှတော့ သူ့အ‌နေနှင့်လက်လျော့နိုင်မည်လည်းမဟုတ်တာကြောင့် ယုံကြည့်ကာ အကောင်းဆုံးကြိုးစားကြည့်ရန်သာ ရှိတော့တာဖြစ်သည်။

ထိုအခါ အဘွားက ပြုံးလျက် သီခမိဘများဖက်သို့ လှည့်ကာ ပြော‌လိုက်၏။

"ဒါဆိုရင်တော့ ကျန်တာမလိုတော့ပါဘူးလေ"

သီခသည် ယခုမှ ရင်ထဲက အစိုင်အခဲကြီးတစ်ခုမျိုကျသွားသလို ခံစားလိုက်ရလေသည်။ အိမ်က ခွင့်ပြုချက်ရရုံမှတစ်ပါး ဘာထူးထူးခြားခြားမှပင် မဖြစ်ရသေးသော်ငြား သည်လောက်အားပေးမှုကပင် သူ့အတွက် အားအင်ဖြစ်ရ၏။

"ယေး ... အဲ့တာဆို သီခ အိမ်က ပါမစ်ရတဲ့အထိမ်းအမှတ်နဲ့ ဒီမှာ အိပ်သွားကြရင် ကောင်းမလား? အန်တီ ... သီခ အခန်းက အပေါ်ထပ်မှာမလားဗျ?"

အာရွန်က အပျင်းကြောဆန့်ရင်း Mistပုခုံးကိုဖက်ကာ အပေါ်ထပ်ကို တက်သွားရင်း ဆို၏။

"ဘာဆိုင်လို့လဲ"

"စားတာများပြီး ဗိုက်တွေလေးနေပြီ ကားမမောင်းနိုင်တော့ဘူးနော် Mist!"

"..."

"ကိုလင်းမောင်းခိုင်းလေဗျာ"

"ကိုလင်းလဲ တူတူပဲမလား"

လင်းကလည်း သီခကိုဖက်ကာ ညှစ်ပစ်လိုက်ရင်း ဆို၏။

"အင်း မရတော့ဘူး ... ခြေထောက်တောင် မရွေ့တော့ဘူး!"

"ဟာဗျာ ဒီအစ်ကိုတွေ! ကိုအာရွန် ... ပစ္စည်းတွေလျှောက်မကိုင်နဲ့နော်! ဟ ခြေထောက်မဆေးပဲ ကုတင်ပေါ်....! "

သီခသည် ကုတင်ပေါ်က အာရွန်ကို ဆွဲချနေရင်း တစ်စုံတစ်ခုကို သတိရသွား၏။

"ဒါနဲ့ မေမေက ခုနက ဘာလို့ အရုဏ်လို့ခေါ်တာလဲ?"

"ဪ အဲ့တာက ကျောင်းနာမည်လေ။ မှတ်ပုံတင် ဘာညာရော။ ဒီမှာက နိုင်ငံခြားသားဆို လုပ်ရကိုင်ရခက်လို့ ဗမာနာမည်နဲ့သုံးတာ။ လူကြီးတွေကတော့ အာရွန်လို့ပြောရင် နားကြားလွဲဦးမယ်ထင်တာနဲ့ အရုဏ်ဦးလို့ပဲ ပြောလိုက်တော့တာ"

"အရုဏ်ဦးဆိုပြီး စောစောကျ တစ်ခါမှမနိုးဘူး"

ရုတ်တရက် ပြောလိုက်သူက Mistဖြစ်၏။

"ငြိုငြင်တာလားနော်.... မကျေနပ်ရင် လိုက်အိပ်လေ ဘာခက်လို့လဲ! ဘာခက်လို့လဲ!"

အာရွန်က Mist ကိုပါ လှမ်းဆွဲဖက်ရင်း အိပ်ရာပေါ် လှိမ့်ချလိုက်သည်။ Mist က ရုန်းရင်းကန်ရင်း လက်ထဲရှိသည့် ခေါင်းအုံးနှင့် လှမ်းရိုက်သည့်အခါ အိပ်ရာတစ်ခုလုံး မွစာကြဲသွားသည်။

သီခမှာ သူ့အိပ်ရာလေးကိုသာ အမျှဝေလိုက်ဖြစ်တော့၏။

6/9/22
7:49pm

Happy 69 day y'all! Yayy! ಡ ͜ ʖ ಡ

(ZawGyi)

Step 0.9 : Home sweet home

၃လပိုင္းကုန္ကာနီးအခ်ိန္ျဖစ္လာၿပီျဖစ္တာေၾကာင့္ သၾကၤန္သီခ်င္းသံကို ေနရာအႏွံ႔တြင္ ၾကားေနရ၏။ ယခုလဲ ထီလွည္းကေလလား အိမ္တစ္အိမ္ကေလလား မသိႏိုင္ေသာ သီခ်င္းသံတၿခိမ့္ၿခိမ့္က နံနက္ခင္းကတည္းကပင္ တစ္လမ္းလုံး လြင့္ပ်ံ‌‌ေနသည္။ သို႔ေသာ္ျငား လူတိုင္းမွာ ေလာေလာဆယ္တြင္ သၾကၤန္သီခ်င္းကို နားဆင္ခံစားေနႏိုင္သည့္ စိဆ္အေျခအေနက ရွိမေနႏိုင္ပါေပ။

သီခသည္ ဖုန္းေျပာေနရင္းကို တစ္ဖက္မွ အသံကို ထိုးေဖာက္ကာဝင္ေရာက္လာေသာ သီခ်င္းသံေၾကာင့္ ဆူညံသံသက္သာေစရန္အလို႔ငွာ ျပတင္းေပါက္ကို ထပိတ္လိုက္ျဖစ္၏။

"အင္း roll call ကေတာ့ ျပည့္တယ္။ ေနာက္ tuto အမွတ္ ဘာညာလဲ carry ဦးမွာပဲ သိပ္ပူစရာမလိုပါဘူး"

အျခားသူမ်ားကေတာ့ မသိေသာ္လည္း သီခတို႔မွာေတာ့ သၾကၤန္နီးတိုင္း သၾကၤန္ႏွင့္အတူ စာေမးပြဲပါ ပါလာတတ္တာေၾကာင့္ ‌ဤအခ်ိန္ေရာက္တိုင္း မေပ်ာ္ႏိုင္ခဲ့တာ ၾကာလွၿပီျဖစ္သည္။ ယခုေတာ့ တစ္ပူေပၚႏွစ္ပူတင့္ စာေမးပြဲကိစၥတင္မက ကုမၸဏီႏွင့္ ေလ့က်င့္ေရးကိစၥမ်ားကပါ ဖိစီးေနတာေၾကာင့္ သီခမွာ မနည္းကို ႐ုန္းကန္ေနရေတာ့တာျဖစ္၏။

တစ္ဖက္မွ စကားသံအဆုံးတြင္မူ သီခသည္ ဟက္ဟက္ပက္ပက္ ရယ္ပစ္လိုက္ရင္း ထိုသူ႔ကို ခပ္သာသာ ေငါက္လိုက္၏။

"ေနာက္ရင္လဲ ရယ္ရေအာင္ ေနာက္ကြာ ... မင္း။ ငါ သခ်ၤာရတာ မင္းဘယ္တုန္းက ၾကားဖူးလို႔လဲ..."

အဟုတ္ပင္။ သီခသည္ ငယ္စဥ္ကတည္းက သခ်ၤာအားနည္းခဲ့၏။ သူက သခ်ၤာကိုမခ်စ္သလို သခ်ၤာကလည္း သူ႔ကိုခ်စ္ပုံမရ။ အၿမဲလိုလို သူ႔ကို စိတ္ဖိစီးမႈ အေပးႏိုင္ဆုံးအရာမွာ သခ်ၤာပင္ျဖစ္ခဲ့သည္။ သို႔ေသာ္ျငား သီခသည္ သခ်ၤာမွာ သူ၏ အားနည္းခ်က္ျဖစ္ေၾကာင္းကိုေတာ့ အၿမဲလက္ခံထားခဲ့တာျဖစ္သည္။ ဥပမာဆိုလ်င္ သူ႔အတြက္ မျမင္ဖူးေသာဉာဏ္စမ္းပုစာၦတစ္ပုဒ္ကို မွန္ကန္ေအာင္တြက္ဖို႔ဆိုသည္မွာ မျဖစ္ႏိုင္ေသာအရာျဖစ္၏။ မျဖစ္ႏိုင္ေသာအရာသည္ မျဖစ္ကိုမျဖစ္။ ထိုအစား ျဖစ္ႏိုင္သည့္အရာမ်ားျဖစ္ေသာ ပုံေသနည္းႏွင့္ ပုံစံကြဲနည္းသည့္ ပုစာၦမ်ားဖက္ကိုသာ တြန္းလုပ္လိုက္ရင္း သူ႔အမွတ္ကိုသယ္သည္။ ဤနည္းျဖင့္ အတန္းမွန္သမွ်တက္လာခဲ့တာ ယခုအခ်ိန္ထိကိုျဖစ္သည္။ ဒါ သီခ၏ လက္စြဲမူဝါဒပင္ျဖစ္၏။

သို႔ေသာ္ျငား တစ္ခါ ၾကားခဲ့ရဖူးသည့္ အာ႐ြန္၏ ထူးဆန္းေသာ အေတြးအေခၚက ႀကဳံႀကိဳက္ေလတိုင္းသူ႔ေခါင္းထဲ ေရာက္ေရာက္လာေနသည္။ "ဘာမဆို လုပ္လ်င္ျဖစ္သည္" ဆိုသည့္စကားမွာ သီခကို အင္မတန္ ဘဝင္မက်ေစတာျဖစ္၏။ မိမိအားနည္းခ်က္ကို လက္ခံကာ မျဖစ္ႏိုင္သည့္အရာကို အတင္းမလုပ္သည္ကမွသာ တကယ္တမ္း ေအာင္ျမင္ႏိုင္မည့္နည္းမဟုတ္လား။

သို႔ေပသိ ဤအေၾကာင္းကို အာ႐ြန္ႏွင့္ သြားျငင္းလို႔မျဖစ္သည္ကိုေတာ့ သူေသခ်ာသိေန၏။ ဘာေၾကာင့္ရယ္မသိ သီခမွာ အာ႐ြန္ႏွင့္ စကားေျပာမိေလတိုင္း သူ႔ေလေၾကာင္းအဆန္ကိုမကန္ႏိုင္ပဲ သူ႔သေဘာအတိုင္းသာ ေမ်ာသြားမိတတ္တာေၾကာင့္ အေစာကတည္းက လက္ေရာေျခပါေျမႇာက္ယူထားရတာျဖစ္သည္။

စာေမးပြဲက နီးၿပီျဖစ္ေသာ္လည္း ဤေန႔တစ္ရက္ကေတာ့ ကုမၸဏီသြားလိုက္ဦးရန္ သူႀကံ႐ြယ္ထား၏။ ယေန႔သြားၿပီးမွ စာေမးပြဲရွိေၾကာင္းေျပာကာ ခြင့္ယူခဲ့မည္ဟု အေတြးႏွင့္ အိမ္မွ ထြက္ရန္ျပင္လိုက္ေသာ္ျငား အိမ္ေပါက္ဝအေရာက္မွာတင္ အေမ့ဆူသံကို စၾကားရေတာ့သည္။

"စာေမးပြဲက ဒိေလာက္ကပ္ေနၿပီကို ဘယ္သြားဦးမလို႔လဲ?"

ေကာင္းေစခ်င္၍ေျပာမွန္း၊ စိတ္ပူ၍ ေျပာမွန္းသိေသာ္ျငား လူငယ္သဘာဝ လုပ္မည္ဟု ရည္႐ြယ္ထားၿပီးသားအရာကို ထပ္ဆင့္ကာ အခိုင္းခံရလ်င္ လြန္စြာ စႏိုးစေနာင့္ျဖစ္ရ၏။ သို႔ေသာ္ျငား အေျခတင္မျဖစ္ခ်င္သည့္အျပင္ အေမ့စကားက မွားသည္လည္း မဆိုသာတာေၾကာင့္ သီခမွာ တိုသည့္စိတ္ကိုပင္ အသာကေလးဆြဲဆန႔္ကာ ဩဝါဒခံယူလိုက္ရေတာ့၏။

"အဲ့ အျပင္ေတြလဲ သြားေနတာ တခ်ိန္လုံးပဲ... ညႀကီးမိုးခ်ဳပ္ေတြေရာ။ ေမေမက သားကို ယုံလို႔သာ ဘာမွမေမးပဲ လႊတ္ထား‌ေပးတာေနာ္"

"သားသိပါတယ္ ေမေမရယ္။ ေျပာျပလို႔ရတဲ့အခါက် သားေျပာျပမွာပါ"

မိခင္ျဖစ္သူက ေျပာစရာတစ္ေထြႀကီးကို မ်ိဳခ်လိုက္ရဟန္ျဖင့္ ၾကည့္သည္။ သီခမွာ သက္ျပင္းရွည္တစ္ခ်က္ကိုသာ စိတ္ထဲမွ တိတ္တခိုးခ်မိရေတာ့၏။

×××

"အင္းေပါ့ စာေမးပြဲဆိုေတာ့ ႀကိဳးစားရမွာေပါ့ ... ဖိုက္တင္း! ကိုကိုအာ႐ြန္ ကိုယ္ဖိရင္ဖိ အားေပး‌ေနမယ္"

"႐ိုး႐ိုးအား‌ေပးလဲ ရပါတယ္ဗ်ာ"

အခ်ိန္ရသည္ႏွင့္ သီခကို လာကာစေနာက္ရျခင္းႏွင့္ လြန္စြာအသားက်ေနၿပီျဖစ္ဟန္တူေသာ အာ႐ြန္က အေနာက္မွလာရပ္ရင္း သူ႔ေခါင္းေပၚ ေမးတင္ကာ ဆို၏။

"အင္းေပါ့ စာေမးပြဲကေတာ့ အရင္‌ေအးေဆးေျဖလိုက္ပါဦး။ ၿပီးရင္ေတာ့ အိမ္ကိုေျပာျပၿပီး အေဆာင္ေနသင့္ၿပီလို႔ အစ္ကိုေတာ့ထင္တာပဲ"

လင္းက ေတြးေတြးဆဆ ဆို၏။ အာ႐ြန္ကလည္း ဝင္ေထာက္ခံ၏။

"အင္းေလ။ အခု စာေမးပြဲၿပီးသြားလို႔ထား။ ေနာက္ႏွစ္ေက်ာင္းျပန္ဖြင့္ရင္လဲ အစကျပန္လည္ဦးမွာပဲေလ။ မလြယ္ဘူးေနာ္ ဂိသြားမယ္"

"ကြၽန္ေတာ္လဲ ေျပာဖို႔ပါပဲ ... ဒါေပမဲ့ ...အိမ္ကဗ်ာ ဒီလိုဟာမ်ိဳးေတြ သိပ္ၿပီးအားေပးတာမဟုတ္ဘူးဗ်... ဟိုအရင္က ေစာင္းတီးတာေတာင္ အဘြားေၾကာင့္သာ ၿပိဳင္ပြဲဝင္ဖို႔အဆင့္ထိ ခြင့္ျပဳေပးခဲ့တာ။ အခုက idol groupဆိုတာမ်ိဳးက် အဘြားကေရာ ဘယ္လိုေတြးမယ္မသိဘူးဗ် "

"အဲဒီေတာ့ သီခက အိမ္က သေဘာမလုပ္နဲ႔ဆို မလုပ္ပဲ ကုမၸဏီက ခ်က္ခ်င္းထြက္မွာလား?"

ေတာက္ေလွ်ာက္တိတ္ဆိတ္ေနခဲ့ေသာ Mist က ႐ုတ္တရက္ ထကာ ေမးလာသည္။ သီခမွာ ႐ုတ္တရက္ မေျဖတတ္ျဖစ္သြားရ၏။

"အဲ့တာက ..."

"ဘာေနေန ဆက္လုပ္မဲ့တူတူေတာ့ အဲ့တာမ်ိဳး စိတ္ပူေနလဲ မထူးဘူးမဟုတ္လား"

Mist စကားမွာ တိုတိုျပတ္ျပတ္ႏွင့္ တုံးတိႏိုင္လြန္းလွေသာ္လည္း သူ႔အမုအရာကေတာ့ ပုံမွန္လိုပင္မေျပာင္းလဲသည္မို႔ ဆူေနသည္လား အားေပးေနသည္လား ခြဲျခားရန္ခက္လွသည္။ သို႔ေသာ္ ေသခ်ာသည္တစ္ခုကေတာ့ သူ႔စကားက အမွန္ပင္ ျဖစ္၏။

"တကယ္လို႔ တစ္ေယာက္ထဲေျပာရမွာ ေၾကာက္ရင္ ကိုယ္တို႔ေတြပါ အိမ္လိုက္ခဲ့ၿပီး ကူေျပာေပးမယ္ေလ..."

"ကိုယ္ဖိရင္ဖိ‌ေလး ကူညီၾကမယ္ေလ ေနာ္ ကိုလင္း!"

လင္းကေျပာေတာ့ အာ႐ြန္ကလည္း ရယ္က်ဲက်ဲဆိုသည္။

သီခသည္ ထိုစဥ္ကေတာ့ လင္းႏွင့္အာ႐ြန္တစ္ေယာက္ ထုံးစံအတိုင္း ေလွ်ာက္ေနာက္ေနျပန္ၿပီဟုသာ ေတြးမိတာေၾကာင့္ စိတ္ထဲမထားပဲ ေနလိုက္ျဖစ္ေသာ္လည္း စင္စစ္ေတာ့ အထင္ႏွင့္အျမင္လြဲခဲ့၏။

သီခသည္ စာေမးပြဲၿပီးသည့္ေန႔က်လ်င္ေတာ့ အိပ္ယာေပၚ အေခါက္၃၀ေလာက္ အားရပါးရလွိမ့္လိုက္ဦးမည္ဟု ေတြးထားခဲ့ေသာ္လည္း လက္ေတြ႕တြင္ေတာ့ အိမ္ေနာက္ေဖးတြင္ တိတ္တိတ္ကေလး ပန္းကန္ေဆးေနရေလသည္။

မဟုတ္ေသးဘူးေနာ္ .... ဒါက ဘယ္လိုေတာင္....

အိမ္ေရွ႕ခန္းတြင္က တဟားဟားႏွင့္ ပြဲက်ေနေသာ အိမ္ကလူႀကီးမ်ားႏွင့္ အာက်ယ္အာက်ယ္ အာ႐ြန႔္အသံကို ၾကားေနရသည္။ အာ႐ြန႔္ေလေၾကာတြင္ေမ်ာတတ္ေသာအက်င့္မွာ သူတင္မက သူတို႔တစ္မိသားစုလုံး၏ မ်ိဳး႐ိုးဗီဇထဲကပင္ ပါေနသလားဟုပင္ ေတြးမိရ၏။

သီခမွာ တကယ္ကို အားလုံး သူ႔အိမ္သို႔ေရာက္ခ်လာလိမ့္မည္ဟု မထင္ခဲ့မိေသာ္ျငား ေမာင္မင္းႀကီးသားတစ္သိုက္မွာ ဖုန္းတစ္ခ်က္သာဆက္ကာ အစားအေသာက္ေတြပါဝယ္ၿပီး ျဗဳန္းစားႀကီး အိမ္ေပၚတက္ခ်လာၾကသည္မို႔ တားခ်ိန္ပင္မရလိုက္ရေပ။ ယခုေတာ့ျဖင့္ အေနအထားက အိမ္ေရွ႕ခန္းတြင္ မိဘမ်ားႏွင့္စကားလက္ဆုံေျပာေနၾကသည့္ သားမ်ားႏွင့္ ေနာက္ေဖးတြင္ တစ္ေယာက္တည္းအလုပ္လုပ္ေနရသည့္ ေမြးစားသားေလးလိုလို၊ အိုးတိုက္ပန္းကန္ေဆး အလုပ္သမားေလးလိုလို ျဖစ္ေနရသည္။ ဘဝက ခါးလွ၏။

ထိုစဥ္ မီးဖိုေခ်ာင္ထဲ တစ္စုံတစ္ေယာက္ဝင္လာသံကို ၾကားလိုက္ရသည္။ ကူေဖာ္ေလာင္ဖက္ေတာ့ ရၾကရွာေသးသားဟု ေတြးကာ ေပ်ာ္ရန္ႀကံလိုက္မိစဥ္မွာပင္ သီခႏွလုံးသားေလး ေအးစက္သြားရျပန္သည္။ ထိုသူမွာ ေရခဲေသတၱာထဲက အေအးဘူးလာယူကာ ျပန္ထြက္သြားေသာ Mist ျဖစ္ေနတာေၾကာင့္ပင္ ျဖစ္၏။

အိမ္း .... ရပါတယ္‌ေလ။ ေပ်ာ္ၾကပါ။

"ဪ"

သီခ သက္ျပင္းရွည္ႀကီးခ်ရန္ျပင္လိုက္စဥ္မွာပင္ Mist က ဪကနဲ အသံႏွင့္အတူ ျပန္လွည့္လာသည္။

"ဟင္?"

"အိမ္ကို permission ေတာင္းဖို႔ဟာ အာ႐ြန္နဲ႔ ကိုလင္းနဲ႔ ကူေျပာေပးေနတယ္"

Mist က မေျပာင္းလဲေသာအမူအရာႏွင့္ပင္ လက္မေထာင္ျပကာ ဆိုသည္။ သီခမွာ ႐ုတ္တရက္ ေၾကာင္တက္တက္ ျဖစ္သြားရေသာ္လည္း မၾကာမီမွာပင္ ခြိကနဲေနေအာင္ ရယ္မိသြားရ၏။ Mist မွာ စကားမ်ားမ်ားေျပာ‌ေလ့ရွိသူမ်ိဳး မဟုတ္သည့္အျပင္ အမူအရာကလဲ ေတာ္႐ုံမေျပာင္းတတ္တာေၾကာင့္ သီခသည္ Mist ၏ စိတ္အေျခအေနကို ဘယ္တုန္းကမွ မမွန္းဆႏိုင္ခဲ့ေသာ္ျငား ယခုေတာ့ အနည္းငယ္ ပို၍သေဘာေပါက္လာၿပီထင္ရသည္။

တစ္ခ်ိန္ထဲမွာပင္ အာ႐ြန္ႏွင့္ လင္းကိုလဲ ေတြးမိကာ ရင္ထဲလည္းေႏြးရ၏။ သိၾကတာပင္ သိပ္မၾကာလွေသးေသာ္ျငား သူတို႔အားလုံးမွာ အလ်င္အျမန္ပင္ ရင္းႏွီးသြားခဲ့ၾကသလိုခံစားရသည္။ သာမန္ သူငယ္ခ်င္းမ်ားႏွင့္မတူ၊ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္လည္းမတူပဲ ပို၍ေႏြးေထြးေသာ ပတ္သတ္မႈမ်ိဳးႏွင့္ေပါ့။ သည္လို ကိုယ့္အတြက္ ေတြးေပး၊ ကိုယ့္ကို ကူညီေဖးမေပးမည့္ လူမ်ားႏွင့္ေတြ႕ဆုံရသည္မွာ ဘဝ၏ ေကာင္းခ်ီးမ်ားထဲက တစ္ခုပင္ျဖစ္သည္ဟု သူေတြးမိ၏။

ပန္းကန္ေဆးၿပီး ထြက္လာသည့္အခါတြင္မူ အေရွ႕တြင္ ခ်ထားေသာ အခ်ိဳပြဲမ်ားပင္ ကုန္သေလာက္ျဖစ္ေနၿပီျဖစ္၏။ သီခတို႔မိသားစုမွာ နဂိုထဲက လူမ်ားသည္မို႔ ေနာက္ထပ္ ထြားထြားက်ိဳင္းက်ိဳင္း ေယာက္်ားကေလး၃ေယာက္က ႁပြတ္သိပ္ကာ တိုးဝင္လာၾကသည့္အခါတြင္ေတာ့ သီခပင္ ဘယ္နားက တိုးရမည္မသိေတာ့ေအာင္ျဖစ္ေနရ၏။

"လာ လာ ဒီနားလာထိုင္"

အာ႐ြန္ပုတ္ျပသည့္ေနရာက သူႏွင့္လင္း ႏွစ္ေယာက္ၾကားက လက္တစ္ဖဝါးစာ ေနရာကေလး။ သီခသည္ ရပ္၍သာ ေနပါေတာ့မည္ဟု ဆုံးျဖတ္ခ်က္ခ်လိုက္ျဖစ္၏။

"အ႐ုဏ္တို႔ ေျပာျပတာေတာ့ ေမေမတို႔လဲ ၾကားၿပီးပါၿပီ"

"ဟုတ္ ... အမ္ အ႐ုဏ္?"

အာ႐ြန္က ေနာက္မွေျပာျပမည္ဆိုသည့္ အမူအရာျဖင့္ ၿပဳံးကာ မ်က္စိမွိတ္ျပ၏။

"ဒီလိုကိစၥကိုမ်ား ဒီေလာက္အၾကာႀကီး မေျပာပဲေနရတယ္လို႔ကြယ္..."

သီခရင္ထဲ ႐ုတ္တရက္ စိမ့္ကနဲျဖစ္သြား၏။ သီခသည္ မ်က္ေစာင္းထိုးတြင္ထိုင္ေနေသာ အဘြားျဖစ္သူကို ေစာင္းငဲ့ကာၾကည့္မိ၏။ ငယ္စဥ္ကတည္းက အဆူခံရႏိုင္သည့္ကိစၥဆိုလ်င္ အဘြားကို အရင္ဆုံး အားကိုးရွာေနက်အက်င့္က ႀကီးသည္အထိ အက်င့္တစ္ခုလို ပါလာခဲ့တာမို႔ ျပင္ရက ခက္လွသည္။ အဘြားကေတာ့ ထုံးစံအတိုင္း ၿပဳံး၍သာ ေနသည္မို႔ သီခမွာ မွန္းဆရခက္ေနရ၏။ အဘြားမွာ အျမင္က်ဥ္းသူေတာ့ မၾဟတ္ေသာ္ျငား သူ႔ကို ျမန္မာ့႐ိုးရာဂီတႏွင့္သာ အကြၽမ္းဝင္ေအာင္ ပ်ိဳးေထာင္လာခဲ့သူမို႔ သည္လို idol ဆိုသည့္အလုပ္မ်ိဳးကို အားေပးပါ့မလားဆိုသည္ကို အနည္းငယ္ေတာ့ စိုးရိမ္ေနမိတာျဖစ္၏။

ထိုစဥ္မွာပင္ အဘြားျဖစ္သူက စကားတစ္ခြန္းကို ေမးလာသည္။

"ေျမး ... ဒီေလာက္ လနဲ႔ခ်ီေအာင္ လုပ္ခဲ့ၿပီးၿပီဆိုေတာ့ သိေလာက္ၿပီမလား? ေျမး ဒီအလုပ္မွာ ေပ်ာ္သလား?"

သီခသည္ မဆိုင္းမတြပင္ ေျဖလိုက္၏။

"ေပ်ာ္တယ္ ဘြား"

"ခရီးက မေရရာဘူး။ လမ္းကလည္း ရွည္လိမ့္မယ္။ ဒါေပမဲ့ ဒီလမ္းကို အဆုံးထိေလွ်ာက္ႏိုင္မယ္လို႔ေရာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္သလား"

သီခသည္ သည္တစ္ခါတြင္ေတာ့ အတန္ၾကာေအာင္ ေတြးၿပီးမွ ေျဖလိုက္ျဖစ္၏။

"ယုံပါတယ္"

တကယ္တမ္း ၁၀၀%ေတာ့ မဟုတ္ေသာ္ျငား Mist ေျပာခဲ့သလိုပင္ သည္အခ်ိန္မွေတာ့ သူ႔အ‌ေနႏွင့္လက္ေလ်ာ့ႏိုင္မည္လည္းမဟုတ္တာေၾကာင့္ ယုံၾကည့္ကာ အေကာင္းဆုံးႀကိဳးစားၾကည့္ရန္သာ ရွိေတာ့တာျဖစ္သည္။

ထိုအခါ အဘြားက ၿပဳံးလ်က္ သီခမိဘမ်ားဖက္သို႔ လွည့္ကာ ေျပာ‌လိုက္၏။

"ဒါဆိုရင္ေတာ့ က်န္တာမလိုေတာ့ပါဘူးေလ"

သီခသည္ ယခုမွ ရင္ထဲက အစိုင္အခဲႀကီးတစ္ခုမ်ိဳက်သြားသလို ခံစားလိုက္ရေလသည္။ အိမ္က ခြင့္ျပဳခ်က္ရ႐ုံမွတစ္ပါး ဘာထူးထူးျခားျခားမွပင္ မျဖစ္ရေသးေသာ္ျငား သည္ေလာက္အားေပးမႈကပင္ သူ႔အတြက္ အားအင္ျဖစ္ရ၏။

"ေယး ... အဲ့တာဆို သီခ အိမ္က ပါမစ္ရတဲ့အထိမ္းအမွတ္နဲ႔ ဒီမွာ အိပ္သြားၾကရင္ ေကာင္းမလား? အန္တီ ... သီခ အခန္းက အေပၚထပ္မွာမလားဗ်?"

အာ႐ြန္က အပ်င္းေၾကာဆန႔္ရင္း Mistပုခုံးကိုဖက္ကာ အေပၚထပ္ကို တက္သြားရင္း ဆို၏။

"ဘာဆိုင္လို႔လဲ"

"စားတာမ်ားၿပီး ဗိုက္ေတြေလးေနၿပီ ကားမေမာင္းႏိုင္ေတာ့ဘူးေနာ္ Mist!"

"..."

"ကိုလင္းေမာင္းခိုင္းေလဗ်ာ"

"ကိုလင္းလဲ တူတူပဲမလား"

လင္းကလည္း သီခကိုဖက္ကာ ညႇစ္ပစ္လိုက္ရင္း ဆို၏။

"အင္း မရေတာ့ဘူး ... ေျခေထာက္ေတာင္ မေ႐ြ႕ေတာ့ဘူး!"

"ဟာဗ်ာ ဒီအစ္ကိုေတြ! ကိုအာ႐ြန္ ... ပစၥည္းေတြေလွ်ာက္မကိုင္နဲ႔ေနာ္! ဟ ေျခေထာက္မေဆးပဲ ကုတင္ေပၚ....! "

သီခသည္ ကုတင္ေပၚက အာ႐ြန္ကို ဆြဲခ်ေနရင္း တစ္ခစုံတစ္ခုကို သတိရသြား၏။

"ဒါနဲ႔ ေမေမက ခုနက ဘာလို႔ အ႐ုဏ္လို႔ေခၚတာလဲ?"

"ဪ အဲ့တာက ေက်ာင္းနာမည္ေလ။ မွတ္ပုံတင္ ဘာညာေရာ။ ဒီမွာက ႏိုင္ငံျခားသားဆို လုပ္ရကိုင္ရခက္လို႔ ဗမာနာမည္နဲ႔သုံးတာ။ လူႀကီးေတြကေတာ့ အာ႐ြန္လို႔ေျပာရင္ နားၾကားလြဲဦးမယ္ထင္တာနဲ႔ အ႐ုဏ္ဦးလို႔ပဲ ေျပာလိုက္ေတာ့တာ"

"အ႐ုဏ္ဦးဆိုၿပီး ေစာေစာက် တစ္ခါမွမႏိုးဘူး"

႐ုတ္တရက္ ေျပာလိုက္သူက Mistျဖစ္၏။

"ၿငိဳျငင္တာလားေနာ္.... မေက်နပ္ရင္ လိုက္အိပ္ေလ ဘာခက္လို႔လဲ! ဘာခက္လို႔လဲ!"

အာ႐ြန္က Mist ကိုပါ လွမ္းဆြဲဖက္ရင္း အိပ္ရာေပၚ လွိမ့္ခ်လိုက္သည္။ Mist က ႐ုန္းရင္းကန္ရင္း လက္ထဲရွိသည့္ ေခါင္းအုံးႏွင့္ လွမ္း႐ိုက္သည့္အခါ အိပ္ရာတစ္ခုလုံး မြစာႀကဲသြားသည္။

သီခမွာ သူ႔အိပ္ရာေလးကိုသာ အမွ်ေဝလိုက္ျဖစ္ေတာ့၏။

6/9/22
7:49pm

Happy 69 day y'all! Yayy! ಡ ͜ ʖ ಡ

Continue Reading

You'll Also Like

271 9 9
"So you really love me?" "Yk I do ma don't act like det" ยฉ NARDOOWICKK PRODUCTIONS
167K 5.6K 200
โ ๐’ฒ๐‘’๐“๐’ธ๐‘œ๐“‚๐‘’ ๐“‰๐‘œ โž โ™ฏ๐’๐ญ๐ซ๐š๐ฒ๐ค๐ข๐๐ฌ ๐ข๐ง๐œ๐จ๐ซ๐ซ๐ž๐œ๐ญ ๐ช๐ฎ๐จ๐ญ๐ž๐ฌ๊œŸ๊œ โŒ‡ ใ€Ÿฯฏฯƒินฮฏษ• ฯƒฮทฮต แทˆ๐–กบ๐Ÿ“ T...
115K 6.8K 101
"Not in front of my tea." Guess which simp created a new book. Yes me, Manyee. DISCLAIMER: SOME QUOTES FROM PINTEREST, GOOGLE, REDDIT, ANY OTHER WEBS...
7.5K 50 72
when the food is free has a group chat SHIPS INCLUDED: -two hands two stans (obviously 1) -stapoldy (obviously 2) -mentioned past tacobell -(later on...