𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑�...

By Vante_Jeon_

74.3K 4.2K 62

Jeon က Kim' အပိုင် ဟောဒီက Jeon Jungkook ဆိုတဲ့လူသားက Kim Taehyung ဆိုတဲ့မင်းလေးရဲ့အပိုင် Jeon Jungkook×Kim T... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9(1)
Part 9(2)
Part 10
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20(Final!)
တောင်းပန်စာ

Part 11

2.6K 179 0
By Vante_Jeon_

Unicode

Jungkook စံအိမ်ရဲ့ဧည့်ခန်းထဲ၌ခြေချိတ်ထိုင်ကာကော်ဖီအစေ့အားကြိတ်ကာနှပ်ထားသောကော်ဖီခွက်ကိုအရသာခံကာသောက်နေသည်။ ဆံပင်အားပုံစံကျအောင်ဖီးသင်မထားပဲရေချိုးပြီးစပုံစံအတိုင်းချထားကာ အိမ်နေရင်းအင်္ကျီလက်ရှည်နှင့်ဘောင်းဘီအရှည်အားဝတ်ထားသော်လည်းထင်းထွက်နေသောအရှိန်အဝါတစ်ခုကြောင့် အိမ်အကူအမျိုးသမီးလေးများမှာနတ်ဘုရားတစ်ပါးအားဖူးမြော်နေရသကဲ့သို့မျက်လုံးများတလဲ့လဲ့ဖြင့်။ မကြာခင်ကားသော့လေးအားလှည့်ကာလေချွန်၍ဝင်လာသူတစ်ဦးကြောင့်Jungkook၏မျက်နှာမှာပုံမှန်ထက်ပိုတင်းသွားသ​ယောင်။

"အစ်ကိုကြီးရဲ့နောက်ကိုလူလွှတ်နေတာရပ်သင့်ပြီထင်တယ်ညီလေး"
ဧည့်ခန်းအားဖြတ်ကာအခန်းထဲသို့ဝင်ရမည်ဖြစ်၍ဆိုဖာပေါ်ခြေချိတ်ထိုင်နေသောသူအားမမြင်ချင်ယောင်ဆောင်မည်အပြုပေါ်ထွက်လာသောအေးစက်စက်အသံ​ကြောင့်Dohyunတစ်ယောက်နွံထဲရပ်မိနေသကဲ့သို့လှုပ်ရှားမှုကင်းမဲ့လျက်။ အေးစက်ကာမာကြောနေသောစကားသံကြောင့်Dohyun၏ကြောက်စိတ်များထွက်ပေါ်လာသယောင်။

"ငြိမ်နေပုံထောက်ရင်မှန်နေတာပဲ နောက်တစ်ခါဆိုသတိပေးရုံလောက်နဲ့မပြီးဘူး"

ထိုစကားအားပြောကာသူ့အိပ်ခန်းထဲသို့ဝင်သွားသောJungkookကိုကြည့်၍Dohyunစိတ်များဖောက်လာပြီဖြစ်သည်။ ထိုအခါသူ့အားစပ်စုနေသောအိမ်အကူလေးများအပေါ်ဒေါသအားပုံချမိတော့သည်။

"မင်းတို့ကဘာကြည့်တာလဲ ကိုယ့်အလုပ်ကိုယ်လုပ်ကြ"
သူတို့အားမာန်မဲကာထွက်သွားသောသခင်လေးအားကြည့်ကာအိမ်အကူအမျိုးသမီးလေးများမှာခေါင်းခါလျက်။ သူတို့၏ပညာအရည်အချင်းနှင့်လူကဲခတ်တော်ပုံကြောင့်ဤအိမ်ကြီးမှအလုပ်လုပ်ရသည်ကိုများမေ့လျော့နေသလားပင်။သေချာပေါက်စံအိမ်ကြီးရဲ့အမွေဆက်ခံသူသခင်လေးအားပြဿနာရှာထားခြင်းဖြစ်မည်။ သို့ပေမဲ့စံအိမ်ကြီးရဲ့အိမ်တွင်းရေးပြဿနာများအားပြောပိုင်ခွင့်၊ဝေဖန်ပိုင်ခွင့်မရှိသောကြောင့်တွေ့ခဲ့သမျှအားမေ့ပစ်ကာ အလုပ်သာဆက်လုပ်နေခဲ့ရပေသည်။

Dohyunစိတ်ဖောက်ပြားနေပြီဖြစ်သည်။Jungkookရဲ့နောက်ကိုလူလွှတ်ထားတာကိုသူမသိဘူးထင်၍နောက်ကွယ်၌လှောင်ပြောင်ကာပြောခဲ့သည်များကိုပြန်ကြားယောင်ကာအသက်ရှုမဝသလိုဖြစ်လာသည်။မကြာမီတကိုယ်လုံးယားယံလာ၍ဆေးလိုအပ်နေကြောင်းသိရှိလိုက်ရသည်။

"ဆေး ဆေး.."
ပါးစပ်မှကယောင်ကတမ်းပြောကာကုတင်၏အောက်ခြေ၌ဖွက်ထားသောပုလင်းများထဲမှတစ်ခုကိုယူ၍ဆေးထိုးအပ်အသေးလေးထဲအားခက်ခက်ခဲခဲထည့်ယူပြီးနောက်သွေးကြောထဲသို့တုန်ယင်စွာထိုးစိုက်ပြီးနောက်မှ ယားယံမှုများပျောက်ကွယ်သွားသလို မှိန်းမော သွားရပြန်သည်။ ထို့နောက်ပင်ပန်းမှုများကြောင့်အိပ်စက်ခြင်းစီသို့...။

လက်မောင်းသွေးကြောပေါ်၌တင်ထားသောဆေးထိုးအပ်အသေးစားလေးနှင့်အတူပင်ပန်းကာအိပ်ပျော်သွားသောDohyunအားကြည့်နေသူတစ်ဦး။နောက်​ယောင်ခံလိုက်မှုအားမကျေနပ်သောကြောင့်သတိပေးစကားပြောလိုက်သော်လည်းပုံမှန်မဟုတ်သောမျက်စံများနှင့်တစ်စုံတစ်ခုအားလိုအပ်နေသလိုပြုမူနေသောညီဖြစ်သူကြောင့်တံခါးအားစေ့စေ့ပိတ်မထားသောအခန်းထဲသို့လာရောက်ကြည့်ရှုသောJungkook. သူ့ညီဆေးဆွဲနေလေပြီ၊ ဘယ်လိုအကြောင်းအရာကြောင့်ဒီလိုအဖြစ်မျိုးရောက်ရှိသွားသလဲမသိသော်လည်း သေချာပေါက်ဖခင်၏ဒုတိယဇနီးမယားဖြစ်သူJeon JiAhနဲ့သက်ဆိုင်နေမှာပင်။

ဒီအကြောင်းအရာအားဖခင်အားပြောပြကာဖြေရှင်းလိုက်လျှင်ပြီးမည်ဆိုသော်လည်း စိတ်ကြီးသောဖခင်ဖြစ်သူကDohyunအားအပြစ်ပေးမည်မှာမုချ။ သူဘယ်လိုဆက်လုပ်ရမလဲ၊ မသိချင်ယောင်ဆောင်ကာထားလိုက်လျှင်လည်းသူ့ညီမူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်မည်။ တားလိုက်လျှင်လည်းနဂိုထဲကသူ့အပေါ်အမြင်မကြည်သောညီဖြစ်သူမှာသူ့အားပို၍မုန်းသွားမည်ဖြစ်သည်။ အမုန်းများစွာအားရင်ဆိုင်ကျော်ဖြတ်ပြီးပြီဖြစ်၍ ထပ်၍ရင်ဆိုင်ရလည်းကိစ္စမရှိတော့ပေ။အဓိက ကညီဖြစ်သူလမ်းမှန်ရောက်စေရန်သာ.....
.
.
.
.
.
.
.
တစ်ဖက်၌Taehyungသည်လည်းအန္တရာယ်တစ်ခုအားရင်ဆိုင်နေရပေသည်။ Kim Groupတွင်အဓိကအကျဆုံးရှယ်ယာဝင်သုံးဦးရှိသည်။ ပထမတစ်ဦးကတော့Taehyung သူသည်Kim Groupရဲ့share35%အားပိုင်ဆိုင်ထားသောchairman. ဒုတိယတစ်ဦးကတော့Min Yoongiဆိုသည့်share25%အားပိုင်ဆိုင်ထားသူ၊တတိယတစ်ဦးကတော့Taehyungလုံးဝမထင်ထားသောTaehyung၏ဖခင်ဖြစ်သူKim Shiwoo. သူသည်Kim Groupရဲ့share30%အားပိုင်ဆိုင်ထားသောတတိယအဓိကအကျဆုံးလူဖြစ်သည့်အပြင် တခြားသောရှယ်ယာဝင်များအားတိတ်တဆိတ်စည်းရုံးကာChairmanနေရာသို့ဝင်လုချင်နေသည်တဲ့ ဟား..ဟား..။ Taehyungဆိုသောဒီလူကအဘိုးဖြစ်သူကြိုးစားရှာဖွေထားသောဒီနေရာကိုလွယ်လွယ်ကူကူပေးမည်ထင်နေသည်လား။

"Taehyung ဘယ်လိုဆက်လုပ်မှာလဲ"

"Ceo သူ့ဘက်ကရှယ်ယာဝင်တွေက ရှယ်ယာကိုပြန်ထုတ်ဖို့စီစဥ်နေကြပါတယ် ကျွန်တော်တို့ဘက်ကလူအနည်းငယ်ပဲကျန်ပါတော့တယ်"

"စိတ်မပူပါနဲ့ကျွန်တော့်မှာအစီအစဥ်ရှိပါတယ်"

ထိုစဥ် ဒေါက် ဒေါက်

"ဝင်ခဲ့ပါ"

"Ceo Kimရှယ်ယာကိစ္စကဘယ်လိုဖြစ်တာလဲဗျာ"
ရှယ်ယာဝင်Min Yoongi.All blackအားဝတ်ဆင်ထားသောကြောင့်သူ၏ဖြူဖွေးလှသောအစိတ်အပိုင်းတို့မှပေါ်လွင်လျက်။ အေးအေးဆေးဆေးနေရုံသာမက စကားပြောရာတွင်လည်းအေးစက်စက်သာပြောဆိုသောသူ့အားမည်သူကမျှမလေးမစားမပြုမူရဲပေ။ အဘယ်ကြောင့်ဆိုသောMin Yoongi၏နောက်၌ပံ့ပိုးပေးနေသောသူတစ်ဦးကြောင့်။ တော်ရုံလူလုံးထွက်မပြသောMin Yoongiကရှယ်ယာကိစ္စကြောင့်လူကိုယ်တိုင်လာရောက်လာသဖြင့် Taehyungလည်းဖြစ်သမျှအားရှင်းပြပေးမိသည်။ ရှယ်ယာပြန်နုတ်ချင်လည်းသူ့သဘော။

"အဲ့တော့Ceo Kimတို့ဘက်မှာရှယ်ယာဘယ်လောက်ကျန်သေးလဲ"

"75%လောက်ပဲကျန်တော့တယ်Min Ceo"
​ဖြေလိုက်သူကအတွင်းရေးမှူးKimသာ။ထို့နောက်အတွင်းရေးမှူးKimကဆက်၍..

"75%ဆိုတာကMin Ceoရဲ့ရှယ်ယာအပါအဝင်ပါ Min Ceoသာရှယ်ယာပြန်နုတ်ရင်50%ပဲကျန်တော့မှာ"

"စိတ်မပူပါနဲ့ကျွန်တော်ပြန်မထုတ်ပါဘူး"

ထိုစကားကြောင့်Taehyungစိတ်အေးသွားသယောင်။ သို့ပေမဲ့အေးဆေးမနေရဲသေးပေ။75%ဆိုတာသာမာန်ကုမ္ပဏီအတွက်နည်းသည်မဟုတ်သော်လည်း Taehyungတို့လိုစီးပွားရေးလုပ်ငန်းရှင်များအတွက်တော့စိတ်ချထားလို့ရသည့်အနေအထားမဟုတ်သေးပေ။ ခြေလှမ်းတစ်ကွက်မှားလိုက်ရုံဖြင့်Chairmanနေရာသို့လက်လွှတ်ရနိုင်သည့်အနေအထား။

ထိုကဲ့သို့စိတ်ရှုပ်နေစဥ် Ceoအခန်းအားတံခါးမခေါက်၊အသံမပေးပဲဝင်လာသူတစ်ဦးကြောင့်စိတ်တိုစွာအော်ထုတ်ရန်ပြင်လိုက်သော်လည်း တစ်နေရာ၌မြင်ဖူးသောမျက်နှာကြောင့်စဥ်းစားနေစဥ် ထွက်လာသောအသံချိုချိုလေး။

"Min ကျွန်တော့်ကိုစောင့်ပါလို့ပြောနေတာကို"

"ကလေးတို့ကနှစ်ယောက်ကမ္ဘာတည်နေတော့အနှောက်အယှက်ဖြစ်သွားမှာစိုးလို့"

"Minကလည်းသူကကျောင်းတက်တုန်းကသူငယ်ချင်းပါဆိုတာကို..."
နှုတ်ခမ်းဖူးဖူးလေးမှထွက်လာသောအလိုမကျမှုများနှင့်အတူ Min Ceoကြီးရဲ့ကလေးဆန်ဆန်စကားအသွားအလာကြောင့်အခန်းထဲရှိလူအားလုံးမျက်ခုံးပင့်တက်သွားရသည်။

အံသြ၍ပင်မဆုံးသေးTaehyungအားဖက်တွယ်လာသောထိုကောင်လေးကြောင့် Namjoon နဲ့ Seokjinမှာမျက်လုံးပြူးသွားသလို Yoongiမျက်နှာမှာလည်းပုပ်သိုးလျက်။

"Taehyung မင်းKim Taehyungဟုတ်တယ်မလား"

"ဟင် ကျွန်တော့်ကိုဘယ်လိုသိ.."

"ငါလေJimin. Park Jimin လေ အခုတော့Min Jiminပေါ့ ဟဲဟဲ"
ပြောင်စပ်စပ်ပြောလာသောစကားသံရဲ့နောက်Taehyungရဲ့အတွေးတွေကလည်းအချိန်ကာလတစ်ခုစီသို့...။

TBC...
**Thanks for reading**






Zawgyi

Jungkook စံအိမ္ရဲ႕ဧည့္ခန္းထဲ၌ေျခခ်ိတ္ထိုင္ကာေကာ္ဖီအေစ့အားႀကိတ္ကာႏွပ္ထားေသာေကာ္ဖီခြက္ကိုအရသာခံကာေသာက္ေနသည္။ ဆံပင္အားပုံစံက်ေအာင္ဖီးသင္မထားပဲေရခ်ိဳးၿပီးစပုံစံအတိုင္းခ်ထားကာ အိမ္ေနရင္းအကၤ်ီလက္ရွည္ႏွင့္ေဘာင္းဘီအရွည္အားဝတ္ထားေသာ္လည္းထင္းထြက္ေနေသာအရွိန္အဝါတစ္ခုေၾကာင့္ အိမ္အကူအမ်ိဳးသမီးေလးမ်ားမွာနတ္ဘုရားတစ္ပါးအားဖူးေျမာ္ေနရသကဲ့သို႔မ်က္လုံးမ်ားတလဲ့လဲ့ျဖင့္။ မၾကာခင္ကားေသာ့ေလးအားလွည့္ကာေလခြၽန္၍ဝင္လာသူတစ္ဦးေၾကာင့္Jungkook၏မ်က္ႏွာမွာပုံမွန္ထက္ပိုတင္းသြားသ​ေယာင္။

"အစ္ကိုႀကီးရဲ႕ေနာက္ကိုလူလႊတ္ေနတာရပ္သင့္ၿပီထင္တယ္ညီေလး"
ဧည့္ခန္းအားျဖတ္ကာအခန္းထဲသို႔ဝင္ရမည္ျဖစ္၍ဆိုဖာေပၚေျခခ်ိတ္ထိုင္ေနေသာသူအားမျမင္ခ်င္ေယာင္ေဆာင္မည္အျပဳေပၚထြက္လာေသာေအးစက္စက္အသံ​ေၾကာင့္Dohyunတစ္ေယာက္ႏြံထဲရပ္မိေနသကဲ့သို႔လႈပ္ရွားမႈကင္းမဲ့လ်က္။ ေအးစက္ကာမာေၾကာေနေသာစကားသံေၾကာင့္Dohyun၏ေၾကာက္စိတ္မ်ားထြက္ေပၚလာသေယာင္။

"ၿငိမ္ေနပုံေထာက္ရင္မွန္ေနတာပဲ ေနာက္တစ္ခါဆိုသတိေပး႐ုံေလာက္နဲ႕မၿပီးဘူး"

ထိုစကားအားေျပာကာသူ႕အိပ္ခန္းထဲသို႔ဝင္သြားေသာJungkookကိုၾကည့္၍Dohyunစိတ္မ်ားေဖာက္လာၿပီျဖစ္သည္။ ထိုအခါသူ႕အားစပ္စုေနေသာအိမ္အကူေလးမ်ားအေပၚေဒါသအားပုံခ်မိေတာ့သည္။

"မင္းတို႔ကဘာၾကည့္တာလဲ ကိုယ့္အလုပ္ကိုယ္လုပ္ၾက"
သူတို႔အားမာန္မဲကာထြက္သြားေသာသခင္ေလးအားၾကည့္ကာအိမ္အကူအမ်ိဳးသမီးေလးမ်ားမွာေခါင္းခါလ်က္။ သူတို႔၏ပညာအရည္အခ်င္းႏွင့္လူကဲခတ္ေတာ္ပုံေၾကာင့္ဤအိမ္ႀကီးမွအလုပ္လုပ္ရသည္ကိုမ်ားေမ့ေလ်ာ့ေနသလားပင္။ေသခ်ာေပါက္စံအိမ္ႀကီးရဲ႕အေမြဆက္ခံသူသခင္ေလးအားျပႆနာရွာထားျခင္းျဖစ္မည္။ သို႔ေပမဲ့စံအိမ္ႀကီးရဲ႕အိမ္တြင္းေရးျပႆနာမ်ားအားေျပာပိုင္ခြင့္၊ေဝဖန္ပိုင္ခြင့္မရွိေသာေၾကာင့္ေတြ႕ခဲ့သမွ်အားေမ့ပစ္ကာ အလုပ္သာဆက္လုပ္ေနခဲ့ရေပသည္။

Dohyunစိတ္ေဖာက္ျပားေနၿပီျဖစ္သည္။Jungkookရဲ႕ေနာက္ကိုလူလႊတ္ထားတာကိုသူမသိဘူးထင္၍ေနာက္ကြယ္၌ေလွာင္ေျပာင္ကာေျပာခဲ့သည္မ်ားကိုျပန္ၾကားေယာင္ကာအသက္ရႈမဝသလိုျဖစ္လာသည္။မၾကာမီတကိုယ္လုံးယားယံလာ၍ေဆးလိုအပ္ေနေၾကာင္းသိရွိလိုက္ရသည္။

"ေဆး ေဆး.."
ပါးစပ္မွကေယာင္ကတမ္းေျပာကာကုတင္၏ေအာက္ေျခ၌ဖြက္ထားေသာပုလင္းမ်ားထဲမွတစ္ခုကိုယူ၍ေဆးထိုးအပ္အေသးေလးထဲအားခက္ခက္ခဲခဲထည့္ယူၿပီးေနာက္ေသြးေၾကာထဲသို႔တုန္ယင္စြာထိုးစိုက္ၿပီးေနာက္မွ ယားယံမႈမ်ားေပ်ာက္ကြယ္သြားသလို မွိန္းေမာ သြားရျပန္သည္။ ထို႔ေနာက္ပင္ပန္းမႈမ်ားေၾကာင့္အိပ္စက္ျခင္းစီသို႔...။

လက္ေမာင္းေသြးေၾကာေပၚ၌တင္ထားေသာေဆးထိုးအပ္အေသးစားေလးႏွင့္အတူပင္ပန္းကာအိပ္ေပ်ာ္သြားေသာDohyunအားၾကည့္ေနသူတစ္ဦး။ေနာက္​ေယာင္ခံလိုက္မႈအားမေက်နပ္ေသာေၾကာင့္သတိေပးစကားေျပာလိုက္ေသာ္လည္းပုံမွန္မဟုတ္ေသာမ်က္စံမ်ားႏွင့္တစ္စုံတစ္ခုအားလိုအပ္ေနသလိုျပဳမူေနေသာညီျဖစ္သူေၾကာင့္တံခါးအားေစ့ေစ့ပိတ္မထားေသာအခန္းထဲသို႔လာေရာက္ၾကည့္ရႈေသာJungkook. သူ႕ညီေဆးဆြဲေနေလၿပီ၊ ဘယ္လိုအေၾကာင္းအရာေၾကာင့္ဒီလိုအျဖစ္မ်ိဳးေရာက္ရွိသြားသလဲမသိေသာ္လည္း ေသခ်ာေပါက္ဖခင္၏ဒုတိယဇနီးမယားျဖစ္သူJeon JiAhနဲ႕သက္ဆိုင္ေနမွာပင္။

ဒီအေၾကာင္းအရာအားဖခင္အားေျပာျပကာေျဖရွင္းလိုက္လွ်င္ၿပီးမည္ဆိုေသာ္လည္း စိတ္ႀကီးေသာဖခင္ျဖစ္သူကDohyunအားအျပစ္ေပးမည္မွာမုခ်။ သူဘယ္လိုဆက္လုပ္ရမလဲ၊ မသိခ်င္ေယာင္ေဆာင္ကာထားလိုက္လွ်င္လည္းသူ႕ညီမူးယစ္ေဆးဝါးရဲ႕သားေကာင္ျဖစ္မည္။ တားလိုက္လွ်င္လည္းနဂိုထဲကသူ႕အေပၚအျမင္မၾကည္ေသာညီျဖစ္သူမွာသူ႕အားပို၍မုန္းသြားမည္ျဖစ္သည္။ အမုန္းမ်ားစြာအားရင္ဆိုင္ေက်ာ္ျဖတ္ၿပီးၿပီျဖစ္၍ ထပ္၍ရင္ဆိုင္ရလည္းကိစၥမရွိေတာ့ေပ။အဓိက ကညီျဖစ္သူလမ္းမွန္ေရာက္ေစရန္သာ.....
.
.
.
.
.
.
.
တစ္ဖက္၌Taehyungသည္လည္းအႏၱရာယ္တစ္ခုအားရင္ဆိုင္ေနရေပသည္။ Kim Groupတြင္အဓိကအက်ဆဳံးရွယ္ယာဝင္သုံးဦးရွိသည္။ ပထမတစ္ဦးကေတာ့Taehyung သူသည္Kim Groupရဲ႕share35%အားပိုင္ဆိုင္ထားေသာchairman. ဒုတိယတစ္ဦးကေတာ့Min Yoongiဆိုသည့္share25%အားပိုင္ဆိုင္ထားသူ၊တတိယတစ္ဦးကေတာ့Taehyungလုံးဝမထင္ထားေသာTaehyung၏ဖခင္ျဖစ္သူKim Shiwoo. သူသည္Kim Groupရဲ႕share30%အားပိုင္ဆိုင္ထားေသာတတိယအဓိကအက်ဆဳံးလူျဖစ္သည့္အျပင္ တျခားေသာရွယ္ယာဝင္မ်ားအားတိတ္တဆိတ္စည္း႐ုံးကာChairmanေနရာသို႔ဝင္လုခ်င္ေနသည္တဲ့ ဟား..ဟား..။ Taehyungဆိုေသာဒီလူကအဘိုးျဖစ္သူႀကိဳးစားရွာေဖြထားေသာဒီေနရာကိုလြယ္လြယ္ကူကူေပးမည္ထင္ေနသည္လား။

"Taehyung ဘယ္လိုဆက္လုပ္မွာလဲ"

"Ceo သူ႕ဘက္ကရွယ္ယာဝင္ေတြက ရွယ္ယာကိုျပန္ထုတ္ဖို႔စီစဥ္ေနၾကပါတယ္ ကြၽန္ေတာ္တို႔ဘက္ကလူအနည္းငယ္ပဲက်န္ပါေတာ့တယ္"

"စိတ္မပူပါနဲ႕ကြၽန္ေတာ့္မွာအစီအစဥ္ရွိပါတယ္"

ထိုစဥ္ ေဒါက္ ေဒါက္

"ဝင္ခဲ့ပါ"

"Ceo Kimရွယ္ယာကိစၥကဘယ္လိုျဖစ္တာလဲဗ်ာ"
ရွယ္ယာဝင္Min Yoongi.All blackအားဝတ္ဆင္ထားေသာေၾကာင့္သူ၏ျဖဴေဖြးလွေသာအစိတ္အပိုင္းတို႔မွေပၚလြင္လ်က္။ ေအးေအးေဆးေဆးေန႐ုံသာမက စကားေျပာရာတြင္လည္းေအးစက္စက္သာေျပာဆိုေသာသူ႕အားမည္သူကမွ်မေလးမစားမျပဳမူရဲေပ။ အဘယ္ေၾကာင့္ဆိုေသာMin Yoongi၏ေနာက္၌ပံ့ပိုးေပးေနေသာသူတစ္ဦးေၾကာင့္။ ေတာ္႐ုံလူလုံးထြက္မျပေသာMin Yoongiကရွယ္ယာကိစၥေၾကာင့္လူကိုယ္တိုင္လာေရာက္လာသျဖင့္ Taehyungလည္းျဖစ္သမွ်အားရွင္းျပေပးမိသည္။ ရွယ္ယာျပန္ႏုတ္ခ်င္လည္းသူ႕သေဘာ။

"အဲ့ေတာ့Ceo Kimတို႔ဘက္မွာရွယ္ယာဘယ္ေလာက္က်န္ေသးလဲ"

"75%ေလာက္ပဲက်န္ေတာ့တယ္Min Ceo"
​ေျဖလိုက္သူကအတြင္းေရးမႉးKimသာ။ထို႔ေနာက္အတြင္းေရးမႉးKimကဆက္၍..

"75%ဆိုတာကMin Ceoရဲ႕ရွယ္ယာအပါအဝင္ပါ Min Ceoသာရွယ္ယာျပန္ႏုတ္ရင္50%ပဲက်န္ေတာ့မွာ"

"စိတ္မပူပါနဲ႕ကြၽန္ေတာ္ျပန္မထုတ္ပါဘူး"

ထိုစကားေၾကာင့္Taehyungစိတ္ေအးသြားသေယာင္။ သို႔ေပမဲ့ေအးေဆးမေနရဲေသးေပ။75%ဆိုတာသာမာန္ကုမၸဏီအတြက္နည္းသည္မဟုတ္ေသာ္လည္း Taehyungတို႔လိုစီးပြားေရးလုပ္ငန္းရွင္မ်ားအတြက္ေတာ့စိတ္ခ်ထားလို႔ရသည့္အေနအထားမဟုတ္ေသးေပ။ ေျခလွမ္းတစ္ကြက္မွားလိုက္႐ုံျဖင့္Chairmanေနရာသို႔လက္လႊတ္ရနိုင္သည့္အေနအထား။

ထိုကဲ့သို႔စိတ္ရႈပ္ေနစဥ္ Ceoအခန္းအားတံခါးမေခါက္၊အသံမေပးပဲဝင္လာသူတစ္ဦးေၾကာင့္စိတ္တိုစြာေအာ္ထုတ္ရန္ျပင္လိုက္ေသာ္လည္း တစ္ေနရာ၌ျမင္ဖူးေသာမ်က္ႏွာေၾကာင့္စဥ္းစားေနစဥ္ ထြက္လာေသာအသံခ်ိဳခ်ိဳေလး။

"Min ကြၽန္ေတာ့္ကိုေစာင့္ပါလို႔ေျပာေနတာကို"

"ကေလးတို႔ကႏွစ္ေယာက္ကမၻာတည္ေနေတာ့အႏွောက္အယွက္ျဖစ္သြားမွာစိုးလို႔"

"Minကလည္းသူကေက်ာင္းတက္တုန္းကသူငယ္ခ်င္းပါဆိုတာကို..."
ႏႈတ္ခမ္းဖူးဖူးေလးမွထြက္လာေသာအလိုမက်မႈမ်ားႏွင့္အတူ Min Ceoႀကီးရဲ႕ကေလးဆန္ဆန္စကားအသြားအလာေၾကာင့္အခန္းထဲရွိလူအားလုံးမ်က္ခုံးပင့္တက္သြားရသည္။

အံၾသ၍ပင္မဆုံးေသးTaehyungအားဖက္တြယ္လာေသာထိုေကာင္ေလးေၾကာင့္ Namjoon နဲ႕ Seokjinမွာမ်က္လုံးျပဴးသြားသလို Yoongiမ်က္ႏွာမွာလည္းပုပ္သိုးလ်က္။

"Taehyung မင္းKim Taehyungဟုတ္တယ္မလား"

"ဟင္ ကြၽန္ေတာ့္ကိုဘယ္လိုသိ.."

"ငါေလJimin. Park Jimin ေလ အခုေတာ့Min Jiminေပါ့ ဟဲဟဲ"
ေျပာင္စပ္စပ္ေျပာလာေသာစကားသံရဲ႕ေနာက္Taehyungရဲ႕အေတြးေတြကလည္းအခ်ိန္ကာလတစ္ခုစီသို႔...။

TBC...
**Thanks for reading**

Continue Reading

You'll Also Like

3.1K 55 6
penelope campbell has known nelson neumann her whole life and were inseparable. one day he made a decision that caused their friendship to crumble in...
158K 14.5K 25
Start : 9 June 2022 End : 1 Aug 2022
12.9K 347 20
Team and his family are all trying to recover from past events. This story will talk about physical and emotional abuse and physical and emotional da...
242K 5.2K 62
Jesscareya "Jessica" Targaryen first of her name is the younger sister of Rhaenyra Targaryen. Contented to be in the shadow of her sister, she never...