NotWithStanding...(မည်သို့ပင်...

By Suu_KaNyar

538K 29.4K 1.5K

ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 ... More

မိတ်ဆက်စာ 👨‍🏫
Khoon🖤 & Tain Tyke 💛
Intro & Request
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 28
Episode - 29
Episode - 30
Episode - 31
Episode - 32
Episode - 33
Episode - 34
Episode - 35
Episode - 36
Episode - 37
Episode - 38
Episode - 39
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 45
Episode - 46
Episode - 47
Episode - 48
Episode - 49
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 54 🔞
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 59
Episode - 60 🔞
Episode - 61
Episode - 62
Episode - 63 🔞
Episode - 64
Episode - 65
Episode - 66
Episode - 67
Episode - 68
Episode - 69
Episode - 70
Episode - 71 ( Ending)
ကျေးဇူးတင်လွှာ 💛💛
Extra - 2
Extra - 3 (End)
Extra - 4 (V day Special )
Extra ( 5)
Book Announcement 🌈☁️
Extra - 1

Episode - 40

5.7K 338 20
By Suu_KaNyar


အေးလွန်းသည့် တန်ဆောင်မုန်းလပြည့်ရဲ့ ညကောင်းကင်ယံမှာ ကြယ် အစုတို့ဟာလည်း တလက်လက် တောက်ပနေပြီး မီးရှူးမီးပန်းတို့မှ မီးပွားလေးတွေဟာလည်း တလက်လက်။

'' အိပ်ဆေးတွေသောက်နေတုန်းလား ''

'' မိုးမှသိပ်မရွာတော့တာ မောင်ရဲ့...''

ရင်ခွင်ထဲက အကောင်ငယ်လေးက အေးလို့ထင်သည် ခွန်းဘက် တိုးတိုးလာသည်။ ခွန်းကလည်း အနွေးဆုံးဖြစ်အောင် တတ်နိုင်သလောက် ထွေးပွေ့ပေးထားသည်။

'' နောက်နှစ် ဒီလိုအချိန်ကျရင် ကျွန်တော် နှလုံးခွဲစိတ်ရမယ်တဲ့ မောင်။ တစ်ခုခုလွဲချော်သွားရင် ကျွန်တော် ကြိုတောင်းပန်ပါတယ်နော် ''

ခွန်း ရင်ခွင်ထဲက ကောင်လေးကို ရုတ်တရက်လက်မောင်းမှကိုင်ကာ ဖယ်ခွာလိုက်သည်။ အားပါသွားသည်မို့ နာသွားသည်နှင့်တူသည် တိမ်တိုက်မျက်နှာလေးအနည်းငယ်မဲ့သွားသော မျက်နှာကို ချက်ချင်းပြန်ပြင်လိုက်ကာ ခွန်းကိုသနားစရာမျက်လုံးလေးတွေနှင့်ကြည့်ရှာသည်။

ခွန်းလည်း တိမ်တိုက်လက်မောင်းနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး

'' ဒီမှာ တိမ်တိုက် တစ်ခုခုပဲဖြစ်ဖြစ် နှစ်ခုခုပဲဖြစ်ဖြစ် ဘာမှ လွဲချော်လို့မရဘူး နားလည်လား။ မောင်ခွင့်မပြုပဲ မင်းဘာမှ မဖြစ်ရဘူး။ ဒါမောင့်အမိန့်ပဲ တိမ်တိုက်..... မင်းနာခံရမယ်... မောင်က စောင့်လို့ပြောရင် မောင်ပြန်မလာမချင်း မင်းစောင့်နေရမယ် ....အဲ့ဒါကိုမင်းနားလည်ထားဖို့လိုတယ်..ကျန်တာမောင်ဘာမှ မသိချင်ဘူး ''

ဆူညံနေသည့် အသံတွေကြား မောင့်စကားတွေဟာ အာဏာရှင်ဆန်ဆန်ပေါ်ထွက်လာတယ်။ စိတ်ဆိုးနေပုံရတဲ့မောင်က ပြောနေရင်း မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာပြန်တယ်။ ဒါ ဘာများလဲ..မောင်။

'' အဲ့လို ထွက်သွားမယ့်အကြောင်းတွေကို စကားအဖြစ်နဲ့တောင် မောင်မကြားချင်ဘူးတိမ်တိုက်ရယ် ''

ချက်ချင်းလေသံပြောင်းသွားကာတိမ်တိုက်ကိုယ်လေးကို ရင်ခွင်ထဲ ပြန်ဆွဲထည့်လိုက်ပြီး တင်းနေအောင်ဖက်ထားကာ လက်တစ်ဖက်ကလည်း တိမ်တိုက်ခေါင်းလေးကို သပ်ပေးရင်း ပြောသည်။

ဤလူသားလေး မရှိတော့ဘူးဆိုတာ တွေးမိရုံနဲ့တင် ကမ္ဘာဟာအကြိမ်ကြိမ်ပြိုရသည်။ ဝေးနေကြသည့်တိုင် ကောင်းကင်တစ်ခုအောက်ထဲမှာအတူတူရှိနေရုံနဲ့ ကျေနပ်နေသူမို့... သည်ကမ္ဘာကြီးမှ အပြီးတိုင်ထွက်ခွာသွားသည်ဆိုတာမျိူးက ရူးမတတ်ဖြစ်လွန်းလို့... စိတ်ကူးထဲတောင်မတွေးမိခဲ့ပေ။

'' မောင် အဆင်သင့်ဖြစ်တဲ့အချိန်အထိ စောင့်ပေးပါကွာ.... မောင်တောင်းဆိုတာပါ ''

'' အင်းပါ နောက်တစ်ခါ မပြောတော့ဘူးနော် ။ မငိုနဲ့တော့...လူတွေကြည့်ကုန်တော့မယ် ''

တိမ်တိုက်ပြောမှ ဘေးပတ်ဝန်းကျင်ကို သတိထားမိသွားကာ လူအနည်းစုက သူ့ကိုကွက်ကြည့် ကွက်ကြည့်လုပ်နေကြသည်။ အနည်းစုဆို တကယ်အနည်းစုလေးပါပဲ..ဘာလို့ဆို ခွန်းတို့ထက် ပိုစိတ်ဝင်စားစရာကောင်းတာကိုလုပ်နေကြသော
ရှန်မင်းတို့အတွဲက မလှမ်းမကမ်းတွင် ရှိနေသောကြောင့် ဖြစ်သည်။

ခွန်းက ထိုလူအနည်းစုလေးဆီအာရုံရောက်နေသည်ထင်ပါရဲ့..တိမ်တိုက်လက်ကိုဆုပ်ကိုင်ထားသော ခွန်းလက်တို့မှာ အေးစက်လာကာ ခေါင်းမှီထားသောရင်ဘတ်ကလည်း နိမ့်ချည်မြင့်ချည်ဖြစ်ကာ နှလုံးခုန်သံတွေပါ မြန်လာသည်။

'' မောင့်... ကျွန်တော်နဲ့ရှိရင် ကျွန်တော့်ကိုပဲအာရုံစိုက်ပါဆို.''

သူ့လက်သီးလေးနှင့် ခွန်းရင်ဘတ်ကို ထုကာ နှုတ်ခမ်းဆူပြီး ပြောလိုက်တော့ ခွန်းကငုံ့ကြည့်လာကာ သဘောတကျရီတော့သည်။ ထိုအခါမှ ခွန်းလက်တို့ပြန်နွေးလာပြီး နှလုံးခုန်သံတို့ကပုံမှန်ပြန်ဖြစ်သွားတော့သည်။

တကယ်ကိုအံ့ဩရပါသည်။ နှစ်ရှည်လများစွာခံစားလာရတဲ့ Trauma က ဒီသွားတက်ဖွေးဖွေးတွေရဲ့အောက်မှာ ပြားပြားဝပ်သွားသည်တဲ့။

အားနည်းချက်ဆိုတာမျိူး မရှိချင်တာမို့ အချိန်အားလျှင် ထိုရောဂါကို ဆရာဝန်နဲ့ သေချာပြန်ဆွေးနွေးပြီး ကုသရန် တွေးထားသည်။ သည် အားနည်းချက်ကြောင့် လူဘုံအလယ် အရှက်ကွဲခဲ့ရပေါင်းများနေပြီ။ အရင်က တစ်ယောက်တည်းမို့ ဘာမှမဖြစ်ပေမယ့် နောက်ကျရင် ကာကွယ်သူက ကိုယ်ပဲဖြစ်လာရမှာမို့ အဘက်ဘက်က ပြည့်စုံနိုင်အောင်ကြိုးစားထားရမည်။

'' မောင် ''

'' ဗျာ ''

'' အရမ်းပင်ပန်းနေပြီလားဟင် ''

'' ပင်ပန်းတယ်လို့လည်း မဆိုသာပါဘူးကွယ် မင်းနဲ့နီးဖို့ပဲဟာ ''

'' ဒီတိုင်းလေးရှေ့ဆက်ရင်ရော အဆင်မပြေနိုင်ဘူးလားဟင်။ မောင်မရှိပဲ နေရတာ တကယ် အဆင်မပြေဘူး ''

မရဲတရဲလေးမေးရှာတော့ ခွန်းမှာ သက်ပြင်းလေး ချကာ

'' ဟင်း...မောင်နားလည်ပါတယ်ကွာ။ ဒါပေမယ့်အခု
မောင်တို့ခနလေးသည်းခံလိုက်ရင် နောက်... အချိန်အကြာကြီး အတူရှိနိုင်မှာ... ''

'' အင်းပါ မောင့်သဘောက ဒါဆိုတော့လည်း ကျွန်တော်ထပ်မပြောတော့ပါဘူး ''

'' မောင့်ကလေးလေးက လိမ္မာလိုက်တာ....မွ ''

တိမ်တိုက် ခေါင်းလေးကို အသာဖိနမ်းလိုက်သေးသည်။

မောင်က အဖြူပါဆိုရင် ကျွန်တော်က အမည်းလုပ်ဖို့ဆန္ဒမရှိပါဘူး။
ကျွန်တော့်ဆန္ဒဟာ မောင့်ဆန္ဒ အနောက်မှာပဲ အမြဲရှိနေမှာ။
ရွေးချယ်မှုကတော့ မောင်လုပ်ပေါ့။

.....................

တစ်ဖက်တွင်တော့.. ညကြီးမင်းကြီး...ဇူးကြယ်စင်မေ အိမ်ကိုရောက်နေသော စိုင်းမင်းနွယ် ။

'' ငါ့သားလေး ဘုန်းကြီးပါစေ အသက်ရှည်ပါစေကွယ်။ လိုအင်ဆန္ဒတွေ တစ်လုံးတဝကြီး ပြည့်စုံနိုင်ပါစေ။ ''

အဇူး အမေကတော့ သူမအား ကန်တော့နေသော စိုင်းမင်းနွယ် ကို ဆုပေးနေတာဖြစ်သည်။ သီတင်းကျွတ် က မကန်တော့လိုက်ရဘူးဟုဆိုကာ တန်ဆောင်မုန်းမှလာကန်တော့ခြင်းဖြစ်သည်။

ဒါဆို သူတို့နှစ်ယောက်ကတည့်ပြီလားဆိုတော့....မတည့်သေးပါဘူး။ စိုင်းမင်းနွယ်က အဇူးကို ပြန်လိုက်နေတုန်းဖြစ်သည်။ ဖြစ်ပျက်သွားသည့်ကိစ္စမှာ စိုင်းမင်းနွယ် က အဓိက တရားခံမို့ အဇူး လုံးဝပြန်လက်မခံနိုင်ဖြစ်နေသည်။

'' မေမေ ဆုတောင်းမပေးလည်း သူ့ဆန္ဒတွေက ပြည့်ပြီးနေပါပြီ ''

အဇူးက ခနဲ့တဲ့တဲ့ဝင်ပြောတော့ စိုင်းမင်းနွယ် မျက်နှာက ပျက်ခနဲ။ အဇူးက တိမ်တိုက် ကိစ္စနှင့်ပတ်သတ်ပြီး အခုထိ သူ့ကိုအခဲမကြေသေးတာဖြစ်သည်။ ပထမက အဇူးကို သူအဲ့သည်လောက်ချစ်နေမိမှန်းမသိခဲ့သော်လည်း လမ်းခွဲ ပြီးကာမှ အဇူးကို မခွဲပေးနိုင်လောက်အောင်ချစ်မိနေကြောင်းသိလိုက်ရသည်။ ဘဝတွင်တစ်ခါသာ ချစ်ဖူးသည့်အချစ်မျိူးဖြစ်နေတာကြောင့် စိုင်းမင်းနွယ် အသည်းအသန် ပြန်ရယူရန်ကြိုးစားနေတာပင်။

စိုင်းမင်းနွယ် မျက်နှာမကောင်းစွာနဲ့ပဲ ပြန်လာခဲ့ရသည်။ အဇူးအမေက စိုင်းမင်းနွယ် ကို အတင်းပြန်လိုက်ပို့ခိုင်းနေတာမို့ မပို့ချင်ပို့ချင်ဖြင့် အဇူးလိုက်ပို့ရသည်။

'' မေ...ကို့ ကို စိတ်ဆိုးနေတုန်းလား ''

'' ငါနင့်ကို စိတ်ဆိုးတာမဟုတ်ဘူး စိတ်နာတာ ကိုစိုင်း။ ငါနင့်ကိုဒီလောက်ယုတ်မာလိမ့်မယ်လို့မထင်ခဲ့ဘူး ''

'' ကို မလုပ်လည်း တချိန်ကျရင် သိသွားမယ့်ကိစ္စ ပဲလေ ။ သူတို့ကိစ္စမှာ မေ စိတ်နာတာကို ကို ကဘာလို့ခံနေရတာလဲ ''

'' အဟက် ...နင်တော်တော်ပြောတတ်တယ်နော်။ ဘာလို့ ငါစိတ်နာတာ နင်ခံနေရတာတဲ့လဲဟုတ်လား..အဲ့တာဆို နင်ပြန်တွေးစမ်း.. နင်ငါ့ကိုဘယ်လိုအသုံးချခဲ့လဲ..ငါ့အချစ်ကို ခုတုံးလုပ်ပြီးနင်ဘယ်လိုလှည့်စားခဲ့လဲ။ စဥ်းစား နင့်ဦးနှောက်က သေချာစဥ်းစား.... ''

'' မဟုတ်ဘူး မေ....မေ့ကို..''

'' ပြီးတော့ရှိသေးတယ် အရမ်းချစ်ခဲ့တာဟုတ်လား..ဟား.ဟား..ရီရတယ်နော်...အဲ့နေ့က ငါနင့်ကို ဘယ်လောက်တောင်စောင့်ခဲ့လဲ သိလား။ ငါ့မှာ ဘုမသိဘမသိနဲ့ ငါ့သူငယ်ချင်း ကို နင်ယုတ်မာနေတာတောင် မသိပဲ....ငါမသိတဲ့သူစိမ်းပတ်ဝန်းကျင်မှာ မိန်းကလေးတန်မဲ့ တစ်ယောက်တည်း နင့်ကို ယုံပြီးငါစောင့်ခဲ့တာ။ ဒီမှာ စိုင်းမင်းနွယ်......ယုံကြည်မှုဆိုတာ တစ်ခါပျက်စီးသွားရင်ဘယ်တော့မှ ပြန်ပြင်လို့မရဘူးဟဲ့ ''

အဇူး စိတ်ဆိုးဆိုးနှင့် စိုင်းမင်းနွယ်လက်မောင်းတွေကိုရိုက်ပုတ်ကာ ဒေါသတကြီးပြောနေသည်။

'' အခု ကို အဲ့ကိစ္စနဲ့ပတ်သတ်ပြီး နောင်တရတယ်။ မေ ဒီလို ကို့ ကို မကောင်းတဲ့ လူအဖြစ်မြင်သွားမယ်မှန်းသိရင် အစကတည်းက ကို အဲ့လိုလုပ်ခဲ့မှာ မဟုတ်ဘူး မေ။ လူတိုင်းမှားတတ်ကြ တာပဲ ။ ကိုလည်းလူထဲကလူပဲ တစ်ခါလောက်တောင်ကို့ ကို အခွင့်အရေးပြန်မပေးတော့ဘူးလား ''

စိုင်းမင်းနွယ် ပြောရင် မျက်ရည်စတို့ဝေ့သီလာသည်။ အဇူး စိုင်းမင်းနွယ် မျက်ရည်တွေကိုမသိချင်ယောင်ဆောင်ပြီးကျောခိုင်းကာ...

'' နင်တို့ ညီအကိုတွေကလေ အကုန်အတူတူပဲ တစ်ကိုယ်ကောင်းသမား...အတ္တသမားတွေချည်းပဲ နင်တို့ဖြစ်ချင်တာပဲတွေးကြတယ်။။ ဘာတဲ့ တစ်ယောက်ကလည်း လုပ်ချင်တာကိုရှေ့မကြည့်နောက်မကြည့်လုပ်ပြီးမှ မျက်ရည်ခံလာထိုးနေတယ်။ တစ်ယောက်ကလည်း ရည်းစားထားတာကို အပြစ်ကြီးတစ်ခုလိုဟန်လုပ်နေတယ်။ နောက်တစ်ယောက် ကျတော့လည်း ငါ့သူငယ်ချင်း ကိုပစ်ချသွားလိုက်တာများ အသည်းနှလုံးမရှိတဲ့အတိုင်းပဲ။ ပြီးရင်လည်း နင်တို့ကပဲ သူတော်ကောင်းတွေလိုလို လုပ်ပြီး အသံကောင်းဟစ်ကြတယ်။ အေးပါ မှားခဲ့တာငါတို့တွေပါ နင်တို့ညီအကိုတွေနဲ့ ပတ်သတ်မိတဲ့ငါတို့ကပဲမှားခဲ့တာ... ''

'' ကို တကယ်တောင်းပန်ပါတယ် ''

'' နင်တောင်းပန်ရမှာငါ့ကိုမဟုတ်ဘူး စိုင်းမင်းနွယ် ။တိမ်တိုက်ကို..နင် တိမ်တိုက်ကို တောင်းပန်ရမှာ.ဒီပွဲမှာ တိမ်တိုက်က မသေရုံတမယ်ပဲ။ သူ့မှာ သူငယ်ချင်းအရင်းကြီးကလည်းသစ္စာဖောက်သွားတာခံရ.... ချစ်ရသူကလည်းထားခဲ့တာခံရနဲ့။ သူမို့လို့သာ ခံနိုင်ရည်ရှိတာ ငါသာ သူ့နေရာမှာဆို နင်အခု စကားပြောနေတာ အုတ်ဂူနဲ့ ဖြစ်နေလောက်ပြီ ''

စိုင်းမင်းနွယ်ဆီမှ ဘာအသံမှ ထပ်မထွက်လာတော့ပဲ ရှိုက်သံလေးသာ သေးသေးလေးထွက်လာသည်။

'' ကို တောင်းပန်ပါတယ်ကလွဲရင် ပြောစရာစကားလည်းမရှိတော့ပါဘူး မေရယ်။ မေ ပြန်လက်ခံလာအောင် ကို ဘာလုပ်ရမလဲ ''

'' နောက်ကျနေပြီ ငါပြန်တော့မယ်.. ကိုယ့်ဘာသာပဲ ဆက်သွားလိုက်တော့ ''

အဇူးလည်း နောက်ပြန်လှည့်လာခဲ့တော့သည်။ သူမ ပါး မှာလည်း မျက်ရည်စ တစ်ချိူ့။

သူမလည်း စိုင်းမင်းနွယ် ကို သူ့ထက်မလျော့သော ချစ်ခြင်းတွေ့နှင့်ချစ်ခဲ့တာပင်။ သို့သော် လူမဆန်သော လုပ်ရပ်တွေက ပြန်လက်ခံနိုင်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ချေ။ စိုင်းမင်းနွယ် မျက်ရည်တွေကိုမြင်ရတာလည်း သူမအဖို့ ငရဲအလား ပူလောင်ရသည်။သို့သော် မတတ်နိုင်ခဲ့...ထိုမျက်ရည်တွေ ကူသုတ်ပေးဖို့ရာ မတတ်နိုင်ခဲ့။

..............

ရာသီတွေအလီလီပြောင်းကာ အချိန်တွေလည်း တရွေ့ရွေ့ ကုန်ဆုံး လာသည်။
ဆောင်းရာသီကိုလည်း အေးစက်စွာ တစ်နေရာ တစ်ယောက်စီကုန်ဆုံးခဲ့သည်။ စတင်တွေ့ဆုံခဲ့သော နွေဦးကိုလည်း လွမ်းလွမ်းမောမော ပင် ဖြတ်သန်းခဲ့သည်။
ပျော်ရွှင်စရာနှင့် နာကျင်စရာတွေ ရောပြွန်နေသော မိုးရာသီကိုလည်း အလွမ်းမျက်ရည်စိုစိုစွတ်စွတ်နှင့် ကျော်လွန်ခဲ့သည်။

တစ်နှစ်ဆိုသည့်အချိန်လေးဟာ တစ်ခဏအတွင်းပင် ကုန်လွန်သွားသည်။ အလုပ်တစ်ဖက်နှင့် ကျောင်းတက်ရင်းပင် တက္ကသိုလ် နောက်ဆုံးနှစ်ကို ပြီးဆုံးခဲ့သည်။ ပြီးခဲ့သည့်နှစ်က အကျင့်က ဒီနှစ်မှာလည်းပါလာပုံပင်...မိုးရွာနေချိန်အိမ်မှာရှိလျှင် အိပ်ဆေးမသောက်ရင်တောင် အိပ်ငိုက်လာ၍ အိပ်ဖြစ်သည်။

အလုပ်တွေလုပ်သည်။ နောက်ဆုံးနှစ်မို့စာကိုအသေအလဲ ကြိုးစားလုပ်ခဲ့သည်။ တစ်ခါတလေ ခွန်းကိုလွမ်းတိုင်း ဂီတာတီးကာသီချင်းဆိုပြီး ဆိုရှယ်မီဒီယာ ပေါ် တင်သည်။ တင်သည့်အခါတိုင်းတွင်လည်း Waiting Mg ဆိုသည့် Hastag လေးနှင့် တင်လေ့ရှိသည်။

သည်ရက်ပိုင်းတွင်တော့ အားရှိအောင် အထူးဂရုစိုက်နေနေရသည်။
စာမေးပွဲ မတိုင်ခင်ကတည်းကပင် အလုပ်မှ အပြီးထွက်လိုက်ပြီဖြစ်သည်။ ဘာလို့ဆို နှစ်ကုန်ပိုင်းတွင် တိမ်တိုက် နှလုံး ခွဲစိတ် ရမှာဖြစ်သည်။

အခုတော့ အိမ်မှာပင် အိပ်လိုက်စားလိုက် လုပ်နေရုံသာပေါ့။ တစ်ခါတလေ ဒေါ်ယုယမြိုင်ဆိုင်ကို လိုက်သွားသည်။ ရှန်မင်းကတော့ ဒီ ကျောင်းပိတ်ရက်တွေ မအားတော့ပေ။ တက္ကသိုလ် စတုတ္ထ နှစ် စတက်ကတည်းက ခွန်း ကျူရှင်မှာ ဝိုင်းသင်ပေးနေတာဖြစ်သည်။ ကိုယ်ပိုင်ကျောင်းနှစ်ခုနှင့် ကလေးတွေနှစ်ဖွဲ့အတွက် ကျောင်းပြန်ဖွင့်ချိန်တွင် ခွန်းအတွက် အချိန်မလောက်တော့ပေ။

ခွန်းက ကျောင်းပြန်သည့်အချိန် ဦးဖြိုးရဲ့ကျောင်းတွင် သင်္ချာအတန်းသွားသင်ပေးချိန်တွင် ရှန်မင်းက ကျူရှင်က ကလေးအဖွဲ့ကိုသင်သည်။ ခွန်းပြန်လာလျှင် ပုကြူးတို့ အုပ်စုကိုသွားသင်ပြီး ညကျလျှင် ဝင်နေကျ ဂိုက်ကိုသွားဝင်ပေးရသည်။

ကလေးတွေနွေရာသီစာမေးပွဲပြီးချိန်တွင် ခွန်းတို့ တစ်လလောက်သာ အေးဆေးနားရသည်။ သင်္ကြန် ပြီးတာနှင့် မေလတွင် ကိုယ်ပိုင်ကျောင်းများပြန်ဖွင့်ကာ မနှစ်က ပုကြူးလေးတို့အဖွဲ့ကိုလည်း ကျူရှင်စသင်ရတော့သည်။ မနှစ်ကထက် ပုကြူးတို့အုပ်စုမှာ ပိုများလာသည်။ ဒီလိုနှင့် ခွန်းတို့ ဒုတိယနှစ်ဝက်မတက်ခင်အထိ ကိုယ်ပိုင်ကျောင်း ၂ခု နှင့် ပုကြူးတို့အုပ်စုကို အချိန်လှည့်ပြီးသင်သည်။

ကျောင်းများပြန်ဖွင့်ချိန်တွင်တော့ ပြီးခဲ့သည့်နှစ်အတိုင်း ရှန်မင်းနှင့် တစ်လှည့်စီသင်ကြသည်။ သို့သော် တက္ကသိုလ် ဝင်စာမေးပွဲများအောင်စာရင်းထွက်ချိန်တွင် ခွန်းဟာ အတော်လေး နာမည်ကြီးသွားသည်။ သင်္ချာသီးသန့်ဝင်ပေးထားသော ဦးဖြိုးတို့ကိုယ်ပိုင်ကျောင်းတွင် ခွန်းသင်သော အတန်းက ကလေးအားလုံး နီးပါ သင်္ချာဂုဏ်ထူးထွက်ကြသည်။ ကျပါသည်ဆိုသည့်ကျောင်းသားကတောင် ခွန်းသင်သောသင်္ချာဘာသာတွင်ဂုဏ်ထူးပါလေသည်။

ထို့ပြင် နောက်ကိုယ်ပိုင်ကျောင်းတစ်ခုကလည်း အောင်ချက်ကောင်းကောင်းထွက်လာတာကြောင့် ခွန်းက ကိုယ်ပိုင်ကျောင်းများကြားတွင် တဖြည်းဖြည်း ကျော်ကြားလာသည်။ ထိုသတင်းကြောင့် ခွန်းကို ဂိုက် ငှားချင်ကြသော ကိုယ်ပိုင်ကျောင်းတွေ အများကြီးထွက်လာသည်။ ထို့ပြင် ခွန်း၏ ကျူရှင်အသစ်လေးဟာလည်း တဖြည်းဖြည်း လူသိများလာပြီး တစ်နေ့တစ်နေ့ တခြားအတန်းစုံက ကလေးတွေပါလာအပ်ကြမို့ မနည်းတောင်းပန်ကာ ငြင်းလွှတ်ရသည်။

သို့သော်ခွန်းက ကျောင်းသားပဲရှိသေးတာမို့ အချိန်တွေအများကြီး မပေးနိုင်ပေ။ နောက်တော့ အထက်တန်းကျောင်းသားတော်တော်များကလည်း ခွန်းကို သီးသန့်ဂိုက်ငှားချင်လာကြသည့်အပြင် ကျောင်းသားမိဘတွေကလည်း သူ့ထက်ငါအပြိုင် ခွန်းကို ဂိုက်သင်ပေးရန် ​ပြောလာကြသည်။ ကမ်းလှမ်းလာသော ကျူရှင်ခတွေကလည်း နည်းနည်းနောနောပင်။ ထို့ကြောင့် ခွန်းသေချာစဥ်းစားခဲ့ရသည်။

ဦးဖြိုးတို့ကျောင်းကတော့ စေလွန်းညို တို့နှင့်အသိဖြစ်နေတာကတစ်ကြောင်း ခွန်းကို လစာတိုးပေးလာသည်တစ်ကြောင်းမို့ သင်မြဲအတိုင်းဝင်သင်ပေးသည်။
ညဘက် ဝင်ရသောဂိုက်ကိုတော့ အခြားတစ်ယောက်နှင့် အစားထိုးထည့်ပေးခဲ့ကာ ထိုအချိန်တွင် ဆယ်တန်းသီးသန့် ကျူရှင်ဝိုင်းလေး သင်သည်။ ပုကြူးလေးတို့ကိုတော့ပုံမှန်အတိုင်းပဲ သင်သည်။

ဆယ်တန်းတွေမှာ တစ်ဘာသာချင်းစီ နှုန်းထားတစ်ခုနှင့် ပိုက်ဆံရသည်မို့ ခွန်းအတော်လေးတွက်ချေကိုက်လာသည်။ အဓိက လာအပ်ကြသည်က သင်္ချာအဓိက ဖြစ်ပြီး အခြားဘာသာတွေလည်း ပူးတွဲအပ်လာကြသည်။ ဘာသာစုံတော့ ခွန်းမနိုင်သည်မို့..ရှန်မင်းအပြင် အဒွေးကိုပါ အကူအညီ တောင်းရသည်။ ခွန်းက ရှန်မင်းနှင့်အဒွေးတို့ကိုလည်း ရသင့်ရထိုက်သည့်လစာကို ပေးသည်။

အခုဆို ပညာရေးတက္ကသိုလ် မှကျောင်းသား၃ယောက် သင်ပေးသော ခွန်း၏ ကျူရှင်လေးတွင် ကျောင်းသားက အမြဲမပျက်ရှိနေတတ်ကာ စည်ကားနေသည်။
ကျူရှင်ရှေ့တွင် စျေးလာရောင်းသူများတောင်ရှိနေပြီဖြစ်သည်။

ခွန်း၏ တဖြည်းဖြည်းအောင်မြင်လာပုံကို တိမ်တိုက်တစ်ယောက် တစိမ့်စိမ့်စောင့်ကြည့်ကာပီတိဖြစ်ရသည်။ အောင်မြင်လာသည့်နောက်တွင် ခွန်း၏ ပင်ပန်းမှုတွေ ဖိအားတွေအတွက်တော့ စိတ်မကောင်းပေ။ နောက်တစ်ခေါက်ကျောင်းပြန်ဖွင့်ချိန်တွင် ခွန်းတို့ ၃ယောက်ပိုပင်ပန်းတော့မှာပင်။ တက္ကသိုလ်နောက်ဆုံးနှစ်ဖြစ်ကြသည့်အပြင် ဆယ်တန်းတွေကိုလည်း သင်နေရသောကြောင့် ဖိအားတအားများတော့မှာဖြစ်သည်။

အခုတော့ သုံးယောက်လုံး ကျောင်း ၊ ကျူရှင်နှင့် လုံးလည်ချာလည်လိုက်နေတော့သည်။ မအားလွန်းတာကြောင့် ရည်းစားတွေကလည်းငြိုငြင်ချင်နေကြပြီဖြစ်သည်။ အဒွေးဆို သူ့ကောင်လေးနဲ့ ပြတ်လုဆဲဆဲ ဖြစ်နေပြီး ရှန်မင်းကတော့ ကိုကိုငြိုငြင်တာကို အပီအပြင်ခံနေရပြီဖြစ်သည်။ ခွန်းက ရည်းစားမရှိသေးသော်လည်း ကျေးဇူးရှင် ဆရာသမား ထွဋ်ခေါင်နှင့် ဆက်ဆံရေးကျဲလာတော့သည်။ ထွဋ်ခေါင်ဘက်ကိုလုံးဝအချိန်မပေး နိုင်ပဲ ရှိနေသည့်အပြင် ထွဋ်ခေါင်ဆီမှ ထောက်ပံ့ငွေလည်းမလိုတော့သည်မို့ မပို့ပေးတော့ရန်ပြောထားပြီးပြီဖြစ်ရာ ထွဋ်ခေါင်က

'' ညီ.. အကို့အရိပ်ကထွက်သွားဖို့လုပ်နေတာလား ''

'' မဟုတ်ပါဘူး ဆရာ။ ကျွန်တော်က ကျွန်တော့်ဘဝတက်လမ်းအတွင်လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာပါ။ တစ်ချိန်လုံးကြီး ဆရာ့ဆီက အကူအညီယူနေ လို့ မရဘူးလေ ''

ထိုအခါကျ ထွဋ်ခေါင်ဘက်က ပြောစရာစကားမရှိတော့ပေ။ တိမ်တိုက်နဲ့လည်း ခွဲနေပြီး သူ့အရိပ်အောက်က ထွက်ဖို့ကြိုးစားနေသော ခွန်းကိုထွဋ်ခေါင်နားလည်ရခက်နေသည်။

ခွန်းက ဒီကြားထဲတွင် ဆရာဝန်နှင့် ဆွေးနွေးကာ ကုသမှု ခံယူလိုက်သေးသည်။
တိမ်တိုက်နှင့်ဆို အဲ့လိုမဖြစ်တော့ကြောင်း ပြောပြတော့ ဆရာဝန်က အတော် အံ့ဩ သွားသေးသည်။ နှစ်တွေအကြာကြီး နည်းလမ်းပေါင်းစုံနှင့် ခွန်း ၏ truama ကိုကုလာသော်လည်း မပြောင်းလဲပဲရှိရာ.. ယခုအခါမှ ကောင်လေးတစ်ယောက်ကြောင့်သက်သာ သည်တဲ့လေ။

ဆရာဝန်က ခွန်းကို လူများသည့်နေရာတွေများများသွားခိုင်းသည်။ လူအများကြီးရှေ့တွင် စကားများများပြောခိုင်းသည်။ ခွန်းကထူးတော့ထူးဆန်းသည်။ ကျောင်းသားနှင့်ကလေးတွေရှေ့ကျ မဖြစ်ပဲ.... လူကြီးပိုင်းတွေရှေ့သာ ဖြစ်လေ့ရှိသည်။ ထို့ကြောင့် ကျောင်းသားမိဘတွေနှင့် အစည်းအဝေး ခဏခဏ လုပ်စေချင်သည်။ လူတွေရဲ့အကြည့်နှင့် ခွန်းနေသားကျလာဖို့ မျှော်လင့်နေရတာပင်။

နောက်တော့ ဆရာဝန်ပြောသည့်အတိုင်းပင်...လူတွေရဲ့ တီးတိုး သံတွေကြောင့် ရောဂါထလာလျှင် တိမ်တိုက်ကို တွေးကြည့်ခိုင်းသည်။ သို့မဟုတ် တိမ်တိုက် ဓာတ်ပုံတစ်ပုံကိုအမြဲဆောင်ထားခိုင်းကာ အသုံးလိုလာသည့်အခါ ထုတ်ကြည့်ခိုင်းသည်။ ဤနည်းက ခွန်းနှင့် တဖြည်းဖြည်းအဆင်ပြေလာခဲ့သည်။ အဲ့သည့်အတိုင်းဆို ခွန်း မကြာခင် လုံးဝ သက်သာသွားတော့မှာပင်။

.............

ကျွီ........

တစ်ရက် တိမ်တိုက် လှည်းတန်းတွင် လမ်းဖြတ်ကူးနေတုန်း... မီးပွိုင့်စိမ်းသွားသည်ကို သတိမထားလိုက်ပေ။ ထိုစဥ်... အနောက်မှ ဘရိတ်အုပ်သံ အကျယ်ကြီးကြောင့် တိမ်တိုက် ရုတ်တရက်လန့်သွားကာ နှလုံးခုန်မြန်လာ​တော့သည်။ မတိုက်မိသော်လည်း ရုတ်တရက်နှလုံးက ဖောက်လာသည်မို့ နေရာမှာတင် တိမ်တိုက်လဲကျသွားပြီး အိတ်ထဲမှဆေးဘူးကို အမြန်ရှာနေသည်။

'' ကောင်လေး ဘာဖြစ်သွားသေးလဲ ''

ရင်ဘတ်ကိုဖိကာ မောနေပုံရသောကြောင့် ကားပေါ်ကဆင်းကာ မေးလိုက်သည်။ ဝတ်စုံပြည့်နှင့်ထို လေးဆယ်ကျော်ဟုထင်ရသော ဦးလေးကြီးက တိမ်တိုက်နားရောက်လာသည်။ တိမ်တိုက် သူ့အမှားမို့ တောင်းပန်ရန် ထိုလူကြီးကိုမော့ကြည့်လိုက်တော့...

'' ကျွန်တော် တောင်းပန်ပါ......အား......မလာနဲ့ ''

ရုတ်တရက် ထိုလူကြီးကိုကြည့်ကာ တိမ်တိုက် မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်ကာ အတင်းအော်တော့သည်။ ထိုလူကြီးလည်း ကြောင်သွားကာ တိမ်တိုက်ကို လက်လှမ်းလိုက်တော့ အထိမခံပဲအနောက်ကိုသာ ဆုတ်သွားသည်။

'' မလာနဲ့..ခင်ဗျား...ကျွန်တော့် အနားမလာနဲ့...ထွက်သွား...အား....ထွက်သွား......ကြောက်တယ်....ခင်ဗျားကိုကြောက်တယ်...သွား...''

တိမ်တိုက် ဘီးလူးသရဲတွေ့သလို အာခေါင်ခြစ်ကာ ထိုလူကြီးကို အတင်းအော်သည်။

'' မဟုတ်ဘူးလေ ကိုယ်မင်းကိုဘာမှမလုပ်ရသေးဘူး ''

'' အီး...မောင်ရေ...ကယ်ပါဦး ...ကျွန်တော်ကြောက်တယ်...အီး....''

ဒူးနှစ်ဖက်ကိုကွေးကာ မျက်နှာကိုအပ်ချလိုက်ပြီး နားနှစ်ဖက်ကိုလည်း လက်တွေနှင့်ပိတ်ကာ တိမ်တိုက် ကယောင်ကတမ်းတွေပြောကာ အော်ငိုနေသည်။

ရှေ့ကလူကြီးလည်း အကြောင်းမဲ့ သက်သက်ငိုနေသောတိမ်တိုက်ကို စိတ်မရှည်စွာဖြင့် နားတွင်အုပ်ထားသော လက်နှစ်ဖက်ကို အားနှင့် အတင်းဆောင့်ဆွဲခွာလိုက်သည်။

'' ဒီမှာ...''

'' အား........''

ရုတ်တရက်လာဆောင့်ဆွဲသောကြောင့် တိမ်တိုက် အားကုန်အော်ချလိုက်ကာ ထိုနေရာမှာတင် သတိမေ့ကာပစ်လဲသွားသည်။ ထိုစဥ်

'' တိမ်တိုက်.....''

အော်ပြီး လာပြေးပွေ့သူက ခွန်း။ ဘေးက ရှန်မင်းလည်းပါသည်။ နှစ်ယောက်သား ကျောင်းကအပြန် လှည်းတန်းဝင်ကြရင်း လူတွေ ရုန်းစုရုန်းစုဖြစ်နေတာကိုသတိထားမိသော်လည်း ကိုယ့်ကိစ္စ မဟုတ်၍ ဒီတိုင်းကျော်လာကာမှ ရုတ်တရက် တိမ်တိုက်၏ စူးစူးဝါးဝါးအသံကိုကြားလိုက်ရ၍ လူအုပ်ကိုဖြတ်ကာ ကြည့်လိုက်တော့ တိမ်တိုက်က ကတ္တရားလမ်းပေါ် လဲကျနေတာကိုတွေ့ရသည်။
ထိုအခါ ခွန်းတစ်ယောက် သွေးတွေတောင်ပြောင်းပြန်စီးသွားသလိုပူထူသွားပြီး တိမ်တိုက် ကိုအရင်ပြေးပွေ့လိုက်သည်။

'' တိမ်တိုက်...ကလေး..သတိထားဦးလေ..တိမ်တိုက်.. ''

'' ကိုယ့်ကြောင့် မဟုတ်ဘူးနော်....''

ဘေးကလူကြီးကလည်း သူ့ကိုတိုင်လာပတ်မှာစိုးသည့်အလားအတင်းငြင်းနေသည်။

'' ကျွန်တော်တို့ကို ဆေးရုံအရင်ပို့ပေးပါ ''

တိမ်တိုက်ကိုသာ ခေါ်နေသော ခွန်းကြောင့် ရှန်မင်းကပဲ ဆေးရုံသွားရန် အကူအညီတောင်းရသည်။ ထိုအခါ ထိုလူကြီးကသူ့ကားပေါ်တင်ခိုင်းပြီး အနီးဆုံးဆေးရုံကိုပို့ပေးလိုက်သည်။

ဆေးရုံရောက်တော့ အရေးပေါ်အခန်းတန်းရောက်ကာ အချိန်မှီတယ်ဆိုရုံလေး တိမ်တိုက်ကိုကယ်တင်နိုင်ခဲ့ကြသည်။ တိမ်တိုက်ကြောင့် ဘာမှမလုပ်နိုင်သောခွန်းကြောင့် ရှန်မင်းက ဆေးရုံကိစ္စအဝဝကို လိုက်လုပ်ပေးရသည်။ စိတ်ချရသော အချိန်တွင် ခွန်းက တိမ်တိုက်အနားမှာသာနေပြီး တိမ်တိုက်နိုးလာမှာကိုစောင့်နေသည်။

လိုက်ပို့ပေးသော လူကြီးက ရှန်မင်းကိုအစအဆုံးသေချာရှင်းပြလိုက်ပြီး oversea ထွက်ရမှာမို့ ဆေးရုံစရိတ်တွေရှင်းပေးခဲ့ကာ အရင်ထွက်သွားသည်။
ဆေးရုံအပေါက်ဝကအထွက် ကပျာကယာနှင့်သုတ်ခြေတင်ကာ ဝင်လာသော အမျိူးသမီးတစ်ယောက်ကိုထိုလူကြီး သေချာစိုက်ကြည့်ကာ

'' မြင်ဖူးနေသလိုပဲ ဘယ်သူပါလိမ့်...''

တစ်ယောက်တည်းရေရွတ်နေချိန် ထိုအမျိူးသမီးက သူ့ကိုကျော်သွားတော့သည်။

ဒေါ်ယုယမြိုင်လည်း ရှန်မင်းဆီမှ ဖုန်းရကာ ဆိုင်မှ အမြန်ထွက်လာခဲ့တာဖြစ်သည်။ ဒီရောက်တော့ စိတ်ချရပြီဟု ပြောသဖြင့် ရင်ထဲမှအလုံးကြီးကျသွားတော့သည်။

'' ဘယ်လိုဖြစ်တာတဲ့လဲ သား ''

ဆေးသွင်းထားသော တိမ်တိုက်လက်လေးကိုသာ ခွန်းကဆုပ်ကိုင်ထားပြီး ဘာမှ ပြန်မဖြေတာမို့ ရှန်မင်းကပဲ အစအဆုံးပြောပြလိုက်သည်။

ဒေါ်ယုယမြိုင်လည်း ထူးဆန်းနေသည်။ တိမ်တိုက်ဒီလိုပုံစံက တစ်ခါမှ မဖြစ်ဖူးသေးချေ။

ညမိုးချူပ်သည်အထိ တိမ်တိုက်က နိုးမလာသေးပေ။ ခွန်းကလည်းနေရာကမထပဲ တိမ်တိုက်နားမှာပဲ နေသည်။

'' သား ခွန်း..ထမင်းသွားစားကြဦးလေ။ ''

'' မစားသေးဘူး အမေ ။ တိမ်တိုက်နိုးလာမှပဲ ''

ရှန်မင်းက အိမ်ပြန်ကာ လိုအပ်သည်များကိုပြန်ယူလာခဲ့သည်။ အိမ်ပြန်မည့်ပုံလည်းပေါ်မနေသော ခွန်းအတွက် အဝတ်အစားအပိုပါထည့်ပေးလာခဲ့သည်။ ထို့ပြင် ထွက်စားမှာ မဟုတ်မှန်းကြိုသိ၍ အပြင်ကတစ်ခါတည်း ညစာဝယ်သွားလိုက်သည်။

မစားဘူးလုပ်နေသော ခွန်းကြောင့် ရှန်မင်း မနည်းချော့ကျွေးလိုက်ရသည်။
ဆရာဝန်တွေလာစစ်ဆေးတော့လည်း တိမ်တိုက်က နိုးမလာသေးသည်ကလွဲ၍ ကျန်တာအားလုံးပုံမှန် ဖြစ်နေသည်။

ဒေါ်ယုယမြိုင်နှင့် ရှန်မင်းက မှေးခနဲအိပ်ပျော်သွားကြသော်လည်း ခွန်းကတော့ တိမ်တိုက်လက်ကို ဆုပ်လိုက် ကိုင်လိုက်နှင့် တိမ်တိုက်အနိုးကို မအိပ်ပဲထိုင်စောင့်နေသည်။

မနက်ရောက်သည်အထိ တိမ်တိုက်နိုးမလာသေး။

'' ကိုခွန်း... ကျောင်းမသွားတော့ဘူးလား ''

'' မင်းပဲ သွားလိုက်တော့ ကိုယ့်ကိုခွင့်တိုင်ထားပေး။ ''

ပြောမရသည်မို့ ခွန်းကိုဒီတိုင်းထားခဲ့ကာ ရှန်မင်းပြန်လာခဲ့သည်။ တိမ်တိုက်က နေ့လည်ရောက်သော်လည်း မနိုးလာ။ ညနေစောင်းသည်အထိ မနိုးလာသေး၍ ခွန်း စိတ်တွေပူကာဆရာဝန်တွေကိုသွားထပ်ခေါ်လာပြန်သည်။

'' ဒေါက်တာ သူကဘာလို့မနိုးသေးတာလဲ..ဒေါက်တာတို့များ တစ်ခုခုမှားနေသလား ''

'' အကုန်လုံးကပုံမှန်ပါပဲ.... ဆရာတို့ယူဆတာကတော့ လူနာတစ်ခုခုကိုတော်တော်လေးလန့်သွားပုံရပြီး ဦးနှောက်ကို ရှော့ရိုက်သွားတာ။ အဲ့တာကြောင့်မနိုးသေးတာ ။အသက်အန္တာရယ်ကတော့လုံးဝမရှိပါဘူး စိတ်ချပါ ''

တိကျသည့်အဖြေမပေးပဲ ထွက်သွားသောဆရာဝန်တွေကြောင့် ခွန်းစိတ်ပျက်လက်ပျက် ပြန်ထိုင်ချလိုက်သည်။

နှစ်ရက်ဆက်တိုက် ခွန်းနေရာကမရွေ့ပဲစောင့်သည်။ သို့သော်တိမ်တိုက်က နိုးမလာသေး။ တိမ်တိုက်ကိုသန့်ရှင်းရေးတွေဘာတွေ သူတိုယ်တိုင်လုပ်ပေးသည်။

'' ကိုခွန်း ကျောင်းပျက်တာ ၂ရက်ရှိပြီနော်။ ပြီးတော့ ကျူရှင်မှာ ကလေးတွေရှိသေးတယ်လေ ''

'' တိမ်တိုက်မှ မနိုးသေးတာကွာ... ''

'' ကိုခွန်း တိမ်တိုက်က စိုးရိမ်စရာမရှိဘူးလို့ ဆရာဝန်ကြီးတွေကပြောတယ်မလား... အခု သူနိုးမလာသေးတာက ကောင်းကောင်းအနားယူနေလို့ဖြစ်မှာပါ။
ပြီးတော့ ကိုခွန်း တိမ်တိုက်အတွက်ဆိုပြီး လုပ်ခဲ့အရာတွေအားလုံးကို ကိုခွန်းလက်နဲ့ ပြန်ဖျက်စီးတော့မလို့လား။ ''

ခွန်းတကယ်ကို ကြောင်တောင်တောင် ကြီး​ဖြစ်နေသည်။ ဘာမှလုပ်ချင်စိတ်မရှိအောင်ကို ခန္ဓာကိုယ် ကြီးကလေးလံနေသည်။ ​ဖြစ်နိုင်ရင် တိမ်တိုက်နားက တစ်ဖဝါးမှ မခွာချင်။

'' ကိုခွန်း... ကိုခွန်း သန်မာမှ ရမယ်နော်...တိမ်တိုက်က ယုံကြည်ထားတာ ''

နောက်ရက်ကျတော့ ခွန်း ကျောင်းပြန်တက်သည်။ တစ်နာရီ တစ်ခါလောက် ဒေါ်ယုယမြိုင်ကို တိမ်တိုက် နိုးပြီလားဟု ဖုန်းဆက်မေးသည်။ သည်လိုနှင့် သုံးလေးရက်ကြာသည်အထိ တိမ်တိုက်က နိုးမလာသေး။

တိမ်တိုက် ကို ပြနေကျ ဆေးရုံသို့ ပြောင်းတင်လိုက်သည်။ တခါတရံ အဇူးနှင့် ကိုကိုတို့ကလည်း ဆေးရုံလာစောင့်ပေးကြသည်။ ဆယ်တန်းကလေးတွေ စာမေးပွဲ ရှိနေတာမို့ ခွန်းနှင့် ရှန်မင်းတို့ လုံးဝမအားကြပေ။ သို့သော် ခွန်း နည်းနည်းလေးအားသည်နှင့် တိမ်တိုက်ဆီရောက်ရောက်လာတတ်သည်။

သည်လိုနှင့်.....

တစ်လကြာသွားသည်အထိ တိမ်တိုက်က အိပ်ပျော်နေသည့်အလား လုံးဝနိုးမလာသေးချေ။

'' ဆရာထင်တာကတော့ တိမ်တိုက်က ကိုမာဝင်နေတာ... ''

'' ဘယ်တော့လောက်ဆို နိုးလာနိုင်လဲဆရာ ''

'' အဲ့တာက သူ့အပေါ်မူတည်တယ်..နောက်ရက်လည်းပြန်နိုးလာနိုင်သလို နောက်တစ်နှစ်မှ နိုးလာတာလည်းဖြစ်နိုင်တယ်....အဓိက ကသူ့စိတ်ပဲ သူပြန်လာချင်စိတ်ရှိတဲ့အခါ သူပြန်လာလိမ့်မယ်။ သူမမေ့လဲခင် တစ်ခုခုကိုဆိုးဆိုးဝါးဝါးကြုံသွားလို့ ပြန်လာဖို့ကြောက်နေတာဖြစ်ကောင်းဖြစ်နိုင်တယ်....အဲ့ဒါကြောင့် ဆရာပြောချင်တာက သူ့ကို စာဖတ်ပြတာတို့ စကားပြောနေတာမျိူးတို့လုပ်ပေးစေချင်တယ်။ အဲ့ဒါဆိုရင် တိမ်တိုက် မြန်မြန်နိုးလာမှာ ''

ခွန်းသက်ပြင်းအရှည်ကြီးချကာ တိမ်တိုက်ဘက်လှည့်ကြည့်လိုက်တော့ ထိုကလေးလေးက အပြစ်ကင်းကင်းနဲ့ကို ကုတင်ပေါ်လှဲနေတာဖြစ်သည်။ အပြင်ကလူတွေမှာတော့ ကမ္ဘာတွေပျက်လို့။

တိမ်တိုက် မနိုးလာသေးသည့်အချိန်တွင် သူ့နှလုံးကလည်း တဖြည်းဖြည်း ဆိုးလာနေတာကို သိလိုက်ရသည်။ မဖြစ်မနေခွဲစိတ်ရမည့်အနေအထားမို့ ဒေါ်ယုယမြိုင်လည်း ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာနောက်ဆုံး ခွဲစိတ်ဖို့ သဘောတူလိုက်ရသည်။

ထိုအချိန်က ဆယ်တန်းတွေ စာမေးပွဲကာလဖြစ်နေသည်မို့ ခွန်းတစ်ယောက် ရူးချင်ချင်ဖြစ်နေရှာသည်။ ကျောင်းသားမိဘတွေက ပေးသော Pressure ကတစ်မျိူး။ မေ့မျောသည့်အပြင် ​နှလုံးပါခွဲစိတ်ရတော့မည့် တိမ်တိုက်ကြောင့်လည်း ခွန်းစိတ်တွေပူကာ မစားနိုင်မသောက်နိုင်နှင့် လုံးပါးပါး ပါးနေပြီဖြစ်သည်။

ခွန်းပါထပ်မလဲကျသွားဖို့အရေး ရှန်မင်းနှင့်အဒွေးကလည်းဘေးတွင် ကြုံသလိုအားပေးရသေးသည်။ တကယ်ကို ပြာယာခတ်နေရသော ကာလဖြစ်သည်။ ညဘက်တွေ ဆေးရုံသွားကာ မနက်ဘက်ကျ အားဆေးသောက်ပြီး ကလေးတွေကို စာသင် သည်။

ယခုနှစ်ဆယ်တန်းတွေက ခွန်းအတွက် ပထမဆုံးခြေလှမ်းဖြစ်သည်မို့လည်း သေချာအာရုံစိုက်ရသေးသည်။ ပင်ပန်းနေသည့်ကြားက ကလေးတွေကိုလည်း မလစ်လပ်သွားအောင် ဂရုစိုက်ပေးနိုင်ခဲ့သည်။

ကလေးတွေ စာမေးပွဲ ဖြေသည့်နောက်ဆုံးရက်တွင် တိမ်တိုက် နှလုံးခွဲစိတ်မည် ဖြစ်သည်။ ခွန်းကတော့ ညကတည်းက ဆေးရုံကို ရောက်နေပြီး..ရှန်မင်းတို့နှင့် ကလေးတွေကိုထားခဲ့သည်။

'' ဒေါက်တာ ဝင်ခွင့်ပြုပါ ''

'' ဪ သား လာလေ ''

ဒေါက်တာထင်လင်း အခန်းထဲသို့ ခွန်းဝင်သွားသည်။

'' ဟို ဒေါက်တာတို့ကို ယုံပါတယ်..ဒါပေမယ့် သေချာလေး ကြိုးစားပေးပါနော်။ တိမ်တိုက်တစ်ခုခု ဖြစ်သွားလို့ မဖြစ်လို့ပါ ။ ကျွန်တော် အနူးအညွတ်တောင်းဆိုတာပါ ''

တစ်ခါမှ သည်လောက်နှိမ့်ချကာ မရိုကျိူးဖူးသော ခွန်း ယခု ဒေါက်တာထင်လင်းအရှေ့တွင်။

ဒေါက်တာထင်လင်း ခွန်းကို စတွေ့ကတည်းက ခပ်ချေချေမျက်နှာထားကိုသာမှတ်မိနေတာဖြစ်ပြီး အခုလိုကျပြန်တော့ တကယ်ကို သနားစရာကောင်းနေပြန်သည်။ သိသိသာသာချောင်ကျသွားသောမျက်နှာက ခွန်းဘယ်လိုနေထိုင်နေသည်ဆိုတာကို ဖော်ပြနေသည်မို့ သက်ပြင်းလေး ချကာ

'' ဆရာတို့ အတတ်နိုင်ဆုံး ရအောင်ကြိုးစားမှာပါ။ တိမ်တိုက်ဆိုတာလည်း ဆရာ့သားလေးလိုဖြစ် နေပါပြီ။ မင်းလောက်မဟုတ်ပေမယ့် တိမ်တိုက်ကို ဘာမှ မဖြစ်စေချင်တဲ့စိတ် ဆရာ့မှာရှိပါတယ် ''

ခွန်း သေချာလေးကျေးဇူးတင်ကြောင်းပြောပြီး တိမ်တိုက်အခန်းဆီပြန်လာခဲ့သည်။ ဒေါ်ယုယမြိုင်တို့က မနက်မှ စောစောပြန်လာကြမည်ဖြစ်၍ အခန်းထဲတွင် သူတို့နှစ်ယောက်သာရှိသည်။

ခွန်း တိမ်တိုက်ကုတင်ပေါ် ခေါင်းမှောက်ချလိုက်ပြီး ပုခုံးလေးတွေ တသိမ့်သိမ့်တုန်ကာ အသံမထွက်အောင်ကြိုးစားပြီးငိုနေသည်။

'' ပြန်လာပေးပါကွာ.... မောင်တောင်းပန်ပါတယ် ပြန်လာပေးပါ ။ မင်းကို ထပ်မစောင့်ခိုင်းတော့ပါဘူးကွာ ပြန်လာပါ ''

ခွန်း ငိုသံတွေနှင့်ရောစွက်ကာ တစ်ယောက်တည်း ရှိုက်ကာပြောနေသည်။

နောက် ကုတင်ပေါ်တက်ကာ တိမ်တိုက်ခေါင်းလေးကိုအသာမပြီး သူ့လက်မောင်းပေါ်တင်ကာ ရင်ခွင်ထဲထည့်ဖက်ထားလိုက်သည်။

'' မောင်က အရမ်းချစ်တာမို့ အမြန်ပြန်လာရမယ်နော်။ အကြာကြီး စောင့်ခိုင်းရင်မောင်စိတ်ဆိုးမာဗျ... ''

ခွန်း မျက်ရည်တွေ ပြန်စီးကျလာပြန်သည်။

'' မင်းနိုးလာတာနဲ့..မောင်တို့လက်ထက်ကြမယ်...အိမ်သေးသေးလုံးတစ်လုံးမှာ မောင်နဲ့အတူ နေကြမယ်။ မင်းကအဝါရောင်ကြိုက်တာဆိုတော့ အိမ်လေးကို အဝါရောင်ဖျော့ဖျော့လေးသုတ်ကြမယ်။ ပြီးရင် ခြံထဲမှာ ပန်းပင်လေးတွေလည်း စိုက်မယ်.. မင်းက ပန်းတွေ ချစ်တယ်မလား။ ပြီးရင်မနက်တိုင်း မင်းအတွက် မိုင်လိုနဲ့ကော်ဖီကို မောင်သေချာဖျော်ပေးမယ်။ ညအိပ်ရင်လည်း မောင်က သီချင်းဆိုသိပ်မယ်လေ။ မောင် သီချင်းဆိုတာလေ့ကျင့် ထားတယ် သိလား မောင်မင်းကို ဒီည အစမ်းဆိုပြမယ် ''

ခွန်း ဒေါက်တာထင်လင်းကိုဖိအားသွားပေးခဲ့သော်လည်း မနက်ဖြန်ရဲ့ ခွဲစိတ်မှုဟာ ရာခိုင်နှုန်း နည်းမှန်း သိထားသည်။ မနက်ဖြန်ဟာ တိမ်တိုက်ရဲ့ အသက်ရှင်ချင်စိတ်ပေါ် အများကြီးမူတည်နေသည်။ ခွန်းအသံကိုတိမ်တိုက်ကြားနိုင်တာဟာ ဒီညက နောက်ဆုံးလည်းဖြစ်သွားနိုင်တာမို့ ခွန်း ယူကြုံးမရဖြစ်ကာ နာကျင်နေရသည်။

တိမ်တိုက် သီချင်းဆိုပြခိုင်းသည့်နေမှစ၍ ခွန်း သီချင်းဆိုတာလေ့ကျင့်ခဲ့တာဖြစ်သည်။ အခွင့်ကြုံလျှင် ဆိုပြရန် ရည်ရွယ်ခဲ့သော်လည်း ကံကြမ္မာကမျက်နှာသာမပေးခဲ့၍ ယခုမှ ဆိုပြရမည်​ဖြစ်သည်။

'' သေချာနားထောင်နော်...မောင်ကတစ်ခါပဲဆိုပြမှာ ''

ခွန်း မျက်ရည်စတွေကိုသုတ်လိုက်ပြီး ထပ်ခါထပ်ခါလေ့ကျင့်ထားသော သီချင်းသံကိုတိုးတိုးလေး စ ညီးသည်။

🌙💫

ကြယ်ပန်းလေးတွေပျိူးခဲ့ မင်းလေးပန်ဖို့အတွက်....

🌙💫
ရှိသမျှအချိန်တွေရယ် မင်းအရိပ်များထဲ လွင့်ပျောက်သွားဆဲ..

🌙💫
မင်းတစ်ယောက်သာ ငါ့ရဲ့ အမြဲမက်တဲ့အိပ်မက်....

🌙💫
အချစ်ရဲ့ ခေါ်ဆောင်ရာ...တစ်ရှိုက်မက်မက်နဲ့ မျောလွင့်ရင်းသာ

🌙💫
ကမ္ဘာမြေပေါ် နေပျော်ခဲ့.အရာရာငါကျေနပ်တယ်တယ်.....

🌙💫
ဘဝတစ်ခုကို ပုံဖော်ဖို့အတွက်မင်းရှိမှ ပြည့်စုံ​နိုင်မယ်...

🌙💫
အသိစိတ်တွေနဲ့....အိပ်မက်တွေထဲမှာ..အိပ်မက်...

🌙💫
ရွှေမှုန်ငွေကြဲ ဖန်သားနန်းတော်ကြီးထဲ...

🌙💫
ဝင်လာတယ် မင်းခြေလှမ်းတွေ ပန်းပွင့်တယ်

🌙💫
အချစ်ကြောင့်ပါပဲ...ထွက်သက်ဝင်သက်တိုင်းလည်း

🌙💫
အတူမဆုံပေမယ့် အတူရှိကြသလိုပဲ...

🌙💫
အို အိပ်မက်လေးလိုပျောက်ကွယ်မှားကိုစိုးတယ်.

.အချစ်ကြောင့်..ပါ..ပဲ.....

ကြယ်ပန်းလေးတွေ ပြန့်ကျဲထားသည့်ကောင်းကင်အောက်တွင် ခွန်း၏ ငိုရှိုက်သံတွေနှင့်အတူ သီချင်းလေးဟာ ဝမ်းနည်းဖွယ်ကောင်းစွာ လွမ်းလွမ်းဆွေးဆွေးပေါ်ထွက်နေခဲ့သည်.....

ကိုယ်ရှိမယ့်အရပ်ကိုသာ
အပူဒဏ် ကာပေးဖို့ တိမ်တိုက်လေးဟာ
ဖြစ်တည်နေရမယ်ဆိုရင်
ကိုယ်ရင်နာနာနဲ့ ပြေးထွက်မိမှာပါ
ဘဝမှာ တစ်ခါသော ပေးဆပ်ခြင်းနဲ့
မြတ်နိုးခဲ့ရသူမို့ သူနာကျင်ရမယ့်ဘေးဆို
ကိုယ်သာ ပြေးတွေ့ချင်ပါရဲ့...

8.6.2022

မနက်ဖြန် တင်မယ့်အပိုင်းအတွက် စာဖတ်သူတွေကိုမှာချင်တာ ရှိပါတယ် ။ တစ်ရှူးလေး ကိုင်ထားပြီးမှ ဖတ်ပါ။

( Zawgyi)

ေအးလြန္းသည့္ တန္ေဆာင္မုန္းလျပည့္ရဲ႕ ညေကာင္းကင္ယံမွာ ၾကယ္ အစုတို႔ဟာလည္း တလက္လက္ ေတာက္ပေနၿပီး မီးရႉးမီးပန္းတို႔မွ မီးပြားေလးေတြဟာလည္း တလက္လက္။

'' အိပ္ေဆးေတြေသာက္ေနတုန္းလား ''

'' မိုးမွသိပ္မ႐ြာေတာ့တာ ေမာင္ရဲ႕...''

ရင္ခြင္ထဲက အေကာင္ငယ္ေလးက ေအးလို႔ထင္သည္ ခြန္းဘက္ တိုးတိုးလာသည္။ ခြန္းကလည္း အႏြေးဆုံးျဖစ္ေအာင္ တတ္နိုင္သေလာက္ ေထြးေပြ႕ေပးထားသည္။

'' ေနာက္ႏွစ္ ဒီလိုအခ်ိန္က်ရင္ ကြၽန္ေတာ္ ႏွလုံးခြဲစိတ္ရမယ္တဲ့ ေမာင္။ တစ္ခုခုလြဲေခ်ာ္သြားရင္ ကြၽန္ေတာ္ ႀကိဳေတာင္းပန္ပါတယ္ေနာ္ ''

ခြန္း ရင္ခြင္ထဲက ေကာင္ေလးကို ႐ုတ္တရက္လက္ေမာင္းမွကိုင္ကာ ဖယ္ခြာလိုက္သည္။ အားပါသြားသည္မို႔ နာသြားသည္ႏွင့္တူသည္ တိမ္တိုက္မ်က္ႏွာေလးအနည္းငယ္မဲ့သြားေသာ မ်က္ႏွာကို ခ်က္ခ်င္းျပန္ျပင္လိုက္ကာ ခြန္းကိုသနားစရာမ်က္လုံးေလးေတြႏွင့္ၾကည့္ရွာသည္။

ခြန္းလည္း တိမ္တိုက္လက္ေမာင္းႏွစ္ဖက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားၿပီး

'' ဒီမွာ တိမ္တိုက္ တစ္ခုခုပဲျဖစ္ျဖစ္ ႏွစ္ခုခုပဲျဖစ္ျဖစ္ ဘာမွ လြဲေခ်ာ္လို႔မရဘူး နားလည္လား။ ေမာင္ခြင့္မျပဳပဲ မင္းဘာမွ မျဖစ္ရဘူး။ ဒါေမာင့္အမိန႔္ပဲ တိမ္တိုက္..... မင္းနာခံရမယ္... ေမာင္က ေစာင့္လို႔ေျပာရင္ ေမာင္ျပန္မလာမခ်င္း မင္းေစာင့္ေနရမယ္ ....အဲ့ဒါကိုမင္းနားလည္ထားဖို႔လိုတယ္..က်န္တာေမာင္ဘာမွ မသိခ်င္ဘူး ''

ဆူညံေနသည့္ အသံေတြၾကား ေမာင့္စကားေတြဟာ အာဏာရွင္ဆန္ဆန္ေပၚထြက္လာတယ္။ စိတ္ဆိုးေနပုံရတဲ့ေမာင္က ေျပာေနရင္း မ်က္ရည္ေတြ တလိမ့္လိမ့္ စီးက်လာျပန္တယ္။ ဒါ ဘာမ်ားလဲ..ေမာင္။

'' အဲ့လို ထြက္သြားမယ့္အေၾကာင္းေတြကို စကားအျဖစ္နဲ႕ေတာင္ ေမာင္မၾကားခ်င္ဘူးတိမ္တိုက္ရယ္ ''

ခ်က္ခ်င္းေလသံေျပာင္းသြားကာတိမ္တိုက္ကိုယ္ေလးကို ရင္ခြင္ထဲ ျပန္ဆြဲထည့္လိုက္ၿပီး တင္းေနေအာင္ဖက္ထားကာ လက္တစ္ဖက္ကလည္း တိမ္တိုက္ေခါင္းေလးကို သပ္ေပးရင္း ေျပာသည္။

ဤလူသားေလး မရွိေတာ့ဘူးဆိုတာ ေတြးမိ႐ုံနဲ႕တင္ ကမၻာဟာအႀကိမ္ႀကိမ္ၿပိဳရသည္။ ေဝးေနၾကသည့္တိုင္ ေကာင္းကင္တစ္ခုေအာက္ထဲမွာအတူတူရွိေန႐ုံနဲ႕ ေက်နပ္ေနသူမို႔... သည္ကမၻာႀကီးမွ အၿပီးတိုင္ထြက္ခြာသြားသည္ဆိုတာမ်ိဴးက ႐ူးမတတ္ျဖစ္လြန္းလို႔... စိတ္ကူးထဲေတာင္မေတြးမိခဲ့ေပ။

'' ေမာင္ အဆင္သင့္ျဖစ္တဲ့အခ်ိန္အထိ ေစာင့္ေပးပါကြာ.... ေမာင္ေတာင္းဆိုတာပါ ''

'' အင္းပါ ေနာက္တစ္ခါ မေျပာေတာ့ဘူးေနာ္ ။ မငိုနဲ႕ေတာ့...လူေတြၾကည့္ကုန္ေတာ့မယ္ ''

တိမ္တိုက္ေျပာမွ ေဘးပတ္ဝန္းက်င္ကို သတိထားမိသြားကာ လူအနည္းစုက သူ႕ကိုကြက္ၾကည့္ ကြက္ၾကည့္လုပ္ေနၾကသည္။ အနည္းစုဆို တကယ္အနည္းစုေလးပါပဲ..ဘာလို႔ဆို ခြန္းတို႔ထက္ ပိုစိတ္ဝင္စားစရာေကာင္းတာကိုလုပ္ေနၾကေသာ
ရွန္မင္းတို႔အတြဲက မလွမ္းမကမ္းတြင္ ရွိေနေသာေၾကာင့္ ျဖစ္သည္။

ခြန္းက ထိုလူအနည္းစုေလးဆီအာ႐ုံေရာက္ေနသည္ထင္ပါရဲ႕..တိမ္တိုက္လက္ကိုဆုပ္ကိုင္ထားေသာ ခြန္းလက္တို႔မွာ ေအးစက္လာကာ ေခါင္းမွီထားေသာရင္ဘတ္ကလည္း နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ကာ ႏွလုံးခုန္သံေတြပါ ျမန္လာသည္။

'' ေမာင့္... ကြၽန္ေတာ္နဲ႕ရွိရင္ ကြၽန္ေတာ့္ကိုပဲအာ႐ုံစိုက္ပါဆို.''

သူ႕လက္သီးေလးႏွင့္ ခြန္းရင္ဘတ္ကို ထုကာ ႏႈတ္ခမ္းဆူၿပီး ေျပာလိုက္ေတာ့ ခြန္းကငုံ႕ၾကည့္လာကာ သေဘာတက်ရီေတာ့သည္။ ထိုအခါမွ ခြန္းလက္တို႔ျပန္ႏြေးလာၿပီး ႏွလုံးခုန္သံတို႔ကပုံမွန္ျပန္ျဖစ္သြားေတာ့သည္။

တကယ္ကိုအံ့ဩရပါသည္။ ႏွစ္ရွည္လမ်ားစြာခံစားလာရတဲ့ Trauma က ဒီသြားတက္ေဖြးေဖြးေတြရဲ႕ေအာက္မွာ ျပားျပားဝပ္သြားသည္တဲ့။

အားနည္းခ်က္ဆိုတာမ်ိဴး မရွိခ်င္တာမို႔ အခ်ိန္အားလွ်င္ ထိုေရာဂါကို ဆရာဝန္နဲ႕ ေသခ်ာျပန္ေဆြးႏြေးၿပီး ကုသရန္ ေတြးထားသည္။ သည္ အားနည္းခ်က္ေၾကာင့္ လူဘုံအလယ္ အရွက္ကြဲခဲ့ရေပါင္းမ်ားေနၿပီ။ အရင္က တစ္ေယာက္တည္းမို႔ ဘာမွမျဖစ္ေပမယ့္ ေနာက္က်ရင္ ကာကြယ္သူက ကိုယ္ပဲျဖစ္လာရမွာမို႔ အဘက္ဘက္က ျပည့္စုံနိုင္ေအာင္ႀကိဳးစားထားရမည္။

'' ေမာင္ ''

'' ဗ်ာ ''

'' အရမ္းပင္ပန္းေနၿပီလားဟင္ ''

'' ပင္ပန္းတယ္လို႔လည္း မဆိုသာပါဘူးကြယ္ မင္းနဲ႕နီးဖို႔ပဲဟာ ''

'' ဒီတိုင္းေလးေရွ႕ဆက္ရင္ေရာ အဆင္မေျပနိုင္ဘူးလားဟင္။ ေမာင္မရွိပဲ ေနရတာ တကယ္ အဆင္မေျပဘူး ''

မရဲတရဲေလးေမးရွာေတာ့ ခြန္းမွာ သက္ျပင္းေလး ခ်ကာ

'' ဟင္း...ေမာင္နားလည္ပါတယ္ကြာ။ ဒါေပမယ့္အခု
ေမာင္တို႔ခနေလးသည္းခံလိုက္ရင္ ေနာက္... အခ်ိန္အၾကာႀကီး အတူရွိနိုင္မွာ... ''

'' အင္းပါ ေမာင့္သေဘာက ဒါဆိုေတာ့လည္း ကြၽန္ေတာ္ထပ္မေျပာေတာ့ပါဘူး ''

'' ေမာင့္ကေလးေလးက လိမၼာလိုက္တာ....မြ ''

တိမ္တိုက္ ေခါင္းေလးကို အသာဖိနမ္းလိုက္ေသးသည္။

ေမာင္က အျဖဴပါဆိုရင္ ကြၽန္ေတာ္က အမည္းလုပ္ဖို႔ဆႏၵမရွိပါဘူး။
ကြၽန္ေတာ့္ဆႏၵဟာ ေမာင့္ဆႏၵ အေနာက္မွာပဲ အၿမဲရွိေနမွာ။
ေ႐ြးခ်ယ္မႈကေတာ့ ေမာင္လုပ္ေပါ့။

.....................

တစ္ဖက္တြင္ေတာ့.. ညႀကီးမင္းႀကီး...ဇူးၾကယ္စင္ေမ အိမ္ကိုေရာက္ေနေသာ စိုင္းမင္းႏြယ္ ။

'' ငါ့သားေလး ဘုန္းႀကီးပါေစ အသက္ရွည္ပါေစကြယ္။ လိုအင္ဆႏၵေတြ တစ္လုံးတဝႀကီး ျပည့္စုံနိုင္ပါေစ။ ''

အဇူး အေမကေတာ့ သူမအား ကန္ေတာ့ေနေသာ စိုင္းမင္းႏြယ္ ကို ဆုေပးေနတာျဖစ္သည္။ သီတင္းကြၽတ္ က မကန္ေတာ့လိုက္ရဘူးဟုဆိုကာ တန္ေဆာင္မုန္းမွလာကန္ေတာ့ျခင္းျဖစ္သည္။

ဒါဆို သူတို႔ႏွစ္ေယာက္ကတည့္ၿပီလားဆိုေတာ့....မတည့္ေသးပါဘူး။ စိုင္းမင္းႏြယ္က အဇူးကို ျပန္လိုက္ေနတုန္းျဖစ္သည္။ ျဖစ္ပ်က္သြားသည့္ကိစၥမွာ စိုင္းမင္းႏြယ္ က အဓိက တရားခံမို႔ အဇူး လုံးဝျပန္လက္မခံနိုင္ျဖစ္ေနသည္။

'' ေမေမ ဆုေတာင္းမေပးလည္း သူ႕ဆႏၵေတြက ျပည့္ၿပီးေနပါၿပီ ''

အဇူးက ခနဲ႕တဲ့တဲ့ဝင္ေျပာေတာ့ စိုင္းမင္းႏြယ္ မ်က္ႏွာက ပ်က္ခနဲ။ အဇူးက တိမ္တိုက္ ကိစၥႏွင့္ပတ္သတ္ၿပီး အခုထိ သူ႕ကိုအခဲမေၾကေသးတာျဖစ္သည္။ ပထမက အဇူးကို သူအဲ့သည္ေလာက္ခ်စ္ေနမိမွန္းမသိခဲ့ေသာ္လည္း လမ္းခြဲ ၿပီးကာမွ အဇူးကို မခြဲေပးနိုင္ေလာက္ေအာင္ခ်စ္မိေနေၾကာင္းသိလိုက္ရသည္။ ဘဝတြင္တစ္ခါသာ ခ်စ္ဖူးသည့္အခ်စ္မ်ိဴးျဖစ္ေနတာေၾကာင့္ စိုင္းမင္းႏြယ္ အသည္းအသန္ ျပန္ရယူရန္ႀကိဳးစားေနတာပင္။

စိုင္းမင္းႏြယ္ မ်က္ႏွာမေကာင္းစြာနဲ႕ပဲ ျပန္လာခဲ့ရသည္။ အဇူးအေမက စိုင္းမင္းႏြယ္ ကို အတင္းျပန္လိုက္ပို႔ခိုင္းေနတာမို႔ မပို႔ခ်င္ပို႔ခ်င္ျဖင့္ အဇူးလိုက္ပို႔ရသည္။

'' ေမ...ကို႔ ကို စိတ္ဆိုးေနတုန္းလား ''

'' ငါနင့္ကို စိတ္ဆိုးတာမဟုတ္ဘူး စိတ္နာတာ ကိုစိုင္း။ ငါနင့္ကိုဒီေလာက္ယုတ္မာလိမ့္မယ္လို႔မထင္ခဲ့ဘူး ''

'' ကို မလုပ္လည္း တခ်ိန္က်ရင္ သိသြားမယ့္ကိစၥ ပဲေလ ။ သူတို႔ကိစၥမွာ ေမ စိတ္နာတာကို ကို ကဘာလို႔ခံေနရတာလဲ ''

'' အဟက္ ...နင္ေတာ္ေတာ္ေျပာတတ္တယ္ေနာ္။ ဘာလို႔ ငါစိတ္နာတာ နင္ခံေနရတာတဲ့လဲဟုတ္လား..အဲ့တာဆို နင္ျပန္ေတြးစမ္း.. နင္ငါ့ကိုဘယ္လိုအသုံးခ်ခဲ့လဲ..ငါ့အခ်စ္ကို ခုတုံးလုပ္ၿပီးနင္ဘယ္လိုလွည့္စားခဲ့လဲ။ စဥ္းစား နင့္ဦးႏွောက္က ေသခ်ာစဥ္းစား.... ''

'' မဟုတ္ဘူး ေမ....ေမ့ကို..''

'' ၿပီးေတာ့ရွိေသးတယ္ အရမ္းခ်စ္ခဲ့တာဟုတ္လား..ဟား.ဟား..ရီရတယ္ေနာ္...အဲ့ေန႕က ငါနင့္ကို ဘယ္ေလာက္ေတာင္ေစာင့္ခဲ့လဲ သိလား။ ငါ့မွာ ဘုမသိဘမသိနဲ႕ ငါ့သူငယ္ခ်င္း ကို နင္ယုတ္မာေနတာေတာင္ မသိပဲ....ငါမသိတဲ့သူစိမ္းပတ္ဝန္းက်င္မွာ မိန္းကေလးတန္မဲ့ တစ္ေယာက္တည္း နင့္ကို ယုံၿပီးငါေစာင့္ခဲ့တာ။ ဒီမွာ စိုင္းမင္းႏြယ္......ယုံၾကည္မႈဆိုတာ တစ္ခါပ်က္စီးသြားရင္ဘယ္ေတာ့မွ ျပန္ျပင္လို႔မရဘူးဟဲ့ ''

အဇူး စိတ္ဆိုးဆိုးႏွင့္ စိုင္းမင္းႏြယ္လက္ေမာင္းေတြကိုရိုက္ပုတ္ကာ ေဒါသတႀကီးေျပာေနသည္။

'' အခု ကို အဲ့ကိစၥနဲ႕ပတ္သတ္ၿပီး ေနာင္တရတယ္။ ေမ ဒီလို ကို႔ ကို မေကာင္းတဲ့ လူအျဖစ္ျမင္သြားမယ္မွန္းသိရင္ အစကတည္းက ကို အဲ့လိုလုပ္ခဲ့မွာ မဟုတ္ဘူး ေမ။ လူတိုင္းမွားတတ္ၾက တာပဲ ။ ကိုလည္းလူထဲကလူပဲ တစ္ခါေလာက္ေတာင္ကို႔ ကို အခြင့္အေရးျပန္မေပးေတာ့ဘူးလား ''

စိုင္းမင္းႏြယ္ ေျပာရင္ မ်က္ရည္စတို႔ေဝ့သီလာသည္။ အဇူး စိုင္းမင္းႏြယ္ မ်က္ရည္ေတြကိုမသိခ်င္ေယာင္ေဆာင္ၿပီးေက်ာခိုင္းကာ...

'' နင္တို႔ ညီအကိုေတြကေလ အကုန္အတူတူပဲ တစ္ကိုယ္ေကာင္းသမား...အတၱသမားေတြခ်ည္းပဲ နင္တို႔ျဖစ္ခ်င္တာပဲေတြးၾကတယ္။။ ဘာတဲ့ တစ္ေယာက္ကလည္း လုပ္ခ်င္တာကိုေရွ႕မၾကည့္ေနာက္မၾကည့္လုပ္ၿပီးမွ မ်က္ရည္ခံလာထိုးေနတယ္။ တစ္ေယာက္ကလည္း ရည္းစားထားတာကို အျပစ္ႀကီးတစ္ခုလိုဟန္လုပ္ေနတယ္။ ေနာက္တစ္ေယာက္ က်ေတာ့လည္း ငါ့သူငယ္ခ်င္း ကိုပစ္ခ်သြားလိုက္တာမ်ား အသည္းႏွလုံးမရွိတဲ့အတိုင္းပဲ။ ၿပီးရင္လည္း နင္တို႔ကပဲ သူေတာ္ေကာင္းေတြလိုလို လုပ္ၿပီး အသံေကာင္းဟစ္ၾကတယ္။ ေအးပါ မွားခဲ့တာငါတို႔ေတြပါ နင္တို႔ညီအကိုေတြနဲ႕ ပတ္သတ္မိတဲ့ငါတို႔ကပဲမွားခဲ့တာ... ''

'' ကို တကယ္ေတာင္းပန္ပါတယ္ ''

'' နင္ေတာင္းပန္ရမွာငါ့ကိုမဟုတ္ဘူး စိုင္းမင္းႏြယ္ ။တိမ္တိုက္ကို..နင္ တိမ္တိုက္ကို ေတာင္းပန္ရမွာ.ဒီပြဲမွာ တိမ္တိုက္က မေသ႐ုံတမယ္ပဲ။ သူ႕မွာ သူငယ္ခ်င္းအရင္းႀကီးကလည္းသစၥာေဖာက္သြားတာခံရ.... ခ်စ္ရသူကလည္းထားခဲ့တာခံရနဲ႕။ သူမို႔လို႔သာ ခံနိုင္ရည္ရွိတာ ငါသာ သူ႕ေနရာမွာဆို နင္အခု စကားေျပာေနတာ အုတ္ဂူနဲ႕ ျဖစ္ေနေလာက္ၿပီ ''

စိုင္းမင္းႏြယ္ဆီမွ ဘာအသံမွ ထပ္မထြက္လာေတာ့ပဲ ရွိုက္သံေလးသာ ေသးေသးေလးထြက္လာသည္။

'' ကို ေတာင္းပန္ပါတယ္ကလြဲရင္ ေျပာစရာစကားလည္းမရွိေတာ့ပါဘူး ေမရယ္။ ေမ ျပန္လက္ခံလာေအာင္ ကို ဘာလုပ္ရမလဲ ''

'' ေနာက္က်ေနၿပီ ငါျပန္ေတာ့မယ္.. ကိုယ့္ဘာသာပဲ ဆက္သြားလိုက္ေတာ့ ''

အဇူးလည္း ေနာက္ျပန္လွည့္လာခဲ့ေတာ့သည္။ သူမ ပါး မွာလည္း မ်က္ရည္စ တစ္ခ်ိဴ႕။

သူမလည္း စိုင္းမင္းႏြယ္ ကို သူ႕ထက္မေလ်ာ့ေသာ ခ်စ္ျခင္းေတြ႕ႏွင့္ခ်စ္ခဲ့တာပင္။ သို႔ေသာ္ လူမဆန္ေသာ လုပ္ရပ္ေတြက ျပန္လက္ခံနိုင္ဖို႔ရာ ဘယ္လိုမွ မျဖစ္နိုင္ေခ်။ စိုင္းမင္းႏြယ္ မ်က္ရည္ေတြကိုျမင္ရတာလည္း သူမအဖို႔ ငရဲအလား ပူေလာင္ရသည္။သို႔ေသာ္ မတတ္နိုင္ခဲ့...ထိုမ်က္ရည္ေတြ ကူသုတ္ေပးဖို႔ရာ မတတ္နိုင္ခဲ့။

..............

ရာသီေတြအလီလီေျပာင္းကာ အခ်ိန္ေတြလည္း တေ႐ြ႕ေ႐ြ႕ ကုန္ဆုံး လာသည္။
ေဆာင္းရာသီကိုလည္း ေအးစက္စြာ တစ္ေနရာ တစ္ေယာက္စီကုန္ဆုံးခဲ့သည္။ စတင္ေတြ႕ဆုံခဲ့ေသာ ႏြေဦးကိုလည္း လြမ္းလြမ္းေမာေမာ ပင္ ျဖတ္သန္းခဲ့သည္။
ေပ်ာ္႐ႊင္စရာႏွင့္ နာက်င္စရာေတြ ေရာႁပြန္ေနေသာ မိုးရာသီကိုလည္း အလြမ္းမ်က္ရည္စိုစိုစြတ္စြတ္ႏွင့္ ေက်ာ္လြန္ခဲ့သည္။

တစ္ႏွစ္ဆိုသည့္အခ်ိန္ေလးဟာ တစ္ခဏအတြင္းပင္ ကုန္လြန္သြားသည္။ အလုပ္တစ္ဖက္ႏွင့္ ေက်ာင္းတက္ရင္းပင္ တကၠသိုလ္ ေနာက္ဆုံးႏွစ္ကို ၿပီးဆုံးခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္က အက်င့္က ဒီႏွစ္မွာလည္းပါလာပုံပင္...မိုး႐ြာေနခ်ိန္အိမ္မွာရွိလွ်င္ အိပ္ေဆးမေသာက္ရင္ေတာင္ အိပ္ငိုက္လာ၍ အိပ္ျဖစ္သည္။

အလုပ္ေတြလုပ္သည္။ ေနာက္ဆုံးႏွစ္မို႔စာကိုအေသအလဲ ႀကိဳးစားလုပ္ခဲ့သည္။ တစ္ခါတေလ ခြန္းကိုလြမ္းတိုင္း ဂီတာတီးကာသီခ်င္းဆိုၿပီး ဆိုရွယ္မီဒီယာ ေပၚ တင္သည္။ တင္သည့္အခါတိုင္းတြင္လည္း Waiting Mg ဆိုသည့္ Hastag ေလးႏွင့္ တင္ေလ့ရွိသည္။

သည္ရက္ပိုင္းတြင္ေတာ့ အားရွိေအာင္ အထူးဂ႐ုစိုက္ေနေနရသည္။
စာေမးပြဲ မတိုင္ခင္ကတည္းကပင္ အလုပ္မွ အၿပီးထြက္လိုက္ၿပီျဖစ္သည္။ ဘာလို႔ဆို ႏွစ္ကုန္ပိုင္းတြင္ တိမ္တိုက္ ႏွလုံး ခြဲစိတ္ ရမွာျဖစ္သည္။

အခုေတာ့ အိမ္မွာပင္ အိပ္လိုက္စားလိုက္ လုပ္ေန႐ုံသာေပါ့။ တစ္ခါတေလ ေဒၚယုယၿမိဳင္ဆိုင္ကို လိုက္သြားသည္။ ရွန္မင္းကေတာ့ ဒီ ေက်ာင္းပိတ္ရက္ေတြ မအားေတာ့ေပ။ တကၠသိုလ္ စတုတၳ ႏွစ္ စတက္ကတည္းက ခြန္း က်ဴရွင္မွာ ဝိုင္းသင္ေပးေနတာျဖစ္သည္။ ကိုယ္ပိုင္ေက်ာင္းႏွစ္ခုႏွင့္ ကေလးေတြႏွစ္ဖြဲ႕အတြက္ ေက်ာင္းျပန္ဖြင့္ခ်ိန္တြင္ ခြန္းအတြက္ အခ်ိန္မေလာက္ေတာ့ေပ။

ခြန္းက ေက်ာင္းျပန္သည့္အခ်ိန္ ဦးၿဖိဳးရဲ႕ေက်ာင္းတြင္ သခၤ်ာအတန္းသြားသင္ေပးခ်ိန္တြင္ ရွန္မင္းက က်ဴရွင္က ကေလးအဖြဲ႕ကိုသင္သည္။ ခြန္းျပန္လာလွ်င္ ပုၾကဴးတို႔ အုပ္စုကိုသြားသင္ၿပီး ညက်လွ်င္ ဝင္ေနက် ဂိုက္ကိုသြားဝင္ေပးရသည္။

ကေလးေတြႏြေရာသီစာေမးပြဲၿပီးခ်ိန္တြင္ ခြန္းတို႔ တစ္လေလာက္သာ ေအးေဆးနားရသည္။ သၾကၤန္ ၿပီးတာႏွင့္ ေမလတြင္ ကိုယ္ပိုင္ေက်ာင္းမ်ားျပန္ဖြင့္ကာ မႏွစ္က ပုၾကဴးေလးတို႔အဖြဲ႕ကိုလည္း က်ဴရွင္စသင္ရေတာ့သည္။ မႏွစ္ကထက္ ပုၾကဴးတို႔အုပ္စုမွာ ပိုမ်ားလာသည္။ ဒီလိုႏွင့္ ခြန္းတို႔ ဒုတိယႏွစ္ဝက္မတက္ခင္အထိ ကိုယ္ပိုင္ေက်ာင္း ၂ခု ႏွင့္ ပုၾကဴးတို႔အုပ္စုကို အခ်ိန္လွည့္ၿပီးသင္သည္။

ေက်ာင္းမ်ားျပန္ဖြင့္ခ်ိန္တြင္ေတာ့ ၿပီးခဲ့သည့္ႏွစ္အတိုင္း ရွန္မင္းႏွင့္ တစ္လွည့္စီသင္ၾကသည္။ သို႔ေသာ္ တကၠသိုလ္ ဝင္စာေမးပြဲမ်ားေအာင္စာရင္းထြက္ခ်ိန္တြင္ ခြန္းဟာ အေတာ္ေလး နာမည္ႀကီးသြားသည္။ သခၤ်ာသီးသန့္ဝင္ေပးထားေသာ ဦးၿဖိဳးတို႔ကိုယ္ပိုင္ေက်ာင္းတြင္ ခြန္းသင္ေသာ အတန္းက ကေလးအားလုံး နီးပါ သခၤ်ာဂုဏ္ထူးထြက္ၾကသည္။ က်ပါသည္ဆိုသည့္ေက်ာင္းသားကေတာင္ ခြန္းသင္ေသာသခၤ်ာဘာသာတြင္ဂုဏ္ထူးပါေလသည္။

ထို႔ျပင္ ေနာက္ကိုယ္ပိုင္ေက်ာင္းတစ္ခုကလည္း ေအာင္ခ်က္ေကာင္းေကာင္းထြက္လာတာေၾကာင့္ ခြန္းက ကိုယ္ပိုင္ေက်ာင္းမ်ားၾကားတြင္ တျဖည္းျဖည္း ေက်ာ္ၾကားလာသည္။ ထိုသတင္းေၾကာင့္ ခြန္းကို ဂိုက္ ငွားခ်င္ၾကေသာ ကိုယ္ပိုင္ေက်ာင္းေတြ အမ်ားႀကီးထြက္လာသည္။ ထို႔ျပင္ ခြန္း၏ က်ဴရွင္အသစ္ေလးဟာလည္း တျဖည္းျဖည္း လူသိမ်ားလာၿပီး တစ္ေန႕တစ္ေန႕ တျခားအတန္းစုံက ကေလးေတြပါလာအပ္ၾကမို႔ မနည္းေတာင္းပန္ကာ ျငင္းလႊတ္ရသည္။

သို႔ေသာ္ခြန္းက ေက်ာင္းသားပဲရွိေသးတာမို႔ အခ်ိန္ေတြအမ်ားႀကီး မေပးနိုင္ေပ။ ေနာက္ေတာ့ အထက္တန္းေက်ာင္းသားေတာ္ေတာ္မ်ားကလည္း ခြန္းကို သီးသန့္ဂိုက္ငွားခ်င္လာၾကသည့္အျပင္ ေက်ာင္းသားမိဘေတြကလည္း သူ႕ထက္ငါအၿပိဳင္ ခြန္းကို ဂိုက္သင္ေပးရန္ ေျပာလာၾကသည္။ ကမ္းလွမ္းလာေသာ က်ဴရွင္ခေတြကလည္း နည္းနည္းေနာေနာပင္။ ထို႔ေၾကာင့္ ခြန္းေသခ်ာစဥ္းစားခဲ့ရသည္။

ဦးၿဖိဳးတို႔ေက်ာင္းကေတာ့ ေစလြန္းညို တို႔ႏွင့္အသိျဖစ္ေနတာကတစ္ေၾကာင္း ခြန္းကို လစာတိုးေပးလာသည္တစ္ေၾကာင္းမို႔ သင္ၿမဲအတိုင္းဝင္သင္ေပးသည္။
ညဘက္ ဝင္ရေသာဂိုက္ကိုေတာ့ အျခားတစ္ေယာက္ႏွင့္ အစားထိုးထည့္ေပးခဲ့ကာ ထိုအခ်ိန္တြင္ ဆယ္တန္းသီးသန့္ က်ဴရွင္ဝိုင္းေလး သင္သည္။ ပုၾကဴးေလးတို႔ကိုေတာ့ပုံမွန္အတိုင္းပဲ သင္သည္။

ဆယ္တန္းေတြမွာ တစ္ဘာသာခ်င္းစီ ႏႈန္းထားတစ္ခုႏွင့္ ပိုက္ဆံရသည္မို႔ ခြန္းအေတာ္ေလးတြက္ေခ်ကိဳက္လာသည္။ အဓိက လာအပ္ၾကသည္က သခၤ်ာအဓိက ျဖစ္ၿပီး အျခားဘာသာေတြလည္း ပူးတြဲအပ္လာၾကသည္။ ဘာသာစုံေတာ့ ခြန္းမနိုင္သည္မို႔..ရွန္မင္းအျပင္ အေဒြးကိုပါ အကူအညီ ေတာင္းရသည္။ ခြန္းက ရွန္မင္းႏွင့္အေဒြးတို႔ကိုလည္း ရသင့္ရထိုက္သည့္လစာကို ေပးသည္။

အခုဆို ပညာေရးတကၠသိုလ္ မွေက်ာင္းသား၃ေယာက္ သင္ေပးေသာ ခြန္း၏ က်ဴရွင္ေလးတြင္ ေက်ာင္းသားက အၿမဲမပ်က္ရွိေနတတ္ကာ စည္ကားေနသည္။
က်ဴရွင္ေရွ႕တြင္ ေစ်းလာေရာင္းသူမ်ားေတာင္ရွိေနၿပီျဖစ္သည္။

ခြန္း၏ တျဖည္းျဖည္းေအာင္ျမင္လာပုံကို တိမ္တိုက္တစ္ေယာက္ တစိမ့္စိမ့္ေစာင့္ၾကည့္ကာပီတိျဖစ္ရသည္။ ေအာင္ျမင္လာသည့္ေနာက္တြင္ ခြန္း၏ ပင္ပန္းမႈေတြ ဖိအားေတြအတြက္ေတာ့ စိတ္မေကာင္းေပ။ ေနာက္တစ္ေခါက္ေက်ာင္းျပန္ဖြင့္ခ်ိန္တြင္ ခြန္းတို႔ ၃ေယာက္ပိုပင္ပန္းေတာ့မွာပင္။ တကၠသိုလ္ေနာက္ဆုံးႏွစ္ျဖစ္ၾကသည့္အျပင္ ဆယ္တန္းေတြကိုလည္း သင္ေနရေသာေၾကာင့္ ဖိအားတအားမ်ားေတာ့မွာျဖစ္သည္။

အခုေတာ့ သုံးေယာက္လုံး ေက်ာင္း ၊ က်ဴရွင္ႏွင့္ လုံးလည္ခ်ာလည္လိုက္ေနေတာ့သည္။ မအားလြန္းတာေၾကာင့္ ရည္းစားေတြကလည္းၿငိဳျငင္ခ်င္ေနၾကၿပီျဖစ္သည္။ အေဒြးဆို သူ႕ေကာင္ေလးနဲ႕ ျပတ္လုဆဲဆဲ ျဖစ္ေနၿပီး ရွန္မင္းကေတာ့ ကိုကိုၿငိဳျငင္တာကို အပီအျပင္ခံေနရၿပီျဖစ္သည္။ ခြန္းက ရည္းစားမရွိေသးေသာ္လည္း ေက်းဇူးရွင္ ဆရာသမား ထြဋ္ေခါင္ႏွင့္ ဆက္ဆံေရးက်ဲလာေတာ့သည္။ ထြဋ္ေခါင္ဘက္ကိုလုံးဝအခ်ိန္မေပး နိုင္ပဲ ရွိေနသည့္အျပင္ ထြဋ္ေခါင္ဆီမွ ေထာက္ပံ့ေငြလည္းမလိုေတာ့သည္မို႔ မပို႔ေပးေတာ့ရန္ေျပာထားၿပီးၿပီျဖစ္ရာ ထြဋ္ေခါင္က

'' ညီ.. အကို႔အရိပ္ကထြက္သြားဖို႔လုပ္ေနတာလား ''

'' မဟုတ္ပါဘူး ဆရာ။ ကြၽန္ေတာ္က ကြၽန္ေတာ့္ဘဝတက္လမ္းအတြင္လုပ္သင့္လုပ္ထိုက္တာကို လုပ္ေနတာပါ။ တစ္ခ်ိန္လုံးႀကီး ဆရာ့ဆီက အကူအညီယူေန လို႔ မရဘူးေလ ''

ထိုအခါက် ထြဋ္ေခါင္ဘက္က ေျပာစရာစကားမရွိေတာ့ေပ။ တိမ္တိုက္နဲ႕လည္း ခြဲေနၿပီး သူ႕အရိပ္ေအာက္က ထြက္ဖို႔ႀကိဳးစားေနေသာ ခြန္းကိုထြဋ္ေခါင္နားလည္ရခက္ေနသည္။

ခြန္းက ဒီၾကားထဲတြင္ ဆရာဝန္ႏွင့္ ေဆြးႏြေးကာ ကုသမႈ ခံယူလိုက္ေသးသည္။
တိမ္တိုက္ႏွင့္ဆို အဲ့လိုမျဖစ္ေတာ့ေၾကာင္း ေျပာျပေတာ့ ဆရာဝန္က အေတာ္ အံ့ဩ သြားေသးသည္။ ႏွစ္ေတြအၾကာႀကီး နည္းလမ္းေပါင္းစုံႏွင့္ ခြန္း ၏ truama ကိုကုလာေသာ္လည္း မေျပာင္းလဲပဲရွိရာ.. ယခုအခါမွ ေကာင္ေလးတစ္ေယာက္ေၾကာင့္သက္သာ သည္တဲ့ေလ။

ဆရာဝန္က ခြန္းကို လူမ်ားသည့္ေနရာေတြမ်ားမ်ားသြားခိုင္းသည္။ လူအမ်ားႀကီးေရွ႕တြင္ စကားမ်ားမ်ားေျပာခိုင္းသည္။ ခြန္းကထူးေတာ့ထူးဆန္းသည္။ ေက်ာင္းသားႏွင့္ကေလးေတြေရွ႕က် မျဖစ္ပဲ.... လူႀကီးပိုင္းေတြေရွ႕သာ ျဖစ္ေလ့ရွိသည္။ ထို႔ေၾကာင့္ ေက်ာင္းသားမိဘေတြႏွင့္ အစည္းအေဝး ခဏခဏ လုပ္ေစခ်င္သည္။ လူေတြရဲ႕အၾကည့္ႏွင့္ ခြန္းေနသားက်လာဖို႔ ေမွ်ာ္လင့္ေနရတာပင္။

ေနာက္ေတာ့ ဆရာဝန္ေျပာသည့္အတိုင္းပင္...လူေတြရဲ႕ တီးတိုး သံေတြေၾကာင့္ ေရာဂါထလာလွ်င္ တိမ္တိုက္ကို ေတြးၾကည့္ခိုင္းသည္။ သို႔မဟုတ္ တိမ္တိုက္ ဓာတ္ပုံတစ္ပုံကိုအၿမဲေဆာင္ထားခိုင္းကာ အသုံးလိုလာသည့္အခါ ထုတ္ၾကည့္ခိုင္းသည္။ ဤနည္းက ခြန္းႏွင့္ တျဖည္းျဖည္းအဆင္ေျပလာခဲ့သည္။ အဲ့သည့္အတိုင္းဆို ခြန္း မၾကာခင္ လုံးဝ သက္သာသြားေတာ့မွာပင္။

.............

ကြၽီ........

တစ္ရက္ တိမ္တိုက္ လွည္းတန္းတြင္ လမ္းျဖတ္ကူးေနတုန္း... မီးပြိုင့္စိမ္းသြားသည္ကို သတိမထားလိုက္ေပ။ ထိုစဥ္... အေနာက္မွ ဘရိတ္အုပ္သံ အက်ယ္ႀကီးေၾကာင့္ တိမ္တိုက္ ႐ုတ္တရက္လန့္သြားကာ ႏွလုံးခုန္ျမန္လာေတာ့သည္။ မတိုက္မိေသာ္လည္း ႐ုတ္တရက္ႏွလုံးက ေဖာက္လာသည္မို႔ ေနရာမွာတင္ တိမ္တိုက္လဲက်သြားၿပီး အိတ္ထဲမွေဆးဘူးကို အျမန္ရွာေနသည္။

'' ေကာင္ေလး ဘာျဖစ္သြားေသးလဲ ''

ရင္ဘတ္ကိုဖိကာ ေမာေနပုံရေသာေၾကာင့္ ကားေပၚကဆင္းကာ ေမးလိုက္သည္။ ဝတ္စုံျပည့္ႏွင့္ထို ေလးဆယ္ေက်ာ္ဟုထင္ရေသာ ဦးေလးႀကီးက တိမ္တိုက္နားေရာက္လာသည္။ တိမ္တိုက္ သူ႕အမွားမို႔ ေတာင္းပန္ရန္ ထိုလူႀကီးကိုေမာ့ၾကည့္လိုက္ေတာ့...

'' ကြၽန္ေတာ္ ေတာင္းပန္ပါ......အား......မလာနဲ႕ ''

႐ုတ္တရက္ ထိုလူႀကီးကိုၾကည့္ကာ တိမ္တိုက္ မ်က္လုံးျပဴးမ်က္ဆန္ျပဴးျဖစ္ကာ အတင္းေအာ္ေတာ့သည္။ ထိုလူႀကီးလည္း ေၾကာင္သြားကာ တိမ္တိုက္ကို လက္လွမ္းလိုက္ေတာ့ အထိမခံပဲအေနာက္ကိုသာ ဆုတ္သြားသည္။

'' မလာနဲ႕..ခင္ဗ်ား...ကြၽန္ေတာ့္ အနားမလာနဲ႕...ထြက္သြား...အား....ထြက္သြား......ေၾကာက္တယ္....ခင္ဗ်ားကိုေၾကာက္တယ္...သြား...''

တိမ္တိုက္ ဘီးလူးသရဲေတြ႕သလို အာေခါင္ျခစ္ကာ ထိုလူႀကီးကို အတင္းေအာ္သည္။

'' မဟုတ္ဘူးေလ ကိုယ္မင္းကိုဘာမွမလုပ္ရေသးဘူး ''

'' အီး...ေမာင္ေရ...ကယ္ပါဦး ...ကြၽန္ေတာ္ေၾကာက္တယ္...အီး....''

ဒူးႏွစ္ဖက္ကိုေကြးကာ မ်က္ႏွာကိုအပ္ခ်လိဳက္ၿပီး နားႏွစ္ဖက္ကိုလည္း လက္ေတြႏွင့္ပိတ္ကာ တိမ္တိုက္ ကေယာင္ကတမ္းေတြေျပာကာ ေအာ္ငိုေနသည္။

ေရွ႕ကလူႀကီးလည္း အေၾကာင္းမဲ့ သက္သက္ငိုေနေသာတိမ္တိုက္ကို စိတ္မရွည္စြာျဖင့္ နားတြင္အုပ္ထားေသာ လက္ႏွစ္ဖက္ကို အားႏွင့္ အတင္းေဆာင့္ဆြဲခြာလိုက္သည္။

'' ဒီမွာ...''

'' အား........''

႐ုတ္တရက္လာေဆာင့္ဆြဲေသာေၾကာင့္ တိမ္တိုက္ အားကုန္ေအာ္ခ်လိဳက္ကာ ထိုေနရာမွာတင္ သတိေမ့ကာပစ္လဲသြားသည္။ ထိုစဥ္

'' တိမ္တိုက္.....''

ေအာ္ၿပီး လာေျပးေပြ႕သူက ခြန္း။ ေဘးက ရွန္မင္းလည္းပါသည္။ ႏွစ္ေယာက္သား ေက်ာင္းကအျပန္ လွည္းတန္းဝင္ၾကရင္း လူေတြ ႐ုန္းစု႐ုန္းစုျဖစ္ေနတာကိုသတိထားမိေသာ္လည္း ကိုယ့္ကိစၥ မဟုတ္၍ ဒီတိုင္းေက်ာ္လာကာမွ ႐ုတ္တရက္ တိမ္တိုက္၏ စူးစူးဝါးဝါးအသံကိုၾကားလိုက္ရ၍ လူအုပ္ကိုျဖတ္ကာ ၾကည့္လိုက္ေတာ့ တိမ္တိုက္က ကတၱရားလမ္းေပၚ လဲက်ေနတာကိုေတြ႕ရသည္။
ထိုအခါ ခြန္းတစ္ေယာက္ ေသြးေတြေတာင္ေျပာင္းျပန္စီးသြားသလိုပူထူသြားၿပီး တိမ္တိုက္ ကိုအရင္ေျပးေပြ႕လိုက္သည္။

'' တိမ္တိုက္...ကေလး..သတိထားဦးေလ..တိမ္တိုက္.. ''

'' ကိုယ့္ေၾကာင့္ မဟုတ္ဘူးေနာ္....''

ေဘးကလူႀကီးကလည္း သူ႕ကိုတိုင္လာပတ္မွာစိုးသည့္အလားအတင္းျငင္းေနသည္။

'' ကြၽန္ေတာ္တို႔ကို ေဆး႐ုံအရင္ပို႔ေပးပါ ''

တိမ္တိုက္ကိုသာ ေခၚေနေသာ ခြန္းေၾကာင့္ ရွန္မင္းကပဲ ေဆး႐ုံသြားရန္ အကူအညီေတာင္းရသည္။ ထိုအခါ ထိုလူႀကီးကသူ႕ကားေပၚတင္ခိုင္းၿပီး အနီးဆုံးေဆး႐ုံကိုပို႔ေပးလိုက္သည္။

ေဆး႐ုံေရာက္ေတာ့ အေရးေပၚအခန္းတန္းေရာက္ကာ အခ်ိန္မွီတယ္ဆို႐ုံေလး တိမ္တိုက္ကိုကယ္တင္နိုင္ခဲ့ၾကသည္။ တိမ္တိုက္ေၾကာင့္ ဘာမွမလုပ္နိုင္ေသာခြန္းေၾကာင့္ ရွန္မင္းက ေဆး႐ုံကိစၥအဝဝကို လိုက္လုပ္ေပးရသည္။ စိတ္ခ်ရေသာ အခ်ိန္တြင္ ခြန္းက တိမ္တိုက္အနားမွာသာေနၿပီး တိမ္တိုက္နိုးလာမွာကိုေစာင့္ေနသည္။

လိုက္ပို႔ေပးေသာ လူႀကီးက ရွန္မင္းကိုအစအဆုံးေသခ်ာရွင္းျပလိုက္ၿပီး oversea ထြက္ရမွာမို႔ ေဆး႐ုံစရိတ္ေတြရွင္းေပးခဲ့ကာ အရင္ထြက္သြားသည္။
ေဆး႐ုံအေပါက္ဝကအထြက္ ကပ်ာကယာႏွင့္သုတ္ေျခတင္ကာ ဝင္လာေသာ အမ်ိဴးသမီးတစ္ေယာက္ကိုထိုလူႀကီး ေသခ်ာစိုက္ၾကည့္ကာ

'' ျမင္ဖူးေနသလိုပဲ ဘယ္သူပါလိမ့္...''

တစ္ေယာက္တည္းေရ႐ြတ္ေနခ်ိန္ ထိုအမ်ိဴးသမီးက သူ႕ကိုေက်ာ္သြားေတာ့သည္။

ေဒၚယုယၿမိဳင္လည္း ရွန္မင္းဆီမွ ဖုန္းရကာ ဆိုင္မွ အျမန္ထြက္လာခဲ့တာျဖစ္သည္။ ဒီေရာက္ေတာ့ စိတ္ခ်ရၿပီဟု ေျပာသျဖင့္ ရင္ထဲမွအလုံးႀကီးက်သြားေတာ့သည္။

'' ဘယ္လိုျဖစ္တာတဲ့လဲ သား ''

ေဆးသြင္းထားေသာ တိမ္တိုက္လက္ေလးကိုသာ ခြန္းကဆုပ္ကိုင္ထားၿပီး ဘာမွ ျပန္မေျဖတာမို႔ ရွန္မင္းကပဲ အစအဆုံးေျပာျပလိုက္သည္။

ေဒၚယုယၿမိဳင္လည္း ထူးဆန္းေနသည္။ တိမ္တိုက္ဒီလိုပုံစံက တစ္ခါမွ မျဖစ္ဖူးေသးေခ်။

ညမိုးခ်ဴပ္သည္အထိ တိမ္တိုက္က နိုးမလာေသးေပ။ ခြန္းကလည္းေနရာကမထပဲ တိမ္တိုက္နားမွာပဲ ေနသည္။

'' သား ခြန္း..ထမင္းသြားစားၾကဦးေလ။ ''

'' မစားေသးဘူး အေမ ။ တိမ္တိုက္နိုးလာမွပဲ ''

ရွန္မင္းက အိမ္ျပန္ကာ လိုအပ္သည္မ်ားကိုျပန္ယူလာခဲ့သည္။ အိမ္ျပန္မည့္ပုံလည္းေပၚမေနေသာ ခြန္းအတြက္ အဝတ္အစားအပိုပါထည့္ေပးလာခဲ့သည္။ ထို႔ျပင္ ထြက္စားမွာ မဟုတ္မွန္းႀကိဳသိ၍ အျပင္ကတစ္ခါတည္း ညစာဝယ္သြားလိုက္သည္။

မစားဘူးလုပ္ေနေသာ ခြန္းေၾကာင့္ ရွန္မင္း မနည္းေခ်ာ့ေကြၽးလိုက္ရသည္။
ဆရာဝန္ေတြလာစစ္ေဆးေတာ့လည္း တိမ္တိုက္က နိုးမလာေသးသည္ကလြဲ၍ က်န္တာအားလုံးပုံမွန္ ျဖစ္ေနသည္။

ေဒၚယုယၿမိဳင္ႏွင့္ ရွန္မင္းက ေမွးခနဲအိပ္ေပ်ာ္သြားၾကေသာ္လည္း ခြန္းကေတာ့ တိမ္တိုက္လက္ကို ဆုပ္လိုက္ ကိုင္လိုက္ႏွင့္ တိမ္တိုက္အနိုးကို မအိပ္ပဲထိုင္ေစာင့္ေနသည္။

မနက္ေရာက္သည္အထိ တိမ္တိုက္နိုးမလာေသး။

'' ကိုခြန္း... ေက်ာင္းမသြားေတာ့ဘူးလား ''

'' မင္းပဲ သြားလိုက္ေတာ့ ကိုယ့္ကိုခြင့္တိုင္ထားေပး။ ''

ေျပာမရသည္မို႔ ခြန္းကိုဒီတိုင္းထားခဲ့ကာ ရွန္မင္းျပန္လာခဲ့သည္။ တိမ္တိုက္က ေန႕လည္ေရာက္ေသာ္လည္း မနိုးလာ။ ညေနေစာင္းသည္အထိ မနိုးလာေသး၍ ခြန္း စိတ္ေတြပူကာဆရာဝန္ေတြကိုသြားထပ္ေခၚလာျပန္သည္။

'' ေဒါက္တာ သူကဘာလို႔မနိုးေသးတာလဲ..ေဒါက္တာတို႔မ်ား တစ္ခုခုမွားေနသလား ''

'' အကုန္လုံးကပုံမွန္ပါပဲ.... ဆရာတို႔ယူဆတာကေတာ့ လူနာတစ္ခုခုကိုေတာ္ေတာ္ေလးလန့္သြားပုံရၿပီး ဦးႏွောက္ကို ေရွာ့ရိုက္သြားတာ။ အဲ့တာေၾကာင့္မနိုးေသးတာ ။အသက္အႏၱာရယ္ကေတာ့လုံးဝမရွိပါဘူး စိတ္ခ်ပါ ''

တိက်သည့္အေျဖမေပးပဲ ထြက္သြားေသာဆရာဝန္ေတြေၾကာင့္ ခြန္းစိတ္ပ်က္လက္ပ်က္ ျပန္ထိုင္ခ်လိဳက္သည္။

ႏွစ္ရက္ဆက္တိုက္ ခြန္းေနရာကမေ႐ြ႕ပဲေစာင့္သည္။ သို႔ေသာ္တိမ္တိုက္က နိုးမလာေသး။ တိမ္တိုက္ကိုသန့္ရွင္းေရးေတြဘာေတြ သူတိုယ္တိုင္လုပ္ေပးသည္။

'' ကိုခြန္း ေက်ာင္းပ်က္တာ ၂ရက္ရွိၿပီေနာ္။ ၿပီးေတာ့ က်ဴရွင္မွာ ကေလးေတြရွိေသးတယ္ေလ ''

'' တိမ္တိုက္မွ မနိုးေသးတာကြာ... ''

'' ကိုခြန္း တိမ္တိုက္က စိုးရိမ္စရာမရွိဘူးလို႔ ဆရာဝန္ႀကီးေတြကေျပာတယ္မလား... အခု သူနိုးမလာေသးတာက ေကာင္းေကာင္းအနားယူေနလို႔ျဖစ္မွာပါ။
ၿပီးေတာ့ ကိုခြန္း တိမ္တိုက္အတြက္ဆိုၿပီး လုပ္ခဲ့အရာေတြအားလုံးကို ကိုခြန္းလက္နဲ႕ ျပန္ဖ်က္စီးေတာ့မလို႔လား။ ''

ခြန္းတကယ္ကို ေၾကာင္ေတာင္ေတာင္ ႀကီးျဖစ္ေနသည္။ ဘာမွလုပ္ခ်င္စိတ္မရွိေအာင္ကို ခႏၶာကိုယ္ ႀကီးကေလးလံေနသည္။ ျဖစ္နိုင္ရင္ တိမ္တိုက္နားက တစ္ဖဝါးမွ မခြာခ်င္။

'' ကိုခြန္း... ကိုခြန္း သန္မာမွ ရမယ္ေနာ္...တိမ္တိုက္က ယုံၾကည္ထားတာ ''

ေနာက္ရက္က်ေတာ့ ခြန္း ေက်ာင္းျပန္တက္သည္။ တစ္နာရီ တစ္ခါေလာက္ ေဒၚယုယၿမိဳင္ကို တိမ္တိုက္ နိုးၿပီလားဟု ဖုန္းဆက္ေမးသည္။ သည္လိုႏွင့္ သုံးေလးရက္ၾကာသည္အထိ တိမ္တိုက္က နိုးမလာေသး။

တိမ္တိုက္ ကို ျပေနက် ေဆး႐ုံသို႔ ေျပာင္းတင္လိုက္သည္။ တခါတရံ အဇူးႏွင့္ ကိုကိုတို႔ကလည္း ေဆး႐ုံလာေစာင့္ေပးၾကသည္။ ဆယ္တန္းကေလးေတြ စာေမးပြဲ ရွိေနတာမို႔ ခြန္းႏွင့္ ရွန္မင္းတို႔ လုံးဝမအားၾကေပ။ သို႔ေသာ္ ခြန္း နည္းနည္းေလးအားသည္ႏွင့္ တိမ္တိုက္ဆီေရာက္ေရာက္လာတတ္သည္။

သည္လိုႏွင့္.....

တစ္လၾကာသြားသည္အထိ တိမ္တိုက္က အိပ္ေပ်ာ္ေနသည့္အလား လုံးဝနိုးမလာေသးေခ်။

'' ဆရာထင္တာကေတာ့ တိမ္တိုက္က ကိုမာဝင္ေနတာ... ''

'' ဘယ္ေတာ့ေလာက္ဆို နိုးလာနိုင္လဲဆရာ ''

'' အဲ့တာက သူ႕အေပၚမူတည္တယ္..ေနာက္ရက္လည္းျပန္နိုးလာနိုင္သလို ေနာက္တစ္ႏွစ္မွ နိုးလာတာလည္းျဖစ္နိုင္တယ္....အဓိက ကသူ႕စိတ္ပဲ သူျပန္လာခ်င္စိတ္ရွိတဲ့အခါ သူျပန္လာလိမ့္မယ္။ သူမေမ့လဲခင္ တစ္ခုခုကိုဆိုးဆိုးဝါးဝါးႀကဳံသြားလို႔ ျပန္လာဖို႔ေၾကာက္ေနတာျဖစ္ေကာင္းျဖစ္နိုင္တယ္....အဲ့ဒါေၾကာင့္ ဆရာေျပာခ်င္တာက သူ႕ကို စာဖတ္ျပတာတို႔ စကားေျပာေနတာမ်ိဴးတို႔လုပ္ေပးေစခ်င္တယ္။ အဲ့ဒါဆိုရင္ တိမ္တိုက္ ျမန္ျမန္နိုးလာမွာ ''

ခြန္းသက္ျပင္းအရွည္ႀကီးခ်ကာ တိမ္တိုက္ဘက္လွည့္ၾကည့္လိုက္ေတာ့ ထိုကေလးေလးက အျပစ္ကင္းကင္းနဲ႕ကို ကုတင္ေပၚလွဲေနတာျဖစ္သည္။ အျပင္ကလူေတြမွာေတာ့ ကမၻာေတြပ်က္လို႔။

တိမ္တိုက္ မနိုးလာေသးသည့္အခ်ိန္တြင္ သူ႕ႏွလုံးကလည္း တျဖည္းျဖည္း ဆိုးလာေနတာကို သိလိုက္ရသည္။ မျဖစ္မေနခြဲစိတ္ရမည့္အေနအထားမို႔ ေဒၚယုယၿမိဳင္လည္း ေျခမကိုင္မိလက္မကိုင္မိျဖစ္ကာေနာက္ဆုံး ခြဲစိတ္ဖို႔ သေဘာတူလိုက္ရသည္။

ထိုအခ်ိန္က ဆယ္တန္းေတြ စာေမးပြဲကာလျဖစ္ေနသည္မို႔ ခြန္းတစ္ေယာက္ ႐ူးခ်င္ခ်င္ျဖစ္ေနရွာသည္။ ေက်ာင္းသားမိဘေတြက ေပးေသာ Pressure ကတစ္မ်ိဴး။ ေမ့ေမ်ာသည့္အျပင္ ႏွလုံးပါခြဲစိတ္ရေတာ့မည့္ တိမ္တိုက္ေၾကာင့္လည္း ခြန္းစိတ္ေတြပူကာ မစားနိုင္မေသာက္နိုင္ႏွင့္ လုံးပါးပါး ပါးေနၿပီျဖစ္သည္။

ခြန္းပါထပ္မလဲက်သြားဖို႔အေရး ရွန္မင္းႏွင့္အေဒြးကလည္းေဘးတြင္ ႀကဳံသလိုအားေပးရေသးသည္။ တကယ္ကို ျပာယာခတ္ေနရေသာ ကာလျဖစ္သည္။ ညဘက္ေတြ ေဆး႐ုံသြားကာ မနက္ဘက္က် အားေဆးေသာက္ၿပီး ကေလးေတြကို စာသင္ သည္။

ယခုႏွစ္ဆယ္တန္းေတြက ခြန္းအတြက္ ပထမဆုံးေျခလွမ္းျဖစ္သည္မို႔လည္း ေသခ်ာအာ႐ုံစိုက္ရေသးသည္။ ပင္ပန္းေနသည့္ၾကားက ကေလးေတြကိုလည္း မလစ္လပ္သြားေအာင္ ဂ႐ုစိုက္ေပးနိုင္ခဲ့သည္။

ကေလးေတြ စာေမးပြဲ ေျဖသည့္ေနာက္ဆုံးရက္တြင္ တိမ္တိုက္ ႏွလုံးခြဲစိတ္မည္ ျဖစ္သည္။ ခြန္းကေတာ့ ညကတည္းက ေဆး႐ုံကို ေရာက္ေနၿပီး..ရွန္မင္းတို႔ႏွင့္ ကေလးေတြကိုထားခဲ့သည္။

'' ေဒါက္တာ ဝင္ခြင့္ျပဳပါ ''

'' ဪ သား လာေလ ''

ေဒါက္တာထင္လင္း အခန္းထဲသို႔ ခြန္းဝင္သြားသည္။

'' ဟို ေဒါက္တာတို႔ကို ယုံပါတယ္..ဒါေပမယ့္ ေသခ်ာေလး ႀကိဳးစားေပးပါေနာ္။ တိမ္တိုက္တစ္ခုခု ျဖစ္သြားလို႔ မျဖစ္လို႔ပါ ။ ကြၽန္ေတာ္ အႏူးအၫြတ္ေတာင္းဆိုတာပါ ''

တစ္ခါမွ သည္ေလာက္ႏွိမ့္ခ်ကာ မရိုက်ိဴးဖူးေသာ ခြန္း ယခု ေဒါက္တာထင္လင္းအေရွ႕တြင္။

ေဒါက္တာထင္လင္း ခြန္းကို စေတြ႕ကတည္းက ခပ္ေခ်ေခ်မ်က္ႏွာထားကိုသာမွတ္မိေနတာျဖစ္ၿပီး အခုလိုက်ျပန္ေတာ့ တကယ္ကို သနားစရာေကာင္းေနျပန္သည္။ သိသိသာသာေခ်ာင္က်သြားေသာမ်က္ႏွာက ခြန္းဘယ္လိုေနထိုင္ေနသည္ဆိုတာကို ေဖာ္ျပေနသည္မို႔ သက္ျပင္းေလး ခ်ကာ

'' ဆရာတို႔ အတတ္နိုင္ဆုံး ရေအာင္ႀကိဳးစားမွာပါ။ တိမ္တိုက္ဆိုတာလည္း ဆရာ့သားေလးလိုျဖစ္ ေနပါၿပီ။ မင္းေလာက္မဟုတ္ေပမယ့္ တိမ္တိုက္ကို ဘာမွ မျဖစ္ေစခ်င္တဲ့စိတ္ ဆရာ့မွာရွိပါတယ္ ''

ခြန္း ေသခ်ာေလးေက်းဇူးတင္ေၾကာင္းေျပာၿပီး တိမ္တိုက္အခန္းဆီျပန္လာခဲ့သည္။ ေဒၚယုယၿမိဳင္တို႔က မနက္မွ ေစာေစာျပန္လာၾကမည္ျဖစ္၍ အခန္းထဲတြင္ သူတို႔ႏွစ္ေယာက္သာရွိသည္။

ခြန္း တိမ္တိုက္ကုတင္ေပၚ ေခါင္းေမွာက္ခ်လိဳက္ၿပီး ပုခုံးေလးေတြ တသိမ့္သိမ့္တုန္ကာ အသံမထြက္ေအာင္ႀကိဳးစားၿပီးငိုေနသည္။

'' ျပန္လာေပးပါကြာ.... ေမာင္ေတာင္းပန္ပါတယ္ ျပန္လာေပးပါ ။ မင္းကို ထပ္မေစာင့္ခိုင္းေတာ့ပါဘူးကြာ ျပန္လာပါ ''

ခြန္း ငိုသံေတြႏွင့္ေရာစြက္ကာ တစ္ေယာက္တည္း ရွိုက္ကာေျပာေနသည္။

ေနာက္ ကုတင္ေပၚတက္ကာ တိမ္တိုက္ေခါင္းေလးကိုအသာမၿပီး သူ႕လက္ေမာင္းေပၚတင္ကာ ရင္ခြင္ထဲထည့္ဖက္ထားလိုက္သည္။

'' ေမာင္က အရမ္းခ်စ္တာမို႔ အျမန္ျပန္လာရမယ္ေနာ္။ အၾကာႀကီး ေစာင့္ခိုင္းရင္ေမာင္စိတ္ဆိုးမာဗ်... ''

ခြန္း မ်က္ရည္ေတြ ျပန္စီးက်လာျပန္သည္။

'' မင္းနိုးလာတာနဲ႕..ေမာင္တို႔လက္ထက္ၾကမယ္...အိမ္ေသးေသးလုံးတစ္လုံးမွာ ေမာင္နဲ႕အတူ ေနၾကမယ္။ မင္းကအဝါေရာင္ႀကိဳက္တာဆိုေတာ့ အိမ္ေလးကို အဝါေရာင္ေဖ်ာ့ေဖ်ာ့ေလးသုတ္ၾကမယ္။ ၿပီးရင္ ၿခံထဲမွာ ပန္းပင္ေလးေတြလည္း စိုက္မယ္.. မင္းက ပန္းေတြ ခ်စ္တယ္မလား။ ၿပီးရင္မနက္တိုင္း မင္းအတြက္ မိုင္လိုနဲ႕ေကာ္ဖီကို ေမာင္ေသခ်ာေဖ်ာ္ေပးမယ္။ ညအိပ္ရင္လည္း ေမာင္က သီခ်င္းဆိုသိပ္မယ္ေလ။ ေမာင္ သီခ်င္းဆိုတာေလ့က်င့္ ထားတယ္ သိလား ေမာင္မင္းကို ဒီည အစမ္းဆိုျပမယ္ ''

ခြန္း ေဒါက္တာထင္လင္းကိုဖိအားသြားေပးခဲ့ေသာ္လည္း မနက္ျဖန္ရဲ႕ ခြဲစိတ္မႈဟာ ရာခိုင္ႏႈန္း နည္းမွန္း သိထားသည္။ မနက္ျဖန္ဟာ တိမ္တိုက္ရဲ႕ အသက္ရွင္ခ်င္စိတ္ေပၚ အမ်ားႀကီးမူတည္ေနသည္။ ခြန္းအသံကိုတိမ္တိုက္ၾကားနိုင္တာဟာ ဒီညက ေနာက္ဆုံးလည္းျဖစ္သြားနိုင္တာမို႔ ခြန္း ယူႀကဳံးမရျဖစ္ကာ နာက်င္ေနရသည္။

တိမ္တိုက္ သီခ်င္းဆိုျပခိုင္းသည့္ေနမွစ၍ ခြန္း သီခ်င္းဆိုတာေလ့က်င့္ခဲ့တာျဖစ္သည္။ အခြင့္ႀကဳံလွ်င္ ဆိုျပရန္ ရည္႐ြယ္ခဲ့ေသာ္လည္း ကံၾကမၼာကမ်က္ႏွာသာမေပးခဲ့၍ ယခုမွ ဆိုျပရမည္ျဖစ္သည္။

'' ေသခ်ာနားေထာင္ေနာ္...ေမာင္ကတစ္ခါပဲဆိုျပမွာ ''

ခြန္း မ်က္ရည္စေတြကိုသုတ္လိုက္ၿပီး ထပ္ခါထပ္ခါေလ့က်င့္ထားေသာ သီခ်င္းသံကိုတိုးတိုးေလး စ ညီးသည္။

ၾကယ္ပန္းေလးေတြပ်ိဴးခဲ့ မင္းေလးပန္ဖို႔အတြက္....

ရွိသမွ်အခ်ိန္ေတြရယ္ မင္းအရိပ္မ်ားထဲ လြင့္ေပ်ာက္သြားဆဲ..

မင္းတစ္ေယာက္သာ ငါ့ရဲ႕ အၿမဲမက္တဲ့အိပ္မက္....

အခ်စ္ရဲ႕ ေခၚေဆာင္ရာ...တစ္ရွိုက္မက္မက္နဲ႕ ေမ်ာလြင့္ရင္းသာ

ကမၻာေျမေပၚ ေနေပ်ာ္ခဲ့.အရာရာငါေက်နပ္တယ္တယ္.....

ဘဝတစ္ခုကို ပုံေဖာ္ဖို႔အတြက္မင္းရွိမွ ျပည့္စုံနိုင္မယ္...

အသိစိတ္ေတြနဲ႕....အိပ္မက္ေတြထဲမွာ..အိပ္မက္...

ေ႐ႊမႈန္ေငြႀကဲ ဖန္သားနန္းေတာ္ႀကီးထဲ...

ဝင္လာတယ္ မင္းေျခလွမ္းေတြ ပန္းပြင့္တယ္

အခ်စ္ေၾကာင့္ပါပဲ...ထြက္သက္ဝင္သက္တိုင္းလည္း

အတူမဆုံေပမယ့္ အတူရွိၾကသလိုပဲ...

အို အိပ္မက္ေလးလိုေပ်ာက္ကြယ္မွားကိုစိုးတယ္.

.အခ်စ္ေၾကာင့္..ပါ..ပဲ.....

ၾကယ္ပန္းေလးေတြ ျပန့္က်ဲထားသည့္ေကာင္းကင္ေအာက္တြင္ ခြန္းငိုရွိုက္သံေတြနဲ႕အတူ သီခ်င္းေလးဟာ ဝမ္းနည္းဖြယ္ေကာင္းစြာ လြမ္းလြမ္းေဆြးေဆြးေပၚထြက္ေနခဲ့သည္။

ကိုယ္ရွိမယ့္အရပ္ကိုသာ
အပူဒဏ္ ကာေပးဖို႔ တိမ္တိုက္ေလးဟာ
ျဖစ္တည္ေနရမယ္ဆိုရင္
ကိုယ္ရင္နာနာနဲ႕ ေျပးထြက္မိမွာပါ
ဘဝမွာ တစ္ခါေသာ ေပးဆပ္ျခင္းနဲ႕
ျမတ္နိုးခဲ့ရသူမို႔ သူနာက်င္ရမယ့္ေဘးဆို
ကိုယ္သာ ေျပးေတြ႕ခ်င္ပါရဲ႕...

8.6.2022

မနက္ျဖန္ တင္မယ့္အပိုင္းအတြက္ စာဖတ္သူေတြကိုမွာခ်င္တာ ရွိပါတယ္ ။ တစ္ရႉးေလး ကိုင္ထားၿပီးမွ ဖတ္ပါ။

Continue Reading

You'll Also Like

652K 36.2K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
466K 18.9K 58
Season (1) BL M-preg အာဏာစက်သျှား×ဒီပါလွှမ်းခေတ် "မောင်က ဒုက္ခခံစားနေရချိန် ကိုယ်ကတော့သုခဘုံမှာစံမြန်းမနေချင်ဘူး မောင်ရယ်။ငရဲလားရင်တောင်အတူလိုက်ခဲ့မယ...
481K 33.3K 31
story description>>>>> start-5/10/2021 end-1/1/2022
64.9K 4.4K 54
႐ြာ၂႐ြာၾကား ေခ်ာင္းကေလးကစည္းျခားထားသလို ကြၽန္ေတာ္တို႔၂ေယာက္ၾကားမွာလည္းစည္းတခ်ိဳ႕ကျခားထားသည္ေလ.... ဒါေပမယ့္ ႐ြာ၂႐ြာကိုဆက္သြယ္ဖို႔တံတားေလးတည္ေဆာက္ထားလိ...