ရှေးကျသော အပြင်အဆင်များဖြင့်မွမ်းမံထားသော်လည်း အသုံးအဆောင်များကခေတ်မှီလှသော ဟိုတယ်တစ်ခု၏ တိတ်ဆိတ်သောအခန်းတစ်ခုထဲတွင် လူနှစ်ယောက်သည် အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ဆွေးနွေးနေကြ၏။မဟာသွေးနှင့်မဟူရာသွေးတို့ပင်ဖြစ်သည်။
"ကိုကို ဒီကောင်လေးအတွက်နဲ့ပုဂံမှာကျန်ခဲ့မလို့လား"
မဟာနှင့်မဟူရာတို့သည် ညီအစ်ကိုအရင်းပမာချစ်ကြသည်။မဟူရာသည် ငယ်စဉ်ကတည်းက မဟာကို ကိုကိုဟုပင်ခေါ်လေ့ရှိသည်။ယခုလည်း မဟာသည် အမောင့်အပေါ်မှာသူခံစားချက်ရှိမရှိသိချင်သည်ဟုဆိုကာ ပုဂံတွင်ကျန်ခဲ့မည်ဟုပြောသဖြင့် မဟူရာတစ်ယောက် အလန့်တကြားထအော်လေတော့သည်။
"မဟုတ်ပါဘူးကွာ။ဒီမှာအပြီးနေမှာမှမဟုတ်တာ တစ်ပတ်လောက်ပဲနေမှာပါ"
"ဟိုက အလုပ်တွေကရော ဘယ်လိုလုပ်မှာလဲ။ပြီးတော့ ဒီမှာနေဖို့အတွက် ခိုင်လုံတဲ့အကြောင်းပြချက်ကဘာလဲ"
အမေးအမြန်းထူသော မဟူရာကိုကြည့်ကာ မဟာခေါင်းရှုပ်လာသည်။
"အလုပ်က မင်းနဲ့လွှဲထားမယ်။အကြောင်းပြချက်က ငါပြောပြီးပြီလေ သူ့အပေါ်မှာရှိတဲ့ခံစားချက်ကဘယ်လိုမျိုးလဲသိချင်လို့ပါဆိုနေ"
"ဪ အမ်းပါ"
အရမ်းအားကိုးလောက်သော အစ်ကိုပင်။အလုပ်ကတော့ သူ့လက်ထက်မှာအရမ်းတိုးတက်မှာမြင်ယောင်ပါ၏။
"မင်းက ငါ့အတွင်းရေးမှူးမလုပ်ဘဲနဲ့ စုံထောက်လုပ်ရမှာ။အရမ်းစပ်စုတဲ့ကောင်"
သူ့ကိုစုံထောက်လို့ပြောသောကြောင့် မျက်နှာတစ်ခုလုံးရဲတက်သွားလေသည်။ဘာတွေတစ်ယောက်ထဲအတွေးပေါက်သွားမှန်းမသိပေ။
"ကိုကိုက အခုတော့ ကျွန်တော့်ကို စောက်ထုံလို့ပြောပြီပေါ့"
"ဟမ် ငါဘယ်တုန်းကပြောလိုက်လို့လဲ"
"ခုပဲ စုံထောက်လို့ပြောတာလေ။ ပြောင်းပြန်ဖတ်ကြည့်ပါလား"
အသံကတဖြည်းဖြည်း ငိုသံစွတ်လာလေသည်။မဟာကလဲ မဟူရာ့ကိုကြည့်လေ ပိုပြီးစချင်လေဖြစ်နေ၏။မျက်ရည်များကဝဲနေပြီး စိတ်တို၍ နီရဲနေသောနှာခေါင်းလုံးလုံးလေးမှာ ဖျစ်ညစ်ပစ်ချင်စရာ။
"ဪ မင်းကကိုယ့်ကိုယ်ကိုသိသားပဲ အဟက်!"
စလည်းစရယ်လည်းရယ်သောအခါ မဟူရာတစ်ယောက် ကလေးမဟုတ်သူငယ်မဟုတ် ဟီးခနဲငိုတော့၏။
"မငိုပါနဲ့ကွာ ပြိတ္တာတို့မျက်ရည်မြေမကျကောင်းဘူးတဲ့"
ပြောခါမှ ဟီးခနဲထပ်ငိုချလိုက်သော မဟူရာကိုကြည့်ကာ မဟာတစ်ယောက် တခွိခွိရယ်နေတော့သည်။မဟူရာလည်း မျက်ရည်များကိုကပျာကယာသုတ်လိုက်သည်။
" အမ်းပါ။လူသားအားလုံးကိုမေတ္တာထားသောအားဖြင့် ဆန်ရေစပါးမရှားပါးရအောင် ကျွန်တော်ကပဲ ဖာသာထရီဇာလုပ်ပေးပါမယ်"
"ဟမ် မာသာထရီဇာမဟုတ်ဘူးလား"
"ကျွန်တော်ကယောက်ျားလေး အဲ့တော့ဖာသာထရီဇာ"
အင်းပါ မင်းရဲ့ဉာဏ်ကိုတော့တကယ်ကိုလိုက်မမှီတော့ဘူး။အလုပ်ကလွဲပြီး တခြားနေရာတွေမှာအကုန်အားကိုးလို့ရတယ်။မဟာလည်း စိတ်ထဲမှပင်ပြောရသည်။ထပ်စလျှင် ထပ်ငိုမည်မှာအသေအချာပင်။မဟူရာသည်လည်း မဟာရှေ့မှထွက်သွားပြီး ပဲခူးသို့ပြန်ရန် အ၀တ်များကိုluggageထဲသို့ထည့်နေလေတော့သည်။မဟာသည်ကား ပြတင်းပေါက်မှ အပြင်ဘက်သို့ငေးနေလေသည်။
~^~
အမောင်တစ်ယောက် ရှက်ရှက်နဲ့ဘဘုန်းပုတီးစိတ်နေရာ ကျက်သရေခန်းထဲသို့ပြေး၀င်လာလေသည်။ဘုန်းတော်ကြီးမှာလဲ အမြဲတမ်းခြေသံမကြားရအောင် တက်လာတတ်သော အမောင်သည် ယခုကျမှ တဒုန်းဒုန်းမြည်အောင်ပြေးတက်လာသောကြောင့် အံ့ဩ၍ ပုတီးတောင်ဆက်မစိပ်နိုင်တော့ဘဲ အမောင့်ကိုကြည့်နေမိလေသည်။
အမောင်သည် အရှက်တရားကြီးပါဘိ။ဦးကောသလရှေ့ရောက်သည့်တိုင်အရှက်ကမပြေသေး။နားရွက်ဖျားလေးလဲရဲနေ၍ မျက်နှာလည်းနီနေလေသည်။ဘုန်းတော်ကြီးသည် အမောင်ဖျားနေသည်ထင်ပြီး နဖူးကိုသွားစမ်းလေသည်။အမောင်သည်လည်း ဦးကောသလ သူ၏နဖူးကိုလာစမ်းသောကြောင့်ကြောင်နေလေသည်။
"ဘဘုန်း ဘာဖြစ်လို့လဲဘုရား"
"ဖျားနေတာလားလို့ပါကွယ်!မျက်နှာတွေကလည်းရဲလို့ နားရွက်ကလေးတွေလည်းနီလို့!"
ထိုအခါကျမှ အမောင်သည် မယုံသက်ာဖြစ်ပြီး ဘုန်းကြီးကျောင်းရှိ မှန်ကပ်ဗီရိုထံသို့ ပြေးကြည့်လေသည်။
"ဟာ ငါ့မျက်နှာတွေဘာလို့ရဲနေတာလဲဟ။ငါဖျားနေတာလား"
ကိုယ့်နဖူးကိုယ်ပြန်စမ်းကြည့်တော့လည်းမပူ။ဟာ မဟုတ်မှလွဲရော..။မဖြစ်နိုင်တာ ငါကဘာလို့ရှက်ရမှာလဲ။ရှက်စရာလား ယောက်ျားအချင်းချင်းပဲဟာ။ထိုသို့ အတွေးထဲတွင်ဗျာများနေခိုက်တွင် ပခုံးကိုလာပုတ်သောသူကြောင့် လန့်ပြီးထအော်လေတော့သည်။
"အမလေး အမေ့!အိုးပုတ် ချိုးရုပ် ပလုတ်တုတ်"
လန့်၍ ကစားစရာစုံအောင်ရွတ်နေသော သူ့ရှေ့မှကောင်ငယ်လေးကိုကြည့်ကာ တခွိခွိရယ်လေတော့သည်။အမောင်လည်း ရုတ်တရက်ထရယ်နေသော လူကြီးကို မျက်၀န်းဝိုင်းလေးများဖြင့်ကြည့်နေလေသည်။ဟာ ဒီလူကြီး ရူးများသွားတာလားဟ။
"မင်းမှာ ကစားစရာကလဲအရမ်းများတာပဲကွာ။မင်းပါးစပ်ထဲမှာတင်အရုပ်ဆိုင်တည်လို့ရတယ် သိလား အဟက်!"
"ဟာ ခင်ဗျားပဲ...ဘာလာလုပ်တာလဲ"
"ကိုယ်ကမေးရမှာပါ။ကိုယ်နေတဲ့အခန်းနားမှာဘာလာလုပ်နေတာလဲ"
"ဟင်!"
အဂ္ဂအပြောကြောင့် အမောင်တစ်ယောက် တောင်ကြည့်မြောက်ကြည့်ကြည့်လိုက်လေ၏။နောက်တော့မှ ဗီရို၏ဘေးတွင်ရှိနေသော အခန်းကိုမြင်လေသည်။
"ဪ ကျွန်တော်မသိလိုက်ဘူး။တောင်းပန်တယ်ဗျာ"
ပြောလည်းပြော နောက်ခိုင်း၍ထွက်သွားသောအမောင့်လက်ကောက်၀တ်ကို ဖမ်းဆွဲလိုက်လေသည်။အဂ္ဂရင်ထဲမှာတော့ နှလုံးခုန်သံတို့ကမြန်မြန်လာလေသည်။ဟာ ငါဘာဖြစ်တာလဲဟ လခွမ်းပဲ။ဒါလေးကယောက်ျားလေးလေ။ပြီးေတာ့ငါကstraightလေ။ဖြောင့်တာမှကောက်လို့မရအောင်ကိုဖြောင့်တာလေ။အခု ဘာဖြစ်နေတာလဲဟ။အမောင့်ရင်ခုန်သံတွေလည်း မြန်လာလေသည်။မျက်လုံး၀ိုင်း၀ိုင်းလေးများလည်း ပုံမှန်ထက်ပို၍ပြူးကျယ်လာလေသည်။
ထိုမြင်ကွင်းကိုမြင်သွားသူမှာ ရေချိုးရာမှပြန်လာသောသုတဖြစ်သည်။အဂ္ဂမှာလဲအပေါ်ပိုင်းဗလာ။တဘက်ပတ်ထား၍တော်သေး၏။တစ်ဖက်ကကောင်ငယ်လေးမှာ ပုဆိုးကွက်စိတ် တီရှပ်မီးခိုးရောင်လေးဖြင့် အဂ္ဂနှင့်နီးကပ်စွာရှိနေလေသည်။အံ့ဩ၍လက်ထဲမှကိုင်ထားသောရေခွက်ပင်ပြုတ်ကျသွားရလေသည်။
"ဂလွမ်!!"
အဂ္ဂနှင့်အမောင်တို့မှာ အသံကြားရာသို့ကြည့်၍လူချင်းခွာလိုက်ကြသည်။သုတသည်ကား ငါးခူပြုံးပြုံး၍ကြည့်နေလေသည်။အမောင်လည်း ဒုတိယမ္ပိရှက်၍ကျက်သရေခန်းထဲသို့၀င်သွားပြန်လေသည်။အဂ္ဂသည် သုတကိုလက်သီးဆုပ်၍ပြလိုက်သောအခါ သုတကလက်ဝါးဖြန့်ပြလေသည်။
"ဟေ့ကောင် မင်းကိုယ်မင်း အမရာလို့ထင်နေတာလားဟမ်"
သုတသည် ပြောကာမှထရယ်တော့သည်။အဂ္ဂစိတ်တို၍ ထိုသကောင့်သားလေးအားဆဲလေတော့သည်။
"ခွေးကောင် လခွမ်း!ရှီးပဲ!မင်းသတိသာထားနေ"
"ပညာတွေလည်းရပါတယ် ဆရာရယ်"
"မင်းကိုအခုလဲပညာတွေပေးနေတာမဟုတ်ဘူးလား"
"အဟဲ ကျွန်တော်ပြောတာအဆဲပညာကိုပြောတာပါ"
အဂ္ဂလည်း သူ့ကိုစနေသောသုတကိုခြေဖြင့်လှမ်းကန်လေတော့သည်။
"အမောင် ဟိုဒကာေလးနှစ်ယောက်ကိုဒီကိုခဏလာခဲ့ဖို့သွားပြောလိုက်"
ဦးကောသလပြောသော ဟိုနှစ်ယောက်ဆိုသည်မှာ သူတို့မှတပါးအခြားသူမဖြစ်နိုင်။ထို့ကြောင့်ကပျာကယာထ၍ သွားခေါ်လေသည်။အခန်းနားရောက်သည်အထိ ခြေဖျားလက်ဖျားများအေးစက်နေသည်။သူလာသည်မှန်းသိစေရန် အမောင် ချောင်းတစ်ချက်ဟန့်လိုက်လေသည်။
"အဟမ်း!"
အခန်းထဲမှ သုတထွက်လာလေသည်။
"ညီလေး ဘာကိစ္စရှိလို့လဲ"
"ဟို ဟို..အစ်ကိုတို့ကို ဘဘုန်းကခဏလာခဲ့ပါဦးတဲ့"
"အိုကေ ညီလေး။ကျေးဇူးပဲနော်"
အမောင်တစ်ယောက် အခန်းထဲသို့မျက်စိကစား၍အဂ္ဂကို ရှာနေလေသည်။ရိပ်မိသွားသောသုတက အမောင့်ကိုမထိတထိစလေတော့သည်။
"အဟမ်း!ညီလေး ဘာရှာနေတာလဲဟင်"
"ဟို ဘာမှမရှာပါဘူးဗျ...ကျွန်တော်သွားတော့မယ်နော်"
အဂ္ဂလည်း တံခါးအကွယ်မှကြည့်နေခြင်းကြောင့် အဖြစ်အပျက်များကိုအစအဆုံးမြင်လိုက်လေသည်။ဒီကောင်လေးကလေ အရမ်းရှက်တတ်တဲ့ကောင်လေးပဲ။တကယ့်ယုန်ပေါက်ကလေးလိုဖြူစင်လွန်းတယ်။
သုတသည် အခန်းထဲသို့ပြန်၀င်လာပြီး အဂ္ဂကိုကြည့်နေလေသည်။သူ့အတွေးနှင့်သူမို့ အဂ္ဂလည်း သူ့ကိုကြည့်နေသောသုတကိုမမြင်လိုက်ပေ။
"ဆရာနော် ကျွန်တော်သိပါတယ်ဗျာ။ဆရာ ကွေးချင်နေပြီမလား"
"မိကျောင်းသား လျှာကိုရှည်တယ်။လာ သွားမယ်"
အဂ္ဂလည်း သုတကိုဆွဲခေါ်၍ ဦးကောသလ၏ကျက်သရေခန်းသို့ ဦးတည်၍သွားနေလေတော့သည်။
တံခါးနားသို့ရောက်ရောက်ချင်း မြင်လိုက်ရသောသိုင်းဖက်ချင်စရာကျောပြင်လေးတစ်ခု။ထိုကျောပြင်ပိုင်ရှင်လေးက ကျုံ့ကျုံ့လေးထိုင်၍ ဘုန်းတော်ကြီး၏ခြေထောက်များကိုနှိပ်နယ်ပေးနေသည်။ထိုကျောပြင်ပိုင်ရှင်လေးမှာ သူ၏ကလေးသေးသေးလေးမှလွဲ၍မည်သူမှမဖြစ်နိုင်။သူတို့ရောက်နေမှန်းသိစေရန် ချောင်းဟန့်လိုက်သည်။ထိုအခါ အခန်းတွင်းမှတုံ့ပြန်သံတစ်ခုကိုပြန်ကြားရသည်။
"၀င်ခဲ့ကြ ဒကာလေးတို့"
"ဘုန်းဘုန်း တပည့်တော်တို့ကိုခေါ်တာကိစ္စအထွေအထူးရှိလို့လားဘုရား"
တစ်ခါမှမေးခွန်းသံမထွက်တတ်သော အဂ္ဂထံမှထွက်လာခြင်းပင်။
"ကိစ္စအထွေအထူးတော့မရှိပါဘူးကွဲ့ ဒကာလေးတို့ကအခုမှဒီကိုစရောက်တာဆိုတော့ ဒေသအစားအစာလေးတွေကိုပထမဆုံးစားစေချင်လို့ ဟောဒီကဒကာလေးနဲ့သူတို့ဆိုင်ကိုလိုက်သွားခိုင်းမလို့ပါကွယ်"
ဘုန်းတော်ကြီးကသူတို့ကိုပြုံးပြီး ကြည့်နေလေသည်။အဂ္ဂသည် သူ့ရှေ့မှကောင်ငယ်လေးကို ကြည့်လိုက်တော့လည်း အံ့ဩနေသောမျက်၀န်းလေးများဖြင့် သူ့အားကြည့်နေလေသည်။
"ဘုန်းဘုန်းသဘောအတိုင်းပါဘုရား တပည့်တော်တို့လည်းခုမှရောက်တာဆိုတော့ ဒီပုဂံအစားအစာလေးတွေကိုစားကြည့်ချင်ပါသေးတယ်ဘုရား။တပည့်တော်တို့ကအဆင်ပြေပေမယ့် ဒီကကောင်ငယ်လေးကအဆင်မပြေတဲ့ပုံပဲဘုရား၊ရပါတယ် တပည့်တော်တို့အဆင်ပြေသလိုပဲစားလိုက်ပါ့မယ်ဘုရား"
မျက်နှာငယ်လေးလုပ်၍ပြောလာသော အဂ္ဂကြောင့် အမောင် ပျာပျာသလဲဖြစ်သွားလေသည်။ဘဘုန်းကိုကြည့်တော့လည်း သူ့အားစိုက်ကြည့်နေလေသည်။
"ဟာ ခင်ဗျားကိုဘယ်သူကဘာပြောနေလို့လဲဗျာ။ကျွန်တော့်ကိုအဆူခံထိအောင်မလုပ်စမ်းပါနဲ့။အဆင်မပြေစရာလည်းမရှိဘူး ပြောနေတာကြာတယ်ဗျာ..အခုသွားမယ် လာ"
အမောင် ပြောလိုက်သောစကားကြောင့် အဂ္ဂတစ်ယောက် ငါးခူပြုံးပြုံးနေတော့သည်။ဘုန်းတော်ကြီးကို ၀တ်ပြုကန်တော့လိုက်ကြပြီး သူတို့သုံးယောက်ထွက်လာခဲ့ကြသည်။
~^~
ပုဂံသည် အညာဒေသဖြစ်သောကြောင့် အပူရှိန်လည်းပြင်းလေသည်။မနက်ပိုင်းတွင်ပင် ပူသည်ဖြစ်ရာ ယခုလိုမွန်းတည့်အချိန်ဆိုလျှင် ပို၍အပူရှိန်ကပြင်းလေသည်။သူချစ်သော ကလေးငယ်အားတွေ့ချင်သည့်စိတ်ဖြင့် ပဲခူးသို့မပြန်ဘဲ ဟိုတယ်မှာနေ၍ ကားဖြင့်အမောင်ရှိရာသို့ မဟာထွက်လာခဲ့ခြင်းဖြစ်သည်။
မဟာ၏ကားလေးသည် "ရပ်၀န်း"ဟူသော အမောင်တို့မြေအိုးထမင်းဆိုင်လေးရှေ့တွင် ရပ်တန့်သွားလေသည်။သူ ထိုဆိုင်လေးထဲကို၀င်လိုက်သည့်တိုင် ကလေးငယ်ကိုမမြင်ရသေး။
"ကြီးကြီး"
ခေါ်သံကြောင့် ဒေါ်မီခမ်းလှည့်ကြည့်လိုက်ရာ မဟာ့ကိုမြင်သည်နှင့်အံ့ဩသွားလေသည်။
"ဟယ်!မဟာလေးမလား။သား ဟိုနေ့ကပြောတော့ပဲခူးကိုပြန်တော့မလို့ဆို မပြန်ဖြစ်ကြဘူးလား"
"ဟုတ်ကဲ့ ကြီးကြီး။ကျွန်တော်ပဲကျန်ခဲ့တာ ကျွန်တော့်ညီ မဟူရာကတော့ ခုမနက်ပဲပဲခူးကိုပြန်သွားပြီ"
"ဪ အေးပါကွယ်"
အခုထိတိုင် ပျောက်ချက်သားကောင်းနေသော ကလေးငယ်ကို လွမ်းဆွတ်လာသည်မို့ မနေနိုင်ေတာ့သည့်ထုတ်၍မေးရလေတော့သည်။
"ဒါနဲ့ ကြီးကြီး ဟိုအမောင်တစ်ယောက်ရော မတွေ့ပါလား။သူဘယ်သွားလဲ"
"ဪ အမောင်လေးကသူ့ဘဘုန်းကိုကန်တော့မယ်ဆိုပြီးသွားလေရဲ့ကွယ်!သူရတဲ့ပထမဆုံးပိုက်ဆံလေးဆိုပြီး ကြီးကြီးကိုတောင်ကန်တော့သွားသေးတယ်။တကယ်လိမ်မာတဲ့ကလေးလေးပါကွယ်!သား ထမင်းစားပြီးပြီလား"
"မစားရသေးဘူး ကြီးကြီး"
"ကဲ အဲဒါဆိုဒီမှာစား ကြီးကြီးကအလကားကျွေးမယ် ဟုတ်ပြီလား"
"အားနာစရာကြီး မလုပ်ပါနဲ့ကြီးကြီးရယ်"
"တယ် ဒီကလေးတော့ အားနာရအောင်သူစိမ်းတွေလား။စားရမယ် မငြင်းနဲ့"
"ကျွန်တော်အားမနာတော့ဘူးနော် ဟီးးး"
"ကဲ ထိုင်ဦးနော်။ဟင်းကထုံးစံအတိုင်းပဲလား"
"ဟုတ်"
မဟာသည် ထိုဆိုင်တွင်ပထမဆုံးစားသည့်နေ့ကစပြီး လက်ပံခေါင်းဟင်းနှင့်နေကြာဖူးချက်တို့ကိုသာစားလေ့ရှိသည်။စိတ်အစဥ်သည်လည်း အမောင့်ကို မျှော်နေရင်း လက်ဖက်ရည်ကိုသာငှဲ့၍သောက်နေတော့သည်။
#Hsu Lynn Nge
#အခုမှစရေးတာဖြစ်လို့မှားတာရှိရင်ထောက်ပြကြပါဗျ။အကောင်းဆုံးကြိုးစားထားပါတယ်ဗျ။ဖတ်ရတာအဆင်မပြေတာ၊တစ်စုံတစ်ခုမှားယွင်းနေတာဆိုရင်လာပြောကြပါနော်။ဖတ်ရတာအဆင်ပြေရင်တော့တခြားဒါဒါလေးတွေကိုညွှန်းပေးပါအုံးလို့တောင်းဆိုပါတယ်ဗျ။
Updateနောက်ကျသွားလို့တောင်းပန်ပါတယ်နော်။အဟဲ တောင်းပန်တဲ့အနေနဲ့Osလေးတစ်ပုဒ်တင်ပေးပါမယ်။ဖတ် ဖတ်မယ်မလား🥺?
Zawgyi
"မဟုတ်ပါဘူးကွာ!ဒီမှာအပြီးနေမှာမှမဟုတ်တာ တစ်ပတ်လောက်ပဲနေမှာပါ!"
"ဟိုက အလုပ်တွေကရော ဘယ်လိုလုပ်မှာလဲ!ပြီးတော့ ဒီမှာနေဖို့အတွက် ခိုင်လုံတဲ့အကြောင်းပြချက်ကဘာလဲ!"
"အလုပ်က မင်းနဲ့လွှဲထားမယ်!အကြောင်းပြချက်က ငါပြောပြီးပြီလေ သူ့အပေါ်မှာရှိတဲ့ခံစားချက်ကဘယ်လိုမျိုးလဲသိချင်လို့ပါဆိုနေ!"
"ဪ အမ်းပါ!"
"မင်းက ငါ့အတွင်းရေးမှူးမလုပ်ဘဲနဲ့ စုံထောက်လုပ်ရမှာ!အရမ်းစပ်စုတဲ့ကောင်!"
"ခုပဲ စုံထောက်လို့ပြောတာလေ! ပြောင်းပြန်ဖတ်ကြည့်ပါလား!"
" အမ်းပါ!လူသားအားလုံးကိုမေတ္တာထားသောအားဖြင့် ဆန်ရေစပါးမရှားပါးရအောင် ကျွန်တော်ကပဲ ဖာသာထရီဇာလုပ်ပေးပါမယ်!"
~^~
"ဟာ ငါ့မျက်နှာတွေဘာလို့ရဲနေတာလဲဟ!ငါဖျားနေတာလား!"
"မင်းမှာ ကစားစရာကလဲအရမ်းများတာပဲကွာ!မင်းပါးစပ်ထဲမှာတင်အရုပ်ဆိုင်တည်လို့ရတယ် သိလား အဟက်!"
"ကိုယ်ကမေးရမှာပါ!ကိုယ်နေတဲ့အခန်းနားမှာဘာလာလုပ်နေတာလဲ!"
"ဟင်!"
"ဪ ကျွန်တော်မသိလိုက်ဘူး!တောင်းပန်တယ်ဗျာ!"
"ဂလွမ်!!"
"အမောင် ဟိုဒကာလေးနှစ်ယောက်ကိုဒီကိုခဏလာခဲ့ဖို့သွားပြောလိုက်!"
"အဟမ်း!"
"ဟို ဟို..အစ်ကိုတို့ကို ဘဘုန်းကခဏလာခဲ့ပါအုံးတဲ့"
"အိုကေ ညီလေး!ကျေးဇူးပဲနော်!"
"ဆရာနော် ကျွန်တော်သိပါတယ်ဗျာ!ဆရာ ကွေးချင်နေပြီမလား!"
"မိကျောင်းသား လျှာကိုရှည်တယ်!လာ သွားမယ်!"
"၀င်ခဲ့ကြ ဒကာလေးတို့!"
"ဘုန်းဘုန်းသဘောအတိုင်းပါဘုရား တပည့်တော်တို့လည်းခုမှရောက်တာဆိုတော့ ဒီပုဂံအစားအစာလေးတွေကိုစားကြည့်ချင်ပါသေးတယ်ဘုရား!တပည့်တော်တို့ကအဆင်ပြေပေမယ့် ဒီကကောင်ငယ်လေးကအဆင်မပြေတဲ့ပုံပဲဘုရား၊ရပါတယ် တပည့်တော်တို့အဆင်ပြေသလိုပဲစားလိုက်ပါ့မယ်ဘုရား!"
"ဟာ ခင်ဗျားကိုဘယ်သူကဘာပြောနေလို့လဲဗျာ!ကျွန်တော့်ကိုအဆူခံထိအောင်မလုပ်စမ်းပါနဲ့!အဆင်မပြေစရာလည်းမရှိဘူး ပြောနေတာကြာတယ်ဗျာ!အခုသွားမယ်လာ!"
~^~
"ကြီးကြီး!"
"ဟယ်!မဟာလေးမလား!သား ဟိုနေ့ကပြောတော့ပဲခူးကိုပြန်တော့မလို့ဆို မပြန်ဖြစ်ကြဘူးလား!"
"ဟုတ်ကဲ့ ကြီးကြီး!ကျွန်တော်ပဲကျန်ခဲ့တာ ကျွန်တော့်ညီ မဟူရာကတော့ ခုမနက်ပဲပဲခူးကိုပြန်သွားပြီ!"
"ဪ အေးပါကွယ်!"
အခုထိတိုင် ပျောက်ချက်သားကောင်းနေသော ကလေးငယ်ကို လွမ်းဆွတ်လာသည်မို့ မနေနိုင်တော့သည့်ထုတ်၍မေးရလေတော့သည်။
"ဒါနဲ့ ကြီးကြီး ဟိုအမောင်တစ်ယောက်ရော မတွေ့ပါလား!သူဘယ်သွားလဲ!"
"ဪ အမောင်လေးကသူ့ဘဘုန်းကိုကန်တော့မယ်ဆိုပြီးသွားလေရဲ့ကွယ်!သူရတဲ့ပထမဆုံးပိုက်ဆံလေးဆိုပြီး ကြီးကြီးကိုတောင်ကန်တော့သွားသေးတယ်!တကယ်လိမ်မာတဲ့ကလေးလေးပါကွယ်!သား ထမင်းစားပြီးပြီလား!"
"မစားရသေးဘူး ကြီးကြီး!"
"တယ် ဒီကလေးတော့ အားနာရအောင်သူစိမ်းတွေလား!စားရမယ် မငြင်းနဲ့!"
"ကဲ ထိုင်အုံးနော်!ဟင်းကထုံးစံအတိုင်းပဲလား!"
"ဟုတ်!"
#Hsu Lynn Nge