"ရှောင်ရှောင်း..."
"ရှောင်ရှောင်း ဘယ်မှာလဲ....ရှောင်ရှောင်း.."
အပြင်ကပြန်ရောက်လာတဲ့ ရိပေါ် တစ်ယောက် ရှောင်ရှောင်းကို အိမ်တော်ထဲ
လှည့်ပတ်ရှာပေမဲ့ ဘယ်မှာမှရှာမတွေ့။ပြတင်းကနေ အိမ်တော်ဝန်းထဲလှမ်းမျှော်ကြည့်ပြန်တော့လည်း အရိပ်အယောင်တောင်မမြင်ရ။
ရှောင်ရှောင်း တိဗက်ကိုရောက်တာ အတော်လေးကြာနေပြီဆိုပေမဲ့ ဘယ်မှမသွားတတ်၊မလာတတ်သေး။တောင်တန်းတွေပေါတဲ့ဒေသမို့ စိတ်မချတာကြောင့် ရိပေါ်မပါဘဲ ဘယ်မှမလွှတ်ရဲတာ သူသာအသိဆုံးပါပဲ။ နောက်ပြီး စာမရီတွေနားတောင် နီးနီးကပ်ကပ်သွားဖို့ ခွင့်ပြုထားတာမဟုတ်ဘူးရယ်။
မကြာခင် ဆောင်းဦးရောက်တော့မှာမို့ ရိပေါ် စည်းဝေးပွဲသွားတုန်း ဘယ်ထွက်သွားတယ်မသိ။ ခါတိုင်းဆို ရိပေါ်အပြင်သွားတဲ့အခါ အိမ်တော်နဲ့အနီးဆုံး ဒင်္ဂါးပန်းခင်းဘက်လောက်သာသွားတတ်တာရယ်။ ရိပေါ်လည်း ခါးပေါ် လက်ထောက်လို့ လေပူတချို့မှုတ်ထုတ်ပစ်လိုက်တယ်။ စိတ်ကတော့ အတော်လေးကို စိုးထိတ်ပူပန်နေပြီပဲဖြစ်ပါတယ်။
ရိပေါ် ဖြစ်နိုင်ချေရှိမှာမျိုးကို တွေးတောနေရင်း ဖျတ်ခနဲသတိရလိုက်တာက ဝမ့်ချက်ခ်နဲ့ မာချော့။ရိပေါ် အပြင်မသွားခင် ရှောင်ရှောင်းကို စောင့်ရှောက်ပေးဖို့ ဒီနှစ်ယောက်ကိုမှာထားပေမဲ့ အခု သင်းတို့ပါ ပျောက်နေကြတာပဲ။
"အကြီးအကဲ..! "
ရိပေါ်အတွေးတောင်မဆုံးလိုက်။ ရုတ်တရက် ရှောင်ရှောင်းအသံစူးစူးကလေးက အိမ်တော်ဘေးဘက္ မြက်ခင်းထဲက ထွက်ပေါ်လို့လာတယ်။ ရိပေါ်လည်း ပြတင်းတံခါးအထိ တိုးကပ်ကြည့်လိုက်တဲ့အခါ ရှောင်ရှောင်းက လက်ဝှေ့ယမ်းပြနေလေရဲ့။ အဝတ်အစားတွေကလည်း ရွှဲရွှဲစိုနေလို့ပါပဲ။ လက်တစ်ဖက်က ဖိနပ်ပါချွတ်ကိုင်ထားသေးတော့တာ။ယုန်သွားဖွေးဖွေးလေးတွေထင်းနေအောင် ရယ်ပြနေသူဘေးမှာတော့ ဝမ့်ချက်ခ်နဲ့ မာချော့။
"အကြီးအကဲ...ကျွန်တော်တို့ ငါးတွေရလာတယ်...ဒီမှာ..."
ဝမ့်ချက်ခ်လက်ထဲက ငါးသုံးလေးကောင်အတွဲလိုက်ကို လက်ညှိုးညွှန်ပြရင်းပြုံးပျော်နေတဲ့ ရှောင်ရှောင်းရယ်ပါ။ ရှောင်ရှောင်းက မြူးထူးနေပေမဲ့ ဝမ့်ချက်ခ်နဲ့ မာချော့ နှစ်ယောက်သားက ခေါင်းဖော်မလာကြတော့ဘူး။ သုံးယောက်စလုံးဟာ ရေစက်လက်နဲ့ဖြစ်ပြီး ရွှံတွေပါပေကျံလို့နေတယ်။
"ဝမ့်ချက်ခ်...မာချော့..ဘယ်လိုဖြစ်ရတာလဲ"
ရိပေါ် တိဗက်ဘာသာစကားနဲ့ လေသံ
မာမာမေးလိုက်တဲ့အခါ နှစ်ယောက်သား
က ခေါင်းကိုတွင်တွင်ငုံ့သွားကြပြီး မရဲတရဲပြန်ဖြေလာကြတယ်။
"ကြင်ယာတော်က လှမ်းမြင်နေရတဲ့ချောင်းကိုလက်ညှိုးညွှန်ပြပြီး သွားဖို့ပူဆာတာပါ...
ဟိုရောက္မှ ငါးဖမ်းပေးဖို့ အမူအရာနဲ့ပြောလာမို့... ကျွန်တော်တို့လည်း ရှင်းပြချင်ပေမဲ့ တရုတ်စကားမတတ်တာမို့ မလွှဲသာလို့ လိုက်လျောမိလိုက်ပါတယ်...ကျွန်တော်တို့မှာအပြစ်ရှိပါတယ် အကြီးအကဲ"
"ကျစ်...မင်းတို့က...အလိုလိုက်လွန်းနေတာပဲ...ကဲ...သွားတော့...သွား"
ရိပေါ် စုတ်သပ်ရေရွတ်ပြီးတာနဲ့ သူတို့နှစ်ယောက်ကို အမြန်သာပြန်ခိုင်းလိုက်တော့တယ်။ရှောင်ရှောင်းက မျက်လုံးတောက်တောက်လေးတွေနဲ့ လိုက်ကြည့်နေပြီး အခြေအနေမကောင်းမှန်း ရိပ်မိလို့်ထင်ရဲ့။ အဝတ်မှာ ကပ်နေတဲ့ ရွှံ့စလေးတွေကို လက်ညှိုးလက်မသုံးပြီး တောက်လို့ ခါချနေတယ်။ ခေါင်းကိုပါ မဖော်တမ်း ငုံ့ထားသေးတော့တာ။
"ရှောင်ရှောင်း..."
ရိပေါ် လေသံခပ်မာမာနဲ့ ခေါ်လိုက်တာမို့ခန္ဓာကိုယ်ငယ်လေးက ဆတ်ခနဲ။
"အ...အကြီးအကဲ.."
မဝံ့မရဲကြည့်လာတဲ့မျက်ဝန်းတွေမှာ မျက်ရည်ကြည်တွေတောင် ရစ်လို့သိုင်း
လို့ပဲ။ တိဗက္ဓလေ့ကို မသိနားမလည်တာကြောင့် ငါးဖမ်းမိတာကို ရိပေါ် ခွင့်လွှတ်ပေးဖို့ တွေဝေနေရပေမဲ့ အခုလိုမျက်ရည်တွေနဲ့ စေ့ဆုံချိန်မှာတော့ ခွင့်လွှတ်ပေးဖို့ ယတိပြတ်ဆုံးဖြတ်လိုက်ပြီပဲဖြစ်ပါတယ်။
"ရှောင်ရှောင်း...မင်းသိပ်ဆိုးတယ်..."
ရိပေါ် ရွှံ့စက်တွေနဲ့ ပေပွနေတဲ့ပါးပြင်လေးပေါ် လက်မနဲ့ ဖွဖွဆွဲသုတ်ပေးရင်း ပြောလိုက်တဲ့အခါ ရှောင်ရှောင်းက နှုတ်ခမ်းလေးဆတ်ခနဲမဲ့ကျသွားပြီး မျက်ရည်ဥတွေ တစ်လိမ့်ချင်း ကျဆင်းလာတော့တာပါပဲ။
"အာ....မငိုနဲ့လေ...ကျုပ်က ရှောင်ရှောင်းကိုဆူတာမှမဟုတ်ဘဲ..."
ရိပေါ် အလျင်စလိုနဲ့ ပြောလိုက်ပေမဲ့ ရှောင်ရှောင်းကတော့ လက်ထဲက ဖိနပ်ရှည်ကို ပစ်ချလို့ အတွင်းခန်းထဲဝင်သွားပြီပဲဖြစ်တယ်။ရိုးရာဓလေ့ချင်းမတူတာမို့ ဒီကလေးသိအောင် သေချာရှင်းပြမှပဲဖြစ်ပါမယ်။ ရိပေါ်က အကြောင်းမဟုတ်ပေမဲ့ လူမျိုးစုတစ်ခုလုံးနဲ့ယှဉ္လာရင် မဖြစ်သင့်တာတွေဖြစ်ကုန်မှာ သိပ်စိုးပါတယ်။
အခုလည်း ရေစက်လက်နဲ့မို့ နေမကောင်းဖြစ်ရင် ခက်ရချည်သေးရဲ့။ ရေအမြန်ချိုးဖို့ ရိပေါ်ကိုယ်တိုင်ပြင်ဆင်ပေးမှဖြစ်ပါအုံးမယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ရှောင်ရှောင်း....ငါးစားချင်တယ်ဆို..ဒီမှာကင်နေပြီလေ..."
ရိပေါ် မီးလင်းဖိုမှာ တံစို့ထိုးထားတဲ့ ငါးကိုကင်နေရင်း လှမ်းပြောလိုက်ပေမဲ့ အဆိုးအဆာလေးက အသံပြန်မပေး။ သူ့ကိုယ်
သူအပြစ်လုပ်ထားမှန်းတောင်မရိပ်မိဘဲ လူကိုတောင် ပြန်စိတ်ကောက်နေသေးတော့တာရယ်။ ရိပေါ်လည်း ဟက်ခနဲရယ်ချလိုက်ရင်း ငါးကင်ခြင်းအမှုကိုမြန်မြန်အဆုံးသတ်လိုက်တယ်။
"ရှောင်ရှောင်း..."
".................."
"တကယ်အိပ်မနေမှန်း ကျုပ်သိတယ်နော်..."
".................."
ရိပေါ် ခုတင်ပေါ်က အိပ်ချင်ယောင်ဆောင်နေတဲ့ စောင်လုံးလေးကို အတော်လေးနှိုးရခက်နေတယ်။ မချော့တတ်တာမို့ ဘယ်ကနေ စချော့ရမယ်မှန်းလည်း တကယ်မသိ။
ရိပေါ်မှာ ခုတင်နား တောင့်တောင့်ကြီးရပ်ပြီး စဉ္းစားနေရတော့တာရယ်။ဒါပေမဲ့ စနောက်ချင်စိတ်ကလေး ပေါ်လာရပြန်တာမို့...
"အာ...တကယ်အိပ်ပျော်နေတာပဲ...ငါးကင်ကို ဝမ့်ချက်ခ်တို့ကို ကျွေးလိုက်ရရင်ကောင်းမလား...."
ရိပေါ် သံရှည်ဆွဲပြီးပြောလိုက်တဲ့အခါ စောင်လုံးလေးတစ်ချက် လှုပ်သွားတာတွေ့လိုက်ရတယ်။ပြီးတာနဲ့ ရှောင်ရှောင်းတစ်ယောက် ဆံနွယ်ရှည်တွေ ကပိုကရိုနဲ့ စောင်ပုံထဲက ထွက်လာတော့တာပါပဲ။
"ကျွန်တော်စားမှာ...."
"အယ်...အိပ်ပျော်နေပြီမဟုတ်ဘူးလား.."
"ဟို...ဟို...တစ်ရေးနိုးလာတာ..."
ရိပေါ်အမေးကို မျက်လုံးလေးထောင့်ကပ်
စဉ္းစားပြီး ဖြေလာပုံက အူယားစရာ။
ရိပေါ်လည်း ရယ်ချင်သွားရပြီမို့ လက်သီးဆုပ်နဲ့နှုတ်ခမ်းကို ကွယ်ပစ်လိုက်ရတယ်။
"အာ...ခုနကမှအိပ်ရာထဲဝင်သွားတဲ့သူက တစ်ရေးတောင်နိုးလာပြီပဲ..."
"ကျွန်တော် ငါးကင်စားမှာနော်..."
"အင်းပါ...စားမယ်ဆိုရင်လည်း...ထ"
ရိပေါ်စကားဆုံးတာနဲ့ ခပ်သွက်သွက်ဝင်ပြောလာတဲ့စကားလေးက ငါးကင်စားမလို့ဆိုပဲ။ ရိပေါ်လည်း နှုတ်ခမ်းစွန်းတစ်ဖက်မြောက်တက်အောင်ပြုံးလိုက်ရင်း အိမ်ရှေ့ခန်းဆီ ရှေ့ကဦးဆောင်ထွက်လာလိုက်တယ်။
"ကောင်းရဲ့လား...ကျုပ်လည်း စမ်းကြည့်ထားတာ..."
"အင်း..အရမ်းကောင်းတယ်.."
ရိပေါ်အမေးကို ရှောင်ရှောင်းက လက်မလေးထောင်ပြရင်း ငါးကင်ကို
လည်း အားရပါးရမြုံ့မြုံ့ဝါးလို့နေတယ်။
"ကောင်းရင် ပြီးတာပါပဲ..."
"အကြီးအကဲလည်း စားလေ..."
ရှောင်ရှောင်းက တံစို့တန်းလန်းနဲ့ငါးကင်တစ်ကောင်ကိုယူလိုက်ပြီး ရိပေါ်ကိုကမ်းပေးလာတာမို့ ....
"တိဗက်လူမျိုးတွေက ငါးမစားဘူးရှောင်ရှောင်းရဲ့..."
"အင်...ဘာလို့လဲ.."
ရိပေါ်စကားကြောင့် ရှောင်ရှောင်းက မျက်လုံးလေးတွေ လဲ့တောက်လို့ စိတ်ဝင်တစားမေးလာရှာတယ်။
ရိပေါ်လည်း ရှောင်ရှောင်းရဲ့ ဆံနွယ်တချို့ကို နားရွက်နောက်ကို သိမ်းပို့ပေးလိုက်ရင်း သေသေချာချာရှင်းပြရပါတော့တယ်။
"ဘာသာရေးဆိုင်ရာအယူအဆကြောင့်ပေါ့...ငါးတွေက ရေနတ်ဘုရားဝင်စားတာလို့သတ်မှတ်ထားတယ်လေ...တိဗက်လူမျိုးတွေက လူသေတဲ့အခါ ရေထဲမှာသင်္ဂြိုဟ်တဲ့အလေ့အထရှိတယ်...
ငါးတွေက အလောင်းကိုမြှုပ်နှံသင်္ဂြိုဟ်တဲ့
တာဝန်ထမ်းဆောင်တယ်လို့မှတ်ယူကြတယ်...ရှောင်ရှောင်းရဲ့..."
"အမ်...ဒါဆို...ဒီ...ဒီငါးတွေက လူသေတွေစားထားတာပေါ့....ဖွီးးးးးး"
ရိပေါ်စကားဆုံးတာနဲ့ ရှောင်ရှောင်းရဲ့ ဝါးလက်စ ငါးကင်ဖတ်တွေ ရိပေါ်မျက်နှာပေါ် လွင့်စင်ကုန်တာများ ပေလို့ပွလို့...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
TBC