လရောင်ဖြာမှ...အေးသောကြောင့်(လ...

By Hsu_BlueRose

56.6K 4.6K 763

Unicode '' ကံကြမ္မာဆိုတဲ့ အရာတောင် အသက်အတွက်ဆို ပြောင်းပြန်လှန်ပစ်မှာ မို့ မောင့်လက်ကိုသာရဲရဲတွဲထားပါ အသက်ရယ်... More

Intro🧡
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
hello
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)

အပိုင်း (၈)

1.9K 210 50
By Hsu_BlueRose

Unicode

'' ဒေါက် ဒေါက် ဒေါက် !''

လရောင် မိုးမောင် ဆိုသော ထိုလူနှင့် စကားပြောပြီး အိပ်ရန် ကိုယ့်အခန်း ကိုယ်ပြန်လိုက်ပေမယ့် နေရာ သစ်ကြောင့် အိပ်မပျော်ဘဲ လမ်းလေးသာ ထလျှောက် နေလိုက်သည်။ လရောင် ခင်ထွေးတို့ကိုလည်း ကြေးနန်းပို့ရဦး မည် မဟုတ်ပါလား ...။ လရောင် အတန်းပညာတွေမတတ်ပေမဲ့ ခင်ထွေး သင်ပေးခဲ့တဲ့တာကြောင့် စာလုံးပေါင်းသတ်ပုံ လုံးစုံ ပတ်စိ မမှန်ပေမဲ့ အနည်းငယ်တော့ ဖတ်တတ်ပါသေးသည်။
လရောင် မနက်ဖြန် ကြေးနန်းရုံး သွားရန်စဥ်းစားလိုက်ပြီး အတွေးများစွာ နှင့်သာ လမ်းလျှောက်နေလေသည်။ နေရာစိမ်း ဖြစ်တာကြောင့် အသားမကျမှုရော နောက်ဖေးက ထင်းရှုးတောတွေကြောင့်ပါ ကြောက်စိတ် ဝင်လာပြီး တစ်ကိုယ်တည်းမနေရဲတော့ဘဲ မေမေကြီး အခန်း တံခါးအား ခေါက်လိုက်လေတော့သည်။

'' မေမေကြီး ...''

လရောင် မေမေကြီး အခန်းတံခါးလေးကို အသာဖွင့်ပြီး ဝင်လိုက်ကာ ယခုချိန်ထိ မအိပ်သေးဘဲ မျက်နှာကျက်ကို ​တွေတွေလေးငေးနေသည့် မေမေကြီးကြောင့် လရောင် တိုးတိုးလေးသာခေါ်လိုက်သည်။

'' ဟိုလေ မေမေကြီး ... လရောင် ဒီတစ်ညတော့
ဖြင့် မေမေကြီးနဲ့ အိပ်ပါရစေနော် ''

ကုတင်ပေါ်တွင် ခွေခွေလေး လဲကာ မအိပ်သေးဘဲ တစ်ခုခုကို တွေးတောနေသည့် မေမေကြီးအား လရောင် ထိုသို့ပြောလိုက်ပြီးမေမေကြီး ကုတင်အောက်ခြေရင်းတွင် သင်ဖျူးဖျာလေးအား အသာခင်းလိုက်ပြီး လရောင်ထွေးပိုက်လာသော ခေါင်းအုံးလေးပါ အသေအချာ နေရာချလိုက်သည်။

''အေး......တယ် ''

လရောင် ခေါင်းဦးလေး နေရာချပြီး အိပ်ရန်ပြင်လိုက်တော့ မေမေကြီးဆီမှ ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် ကြောင်သွားလေသည်။

''အေး......အေး..တယ် ''

ပီပီပြင်ပြင် ထွက်ပေါ်လာသော ဒုတိယ အသံတွင်တော့ လရောင် မျက်လုံးကလေးပြူးကာ

'' မေမေကြီး အေးလို့လားဟင် ''

လရောင် ရုတ်တရက် ထလိုက်ပြီး မေမေကြီး အပါးကပ်ကာ စောင်လေးအားဆွဲခြုံပေးလိုက်ပြီးမေးလိုက်လေသည်။

'' မေမေကြီးတို့ မေမြို့က သိပ်ကိုအေးတာပဲ ...နွေးနွေးထွေးထွေးလေးနေနော် စောင်ကိုလုံအောင်ခြုံ သိသလား မေမေကြီး ''

လရောင် ပြောလည်းပြော မေမေကြီး ခြေထောက်လေးအားစောင်ဖြင့်ထွေးလိုက်လေသည်။ လရောင် မေမေကြီးကို စောင်ခြုံပေးပြီး အိပ်ရာရှိရာပြန်မည်လုပ်တော့

'' အေး....အေးတယ် ''

ထိုအသံကြောင့် လရောင် ဆက်မသွားတော့ဘဲ မေမေကြီး ရှိရာသို့သာပြန်လာလိုက်သည်။

'' ဟင် အေးနေတုန်းပဲလား မေမေကြီးရဲ့ ''

လရောင်လည်း ပျာပျာသလဲဖြင့် မေမေကြီးနားသို့သွားကာ ထိုသို့ဆိုပြန်တော့ မေမေကြီးမှ ခေါင်လေးအား ဘယ်၊ညာ ခါပြလေသည်။

'' ဟင် မဟုတ်ပြန်ဘူးလား ဒါဖြင့် ဘာများအေးတာတုန်း မေမေကြီးရဲ့ ''

လရောင် နားမလည်၍ ပြန်မေးတော့ မေမေကြီးမှ လရောင်အား လက်ညိုးလေးသာ အသာထိုးပြလေသည်။

'' ဟင် ...သြော် လရောင်ကို ဆိုတာလား မေမေကြီးရဲ့ ''

လရောင် ပြန်မေးလိုက်တော့ မေမေကြီးမှ ခေါင်းလေးညိတ်ပြလေသည်။ လရောင် ဝမ်းသာလွန်း၍ စကားပင်မဆိုနိုင်တော့ချေ။ လရောင် ငယ်စဥ်ကတည်းမှ ယခု အချိန်အထိ ထိုသို့ မိမိကို ဂရုစိုက်၍ အရေးပေးမှုမျိုး မရခဲ့ပေ။ မိခင်မရှိတော့သည့် အချိန်မှစ၍ လရောင်သည် '' ရတနာကျော်'' စံအိမ်ကြီးတွင် အခိုင်းအစေ တစ်ယောက်ကဲ့သို့သာ နေခဲ့ရသည်မို့ ထိုကဲ့သို့ ဂရုစိုက်မှုမျိုး မဆိုနှင့် သားအဖြစ်ပင် အသိအမှတ်ပြုမခံခဲ့ရပေ။

''ရပါတယ်မေမေကြီးရဲ့ လရောင် အိပ်နိုင်ပါတယ် မေမေကြီးသာ အိပ်ပျော်အောင် အိပ်နော်''

လရောင် ထိုသို့ဆိုလိုက်တော့ မေမေကြီးမှ
ကုတင်ဘေးရှိ အညာဂွမ်းကပ်စောင်ထူလေးအား လရောင်ကို အတင်းဆွဲပြီးလက်လှမ်းလေတော့သည်။

လရောင်ငြင်းမရတော့သည့်အဆုံး အသာလေးသာခေါင်းညိတ်လိုက်ပြီး မေမေကြီးအား ပြုံးပြကာ လက်ကမ်းပေးနေသောစောင်လေးအားယူလိုက်လေသည်။ လရောင် အိပ်ရာထဲသို့သာ ပြန်ဝင်လိုက်ပြီး ဘုရားရှိခိုးကာ မေမေကြီးကိုပါ တစ်ပါတည်း ကန်တော့လိုက်ပြီးအိပ်စက်ရန်သာ ပြင်လိုက်လေတော့သည်။

>>>>>>
<<<<<<

ငါ့နဲ့ ဘယ်လိုများပြုလို့ အလုပ်ပါ အာရုံမစိုက်နိုင်အောင် ဖြစ်နေရသလဲ ''

မြို့အုပ်မင်း ဦးမိုးသစ်ဦးမောင် တစ်ယောက် မိမိ၏ အလုပ်ခန်းထဲရှိ စားပွဲအား လက်တစ်ဖက်ဖြင့်ထောက်ကာ တစ်ဖက်မှလည်း မူမမှန်သော နှလုံးခုန် သံကြောင့် ရင်ဖက်အား လက်ဖြင့်အသာဖိကာ တစ်ယောက်တည်း တီးတိုးဆိုနေလေသည်။

ဇင်ယော်တောင် ကဲ့သို့ ကော့ညွှတ်နေသည့် မျက်ခုံး ၊ ဝိုင်းစက်သည့် မဟူရာရောင် အခံရှိမျက်အိမ်ပေါ်သို့ တောက်ပစွာ တည်ရှိနေသော ပုလဲမျက်စံ နှင့် အသွင်တူ ရွှန်းလဲ့လဲ့ မျက်ဝန်းတစ်စုံ၊ သွယ်လျသည့် နှာတံ၊ ထို သွယ်လျလျ နှာထိပ်ဖျားရှိ အနက်ရောင်မှဲ့ကလေး တစ်လုံး ၊ ဆေးကူစရာမလိုပါပဲ ပန်းရောင်သန်းနေသည့် နှုတ်ခမ်းဖူးလေးများအား တစ်စိတ်တစ်ပိုင်းခြင်း ပြန်မြင်ယောင်လာသည့် အချိန်တွင်တော့ သစ်ဦး အလုပ်ပင် ဆက်မလုပ်နိုင်တော့ပါပဲ မူမမှန်သော နှလုံးခုန်သံအပေါ် လက်ဖိနေရလေတော့သည်။

'' အို... ကျုပ်တော့ဖြင့် စုန်းများပြုစားခံ‌နေ
ရသလား ...''

သစ်ဦး ထိုသို့ဆိုလိုက်ပြီး စားပွဲပေါ်ရှိ ရေခွက်ကို မော့သောက်လိုက်ပြီး နာရီတိုင်ကို တစ်ချက်ဝှေ့ကြည့်လိုက်တော့ နာရီပြန်တစ်ချက်ထိုးနေလေပြီ။ သစ်ဦး ခေါင်းထဲ ရှိ လရောင်ခင်၏ ပုံရိပ်များအား အတင်းထုတ်ပြီး မပြီးပြတ်သေးသော အလုပ်များကို ဆက်လုပ်ကာ အမှု ကိစ္စအကြောင်းပင်တွေးနေလေတော့သည်။

'' အင်း.... ဒီလိုဆိုပြန်တော့ ဦးကျော်ကျော်ကျော်ရဲ့ သစ်သိုလှောင်ရုံဟာ သူပိုင်ဆိုင်တဲ့ ထင်းရူးတောကြီးတစ်နေရာမှာ ရှိကိုရှိနေရမယ် ''

သစ်ဦး မြေပုံစာရွက်အား ကြည့်ကာ အလုပ်ကိစ္စဘက်သို့သာ စိတ်ပြန်လှည့်လိုက်ပြီး မပြီးပြတ်သေးသော ကိစ္စများကို ပြီးပြတ်အောင်သာ လုပ်လိုက်လေတော့သည်။

>>>>>
<<<<<

'' ဟင် နှစ်ချက်တောင် ထိုးတော့မှာပါ့လား ''

သစ်ဦး အလုပ်တွေ အကုန် အပြီးအပြတ် လုပ်ပြီး နာရီ ကြည့်မိတော့ နှစ်ချက်ပင်ထိုးနေလေပြီ ။ အကျောဆန့်ကာ ပြတင်းပေါက်လေးအား ဖွင့်ပြီးလေကို တစ်ဝရှုလိုက်တော့ ခက်သင်းသင်း ပျံ့
လွှင့်လာသည့် စံပယ်ပန်း ရနံ့လေးကြောင့် တစ်ချက်ပြုံးမိသွားလေသည်။ သစ်ဦး ပြတင်းတံခါးကို ပြန်ပိတ်မည်လုပ်တော့ အရှေ့ဘက် အဆောင်ရှိ မီးလင်းနေသော မိခင် ဖြစ်သူ၏ အခန်းကြောင့် သစ်ဦးတစ်ချက် စိုက်ကြည့်လိုက်ပြီး ပြတင်းတံခါးပိတ်ကာ မေမေ့ အခန်းရှိရာသို့ ခြေဦးလှည့်လိုက်လေသည်။

သစ်ဦး မေမေ့ အခန်းထဲကို ဝင်လိုက်ပြီး မေမေကို အသာကြည့်လိုက်တော့ ကုတင်ပေါ်တွင် ခွေခွေလေး အိပ်နေသည့် မိခင်ဖြစ်သူကြောင့် စောင်လေးအား အသာ ထပ်ခြုံပေးကာ မီးပိတ်ပြီး အခန်းထဲက ထွက်ရန် ပြင်လိုက်လေသည်။

'' ဟင် သူ... ဒီမှာ ဘယ်လိုလုပ်...''

သစ်ဦး အခန်းထဲက ထွက်ရန်ပြင်လိုက်တော့ ကုတင်အောက်တွင် ခွေခွေလေး အိပ်နေသည့် လရောင်ကြောင့် ကြောင်သွားလေသည်။

'' အဟွတ်! ...''

သစ်ဦး မမြင်ချင်ယောင် ဆောင်ပြီး အခန်းထဲက ထွက်ရန် ပြင်လိုက်တော့ လရောင် ဆီမှ ထွက်ပေါ်လာသည့် ချောင်းသံလေးကြောင့် ဘယ်လိုမျှ မနေနိုင်တော့ဘဲ ခြေဦးပြန်လှည့်ကာ အိပ်နေသော လရောင်ဘေးတွင် ဒူးတစ်ဖက်ထောက်လိုက်ပြီး ခဏမျှ လရောင်အား စိုက်ကြည့်လိုက်လေသည်။

'' သည်လောက်အေး နေတာကို စောင်ထူထူ မခြုံဘဲနက် .. အမိတို့ ရန်ကုန် မြို့လို မဟုတ်ဘူးကွဲ့ ''

သစ်ဦးတစ်ယောက်တည်း တီးတိုးပြောလိုက်ပြီး ဘေးနားက စောင်လေးကို ယူကာ ထပ်ခြုံ ပေးလိုက်လေသည်။

သစ်ဦး လရောင်အား စောင်ခြုံပေးပြီး ခဏမျှ စိုက်ကြည့်မိတော့ အအေးဒဏ်ကြောင့် ရဲတက်နေသော ပါးမို့မို့လေး နှစ်ဖက်ကြောင့် တည်ငြိမ်စပြုလာသော ရင်ခုန်သံသည် တဒုတ်ဒုတ် ထပ်မံ မြည်လာလေသည်။ ထိုပါးမို့မို့လေး အား လက်ဖြင့် အသာ ထိရန်ပြင်လိုက်မိတော့ မသင့်တော်မှန်းသိ၍ လက်အားပြန်ရုတ်သိမ်းကာ ခုန်နေသော ရင်ဘတ်လေးကိုသာ အသာဖိပြီး အခန်းပြင်ဘက်သို့ လျှင်မြန်စွာ ထွက်ခဲ့လေတော့သည်။

သည်တစ်ညတော့ဖြင့် မိုးသစ်ဦးမောင်အဖို့ ...အိပ်မပျော်နိုင်ကာ ညတာသည် ရှည်လျား လွန်းလှလေသည်။

>>>>>
<<<<<

'' နိုးပြီလား ဆရာ... လာမနက်စာစား ...ဟဲဟဲ ကျုပ်လည်း ခုမှ နိုးတာ ''

အိမ်ပေါ်မှ မျက်နှာသစ်ပြီး ဆင်းလာသော ဆရာဖြစ်သူအား ထွန်းတောက်တွေ့လိုက်သည်နှင့် စားနေသော မနက်စာကို ခဏရပ်ထားလိုက်ပြီး လောကွပ် ချော်လိုက်လေသည်။

သစ်ဦး ခေါင်းလေးသာ အသာညိတ်ပြလိုက်ပြီးထမင်းစား စားပွဲလို့သာ ဝင်ထိုင်လိုက်လေသည်။ အရင်ကနဲ့ မတူ မွှေးကြိုင်နေသော မနက်စာကြောင့် တပည့်ဖြစ်သူ ထွန်းတောက် လက်ရာ မဟုတ်ပါပဲ ... လရောင်ခင်၏ လက်ရာမှန်း
သစ်ဦးမမေးဘဲ သိလေသည်။

'' အဟင်း ... မေမေ့ကိုရော မနက်စာကျွေးပြီးပါလား ''

'' ပြီးပြီလို့တော့ ပြောတာပဲ ဆရာရဲ့ ...''

'' ဒါနဲ့ ... ဟိုတစ်ယောက်ရော ''

သစ်ဦး ဘေဘီဝဲယာ ကို မျက်လုံး ဝေ့ကြည့်ပေမယ့် လရောင်ခင်၏ အရိပ်အယောင်ပင်မမြင်ရတာကြောင့် မေးလိုက်လေသည်။

'' ဘယ်တစ်ယောက်တုံး ဆရာရဲ့ ''

'' ဘယ်တစ်ယောက်ကမလဲ ဟို အမိ ပေါ့ ''

'' သြော် သြော် ... အစ်မလေး ကို ပြောသလား... အစ်မလေး ကျုပ်စောစောက အိပ်ရာနိုးတော့ဖြင့် စျေးသွားမလို့တဲ့ စျေးဘယ်နားမှာလဲ မေးတာနဲ့ ကျုပ်လည်း ပြောပြလိုက်တော့ ထွက်သွားလေရဲ့ ကျုပ်လိုက်မို့တော့ဘူးဆိုတော့ ရတယ်တဲ့ လမ်းထိပ်ရောက်မှ မြင်းလှည်း ငှားလိုက်ပါ့မယ်တဲ့ ... အဲ့ဒါနဲ့ ကျုပ်လည်း....''

'' ဒုံး....!''

'' အမယ်လေး ဘုရားကြီး
အနိစ္စကြွကြွ...ကြွ ''

ထွန်းတောက်စကားပင်မဆုံးသေး ဒုံးခနဲ ထမင်းစားပွဲအား လက်ဖြင့်ထုကာ ထရပ်လိုက်
သည့် သစ်ဦးကြောင့် ထွန်းတောက် လန့်ကာ အော်လေတော့သည်။

'' ဒီလောက် အမှုခင်းတွေ ဖြစ်နေတဲ့ နေရာကို မိန်းမပျိုလေး တစ်ယောက်တည်း လွှတ်ရသလား ... ပြီးတော့ သူက ဒီနယ်ခံ မဟုတ်ဘူး မတော်လို့တစ်ခုခု ဖြစ်သွားပါပြီရဲ့ ဘယ်နဲ့လုပ်ကြမလဲ ... တကတဲ မင်းနဲ့တော့ကွာ ...''

ထွန်းတောက် ဘာမျှ ပြောချိန်မရဘဲ စကားကို တတွတ်တွတ်ပြောကာ မနက်စာပင် မစားတော့ပါပဲ ... မပြေးရုံတမယ် အိမ်ထဲမှ ထွက်သွားသည့် ဆရာဖြစ်သူ မြို့အုပ်မင်းကြောင့် ထွန်းတောက် စားလက်စ မနက်စာ ပန်းကန်လေးကို လက်တစ်ဖက်ဖြင့်က်ိုင်ပြီး ပါးစပ်ထဲတွင် ဇွန်းတန်းလန်းလေးဖြင့်သာ ကြောင်ကြည့်နေမိလေတော့သည်။

'' ဂလု ! ''

ထွန်းတောက် ခေါင်းလေးသာ အသာခါပြီး ပါးစပ်ထဲရှိ ထမင်းကို ဂလု ခနဲ မြည်အောင် မြိုချလိုက်ကာ မချိုမချဥ်မျက်နှာလေးဖြင့်သာ ထိုင်နေလေတော့သည်။

'' ငါ့နှယ် ကောင်းလိုက်တဲ့ ကံ ကတော့ ... တစ်နေ့လေးအိပ်ရေးဝဝ အိပ်ရပြီး အူလေးစိုအောင် စားရမလား မှတ်ပါတယ် ... မနက်ကတည်းက အအော်ခံလိုက်ရပြီ ...
အမယ်မင်း ...ထွန်းတောင်လေးရယ်... ကိုယ့်ကိုကိုယ်တောင် သနားလာပြီ... မင်းတော့ဖြင့် ဥစ္စာရေလျှံ.. ရုပ်ရည်မှန်တဲ့ ခင်ပျိုမဒီ လေးနဲ့ ဖူးစာများပါကမှ .. ဟင်းဟင်း ... ငါ့ဆရာရယ် ... အဲ့ခါကျမှ ငါ့တပည့်လေးကို မထည့်နိုင်ဘူး လာမလုပ်နဲ့ ထွန်းတောက်တို့က so..sorry ပါပဲ ''

ထွန်းတောက် တစ်ကိုယ်တည်း ငိုချင်းချ ပြီး မဲ့ကာ ရွဲ့ကာဖြစ်သာ .... ပန်းကန်လေးထဲရှိ ကျန်ရှိနေသော မနက်စာလေးကိုသာ ဆက်စားနေလေတော့သည်။

>>>>
<<<<

'' ဒါဖြင့် ဒီကနေ ကြေးနန်း ရုံးက မဖွင့်ဘူးပေါ့နော် ''

'' ဟုတ်တယ် အစ်မလေးရဲ့ အလျင်လိုရင်တော့ တယ်လီဖုန်းသာဆက်လိုက်ပါ့ ကြေးနန်းရုံးက သဘက်ခါ မှ ဖွင့်မှာ ''

'' ဟုတ်ကဲ့ပါ...ကျေးဇူးပါနော် ''

လရောင် ဒီနေ့ မနက်အစောကြီးထကာ စျေးဝယ်ရင်း ကြေးနန်းရုံပါ ဝင်လိုက်မည်လုပ်တော့ မြင်းလှည်းဆရာ၏ စကားကြောင့် စိတ်ပျက် လက်ပျက်လေးနဲ့သာ စျေးခြင်းတောင်းလေးပိုက်ပြီး ... အိမ်ပြန်ရန်ပြင်လိုက်လေသည်။

'' အွန်း ဘယ်တတ်နိုင်ပါ့မလဲ ... တယ်လီဖုန်းပဲ ဆက်လိုက်ရမလား ... မေမေမြင့်ကပြောတော့ဖြင့် ရောက်ရင် တယ်လီဖုန်းဆက်ပါ့မယ်ဆိုပြီး ဟင်း ''

လရောင် သက်ပြင်းကလေးသာ ချပြီး မြင်းလှည်းဆရာအား နောက်ကြောင်းပြန်ကာ အိမ်သို့ ပြန်ရန်သာ ပြောလိုက်လေသည်။

'' အစ်မလေးကို တစ်ခါမှ မမြင်ဖူးဘူးနော် ဒီ မြို့ခံ မဟုတ်ဘူးထင်ပ ..''

'' ဟုတ် ကဲ့ .. ရန်ကုန်ကပါ''

'' သြော် ... ဒါကြောင့် ကို ''

'' ဟုတ်ကဲ့ ရပါပြီ ရှေ့နားက အိမ်တင်မို့ ဒီကပဲ ဆင်းလိုက်ပါ့မယ် ဒီမှာ မြင်းလှည်းခပါ ဦးကြီး ''

လရောင် မြင်းလှည်း ခလေး ရှင်းပြီး စျေးခြင်းလေးဆွဲကာ အိမ်ထဲ ဝင်ရန်ပြင်လိုက်လေသည်။

'' သြော်..သြော် လက်စသတ်တော့ အစ်မလေးကမြို့အုပ်မင်း အိမ်ကကိုး...''

'' ဟင်...ဘာများပြောလိုက်တာလဲ ဦးကြီး ''

လရောင် အိမ်ထဲ ဝင်ရန်ပြင်လိုက်တော့ မြင်းလှည်းဆရာဦးကြီးရဲ့ စကားကြောင့် ကြောင်ကာ ပြန်မေးလိုက်လေတော့သည်။

'' အမယ်လေး ... အစ်မလေး .. လေးနေမှာပေါ့ ...ပေးပေး ကျုပ်သည်ပေးမယ် ... ''

လရောင် ဦးကြီး အား ပြန်မေးနေစဥ် အိမ်ထဲ မှ အပြေးလေး ထွက်လာပြီး စျေးခြင်းတောင်းအား ကောက်ဆွဲတဲ့ ထွန်းတောက်ကြောင့် လရောင် ထွန်းတောက်ဆီသာ စိတ်ရောက်သွားလေသည်။

'' ဘာမှ မဟုတ်တော့ပါဘူး အစ်မလေးရဲ့ ဦးကြီးကို ခွင့်ပြုပါအုံး ''

'' ဟုတ်ကဲ့ပါ ဦးကြီး ''

လရောင် မြင်းလှည်းဆရာကြီးအား နှုတ်ဆက်ပြီး အိမ်ထဲဝင်ရန်ပြင်လိုက်လေသည်။

'' အဲ နို့... ကျုပ်ဆရာရော ...''

'' ဟင် ..''

'' ကျုပ်ဆရာလေ ကျုပ်ဆရာ ...''

'' ဘာကိုလဲ ..''

''ဟောဗျာ စောစောက အစ်မလေးကို စိတ်ပူလို့လိုက်သွားတာလေ ...ဘာလို့ အစ်မလေးက တစ်ယောက်တည်း ...''

ထွန်းတောက် စကားပင်မဆုံးသေး ခြံထဲသို့ဝင်လာသည့် မြင်းလှည်းတစ်စီးကြောင့် စကားတို့ရပ်သွားလေသည်။

'' သြော် ဆရာတို့က လွှဲ လာတာလား ... ထင်တော့ထင်သား ဆရာက အလောတကြီး ပြေးထွက်...''

'' အဟင်း... စကားမများနဲ့ ထွန်းတောက် ခဏနေ ရုံးသွားမယ် ''

ထွန်းတောက်စကားကို ဖြတ်ပြောကာ လရောင်ကို တစ်ချက်မျှ မကြည့်ဘဲ အိမ်ထဲ ဝင်သွားသည့်
သစ်ဦးကြောင့် ထွန်းတောက်ရော၊ လရောင်ပါ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကျန်ခဲ့လေသည်။

>>>>>
<<<<<

15.7.2022

TBC__

တစ်ရက်ခြားလေး ပြန်up ပေးပါ့မယ်နော် 💙

Zawgyi

'' ေဒါက္ ေဒါက္ ေဒါက္ !''

လေရာင္ မိုးေမာင္ ဆိုေသာ ထိုလူႏွင့္ စကားေျပာၿပီး အိပ္ရန္ ကိုယ့္အခန္း ကိုယ္ျပန္လိုက္ေပမယ့္ ေနရာ သစ္ေၾကာင့္ အိပ္မေပ်ာ္ဘဲ လမ္းေလးသာ ထေလွ်ာက္ ေနလိုက္သည္။ လေရာင္ ခင္ေထြးတို႔ကိုလည္း ေၾကးနန္းပို႔ရဦး မည္ မဟုတ္ပါလား ...။ လေရာင္ အတန္းပညာေတြမတတ္ေပမဲ့ ခင္ေထြး သင္ေပးခဲ့တဲ့တာေၾကာင့္ စာလုံးေပါင္းသတ္ပုံ လုံးစုံ ပတ္စိ မမွန္ေပမဲ့ အနည္းငယ္ေတာ့ ဖတ္တတ္ပါေသးသည္။
လေရာင္ မနက္ျဖန္ ေၾကးနန္း႐ုံး သြားရန္စဥ္းစားလိုက္ၿပီး အေတြးမ်ားစြာ ႏွင့္သာ လမ္းေလွ်ာက္ေနေလသည္။ ေနရာစိမ္း ျဖစ္တာေၾကာင့္ အသားမက်မႈေရာ ေနာက္ေဖးက ထင္းရႈးေတာေတြေၾကာင့္ပါ ေၾကာက္စိတ္ ဝင္လာၿပီး တစ္ကိုယ္တည္းမေနရဲေတာ့ဘဲ ေမေမႀကီး အခန္း တံခါးအား ေခါက္လိုက္ေလေတာ့သည္။

'' ေမေမႀကီး ...''

လေရာင္ ေမေမႀကီး အခန္းတံခါးေလးကို အသာဖြင့္ၿပီး ဝင္လိုက္ကာ ယခုခ်ိန္ထိ မအိပ္ေသးဘဲ မ်က္ႏွာက်က္ကို ​ေတြေတြေလးေငးေနသည့္ ေမေမႀကီးေၾကာင့္ လေရာင္ တိုးတိုးေလးသာေခၚလိုက္သည္။

'' ဟိုေလ ေမေမႀကီး ... လေရာင္ ဒီတစ္ညေတာ့
ျဖင့္ ေမေမႀကီးနဲ႔ အိပ္ပါရေစေနာ္ ''

ကုတင္ေပၚတြင္ ေခြေခြေလး လဲကာ မအိပ္ေသးဘဲ တစ္ခုခုကို ေတြးေတာေနသည့္ ေမေမႀကီးအား လေရာင္ ထိုသို႔ေျပာလိုက္ၿပီးေမေမႀကီး ကုတင္ေအာက္ေျခရင္းတြင္ သင္ဖ်ဴးဖ်ာေလးအား အသာခင္းလိုက္ၿပီး လေရာင္ေထြးပိုက္လာေသာ ေခါင္းအုံးေလးပါ အေသအခ်ာ ေနရာခ်လိုက္သည္။

''ေအး......တယ္ ''

လေရာင္ ေခါင္းဦးေလး ေနရာခ်ၿပီး အိပ္ရန္ျပင္လိုက္ေတာ့ ေမေမႀကီးဆီမွ ႐ုတ္တရက္ထြက္ေပၚလာေသာအသံေၾကာင့္ ေၾကာင္သြားေလသည္။

''ေအး......ေအး..တယ္ ''

ပီပီျပင္ျပင္ ထြက္ေပၚလာေသာ ဒုတိယ အသံတြင္ေတာ့ လေရာင္ မ်က္လုံးကေလးျပဴးကာ

'' ေမေမႀကီး ေအးလို႔လားဟင္ ''

လေရာင္ ႐ုတ္တရက္ ထလိုက္ၿပီး ေမေမႀကီး အပါးကပ္ကာ ေစာင္ေလးအားဆြဲၿခဳံေပးလိုက္ၿပီးေမးလိုက္ေလသည္။

'' ေမေမႀကီးတို႔ ေမၿမိဳ႕က သိပ္ကိုေအးတာပဲ ...ေႏြးေႏြးေထြးေထြးေလးေနေနာ္ ေစာင္ကိုလုံေအာင္ၿခဳံ သိသလား ေမေမႀကီး ''

လေရာင္ ေျပာလည္းေျပာ ေမေမႀကီး ေျခေထာက္ေလးအားေစာင္ျဖင့္ေထြးလိုက္ေလသည္။ လေရာင္ ေမေမႀကီးကို ေစာင္ၿခဳံေပးၿပီး အိပ္ရာရွိရာျပန္မည္လုပ္ေတာ့

'' ေအး....ေအးတယ္ ''

ထိုအသံေၾကာင့္ လေရာင္ ဆက္မသြားေတာ့ဘဲ ေမေမႀကီး ရွိရာသို႔သာျပန္လာလိုက္သည္။

'' ဟင္ ေအးေနတုန္းပဲလား ေမေမႀကီးရဲ႕ ''

လေရာင္လည္း ပ်ာပ်ာသလဲျဖင့္ ေမေမႀကီးနားသို႔သြားကာ ထိုသို႔ဆိုျပန္ေတာ့ ေမေမႀကီးမွ ေခါင္ေလးအား ဘယ္၊ညာ ခါျပေလသည္။

'' ဟင္ မဟုတ္ျပန္ဘူးလား ဒါျဖင့္ ဘာမ်ားေအးတာတုန္း ေမေမႀကီးရဲ႕ ''

လေရာင္ နားမလည္၍ ျပန္ေမးေတာ့ ေမေမႀကီးမွ လေရာင္အား လက္ညိဳးေလးသာ အသာထိုးျပေလသည္။

'' ဟင္ ...ေၾသာ္ လေရာင္ကို ဆိုတာလား ေမေမႀကီးရဲ႕ ''

လေရာင္ ျပန္ေမးလိုက္ေတာ့ ေမေမႀကီးမွ ေခါင္းေလးညိတ္ျပေလသည္။ လေရာင္ ဝမ္းသာလြန္း၍ စကားပင္မဆိုႏိုင္ေတာ့ေခ်။ လေရာင္ ငယ္စဥ္ကတည္းမွ ယခု အခ်ိန္အထိ ထိုသို႔ မိမိကို ဂ႐ုစိုက္၍ အေရးေပးမႈမ်ိဳး မရခဲ့ေပ။ မိခင္မရွိေတာ့သည့္ အခ်ိန္မွစ၍ လေရာင္သည္ '' ရတနာေက်ာ္'' စံအိမ္ႀကီးတြင္ အခိုင္းအေစ တစ္ေယာက္ကဲ့သို႔သာ ေနခဲ့ရသည္မို႔ ထိုကဲ့သို႔ ဂ႐ုစိုက္မႈမ်ိဳး မဆိုႏွင့္ သားအျဖစ္ပင္ အသိအမွတ္ျပဳမခံခဲ့ရေပ။

''ရပါတယ္ေမေမႀကီးရဲ႕ လေရာင္ အိပ္ႏိုင္ပါတယ္ ေမေမႀကီးသာ အိပ္ေပ်ာ္ေအာင္ အိပ္ေနာ္''

လေရာင္ ထိုသို႔ဆိုလိုက္ေတာ့ ေမေမႀကီးမွ
ကုတင္ေဘးရွိ အညာဂြမ္းကပ္ေစာင္ထူေလးအား လေရာင္ကို အတင္းဆြဲၿပီးလက္လွမ္းေလေတာ့သည္။

လေရာင္ျငင္းမရေတာ့သည့္အဆုံး အသာေလးသာေခါင္းညိတ္လိုက္ၿပီး ေမေမႀကီးအား ၿပဳံးျပကာ လက္ကမ္းေပးေနေသာေစာင္ေလးအားယူလိုက္ေလသည္။ လေရာင္ အိပ္ရာထဲသို႔သာ ျပန္ဝင္လိုက္ၿပီး ဘုရားရွိခိုးကာ ေမေမႀကီးကိုပါ တစ္ပါတည္း ကန္ေတာ့လိုက္ၿပီးအိပ္စက္ရန္သာ ျပင္လိုက္ေလေတာ့သည္။

>>>>>>
<<<<<<

ငါ႔နဲ႔ ဘယ္လိုမ်ားျပဳလို႔ အလုပ္ပါ အာ႐ုံမစိုက္ႏိုင္ေအာင္ ျဖစ္ေနရသလဲ ''

ၿမိဳ႕အုပ္မင္း ဦးမိုးသစ္ဦးေမာင္ တစ္ေယာက္ မိမိ၏ အလုပ္ခန္းထဲရွိ စားပြဲအား လက္တစ္ဖက္ျဖင့္ေထာက္ကာ တစ္ဖက္မွလည္း မူမမွန္ေသာ ႏွလုံးခုန္ သံေၾကာင့္ ရင္ဖက္အား လက္ျဖင့္အသာဖိကာ တစ္ေယာက္တည္း တီးတိုးဆိုေနေလသည္။

ဇင္ေယာ္ေတာင္ ကဲ့သို႔ ေကာ့ၫႊတ္ေနသည့္ မ်က္ခုံး ၊ ဝိုင္းစက္သည့္ မဟူရာေရာင္ အခံရွိမ်က္အိမ္ေပၚသို႔ ေတာက္ပစြာ တည္ရွိေနေသာ ပုလဲမ်က္စံ ႏွင့္ အသြင္တူ ရႊန္းလဲ့လဲ့ မ်က္ဝန္းတစ္စုံ၊ သြယ္လ်သည့္ ႏွာတံ၊ ထို သြယ္လ်လ် ႏွာထိပ္ဖ်ားရွိ အနက္ေရာင္မွဲ႔ကေလး တစ္လုံး ၊ ေဆးကူစရာမလိုပါပဲ ပန္းေရာင္သန္းေနသည့္ ႏႈတ္ခမ္းဖူးေလးမ်ားအား တစ္စိတ္တစ္ပိုင္းျခင္း ျပန္ျမင္ေယာင္လာသည့္ အခ်ိန္တြင္ေတာ့ သစ္ဦး အလုပ္ပင္ ဆက္မလုပ္ႏိုင္ေတာ့ပါပဲ မူမမွန္ေသာ ႏွလုံးခုန္သံအေပၚ လက္ဖိေနရေလေတာ့သည္။

'' အို... က်ဳပ္ေတာ့ျဖင့္ စုန္းမ်ားျပဳစားခံ‌ေန
ရသလား ...''

သစ္ဦး ထိုသို႔ဆိုလိုက္ၿပီး စားပြဲေပၚရွိ ေရခြက္ကို ေမာ့ေသာက္လိုက္ၿပီး နာရီတိုင္ကို တစ္ခ်က္ေဝွ႔ၾကည့္လိုက္ေတာ့ နာရီျပန္တစ္ခ်က္ထိုးေနေလၿပီ။ သစ္ဦး ေခါင္းထဲ ရွိ လေရာင္ခင္၏ ပုံရိပ္မ်ားအား အတင္းထုတ္ၿပီး မၿပီးျပတ္ေသးေသာ အလုပ္မ်ားကို ဆက္လုပ္ကာ အမႈ ကိစၥအေၾကာင္းပင္ေတြးေနေလေတာ့သည္။

'' အင္း.... ဒီလိုဆိုျပန္ေတာ့ ဦးေက်ာ္ေက်ာ္ေက်ာ္ရဲ႕ သစ္သိုေလွာင္႐ုံဟာ သူပိုင္ဆိုင္တဲ့ ထင္း႐ူးေတာႀကီးတစ္ေနရာမွာ ရွိကိုရွိေနရမယ္ ''

သစ္ဦး ေျမပုံစာရြက္အား ၾကည့္ကာ အလုပ္ကိစၥဘက္သို႔သာ စိတ္ျပန္လွည့္လိုက္ၿပီး မၿပီးျပတ္ေသးေသာ ကိစၥမ်ားကို ၿပီးျပတ္ေအာင္သာ လုပ္လိုက္ေလေတာ့သည္။

>>>>>
<<<<<

'' ဟင္ ႏွစ္ခ်က္ေတာင္ ထိုးေတာ့မွာပါ႔လား ''

သစ္ဦး အလုပ္ေတြ အကုန္ အၿပီးအျပတ္ လုပ္ၿပီး နာရီ ၾကည့္မိေတာ့ ႏွစ္ခ်က္ပင္ထိုးေနေလၿပီ ။ အေက်ာဆန္႔ကာ ျပတင္းေပါက္ေလးအား ဖြင့္ၿပီးေလကို တစ္ဝရႈလိုက္ေတာ့ ခက္သင္းသင္း ပ်ံ႕
လႊင့္လာသည့္ စံပယ္ပန္း ရနံ႔ေလးေၾကာင့္ တစ္ခ်က္ၿပဳံးမိသြားေလသည္။ သစ္ဦး ျပတင္းတံခါးကို ျပန္ပိတ္မည္လုပ္ေတာ့ အေရွ႕ဘက္ အေဆာင္ရွိ မီးလင္းေနေသာ မိခင္ ျဖစ္သူ၏ အခန္းေၾကာင့္ သစ္ဦးတစ္ခ်က္ စိုက္ၾကည့္လိုက္ၿပီး ျပတင္းတံခါးပိတ္ကာ ေမေမ့ အခန္းရွိရာသို႔ ေျခဦးလွည့္လိုက္ေလသည္။

သစ္ဦး ေမေမ့ အခန္းထဲကို ဝင္လိုက္ၿပီး ေမေမကို အသာၾကည့္လိုက္ေတာ့ ကုတင္ေပၚတြင္ ေခြေခြေလး အိပ္ေနသည့္ မိခင္ျဖစ္သူေၾကာင့္ ေစာင္ေလးအား အသာ ထပ္ၿခဳံေပးကာ မီးပိတ္ၿပီး အခန္းထဲက ထြက္ရန္ ျပင္လိုက္ေလသည္။

'' ဟင္ သူ... ဒီမွာ ဘယ္လိုလုပ္...''

သစ္ဦး အခန္းထဲက ထြက္ရန္ျပင္လိုက္ေတာ့ ကုတင္ေအာက္တြင္ ေခြေခြေလး အိပ္ေနသည့္ လေရာင္ေၾကာင့္ ေၾကာင္သြားေလသည္။

'' အဟြတ္! ...''

သစ္ဦး မျမင္ခ်င္ေယာင္ ေဆာင္ၿပီး အခန္းထဲက ထြက္ရန္ ျပင္လိုက္ေတာ့ လေရာင္ ဆီမွ ထြက္ေပၚလာသည့္ ေခ်ာင္းသံေလးေၾကာင့္ ဘယ္လိုမွ် မေနႏိုင္ေတာ့ဘဲ ေျခဦးျပန္လွည့္ကာ အိပ္ေနေသာ လေရာင္ေဘးတြင္ ဒူးတစ္ဖက္ေထာက္လိုက္ၿပီး ခဏမွ် လေရာင္အား စိုက္ၾကည့္လိုက္ေလသည္။

'' သည္ေလာက္ေအး ေနတာကို ေစာင္ထူထူ မၿခဳံဘဲနက္ .. အမိတို႔ ရန္ကုန္ ၿမိဳ႕လို မဟုတ္ဘူးကြဲ႕ ''

သစ္ဦးတစ္ေယာက္တည္း တီးတိုးေျပာလိုက္ၿပီး ေဘးနားက ေစာင္ေလးကို ယူကာ ထပ္ၿခဳံ ေပးလိုက္ေလသည္။

သစ္ဦး လေရာင္အား ေစာင္ၿခဳံေပးၿပီး ခဏမွ် စိုက္ၾကည့္မိေတာ့ အေအးဒဏ္ေၾကာင့္ ရဲတက္ေနေသာ ပါးမို႔မို႔ေလး ႏွစ္ဖက္ေၾကာင့္ တည္ၿငိမ္စျပဳလာေသာ ရင္ခုန္သံသည္ တဒုတ္ဒုတ္ ထပ္မံ ျမည္လာေလသည္။ ထိုပါးမို႔မို႔ေလး အား လက္ျဖင့္ အသာ ထိရန္ျပင္လိုက္မိေတာ့ မသင့္ေတာ္မွန္းသိ၍ လက္အားျပန္႐ုတ္သိမ္းကာ ခုန္ေနေသာ ရင္ဘတ္ေလးကိုသာ အသာဖိၿပီး အခန္းျပင္ဘက္သို႔ လွ်င္ျမန္စြာ ထြက္ခဲ့ေလေတာ့သည္။

သည္တစ္ညေတာ့ျဖင့္ မိုးသစ္ဦးေမာင္အဖို႔ ...အိပ္မေပ်ာ္ႏိုင္ကာ ညတာသည္ ရွည္လ်ား လြန္းလွေလသည္။

>>>>>
<<<<<

'' ႏိုးၿပီလား ဆရာ... လာမနက္စာစား ...ဟဲဟဲ က်ဳပ္လည္း ခုမွ ႏိုးတာ ''

အိမ္ေပၚမွ မ်က္ႏွာသစ္ၿပီး ဆင္းလာေသာ ဆရာျဖစ္သူအား ထြန္းေတာက္ေတြ႕လိုက္သည္ႏွင့္ စားေနေသာ မနက္စာကို ခဏရပ္ထားလိုက္ၿပီး ေလာကြပ္ ေခ်ာ္လိုက္ေလသည္။

သစ္ဦး ေခါင္းေလးသာ အသာညိတ္ျပလိုက္ၿပီးထမင္းစား စားပြဲလို႔သာ ဝင္ထိုင္လိုက္ေလသည္။ အရင္ကနဲ႔ မတူ ေမႊးႀကိဳင္ေနေသာ မနက္စာေၾကာင့္ တပည့္ျဖစ္သူ ထြန္းေတာက္ လက္ရာ မဟုတ္ပါပဲ ... လေရာင္ခင္၏ လက္ရာမွန္း
သစ္ဦးမေမးဘဲ သိေလသည္။

'' အဟင္း ... ေမေမ့ကိုေရာ မနက္စာေကြၽးၿပီးပါလား ''

'' ၿပီးၿပီလို႔ေတာ့ ေျပာတာပဲ ဆရာရဲ႕ ...''

'' ဒါနဲ႔ ... ဟိုတစ္ေယာက္ေရာ ''

သစ္ဦး ေဘဘီဝဲယာ ကို မ်က္လုံး ေဝ့ၾကည့္ေပမယ့္ လေရာင္ခင္၏ အရိပ္အေယာင္ပင္မျမင္ရတာေၾကာင့္ ေမးလိုက္ေလသည္။

'' ဘယ္တစ္ေယာက္တုံး ဆရာရဲ႕ ''

'' ဘယ္တစ္ေယာက္ကမလဲ ဟို အမိ ေပါ႔ ''

'' ေၾသာ္ ေၾသာ္ ... အစ္မေလး ကို ေျပာသလား... အစ္မေလး က်ဳပ္ေစာေစာက အိပ္ရာႏိုးေတာ့ျဖင့္ ေစ်းသြားမလို႔တဲ့ ေစ်းဘယ္နားမွာလဲ ေမးတာနဲ႔ က်ဳပ္လည္း ေျပာျပလိုက္ေတာ့ ထြက္သြားေလရဲ႕ က်ဳပ္လိုက္မို႔ေတာ့ဘူးဆိုေတာ့ ရတယ္တဲ့ လမ္းထိပ္ေရာက္မွ ျမင္းလွည္း ငွားလိုက္ပါ႔မယ္တဲ့ ... အဲ့ဒါနဲ႔ က်ဳပ္လည္း....''

'' ဒုံး....!''

'' အမယ္ေလး ဘုရားႀကီး
အနိစၥႂကြႂကြ...ႂကြ ''

ထြန္းေတာက္စကားပင္မဆုံးေသး ဒုံးခနဲ ထမင္းစားပြဲအား လက္ျဖင့္ထုကာ ထရပ္လိုက္
သည့္ သစ္ဦးေၾကာင့္ ထြန္းေတာက္ လန္႔ကာ ေအာ္ေလေတာ့သည္။

'' ဒီေလာက္ အမႈခင္းေတြ ျဖစ္ေနတဲ့ ေနရာကို မိန္းမပ်ိဳေလး တစ္ေယာက္တည္း လႊတ္ရသလား ... ၿပီးေတာ့ သူက ဒီနယ္ခံ မဟုတ္ဘူး မေတာ္လို႔တစ္ခုခု ျဖစ္သြားပါၿပီရဲ႕ ဘယ္နဲ႔လုပ္ၾကမလဲ ... တကယ္တည္း မင္းနဲ႔ေတာ့ကြာ ...''

ထြန္းေတာက္ ဘာမွ် ေျပာခ်ိန္မရဘဲ စကားကို တတြတ္တြတ္ေျပာကာ မနက္စာပင္ မစားေတာ့ပါပဲ ... မေျပး႐ုံတမယ္ အိမ္ထဲမွ ထြက္သြားသည့္ ဆရာျဖစ္သူ ၿမိဳ႕အုပ္မင္းေၾကာင့္ ထြန္းေတာက္ စားလက္စ မနက္စာ ပန္းကန္ေလးကို လက္တစ္ဖက္ျဖင့္က္ိုင္ၿပီး ပါးစပ္ထဲတြင္ ဇြန္းတန္းလန္းေလးျဖင့္သာ ေၾကာင္ၾကည့္ေနမိေလေတာ့သည္။

'' ဂလု ! ''

ထြန္းေတာက္ ေခါင္းေလးသာ အသာခါၿပီး ပါးစပ္ထဲရွိ ထမင္းကို ဂလု ခနဲ ျမည္ေအာင္ ၿမိဳခ်လိုက္ကာ မခ်ိဳမခ်ဥ္မ်က္ႏွာေလးျဖင့္သာ ထိုင္ေနေလေတာ့သည္။

'' ငါ႔ႏွယ္ ေကာင္းလိုက္တဲ့ ကံ ကေတာ့ ... တစ္ေန႔ေလးအိပ္ေရးဝဝ အိပ္ရၿပီး အူေလးစိုေအာင္ စားရမလား မွတ္ပါတယ္ ... မနက္ကတည္းက အေအာ္ခံလိုက္ရၿပီ ...
အမယ္မင္း ...ထြန္းေတာင္ေလးရယ္... ကိုယ့္ကိုကိုယ္ေတာင္ သနားလာၿပီ... မင္းေတာ့ျဖင့္ ဥစၥာေရလွ်ံ.. ႐ုပ္ရည္မွန္တဲ့ ခင္ပ်ိဳမဒီ ေလးနဲ႔ ဖူးစာမ်ားပါကမွ .. ဟင္းဟင္း ... ငါ႔ဆရာရယ္ ... အဲ့ခါက်မွ ငါ႔တပည့္ေလးကို မထည့္ႏိုင္ဘူး လာမဟုတ္နဲ႔ ထြန္းေတာက္တို႔က so..sorry ပါပဲ ''

ထြန္းေတာက္ တစ္ကိုယ္တည္း ငိုခ်င္းခ် ၿပီး မဲ့ကာ ရြဲ႕ကာျဖစ္သာ .... ပန္းကန္ေလးထဲရွိ က်န္ရွိေနေသာ မနက္စာေလးကိုသာ ဆက္စားေနေလေတာ့သည္။

>>>>
<<<<

'' ဒါျဖင့္ ဒီကေန ေၾကးနန္း ႐ုံးက မဖြင့္ဘူးေပါ႔ေနာ္ ''

'' ဟုတ္တယ္ အစ္မေလးရဲ႕ အလ်င္လိုရင္ေတာ့ တယ္လီဖုန္းသာဆက္လိုက္ပါ႔ ေၾကးနန္း႐ုံးက သဘက္ခါ မွ ဖြင့္မွာ ''

'' ဟုတ္ကဲ့ပါ...ေက်းဇူးပါေနာ္ ''

လေရာင္ ဒီေန႔ မနက္အေစာႀကီးထကာ ေစ်းဝယ္ရင္း ေၾကးနန္း႐ုံပါ ဝင္လိုက္မည္လုပ္ေတာ့ ျမင္းလွည္းဆရာ၏ စကားေၾကာင့္ စိတ္ပ်က္ လက္ပ်က္ေလးနဲ႔သာ ေစ်းျခင္းေတာင္းေလးပိုက္ၿပီး ... အိမ္ျပန္ရန္ျပင္လိုက္ေလသည္။

'' အြန္း ဘယ္တတ္ႏိုင္ပါ႔မလဲ ... တယ္လီဖုန္းပဲ ဆက္လိုက္ရမလား ... ေမေမျမင့္ကေျပာေတာ့ျဖင့္ ေရာက္ရင္ တယ္လီဖုန္းဆက္ပါ႔မယ္ဆိုၿပီး ဟင္း ''

လေရာင္ သက္ျပင္းကေလးသာ ခ်ၿပီး ျမင္းလွည္းဆရာအား ေနာက္ေၾကာင္းျပန္ကာ အိမ္သို႔ ျပန္ရန္သာ ေျပာလိုက္ေလသည္။

'' အစ္မေလးကို တစ္ခါမွ မျမင္ဖူးဘူးေနာ္ ဒီ ၿမိဳ႕ခံ မဟုတ္ဘူးထင္ပ ..''

'' ဟုတ္ ကဲ့ .. ရန္ကုန္ကပါ''

'' ေၾသာ္ ... ဒါေၾကာင့္ ကို ''

'' ဟုတ္ကဲ့ ရပါၿပီ ေရွ႕နားက အိမ္တင္မို႔ ဒီကပဲ ဆင္းလိုက္ပါ႔မယ္ ဒီမွာ ျမင္းလွည္းခပါ ဦးႀကီး ''

လေရာင္ ျမင္းလွည္း ခေလး ရွင္းၿပီး ေစ်းျခင္းေလးဆြဲကာ အိမ္ထဲ ဝင္ရန္ျပင္လိုက္ေလသည္။

'' ေၾသာ္..ေၾသာ္ လက္စသတ္ေတာ့ အစ္မေလးကၿမိဳ႕အုပ္မင္း အိမ္ကကိုး...''

'' ဟင္...ဘာမ်ားေျပာလိုက္တာလဲ ဦးႀကီး ''

လေရာင္ အိမ္ထဲ ဝင္ရန္ျပင္လိုက္ေတာ့ ျမင္းလွည္းဆရာဦးႀကီးရဲ႕ စကားေၾကာင့္ ေၾကာင္ကာ ျပန္ေမးလိုက္ေလေတာ့သည္။

'' အမယ္ေလး ... အစ္မေလး .. ေလးေနမွာေပါ႔ ...ေပးေပး က်ဳပ္သည္ေပးမယ္ ... ''

လေရာင္ ဦးႀကီး အား ျပန္ေမးေနစဥ္ အိမ္ထဲ မွ အေျပးေလး ထြက္လာၿပီး ေစ်းျခင္းေတာင္းအား ေကာက္ဆြဲတဲ့ ထြန္းေတာက္ေၾကာင့္ လေရာင္ ထြန္းေတာက္ဆီသာ စိတ္ေရာက္သြားေလသည္။

'' ဘာမွ မဟုတ္ေတာ့ပါဘူး အစ္မေလးရဲ႕ ဦးႀကီးကို ခြင့္ျပဳပါအုံး ''

'' ဟုတ္ကဲ့ပါ ဦးႀကီး ''

လေရာင္ ျမင္းလွည္းဆရာႀကီးအား ႏႈတ္ဆက္ၿပီး အိမ္ထဲဝင္ရန္ျပင္လိုက္ေလသည္။

'' အဲ ႏို႔... က်ဳပ္ဆရာေရာ ...''

'' ဟင္ ..''

'' က်ဳပ္ဆရာေလ က်ဳပ္ဆရာ ...''

'' ဘာကိုလဲ ..''

''ေဟာဗ်ာ ေစာေစာက အစ္မေလးကို စိတ္ပူလို႔လိုက္သြားတာေလ ...ဘာလို႔ အစ္မေလးက တစ္ေယာက္တည္း ...''

ထြန္းေတာက္ စကားပင္မဆုံးေသး ၿခံထဲသို႔ဝင္လာသည့္ ျမင္းလွည္းတစ္စီးေၾကာင့္ စကားတို႔ရပ္သြားေလသည္။

'' ေၾသာ္ ဆရာတို႔က လႊဲ လာတာလား ... ထင္ေတာ့ထင္သား ဆရာက အေလာတႀကီး ေျပးထြက္...''

'' အဟင္း... စကားမမ်ားနဲ႔ ထြန္းေတာက္ ခဏေန ႐ုံးသြားမယ္ ''

ထြန္းေတာက္စကားကို ျဖတ္ေျပာကာ လေရာင္ကို တစ္ခ်က္မွ် မၾကည့္ဘဲ အိမ္ထဲ ဝင္သြားသည့္
သစ္ဦးေၾကာင့္ ထြန္းေတာက္ေရာ၊ လေရာင္ပါ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ က်န္ခဲ့ေလသည္။

>>>>>
<<<<<

15.7.2022

TBC__

တစ္ရက္ျခားေလး ျပန္up ေပးပါ႔မယ္ေနာ္ 💙

Continue Reading

You'll Also Like

1.2M 64.2K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
276K 26.3K 77
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
249K 37.3K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
181K 24.5K 118
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...