𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑�...
By Vante_Jeon_
68.3K 4K 62
Jeon က Kim' အပိုင် ဟောဒီက Jeon Jungkook ဆိုတဲ့လူသားက Kim Taehyung ဆိုတဲ့မင်းလေးရဲ့အပိုင် Jeon Jungkook×Kim T... More
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9(1)
Part 9(2)
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20(Final!)
တောင်းပန်စာ
Part 10
2.6K 178 2
By Vante_Jeon_
Unicode
"Kimကိုယ့်ကိုဘာကြောင့်ရှောင်နေတာလဲ"
ဆိုဖာပေါ်၌ထိုင်ကာသူ့အားတရားခံတစ်ယောက်လိုစစ်မေးသူကြောင့်Kim Taehyungနှာခေါင်းရှုံမိလိုက်သည်။ ထိုအမူအရာကိုမြင်လိုက်ရသူတစ်ဦးကတော့ Taehyungအားယုန်သွားများပေါ်သည်အထိပြုံး၍ကြည့်နေခဲ့ပါသည်။
"ဒီမှာခင်ဗျား အလုပ်မရှိဘူးလား အားနေကျွန်တော့်ဆီလာနေမဲ့အစားအလုပ်ကိုပိုလုပ်သင့်တယ်"
"ဟူး...ဒါကဒီလိုရှိတယ်Kimရဲ့..."
သက်ပြင်းတစ်ချက်ချကမှိုင်တွေတွေဖြင့်ပြောလာသောသူကြောင့်Taehyungအာရုံစိုက်ကာနားထောင်ပေးမိသည်။အကူအညီတစ်စုံတစ်ရာလိုအပ်ခဲ့သည်ရှိသော်ကူညီပေးရမည်လေ။ ဒီတိုင်းသူ့အဖေနဲ့အဖိုးကသူငယ်ချင်းတွေမို့ကူညီပေးရုံပါ တခြားဘာစိတ်မှမရှိပါဘူး။
"အလုပ် လုပ်မယ်ကြံလိုက်တိုင်း ပေါ်လာတဲ့Kimမျက်ဝန်းလေးရယ်၊အစည်းအဝေးပွဲတွေမှာထိုင်လိုက်တိုင်းကိုယ့်စိတ်ကူးထဲပေါ်လာတဲ့Kimရဲ့နှုတ်ခမ်းပါးလေးတွေရယ် ဟူး...မလွယ်ပါဘူးKimရယ်...."
Taehyungတစ်ယောက်ကတော့ဆိုဖာပေါ်မှိုင်တွေကာပြောနေသူအားကြောင်ကြည့်ကာဆွံအလျက်။ထိုပုံစံလေးကိုကြည့်ကာJungkookက...
"အဲ့ဒါကြောင့်လေKimက ကိုယ့်ကိုတာဝန်ယူပေးရမယ်ထင်တယ်"
"ခဏ ခဏနေစမ်းပါဦး ခင်ဗျားအလုပ်မလုပ်နိုင်တာနဲ့ကျွန်တော့်မျက်လုံး၊နှုတ်ခမ်းနဲ့ဘာဆိုင်လို့လဲ"
"အရမ်းလှနေလို့လေ"
"..........."
"ပြီးတော့.. အရမ်းစွဲမက်ဖွယ်ကောင်းလို့"
အသံကိုတမင်ရှည်ဆွဲကာပြောလိုက်သူကြောင့်Taehyung၏ကြက်သီးမွှေးလေးများတောင်ထောင်လျက်။
"ခင်ဗျားထွက်သွားလိုက်တော့"
"အရင်ဆုံးအခေါ်အဝေါ်ကိုပြင်ရမယ် ဘာလဲ 'ခင်ဗျား ခင်ဗျား' နဲ့ မင်းလေးထက်အသက်ကြီးတယ်ကွ"
"ခေါ်တာပြင်ရင်ရပြီမလား ပြင်ပေးမယ် လစ်လိုက်တော့"
"ပြောကြည့်ပါဦး ကိုယ့်ကိုဘယ်လိုခေါ်မှာလဲဆိုတာ"
"Jeon.."
"Jeon?"
"ဘာလဲမရဘူးလား မရလည်း...."
"မဟုတ်ဘူးရတယ် Kimစိတ်ကြိုက် Kimခေါ်ချင်သလိုသာခေါ်"
Taehyungစကားပင်မဆုံးသေးဖြတ်ပြောလာသူကြောင့်Taehyung၏မျက်လုံးများမှေးစင်းသွားခဲ့သည်။စကားပြောနေတုန်းဖြတ်ပြောတာလူယဥ်ကျေးတို့ရဲ့လုပ်ရက်မလုပ်ဘူးလေ၊Jungkookနေရာတွင်တခြားသူသာဆိုလျှင်Taehyungထသောင်းကျန်းမိမှာအမှန်ပင်။ ဒါမဲ့Jungkookကအဖိုးသူငယ်ချင်းရဲ့သားဖြစ်နေသည်မဟုတ်လား အဟမ်း အဖိုးရဲ့မျက်နှာကြောင့်ပါ...။
Taehyung၏အတွေးကိုမသိသောသူကတော့Taehyung၏မျက်နှာပြောင်းလဲပုံအဆင့်ဆင့်ကိုသေချာကြည့်ရှုနေခဲ့သည်။ ပထမဆုံးမျက်လုံးများမှေးစင်းကာအလိုမကျဖြစ်သွားသည်၊ ခဏကြာတော့သက်ပြင်းဖွဖွချကာစိတ်လျော့လိုက်ဟန်ပြုမူသည်။ အမ်းနောက်ထပ်ခဏကြာတော့မလုံမလဲပုံစံဖြစ်ကာ Jungkook ဘက်သို့လှည့်ကြည့်လာသောကြောင့်ပါးချိုင်းရေးရေးလေးပေါ်သည်အထိပြုံးပြလိုက်သည်။
'ကိုယ့်အပြုံးမှကြွေလိုက်စမ်းKim ကိုယ့်လိုဥစ္စပေါ၊ရုပ်ချောအရာရာမှperfectဖြစ်လွန်းတဲ့သူကပဲKimနဲ့ထိုက်တန်တာမဟုတ်လား'
.
.
.
.
.
.
.
Dohyunတစ်ယောက် Zankoku Gangရဲ့အလည်ဖိတ်ခေါ်မှုကြောင့် မြှောက်ကြွ မြှောက်ကြွ ဖြစ်နေလေသည်။ Dohyunဆိုတာကောင်းတာဆိုလျှင်ဝေးဝေးကရှောင်တက်ပေမဲ့ မကောင်းတာမှန်သမျှအကုန်ပြုလုပ်သည့်လူမဟုတ်ပါလား။ အသောက်အစားလည်းမကင်း၊လောင်းကစားကိစ္စတွင်လည်းသူထိပ်ဆုံးဖြစ်သည့်အပြင်မိန်းမကိစ္စပါလိုက်စားနေသူတစ်ဦး။ ထို့အပြင်သူ့အပိုင်Barအတွင်းမှဆေးခြောက်အမျိုးမျိုးအားလည်းအရောင်းအဝယ်ပြုလုပ်နေသူတစ်ဦး၊ ရောင်းဝယ်ရုံသာမကသူကိုယ်တိုင်ပါထိုဆေးဝါးများရဲ့သားကောင်ဖြစ်နေသောလူတစ်ဦး။ ထိုကဲ့သို့ပျက်စီးနေသောသူအားမီးလောင်ရာလေပင့်ဆိုသလို "Zankoku Gangမှဖိတ်ကြားခြင်း" ဆိုသည့်မီးစာထည့်ပေးခြင်းဖြင့်မကောင်းမှုအားလုံးအားပြုလုပ်ရန်တွန်းအားပေးနေသည်မဟုတ်လား။ ကံတရားကတကယ်ထူးဆန်းသည်၊ မကောင်းတာပြုလုပ်သောသူအချင်းချင်းအားမိတ်ဆွေဖွဲ့စေပြီးမှ ရန်သူအဖြစ်သို့ပြောင်းလဲပေးရန်ကြံစည်နေပေသည်။ ကံတရား၏လှည့်စားမှုအားမသိသူတစ်ဦးကတော့ထို့အချင်းအရာကိုတွေးကာပျော်ရွှင်နေလေရဲ့..။
.
.
.
.
.
.
.
"Zankoku Gangရဲ့ခေါင်းဆောင်နဲ့တွေ့ခွင့်ရတာတကယ့်ကိုဂုဏ်ယူမိပါတယ်"
ပုဝါစခြားထားသည်ရဲ့အနောက်မှမိန်းကလေးတစ်ယောက်၏ရယ်သံ သဲ့သဲ့ထွက်ပေါ်လာလေသည်။ Dohyunတစ်ယောက်Gang Leaderနှင့်တွေ့ခွင့်ရသည်ကိုပျော်ရွှင်နေသော်လည်းမထင်မှတ်ထားစွာGang Leaderမှာမိန်းကလေးတစ်ဦးဖြစ်နေသည်တဲ့လေ။ အံသြမှုအားဖိနှိပ်ထားကာပုဝါစ၏နောက်ကွယ်၌ရှိနေသောမိန်းကလေး၏စကားကိုသာအာရုံစူးစိုက်ကာနားထောင်နေမိသည်။
"တွေ့ဆုံမှုကသာမန်မဟုတ်ဘူးဆိုတာကိုJeonသခင်လေးကသဘောပေါက်မှာပါ"
"ဒါပေါ့ဗျာ သဘောပေါက်ပါတယ်"
"ကြားရတာတော့Jeonစံအိမ်တော်ကြီးရဲ့ဥက္ကဌနေရာကိုယူဖို့အခက်အခဲတွေရှိနေတယ်ဆိုပဲ"
ထိုစကားကြောင့်Dohyunတစ်​​ယောက် သူ့အားအရာရာအနိုင်ယူနေသောJeon Jungkookဆိုသောသူအားတွေးမိကာခက်ထန်မှုများပြည့်နှက်လာခဲ့သည်။ Dohyun၏လူယုံတော်ရဲ့အစီရင်ခံမှုများကြောင့်Jungkookသည်Kimသခင်လေး၏အိမ်တော်အားဝင်ထွက်ခွင့်ရနေသည်ကိုလည်းကြားသိခဲ့ရသည်လေ။
"အဟင်း အဲ့နေရာကိုလိုချင်တယ်မလား"
ထိုမေးခွန်း၏အဆုံးDohyun၏ခေါင်းမှာပုတ်သင်ညိုကဲ့သို့တစက်စက်ညိမ့်လျက်။ ထိုအမူအရာကိုမြင်တော့ ပုဝါစ၏နောက်ကွယ်ကမိန်းကလေးမှာ အူလှိုက်သည်းလှိုက် ရယ်မောခဲ့ပါသည်။ Dohyun မျက်နှာပူခနဲဖြစ်သွားသော်လည်းဒေါသအားထိန်းချုပ်ကာ သဘောကျသလိုပြုံးပြနေသည်၊သေချာပေါက်အသက်မဝင်ပေမဲ့လို့။
"ဒါပေမဲ့ရွေးချယ်မှုနှစ်ခုရှိတယ်"
"ပြောကြည့်ပါ"
"Jeon Groupရဲ့ဆက်ခံသူနေရာလား ဒါမှမဟုတ်...Kimသခင်လေးလား"
"........."
လောဘရဲ့သားကောင်ဖြစ်နေသူDohyunတစ်ယောက်ငြိမ်ကျသွားခဲ့ပါသည်။ သူတုံ့စိုင်းနေခဲ့တယ်၊ဆက်ခံသူနေရာဟာလည်းသူ့အတွက်အရေးပါသလို Kimသခင်လေးကလည်းသူ့အတွက်မရှိမဖြစ်။ ဘယ်အရာကိုမှနောင်တရခြင်းမရှိပဲဆိုးမိုက်ခဲ့သောDohyunတစ်ယောက် လူပေါင်းများစွာရဲ့ဘဝကိုဆင်းရဲဒုက္ခရောက်အောင်လုပ်ခဲ့ခြင်းကြောင့် ယခုလိုအဖြစ်မျိုးနှင့်ကြံရသည်လားဟုနောင်တတစ်ချို့ရသလိုခံစားလိုက်ရသေး၏ ။ သို့ပေမဲ့လောဘ၏သားကောင်တစ်​ယောက်အနေဖြင့်သူရွေးချယ်လိုက်သည်က.....
"Jeon Group ရဲ့ဆက်ခံသူနေရာ.."
"ဒီမှာပြောခဲ့သမျှကိုအပြင်မှာမပေါက်ကြားဘူးလို့ယုံကြည်ချင်တယ် ပြီးတော့Gang Leaderကမိန်းကလေးတစ်ယောက်ဖြစ်တယ်လို့သာ သတင်းထွက်ခဲ့ရင်...."
"ကျွန်တော်နားလည်ပါပြီ   ဒါနဲ့ကျွန်တော်မရှင်းတာလေတစ်ခု"
"ပြောပါ"
"ဘာလို့ကျွန်တော့်ကိုကူညီတာလဲ"
" အဟက် လက်စားချေမှုကြောင့်....
ပြန်လို့ရပါပြီ"
Dohyunပြန်သွားမှ ပုဝါစ၏နောက်ကွယ်ကအမျိုးသမီးသည်နာနာကျင်ကျင်ပြုံးမိပါသည်။ဘာလိုလိုနဲ့သူ့ပုံစံအစစ်အမှန်အားထုတ်ဖော်ပြရန်အချိန်နီးခဲ့ပြီလေ ဟား ဟား။ အရာအားလုံးကိုအဆုံးသတ်ဖို့အချိန်ရောက်ပြီ။
TBC...
**Thanks for Reading**
——————————————————————————————————————————————————————————
Come back...
အကြာကြီးပစ်ထားခဲ့မိလို့တောင်းပန်ပါတယ်ဘေဘီလေးတို့ရယ် ကိုယ့်ကိုခွင့်လွှတ်နော်။
အပ်ပုဒိတ်မှန်ဖို့ကြိုးစားပါမယ်လို့ အားရှိအောင်ကြယ်လေးတွေမစခဲ့ပါဦး ဟီးး
Zawgyi
"အရမ်းလှနေလို့လေ"
"..........."
"Jeon.."
"Jeon?"
"ဘာလဲမရဘူးလား မရလည်း...."
.
.
.
.
.
.
.
.
.
.
.
.
.
.
"ပြောကြည့်ပါ"
"........."
"ဒီမှာပြောခဲ့သမျှကိုအပြက်မှာမပေါက်ကြားဘူးလို့ယုံကြည်ချင်တယ် ပြီးတော့Gang Leaderကမိန်းကလေးတစ်ယောက်ဖြစ်တယ်လို့သာ သတင်းထွက်ခဲ့ရင်...."
"ပြောပါ"
ပြန်လို့ရပါပြီ"
TBC...
**Thanks for Reading**
——————————————————————————————————————————————————————————
Come back...
Continue Reading
You'll Also Like
8.8K 581 24
Just my imagination! So,don't blame my idols (not english)
8.3K 191 25
"I'm here, and will always be." An Encanto fanfic about Camilo's concept art 'Carlos.' This is a friends to lovers story, no inappropriate stuff or...
80.5K 1.5K 139
The tall, skinny man and young boy with a sheriff's hat, stood in the prison yard staring right back at me; bloody and wounded, basket full of formul...
4.1M 262K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...