IDOL

By Thurein__

48.2K 3.2K 580

Stage ပေါ်မှာ တောက်ပနေမယ့် Idol တစ်ယောက်အကြောင်း More

IDOL (Intro)
(Announcement)
1 (Zawgyi)
2 (Uni)
2 (Zawgyi)
3 (Uni)
3 (Zawgyi)
4 (Uni)
4 (Zawgyi)
(A/N)
5 (Uni)
5 (Zawgyi)
6 (Uni)
6 (Zawgyi)
7 (Uni)
7 (Zawgyi)
8 (Uni)
8 (Zawgyi)
9 (Uni)
9 (Zawgyi)
10 (Uni)
10 (Zawgyi)
11 (Uni)
11 (Zawgyi)
12 (Uni)
12 (Zawgyi)
13 (Uni)
13 (Zawgyi)
14 (Uni)
14 (Zawgyi)
15 (Uni)
15 (Zawgyi)
16 (Uni)
16 (Zawgyi)
17 (Uni)
17 (Zawgyi)
18 (Uni)
18 (Zawgyi)
19 (Uni)
19 (Zawgyi)
20 (Uni)
20 (Zawgyi)
21 (Uni)
21 (Zawgyi)
22 (Uni)
22 (Zawgyi)
23 (Uni)
23 (Zawgyi)
24 (Uni)
24 (Zawgyi)
25 (Uni)
25 (Zawgyi)
26 (Uni)
26 (Zawgyi)
27 (Uni)
27 (Zawgyi)
28 (Uni)
28 (Zawgyi)
29 (Uni)
29 (Zawgyi)
30 (Uni)
30 (Zawgyi)
Members' Biology
31 (Uni)
31 (Zawgyi)
CLICK!!
32 (Uni)
32 (Zawgyi)
33 (Uni)
33 (Zawgyi)
34 (Uni)
34 (Zawgyi)
35 (Uni)
35 (Zawgyi)
36 (Uni)
36 (Zawgyi)
37 (Uni)
37 (Zawgyi)
38 (Uni)
38 (Zawgyi)
39 (Uni)
39 (Zawgyi)
40 (Uni)
40 (Zawgyi)
41 (Uni)
41 (Zawgyi)
42 (Uni)
42 (Zawgyi)
43 (Uni)
43 (Zawgyi)
44 (Uni)
44 (Zawgyi)
45 (Uni)
45 (Zawgyi)
46 (Uni)
46 (Zawgyi)
47 (Uni)
47 (Zawgyi)
48 (Uni)
48 (Zawgyi)
49 (Uni) 🔞
49 (Zawgyi) 🔞
50 (Uni)
50 (Zawgyi)
51 (Uni)
51 (Zawgyi)
52 (Uni)
52 (Zawgyi)
53 (Uni)
53 (Zawgyi)
54 (Uni)
54 (Zawgyi)
55 (Uni)
55 (Zawgyi)
56 (Uni)
56 (Zawgyi)
57 (Uni)
57 (Zawgyi)
58 (Uni)
58 (Zawgyi)
59 (Uni)
59 (Zawgyi)
60 (Uni)
60 (Zawgyi)
61 (Uni)
61 (Zaw gyi)
62 (Uni) 🔞
62 (Zawgyi) 🔞
63 (Uni)
63 (Zawgyi)
64 (Uni)
64 (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Thanking

1 (Uni)

2.4K 103 8
By Thurein__

"တီတီ ...တီတီ... တီတီ"

"ခှကျ"

စားပွဲပေါ်မှ အဆက်မပြတ်မြည်နေသော နှိုးစက်သံသည် သူမနိုးမချင်း ဒါမှမဟုတ် သူ,ထမပိတ်မချင်းမရပ်မည့်သဘောမှာရှိသည်။
သူလည်း ဒီနေ့မှနားရတာ။ လုံးဝလုံးဝမထနိုင်ဘူး။ လက်တစ်ဖက်ဖြင့် နှိုးစက်ရှိမည့်နေရာကိုမှန်း၍ အားရပါးရရိုက်ပိတ်ချလိုက်ပြီးနောက် ​ပြန်လည်ငြိမ်သက်သွားသည့် အဖြူရောင်ကိုယ်ထည်လေးတစ်ခု။

ဒီနေ့က ကျောင်းပိတ်ရက်.....။

ဘယ်လိုနည်းနဲ့မှ မထနိုင်ဘူး။ တစ်ပတ်လုံး ကျောင်းသွားတက်ရ၊ စာတွေလုပ်ရ၊ သင်တန်းတွေသွားနေရတဲ့ ကိုယ့်ကို သက်မဲ့အရာ နှိုးစက်တစ်ခုကနှိုးတာနဲ့ ထရမှာတဲ့လား။ ခုနစ်ရက်မှာ ငါးရက်ကနှိုးစက်အားကိုးနဲ့ ထ ထနေရတာဆိုတော့ ညကပိတ်ထားဖို့မေ့သွားတာ။ ခုတော့အိပ်နေတဲ့အရှိန်ပျက်ရပြီ။ သက်မဲ့ပစ္စည်းဖြစ်နေဦးတော့ ကိုယ့်သခင်ရဲ့ တစ်ပတ်တာအချိန်ကိုအလွတ်ရမနေသင့်ဘူးလား။
တစ်ရက်တလေ မမြည်ဘဲနေပါ့လား။ အသံကိုကစွာကျယ်နေတာပဲ။

မျက်လုံးတို့ကသာ ပြန်မှိတ်သွားတာ စိတ်ထဲ ဂီတာပုံနှိုးစက်အပေါ် အပြစ်တင်နေမိတုန်း။ ဘယ်လိုလုပ် နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်ပါတော့မလဲ။

ပိတ်ရက်ဆိုလို့လည်း အားနေမှာမဟုတ်ပါဘူး။ ကိုယ်တက်ချင်လွန်းလို့ကို အတင်းပူဆာထားရတဲ့ သင်တန်းတွေသွားရဦးမှာ။ တစ်နေ့လုံးအတွက်အားပြည့်နေမှဖြစ်မှာ။ ဝါသနာပါလွန်းလို့သာ တက်ရတာ ပင်ပန်းတာတော့အရမ်းပဲ။
ဒါပေမယ့် ပင်ပန်းလို့ဆိူပြီးတော့ သင်တန်းတွေကိုစွန့်လွှတ်လိုက်ဖို့ လုံးဝစိတ်ကူးမရှိပါ။

"ဒေါက် ဒေါက်"

"ညီညီရေ ထတော့လေ"

ဟင်။ မျက်လုံးတစ်စုံသည် အိပ်မှုံစုံမွှားပကတိကင်းစွာ စုံပွင့်လာတော့၏။ ဒါ မေမေ့အသံမလား။ မေမေ့အသံကို တကယ်ကြားလိုက်ရတာမလား။
မေမေ ကိုရီးယားကနေပြန်ရောက်နေတာလား။

နှိုးစက်၏စူးကျယ်ကျယ်အသံပင်မစွမ်းနိုင်သည့် ညီညီ့ကို အသံချိုချိုကြည်ကြည်လေးတစ်ခုက လွှမ်းမိုးခဲ့လေပြီ။ အိပ်ချင်စိတ်တို့ ပျောက်ကွယ်ကာ မယုံတစ်ဝက်ယုံတစ်ဝက် ပကတိအကျယ်မျက်လုံးတစ်စုံနှင့် ထထိုင်မိလေသည်။

ညီညီနားကြားမှားတာများလား။ မေမေ့ကိုလွမ်းလွန်းလို့ နားထဲလျှောက်ကြားနေရတာများလား။ မေမေပြန်လာမယ်ဆို အရင်ကသူ့ကိုပြောနေကျ။ ဇာတ်ကားတွေထဲလို စိတ်စွဲလွန်းအားကြီးပြီး အသံတွေပါကြားနေရတာများလား။
အခန်းအပြင်ဘက်က အသံလည်းထပ်မကြားတော့ ယုံရတော့မလိူလို မယုံရတော့မလိုလို။

"ညီညီရေ ဘာသံမှပြန်မထူးဘူးလား"

ဟမ်။ စိတ်ဆိုးသံမပါသည့် အမျိုးသမီးတစ်ယောက်၏ ဆူသံတစ်သံသည် ညီညီ့အမေပြန်ရောက်နေတာ အမှန်ဖြစ်ကြောင်း သက်သေပြလိုက်ပေပြီ။

"မေမေ့"

အိပ်ရာပေါ်ကမထသေးဘဲ အံ့သြလွန်းလို့ ပျော်လွန်းလို့ နှုတ်ကထွက်သွားမိသည်အထိ။

"မေမေ့လုပ်မနေနဲ့။ ထတော့။ အောက်မှာမနက်စာလာစား။ တော့ပိုကီလုပ်ထားတယ်"

"ဟုတ် လာပြီလာပြီ။ ဆယ်မိနစ်ပဲမေမေ သားဆင်းလာခဲ့မယ်"

တော့ပိုကီတဲ့။ ခုကတည်းက သားရေကကျနေပြီ။ အပျင်းကြီးနေသည့်စိတ်ကို မေမေ့ တော့ပိုကီက တွန်းထုတ်ပစ်ခဲ့လေပြီ။ အိပ်ရာမြန်မြန်သိမ်း မျက်နှာသစ်သွားတိုက် ဝေယျာဝစ္စများကို မြန်မြန်လုပ်ရသည်။ ခေါင်းထဲ တော့ပိုကီထက် မေမေ့မျက်နှာလေးကို မြင်ချင်လှပြီ။ ရှည်လျားကွေ့ပတ်နေသည့်လှေကားထစ်များကိုပင် အထစ်တိုင်းနင်းမိခဲ့ရဲ့လားမသိ။ အောက်သို့ရောက်ချင်ဇောက ထိပ်မှာကပ်နေလေသည်။

ထမင်းဝိုင်းရောက်တော့ ​ဖေဖေကအသင့်စောင့်လျက်။ မေမေ့ကိုတော့မတွေ့။ ဒေါ်ကြီးမှုံကလည်း ယပ်တောင်တစ်ချောင်းကိုင်ပြီး နောက်နားဆီမတ်တပ်စောင့်လျက်။ ခဏကြာရင် ထမင်းတစ်ခါတည်းဝင်မစားရကောင်းလား အဆူခံထိမှာမြင်ယောင်နေပြီ။

အိမ်မှာရှိတဲ့သူတိုင်း တစ်သားတည်းနေရမည်ဆိုတာ ဖေဖေ့ရဲ့စည်းကမ်း။

အိမ်ကြီးမှာ ညီညီရယ် ဖေဖေမေမေရယ် ကြီးမှုံရယ် ကြီးမှုံတူမလတ်လတ်ဆွေရယ် ခြံစောင့်ဦးဆွေမိုးရယ် ခြောက်ယောက်ရှိသည်။ ဖေဖေရဲ့
ဒရိုင်ဘာ ကိုသားကြီးကတော့ ဖေဖေရုံးသွားခါနီးမှ လာတတ်သည်။ ဦးဆွေမိုးကလည်း အိမ်ထဲတော်ရုံဝင်လာတတ်သူမဟုတ်တာမို့ ကျန်သည့်ငါးယောက်က ထမင်းအတူစားရသည်။ ကြီးမှုံတို့ကလည်း မစားဝံ့၍ငြင်းရှာပါသည်။ သို့သော်မရ။ ဖေဖေက စားဆိူလျှင်စားရသည်။ နေ့တိုင်း ဝင်စားပါလို့မပြောမချင်း ဝင်မစားဘဲ မတ်တပ်ရပ်ရပ်နေတတ်၍ တစ်နေ့တစ်ခါအမြဲပြောရသည်။ ညီညီရော မေမေရောမှာ ဖေဖေနဲ့မတူဘဲ အဆင့်အတန်းခွဲခြားလိုစိတ်အလျဥ်းမရှိတာတောင် ကြီးမှုံတို့ကအားနာမြဲ အားနာဆဲ။

ထို့စဥ်မှ မီးဖိုချောင်ဘက်ကနေ ကြွေအုပ်ကြီးတစ်အုပ်ကိုင်ပြီးထွက်လာသည့် မေမေ့ကိုတွေ့ရလေသည်။

နှစ်လ။ မေမေနဲ့မတွေ့ရတာ နှစ်လရှိခဲ့ပြီ။ မေမေသည် အသက်လေးဆယ်ရှိအမျိုးသမီးတစ်ယောက်ဆိုတာ ယုံကိုယုံနိုင်ဖွယ်မရှိ။ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အိန္ဒြေအယဥ်နှင့် တောင်ကိုရီးယားအမျိုးသမီးတစ်ယောက်၏ နုပျိုမှုတို့ပေါင်းစပ်ထားသည့်အလှမျိုး။ မေမေ့အတွက်တော့ မြန်မာပြည်နဲ့တောင်ကိုရီးယားဆိုတာ အိမ်ဦးနဲ့ကြမ်းပြင်လိုပင်။ တစ်နှစ်တည်းမှာကို အကြိမ်ပေါင်းများစွာကူးလူးနေရတာ။

မိသားစုလိုက် ဟန်းဂု(တောင်ကိုရီးယား)ကိုပြောင်းနေကြမယ်ဆိုတော့လည်း မဟုတ်ပြန်။ သူပဲအပင်ပန်းခံပြီး ပြန်ပြန်လာတတ်တာ။

မေမေက ကိုရီးယားမှာ နာမည်ကြီး အင်တာတိန်းမန့်တစ်ခုထောင်ထား၏။ "Melody Moon(M2)" Entertainment ဆိုလျှင် ဟန်းဂုရဲ့ထိပ်တန်းကုမ္ပဏီအခုနှစ်ဆယ်ထဲမှာပါသည်။
မေမေက အဖေ မြန်မာနှင့် အမေ တောင်ကိုရီးယားသူတို့စပ်မွေးထားသည့် မြန်မာ ကိုရီးယားစပ်။ သိူ့သော်လည်း မြန်မာ့သွေးပိုပါသူ။ မြန်မာရုပ်ထွက်ပြီး မြန်မာ့စကားကိုပိုကျွမ်းကျင်သည်။

မြန်မာ့ဓလေ့တွေကိူကြိုက်​ပြီး မြန်မာပြည်နှင့်မခွဲခွာနိုင်လွန်းလို့ကို ဟန်းဂုဆီအပြီးမပြောင်းနိုင်တာတဲ့လေ။ အဘွားဘက်ကလည်း တောင်ကိုရီးယားမှာ အသိုင်းအဝိုင်းကြီးထဲကမို့ မေမေသည် ဟန်းဂုမှာလည်း အခြေခိုင်ခိုင်ရပ်တည်နိုင်သည့် သူဋ္ဌေးဘောစိမကြီး တစ်ဦးဖြစ်သည်။

မေမေတင်လားဆိုတော့မဟုတ်သေး။ ဖေဖေကရောဘာထူးတုန်း။ မြန်မာ့စီးပွားရေးနယ်ပယ်မှာ M2 Airpot Flight Transportation လုပ်ငန်းပိုင်ရှင် ဦးညီညီလွင်ဆိုလျှင် မသိသူမရှိသလောက်။
ထို့ပြင် နာမည်တစ်လုံးနှင့်နေကြသည့် ဖေဖေရောမေမေတို့သည် မြန်မာ့ရုပ်ရှင်လောကတွင်လည်း အရှိန်အဝါကြီးမားသူတွေ ဖြစ်ပါ၏။ ကိုယ့်နိုင်ငံကလူတစ်ဦးက တောင်ကိုရီးယားလို ဘက်ပေါင်းစုံကနေ ကမ္ဘာကိုထိုးဖောက်နေသည့် နိုင်ငံမျိုးမှာ ဧရိယာကျယ်ကျယ်ရပ်တည်နိုင်နေတော့ နှစ်နိုင်ငံဖက်စပ်များလုပ်ဖို့အတွက် လာမှီးတဲ့သဘောနဲ့ ကမ်းလှမ်းမှုတွေမှအများကြီးရှိလှသည်။ မေမေ့ကုမ္ပဏီကလည်း အနုပညာကုမ္ပဏီဆိုတော့ ရုပ်ရှင်ကမ်းလှမ်းမှုမျိုးတွေက ပိုများသည်။

မြန်မာ့ရုပ်ရှင်လောကတွင် အရည်အချင်းရှိမင်းသားမင်းသမီးပေါင်းများစွာရှိသော်လည်း ပြည်ပထိရောက်စေနိုင်မည့် ထောက်ပံမှူအားက ခုနှစ်ထဲလောက်မှအရှိန်စရလာခဲ့တာ။ ဏကြီး၊ ထူးပိုင်ဇော်ဦး၊ ခီမောင်နှံတို့လို ဒါရိုက်တာတွေရဲ့ ကြိုးစားမှုတွေကြောင့် တဖြည်းဖြည်း အင်တာနေရှင်နယ်လမ်းကြောင်းပေါ်မှာဝင်ဆံ့လာသည့် မြန်မာ့ရုပ်ရှင်နှင့် ဂီတကိူ လုံးလုံးလျားလျားကြီး ဝင်ဆံ့သွားစေချင်ကြလို့လည်း လာကမ်းလှမ်းကြတာပင်။ မေမေကလည်း မြန်မာကိုချစ်သူပဲလေ။

လက်မခံနိုင်စရာအကြောင်းမရှိပေမယ့် ခုထိလက်မခံခဲ့ဘဲ Cancel လုပ်ခဲ့တာချည်း။ မေမေ့မှာအကြောင်းပြချက်တော့ ရှိပါလိမ့်မည်ဟု ညီညီတို့ကဖြည့်တွေးခဲ့ပေမယ့် အများကတော့
မေမေ့ကို"အောက်ခြေလွတ်နေတဲ့အမျိုးသမီး"လို့ သမုတ်ကြပြီး မေမေ့မှာမုန်းသူများလည်းရှိနေခဲ့ပါသည်။

"ညီညီတို့ကတော့ ကျောင်းပိတ်ပြီဆိုတာနဲ့ အိပ်တော့တာပဲ"

"ပိတ်ရက်မို့အိပ်ရတာပါ မေမေရာ။ တစ်ပတ်မှာငါးရက်ကသိပ်ပင်ပန်းတာ"

ညီညီက မျက်နှာလေးရှုံ့ကာပြောလေသည်။ မျက်နှာပေါ်က ပါဝါထူကိုင်းအနက်မျက်မှန်ကြီးက ရှိရင်းစွဲအသက်ထက် ပိုအသက်ကြီးနေစေသည်။

"အာ့ဆို သင်တန်းတွေနားလိုက်တော့လေ"

"ဟာ ဟိုးဟိုး သင်တန်းတွေတော့မဖြစ်ဘူး မေမေ။ သားပင်ပန်းရကျိုးနပ်ပါတယ်"

"ချိုရာ မင်းက ကကြီးမှာနေရလို့မသိတာ။ ကိုယ့်မှာ နေ့တိုင်း ဂီတာသံတဒင်ဒင်ကိူပဲ အခေါက်ပေါင်းမနည်းဘူး ကြားနေရတာ။ တိုးရောတိုးတက်လာရဲ့လား သားရယ်"

ဖေဖေသည် စသလိုနောက်သလိုနှင့် မေမေ့ကိုပြောတော့ မေမေကပြုံးပြုံးလေးပြန်ကြည့်သည်။

"ဖေဖေကလည်း ဂီတာမှန်းမသိ ယူကလီးလီမှန်းမသိ။ သားအဆိုတော်ဖြစ်မှ ဂီတာတီးပြီးဆိုပြပါလို့လာမပြောနဲ့။ လုံးဝတီးမပြဘူး"

"ဟားဟား"

ထမင်းဝိုင်းလေးသည် ရယ်သံများပျံလွင့်လျက်။ တစ်ဆက်တည်း ယပ်တောင်ခတ်ရင်း လိုက်ပြုံးနေသည့် ကြီးမှုံကို ဝင်စားရန်မေးငေါ့အချက်ပြလိုက်တော့ ကြီးမှုံကခေါင်းခါသည်။ ဖေဖေ့ကိုပြောလိုက်မှာ ဟူသည့်ပုံ​လုပ်ပြတော့မှ ခန္ဓာကိုယ်ဝဝကြီးနှင့်မလိုက်စွာ ပြာသလဲလဲ ထမင်းခူးလေသည်။

"မင်းက အဆိုတော်လုပ်ဦးမှာပေါ့"

မေမေ့မေးခွန်းက စကားနှိုက်သည့်မေးခွန်း။ လူတောမတိုးရဲတဲ့သူတို့သားက လူအလယ်မှာအသံထွက်ရဲမှရမယ့် "အဆိူတော်ဖြစ်မှ...." ဆို
သည့်စကားကို အထအနကောက်ပြီးမေးမှန်း ညီညီသိသည်။

"လုပ်မှာ"

ညီညီ တိုတိုတုပ်တုပ်ပင်ပြန်ဖြေလိုက်သည်။ အမှန်တော့ မသေချာပါ။ ငါအဆိုတော်လုပ်မှာလားလို့ပြန်မေးမိရင် မလုပ်ဘူးဆိုသည့်ဘက်မှာ စိတ်ကများနေတတ်သည်။ ညီညီရဲ့ဝါသနာအိပ်မက်က အဆိုတော်ဖြစ်ကိုလာရမယ်ဆိုပြီး တစ်ထစ်ချထားတာမျိုးတော့မဟုတ်။ ဒါဆို တက်နေတဲ့ သင်တန်းတွေကရော။ ကိုယ်ဘာလို့တက်နေတာလဲ။ အဆိုတော်လုပ်မှ တက်ရမှာလားလို့ ကိုယ့်ကိုယ်ပြန်ရွဲ့မေးချင်ပေမယ့် သူတတ်မြောက်ချင်နေတဲ့ ပညာရပ်တွေက ဂီတကိုရူးသွပ်တဲ့လူတစ်ယောက်ထက်ကို ပိုနေခဲ့ပြီလေ။

ဒါလေးတီးတတ်ချင်တယ်။ ဒီဟာတီးရတာကိူကြိုက်တယ်။ ဒီသီချင်းကိုအကောင်းဆုံးအနေအထားနဲ့ဆိုတတ်ချင်တယ်ဆိုတဲ့ တကယ့်စိတ်ရင်းတွေကရော ကိုယ့်ဆိုတာကိုယ်ကြားဖို့အတွက်၊ ကိုယ့်စိတ်ပြေပျောက်ဖို့ တီးတတ်ရုံလောက်ပဲ ရည်ရွယ်ခဲ့တာလား။ မဟုတ်တာတော့သေချာသည်။

သူများကို ကောင်းကောင်းလေးဆိူပြချင်တဲ့စိတ်၊ သူများရဲ့စိတ်တွေကို ကိုယ့်ကြောင့်ပျော့ပျောင်းသွားစေချင်တဲ့စိတ်၊ ကိုယ်နဲ့အတူ ဂီတမှာစီးမျှောပြီး တော်လိုက်တာဆိုတဲ့ချီးကျူးခံရချင်တဲ့စိတ်၊ ကိုယ့်ရဲ့အနုပညာအပေါ်ထားတဲ့ ကြီးမားတဲ့ချစ်ခြင်းနဲ့ညီတဲ့လောဘကြောင့် အလောတကြီးရယူထားတဲ့ တတ်မြောက်မှုတွေကို ကြွားဝါထုတ်ပြလိုတဲ့စိတ်၊ အထင်ကြီးခံလိုစိတ်အလျဥ်းမပါဘဲ အများရှေ့ချပြချင်တဲ့စိတ်တွေသာ ညီညီ့ဆီမှာရှိသည်။
အဲ့စိတ်တွေပေါင်းလိုက်ရင် ရလာမယ့်ရလာဒ်က အဆိုတော်ဖြစ်ချင်တဲ့စိတ် ဖြစ်နေမလား။

မေမေ့ကိုကြည့်မိတော့ မေမေအရင်ကတည်းကကြံနေတဲ့ အစီအစဥ်တစ်ခုကို အခုတစ်ခေါက် လုံးလုံးလျားလျား အကောင်အထည်ဖော်တော့မည့်အရိပ်အယောင်ကိုတွေ့ရသည်။
ဟင့်အင်း။ သူအဆိုတော်ဖြစ်ချင်တယ်ထားဦး။ Idol တော့မဖြစ်ချင်ပါ။ မဖြစ်ရဲတာဆိုရင်ပိုမှန်မယ်။ Idol ဘဝဆိုတာ လုပ်ချင်လွန်းရင်တောင်လုပ်မရတဲ့ဘဝ။ မေမေက ညီညီ့ကို Idol လုပ်စေချင်တာ။ ညီညီခေါင်းတစ်ချက်ညှိမ့်လိုက်ရုံပဲ။

ဘာကျွမ်းကျင်သလဲဆိုတာ ထုတ်ပြဖို့ကလည်းအသင့်၊ ပါရမီကလည်းပါ၊ မိဘဖြစ်သူရဲ့ကုမ္ပဏီမှာအခန့်သားပွဲဦးထွက်ရုံပဲ။ လုပ်ချင်စိတ်တစ်ခုသာလိုတာ။ သို့သော်လည်း idol တစ်ယောက်လုပ်ဖို့ ညီညီမှာငြင်းရမည့်အချက်တွေအများကြီးရှိပါသည်။

နံပါတ်တစ်....။
သင်တန်းလေးသုံးလေးခုလောက် ပတ်ချာလည်နေတာနဲ့တင် သေမလောက်ပင်ပန်းနေတာ ​နေ့မနားညမနား အပြင်းအထန်လေ့ကျင့်ရတဲ့ သင်တန်းသားဘဝကို မမှန်းရဲသလို အားအင်လည်းမရှိ။

နံပါတ်နှစ်....။
ညီညီချပြချင်တဲ့အနုပညာက ကိုယ့်လက်တစ်ကမ်းစာကလူတွေအတွက်ပင်။ ခုထိ လက်တစ်ကမ်းစာမပြောနဲ့ တစ်ဦးတစ်ယောက်လေးတောင် ဆိုမပြရဲသေးတာ Idol တွေလို သန်းချီတဲ့လူတွေရှေ့မှာ ချပြ​နိုင်လောက်တဲ့ သတ္တိနဲ့ ပါရမီ ညီညီ့မှာမရှိ။

နံပါတ်သုံး....။
ကိုယ့်ကိုချစ်လွန်းလို့ကို အစဥ်မပြတ်စိုက်ကြည့်နေကြမယ့်သူတွေအတွက် ကိုယ်အမှားတစ်ခုလုပ်လိုက်လို့ သူတို့စိတ်ပျ​က်သွားရင် ပရိတ်သတ်နဲ့ရှေ့ဆက်ရမယ့်လူရဲ့ဘဝမှာ အနုပညာဆက်လုပ်ချင်စိတ်က ပျောက်ဆုံးသွားလိမ့်မည်။ အနုပညာကိုသေတဲ့အထိဆက်လုပ်ချင်တာကြောင့်ရယ် အနုပညာချစ်စိတ်ကို ပရိတ်သတ်တွေကြောင့် သေမသွားစေချင်တာရယ် စိတ်ပင်ပန်းမှုဖိအားတွေကို ကြောက်တာကြောင့်ရယ် ညီညီ သင်တန်းသားလုပ်ဖို့ငြင်းရပါလိမ့်မည်။

Idol ဘဝဆိုတာကလေ အများကြီး ထင်ထားတာထက် ပိုခက်တာ။ ပွဲဦးထွက်ဖို့အိပ်မက်ရှိတဲ့သူဖြစ်တာနဲ့ စင်ပေါ်ရောက်တာမဟုတ်။
အယောက်တစ်ရာမှာမှ တစ်ယောက်​ပဲရောက်ကြတာ။ ပရိတ်သတ်တွေရဲ့မျက်လုံးထဲ လှလှလေးနဲ့ကလိုက်ဆိုလိုက် မြင်ရစေဖို့ နောက်ကွယ်မှာ အများကြီးပေးဆပ်ထားရတာ တွေးကြည့်ရုံနဲ့တင် ပင်ပန်းလွန်းသည်။

လူသိန်းချီတဲ့အထဲကမှ ကိုယ့်ပါရမီကို မခြွင်းမချန်အကောင်းဆုံးလုံးလုပ်ပြနိုင်မှ ဆန်ကာတင်ပါတဲ့အဆင့်။ ဆန်ကာတင်အဆင့်ကနေ ပိုတိုးရခက်တဲ့ အရည်အချင်းတူတွေကြားမှာ အဆင့်ဆင့် ပိုပြီးပြောင်မြောက်တဲ့ အရည်အသွေးတွေထုတ်ပြနိုင်မှ သင်တန်းသားအဆင့်။ ဟီးထနေတဲ့အဆောက်အဦးအကြီးကြီးထဲကမှန်လုံအခန်းထဲ နေ့မအားညမနား အဆိုလေ့ကျင့်ရ အကလေ့ကျင့်ရနဲ့ စီအီးအိုကမျက်စိကျဦးမှ။

ကိုယ့်အရည်အချင်းတွေကထင်ပေါ်နေဦးမှ။

အရည်အချင်းတွေကတိုးတက်လာဦးမှ။

သင်တန်းသားအဆင့်ထိရောက်လာနိုင်တာ အိပ်မက်တွေပြည့်ဖို့ လက်တစ်ကမ်းအလိုဆိုပြီးပျော်ရတဲ့အပျော်ကကြာရှည်မခံပါ။

အဲ့ဒီ့လက်တစ်ကမ်းတစ်ဒင်္ဂလေးမှာ ဟိုးအစကပင်ပန်းခဲ့တာရဲ့ သုံးဆလောက်ပိုပင်ပန်းရသေးတာကလည်း နှစ်နဲ့ချီသေးသည်။
တကယ့်ကို အရည်အသွေးကောင်းတဲ့ ကြယ်ပွင့်တွေဖြစ်လာဖို့ ဒီလောက်ခက်ခဲတဲ့အဆင့်ကို ဖြတ်ကျော်ရမှာ။

စင်ပေါ်ရောက်ခွင့်ရလာတဲ့ Idol တွေဖြစ်လာပါပြီတဲ့။ ပင်ပန်းမှုဒဏ်က လျော်ဖို့နေနေသာသာ ဆယ်ဆပင်ပိုတိုးလာခဲ့ရပြီ။

ချစ်ရတဲ့သူတွေရှိလာပြီဖြစ်သလို ချစ်ရနဲ့ဖန်တွေပိုရလာဖို့အတွက်ပိုကြိုးစားရပြီ။ "ဒါငါတို့ idol လေ"လို့ သူတို့လေးတွေမော်မော်ကြွားကြွားဂုဏ်ယူနိုင်အောင် ပိုကြိုးစားပြရပြီ။

မောလည်း မငြီးနိုင်သာတော့ပြီ။ "Comeback ဟေ့" "Concert ဟေ့" "Tour ဟေ့" စသဖြင့် မနားတမ်းပြေးလွှားနေရမှာ။

ညီညီကလေ ဖန်ပဲလုပ်ချင်တာ။ ကိုယ်ချစ်တဲ့လူသားလေးတွေကို စင်အောက်ကနေပဲချစ်ပေးချင်တာ။ ထောက်ပံ့ပေးချင်တာ။ ညီညီ့အတွက်က တကယ်ပါရမီရှင်တွေလို အားကြိုးမာန်တက် လူရွေးပွဲဝင်ဖြေ၊ နှစ်နဲ့ချီပြီး သင်တန်းသားအဖြစ်နေရပြီးမှ ပွဲဦးထွက်ရတဲ့အဆင့်တွေကို ကျော်ပစ်ဖို့လွယ်လွန်းပါသည်။

မေမေရဲ့ကုမ္ပဏီမှာဆို ရောက်ရောက်ချင်းတောင် ပွဲဦးထွက်ချင်ထွက်ရလိမ့်မည်။ ဒါတွေကိုကြိုမြင်လို့လည်း မေမေက ညီညီ့လုပ်ချင်တဲ့တာ အကုန်ခွင့်ပြုပေးခဲ့တာ။ နှုတ်ကတော့ အနုပညာဝါသနာမပါဘူးတွင်တွင်ပြောပြီး ဂီတာ တယော ဒရမ်
စန္ဒယားအပြင် အကတောင်ပါလိုက်သေးသည့် သင်တန်းတွေကိုတက်ချင်ရသည့်စိတ်တွေရဲ့နောက်ကွယ်က ကိုယ်ကိုယိတိုင်တောင်မသိခဲ့သည့် သူမတူအောင်ထူးချွန်ထက်မြက်တဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ချင်ခဲ့တဲ့ စိတ်ကို မေမေကအရင်ကြိုမြင်ခဲ့တာ။

မေမေ ညီညီ့ကိုခေါ်ချင်တယ်ဆိုတာကလည်း သူ့သားဖြစ်နေလို့လောလောလတ်လတ် ပေါပေါပဲပဲပွဲဦးထွက်ပေးလိုက်မယ့်ပုံမျိုးမဟုတ်။ သားပဲဖြစ်နေဦးတော့ သင်တန်းသားတွေနဲ့တစ်သားတည်းလေ့ကျင့်စေပြီးမှ ပွဲဦးထွက်စေမှာ။ မတော်လို့ မေမေက ပွဲဦးတန်းထွက်စေတောင် ညီညီကလုံးဝထွက်မှာမဟုတ်ဘူး။ ပရိတ်သတ်ရှေ့ထွက်နိုင်ရလောက်တဲ့အရည်အချင်းရှိတဲ့နေ့မှ ထွက်မှာ။

ဒါမှလည်း အမေဖြစ်သူကုမ္ပဏီမှာ သားဖြစ်သူကအခန့်သား ပွဲဦးထွက်လာတာမဆန်းဘူးဆိုသည့် ကောလဟာ​လတွေလည်းတစ်ခါတည်းထွက်မလာတော့မှာ။

ဒါပေမယ့်လည်း အခုက ညီညီ လုံးဝလုံးဝစိတ်မပါဘူးလေ။ အနေအစား အသွားအလာအားလုံးထိန်းချုပ်ရတဲ့ Idol တစ်ယောက်ရဲ့ဘဝဟာ လူတွေရဲ့အမြင်မှာ ကောင်းမွန်တဲ့ဘဝလို့ထင်ကြပေမယ့် အမှန်က ကျွမ်းဘားမယ်တစ်ဦးနှင့်တူသည်။

ပျော့ပျောင်းလှပစွာနဲ့ အောင်အောင်မြင်မြင် ကူးလူးနိုင်တဲ့အကြိမ်တွေမှာတော့ လက်ခုပ်သံတသောသောနဲ့ချီးကျူးခံရမယ်။ မမှားသောရှေ့နေ မသေသောဆေးသမားဆိုသလို ဘယ်လောက်ပဲသေကောင်မောင်းလဲလေ့ကျင့်ထားတယ်ဆိုဦးတော့ အခုန်မတော်လို့တစ်ချက်လွတ်သွားရင် အပြစ်တင်ခံရသေးသည့်အပြင် အသက်ပါပျောက်မည့်ဘဝ။

ထို့ကြောင့် မေမေတွေးနေသည့်ကိစ္စ၊ မေမေထုတ်ပြောလာတော့မည့်ကိစ္စကို ညီညီမြန်မြန်ပိတ်မှဖြစ်တော့မည်ဟု တွေးမိသည်။

"မေမေ ခုတစ်ခေါက်ဘယ်လောက်ကြာကြာ​နေမှာလဲ"

မေမေ တစ်ခုခုပြောမည်အပြုမှာပင် ညီညီဖြတ်ပြောလိုက်သည့်အခါ မေမေ့အာရုံတွေ လွယ်လွယ်ကူကူပင်ပြောင်းလဲသွားပါသည်။ မေမေသည် မျက်ခုံးတစ်ဖက်ပင့်၍ စဥ်းစားပြီးမှ

"တစ်လလောက်ပေါ့"

"ဝါး အကြာကြီးပဲ။ ဒါနဲ့ ကုမ္ပဏီကို ပစ်ထားလို့ရောဖြစ်ရဲ့လား"

"ဖြစ်ပါတယ် ခုချိန်က ကုမ္ပဏီက Idol တွေက Schedule နည်းတဲ့အချိန်ဆိုတော့ အိမ်ကနေအလုပ်လှမ်းလုပ်လို့ရတယ်။ ဟိူမှာ ဒုစီအီးအို ဦးလေးကင်လည်းရှိနေတာပဲ။ အာ့ကြောင့် မေမေစိတ်ချလက်ချပြန်လာလို့ရတာ။ ဘာလဲ သားက ကုမ္ပဏီအလုပ်တွေကို စိတ်ဝင်စားလာပြီပေါ့"

စကားလမ်းကြောင်းလွှဲသော်လည်း မေမေသည် စကားလမ်းကြောင်းကို တည့်ပြောင်းယူလေသည်။

"မ မဟုတ်ပါဘူး။ အော် မေမေ့ ဒီနေ့ရောအားလား"

"အားတယ်လေ"

"သားတို့ရုပ်ရှင်သွားကြည့်ရအောင်"

"ဟင် သားကအားလို့လား။ သင်တန်းနဲ့ဆို"

"သင်တန်းတစ်ချိန်လောက်ဖျက်လိုက်မယ်လေ"

"မရပါဘူး အဲ့လိုအချိန်အလွဲသုံးစားလုပ်တာ မေမေမကြိုက်ဘူး"

"ဟာ မေမေကလည်း သင်တန်းမှာ သားကအတတ်အမြန်ဆုံးပဲ။ သူတိူ့မမှီမချင်းစောင့်နေရတာ။ လုပ်ပါ ခုကြည့်မယ့်ကားကာလည်း သားသူငယ်ချင်းကားမလို့ သူငယ်ချင်းချင်း သွားအားပေးချင်လို့"

ထိုအခါ မေမေသည် တစ်ချက်စဥ်းစားဟန်ပြုသည်။

"သားသူငယ်ချင်းကား ဟုတ်လား။ သားသူငယ်ချင်းထဲ အနုပညာရှင်ရှိတယ်လား"

"ရှိပါ့။ ရောင်စဥ်လှိုင်းတဲ့။ မေမေတို့သိပါတယ် 7Colours ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးရဲလှိုင်းရဲ့ သမီးလေ"

"ဟုတ်လား ဦးရဲလှိုင်းသမီးလား"

ငြိမ်နေသည့် ဖေဖေက အံ့သြသည့်လေသံဖြင့်ဝင်ပြောလေသည်။

"ဟုတ်တယ် ဖေဖေ။ သူတို့သမီးရဲ့ ရုပ်ကလေးကလည်း လှလိုက်တာမှမှုံလို့။ ပါရမီကလည်း ပါသလားမမေးနဲ့။ မနေ့ကမှစရုံတင်တာ ရုံတိုင်းရုံအပြည့်ပဲတဲ့။ သူ့အနားမှာ ပရိတ်သတ်တွေမှအုံနေတာပဲ"

တကယ်ကိုပီတိအပြည့်နဲ့ ကိုယ့်သူငယ်ချင်းအတွက် ဂုဏ်ဆောင်သည့်လေသံဖြင့်ပြောလိုက်သည်။

"အစ်ကိုက ဦးရဲလှိုင်းနဲ့သိလို့လား"

မေမေက ဖေဖေ့ကို"အစ်ကို"ဟုခေါ်တတ်၏။ ဖေဖေကျ မေမေ့နာမည်ကိုအဖျားစွတ်၍ "ချို" ဟုတစ်လုံးတည်းခေါ်သည်။ နှစ်ဦးနှစ်ဖက်စစ်မှန်သော အချစ်တွေနှင့် ဆုံစည်းပေါင်းဖက်ခဲ့သည့် မိဘများကြောင့် မိဘအိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး ညီညီ စိတ်မချမ်းသာခဲ့ရတာမျိူး မရှိခဲ့။

"သိတာပေါ့။ ကိုယ်တို့ အထက်တန်းတုန်းက ​တစ်ခန်းတည်းအတူတူတက်ခဲ့ဖူးတယ်"

အဖေတွေတုန်းကလည်း တစ်ခန်းတည်း။ တစ်ဦးတည်းသောသားသမီးနှစ်ယောက်ကျတော့လည်း တစ်ခန်းတည်း။ နာမည်ကြီးတစ်ယောက်နဲ့ အဲ့လိုတိုက်ဆိုင်မှုသေးသေးလေးတွေရှိနေပါလားဆိူပြီး ဂုဏ်ယူလိုက်ရသေးသည်။ ဒီနေ့လည်း ဇာတ်ကားကိူကြည့်ဖြစ်အောင်သွားကြည့်မည်။
ပြီးရင် မနက်ဖြန်ကျောင်းမှာ ဂုဏ်ပြုမည်။

"သူများသားသမီးတွေများ တော်လိုက်တာကွာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်တစ်လုံးနဲ့နေနိုင်နေပြီ။ မိဘဖြစ်သူတွေဘယ်လောက်တောင်ဂုဏ်ယူလိုက်မလဲ။ တို့များလည်း ကိုယ့်နေရာဦးစီးမယ့်သူက သားရှိတယ်လို့ကြေငြာ​ပစ်ချင်တာ။ ဒင်းက ဘယ်သူဘယ်ဝါဆိုတာ လူလုံးထုတ်ဖို့မပြောနဲ့ နာမည်တောင်အပြောမခံဘူး"

ဖေဖေက တမင်ရွဲ့ကာပြောလေသည်။ ညီညီလည်းဇက်ကလေးပုကာ

"သားက ထင်ထင်ပေါ်ပေါ်နေရတာမကြိုက်လို့ပါ"

"ထင်ပေါ်တော့ဘာဖြစ်လဲ။ သားကအူတူတူ အတတ။ မတော်လို့ကတောက်ကဆဖြစ်ပါပြီတဲ့။ သားမှာကာကွယ်နိုင်တဲ့အားမရှိဘူး။ ချမ်းသာတဲ့အရှိန်နဲ့ဆို ကာလို့ရတယ်။ ဖေဖေ မောက်မာဖို့ပြောတာမဟုတ်ဘူးနော်။ ဘယ်လောက်ရဲတင်းတဲ့သူဖြစ်နေဦးတော့ သူတို့ခြေချုပ်မိမယ့်အလုပ်မျိုး ဘယ်တော့မှမလုပ်ဘူး"

ဖေဖေကစကားကိုအတည်ပေါက်ပြောနေသည်။ အဆူခံရတာမျိုးမဟုတ်ပေမယ့် အဆူခံနေရသလိုပင်ခံစားရသည်။ သူက အူအတာမဟုတ်ပါဘူး။ ​အားနာတတ်တာပါ။ ချမ်းသာမှုကိုအရေခွံခြုံပြီး လူထင်ကြီးမခံချင်လို့ကို ကျောင်းမှာဘာသိဘာသာနေတာ။ ဖေဖေပြောတာလည်းမှန်ပေမယ့် လုံးဝလုံးဝ လူချမ်းသာရဲ့သားသမီးလိူမနေနိုင်ဘူး။

"သားရော သားသူငယ်ချင်းလိုနာမည်ကြီးမဖြစ်ချင်ဘူးလား"

မေမေသည် စကားအခွင့်ကိုစောင့်နေဟန်ရှိသည်။ အခွင့်ကြုံတာနှင့် ဝင်ဝင်ပြောသည်။ ဖေဖေနဲ့မေမေရဲ့ စကားထူးဆန်းတွေကြောင့် ညီညီခေါင်းတွေထူလာသည်။ ညီညီဘယ်လိုရှောင်ရပါတော့မလဲဆိုတာမသိတော့။ ကိုယ့်စိတ်ကိုသေချာမသိသေးခင်မှာ ယတိပြတ်ကြီးငြင်းလည်းမငြင်းချင်။ ဖြစ်ချင်ရာဖြစ်ဆိူပြီးတော့လည်း ခေါင်းငြိမ့်မပစ်လိုက်ချင်။

"မသိဘူး မေမေ"

"မသိရင်သိအောင်လုပ်ရမှာပေါ့"

"ဟုတ် သား စဥ်းစားပါဦးမယ် မေမေ"

ထိုအခါ မေမေ့မျက်နှာဝင်းလက်သွားလေသည်။ အမှန်ဆို ညကျမှ အေးဆေးပြောရမည့်စကားတွေကို အလောတကြီး ပြောနေရတာ ညီညီကြိုက်လှပါချည်ဆိုသည့် တော့ပိုကီအရသာပင် ဘာမှန်းမသိတော့။

"အိုကေ မေမေ သားကိုအချိန်တစ်လပေးမယ်။ မေမေဟိုကိုမပြန်ခင် မေမေ့ကိုအဖြေပေးရမယ်"

တစ်လတဲ့။ တစ်လဆိုတာ နည်းလွန်းလား။
ဒါမှမဟုတ် ပိုတောင်ပိုနေလောက်လား။ ခေါင်းအေးအေးထားပြီးစဥ်းစားရမယ်။ စဥ်းစားရမယ်။ 
ငြိမ်ကျသွားသည့် ညီညီ့ကိုအရိပ်အခြည်ခတ်၍ မေမေကပင်စကားလမ်းကြောင်းပြောင်းလေ၏။

"ကဲပါ ဒီနေ့တစ်နေ့သင်တန်းတွေဖျက်လိုက်။ သားသူငယ်ချင်းရုပ်ရှင်ဆိုတာ သွားကြည့်ကြတာပေါ့"

"ဟုတ်"

ညီညီ ပြုံးရုံသာပြုံးလိုက်သည်။ ပျော်ရမည့်ကိစ္စဖြစ်သော်လည်း အပြည့်အဝမပျော်နိုင်အောင် ရင်ထဲရောက်လာသည့် စဥ်းစားစရာကိစ္စတစ်ခုကြောင့် သူ့ဦးနှောက်နှင့် နှလုံးသားကိုအလုပ်ပေးရတော့မည်။

နောက်တစ်နာရီလောက်ကြာတော့ Junction Square က ရုပ်ရှင်ရုံသို့ထွက်ခဲ့တော့သည်။ မိသားစုအတူခရီးမထွက်ရတာကြာခဲ့ပြီ။

အထူးတန်းသုံးခုံမှာပြီး နိုင်ငံတော်အလံအလေးပြုသည်မှစ၍ အမီကြည့်နိုင်ခဲ့သည်။

သိပ်မကြာခင် ဇာတ်ကားနာမည်စထိုးလေသည်။

"မြတ်နိုးရပါသော ဒုတိယလူ"တဲ့......။
.........
March 3 2022 11:17 AM

Continue Reading

You'll Also Like

1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
325K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
919K 10.1K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...