Unicode
ငါ ကျင်းရှန့်ရဲ့ ဧည့်ခန်းမှာ စိတ်မသက်မသာနဲ့ ထိုင်နေရတယ်။
ကျင်းရှန့်က ဆိုဖာပေါ်မှာ မှောက်လျက် လှဲလျောင်းနေပြီး မလှုပ်မယှက်နေ,နေတယ်။ သူ ဒီလိုနေ,နေတာ သုံးနာရီလောက်ရှိနေပြီ။
လွန်ခဲ့တဲ့ ၃ နာရီလောက်က ငါ သူ့နေရာကို ရောက်လာခဲ့တယ်။ ဒါကြောင့် သူ အဲ့ဒီမှာ ဘယ်နှစ်နာရီလောက် လှဲနေလဲဆိုတာတော့ ငါ မသိဘူး။
သူ့အိမ်သော့ကို ဘယ်မှာဝှက်ထားလဲဆိုတာ ငါပဲ သိတယ်။
အရင်က သူလုပ်ခဲ့တဲ့ သီချင်းမှာ သူ့ရဲ့ဖုန်းနံပါတ်မပါဘူး။ သူ့ရဲ့အိမ်သော့ကို ဘယ်မှာဝှက်ထားတယ်ဆိုတာကိုပဲ ပြောပြထားတာ။
သူ အသက်ရှူတာ ပုံမှန်မဟုတ်ဘူးဆိုရင်တော့ ငါ ဆရာဝန်ကို ခေါ်ရလိမ့်မယ်။
ပြီးတော့ သူ့အိမ်ရဲ့ ကြမ်းပြင်ပေါ်မှာ အမှိုက်ကျနေတဲ့ သစ်သီးခွံတွေက သူ အသက်ရှင်နေသေးတယ်ဆိုတာကို ညွှန်ပြနေတာဖြစ်နိုင်တယ်။
ကျင်းရှန့်က လည်ချောင်းကို ကာကွယ်ဖို့လိုအပ်တာကြောင့် အရက်လည်းမသောက်သလို ဆေးလိပ်လည်း မသောက်ဘူး။ သူက သူ့ရဲ့ပုံရိပ်ကိုလည်း ထိန်းထားရတာမို့ ချောကလက်လည်း မစားချင်ဘူး။ ဒါကြောင့် သူ စိတ်မချမ်းသာတဲ့အချိန်တိုင်း အသီးအနှံနဲ့ အသီးအရွက်တွေကို စားတယ်။
အဲ့ဒါက သူ့သီချင်းထဲမှာ ရေးထားတာတွေ။
အမှန်တော့ ငါ ဒီနေရာကို ဟမ်းခေါ်လို့ လာခဲ့ရတာ။ ဟမ်းက သူ့အတွက် အထူးပြုလုပ်ပေးထားတဲ့ တံခါးငယ်လေးကနေ ပြေးထွက်လာတာဖြစ်မယ်။ သူက ငါ့တိုက်ခန်းကို ရောက်လာပြီး တံခါးကို အချိန်အတော်ကြာအောင် ကုတ်တယ်။ ပြီးတော့ ငါ့ဘောင်းဘီခြေထောက်ကို ဆွဲပြီး ဒီကို ခေါ်လာခဲ့တယ်။
ဟမ်းက တကယ်ကို သစ္စာရှိပြီး ရဲရင့်တဲ့ ခွေးကောင်းတစ်ကောင်ပါ။ ငါ ကြမ်းပြင်ပေါ်မှာ ဆယ့်ငါးမိနစ်လောက် လှဲအိပ်နေခဲ့တဲ့အချိန်တုန်းက သူ ငါ့ကို လုံးဝလျစ်လျူရှုခဲ့တာက လွဲလို့ပေါ့လေ။
ငါ သူ့ကို ကျောင်းကုန်းဇီဆီကို ပေးလိုက်ပြီး, အဲ့နောက် သူ့ကို ကျင်းရှန့်ဆီ အပ်လိုက်တာက အကြောင်းအရင်းရှိတယ်။ သူက ငါ့ကိုမချစ်ဘူးလေ။ ဒါကြောင့် ငါ အတင်းအကြပ်မလုပ်ဘူး။ အနှေးနဲ့အမြန် သူ့နေရာမှာ ငါ့ကို ချစ်မယ့် ကြောင်လေးတစ်ကောင် ရှိလာလိမ့်မယ်။
ငါ ကျင်းရှန့်ကို နာမည်ထပ်ခေါ်လိုက်ပေမယ့် သူက ပြန်မဖြေသေးဘူး။
နောက်တော့ ငါ ကျောင်းကုန်းဇီကိုပဲ ဖုန်းခေါ်လိုက်ရတယ်။ နောက်ဆုံးတော့လည်း သူတို့နှစ်ယောက်မှာ ငါ နားမလည်နိုင်တဲ့ စကြာဝဠာတစ်ခုရှိနေတယ်လေ။
အချိန်အတော်ကြာပြီးတဲ့နောက် ကျောင်းကုန်းဇီက ဖုန်းကိုင်လိုက်ပြီး ဘယ်သူလဲလို့ မေးတယ်။
ငါက ငါပဲလို့ ပြောလိုက်တယ်။
ကျောင်းကုန်းဇီက ငါ့ကို ဘယ်သူလဲလို့ မေးတယ်။
ငါက ကျူးရိရှင်ပါလို့ ပြန်ပြောလိုက်တယ်။
"ဘာဖြစ်လို့လဲ?"
"ကျင်းရှန့်က _ _"
ကျောင်းကုန်းဇီက ငါ့ကို အော်ဟစ်တယ်, "သေလိုက်ပါတော! ငါ့ဆီကို တစ်နှစ်အတွင်းမှာ မင်း ဖုန်းဆက်လာတာက ကျင်းရှန့်အကြောင်းလား?! မင်းနဲ့သူက ရထားဘူတာရောက်နေပြီ, ခိုးပြေးဖို့ အသင့်ဖြစ်နေပြီ, ဟုတ်တယ်မဟုတ်လား? အခု မင်းက ငါ့ကို ပြောပြတော့မယ်ပေါ့? ငါ ဒေါသထွက်ပြီး သေအောင်လို့လား?! သေလိုက်ပါတော့!"
ပထမဦးစွာ ငါ သူ့ကို တစ်နှစ်တစ်ခါတောင် ဖုန်းမဆက်ခဲ့ဘူး။ တစ်ခါတုန်းက သူ အလုပ်မှာ ရှိနေတဲ့အချိန်, ဒါမှမဟုတ် ငါ အလုပ်မှာ ရှိနေချိန်တွေမှာ ညစာဘာစားမလဲဆိုတာကို ဆွေးနွေးရုံအတွက်နဲ့ ဖုန်းမခေါ်ဖို့ သူ့ကို ယဉ်ကျေးစွာ သတိပေးခဲ့ဖူးတယ်။ ဒါကို သူက ဘာလို့ သတိရသွားပြီးတော့ ဒီနေ့ကျမှ ငါ့ကို လာပုံချနေရတာလဲ?
ဒုတိယအချက်အနေနဲ့ သူ့မှာ စိတ်ကူးကောင်းတွေ ရှိနေတယ်။ ငါသာ ကျင်းရှန့်နဲ့ ခိုးပြေးမယ်ဆိုရင် ဖမ်းပြီး ပြန်ခေါ်လာမှာကို မကြောက်ဘဲနဲ့ သူ့ကို ဘာလို့ ကြိုပြောနေရမှာလဲ?
ကျောင်းကုန်းဇီက မေးတယ်, "ဘာဖြစ်တာလဲ?"
"ကျင်းရှန့်ကလေ _ _"
ကျောင်းကုန်းဇီက အော်တယ်, "လောင်ဇီ အခု ပိုက်တွေကို ဘယ်လိုပြင်ရမလဲဆိုတာ သိနေပြီ, လောင်ဇီ့ကို ပြင်ခိုင်း! လောင်ဇီ့ရဲ့ အိမ်ထဲကို သူ့ကို ဝင်ခွင့်ပြုဖို့ မင်းကို ခွင့်မပေးထားဘူးနော်! ဒါ လောင်ဇီ့အိမ်! သူ့ကို ဝင်ခွင့်မပြုဘူး!"
"ပထမဦးဆုံးအနေနဲ့ မင်း အဲ့ပိုက်တွေကို မပြင်တတ်ပါဘူး, ဒုတိယအချက်အနေနဲ့ မင်း ဒီနေ့ အလုပ်ကို ခွင့်ယူလို့ မရဘူး, ဘာလို့လဲဆိုတော့ သခင်ကြီးက ငွေစာရင်း မှတ်တမ်းတွေကို စစ်ဆေးဖို့အတွက် ကုမ္ပဏီကို အလည်လာမှာ, တတိယအချက်ကတော့ ငါတို့အိမ်က ပိုက်တွေ ကျိုးမနေဘူး"
ကျောင်းကုန်းဇီက ငါ့ကို ဟက်ဟက်ပက်ပက် အော်ဟစ်တယ်, "ဒါဆိုရင် မင်း စောက်လိုရင်းကို ပြောသင့်တယ်လေ!"
ငါ အစကနေ လိုရင်းရောက်အောင် ကြိုးစားနေတာလေ။
ငါ စကားအဖွင့်လမ်းကြောင်းကို ပြောင်းလိုက်တယ်, "ဟမ်းက _ _"
ကျောင်းကုန်းဇီက အေးစက်စွာ မေးတယ်, "ဟမ်း ဘာဖြစ်တာလဲ?"
"ဒီမနက် ဟမ်းက ငါ့ကို လာတွေ့တော့ ငါ သူ့နောက်ကနေ ကျင်းရှန့်အိမ်ကို လိုက်လာခဲ့ရတယ် _ _ ကျောင်းလောင် အရင်ဆုံး ပါးစပ်ပိတ်ပြီး ငါ့ကို စကားဆုံးအောင်ပြောခွင့်ပြုနော်, ကျင်းရှန့်က ဆိုဖာပေါ်မှာ လဲလျောင်းနေပြီး ထလည်း မထသလို စကားပြောဖို့လည်း ဆန္ဒမရှိနေဘူး, သူ ဘာကိစ္စရှိနေလဲဆိုတာ ငါ မသိဘူး, မင်းနဲ့သူက သူငယ်ချင်းဆိုတော့ မင်း သိမှာပေါ့"
ကျောင်းကုန်းဇီက အကြာကြီး နှုတ်ဆိတ်သွားပြီးတဲ့နောက် ငါ့ကို ပြောတယ်, "ငါတို့က သူငယ်ချင်းမဟုတ်ဘူး, သူ့ကို စိတ်ထဲ မထားနဲ့"
ငါ သူ့ကို စိတ်ပြောင်းဖို့ ကြိုးစားလိုက်တယ်, "မင်းက သူငယ်ချင်းဖွဲ့ဖို့ မလွယ်ဘူးလေ, မင်း သူတို့ကို ပိုတန်ဖိုးထားသင့်တယ်"
ကျောင်းကုန်းဇီက အော်တယ်, "လောင်ဇီက သူငယ်ချင်းမလိုဘူး! အထူးသဖြင့် လောင်ဇီက သူနဲ့သူငယ်ချင်းဖြစ်ဖို့ မလိုအပ်ဘူး! မြန်မြန် အိမ်ပြန်လိုက်! မဟုတ်ရင်တော့ လောင်ဇီပြန်လာတာနဲ့ မင်းကို သတ်ပစ်မှာ!"
ကျင်းရှန့် အနည်းငယ် လှုပ်ရှားလာတာကို မြင်လိုက်ရတာကြောင့် ငါ ဖုန်းချလိုက်တော့တယ်။ ကျောင်းကုန်းဇီက တန်ဖိုးမရှိတော့ဘူး။
ငါ စိုးရိမ်မှုအပြည့်နဲ့ အလျင်စလို မေးလိုက်တယ်, "မင်း အဆင်ပြေရဲ့လား?"
ကျင်းရှန့်က ငါ့ကို ကြည့်ဖို့ ကြိုးစားလိုက်ပြီးနောက် ခါးသက်စွာ ပြုံးပြီး ပြောတယ်, "ငါ မင်းကို အခု တကယ်ကို မတွေ့ချင်သေးဘူး, ငါ အဆင်ပြေပါတယ်, နည်းနည်းပင်ပန်းနေရုံပါ"
"ကျောင်းကုန်းဇီနဲ့ငါက မင်းရဲ့သူငယ်ချင်းတွေလေ, မင်း မှာ ပြဿနာတစ်ခုခုရှိတယ်ဆိုရင် ငါတို့ကို ပြော, ကျောင်းကုန်းဇီက မင်းနဲ့ အရမ်းရင်းနှီးတာပဲကို"
ကျင်းရှန့်က ပြုံးတယ်, "မင်းတို့နှစ်ယောက်က ငါ့ရဲ့ဒုက္ခတွေကို မကူညီနိုင်တော့မှာကို ကြောက်မိပေမယ့် မင်းပြောတာကိုကြားရတာ ငါ အရမ်းပျော်မိပါတယ်, မင်းသာ ကျောင်းကုန်းဇီဆိုတာကို မပြောဘဲ မင်းနဲ့ငါဆိုတာကိုပဲ ပြောခဲ့ရင်တော့ ငါ့ကို ပိုလို့တောင် ပျော်ရွှင်စေမှာ"
ငါသာ အဲ့လိုပြောလိုက်ရင် ကျောင်းကုန်းဇီက ပျော်မှာမဟုတ်ဘူး။ ကျောင်းကုန်းဇီမပျော်ဘူးဆိုရင် သခင်ကြီးကျောင်းစီလည်း ပျော်မှာမဟုတ်ဘူး။ သခင်ကြီးကျောင်းစီမပျော်ဘူးဆိုရင်တော့ ငါ့အတွက် ပျော်ရွှင်ဖို့ အရမ်းခက်ခဲသွားမှာဖြစ်သလို ပျော်ရွှင်ရတဲ့ဘဝကိုရဖို့ကလည်း ငါ့အတွက် အရမ်းခက်ခဲသွားလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ကျင်းရှန့်က စကားမပြောချင်ဘူးဆိုရင် ငါက မေးမှာမဟုတ်ဘူး။ ငါ အပြင်ထွက်ဖို့ပြင်နေတုန်း တံခါးလာခေါက်တဲ့အသံကို ကြားလိုက်ရတယ်။
ကျင်းရှန့်က ငါ့ကို ကြည့်ပြီး ပြောတယ်, "မင်း အခန်းထဲသွားပြီး ခဏအနားယူလိုက်ပါ"
ငါ အိပ်ခန်းထဲကို ဝင်သွားလိုက်တော့ ဗီရိုကို မပိတ်ထားတာကို မြင်လိုက်ရပြီး ပင့်သက်မရှိုက်ဘဲ မနေနိုင်တော့ဘူး။
ကျင်းရှန့်နဲ့ငါက တူညီတဲ့စိတ်ဝင်စားမှုနဲ့ဝါသနာတွေ များစွာရှိတယ်။ သူ့ရဲ့ဗီရိုက ငါ့ဗီရိုသာဖြစ်ရင် သိပ်ကောင်းမှာပဲ။
ငါ ကျောင်းကုန်းဇီကို ဒီဗီရိုနဲ့လဲလှယ်ဖို့အတွက် အသုံးချနိုင်ပေမယ့် ကျင်းရှန့်က ဒီလိုလုပ်ဖို့ ဆန္ဒမရှိဘူးဆိုတာကို ငါ လောင်းကြေးထပ်နိူင်တယ်။
ငါ အေးခဲနေတဲ့သူတွေကို ကျောင်းကုန်းဇီရဲ့အဝတ်အစားတွေ လှူဒါန်းဖို့ အစီအစဉ်ရေးဆွဲနေတဲ့အချိန်မှာ ဧည့်ခန်းအတွင်းမှာရှိတဲ့ အရာဝတ္ထုတွေ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတဲ့အသံကို ကြားလိုက်ရတယ်။
ငါ တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ ကျင်းရှန့်ရှေ့မှာ ဒူးထောက်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲ့လူရဲ့နောက်မှာ အခြားနှစ်ယောက်ကလည်း ဒူးထောက်လျက်ရှိနေကြတယ်။ သူတို့က ဦးလေးတာ့လီရဲ့အလုပ်သင်နဲ့ တပည့်တွေဖြစ်နေတာကြောင့် ပုံစံတွေက ငါ့အတွက် အရမ်းကိုရင်းနှီးနေတယ်။
Zawgyi
ငါ က်င္း႐ွန္႔ရဲ႕ ဧည့္ခန္းမွာ စိတ္မသက္မသာနဲ႔ ထိုင္ေနရတယ္။
က်င္း႐ွန္႔က ဆိုဖာေပၚမွာ ေမွာက္လ်က္ လွဲေလ်ာင္းေနၿပီး မလႈပ္မယွက္ေန,ေနတယ္။ သူ ဒီလိုေန,ေနတာ သုံးနာရီေလာက္႐ွိေနၿပီ။
လြန္ခဲ့တဲ့ ၃ နာရီေလာက္က ငါ သူ႕ေနရာကို ေရာက္လာခဲ့တယ္။ ဒါေၾကာင့္ သူ အဲ့ဒီမွာ ဘယ္ႏွစ္နာရီေလာက္ လွဲေနလဲဆိုတာေတာ့ ငါ မသိဘူး။
သူ႕အိမ္ေသာ့ကို ဘယ္မွာဝွက္ထားလဲဆိုတာ ငါပဲ သိတယ္။
အရင္က သူလုပ္ခဲ့တဲ့ သီခ်င္းမွာ သူ႕ရဲ႕ဖုန္းနံပါတ္မပါဘူး။ သူ႕ရဲ႕အိမ္ေသာ့ကို ဘယ္မွာဝွက္ထားတယ္ဆိုတာကိုပဲ ေျပာျပထားတာ။
သူ အသက္႐ွဴတာ ပုံမွန္မဟုတ္ဘူးဆိုရင္ေတာ့ ငါ ဆရာဝန္ကို ေခၚရလိမ့္မယ္။
ၿပီးေတာ့ သူ႕အိမ္ရဲ႕ ၾကမ္းျပင္ေပၚမွာ အမိႈက္က်ေနတဲ့ သစ္သီးခြံေတြက သူ အသက္႐ွင္ေနေသးတယ္ဆိုတာကို ၫႊန္ျပေနတာျဖစ္ႏိုင္တယ္။
က်င္း႐ွန္႔က လည္ေခ်ာင္းကို ကာကြယ္ဖို႔လိုအပ္တာေၾကာင့္ အရက္လည္းမေသာက္သလို ေဆးလိပ္လည္း မေသာက္ဘူး။ သူက သူ႕ရဲ႕ပုံရိပ္ကိုလည္း ထိန္းထားရတာမို႔ ေခ်ာကလက္လည္း မစားခ်င္ဘူး။ ဒါေၾကာင့္ သူ စိတ္မခ်မ္းသာတဲ့အခ်ိန္တိုင္း အသီးအႏွံနဲ႔ အသီးအ႐ြက္ေတြကို စားတယ္။
အဲ့ဒါက သူ႕သီခ်င္းထဲမွာ ေရးထားတာေတြ။
အမွန္ေတာ့ ငါ ဒီေနရာကို ဟမ္းေခၚလို႔ လာခဲ့ရတာ။ ဟမ္းက သူ႕အတြက္ အထူးျပဳလုပ္ေပးထားတဲ့ တံခါးငယ္ေလးကေန ေျပးထြက္လာတာျဖစ္မယ္။ သူက ငါ့တိုက္ခန္းကို ေရာက္လာၿပီး တံခါးကို အခ်ိန္အေတာ္ၾကာေအာင္ ကုတ္တယ္။ ၿပီးေတာ့ ငါ့ေဘာင္းဘီေျခေထာက္ကို ဆြဲၿပီး ဒီကို ေခၚလာခဲ့တယ္။
ဟမ္းက တကယ္ကို သစၥာ႐ွိၿပီး ရဲရင့္တဲ့ ေခြးေကာင္းတစ္ေကာင္ပါ။ ငါ ၾကမ္းျပင္ေပၚမွာ ဆယ့္ငါးမိနစ္ေလာက္ လွဲအိပ္ေနခဲ့တဲ့အခ်ိန္တုန္းက သူ ငါ့ကို လုံးဝလ်စ္လ်ဴ႐ႈခဲ့တာက လြဲလို႔ေပါ့ေလ။
ငါ သူ႕ကို ေက်ာင္းကုန္းဇီဆီကို ေပးလိုက္ၿပီး, အဲ့ေနာက္ သူ႕ကို က်င္း႐ွန္႔ဆီ အပ္လိုက္တာက အေၾကာင္းအရင္း႐ွိတယ္။ သူက ငါ့ကိုမခ်စ္ဘူးေလ။ ဒါေၾကာင့္ ငါ အတင္းအၾကပ္မလုပ္ဘူး။ အေႏွးနဲ႔အျမန္ သူ႕ေနရာမွာ ငါ့ကို ခ်စ္မယ့္ ေၾကာင္ေလးတစ္ေကာင္ ႐ွိလာလိမ့္မယ္။
ငါ က်င္း႐ွန္႔ကို နာမည္ထပ္ေခၚလိုက္ေပမယ့္ သူက ျပန္မေျဖေသးဘူး။
ေနာက္ေတာ့ ငါ ေက်ာင္းကုန္းဇီကိုပဲ ဖုန္းေခၚလိုက္ရတယ္။ ေနာက္ဆုံးေတာ့လည္း သူတို႔ႏွစ္ေယာက္မွာ ငါ နားမလည္ႏိုင္တဲ့ စၾကာဝဠာတစ္ခု႐ွိေနတယ္ေလ။
အခ်ိန္အေတာ္ၾကာၿပီးတဲ့ေနာက္ ေက်ာင္းကုန္းဇီက ဖုန္းကိုင္လိုက္ၿပီး ဘယ္သူလဲလို႔ ေမးတယ္။
ငါက ငါပဲလို႔ ေျပာလိုက္တယ္။
ေက်ာင္းကုန္းဇီက ငါ့ကို ဘယ္သူလဲလို႔ ေမးတယ္။
ငါက က်ဴးရိ႐ွင္ပါလို႔ ျပန္ေျပာလိုက္တယ္။
"ဘာျဖစ္လို႔လဲ?"
"က်င္း႐ွန္႔က _ _"
ေက်ာင္းကုန္းဇီက ငါ့ကို ေအာ္ဟစ္တယ္, "ေသလိုက္ပါေတာ! ငါ့ဆီကို တစ္ႏွစ္အတြင္းမွာ မင္း ဖုန္းဆက္လာတာက က်င္း႐ွန္႔အေၾကာင္းလား?! မင္းနဲ႔သူက ရထားဘူတာေရာက္ေနၿပီ, ခိုးေျပးဖို႔ အသင့္ျဖစ္ေနၿပီ, ဟုတ္တယ္မဟုတ္လား? အခု မင္းက ငါ့ကို ေျပာျပေတာ့မယ္ေပါ့? ငါ ေဒါသထြက္ၿပီး ေသေအာင္လို႔လား?! ေသလိုက္ပါေတာ့!"
ပထမဦးစြာ ငါ သူ႕ကို တစ္ႏွစ္တစ္ခါေတာင္ ဖုန္းမဆက္ခဲ့ဘူး။ တစ္ခါတုန္းက သူ အလုပ္မွာ ႐ွိေနတဲ့အခ်ိန္, ဒါမွမဟုတ္ ငါ အလုပ္မွာ ႐ွိေနခ်ိန္ေတြမွာ ညစာဘာစားမလဲဆိုတာကို ေဆြးေႏြး႐ုံအတြက္နဲ႔ ဖုန္းမေခၚဖို႔ သူ႕ကို ယဥ္ေက်းစြာ သတိေပးခဲ့ဖူးတယ္။ ဒါကို သူက ဘာလို႔ သတိရသြားၿပီးေတာ့ ဒီေန႔က်မွ ငါ့ကို လာပုံခ်ေနရတာလဲ?
ဒုတိယအခ်က္အေနနဲ႔ သူ႕မွာ စိတ္ကူးေကာင္းေတြ ႐ွိေနတယ္။ ငါသာ က်င္း႐ွန္႔နဲ႔ ခိုးေျပးမယ္ဆိုရင္ ဖမ္းၿပီး ျပန္ေခၚလာမွာကို မေၾကာက္ဘဲနဲ႔ သူ႕ကို ဘာလို႔ ႀကိဳေျပာေနရမွာလဲ?
ေက်ာင္းကုန္းဇီက ေမးတယ္, "ဘာျဖစ္တာလဲ?"
"က်င္း႐ွန္႔ကေလ _ _"
ေက်ာင္းကုန္းဇီက ေအာ္တယ္, "ေလာင္ဇီ အခု ပိုက္ေတြကို ဘယ္လိုျပင္ရမလဲဆိုတာ သိေနၿပီ, ေလာင္ဇီ့ကို ျပင္ခိုင္း! ေလာင္ဇီ့ရဲ႕ အိမ္ထဲကို သူ႕ကို ဝင္ခြင့္ျပဳဖို႔ မင္းကို ခြင့္မေပးထားဘူးေနာ္! ဒါ ေလာင္ဇီ့အိမ္! သူ႕ကို ဝင္ခြင့္မျပဳဘူး!"
"ပထမဦးဆုံးအေနနဲ႔ မင္း အဲ့ပိုက္ေတြကို မျပင္တတ္ပါဘူး, ဒုတိယအခ်က္အေနနဲ႔ မင္း ဒီေန႔ အလုပ္ကို ခြင့္ယူလို႔ မရဘူး, ဘာလို႔လဲဆိုေတာ့ သခင္ႀကီးက ေငြစာရင္း မွတ္တမ္းေတြကို စစ္ေဆးဖို႔အတြက္ ကုမၸဏီကို အလည္လာမွာ, တတိယအခ်က္ကေတာ့ ငါတို႔အိမ္က ပိုက္ေတြ က်ိဳးမေနဘူး"
ေက်ာင္းကုန္းဇီက ငါ့ကို ဟက္ဟက္ပက္ပက္ ေအာ္ဟစ္တယ္, "ဒါဆိုရင္ မင္း ေစာက္လိုရင္းကို ေျပာသင့္တယ္ေလ!"
ငါ အစကေန လိုရင္းေရာက္ေအာင္ ႀကိဳးစားေနတာေလ။
ငါ စကားအဖြင့္လမ္းေၾကာင္းကို ေျပာင္းလိုက္တယ္, "ဟမ္းက _ _"
ေက်ာင္းကုန္းဇီက ေအးစက္စြာ ေမးတယ္, "ဟမ္း ဘာျဖစ္တာလဲ?"
"ဒီမနက္ ဟမ္းက ငါ့ကို လာေတြ႕ေတာ့ ငါ သူ႕ေနာက္ကေန က်င္း႐ွန္႔အိမ္ကို လိုက္လာခဲ့ရတယ္ _ _ ေက်ာင္းေလာင္ အရင္ဆုံး ပါးစပ္ပိတ္ၿပီး ငါ့ကို စကားဆုံးေအာင္ေျပာခြင့္ျပဳေနာ္, က်င္း႐ွန္႔က ဆိုဖာေပၚမွာ လဲေလ်ာင္းေနၿပီး ထလည္း မထသလို စကားေျပာဖို႔လည္း ဆႏၵမ႐ွိေနဘူး, သူ ဘာကိစၥ႐ွိေနလဲဆိုတာ ငါ မသိဘူး, မင္းနဲ႔သူက သူငယ္ခ်င္းဆိုေတာ့ မင္း သိမွာေပါ့"
ေက်ာင္းကုန္းဇီက အၾကာႀကီး ႏႈတ္ဆိတ္သြားၿပီးတဲ့ေနာက္ ငါ့ကို ေျပာတယ္, "ငါတို႔က သူငယ္ခ်င္းမဟုတ္ဘူး, သူ႕ကို စိတ္ထဲ မထားနဲ႔"
ငါ သူ႕ကို စိတ္ေျပာင္းဖို႔ ႀကိဳးစားလိုက္တယ္, "မင္းက သူငယ္ခ်င္းဖြဲ႕ဖို႔ မလြယ္ဘူးေလ, မင္း သူတို႔ကို ပိုတန္ဖိုးထားသင့္တယ္"
ေက်ာင္းကုန္းဇီက ေအာ္တယ္, "ေလာင္ဇီက သူငယ္ခ်င္းမလိုဘူး! အထူးသျဖင့္ ေလာင္ဇီက သူနဲ႔သူငယ္ခ်င္းျဖစ္ဖို႔ မလိုအပ္ဘူး! ျမန္ျမန္ အိမ္ျပန္လိုက္! မဟုတ္ရင္ေတာ့ ေလာင္ဇီျပန္လာတာနဲ႔ မင္းကို သတ္ပစ္မွာ!"
က်င္း႐ွန္႔ အနည္းငယ္ လႈပ္႐ွားလာတာကို ျမင္လိုက္ရတာေၾကာင့္ ငါ ဖုန္းခ်လိုက္ေတာ့တယ္။ ေက်ာင္းကုန္းဇီက တန္ဖိုးမ႐ွိေတာ့ဘူး။
ငါ စိုးရိမ္မႈအျပည့္နဲ႔ အလ်င္စလို ေမးလိုက္တယ္, "မင္း အဆင္ေျပရဲ႕လား?"
က်င္း႐ွန္႔က ငါ့ကို ၾကည့္ဖို႔ ႀကိဳးစားလိုက္ၿပီးေနာက္ ခါးသက္စြာ ျပဳံးၿပီး ေျပာတယ္, "ငါ မင္းကို အခု တကယ္ကို မေတြ႕ခ်င္ေသးဘူး, ငါ အဆင္ေျပပါတယ္, နည္းနည္းပင္ပန္းေန႐ုံပါ"
"ေက်ာင္းကုန္းဇီနဲ႔ငါက မင္းရဲ႕သူငယ္ခ်င္းေတြေလ, မင္း မွာ ျပႆနာတစ္ခုခု႐ွိတယ္ဆိုရင္ ငါတို႔ကို ေျပာ, ေက်ာင္းကုန္းဇီက မင္းနဲ႔ အရမ္းရင္းႏွီးတာပဲကို"
က်င္း႐ွန္႔က ျပဳံးတယ္, "မင္းတို႔ႏွစ္ေယာက္က ငါ့ရဲ႕ဒုကၡေတြကို မကူညီႏိုင္ေတာ့မွာကို ေၾကာက္မိေပမယ့္ မင္းေျပာတာကိုၾကားရတာ ငါ အရမ္းေပ်ာ္မိပါတယ္, မင္းသာ ေက်ာင္းကုန္းဇီဆိုတာကို မေျပာဘဲ မင္းနဲ႔ငါဆိုတာကိုပဲ ေျပာခဲ့ရင္ေတာ့ ငါ့ကို ပိုလို႔ေတာင္ ေပ်ာ္႐ႊင္ေစမွာ"
ငါသာ အဲ့လိုေျပာလိုက္ရင္ ေက်ာင္းကုန္းဇီက ေပ်ာ္မွာမဟုတ္ဘူး။ ေက်ာင္းကုန္းဇီမေပ်ာ္ဘူးဆိုရင္ သခင္ႀကီးေက်ာင္းစီလည္း ေပ်ာ္မွာမဟုတ္ဘူး။ သခင္ႀကီးေက်ာင္းစီမေပ်ာ္ဘူးဆိုရင္ေတာ့ ငါ့အတြက္ ေပ်ာ္႐ႊင္ဖို႔ အရမ္းခက္ခဲသြားမွာျဖစ္သလို ေပ်ာ္႐ႊင္ရတဲ့ဘဝကိုရဖို႔ကလည္း ငါ့အတြက္ အရမ္းခက္ခဲသြားလိမ့္မယ္။
ဘာပဲျဖစ္ျဖစ္ က်င္း႐ွန္႔က စကားမေျပာခ်င္ဘူးဆိုရင္ ငါက ေမးမွာမဟုတ္ဘူး။ ငါ အျပင္ထြက္ဖို႔ျပင္ေနတုန္း တံခါးလာေခါက္တဲ့အသံကို ၾကားလိုက္ရတယ္။
က်င္း႐ွန္႔က ငါ့ကို ၾကည့္ၿပီး ေျပာတယ္, "မင္း အခန္းထဲသြားၿပီး ခဏအနားယူလိုက္ပါ"
ငါ အိပ္ခန္းထဲကို ဝင္သြားလိုက္ေတာ့ ဗီ႐ိုကို မပိတ္ထားတာကို ျမင္လိုက္ရၿပီး ပင့္သက္မ႐ိႈက္ဘဲ မေနႏိုင္ေတာ့ဘူး။
က်င္း႐ွန္႔နဲ႔ငါက တူညီတဲ့စိတ္ဝင္စားမႈနဲ႔ဝါသနာေတြ မ်ားစြာ႐ွိတယ္။ သူ႕ရဲ႕ဗီ႐ိုက ငါ့ဗီ႐ိုသာျဖစ္ရင္ သိပ္ေကာင္းမွာပဲ။
ငါ ေက်ာင္းကုန္းဇီကို ဒီဗီ႐ိုနဲ႔လဲလွယ္ဖို႔အတြက္ အသုံးခ်ႏိုင္ေပမယ့္ က်င္း႐ွန္႔က ဒီလိုလုပ္ဖို႔ ဆႏၵမ႐ွိဘူးဆိုတာကို ငါ ေလာင္းေၾကးထပ္ႏိူင္တယ္။
ငါ ေအးခဲေနတဲ့သူေတြကို ေက်ာင္းကုန္းဇီရဲ႕အဝတ္အစားေတြ လႉဒါန္းဖို႔ အစီအစဥ္ေရးဆြဲေနတဲ့အခ်ိန္မွာ ဧည့္ခန္းအတြင္းမွာ႐ွိတဲ့ အရာဝတၳဳေတြ ၾကမ္းျပင္ေပၚ ျပဳတ္က်သြားတဲ့အသံကို ၾကားလိုက္ရတယ္။
ငါ တံခါးေပါက္ကို လွမ္းၾကည့္လိုက္ေတာ့ က်င္း႐ွန္႔ေ႐ွ႕မွာ ဒူးေထာက္ေနတဲ့ လူတစ္ေယာက္ကို ေတြ႕လိုက္ရတယ္။ အဲ့လူရဲ႕ေနာက္မွာ အျခားႏွစ္ေယာက္ကလည္း ဒူးေထာက္လ်က္႐ွိေနၾကတယ္။ သူတို႔က ဦးေလးတာ့လီရဲ႕အလုပ္သင္နဲ႔ တပည့္ေတြျဖစ္ေနတာေၾကာင့္ ပုံစံေတြက ငါ့အတြက္ အရမ္းကိုရင္းႏွီးေနတယ္။