"ေကာင္းဆက္...လာ....ကုိယ္တို႔မင္းကိုေစာင့္ေနတာ"
Shane က လွမ္းေျပာလာခဲ့ၿပီး လက္ယပ္ေခၚလာသည္။ ေရာက္ေနသူဧည့္သည္ေတြက အျခားသူေတာ့မဟုတ္။ ကေလးမေလးရဲ႕မိဘေတြပင္။ Kelvin ဆိုသူက ျပံဳးျပလာေတာ့ ေကာင္းဆက္အသာျပန္ျပံဳးျပရင္း ထိုင္ခံုေလးမွာ ဝင္ထိုင္လိုက္သည္။ ကေလးမေလးက ေကာင္းဆက္ဝင္လာကတည္းက လွမ္းၾကည့္ေနခဲ့ၿပီး ခဏအၾကာမွာေတာ့ သူ႔အေဖေပါင္ေပၚမွဆင္း၍ ေကာင္းဆက္ထံသုိ႔ေျပးလာကာ လက္ကိုကိုင္ရန္ျပင္ေနေတာ့ Kelvin က အသည္းအသန္လွမ္းတား႐ွာသည္။
"သမီး ကိုကို႔လက္ကိုမကိုင္ရဘူး။ ကိုကို လက္နာေနတယ္"
"ေကာင္းဆက္ Kelvin က မင္းကိုလက္ေဆာင္ေပးစရာ႐ွိလုိ႔တဲ့"
ဟု Shane ကလွမ္းေျပာေတာ့ Kelvin ဆိုသူကဘူးေလးတခုလွမ္းေပးလာသည္။
"လက္ေဆာင္ပါ Mr Jayden"
လက္ေဆာင္ဟုဆိုလာေတာ့ ထိုဘူးေလးကို ေကာင္းဆက္ဖြင့္ၾကည့္လိုက္သည္။ ဘူးေလးထဲပါ႐ွိသည္မွာ ေသာ့တစ္ေခ်ာင္းျဖစ္ၿပီး ေသာ႔အေပၚမွာထြင္းထားတဲ႔ စာတန္းအရ ဘာဆိုတာသိလိုက္ျပီမို႔ ဘူးထဲျပန္ထည့္ကာ Kelvin ဆုသူထံ ျပန္ထိုးေပးလိုက္သည္။
"ကြၽန္ေတာ္ လက္မခံပါရေစနဲ႔ Mr Kelvin ။ ဘာကိုမွေမ်ွာ္ကိုးၿပီး ကေလးကိုကယ္ခဲ့တာ မဟုတ္ပါဘူး။ ၿပီးေတာ႔ ဒီလို တန္ဖိုးၾကီးပစၥည္းမ်ိဳးကလဲ ကြၽန္ေတာ္နဲ႔မအပ္စပ္တာမို႔ို႔ မယူပါရေစနဲ႔"
"သမီးကိုကယ္ေပးလို႔ ေက်းဇူးဆပ္တာမ်ိဳးလဲ မဟုတ္သလို ေက်းဇူးတရားကိုေငြနဲ႔ တန္ဖိုးျဖတ္တာလဲ မဟုတ္ရပါဘူး။ ဒီတိုင္းေလးပဲ လက္ေဆာင္ေပးတာပါ။ ဒါကို Mr Jayden လက္မခံရင္ ကြၽန္ေတာ္တို႔မိသားစု ေနလို႔အဆင္ေျပမွာမဟုတ္ဘူး။ ၿပီးေတာ့ ကြၽန္ေတာ္က ကုိယ္ထိလက္ေရာက္လည္း လုပ္ခဲ့မိေတာ့ အိပ္လို႔ေတာင္မေပ်ာ္ဘူး"
"လက္ခံလိုက္ပါ ေကာင္းဆက္"
"ဒီေလာက္တန္ဖိုးႀကီးတဲ့ကားကို ကြၽန္ေတာ္က ဘယ္နားသြားသံုးရမွာလဲ Shane ။ အိမ္နဲ႔ကားနဲ႔ဆို ယွဥ္ၾကည့္လိုက္ရင္ ရယ္စရာျဖစ္ေနမွာ။ လက္ေဆာင္ေပးခ်င္တဲ့ စိတ္ကို ကြၽန္ေတာ္အသိအမွတ္ျပဳပါတယ္။ ဒါကိုေတာ့ လက္မခံပါရေစနဲ႔။ Mr Kelvin တို႔အတြက္ ေငြကုန္ေၾကးၾကမ်ားပါတယ္..."
"သူတို႔က ကား company ပိုင္တာ ေကာင္းဆက္။ လက္ခံလိုက္ပါ"
Shane ကတုိက္တြန္းသလို Kelvin ရဲ႕ အမ်ိဳးသမီးကပါ မေနနုိုင္ေတာ့ပဲ ဝင္ေျပာလာေတာ့သည္။
"ဟုတ္တယ္ Mr Jayden ။ ကြၽန္မ အမ်ိဳးသားက တကယ္ကို စိတ္မေကာင္းျဖစ္ေနလို႔ပါ။ သမီးေလးကိုကယ္ေပးတဲ့သူကိုမွ သူ ကုိယ္ထိလက္ေရာက္ လုပ္မိတယ္ဆိုၿပီး။ သမီးကလဲ Mr Jayden ကို အရမ္းခင္ေနတာ။ ဒီကားေလးကိုလည္း ကိုကို႔ကိုေပးခ်င္တယ္ဆိုၿပီး သူကုိယ္တုိင္ေရြးခဲ့တာပါ ေနာ္ လက္ခံေပးပါ "
အကုန္လံုးက အတင္းလက္ခံခိုင္းေနေတာ့ ေကာင္းဆက္ဆံုးျဖတ္ရ ခက္လာသည္။ လက္လဲမခံခ်င္သလို ျငင္းလို႔လဲမရ။ ထို႔ေၾကာင့္....
"ဒါဆို ကြၽန္ေတာ္လက္ခံပါ့မယ္။ ဒီကားကိုေတာ့မဟုတ္ဘူး သာမာန္ကားေလာက္ဆိုရပါၿပီ။ Luxury ကားကေတာ့ တကယ္ကို ကြၽန္ေတာ္နဲ႔မအပ္စပ္လို႔ပါ"
"ဒါေပမယ့္...."
"Kelvin သူေျပာတဲ့အတိုင္း လဲေပးလိုက္။ သူက ဟင့္အင္းဆို မင္းတေန႔လံုးထုိင္ၿပီး နားခ်လဲ အင္း ျဖစ္လာမွာမဟုတ္ဘူး"
"အင္းေလ...ဒါဆိုလဲ ညေနပို႔ခိုင္းလိုက္မယ္"
"အင္း...."
အသိမိတ္ေဆြေတြဆိုေတာ့ စကားေျပာစရာေတြ ႐ွိေနဦးမွာအမွန္မို႔လို႔ ေကာင္းဆက္ေ႐ွာင္ေပးရန္ စဥ္းစားမိကာ Report ဖိုင္ေလးကို Shane ေ႐ွ႕အသာခ်ေပးလိုက္ၿပီးေနာက္
"ဒါဆို ကြၽန္ေတာ္အလုပ္သြားလုပ္လိုက္ပါဦးမယ္"
ဟု ႏႈတ္ဆက္ကာ တံခါးဝဆီသြားေနတဲ့ ေကာင္းဆက္မွာ Mr Kelvin ရဲ႕ "Shane မင္းအတြက္ ငါ့မိန္းမကလက္ေဆာင္ေပးတာ" ဆိုတဲ့ စကားေၾကာင့္ ဘာရယ္မဟုတ္ လွည့္ၾကည့္မိလိုက္သည့္အခိုက္ Shane လက္ထဲက စားပဲြတင္နာရီေလးကို ျမင္လိုက္သည့္အခ်ိန္မွာေတာ့....
ႀကိဳျမင္တဲ့အထဲကနာရီ၊ 17:35 ျပေနတဲ့ နာရီေလး။ ဒါေပမယ့္ ႀကိဳျမင္တဲ့အခ်ိန္က နာရီရဲ႕ေဘာင္လိုင္းေတြက အျပာေရာင္ေလးေတြ ျဖတ္ေျပးေနခဲ့ၿပီး အခုနာရီမွာေတာ့ အျဖဴသက္သက္ပင္ ျဖစ္သည္။ Shane ကေတာ့ ထိုနာရီေလးကို လွည့္ပတ္ၾကည့္ကာ
"နာရီေလးက မိုက္တယ္ ငါလဲ ကုတင္ေဘးထားဖို႔စဥ္းစားေနတာ..."
"ဒီနာရီကေလ အေရာင္ေျပာင္းတယ္ ေန႔အလိုက္"
"ဟုတ္လား"
"အျဖဴ အဝါ အျပာစသည္ျဖင့္ ဘယ္ေန႔ဘယ္အေရာင္လဲေတာ့ ငါေမ့သြားၿပီ။ မွတ္မိတာက ၾကာသပေတးဆိုအျဖဴ ေသာၾကာဆိုအျပာ စေနနဲ႔တနဂၤေႏြဆို အစိမ္း။ အဲ့ဒီ ၄ရက္ေတာ့ မွတ္မိတယ္"
ေသာၾကာဆို အျပာ...ေသာၾကာဆိုအျပာတဲ့လား။ မနက္ျဖန္ေသာၾကာေန႔ ၿပီးေတာ့ Shane ခုနကေျပာတာ ကုတင္ေဘးထားမလို႔တဲ့ေလ။ ဒါ...ဒါဆို Shane ေသဆံုးရမွာ ေသာၾကာေန႔ ညေန 17:35 သူ႔အိမ္ခန္းထဲမွာလား။ မနက္ျဖန္..မနက္ျဖန္ေတာ့မဟုတ္ပါဘူးေနာ္။
Shane က တခါတရံ ညေန၄နာရီခဲြဆို ျပန္တတ္သည္။ ဒါဆိုလူသတ္သမားက အိမ္ထဲကႀကိဳေစာင့္ေနမွာလား။ ဘုရားေရ..ငါ...ငါဘယ္လိုကယ္ရမလဲ။ Daddy တုန္းကလို မေအာင္ျမင္ရင္ေရာ ဘယ္လိုလုပ္ရမလဲ..
အဆမတန္စိတ္လႈပ္႐ွားျခင္း၊ အရက္နာက်ထားျခင္း အဆံုးသတ္က ေျခေထာက္ေတြ မခိုင္ခ်င္ေတာ့ျခင္းပင္ျဖစ္ၿပီး တုန္ယင္လာတဲ့ေျခေထာက္ေတြကို မထိန္းႏိုင္ေတာ့သည့္အဆံုး ေကာင္းဆက္ တံခါးဝနား အသာထုိင္ခ်လိုက္ရသည္။
"Pooks"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
အရက္နာက်ထားသည့္ အ႐ွိန္ေၾကာင့္ ေကာင္းဆက္မ်က္ႏွာက အေတာ္ေလးကိုႏြမ္းဖက္ေနခဲ့သည္။ Kelvin တို႔မိသားစုေရာက္ေနသည္မို႔ အဆင္ေျပရဲ့လားဟု ေမးရန္ပင္ မေမးရေသး။ အခန္းထဲကေန ထြက္ရန္ျပင္ေနသည့္ ေကာင္းဆက္မွာ တံခါးဝနား ထိုင္က်သြားသည့္အခါမွာေတာ့ Kelvin တို႔ကိုေတာင္ သတိမထားႏုိင္ေတာ့။
"Pooks"
ခပ္သုတ္သုတ္ေျပးသြားကာ ပခံုးတဖက္ကို ကိုင္လိုက္ေတာ့ မ်က္လံုးေတြမွိတ္ထားသည့္ ေကာင္းဆက္က မိမိရင္ခြင္ထဲ မွီက်လာသည္။ ခါးကေနဆဲြ႔ေပြ႔ထိန္းကာ အနည္းငယ္ထူမတ္လိုက္ၿပီးေနာက္ ဆိုဖာ႐ွိရာသို႔ ေခၚလာခဲ့ရသည္။
"Kelvin ငါအားနာပါတယ္။ ေနာက္ရက္မွ ေအးေဆးစကားေျပာၾကမလား။ အခုသူ သိပ္ေနမေကာင္းလို႔"
"ရတယ္...ရတယ္ ေနာက္ရက္မွျပန္လာခဲ့မယ္ေလ။ ငါတုိ႔ျပန္ေတာ့မယ္"
Kelvin တို႔ျပန္သြားေတာ့ Devin ကိုေခၚေပးရန္ အေ႐ွ႕မွေကာင္တာထံသို႔ လွမ္းေအာ္ၿပီးေနာက္ ေကာင္းဆက္အနားသို႔ ျပန္ေလ်ွာက္လာခဲ့သည္။
"Pooks ေနသာရဲ႕လား? ကိုယ္ Devin ကို ေခၚထားတယ္ေနာ္။ "
ထိုစကားလံုးကလဲြၿပီး ဘာဆက္ေျပာရမည္လဲ ဆိုတာေတာ့ Shane မေတြးတတ္ေတာ့။ ေကာင္းဆက္ဒီလိုေတြျဖစ္ေနရတာ မိမိရဲ႕ကံၾကမၼာေၾကာင့္ဆိုတာ ေသခ်ာေနၿပီး ဒါကိုေျဖ႐ွင္းဖို႔ နည္းလမ္းက႐ွိမေနေပ။ ေကာင္းဆက္မွာလဲ တစံုတခုကို အႀကိတ္အနယ္ေတြးေတာေနသည္႔ဟန္။
"Pooks"
"Shane"
ေခၚသံႏွစ္ခုက တခ်ိန္တည္းမွာပင္ ထြက္ေပၚလာခဲ့ၿပန္သည္။
"Pooks အရင္ေျပာပါ။"
"ဟို မနက္ျဖန္ ဘာအစီအစဥ္႐ွိလဲ။"
"မနက္ျဖန္? ဘာမွမ႐ွိဘူး။"
"ဒါဆိုအိမ္ျပန္မွာေပါ့...."
"အင္း ညကလည္းအိပ္ေရးပ်က္ထားတယ္။ ဒီညေနလည္း ရံုးခဲြဖြင့္မယ့္ေနရာကို သြားရဦးမယ္ဆိုေတာ့ မနက္ျဖန္အိမ္မွာနားမလားလို႔"
"မနားနဲ႔!!"
႐ုတ္တရက္အသံျမႇင့္ေအာ္လုိက္သည့္ ေကာင္းဆက္ေၾကာင့္ Shane စကားလံုးမ်ားက တန္႔ခနဲ၊
"Pooks..."
"ကြၽန္ေတာ္ေျပာခ်င္တာ အိမ္လိုက္ခဲ့ပါလားလို႔ အိမ္မွာ ေမေမေမြးေန႔ ဟုတ္တယ္ ေမေမ့ေမြးေန႔႐ွိလို႔ Daddy မ႐ွိေတာ့ လူတေယာက္ေလ်ာ့ေနမွာေလ အဲ့ဒါေၾကာင့္"
"မေန႔က Mrs ေမေမ ဘာမွမေျပာပါဘူး"
"ေမြးေန႔ပါလို႔ လိုက္ေျပာရေအာင္ ေမေမက ကေလးမွမဟုတ္တာ"
"အင္း ဒါဆို ညပိုင္းက်မွ ကိုယ္လာခဲ့မယ္ေလ။ မနက္ျဖန္အိမ္မွာ တေန႔လံုးနားမွာဆိုေတာ့ ညေန၆နာရီေလာက္ထြက္ခဲ့မယ္။ ေကာင္းဆက္တို႔ကို ကားဂိတ္ကေနဝင္ေခၚေပးမယ္ ၆နာရီေလာက္ အဲ့ဒီကိုေရာက္တယ္မဟုတ္လား"
"မနက္ျဖန္ ေန႔ခင္းပိုင္းကတည္းက ကြၽန္ေတာ္ကျပန္မွာ ခြင့္ယူၿပီး"
"ေအာ္ ျပန္ေလ။ ဒါဆို ကိုယ္ ႏိုရာနဲ႔.."
"သူလဲျပန္မွာ ကြၽန္ေတာ္နဲ႔အတူ"
"ဒါဆိုလည္း ညေနက်မွ ကုိယ့္ဘာသာ့လာခဲ့မယ္ေလ..."
"မရဘူး တူတူသြားမယ္။ အတူတူသြားမယ္ေနာ္ မနက္ျဖန္မနက္ ရံုးကိုဆက္ဆက္လာခဲ့ေနာ္။ ၿပီးရင္ တူတူသြားမယ္"
ဘာေၾကာင့္မွန္းေတာ့မသိေပမယ့္ မ်က္ဆံေလးေတြ ဟိုဟိုဒီဒီေရြ႕လ်ားေနကာ ေမ်ွာ္လင့္ခ်က္ၾကီးစြာ ေခၚေနတဲ့ ေကာင္းဆက္ေၾကာင့္ Shane လက္ခံေပးလိုက္ရေတာ့သည္။
"အင္း ၿပီးေရာေလ။ မနက္ျဖန္ရံုးလာမယ္ ေန႔ခင္းပိုင္းမွ အတူတူသြားၾကတာေပါ့။ Mrs ေမေမအတြက့္ ဘာဝယ္ေပးရမလဲ သူဘာႀကိဳက္တတ္လဲ"
"ရ...ရတယ္ မဝယ္နဲ႔"
"မဟုတ္တာ တခုခုေတာ့ေပးရမွာေပါ့။ ကုိယ္ စဥ္းစားလိုက္ဦးမယ္"
ထိုအခ်ိန္မွာပင္ Devin ဝင္လာသည္မို႔ Shane က အက်ိဳးအေၾကာင္းေျပာေနေတာ့မွ ေကာင္းဆက္မွာ သက္ျပငး္ႀကိတ္ခ်ႏုိင္ေတာ့သည္။ ေမေမ့ေမြးေန႔မဟုတ္...မနက္ျဖန္ေသာၾကာေန႔မွာ Shane ကို သူ႔ေနအိမ္မွာ ႐ွိမေနေစလိုသည့္ အေတြးတခုတည္းနဲ႔သာ ဇတ္လမ္းဆင္ခဲ့ျခင္း။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
အခန္းထဲမွ ေကာင္းဆက္ထြက္သြားၿပီးသည္အထိ Shane ေစာင့္ဆိုင္းေနခဲ့ၿပီးေနာက္ ေကာ္ဖီတခြက္ေဖ်ာ္ကာ Devin ေ႐ွ႕သို႔ခ်ေပးလိုက္သည္။ တေနကုန္အလုပ္အျပင္ ညေနခင္းမွာ အခ်ိန္ပိုင္းသြားထိုင္ေပးရတဲ့ အလုပ္ေတြေၾကာင့္ Devin မ်က္ႏွာကား ပင္ပန္းမႈေၾကာင့္ အနည္းငယ္ေခ်ာင္က်ေနခဲ့သည္။
"ေကာင္းဆက္မွာ ထူးထူးျခားျခားဘာ႐ွိလဲ။"
"Stress ပိေနတဲ့သေဘာမ်ိဳးပါ။ ထူးထူးေထြေထြေတာ့မ႐ွိဘူး။"
"မင္းေရာ အဆင္ေျပရဲ႕လား Devin"
"ဘယ္ဟာကိုရည္ရြယ္ၿပီးေမးတာတုန္း။ ႏိုရာနဲ႔ဆိုရင္ေတာ့ ငါတို႔အဆင္ေျပတယ္။ သူ႔မိဘေတြကိုလဲ ေျပာျပထားၿပီးသား။ ငါ့အိမ္အေၾကာင္းဆိုရင္ေတာ့ မေျပဘူး။ အေဖကခါးခါးသီးသီးပဲ။"
"ဆရာဝန္ကို အရစ္႐ွည္တာေတာ့ မဟုတ္ေပမယ့္ မင္းအရမ္း ပင္ပင္ပန္းပန္းေတြ ႐ွာေဖြေနစရာမလိုဘူး မဟုတ္လား။ အိမ္လဲ႐ွိေနတယ္၊ ေငြေၾကးလဲမင္းမွာ စုေဆာင္းထားတာေတြ႐ွိတယ္ေလ။ ႏိုရာ့မိဘအတြက္ဆိုလဲ ငါ႐ွိေနတာကို"
Shane အေျပာကို Devin က ခ်က္ျခင္းမေျဖ ေကာ္ဖီတစ္ငံု ႏွစ္ငံုခန့္ေသာက္ျပီးမွ ျပံဳးကာ အသာေခါင္းယမ္းျပလာသည္။
"မင္းေစတနာကို ေက်းဇူးတင္တယ္ Shane ။ ဒါေပမဲ့ဒီမွာ ေနရာတခုေပးတဲ့အျပင္ အျပင္အလုပ္ထိ မင္းလိုက္လုပ္ေပးတာ ငါသိတယ္။ ဒီေလာက္ပဲ အကူအညီယူပါရေစ။ ငါ ႏိုရာ့ကိုအေကာင္းဆံုးျပင္ဆင္ၿပီးမွ လက္ထပ္ယူမယ္။ လိင္တူယူၿပီး အသိုင္းအဝိုင္းက တားျမစ္ခဲ့တာေတာင္ သူငါနဲ႔ယူၿပီး စိတ္ခ်မ္းသာေပ်ာ္ရႊင္ေနတဲ့သူပဲ ျဖစ္ေစခ်င္တာ။"
"............."
"လက္႐ွိ ငါ့အိမ္ကုိဝယ္တုန္းက အေမ့ဆီက ပိုက္ဆံေတာ္ေတာ္မ်ားမ်ားပါတယ္ Shane ။ ဒါကိုငါျပန္ေပးခ်င္တယ္။ ငါ့ဘက္က ပိုင္ဆိုင္မႈတစိုးတစိ ပါဝင္ျခင္းမ႐ွိေအာင္ကို ငါလုပ္ခ်င္တယ္။ဒါမွ ႏိုရာ့ကို ဘာအေၾကာင္းနဲ႔မွ ေျပာလို႔မရၾကမွာ..."
"မင္း ဘယ္လိုစိတ္ကူးထားလို႔လဲ Devin။"
"အခု ငါေငြစုေနတယ္။ ႏုိရာ့မိဘေတြကို အိမ္ေကာင္းေကာင္းတစ္လံုးဝယ္ေပးမယ္။ ၿပီးရင္ လက္႐ွိငါ့အိမ္ကိုေရာင္းမယ္။ ေရာင္းၿပီးရင္ အေမစိုက္ထားတဲ့ ပိုက္ဆံကိုျပန္ေပးၿပီး က်န္ေငြရယ္၊ စုထားတဲ့ေငြထဲက တခ်ဳိ့ရယ္ေပါင္းၿပီး အိမ္တလံုးျပန္ဝယ္မယ္။ ငါနဲ႔ႏိုရာေနဖို႔ေပါ့။ က်န္ေနေသးတဲ့ေငြကိုေတာ့ ဆက္သိမ္းထားၿပီး ငါလဲအလုပ္ဆက္လုပ္မယ္၊ ႏိုရာလဲဆႏၵ႐ွိရင္ အလုပ္ဆက္လုပ္ေပါ့။"
"ႏုိရာေတာ့ေပ်ာ္ေနေတာ့မွာ..."
"တကယ္ေတာ့ ငါကႏို႔ရာကိုေလ စိတ္ကိုပါခ်မ္းသာေစခ်င္တယ္။ ႏွစ္ဖက္မိဘလက္ခံတဲ့ လက္မခံရင္ေတာင္ ဝင္စြက္ဖက္ျခင္းမ႐ွိတဲ့ ခ်ီးေျမႇာက္မႈကို ရေစခ်င္တယ္။ သူကုိယ္တုိင္လဲ ထုတ္မေျပာေပမယ့္ စိတ္ထဲကေနေတာ့ လိုခ်င္ေနမွာပဲ။ ခက္တာက ငါ့သူ႔ကို တသက္လံုးေပးႏိုင္ေတာ့မယ္မထင္ဘူး။ ငါ့အေဖအေၾကာင္း မင္းသိတာပဲ။ "
".............."
"စကားေတြအမ်ားႀကီး ေျပာေနမိၿပီ။ ငါ ျပန္မယ္။ သူငယ္ခ်င္းက အလုပ္႐ွင္ဆိုတိုင္း ငါအခြင့္အေရးယူလို႔ မျဖစ္ဘူးေလ။ "
ေျပာေျပာဆိုဆို ထျပန္သြားသည့္ Devin ရဲ႕ပံုရိပ္ ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားသည့္တုိင္ Shane ေငးေနမိဆဲ။ ဤကဲ့သို႔ေသာ ေလးနက္တဲ့ခ်စ္ျခင္းတခုကို ဘာေၾကာင့္မ်ား ပညတ္ခ်က္ေတြနဲ႔ တားျမစ္ေနၾကသည္လဲ။ အေတြးလြန္ေနရာက ဖုန္းတလံုးဝင္လာေတာ့ ျပန္အသိဝင္လာၿပီး ေခၚဆိုသူအမည္ကေတာ့ Shane ကိုအံ့ျသမိေစသည္။
3500 words
Unicode
"ကောင်းဆက်...လာ....ကိုယ်တို့မင်းကိုစောင့်နေတာ"
Shane က လှမ်းပြောလာခဲ့ပြီး လက်ယပ်ခေါ်လာသည်။ ရောက်နေသူဧည့်သည်တွေက အခြားသူတော့မဟုတ်။ ကလေးမလေးရဲ့မိဘတွေပင်။ Kelvin ဆိုသူက ပြုံးပြလာတော့ ကောင်းဆက်အသာပြန်ပြုံးပြရင်း ထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်သည်။ ကလေးမလေးက ကောင်းဆက်ဝင်လာကတည်းက လှမ်းကြည့်နေခဲ့ပြီး ခဏအကြာမှာတော့ သူ့အဖေပေါင်ပေါ်မှဆင်း၍ ကောင်းဆက်ထံသို့ပြေးလာကာ လက်ကိုကိုင်ရန်ပြင်နေတော့ Kelvin က အသည်းအသန်လှမ်းတားရှာသည်။
"သမီး ကိုကို့လက်ကိုမကိုင်ရဘူး။ ကိုကို လက်နာနေတယ်"
"ကောင်းဆက် Kelvin က မင်းကိုလက်ဆောင်ပေးစရာရှိလို့တဲ့"
ဟု Shane ကလှမ်းပြောတော့ Kelvin ဆိုသူကဘူးလေးတခုလှမ်းပေးလာသည်။
"လက်ဆောင်ပါ Mr Jayden"
လက်ဆောင်ဟုဆိုလာတော့ ထိုဘူးလေးကို ကောင်းဆက်ဖွင့်ကြည့်လိုက်သည်။ ဘူးလေးထဲပါရှိသည်မှာ သော့တစ်ချောင်းဖြစ်ပြီး သော့အပေါ်မှာထွင်းထားတဲ့ စာတန်းအရ ဘာဆိုတာသိလိုက်ပြီမို့ ဘူးထဲပြန်ထည့်ကာ Kelvin ဆုသူထံ ပြန်ထိုးပေးလိုက်သည်။
"ကျွန်တော် လက်မခံပါရစေနဲ့ Mr Kelvin ။ ဘာကိုမှမျှော်ကိုးပြီး ကလေးကိုကယ်ခဲ့တာ မဟုတ်ပါဘူး။ ပြီးတော့ ဒီလို တန်ဖိုးကြီးပစ္စည်းမျိုးကလဲ ကျွန်တော်နဲ့မအပ်စပ်တာမို့ို့ မယူပါရစေနဲ့"
"သမီးကိုကယ်ပေးလို့ ကျေးဇူးဆပ်တာမျိုးလဲ မဟုတ်သလို ကျေးဇူးတရားကိုငွေနဲ့ တန်ဖိုးဖြတ်တာလဲ မဟုတ်ရပါဘူး။ ဒီတိုင်းလေးပဲ လက်ဆောင်ပေးတာပါ။ ဒါကို Mr Jayden လက်မခံရင် ကျွန်တော်တို့မိသားစု နေလို့အဆင်ပြေမှာမဟုတ်ဘူး။ ပြီးတော့ ကျွန်တော်က ကိုယ်ထိလက်ရောက်လည်း လုပ်ခဲ့မိတော့ အိပ်လို့တောင်မပျော်ဘူး"
"လက်ခံလိုက်ပါ ကောင်းဆက်"
"ဒီလောက်တန်ဖိုးကြီးတဲ့ကားကို ကျွန်တော်က ဘယ်နားသွားသုံးရမှာလဲ Shane ။ အိမ်နဲ့ကားနဲ့ဆို ယှဉ်ကြည့်လိုက်ရင် ရယ်စရာဖြစ်နေမှာ။ လက်ဆောင်ပေးချင်တဲ့ စိတ်ကို ကျွန်တော်အသိအမှတ်ပြုပါတယ်။ ဒါကိုတော့ လက်မခံပါရစေနဲ့။ Mr Kelvin တို့အတွက် ငွေကုန်ကြေးကြများပါတယ်..."
"သူတို့က ကား company ပိုင်တာ ကောင်းဆက်။ လက်ခံလိုက်ပါ"
Shane ကတိုက်တွန်းသလို Kelvin ရဲ့ အမျိုးသမီးကပါ မနေနိုင်တော့ပဲ ဝင်ပြောလာတော့သည်။
"ဟုတ်တယ် Mr Jayden ။ ကျွန်မ အမျိုးသားက တကယ်ကို စိတ်မကောင်းဖြစ်နေလို့ပါ။ သမီးလေးကိုကယ်ပေးတဲ့သူကိုမှ သူ ကိုယ်ထိလက်ရောက် လုပ်မိတယ်ဆိုပြီး။ သမီးကလဲ Mr Jayden ကို အရမ်းခင်နေတာ။ ဒီကားလေးကိုလည်း ကိုကို့ကိုပေးချင်တယ်ဆိုပြီး သူကိုယ်တိုင်ရွေးခဲ့တာပါ နော် လက်ခံပေးပါ "
အကုန်လုံးက အတင်းလက်ခံခိုင်းနေတော့ ကောင်းဆက်ဆုံးဖြတ်ရ ခက်လာသည်။ လက်လဲမခံချင်သလို ငြင်းလို့လဲမရ။ ထို့ကြောင့်....
"ဒါဆို ကျွန်တော်လက်ခံပါ့မယ်။ ဒီကားကိုတော့မဟုတ်ဘူး သာမာန်ကားလောက်ဆိုရပါပြီ။ Luxury ကားကတော့ တကယ်ကို ကျွန်တော်နဲ့မအပ်စပ်လို့ပါ"
"ဒါပေမယ့်...."
"Kelvin သူပြောတဲ့အတိုင်း လဲပေးလိုက်။ သူက ဟင့်အင်းဆို မင်းတနေ့လုံးထိုင်ပြီး နားချလဲ အင်း ဖြစ်လာမှာမဟုတ်ဘူး"
"အင်းလေ...ဒါဆိုလဲ ညနေပို့ခိုင်းလိုက်မယ်"
"အင်း...."
အသိမိတ်ဆွေတွေဆိုတော့ စကားပြောစရာတွေ ရှိနေဦးမှာအမှန်မို့လို့ ကောင်းဆက်ရှောင်ပေးရန် စဉ်းစားမိကာ Report ဖိုင်လေးကို Shane ရှေ့အသာချပေးလိုက်ပြီးနောက်
"ဒါဆို ကျွန်တော်အလုပ်သွားလုပ်လိုက်ပါဦးမယ်"
ဟု နှုတ်ဆက်ကာ တံခါးဝဆီသွားနေတဲ့ ကောင်းဆက်မှာ Mr Kelvin ရဲ့ "Shane မင်းအတွက် ငါ့မိန်းမကလက်ဆောင်ပေးတာ" ဆိုတဲ့ စကားကြောင့် ဘာရယ်မဟုတ် လှည့်ကြည့်မိလိုက်သည့်အခိုက် Shane လက်ထဲက စားပွဲတင်နာရီလေးကို မြင်လိုက်သည့်အချိန်မှာတော့....
ကြိုမြင်တဲ့အထဲကနာရီ၊ 17:35 ပြနေတဲ့ နာရီလေး။ ဒါပေမယ့် ကြိုမြင်တဲ့အချိန်က နာရီရဲ့ဘောင်လိုင်းတွေက အပြာရောင်လေးတွေ ဖြတ်ပြေးနေခဲ့ပြီး အခုနာရီမှာတော့ အဖြူသက်သက်ပင် ဖြစ်သည်။ Shane ကတော့ ထိုနာရီလေးကို လှည့်ပတ်ကြည့်ကာ
"နာရီလေးက မိုက်တယ် ငါလဲ ကုတင်ဘေးထားဖို့စဉ်းစားနေတာ..."
"ဒီနာရီကလေ အရောင်ပြောင်းတယ် နေ့အလိုက်"
"ဟုတ်လား"
"အဖြူ အဝါ အပြာစသည်ဖြင့် ဘယ်နေ့ဘယ်အရောင်လဲတော့ ငါမေ့သွားပြီ။ မှတ်မိတာက ကြာသပတေးဆိုအဖြူ သောကြာဆိုအပြာ စနေနဲ့တနင်္ဂနွေဆို အစိမ်း။ အဲ့ဒီ ၄ရက်တော့ မှတ်မိတယ်"
သောကြာဆို အပြာ...သောကြာဆိုအပြာတဲ့လား။ မနက်ဖြန်သောကြာနေ့ ပြီးတော့ Shane ခုနကပြောတာ ကုတင်ဘေးထားမလို့တဲ့လေ။ ဒါ...ဒါဆို Shane သေဆုံးရမှာ သောကြာနေ့ ညနေ 17:35 သူ့အိမ်ခန်းထဲမှာလား။ မနက်ဖြန်..မနက်ဖြန်တော့မဟုတ်ပါဘူးနော်။
Shane က တခါတရံ ညနေ၄နာရီခွဲဆို ပြန်တတ်သည်။ ဒါဆိုလူသတ်သမားက အိမ်ထဲကကြိုစောင့်နေမှာလား။ ဘုရားရေ..ငါ...ငါဘယ်လိုကယ်ရမလဲ။ Daddy တုန်းကလို မအောင်မြင်ရင်ရော ဘယ်လိုလုပ်ရမလဲ..
အဆမတန်စိတ်လှုပ်ရှားခြင်း၊ အရက်နာကျထားခြင်း အဆုံးသတ်က ခြေထောက်တွေ မခိုင်ချင်တော့ခြင်းပင်ဖြစ်ပြီး တုန်ယင်လာတဲ့ခြေထောက်တွေကို မထိန်းနိုင်တော့သည့်အဆုံး ကောင်းဆက် တံခါးဝနား အသာထိုင်ချလိုက်ရသည်။
"Pooks"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
အရက်နာကျထားသည့် အရှိန်ကြောင့် ကောင်းဆက်မျက်နှာက အတော်လေးကိုနွမ်းဖက်နေခဲ့သည်။ Kelvin တို့မိသားစုရောက်နေသည်မို့ အဆင်ပြေရဲ့လားဟု မေးရန်ပင် မမေးရသေး။ အခန်းထဲကနေ ထွက်ရန်ပြင်နေသည့် ကောင်းဆက်မှာ တံခါးဝနား ထိုင်ကျသွားသည့်အခါမှာတော့ Kelvin တို့ကိုတောင် သတိမထားနိုင်တော့။
"Pooks"
ခပ်သုတ်သုတ်ပြေးသွားကာ ပခုံးတဖက်ကို ကိုင်လိုက်တော့ မျက်လုံးတွေမှိတ်ထားသည့် ကောင်းဆက်က မိမိရင်ခွင်ထဲ မှီကျလာသည်။ ခါးကနေဆွဲ့ပွေ့ထိန်းကာ အနည်းငယ်ထူမတ်လိုက်ပြီးနောက် ဆိုဖာရှိရာသို့ ခေါ်လာခဲ့ရသည်။
"Kelvin ငါအားနာပါတယ်။ နောက်ရက်မှ အေးဆေးစကားပြောကြမလား။ အခုသူ သိပ်နေမကောင်းလို့"
"ရတယ်...ရတယ် နောက်ရက်မှပြန်လာခဲ့မယ်လေ။ ငါတို့ပြန်တော့မယ်"
Kelvin တို့ပြန်သွားတော့ Devin ကိုခေါ်ပေးရန် အရှေ့မှကောင်တာထံသို့ လှမ်းအော်ပြီးနောက် ကောင်းဆက်အနားသို့ ပြန်လျှောက်လာခဲ့သည်။
"Pooks နေသာရဲ့လား? ကိုယ် Devin ကို ခေါ်ထားတယ်နော်။ "
ထိုစကားလုံးကလွဲပြီး ဘာဆက်ပြောရမည်လဲ ဆိုတာတော့ Shane မတွေးတတ်တော့။ ကောင်းဆက်ဒီလိုတွေဖြစ်နေရတာ မိမိရဲ့ကံကြမ္မာကြောင့်ဆိုတာ သေချာနေပြီး ဒါကိုဖြေရှင်းဖို့ နည်းလမ်းကရှိမနေပေ။ ကောင်းဆက်မှာလဲ တစုံတခုကို အကြိတ်အနယ်တွေးတောနေသည့်ဟန်။
"Pooks"
"Shane"
ခေါ်သံနှစ်ခုက တချိန်တည်းမှာပင် ထွက်ပေါ်လာခဲ့ပြန်သည်။
"Pooks အရင်ပြောပါ။"
"ဟို မနက်ဖြန် ဘာအစီအစဉ်ရှိလဲ။"
"မနက်ဖြန်? ဘာမှမရှိဘူး။"
"ဒါဆိုအိမ်ပြန်မှာပေါ့...."
"အင်း ညကလည်းအိပ်ရေးပျက်ထားတယ်။ ဒီညနေလည်း ရုံးခွဲဖွင့်မယ့်နေရာကို သွားရဦးမယ်ဆိုတော့ မနက်ဖြန်အိမ်မှာနားမလားလို့"
"မနားနဲ့!!"
ရုတ်တရက်အသံမြှင့်အော်လိုက်သည့် ကောင်းဆက်ကြောင့် Shane စကားလုံးများက တန့်ခနဲ၊
"Pooks..."
"ကျွန်တော်ပြောချင်တာ အိမ်လိုက်ခဲ့ပါလားလို့ အိမ်မှာ မေမေမွေးနေ့ ဟုတ်တယ် မေမေ့မွေးနေ့ရှိလို့ Daddy မရှိတော့ လူတယောက်လျော့နေမှာလေ အဲ့ဒါကြောင့်"
"မနေ့က Mrs မေမေ ဘာမှမပြောပါဘူး"
"မွေးနေ့ပါလို့ လိုက်ပြောရအောင် မေမေက ကလေးမှမဟုတ်တာ"
"အင်း ဒါဆို ညပိုင်းကျမှ ကိုယ်လာခဲ့မယ်လေ။ မနက်ဖြန်အိမ်မှာ တနေ့လုံးနားမှာဆိုတော့ ညနေ၆နာရီလောက်ထွက်ခဲ့မယ်။ ကောင်းဆက်တို့ကို ကားဂိတ်ကနေဝင်ခေါ်ပေးမယ် ၆နာရီလောက် အဲ့ဒီကိုရောက်တယ်မဟုတ်လား"
"မနက်ဖြန် နေ့ခင်းပိုင်းကတည်းက ကျွန်တော်ကပြန်မှာ ခွင့်ယူပြီး"
"အော် ပြန်လေ။ ဒါဆို ကိုယ် နိုရာနဲ့.."
"သူလဲပြန်မှာ ကျွန်တော်နဲ့အတူ"
"ဒါဆိုလည်း ညနေကျမှ ကိုယ့်ဘာသာ့လာခဲ့မယ်လေ..."
"မရဘူး တူတူသွားမယ်။ အတူတူသွားမယ်နော် မနက်ဖြန်မနက် ရုံးကိုဆက်ဆက်လာခဲ့နော်။ ပြီးရင် တူတူသွားမယ်"
ဘာကြောင့်မှန်းတော့မသိပေမယ့် မျက်ဆံလေးတွေ ဟိုဟိုဒီဒီရွေ့လျားနေကာ မျှော်လင့်ချက်ကြီးစွာ ခေါ်နေတဲ့ ကောင်းဆက်ကြောင့် Shane လက်ခံပေးလိုက်ရတော့သည်။
"အင်း ပြီးရောလေ။ မနက်ဖြန်ရုံးလာမယ် နေ့ခင်းပိုင်းမှ အတူတူသွားကြတာပေါ့။ Mrs မေမေအတွက့် ဘာဝယ်ပေးရမလဲ သူဘာကြိုက်တတ်လဲ"
"ရ...ရတယ် မဝယ်နဲ့"
"မဟုတ်တာ တခုခုတော့ပေးရမှာပေါ့။ ကိုယ် စဉ်းစားလိုက်ဦးမယ်"
ထိုအချိန်မှာပင် Devin ဝင်လာသည်မို့ Shane က အကျိုးအကြောင်းပြောနေတော့မှ ကောင်းဆက်မှာ သက်ပြင်းကြိတ်ချနိုင်တော့သည်။ မေမေ့မွေးနေ့မဟုတ်...မနက်ဖြန်သောကြာနေ့မှာ Shane ကို သူ့နေအိမ်မှာ ရှိမနေစေလိုသည့် အတွေးတခုတည်းနဲ့သာ ဇတ်လမ်းဆင်ခဲ့ခြင်း။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
အခန်းထဲမှ ကောင်းဆက်ထွက်သွားပြီးသည်အထိ Shane စောင့်ဆိုင်းနေခဲ့ပြီးနောက် ကော်ဖီတခွက်ဖျော်ကာ Devin ရှေ့သို့ချပေးလိုက်သည်။ တနေကုန်အလုပ်အပြင် ညနေခင်းမှာ အချိန်ပိုင်းသွားထိုင်ပေးရတဲ့ အလုပ်တွေကြောင့် Devin မျက်နှာကား ပင်ပန်းမှုကြောင့် အနည်းငယ်ချောင်ကျနေခဲ့သည်။
"ကောင်းဆက်မှာ ထူးထူးခြားခြားဘာရှိလဲ။"
"Stress ပိနေတဲ့သဘောမျိုးပါ။ ထူးထူးထွေထွေတော့မရှိဘူး။"
"မင်းရော အဆင်ပြေရဲ့လား Devin"
"ဘယ်ဟာကိုရည်ရွယ်ပြီးမေးတာတုန်း။ နိုရာနဲ့ဆိုရင်တော့ ငါတို့အဆင်ပြေတယ်။ သူ့မိဘတွေကိုလဲ ပြောပြထားပြီးသား။ ငါ့အိမ်အကြောင်းဆိုရင်တော့ မပြေဘူး။ အဖေကခါးခါးသီးသီးပဲ။"
"ဆရာဝန်ကို အရစ်ရှည်တာတော့ မဟုတ်ပေမယ့် မင်းအရမ်း ပင်ပင်ပန်းပန်းတွေ ရှာဖွေနေစရာမလိုဘူး မဟုတ်လား။ အိမ်လဲရှိနေတယ်၊ ငွေကြေးလဲမင်းမှာ စုဆောင်းထားတာတွေရှိတယ်လေ။ နိုရာ့မိဘအတွက်ဆိုလဲ ငါရှိနေတာကို"
Shane အပြောကို Devin က ချက်ခြင်းမဖြေ ကော်ဖီတစ်ငုံ နှစ်ငုံခန့်သောက်ပြီးမှ ပြုံးကာ အသာခေါင်းယမ်းပြလာသည်။
"မင်းစေတနာကို ကျေးဇူးတင်တယ် Shane ။ ဒါပေမဲ့ဒီမှာ နေရာတခုပေးတဲ့အပြင် အပြင်အလုပ်ထိ မင်းလိုက်လုပ်ပေးတာ ငါသိတယ်။ ဒီလောက်ပဲ အကူအညီယူပါရစေ။ ငါ နိုရာ့ကိုအကောင်းဆုံးပြင်ဆင်ပြီးမှ လက်ထပ်ယူမယ်။ လိင်တူယူပြီး အသိုင်းအဝိုင်းက တားမြစ်ခဲ့တာတောင် သူငါနဲ့ယူပြီး စိတ်ချမ်းသာပျော်ရွှင်နေတဲ့သူပဲ ဖြစ်စေချင်တာ။"
"............."
"လက်ရှိ ငါ့အိမ်ကိုဝယ်တုန်းက အမေ့ဆီက ပိုက်ဆံတော်တော်များများပါတယ် Shane ။ ဒါကိုငါပြန်ပေးချင်တယ်။ ငါ့ဘက်က ပိုင်ဆိုင်မှုတစိုးတစိ ပါဝင်ခြင်းမရှိအောင်ကို ငါလုပ်ချင်တယ်။ဒါမှ နိုရာ့ကို ဘာအကြောင်းနဲ့မှ ပြောလို့မရကြမှာ..."
"မင်း ဘယ်လိုစိတ်ကူးထားလို့လဲ Devin။"
"အခု ငါငွေစုနေတယ်။ နိုရာ့မိဘတွေကို အိမ်ကောင်းကောင်းတစ်လုံးဝယ်ပေးမယ်။ ပြီးရင် လက်ရှိငါ့အိမ်ကိုရောင်းမယ်။ ရောင်းပြီးရင် အမေစိုက်ထားတဲ့ ပိုက်ဆံကိုပြန်ပေးပြီး ကျန်ငွေရယ်၊ စုထားတဲ့ငွေထဲက တချို့ရယ်ပေါင်းပြီး အိမ်တလုံးပြန်ဝယ်မယ်။ ငါနဲ့နိုရာနေဖို့ပေါ့။ ကျန်နေသေးတဲ့ငွေကိုတော့ ဆက်သိမ်းထားပြီး ငါလဲအလုပ်ဆက်လုပ်မယ်၊ နိုရာလဲဆန္ဒရှိရင် အလုပ်ဆက်လုပ်ပေါ့။"
"နိုရာတော့ပျော်နေတော့မှာ..."
"တကယ်တော့ ငါကနို့ရာကိုလေ စိတ်ကိုပါချမ်းသာစေချင်တယ်။ နှစ်ဖက်မိဘလက်ခံတဲ့ လက်မခံရင်တောင် ဝင်စွက်ဖက်ခြင်းမရှိတဲ့ ချီးမြှောက်မှုကို ရစေချင်တယ်။ သူကိုယ်တိုင်လဲ ထုတ်မပြောပေမယ့် စိတ်ထဲကနေတော့ လိုချင်နေမှာပဲ။ ခက်တာက ငါ့သူ့ကို တသက်လုံးပေးနိုင်တော့မယ်မထင်ဘူး။ ငါ့အဖေအကြောင်း မင်းသိတာပဲ။ "
".............."
"စကားတွေအများကြီး ပြောနေမိပြီ။ ငါ ပြန်မယ်။ သူငယ်ချင်းက အလုပ်ရှင်ဆိုတိုင်း ငါအခွင့်အရေးယူလို့ မဖြစ်ဘူးလေ။ "
ပြောပြောဆိုဆို ထပြန်သွားသည့် Devin ရဲ့ပုံရိပ် မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်တိုင် Shane ငေးနေမိဆဲ။ ဤကဲ့သို့သော လေးနက်တဲ့ချစ်ခြင်းတခုကို ဘာကြောင့်များ ပညတ်ချက်တွေနဲ့ တားမြစ်နေကြသည်လဲ။ အတွေးလွန်နေရာက ဖုန်းတလုံးဝင်လာတော့ ပြန်အသိဝင်လာပြီး ခေါ်ဆိုသူအမည်ကတော့ Shane ကိုအံ့သြမိစေသည်။
3500 words