Nightmares

By GoN_2911

453 44 4

Presented by Garden of Nebisxus [ Horror one shot collection ] More

The Lost World (U)
The butcher (Z)
The Butcher (U)
Mayla (Z)
Mayla (U)

The Lost World (Z)

180 10 0
By GoN_2911

Author: Shen Turtle
Language : Burmese
Genre: Horror, Thriller
Type: One shot (completed)

သစ်ရွက်​ခြောက်များဖြင့် အပြည့်ဖုံး​နေသည့် ​မြေပြင်​ပေါ်သို့ အလေးချိန်စီးသည့်အရာတစ်ခု ပြုတ်ကျလာသည့် "ဘုတ်" ဟူသောအသံ မပီမသအသံ ထွက်ပေါ်လာပြီး ၎င်းက အ​နေအထားထိန်းညှိ​နေဟန်။ သစ်ရွက်​ခြောက်များအား နင်းမိ​နေသည့် ချိုးချိုးချွတ်ချွတ်အသံများလည်း ​ပေါ်ထွက်လာသည်။ ထို့နောက် နောက်ထပ်အသံသုံးခုသည်လည်း ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာကြသည်။

"ဒန်နီ မင်းသေချာလား"

"ရောက်ပဲရောက်နေပြီကိုကွာ။ ဘာလဲ မင်းကကြောက်နေတာလား"

ထိုသို့အပြောခံလိုက်ရသဖြင့် မက်စ် ရှူးရှူးရှဲရှဲဖြစ်သွားကာ ၎င်းကအရင် အ​ရှေ့မှထွက်သွားတော့သည်။

အင်တာနက်ပေါ်တွင်နာမည်ကြီးနေသည့် ဤကစားကွင်းပျက်ကြီးတွင် ​ခြောက်ခြားဖွယ်ရာအဖြစ်အပျက်များ ဖြစ်တတ်သည်ဟူသော သတင်း​ကြောင့် ဒန်နီ သူငယ်ချင်းသုံးဦးနှင့် ဤနေရာသို့ရောက်နေလေသည်။အချိန်ကား ညနေလေးနာရီခန့်သာရှိသေးသောကြောင့် ဝန်းကျင်ကမမှောင်သေးပေ။ သို့သော် ကစားကွင်းပျက်ကြီးအတွင်းတွင်တော့ သစ်ပင်ကြီးများ အုံ့ဆိုင်းနေသဖြင့် အလင်းရောင်ကောင်းကောင်းမရ။

သို့သော်ငြား မြင်နေရသေးသဖြင့် ဒန်နီယူဆောင်လာသည့် ဓာတ်မီးများကိုထုတ်မသုံးလိုက်ချေ။ ၎င်းက သူ့အနောက်တွင်ရပ်၍ ပတ်ဝန်းကျင်ကိုစူးစမ်းနေသည့် သူငယ်ချင်းမနှစ်ယောက်ကိုခေါ်ကာ ကစားကွင်းပျက်ကြီး၏အတွင်းထဲသို့ ပိုတိုးဝင်သွားလိုက်သည်။

သစ်ရွက်ခြောက်များအားနင်းမိ၍ ထွက်လာသည့်အသံများမှလွဲ ပတ်ဝန်းကျင်ကတိတ်ဆိတ်လွန်းနေသည်။ ထိုစဉ် အသားချင်းရိုက်ခတ်သည့်အသံထွက်ပေါ်လာပြီးနောက် မိန်းကလေးအသံတစ်ခုကလည်း ကပ်ပါလာသည်။

အန်နာ ညာဘက်တံတောင်ဆစ်နားသို့ ဘက်ဘက်လက်ဖဝါးဖြင့် ရိုက်လိုက်ပြီးနောက် စိတ်ညစ်ညူးစွာ ညည်းလိုက်သည်။

"ခြင်တွေပေါလိုက်တာ"

လမ်းအတူတူလျှောက်နေသည့် ကျန်လူသုံးဦးမှာ အနည်းငယ်တုန့်သွားသော်လည်း ခြေလှမ်းများကိုမရပ်လိုက်ပါချေ။ ၎င်းတို့အားလုံး ဘောင်းဘီရှည်ဝတ်လာကြသော်လည်း ရာသီဥတုအခြေအနေကြောင့် လက်ရှည်ဝတ်ဖို့တော့ မည်သူမျှ သတိမရကြပေ။

အန်နာ ခြင်များကိုဆက်ရိုက်နေသော်ငြား အသံတော့နောက်ထပ်ထွက်မလာတော့။ ထို့နောက် သူ(မ)က ဂရေ့စ်အနားသို့ တိုးကပ်သွားကာ လေသံလေးဖြင့် တစ်ဖက်လူကြားနိုင်ရုံမျှသာ ပြောလိုက်သည်။

"ငါနည်းနည်းကြောက်နေပြီ ဂရေ့စ်"

ကြက်သီးမွှေးညှင်းများထနေသည့် သူ့လက်များသူပွတ်သပ်ရင်း ပြောလာသည့်အန်နာ့ကို ဂရေ့စ် ခေါင်းအသာငဲ့၍ကြည့်လိုက်ပြီးနောက် ခပ်တိုးတိုးပြန်ပြောလိုက်သည်။

"ငါတို့နဲ့ နီးနီးကပ်ကပ်နေ"

အန်နာကိုခေါင်းကိုတဆတ်ဆတ်ငြိမ့်ကာ ဂရေ့စ်နားကိုပိုတိုးကပ်လိုက်သည်။

ကစားကွင်းပျက်ကြီးသည် သဘာဝလွန်ဖြစ်ရပ်များ ဖြစ်သည့်ကောလာဟလမရှိလျှင်တောင် ၎င်း၏သွင်ပြင်ဖြင့် စိတ်ခြောက်ခြားသည့်ခံစားချက်ကိုပေးနိုင်လေသည်။ နေရာအနှံ့အပြားတွင် သဘာဝကပြန်လည်ကြီးစိုးနေပြီဖြစ်ပြီး ယခင်ကကလေးငယ်များ၏ ရယ်သံများဖြင့် ပြည့်နှက်နေခဲ့မည့်နေရာသည့် ယခုတော့တိတ်ဆိတ်ခြောက်ကပ်လျက် အချို့အရာများသည် အက်ကွဲလို့ပင်နေလေပြီ။

ဒန်နီအာရုံများကို ရေညှိများဖုံးအုပ်နေပြီဖြစ်သည့် ကလေးအများစု သဘောကျတတ်သော carousel ကဖမ်းစားသွားသည်။ ထို့ကြောင့် ဒန်နီခြေလှမ်းများကို ထိုနေရာသို့ဦးတည်လိုက်သည်။

ရေညှိများက မြင်းအားလုံး၏ကိုယ်ထည်ပေါ်တွင် ရှိနေသည်တော့မဟုတ်။ အချို့ကတော့အကောင်းပတိအတိုင်း ရှိနေပေသိ အချို့ကတော့ ဆိုးဆိုးဝါးဝါးပင် ကိုယ်ထည်တစ်ခုလုံးရေညှိများ၏ ဝါးမြိုခြင်းကိုခံထားရသည်။

"ဒီကိုလာကြည့်ကြဦး"

မက်စ်အသံကြောင့် သူတို့သုံးယောက်လုံး၏အာရုံက ပြောင်းသွားကာ မက်စ်ရှိနေရာသို့ လျှောက်သွားကြသည်။ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဒန်နီမျက်ခုံးများကိုတွန့်ချိုးလိုက်ကာ အန်နာကတော့ ဂရေ့စ်လက်မောင်းများကို တင်းကျပ်စွာ ဖက်တွယ်လိုက်မိသည်။

carousel ထဲရှိ မြင်းတစ်ကောင်သည် carousel အပြင်ဘက်ရှိ မြေပြင်ပေါ်တွင် လဲကျနေသည်။ ပို၍ထူးဆန်းသည်မှာ ၎င်း၏လည်တိုင်နေရာမှ ပြတ်နေခြင်းပင်။ အုတ်အကျိုးအစအပဲ့များက ထိုနေရာတွင်ပြန့်ကျဲ့နေကာ မြင်း၏ကိုယ်ထည်သည်လည်း မြေပြင်ကြောင့်ညစ်ပတ်ပေရေနေသည်။

ဒန်နီ carousel ကိုလှမ်းကြည့်လိုက်သည့်အခါ ၎င်းမြင်းနှင့်အတူ တည်ဆောက်ခဲ့ဟန်ရှိသည့် သံတိုင်လုံးသည် ယခုတွင်တော့ တိုင်လုံးသက်သက်မျှသာ ကျန်ခဲ့တော့သည်။ ဒန်နီကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ကျန်သုံးယောက်သည်လည်း ထပ်တူထပ်မျှခံစားလိုက်ရ၏။

ဒန်နီ သူငယ်ချင်းများကိုခေါ်ကာ ထိုနေရာမှခပ်သုတ်သုတ် ပြန်ထွက်ခဲ့တော့သည်။ ဂရေ့စ်နှုတ်ခမ်းများကိုတင်းတင်းစေ့ကာ မည်သည့်စကားမျှမဆိုဘဲ လမ်းလျှောက်နေသော်ငြား သူ(မ)၏စိတ်ထဲတွင် တစ်စုံတစ်ရာအား သံသယရှိနေသည်။ ယင်းသည်ကား ထိုလဲကျနေသောမြင်းသည် ထွက်ပြေးခဲ့၍အဆုံးစီရင်ခံလိုက်ရပုံပေါ်သည်။

ယုတ္တိမရှိသည့်အတွေးဖြစ်သော်ငြား ဤကစားကွင်းပျက်ကြီးသည် သဘာဝလွန်ဖြစ်ရပ်များဖြစ်သည်ဟု လူအများပြောကြသည့်တိုင် ဤအတွေးသည် လုံးလုံးမဖြစ်နိုင်သည်တော့မဟုတ်။

၎င်းတို့အတွင်းပိုင်းသို့ ရောက်လာသည့်အခါ တစ်နေရာတွင် အကျိုးအပဲ့ပုံကြီးတစ်ခုအားတွေ့လိုက်ရလေသည်။ လေးယောက်လုံး၏မျက်နှာ​ပေါ်တွင် အံ့သြမှုအရိပ်အယောင်များဖြတ်သန်းသွားသည်။ ဤကစားကွင်းထဲရှိ ပစ္စည်းများသည် အချို့ပျက်စီးနေသော်ငြား ဤတစ်ခုကဲ့သို့ တစ်ခုလုံးမဟုတ်။ ယခုအရာကတော့ တစ်ခုလုံးပျက်စီးကျိုးပဲ့နေရာ ပြိုကျခဲ့သည့်ပုံပေါ်သည်။

"Ferris Wheel ပဲ"

အပိုင်းအစများကိုကြည့်ပြီး အန်နာကအသံထွက်လာသည်။ ဂရေ့စ်ခေါင်းငြိမ့်ကာ အသိအမှတ်ပြုလိုက်ပြီး မက်စ်ကအသံထွက်လာသည်။

"ဒါကပြိုကျသွားတဲ့ပုံပဲ။ ဒီကစားကွင်းပိတ်ပြီးမှ အချိန်နဲ့ရာသီဥတုကြောင့် ပျက်စီးတာပဲလား ဒါမှမဟုတ်.."

မက်စ် သူ၏ဒုတိယအတွေးကြောင့် အလွန်ထိတ်လန့်သွားသည်။ သူဆက်မပြောလိုက်သော်ငြား သူပြောမည့်အကြောင်းအရာကို ကျန်လူများကသိသည်။ ၎င်းတို့အကုန်လုံးမျက်စိမျက်နှာပျက်ကာ လေထုကတိတ်ဆိတ်သွားတော့သည်။

ဒန်နီ "ဟူး"ခနဲ လေပူများကိုမှုတ်ထုတ်လိုက်သည်။ အန်နာက ဂရေ့စ်အနားကို တိုးကပ်လိုက်ရင်း မေးခွန်းထုတ်လိုက်သည်။

"ဂရေ့စ် နင်ရောဘယ်လိုထင်လဲ။ ဒီနောက်ပိုင်းမှ ပျက်စီးသွားတယ်လို့ထင်လား ဒါမှမဟုတ်... ကစားကွင်းကိုမပိတ်ခင်ကတည်းက ပြိုကျသွားခဲ့တာလို့ ထင်လားဟင်"

နောက်ဆုံးစကားကို အန်နာက​တော်တော်အားယူကာ ​ပြောလိုက်ရသည်။ carousel နားမှာတည်းက ဂရေ့စ်လက်မောင်းကို ဖက်တွယ်ထားသည်ကို သူ(မ)ကအခုထိ ဖယ်မပေးသေးချေ။ ဂရေ့စ်  သူ့လက်မောင်းပေါ်က သူ(မ)လက်ဖဝါးကို အခြားလက်ဖြင့် ဖိညှစ်လိုက်ပြီး အားမရှိသည့်အလား အလွန်တိုးဖျော့သည့်လေသံဖြင့်ပြောလိုက်သည်။

"စကားပြောဆင်ခြင်ရမယ်လေ အန်နာ"

ထိုအခါမှ အန်နာလည်းသတိဝင်သွားကာ ကြောက်လန့်သွားပြီး ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြလေသည်။ ထို့နောက် အန်နာလည်း နောက်ထပ်အသံထွက်မလာတော့။

မြေပြင်နှင့် နီးကပ်ပြီး သိပ်မ​ဝေးသည့် အမြင့်ရှိ ရိုလာကိုစတာလမ်းများတွင် သစ်ပင်ခြုံနွယ်များက ကျူးကျော်နေကြသည်။ မှိုင်းညှို့နေသည့်ပတ်ဝန်းကျင်ကြောင့် ၎င်းတို့လေးဦးလုံး၏စိတ်ထဲတွင် ကြောက်စိတ်များက တစ်စတစ်စကြီးစိုးလာ​နေပြီဖြစ်သည်။

နေ့အလင်းရောင်သည် ယခုမူ လုံးလုံးပျောက်ကွယ်သွားတော့မည်ဖြစ်သဖြင့် ဒန်နီတို့ အပြင်ပြန်ထွက်ရန်ပြင်လိုက်သည်။ ဝင်လာခဲ့သည့်နည်းအတိုင်း အုတ်တံတိုင်းကိုကျော်ကာ ပြန်ထွက်လိုက်ကြသည်။ မက်စ်က အရင်ထွက်သွားကာ မိန်းကလေးများကို ကူဖမ်းပေးရန် အသင့်ပြင်ထားသော်လည်း ဂရေ့စ်ကတော့ အကူအညီမလိုပေ။ထို့ကြောင့် အန်နာကိုသာ သူကူဖမ်းပေးလိုက်သည်။

၎င်းတို့အပြင်ရောက်ချိန်တွင် နာရီလက်တံက ညနေခြောက်နာရီဆယ်မိနစ်ကို ညွှန်ပြနေသည်။

"နှစ်နာရီတောင် ကြာသွားတာဟ"

ဒန်နီကတအံ့တသြပြောလိုက်ပြီးနောက် သူငယ်ချင်းများဘက်ကိုလှည့်ကာ ဆက်ပြောသည်။

"ဘယ်လိုလဲ ပြန်မလား ဒါမှမဟုတ် ညဆယ့်နှစ်နာရီကျ ထပ်ဝင်ကြည့်ဦးမလား"

ဒန်နီကတော့ ကိစ္စမရှိပေ။ အထူးသဖြင့် မိန်းကလေးများ။ အန်နာကအကြောက်လွန်နေပြီဖြစ်သော်ငြား ဂရေ့စ်က ဆက်နေဦးမည့်ပုံပေါ်သဖြင့် သူလည်း​နေရန် ဆုံးဖြတ်လိုက်သည်။

"အန်နာ ငါတို့ပြန်လိုက်ပို့ပေးမယ်လေ"

"ဟင့်အင်း ရတယ်။ ငါလည်းနင်တို့နဲ့ ​နေခဲ့မယ်"

ဒန်နီ့ကိုငြင်းလိုက်သောကြောင့် ဂရေ့စ် အန်နာကိုကြည့်လိုက်တော့ ၎င်းတို့နှစ်ဦးအကြည့်ချင်းဆုံသွားသည်။ သို့သော် ဂရေ့စ်ကတင်းတင်းစေ့ထားသည့် နှုတ်ခမ်းများကို မလှုပ်ရှားပေ။ သူကဘာမျှမပြောဘဲ အကြည့်လွှဲသွားသည်။

"ဒါဆိုစောသေးတယ်။ ငါတို့ညစာသွားစားပြီးမှ ပြန်လာရအောင်"

အကုန်လုံးကထောက်ခံသဖြင့် သူတို့ညစာအရင်သွားစားလိုက်ကြသည်။ ပြန်ရောက်လာသည့်အချိန်တွင် ညရှစ်နာရီခန့်ရှိပြီဖြစ်သည်။ ခြင်များကအလွန်​ပေါသဖြင့် တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင် သူတို့ခြင်ရိုက်သံများက မကြာခဏထွက်ပေါ်လာတတ်သည်။

မက်စ် ဆေးလိပ်မီးအား ​မြေပြင်ပေါ်သို့ထိုး​ချေလိုက်ပြီး​နောက် မတ်တပ်ထရပ်လိုက်သည်။

"အချိန်ကုန်တာကြာတာကွာ"

သူ့စိတ်မရှည်သည့် စကားသံက စက္ကန့်နာရီတွေနှေးနေသည်ကို ပို၍သတိထားမိစေသည်။ ဒန်နီက ပတ်ဝန်းကျင်အားဝေ့ဝဲကြည့်ကာ ပါးစပ်ကိုဖွင့်ဟလိုက်သည်။

"အသံအရမ်းထွက်မနေနဲ့။ ဒီနားကလူပြတ်တယ်။ တော်ကြာမကောင်းတဲ့သူတွေရောက်လာပြီး အန္တရာယ်လာပေးနေဦးမယ်"

မက်စ် ပါးစပ်ကချက်ချင်းပိတ်သွားသည်။ သူတို့သည် စွန့်ပစ်ထားသည့် ကစားကွင်းအပျက်ကြီး၏ အရှေ့တွင် ထိုင်နေကြခြင်းဖြစ်ရာ အမှန်တကယ်လည်း ဒီနေရာကလူပြတ်လေသည်။

အချိန်အနည်းငယ်ခန့်ကုန်လွန်သွားပြီးသည့်အခါ ဆယ့်တစ်နာရီလေးဆယ်မိနစ်ရှိပြီဖြစ်သည်။ ဒန်နီက ထရပ်လိုက်ပြီး ဖုတ်ဖတ်ခါကာ သူ့အိတ်ထဲရှိ ကိရိယာအချို့ကို ထုတ်လိုက်သည်။

"တံခါးဖျက်ရမယ်"

"အေးဖျက်တော့လေ"

"ယူရမယ့်ပစ္စည်းတွေထုတ်ထား"

ဒန်နီပြောပြီးသည်နှင့် သံချေးတက်နေသော သော့ခလောက်ကြီးအား စကိုင်တွယ်​နေစဉ်တွင် မက်စ် ၊ ဂရေ့စ်နဲ့အန်နာက ကျောပိုးအိတ်ထဲမှ ဓာတ်မီးနှင့် အခြားလိုအပ်သည့်ပစ္စည်းများအား အသင့်ပြင်ထားသည်။

ဤကစားကွင်းအပျက်ကြီး၏လျှို့ဝှက်ချက်ကို သိဖို့ဆိုလျှင် ညသန်းခေါင်ယံတွင် အရှေ့တံခါးအားဆီမှ ဝင်လာရမည်ဖြစ်သည်။ ဝင်ဖို့ရန်အတွက် သော့ကိုဖျက်ဖို့လိုသည်။ ထိုအထိ အားလုံးပြင်ဆင်လာခဲ့ပြီးဖြစ်သည်။ ညနေကတစ်ခေါက်ဝင်ကြည့်သည်မှာ ပတ်ဝန်းကျင်အားလေ့လာရန်သာဖြစ်ပြီး ဒီတစ်ခေါက်တွင်တော့ သူတို့တကယ် ဂိမ်းထဲဝင်ရောက်ရတော့မည်ဖြစ်သည်။

"ဂျလောက်" ဟူသည့်အသံထွက်ပေါ်လာပြီးနောက် သော့ခလောက်က ပြုတ်ကျသွားပြီဖြစ်သည်။ ဒန်နီ အနောက်ကိုလှည့်ကြည့်လိုက်ကာ

"အဆင်သင့်ဖြစ်ပြီလား"

သုံးယောက်လုံးကခေါင်းငြိမ့်ပြသဖြင့် ဒန်နီအသက်ဝဝရှူသွင်းကာ သံတံခါးကြီးကို တွန်းဖွင့်လိုက်သည်။ အချိန်ကား ညဆယ့်နှစ်နာရီတိတိ။

                  ~•~•~•~•~•~•~•~•~

သံတံခါးကြီးက ကျယ်လောင်စွာမြည်ဟီးပြီး အတွင်းဘက်သို့ ပွင့်သွားသည်။ နွေညကြီးဖြစ်နေသော်ငြား အေးစက်စိုစွတ်နေသည့် လေများက ၎င်းတို့လေးဦးအား တိုးဝှေ့တိုက်ခတ်သွားသည်။

ခပ်တိုးတိုးပျံ့လွင့်လာသည့်အသံကြောင့် ဒန်နီအာရုံစိုက်လိုက်သည့်အခါ ၎င်းသည်သီချင်းသံဖြစ်နေသည်။ ထိုသီချင်းသံသည် ပျင်းရိထိုင်းမှိုင်းကာ လေးလေးလံလံကြီးဖြစ်သဖြင့် ခံစားချက်များကမွန်းကျပ်လာကာ ကြက်သီးမွှေးညှင်းများပင် ထလာသည်။ အစောပိုင်းက သေချာအာရုံစိုက်နားထောင်မှသာ ကြားရမည့်သီချင်းသံသည် တဖြည်းဖြည်းကျယ်လာကာ ယခုဆို သူတို့လေးယောက်စလုံး ကောင်းကောင်းကြားနေရပြီဖြစ်သည်။

ဒန်နီတို့လေးယောက်လုံး ဂိတ်ဝကိုဖြတ်ကျော်ကာ တစ်လှမ်းချင်းတစ်လှမ်းချင်း ကစားကွင်းထဲဝင်ရောက်လိုက်ကြသည်။ ထူးဆန်းနေသည့် လေထုကြောင့် ဂရေ့စ်အသက်ရှူကျပ်လာသည်။ သူ့လက်မောင်းအား တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့် အန်နာကြောင့် သူပို၍စိတ်ရှုပ်လာသဖြင့် ဖယ်ပေးဖို့ပြောရန် အန်နာကိုကြည့်လိုက်သည်။

၎င်းက တစ်ကိုယ်လုံးတုန်ရီနေကာ မတ်တပ်ပင်အနိုင်နိုင်ရပ်ထားရသည့်ဟန်။ ဂရေ့စ်ဘာမျှမပြောတော့ဘဲ အရှေ့ဘက်ကိုသာပြန်လှည့်သွားသည်။

ကစားကွင်းတစ်ခုလုံးတွင် အလင်းရောင်တစ်စမျှမရှိချေ။ သို့သော် သူတို့အားလုံး ကစားကွင်းတစ်ခုလုံးအား ကောင်းကောင်းမြင်နေရသည်။ ကစားကွင်းတစ်ခုလုံးထဲတွင် သူတို့လေးဦးသာရှိသော်ငြား လူအုပ်ကြီးတစ်ခုက အပြည့်ရှိနေသလို ကျွတ်စီကျွတ်စီအသံများ ထွက်ပေါ်နေသည်။

ထိုစဉ် အသံချဲ့စက်မှအသံကဲ့သို့သော အသံတစ်ခုက တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်ကို လှုပ်နိုးလိုက်ရာ လေးယောက်သားနှလုံးမှာ ဆောင့်ခုန်တက်သွားရသည်။ မက်စ် အသက်ရှူနှုန်းများမြန်လာရသည်။ သူငကြောက်လို့သာ အခေါ်မခံရဘူးဆိုရင် သီချင်းသံကြားကတည်းက နောက်လှည့်ပြေးလိုက်မိမှာပင်။

"ဧည့်သည်တော်လူကြီးမင်းများခင်ဗျာ.."

ဂရေ့စ် အသက်ရှူပင်အောင့်လိုက်မိကာ သူ့တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ ကျန်သူများလည်း မထူးမခြားနားပင်။ ညလယ်သန်းခေါင်ကြီး...ဤစွန့်ပစ်ကစားကွင်းပျက်ကြီးထဲမှာ...မည်သူကအသံချဲ့စက်ကို အသုံးပြုနေပါသနည်း။

ခံစားချက်မပါသည့်အသံသေဖြင့် အနိမ့်အမြင့်အတက်အကျမရှိသည့် ထိုယောက်ျားအသံသည် သူ၏စကားကိုဆက်နေသည်။

"ကျွန်တော်တို့ရဲ့ ​မေတ္တာလက်ဆောင်အနေနဲ့ ကစားကွင်းကြီးထဲမှာရှိတဲ့ ကစားစရာတွေကို အခမဲ့သုံးကြိမ်စီးနင်းခွင့်အဖြစ် လက်မှတ်သုံးစောင်ကို လူကြီးမင်းတို့ရဲ့အိတ်ကပ်တွေထဲမှာ ထည့်ပေးပြီးဖြစ်ပါတယ်"

ထိုစကားသံကြီးသည် ပျင်းရိလေးတွဲစွာ ​ပြောနေသောကြောင့်ချည်းပင်မဟုတ် တစ်စုံတစ်ရာကြောင့်လည်း အလွန်နားဝင်ဆိုးလှသည်။ အသံချဲ့စက်မှာ တဂျစ်ဂျစ်အသံသည် ပေါ်ပေါ်လာတတ်သော်လည်း အနှီယောက်ျားက စကားသံကိုမရပ်ဘဲဆက်ပြောနေသည်။

"အခမဲ့လက်မှတ်တွေကို အသုံးပြုပြီးသွားရင်တော့ လူကြီးမင်းတို့ ပြန်လည်ထွက်ခွာနိုင်ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ကစားကွင်းကို စိတ်ဝင်တစား လာရောက်လည်ပတ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ လူကြီးမင်းတို့ ပျော်ရွှင်စရာအချိန်ကောင်းလေးတွေ ပိုင်ဆိုင်ကြရလိမ့်မယ်လို့ အာမခံပါတယ်ခင်ဗျာ"

အသံချဲ့စက်မှအသံသည် တဂျစ်ဂျစ်မြည်သံဖြင့် အဆုံးသတ်သွားသည်။ ပတ်ဝန်းကျင်ကတိတ်ဆိတ်သွားကာ မည်သူမျှမလှုပ်မိကြသေး။

"ဟား..."

မက်စ်၏အသက်ရှူထုတ်လိုက်သံကသာ ၎င်းတို့ကိုအသိပြန်ကပ်စေသည်။ အန်နာက ခြေထောက်များမခိုင်တော့သောကြောင့် မြေပြင်ပေါ်သို့ လဲကျသွားပြီဖြစ်သည်။ ဒန်နီမျက်စိပျက်မျက်နှာပျက်ဖြစ်နေကာ သူ၏လက်ချောင်းများသည်လည်း တုန်ရီနေသည်။

"လက်မှတ်တွေကို ရှာကြည့်ရအောင်"

ဒန်နီ့၏တိုးညှင်းလှသော စကားသံကြောင့် သူတို့ခန္ဓာကိုယ်တွင်ရှိရှိသမျှ အိတ်ကပ်များအား စမ်းကြည့်လိုက်ကြသည်။ မိနစ်အနည်းငယ်မျှသာကြာပြီးနောက် ၎င်းတို့အားလုံး လက်မှတ်များကိုရှာတွေ့သွားကြပြီဖြစ်သည်။ ဂရေ့စ် ထိုလက်မှတ်များကိုကြည့်ရင်း မျက်ခုံးများကိုတွန့်ချိုးလိုက်သည်။

"ဒီလက်မှတ်သုံးစောင်က.. Carousel , Ferries Wheel နဲ့ Teacups..?"

သူ(မ)၏သံသယများဖြင့် ဝေဝါးနေသည့်အသံကြောင့် သူတို့အားလုံး လက်မှတ်များကိုကြည့်လိုက်ကြသည်။

"ဒါပေမယ့် Ferries Wheel က တစ်ခုလုံးပျက်စီးနေပြီလေ"

"ပြီးတော့ ငါတို့ည​နေက ကစားကွင်းတစ်ခုလုံးပတ်ကြည့်တာ Teacups ကိုလည်း မတွေ့ခဲ့ဘူး.."

ဂရေ့စ် အသံထွက်လာသည့် အန်နာနှင့် မက်စ်ကိုတစ်လှည့်စီကြည့်လိုက်ပြီး​နောက် ဒန်နီကိုကြည့်လိုက်သည်။ ဒန်နီကလည်း သူ့ကိုပြန်ကြည့်​နေကာ ခေတ္တမျှတုံ့ဆိုင်းနေပြီးမှ သက်ပြင်းချလိုက်သည်။

"မီးစင်ကြည့်ကတာပေါ့"

ထိုစဉ် သူတို့လေးယောက်ရှိနေသည့် ညာဘက်အခြမ်းမှ "ကျွီ" ဟူ၍ သံရှည်စွဲကာထွက်​ပေါ်လာသည့် အသံကြောင့် ဒုတိယအကြိမ်နှလုံးဆောင့်ခုန်သွားရသည်။ ခေါင်းကိုဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည့်အခါ ယင်းသည် carousel ဖြစ်နေသည်။၎င်းက ဖြည်းညှင်းစွာ စတင်လည်ပတ်နေပြီဖြစ်သည်။

ည​နေကလို​တော့ မြင်းများ၏ကိုယ်ထည်တွင် ရေညှိများမရှိတော့ ထိုအစား အသစ်ချပ်ချွတ်ကဲ့သို့ လှပပြောင်လက်နေသည်။ သူတို့အချင်းချင်း အကြည့်စုံလိုက်ပြီးသည့်နောက် ခြေလှမ်းများအား စတင်လိုက်ကြသည်။ ဂရေ့စ်လမ်းလျှောက်နေရင်းမှ ခပ်တိုးတိုးစကားစလိုက်သည်။

"ငါတို့မိုးမလင်းခင် ပြန်မှဖြစ်မယ်။ မဟုတ်ရင်ဒီထဲမှာ တစ်သက်လုံးပိတ်မိ​နေလိမ့်မယ်"

အန်နာ့မျက်နှာက ဖြူဖျော့သွားသည်။သူ့ခြေထောက်များက မနည်းအားတင်းကာ ခြေလှမ်းများကိုဆက်​နေရ​လေသည်။ ဒန်နီကခေါင်းငြိမ့်ပြလိုက်သည်။

"မိုးမလင်းခင် ဒီလက်မှတ်တွေကိုကုန်အောင်သုံးပြီး ဒီကထွက်မှရမယ်"

"လွယ်..လွယ်ပါ့မလားဟင်"

အန်နာ့လေသံလေးက တိုးညှင်းစွာထွက်ပေါ်လာသည်။ သုံးယောက်လုံး၏အကြည့်က သူ့ထံတွင်စုဆုံသွားသဖြင့် အန်နာ မသိလိုက်မသိဘာသာ ဇတ်ကလေးပုဝင်သွားပြီး တိတ်ဆိတ်သွားတော့သည်။

"ငါတို့ အခြားကမ္ဘာထဲကို ​ခြေချမိသွားပြီ"

မက်စ်၏စကားအဆုံးတွင် သူတို့ carousel နားသို့​ရောက်​လာကြသည်။ သူတို့နှလုံးခုန်သံများက မြန်နေပြီး မြင်းရုပ်များကိုကြည့်ကာ ကြောက်စိတ်များက သွေးကြောတွေအထိ ပျံ့နှံ့နေသည်။

လက်မှတ်ရုံလေးထဲသို့ လက်မှတ်​လေး​စောင်အား သူတို့ထည့်လိုက်ကြသည်။ထို့​နောက်တွင်​တော့ carousel ၏ပေါ်သို့ သူတို့တစ်လှမ်းချင်းလှမ်း၍ တက်သွားလေတော့သည်။

"ဒန်နီ ညနေကခေါင်းပြတ်နေတဲ့မြင်းရုပ်တုမရှိတော့ဘူး"

မက်စ် စကားကြောင့် ဒန်နီcarousel တစ်ခုလုံးကိုခြုံငုံကြည့်လိုက်ရာ တိုင်လုံးသာရှိပြီးမြင်းရုပ်ပျောက်နေသည်မှာ တစ်ခုမျှမရှိ။ အကုန်လုံး တိုင်လုံးရောမြင်းရုပ်ရောပါ ပြည့်စုံနေသည်။

"ဘာဆက်လုပ်ကြမလဲ"

ဒန်နီ အနည်းငယ်ချွေးပျံနေပြီဖြစ်သည်။သူက လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။

"အရင်ဆုံးမြင်းတစ်ကောင်ရွေးပြီးစီးကြရအောင်"

"ငါ ညနေကမြင်းကို စိတ်ထဲမသင်္ကာဘူး။ အဲ့ဒီ့အကောင်မဟုတ်ဘူးထင်တဲု့မြင်းကိုရွေးပြီးစီးကြတာကောင်းလိမ့်မယ်နော်"

အကုန်လုံးတစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလိုက်ကြသည်။ သူတို့မှာရွေးချယ်စရာမရှိပေ။ သူတို့အားလုံး မြင်းများအပေါ်သို့ရောက်သွားချိန်တွင် ဆယ်စက္ကန့်လောက်ထိ ထူးခြားမှုမရှိ။ သို့သော် ထိုအချိန်ကာလအတိုလေးကျော်သွားသည့်အခါ ထူးခြားမှုများက စတင်လာသည်။

အန်နာခမျာ ဤမြင်းကလှုပ်ရှားလာလျှင်မပြုတ်ကျအောင် သံတိုင်းလုံးကိုပဲသေချာကိုင်ထားရမလား ၊ တိုက်ခိုက်ခံရလျှင် ထွက်ပြေးနိုင်အောင် မကိုင်ထားရဘူးလား မဆုံးဖြတ်နိုင်ဖြစ်နေသည်။ သူဗျာများနေစဉ် သူ့အနောက်ဘက်တွင် မြင်းဟီသံကြီးကို ကြက်သီးထဖွယ် ကြားလိုက်ရသည်။

အန်နာအပါအဝင် ဒန်နီနှင့် ဂရေ့စ်ပါ အလျှင်အမြန်ခေါင်းလှည့်ကြည့်လိုက်သည့်အခါ မက်စ်စီးထားသည့်မြင်းသည် ဟီသံပြုနေကာ သူ၏ခေါင်းအားရမ်းခါရင်း ခြေထောက်များကိုလှုပ်ယမ်းနေသည်။ မက်စ်၏ ကြောက်လန့်တကြားအော်သံက ဟိန်းထွက်လာကာ သူကမြင်းအား ကုတ်ကပ်ကာဖက်တွယ်ထားလေသည်။

မူမမှန်သည့်တစ်စုံတစ်ရာကို ဒန်နီသတိပြုလိုက်မိသည်။ယင်းကာ မြင်းကိုယ်ထည်သည် သံတိုင်လုံးဆီမှ တဖြည်းဖြည်းချောင်ကျလာခြင်းပင်။

"မက်စ် ခုန်ချလိုက်! ခုန်ချလိုက် ! အဲ့မြင်းပေါ်က မင်းမြန်မြန်ခုန်ချလိုက်လို့!"

မက်စ်လည်းအသိဝင်လာပြီး ထိုမြင်းပေါ်မှ သူ့ကိုယ်အားလှိမ့်ချလိုက်လေသည်။ သူအောက်ရောက်သွားသည်နှင့် မကြာခင်မှာပဲ မြင်းကိုယ်ထည်က သံတိုင်လုံးဆီမှကျွတ်ကျသွားသည်။၎င်းက carousel ၏ကြမ်းပြင်အား ရှေ့ခွာဖြင့်နှစ်ချက်ပေါက်ကာ ဟီလိုက်ပြီးသည့်နောက် carousel ပေါ်မှ ကဆုန်ပေါက်ပြေးဆင်းသွားတော့သည်။

carousel က လည်ပတ်နေတုန်းပင်။ ဒန်နီ ကြမ်းပြင်ပေါ်တွင်လဲကျနေသည့် မက်စ်အနားရောက်သည်နှင့် ဂုတ်မှဆွဲကာ သူု့မြင်းပေါ်သို့ မ'တင်လိုက်သည်။ မက်စ်ကလည်း သွက်လက်စွာ မြင်းပေါ်တွင်နေရာယူလိုက်ပြီး ထွက်ပြေးသွားသည့်မြင်းကိုလှမ်းကြည့်လိုက်သည်။

ထိုမြင်းသည် ခပ်ဝေးဝေးပင်မရောက်လိုက်။ သူ၏ခြေလှမ်းများသည် တုန့်သွားပြီးနောက် လေကိုပိုင်းဖြတ်လိုက်သည့် အသံမျိုးကြားလိုက်ရကာ မြင်း၏လည်ပင်းသည်လည်း မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီဖြစ်သည်။

"....."

သူတို့အားလုံးတိတ်ဆိတ်နေကြသည်။ ထိုကြောက်ရွံ့ဖွယ်မြင်ကွင်းက ၎င်းတို့၏စိတ်အခြေအနေအား ဆိုးရွားစေသည်။

"အချိန်ပြည့်တဲ့ထိကစားရမယ်..."

မက်စ်အသံကတုန်ယင်နေလျက် ထွက်ပေါ်လာသည်။ သူတို့မည်သည့်စကားမျှမဆိုနိုင်ကြတော့ချေ။ အချိန်ပြည့်သွားသည့်အခါ Carousel သည်လည်ပတ်နေရာမှရပ်သွားတော့သည်။

သူတို့တုန်ယင်နေသည့်ခြေထောက်များအားထိန်းလျက် carousel ပေါ်မှဆင်းလာကြသည်။ ထို့နောက် ဒုတိယမြောက်လက်မှတ်အားအသုံးပြုရန် Ferries Wheel အပျက်အစီးပုံကြီးရှိသည့်နေရာသို့ လျှောက်လာကြသည်။

သူတို့ရှေ့ရှိမြင်ကွင်းကြောင့် ဒန်နီမျက်နှာကိုလက်ဖြင့်သပ်ချလိုက်ကာ စိတ်ပင်ပန်းကြီးစွာဖြင့် သက်ပြင်းချလိုက်သည်။ သူတို့အားလုံးဒီကိုလာရသည်ကို နောင်တရနေပြီဖြစ်သည်။ ညနေတုန်းက လုံးဝဥသုဉ်ပျက်စီးနေခဲ့သည့် Ferries Wheel သည်ယခုအချိန်တွင်တော့ လုံးလုံးပြန်ကောင်းနေကာ တစ်ခုတစ်လေမျှပင် အမှားအယွင်းမရှိသယောင်။

နောက်ပြန်လှည့်လို့မရနိုင်တော့သည့်အခြေအနေကြောင့် လက်မှတ်လေးစောင်ကို လက်မှတ်ရုံထဲထည့်ပြီးသည်နှင့် သူတို့ Ferries Wheel ပေါ်တက်လိုက်ကြသည်။သူတို့အချင်းချင်း ခုထိစကားမ​ပြောဖြစ်ကြ​သေး​ပေ။အ​တွေးကိုယ်စီဖြင့် အ​ကြောက်တရားများက သူတို့ကို​ခြောက်လှန့်​နေဆဲ။ Ferries Wheel က တဖြည်းဖြည်းမြင့်တက်လာလေ သူတို့၏စိုးရိမ်ရေချိန်မှတ်သည်လည်း မြင့်တက်လာလေဖြစ်သည်။

"အပေါ်ဆုံးကိုရောက်တော့မယ်"

မက်စ်၏သတိ​ပေးစကားသံ​ကြောင့် အန်နာငိုပါငိုချင်သွားသည်။ သူကြောက်လွန်းလို့ ဒီအခြေအနေတွေအားလုံးအိပ်မက်ဆိုးသာဖြစ်နေပြီး မြန်မြန်နိုးထလာဖို့ကို မျှော်လင့်မိသည်။

Ferries Wheel ၏ထိပ်ဆုံးနေရာသို့ သူတို့ရောက်သွားလေပြီ။ ထိုအရာသည်လည်ပတ်နေရာမှ တုံ့ခနဲရပ်သွား၏။ သူတို့အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

"ဟင်"

"ဘာလို့ရပ်သွားတာလဲ"

"ပြိုကျနေပြီ"

"ဘာ"

"ပြိုကျနေပြီ ! ပြိုကျနေပြီ !!!!"

ဒန်နီ၏ခပ်တိုးတိုးစကားသံကို ပြန်မေးလိုက်သောဂရေ့စ်အား အန်နာကအဖြေပေးလိုက်သည်။ အမှန်တကယ်ပင် Ferries Wheel သည်စတင်ပြိုကျနေပြီဖြစ်ပြီး သူတို့ရှိနေသည့်နေရာသည်လည်း ယိမ်းယိုင်သွားသည်။

                ~•~•~••~•~•~•~•~•

မက်စ်၏ညစ်ညမ်းစွာဆဲဆိုသံက ထွက်ပေါ်လာပြီးသည့်နောက် သူနီးစပ်ရာ ဒန်နီနှင့် ဂရေ့စ်ကိုလှမ်းဆွဲလိုက်သည်။ ဂရေ့စ်ကလည်း အန်နာ့ကိုလှမ်းဆွဲလိုက်သဖြင့် ၎င်းတို့လေးဦးနီးကပ်သွားကာ အချင်းချင်း လုံးထွေးနေပြီး ဖက်တွယ်ထားကြသည်။

"သေလည်းအတူတူပဲ မလွှတ်လိုက်နဲ့"

သုံးယောက်စလုံးခေါင်းငြိမ့်ကာ အဖြေ​ပေးလိုက်ကြသည်။ အန်နာကတော့ သည်းမခံနိုင်စွာ ငိုနေပြီဖြစ်သည်။ Ferries Wheel ကတဖြည်းဖြည်းပြိုကျလာနေပြီဖြစ်ပြီး သူတို့ရှိနေရာ wheel သည် သစ်သားပြားတစ်ခုပေါ်မှ အရှိန်ဖြင့်လိမ့်ဆင်းလာလေသည်။ ထို့နောက် မြေပြင်ပေါ်သို့မရောက်မှီအချိန် လေ၏တိုးဝှေ့မှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားလိုက်ရပြီးမှ ထို wheel သည် မြေပြင်ပေါ်သို့အရှိန်ပြင်းစွာ ရိုက်ခတ်သွားပြီး ပျက်စီးသွားသည်နှင့် နာကျင်စွာအော်ဟစ်လိုက်သံတစ်ခုကလည်း ကပ်ပါလာလေ၏။

လေးယောက်သားလုံးထွေးစွာပြုတ်ကျလာချိန်တွင် ဒန်နီမှာအောက်ဆုံးတွင်ရှိနေသူဖြစ်ခဲ့ပြီး ၎င်း၏ညာဘက်လက်သည် ကျိုးသွား၏။ ကျန်သူများလည်း ပွန်းပဲ့ဒဏ်ရာများနှင့် သွေးအလိမ်းလိမ်းဖြစ်သွားသော်ငြား မည်သူမျှမကျိုးပဲ့ချေ။

အန်နာကငိုယို​နေရင်းမှ ဒန်နီနားပြေးကာ အရိုးကြီးငေါထွက်နေသည့်လက်ဖျံကိုကြည့်ပြိး ပို၍သည်းထန်စွာငိုတော့သည်။ ဂရေ့စ်မြေပြင်ပေါ်မှအားယူရပ်လိုက်ပြီးသည့်နောက် သူတို့ပြုတ်ကျလာသည့်အမြင့်ကိုပြန်ကြည့်လိုက်သည်။ ဤအမြင့်သည် ၎င်းတို့​သေနိုင်သည့် အမြင့်ပင်။ သို့​သော် ဒန်နီလက်ကျိုးပြီး သူတို့ပွန်းပဲ့သည်ကလွဲပြီး အသက်အန္တရာယ်မရှိခဲ့ကြ​ချေ။ ဂ​ရေ့စ်မျက်ခုံးများကိုတွန့်ချိုးကာ ဒဏ်ရာရ​နေ​သော ဒန်နီ့အနားသို့ တိုးကပ်သွားလိုက်သည်။ Ferries Wheel ကတော့ ညနေကတွေ့ခဲ့သည့်အတိုင်း လုံးလုံးပျက်စီးသွားလေပြီ။

ဒန်နီက မတ်တပ်ထရပ်ပြီး သူ၏မျက်နှာကနာကျင်မှုကြောင့် ရှုံ့ တွနေသည်။ ထိုစဉ် အန်နာက ငိုနေရင်းမှ ဗလုံးဗထွေးထပြောတော့သည်။

"ငါတကယ်သည်းမခံနိုင်တော့ဘူး။  ပြန်မယ် ၊ ငါပြန်တော့မယ်"

"အန်နာ! "

ဂရေ့စ်အော်ခေါ်လိုက်သော်လည်း အန်နာမှာလှည့်မကြည့်ဘဲပြေးထွက်သွားသဖြင့် ၎င်းတို့မှာမတတ်နိုင်ဘဲ အန်နာ့နောက်ပြေးလိုက်ရတော့သည်။ သူတို့ဝင်လာခဲ့သည့် အ​ပေါက်နားရောက်ခါနီးတွင် အန်နာ့အား မျက်ချေပျက်သွားသည်။ အန်နာထွက်သွားလောက်ပြီဖြစ်သော်လည်း ဂရေ့စ်စိတ်ပူနေသော​ကြောင့် အော်ခေါ်လိုက်သည်။ ဒန်နီမှာလည်း သူ့လက်ဒဏ်ရာကိုသည်းခံကာ အန်နာ့ကိုလိုက်ရှာနေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့အန်နာ့ကိုတွေ့လိုက်ရပြီ။ အန်နာကမျက်စိရှေ့ရှိမြင်ကွင်းအား မယုံနိုင်သလိုကြည့်နေရင်း မျက်ရည်ဖြိုင်ဖြိုင်ကျနေသည်။

"အ​ပေါက်.. အ​ပေါက်ရော!!? အ​ပေါက်မရှိတော့ဘူး !!!"

အန်နာ့စကားကြောင့် ဂရေ့စ် ၊ မက်စ်နှင့် ဒန်နီတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့ဝင်လာခဲ့တဲ့ အ​ပေါက်မရှိတော့ဘူးတဲ့...။

"ငါတို့..ဒီမှာပဲပိတ်မိသွားပြီလို့တော့ မပြောနဲ့နော်"

ဒန်နီက ​မျှော်လင့်ချက်မဲ့စွာ ​မြေပြင်ပေါ်တွင်ထိုင်ချလိုက်ပြီး စကားသံမထွက်လာတော့ချေ။ မက်စ်သည်လည်း ဝိဥာဉ်ကင်းမဲ့နေသယောင် တောင့်တင်းနေပြီး အန်နာကလည်း ကြောက်ရွံ့ စွာငိုကြွေးနေသည်။

ထိုအခိုက်အတန့်သည် ကမ္ဘာပျက်နေသကဲ့သို့ပင်။ သူတို့အားလုံး ရှုပ်ထွေးနေသည့်ခံစားချက်များဖြင့် မျှော်လင့်ချက်မဲ့နေချိန်တွင် သစ်ရွက်ခြောက်များအား နင်းလိုက်သည့်အသံက သူတို့အားခြောက်လှန့်လိုက်သည်။

လေးယောက်လုံး အလန့်တကြားလှည့်ကြည့်လိုက်ချိန်တွင် မီးအိမ်ကိုင်ထားသည့် အမျိုးသမီးတစ်ဦးသည် သူတို့အားကြည့်နေသည်။ သူ(မ)၏ ရုပ်ရည်သည် အလွန်ပြေပြစ်သလောက် အပြစ်ပြောစရာမှာ သူ(မ)၏ အပုတ်နံ့ပင်။ အလွန်ပြင်းကာ ပုတ်အဲ့နေသည့်ထိုအနံ့က သူတို့အားမူးမေ့မတတ် ဖြစ်စေ၏။

ထိုအမျိုးသမီးက သူတို့အားပြုံးပြကာ သူ(မ)၏အ​နောက်ဘက်သို့ လက်ညှိုးညွှန်ပြသည်။ ဂရေ့စ်တို့အား သူ့နောက်လိုက်စေချင်သည့်ပုံပင်။ သူတို့အချင်းချင်းတစ်ချက် ကြည့်လိုက်ပြီးသည့်နောက် ဒန်နီကမတ်တပ်ထရပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ အန်နာကတုံ့ဆိုင်းနေသဖြင့် မက်စ်သူ့အနားကပ်သွားကာ ခပ်တိုးတိုးပြောလိုက်သည်။

"ငါတို့ နင်နဲ့အတူတူရှိတယ်အန်နာ"

အန်နာ အားတင်းကာခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူတို့လေးယောက်လုံး ထိုအမျိုးသမီးနောက်သို့ လိုက်သွားကြသည်။ ထိုအမျိုးသမီးက ကစားကွင်းပျက်ကြီး၏ အတွင်းဘက်ထဲသို့ တော်တော်ဝေးဝေးသွားနေလေသည်။ ဒန်နီ လက်ကနာကျင်မှုကိုသည်းခံထားသော်ငြား သူလည်း မနာတတ်တာမျိုးတော့မဟုတ်ပေ။ အော်ဟစ်ကာညည်းညူချင်စိတ်ကို ထိန်းထားရသည်။

အမျိုးသမီးက ရုံတစ်ခုရှေ့တွင်ရပ်လိုက်ကာ သူ(မ)လက်ကိုဖြန့်လိုက်သည်။ သေချာပေါက် လက်မှတ်ကိုတောင်းသည်ဖြစ်ရာ သူတို့လည်း နောက်ဆုံးလက်မှတ်ဖြစ်သည့် teacups ကိုထည့်ပေးလိုက်သည်။

အမျိုးသမီးက နောက်တစ်လှမ်းဆုတ်ကာ သူတို့အား လမ်းဖယ်ပေးလေသည်။ သူတို့အားထိုရုံအတွင်းသို့ ဝင်ရန်အသံတိတ်ဖိအားပေးနေသယောင်။ လေးယောက်လုံးအသက်ဝဝ ရှူသွင်းကာ ရုံအတွင်းဝင်လိုက်သည့်အခါ စီးနင်းရမည့် teacup များကို တွေ့လိုက်ရသည်။

သို့​သော်..၎င်းတို့သည် အဝိုင်းပုံသဏ္ဍာန်ဖြင့် လည်ပတ်သည်မျိုးမဟုတ်ဘဲ။ လျှိုမြောင်ကဲ့သို့ နေရာထိပ်တွင်ရှိနေခြင်းဖြစ်ရာ စီးနင်းမည့်သူက နေရာယူလိုက်ပါက သူ၏လမ်းကြောင်းမှာ အောက်သို့ဆက်သွားမည့်ပုံ။

မည်သူမျှအချိန်မဆွဲလိုတော့။ နောက်ဆုံးလက်မှတ်မှာ teacups ဖြစ်သောကြောင့် မှားနိုင်စရာတော့မရှိပေ။ သူတို့အထဲသို့ ဝင်ထိုင်ကာ နေရာယူလိုက်ကြသည်။ သူတို့ခန္ဓာကိုယ်အစိတ်အပိုင်းအချင်းချင်း ထိထားကာ တစ်ယောက်ရှိနေကြောင်းတစ်ယောက်သတိပြုမိစေဖို့ကိုလည်းမမေ့။

သူတို့ရှိ​နေသည့် teacup သည် စတင်လှုပ်ရှားလာပြီးနောက် လျှိုမြောင်ထဲသို့ အရှိန်ဖြင့်ဆင်းကျသွားသည်။ အသည်းများပင် အေးခနဲုဖြစ်သွားရကာ အန်နာတစ်ယောက်ကတော့ အော်မိမလိုပင်ဖြစ်သွားသည်။ ထို့နောက် teacup က ဖြည်းဖြည်းမှန်မှန်ဖြင့်သာ အရှေ့ဘက်ဆီသို့ တည့်တည့်သွားနေလေသည်။

ွူသွားတာကြာလာလေ လျှိုမြောင်ထဲတွင် ပို၍ပိန်းမှောင်လာလေဖြစ်ရာ တစ်ယောက်ကိုတစ်ယောက်ပင် မမြင်ရတော့။ မက်စ် ဒန်နီကိုခေါ်ရန်ကြိုးစားလိုက်သော်ငြား သူ့အသံမှာ လည်ချောင်းထဲတွင်သာ တစ်ဆို့နေပြီး အပြင်သို့ထွက်မလာချေ။

ထို့်နောက် အခြားလူ၏ထိတွေ့မှုကို မခံစားရတော့ကြောင်း တစ်ယောက်ချင်းစီကသတိပြုမိလာလေတော့သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မသက်မသာခံစားလာရသော်ငြား မည်သည့်အရာဖြစ်သည်ကို ​သေချာမသိ။ ဒန်နီဆိုလျှင် လက်၏နာကျင်မှုကိုမေ့လောက်အောင်ပင် ထိုမသက်မသာခံစားချက်ကြီး နှိပ်စက်တာကိုခံစားနေရလေသည်။

ထို့နောက် မကြာလိုက်သည့်အချိန်အတွင်းတွင် သူတို့အသိစိတ်များဝေဝါးလာကာ မျက်လုံးများက မှိတ်ကျသွားတော့သည်။

                ~•~•~•~•~•~•~•~•

အရင်ဆုံးအထိတ်တလန့်နိုးလာသူမှာ အန်နာဖြစ်သည်။ သူကအသက်ကို လုရှူနေရင်းမှ ပတ်ဝန်းကျင်အား ဟိုဟိုဒီဒီကြည့်ကာ ငြိမ်ကျသွားသည်။ ဒုတိယနိုးလာသူကတော့ ဒန်နီဖြစ်ပြီး အစပိုင်းမှာမိန်းမောနေသော်ငြား သတိဝင်လာချိန်တွင် သူကအလန့်တကြားထခုန်ကာ မတ်တပ်ရပ်လိုက်သည်။

ငုတ်တုပ်လေးထိုင်နေရာမှ သူ့အားမော့ကြည့်နေသည့် အန်နာ့ကိုမြင်လိုက်တော့မှ ပတ်ဝန်းကျင်ကိုအကဲခတ်မိပြီး သူသက်ပြင်းမောတစ်ခုချလိုက်လေသည်။

သူတို့ အပြင်ပြန်ရောက်လာကြပြီ......။ အချိန်မှာလည်းမိုးစင်စင်လင်းကာ ငှက်များ၏ပကျိပကျိအသံကိုပင် ကြားနေရလေသည်။

ထို့နောက်တွင်တော့ ဂရေ့စ်နှင့် မက်စ်လည်း ရှေ့ဆင့်နောက်ဆင့်နိုးလာကြသည်။ နာရီဝက်ခန့် တစ်ဆို့နေသည့်ခံစားချက်များဖြင့် သူတို့အချင်းချင်းစကားမပြောဖြစ်ဘဲ ငြိမ်သက်နေကြရာမှ နောက်ဆုံးတွင်တော့ တစ်ယောက်ကပင် ပြန်ကြရန် လှုံ့ ဆော်လိုက်သည်။

မြေကြီးပေါ်တွင်ထားခဲ့ကြသည့် ကျောပိုးအိတ်များအား ပြန်ကောက်နေကြစဉ်အတွင်း ဒန်နီမမေ့မလျော့ သော့ခလောက်အဟောင်းကြီးအား လှမ်းကြည့်လိုက်သည်။ သူဖျက်ခဲ့သည့် ထိုသော့ခလောက်သည် ယခုအချိန်တွင် ​နေရာတကျပြန်ရှိနေလေပြီ။

ဒန်နီ နှုတ်ခမ်းအား တင်းတင်းစေ့ကာ ထို​နေရာမှလှည့်ထွက်ခဲ့လိုက်သည်။ နောက်နောင်တွင် ဒန်နီတို့သူငယ်ချင်းအုပ်စုသည် အင်တာနက်၌နာမည်ကြီးနေသည့် မည်သည့်နေရာကိုမဆို ကျိုးကြောင်းမဆင်ခြင်ဘဲ သွားရဲကြတော့မည်မဟုတ်ပေ။

  ~•~•~•~•~•~••~•~•
THE END



Continue Reading

You'll Also Like

28.9M 916K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...
107K 16K 62
How Is it to have Found Love in Childhood Right ! A dream come true for many, Your soulmate is none other than your best friend from years Ever thoug...
29.9M 655K 33
For months Summer is trapped in a cellar with the man who took her - and three other girls: Rose, Poppy, and Violet. His perfect, pure flowers. His f...
11.2K 935 8
البيت أظلم وبس گلوب واحد مشتغل وضعيف وگوة اشوف عبرت الدرج صعدت جبت القفل أفتح باب الغرفة خليت المفتاح بالباب حسيت واحد واگف وراي ! التفتت ماشفت شيء...