အပိုင်း(၈၀)
အထဲတွင် ဘာပါလာသည်ကို မသိသော်လည်း မုန့်မုန့်သည် အလွန်ပျော်ရွှင်နေပြီး ဇီယန်၏မျက်နှာကို အကြိမ်အနည်းငယ် အဆက်မပြတ်နမ်းလိုက်သည်။
အခြားသူများ၏လက်ဆောင်များနှင့် ယှဉ်လျှင် မုန့်မုန့်သည် မိသားစု၏လက်ဆောင်ကို ပို၍နှစ်သက်ပေသည်။ ထိုအချိန်တွင် မင်းသမီးလေးမှာ အလွန်ပျော်ရွှင်စွာပြုံးနေပြီး သူမလေး၏ချယ်ရီနှုတ်ခမ်းလေးများပင် မပိတ်နိုင်လောက်အောင်ဖြစ်နေသည်။
"အထဲမှာဘာပါလဲ ယူပြီး ဖွင့်ကြည့်လေ"
ဇီယန် ပြုံးကာ ပြောလိုက်သည်။
မုန့်မုန့်လေး အလွန်ပျော်ရွှင်နေသည်ကိုကြည့်၍ ဇီယန်၏နှလုံးသားထဲတွင် အင်မတန်စိတ်ကျေနပ်ကြည်နူးနေမိသည်။
"မေမေ သမီးကိုဖွင့်ပေးပါ...ခစ်ခစ်"
မုန့်မုန့်သည် ရယ်မောကာ ပြောသည်။
"လာထား မေမေနို့ အတူတူဖွင့်ကြမယ်။ ဒီဖဲကြိုးလေးကိုတွေ့လား? မေမေတို့ တစ်ယောက်တစ်ခုစီ ဆွဲကြမယ်။ သမီးက ဒါကို ဆွဲ...မေမေက ဒါကို ဆွဲမယ်။ လာ တစ် နှစ် သုံး ဖွင့်မယ်!"
ဇီယန်နှင့် မုန့်မုန့်သည် ဖဲကြိုး၏တစ်ဖက်စီကို ကိုင်ထားကြပြီး ညင်သာစွာဆွဲလိုက်ကြသည်။ ရောင်စုံဖဲကြိုးလေးမှ ပြေကျသွားသည်။
ထိုအချိန်တွင် မုန့်မုန့်သည် မေမေစကားပြောသည်ကိုပင် မစောင့်တော့ဘဲ သူမ၏လက်ကလေးဖြင့် သေတ္တာပုံးလေးကို တန်း၍ဖွင့်ကြည့်လိုက်သည်။
"အာ?"
မုန့်မုန့်သည် အထဲတွင် ၁၀လက်မ လက်တော့ပ်ကဲ့သို့သော အနက်ရောင်သေတ္တာဘူးလေးကိုတွေ့လိုက်ပြီး အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။ သူမ၏မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဇီယန်ကို မေးလိုက်သည်။
"မေမေ ဒါကဘာလဲဟင်?"
"မေမေ သမီးကို ဖွင့်ပြမယ်"
ဇီယန် ရယ်မောလိုက်ပြီး ရောင်စုံစုတ်တံဘူးလေးကို ထုတ်ယူလိုက်သည်။ ၎င်းကိုဖွင့်လိုက်ပြီးနောက်တွင် မုန့်မုန့်သည် အလွန်များပြားသော ရောင်စုံစုတ်တံများကို တွေ့လိုက်ရပြီး သူမလေး၏မျက်လုံးများ တောက်ပသွားသည်။
"ဝိုး...ရောင်စုံခဲတံလေးတွေအများကြီးပဲ အရမ်းလှတာပဲ"
"သမီးသဘောကျလား?"
ဇီယန် ရယ်မောလိုက်သည်။
"သဘောကျတယ် သဘောကျတယ်။ မေမေက အရမ်းကောင်းတာပါ။ အာ..မွ"
မုန့်မုန့်သည် သူမ၏ချစ်စရာရွှေငါးပါးစပ်လေးကို စူကာဖြင့် ဇီယန်၏ပါးဆီသို့ ပြေးသွားကာ သူမကို အနမ်းပေးရန်ပြင်လိုက်သည်။
"အဟမ်း အဟမ်း မုန့်မုန့်"
ဆိုဖာနောက်တွင် ရပ်ကြည့်နေသော ကျန်းဟန်သည် သူ၏ပါးစပ်ကိုဖွင့်ဟ၍ သတိပေးလိုက်သည်။
"မိတ်ကပ်အောက်ခံတွေလေ"
သူတို့သည် အကြိမ်အနည်းငယ် နမ်းခဲ့ပြီးပြီဖြစ်သည်။ မုန့်မုန့်သည် သူမအား နောက်တစ်ကြိမ်နမ်းချင်နေသေးသည်ကို တွေ့လိုက်ရသည့်အခါ ကျန်းဟန်သည် သူမလေးအား သတိပေးရမည့်အချိန်ရောက်ပြီဟု ယူဆလိုက်သည်။
"အိုး..."
မုန့်မုန့်သည် သူမ၏အရှိန်ကို ရပ်တန့်လိုက်သည်။ သူမလေးသည် ဖေဖေအားကြည့်လိုက်၏။ ထိုနောက် မေမေအားကြည့်လိုက်ပြန်သည်။ သူမ နမ်းရမည်လား မနမ်းရဘူးလား ဆိုသည်ကို စောင့်ဆိုင်းနေသည်။ သူမလေး ဘာလုပ်ရမှန်းသိတော့ချေ။
"ရှင်အဲ့လောက် အဖြစ်သည်းနေဖို့ လိုလို့လား? ကျွန်မ ဘာမိတ်ကပ်အောက်ခံမှ မလိမ်းထားဘူး။ အဆင်ပြေတယ် မုန့်မုန့် မေ့မေ့ကို နမ်းပါ"
ဇီယန်သည် ကျန်းဟန်အား မျက်စောင်းထိုးကြည့်လိုက်ပြီး သူမ၏ဘယ်ဘက်ပါးမား သူမလေးအနီးသို့တိုးသွားလိုက်သည်။
"မွ မွ" မုန့်မုန့်သည် ကြိမ်အနည်းငယ် အနမ်းပေးလိုက်သည်။
"လာ အန်တီဖေးဖေးကိုလည်း တစ်ခါလောက် နမ်းပါဦး"
ကျိုးဖေးသည် ပတ်ဝန်းကျင်ကိုအကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက် မုန့်မုန့်၏ညာဘက်တွင် ဝင်ထိုင်လိုက်ရင်း သူမ၏မျက်နှာကို တိုးကပ်ပေးလိုက်သည်။
"အာ...ဟွန့်..မရဘူး မရဘူး ဖေဖေက မုန့်မုန့်ကို တခြားသူတွေကို မနမ်းခိုင်းဘူး"
မုန့်မုန့်သည် သူမလေး၏လက်ဝါးသေးသေးလေးကို ဆန့်ထုတ်ကာ ကျိုးဖေး၏မျက်နှာကို ညင်သာစွာတွန်းဖယ်ရင်း ငြင်းပယ်လိုက်သည်။
"ဟွန့်! ဒါဆို အန်တီဖေးဖေးက သမီးကမချစ်တော့ဘူး"
ကျိုးဖေး ဟွန့်ကနဲ ပြောလိုက်သည်။
"ဒါဆို သမီးလည်း အန်တီကို မချစ်တော့ဘူး"
မုန့်မုန့်သည် သူမလေး၏ကိုယ်ကို ဇီယန်၏ရင်ခွင်ထဲတွင် တိုးမှီပြီး နှုတ်ခမ်းလေးစူကာဖြင့်
"သမီးက အနံ့မကောင်းတဲ့အန်တီဖေးဖေးနဲ့ မကစားတော့ဘူး။ မေမေ ပုံဆွဲကြမယ်။ သမီးဆွဲထားတဲ့ပုံတွေကို မေမေ့ကိုပြမယ်"
မုန့်မုန့်သည် လွန်ခဲ့သည့်ရက်အနည်းငယ်က ဖေဖေနှင့်အတူဆွဲထားသည့် ပုံများကို မေမေ့အားမပြရသေးသည်အား ရုတ်တရုတ်သတိရသွားသည်။ ထို့ကြောင့် သူမလေးသည် ဇီယန်၏ရင်ခွင်ထဲမှ လျှောချသွားပြီး ခြေဗလာလေးဖြင့် ကြမ်းပြင်ပေါ်ဆင်းသွားသည်။ သူမလေး၏ လက်သေးသေးလေးနှစ်ဖက်ဖြင့် စားပွဲခုံ အံဆွဲကိုဆွဲဖွင့်လိုက်ပြီး အထဲမှ ပန်းချီကားကို ထုတ်ယူလိုက်သည်။
"အန်း..."
မုန့်မုန့်သည် ပုံရှိလူများထဲမှ ဝက်ဦးခေါင်းနှင့်တစ်ယောက်ကို ထောက်ပြပြီး
"ဒါက ဖေဖေ..." ဟုပြောလိုက်သည်။
"ခစ်ခစ်...." ဇီယန် မနေနိုင်ဘဲ တခစ်ခစ်ရယ်မောလိုက်သည်။
"ဒါက.. ဒါက မေမေ"
မုန့်မုန့်သည် နောက်တစ်ယောက်ကိုထောက်ပြသည်။ သူမ၏မျက်နှာမှာ မြင်းမျက်နှာထက်ပင် ရှည်လျားပြီး မျက်လုံးများမှာ နှမ်းစေ့လောက်သာရှိရာ ဇီယန်၏အမူအရာမှာ တောင့်တင်းသွားသည်။
"ဟားဟားဟ..."
ကျိုးဖေးသည် ဗိုက်ကိုနှိပ်၍ပင် ရယ်လေသည်။
"အရမ်းလှတာပဲ အရမ်း အရမ်းလှတယ် အရမ်းတူတာပဲ ဘုရားရေ ငါ ရယ်ရလွန်းလို့သေတော့မယ်"
"နင်ဘာရယ်တာလဲ။ တိတ်စမ်း"
ဇီယန်သည် ကျိုးဖေးအား မျက်စောင်းထိုးကြည့်လိုက်သည်။
"အာ?"
မုန့်မုန့်သည် ကြောင်အသွားသည်။ ဘာတွေဖြစ်နေသလဲဆိုသည်ကို သူမလေး မသိပေ။ ထို့ကြောင့် သူမလေး မေးခွန်းထုတ်လိုက်သည်။
"မေမေ မုန့်မုန့်ဆွဲထားတဲ့ပုံက မလှဘူးလား?"
"ဟားဟာ..."
ဇီယန်၏နှုတ်ခမ်းထောင့် နှစ်ကြိမ်တွန့်သွားသည်ကိုမြင်ပြီး ကျိုးဖေးနောက်တစ်ကြိမ် ရယ်မောလိုက်ပြန်သည်။
အနောက်မှ ကျန်းဟန်ပင်လျှင် ခေါင်းယမ်းကာ ရယ်လိုက်သည်။
"အရမ်းလှတယ်။ မုန့်မုန့်က အရမ်းတော်တာပဲ"
ဇီယန်သည် ရယ်မော၍ မုန့်မုန့်၏ဦးခေါင်းလေးကို ပွတ်ပေးလိုက်သည်။
ကလေးသည် သည်အရွယ်တွင် အားပေးစကား ချီးကျူးစကားပြောပေးရန်လိုအပ်သည်။ ဒါမှသာ သူမလေး ဆက်၍စူးစမ်းလေ့လာလိုစိတ်ရှိမည်ဖြစ်သည်။
"တကယ်လား?"
မုန့်မုန့်သည် အလွန်ပျော်ရွှင်သွားပြီး ထပ်မေးလိုက်သည်။
"ဒါပေါ့ အမှန်အတိုင်းပြောတာ"
ဇီယန်သည် ပြုံး၍ ဆက်ပြောလိုက်သည်။
"အလှဆုံးနဲ့ ချစ်ဖို့အကောင်းဆုံးက မုန့်မုန့်မလား"
"ဟုတ်တယ် ဟုတ်တယ် မုန့်မုန့်က လှတယ်မလား?"
"အွန်း...အလှပဆုံးတစ်ယောက်က မုန့်မုန့်ပဲ"
"ဟီးဟီး မုန့်မုန့်ပုံကို ဖေဖေဆွဲပေးထားတာ။ မေမေနဲ့ဖေဖေ ကလည်း အလှဆုံးနဲ့ ကြည့်လို့အကောင်းဆုံးပဲ"
"ဒါဆို မေမေလည်း မုန့်မုန့်ပုံကိုဆွဲမယ်"
"အာ...သမီးနဲ့မေမေနဲ့ တူတူဆွဲကြမယ်လေ"
"..."
ဇီယန်နှင့် မုန့်မုန့်သည် မတွေ့ရသည်မှာ ရက်အနည်းငယ်ကြာပြီသည်။ သူတို့သည် ဆိုဖာပေါ်တွင် တက်ကြွပျော်ရွှင်စွာဖြင့် ဆော့ကစားနေကြသည်။ အခြားတစ်ဖက်တွင် ကျိုးဖေးသည် တစ်ခါတစ်ရံ သူတို့အား ဘေးမှနေ၍ ကြားဝင်ဖောက်လေ့ရှိပြီး တစ်ခါတစ်ရံ သူမ၏ဖုန်းအား ကြည့်နေလေ့ရှိသည်။
ကျန်းဟန်သည် သူတို့အား မိနစ်အနည်းငယ်ကြည့်နေပြီးနောက်တွင် လှည့်ထွက်ကာ ညစာပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ဝင်သွားသည်။
ကျန်းလီသည်လည်း ကောင်တာဘေးတွင် မတ်တပ်ရပ်ပြီး ကျန်းဟန် သူ့ဘာသာအလုပ်ရှုပ်နေသည်ကို ကြည့်နေလိုက်၏။
ထမင်းချက်ပြီးနောက်တွင် ပထမဆုံးဟင်းလျာဖြစ်သည့် ကြက်သားနှင့်အာလူးရောပြုတ်ချက်ချက်ထားသည့် အာလူးကြက်စတူးဟင်းကို ချက်ပြုတ်သည်။
အဓိကပါဝင်ပစ္စည်းမှာ ကြက်သားနှင့်အာလူးဖြစ်ပြီး၊ ကြက်သွန်၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် အခြား ဟင်းခတ်အမွှေးအကြိုင်များဖြစ်ပါဝင်ကာ အနံ့မှာ အလွန်မွှေးသည်။ ကြက်သားမှာ နူးညံကာအရသာရှိသည်။ ၎င်းမှာ အမျိုးမျိုးသော ဟင်းချက်နည်းများနှင့် ကိုက်ညီမှုရှိပြီး ၎င်းမှာ အလွန်အာဟာရပြည့်ဝကာ ခန္ဓာကိုယ်ကို အားဖြစ်စေသည်။
သို့သော်ငြား မကြာသေးသည့် နှစ်များက စတင်ပြီး ကြက်များကို ကြီးထွားနှုန်းမြင့်မားလာစေရန် ဓာတုအစာများ ပို၍ပို၍ကျွေးလာကြပြီး ၎င်းမှာ အာဟာရဓာတ်ကို အလွန်အမင်းလျော့ကျသွားစေသည်။ ထို့ပြင် ထိုအသားများက လူ့ခန္ဓာကိုယ်ကိုပင် ဒုက္ခပေးနိုင်သေးသည်။
ထို့ကောင့် ထိုကြက်သားအမျိုးအစားများမှာ ယွမ် ၂၀ ပတ်ဝန်းကျင်သာရှိသည်။ ထို့ကြောင့် အိမ်မွေးကြက်တစ်ကောင်၏ဈေးနှုန်းမှာ ယွမ် ၁၀၀ ကျော်ရှိလိမ့်မည်ဖြစ်သည်။
၎င်းတွင် အာဟာရပြဿနာတစ်ခုတည်းပင်မကချေ။ ကြက်သား၏ရနံ့မှာလည်း လျော့နည်းသွားသည်။ မွေးမြူရေးကြက်များကို မည်သည့်အစာပင်ကျွေးသည်ဖြစ်စေ အိမ်မွေးကြက်သားကဲ့သို့ သန့်စင်သည့်မွှေးရနံ့ကို ထုတ်လုပ်နိုင်မည်မဟုတ်ချေ။
လခြမ်းတောင်တွင် မွေးမြူထားသည့် ကြက်များအကြောင်းကို မပြောတော့ပေ။
ကျန်းဟန်သည် ကြက်သားကို ရေနှင့်ပြုတ်လိုက်သည်။ ထိုအဆင့်သည် အညစ်အကြေးများကို ဖယ်ရှားရန်ဖြစ်သော်လည်း ကျန်းဟန် ၎င်းကို နားမလည်ပေ။ ယခင်က သူ၏အမေ ချက်ပြုတ်သည်ကို ကြည့်ထားပြီး ဤကဲ့သို့ လုပ်ခဲ့သည်ကို သူသတိရ၍ဖြစ်သည်။
မိနစ်အနည်းငယ် ကြာအောင် ပြုတ်ပြီးနောက် ကြက်၏အပြင်ဘက်ပိုင်းမှ အသားကို အနည်းငယ်ချက်လိုက်သည်။ ထိုအခိုက်အတန့်တွင် ကျန်းဟန်သည် အသား၏မွှေးရနံ့ကို ရနိုင်ပေသည်။
ထို့နောက်တွင် ဒယ်အိုးထဲသို့ ဆီလောင်းထည့်ပြီး ကြက်သားတုံးများကို အိုးထဲထည့်ကာ အကြိမ်အနည်းငယ် မွှေကြော်လိုက်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်နှင့် ရေထည့်၍ ဆီပူထိုးလိုက်သည်။ ထိုနောက် ဟင်းချက်ဝိုင်ထည့်၊ အရောင်တင်မှုန့်အနည်းငယ်ထည့်၊ ငါရုပ်ကောင်းမှုန့်၊ ဆား၊ ကောင်းကင်သစ်မွှေးတို့ကိုထည့်ကာ ဒယ်အိုးကို ဖုံးလိုက်သည်။ ၁၀ မိနစ်ခန့်ချက်လိုက်ပြီးနောက် အပူချိန်ကိုပြောင်းလိုက်သည်။ ကြက်သား ကျက်ခါနီးလျှင် အာလူးထည့်လိုက်သည်။ ၎င်းမှာ နောက်ဆုံးလုပ်ဆောင်ချက်ဖြစ်ြသည်။
ထိုနောက်တွင် ကျန်းဟန်သည် ဒုတိယစွတ်ပြုတ်၊ ခရမ်းသီးနှပ်တို့ကို စတင်ချက်သည်။
၎င်းတို့မှာ ပုံမှန် အိမ်တွင်းဟင်းလျာများဖြစ်ပြီး ဟင်းချက်နည်းများကို ကျန်းဟန်ရင်းနီးပေသည်။ သူသည် စနစ်တကျနှင့်ကျွမ်းကျင်လျင်မြန်စွာပင် ချက်ပြုတ်သွားသည်။ ပြီးနောက် သခွားသီးကို အခွံနွှာရန် စတင်လုပ်ဆောင်သည်။
သခွားသီးမှာ လခြမ်းတောင်မှ သခွားသီးဖြစ်သည်။ ၎င်းကို ထက်ပိုင်းခွဲလိုက်သည်နှင့် လတ်ဆတ်သည့်ရနံ့မှာ သူ၏နှာခေါင်းတွင်းသို့ ဝင်ရောက်လာသည်။
သခွားသီးကို အတုံးသေးသေးလေးများအဖြစ် ဖြတ်တောက်လိုက်ပြီး ပန်းကန်ပြားထဲတွင် ထည့်လိုက်သည်။ ဆားအနည်းငယ် သကြားနှင့် ဟင်းချိုမှုန့် ကိုဖြူးလိုက်ပြီး တူဖြင့်မွှေကာ ၁၀ မိနစ်ခန့်ထားလိုက်သည်။။
ထိုအရာအားလုံးပြင်ဆင်ပြီးနောက် ကျန်းဟန်သည် ဗီနီကာ၊ ပဲငံပြာရည်အပျော့နှင့် နှမ်းဆီအနည်းငယ်ထည့်ကာ သခွားသီးဆော့စ်ကို ပြုလုပ်လိုက်သည်။
၁၀ မိနစ်ကြာပြီးနောက် သူသည် ဆော့စ်ကို သခွားသီးထဲသို့လောင်းထည့်ကာ ဟင်းလျာများမှာ ပြင်ဆင်ပြီးသွားပြီဖြစ်သည်။
"ဘုရားရေ"
ကျန်းလီသည် တစ်ချိန်လုံးဘေးမှ ရပ်ကြည့်နေသည်။ ၎င်းကိုမြင်သည့်အခါ သူမအမှန်တကယ်ပင် စိတ်ထဲမှ အံ့ဩမှင်တက်သွားပြီး မျက်လုံးပြူးကာ ပြောလိုက်သည်။
"ဒီဟင်းချက်ပုံက တကယ်ကြည့်လို့ကောင်းတာပဲ။ အစ်ကို နင်တစ်ကယ် ဟင်းချက်တတ်တာလား?"
"မင်းအစ်ကိုကို လျှော့မတွက်ပါနဲ့"
ကျန်းဟန် ဂရုမစိုက်ဟန်ရယ်မောလိုက်သည်။
သူပြောနေရင်းနှင့် ကြက်သားအိုးကို လက်တစ်ဖက်ဖြင့် ကောက်ကိုင်လိုက်ပြီး အာလူးကြက်စတူးကို အိုးသေးသေးလေးနှင့်တူသော ကြွေပန်းကန်ဖြင့် အပြည့်ထည့်လိုက်သည်။ ထို့နောက် ပန်းကန်ကို ကောင်တာအစွန်းတွင် တင်လိုက်သည်။
အညှော်စုပ်စက်မှ စုပ်ယူခြင်းမရှိဘဲ မွှေးပျံ့သည့်ရနံသည် အခန်းအတွင်းသို့လွင့်ပျံ့လာခဲ့သည်။
"ဝိုး...အနံ့က အရမ်းမွှေးတာပါလား?"
ကျန်းလီသည် ချက်ချင်းပင် လှမ်းကြည့်လိုက်သည်။
အာလူးကြက်စတူးပန်းကန်သည် အဆီတစ်ဝင်းဝင်းဖြင့် လက်နေသည်ကို သူမတွေ့လိုက်ရသည်။ ၎င်းမှာ အနီရောင်ဖျော့ဖျော့ရှိပြီး မွှေးပျံ့သည့် ရနံကို ထုတ်လွှတ်နေကာ ကျန်းလီအား တံတွေးမျိုချမိစေသည်။
"အဲမှာ ရပ်မနေနဲ့။ ပန်းကန်ကို ယူပြီး စားပွဲဝိုင်းပေါ် ချထားလိုက်"
ကျန်းလီ၏အသွင်အပြင်ကိုမြင်သည့်အခါ ကျန်းဟန် ခပ်ဖွဖွရယ်မောကာ လှည့်၍ ဒယ်အိုးများကို ဆေးကြောသန့်စင်လိုက်သည်။ ထိုနောက် ဆီလောင်းထည့်လိုက်ပြီး နောက်ဆုံး ကြက်ဥငရုပ်သီးကြော်ရန် ပြင်ဆင်လိုက်သည်။
ကျန်းလီသည် သူ၏စကားကိုကြားပြီးနောက် ပန်းကန်ကြီးကို ကောက်ယူကာ ထမင်းစားပွဲဝိုင်းကြီးဆီသို့ လျှောက်သွားလိုက်သည်။ ထိုအချိန်တွင် သူမ၏မျက်လုံးများက ထမင်းစားပွဲကိုမည်သည့်အခါမှ မကြည့်ဘဲ ကြက်သားတုန်းများပေါ်တွင်သာ စူးစိုက်ကြည့်နေသည်။
ဘာတွေဖြစ်နေတာလဲ?
ကျန်းလီ အနည်းငယ် အံဩသွားသည်။ သူမသည် အရသာမှာမည်သို့ရှိသည်ကို မသိသော်လည်း သူမမျက်စိရှေ့ရှိ ကြက်ခြေတောက်တစ်ချောင်းကို ကောက်ကိုင်ပြီး နည်းနည်းလောက် ကိုက်စားချင်စိတ် ပြင်းပြလာသည်။
သို့သော်လည်း ဇီယန်နှင့် ကျိုးဖေးသည် ဆိုဖာပေါ်တွင် ထိုင်နေကြဆဲဖြစ်သည့်အတွက် သူမသည် ထိုကဲ့သို့ မသမာသည့်လုပ်ရပ်ကို လုံးဝမလုပ်မိချေ။
အနံ့က အရမ်းမွှေးတာပဲ။ သူတို့က မလာကြသေးဘူးလားမသိဘူး?
ကျန်းလီသည် သားရည်များ တရစက်ယိုစီးကျလာပြီး အကြိမ်ကြိမ် တံတွေးမျိုချရင်း စိတ်ထဲတွင် ရေရွတ်လိုက်သည်။
အကယ်၍ ထိုနှစ်ယောက်သာ ဒီမှာမရှိလျှင် ကျန်းလီသည် တုံ့ဆိုင်းခြင်းမရှိဘဲ ကြက်ခြေထောက်ကို လက်ထဲကိုင်ကာ တစ်ခါတည်း ပါးစပ်ကျယ်ကျယ်ဟ၍ ကိုက်ထည့်လိုက်တော့မည်ဖြစ်သည်။ အမှန်ပင် သူမသည် အကိုက်ကြီးကြီးကိုက်ပြီး အလွန်မွှေးကြိုင်နေသည့် ကြက်သားကို အားရပါးရ စားလိုက်ချင်သည်။
သို့သော် ၎င်းမှာ သူမ၏စိတ်ကူးသာဖြစ်သည်။
"အိုး...အဲဒါ တကယ်ကြီးလား?"
ကျိုးဖေးမှာ သူမ၏ပုံရိပ်ကိုပင် လုံးဝဂရုမစိုက်ဘဲ အနည်းငယ်အနံ့ခံလိုက်ပြီး အံ့ဩသည့်လေသံဖြင့် ပြောလိုက်သည်။
"နိမ့်ကျတဲ့သခင်လေးက တကယ်ကြီး ဟင်းချက်တတ်တာလား? ကျန်းဟန် ရှင်တကယ်ကြီးလား? ဟင်းထဲမှာတော့ အဆိပ်မထည့်ထားဘူးမလား? ဘာလို့မျိုး ဒီလောက် မွှေးနေရတာလဲ? မဖြစ်နိုင်တာ!"
"ဘာလို့ မဖြစ်နိုင်တာလဲ?"
ကျန်းလီသည် နှာခေါင်းရှုံလိုက်ပြီး
"အဆိပ်ထည့်ထားမယ်ထင်ရင် မစားနဲ့ပေါ့။ ငါတို့အားလုံး ဒါကိုစားလို့ရတယ်"
"အဲ့လိုမလုပ်နဲ့လေ ညီမလေးကလည်း...အဲဒါက....မုန့်မုန့်ရဲ့အဖေအတွက် ညစာချက်ပြုတ်ရတာ မလွယ်ကူဘူးလေ။ ဒီတော့ ကောင်းကောင်းစားရမှာပေါ့"
ကျိုးဖေး နှုတ်ခမ်းတွန့်ကွေးသွားကာ ပြန်ပြောသည်။
သူမတို့နှစ်ဦးတွင် တူညီသည့် အကျင့်စရိုက်ရှိပြီး ကျန်းလီသည် သူမထက် အနည်းငယ် ပို၍ သန်မာရုံသာရှိသည်။ အကယ်၍ အခြေအနေကို မသိထားပါက ကျန်းလီသည် သူမ၏အစ်ကိုကို ပြက်ရယ်ပြုပါက သူမသည် ထိုသူအား တိုက်ခိုက်လိုက်သည်မှာ ကြာပြီဖြစ်သည်။
ဤအခိုက်အတန့်တွင် မုန့်မုန့်သည်ပင် ဇီယန်၏ရင်ခွင်ထဲမှ ထွက်သွားသည်။ သူမလေးသည် ဆိုဖာပေါ်တွင်မတ်တပ်ရပ်ကာ ခုန်နေရင်း အော်ဟစ်လိုက်သည်။
"ဖေဖေ ဖေဖေ အနံ့က အရမ်းမွှေးတာပဲ။ မုန့်မုန့်အရမ်းဗိုက်ဆာနေပြီ။ မုန့်မုန့် စားချင်တယ်"
"မလောပါနဲ့ မုန့်မုန့်ရယ်။ ပြီးခါနီးပါပြီ"
ကျန်းဟန်သည် နောက်လှည့်မကြည့်ဘဲ ရယ်မောရင်းပြောလိုက်ကာ သူ၏နောက်ဆုံးဟင်းပွဲကို ဆက်လုပ်နေသည်။
ငရုတ်သီးစိမ်းကြက်၍ကြော်မှာလည်း ပုံမှန်ဟင်းပွဲသာဖြစ်သည်။ အရံဟင်းပွဲအဖြစ် ကျန်းဟန်သည် ကြက်ဥလေးလုံးနှင့် ငရုပ်သီးစိမ်းနှစ်တောင့်ကိုသာ အသုံးပြုခဲ့သည်။
ဒယ်အိုးကို ချလိုက်ပြီး ပန်းကန်ဖြင့်ထည့်လိုက်ပြီးနောက် ကျန်းဟန်သည် သူ၏လက်များကို ဝှေ့ယမ်းကာ ရယ်မောရင်းပြောလိုက်သည်။
"ဟင်းပွဲတွေကို ချပေးလိုက်!"
စားပွဲထိုးကိုလှမ်းခေါ်သည့်လေသံဖြင့် အော်လိုက်၍ ကျန်းလီသည် နှာခေါင်းရှုံကာ ပန်းကန်များကိုယူရန် လျှောက်လာသည်။
-C 80 End