အပိုင်း(၆၀) ဖက်ထုပ်ပြုလုပ်ခြင်း
သူတို့စကားပြောနေသည့်အချိန်တွင် စားသောက်ဆိုင်သို့ နောက်ထပ် ဧည့်သည် နှစ်သုတ်ရောက်လာသည်။ ပထမတစ်သုတ်မှာ အမျိုးသား ၂ ယောက်ဖြစ်သည်။ သူတို့သည် အခန်းထဲသို့ဝင်လာပြီး သူတို့အား ထူးထူးဆန်းဆန်းကြည့်လိုက်သည်။ မြင်မားလှသည့် အဖွဲ့ဝင်ကြေးကို တွေ့လိုက်ရသောအခါ သူတို့နှလုံးသားထဲမှ ရှော့ရသွားသည်။ ဒုတိယအသုတ်မှာ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမ၏အမူအရာမှာ အလွန်တည်ငြိမ်နေသည်။ အခန်းထဲသို့ထင်လာပြီးနောက် သူမသည် ထောင့်နေရာရှိစားပွဲတွင် ထိုင်လိုက်ကာ သူမ၏ဖုန်းကိုထုတ်၍ ကြည့်နေလိုက်သည်။
သူတို့ရောက်လာပြီး ၂ မိနစ်မပြည့်ခင်တွင်ပင် လျန်မုန့်ချီနှင့် အခြားနှစ်ယောက်သည် အချိန်ဇယားအတိုင်း ရောက်ရှိလာကြသည်။
"အာ! ဒီမှာ နေရာမရှိတော့ဘူး"
ဆိုင်ထဲသို့ဝင်လာရင်း လျန်မုန့်ချီသည် နေရာမရှိတော့သည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ကျန်းဟန်ကို ကြည့်ကာ မေးလိုက်သည်။
"သူဌေး နေရာမလွတ်တော့ဘူး။ ကျွန်မတို့ ဘာလုပ်ရမလဲ။ ဒါမဟုတ်..."
လျန်မုန့်ချီသည် ကျွန်မတို့ ထမင်းစားစားပွဲကြီးမှာ ထိုင်ပြီး စားလို့မရဘူးလား ဟု ပြောလိုက်ချင်သည်။
သို့သော် သူမ၏စကား မဆုံးသေးမီပင် ကျန်းဟန်သည် ပြန်ဖြေပြီးသွားပြီဖြစ်သည်။
"စောင့်လိုက်"
"အမ်"
လျန်မုန့်ချီ၏အမူအရာမှာ အေးခဲသွားသည်။
"ဟင်း...ဒါဆိုလည်း နည်းနည်းစောင့်လိုက်တာပေါ့။ နောက်တစ်ခါ နည်းနည်း စောစောလာရမယ်"
ယူချင်းချင်းသည် သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။
"ငါသွားပြီး ဆွေးနွေးလိုက်မယ်"
လျန်မုန့်ချီသည် မျက်လုံးလှန်ကြည့်လိုက်ရင်း တစ်စုံတစ်ရာပြောကာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည့် ကျန်းဟန်၏ဆီသို့လျှောက်သွားသည်။
"ဂျုံလား... သူဌေး နေ့လည်စာ ဘာတွေချက်မှာလဲ"
လျန်မုန့်ချီ မေးလိုက်သည်။
"ဖက်ထုပ်"
ကျန်းဟန် ဘာသိဘာသာပင် ပြန်ဖြေသည်။
"ကျွန်မလည်း စားချင်တယ်"
လျန်မုန့်ချီ၏မျက်လုံးများ တောက်ပသွားသည်။
"အင်း မင်းရဲ့ဝေစုကို ရမှာပါ"
ကျန်းဟန်ခေါင်းညိတ်လိုက်သည်။
အဖွဲ့ဝင်စနစ်ကို စတင်လိုက်ကတည်းက ကျန်းဟန်သည် အနာဂတ်တွင် မုန့်မုန့်အတွက် အစားအသောက်များ ပို၍ ချက်ပြုတ်မည်ဖြစ်သည်။ ထိုလူများသည် သူတို့၏အစားသောက်များကို ဇီဇာကြောင်နေမည် ဟုတ်မဟုတ်ကို သူသံသယမရှိပေ။
ဥပမာ ယူချင်းချင်းသည် ကြက်သွန်မြိတ်ကို မကြိုက်ပေ။ ၎င်းကိုကိုင်တွယ်ရန်မှာ လွယ်ပေသည်။ ၎င်းကို မြည်းစမ်းကြည့်ပြီးနောက် လဆန်းတောင်တွင် စိုက်ပျိုးထားသည့် အစားအသောက်များကို ဇီဇာကြောင်သည့်သူမရှိကြောင်း သဘောပေါက်လာပေလိမ့်မည်။
ဘာလဲ? ဓာတ်မတည့်တာလား?
စိတ်မကောင်းပါဘူး။ လခြမ်းတောင်မှာ စိုက်ပျိုးထားတဲ့ အစားသောက်တွေမှာ ဓာတ်မတည့်တာမရှိပါဘူး...
တစ်နည်းဆိုရသော် လခြမ်းတောင်တွင် စိုက်ပျိုးထားသည့် အရာအားလုံးသည် လူသားတို့၏အကြိုက်နှင့် ကိုက်ညီရန် အကောင်းဆုံးဖြစ်သည်။
ဘယ်လိုဟာသလဲ? စိတ်ဝိဉာဉ်ရေ၊ စိတ်ဝိဉာဉ်မြေဆီလွှာ၊ ယန်-မိုးကြိုးသစ်ပင်တို့ရဲ့ အာဟာရအောက်မှာ ဘယ်လိုအရာမျိုးက သာမန်ဆန်ဆန် ကြီးထွားလာမှာလဲ...
"သူဌေး ဒါဆို...ကျွန်မတို့ ဘယ်မှာစောင့်နေရမလဲ။ ထမင်းစားစားပွဲမှာ ထိုင်နေလို့မရဘူးလား။ ဒါမှမဟုတ် ဒီစားပွဲသေးသေးလေးမှာထိုင်မယ်လေ"
ချန်မုန့်ချီသည် ဆိုဖာ၏ညာဘက်ရှိ စားပွဲဝိုင်းနှင့်ထိုင်ခုံကို ညွှန်ပြသည်။
"မရဘူး"
ကျန်းဟန် ချက်ချင်းငြင်းလိုက်သည်။
နောင်တွင် အဖွဲ့ဝင်များ ပို၍ ပို၍ များလာမည်။ သူတို့ကို ထိုနေရာတွင် ထိုင်ခွင့်ပေးလိုက်ပါက အားလုံးကို အိမ်ထဲတွင် ထိုင်ခွင့်ပေးထားရမည်လား။ ကျန်းဟန်သည် ထိုသို့ခွင့်မပြုပေ။
"ဒါဆို ကျွန်မတို့ ဘာလုပ်ရမလဲ သူဌေး..."
လျန်မုန့်ချီ၏အမူအရာမှာ ခါးသီးလာသည်။
အကယ်၍ အခြားအချိန်မျိုးတွင် လျန်မုန့်ချီသည် ဤကဲ့သို့ တစ်စုံတစ်ယောက်က အကြိမ်ကြိမ်ငြင်းဆိုနေပါက သူမပေါက်ကွဲနေပြီဖြစ်သည်။ လျန်မုန့်ချီသည် ဒုတိယမျိုးဆက် သူဌေးသမီး သခင်မလေးစစ်စစ် ဖြစ်သည်ကို မေ့မထားသင့်ပေ။
သူမသည် နူးညံ့သိမ်မွေ့သော်လည်း ဒေါသတော့ရှိသေးသည်။ သို့သော် ဤစားသောက်ဆိုင်ထဲတွင် သင်သည် မည်မျှချမ်းသာသည်ဖြစ်စေ၊ မည်မျှပင်ဒေါသကြီးပါစေ၊ မည်မျှပင် စိတ်ဆန္ဒရှိပါစေ သင်သည်အမြဲတမ်း သင့်ကိုယ်သင် ထိန်းသိမ်းနေရမည်။ အကယ်၍ သင်သာ နာခံမှုမရှိပါက ...စားစရာလည်းရရှိနိုင်မည်မဟုတ်တော့ချေ။
လျန်မုန့်ချီသည် ကျန်းဟန်နှင့် ညှိနှိုင်းရန် အခွင့်အရေးမရှိသည်ကို မြင်သည့်အခါ မုန့်မုန့်အား ကြည့်လိုက်ပြီး စိတ်ထဲတွင် တိုးတိုးလေးရေရွတ်လိုက်သည်။
ဟမ့်! စိတ်ပုတ်တဲ့သူဌေး ရှင်သဘောမတူရင် နောက်တစ်ယောက်ရှိသေးတယ်...
ရက်အနည်းငယ်ကြာ အဆက်အဆံရှိပြီးနောက်တွင် လျန်မုန့်ချီနှင့် အခြားသူများသည် ကျန်းဟန်၏ အသက်သွေးကြောအညှာကို သိရှိခဲ့ကြသည်။
သူ့ကို စိတ်ကျေနပ်အောင် ကြိုးစားဖားယားနေတာထက် မုန့်မုန့်ကို ကျေနပ်အောင်ကြိုးစားတာက ပိုကောင်းဦးမယ်။ မုန့်မုန့်သာ ငါတို့အတွက်ပြောပေးရင် သူဌေးလည်း ငြင်းမှာမဟုတ်ဘူး...
ကျန်းဟန်သည် သူမ၏အကြည့်နှင့် အတွေးများကိုသတိပြုမိသွားကာ သူ၏အကြည့်ကို ထမင်းစားခန်းအပြင်ဘက်သို့ ရွှေ့လိုက်ပြီး မီးဖိုချောင်အပြင်ဘက်ရှိ ဗီရိုရှည်နှစ်လုံးကို ညွှန်ပြကာပြောလိုက်သည်။
"ဒါဆို မင်းတို့ ဒီဗီရိုနှစ်လုံးကို ဖယ်ပြီး စားပွဲနည်းနည်းသွားဝယ်ပြီးထည့်လိုက်။ အဲဒါတွေကို အဖွဲ့ဝင်တွေအနေနဲ့ မင်းတို့အတွက် ပုံသေခုံတွေလို့ မှတ်ထားပါ"
"ဟမ်?"
လျန်မုန့်ချီ ခဏကြောင်သွားပြီးနောက် ပျော်ရွှင်စွာပြောလိုက်သည်။
"ကောင်းပါပြီ။ ချင်းချင်း၊ မာမီကျောက် လာ မြန်မြန်လာ"
လျန်မုန့်ချီသည် သူမ၏အဖော်နှစ်ယောက်ဆီသို့ ချက်ချင်းလက်ပြလိုက်သည်။
"ဟီးဟီးဟီး..အဲဒါအလုပ်ဖြစ်ပြီ။ ဒီဗီရိုနှစ်လုံးကို ဖယ်လိုက်ကြရအောင်။ ပြီးရင် စားပွဲနဲ့ ထိုင်ခုံကို သွားဝယ်ကြမယ်"
လျန်မုန့်ချီ ရယ်ရင်းပြောသည်။
"သေချာတာပေါ့"
ကျောက်ဒါဟူသည် ရယ်မောလိုက်ပြီး သူ၏အင်္ကျီလက်များကို ခေါက်တင်လိုက်ကာ အလုပ်စလုပ်ရန် ပြင်လိုက်သည်။
ဗီရိုများမှာ အကြီးနှစ်လုံးဖြစ်သည်။ တစ်လုံးမှာ အရှည် ၂ မီတာခန့်ရှိပြီး အနံ ၄၀ စင်တီမီတာခန့်ရှိသည်။ ကျောက်ခိုင်သည် သူ၏အတွေးနှင့်သူ ထိုဗီရိုများကို ထားပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ရှေးဟောင်းပစ္စည်း ရတနာအချို့ကို သိမ်းဆည်းရန် ဖြစ်သည်။
သို့သော် ရှေးဟောင်းပစ္စည်း မထားရသေးခင်ပင် ဗီရိုများမှာ ကိစ္စတုံးနေပြီဖြစ်သည်။
မီးဖိုချောင်မှနေ၍ ပြတင်းပေါက်ရှေ့ရှိထမင်းစားစားပွဲငယ်လေးများအထိ စုစုပေါင်း လေးမီတာခန့်ကျယ်ဝန်းကာ ထမင်းစားစားပွဲ ၃ လုံးကို နေရာချထားရန် လုံလောက်သည်ထက် ပိုပေသည်။
"ဝမ်း တူး သရီး မ!"
ယူချင်းချင်းသည် တိုင်ပေးလိုက်သည်။
ရှေ့မှတိုင်ပေးလိုက်ရင်း ယူချင်းချင်းသည် မ လိုက်သော်လည်း တစ်ဖက်တွင် လျန်မုန့်ချီနှင့် ကျောက်ဒါဟူ တို့ဘက်တွင် မြင့်တက်မလာပေ။
ယောက်ကျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ပေါင်းခွန်အားသည် ယူချင်းချင်းတစ်ယောက်တည်း၏အားနှင့်ပင် မယှဉ်နိုင်ပေ။ ယင်းက ယူချင်းချင်းအား အနည်းငယ်စိတ်ဓာတ်ကျသွားစေက အကူအညီမဲ့စွာဖြင့်
"နင်တို့နှစ်ယောက် ဘာမှမစားရသေးဘူးလား"
"အိုက်ယား ဒါက အရမ်းလေးလွန်းတယ်"
လျန်မုန့်ချီသည် နှုတ်ခမ်းစူလိုက်သည်။ သူမ၏ခွန်အားအကုန်အစင်သုံးလိုက်ရင်း ကျောက်ဒါဟူအားကြည့်ကာ
"နင့်ကို မာမီလို့ခေါ်တာက နင်က အားနွဲ့နေလို့ပဲ။ နင့်မှာ အားမရှိတော့ဘူးလား"
"ဒီလို ကြမ်းတမ်းတဲ့အလုပ်ကို ငါဘယ်လိုလုပ်နိုင်မှာလဲ"
ကျောက်ဒါဟူသည် အနည်းငယ် ခါးသီးစွာပြောသည်။
"အဟမ်း..မင်းတို့ဘာလုပ်နေကြတာလဲ"
ထိုအချိန်တွင် တံခါးဝမှ အသံတိုးတိုးလေးထွက်ပေါ်လာသည်။
သူ၏ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ ၎င်းမှာ နောက်ကျနေသည့် ကျောက်ဖုန်းဖြစ်ကြောင်း သိလိုက်သည်။
ယူချင်းချင်းသည် ထိုအကောင်တွင် ကျွမ်းကျွမ်းကျင်မှုတစ်ချို့ရှိသည်ကို သိထားသောကြောင့်
"အဲဒီမှာရပ်ကြည့်မနေနဲ့ မြန်မြန်လာလုပ်ကူဦး"
"ဒါဘာလုပ်နေတာလဲ?"
ကျောက်ဖုန်းသည် ကျန်းဟန်အား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
"နေရာမရှိတော့ဘူးဆိုတာ ရှင်မတွေ့ဘူးလား"
လျန်မုန့်ချီသည် ပြန်ဖြေလိုက်သည်။
"ကျွန်မတို့ ဒီနေရာကထွက်မသွားရဖို့အတွက် ဒီမှာ ကိုယ်ပိုင်စားပွဲခုံတွေခင်းဖို့ သူဌေးသဘောတူအောင် မနည်းတောင်းပန်ထားရတာ"
"အင်း"
ကျောက်ဖုန်းခေါင်းညိတ်လိုက်သည်။
"ကျွန်တော်လုပ်လိုက်ပါ့မယ်"
ကျောက်ဖုန်းသည် လျန်မုန့်ချီ၏ရှေ့သို့လျှောက်လာပြီး ပြောလိုက်ရင်း လက်တစ်ဖက်က ဗီရိုကို ဆုပ်ကိုင်လိုက်သည်။ သူနှင့် ယူချင်းချင်းတို့ မ လိုက်ကြပြီး ဖြေးဖြေးချင်းလျှောက်ထွက်လာကြသည်။
ထိုအချိန်တွင် ပြတင်းပေါက်ဘေးရှိ စားပွဲငယ်လေးတွင် ထိုင်နေသောသူများအားလုံး မတ်တပ်ရပ်လိုက်ကြသည်။
စွန်းဒုန်ဟမ်သည်
"မင်းတို့ ဗီရိုကို ကူသယ်ပေးချင်ကြတာ ဘာလို့ စောစောကမပြောကြတာလဲ။ လူတိုင်း နည်းနည်းလောက်ကူညီသင့်တယ်"
သူပြောပြီးသည်နှင့် စွန်းဒုန်ဟမ်နှင့် အခြားသူများသည် အခြားဗီရိုတစ်ခုကို သယ်ကာ ထွက်လာကြသည်။
သူတို့သည် အမှိုက်ပုံး၏ဘေးတွင် ထားခဲ့လိုက်ကြသည်။ အနီးအနားတွင် သန့်ရှင်းရေးလုပ်နေသည့် အဘိုးကြီးရှိနေ၏။ ထိုမြင်ကွင်းကိုမြင်လိုက်ပြီးနောက် သူသည် ပြုံးနေသည်မှာ ပါးစပ်ပင်မစိတော့ပေ။
ပစ္စည်းအသစ်နောက်တစ်သုတ်ထပ်ရောက်လာတဲ့ပုံပဲ။ မုန့်မုန့်ရဲ့အပန်းဖြေရာစားသောက်ဆိုင် က တော်တော်စေတနာကောင်းတယ်ထင်တယ်...
"စားပွဲတွေ ထိုင်ခုံတွေ သွားဝယ်ကြရအောင်။ ငါတို့ရဲ့ VIP အဆင့်အတန်းကို သက်သေပြဖို့ ပိုပြီးကောင်းတဲ့ဟာတွေကို ရွေးဖို့လိုတယ်"
ယူချင်းချင်းကိုတိုက်တွန်းလိုက်ရင်း လျန်မုန့်ချီသည် တက်ကြွနေသည်။
"ငါ မင်းနဲ့လိုက်ခဲ့မယ်"
ကျောက်ဖုန်းသည် လျန်မုန့်ချီကို ကြည့်ကာ အနည်းငယ်ပြုံး၍ ပြောလိုက်သည်။
သူ့တွင် ဤမိန်းကလေးနှင့်သက်သက်၍ အထင်အမြင်ကောင်းသော်လည်း လျန်မုန့်ချီသည် သူ့အားလုံးဝစိတ်ဝင်စားသည့်ပုံ မရပေ။
"ရှင်က ဘာလိုက်လုပ်မှာလဲ?"
လျန်မုန့်ချီသည် နှုတ်ခမ်းကို တွန့်ပြီး ပြောလိုက်သည်။
ကျောက်ဖုန်း ဘာပြန်ပြောရမှန်းပင် မသိတော့။
"ကျွန်တော်လည်း စားသောက်ဆိုင်ရဲ့ အဖွဲ့ဝင်ပါ။ အတူတူသွားကြလို့ရမလား"
ကျောက်ဒါဟူသည် ကျောက်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး
"ဒါဆို ကားမောင်းပြီး ငါတို့နောက်ကလိုက်ခဲ့ပါ"
"ကောင်းပြီ"
ကျောက်ဖုန်းခါင်းညိတ်လိုက်သည်။
ထိုသို့ဖြင့် အနီးအနားရှိ ဈေးဝယ်စင်တာသို့ မောင်းလာကြသည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက် သူတို့သည် တစ်ခုံလျှင် လူလေးယောက်ဆံ့သည့် မီးခိုးရောင် စတုဂံပုံစံ စားပွဲငယ် သုံးလုံးနှင့် ပြန်လာကြသည်။
ပို့ဆောင်သူသည် စားပွဲကို ချထားခဲ့ပြီး လျန်မုန့်ချီနှင့်အခြားနှစ်ယောက်သည် စားပွဲတစ်လုံးတွင် ထိုင်ကာ တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့ကြသည်။
"ကျောက်ဖုန်း လာ ငါ့ဘေးမှာလာထိုင်"
ကျောက်ဒါဟူသည်သူ၏ဘေးရှိ လွတ်နေသော ထိုင်ခုံကို စိတ်အားထက်သန်စွာ ပုတ်ပြရင်း ပြောလိုက်သည်။
"အမ်...ကောင်းပြီ"
ကျောက်ဖုန်း ပြုံး၍ ခေါင်းညိတ်လိုက်သည်။
များသောအားဖြင့် သူသည် ထို့သို့သော ကိစ္စများကို စိတ်မဝင်စား ဂရုမစိုက်ခဲ့ပေ။ သို့သော် ဤတစ်ကြိမ်တွင်တော့ ကျောက်ဖုန်းသဘောတူလိုက်သည်။
အကြောင်းပြချက်မှာ ရိုးရှင်းပါသည်။ လျန်မုန့်ချီကို ကြည့်ချင်သောကြောင့်ပင်ဖြစ်သည်။
ကျောက်ဒါဟူ၏ဘေးရှိထိုင်ခုံမှာ လျန်မုန့်ချီကို မျက်နှာမူထားသည်။ ရိုးရိုးသားသားပြောရလျှင် ကျောက်ဖုန်းသည် လျန်မုန့်ချီကို သူ၏နှလုံးသားအောက်ခြေမှ နက်နက်ရှိုင်းရှိုင်း ချစ်မိခဲ့ခြင်းဖြစ်သည်။
သို့သော် လျန်မုန့်ချီသည် သူ့ကို လုံးဝကြိုက်သည့်ပုံမပေါ်သဖြင့် ကျောက်ဖုန်းသည် သူ၏အသွင်အပြင်ကို ကောင်းကောင်းဂရုမစိုက်သော်လည်း ထပ်ခါတလဲလဲ အံဩသွားရသည်။ သူအပြင်သွားသည့်အခါတိုင်း ဂိုဏ်းထဲရှိ အခြားမိန်းကလေးများအားလုံးက သူ့အား ချောမောသည်ဟု ချီးကျူးကြသည်ကို သတိရမိသည်။
ခဏအကြာတွင် ကြက်ဥထမင်းကြော်ရနံ့မှာ မွှေးလာသည်။
ကျန်းဟန်သည် ကောင်တာပေါ်တွင် တိုက်ရိုက်တင်ပေးလိုက်ပြီး ဧည်သည့်များသည် သူတို့၏အစားအသောက်ကို လာယူလိုက်ကြသည်။
ဤတစ်ကြိမ်တွင် လျန်မုန့်ချီသည် ကြက်ဥထမင်းကြော် ပန်းကန်တစ်ဝက်ခန့်ကိုသာ စားပြီး ကျောက်ဒါဟူ၊ ကျောက်ဖုန်းနှင့် ယူချင်းချင်းတို့က အနည်းငယ် ပိုစားလိုက်ကြသည်။
လျန်မုန့်ချီသည် ဖက်ထုပ်စားရန်အတွက် အစာအိမ်နေရာချန်ထားချင်သောကြောင့်ဖြစ်ပြီး ယူချင်းချင်းသည် ကြက်သွန်မြိတ်မကြိုက်သောကြောင့် သူမသည် ကြက်ဥထမင်းကြော်ကိုသာ စားရန် စီစဉ်ထားသည်။
အခြားသူများလည်း သူတို့၏အစားအသောက်များကို ယူ၍စားသောက်ကြသည်။ လူတစ်ယောက်သည် သူတို့၏ အစားအသောက်ကို ကိုယ်တိုင်ထယူရလျှင် ပျော်ရွှင်မည်မဟုတ်ပေ။ သို့သော် သူတို့အားလုံးသည်တော့ သူတို့၏ အစားအသောက်ကို ယူရန် နာခံစွာပင် တန်းစီ၍ရပ်နေကြသောကြောင့် သူတိုအတွက် မည်သို့မျှ စိတ်မကွက်သည်ကို သိနိုင်သည်။
"ဒီမှာပဲထိုင်ရအောင်"
စားပွဲမှာ အနည်းငယ်ပိုမြင့်သည်ကို တွေ့လိုက်သည့်အခါ စွန်းဒေါင်ဟူသည် သူ၏မိန်းကလေးအသစ်ကို ခေါ်လာပြီး ထိုင်ရန်ပြင်နေသည်။
"ဟေး ဟေး ဟေး!"
လျန်မုန့်ချီသည် သူတို့ကို အလျင်အမြန်တားလိုက်ပြီး
"ဒီနေရာက အဖွဲ့ဝင်တွေပဲ ထိုင်လို့ရတယ်။ ဟိုကို ပြန်မသွားရင် ရှင်ထိုင်စရာ နေရာမရှိဘူးဖြစ်သွားမယ်"
"အမ်..."
စွန်းဒေါင်ဟမ်သည် သူ၏အဖော်မိန်းကလေးကို ပြတင်းပေါက်နားရှိ အဖြူရောင်စားပွဲလေးဆီသို့ ပြန်ခေါ်သွားသည်။
ကျောက်ဖုန်းသည် လျန်မုန့်ချီအား အလွန်စိတ်ဝင်စားဖို့ကောင်းသည်ဟု တွေးကာ ပြုံးလိုက်သည်။
"ရှင်ဘာရယ်တာလဲ"
လျန်မုန့်ချီသည် သူ့အား စိုက်ကြည့်နေသည်။
"အမ်...မင်းက ရဲရင့်တယ်လို့ တွေးမိလို့ပါ"
ကျောက်ဖုန်း ခေါင်းခါယမ်းလိုက်သည်။
"ရှင်နဲ့ဘာဆိုင်လဲ? ရှင်စားစရာရှိတာသာစားပါ"
လျန်မုန့်ချီသည် ကျောက်ဖုန်းအား လုံးဝမကြည်သည့်ပုံစံကြောင့် ကျောက်ဖုန်း စိတ်ထဲတွင် ပြုံးလိုက်မိသည်။
ငါ့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး...
သူတို့စားလိုက်သည့်အခါ ထမင်းမှာမွှေးနေဆဲဖြစ်သည်။ အထူးသဖြင့်နောက်ဖက်မှာ အသစ်ရောက်လာသူများအတွက် ပို၍ပင်မွှေးနေသည်။ စားသောက်နေစဉ် သူတို့၏ပုံစံများမှာအိန္ဒြေဆည်နိုင်သည့်ပုံမပေါ်ပဲ သူတို့၏မျက်နှာများတွင် ချီကျူးသည့်အရိပ်အယောင်များက ဖုံးလွှမ်းနေသည်။
ကျန်းဟန်သည် ရေနွေးအိုးတည်လိုက်ပြီး စားပွဲဝိုင်းပေါ်တင်လိုက်သည်။
"ဖေဖေ ဘာတွေလုပ်နေတာလဲ"
မုန့်မုန့်သည် စိတ်ဝင်တစားမေးသည်။
"ဖေဖေက မုန့်မုန့်စားဖို့ ဖက်ထုပ်လုပ်မလို့"
ကျန်းဟန်သည် အနည်းငယ်ပြုံး၍ ပြန်ပြောသည်။
"အာ...ဒါဆို မုန့်မုန့်လည်း ဖေဖေ့ကို ဝိုင်းကူလုပ်မယ်"
မုန့်မုန့်သည် ပြေးလာပြီး ကုလားထိုင်သေးသေးလေးပေါ်တွင် ထိုင်ပြီး ဖေဖေ့ကို ကြည့်ရင်းပြောလိုက်သည်။
ကျန်းဟန်သည် မစ်ချာတွင် ကပ်နေသောအမှုန့်များကို ကြိုတင်ကာကွယ်ရန် မုန့်ညက်မျက်နှာပြင်ပေါ်တွင် ဂျုံမှုန့်ကို သုံးပိုင်းခွဲကာ မုန့်ညက်သေးသေးလေး သုံးခုအဖြစ် ပြောင်းလိုက်သည်။ ထိုနောက် မုန့်ညက်နှစ်ခုကို ဇလုံထဲသို့ ပြန်ထည့်လိုက်သည်။
ကျန်းဟန်သည် သူ၏လက်ချောင်းကို စက်ဝိုင်းအလယ်ဗဟိုတွင် ထည့်လိုက်ပြီး ၎င်းကို စတင်လှည့်လိုက်သည်။ ကျန်းဟန်သည် အားအသင့်အတင့်ဖြင့် ဆွဲလိုက်ပြီး တဖြည်းဖြည်း အထူအပါးမှာ အတိုင်းအတာတစ်ခုအထိရောက်ရှိသွားပြီး လက်မခန့်ရှိသည့်အခါ ၎င်းကို ဖြတ်လိုက်သည်။
နောက်တစ်ဆင့်တွင် ၎င်းတို့ကို ရိုလာ(Roller) အသုံးပြုကာ ဂျုံးပြားအဖြစ် လှိမ့်မည်ဖြစ်သည်။ ကျန်းဟန်သည် ဂျုံညက်ကို ဖြတ်ရန် ဓါးကိုမသုံးဘဲ တိုက်ရိုက်ဆွဲထုတ်ရန် လက်ကိုအသုံးပြုခဲ့သည်။
သူသည် မုန့်ညက်ကို ဆွဲရန် အားကိုပို၍သုံးလိုက်သည်။ တစ်နည်းအားဖြင့် မုန့်ညက်ကို ဆွဲဆန့်ထုတ်လိုက်သည်။ ကျန်းဟန်၏အားထိန်းချုပ်မှုမှာ ပြီးပြည့်စုံမှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။
-C 60 End