အပိုင်း(၅၁) လျန်မုန့်ချီလခြမ်းတောင်သို့ အလည်လာခြင်း
"အို ရေး..မုန့်ချီ ငါနင့်ကို အရမ်းချစ်သွားပြီ"
ကျောက်ဒါဟူသည် လျန်မုန့်ချီအား လက်မထောင်ပြလိုက်သည်။
"နင့်ကိုယ်နင်လည်း ပြန်ကြည့်ပါဦး မိန်းမပျက်ကျနေတာပဲ။ နင်ပဲ သန့်ရှင်းရေးလုပ်မယ်ပြောထားတာ။ မြန်မြန်လုပ် ထမင်းစားစားပွဲကို ရှင်းကြမယ်"
လျန်မုန့်ချီသည် မျက်စောင်းထိုး၍ ပြောလိုက်သည်။
"သိပြီ သိပြီ"
ကျောက်ဒါဟူသည် အလေးပြုလိုက်ပြီး ကျေကျေနပ်နပ်ပင် စားပွဲကို သန့်ရှင်းရေးလုပ်လိုက်သည်။
ယခင်က တစ်နေ့နေ့၌ ဤကဲ့သို့ စားသောက်ဆိုင်တွင် ထမင်းစားပြီးနောက် သန့်ရှင်းလုပ်ရမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ အဓိကအချက်မှာ သူသည် ထိုသို့လုပ်နေရသည်ကို အမှန်တကယ်ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေခြင်းဖြစ်သည်။
"ဘယ်လောက် ရွံစရာကောင်းတဲ့ ဟာလေးလဲ"
ယူချင်းချင်းသည် ကျောက်ဒါဟူအား ကြည့်လိုက်ပြီး အပြုံးလေးဖြင့် ကြိမ်းမောင်းလိုက်သည်။
"ချင်းချင်း သူဌေးရဲ့ မီးဖိုချောင်ထဲကို သွားကြည့်ရအောင်။ နောက်ကျရင် ကြက်ဥထမင်းကြော်တင်မကဘူး တခြားအရသာတွေ ရှိတဲ့အစားအသောက်တွေလည်း ရှိလာမှာလို့ သူပြောဖူးတယ်။ ခဏနေလို့ ငါတို့ဈေးဝယ်သွားရင် လျှပ်စစ်ထမင်းအိုးတစ်ခုပဲ ဝယ်ရုံနဲ့မရလောက်ဘူး"
လျန်မုန့်ချီသည် ပြောရင်းဖြင့် ယူချင်းချင်းအား မီးဖိုချောင်ထဲသို့ ဆွဲခေါ်သွားသည်။
"ဟုတ်တယ် ဟုတ်တယ် သွားကြည့်ရအောင်"
ယူချင်းချင်းနှင့် လျန်မုန့်ချီသည် မီးဖိုချောင်ထဲသို့ ဝင်ကြည့်လိုက်သည်။
"ဒယ်အိုးက နည်းနည်းသေးနေတယ်"
"ဟုတ်တယ် သေးနေတယ်။ တစ်လုံးတည်းနဲ့ မလောက်ဘူး။ မီးဖိုက ၂ ခုမရှိဘူးလား။ ဒီဒယ်အိုးကို လွှင့်ပစ်ပြီး အကြီးကြီးတစ်လုံးဝယ်လိုက်ရအောင်"
"ပြီးတော့ လျှပ်စစ်ထမင်းအိုး"
"ဟုတ်တယ် အရေးကြီးဆုံးက ထမင်းအိုးပဲ"
"ဒီမှာ ရေနွေးငွေ့ပေါင်းအိုးတစ်လုံးလည်းရှိတယ်။ ဒီလောက်သေးသေးလေးနဲ့ နည်းနည်းလေးပဲပေါင်းနိုင်မှာပေါ့။ မဖြစ်ဘူး ငါတို့ဒါကိုလည်း လဲရမယ်"
"မီးဖိုကိုလည်း လဲလိုက်"
"ငါတို့ ပန်းကန်ပြားကောင်းကောင်းလေးတွေဝယ်ရင်ကောင်းမလား။ စက္ကူခွက်တွေ။ စက္ကူပန်းကန်တွေ၊ တစ်ခါသုံးတူတွေ၊ ဇွန်းတွေကို သုံးတိုင်း အဆင်မပြေဘူးလို့ ခံစားရတယ်"
"နင်ပြောတာ ဟုတ်တယ်။ တစ်ခါတည်း အကုန်တစ်စုံလုံးဝယ်လိုက်။ အဆိုးဆုံးအနေနဲ့ နောက်ကျရင် ငါတို့ ကိုယ့်ပန်းကန်ကို ဆေးရရုံပဲရှိမှာ"
"..."
သူမတို့နှစ်ယောက် မီးဖိုချောင်ထဲတွင် ခဏကြာနေသည့်အချိန်တွင် ကျောက်ဒါဟူသည် စားပွဲကို သပ်သပ်ရပ်ရပ်လုပ်ပြီး အမှိုက်များကိုပစ်လိုက်သည်။ ထို့နောက် မီးဖိုချောင်လက်သို့ လျှောက်လာပြီး ကောင်တာပေါ်ရှိ မီးဖိုချောင်းသုံးပစ္စည်းများကိုလှမ်းကြည့်လိုက်သည်။
"လွှင့်ပစ်လိုက်!"
မိန်းကလေးနှစ်ယောက်သည် ခေါင်းမလည့်ဘဲ ပြောလိုက်ကြသည်။
ကျောက်ဒါဟူသည် ချက်ချင်းတုံ့ပြန်လိုက်ပြီး တိုက်ပွဲထဲသို့ ဝင်လိုက်သည်။
သူတို့ ၃ ယောက်သည် အသစ်စက်စက် လျှပ်စစ်မီးဖိုများ၊ လျှပ်စစ်ထမင်းအိုးများနှင့် အခြားအသုံးအဆောင်များကို ယူလိုက်ပြီး အမှိုက်ပုံးနှင့်ထည့်ကာ အပြင်သို့ပစ်လိုက်ကြသည်။
အမှိုက်များသိမ်းသည့် သန့်ရှင်းရေးဝန်ထမ်းအချို့သည်တော့ ယနေ့ ဆုလာဘ်တစ်ချို့ ရရှိနိုင်မည့်ပုံပေါ်သည်။
......
တစ်ချိန်တည်းမှာပင် ရွှယ်ချမ်(ဂျိုကာရွှယ်)၏ အိမ်တွင်
"အိုက်ယား ဘာလို့ခုထိ ပြန်မပြောသေးတာလဲ"
လီဖန်း၏ နုတ်ဘွတ်(Notebook) တွင် သူ၏ မေးလ်ဘောက်(mailbox) ကို ဖွင့်ပြထားသည်။ သူသည် ဟန်ယန်၏ ပြန်စာကို စောင့်ဆိုင်းရင်း F5 ကီးကို နှိပ်လိုက်ကာ ၁၀ စက္ကန့်တစ်ကြိမ် ရီဖရက်ရှ်(refresh) လုပ်နေသည်။
"စိတ်မပူပါနဲ့။ နေ့ခင်းပိုင်းမှာ အွန်လိုင်းမသုံးကြတာ ပုံမှန်ပါပဲ။ နောက်မှ သတင်းကို စစ်ကြည့်လို့ရတာပဲ"
ရွှယ်ချမ်သည် ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး သီချင်းစာသားကို ဖတ်နေသည်။ လီဖန်း၏အသွင်အပြင်ကို မြင်လိုက်သဖြင့် ခေါင်းယမ်းလိုက်သည်။
ဒီကောင်က သီချင်းကောင်းလေးတစ်ပုဒ် တွေ့လိုက်ရတော့ တော်တော်စိတ်လှုပ်ရှားသွားတာပဲ။ ဟန်ယန်၏ပြန်စာကို စောင့်မျှော်ရင်း သူ၏ကွန်ပြူတာရှေ့တွင် နှစ်နာရီကြာအောင် သူ၏မေးလ်ဘောက်ကို ရီဖရက်ရှ်လုပ်နေခဲ့သည်။
"မင်းမှာက လုပ်စရာမရှိရင် ဒီသီချင်းကို လေ့လာနေလို့ရတယ်။ ငါကျတော့ ဒီသီချင်းအကြောင်းကို ဆွေးနွေးပြီးဖို့ပဲ အလျင်လိုနေတာ"
လီဖန်းသည် ငိုချင်သော်လည်း မျက်ရည်က ကျမလာပေ။
သို့သော်လည်း ကျန်းဟန်သည် Penuguin Software ကို နေ့စဉ်သုံးလေ့မရှိသောကြောင့် သူ၏လုပ်ဆောင်ချက်သည် အသုံးမဝင်သော အလုပ်တစ်ခုသာဖြစ်လာခဲ့သည်။ ပြောရလျှင် သူသည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းကပင် ထိုသို့ တစ်ခါမှ မလုပ်ခဲ့ဖူးပေ။
......
နှစ်နာရီကြာပြီးနောက် ကျန်းဟန်သည် မုန့်မုန့်အား ပွေ့ချီလာပြီး သပ်သပ်ရပ်ရပ်ဝတ်စားကာ ဆင်းလာသည်။
ကျန်းဟန်သည် မီးဖိုချောင်တစ်ခုလုံးကို ကြီးမားသော ဟင်းချက်ကိရိယာများဖြင့် ပြောင်းလဲထားသည်အား တွေ့လိုက်ရသည့်အခါ အကူအညီမဲ့စွာဖြင့် ခဏကြာအောင် ကြက်သေသေသွားခဲ့သည်။
"မင်းတို့ တကယ်အများကြီးဝယ်ခဲ့တာလား"
ကျန်းဟန် ရယ်ရမလား ငိုရမလားပင် မသိတော့။
"ဟုတ်ပါတယ် သူဌေး. ရှင်ကကျွန်မတို့ကို အခွင့်အရေးပေးတော့ ကျွန်မတို့ကလည်း တန်ဖိုးထားသင့်တယ်မလား ဟီးဟီး"
လျန်မုန့်ချီသည် ရယ်သွေးသွမ်း၍ပြောလိုက်သည်။
"သူဌေး...ပန်းကန်စင်ရဲ့ ဘယ်ဘက်ခြမ်းမှာ နေရာလွတ်တစ်ခုရှိနေတာတွေ့လို့ ကျွန်မတို့သုံးယောက် အထဲမှာပန်းကန်တွေထည့်လားလိုက်တယ်။ ပန်းကန်ခွက်ယောက်တွေရဲ့အပေါ်မှာ နာမည်တွေကပ်ထားတယ်။ ကျွန်မတို့ ပုံမှန်ပန်းကန်တွေပဲသုံးမယ်။ ကျွန်မတို့စားပြီး ပြန်သွားရင် ပန်းကန်တွေ ကိုယ်တိုင်ဆေးပေးခဲ့ပါ့မယ်"
"ကောင်းပြီ"
ကျန်းဟန် အနည်းငယ်ခေါင်းညိတ်လိုက်သည်။
"မုန့်မုန့်လည်း ပန်းကန်တွေကိုယ်တိုင်ဆေးဖို့လိုတယ်"
မုန့်မုန့်သည် သူမ၏အသံလေးဖြင့် ပြောလိုက်သည်။
"မုန့်မုန့်က မင်းသမီးလေးလေ"
ကျန်းဟန်၏အမူအရာမှာ လေးနက်သွားသည်။
"မင်းသမီးလေးကက ဒီလိုမျိုးအလုပ်တွေကို ဘယ်တော့မှ လုပ်စရာမလိုပါဘူး။ သမီးက ဖေဖေနဲ့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နေဖို့ပဲလိုတာ"
"ဟုတ် ကောင်းပါပြီ"
မုန့်မုန့်သည် ချစ်စရာအမူအရာလေးဖြင့် ခေါင်းညိတ်သည်။
"အမ်? သူဌေး ရှင်ဘယ်သွားမလို့လဲ?"
လျန်မုန့်ချီသည် ကျန်းဟန်အပြင်ထွက်သွားသည်ကို မြင်သည့်အခါ စပ်စုစွာဖြင့် မေးလိုက်သည်။
"အပြင်သွားမလို့ ၂ နာရီ ၃ နာရီလောက်နေရင် ပြန်လာမယ်"
ကျန်းဟန်သည် သူတို့ကိုကြည့်ရင်း ပြောလိုက်သည်။
လျန်မုန့်ချီသည် ဖုန်းကိုဖြင့် ရုပ်ရှင်ကြည့်နေပြီး ယူချင်းချင်းနှင့် ကျောက်ဒါဟူတို့သည် အမှောင်ထဲတွင် ဂိမ်းကစားနေကြသည်။ ၎င်းကိုကြည့်ခြင်းဖြင့် သူတို့သည် နေ့လည်ခင်းတစ်ခုလုံး ထမင်းစားခန်းထဲတွင် ကုန်ဆုံးရန် စဉ်းစားထားပုံပေါ်သည်။
"ကျွန်မကို ခေါ်သွားပေးပါလား။ ဒီမှာနေပြီး မီးသီးတစ်လုံးမဖြစ်ချင်ဘူး"
လျန်မုန့်ချီ၏ မျက်လုံးများသည် တောက်ပလာသည်။
"ဟက် ဘာကို မီးသီးတစ်လုံးလဲ"
ယူချင်းချင်းသည် သူမအားစူးစူးဝါးဝါးစိုက်ကြည့်ကာ ရက်စက်တော့မည့်ဟန်ဖြင့်ပြောလိုက်သည်။
"တချို့တွေကတော့ မရှင်းမလင်းရည်ရွယ်ချက်တွေနဲ့ နောက်ကလိုက်ချင်နေတယ် ထင်တယ်"
"မကောင်းတဲ့သူငယ်ချင်း"
လျန်မုန့်ချီသည် နှာမှုတ်လိုက်ပြီး နောက်လှည့်ကြည့်မနေတောဘဲ ကျန်းဟန်ကို မျှော်လင့်တကြီးဖြင့်ကြည့်နေသည်။
"ဒါဆိုလည်း လိုက်ခဲ့ပါ"
ကျန်းဟန်ခေါင်းညိတ်ပြပြီး ထွက်သွားသည်။
ဂျုံများရိတ်သိမ်းရန် လခြမ်းတောင်သို့ သွားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူသည် မုန့်မုန့်အား နေ့တိုင်းထမင်းကြော်ချည်းပဲ မကျွေးနိုင်ပေ။
ထို့ပြင် သူစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များသည် ယခုအချိန်တွင် ရင့်မှည့်သင့်ပြီဖြစ်သည်။ ကျန်းဟန်သည် ယနေ့ညတွင် မုန့်မုန့်အတွက် ပုံမှန်ဟင်းနှစ်ခွက် ချက်ပေးရန် စီစဉ်ထားသည်။
"ကျွန်မတို့ ဘယ်ကို သွားနေတာလဲ"
လျန်မုန့်ချီနှင့် မုန့်မုန့်တို့သည် ကားနောက်ခန်းတွင်ထိုင်ပြီး ကားစထွက်သည်နှင့် လျန်မုန့်ချီသည် မနေနိုင်ဘဲမေးလိုက်သည်။
"လခြမ်းတောင်"
ကျန်းဟန်ပြန်ပြောလိုက်သည်။
"အွန်း"
လျန်မုန့်ချီ ခေါင်းညိတ်လိုက်သည်။
သူမသည် ဆက်၍မမေးတော့သော်လည်း မုန့်မုန့်သည် မနေနိုင်ဘဲ သူမ၏ဖေဖေအား အမွှမ်းတင်ကာ ကြွားနေတော့သည်။
"အစ်မကြီး လခြမ်းတောင်က ဖေဖေ မုန့်မုန့်ကို ပေးထားတဲ့ သုခဘုံလေးလေ"
"ဟုတ်လား"
လျန်မုန့်ချီသည် ပြုံးလိုက်ရာ သူမ၏မျက်နှာပေါ်တွင် ပါးချိုင့်လေးများပေါ်လာကာ သူမအပြုံးကို အလွန်ချိုမြိန်သွားစေ၏။ သူမက ရယ်သံလေးဖြင့်ပြောလိုက်သည်။
"ဒါဆို လခြမ်းတောင်က အရမ်းလှနေမှာပဲ"
"အရမ်းလှတယ်။ အဲဒီနေရာက အရမ်းအရမ်းလှတယ်။ လခြမ်းတောင်မှာ ခွေးလေးတွေအများကြီး၊ သစ်ပင်ကြီးတွေ၊ အိမ်သေးသေးလေးတွေ၊ ရေတွေ၊ ပန်းတွေ၊ မြက်တွေ၊ နွားတွေ၊ သိုးတွေ၊ ကြက်တွေ၊ ဝက်တွေ၊ ငန်းတွေ၊ ပြီးတော့......ဖေဖေ ဘာတွေရှိသေးလဲ"
မုန့်မုန့်သည် သူတို့၏ စိုက်ပျိုးရေးဧရိယာအကြောင်းကိုစဉ်းစားလိုက်သည်။ ထုတ်ဖော်ပြောချင်သော်လည်း မည်သို့ပြောရမှန်းသိသဖြင့် ဖေဖေထံတွင်သာ အကူအညီတောင်းလိုက်သည်။
"ရေကန်တွေ၊ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ"
ကျန်းဟန်သည် ပြုံး၍ ထပ်ပေါင်းပြောလိုက်သည်။
"ဝိုး...မုန့်မုန့်ပြောသလိုဆိုရင် အဲဒီနေရာက တကယ့်ကို သုခဘုံပဲ"
လျန်မုန်ချီသည် အလွန်မိုက်သည်ဟု ခံစားလိုက်ရသည်။
အမှန်ပင်။ သူမ၏စိတ်ထဲတွင် ထိုနေရာကိုဖော်ပြရန် 'အရမ်းမိုက်တယ်'ဟူသော စကားလုံးကို သုံးနေပြီဖြစ်သည်။ များပြားလှသော အရာများကို တွေးကြည့်ရုံဖြင့်ပင် အလွန်ခံရခက်နေပြီဖြစ်သည်။
"ဒါပေမဲ့ အရမ်းလှတယ်"
မုန့်မုန့်သည် သူမ၏ကလေးဆန်သည့်အသံလေးဖြင့် ဂုဏ်ယူစွာပြောသည်။
သို့သော် သူတို့ကိုယ်တိုင် မျက်စိဖြင့်တပ်အပ်မတွေ့သေးသရွေ့ လခြမ်းတောင်၏အလှကို သိနိုင်မည်မဟုတ်။
လျန်မုန့်ချီသည် လခြမ်းတောင်သို့ ရောက်သည့်အခါတွင်။
"ဒါက..."
လျန်မုန့်ချီ အလွန်အံ့အားသင့်သွားသည်။
"ဒါ....ဒါက တကယ့်ကို သုခဘုံတစ်ခုပဲ!"
"သူဌေး ရှင်ဒီနေရာကို ဘယ်လိုဆောက်ထားတာလဲ။ အရမ်းလှလွန်းနေတယ်မဟုတ်လား"
"လေကလည်း မွှေးနေသလိုပဲ။ ဒါက တကယ့်ကို မယုံနိုင်စရာပဲ"
"အိုး ဘုရားရေ။ ဒါက...နှင်းဆီလား...ဒါက..."
ကျန်းဟန်သည် လျန်မုန့်ချီ၏အမူအရာကို မျှော်လင့်ထားပြီးဖြစ်သည်။ သူမသည် စကားကို အဆက်မပြတ်တတွတ်တွတ်ပြောကာ တောင်၏နောက်ဘက်သို့လျှောက်လာရင်းဖြင့် သက်ပြင်းချလိုက်သည်။
ကျန်းဟန်၏ရင်ခွင်ထဲရှိနေသည့် မင်းသမီးမှာမူ အလွန်ဂုဏ်ယူနေသည့်အမှုအရာမှာ ပေါ်လွင်နေသည်။
လခြမ်းတောင်ကို မုန့်မုန့်အတွက် အထူးတည်ဆောက်ပေးထားခြင်းဖြစ်သည်။
"ခွေးတွေအများကြီးလား"
လျန်မုန့်ချီသည် မြက်ခင်းပြင်တွင် ကားနေသည့် ခွေးဒါဇင်ပေါင်းများစွာကို တွေ့လိုက်သည့်အခါ သူမ၏မျက်လုံးများမှာ စိမ်းလန်းသွားသည်။
ကြောင်များနှင့် ခွေးများကဲ့သို့ အမွှေးပွအိမ်မွေးတိရိစ္ဆာန်များကို လူအများနှစ်သက်ကြသော်လည်း မွေးမြူကြသည့်အရေအတွက်မှာ နည်းပါးကြသည်။ အိမ်မွေးတိရိစ္ဆာန်များသည် အမွှေးများကျွတ်ခြင်းနှင့် အပေါ့အလေးကိစ္စများကြောင့် အလွန်ဒုက္ခများသည်။
သန့်ရှင်းရေးလုပ်နိုင်သော်လည်း အချိန်အတော်ကြာသည်အထိ အိမ်တွင် အနံ့အသက်ဆိုးများ ထွက်နေလိမ့်မည်။ ခွေးများအသက်ကြီးလာမှသာ ထိုအခြေအနေမှ ပို၍အဆင်ပြေလာနိုင်သည်။ သခင်ကို အရင်သွားမရှာခင် အိမ်တွင် အပေါ့အလေးသွား၍ မရနိုင်ဘူးဆိုသည်ကို သူတို့သိကြသည်။
အကယ်၍ ကျန်းဟန်၏ အိမ်မွေးတိရိစ္ဆာန်များအားလုံးကဲ့သို့ ပိုးမွှားနှင့်အနံ့အသက်ကင်းစင်ပြီး အမွှေးများလည်းမကျွတ်ပါက အိမ်မွေးတိရိစ္ဆာန်အရေအတွက်မှာ တစ်ဟုန်ထိုး မြင့်တက်လာပေမည်။
ကျန်းဟန်ရောက်လာသည်ကိုမြင်သည်နှင့် ရှောင်ဟေးသည် အပြင်းအထန်ပြေးသွားသည်။ ရှောင်ဟေးသည် လူစိမ်းတစ်ဦးရှိနေသည်ကို တွေ့သည့်အခါ မသိစိတ်က ဟိတ်ကြီးဟန်ကြီးထုတ်ချင်နေသည်။
"ဝု...အမ်?"
ဟောင်၍နှုတ်ဆက်ခါနီးတွင် ရှောင်ဟေးသည် မထင်မှတ်ဘဲ မိန်းကလေးတစ်ယောက်ဖြစ်နေသည်ကိုတွေ့လိုက်သည်အခါ သူ၏မျက်လုံးများမှာ စိတ်ရှုပ်ထွေးသွားပြီး ကျန်းဟန်နှင့် လျန်မုန့်ချီတို့ကို့ တွေတွေကြီး စိုက်ကြည့်နေသည်။
ဒီတစ်ခါ အလှလေးက အရင်က သခင်မ မဟုတ်ဘူးလား?
ရက်နည်းနည်းလေးပဲရှိသေးသည် ဘယ်လိုဖြစ်၍ အခြားအလှလေးတစ်ယောက် ရောက်လာရတာလဲ။ ဒါက ဗရမ်းဗတာအခြေအနေကြီပဲ...
"ဒါက ရွှေရောင်သံချပ်ကာနဲ့ခွေးလား။ သူကအရမ်းလှတာပဲ"
လျန်မုန့်ချီသည် အံ့ဩစွာအော်လိုက်သည်။
"မဟုတ်ဘူး မဟုတ်ဘူး သူ့ကို ရှောင်ဟေးလို့ခေါ်တယ်။ အဲဒါက တရုတ်ကျေးလက်ဧရာဇ်ခွေး"
မုန့်မုန့်သည် သူမအား အမှန်ပြင်ပေးလိုက်သည်။
"ဟဲလို ရှောင်ဟေး"
လျန်မုန့်ချီသည် ပြုံး၍ နှုတ်ဆက်သည်။
"အာဝု အာဝု.."
ရှောင်ဟေသည် ညင်သာသည့်အပြုအမူဖြင့် တုံ့ပြန်လိုက်သည်။
"မင်းတို့ ဒီမှာခဏနေကြဦး။ ငါအလုပ်သွားလုပ်လိုက်ဦးမယ်"
ကျန်းဟန်သည် တံစဉ်ကို ကိုင်ကာ ဂျုံခင်းဆီသို့ လျှောက်သွားရင်းပြောလိုက်သည်။
လျန်မုန့်ချီသည် မုန့်မုန့်နှင့် ရှောင်ဟေးတို့ ကစားနေပုံကို အစပိုင်းတွင် ကြည့်ရှုနေခဲ့သော်လည်း ရှောင်ဟေး၏ အစွယ်များကို မြင်သည့်အခါ ထိတ်လန့်သွားသည်။ ရှောင်ဟေးသည် မုန့်မုန့်၏ရှေ့တွင် အမှန်တကယ်နာခံမှုရှိလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
လျန်မုန့်ချီသည် ရှောင်ဟေး၏အမွှေးများက မင်းသမီးလေး၏မျက်နှာကို မကြာခဏထိကပ်နေသည်ကိုတွေ့လိုက်သည်အခါ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
တစ်နာရီကြာကစားပြီးနောက် ကျန်းဟန်သည် ဂျုံခင်းတစ်ဝက်ခန့် ရိတ်သိမ်းပြီး ဂျုံများကို အစည်းများအဖြစ် စုစည်းရန် ရပ်တန့်လိုက်သည်။
ထိုအချိန်တွင် လျန်မုန့်ချီသည် လျှောက်လာပြီး မေးလိုက်သည်။
"သူဌေး မုန့်မုန့်က ခွေးလေးတွေနဲ့ အရမ်းနီးကပ်လွန်းတယ်။ သူက ငယ်သေးတယ် ခုခံအားမမြင့်သေးဘူး သူမကို..."
လျန်မုန့်ချီ စကားမဆုံးခင် ကျန်းဟန်သည် ခေါင်းယမ်းလိုက်ပြီး
"အဲ့ဒါအဆင်ပြေပါတယ်။ ဒီအိမ်မွေးတိရိစ္ဆာန်တွေမှာ အဲလိုပိုးမွှားတွေ မရှိဘူး"
"အမ်..."
လျန်မုန့်ချီ၏အမူအရာမှာ အေးခဲ့သွားသည်။ သူမ၏စိတ်ထဲတွင် မယုံကြည်သော်လည်း ဘာမှပြန်ပြောခြင်းမရှိပေ။ သူမ၏အကြည့်သည် အနီးအနားရှိ ကောက်ပဲသီးနှံများကို ဂရုတစိုက်ကြည့်လိက်ပြီး ချီးကျူးသည့်မျက်နှာဖြင့် ပြောသည်။
"ရှင်တကယ်စိုက်ထားတဲ့ အရာတွေက အများကြီးမလို့ မုန့်မုန့်က အရမ်းပျော်နေတာပဲ"
"မင်းကိုယ်တိုင် စိုက်ပျိုးထားမှ မင်းကောင်းကောင်းစားလို့ရမှာပေါ့"
ကျန်းဟန်သည် စကားပြောရင်း ဂျုံတစ်ပိုင်းကိုယူကာ ဟင်းသီးဟင်းရွက်စိုက်ခင်းဆီသို့ သွားလိုက်သည်။ ပဲအချို့ကို ခူးယူပြီး အာလူးအနည်းငယ်ကို တူးဖော်လိုက်သည်။ ခရမ်းချဉ်သီး ၂ လုံးနှင့် ခရမ်းသီးအချို့ကို ခူးလိုက်သည်။
"ဝိုး...ညစာအတွက် တခြားအရသာရှိတာတွေ ချက်မှာလား"
လျန်မုန့်ချီသည် ကျန်းဟန်၏လှုပ်ရှားပုံနှင့် ကြက်ဥထမင်းကြော်နေသည့်အသံကို တွေးမိကာ တံတွေး မမျိုချပဲမနေနိုင်ပေ။
"ဒါက မုန့်မုန့်နဲ့ငါ့အတွက်ပဲ"
ကျန်းဟန်သည် မထူးမခြားနားပင်ပြန်ပြောလိုက်သည်။
"ဟမ်?"
လျန်မုန့်ချီသည် အစပိုင်းတွင် လန့်ဖျပ်သွားပြီး နောက်ပိုင်းတွင် သွားများကိုကြိတ်၍ ဒေါသထွက်ကာ ကျယ်လောင်စွာ နှာခေါင်းရှုံ့လိုက်သည်။
တောင်အောက်ခြေသို့ရောက်သည့်အခါ လျန်မုန့်ချီနှင့် မုန့်မုန့်သည် ကားထဲတွင် စောင့်နေကြသည်။ ကျန်းဟန်သည် နောက်ဆုံးတွင် ဂျုံကိုမချမီ ရှေ့နောက်ခေါက်ပြန် အနည်းငယ် လျှောက်နေခဲ့သည်။
"မုန့်မုန့်မှာ ဒီလိုမျိုးထူးချွန်တဲ့အဖေရှိတာ ငါတကယ်ကို အားကျလိုက်တာ"
အခန်းထဲသို့မဝင်မီ လျန်မုန့်ချီသည် မနေနိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်ပြန်သည်။
-C 51 End