ချစ်မိသည်မှတစ်ပါး

By thaw94

63.4K 4.3K 295

အချစ်ဆိုတာရိုးရှင်း ပါတယ် အန်တီ မမရယ်။ More

introduction
အပိုင်း ၁
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
❗❗❗
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
???
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
နောက်ဆုံးပိုင်း
❤️❤️❤️
😜
Special Extra part ❤️
gl

အပိုင်း(၂၁)

1.3K 116 2
By thaw94

အပိုင်း(၂၁)

သုံးလခန့်ကြာသော်

အန်တီ နဲ့ အခု ဆို မတွေ့ ရ တာ သုံး လလောက် ရှိ ပြီ။ မြစ်ငယ် က ပြန် လာ ကတည်း က ဆိုပါတော့ ။  အန်တီ နဲ့ မတွေ့ ဖြစ်တဲ့ ရက် တွေ ကို လက် ရေချိုး ဖို့ အတွက် ကြယ် လေး တွေ ခေါက် ပြီး ဖန်ပုလင်း လေး ထဲ ထည့် ထား လိုက် တယ် လေ။ အခု ဆိုတော့ ကြယ် အလုံး လေး 90 လောက် တော့ ရ လောက် ရောပေါ့ ။လွမ်း တယ် အန်တီရယ်။ အနီးကပ် မတွေ့ ရပေမယ့် လည်း အဝေး ကနေ မျှော်ကြည့် နေရတာ ပိုပြီး တသိမ့်သိမ့် ဖြစ်ရပါတယ်။ အန်တီရှိ တဲ့ နေရာ လေး ကို လျှောက် ပြန် သံပေး ခြေအေး ဝမ်းရောင် လုပ် ရ တာ လည်း မော လှ ရော ပေါ့။

မနက် တစ်ခါ ညနေကျောင်း ပြန်တစ်ခါ လမ်းမကြုံကြုံ အောင် အန်တီ အိမ်ရှေ့ လမ်း ကနေ စက်ဘီးဖြတ်နင်းပြီး အန်တီ့ အရိပ် လေး ကို ကြည့် ရတာ အမော။ တစ်ခါတစ် လေ တော့ လည်း တွေ့ ပေမယ့် မတွေ့ ရ တဲ့ ရက် က ခပ်များများရယ်ပါ။

အတွေးများ နဲ့ လွင့်မျော နေသော ကြယ့် အား ကြည့် နေသော မြူမှုန် က မနေ နိုင် စွာ ဖြင့်

"ကြယ် ရေ ကြယ် ငါ ရှိနေတာသတိရ ပါ ဦး လေး လံ ထိုင်း မှိုင်း နေတာပဲ ပြော တော့ ဖြင့် စာ ကျက် မယ် တဲ့ "

ဘေးနား က ပွစိပွစိ ပြော နေသော မြူမှုန် အား

"ငါ လေး လံ နေတာ က ဘာသံ မှ မကြား ရ ပဲ အငြိမ် လေးဆေ‌ွး နေတာ သိ လား နင် ဘေး က ပွစိပွစိ ပြော တာ ငါ့ ရဲ့ အဆွေး mood ပျက် တယ် "

ဟက်ခနဲ တစ် ချက် ရယ် ရင်း

" ဒီမယ် ကြယ် နင် အန်တီ့ ကို တွေ့ချင်ရင် သွား တွေ့ လိုက် ကြယ် နင့် ကြည့် ရ တာငူငူငိုင်ငိုင် နဲ့  ဘီလူး သံပုရာသီးကိုက် ထား တာ က မှ ကြည့် ကောင်း ဦး မယ် "

မြူမှုန် ရဲ့ စကား ကို ကြား ပြီး ကြယ့် မှာ ရယ် လိုက် ရ တာ မျက်ရည် တွေ တောင် ကျ သွား တယ်။ အန်တီ့ ကို လွမ်း လို့ကျတဲ့ မျက်ရည်က တစ်ဝက် ပေါ့ လေ။

စာကျက် မယ်ဆို ပြီး အိမ် လာ တဲ့ မြူမှုန် က လည်း ကြယ့် စကား နား ထောင် နေရ တာ နဲ့ ‌စာကျက် နေတာ ရှေ့ သို့ မရောက် ပေ။ ကျောင်း တွေ က ဒီဇင်ဘာ အားကစား ရာသီ ဖြစ် နေသော ကြောင့် ပြိုင်ပွဲ စုံ ကျင်းပ ကြ တဲ့ အထဲ ကြယ်တို့ အခန်း က ပြိုင် ပွဲ ဝင် အများ ဆုံး ဖြစ် နေသော ကြောင့် ပြိုင်ပွဲ မှာ မပါ တဲ့ လူ တွေ ကို စာကျက်ရက် ပေး တဲ့ အနေ နဲ့ နှစ်ရက် လောက် သွားစရာ မ လို ချေ။ ဒီဇင် ဘာ ဆိုတော့ တစ်ချို့ ဆို reversion ပြန် ဖို့ တာ ဆူ နေ ကြ ပြီ။ ကြယ် တို့ ကတော့ဘာသာစုံ ရသလောက် တော့ ရှိ ပါ ရဲ့။

ဒီနေ့ ကြယ် တို့ အိမ် မှာ စာ ကျက် မယ် ဆို သော ကြောင့် လိုအပ် တာ လေး တွေ ရှိ လို့ ရှိ ရင် မမဝင်း ကို လုပ် ခိုင်း ဖို့ ပြော မ လို့ ကြယ့် ရဲ့ အခန်း တံ ခါး ရှေ့ အရောက် ကြယ် နဲ့ မြူမှုန် နဲ့ ပြော နေသော ခပ် တိုး တိုး စကား သံ အချို့ ကို နားစွံရင်း သီ တာ လည်း စိတ်မကောင်း ဖြစ် ရ ချေ ပြီ။

လွန်းနဲ့ ကြယ် နဲ့ မတွေ့ ရ တာသုံးလ လောက် ရှိရော ပေါ့။ ဒီ ကြား ထဲ လွန်း လည်း သူ့ မောင် မင်္ဂလာ ဆောင် ကိစ္စ တွေ နှင့် ရှုပ် ထွေး နေတာ ကို ကျွန်မ လည်း အသိ လေ။ သူ့မောင် မင်္ဂလာဆောင် က လည်း သီတင်းကျွတ် ပြီး ကတည်း က အားချင်း စီစဉ် လိုက် သော ကြောင့် လွန်း မှာ လည်း မအား နေခဲ့ ပါ။မင်္ဂလာပွဲက အပြန် လွန်းရဲ့ ကား ပေါ် မှာ လက်ဖွဲ့ ပစ္စည်း တွေတင် လိုက် သော ကြောင့် ကျွန်မ နဲ့ နှစ်ယောက် ထဲ ကား ပေါ် မှာ ရှိ ချိန်တွင် တော့ လွန်း က ကျွန်မအား ဝန် ခံ ခဲ့ လေသည်။ သူနှင့်ကြယ် ချစ်သူ တွေ ဖြစ် နေတဲ့ အကြောင်း ကို ပေါ့ လေ။

ထိုအကြောင်း တွေ ကို ပြော နေသော လွန်း ရဲ့ မျက်နှာ လေး ကို နှစ် ပေါင် း များ စွာ ခင် မင် လာ သော ကျွန်မ အဖို့ တကယ် မမြင် ဖူး ခဲ့ တာ အမှန် ပါ။ကျွန်မရဲ့ စိတ် ထဲ မှာ တော့ လေး နက် လွန်း တဲ့ သူ့ ရဲ့ ချစ် ခြင်း တရား တွေ ကို လေးစား မိ တာ တော့ အမှန်ပင်။

အခုလည်း တူမ ဖြစ်သူ ကြယ့် ရဲ့ စကား သံ အချို့ ကို ကြား ပြီး စိတ်မကောင်း ဖြစ် မိသ လို သနား သ လို လို တောင် ဖြစ်မိတယ်။ လွန်း န‌ဲ့ ကြယ့် ရဲ့ ချစ် ခြင်း ဖြောင့် ဖြူး ပါ စေ လို့ ဆုတောင်း မိ လေ တော့ သည်။

_______________________________________

အလုပ် တွေ ရှုပ် နေ ခဲ့ တာ ကြယ် နဲ့ မတွေ့ ရ တာ သုံး လ တောင် ရှိနေပြီ။ မြစ်ငယ် က ပြန် လာ ကတည်းက ဆို ပါ တော့ ။ ကလေး လေး က တော့ လွန်း ကို စိတ်ကောက် နေ ပြီ လား မသိ။ ရတ‌ီ နဲ့ ဝတီ ကို တော့ ကြယ့် အကြောင်း လေး တွေ စနည်း နာ မိ ပါ တယ်။ လွန်းရဲ့ ကလေး လေး ကျောင်း ကို ပုံမှန် တက် ရဲ့ လား လို့ ပေါ့ လေ။ ကလေး တွေ က တော့ လွန်း ကျောင်း ကို နေ့ တိုင်းလာ သည့် အကြောင်း တွေ ပြော ရှာ ပါ လေ သည်။

လွန်းရဲ့ မောင်အငယ် ရဲ့ မင်္ဂလာ ကိစ္စ များ စီစဉ်နေရသော ကြောင့် မတွေ့ နိုင် ရ ခြင်းသာ။ ကိုယ့်မောင် မင်္ဂပွဲ ဆို တော့ လည်း လိုအပ် သည် များ ကို လုပ် ကိုင် ပေး ရင်း အချိန် ကုန် နေ ရသော ကြောင့် ဖြစ် ပေ သည်။

ဒီနေ့တော့ အေး ဆေး စွာ အနား ယူ ရင်း ကလေး နဲ့ တွေ့ ရ မည် ဟု စိတ်ကူး မိသော ကြောင့် ညနေ ကျောင်းဆင်း ရင် ရတီ တို့ ညီ အစ်မ နှစ်ယောက် အား ကျောင်း သွား ကြိုရန် စိတ်ကူး မိ လေ သည်။ထို သို့ အတွေး တို့ စိုးမိုး နေ ခိုက်
"သမီး လွန်း ဒီနေ့ ဘာ လုပ် စရာရှိ သေး လဲ "
"မရှိ ပါ ဘူး ကြီး မေ ရယ် "
"အင်း စကား ပြော စရာရှိတယ် "

ကြီးကြီး ရဲ့ စကားသံ ကြောင့် မန္တလေး ဆောင်း နဲ့ မ လိုက် ဖက် စွာ ချွေးစို့ သွား သော ခန္ဓာကိုယ် ကို ပထမဦး စွာသတိ ပြု လိုက် မိ လေသည်။ အဆိုးဆုံး တွေ ကြို တွေးပြီး ဖြစ်လာ သမျှကို ရင်ဆိုင် ဖို့ ဆုံး ဖြတ် ထား တာ ကြာ ပါ ပြီ။ အခု တော့ ကြီးကြီး စကား သံ ကို နားထောင် ကြည့် လိုက် ပါဦး မယ်။

"သမ‌ီး မောင် သော်ကောင်း နဲ့ "
လွန်းလည်း ကြီးကြီး အား စကား အပြော မခံ ပဲ
"ဟုတ် ကြီးကြီး အဲ့အကြောင်း ကို သမီး သော်ကောင်း နဲ့ ဆေ‌ွးနွေး လိုက် ပါ ဦး မယ် ဒါပေမယ့် ကြီးကြီး ဖက် ကတော့ အတင်း မစီစဉ် ပါ နဲ့ ဦး "
"သမီး မှာ ရည်းစား သနာ များ ရှိ နေ သ လား  ဒီလောက် ငြင်း နေတာ ရှိရင် လည်း ခေါ် လာပြ သင့် တော်ရင် စီစဉ် ပေး မယ် "

ကလေးရေ ကြီးကြီး မေးနေတဲ့ မေးခွန်း ကို အန်တီ ဘယ်လိုဖြေ လိုက်ရ မလဲ ကွယ်။ဘယ် လို ဖြေ လိုက် ရ မလဲ။

"သမီး ကို အချိန် တော့ ပေးပါ ကြီးကြီး "
"အေး ကောင်း ပြီ တစ်လ လား နှစ်လ လား "
"နှစ်နှစ် လောက် တော့ အချိန် ပေး ပါ "
"ဒီလို အချိန် တွေ တောင်း နေတာ ရည်ရွယ် ထား သူ က ရှိတာ လား "
"အချိန် တန်ရင် သိရပါ့ မယ် ကြီးကြီး ရယ်"
"ကောင်းပြီ လေ အိမ်တော့ တစ်ခေါက် လောက် တော့ ခေါ် လာ ပြပေါ့ လေ"
"ဟုတ် လွန်းကြိုးစားပါ့ မယ် "

ကြီးကြီး ယုံ နိုင် လောက် မယ့် ကတိ တွေ အထပ်ထပ် ပေး ရင်း ကလေး ဆယ်တန်း ပြီး မယ့် အချိန် ထိ အချိန် ဆွဲ ထား လိုက် တာ ကြား ထဲ တော့ ဘာ ‌အနှောင့် အယှက် မှ မပေါ် ပါ စေ နဲ့ လို့ ဆု တောင်း ရမှာ ပေါ့ လေ။

ကလေးရေ ကလေး ရဲ့ ဖူးသစ်စ အချစ် တွေ ကို အန်တီ ရိုက်ချိုး ဖို့ အကြောင်း မရှိ တာ တော့ အမှန် ပါ ကလေး ရယ်။မမြင်ရနိုင် တဲ့ ကံကြမ္မာ ကို တော့ အန်တီ ကြောက် တယ် ကွယ်။

_________________________________________
‌ဒီနေ့ ကြယ့် ဖေဖေနဲ့ မေမေ တို့ မြစ်သား က နေ မန္တလေး ကို ခဏ ပြောင်း လာ ကြတော့ မည်။မေမေ က အခု ဆို ကိုယ်ဝန်ဆောင် တာ ခုနှစ် လ ခန့် ရှိနေ ပြီ ဆို သော ကြောင့် ဖွားဖွား က ‌မန္တလေး အိမ် မှာ မွေး ရန် အတွက် အခု ကတည်း က ကြို ပြီး ခေါ် ထား ခြင်း ဖြစ် ပေ သည်။

မိသားစု သိုက်သိုက်ဝန်းဝန်း နေရ မည် ဆို သောကြောင့် ပျော်ရွှင် ရတာ လည်း ပီတိ တစ်မျိုး ပင်။ဒီနေ့ အိမ်မှာ လူစုံ မည် ဖြစ်သော ကြောင့် မြူမှုန် က လည်း စာလာမကျက် ပေ။
ထိုသို့ တွေးနေ ခိုက်ဒေါ်လေး မှ

"ကြယ်ရေ ညဉ်း ဖေဖေ က စကား ပြော ချင် လို့တဲ့ ဖုန်းလာ ကိုင်ဦး "

ကြိုဖုန်း ရှိရာ သို့ ခြေလှမ်း များ ဦး တည် လိုက် သော် လည်း

"ကြယ်ရေ ဒီ မယ် ဒေါ်လေးဖုန်း ကို ဆက် တာ ကြိုးဖုန်း က ပျက်နေတာ လာ မပြင်ပေးသေးဘူး "

ဟုဆိုကာ မှ ဒေါ်လေး ရဲ့ လက် ကိုင် ဖုန်း အား ယူ လိုက် ပြီး ဖေဖေ အား ထူး လိုက် လေသည်။

"ဟဲလို ဖေဖေ "
"အေး သမီး ကြယ် အနွေးထည် လို သေး လား လို့ ကွာ ဟို တစ် ခါ က ယူ သွား တာ အပါး တွေ များ နေ လား လို့ "
"မယူ တော့ ပါ ဘူး ဖေဖေ ရာ ရတယ် ဒီနှစ် ဒီမှာက သိပ်မအေး ဘူး "
"အေး မအေး ဘူး မလုပ် နေနဲ့ ကလေး မ ဖေဖေ ကြည့် ပြီး ယူ ခဲ့ လိုက် တော့ မယ် ဘာမှာ ဦး မှာ လဲ  "
"တော်ပြီ ဖေဖေ ပြီးရင် သိမ်းရ ဆည်း ရ နဲ့ အလုပ်ရှုပ် ပါ တယ် ဪ ဒါ နဲ့ မေမေ ရော "
"သမီး အမေ လား ရေချိုး နေတယ် ပြောဦး မ လို့ လား "
" မပြော တော့ ဘူး ဖေဖေ အဲ့ လို ဆို လည်း ဒါပဲ နော် ချစ်တယ် ဖေဖေ "
"အေး အချွဲ လေး ဒါပဲနော် "

ဖေဖေနဲ့ ဖုန်း ပြော ပြီး သော အခါ ဒေါ်လေး အား ဖုန်း ပြန် ပေး မ လို့ ပြင် လိုက်စဉ် ဒေါ်လေး က အနား မှာ မရှိသော ကြောင့် ဖုန်း အား ဟိုရှာ ဒီ ရှာ လုပ် ရန် အတွက် ခလုတ် တစ်ချို့ အား နှိပ် လိုက်စဉ် အဒေါ်ကြီး ဖုန်း နံ ပါတ် အား ရှာရန် သတိ ရ သွား သော ကြောင့် contact  အား နှိပ် ခါ ရှာ လိုက်စဉ်ဝယ် သိပ်မရှာ လိုက် ရ ပဲ တွေ့ရ လေသည်။

ဒေါ်လေး ဖုန်း ထဲ မှ လွန်း ဆို သော နံ ပါတ် လေး အား အလျင် အမြန် မှတ် လိုက် ပြီး လမ်းထိပ်ရှိ pco ဖုန်းဆိုင် တွင် ဆက် မည် ဟု စိတ် ကူး လိုက် လေသည်။(၂၀၁၀ ဝန်းကျင် က ဖြစ်သောကြောင့် ဒီခေတ်လို ဆင်းကဒ်များမပေါသေးပါ။)

ဒေါ်လေး အား ဖုန်း ပြန် ပေး ပြီး မှတ်ထား သော နံပါတ် လေး အား မေ့သွားမည် ဆိုး သော ကြောင့် စာအုပ် ‌တစ်အုပ် ၏ ထောင့် စွန်း လေး တွင် မှတ်သား ထား လိုက် လေ သည်။ ခဏ နေ အိမ် က လူ တွေ လစ် မှ သွား  ပြီး ဆက် ရ ပေ ဦး မည်။ အန်တီ ရော ဖုန်း ကိုင် ပါ့ မ လား ကွယ်။

______________________________
ရောင်း ရင်း ဝယ် ရင်း နေ စောင်း လာ သော ကြောင့် ပွဲရုံ သိမ်း ရန် ပြင် နေ သော သော်ကောင်း အား

"သော် ကောင်း ခဏ အစ် မ စကား ပြော စရာ ရှိတယ် "
"ဟုတ် အစ် မ လွန်း ပြော ပါ "
"အကြောင်း အရာ က တော့ မထူး ဆန်း ပါ ဘူး ကွယ် အစ်မ နဲ့ မင်း ကို သဘော တူ ထား တယ် ဆို တဲ့ ကိစ္စ ကို အစ် မ က တော့ ငြင်း ထား တယ် ။ မင်း လည်း ငြင်း ပေး ပါ ။ အစ်မ ကတော့ မင်း ကို မောင် တစ် ယောက် ထပ် မပို နိုင် ဘူး ဆို တာ သိ ထား ပါ ။"

လွန်း လည်း ဘာ စကား မှ ပလ္လင်ခံ မနေ ပဲ့ သော် ကောင်း အား တိုက်ရိုက် သာ ပြော လိုက် လေ သည်။ ပျက်ယွင်း သွား သော မျက်နှာ အား ကြည့် လိုက် ပြီး ပြော လိုက် မိ ပြီး မှ များ သွား သ လား ဟု သံသယ ဝင် မိ သော် လည်း ကျွံ ပြီး သွား တဲ့
စကား တွေ အတွက် တော့ နောင် တတွေ မရ နေ ချင် တော့ ပါ။ အခု အချိန် က တည်း က ပြတ် သား ထား ခါ မှ ကလေး နဲ့ လက် တွဲ တဲ့ အခါ အနှောင့်အယှက် တွေ ကင်း နေ ပါ လိမ့် မည်။ သော် ကောင်း သည် လွန်း ပြော သော စကား များ အား အေး ဆေး စွာ တုန့်ပြန် လိုက် သော စကား ကြောင့် အနည်း ငယ် စိတ် အေး သွား ရသော် လည်း လွန်း စိတ် ထဲ တွင် တော့ အချို သပ် သော စကား ဟု သာ မှတ် ယူ ထား လိုက် လေ သည်။ ဘာ တွေ နဲ့ မှယိမ်းယိုင် လို့ မဖြစ်ပေ။ သော် ကောင်း ပြော လိုက် သော စကား လေး က လှတာ တော့ လှ ပေသည်။

"သတိရ တိုင်း လိုက် ရှာ မိတာ အစ်မ ပါ ပဲ အစ်မ ရာ။ အစ်မ ကသာ ပြစ်ပြစ်ခါခါ နဲ့ မ လို့ မြိုသိပ် နေ ခဲ့ ရတာ ပါ။ အခု လည်း ထား ခဲ့ ပြန် ပြီ။ စိတ် ချ ပါ အစ် မ မလို လား တဲ့ အရာ ဘာမှ မဖြစ် စေ ရပါ ဘူး ။"

ထို ကဲ့ သို့ အခြေ အတင် ဆေ‌ွးနွေး နေစဉ် လွန်း ရဲ့ keypad မှ ဖုန်းသံ မြည် လာ ခဲ့ လေ သည်။ နံပါတ် ကို ကြည့် လိုက် တော့ လမ်းထိပ် က pco ရဲ့ ဖုန်းနံပါတ်။ 20 ဖုန်း တွေ မပေါ် ခင် က လမ်းထိပ်ဆိုင် ပဲ အား ကိုး ခဲ့ ရသော ကြောင့် နံပါတ် က မှတ်မိ နေ ခြင်းသာ။

လွန်း လည်း ဖုန်း အား ကိုင် လိုက် ပြီး

"ဟဲလို ဘယ်သူလဲ မသိ"

လွန်း ထူး လိုက် ပေ မယ့် လည်း တစ် ဖက် က ထူး သံ မကြား ရသော ကြောင့် ဖုန်း ချ မ လို့ ပြင် လိုက်စဉ်

"အဒေါ်ကြီး ကြယ် ပါ"

အသံတိုးရှရှ လေး ကြား လိုက် ရသော ကြောင့် လွန်း ရဲ့ ရင် ခုန်သံ တွေ က ထိတ်ခနဲ ပေါ့ လေ။

"အန်တီ ......အန်တ‌ီ ......ကြယ် ပါ"
"သိပါ တယ် ကလေး ရယ်"
"ကြယ် အဒေါ် ကြီး ကို လွမ်း နေ လို့ "

အဖျားခတ်၌ တုန်ယင် ပြီး တိုး သက် သွား သော ကလေး ရဲ့ အသံ လေး ကို ကြား လိုက် ရ သော ကြောင့် ကလေး ရဲ့ လွမ်း နေတယ် ဆို တဲ့ စကား ကို အကြွင်း မဲ့ ယုံ ကြည် မိ ပါ တယ် ကလေး ရယ်။

"အန်တီ လည်း ကလေး ကို လွမ်း နေ ပါ တယ် ကွယ် .........."

အပိုင်း(၂၂)ဆက်ရန်

မျှော် နေ ကြပါ တယ် ဆို သော အားဆေး လေး တို့ အတွက် ပါ။ အား ပေး ကြ တဲ့ တစ်ယောက်ချင်းဆီ တိုင်း ကို ကျေးဇူး ပါ ။😘😘😘

Continue Reading

You'll Also Like

89.7K 2.3K 91
POV:Ladybug I heard the beeping of two miraculous's. We were fighting another one of hawkmoths akuma's, de evilized it, fell and...
13.5K 1.4K 15
මේක Supernatural category එකට යන කොටස් කිහිපයක BL කෙටි කතාවක්. මේ කතාවෙ එන නම් ගම් ස්ථාන සිදුවීම් සියල්ලම මනඃකල්පිත වන අතර කතාවෙ ඇතුලත් මන්තර පාඨ...
89.7K 197 7
Emily is your classic good girl. Shes 18 years old. Her life seems all planned out but what happens when she is taken and forced into diapers? Will s...
163K 6.3K 32
"ကလေးအချစ်တွေကို နားလည်လာတဲ့တစ်နေ့ အနားမှာရှိပေးနိုင်မလား..." "မနက်ဖြန်ဆိုတဲ့ နေ့တစ်နေ့ကိုရောက်ပို့အတွက် မ မှာညဉ့် တာရှည်လွန်းတယ်ကွယ်..."