Unicode;
*အကိုက ကော်ဖီဆိုရင် ခါးတာပဲကြိုက်တက်တယ်... အထူးသဖြင့် Breezy လို့ခေါ်တဲ့ဆိုင်က ကော်ဖီကိုပိုကြိုက်တယ်*
အကိုကိုင်လာတက်တဲ့ ကော်ဖီbox လေးကို မြင်နေကျဖြစ်တာမို့ ဆိုင်နာမည် ရင်းနှီးနေခဲ့ပေမဲ့ အဲ့ဒီဆိုင်က ဘယ်နေရာမှာရှိမှန်းတောင် မသိပါဘူး....
တစ်နေ့ကျမှ အကိုနဲ့ဖြစ်အောင်သွားရဦးမယ်လို့ သူစိတ်ကူးတယ်...
ဒီလိုစိတ်ကူးနဲ့ ရေးမှတ်ဖြစ်တဲ့ စာအုပ်လေးတောင် စာမျက်နှာများလှပြီရယ်...
ဒါကို ဝမ်ရိပေါ်ရဲ့ဒိုင်ယာရီလို့ခေါ်ရမလား.. အကို့ရဲ့ဖြစ်တည်ရာလို့တောင် အမည်ပေးရမလား ဝေခွဲမရအောင်ဖြစ်နေပြီ....
ဘာလို့ဆို စာမျက်နှာတိုင်းမှာ စာကြောင်းတိုင်းမှာ အကိုနဲ့ချည်း ပြည့်နှက်နေလို့...
"ဟေး!! ဝမ်ရိပေါ်!! ငါ့ကိုမြင်လားးး"
အရှေ့ကွင်းပြင်ကြီးထဲမှာ အားကစားဂျာစီနဲ့ ပြေးလွားရင်း ဘောလုံးကန်နေတဲ့ ရှင်းယီအတွက် တစ်ဦးတည်းသော ပရိတ်သတ်က သူပဲဖြစ်တယ်...
ကျောင်းအားကစားပွဲကြောင့် မဖြစ်မနေ ပါဝင်လေ့ကျင့်နေရတဲ့ ရှင်းယီကတော့ ချွေးတစ်လုံးလုံးနဲ့ ပြေးလွားလို့ပါပဲ...
ဘောလုံးကန်ခြင်းက သူ့ဝါသနာမဟုတ်ဘူးရယ်..
သူက ပြေးလွားခြင်းတွေကို မုန်းတီးရတဲ့သူဖြစ်တယ်..
တစ်ချို့သော အခွင့်ထူးခံကိုရရှိထားတဲ့ဝန်ရိပေါ်က ကျောင်းပွဲတွေမှာ ထွေထွေထူးထူးသိပ်ပြီးပါစရာမလိုဘူး..
ဒီလို ကျောင်းပွဲကာလတွေဆိုရင် စာသင်ချိန်လည်းနည်းတာမို့ သူက အမြဲလိုအချိန်တွေအားလပ်နေတက်တယ်...
လုပ်စရာမရှိတဲ့အချိန်တွေကပိုလို့တောင် နှေးကွေးနေတက်ပါတယ်...
ဒီနေရာမှာ ထိုင်နေမိတဲ့အတောတွင်း အကို့အကြောင်းတွေးမိခြင်းက သိပ်ပြီး အကျိုးအကြောင်းဆီလျော်တယ်လို့ သူထင်တယ်..
ဒါကို အာရုံပျံ့လွင့်တယ် ခေါ်လို့မရတော့ဘူးလေ...
အားလပ်နေတဲ့အချိန်တွေကို အကို့အကြောင်းတွေ စဥ်းစားရင်း အဓိပ္ပါယ်ရှိရှိဖြုန်းနေရုံပါပဲ...
သူ့ကိုယ်သူ ဂုဏ်ဆာနေပုံရတဲ့ရှင်းယီက ကွင်းပြင်ထဲကနေ သူ့ကို မကြာခဏလက်ဝှေးယမ်းပြရင်း လှမ်းလှမ်းအော်တယ်...
သူ ပြုံးပြလို့ လက်ပြန်ပြလိုက်ပြီး အတွေးစတို့ကို ဆက်ပြီးဖြန့်ကျက်ဖို့ပြင်တယ်...
"နင်က ဒီကိုရောက်နေတာလား ဝမ်ရိပေါ်.."
ဆက်ဖို့ပြင်နေတဲ့ အတွေးစတို့ တိကနဲ..
လှည့်ကြည့်လိုက်တော့ အတန်းထဲက ရင်းဖန်ဖန်း ဆိုတဲ့တစ်ယောက်..
"..."
ဘာမှပြန်မဖြေဖြစ်ဘူး... အဲ့လောက်ကြီးရင်းနှီးတယ်မထင်လို့..
သူမက သူ့ဘေးနားအထိ ရောက်လာပြီး...
"အတန်းခေါင်းဆောင်က နင့်ကိုရှာနေတယ်.
ဒီနေ့ညနေ သန့်ရှင်းရေးအလှည့်ကျတာ သူနဲ့နင်တဲ့.."
"အော်.."
နာရီကြည့်လိုက်တော့ ကျောင်းဆင်းချိန်တောင်ရောက်လုပြီပဲ..
ဘာအပိုဆာဒါးမှ မပြောဖြစ်ပါပဲ သူစာအုပ်တွေသိမ်းလို့ သွားဖို့ပြင်တယ်..
"ဝမ်ရိပေါ်.."
ထပ်လှည့်ကြည့်မိပြန်တော့ ဖန်ဖန်းကသူ့ကို တစ်ချက်ပြုံးပြရင်း
"ငါ လိုက်ကူညီပေးရဦးမလား.."
"မလိုဘူး.."
သူ့ရဲ့ မြန်ဆန်တဲ့အဖြေမှာ သူမ မျက်နှာကွက်ကနဲတည်သွားလေရဲ့...
"..."
ကြည့်ရတာ မမျော်လင့်ထားတဲ့ပုံပဲ..
"အာ... ငါ့တာဝန်ဆိုတော့ ငါပဲလုပ်ရမှာပေါ့... လာပြောပေးတာ ကျေးဇူးပဲ... "
ရုပ်တရက် အားနားစရာဖြစ်သွားတာမို့ သူ စကားပြန်ထိန်းလိုက်ပြီး ပြုံးပြလိုက်တော့ သူမက ပြန်လည် စိတ်ကျေနပ်သွားလေရဲ့...
သူ့ကိုနုတ်ဆက်လို့ လှည့်ထွက်သွားတဲ့သူမကိုကြည့်ရင်း သူ့ဆီသက်ပြင်းဖျော့ဖျော့ကျရောက်တယ်..
သူ ဖော်ရွေဖို့လိုအပ်တယ်ဆိုတာ သိတယ်...
တစ်ခါတစ်လေ ပြင်ရခက်တဲ့အကျင့်တွေက လူကိုခက်ခဲစေတက်ပါတယ်...
အားကစားကွင်းကို ကျောခိုင်းလို့ သူ့ခြေလှမ်းတွေက ကျောင်းခန်းမဆီဦးတည်လိုက်တယ်...
နေရောင်က ဝါဆွေးဆွေးနဲ့ မှိန်ပြပြ..
ညနေခင်းရဲ့မြောက်ပြန်လေက သုတ်ကနဲတိုက်ခတ်တော့ ရှည်စပြုနေပြီဖြစ်တဲ့ သူ့ရဲ့ဆံနွယ်တစ်ချို့က တစ်ချက်လွင့်သွားတယ်..
ကျောင်းဆင်းချိန်မို့ ကျောင်းဝန်းက သွားလာနေတဲ့ကျောင်းသားတွေနဲ့ အသက်ဝင်နေပြီး တိတ်ဆိတ်နေတာတော့ မဟုတ်ဘူးရယ်..
ဥပဟိုတိုးထွက်နေတဲ့ ကျောင်းသားတွေကို ဆန့်ကျင်လို့ သူ့စာသင်ခန်းရှိတဲ့ ဒုတိယထပ်ဆီရောက်ချိန်မှာတော့ လူတွေနည်းနေပြီဖြစ်တယ်...
စာသင်ခန်းထဲမှာ ကြမ်းတိုက်တံမြက်စည်းတစ်ချောင်းနဲ့ အလှုပ်ရှုပ်နေတဲ့ ကျောင်းသူတစ်ဦးတော့ရှိတယ်..
သူဝင်သွားတော့ သူမက သူ့ကိုတစ်ချက်သာကြည့်လို့ လက်ထဲက ကြမ်းတိုက်တံမြက်စည်းကိုထိုးပေးလာရဲ့...
"ကြမ်းတိုက်လိုက်... ငါ မှန်တွေတိုက်လိုက်မယ်..."
ပြောရင်း တစ်ဖက်လှည့်သွားတဲ့ ကျောင်းသူက ခပ်စိမ်းစိမ်း.. ခပ်ပြတ်ပြတ်ပဲ..
သူမက သူတို့ရဲ့အတန်းခေါင်းဆောင် လျန်ချိုးဟွာဖြစ်တယ်...
စာအတော်ဆုံး၊ အနေအတည်ဆုံး၊ စည်းကမ်းအလိုက်နာဆုံး ကျောင်းရဲ့ဂုဏ်ဆောင်ကျောင်းသူတစ်ယောက်...
ဂုဏ်ဒြပ်တွေနဲ့ လိုက်ဖက်အောင် မာနသိပ်ကြီးတယ်လို့ သူတွေးတယ်။
ပြီးတော့ အရှိန်အဝါလည်း ရှိတယ်။
သူ ဘာမှပြောမနေတော့ပဲ လွယ်အိပ်ချွတ်လို့ အလုပ်စတယ်...
သူ့အပေါ် ဘယ်အရာကိုမှ အာရုံထပ်စိုက်မလာတဲ့ သူမကလည်း တိတ်တိတ်ဆိတ်ဆိတ်ပါပဲ...
ဝမ်ရိပေါ်ဆိုတဲ့သူက သိပ်ပြီး အရေးစိုက်နေမဲ့သူတော့ မဟုတ်ဘူးရယ်...
အချင်းချင်း ခင်မင်မှုမရှိတာမို့ အနေခက်နေမဲ့အစား ဒီလိုက ပိုကောင်းတယ်လို့ သူတွေးမိတယ်...
အနည်းဆုံးတော့ မတိုင်ခင်ကလိုမျိုး အားနာမိစရာမလိုတော့ဘူးပေါ့...
စာသင်ခန်းပြတင်းက လိုက်ကာစတွေဟာ လေအရှိန်နဲ့ တစ်လူလူလွင့်မျောလို့နေတယ်...
ထုံးစံအတိုင်း သူ့ရဲ့အိပ်ကပ်ထဲက နားကြပ်ကြိုးကို နားမှာဆင်လို့ သီချင်းတစ်ပုဒ်ကို အသံတိတ်ညည်းဆိုလိုက်ရင်း တံမြက်စည်းကို စတင်ရွှေလျားတယ်...
စာသင်ခန်းထဲအထိတိုးဝှေ့ကာ အလည်ရောက်ချင်တဲ့ လေပြေက ခပ်အေးအေး...
သူညည်းနေတဲ့သံစဥ်တွေကို ဒီလေပြေကနေတစ်ဆင့် အကို့ဆီ ပို့ဆောင်လို့ရရင်ကောင်းမယ်...
အကိုရော အခုချိန် ဘာတွေလုပ်နေလောက်မလဲ...
.
.
.
တစ်ဒုတ်ခုန်နေတဲ့ရင်အစုံဟာ ဒီလိုအချိန်မှာတော့ ပုံမှန်ထက် ကြိမ်နှုန်းမြင့်တယ်...
ဒီကြိမ်နှုန်းက ဦးခေါင်းထဲအထိ သွားသက််ရောက်သလိုပဲ... တစ်ဆစ်ဆစ်ကိုက်ချင်လာတဲ့ အာရုံကြောတွေဟာလည်း ခုန်လှုပ်လို့...
" တိုးတက်မလာဘူးပဲ.."
အကိုက သူ့ရဲ့ ရီပိုဒ့်ကဒ်ကိုကြည့်ရင်း ဒီလိုအားရစွာမှတ်ချက်ပေးပါတယ်။
ကျေနပ်ခြင်းအရိပ်အယောင်မတွေ့ရတဲ့ နုတ်ခမ်းပါးက တိရိပြတ်သားလို့...
အကို့ရဲ့ ဓားသွားလို ညီတန်းနေတဲ့ မျက်ခုံးအစုံက သူ့ကို ရင်တစ်လှပ်လှပ်ခါစေရဲ့...
သူ လေးလံစွာ တံတွေးမြိုချလိုက်ရင်း...
"ဒါပေမဲ့ ... ဘာသာစုံအောင်ပါတယ် အကိုရဲ့... အရင်လထက်စာရင်... တိုး...တက်..ပါတယ်.."
အကိုက သူ့ကို မျက်မှောင်ကြုတ်လို့ ကြည့်ပြန်တယ်။
အကြည့်တွေက အေးခဲမတက်...
လေသံကလည်း ... အင်း... ခပ်အေးအေးပါပဲ..
"ကပ်သီလေးလွတ်သွားတဲ့ အောင်မှတ်နဲ့လား... ဒါကို တိုးတက်တယ်လို့ခေါ်လို့ရတယ်လား..."
"..."
အကိုက ဒီလိုအချိန်ဆို ကြောက်ဖို့ကောင်းပါတယ်။
စကားလုံးအကြမ်းတွေလုံးဝမသုံးပါပဲ လူကိုမလှုပ်ရဲအောင် ဆူတက်တယ်။
"ကိုယ်နဲ့လုပ်ခဲ့တဲ့ သင်ခန်းစာတွေမှာ ရနေတာပဲ မဟုတ်ဘူးလား... ဒီတစ်ကြိမ် အခြေအနေကောင်းတယ်ဆိုပြီး ဘာလို့ရလဒ်က ဒီလိုဖြစ်နေရတာလဲ..."
ဘာပဲဖြစ်ဖြစ် အောင်တာပဲကို..
နည်းနည်းလောက် ချီးကျူးပေးလို့ မရဘူးလား..
"ကိုယ့်ကို ဒီလောက်နဲ့ ကျေနပ်လို့ရပြီလို့ နှစ်သိမ့်ချင်တာလား..."
"မဟုတ်ပါဘူး.."
အကိုက စာရွက်ကို စားပွဲပေါ်စိတ်ပျက်လက်ပျက်လှမ်းတင်လိုက်ပြီး
"ဉာဏ်အားရှိပေမဲ့ ကြိုးစားမှုမရှိရင် ဘယ်တော့မှာ အောင်မြင်မှာမဟုတ်ဘူး... အခု ဒီပုံစံနဲ့သွားနေတာ ဘယ်နှစ်လရှိနေပြီလဲ...ကြည့်ရတာ မင်းကို အကို အလိုလိုက်တာတကယ်ကို များနေပြီပဲ..."
အလိုလိုက်တယ်တဲ့လား...
မျက်နှာမြင်တာနဲ့ သင်ရိုးစာအုပ်ကြီးကိုပဲ ပြေးပြေးမြင်နေရတဲ့အထိကို တွန်းနေတဲ့သူက ဘာကိုအလိုလိုက်တာများလဲ..
စာကလွဲပြီး ဘာမှစိတ်မဝင်စားတဲ့အကိုက တကယ့်ကို ပျင်းစရာအရူးတစ်ယောက်ပဲ...
"မင်း အာရုံအရမ်းပြန့်လွန်းတယ်... အတန်းတင်စာမေးပွဲက နီးလာပြီ ... မင်းဒီအတိုင်း ဆက်ပြီးဖြစ်နေဦးမယ်ဆိုရင် အကိုမင်းအတွက် ဘာမှကူညီနိုင်တော့မှာ မဟုတ်ဘူး.."
တစ်ချို့သော.စိတ်ခံစားချက်တွေက လုပ်ယူပစ်လို့မရသလို ဖျောက်ပစ်ဖို့က ပိုခက်တယ်ဆိုတာကို အကိုသိအောင် ဘယ်လိုပြောပြရမလဲ...
လူကိုအပြည့်အဝ အာရုံမစူးစိုက်နိုင်အောင် နှောက်ယှက်သူကလည်း အကိုပဲ ဖြစ်နေပြန်သေးတာလေ..
ဒါကို ကျွန်တော် ဘယ်လိုတက်နိုင်ပါ့မလဲ...
"ကျွန်တော်ပိုပြီး ကြိုးစားပါ့မယ်.."
"မင်းဒီစကားပြောနေခဲ့တာလည်း ကြိမ်ဖန်များစွာရှိနေပြီ ဝမ်ရိပေါ်... မင်းစိတ်ထဲ ဒါတွေကို ကလေးကစားစရာလို့ တွေးနေလို့မရတော့ဘူး... လွယ်လွယ်ကတိပေးပြီး လွယ်လွယ်ပျက်တာမျိုး ကိုယ်မကြိုက်ဘူးနော်... ပြီးတော့ #####"
ဝမ်ရိပေါ် ဒီဆရာကို ခေါင်းမော့ပြီး မျက်စောင်းပစ်ထိုးလိုက်ချင်တယ်...
ဒီလူကို မောင်းထုတ်ပစ်သင့်တယ်လို့လည်း အတွေးဝင်သေးတယ်...
ခက်တာက ဒီလူက အကိုဖြစ်နေတယ်...
ပိုပြီးခက်တာက အကို့ကို ဒီနေရာအရောက်ဆွဲခေါ်ခဲ့သူကလည်း သူပဲဖြစ်ပါတယ်...
.
.
.
"ဒီည ဒီပုစ္ဆာတွေ မပြီးရင် မအိပ်ရဘူး"
"ဟမ်"
သူလုပ်ရမဲ့ပုစ္ဆာတွေက နည်းနည်းအဆင့်များပြီး ရှုပ်တယ်...
သုံးလေးဆင့်လောက်ကို ချတွက်ပြရတယ်..
သူဆိုတာက ဒီလိုမေးခွန်းတွေဆိုရင် ကျော်ပစ်ချင်တဲ့လူစားမျိုး...
ဒီအတိုင်း ရိုးရိုးတွက်ရင်လည်း အဖြေထွက်နိုင်သားနဲ့ ဘာလို့ ဖော်မြူလာတွေ အီကွေးရှင်းတွေ သီအိုရီတွေ အဆင့်ဆင့်ချိတ်ခိုင်းနေလည်း နားမလည်ဘူး..
တကယ့်လက်တွေ့ဘဝကို ရင်ဆိုင်ရင်ရော ဘဝကြီးကိုဒီလို အီကွေးရှင်းတွေနဲ့တွက်ချက်ရင်း ရွေးချယ်အဖြေထုတ်ရတာပဲလား...
"လေ့ကျင့်ခန်း နာပါတ်သုံးမေးခွန်းကို ဖတ်ရအောင်.."
သူ့မျက်စိရှေ့မှာ အာရုံစူးစိုက်နေတဲ့အကိုက သိပ်ပြီး ညှင်သာတည်ငြိမ်တယ်...
မျက်မှန်အောက်က အကို့မျက်ဝန်းတွေက အရောင်ခပ်ဖျော့ဖျော့...
သင်ရိုးညွန်းတမ်းတွေကြားထဲမှာကျင်လည်နေတဲ့အကိုကတော့ သေချာပေါက်ကို ဘဝကြီးကို ဒီလိုအီကွေးရှင်းတွေနဲ့ တွက်ချက်လိမ့်မယ်ထင်တယ်...
သူဆိုရင်တော့ ဒီလိုတွက်ချက်မှုမျိုးငြင်းပယ်ပါမယ်...
အဆုံးသတ်မှာ အဖြေတစ်ခုရှိရဲ့နဲ့ သွယ်ဝှိုက်တွက်ချက်ရင်း အပင်ပန်းခံနေမဲ့အစား သီချင်းတစ်ပုဒ်ရေးစပ်ပစ်တာက ပိုကောင်းလိမ့်မယ်လို့တွေးတယ်...
"ဒီလိုငေးနေလို့ ဖြေရှင်းစရာတွေပြီးသွားမှာမဟုတ်ဘူး ဝမ်ရိပေါ်... "
"အာ.. ဟုတ်... တောင်းပန်ပါတယ်.. "
အကို့ရဲ့ ဆူခြင်းမမည်တဲ့ သတိပေးသံတစ်ချက်မှာ သူ့အာရုံတွေ ပြန်စုစည်းရတယ်...
သူ့ကိုစိတ်ဆိုးပြီး အကိုတစ်ယောက် ထပြန်သွားမှာကိုလည်း စိုးရိမ်ရပါသေးတယ်...
- ချပ်...ချပ်...ချပ် -
စက္ကန့်တွေဆီကနေ မိနစ်...
ထိုမှတစ်ဆင့် နာရီဆီသို့....
တစ်စ တစ်စ ကုန်ဆုံးလာတဲ့ နာရီသံတွေက တစ်ချပ်ချပ်...
"အား... ပြီးသွားပြီ.."
ပုစ္ဆာအားလုံးဖြေရှင်းပြီးဆီးသွားချိန်မှာ အချိန်က အတော်လင့်နေပြီဖြစ်တယ်..
အနားယူချိန်ရောက်ပြီဖြစ်ကြောင်း ထူပူနေတဲ့မျက်ခမ်းစပ်တွေက သတိပေးလို့နေတယ်..
"ကျွန်တော် အကုန်ပြီးပြီ အကို"
အကို့ကို အသိပေးလည်းပေးရင်း လှည့်ကြည့်မိလေတော့...
"....."
စားပွဲခုံကို မေးထောက်ရင်း အိပ်ပျော်လို့နေတဲ့အကိုက အလိုက်သင့်လေး ဆီးကြိုလို့နေနေလေရဲ့...
"....."
သူ့အာရုံတွေဟာ အကို့ဆီကို အထိန်းအကွပ်မရှိ အလုံးစုံထပ်မံကျရောက်ပြန်ပါတယ်..
အလိုမကျတိုင်း စုကြုံ့ထားတက်တဲ့မျက်ခုံးတွေဟာ အခုတော့ အားပျော့စွာ ပြေလျော့လို့...
ခပ်စိပ်စိပ်မျက်တောင်လေးတွေက ငြိမ်သက်နေကာ
စည်းချက်မှန်မှန်အသက်ရှုသံဟာ တစ်မျိုးတစ်ဖုံအေးချမ်းစေပါတယ်...
နုတ်ခမ်းအောက်က အနက်ရောင်မှဲ့စက်လေးဟာ မီးရောင်အောက်မှာ ထင်ရှားလို့ပါပဲ..
ဒီလူဟာ ဘယ်အချိန်ပဲဖြစ်စေ သူ့ကိုမငေးစိုက်ရမနေနိုင်အောင် ဆွဲငင်နိုင်တဲ့ လူဖြစ်တယ်...
သေချာကြည့်တော့မှ မျက်နှာလေးချောင်ကျနေတာပဲ...
အကို ဒီရက်ပိုင်းမှာ စာမေးပွဲတွေတစ်ဖက်နဲ့ သူ့ကိုကြည့်ရတာနဲ့ သိပ်ပင်ပန်းနေပြီထင်တယ်...
သူ ဒီလူကို အင်အားတွေပေးပစ်ချင်လိုက်တာ..
တစ်ချက်လောက်တို့ထိလို့ရရင် သိပ်ကောင်းမယ်...
ဒီလူရဲ့ ဆံစတွေကို သပ်ထိလို့ နှစ်သိမ့်ပေးချင်တယ်...
အမှတ်တမဲ့ လှမ်းလာတဲ့လက်တစ်ဖက်ဟာ အကိုဆီမရောက်ခင် မီလီမီတာအနည်းငယ်အကွာမှာပဲ ရပ်တန့်သွားတယ်...
အနီးဆုံးမှာရှိနေပေမဲ့ အကွာအဝေးက သိပ်ခြားနေသလိုပဲ... ဝေးလွန်းတယ်...
အကို့ကို ထိတွေ့မိလို့ ကျွန်တော်တို့ ဒီထက်ပိုပြီးဝေးကွာသွားလိမ့်မလား...
သူ့ကို ဆူနေကျနုတ်ခမ်းတွေ... အခုအချိန်မှာ သူ့ကိုချီးကျူးပေးရမဲ့ ဒီနုတ်ခမ်းတွေဟာ လှုပ်ယှက်ခြင်းအလျင်းမရှိ...
နောက်ဆုံးတော့ လှမ်းလက်စ သူ့လက်ဟာ နောက်ကိုပြန်ဆုတ်ပါတယ်...
အဲ့ဒီအစား မေးခြင်းမမည်တဲ့ အမေးတစ်ခွန်းကိုသာ လေသံတိုးလေးနဲ့သာ ရေရွတ်မိရဲ့...
"သင်ခန်းစာအကုန်ပြီးသွားပြီလေ... တစ်ချက်လောက်တော့ ချီးကျူးပေးရဦးမှာ မဟုတ်ဘူးလား..."
ဒီလောက်တော့ မျော်လင့်ချင်တယ်လေ...
အကို့ကို အနားမှာ ကြာကြာရှိစေချင်လို့ တမင်ပေကပ်ကပ်နေနေမိတဲ့ကျွန်တော်က အခုအကိုဘေးမှာရှိနေတာမို့လို့ စာကိုပြီးအောင်လုပ်ထားတယ်လေ...
တစ်ပိုင်းတစ်စ ဖွင့်ထားဆဲဖြစ်တဲ့ ဆွဲပြတင်းဆီမှ မိုးနံ့ပါတဲ့လေအေးတစ်ချက် သုတ်ကနဲတိုးဝင်လာတယ်...
နှာခေါင်းတစ်ချက်ရှုံ့ရင်း တွန့်သွားတဲ့အကိုက အေးသွားတယ်ထင်တယ်...
ပြတင်းပေါက်ကိုထပိတ်လိုက်ပြီး အကိုသက်တောင့်သက်သာရှိအောင် အနည်းငယ်ရွှေ့ပြောင်းပြင်ဆင်ပေးလိုက်တော့ ပြန်အိပ်မောကျသွားလေရဲ့...
တကယ်ပဲ ဒီလူက ရောက်လေရာမှာ စိတ်အေးလက်အေး အိပ်ပျော်တက်တာပဲလား...
အခန်းမီးဟာ မှိန်ပြသွားတယ်...
လောကကြီး အနားယူချိန်ကိုရောက်ပြီဖြစ်တယ်...
တိတ်ဆိတ်ငြိမ်သက်နေတဲ့ အပြင်ဘက်မှာ ပိုးကောင်ငယ်တစ်ချို့ရဲ့ မြည်တွန်သံသဲ့သဲ့ဟာ ချော့မြူနေသည့်အလား...
သူ့ဒိုင်ယာရီထဲမှာ စာကြောင်းတစ်ခု ထပ်တိုးလာပြန်ပြီဖြစ်တယ်...
အကိုတစ်ယောက် နွေးထွေးစွာအိပ်စက်ဖို့ မျော်လင့်ပါတယ်..
ဂွတ်နိုက်ပါ အကို...
-----------------------------------------
Zawgyi;
*အကိုက ေကာ္ဖီဆိုရင္ ခါးတာပဲႀကိဳက္တက္တယ္... အထူးသျဖင့္ Breezy လို႔ေခၚတဲ့ဆိုင္က ေကာ္ဖီကိုပိုႀကိဳက္တယ္*
အကိုကိုင္လာတက္တဲ့ ေကာ္ဖီbox ေလးကို ျမင္ေနက်ျဖစ္တာမို႔ ဆိုင္နာမည္ ရင္းႏွီးေနခဲ့ေပမဲ့ အဲ့ဒီဆိုင္က ဘယ္ေနရာမွာရွိမွန္းေတာင္ မသိပါဘူး....
တစ္ေန႕က်မွ အကိုနဲ႕ျဖစ္ေအာင္သြားရဦးမယ္လို႔ သူစိတ္ကူးတယ္...
ဒီလိုစိတ္ကူးနဲ႕ ေရးမွတ္ျဖစ္တဲ့ စာအုပ္ေလးေတာင္ စာမ်က္ႏွာမ်ားလွၿပီရယ္...
ဒါကို ဝမ္ရိေပၚရဲ႕ဒိုင္ယာရီလို႔ေခၚရမလား.. အကို႔ရဲ႕ျဖစ္တည္ရာလို႔ေတာင္ အမည္ေပးရမလား ေဝခြဲမရေအာင္ျဖစ္ေနၿပီ....
ဘာလို႔ဆို စာမ်က္ႏွာတိုင္းမွာ စာေၾကာင္းတိုင္းမွာ အကိုနဲ႕ခ်ည္း ျပည့္ႏွက္ေနလို႔...
"ေဟး!! ဝမ္ရိေပၚ!! ငါ့ကိုျမင္လားးး"
အေရွ႕ကြင္းျပင္ႀကီးထဲမွာ အားကစားဂ်ာစီနဲ႕ ေျပးလြားရင္း ေဘာလုံးကန္ေနတဲ့ ရွင္းယီအတြက္ တစ္ဦးတည္းေသာ ပရိတ္သတ္က သူပဲျဖစ္တယ္...
ေက်ာင္းအားကစားပြဲေၾကာင့္ မျဖစ္မေန ပါဝင္ေလ့က်င့္ေနရတဲ့ ရွင္းယီကေတာ့ ေခြၽးတစ္လုံးလုံးနဲ႕ ေျပးလြားလို႔ပါပဲ...
ေဘာလုံးကန္ျခင္းက သူ႕ဝါသနာမဟုတ္ဘူးရယ္..
သူက ေျပးလြားျခင္းေတြကို မုန္းတီးရတဲ့သူျဖစ္တယ္..
တစ္ခ်ိဳ႕ေသာ အခြင့္ထူးခံကိုရရွိထားတဲ့ဝန္ရိေပၚက ေက်ာင္းပြဲေတြမွာ ေထြေထြထူးထူးသိပ္ၿပီးပါစရာမလိုဘူး..
ဒီလို ေက်ာင္းပြဲကာလေတြဆိုရင္ စာသင္ခ်ိန္လည္းနည္းတာမို႔ သူက အၿမဲလိုအခ်ိန္ေတြအားလပ္ေနတက္တယ္...
လုပ္စရာမရွိတဲ့အခ်ိန္ေတြကပိုလို႔ေတာင္ ေႏွးေကြးေနတက္ပါတယ္...
ဒီေနရာမွာ ထိုင္ေနမိတဲ့အေတာတြင္း အကို႔အေၾကာင္းေတြးမိျခင္းက သိပ္ၿပီး အက်ိဳးအေၾကာင္းဆီေလ်ာ္တယ္လို႔ သူထင္တယ္..
ဒါကို အာ႐ုံပ်ံ့လြင့္တယ္ ေခၚလို႔မရေတာ့ဘူးေလ...
အားလပ္ေနတဲ့အခ်ိန္ေတြကို အကို႔အေၾကာင္းေတြ စဥ္းစားရင္း အဓိပၸါယ္ရွိရွိျဖဳန္းေန႐ုံပါပဲ...
သူ႕ကိုယ္သူ ဂုဏ္ဆာေနပုံရတဲ့ရွင္းယီက ကြင္းျပင္ထဲကေန သူ႕ကို မၾကာခဏလက္ေဝွးယမ္းျပရင္း လွမ္းလွမ္းေအာ္တယ္...
သူ ၿပဳံးျပလို႔ လက္ျပန္ျပလိုက္ၿပီး အေတြးစတို႔ကို ဆက္ၿပီးျဖန့္က်က္ဖို႔ျပင္တယ္...
"နင္က ဒီကိုေရာက္ေနတာလား ဝမ္ရိေပၚ.."
ဆက္ဖို႔ျပင္ေနတဲ့ အေတြးစတို႔ တိကနဲ..
လွည့္ၾကည့္လိုက္ေတာ့ အတန္းထဲက ရင္းဖန္ဖန္း ဆိုတဲ့တစ္ေယာက္..
"..."
ဘာမွျပန္မေျဖျဖစ္ဘူး... အဲ့ေလာက္ႀကီးရင္းႏွီးတယ္မထင္လို႔..
သူမက သူ႕ေဘးနားအထိ ေရာက္လာၿပီး...
"အတန္းေခါင္းေဆာင္က နင့္ကိုရွာေနတယ္.
ဒီေန႕ညေန သန့္ရွင္းေရးအလွည့္က်တာ သူနဲ႕နင္တဲ့.."
"ေအာ္.."
နာရီၾကည့္လိုက္ေတာ့ ေက်ာင္းဆင္းခ်ိန္ေတာင္ေရာက္လုၿပီပဲ..
ဘာအပိုဆာဒါးမွ မေျပာျဖစ္ပါပဲ သူစာအုပ္ေတြသိမ္းလို႔ သြားဖို႔ျပင္တယ္..
"ဝမ္ရိေပၚ.."
ထပ္လွည့္ၾကည့္မိျပန္ေတာ့ ဖန္ဖန္းကသူ႕ကို တစ္ခ်က္ၿပဳံးျပရင္း
"ငါ လိုက္ကူညီေပးရဦးမလား.."
"မလိုဘူး.."
သူ႕ရဲ႕ ျမန္ဆန္တဲ့အေျဖမွာ သူမ မ်က္ႏွာကြက္ကနဲတည္သြားေလရဲ႕...
"..."
ၾကည့္ရတာ မေမ်ာ္လင့္ထားတဲ့ပုံပဲ..
"အာ... ငါ့တာဝန္ဆိုေတာ့ ငါပဲလုပ္ရမွာေပါ့... လာေျပာေပးတာ ေက်းဇူးပဲ... "
႐ုပ္တရက္ အားနားစရာျဖစ္သြားတာမို႔ သူ စကားျပန္ထိန္းလိုက္ၿပီး ၿပဳံးျပလိုက္ေတာ့ သူမက ျပန္လည္ စိတ္ေက်နပ္သြားေလရဲ႕...
သူ႕ကိုႏုတ္ဆက္လို႔ လွည့္ထြက္သြားတဲ့သူမကိုၾကည့္ရင္း သူ႕ဆီသက္ျပင္းေဖ်ာ့ေဖ်ာ့က်ေရာက္တယ္..
သူ ေဖာ္ေ႐ြဖို႔လိုအပ္တယ္ဆိုတာ သိတယ္...
တစ္ခါတစ္ေလ ျပင္ရခက္တဲ့အက်င့္ေတြက လူကိုခက္ခဲေစတက္ပါတယ္...
အားကစားကြင္းကို ေက်ာခိုင္းလို႔ သူ႕ေျခလွမ္းေတြက ေက်ာင္းခန္းမဆီဦးတည္လိုက္တယ္...
ေနေရာင္က ဝါေဆြးေဆြးနဲ႕ မွိန္ျပျပ..
ညေနခင္းရဲ႕ေျမာက္ျပန္ေလက သုတ္ကနဲတိုက္ခတ္ေတာ့ ရွည္စျပဳေနၿပီျဖစ္တဲ့ သူ႕ရဲ႕ဆံႏြယ္တစ္ခ်ိဳ႕က တစ္ခ်က္လြင့္သြားတယ္..
ေက်ာင္းဆင္းခ်ိန္မို႔ ေက်ာင္းဝန္းက သြားလာေနတဲ့ေက်ာင္းသားေတြနဲ႕ အသက္ဝင္ေနၿပီး တိတ္ဆိတ္ေနတာေတာ့ မဟုတ္ဘူးရယ္..
ဥပဟိုတိုးထြက္ေနတဲ့ ေက်ာင္းသားေတြကို ဆန့္က်င္လို႔ သူ႕စာသင္ခန္းရွိတဲ့ ဒုတိယထပ္ဆီေရာက္ခ်ိန္မွာေတာ့ လူေတြနည္းေနၿပီျဖစ္တယ္...
စာသင္ခန္းထဲမွာ ၾကမ္းတိုက္တံျမက္စည္းတစ္ေခ်ာင္းနဲ႕ အလႈပ္ရႈပ္ေနတဲ့ ေက်ာင္းသူတစ္ဦးေတာ့ရွိတယ္..
သူဝင္သြားေတာ့ သူမက သူ႕ကိုတစ္ခ်က္သာၾကည့္လို႔ လက္ထဲက ၾကမ္းတိုက္တံျမက္စည္းကိုထိုးေပးလာရဲ႕...
"ၾကမ္းတိုက္လိုက္... ငါ မွန္ေတြတိုက္လိုက္မယ္..."
ေျပာရင္း တစ္ဖက္လွည့္သြားတဲ့ ေက်ာင္းသူက ခပ္စိမ္းစိမ္း.. ခပ္ျပတ္ျပတ္ပဲ..
သူမက သူတို႔ရဲ႕အတန္းေခါင္းေဆာင္ လ်န္ခ်ိဳးဟြာျဖစ္တယ္...
စာအေတာ္ဆုံး၊ အေနအတည္ဆုံး၊ စည္းကမ္းအလိုက္နာဆုံး ေက်ာင္းရဲ႕ဂုဏ္ေဆာင္ေက်ာင္းသူတစ္ေယာက္...
ဂုဏ္ျဒပ္ေတြနဲ႕ လိုက္ဖက္ေအာင္ မာနသိပ္ႀကီးတယ္လို႔ သူေတြးတယ္။
ၿပီးေတာ့ အရွိန္အဝါလည္း ရွိတယ္။
သူ ဘာမွေျပာမေနေတာ့ပဲ လြယ္အိပ္ခြၽတ္လို႔ အလုပ္စတယ္...
သူ႕အေပၚ ဘယ္အရာကိုမွ အာ႐ုံထပ္စိုက္မလာတဲ့ သူမကလည္း တိတ္တိတ္ဆိတ္ဆိတ္ပါပဲ...
ဝမ္ရိေပၚဆိုတဲ့သူက သိပ္ၿပီး အေရးစိုက္ေနမဲ့သူေတာ့ မဟုတ္ဘူးရယ္...
အခ်င္းခ်င္း ခင္မင္မႈမရွိတာမို႔ အေနခက္ေနမဲ့အစား ဒီလိုက ပိုေကာင္းတယ္လို႔ သူေတြးမိတယ္...
အနည္းဆုံးေတာ့ မတိုင္ခင္ကလိုမ်ိဳး အားနာမိစရာမလိုေတာ့ဘူးေပါ့...
စာသင္ခန္းျပတင္းက လိုက္ကာစေတြဟာ ေလအရွိန္နဲ႕ တစ္လူလူလြင့္ေမ်ာလို႔ေနတယ္...
ထုံးစံအတိုင္း သူ႕ရဲ႕အိပ္ကပ္ထဲက နားၾကပ္ႀကိဳးကို နားမွာဆင္လို႔ သီခ်င္းတစ္ပုဒ္ကို အသံတိတ္ညည္းဆိုလိုက္ရင္း တံျမက္စည္းကို စတင္ေ႐ႊလ်ားတယ္...
စာသင္ခန္းထဲအထိတိုးေဝွ႕ကာ အလည္ေရာက္ခ်င္တဲ့ ေလေျပက ခပ္ေအးေအး...
သူညည္းေနတဲ့သံစဥ္ေတြကို ဒီေလေျပကေနတစ္ဆင့္ အကို႔ဆီ ပို႔ေဆာင္လို႔ရရင္ေကာင္းမယ္...
အကိုေရာ အခုခ်ိန္ ဘာေတြလုပ္ေနေလာက္မလဲ...
.
.
.
တစ္ဒုတ္ခုန္ေနတဲ့ရင္အစုံဟာ ဒီလိုအခ်ိန္မွာေတာ့ ပုံမွန္ထက္ ႀကိမ္ႏႈန္းျမင့္တယ္...
ဒီႀကိမ္ႏႈန္းက ဦးေခါင္းထဲအထိ သြားသက္္ေရာက္သလိုပဲ... တစ္ဆစ္ဆစ္ကိုက္ခ်င္လာတဲ့ အာ႐ုံေၾကာေတြဟာလည္း ခုန္လႈပ္လို႔...
" တိုးတက္မလာဘူးပဲ.."
အကိုက သူ႕ရဲ႕ ရီပိုဒ့္ကဒ္ကိုၾကည့္ရင္း ဒီလိုအားရစြာမွတ္ခ်က္ေပးပါတယ္။
ေက်နပ္ျခင္းအရိပ္အေယာင္မေတြ႕ရတဲ့ ႏုတ္ခမ္းပါးက တိရိျပတ္သားလို႔...
အကို႔ရဲ႕ ဓားသြားလို ညီတန္းေနတဲ့ မ်က္ခုံးအစုံက သူ႕ကို ရင္တစ္လွပ္လွပ္ခါေစရဲ႕...
သူ ေလးလံစြာ တံေတြးၿမိဳခ်လိဳက္ရင္း...
"ဒါေပမဲ့ ... ဘာသာစုံေအာင္ပါတယ္ အကိုရဲ႕... အရင္လထက္စာရင္... တိုး...တက္..ပါတယ္.."
အကိုက သူ႕ကို မ်က္ေမွာင္ၾကဳတ္လို႔ ၾကည့္ျပန္တယ္။
အၾကည့္ေတြက ေအးခဲမတက္...
ေလသံကလည္း ... အင္း... ခပ္ေအးေအးပါပဲ..
"ကပ္သီေလးလြတ္သြားတဲ့ ေအာင္မွတ္နဲ႕လား... ဒါကို တိုးတက္တယ္လို႔ေခၚလို႔ရတယ္လား..."
"..."
အကိုက ဒီလိုအခ်ိန္ဆို ေၾကာက္ဖို႔ေကာင္းပါတယ္။
စကားလုံးအၾကမ္းေတြလုံးဝမသုံးပါပဲ လူကိုမလႈပ္ရဲေအာင္ ဆူတက္တယ္။
"ကိုယ္နဲ႕လုပ္ခဲ့တဲ့ သင္ခန္းစာေတြမွာ ရေနတာပဲ မဟုတ္ဘူးလား... ဒီတစ္ႀကိမ္ အေျခအေနေကာင္းတယ္ဆိုၿပီး ဘာလို႔ရလဒ္က ဒီလိုျဖစ္ေနရတာလဲ..."
ဘာပဲျဖစ္ျဖစ္ ေအာင္တာပဲကို..
နည္းနည္းေလာက္ ခ်ီးက်ဴးေပးလို႔ မရဘူးလား..
"ကိုယ့္ကို ဒီေလာက္နဲ႕ ေက်နပ္လို႔ရၿပီလို႔ ႏွစ္သိမ့္ခ်င္တာလား..."
"မဟုတ္ပါဘူး.."
အကိုက စာ႐ြက္ကို စားပြဲေပၚစိတ္ပ်က္လက္ပ်က္လွမ္းတင္လိုက္ၿပီး
"ဉာဏ္အားရွိေပမဲ့ ႀကိဳးစားမႈမရွိရင္ ဘယ္ေတာ့မွာ ေအာင္ျမင္မွာမဟုတ္ဘူး... အခု ဒီပုံစံနဲ႕သြားေနတာ ဘယ္ႏွစ္လရွိေနၿပီလဲ...ၾကည့္ရတာ မင္းကို အကို အလိုလိုက္တာတကယ္ကို မ်ားေနၿပီပဲ..."
အလိုလိုက္တယ္တဲ့လား...
မ်က္ႏွာျမင္တာနဲ႕ သင္ရိုးစာအုပ္ႀကီးကိုပဲ ေျပးေျပးျမင္ေနရတဲ့အထိကို တြန္းေနတဲ့သူက ဘာကိုအလိုလိုက္တာမ်ားလဲ..
စာကလြဲၿပီး ဘာမွစိတ္မဝင္စားတဲ့အကိုက တကယ့္ကို ပ်င္းစရာအ႐ူးတစ္ေယာက္ပဲ...
"မင္း အာ႐ုံအရမ္းျပန့္လြန္းတယ္... အတန္းတင္စာေမးပြဲက နီးလာၿပီ ... မင္းဒီအတိုင္း ဆက္ၿပီးျဖစ္ေနဦးမယ္ဆိုရင္ အကိုမင္းအတြက္ ဘာမွကူညီနိုင္ေတာ့မွာ မဟုတ္ဘူး.."
တစ္ခ်ိဳ႕ေသာ.စိတ္ခံစားခ်က္ေတြက လုပ္ယူပစ္လို႔မရသလို ေဖ်ာက္ပစ္ဖို႔က ပိုခက္တယ္ဆိုတာကို အကိုသိေအာင္ ဘယ္လိုေျပာျပရမလဲ...
လူကိုအျပည့္အဝ အာ႐ုံမစူးစိုက္နိုင္ေအာင္ ေႏွာက္ယွက္သူကလည္း အကိုပဲ ျဖစ္ေနျပန္ေသးတာေလ..
ဒါကို ကြၽန္ေတာ္ ဘယ္လိုတက္နိုင္ပါ့မလဲ...
"ကြၽန္ေတာ္ပိုၿပီး ႀကိဳးစားပါ့မယ္.."
"မင္းဒီစကားေျပာေနခဲ့တာလည္း ႀကိမ္ဖန္မ်ားစြာရွိေနၿပီ ဝမ္ရိေပၚ... မင္းစိတ္ထဲ ဒါေတြကို ကေလးကစားစရာလို႔ ေတြးေနလို႔မရေတာ့ဘူး... လြယ္လြယ္ကတိေပးၿပီး လြယ္လြယ္ပ်က္တာမ်ိဳး ကိုယ္မႀကိဳက္ဘူးေနာ္... ၿပီးေတာ့ #####"
ဝမ္ရိေပၚ ဒီဆရာကို ေခါင္းေမာ့ၿပီး မ်က္ေစာင္းပစ္ထိုးလိုက္ခ်င္တယ္...
ဒီလူကို ေမာင္းထုတ္ပစ္သင့္တယ္လို႔လည္း အေတြးဝင္ေသးတယ္...
ခက္တာက ဒီလူက အကိုျဖစ္ေနတယ္...
ပိုၿပီးခက္တာက အကို႔ကို ဒီေနရာအေရာက္ဆြဲေခၚခဲ့သူကလည္း သူပဲျဖစ္ပါတယ္...
.
.
.
"ဒီည ဒီပုစာၦေတြ မၿပီးရင္ မအိပ္ရဘူး"
"ဟမ္"
သူလုပ္ရမဲ့ပုစာၦေတြက နည္းနည္းအဆင့္မ်ားၿပီး ရႈပ္တယ္...
သုံးေလးဆင့္ေလာက္ကို ခ်တြက္ျပရတယ္..
သူဆိုတာက ဒီလိုေမးခြန္းေတြဆိုရင္ ေက်ာ္ပစ္ခ်င္တဲ့လူစားမ်ိဳး...
ဒီအတိုင္း ရိုးရိုးတြက္ရင္လည္း အေျဖထြက္နိုင္သားနဲ႕ ဘာလို႔ ေဖာ္ျမဴလာေတြ အီေကြးရွင္းေတြ သီအိုရီေတြ အဆင့္ဆင့္ခ်ိတ္ခိုင္းေနလည္း နားမလည္ဘူး..
တကယ့္လက္ေတြ႕ဘဝကို ရင္ဆိုင္ရင္ေရာ ဘဝႀကီးကိုဒီလို အီေကြးရွင္းေတြနဲ႕တြက္ခ်က္ရင္း ေ႐ြးခ်ယ္အေျဖထုတ္ရတာပဲလား...
"ေလ့က်င့္ခန္း နာပါတ္သုံးေမးခြန္းကို ဖတ္ရေအာင္.."
သူ႕မ်က္စိေရွ႕မွာ အာ႐ုံစူးစိုက္ေနတဲ့အကိုက သိပ္ၿပီး ညွင္သာတည္ၿငိမ္တယ္...
မ်က္မွန္ေအာက္က အကို႔မ်က္ဝန္းေတြက အေရာင္ခပ္ေဖ်ာ့ေဖ်ာ့...
သင္ရိုးၫြန္းတမ္းေတြၾကားထဲမွာက်င္လည္ေနတဲ့အကိုကေတာ့ ေသခ်ာေပါက္ကို ဘဝႀကီးကို ဒီလိုအီေကြးရွင္းေတြနဲ႕ တြက္ခ်က္လိမ့္မယ္ထင္တယ္...
သူဆိုရင္ေတာ့ ဒီလိုတြက္ခ်က္မႈမ်ိဳးျငင္းပယ္ပါမယ္...
အဆုံးသတ္မွာ အေျဖတစ္ခုရွိရဲ႕နဲ႕ သြယ္ဝွိုက္တြက္ခ်က္ရင္း အပင္ပန္းခံေနမဲ့အစား သီခ်င္းတစ္ပုဒ္ေရးစပ္ပစ္တာက ပိုေကာင္းလိမ့္မယ္လို႔ေတြးတယ္...
"ဒီလိုေငးေနလို႔ ေျဖရွင္းစရာေတြၿပီးသြားမွာမဟုတ္ဘူး ဝမ္ရိေပၚ... "
"အာ.. ဟုတ္... ေတာင္းပန္ပါတယ္.. "
အကို႔ရဲ႕ ဆူျခင္းမမည္တဲ့ သတိေပးသံတစ္ခ်က္မွာ သူ႕အာ႐ုံေတြ ျပန္စုစည္းရတယ္...
သူ႕ကိုစိတ္ဆိုးၿပီး အကိုတစ္ေယာက္ ထျပန္သြားမွာကိုလည္း စိုးရိမ္ရပါေသးတယ္...
- ခ်ပ္...ခ်ပ္...ခ်ပ္ -
စကၠန့္ေတြဆီကေန မိနစ္...
ထိုမွတစ္ဆင့္ နာရီဆီသို႔....
တစ္စ တစ္စ ကုန္ဆုံးလာတဲ့ နာရီသံေတြက တစ္ခ်ပ္ခ်ပ္...
"အား... ၿပီးသြားၿပီ.."
ပုစာၦအားလုံးေျဖရွင္းၿပီးဆီးသြားခ်ိန္မွာ အခ်ိန္က အေတာ္လင့္ေနၿပီျဖစ္တယ္..
အနားယူခ်ိန္ေရာက္ၿပီျဖစ္ေၾကာင္း ထူပူေနတဲ့မ်က္ခမ္းစပ္ေတြက သတိေပးလို႔ေနတယ္..
"ကြၽန္ေတာ္ အကုန္ၿပီးၿပီ အကို"
အကို႔ကို အသိေပးလည္းေပးရင္း လွည့္ၾကည့္မိေလေတာ့...
"....."
စားပြဲခုံကို ေမးေထာက္ရင္း အိပ္ေပ်ာ္လို႔ေနတဲ့အကိုက အလိုက္သင့္ေလး ဆီးႀကိဳလို႔ေနေနေလရဲ႕...
"....."
သူ႕အာ႐ုံေတြဟာ အကို႔ဆီကို အထိန္းအကြပ္မရွိ အလုံးစုံထပ္မံက်ေရာက္ျပန္ပါတယ္..
အလိုမက်တိဳင္း စုႀကဳံ႕ထားတက္တဲ့မ်က္ခုံးေတြဟာ အခုေတာ့ အားေပ်ာ့စြာ ေျပေလ်ာ့လို႔...
ခပ္စိပ္စိပ္မ်က္ေတာင္ေလးေတြက ၿငိမ္သက္ေနကာ
စည္းခ်က္မွန္မွန္အသက္ရႈသံဟာ တစ္မ်ိဳးတစ္ဖုံေအးခ်မ္းေစပါတယ္...
ႏုတ္ခမ္းေအာက္က အနက္ေရာင္မွဲ႕စက္ေလးဟာ မီးေရာင္ေအာက္မွာ ထင္ရွားလို႔ပါပဲ..
ဒီလူဟာ ဘယ္အခ်ိန္ပဲျဖစ္ေစ သူ႕ကိုမေငးစိုက္ရမေနနိုင္ေအာင္ ဆြဲငင္နိုင္တဲ့ လူျဖစ္တယ္...
ေသခ်ာၾကည့္ေတာ့မွ မ်က္ႏွာေလးေခ်ာင္က်ေနတာပဲ...
အကို ဒီရက္ပိုင္းမွာ စာေမးပြဲေတြတစ္ဖက္နဲ႕ သူ႕ကိုၾကည့္ရတာနဲ႕ သိပ္ပင္ပန္းေနၿပီထင္တယ္...
သူ ဒီလူကို အင္အားေတြေပးပစ္ခ်င္လိုက္တာ..
တစ္ခ်က္ေလာက္တို႔ထိလို႔ရရင္ သိပ္ေကာင္းမယ္...
ဒီလူရဲ႕ ဆံစေတြကို သပ္ထိလို႔ ႏွစ္သိမ့္ေပးခ်င္တယ္...
အမွတ္တမဲ့ လွမ္းလာတဲ့လက္တစ္ဖက္ဟာ အကိုဆီမေရာက္ခင္ မီလီမီတာအနည္းငယ္အကြာမွာပဲ ရပ္တန့္သြားတယ္...
အနီးဆုံးမွာရွိေနေပမဲ့ အကြာအေဝးက သိပ္ျခားေနသလိုပဲ... ေဝးလြန္းတယ္...
အကို႔ကို ထိေတြ႕မိလို႔ ကြၽန္ေတာ္တို႔ ဒီထက္ပိုၿပီးေဝးကြာသြားလိမ့္မလား...
သူ႕ကို ဆူေနက်ႏုတ္ခမ္းေတြ... အခုအခ်ိန္မွာ သူ႕ကိုခ်ီးက်ဴးေပးရမဲ့ ဒီႏုတ္ခမ္းေတြဟာ လႈပ္ယွက္ျခင္းအလ်င္းမရွိ...
ေနာက္ဆုံးေတာ့ လွမ္းလက္စ သူ႕လက္ဟာ ေနာက္ကိုျပန္ဆုတ္ပါတယ္...
အဲ့ဒီအစား ေမးျခင္းမမည္တဲ့ အေမးတစ္ခြန္းကိုသာ ေလသံတိုးေလးနဲ႕သာ ေရ႐ြတ္မိရဲ႕...
"သင္ခန္းစာအကုန္ၿပီးသြားၿပီေလ... တစ္ခ်က္ေလာက္ေတာ့ ခ်ီးက်ဴးေပးရဦးမွာ မဟုတ္ဘူးလား..."
ဒီေလာက္ေတာ့ ေမ်ာ္လင့္ခ်င္တယ္ေလ...
အကို႔ကို အနားမွာ ၾကာၾကာရွိေစခ်င္လို႔ တမင္ေပကပ္ကပ္ေနေနမိတဲ့ကြၽန္ေတာ္က အခုအကိုေဘးမွာရွိေနတာမို႔လို႔ စာကိုၿပီးေအာင္လုပ္ထားတယ္ေလ...
တစ္ပိုင္းတစ္စ ဖြင့္ထားဆဲျဖစ္တဲ့ ဆြဲျပတင္းဆီမွ မိုးနံ႕ပါတဲ့ေလေအးတစ္ခ်က္ သုတ္ကနဲတိုးဝင္လာတယ္...
ႏွာေခါင္းတစ္ခ်က္ရႈံ႕ရင္း တြန့္သြားတဲ့အကိုက ေအးသြားတယ္ထင္တယ္...
ျပတင္းေပါက္ကိုထပိတ္လိုက္ၿပီး အကိုသက္ေတာင့္သက္သာရွိေအာင္ အနည္းငယ္ေ႐ႊ႕ေျပာင္းျပင္ဆင္ေပးလိုက္ေတာ့ ျပန္အိပ္ေမာက်သြားေလရဲ႕...
တကယ္ပဲ ဒီလူက ေရာက္ေလရာမွာ စိတ္ေအးလက္ေအး အိပ္ေပ်ာ္တက္တာပဲလား...
အခန္းမီးဟာ မွိန္ျပသြားတယ္...
ေလာကႀကီး အနားယူခ်ိန္ကိုေရာက္ၿပီျဖစ္တယ္...
တိတ္ဆိတ္ၿငိမ္သက္ေနတဲ့ အျပင္ဘက္မွာ ပိုးေကာင္ငယ္တစ္ခ်ိဳ႕ရဲ႕ ျမည္တြန္သံသဲ့သဲ့ဟာ ေခ်ာ့ျမဴေနသည့္အလား...
သူ႕ဒိုင္ယာရီထဲမွာ စာေၾကာင္းတစ္ခု ထပ္တိုးလာျပန္ၿပီျဖစ္တယ္...
အကိုတစ္ေယာက္ ေႏြးေထြးစြာအိပ္စက္ဖို႔ ေမ်ာ္လင့္ပါတယ္..
ဂြတ္နိုက္ပါ အကို...
-----------------------------------------