မြတ်နိုးမိသော

SawKyiPhyulinnwai द्वारा

14.5K 491 84

မာန်ဝင့်ထည် လင်းရောင်စဥ် अधिक

အပိုင်း၁
အပိုင်း၃
အပိုင်း၄
အပိုင်း၅

အပိုင်း၂

2.3K 86 17
SawKyiPhyulinnwai द्वारा

မနက်ခင်း၆နာရီအတိမှာ တတီတီမြည်နေတဲ့ ကုတင်ဘေးစာရေးစားပွဲခုံပေါ်က ကြယ်ပုံစံနာရီလေးဆီကနေ ကြားနေရတဲ့နှိုးစက်သံကြောင့် ရောင်စဥ်တစ်ယောက်မျက်စိမဖွင်ဘဲ စောင်ပုံကြားထဲက လက်တစ်ထုတ်ကာ နာရီကိုတွေ့ရာကောက်ပစ်လိုက်ကာ ဆက်အိပ်နေတော့တယ်

ဒီနေ့လဲ မနက်၇ နာရီထိုးနေလေပီ အပေါ်ထပ်ကနေရောင်စဥ်ဆင်းမလားဆိုပီးစောင့်နေရာကနေ ဆင်းမလာတာနဲ့ပဲ ကြက်မွေးယူကာ
ကိုယ်ပဲ အပေါ်လိုက်သွားရင်း ကြည့်လိုက်တော့ ဆက်အိပ်နေတုန်းပဲ သူမနှိုးမှာစိုးလို့ နှိုးစက်ပေးထားတာတောင်ဒီကောင်လေးကမထဘဲဆက်အိပ်နေသေးတယ်လေ နှိုးစက်လေးဟာလဲနှစ်ခြမ်းဖြစ်လို့နေတယ် စည်းကမ်းမရှိဘဲပစွည်းတွေဖျက်ဆီးတတ်ပီးတန်ဖိုးမထားတတ်တာကိုသူမကြိုက်ပါ ..အခန်းထဲမှာလဲ အကျီတွေကဟိုတွဲလောင်းဒီတွဲလောင်း ရှူပ်ပွနေတာပဲ....တကယ်ကိုစည်းကမ်းမရှိဘဲဖြစ်သလိုနေနေတာပဲ ရုပ်ချောချောလေးမို့ သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းနေတတ်မယ်လို့ထင်ထားတာ အထင်နဲ့အမြင်နဲ့တခြားစီပါပဲလား....

ဒီကောင်လေးကိုမနေ့ကလဲသတိပေးပီးပီ ကျောင်းတက်ဖို့တစ်လပဲလိုတော့တာကို သူကဘာမှမပြင်ဆင်ရသေးပုံပဲ မနေ့က တစ်ကြိမ်ခွင့်လွတ်ပေးလိုက်တာကိုဒီနေ့လဲမနေ့ကအတိုင်းကျော်သွားပေးမယ်ထင်နေတဲ့ပုံပဲ စောင်ပုံကြားထဲက ထွက်နေတဲ့ခြေသလုံးဖြူဖြူလေးကို အားနဲ့တစ်ချက်ချလိုက်ရင်း

ဝှစ်..........

အား........နာတယ်

ကိုကြီးဘာလို့.....

အိပ်ကောင်းကောင်းနဲ့အိပ်နေရာကနေ ခြေသလုံးကိုမီးစ နဲ့ထိုးသလို ပူကနဲ ဖြစ်သွားတာမို့ မျက်လုံးဖွင့်ပီးထကြည့်လိုက်တော့ ကိုကြီးက ကြက်မွေးကိုလက်က ကိုင်ထားကာ ကျွန်တော့်ကိုရပ်ကြည့်နေတာမို့ ခြေသလုံးကိုပွတ်ရင်းကြောင်နေမိတယ် မျက်ရည်အဝဲသားနဲ့ နာတာမှနင့်ခနဲပဲ

ငါရှေ့ မတ်တပ်လာရပ်

ဝှစ်........ အ

လူကြီးတစ်ယောက်ရှေ့မတ်တပ်ရပ်ရင် လက်ပါပိုက်ထားရမယ်ဆိုတာမင်းမသိဘူးလား ဟမ်

ကိုကြီးရှေ့မတ်တပ်ရပ်ရင်း လက်မောင်းနားကိုတစ်ချက်ထပ်ရိုက်ခံလိုက်တာမို့ နာနေတာကိုမပွတ်နိုင်ဘဲ ကိုကြီးအလိုကျလက်ပိုက်လိုက်ရင်း

နာရီကဘယ်လိုဖြစ်တာလဲ

ဟို...... အဲဒါက မတော်တဆဖြစ်သွားတာပါ

ဘာ...... မတော်တဆ.......

**ဟုတ်လား**

သေချာလား မတော်တဆဆိုတာ

ဟုတ်

ကိုကြီးကပြောရင်းနဲ့အနားတိုးလာကာ ကျွန်တော့်နှုတ်ခမ်းသားတွေကို ကိုကြီးကသူ့လက်နဲ့လိမ်ဆွဲထားတာမို့နှုတ်ခမ်းသားတစ်ခုလုံးထူပူကာနာကျင်လာရတာမို့ မျက်နှာကရှုံမဲ့နေမိတယ်

အ....

ငါကိုလိမ်ပြောတယ်ပေါ့ ဟုတ်လား ဟမ် မင်းဒီပါးစပ်က ငါ့ကိုလိမ်ပြောရဲတယ်ပေါ့လေ

ဘာ..... မတော်တဆ...... ဟုတ်လား

မတော်တဆမဟုတ်ဘဲမင်းတမင်တကာဖျက်ဆီးလိုက်တာ ငါသိတယ် မင်းအိပ်နေတာကိုအနှောက်အယှက်ဖြစ်လို့
အဲ့နာရီကို ခုလိုဖျက်ဆီးလိုက်တာမို့လား ဟမ် ငါက စေတနာနဲ့မင်းမနှိုးတာကိုသိလို့ နှိုးစက်ပေးထားတာတောင်မင်းကငါ့စေတနာကိုစော်ကားလိုက်တယ်ပေါ့....

ကိုယ့်ရှေ့ကကောင်လေးရဲ့နှုတ်ခမ်းသားရဲရဲလေးကို အားနဲ့လိမ်ဆွဲထားရင်းဒေါသထွက်ထွက်နဲ့ပြောနေတော့ ကောင်လေးက မျက်ရည်တွေကျရင်းသာ ခေါင်းခါပြတယ် အဲ့တော့မှဆွဲထားတာ လွတ်ပေးလိုက်ရင်း

မျက်ရည်သုတ် လက်ပြန်ပိုက်ထားငါမေးတာဖြေ

မနေ့ညက ဘယ်အချိန်အိပ်လို့ မင်းဒီမနက်မထနိုင်တာလဲ

၂နာရီ....

ဘာလုပ်နေလဲညဥ့်နက်နေတဲ့အထိမအိပ်ဘဲ

Game ဆော့နေတာပါ

မင်းစည်းကမ်းဖောက်တာတွေများနေပီဒီမနက်မှာ
မင်းငါ့ကိုလိမ်တယ် သတ်မှတ်ချိန်အိပ်ယာမထဘူး ငါ့ပစွည်းကိုလဲဖျက်စီးတယ် သတ်မှတ်ချိန်ထက်နောက်ကျမှအိပ်တယ် မင်းကမနေ့က ငါဒီအတိုင်းကျော်သွားပေးလို့ နောက်နေ့တွေမှာလဲဒီလူကြီးက ဒီအတိုင်းကျော်သွားမယ်ထင်နေတာလားအဲ့လိုထင်နေတဲ့အတွေးတွေကိုငါပြင်ပေးမယ်နောက်အဲလိုမထင်ရဲအောင်လို့ မင်းကြောင့်အချိန်တော်တော်ကုန်သွားပီ

ပီးမှဒီကိစွကိုဆက်ပြောကြမယ် ဆယ်မိနစ်ပေးမယ် မျက်နှာသစ်သွားတိုက်ပီး အောက်ဆင်းခဲ့ ဆယ်မိနစ်ထက်ကျော်ရဲကျော်ကြည့်

ဟုတ်

ကိုကြီးအောက်ဆင်းသွားတာနဲ့ ကမန်းကတန်း မျက်နှာသစ်သွားတိုက်ကာအပြေးဆင်းလာရင်းနဲ့
အောက်ထပ်က ထမင်းစားပွဲ
ထိပ်မှာ သတင်းစာထိုင်ဖတ်နေတဲ့ကိုကြီးနားမှာ
လက်ပိုက်ကာသွားရပ်​တော့
ကိုကြီးကဖတ်လတ်စသတင်းစာချပီးတော့ နာရီတစ်ချက်လှမ်းကြည့်ကာ ကျွန်​တော်နဲ့မျက်လုံးချင်းဆုံကြည့်ကာ သူ့စည်းကမ်းတွေပြောခိုင်းပါတော့တယ်

မင်းငါ့စည်းကမ်းတွေမှတ်မိမယ်ထင်တယ်အခုမင်းပြော ဘာစည်းကမ်းတွေဖောက်မိလဲဆိုတာ

တကယ်တမ်းကိုကြီးရှေ့ပြောခိုင်းတော့ ကိုယ်ဘာ​စည်းကမ်းတွေဖောက်မိလဲဆိုတာ မသိတော့ပါ အဲ့ဒီထဲကစာရွက်ထဲက စာတေကဒီအတိုင်းရေးထားတာပဲမဟုတ်ဘူးလား တစ်ချို့နေရာတွေမှာများသောအားဖြင့်လိုက်နာကြတာမှမဟုတ်တာကို သူကကျိန်းသေပေါက်လိုက်နာရမှာလား သူဆွဲစိတ်ထားလို့လဲပါးစပ်ကနာနေသေးတာကို အခုလဲထပ်မေးနေသေးတယ်

အ......အား.......

မင်းမှာနားမပါဘူးလားဟမ် လူကြီးကမေးနေရင်ပြန်ဖြေရမယ်ဆိုတာမသိဘူးလား မင်းငါ့ကိုမလေးမစားလုပ်နေတာလား..

ကိုကြီးကိုပြောရမယ့်စည်းကမ်းတွေစဥ်းစားနေရင်းအတွေးလွန်နေရာကနေ ကိုကြီးက ညာဖက်နားရွက်လေးတစ်ဖက်ကိုလိမ်ဆွဲလိုက်တာမို့ လက်ပိုက်ဖြုတ်ပီးနားရွက်လေးကိုပွတ်ရင်း မျက်ရည်တွေဝေ့သီလာရပြန်တယ် အိမ်မှာဆိုလဲမာမီနဲ့ဒယ်ဒီကသူ့ကိုလက်ဖျားနဲ့တောင်ထိတာမဟုတ်ဘူး ပိုးလိုဥထားလို့သူ့အသားအရေလေးက ထိရက်စရာမရှိဖြူဝင်းနေတာ ကိုကြီးဆီရောက်မှ လိမ်ဆွဲခံနေရတော့ နာကျင်မှုကမသက်သာပေ

မင်းကငါ့ကိုအကြောတင်းပြနေတယ်ပေါ့ 

ကိုယ်တကယ်စိတ်မရှည်နိုင်တော့ပေ ကိုယ်ကသူ့ကိုမေးနေတာတောင် အူကြောင်ကြားလုပ်ကာ မဖြေဘဲ တစ်ခုခုကိုစဥ်းစားနေပုံမို့ ထိုင်နေရာကထကာ နားဘက်နားရွက်ဖြူဖြူလေးကိုလိမ်ဆွဲလိုက်​တော့မှ
သတိပြန်ဝင်လာပီးရှုံမဲ့ကာနာကျင်နေတဲ့မျက်နှာလေးက အသဲယားစရာ

မဟုတ်ပါဘူး

အန်ကယ်ကငါ့ဆီမှာမင်းကိုအပ်ထားတာ ငါမင်းကိုဆုံးမပိုင်ခွင့်အပြည့်ရှိတယ်ဆိုတာ မမေ့နဲ့သေချာမှတ်ထား ဒီအိမ်မှာနေစဥ်အတွင်း

ကြားလား

ဟုတ်

မင်းငါ့ကိုလိမ်တယ် ငါ့နာရီကိုလဲဖျက်ဆီးတယ် ငါ့စည်းကမ်းတွေလဲဖောက်တယ် ငါ
သင်ပေးခဲ့တဲ့ကျောင်းသားတွေထဲမှာမင်းကအဆိုးဆုံးပဲဆိုတာသိလား..... လင်းရောင်စဥ်
ကိုကြီးကပြောရင်းနဲ့ကြက်မွေးတုတ်ကိုထမင်းစားပွဲခုံဘေးကနေထုတ်လိုက်တာမို့ အံသြနေမိတယ်
အခုကိုကြီးက သူ့ကိုရိုက်မှာလား သူကအရွယ်ရောက်နေပီလေ ကလေးတွေကိုပဲရိုက်ပီးဆုံးမတာမဟုတ်ဘူးလား စည်းကမ်းထဲမှာပါတဲ့အပြစ်ပေးမယ်ဆိုတာက ဒီအတိုင်းဖုန်းသိမ်းတာတို့ မုန့်ဖိုးဖြတ်တာတို့ အပြင်ထွက်ခွင့်ပိတ်တာတို့မဟုတ်ဘူးလား
တစ်ခါမှအရိုက်မခံဘူးတော့​​ကြောက်မိတယ်အပေါ်ကနေဆင်းလာထဲက
ကိုကြီးကိုလွန်ဆန်မယ်လို့စိတ်ကူးထားပေမဲ့ ကိုကြီးနဲ့မျက်လုံးချင်းဆုံလိုက်ရင် ပြောစရာတွေအကုန်ပျောက်ကုန်ရောကိုကြီးမှာဘာစွမ်းအားတွေရှိနေလဲမသိဘူး

ဘယ်လက်လဲနာရီဖျက်ဆီးလိုက်တာ

ဘယ်လက်မှန်းမသိဘူး ကိုကြီး

အဲတာဆိုနှစ်ဖက်လုံးဖြန့်ထား

ဝှစ်...

အ....နာတယ်

လက်လေးနစ်ဖက်အတုန်တုန်အရီရီနဲထုတ်ပေးလိုက်တော့မှ အားပြင်းပြင်းရိုက်ချက်က လက်ဖဝါးဖြူဖြုလေးအပေါ်မှာနီရဲစေတယ်ပထမတစ်ချက်ထဲနဲ့တင်
နာကျင်ပီးအောင့်တက်သွားတာမ်ို့ လက်ကိုပြန်ရုတ်ရင်းလက်ဖဝါးနှစ်ဖက်ကိုမီးပွင်မတတ်ပွတ်နေမိတယ်

ပြန်ဖြန့်ထား လက်ထပ်ရုတ်ရင်ပိုနာမယ်

အင့်

ဝှစ်.....အင့်

ဝှစ်.....

ဝှစ်....

နောက်ပစွည်းတွေကိုတန်ဖိုးမထားဘဲဖျက်စီးဦးမှာလား...

ဝှစ်....အား...နာနေပီ

မဖျက်စီးတော့ပါဘူး....

ဝှစ်

အခန်းကိုသပ်သပ်ရပ်ရပ်မထားဘဲဖြစ်သလိုရှုပ်ပွနေအောင်ထားဦးမှာလား...

ဝှစ်

အင့်......တကယ်နာနေပီ....ကိုကြီး...

မထားတော့ပါဘူး....

၁ချက်ကနေ ၁၀ချက်ကနေ၁၅ ချက်
မြောက်ရောက်တော့လက်ကထုံကာနာကျင်နေလေပီနာတာထက်ရှက်တာကပိုပေလိမ့်မယ်ဒါပေမဲ့လဲနာနေတဲ့လက်ကို ပြန်မရုတ်ရဲပေ...
ဆယ်ငါးချက်ပြည့်တာနဲ့လက်ဖဝါးအဖြူကနေအနီပြောင်းသွားရင်းတစ်ဆတ်ဆတ်တုန်နေရှာတယ်
မျက်နှာမှာလဲမျက်ရည်တွေအဆက်မပြတ်ကျဆင်းနေလေတယ် မငိုဘူးလို့ဆုံးဖြတ်ထားပေမဲ့တကယ်တမ်းနာကျင်မှုက သေမလောက်ခံစားရတာမို့ မျက်ရည်တွေထိန်းမရတော့ပေ

အင့်......အီးဟီး

ငါကိုလိမ်ပြောတဲ့အပြစ်အတွက်က

ရော့.......ဒါကိုစားကုန်အောင်

ဟင့်......

သံပရာသီးလေးတွေကိုအစိတ်သေးသေးလေးဖြစ်အောင်စိတ်ထားပီး ရေနွေးကြမ်းသောက်တဲ့ပုဂံအသေးလေးထဲမှာထည့်ထားတယ်

အင့်.......မလုပ်ပါနဲ့မစားချင်ဘူးချဥ်မှာ

နောက်မလိမ်တော့ပါဘူး ဒီတစ်ခါပဲခွင့်လွတ်ပေးပါ

မနက်ခင်းစောစောမို့ကိုယ်လဲဒါတွေမစားစေချင်ပါဘူး ဟန်ပြသက်သက်ပဲပြထားတာ မနက်ကိုအစာမရှိဘဲအချဥ်တွေစားရင် အစာအိမ်အချဥ်ပေါက်တာဖြစ်တတ်တာမို့ ဒီ​ကောင်လေးကြောက်အောင်သာ မြင်သာအောင်ပြထားခြင်းဖြစ်တယ် ဒီကောင်လေး အချဥ်အစပ်မစားနိုင်ဘူးဆိုတာသိတာမ်ို့လို့
မစားခိုင်းတာလဲပါတယ်
ကိုယ့်ရှေ့မှာမျက်ရည်တွေနှပ်တွေရောလူးနေတဲ့ကောင်လေးက သနားစဖွယ်ကောင်းသလိုချစ်ရာလဲကောင်းနေပြန်တယ်ဒါပေမဲ့ဒီကောင်လေးအရမ်းဆိုးတာကိုး.....အလိုမလိုက်ဘဲတင်းကျပ်ပီးသေချာပုံသွင်းမှဖြစ်မယ်

ငါကိုလိမ်တာပထမဆုံးအကြိမ်မို့ဒါမစားခိုင်းတော့ဘူးနောက်တစ်ခါဆိုမရဘူး ငါလိမ်တာကိုအမုန်းဆုံးပဲ...တခြားအပြစ်တော့ပေးရမှာပဲ

ကြားလား

ဟုတ်.... ကြားပါတယ်

ငါ့အနားတိုးလာခဲ့ လိမ်ပြောတဲ့ပါးစပ်ကိုရိုက်ပေးမယ်

လာခဲ့..... 

ဟင့်.....ဟုတ်

ပါးစပ်ကိုရိုက်မယ်ဆိုတော့လေ ရိုက်ပေါ့ ​သူမကြိုက်တဲ့အချဥ်ကိုတော့လုံးဝမစားနိုင်ပေ

အနားကိုတရွေ့ရွေ့တိုးလာတဲ့ကောင်လေးက လက်ဖဝါးနီနီလေးတွေနဲ့ နှုတ်ခမ်းကို
ကိုပွတ်ရင်းကိုယ်ဆီကပြောမယ့်စကားကိုစောင့်နေတယ်
ကောင်လေးရဲ့ပါးစပ်ကိုတော့သူမရိုက်ချင်တော့ပါ
နှုးညံ့ပီးအိစက်နေတဲ့ကောင်လေးရဲ့ နှုတ်ခမ်းသားလေးကိုခုနကလဲလိမ်ဆွဲထားသေးတယ်ဆိုတော့
သူလဲနာကျင်နေမှာလေ ...

ထိုင်ထပဲလုပ်ခိုင်းလိုက်တော့ တုန်ရီနေတဲ့ကိုယ်လေးက တော်တော်ညောင်းနေဟန်...မနက်စာလဲမစားရသေးဘူးဆိုတော့.... အခါသုံးဆယ်လောက်နဲ့ပဲရပ်ခိုင်းလိုက်တယ်နောက်အပြစ်ကျန်သေးတယ်ဆိုပေမဲ့လဲ သူပင်ပန်းနေလောက်ပီ မနက်စာလဲမစားရသေးဘူး ခုမှအစပဲရှိသေးတာမို့ ကိုယ့်ဘက်ကပဲလျော့ရင်းလေပြေနဲ့စကားမလို့ စဥ်းစားထားတယ်
မျက်နှာငယ်လေးနဲ့ထိုင်ထလုပ်နေတဲ့ကောင်လေးက သူ့အိမ်မှာဆိုသူကဘုရင်ပဲလေ မိဘတွေကတစ်ဦးတည်းသားဆိုတော့တုန်နေအောင်ချစ်တာမို့အလိုလိုက်ထားတော့ဆိုးတယ် ကိုယ်နဲ့သူတော့ရေရှည်မြဲမယ်မထင်ပါဘူး ဒီတစ်နှစ်အတောအတွင်းတော့ဂုဏ်ထူးပါထွက်အောင်လုပ်ပေးမှဖြစ်မယ်အန််ကယ်တို့ကလဲတောင်းဆိုထားတော့

ရပီ......

ထိုင်ထဆိုတာမျိုးက ကြားပဲကြားဖူးတာမို့ တကယ်တမ်းလုပ်ရတော့ ညောင်းတာမှအသေပဲ အခါသုံးဆယ်လောက်ပြည့်မှကိုကြီးကရပ်ခိုင်းတာမို့
မတ်တပ်တောင်အနိုင်နိုင်ရပ်နေရတယ်

အိပ်ချိန်ကမင်းအရမ်းနည်းနေတယ် နေ့ခင်းကျရင်တစ်ရေးပြန်အိပ်လိုက် ကောင်လေး မင်းပင်ပန်းနေပီမလား ကိုယ်နဲ့မရင်းနှီးတဲ့အပြစ်ပေးမှုတွေကြောင့်
ဒီတစ်ကြိမ်ကိုယ်ဘက်ကလျော့ပေးလိုက်မယ် နောက်ဒါမျိုးမလုပ်နဲ့​ကောင်လေး ကိုယ်လဲမင်းကိုအပြစ်မပေးချင်ဘူး

​ကိုယ်ပြောတာ နားလည်တယ်မလား

နားလည်ပါတယ်ကိုကြီး...

လာထိုင်...... ဗိုက်ဆာနေပီမလား

ဟုတ်....

.အုန်းနို့ခေါက်ဆွဲကြိုက်ရဲ့လား

ကြိုက်ပါတယ် ...

အုန်းနို့​ခေါက်ဆွဲက သူအကြိုက်ဆုံးပဲဆိုတာကိုကြီးဘယ်လိုသိပါလိမ့်.... အနာပေးလိုက်ဆေးပေးလိုက်နဲ့ ဆိုက်ကိုလားမသိဘူး....

ဇွန်းကိုင်နိုင်လား လက်က

ဟုတ်...... ကိုင်နိုင်ပါတယ်..

လက်ကနာနေပေမဲ့လဲ ကိုကြီးကိုခွံမကျွေးခိုင်းရဲပါတော်ကြာထပ်ရိုက်နေဦးတယ် ကိုယ့်ဘာသာစားတာပဲ​ကောင်းတယ်....

စားတော့.... ကိုယ်လဲဗိုက်အတော်ဆာနေပီမင်းနဲ့အတူစးမလို့ကိုယ်စောင့်နေတာ ကောင်လေး..
မင်းကြောင့် ကိုယ်ပါအစာအိမ်ဖြစ်တော့မယ် ...
စားပီးရင်မင်းအတွက်လိုအပ်တဲ့ အဝတ်အစားသွားဝယ်ရအောင် ပါမလာဘူးမလား ...

ဟုတ် ....ကိုကြီး......

.
.
.
3.6.22

စာလုံးပေါင်းလေးသည်းခံဖတ်​​ပေးပါ....
ဖုန်းကစာရိုက်ရတာအဆင်မပြေလို့ပါ...





















































































पढ़ना जारी रखें

आपको ये भी पसंदे आएँगी

207K 3.9K 174
An accident. She's pregnant. How unlucky. She got pregnant in one shot! What was even more unfortunate was that the end of the world had arrived, and...
127K 3.7K 93
https://m.shubaow.net/175/175017_1/#all Lin An, an apocalyptic young man with supernatural powers, was reborn before returning to the apocalypse. He...
13.1K 220 116
Author: Bai Jiu Run a tavern and get more new items through gacha. Decorate your tavern, build farms and pastures, harvest a wide variety of produce...
76.5K 7.9K 144
Back by popular request! The 2017 rough draft of The Virus Within! (Caution: Contains massive plotholes that were fixed in the polished The Virus Wi...