အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃...

By daddyzhanghan

70.8K 6.1K 23

Godly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း... More

Synopsis
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၈)
အပိုင်း(၁၅၀)
အပိုင်း(၁၅၁)
အပိုင်း(၁၅၂)
အပိုင်း(၁၅၃)
အပိုင်း(၁၅၄)
အပိုင်း(၁၅၅)
အပိုင်း(၁၅၆)
အပိုင်း(၁၅၇)
အပိုင်း(၁၅၈)
အပိုင်း(၁၅၉)
အပိုင်း(၁၆၀)
အပိုင်း(၁၆၁)
အပိုင်း(၁၆၂)
အပိုင်း(၁၆၃)
အပိုင်း(၁၆၄)
အပိုင်း(၁၆၅)
အပိုင်း(၁၆၆)
အပိုင်း(၁၆၇)
အပိုင်း(၁၆၈)
အပိုင်း(၁၆၉)
အပိုင်း(၁၇၀)
အပိုင်း(၁၇၁)
အပိုင်း(၁၇၂)
အပိုင်း(၁၇၃)
အပိုင်း(၁၇၄)
အပိုင်း(၁၇၅)
အပိုင်း(၁၇၆)
အပိုင်း(၁၇၇)
အပိုင်း(၁၇၈)
အပိုင်း(၁၇၉)
အပိုင်း(၁၈၀)
အပိုင်း(၁၈၁)
အပိုင်း(၁၈၂)
ဆက်ရန်....

အပိုင်း(၄၃)

391 35 0
By daddyzhanghan


အပိုင်း(၄၃) Actor

"ကြက်ဥထမင်းကြော်အပြင် တခြားဘာတွေစားစရာရှိသေးလဲ" လျန်မုန့်ချီမေးလိုက်သည်။

"ရှိပါတယ်။ နောက်ကျရင် အစားအသောက်တွေပိုများလာမယ်။ ပိုပြီးတော့လည်း ကောင်းလာမယ်" ကျန်းဟန်တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ ကျန်းဟန်သည် ၎င်း၏ပထမဆုံးဧည့်သည်ကို သူမ၏မေးခွန်းတချို့ ပြန်ဖြေပေးရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းလိုက်တာ။ ဒါဆို ဟင်းလျာတွေက ကြက်ဥထမင်းကြော်လောက် အရသာရှိမှာလား"

လျန်မုန့်ချီ၏အမူအရာတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်လာသည်။

"ဒါပေါ့"

ကျန်းဟန်သည် ဤလှပသောအစားသောင်းကြမ်းသူလေးအားကြည့်ကာ အနည်းငယ်ပြုံးလိုက်သည်။

"ရှင့်ရဲ့ လက်ရာကို စားနိုင်ဖို့ ကျွန်မမျှော်လင့်ပါတယ်။ ဒီနေ့ တော်တော်စားလို့ကောင်းတယ်။ ဒီမှာ ကျွန်မစားထားတာအတွက် ပိုက်ဆံပါ ပြန်အမ်းဖို့မလိုတော့ဘူး။ မနက်ဖြန် မနက် ၇ နာရီ ကျွန်မထပ်လာခဲ့မယ်"

လျန်မုန့်ချီသည် ပိုက်ဆံ ရာတန်အနည်းငယ်ကို စားပွဲပေါ်တင်ပေးပြီး ကျန်းဟန်အားပြုံးပြသည်။ ထို့နောက် သူမသည် မုန့်မုန့်ဘက်သို့ လှမ်းကြည့်ကာ လက်ကိုဆန့်လိုက်ပြီး

"မနက်ဖြန်မှ တွေ့မယ် မုန့်မုန့်" ဟုပြောလိုက်သည်။

"ဘိုင့်ဘိုင်!"

မုန့်မုန့်သည်လည်း သူမ၏လက်ဖဝါးလေးကို ဆန့်ကာ ဝှေ့ယမ်းပြလိုက်သည်။

လျန်မုန့်ချီသည် သူမ၏လက်ကို ဝှေ့ယမ်းပြကာ ပြုံး၍ထွက်ခွာသွားခဲ့သည်။

ကျန်းဟန်သည် စားပွဲဆီသို့လျှောက်သွားပြီး ပိုက်ဆံကို ကောက်ယူလိုက်သည်။ စားပွဲ‌ပေါ်တွင် စုစုပေါင်း ယွမ် ၈၀၀ ရှိသည်။ လျန်မုန့်ချီသည် ကြက်ဥထမင်းကြော် ၂ ပန်းကန်နှင့် နွားနို့ ၂ ခွက် စားသောက်ခဲ့သည်။ ကျန်းဟန် ရောင်းသောဈေးနှုန်းအရ ယွမ် ၇၂၀ ဖြစ်သည်။ မူလက ကျန်းဟန် စိတ်သဘောအရ သူမကို ယွမ် ၇၀၀ သာ ကောက်ခံခဲ့သည်။ လျန်မုန့်ချီသည် အစားအသောက်ကောင်းကို စားပြီး အလွန်ပျော်နေပုံရသည်။

ကျန်းဟန်သည် လက်တော့ပ်တင်ထားသော စားပွဲ၏အံဆွဲထဲတွင် ပိုက်ဆံကို ထည့်လိုက်သည်။ အံဆွဲအတွင်းတွင် အကြမ်းဖျင်းအားဖြင့် ငွေသား ၇ သောင်းကျော်ရှိပြီး ကျန်းဟန်မောင်းနေသည့် ကားထဲတွင်လည်း ငွေသား ၆ သောင်းကျော်ခန့်ရှိသည်။

ပိုက်ဆံများကို အံဆွဲထဲထည့်ပြီး‌နောက် ကျန်းဟန်သည် မူလက မုန့်မုန့်နှင့် ခဏလောက် ဆော့ချင်သော်လည်း ခေါင်းလှည့်ကြည့်လိုက်သည့်အခါ မင်းသမီးလေးသည် ဆိုဖာပေါ်ပြေးသွားပြီး လက်ရှိတွင် ဆိုဖာပေါ်၌ သူမ၏အရုပ်များဖြင့် ကစားနေသည်ကို တွေ့လိုက်သည်။

ကျန်းဟန်ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ သူဟာသူ တိုးတိုးလေးရေရွတ်လိုက်ပြီးနောက် သီချင်းများကို စတင်ရေးရန်ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ကျန်းဟန်သည် ပထမဆုံးအင်တာနက်ပေါ်တက်ပြီး အနည်းငယ်ရှာဖွေလိုက်သည်။

ဂျိုကာရွှယ်နှင့်ပက်သက်ပြီး အပျက်သဘောဆောင်သည့် သတင်းများ အလွန်များပြားသည်။

ကျန်းဟန်သည် ဝဘ်စာမျက်နှာကိုဖွင့်လိုက်သောအခါ ဂျိုကာရွှယ်၏ နာမည်ကြီး ရှာဖွေမှုသတင်းကို တွေ့လိုက်သည်။ သူ့တွင် ဘာမှလုပ်စရာမရှိသောကြောင့် သတင်းကိုနှိပ်ကာ အနည်းငယ်ကြည့်လိုက်သည်။ သတင်းကြည့်ပြီးနောက် ဂျိုကာရွှယ်၏အခြေအနေသည် အဆင်မပြေကြောင်းတွေ့ရှိရသည်။

လူတစ်ယောက်သည် ပေါ်ပြူလာဖြစ်လာပြီး လူအများအာရုံစိုက်လာကြသည့်အခါ ၎င်းတို့နှင့်ပက်သက်သည့် သတင်းမျိုးစုံသည် အခါအားလျော်စွာ ထွက်ပေါ်လာတတ်သည်။ နာမည်ကြီးအနုပညာရှင်တိုင်းတွင် ၎င်းတို့နှင့်ပက်သက်သည့် အပျက်သဘောဆောင်သည့် သတင်းများ အများအပြားရှိကြသည်။

မကြာသေးမီက ဂျိုကာရွှယ်နှင့် ပက်သက်၍ ကောလဟာလများစွာ ထွက်ပေါ်ခဲ့ပြီး အခြေအနေမှာ ပြဿနာများ ပို၍ပို၍များလာခဲ့သည်။ ရှိုးပွဲများ၊ ကြေငြာဖျော်ဖြေပွဲများနှင့် အခြားလုပ်ငန်းများသည် ၎င်းတို့ပါအထိခိုက်ခံရမည် စိုးရိမ်သောကြောင့် ဂျိုကာရွှယ်နဲ့ ပူပေါင်းလုပ်ဆောင်မှုကိ ဖျက်သိမ်းခဲ့ကြသည်။

"ဂျိုကာရွှယ်က ၁၅ ရက်နေ့ လင်းဟိုင်မှာ ဖျော်ဖြေပွဲကို အတင်းအကျပ် ကျင်းပတော့မှာပါ"

ကျန်းဟန်နောက်ထပ်သတင်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုသတင်းကိုရေးသည့် အယ်ဒီတာသည် ဂျိုကာရွှယ်၏ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်ပုံရသည်။ သတင်း၏ အောက်ဆုံးတွင် မင်းရဲ့ ပရိသတ်တွေက မင်းကို ချစ်နေဆဲပါ ဟု ရေးထားသည်။

သတင်းနှင့်တွဲထားသည့် ဓာတ်ပုံအချို့လည်းပါပြီး သူ၏ပရိသတ်များက သူ့အား မစွန့်လွှတ်ခဲ့ဘူး ဟု ပြောနေသလို ဖျော်ဖြေပွဲလက်မှတ်များသည် တစ်နာရီအတွင်း ရောင်းကုန်သွားပြီး မှောင်ခိုပြန်ရောင်းဈေးတွေမှာလည်း အဆမတန်တက်လာပြီး မူရင်းဈေးထက် ၅ ဆ တိုးလာသည်။

ဆိုလိုသည်မှာ ယခုဆိုလျှင် ရိုးရိုးတန်းလက်မှတ်တစ်စောင်၏ ဈေးနှုန်းမှာ ယွမ် ၃ ထောင် ‌ကျော်ဖြစ်နေပြီး ဗီအိုင်ပီလက်မှတ်၏ ဈေးနှုန်းမှာ ယွမ် ၁ သောင်း ကျော်ရှိနေပြီဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးမှာ ရှားရှားပါးပါးဖြစ်ပြီး တွေ့လေ့မရှိသည်မှာ ထင်ရှားသည်။ ဤအခြေအနေသည် လွန်ကဲသောအခြေအနေသို့ရောက်နေသည့်အခါ ထိုအရာများနှင့်ဆန့်ကျင်ဘက် ဖြစ်ပေါ်လာမည့် ဆက်စပ်မှုအချို့လည်း ရှိနိုင်သည်။ ဂျိုကာရွှယ်၏ရေပန်းစားမှု မြင့်မားနေပြီး ယခုအချိန်တွင် သတင်းများအားလုံးသည် သူနှင့်ပက်သက်သည့် အဆိုးမြင်မှုများကြောင့် ၎င်း၏ပရိသတ်များကို ဒေါသဖြစ်စေခဲ့သည်။ ဂျိုကာရွှယ်သည် ၁၅ ရက်နေ့တွင် ဖျော်ဖြေပွဲတစ်ခုကျင်းပတော့မည်ဖြစ်ပြီး စပွန်ဆာများက ဂျိုကာရွှယ်ကို စွန့်ပယ်ထားကြသော်လည်း သူ၏ပရိတ်သတ်များက သူ့ကို စွန့်ပစ်မှာမဟုတ်၍ လက်မှတ်အားလုံး လျင်မြန်စွာရောင်းကုန်သွားကြောင်းခံစားမိသည်။

ကျန်းဟန်သည် အနည်းငယ်စဉ်းစားကာ တစ်ကိုယ်တည်းရေရွတ်လိုက်သည်။

" Actor သီချင်းကို ရေးနိုင်တာပဲ"

ကျန်းဟန်သည် ခေတ်ရေစီးကြောင်း နာမည်ကြီးများကို လိုက်မမီနိုင်ခဲ့သော်လည်း သူနားထောင်ရသည်ကို ကြိုက်နှစ်သက်သည့် အဆိုတော်အချို့လည်းရှိပြီး ထိုအထဲတွင် ဂျိုကာရွှယ်လည်းပါဝင်သည်။ ဂျိုကာရွှယ်၏ သီချင်းများသည် အလွန်ကောင်းပြီး သူ၏အသံမှာ ခပ်ဩဩဖြင့် နားထောင်ရကောင်းပေသည်။

Actor သီချင်းအကြောင်း ပြောရလျှင် သူ၏အကျော်ကြားဆုံးသီချင်းများထဲမှ တစ်ပုဒ်ဟု မှတ်ယူထားနိုင်သည်။ ဤသီချင်းသည် ကမ္ဘာ့တရုတ်သီချင်းများစာရင်းတွင် နံပါတ်တစ်တစ်ကြိမ်ရရှိခဲ့ဖူးသည်။

ဤသီချင်းတွင် ဝမ်းနည်းစရာအချစ်ခရီးလမ်းအကြောင်းကို ပါဝင်ပြီးပြီး သီချင်းစာသားများက အချစ်၊အမုန်းနှင့် ရောယှက်ထားသည့် အချစ်ဒဏ္ဍာရီကို ဆိုထားခြင်းဖြစ်သည်။

ငါ ဒီသီချင်းကို ရေးရမယ်ထင်တယ်

ကျန်းဟန်သည် အခြားအံဆွဲတစ်ခုမှ စာရွက်နှင့် ဘောလ်ပင်ကိုထုတ်ကာ စန္ဒယားရှေ့ရှိ ထိုင်ခုံတွင် ထိုင်ရင်း စန္ဒယားအဖုံးကိုဖွင့်ပြီး မျက်လုံးမှိတ်၍ Actor ၏ သံစဉ်လက်ကွက်ကို ပြန်စဉ်းစားလိုက်သည်။

လက်ကွက်သည် မရှုပ်ထွေးပေ။ ဤသီချင်း၏ ကောင်းမွန်မှုသည် ဂျိုကာရွှယ်၏ အဆိုစွမ်းရည်အား လုံးဝထင်ဟပ်နေစေသည်။

ကျန်းဟန်သည် လျန်မြန်စွာပင် စန္ဒယားလက်ကွက်ကို ပြန်သတိရသွားပြီး တစ်ကြိမ်စမ်းတီးကြည့်ရန် ကြိုးစားလိုက်သည်။ စန္ဒယားလက်ကွက်သည် သူ၏မှတ်ဉာဏ်ထဲတွင် လက်ကွက်နှင့်တူညီသည်ကို တွေ့ရှိမှ ဘောပင်ကိုကိုင်ကာ ချရေးလိုက်သည်။

"သီချင်း ဗားရှင်းအပြည့်အစုံကို ပြီးအောင်လုပ်ရဦးမယ်"

ကျန်းဟန်သည် သူ့ဟာသူ အနည်းငယ် ရေရွတ်လိုက်သည်။ သီချင်းကို အပြီးသတ်ရန် အင်တာနက်ပေါ်တွင် လခြမ်းပင်လယ်ကွေ့ရှိ အသံသွင်းစတူဒီယိုကို ရှာဖွေလိုက်သည်။

တည်နေရာကို ရှာဖွေပြီးနောက် ကျန်းဟန်သည် မုန့်မုန့်အား ချီဆောင်၍ အိမ်မှထွက်ကာ လခြမ်းပင်လယ်ကွေ့ရှိ အသံသွင်းစတူဒီယိုသို့‌ ရောက်ရှိလာခဲ့သည်။

ကျန်းဟန်သည် အသံသွင်းစတူဒီယို၏ စက်ပစ္စည်းများကိုအကြောင်းကို များစွာ နားမလည်သော်လည်း သီချင်းသည်တော့ သူ၏နှလုံးသားထဲတွင်ရှိနေသည်။ အသံသွင်းဆရာ၏ ၃ နာရီကြာ ကြိုးစားမှုမှတစ်ဆင့် Actor ၏ နောက်ခံတီးလုံးကို ထုတ်လုပ်နိုင်ခဲ့သည်။ ၃ နာရီကြာ အသံသွင်းမှုအတွက် ကျန်းဟန် ယွမ် ၁၂၀၀ ကုန်ကျသည်။

ထိုကိစ္စများပြီးသွားသည့်အခါ ည ၁၀ နာရီထိုးနေပြီဖြစ်သည်။ စားသောက်ဆိုင်သို့ ပြန်ရောက်သောအခါ ကျန်းဟန်သည် Actor ၏ စန္ဒယားတီလုံးကို ဖုန်းဖြင့် အသံသွင်းပြီး ဖိုင်ပေါ်တွင် သီချင်းစာသားများကို ချရေးလိုက်သည်။

"Simply, talk simply.

Please igrone the recent state of mind.

You aren't an actor.

Don't make up any of those plots.

......

...."

( Song Link - https://youtu.be/MoE2YIfCkFY )

စာသားများကိုရေးရသည်မှာ အလွန်မြန်သည်။ အရာအားလုံးပြီးသွားပြီးနောက် မှတ်သားရမည့်ကိစ္စများကို အမှတ်အသားလုပ်ကာ ကျန်းဟန်သည် အားလုံးကို ဖိုင်တစ်ခုအဖြစ်စီစဉ်လိုက်ပြီး အီးမေးလ်အဖြစ် ပို့လိုက်သည်။

ထိုအချိန်တွင် ဘေးနားတွင် စောင့်ဆိုင်းနေသော မုန့်မုန့်သည် အနည်းငယ်စိတ်မရှည်ဖြစ်လာကာ အိပ်ချိန်ရောက်နေပြီဖြစ်ကြောင်း တတွတ်တွတ်ပြောနေသည်။

ကျန်းဟန်သည် မုန့်မုန့်ကို အလျင်အမြန်ပွေ့ချီပြီး ဒုတိယထပ်ရှိ အိပ်ခန်းဆီသို့ လျှောက်သွားကာ မင်းသမီးလေးအား ချော့သိပ်ရန် ပြင်လိုက်သည်။

မုန့်မုန့်သည် ပုံပြင်တစ်ပုဒ်နားထောင်ချင်သဖြင့် ကျန်းဟန်သည် သူမအား ပုံပြင်တစ်ပုဒ်ပြောပြရသည်။

စနိုးဝှိုက် အစရှိသဖြင့် ပုံပြင်များမှာ အရင်က မုန့်မုန့်နားထောင်ဖူးပြီးသားများဖြစ်သည်။ Alice in Wonderland နှင့် Frozen ကဲ့သို့သော ပုံပြင်များပင် မုန့်မုန့်သည် အကြိမ်ကြိမ်နားထောင်ဖူးသည်။ ဇီယန်သည် ထိသို့သော ပုံပြင်များအား မုန့်မုန့်ကို အကြိမ်ကြိမ်ပြောပြခဲ့သည်။

ကျန်းဟန်မသိသော ပုံပြင်များသာရှိပြီး ဇီယန် မပြောပြနိုင်သော ပုံပြင်မရှိပေ။

သို့သော် ကျန်းဟန်တွင်လည်း သူ့နည်းသူ့ဟန်နှင့် ရှိပြီး မုန့်မုန့်အား ရတနာများရှာဖွေနေခဲ့သော သူ၏အကြောင်းကို ပြောပြနိုင်သည်။

"ဟန်ယန်အင်မော်တယ်ဧကရာဇ်က ကောင်းကင်ဆက်သွယ်ခြင်းသစ်ပင်ကို ဘယ်လိုရခဲ့လဲဆိုတာ သမီးသိလား။ ဖေဖေပြောပြမယ်။ ဇာတ်လမ်းက နည်းနည်းတော့ရှုပ်တယ်..."

......

တစ်ချိန်တည်းမှာပင် ကျန်းဟန်နှင့် အလွန်နီးသော အဆင့်မြင့်တိုက်ခန်းတစ်ခု၌။

"ဝါး..."

မန်နေဂျာလီဖန်သည် အရည်အသွေးမြင့် နားကြပ်များကို ချွတ်လိုက်ပြီး သမ်းဝေသွားသည်။ ဂစ်တာတီးနေရင်း ခံစားချက်ရှာဖွေနေသော ဂျိုကာရွှယ်ကိုကြည့်ပြီး သူရေရွတ်လိုက်သည်။

"ဟင်း...ငါတို့ဆီပို့ထားတဲ့ သီချင်းတွေက ဘာလဲ? သူတို့က တကယ့်ကို သုံးစားမရတဲ့ လူမိုက်တွေ စုထားတဲ့အတိုင်းပဲ။ တချို့က ပိုက်ဆံမလိုဘူးလို့တော့ ပြောကြပေမဲ့ သူတို့လုပ်ထားတဲ့ သီချင်းတွေက ကလေးကဗျာတွေကျနေတာပဲ။ အစ်ကိုရွယ် ဖျော်ဖြေပွဲတစ်ခုလုပ်ပြီး သီချင်းအသစ်ထွက်ဖို့ ပြင်နေတာကို ကြားတာနဲ့ သူတို့က ကံစမ်းချင်နေကြတယ်"

"ဂန္တဝင်သီချင်းတစ်ပုဒ်ကို ဘယ်သူမှ မရေးနိုင်ဘူး။ ဘယ်သူကမှလည်း မဆိုနိုင်ဘူး။ သီချင်းကောင်းမရှိရင် ဖျော်ဖြေပွဲမှာ သီချင်းအဟောင်းတွေဆိုလို့ရတာပဲ"

ဂျိုကာရွှယ်သည် အနည်းငယ်ပြုံးကာ ပြန်ဖြေသည်။

"အမှန်ပဲ။ ဖျော်ဖြေပွဲရဲ့အရည်အသွေးကို ထိခိုက်စေတဲ့သီချင်းတစ်ပုဒ်ကို ခွင့်ပြုလိုက်တာထက် သီချင်းဟောင်းတွေဆိုတာက ပိုကောင်းတယ်။ ကျွန်တော်အရမ်းလောသွားတယ်။ သီးချင်းကောင်းတစ်ပုဒ်ကို ဒီလောက်လွယ်လွယ် ဘယ်ရနိုင်ပါ့မလဲ"

လီဖန်သည် ခေါင်းခါလိုက်ပြီး သူ၏မျက်နှာတွင် မပြုံးရိပ်သန်းလာသည်။

"ဟုတ်သားပဲ။ မင်းရဲ့ စွပ်စွဲချက်သတင်းတွေက မင်းအတွက်အရမ်းကောင်းတယ်။ အခုအချိန်မှာ လူထုရဲ့အမြင်က ကျွန်တောတို့ဘက်ကို ဦးတည်နေပြီ။ မင်းရဲ့ပရိသတ်တွေကလည်း မင်းကို စိတ်မပျက်စေခဲ့ဘူး။ ဒီတစ်ခေါက် ဖျော်ဖြေပွဲလက်မှတ်တွေက အရူးအမူးကို ဈေးတွေ မြင့်တက်လာတာ"

"မှောင်ခိုသမားတွေက လက်မှတ်တွေကို သိမ်းထားသေားတာလား"

ဂျိုကာရွှယ် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ

"ပွဲစီစဉ်သူကို ဆက်သွယ်ပြီး ကျွန်တော့်ရဲ့ ဖျော်ဖြေပွဲကိုကြည့်ဖို့အတွက် ပိုက်ဆံအများကြီးသုံးလိုက်ရတဲ့ ပရိသတ်တွေကို မမြင်ချင်ဘူးလို့ သူ့ကို ပြောလိုက်ပါ။ တကယ်လို့ မှောင်ခိုသမားတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေ ပေါ်ပေါက်လာရင် ကျွန်တော်က နောက်ဆိုရင် သူတို့နဲ့ လက်တွဲတော့မှာမဟုတ်ဘူး"

"ကောင်းပြီ မနက်ဖြန် ကျွန်တော် သူတို့ကို ဆက်သွယ်လိုက်ပါမယ်"

လီဖန် ကော့တေးပုလင်းကို ဖွင့်ပြီး နှစ်ကျိုက်လောက်သောက်ကာ

"တခြားလူတွေသာဆိုရင် မင်းနဲ့ဆန့်ကျက်ဘက်ပဲ သူတို့ရဲ့ လက်မှတ်တွေကို ဈေးတင်ရောင်းလိမ့်မယ်ထင်တယ်" ဟုပြောလိုက်သည်။

"ပရိတ်သတ်တွေမရှိရင် အခုချိန်မှာ ငါလည်းရှိတော့မှာ မဟုတ်ဘူး။ လှည်းကို မြင်းရှေ့မှာ ထားလို့မရဘူး"

ဂျိုကာရွှယ် လေးလေးနက်နက် ပြန်ပြောလိုက်သည်။

"နားလည်ပါပြီ။ မနက်ဖြန်ကျရင် သူတို့ကို ပြောလိုက်ပါမယ်"

လီဖန်သည် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

တခြားအကြောင်းတွေကို မပြောနှင့်ဦး သူ၏ပရိသတ်များအပေါ်ထားရှိသည့် ဂျိုကာရွှယ်၏သဘောထား တစ်ခုတည်းနှင့်ပင် လီဖန်သည် ဂျိုကာရွှယ်ကို စိတ်ရင်းမှန်ဖြင့် လေးစားပေသည်။

ယခုလက်ရှိတွင် နာမည်ကြီး‌တော်တော်များများသည် သူတို့ကိုယ်သူတို့ ဆရာကြီးတစ်ယောက်လို ပြုမူနေကြသော်လည်း သူတို့ ထိုသို့ ဆရာကြီးဖြစ်လာရသည့် အဓိကအရင်းအမြစ်မှာ သူတို့၏ပရိသတ်များ ဖြစ်သည်ဆိုသည်ကို မေ့လျော့နေကြသည်။

......

တရုတ်နိုင်ငံ၏ အရှေ့ဘက်ပုလဲ ဖြစ်သည့် လင်းဟိုင်သည် သဘာဝအတိုင်း ဖွံ့ဖြိုးတိုးတက်ခဲ့သည်။

လင်းဟိုင်၏ ညဘက်ရှုခင်းသည် အလွန်လှပနေသည်။

ကမ်းခြေရှိ လှေတစ်စင်းပေါ်တွင်။

ဇီယန်သည် လက်ရှိတွင် သူမ၏ သီချင်းအတွက် MV ရိုက်ကူးနေသည်။ လက်ရှိရိုက်ကူးနေသည့် ဇာတ်ဝင်ခန်းသည် ယောက်ျားလေးတစ်ယောက်နှင့် အချစ်ခန်းဖြစ်သည်။

နောက်ခံသည် တလက်လက်ဖြစ်နေသည့် အရှေ့ဘက်ပုလဲ ဖြစ်ပြီး အမျိုးသားမှာတော့ ဒါရိုက်တာမှ တောင်းဆိုထားသော မင်းသားလီ ခေါ် လီချန်းပင်ဖြစ်သည်။

လီချန်းကို ချစ်စိတ်ပြင်းပြစွာ ကြည့်ရသည့် ဤဇာတ်ဝင်ခန်းသည် ဇီယန်အတွက် အလွန် စိတ်မသက်မသာဖြစ်စေသည်။ ဒါသည် ငါးကြိမ်မြောက် ပြန်ရိုက်ခြင်းဖြစ်သည်။

ဇီယန်သည် လီချန်းအား လောလောဆယ် ကြည့်နေသော်လည်း သူမ၏စိတ်ထဲတွင်တော့ မုန့်မုန့်၏ ရုပ်ပုံလွှာကို စဉ်းစားရန် ခက်ခက်ခဲခဲကြိုးစားနေခဲ့သည်။ ထိုသို့လုပ်မှသာလျှင် သူမ၏အမူအရာသည် အနည်းငယ် နူးညံ့သိမ်မွေ့လာမည်ဖြစ်သည်။ သို့သော် မုန့်မုန့်၏အကြောင်းကို တွေးနေစဉ် ကျန်းဟန်၏ပုံရိပ်သည် သူမ၏စိတ်ထဲတွင် လွှင့်မျောသွားကာ အနည်းငယ်တုန်လှုပ်သွားစေသည်။

"ကောင်းပြီ။ ဒီအခန်းပြီးပြီ။ နောက်တစ်ခန်းရိုက်ကြမယ်။ ဇီယန် မင်းနဲ့မင်းသားလီနဲ့အတူ လှေနားမှာ ရပ်နေရမယ်။ တစ်ယောက်ကို တစ်ယာက် ၂ စက္ကန့်လောက်ကြည့်ပြီးရင် နှစ်ယောက်သား စပြီးနမ်းရမယ်။ အနမ်းက နည်းနည်းအသက်ဝင်ဖို့ လိုတယ်ဆိုတာ မှတ်ထားပေးပါ"

"အနမ်းခန်းလား"

ဇီယန်၏မျက်ခုံးများ တွန့်သွားသည်။

"အနမ်းခန်းမပါဘူးလို့ ငါတို့ပြောထားတယ်မဟုတ်လား"

တစ်ဖက်တွင်ရပ်နေသည့် ကျိုးဖေးသည် မျက်လုံးပြူးကာ ဒါရိုက်တာကို ကြည့်လိုက်ပြီး မေးသည်။

"အရင်က ဖတ်ခဲ့တဲ့ MV ဇာတ်ညွန်းမှာ နမ်းတဲ့အခန်းမပါဘူးမလား။ နောက်ဆုံးကျမှ ဘာလို့အနမ်းဇာတ်ဝင်ခန်းကို ထည့်ထားတာလဲ"

"ဇာတ်ညွန်းကလား... ဒီသီချင်းရဲ့နာမည်က Light Kiss လေ။ ဒါကြောင့် အနမ်းဇာတ်ဝင်ခန်းပါတာ ပုံမှန်ပဲ မဟုတ်ဘူးလား။ နာမည်ကြီးတစ်ယောက်အနေနဲ့ ဒီအောင်မြင်မှုတစ်ခုတည်းရှိတာ မဟုတ်ဘူးမလား"

ကျိုးဖေး၏မေးမြန်းမှုကြောင့် ဒါရိုက်တာ၏အမူအရာပျက်သွားသည်။

"ဟေး! အရင်က ရှင်ပြောခဲ့တာ အနမ်းခန်းလုံးဝမပါဘူး လို့ပြောထားတာမဟုတ်လား။ အဲတုန်းက ပေးထားတဲ့ ကတိကို ဖျက်လိုက်ပြီလို့တော့ လာမပြောနဲ့နော်"

ကျိုးဖေးသည် စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်သွားသည်။ ဇီယန်၏ စိတ်နေစိတ်ထားကို သူမသိသည်။ ဇီယန်သည် အရင်က အနမ်းဇာတ်ဝင်ခန်းကို လက်မခံခဲ့သလို ယခုအချိန်တွင် မုန့်မုန့်လည်း ရှိနေပြီး ကျန်းဟန်နှင့်ဆက်ဆံရေးမှာလည်း ရှင်းရှင်းလင်းလင်းမသိရသေးသည့်အတွက် အနမ်းခန်းကို သူမလက်မခံပေ။ ထို့ကြောင့် ကျိုးဖေး၏လေသံမှာ အနည်းငယ်အေးစက်နေပြီဖြစ်သည်။

"အိုး"

ထိုစကားကိုကြားသည့်အခါ ဒါရိုက်တာသည် စူးစူးဝါးဝါးကြည့်ရင်း စိတ်ထဲတွင် ဒေါသထွက်လာပြီး ကျယ်လောင်သည့်အသံဖြင့်

"MV ရိုက်ချင်လား မရိုက်ချင်ဘူးလား။ ဟမ့် ငါ့ကို ဒေါသထွက်ချင်တာလား။ မင်းကို MV ရိုက်ဖို့ ငါကတောင်းဆိုထားတာလား မင်းကငါ့ကိုတောင်းဆိုထားတာလား။ မင်းကို တစ်ခုပဲမေးမယ်။ မင်း ရိုက်ချင်လား မရိုက်ချင်ဘူးလား။ မရိုက်ချင်ဘူးဆိုရင် ချက်ချင်းထွက်သွားလိုက်"

"ရှင်!"

ကျိုးဖေး၏မျက်ခုံးများ တွန့်ကွေးသွားသည်။

သူမ ကျောခိုင်းထွက်ခါနီးတွင် ဂါဝန်ဝတ်ထားသည် ဇီယန်သည် ပါးစပ်ဟကာ ပြောလိုက်သည်။

"ရိုက်မှာပါ။ ဒါပေမဲ့ ကျွန်မတို့ အနမ်းခန်းကို ရိုက်မှာမဟုတ်ဘူး"

ဇီယန်၏လေသံသည် အေးစက်နေသည်။ သူမ၏မျက်နှာတွင် မည်သည့်အမူအရာမျှမရှိဘဲ သူမ၏စိတ်ထဲရှိ ခံစားချက်ကို တခြားသူများ မဖော်နိုင်အောင်ဖြစ်စေသည်။

ဇီယန်၏ဘေးတွင်ရှိနေသည့် လီချန်းသည် မြင်ကွင်းကို အစမှအဆုံးထိ ပွဲကြည့်ပရိသတ်တစ်ဦးကဲ့သို့ ရပ်ကြည့်နေသည်။ သို့သော် သူ၏နှုတ်ခမ်းထောင့်တွင် လေးနက်သော အပြုံးအရိပ်အယောင်များရှိနေသည်။

-C 43 End

Continue Reading

You'll Also Like

1.2M 119K 101
Zawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ
568K 56.7K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
221K 8.2K 37
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.2M 135K 70
Love has no race!