အပိုင်း (၄၁)ဒေါသများကိုပြိုပျက်သွားစေသည့် ရနံ့
ကောင်းကင်သစ်မွှေးသည် အဆင့် ၁ စိတ်ဝိညာဉ်ရတနာဖြစ်သော်လည်း ၎င်းသည် အခြေခံအားဖြင့် ကမ္ဘာပေါ်တွင် အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည်။
ကျန်းဟန်သည် ဟင်းခတ်ပုလင်းထဲသို့ ကောင်းကင်သစ်မွှေးဟင်းခတ်မှုန့်များထည့်နေသည့်အချိန်မှာပင် နောက်ထပ် ဧည့်သည် ၂ ယောက်သည် စားသောက်ဆိုင်ထဲသို့ ဝင်လာသည်။
ဘာတွေဖြစ်နေသလဲတော့မသိပေ။ ဧည့်သည် ၂ ယောက်သည် အသက် ၂၀ ဝန်းကျင်ရှိပုံရသည့် မိန်းကလေးများဖြစ်သည်။ ၎င်းသည် တတိယအသုတ်ဖြစ်ပြီး လာသမျှ ဧည့်သည်အားလုံးသည် မိန်းကလေးတွေချည်း ဖြစ်နေသည်။ ဤစားသောက်ဆိုင်က အမျိုးသမီးတွေကို ဆွဲဆောင်နိုင်လို့များလာေ
မိန်းကလေး ၂ ယောက်သည် အနည်းငယ် ခပ်ရွှတ်ရွှတ်နိုင်သည့်ပုံပေါ်သည်။ သူတို့၏ ဆံပင်ကို ခရမ်းဝါရောင်ဆိုးထားပြီး အလွန်အရောင်တောက်နေကာ ဝတ်စားဆင်ယင်မှုသည်လည်း အနည်းငယ် အရိုင်းဆန်ပြီး ခပ်ဆိုးဆိုးကောင်မလေးများ ဖြစ်ပုံရသည်။
"ဟေ့ သူဌေး၊ ကျွန်မတို့ကို မီနူးပေး"
မိန်းကလေး ၂ ယောက်ထဲမှာ မျက်နှာပေါက်ချွန်ချွန်နှင့်တစ်ယောက်သည် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"မီနူးမရှိဘူး။ ဒီနေ့ ကြက်ဥထမင်းကြော်နဲ့ နွားနို့ပဲ ရှိတယ်"
ကျန်းဟန်သည် ကောင်းကင်သစ်မွှေးကို ထုတ်ပိုးပြီးနောက် ပြန်ပြောလိုက်သည်။
"ဘာရယ်"
မျက်နှာချွန်ချွန်နှင့် မိန်းကလေးသည် မျက်လုံးများပြူးကာ လှောင်ရယ်လိုက်သည်။
သူမ၏လေသံတွင် ရယ်သံစွက်ကာ
"ဒါက ဘယ်လိုဟာသမျိုးလဲ... ရှင့်မှာ ကြက်ဥထမင်းကြော်ပဲရှိတယ်ဆိုရင် ဘာလို့များ စားသောက်ဆိုင်ဖွင့်နေသေးလဲ?"
"သူတို့ရဲ့ဆိုင်မှာ သူတို့ရောင်းချင်တာရောင်းမှာပေါ့။ နင်နဲ့မဆိုင်ဘူးလေ"
မျက်နှာချွန်ချွန်နှင့် မိန်းကလေး၏ အဖော်သည် သူမကို လက်ဖြင့်ပုတ်လိုက်ပြီး သူမသည် ကျန်းဟန်ဘက်သို့ စိုက်ကြည့်ကာ
"ရှင့်ရဲ့ ကြက်ဥထမင်းကြော်နဲ့ နွားနို့က ဘယ်လောက်လဲ?"
မီးနူးမရှိသဖြင့် ဈေးနှုန်းလည်းမသိကြသည်မှာ သဘာဝကျသည်။ ထို့ကြောင့် သူမမေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်းဟန် အနည်းငယ်မှင်တက်သွားသည်။ ဈေးနှုန်းကို သူအရင်က မစဉ်းစားဖူးပေ။ အချိန်အတော်ကြာအောင် စဉ်းစားနေပြီးနောက် သူသည် မေးသည့်မိန်းကလေးကို ကြည့်ကာ "တခြားနေရာတွေမှာ ကြက်ဥထမင်းကျော်နဲ့နွားနို့က ဘယ်လောက်ကျလဲ" ဟု ပြန်မေးလိုက်သည်။
အမ်
မိန်းကလေး၏မျက်ခုံးများမှာ အနည်းငယ်တွန့်သွားသည်။ ဤစားသောက်ဆိုင်သည် ပိုပြီးပိုပြီး အရည်အသွေးမပြည့်ဝသလို သူမခံစားနေရသည်။ စားသောက်ဆိုင်သာ အလွန်သန့်ရှင်းနေသည်မဟုတ်ပါက ဒီလူ လုပ်ငန်းပါမစ်ပင်ရှိမှာမဟုတ်ဘူးဟု သံသယဖြစ်မိလိမ့်မည်။
"ပုံမှန်ဆိုရင်တော့ ရှင်တို့လိုမျိုးစားသောက်ဆိုင်တွေမှာ ကြက်ဥထမင်းကြော် တစ်ပန်းကန်ကို ၂၈ ယွမ် နဲ့ နွားနို့တစ်ခွက်ကို ၈ ယွမ် ကျတယ်"
စားသောက်ဆိုင်ငယ်လေးများနှင့် ရောင်းချသူများတွင် ပုံမှန်အားဖြင့် ကြက်ဥကြော်တစ်ပန်းကန်လျှင် ၁၂ ယွမ်သာ ကျသင့်မည်ဖြစ်ပြီး နွားနို့တစ်ခွက်သည် ၃ ယွမ်သာ ကျသင့်မည်ဖြစ်သည်။ သို့သော် ကျန်းဟန်၏ သန့်ရှင်သပ်ရပ်သော စားသောက်ဆိုင်အတွက် ဈေးမှာ အနည်းငယ်ပိုမြင့်မည်ဖြစ်ပြီး မိန်းကလေးပြောသည်နှင့် အတော်လေးနီးစပ်ပေသည်။
"အင်း ဒါဆို ငါ့ရဲ့ ကြက်ဥထမင်းကြော်တစ်ပန်းကန်က ၂၈၀ ယွမ် ကျပြီး နွားနို့တစ်ခွက်ကို ၈၀ ယွမ် ကျမယ်"
ကျန်းဟန် ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေသည်။
သူ၏စကားသည် ဧည့်သည်မိန်းကလေး ၂ ယောက်၏အမူအရာကို ပြောင်းလဲသွားစေသည်ကို သူမသိလိုက်ပေ။ လျန်မုန့်ချီပင်လျှင် ပုံမှန်ဈေးထက် ၁၀ ဆ ပိုရောင်းဝံ့သည့် ယုံကြည်မှုကို ဘယ်ကရလာမှန်းမသိသော ကျန်းဟန်အား ထူးထူးဆန်းဆန်း ကြည့်နေခဲ့သည်။
"ရှင်ရူးနေတာလား"
မျက်နှာချွန်ချွန်နှင့် မိန်းကလေး၏လေသံမှာ ထက်ရှပြီး
"ရှင် ဘယ်လိုစီးပွားရေးလုပ်နေတာလဲ... ကြက်ဥထမင်းကြော် တစ်ပန်းကန်ကို ၂၈၀ ယွမ် ဟုတ်လား... မီးဖိုချောင်နတ်ဘုရား ဝမ်လုံရဲ့ ကြက်ဥထမင်းကြော်ကို ယွမ် ၅၀၀၀ နဲ့ ရောင်းနိုင်ပေမဲ့ ရှင်ကိုယ်ရှင် သူလို့ထင်နေလား။ ရှင်သာ ဝမ်လုံဆိုရင်ရော ဒီမှာ စားသောက်ဆိုင်လေးလာဖွင့်ထားမှာလား"
ဝမ်လုံသည် ဟောင်ကောင်၏ နာမည်ကြီး စားဖိုမှူးဖြစ်သည်။ သူ၏ နတ်ဘုရားဆိုသည့်ဘွဲ့သည် အမှန်တကယ်ထိုက်တန်ပေသည်။ သူ၏အချက်အပြုတ်စွမ်းရည်မှာ အလွန်မြင့်မားပြီး ကျိုးချီ၏ God of Cookery ဇာတ်ကားကိုပင် သူ၏ဟင်းလျာများကို သုံးကာ ရိုက်ကူးခဲ့သည်။ ထို့ပြင် ဝမ်လုံသည် ဟောင်ကောင်မြို့ရှိ ကြယ် ၅ ပွင့် စားသောက်ဆိုင်အများအပြားတွင် စားဖိုမှူးအဖြစ်လုပ်ကိုင်ခဲ့ပြီး အထက်တန်းလွှာ လူကုံထံအသိုင်းအဝိုင်းတွင် လူအများ၏ နှစ်သက်မှုကို ရရှိခဲ့သည်။ ထို့အပြင် ၎င်း၏ဖောက်သည်နှင့် နယ်မြေတစ်ခုလုံးကို လှုပ်ခတ်သွားစေသော ကြီးမားသည့် ရိုက်ချက်များဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ကြက်ဥကြော်တစ်ပန်းကန်ကို ၅၀၀၀ ဖြင့် ရောင်းချနိုင်ခဲ့သည်။ ထို့ထက်ပင်မက ၅၀၀၀ တန် ကြက်ဥထမင်းကြော်အကြောင်းကို အခြားသူများမှ အမြဲပြောပြလေ့ရှိပြီး ထိပ်တန်းသတင်းအဖြစ် အကြိမ်ပေါင်းများစွာ သတ်မှတ်ခံရသည်။
လူတော်တော်များများ ထိုအကြောင်းကို သိသော်လည်း ကျန်းဟန်သည်တော့ ထိုအရာများကို နားမလည်ခဲ့သလို နားလည်ရန်လည်း စိတ်မဝင်စားခဲ့ပေ။
"မစားချင်ရင် ထွက်သွား"
ကျန်းဟန်သည် ထိုမိန်းကလေး၏ စူးရှသည့်အသံကြောင့် မုန့်မုန့် အနည်းငယ်ကြောက်လန့်သွားသည်ကို မြင်လိုက်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်ကာ အသံနက်နက်ဖြင့်ပြောလိုက်သည်။
"ဝမ်လုံတွေ လီလုံတွေက ဘာလဲဆိုတာငါမသိချင်ဘူး။ သူက ၅ ထောင်နဲ့ရောင်းရင် ငါက ၅ သောင်းနဲ့ရောင်းမယ်"
"ရှင်..."
မျက်နှာချွန်ချွန်နှင့်မိန်းကလေးသည် ဒေါသပေါက်ကွဲတော့မည်ဖြစ်သော်လည်း သူမ၏ဘေးနားရှိ အဖော်မိန်းကလေး၏ ဆွဲထုတ်ခြင်းခံလိုက်ရသည်။
သူမ၏သူငယ်ချင်းသည် အလွန်တရာ အရိုင်းဆန်စွာဝတ်စားထားသော်လည်း သူမသည် အတော်လေး ယဉ်ကျေးသည့်လူမျိုးဖြစ်ကြောင်း မြင်နိုင်သည်။ သူမ၏ စိတ်ထဲတွင် မပျော်မရွှင်ဖြစ်နေသော်လည်း သူမ၏လေသံမှာ တည်ငြိမ်နေဆဲဖြစ်သည်။
"သခင်လေး ရှင်ရောင်းတဲ့ ဈေးက နည်းနည်းများလွန်းနေတယ်။ ရှင့်ကို စားသုံးသူများအသင်းကို သွားပြီး တိုင်လို့ရတယ်။ ပြီးတော့ ဝမ်လုံက ကြက်ဥထမင်းကြော် တစ်ပန်းကန်ကို ၅ ထောင်နဲ့ရောင်းတယ်ဆိုပေမဲ့ သူသုံးတဲ့ဆန်က ထိုင်းဆန်ဖြစ်ပြီးတော့ တစ်နှစ်တောင် အခြောက်ခံထားတာ။ ဒီလောက်ဈေးကြီးတဲ့ ကြက်ဥထမင်းကြော်ကို ဘယ်သူမှမရောင်းနိုင်ဘူး"
"ဟုတ်လား"
ကျန်းဟန်သည် ထိုမိန်းကလေးကို ကြည့်လိုက်ပြီး သူ၏လေသံတွင် ဂရုမစိုက်သည့်ပုံစံဖြင့်
"ဆန်ကို တစ်နှစ်လောက်အခြောက်လှန်းထားတာကို မပြောနဲ့ဦး နှစ်တစ်ရာအခြောက်လှန်းထားရင်တောင် သူ့ဆန်က ငါ့ဆန်ကို မယှဉ်နိုင်ဘူး"
ပါဝင်ပစ္စည်းများနှင့် ပက်သက်၍ ဤကမ္ဘာပေါ်တွင် လခြမ်းတောင်၌စိုက်ပျိုးထားသော ဆန်နှင့် နှုင်းယှဉ်နိုင်သည့်ဆန်ဟူ၍ မရှိပေ။ ထိုင်းဆန်၊ ဩစတေးလျဆန်၊ မြောက်အမေရိကဆန် ၊ ၎င်းတို့အားလုံးသည် ကျန်းဟန်၏ဆန်နှင့် မယှဉ်နိုင်ချေ။
ကမ္ဘာမြေကြီးပေါ်တွင် သိုင်းလောက သို့မဟုတ် ကျင့်ကြံခြင်းလောကလည်း တည်ရှိနေပါက ၎င်းတို့တွင် အဆင့်မြင့်ဆန်များ ရှိကောင်းရှိနိုင်သည်။ သို့သော် မည်သူမှ မမြင်ဖူးပဲနှင့် မည်သူက အတည်ပြုပေးနိုင်မည်နည်း။ အခြား အဆင့်မြင့်ဆန်များ အမှန်တကယ်ရှိလျှင်ပင် လခြမ်းတောင်သည် ဆက်လက် ကြီးထွားနေနိုင်သည်ကို မေ့မထားသင့်။ လခြမ်းတောင်သည် ဖွဲ့စည်းခါစသာ ရှိသေးသည်။ ယန်-မိုးကြိုးသစ်ပင်သည် လခြမ်းတောင်ကို ၃ ကြိမ် အသွင်ပြောင်းလဲပြီးနောက်တွင် လခြမ်းတောင်သည် အစစ်အမှန် ရတနာနယ်မြေတစ်ခုအဖြစ်သို့ လုံးဝပြောင်းလဲသွားမည်ဖြစ်သည်။ ထိုအချိန်တွင် လခြမ်းတောင်တွင် စိုက်ပျိုးထားသော ပါဝင်ပစ္စည်းများသည် လုံးဝ ပြိုင်ဘက်ကင်းသွားမည်ဖြစ်သည်။
"ရှင်! လုံးဝအဓိပ္ပာယ်မရှိတာပဲ။ သွားကြရအောင်"
မိန်းကလေးသည် ဒေါသတကြီးနှင့်ပြောလိုက်သည်။ မျက်နှာချွန်ချွန်နှင့်မိန်းကလေး ဒေါသထွက် စတင်ကာ ဒေါသပေါက်ကွဲမည်စိုးသဖြင့် သူမသည် မျက်နှာချွန်ချွန်နှင့်မိန်းကလေးကို ဆွဲကာ ဆိုင်ထဲမှ ထွက်ခွာသွားသည်။
"ဖေဖေ သူတို့က အရမ်းကြောက်ဖို့ကောင်းတာပဲ"
မုန့်မုန့်သည် အသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။
"သူတို့က ဉာဏ်မမီတဲ့ အင်းဆက်လေးတွေပဲ။ သမီးသူတို့ကို ဂရုစိုက်နေစရာမလိုဘူး။ ဖေဖေ အခုချက်ချင်းစပြီး ချက်လိုက်တော့မယ်။ ခဏနေရင် စားလို့ရပြီ"
ကျန်းဟန်သည် အနည်းငယ် ပြုံးလိုက်သည်။
"အင်း ဟုတ်တယ်။ အင်းဆက်တွေကို ဂရုမစိုက်နဲ့"
မုန့်မုန့်သည် ပြန်ပြောလိုက်ပြီး ခေါင်းလှည့်ကာ တီဗီကို ဆက်ကြည့်သည်။
ဤမြင်ကွင်းကြောင့် လျန်မုန့်ချီ၏အမူအရာသည် ချက်ချင်းပင် တောင့်တင်းသွားသည်။ ကျန်းဟန်၏ ပုံမှန်မဟုတ်သည့် သင်ကြားမှုနည်းလမ်းကို ရှုံ့ချရင်း နှုတ်ခမ်းထောင့်သည် အနည်းငယ် တွန့်သွားသည်။
ကျန်းဟန် ချက်ပြုတ်နေစဉ်တွင် လျန်မုန့်ချီသည် ပါးစပ်ဟကာ မေးလိုက်သည်။
"ဟေ့ ရှင်တကယ် ကြက်ဥထမင်းကြော်ကို ၅ သောင်းနဲ့တော့ မရောင်းဘူးမလား"
လျန်မုန့်ချီ၏အမြင်တွင် ယွမ် ၅ သောင်းတန် ကြက်ဥထမင်းကြော်သည် အမှန်တကယ်ဈေးကြီးလွန်းသည်။ ယွမ် ၅ သောင်းသည် သူမအတွက် များပြားသည့်ပမာဏမဟုတ်သော်လည်း သူမ၏ပိုက်ဆံကို ဒီအတိုင်း လွယ်လွယ်မဖြုန်းချင်ပေ။
"၂၈၀ ယွမ်"
ကျန်းဟန်သည် ခေါင်းပင် မမော့ဘဲ ပြန်ဖြေလိုက်သ်ည။
ကျန်းဟန်၏အမြင်အရ သူ၏ကြက်ဥထင်းကြော်တစ်ပန်းကန်ကို ယွန် ၅ သောင်းနှင့် ရောင်းလျှင်ပင် ကျိုးကြောင်းဆီလျော်သည်။ သို့သော် ၎င်းကို ကြားပြီး လူများ အလွန်အံ့ဩသွားအောင် လုပ်ရန်မလိုပေ။ ပုံမှန် ကြက်ဥထမင်းကြော်ထက် ၁၀ ဆ ဈေးပို ကြီးရုံဖြင့် အဆင်ပြေသည်။
"အွန်း"
လျန်မုန့်ချီ ခေါင်းညိတ်ပြပြီး နှုတ်ခမ်းလေးများကိုသတ်ကာ
"နည်းနည်းလေးပိုမြန်ပေးလို့ရမလား ကျွန်မဗိုက်တော်တော်ဆာနေပြီ"
"နည်းနည်းပိုမြန်ပေးပါ မုန့်မုန့်လည်း ဗိုက်ဆာနေပြီ"
မုန့်မုန့်သည်လည်း သူမ၏နှုတ်ခမ်းလေးကို စူကာ ပြောလိုက်သည်။
"ကောင်းပြီ ကောင်းပြီ။ ခဏနေရင် အဆင်သင့်ဖြစ်ပါပြီ"
ကျန်းဟန် ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး ကြက်ဥထမင်းကြော်ကို စတင်ကြော်တော့သည်။
ကြက်ဥထမင်းကြော်နည်းမှာ အများအပြားရှိသည်။ နည်းလမ်းများအနက်မှာ တစ်ခုမှာ မွှေခေါက်ထားသော ကြက်ဥကို ထမင်းနှင့် ရောမွှေလိုက်သည်။ ထိုနည်းဖြင့် ချက်ထားသော ကြက်ဥထမင်းကြော်သည် ရွှေဝါရောင်ရှိမည်ဖြစ်ပြီး ထမင်းစေ့တိုင်းကို ကြက်ဥဖြင့် ဖုံးသွားသည်။
သို့သော် ကျန်းဟန်သည် ထိုနည်းဖြင့် ကြော်ရန် မရည်ရွယ်ဘဲ ကြက်ဥနှင့် ထမင်းကို သီးခြားဆီကြော်ရန် ရည်ရွယ်ထားသည်။
ထို့ကြောင့် ကျန်းဟန်သည် ဒယ်အိုးထဲသို့ ကြက်ဥများ လောင်းထည့်ကာ မွှေကြော်လိုက်သည်။ ကြက်ဥကို အတုံးသေးသေးလေးများဖြစ်သွားအောင် မွှေပြီး ဒယ်အိုးထဲမှ ကြက်ဥများကို ထုတ်လိုက်သည်။ ကြက်ဥများသည် အလွန်လျင်မြန်စွာ ကျက်နိုင်ပြီး ကြာရှည်စွာ မွှေကြော်နေရန် မသင့်တော်ပေ။ ကြက်ဥအကျက်လွန်သွားလျှင် ကြက်ဥ၏အရသာမှာ မကောင်းတော့ချေ။
ကျန်းဟန်သည် ဒယ်အိုးထဲသို့ ပဲငံပြာရည်ကို အနည်းငယ်လောင်းထည့်ကာ မုန့်လာဥနီတုံးလေးများထည့်၍ ခဏမွှေပြီး ထမင်းထည့်လိုက်သည်။ နှံ့အောင်မွှေကြော်လိုက်ပြိးနောက် ကြက်ဥထဲသို့ ဆားအနည်းငယ်နှင့် ဟင်းခတ် ၁၃ မျိုးကို ဖြန်းပေးလိုက်သည်။ ကြက်ဥထမင်းကြော်ပြီးခါနီးတွင် ကျန်းဟန်သည် ကောင်းကင်သစ်မွှေးဟင်းခတ်မှုန့်များကို ဖြူးပေးလိုက်သည်။ ချက်ချင်းပင် ကြက်ဥထမင်းကြော်၏မွှေးရနံ့သည် ပြင်းထန်လာသည်။
ချက်ပြုတ်ပြီးသည့်အခါက ကျန်းဟန်သည် ကြက်ဥထမင်းကြော်ကို အပိုင်း ၃ ပိုင်းခွဲလိုက်သည်။
ကျန်းဟန်နှင့် မုန့်မုန့်တို့သည် နွားနို့နှင့် ကြက်ဥထမင်းကြော်ထည့်ရန် ကြွေပန်းကန်ပြားကို အသုံးပြုခဲ့ပြီး လျန်မုန့်ချီအတွက်ကိုတော့ တစ်ခါသုံးပစ္စည်းများကို သုံးလိုက်သည်။
ကျန်းဟန်သည် ထမင်းစားစားပွဲပေါ်တွင် ကြက်ဥထမင်းကြော် ၂ ပန်းကန် နှင့် နွားနို့ ၂ ခွက်ကို ချထားလိုက်ပြီး မျက်နှာကျက်ပေါ်မှ မီးဆိုင်းကို ဖွင့်လိုက်သည်။ ချက်ချင်းပင် အိမ်အတွင်းရှိ အလင်းရောင်သည် ပိုမိုလင်းလက်လာသည်။
"မုန့်မုန့်ရေ လာခဲ့တော့ ထမင်းစားဖို့အချိန်ရောက်ပြီ"
ကျန်းဟန်သည် မုန့်မုန့်အား ပွေ့ချီပြီး ထမင်းစားစားပွဲဆီသို့ လျှောက်သွားသည်။ ခုံတွင် ထိုင်လိုက်ပြီးနောက် သူသည် လျန်မုန့်ချီအား ဘာသိဘာသာပင် တစ်ချက်ကြည့်ကာ "မင်းသွားယူလို့ရပြီ" ဟု ပြောလိုက်သည်။
"အာ"
လျန်မုန့်ချီ အနည်းငယ် မှင်တက်သွားပြီး သူမ၏စိတ်ထဲတွင် အနည်းငယ်ဒေါသတကြီး ခံစားလိုက်ရသည်။
ဒီစားသောက်ဆိုင်မှာ ဧည့်သည်က အစားအသောက်ကို ကိုယ်တိုင်သွားယူရတာလား
"ဟွန့်! ရှင့်ရဲ့ ကြက်ဥထမင်းကြော်က ၂၈၀ ယွမ် တန်လား မတန်ဘူးလား ဆိုတာ ကျွန်မကြည့်မယ်"
လျန်မုန့်ချီသည် ကျန်းဟန်၏စိတ်ကို မပြောင်းလဲနိုင်ကြောင်းသိသဖြင့် အနည်းငယ် နှာခေါင်းရှုံ့လိုက်ပြီး မီးဖိုချောင်ဘက်သို့ စိတ်မပါလက်မပါလျှောက်သွားသည်။
အသုံးအဆောင်များမှာ တစ်ခါသုံးပစ္စည်းများဖြစ်နေသည့်အခါ သူမ၏စိတ်ထဲတွင် ပို၍ဒေါသထွက်လာပြီး မကျေမနပ်ဖြစ်သွားသည်။
သို့သော် နောက်အခိုက်အတန့်တွင် သူမ၏နှာခေါင်းထဲသို့ စိမ့်ဝင်လာသော မွှေးရနံ့သည် သူမ၏စိတ်ထဲရှိ မကျေနပ်ချက်များ ဒေါသများအားလုံးကို ချက်ချင်း ဖယ်ရှားပစ်လိုက်သည်။
"အနံ့က အရမ်းမွှေးတာပဲ"
လျန်မုန့်ချီသည် သူမ၏ ဗိုက်ထဲတွင် တဂွီဂွီမြည်လာသည်ကို ခံစားလိုက်ရသဖြင့် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ကြက်ဥထမင်းကြော်ပန်းကန်ကို ချက်ချင်းယူလိုက်ပြီး ပြတင်းပေါက်ရှေ့ရှိ ထမင်းစားစားပွဲလေးဆီသို့ ပြန်သွားလိုက်သည်။
တစ်ခါသုံးတူများကိုထုတ်ရန် သူမ၏ပုံမှန်အမြန်နှုန်းထက် ၂ ဆပင် ပိုမြန်နေခဲ့သည်။ ထမင်းစစားတော့မည့်အချိန်မှာပင် ရုတ်တရက် သူမရပ်တန့်သွားသည်။
အစားအသောက်ကောင်းကို စားသည့်အခါ အကောင်းဆုံးကို နောက်ဆုံးမှစားပြီး အလျင်စလိုမလုပ်တတ်သည်က သူမ၏အကျင့်ဖြစ်သည်။ ထို့ကြောင့် သူမသည် နွားနို့ကို ပထမဆုံးသောက်ရန် စက္ကူခွက်ကို ကောက်ကိုင်လိုက်သည်။
သို့သော် နွားနို့ကို ပါးစပ်ထဲထည့်လိုက်သည်နှင့် သူမ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
ဒီလောက်အရသာရှိသည့် နွားနို့ကို ပထမဆုံးအကြိမ် မြည်းစမ်းဖူးခြင်းဖြစ်သည်။
အခြားနွားနို့များသည် သကြားမထည့်ပါက အရသာ ပေါ့ရွှတ်ရွှတ်ဖြစ်ပြီး နွားနို့ကို ကောင်းကောင်းမကျိုထားပါက အနည်းငယ် ချဉ်သည့်အရသည်ရှိသည်။ သကြားထည့်လိုက်သည့်အခါ နို့၏အရသာ ပြောင်းသွားစေသည်။ သူမ ယခုသောက်လိုက်သော နွားနို့သည် သကြားလုံးဝမပါသော်လည်း သောက်လိုက်သည့်အခါ အရသာမှာ အလွန်ချိုမြန်နေဆဲဖြစ်သည်။ နို့၏မွှေးရနံ့သည်လည်း ပြည့်စုံပြီး အလွန်ကောင်းမွန်သည်။ နွားနို့တစ်ခွက်သောက်ပြီးသည့်နောက် သူမသည် အချိန်နှင့်နေရာကိုပင် မေ့သွားခဲ့သည်။
"သူဌေး ဒီနွားနို့က ဘာလို့ ဒီလောက်မွှေးနေတာလဲ"
လျန်မုန့်ချီ မနေနိုင်ဘဲ မေးလိုက်သည်။
"ဒါက ကမ္ဘာ့အသန့်စင်ဆုံး နွားနို့စစ်စစ်ပဲ"
ကျန်းဟန် ခေါင်းကို လုံးဝလှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
"အွန်း"
လျန်မုန့်ချီ ခေါင်ညိတ်လိုက်။ ကြက်ဥထမင်းကြော်ဆီသို့ လှမ်းကြည့်ရင်း သူမ၏အကြည့်သည် အနည်းငယ် စိတ်လှုပ်ရှားနေသည်။
နွားနို့သည်ပင် ဒီလောက်အရသာကောင်းနေသည်မို့ ကြက်ဥထမင်းကြော်မှာလည်း စားကောင်းမည်မှာ သေချာသည်။
လျန်မုန့်ချီသည် တူကိုသုံးချင်သော်လည်း ၎င်းကို တွေးမိပြီးနောက် ဘေးနားရှိ ပလက်စတစ်ဇွန်းကို ကောက်ကိုင်လိုက်သည်။
လျန်မုန့်ချီသည် ကြက်ဥထမင်းကြော်တစ်ဇွန်းကို စားကြည့်လိုက်သည်။ ကြက်ဥသည် နူးညံ့နေပြီး ထမင်းသည် ပျော့ကာ စေးကပ်ကပ်ဖြင့် မုန့်လာဥနီအတုံးလေးများက ကြွပ်နေသည်။ ကြက်ဥထမင်းကြော်ကို စားနေရင်း အရသာမှာ အလွန် ပြည့်စုံပေသည်။ ထမင်းကလည်း မွှေး၊ ကြက်ဥကလည်း မွှေး၊ မုန်လာဥနီကလည်း မွှေးနေပြီး မွှေးရနံ့များသည် ပါးစပ်ထဲတွင် ဝဲနေသဖြင့် မျက်လုံးမှိန်ကာ အရသာကိ မခံစားပဲမနေနိုင်ပေ။
"ဒါက ကြက်ဥထမင်းကြော်လို့တောင် ပြောလို့ရသေးရဲ့လား"
"ဒီကမ္ဘာမှာ ဒီလောက်အရသာရှိတဲ့ ကြက်ဥထမင်းကြော်ရှိလို့လား"
"ဒီကြက်ဥထမင်းကြော်က ဝမ်လုံရဲ့ ထမင်းကြော်ထက် အဆ ၁၀၀ ၊ မဟုတ်သေးလူး အဆ ၁၀၀၀ ပိုကောင်းတယ်"
လျန်မုန့်ချီသည် အလွန်အံ့ဩသွားသည်။ ကြက်ဥထမင်းကြော်သည် သူမအား အံအားသင့်စေမည်ဟု မျှော်လင့်ထားပြီးသားဖြစ်သော်လည်း အံအားသင့်မှုက ဒီလောက်ကြီးမားလိမ့်မည်ဟု လုံးဝ မထင်ထားပေ။
မွှေးကြိုင်နေတာပဲ!
ဒီစကားတစ်ခွန်းသာ ပြောနိုင်တော့သည်။ ဒီကြက်ဥထမင်းကြော်သည် အလွန်ကို မွှေးသည်။ အရင်က သူမစားခဲ့ဖူးသည့် ကြက်ဥထမင်းကြော်က အတုတွေလို့တောင် သူမခံစားနေရသည်။
ဝမ်လုံ ချက်ပြုတ်ထားတဲ့ ယွမ် ၅ ထောင်တန်တန် ဥထမင်းကြော်ကို မစားခင် အခြားဟင်းလျာများကို မြည်းစမ်းဖူးသည်။ ထိုအချိန်က ဝမ်လုံ၏ကြက်ဥထမင်းကြော်သည် ဤကမ္ဘာပေါ်တွင် အကောင်းဆုံးများထဲမှ တစ်ခုဖြစ်နေပြီဟု သူမထင်ခဲ့သည်။ သို့သော် သူမမျက်စိရှေ့တွင် ရှိနေသည့် ကြက်ဥထမင်းကြော်သည် သူမ၏အယူအဆကို လုံးဝပြောင်းလဲသွားစေသည်။
-C 41 End