အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃...

By daddyzhanghan

70.6K 6.1K 23

Godly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း... More

Synopsis
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၈)
အပိုင်း(၁၅၀)
အပိုင်း(၁၅၁)
အပိုင်း(၁၅၂)
အပိုင်း(၁၅၃)
အပိုင်း(၁၅၄)
အပိုင်း(၁၅၅)
အပိုင်း(၁၅၆)
အပိုင်း(၁၅၇)
အပိုင်း(၁၅၈)
အပိုင်း(၁၅၉)
အပိုင်း(၁၆၀)
အပိုင်း(၁၆၁)
အပိုင်း(၁၆၂)
အပိုင်း(၁၆၃)
အပိုင်း(၁၆၄)
အပိုင်း(၁၆၅)
အပိုင်း(၁၆၆)
အပိုင်း(၁၆၇)
အပိုင်း(၁၆၈)
အပိုင်း(၁၆၉)
အပိုင်း(၁၇၀)
အပိုင်း(၁၇၁)
အပိုင်း(၁၇၂)
အပိုင်း(၁၇၃)
အပိုင်း(၁၇၄)
အပိုင်း(၁၇၅)
အပိုင်း(၁၇၆)
အပိုင်း(၁၇၇)
အပိုင်း(၁၇၈)
အပိုင်း(၁၇၉)
အပိုင်း(၁၈၀)
အပိုင်း(၁၈၁)
အပိုင်း(၁၈၂)
ဆက်ရန်....

အပိုင်း(၃၃)

396 37 0
By daddyzhanghan

အပိုင်း(၃၃) ဝယ် ဝယ် ဝယ်!

ခွေးနှစ်ကောင် စျေးနှုန်းမှာ ၅၅၀၀ နှင့် ၆၀၀၀ ၊ ပေါင်း ၁၁၅၀၀ ။ အမျိုးသား၏မျက်နှာမှာ ပိုမိုပျော်ရွှင်လာသည်။

"ဒီကောင်နဲ့ ဒီကောင်"

"ဒီကောင်..."

ကျန်းဟန်သည် ခြေလှမ်းအနည်းငယ်လှမ်းတိုင်း ခွေးနှစ်ကောင်ကို ညွန်ပြသည်။

ကျန်းဟန်သည် တောက်ပသော အဖြူရောင် Bichon Collie၊ Pomeranian၊ မျိုးကောင်းမျိုးသန့် Teacup Poodle နှင့် ယွမ် ၁၀၈၀၀ တန်သော သိုးထိန်းခွေးနှင့် Poodle ကို ထပ်မံဝယ်ယူခဲ့သည်။

ဤနေရာအထိ ‌ရွေးချယ်လာလိုက်ကြရာ နေရာတစ်ခုလုံး၏တစ်ဝက်ပင် ရောက်သွားကြသည်။ ကျန်းဟန်၏ရင်ခွင်ထဲရှိမုန့်မုန့်သည် စိုးရိမ်တကြီးဖြင့် ဝင်ပြောလိုက်သည်။

"ဖေဖေ ဖေဖေ သမီးရွေးရမယ့်အလှည့်ရောက်ပြီ"

"ကောင်းပြီ ကောင်းပြီ အခု မုန့်မုန့်ရွေးရမယ့်အလှည့်ပဲ။ ဒါကိုကြည့် သူ့ကို Husky လို့ခေါ်ပြီး အများအားဖြင့် Silly Husky လို့ခေါ်ကြတယ်။ Husky တွေက ငယ်သေးတဲ့အချိန်မှာ အလွန်ဆော့ကြပြီး ကြီးလာရင် ပိုပြီး မိုက်မဲလာကြတယ်။ Husky ကို 'လွှတ်ပျောက်' လို့ နာမည်ပြောင်လည်းရှိတယ်။ သူတို့က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ မုန့်မုန့် သူတို့ထဲက နှစ်ကောင်ရွေးလို့ရတယ်" ကျန်းဟန်သည် ရှေ့ရှိ Huskies ၈ ကောင်ကို ညွှန်ပြသည်။
(လွှတ်ပျောက် ဆိုတာ ကြိုးလွှတ်လိုက်တာနဲ့ တန်းပြီး ပြေးထွက်သွားတတ်လို့ပြောတာဖြစ်မယ်)

"အိုး...ဖေဖေ သူတို့အားလုံးက အတူတူပဲ"

မုန့်မုန့်သည် အကြာကြီးတုံ့ဆိုင်းနေပြီး ဘယ်နှစ်ကောင်ကို ရွေးရမှန်းမသိဖြစ်နေသည်။ နောက်ဆုံးတွင် သူမသည် သူမ၏လက်ဖဝါးလေးကို လျှာထုတ်ကာ လျှာဖြင့်အဆက်မပြတ်ယက်နေသော လှောင်အိမ်အတွင်းရှိ အတက်ကြွဆုံးခွေးပေါက်စလေးနှစ်ကောင်ကို ရွေးလိုက်သည်။

"အိုး ဒီကောင်ပြီးရင် ဒီကောင်ရော" မုန့်မုန့်သည် အတက်ကြွဆုံးဖြစ်နေသည့် ခွေးမလေးနှစ်ကောင်ကို ထောက်ပြသည်။

"မုန့်မုန့် အဲ့ဒီနှစ်ကောင်လုံးက အစ်မတွေချည်းပဲ တစ်ကောင်ကို အထီးနဲ့လဲလိုက်လေ" ကျန်းဟန် မပြုံးဘဲမနေနိုင်ပေ။

"အယ်? အထီးက ဘာလို့ လိုတာလဲ" မုန့်မုန့်သည် နားမလည်ပေ။

"ခွေးထီးနဲ့ခွေးမ တစ်ကောင်စီရှိရင် ခွေးကလေးတွေ မွေးနိုင်တာပေါ့" ကျန်းဟန်သည် သူ၏လက်ကိုဆန့်ထုတ်ပြီး မုန့်မုန့်၏ပါးပြင်ကို ညှစ်လိုက်သည်။

"ဟုတ်ပြီ ဟုတ်ပြီ ဒါဆို ဒီတစ်ကောင်က အထီးလား" မုန့်မုန့်သည် Husky များကြားရှိ အပြုအမူအကောင်းဆုံး ခွေးကို ညွှန်ပြသည်။

"ဟုတ်တယ် အဲ့ကောင်က အထီးပဲ။ ဖေဖေတို့ အဲဒီနှစ်ကောင်ကိုယူလိုက်မယ်"

Husky ရွေးချယ်ပြီးနောက် ကျန်းဟန်သည် နောက်ထပ် မတူညီသည့် ခွေးအမျိုးအစားများကို ရွေးရန် ခေါ်သွားသည်။

သေးငယ်ပြီး လှပသိမ်မွေ့သော ချီဟွာဟွာ၊ သိမ်မွေ့၍ ချစ်စရာကောင်းသော Golden Retriver ၊ ခြေထောက်သေးသေးလေးများရှိသည့် Welsh Corgi ၎င်းတို့အားလုံးကို မုန့်မုန့်အလွန်နှစ်သက်လေသည်။ အချိန်အတော်ကြာအောင်ရွေးပြီးနောက် နောက်ဆုံးတွင် မတူညီသည့်မျိုးစိတ်များမှ နှစ်ကောင်စီရွေးထုတ်နိုင်ခဲ့သည်။

သို့သော် Dachshund နှင့် ခွေးဘီလူးများရှိရာသို့ ရောက်သည့်အခါ မုန့်မုန့်သည် နှုတ်ခမ်းလေးကို စူပြီးပြောလိုက်သည်။

"ဟင့်အင်း မလိုချင်ဘူး။ သူတို့ကို မလိုချင်ဘူး။ သူတို့ကကြည့်ရတာ အရမ်းရက်စက်ပြီးတော့ ရုပ်လည်းမလှဘူး"

ကျန်းဟန်ပြုံးပြီး မုန့်မုန့်အား နောက်တစ်နေရာသို့ ချီဆောင်သွားကာ ဆက်ကြည့်နေလိုက်သည်။ ဝယ်လာသမျှခွေးများသည် ချစ်ဖို့ကောင်း၍ ဆွဲဆောင်မှုရှိသည့် ခွေးလေးများသာဖြစ်ပြီး မင်းသမီးလေးမှာလည်း ထိုသို့ပုံစံများကိုသာ နှစ်သက်ပုံရသည်။

နောက်ဘက်တွင် ယွမ် ၃၀၀၀၀ တန်သော ဂျပန်မျိုးရိုးစစ်စစ် Akita နှစ်ကောင်၊ နှင်းကဲ့သို့သောအမွှေးများရှိသည့် Japanese Spitz၊ Samoyed Dog၊ Shar Pei နှင့် Aloof Chow Chow တို့ကို ရွေးချယ်ခဲ့ကြသည်။

"အကြမ်းဖျင်းတော့ ဒီကောင်တွေကို လောလောဆယ်ရွေးထားတယ်" ရွေးချယ်ပြီးနောက် ကျန်းဟန်သည် ခေါင်းလှည့်ကာ မျက်မှန်တပ်ထားသည့် အမျိုးသားကို ကြည့်ကာ ပြောလိုက်သည်။

ထိုအမျိုးသားသည် လက်များတုန်ခုန်နေသည်အထိ စိတ်လှုပ်ရှားနေသည်ကို တွေ့နိုင်ပေသည်။ စိတ်လှုပ်ရှားမှုများပြည့်နေသည့် မျက်နှာဖြင့် တုန်တုန်ယင်ယင် ပြန်ပြောသည်။

"ဆရာ...ဆရာ၊ ခွေးမျိုးသန့်ပေါင်း ၃၆ ကောင်ကို စုစုပေါင်း...စုစုပေါင်း ယွမ် ၂၃၅၈၀၀ ကျသင့်ပါတယ်"

စကားပြောနေစဉ် အမျိုးသားသည် ကျန်းဟန်၏အမူအရာကို တစ်ချိန်တွင် စိတ်လှုပ်ရှားမှု‌ရော စိုးရိမ်မှုဖြင့်ပါ ကြည့်နေသည်။ ဤဖောက်သည်သည် မြင့်မားသော ဈေးနှုန်းများကြောင့် ခွေးများကို ဝယ်ယူရန် လက်လျော့လိုက်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

"အင်း"

ကျန်းဟန်သည် ယွမ် ၂ သိန်းသုံးလိုက်ရသည်ကို ယွမ် ၂၀ သုံးစွဲလိုက်သကဲ့သို့ သူ၏အမူအရာတွင် မည်သို့မျှရှိမနေဘဲ အေးအေးဆေးဆေး ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရသည်။

"ဆရာ ဘယ်လို ပေးချင်လဲ" အမျိုးသားသည် စိတ်လှုပ်ရှားစွာမေးသည်။

"ခရက်ဒစ်ကတ်နဲ့"

"ဟုတ်ကဲ့ပါ ဒီလမ်းကိုကြွပါ ဆရာ"

အမျိုးသားသည် ကျန်းဟန်အား ပင်မစတိုးဆိုင်ထဲသို့ ပြန်ခေါ်လာခဲ့သည်။

ကောင်တာမှ အမျိုးသမီးသည် ငွေရှင်းတမ်းကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းမှင်တက်သွားသည်။

ခွေးကောင်ရေ ၃၆ ကောင်ကို ငွေစာရင်းဘောင်ချာ တစ်ခုတည်းဖြင့် ရောင်းနိုင်လိမ့်မည်ဟု သူမလုံးဝ မမျှော်လင့်ထားပေ။ ယွမ် ၂ သိန်း ၃ သောင်း။ ဒါသည် သေးငယ်သည် ငွေပမာဏမဟုတ်ချေ။

ထို့ကြောင့် သူမ၏အပြုံးကို တတ်နိုင်သမျှနည်းလမ်းများဖြင့် ဖော်ထုတ်လိုက်သည်။
ကျန်းဟန်အား သူ၏ ခရက်ဒစ်ကတ် ပွတ်ဆွဲရန် ကူညီပေးလိုက်ပြီးနောက် ချိုသာစွာပြောလိုက်သည်။

"ဆရာ ဆရာ့ရဲ့လိပ်စာကို ပြောပြပေးလို့ရမလား။ ဆရာဝယ်ထားတဲ့ခွေးတွေကို ဆရာဆီ ခဏနေရင် ပို့ပေးပါမယ်။ ဟုတ်သားပဲ အိမ်မွေးတိရစ္ဆာန်တွေအတွက် အရုပ်နဲ့ အစားအစာလိုမျိုး တခြားပစ္စည်းတွေ ဝယ်ဖို့‌ လိုသေးလားရှင့်"

"အရုပ်လား" မုန့်မုန့် ခဏတာ မှင်တက်သွားသည်။ သူမ၏ မျက်လုံးကြီးများဖြင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်သည့်အခါ ဘယ်ဘက်ခြမ်းတွင် ခွေးကစားစရာများ အစုံအလင် စီထားသည့် စင်တစ်ခုကို တွေ့လိုက်ရသည်။ ခွေးကစားသည့်အရုပ်များကို မြင်သည့်အခါ သူမ၏လက်ကလေးများကိုမြှောက်ပြီး ပြောရွှင်တက်ကြွစွာပြောလိုက်သည်။

"ဟုတ်တယ် အရုပ်တွေဝယ်မယ်။ ရှောင်ဟေးနဲ့ချစ်စရာခွေးလေးတွေ ကစားဖို့ အရုပ်တွေ ဝယ်မယ်"

"အရုပ်သွား‌ရွေးရအောင်" ကျန်းဟန်သည် ပြုံး၍ မုန့်မုန့်အား အရုပ်များရှိရာသို့ ခေါ်သွားသည်။

မုန့်မုန့်သည် ကျန်းဟန်၏ရင်ခွင်ထဲတွင် တလှုပ်လှုပ် တရွရွဖြင့် သူမဖေဖေကို သူမအား ကြမ်းပြင်ပေါ်ချပေးရင် အရိပ်အမြွက်ပြသည်။

ကျန်းဟန်သည် မုန့်မုန့်အား ကြမ်းပြင်ပေါ်သို့ ချပေးလိုက်ပြီး မုန့်မုန့်သည် ခွေးကလေးများအတွက် ကစားစရာ အရုပ်ရွေးရန် ပြေးသွားသည်။

ရော်ဘာဘောလုံး၊ ခြင်းလုံး စသည်ဖြင့် ကစားစရားများရှိသည်။

"ဒီဟာ ဒီဟာ ဒါလည်းလိုချင်တယ် အကုန်လုံးလိုချင်တယ်...ဖေဖေ မုန့်မုန့်ဘာလုပ်ရမှာလဲ" မုန့်မုန့်သည် မည်သည့်အရုပ်ကို ရွေးရမှန်းမသိပဲ ဝမ်းသာအားရရွေးနေသည်။

"ဒါဆို ဖေဖေတို့ အကုန်ဝယ်မယ်လေ" ကျန်းဟန် ခပ်တိုးတိုးရယ်လိုက်သည်။

"တကယ်နော်" မုန့်မုန့်၏ မျက်လုံးလေးများ တောက်ပလာသည်။

"ဒါပေါ့" ကျန်းဟန် မုန့်မုန့်၏ခေါင်းကို ပွတ်သပ်ပြီး ပြုံးလိုက်သည်။

"ဝိုး ဟူး ဒီမှာအရုပ်တွေအများကြီးရှိတယ်၊ ခွေးလေးတွေ အရမ်းပျော်နေမှာ သေချာတယ်" မုန့်မုန့်သည် ဝမ်းသာအားရ ရယ်မောလိုက်သည်။

"ဒါဆို သမီး နည်းနည်းပိုဝယ်လို့ရတယ်" ကျန်းဟန်ခေါင်းညိတ်လိုက်ပြီး သူ၏ဘေးရှိ အမျိုးသမီးကိုကြည့်ကာ ပြောလိုက်သည်။

"ဒီအရုပ်တွေထဲက တစ်မျိုးကို ၂၀ စီလောက်ပေးပါ"

"ဟုတ်ကဲ့ပါ ဆရာ၊ ခွေးတွေအများကြီးဝယ်ခဲ့တာမလို့ ဒီအရုပ်တွေကို မေတ္တာလက်ဆောင်အဖြစ် ပေးပါ့မယ်။ ဆရာ ကျွန်မတို့ ခွေးတွေကို ဘယ်ကိုပို့ပေးရမလဲရှင့်" အမျိုးသမီးသည် ပြုံးစိစိဖြင့်မေးသည်။

"သူတို့ကို လခြမ်းတောင်ဆီ ပို့ပေးပါ။ နှစ်နာရီလောက်ကြာရင် ခင်ဗျားတို့ အဲဒီကို သွားလို့ရတယ်။ မသွားခင် ကျွန်တော့်ကို အရင်ဖုန်းဆက်ပေးပါ" ကျန်းဟန် အနည်းငယ်စဉ်းစားပြီး ပြောလိုက်သည်။

"ကောင်းပါပြီရှင့်၊ ဆရာ့ ဖုန်းနံပါတ်လေး ပေးခဲ့ပေးပါရှင့်"

"XXXXXX"

သူ၏ဖုန်းနံပါတ်ကို ချန်ထားခဲ့ပြီးနောက် ကျန်းဟန်သည် မုန့်မုန့်အား ချီကာ ထွက်ခွာသွားခဲ့သည်။

"မင်းက တကယ့်ကို မယုံနိုင်စရာပဲ။ မင်းရဲ့ဘောနပ်စ်က ဒီနှစ် ဂဏန်းငါးလုံးအထိ ဖြစ်နိုင်တယ်" အမျိုးသမီးသည် မျက်မှန်တပ်ထားသည့်အမျိုးသားကို လက်မထောင်ပြလိုက်သည်။

"ဟီးဟီး"

ကျန်းဟန်သည် တောင်ပိုင်းခရိုင်ရှိ မွေးမြူရေးခြံဆီသို့ ကားမောင်းသွားခဲ့သည်။ ဤနေရာသည် သူယနေ့ သွားလိုသည့် ဒုတိယနေရာဖြစ်သည်။

ကျန်းဟန်သည် မူလက အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်တွင် ကြောင်အချို့ဝယ်လိုသော်လည်း ယွမ် ၂ သန်းကျော်သုံးပြီးနောက် သူ၏ကတ်ထဲတွင် ယွမ် ၄ သိန်းခွဲသာကျန်တော့သည်။ တခြားအရာများဝယ်ရန်လိုနေသေးသဖြင့် လက်ရှိတွင် ကြောင်ဝယ်ရန် ဆိုင်းငံ့ထားရုံသာရှိသည်။

မုန့်မုန့်သည်လည်း ထိုကိစ္စကိုတွေးမိပြီး ရုတ်တရက်ထအော်လိုက်သည်။

"ဖေဖေ သမီးတို့ တစ်ခုခုမေ့သွားပြီထင်တယ်"

"ဘာများလဲ" ကျန်းဟန် ခပ်တိုးတိုးရယ်ရင်း မေးသည်။

"အင်း...အဲဒါက ချစ်စရာကောင်းတဲ့ ကြောင်လေးတွေ" မုန့်မုန့် သတိပေးလိုက်သည်။

"ကြောင်လေးတွေလား" ကျန်းဟန်ခေါင်းခါလိုက်ပြီး "ကြောင်လေးတွေဝယ်ဖို့က စောင့်ရဦးမယ်။ ခွေးလေးတွေကြီးလာပြီး ပိုပြီးဉာဏ်ကောင်းလာမှ ကြောင်လေးတွေ သွားဝယ်ကြမယ်။ မဟုတ်ရင် ခွေးလေးတွေနဲ့ ကြောင်လေးတွေ နေ့တိုင်း ရန်ဖြစ်နေကြမှာ မဟုတ်လား"

"ရန်ဖြစ်မှာလား...အင်း...ဒါဆို ဖေဖေ့စကားနားထောင်မယ်။ ကြောင်လေးတွေကို အရင်မဝယ်သေးဘူး" မုန့်မုန့်သည် ကြောင်များနှင့် ခွေးများ ကိုက်နေကြသည့်ပုံရိပ်ကို စိတ်ကူးကြည့်ရင်း သူမ၏ရင်ဘတ်လေးကို ပွတ်ကာ မကြည့်ရက်ဟန်ဖြင့်ပြောသည်။

"အင်း ကြောင်လေးတွေ အရင်မဝယ်နဲ့ဦး။ နွား၊သိုး၊ဝက်၊ကြက်၊ဘဲနဲ့ငန်းတွေလိုမျိုး တခြားအကောင်တွေကို အရင်သွားဝယ်မယ်" ကျန်းဟန်ပြောလိုက်သည်။

"ကောင်းတယ် ဝယ်မယ် ဝယ်မယ် ဝယ်မယ် သွားဝယ်ကြမယ်" မင်းသမီးလေးသည် အားရဝမ်းသာပြောလေသည်။

ငွေဖြုန်းခြင်းသည် အရွယ်ရောက်ပြီးသူဖြစ်စေ ကလေးငယ်လေးဖြစ်စေ အထူးသဖြင့် အမျိုးသမီးများဖြစ်စေ ပျော်ရွှင်စေသည်။ ပိုက်ဆံရှိသည့် အခြေအနေမျိုးတွင် စိတ်ခုစရာမရှိဘဲ ပိုက်ဆံဖြုန်းရခြင်းသည် အမြဲတမ်း စိတ်ချမ်းသာစေသည်။

နောက်ထပ်ဝယ်မည့် အရာများမှာ မုန့်မုန့်အတွက် ဆော့ကစားစရာများမဟုတ်သော်လည်း သူမလေးပျော်ရွှင်နေဆဲဖြစ်သည်။

နာရီဝက်ခန့် မောင်းလာပြီးနောက် တောင်ပိုင်းခရိုင်ရှိ မွေးမြူရေးခြံသို့ရောက်ရှိလာသည်။ ထိုနေရာသည် ကျန်းဟန် မကြာမီက ဝယ်ထားသည့်အိမ်နှင့် သိပ်မဝေးပေ။

"ဘာများ ဝယ်ချင်လို့လဲ"

ယခုတစ်ကြိမ်တွင် ကျန်းဟန်အား လက်ခံတွေ့ဆုံသူမှာ အသက် ၄၀ ကျော် လူလတ်ပိုင်းအမျိုးသားဖြစ်သည်။

"နွား၊သိုး၊ဝက်၊ကြက်၊ဘဲ၊ငန်း တစ်မျိုးကို နည်းနည်းစီဝယ်ဖို့စဉ်းစားထားပါတယ်။ ပိုကောင်းတဲ့ကောင်တွေကို အကြံပေးပါဦး" ကျန်းဟန်ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကျွန်တော်တို့ အကောင်းဆုံးတွေကို လိုချင်တယ်" မုန့်မုန့်သည် ကျန်းဟန်၏လေသံကိုတုပကာ ပြောလိုက်သည်။

"ကောင်းပြီ ငါမင်းတို့ကို အကောင်းဆုံးတွေပေးမယ် ချစ်စရာကလေးလေး"

လူလတ်ပိုင်းအမျိုးသားသည် တောက်ပစွာရယ်မောပြီး ပြောလိုက်သည်။

"ဒီမှာတော့ အကောင်းဆုံးနွားက ဂျပန်နွားနက်ပါ။ သူ့ကို ကောင်းကောင်းကျွေးမယ်ဆိုရင် ကိုဘေးအမဲသား ဖြစ်လာနိုင်ချေရှိပါတယ်။ သခင်လေး မင်း ကိုဘေးအမဲသားကို အရင်စားကြည့်သင့်တယ်လို့ထင်တယ်။ ၅၀၀ ကီလိုရှိတဲ့ ဂျပန်နွားနက်မှာ အဆင့် A5 အမဲသား ၆ ကီလိုသာထွက်ပြီး တစ်ကီလိုကို ယွမ်တစ်သောင်းခွဲကျော်ရှိပါတယ်"

"A5 အမဲသား" ကျန်းဟန် ရေရွတ်လိုက်သည်။

ကျန်းဟန်သည် ယခင်က ကိုဘေးအမဲသားကို စားဖူးသည်။ ကိုဘေးအမဲသား ၂၀၀ ဂရမ်ခန့်ကို ၈၈၈ ယွမ် ဖြင့် စျေးနှုန်းမြင့်မားစွာ ရောင်းချနေသည့် သတင်းတစ်ပုဒ်တွေ့ဖူးသည်ကို သတိရလိုက်သည်။ ကိုဘေးအမဲသားထွက်ရှိမှုမှာ အလွန်နည်းပါးသော်လည်း အရသာမှာ အလွန်ကောင်းမွန်သည်။

အကယ်၍ ဂျပန်နွားနက်ကို ကောင်းကောင်းကျွေးပါက ကိုဘေးအမဲသားဖြစ်လာနိုင်ချေရှိသည်။ ကောင်းကောင်းကျွေးသည်ဆိုသည်မှာ အဘယ်နည်း။

လခြမ်းတောင်တွင် ဂျပန်နွားနက်တိုင်းသည် ကိုဘေးအမဲသားဖြစ်လာနိုင်ပြီး အသားအားလုံးမှာလည်း ‌A5 အဆင့်ဖြစ်မှာ သေချာသည်။ မဟုတ်သေးပေ A5 ထက်ပင် သာလွန်သာ အဆင့်ရှိလိမ့်မည်။

ရွေးချယ်စရာမရှိပဲ လခြမ်းတောင်၏ရေမြေပတ်ဝန်းကျင်မှာ အလွန်ကြောက်စရာကောင်းပေသည်။

အဆင့် ၁ စိတ်ဝိညာဉ်ရတနာဖြစ်သည့် အသားမြက်ကိုစား၊ စိတ်ဝိညာဉ်ရေကိုသောက်၊ အဆင့် ၁ ရတနာ မွှေးရနံ့မြက်ပင်၏ရနံ့အောက်တွင်နေပြီး၊ အောက်ခံမြေမှာလည်း စိတ်ဝိညာဉ်မြေဆီလွှာဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်တွင်ကြီးပြင်းလာပြီး A5 အဆင့်အမဲသားသာ ဖြစ်ပါက ရယ်စရာဖြစ်နေပေမည်။

"ဂျပန်နွားနက်တစ်ကောင် ဘယ်လောက်လဲ" ကျန်းဟန် မဆိုင်းမတွမေးလိုက်သည်။

"တစ်ကောင်ကို ယွမ် ၈ ထောင်ပါ"

"ဒါဆို အဲဒီဂျပန်နွားနက် ၁၀ ကောင်အရင်ပေးပါ"

ကျန်းဟန် ဆက်၍ "ပြီးတော့ နို့စားနွား ကောင်းတာလေး အကြံပေးပါဦး"

"နို့စားနွားဆိုရင်တော့ Holstein Friesain cattle က သင့်တော်တယ်။ တစ်နှစ်မှာ ရက်ပေါင်း ၃၀၀ နို့ထွက်နိုင်ပြီး နို့ပြတ်တဲ့ရက်က ၆၀ ပဲရှိမယ်။ နွားမမွေးခင် ရက် ၆၀/ နှစ်လပေါ့။
ကလေးမွေးပြီးရင်တော့ ရက်ပေါင်း ၃၀၀ လုံး နို့ပြန်ထွက်လာနိုင်ပါတယ်။ ဒါပေမဲ့ နွားမွေးပြီးရင် သန္ဓေသားအတွက် ရက် ၆၀ လိုက်လိမ့်မယ်။ နွားတစ်ကောင်ကို တစ်နေ့ ၂ ကြိမ် ၃ ကြိမ် နို့တိုက်နိုင်ပြီး တစ်ကြိမ်ကို ၁၀ မိနစ် ၁၅ မိနစ်ကြာတယ်။ ပျမ်းမျှအားဖြင့် တစ်နေ့ကို နို့ ၃၀ ကီလို ထုတ်နိုင်တယ်" လူလတ်ပိုင်းအရွယ်က မိတ်ဆက်ပေးလိုက်သည်။

"အိုး...ဒါဆို နို့စားနွားမ နှစ်ကောင်နဲ့ အထီးတစ်ကောင်ပေးပါ။ နွားမနှစ်ကောင်ကို နို့ပြတ်ကာလ ၂ လ ခွဲပေးပါ" ကျန်းဟန် စဉ်းစားကာ ပြောလိုက်သည်။

"ကောင်းပါပြီ" လူလတ်ပိုင်းက ရေးမှတ်ပြီး ပြောလိုက်သည်။

"ဒါပေမဲ့ နွားမ နှစ်ကောင်ပဲ ဝယ်ဖို့ သခင်လေးကို အကြံပေးချင်တယ်။ နွားမတွေ ဇီးတင်ဖို့လိုအပ်ရင် ကျွန်တော့်ကို ပြန်ဆက်သွယ်လို့ရပါတယ်။ နွားသိုးတစ်ကောင်ဝယ်သွားရင် မင်း ဘယ်လိုကိုင်တွယ်ရမလဲ မသိမှာစိုးလို့"

"ကောင်းပြီ ဒါဆို အမ နှစ်ကောင် ပေးပါ" ကျန်းဟန် ခေါင်းညိတ်လိုက်ပြီး "သိုးနဲ့ ဝက် ကိုလည်း မိတ်ဆက်ပေးပါဦး"

"သိုးဆိုရင် ကျွန်တော်တို့မှာ သာမန် White Bighorn သိုးရှိတယ်။ ဒီမှာရှိတဲ့ အကောင်းဆုံးသိုးကတော့ Ujimqin သိုးပါ။ ဝက်ဆိုရင်တော့ အရသာကောင်းတဲ့ ဝက်နက်ဖြစ်လိမ့်မယ်။ ဒီမှာ တော်တော်စားလို့ကောင်းတဲ့ တိုင်ဟူဝက်နက်ရှိတယ်"

"Ujimqin သိုး နဲ့ တိုင်ဟူဝက်နက်အတွက် ၁၀ ကောင်စီပေးပါ။ နို့စားသိုး ၂ ကောင်လည်း ပေးပါ"

"ကောင်းပါပြီ" လူလတ်ပိုင်းအရွယ် ရေးမှတ်လိုက်ပြန်သည်။

"ကြက်၊ဘဲနဲ့ ငန်းလည်း လိုချင်သေးတယ်၊၊ ကြက်ကို ဥ ဥနိုင်တဲ့ ကြက်လိုချင်တယ်"

"ကြက်၊ဘဲ၊ငန်း...ဒီမှာ ရှိတဲ့အကောင်တွေက ကြီးနေပြီးသားတွေချည်းပဲ။ သခင်လေး အဲ့ဒါတွေကိ မလိုချင်လောက်ဘူး။ ဒီလမ်းရဲ့ အတွင်းပိုင်းမှာ လယ်သမားစျေးရှိတယ်။ အိမ်မွေးကြက်၊ဘဲ၊ငန်း အများကြီးရှိတယ်" လူလတ်ပိုင်းသည် ပြုံးစစဖြင့်ပြောသည်။

"အင်း ဒါဆို ကျွန်တော် ခုဏကဟာတွေ အကုန်ယူမယ်"

"တွက်ကြည့်ရအောင်။ ဂျပန်နွားနက် ၁၀ ကောင်၊ Holstein Friesian နွား ၂ ကောင်၊ နို့စားသိုး ၂ ကောင်၊ တိုင်ဟူဝက်နက် ၁၀ ကောင်၊ Ujimqin သိုး ၁၀ ကောင် စုစုပေါင်း ယွမ် ၁၉၈၀၀၀ ကျပါတယ်" လူလတ်ပိုင်းအရွယ်သည် တွက်ချက်ပြီး ပြောလိုက်သည်။

-C 33 End

Continue Reading

You'll Also Like

86.8K 15.3K 29
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
210K 5.1K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
292K 12.2K 39
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.8M 120K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...