NotWithStanding...(မည်သို့ပင်...

נכתב על ידי Suu_KaNyar

560K 30.1K 1.5K

ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 ... עוד

မိတ်ဆက်စာ 👨‍🏫
Khoon🖤 & Tain Tyke 💛
Intro & Request
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 28
Episode - 29
Episode - 30
Episode - 31
Episode - 32
Episode - 33
Episode - 34
Episode - 35
Episode - 37
Episode - 38
Episode - 39
Episode - 40
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 45
Episode - 46
Episode - 47
Episode - 48
Episode - 49
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 54 🔞
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 59
Episode - 60 🔞
Episode - 61
Episode - 62
Episode - 63 🔞
Episode - 64
Episode - 65
Episode - 66
Episode - 67
Episode - 68
Episode - 69
Episode - 70
Episode - 71 ( Ending)
ကျေးဇူးတင်လွှာ 💛💛
Extra - 2
Extra - 3 (End)
Extra - 4 (V day Special )
Extra ( 5)
Book Announcement 🌈☁️
Extra - 1

Episode - 36

4.3K 292 26
נכתב על ידי Suu_KaNyar


ဇာတ်လမ်း တစ်ပုဒ် ဒါမှမဟုတ် ရုပ်ရှင် တစ်ကား မှာ ဗီလိန်ဆိုတာ ပါစမြဲပါပဲ။ ဒါပေမယ့် ဇာတ်လိုက်က ဗီလိန်ဆိုတာကတော့ တော်တော်လေးရှားလှသည့် အဖြစ်အရပ်မျိူးပေါ့။

ဒါပေမယ့် ဒီဇာတ်လမ်းမှာ ကျွန်တော်က ဇာတ်လိုက်..ပြီးတော့ ကျွန်တော်ကပဲ ဗီလိန် ။

ဗီလိန်ဆိုတာ ဇာတ်အိမ်တစ်ခုရဲ့ ပဲ့ကိုင်ရှင်မလား....
သူ့ကြောင့်သာ...ဆိုပြီး ခေါင်းစဥ်တပ်လာမည့် ဇာတ်ကွက်တိုင်းဟာ ဇာတ်လမ်းရဲ့အသက်။
ဒီလိုပါပဲ ကျွန်တော်ဟာလည်း
ဇာတ်သိမ်းမသိသေးတဲ့ ခပ်ဆွေးဆွေး ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဗီလိန်.....

သားတစ်ယောက်လိုချစ်ပါသည်ဆိုတဲ့ အမျိူးသမီးက လည်း တကယ့်တကယ် သားအရင်းနဲ့ယှဥ်လာရင်တော့ သနားလှပါချည်ရဲ့ဆိုတဲ့ ကျွန်တော်ကိုလည်း သူ သနားနိုင်တော့မှာ မဟုတ်။ နားလည်ပါတယ်လေ ခွန်းမာနမောင် ဆိုတဲ့ ကျွန်တော်က ဒီလို ကံကြမ္မာနဲ့ကို မွေးဖွားလာတာမလား။

ဒီလိုပါပဲ အကုန်လုံးက ကျွန်တော့်အပေါ်ဆို သိပ်တစ်ဖက်သက်ဆန်ချင်ကြချည်း။ သူတို့ဖြစ်ချင်တာပဲတွေးကြပြီး ကျွန်တော့်ဘက်နည်းနည်းလေးတောင် လှည့်မကြည့်ပေးခဲ့ကြပါဘူး။

ကျွန်တော်အေးစက်သထက်အေးစက်လာတာ ဒီရပ်ဝန်းတွေကြောင့်လို့ဖြေရင် ယုံရောယုံကြပါ့မလား။

အဲ့သည့်နေ့က တိမ်တိုက်တို့အိမ်မှာ နောက်ဆုံးနေရတဲ့နေ့။ အတန်းချိန်တွေ စောစော ပြီးသွားတာကြောင့် အိမ်ကိုပဲ အရင်ပြန်လာလိုက်သည်။ တိမ်တိုက်အလုပ်က ဆင်းဖို့တော်တော်လေးလိုသေးတယ်လေ။

အိမ်ပြန်ရောက်တော့ ဒေါ်ယုယမြိုင် ကအရင်ပြန်ရောက်နေသည်။ အစောကြီးပြန်လာတာမို့မေးတော့ ခေါင်းမူးတာကြောင့် အိမ်ခနပြန်လာတာတဲ့။

အဲ့ဒါနဲ့ ယူနီဖောင်းမလဲသေးပဲ သံပရာရည် လေး အပြေးအလွှား သွားဖျော်ပေးပြီး ဒေါ်ယုယ ကို ပေးလိုက်တော့...

'' ထိုင်ပါဦးသားရယ် အမေ ပြောစရာလေးရှိလို့ ''

'' ဟုတ် အမေ ပြောလေ ''

ခွန်း ဝင်ထိုင်လိုက်တော့ ဒေါ်ယုယမြိုင် သက်ပြင်းလေးတစ်ခု ခိုးချပြီး

'' သားနဲ့ တိမ်တိုက်က ဘယ်လိုပတ်သက်နေကြတာလဲ ''

'' ဗျာ ''

ခွန်း မမျှော်လင့်ထားတာမို့ ရုတ်တရက်လန့်သွားသည်။ အဲ့သည့်မေးခွန်းအတွက် သူ့မှာ အဖြေမရှာရသေးပေ။

'' အမေ့ကို အမှန်တိုင်းပြောပါ သား။ အမေ့ မျက်လုံးထဲ သားတို့က ပုံမှန်မဟုတ်ဘူး ''

''......''

'' သားက gay လား...''

ဒေါ်ယုယမြိုင် အမေးကြောင့် ခွန်းဒုတိယအကြိမ် ထပ်လန့်သွားသည်။ ဒါ ယောက္ခမ ဆီမှာ ပေါ်တင် ဖွင့်ပြောရမည့်ကိန်းပင်။

သို့ပေမယ့် ခွန်း ဒေါ်ယုယမြိုင် ကိုမကြည့်ပဲ မျက်လွှာသာချထားရင်း တိတ်နေသည်။

'' သားကို အမေ တစ်ခုပြောပြချင်တယ်။ ဒါက တိမ်တိုက်တောင် မကြားဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်။ ''

'' ဟုတ် ''

'' အမေ့မှာ ငယ်ငယ်တုန်းက အရမ်းချစ်ရတဲ့ သူငယ်ချင်း တစ်ယောက်ရှိခဲ့ဖူးတယ်။ သူ့နာမည်က ကောင်းကင်တဲ့။ အမေတို့နှစ်ယောက်က အလယ်တန်းကတည်းက ခင်လာကြတာ။ ကောင်းကင်က အနေအထိုင် သိမ်မွေ့ပြီး နုနယ်တယ်။အမေကတော့ အဲ့အချိန်က ခပ်စွာစွာလေးပဲ။ ကောင်းကင်ကစာတော်ပြီး သူ့ဘာသာနေတာကြောင့် နုတယ်ဆိုပြီးကျောင်းသားတွေက သူ့ကိုပယ်ထားခဲ့ကြတာ..တချိူ့ကျတော့လည်း အနိုင်ကျင့်ကြတယ် အဲ့ဒီအခါ အမေက ဝင်စွာပေးရတယ်ပေါ့...ဒီလိုနဲ့ အမေတို့ ၂ယောက် ဆယ်တန်းရောက်လာခဲ့တယ်..အဲ့ဒီမှာ စတာပဲ...ဟင်းးး ''

ဒေါ်ယုယမြိုင် သက်ပြင်းတစ်ချက်ချပြီး သံပရာရည်လက်ကျန်ကို အကုန်မော့ချလိုက်ပြီး လွန်ခဲ့တဲ့ နှစ်များစွာ ဆီကို အတွေးပြန်နှင်ရတော့သည်။

Flask back. ...

ကိုးတန်းအောင်လို့ ဆယ်တန်းရောက်သည့်အခါ၌လည်း ယုယနှင့်ကောင်းကင်တို့ဟာ အခုထိတတွဲတွဲ။ ကောင်းကင်က စာတော်သလောက် ယုယက စာသိပ်မရ။ ယုယအလုပ်က ကောင်းကင်ကို အတန်းထဲက ကျားတွေလက်က လွတ်အောင် ကာကွယ်ရန်သာ ဖြစ်သည်။

ကောင်းကင်က လူပျိူဖော်ဝင်ပြီးနောက် ပို၍ ချောလာသည်။ အသားအရည်ကလည်း အရင်ကထက် နုလာတယ် ဟုထင်ရသည်။

ဒါသာမန် ယောကျာ်းလေးတစ်ယောက်ရဲ့ ပြောင်းလဲမှုမှ မဟုတ်ပဲလေ။ ကြမ်းတမ်းလာရမည့်အစား ပိုနုလာခြင်းဖြစ်နေသည်။ အိကျနေသော ဆံပင်များနှင့် ဖြူဖွေးသွယ်လျနေသော လက်ချောင်းလေးတွေက မိန်းကလေးရှုံးရသည်။

ဒါ့အပြင် နက်ရှိုင်းတဲ့ မျက်ဝန်းလှလှတွေထက်မှာ ကော့ညွှတ်ရှည်လျားနေတဲ့ မျက်တောင်တွေက ကောင်းကင်ရဲ့အသက်ပေါ့။

အတန်းထဲက အလှဂုဏ်ဆာသူ မိန်းကလေးတစ်ချိူ့ရဲ့ သဝန်တိုခြင်းကို ခနခန ခံရသူက ကောင်းကင်ပါ။

ယုယတစ်ယောက်ကလည်း သွေးသားပြောင်းကာ အရင်ကထက် ပိုလှလာသည်လေ။ ယုယ ကအမြဲ ဆံပင်တိုနဲ့ပဲနေလေ့ရှိခဲ့တာပင်။  တော်ရုံတိုတာမျှ မဟုတ်ပဲ ယောကျာ်း လေးကေ နဲ့သာပေါ့။

သူတို့နှစ်ယောက်ဟာ အလယ်တန်းကတည်းက ရှေ့ဆုံးတန်း ထောင့်မှာ နှစ်ယောက်တည်း သီးသန့်ထိုင်ခဲ့ကြတာ ဖြစ်သည်။

ဆရာမတွေကလည်း ကောင်းကင်နှင့်ယုယတို့ မိဘတွေနှင့် ရင်းနှီးကြ တာမို့ ချွင်းချက်အနေနှင့် ခွင့်ပြုပေးထားသည်။ မဟုတ်ရင်လည်း ကောင်းကင် ကို ယုယက လုံးဝ တစ်ယောက်တည်းပေးထားမှာမဟုတ်ပေ။ သူမ သာ မရှိရင် ကောင်းကင်ကို ဘယ်သူကာကွယ်မလဲနော့်

'' ဟဲ့ အကောင်း...နင် ငါ့ကောင်မလေး လုပ်မလား ''

တခါတလေ ယုယက ကောင်းကင်ကို တစိမ့်စိမ့်ကြည့်ရင်း ပစ်မှားသေးတာ။

ဒါပေမယ့် ယုယရော ကောင်းကင်ရောက တ​စ်ယောက်ကို တစ်ယောက် အတည်ကြံဖို့ စိတ်ကူးမရှိခဲ့ကြပေ။

ထိုအချိန် အတန်းထဲသို့ တခြားကျောင်းမှ ကျောင်းသားသစ်တစ်ယောက်ပြောင်းလာသည်။ စဝင်လာကတည်း သွားတက်လှလှလေးနဲ့ ပြုံးရင်းဝင်လာသူမို့ အကုန်လုံး၏ အာရုံက သူ့ထံတွင်သာ

သူ့နာမည်က တိမ်စိုင်ဦး...

နောက်မှရောက်လာသည်မို့ ခုံအလွတ်မရှိတော့ပေ။ ထို့ကြောင့် ယုယတို့ အတန်းမှာပဲ ဆရာမက ထိုင်ခိုင်းလိုက်သည်။ ယုယက မိန်းကလေးမို့ တိမ်စိုင်က ကောင်းကင်ဘေးတွင်သာ ကပ်ထိုင်လိုက်သည်။

ကောင်းကင်နီးပါးဖြူသော တိမ်စိုင်ကို အတန်းထဲက လူတွေ စိတ်ဝင်စားကြသည်။ တိမ်စိုင်က ဖြူသော်လည်း ကောင်းကင်လိုတော့ နုနွဲ့မနေပေ။ ကောင်းကင်ထက် ခန္ဓာကိုယ် ပိုကြီး ပြီး ပိုဖြောင့်သည်။ အတန်းထဲက မိန်းကလေးအားလုံးရဲ့ စိတ်ဟာလည်း ကောင်းကင်ဘေးက တိမ်စိုင် ပေါ်မှာ။
ထိုအထဲတွင်ယုယမြိုင်ဆိုသည့် မိန်းမပျိူလေးလည်း ပါဝင်နေခဲ့သည်။

ရေမွှေးနံ့ မဟုတ်တဲ့ခပ်ချေချေ ကိုယ်သင်းနံ့ က အလယ်မှာနေတဲ့ ကောင်းကင်နှာဖျားဝကို လာကျီစယ်နေတာဟာ...  စွဲလမ်းခြင်း၏အစဖြစ်လာတယ်ထင်ပါရဲ့။

တပတ်လောက်အကြာမှာ သူတို့သုံးယောက်က တော်တော်လေးရင်းနှီးနေကြပြီဖြစ်သည်။ အခုဆို ကောင်းကင်နဲ့ ယုယ ဟာ အကာကွယ်ခံ လူတန်းစားဖြစ်နေလေပြီ။ တိမ်စိုင်က ရန်ဖြစ်သည့်နေရာမှာလည်း တစ်ဖက်ကမ်းခပ်ကျွမ်းသည်။ ရလာသမျှ ဒဏ်ရာကိုလည်း ကောင်းကင်က ထိုင်ခံ ဆေးထည့်ပေးလေ့ရှိသည်။ မိန်းကလေးဖြစ်သည့် ယုယကတော့ ဟန်ဆာပလပ်တောင် တည့်အောင် မကပ်တတ်ဘူးလေ။

ဒီလိုနဲ့ သုံးယောက်သား အတွင်းသိသိ အဆင်းသိသိ တွေ ဖြစ်လာကြတော့ သည်။သို့သော် တက္ကသိုလ် ရောက်တော့ ကျောင်းတွေကွဲကုန်ကြ သည်။ ကောင်းက​င် က ဆေးကျောင်းရောက်သွားပြီး... တိမ်စိုင်က ပညာရေးတက္ကသိုလ် ကို ဝင်လိုက်သည်။ ယုယကတော့ ရန်ကုန်တက္ကသိုလ်မှာပေါ့...

ကျောင်းကွဲပေမယ့် ကျောင်း သုံးခုလုံးက တစ်ဆက်တည်းရှိနေကြတာပင်။ ကောင်းကင်နဲ့ တိမ်စိုင်တို့ဆို ပိုတောင်နီးသေး သည်။
ဒါ့ကြောင့် နေ့လည်ဆို ထမင်းအတူစားဖြစ်ကြသည်။ ညနေပြန်ရင်တော့ သုံးယောက်သား လှည်းတန်း မှာ စုကြပြီးမှ ပြန်သည်။

တိမ်စိုင်၏ ထူးခြားလှပသည့် သွားတက် ဖွေးဖွေးကြောင့် ကျောင်းမှာ major Prince ရသည်။

နောက်တော့ တဖြည်းဖြည်း.. ကောင်းကင်က တိမ်စိုင့်အပေါ် စိတ်တွေ ပြောင်းလဲလာခဲ့သည်။ သူငယ်ချင်းထက်ပိုသော ခံစားမှုတို့က ကောင်းကင်ကို တုန်လှုပ်စေခဲ့သည်။ ယုယကတော့ အထက်တန်းကတည်း
တိမ်စိုင်ကို ပထမဦးဆုံးရင်ခုန်ခဲ့တာဖြစ်ပြီး သူမရဲ့ အချစ်ဦး ဟာလည် တိမ်စိုင် ဖြစ်လာသည်။

သို့သော် တိမ်စိုင်က Straight စစ်စစ် တစ်ယောက် ဖြစ်နေခဲ့သည်မို့ ကောင်းကင်ထက် ယုယအပေါ်ကို ချစ်စိတ် အားသာခဲ့သည်နှင့်တူပါသည်။

'' မင်းသာမိန်းကလေးဆို ငါခုချက်ချင်းယူလိုက်ပြီသိလား ''

တိမ်စိုင်ပြောသည့် ဘာရယ်မဟုတ်သည့် စကားတိုင်းဟာ ကောင်းကင်ကို စိတ်လှုပ်ရှားစေခဲ့သည်။ ဖုံးဖိမရသော ကောင်းကင် အပြုအမူတွေကြောင့် ကောင်းကင်ဟာ gay ဆိုတာ ယုယ ရိပ်မိလာခဲ့သည်။

အစကတည်းက ကောင်းကင်ကိုသာ ဦးစားပေးခဲ့သူမို့ သည်တစ်ခေါက်လည်း ကောင်းကင်ကိုသာ ဦးစားပေးမည်။ သူမအတွက် အရေးကြီးတာ ဒီ အမျိူးသားနှစ်ယောက် စိတ်ချမ်းသာဖို့ပင်။

တစ်နေ့ တိမ်စိုင်မွေးနေ့တွင် ညဘက် ပါတီကျင်းပကြသည်။ တိမ်စိုင့်ကျောင်းကတော်တော်များများလည်းလာကြသလို ယုယ သူငယ်ချင်း တစ်ချိူ့လည်း ပွဲကို ဖိတ်ထားသည်။ ထို့အပြင်စတိတ် ကျောင်းတုန်းက သူငယ်ချင်းတစ်ချိူ့ကိုပါဖိတ်သည်။

ပွဲက တိမ်စိုင့်အိမ်ခြံဝင်းထဲမှာကျင်းပတာဖြစ်ပြီး ရောင်စုံမီးလေးတွေ တလက်လက်နှင့် လွန်စွာလှပသည်။ ယုယကကောင်းကင်ကိုဝင်ခေါ်သော်လည်း နောက်မှ လိုက်ခဲ့မည်ဟု ပြောသဖြင့် ယုယတစ်ယောက်တည်း သွားနှင့်သည်။

ကိတ်မခွဲသေးပဲ ကောင်းကင်ကို စောင့်သည်။ထိုစဥ် ပွဲအတွင်းသို့ ရွှေရောင် ဒေါက်မြင့်ဖိနပ်ဖြင့် ကြွကြွလေးလှမ်းဝင်လာသည်။ ဒူးအတိရှိသော အဖြူရောင် ဂါဝန်တိုလေးက သွယ်လျသော ခြေသလုံးတို့ကို ပိုမိုလှပစေသည်။

နှုတ်ခမ်းနီရဲရဲလေးကို ဆိုးထားပြီး ခဲရောင် ဆံပင်ရှည်ကို ဘေးတစ်ဘက်တွင်စုချထားသည်။ လျှပ်တစ်ပြက်ကြည့်လိုက်လျှင် သိပ်ကိုနူးညံ့ လှပသော အမျိူးသမီးလေးတစ်ဦး ဖြစ်သည်။

ထိုသူက... ကောင်းကင်......

ပွဲတွင်းလူများအားလုံး အံ့အားသင့်ကုန်သည်။ အတုမဟုတ်သည့် မျက်တောင်ကော့ကော့တွေက ကောင်းကင်မှန်း သိအောင် တမင်လှပြနေသည်။ ဘယ်လိုပင်ပြင်ထား ပြင်ထား သည်လက်ချောင်းသွယ်သွယ်လေးနှင့် သည်မျက်တောင်လေးတွေဟာ ကောင်းကင်ဆိုသည့်အမျိူးသားလေးမှာသာတွေ့နိုင်သည့် အရာများဖြစ်သည်။

မပြောမဆိုနဲ့မို့ တိမ်စိုင်နဲ့ ယုယပါ ပါးစပ်အဟောင်းသားဖြစ်ကုန်သည်။ တဖြည်းဖြည်း တိမ်စိုင်ဆီ လျှောက်လာကာ ကြယ်လေးတွေ အပြည့်ခေါက်ထည့်ထားသော ဖန်ဘူး အကြည်လေးကို အလှဆုံးဖြစ်အောင် ထိုးပေးသည်။

ထိုအခြေအနေကို ပွဲကလူအားလုံးက မျက်တောင်မခတ်တမ်း ကြည့်နေကြသည့်အပြင် ဘယ်လို အနေအထားလဲဆိုတာ အားလုံး တွေးမိသည်။

'' သူက gay လား ''

အနောက်က မယုံနိုင်ခြင်းများစွာ ဖြင့် မေးခွန်းတွေလည်းထွက်လာသည်။ ထိုအခါမှ ကောင်းကင် အနောက်ကို သေချာလှည့်ကြည့်မိတော့ လူတွေအများကြီး ရှိနေသည်ကို တွေ့လိုက်ရသည်။ အကုန်လုံးကလည်း သူ့ကိုကြည့်ကာ ပြောနေကြသည်မို့ ကောင်းကင် တဖြည်းဖြည်း ကြောက်လာသည်။ ဝင်လာတုန်းက
ဒီလူတွေကို မမြင်မိတာအမှန်ပင်။ လူတွေအများကြီးလာလိမ့်မည်ဆိုတာလည်း သူလုံးဝမသိခဲ့ပေ။

ထိုစဥ်....

'' စောက် အခြောက်မ....''

ကောင်းကင်အနောက်ကနေ အသံဟိန်းကြီးထွက်လာပြီး ခေါင်းကိုဆောင့်ဆွဲခြင်းခံလိုက်ရကာ တပ်လာသော ဆံပင်အတုဟာ ထိုလူ့လက်ထဲပါသွားသည်။ အိစက်ကျနေသော ကောင်းကင်ဆံပင်တိုတို့ဟာ ဖရိုဖရဲ။

'' ဗြိ..ဗြီ ''

နော​က်တစ်ဆက်တည်း ကျောလယ်က ဇစ်ဟာလည်း ခါးထိ ဆွဲဖြုတ်ခြင်းခံလိုက်ရသည်မို့ ကောင်းကင် လန့်သွားသည်။ ထို့နောက်တိမ်စိုင်နှင့် ယုယက ကောင်းကင်ကို ချက်ချင်းကာ ကာ အနောက်ကိုပို့လိုက်သည်။ တိမ်စိုင်က သူ့အပေါ်ကုတ်ကိုချွတ်ကာ ကောင်းကင်ကိုခြုံပေးလိုက်သည်။

'' ဟဲ့ နင်ဘာလုပ်တာလဲ ''

ယုယက ခပ်စွာစွာ အရင်ဝင်ပြောသည်။

'' မမြင်ဘူးလား ....အေး..အဲ့အခြောက်ကောင်က ငါ့ကို လူဘုံလယ်မှာ အရှက်ခွဲခဲ့တာ ငါ နည်းနည်းလေးမှ မကျေနပ်ဘူး ရှင်းလား ''

'' ကိုယ်စောက်သုံးမကျလို့ခံရတာကို ဖင်ခေါင်းလာကျယ်နေတယ် သူတောင်းစား..နင့်လိုကောင်မျိူးက ဆယ်ခါပြန်အရှက်ကွဲမှ အသိတရားဝင်မှာ ''

တကယ်တော့ ထိုလူက ကောင်းကင်ကို ကျောင်းမှာကတည်းက ရိသဲ့သဲ့လုပ်နေတာဖြစ်ပြီး တက္ကသိုလ် ရောက်တော့လည်း အတင်းလိုက်တွယ်ကပ်နေပြီး ဘေးကနေ အမျိူးမျိူး လိုက်နှောင့်ယှက် နေခဲ့တာဖြစ်သည်။ ထို့ပြင် လူလစ်လျှင်လစ်သလို အသားယူတတ်သေး သည်။ ကောင်းကင်က အားချင်းမမျှတာမို့ ငြိမ်ခံခဲ့ရုံသာ။

တစ်ရက် လူတွေရှေ့မှာ ကောင်းကင်ကို တစ်ခမ်းတနား ချစ်ခွင့်ပန်သည်။ ရှက်တတ်သော ကောင်းကင်က ဒီလိုလုပ်ရင် လက်ခံလိမ့်မည်ဟုထင်ထားပုံပင်။

သို့သော် ကောင်းကင်က လက်မခံခဲ့ပေ။ ဒါကို လူကြားထဲ လက်မခံရင် ဘာဖြစ်မည် ညာဖြစ်မယ် ဟုကပ်ကာ ခြိမ်းခြောက်သဖြင့် ကြောက်အားလန့်အားနှင့် ပါးရိုက်ချလိုက်တာကြောင့်
အရှက်ဗြန်းဗြန်းကွဲခဲ့တာဖြစ်သည်။ ဒါတွေအားလုံးကို ကောင်းကင်က ယုယကိုသာပြောပြထားတာကြောင့် တိမ်စိုင်ဘာမှမသိချေ။

'' တော်တော့ ယုယ..... ဒီကောင့်ကို ဆွဲထုတ်လိုက်တော့ ခြံထဲ ပေးမဝင်နဲ့ ''

ယုယအကြောင်းသိသည်မို့ တိမ်စိုင်အမြန်တားရသည်။ မဟုတ်လျှင် မကြားဖူးသော ဆဲနည်းပေါင်းစုံကိုကြားရတော့မည်။

တိမ်စိုင် အနောက်ကို လှည့်ကြည့်တော့ ကောင်းကင်မရှိတော့ပေ။ အိမ်ထဲဝင်သွားသည်ဟုပြောကြသောကြောင့် တိမ်စိုင်နဲ့ ယုယတို့ အိမ်ထဲလိုက်သွားသည်။ နောက်တော့ တိမ်စိုင့်အခန်းထဲက ငိုသံတွေ ကြားရသည်။ ယုယတို့ဝင်သွားတော့ ဒူးနှစ်ဖက်ကို လက်ဖြင့် တင်းတင်းပိုက်ကာ မျက်နှာအပ်ပြီး ငိုနေသော ကောင်းကင်ကို တွေ့လိုက်ရသည်။

'' ကောင်းကင်... ''

'' မလာနဲ့ ငါ့နား မလာကြနဲ့ ထွက်သွား.....အား...ထွက်သွားကြ ''

နားနှစ်ဖက်ကို ပိတ်ကာ အတင်းအော်ထုတ်သည်။ တိမ်စိုင်တို့လည်း အနားအတင်းတိုးသွားပြီး ကောင်းကင်ကို တင်းနေအောင်ဖက်ထားလိုက်ကြသည်။ အစက ရုန်းနေတဲ့ ကောင်းကင်ကနောက်တော့ တဖြည်းဖြည်း မောလာသည်နဲ့တူပါသည်....တိမ်စိုင်ရင်ခွင်ထဲ ငြိမ်ကျသွားသည်။

'' ငါအိမ်ပြန်ချင်တယ် တိမ်စိုင်  ''

တိမ်စိုင်တို့နှစ်ယောက်လည်း ကောင်းကင်ကို အဝတ်အစားလဲစေကာ အိမ်အထိလိုက်ပို့ပေးပြီး အခန်းထဲရောက်အောင်ပို့ပေးလိုက်ကြသည်။ အပြန်ကားပေါ်တွင်တော့ တိမ်စိုင်ရော ယုယရော နှစ်ယောက်လုံး တိတ်နေကြသည်။

တိမ်စိုင်က လုံးဝမထင်ထားတာမို့လန့်နေသလို ယုယကလည်း ဒီလောက်ထိ ကောင်းကင်လုပ်လာလိမ့်မယ်လို့မထင်ထား။

နောက်နေ့ကျတော့ ကောင်းကင်၏ အရှက်ကွဲသည့် video ဟာ
အွန်လိုင်းပေါ်ပြန့်သွားပြီး ပတ်ဝန်းကျင်ကလူတွေပါ သိကုန်ကာ အိမ်ကလူတွေ နားထဲထိရောက်သွားတော့သည်။

ကောင်းကင်မိဘတွေဟာ ကောင်းကင်ကို ဆူပူကြသည့်အပြင် ကိုယ်ထိလက်ရောက်ပါ ဆုံးမကြတော့သည်။ထို့ပြင် အခန်းပိတ်ကာ ကျောင်းလည်းဆက်မတက်ခိုင်းတော့သလို အိမ်ထဲကအိမ်ပြင်လည်းမထွက်ခိုင်းတော့ပေ။

တိမ်စိုင်တို့ ယုယတို့သွားတွေ့တာတောင် အတွေ့မခံကြတော့။ သည်လိုနှင့် နှစ်ပတ်ပြည့်သည့်နေ့တွင် ကောင်းကင်ရဲ့ နာရေးသတင်းကိုကြားရတော့သည်။

တစ်ညနေတွင် ကောင်းကင် အားခေါ်မရ၍ ဝင်ကြည့်လိုက်တော့ ပါးစပ်ကနေ အဖြူရောင် အမြှုပ်များထွက်လျက် သေဆုံးနေသည်။

ကောင်းကင်ဟာ video ကိုနေ့တိုင်းကြည့်ပြီး ကောမန့်တွေလည်းနေ့တိုင်းဖတ်သည်။ တဖြည်းဖြည်း နှင့် အပြောအဆိုဒဏ်မခံနိုင်တော့သည့်အခါ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ခြင်းပင်။ အစကတည်းကပင် အားနည်းသူအဖို့ သည်တောင်ကတော့ ကောင်းကင်အတွက်အလွန် ကြီးမားလွန်းကာ မကျော်နိုင်ပဲ ဖြစ်သွားသည်သာ။

နောက်ဆုံး ကောင်းကင် သေဆုံးပြီးကာမှ သိလိုက်ရတာတစ်ခုက ကောင်းကင်ဟာ မွေးရာပါသားအိမ်ပါလာခဲ့ပြီး သားအိမ်ခေါင်းကင်ဆာနောက်ဆုံးအဆင့်လည်းဖြစ်နေခဲ့တာပင်။

ကောင်းကင်ဗိုက်အောင့်တယ်ပြောတိုင်း ရိုးရိုးအောင့်သည်ပဲထင်ခဲ့သမျှ အခုတော့... မယုံနိုင်စရာကိစ္စဟာ ကောင်းကင်မှာဖြစ်သွားခဲ့သည်။

နောက်တော့ တိမ်စိုင်ဦးနှင့် ယုယမြိုင်တို့ နှစ်ဦး လက်ထက်ကြကာ တိမ်တိုက်ကြိုးဆိုသည့် သားငယ်လေးဖွားမြင်ခဲ့တာပင်။

...........................

ခွန်းက ဒေါ်ယုယမြိုင် ပြောပြသော အကြောင်းများနားထောင်ရင်း ရင်ထဲ မကောင်းပေ။ လူတစ်ယောက် ကလူတစ်ယောက်ကိုချစ်တာဟာ အချိန်အပိုင်းအခြားတစ်ခုခု နေရာပတ်ဝန်းကျင်တစ်ခုခုတွင် ပြစ်တင်ပြောဆိုစရာ သက်သက်သာ။

'' ကောင်းကင်က အမေတို့ဆီပြန်လာခဲ့တယ် သား....အမေတို့ အိမ်ထောင်ပြုပြီးတော့ အိမ်မက်ထဲမှာ ကောင်းကင်က အမေတို့ဆီပြန်လာဖို့ ခွင့်တောင်းတယ်။ အမေခွင့်ပြုခဲ့တယ်။ သိပ်မကြာခင်ပဲ အန်တီတို့ တိမ်တိုက်ကြိုးလေးကိုရခဲ့တယ် ''

'' ဒါ.. ဒါဆို တိမ်တိုက်က..''

'' ဟုတ်တယ်သား... သားမယုံလောက်ဘူးဆိုပေမယ့် တိမ်တိုက်က လူဝင်စား.... တစ်နည်းအားဖြင့် ကောင်းကင် ဝင်စားတာ...''

'' အမေဘယ်လိုသိလဲ ''

'' ဒါက အမေ့အတွက်လွယ်တယ်သား....နှစ်တွေအကြာကြီး ရင်းနှီးခဲ့တဲ့ အဲ့ဒီမျက်ဝန်းတွေ အဲ့ဒီ မျက်တောင်တွေက နှစ်ယောက်မရှိနိုင်ဘူး။ ပြီးတော့ သူ့လက်ချောင်းလေးတွေ ကလည်း အရမ်းသိသာတယ်။ လက်ဆစ်လေးတွေက နီနေတတ်ပြီး သွယ်နေတာ။ ပြီးတော့ ဆံပင်....အင်း......ကောင်းကင်ရှိတုန်းကလေ...သူ့ဆံပင်က အခုတိမ်တိုက်လိုပုံပဲ အုန်းမုက်ခွက်ကေလေး။ အိကျနေတဲ့ဆံသားတွေက အပေါ်ကိုလုံးဝမှ လှန်တင်လို့မရပဲ ဒီတိုင်းကျနေတော့တာ။ သွားတက်....သွားတက်ကတော့ သူ့အဖေမှာလည်းရှိတယ်။ အမေက သူ့ကိုဝမ်းနဲ့လွယ်​မွေး ထားလို့သာ သူ့အမေဖြစ်နေတာ...အမေနဲ့တူတာ မရှိသလောက်လေ...''

'' ဪ.....''

ခွန်း တွေးမိလိုက်သည်။ အရင်ဘဝကရော အခုဘဝရောပါ တိမ်တိုက်ဟာ နုပြီး အားနည်းလွန်းသည်။

'' ပြီးတော့..နောက်ဆုံး အချက်က ......တိမ်တိုက်မှာ သားအိမ်ပါလာတယ် ဒါ့အပြင် တိမ်တိုက်ငယ်ငယ်တည်းက စကားပြောတတ်စအရွယ်မှာ အမေ့ကို ယုယ လို့ ခနခနခေါ်လေ့ရှိတယ်။ ဒါမှ ဒီအကျင့်ကို အမေတို့ဖျောက်ပေးခဲ့ကြတာ ''

'' ဗျာ.. သားအိမ်...ဟုတ်လား အမေ ''

'' ဟုတ်တယ်.... သားအိမ်ပဲသက်သက်ပါလာတာ...သွေးတွေဘာတွေ မဆင်းတာကြောင့် သူ့မှာ သားအိမ်ပါမှန်း တိမ်တိုက် မသိဘူး။ ''

'' ဒါ...ဒါဆို..ကင်...ဆာ..ကရော ''

'' နှစ်တိုင်းနှလုံး စစ်ရင်း သူမသိအောင်စစ်ထားတယ် ကင်ဆာတော့မရှိဘူး ''

'' တော်သေးတာပေါ့.....''

ခွန်း သက်ပြင်းလေးချလိုက်ပြီး ခုံနောက်ကိုမှီချလိုက်တော့သည်။ ဒေါ်ယုယမြိုင်တို့၏ အကြောင်းကို နားထောင်ရသည်မှာ ရုပ်ရှင်တစ်ကားကြည့်နေရသလိုပင်။

'' အဲ့တော့ အမေ ပြောချင်တာက......ကောင်းကင်လို တိမ်တိုက်ကို မဖြစ်စေချင်ဘူးသား။ တိမ်တိုက်က မင်းတွေ့တဲ့အတိုင်းအရမ်းနုလွန်းနေတယ်။ တစ်ခုခုဆို ဆေးရုံရောက်ရတာပဲ။ အရှေ့အခေါက်တွေက အန်တီတို့ ကံကောင်းလို့ အသက်မှီခဲ့တာ သား...။ သူ့ရောဂါက ဗြုန်းစားထ ထဖောက်တတ်တာမို့ အကြိမ်ကြိမ် ကံကောင်းဖို့ဆိုတာ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်လိမ့်မယ် ''

''. ......''

''သားတို့ချစ်ခြင်းကို အမေမခွဲချင်ပါဘူး။ ဒါပေမယ့်... တကယ့်တကယ် ရင်ဆိုင်လာရရင် သူမခံနိုင်ဘူးသား... ပြီးတော့ ကောင်းကင် ဘဝတုန်းက အဖြစ်မျိူး အမေ တိမ်တိုက်ကို ထပ်အဖြစ်မခံနိုင်ဘူး....သားနားလည်ရဲ့လား....သား ''

ခွန်းအတော်ကြာတိတ်နေပြီး သေချာစဥ်းစားနေသည်။ ဒေါ်ယုယမြိုင် သဘောထားကို သူကောင်းကောင်းကြီး နားလည်သည်။ သူ့အတွက်ကလည်း ခက်ခဲသည့်ကိစ္စမို့ ခွန်းအတော်လေးအကြပ်တွေ့နေသည်။

'' ဒါဆို အမေ့ဆန္ဒက တိမ်တိုက်နားက ကျွန်တော့်ကိုထွက်သွားစေချင်တာလား ''

ဇာတ်လမ်းအရှည်ကြီးကိုအစပျိူးခြင်းဟာ နောက်ဆုံး ဒီလိုဖြစ်စေချင်လို့ဆိုတာ ခွန်းနားလည်လိုက်သည်။

'' မိခင်တစ်ဦးရဲ့ အတ္တ ကို သားနားလည်ပေးပါကွယ်။ မိခင်တစ်ယောက်က သူ့သားသမီးအတွက်ဆိုရင် အမုန်းခံဆိုလည်း ခံဖို့အသင့်ပါ။ မင်း အမေ့ကိုမုန်းမယ်ဆိုရင်မုန်းပါတော့ကွယ်...ဒါပေမယ့် တိမ်တိုက်ကိုတော့ သာမန် ယောကျာ်း လေးတစ်ယောက်အနေနဲ့ပဲ ဘဝကိုဖြတ်သန်းပါစေတော့။ ''

ခွန်းအကြာကြီးစဥ်းစားသည်။ သူ့အဖို့ တိမ်တိုက်ကို စွန့်လွှတ်ဖို့ရာ သိပ်ကို ဝန်လေးလွန်းနေသည်။ ပြီးတော့ စိတ်ထဲလည်း မကောင်းပေ။ ဟိုတလောကပဲ အမေ ဖြစ်ပေးမယ်ဆိုသည့်လူက နောက်ဆုံးတော့လည်း သူစိမ်းတစ်ယောက်သာသာပါပဲ။ အမေဆိုရင် သားအတွက် ထည့်တွေးပေးရမှာပေါ့...အခုဟာက သူ့ခံစားချက်ကို ထည့်မတွက်ပဲ တစ်ဖက်သတ်ကြီး ဖြစ်စေချင်နေတာပင်။

ခွန်းနောက်ဆုံး မဲ့ပြုံးလေးပြုံးလိုက်ပြီး...ခေါင်းလေးတငြိမ်ငြိမ့်ဖြင့် ​

'' ဟုတ်ပြီ အန်တီဖြစ်စေချင်သလို ​ဖြစ်​ေပေါမယ်။ ဒါပေမယ့် သူ့မွေးနေ့ပြီးမှ ကျွန်တော်လမ်းခွဲပေးနိုင်မယ်။..သူ့ကိုပေးလက်စ ကတိလေးရှိနေလို့ ''

ဒေါ်ယုယမြိုင် ခေါင်းငြိမ့်ပြတော့ ခွန်းနေရာကထသွားပြီး အဝတ်တွေ ထည့်ကာ အိမ်ကနေ ချက်ချင်းထွက်လာခဲ့လိုက်သည်။ မထွက်ခင် ဒေါ်ယုယမြိုင်ကိုတောင် ကန်တော့ခဲ့လိုက်သေးသည်။

အဲ့နောက်ပိုင်းရက်တွေမှာ ညတိုင်းခွန်း အိပ်မပျော်တော့ပေ။ အတွေးတွေတိုင်းက ခွဲခွာရမည့်အကြောင်းချည်းသက်သက်သာ။ ပြီးတော့ ကိုယ်ကစထားခဲ့ရမည်ဖြစ်၍ အထားခဲ့ခံရတာထက်ပိုနာကျင်နေသည်။

ထို့ကြောင့် တိမ်တိုက်မွေးနေ့မှာ သူ့စိတ်ကြိုက် လိုက်လျောခဲ့တာဖြစ်သည်။ နောက်ဆုံးဆိုတာမျိူးကိုနှလုံးသွင်းကာ အလိုလိုက်ပေးခဲ့သည်။ သို့သော် ကံကြမ္မာက ခွန်းကို နည်းနည်းလေးတောင် မျက်နှာသာ မပေးချင်ခဲ့။ မရှိမဲ့ရှိမဲ့ တစ်ရက်လေးကိုတောင် အပြည့်အဝ ပျော်ခွင့်မပေး။ ကွဲကွာတော့မည်ဆိုကာမှ ထွဋ်ခေါင်ကလည်း သိဖြစ်အောင် သိသွားတော့သည်။

စိတ်ညစ်နေမှာစိုးလို့ စိတ်ပြောင်းအောင် အတင်းကြိုးစားပေးနေတဲ့ ဘေးက ကလေးကို သိပ်အားနာလှသည်။ ဒီလိုအလိုက်သိလွန်းတဲ့ ကလေးကို လမ်းခွဲဖို့ဆိုတာ တော်ရုံရူးနေတာမျိူးနဲ့မရပေ။ ပြီးတော့ ဤချစ်တတ်လှပါပြီဆိုတဲ့ သူ့ကလေးမှ ရလိုက်တဲ့ဒဏ်ရာ။

ကျွန်တော်က ချစ်တယ် ဆိုရင် တိမ်တိုက်က ပိုချစ်တယ် ဆိုတဲ့ သူမျိူးဗျ ။

ရုပ်ရှင်ရုံထဲ ဝဲတက်လာတဲ့ မျက်ရည်စကို သူက တွေ့ဖြစ်အောင်တွေ့လိုက်သေးတာ။ မင်းလေးရှေ့မှာတော့ မောင်က ပျော့ညံ့လို့ ဘယ်ဖြစ်မှာလဲ။

အဲ့နေ့က ညနေပြန်တော့ တစ်​ယောက်တည်း ။ ပထမက တိမ်တိုက်ကို ခေါ်သွားဖို့ စီစဥ်ထားတာဖြစ်ပြီး ပြောင်းလဲသွားသော အခြေ အနေတို့ကြောင့် တစ်ယောက်တည်းပြန်လာရသည်။ ညကျရင် ထွဋ်ခေါင်အတွက် ထုချေလွှာတွေ တင်ရဦးမှာပင်။

'' မင်းကို အဲ့လို လူမျိူးဖြစ်လိမ့်မယ်လို့ ကိုယ်ဘယ်တုန်းကမှ မတွေးခဲ့မိတာ အမှန်ပဲ ''

''ကျွန်တော်က ဂေးဖြစ်နေတာကို ဆရာပြောချင်တာလား...''

'' မင်း ရဲ့ ပုစွန်ဦးနှောက်နဲ့ လာပြောမနေနဲ့။ မင်းက လိမ်တတ်တဲ့သူမှန်း ငါတကယ်မသိခဲ့တာ ''

''အချိန်မရောက်သေးလို့ မပြောပြသေးတာပါဆရာ ''

'' အချိန် ဟုတ်လား.. ဘာလဲ မင်းလင်ယူသွားမှ အချိန်တန်မှာလား ''

ထွဋ်ခေါင် နှင့် ခွန်းတို့ရဲ့ လေလှို င်းတိုက်ပွဲ ဖြစ်သည်။ မပြောဖူးသည့် အရိုင်းစကားလုံးတွေပါထည့်သုံးလာပြီမို့ ထွဋ်ခေါင် တော်တော် စိတ်ဆိုးနေမှန်းသိသာသည်။ သူများ ပြောမှ အကြောင်းစုံသိရသောကြောင့် ဒေါသပိုထွက်သည်။

'' ငါမထင်ခဲ့တာ မင်းကတော့ ငါ့အပေါ်ကို ဒီလိုလုပ်လိမ့်မယ်လို့။ လက်သည်းဖွက်ထားတဲ့ ကြောင်တွေက သိပ်ရိုင်းတယ် ခွန်းမာနမောင်  ''

'' ကျွန်တော်ဘာတွေ လုပ်မိနေလို့လဲ။ ရည်းစားလေးထားမိတာနဲ့ ကျွန်တော့်အပြစ်က အဲ့လောက်ကြီးသွားလားဆရာ။ ကျွန်တော်တော်က အရွယ်ရောက်ပြီးသားလူတစ်ယောက် ငယ်ငယ်ကလို နေရာတကာ လိုက်ပိတ်ပင်နေလို့ မဖြစ်ဘူးဆရာ ကျွန်တော့်မှာ လည်း လွတ်လပ်ခွင့်ဆိုတာရှိတယ် ''

'' ရည်းစားထားတာ အပြစ်မဟုတ်ဘူး.... အဲဲ့ဒါကို လိမ်ခဲ့တဲ့တာက အပြစ်။ ငါမင်းကို ဘယ်လောက်ထိမျှော်မှန်းလဲ ဘယ်လောက်ထိဖြစ်စေချင်လဲ မင်းအသိဆုံး ။ မင်း ဖြစ်ချင်ခဲ့တာမှန်သမျှ မဖြစ်ခဲ့ရတာဘာရှိလဲ ငါ့ကိုပြော။ သွေးမတော်သားမစပ်တဲ့ မင်းကို ငါစေတနာ မေတ္တာသက်သက်နဲ့ ပြုစုပျိုးထောင်ခဲ့တာကွ။ အခုမင်းလုပ်ပုံက ကောင်းသေးလား ''

''. ..... ''

'' ငါ့ကိုလိမ်တယ် မင်းကျောင်းကကိစ္စရော ဘာရောအကုန်လုံးပဲ။ သူများ ပြောမှ တစ်ဆင့်အကုန်ပြန်သိရတယ်။ကြားရတဲ့သတင်းတွေကလည်း တစ်ခုမှ မကောင်း နေပါဦး.. မင်းကိုယ်မင်းဟုတ်လှပြီထင်နေတာလား ''

''. .....''

'' မင်းက ငါ့ပိုက်ဆံကိုယူပြီး ရည်းစား နဲ့လျှောက်သွားနေပြီး ငါ့ပိုက်ဆံ​တွေကို မင်းရည်းစားအတွက်သုံးနေတာလား။ ။ ငါဒီလိုထောက်ပံ့နေတဲ့ငွေတွေက မိုးပေါ်ကျလာတာမဟုတ်ဘူး။ ''

'' ဆရာ့ပိုက်ဆံတွေ ကျွန်တော် ပြန်ဆပ်မှာပါ ''

'' အဟက်...အခုတော့ မင်းဒီအသံထွက်ပြီးပေါ့ အေးပေါ့လေ မင်းမှာ မင်းအဖေ တစ်ယောက်လုံးရှိနေတာ ငါမေ့သွားတာပဲ ''

'' အဲ့လိုသဘောမျိူးမဟုတ်ဘူးဆရာ ''

ဦးမာန်ခွန်းစစ် လတိုင်းထောက်ပံ့နေသောငွေတို့အား မိဘမဲ့ဂေဟာတစ်ခုနာမည်နှင့်တိုက်ရိုက်လွှဲထားပြီးသားဖြစ်၍ အားကိုးရှာစရာဘာအကြောင်းမှမရှိပေ။

'' အဲ့တော့ ကိုယ်ရှင်းရှင်းပဲပြောတော့မယ်။ မင်းကိုယ့်အရိပ်အောက်မှာပဲ နေဦးမယ်ဆိုရင်တော့ ကိုယ့်သဘောအတိုင်းမင်းနေရမယ်။ ဒါမှမဟုတ် အားကိုးရှိလို့ မင်းထွက်ချင်တယ်ဆိုလည်းထွက် ကိုယ်က ပြတ်တယ် ''

ဒါ ထွဋ်ခေါင်၏ နောက်ဆုံးစကားပင်။ သူ့အထောက်အပံ့နှင့်ကျောင်းဆက်တက်မယ်ဆိုလျှင် သူ့သဘောတိုင်းနေရမည်။ မဟုတ်လျှင် ဦးမာန်ခွန်းစစ် ဆီ သွား ဆိုပြီးနှင်လွှတ်နေတာပင်။ ဒါ မသွားမှန်းသိလို့ သက်သက်အကြပ်ကိုင်နေခြင်းသာ။

ပညာရေးတစ်ပိုင်းတစ်စကြီးမို့ ကျောင်းထွက်၍ အလုပ်ဝင်လုပ်ဖို့ကလည်း သူ့ပုံစံနှင့်အတော်ခက်သည်။ ထို့ပြင် နှစ်ရှည်လများရဲ့ သည်လွှမ်းမိုးမှုအောက်က ရုန်းထွက်ရန် ခက်လှသည်။ အစစအရာရာ ကူညီစောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးရှင်ဟာ
ထွဋ်ခေါင်ဖြစ်သည်။ လူရောစိတ်ရော ကျန်းမာလာအောင် သူတစ်ယောက်တည်း အဘက်ဘက်က ကြိုးစားပေးခဲ့တာဖြစ်သည်။ ထွဋ်ခေါင်ကြောင့်သာမဟုတ်ရင် သူဒီလိုနေရမယ် မဟုတ်မှန်းနားလည်သည်။

''. ......''

'' ဒီမှာ ခွန်းမာနမောင် ကိုယ်တစ်ခုပြောပြမယ်။ ဒီအချိန်မှာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို မင်းသေချာစဥ်းစား... မင်းကဘာလဲ... မင်းက ဘယ်လို လူမျိူးလဲ..မင်းအနေအထား​က ဘာလဲ ဆိုတာ မင်းကောင်းကောင်းသိဖို့လိုတယ်။
ဝ မရှိပဲ ဝိမလုပ်ချင်နဲ့ငါ့တပည့်။ အချစ်ဆိုတာ ဒီဘဝလမ်းကြောင်းမှာ ဘာမှ အရေးပါအရာမရောက်ဘူး.... အဲ့ဒီအချစ်က မင်းကို ဟိုးအောက်ဆုံးထိဆွဲချသွားလိမ့်မယ်။ အရေးမပါတာတွေ မလုပ်ချင်ပါနဲ့ ကွာ ''

'' ဆရာ့သဘောအတိုင်းဆိုတာက ''

'' ဟုတ်တယ် လမ်းခွဲလိုက်...မင်းရောသူရောက လောကကြီးအကြောင်းဘာမှမသိသေးတဲ့ကလေးသာသာပဲ။ အရေးမပါတဲ့ အချစ်က မင်းတို့ဘဝတွေကို ဖျက်စီးသွားမှာ မင်းနားလည်ရဲ့လား။ ငါ့သဘောဆိုတာက အဲ့တာပဲ မင်းအရင်လိုပြန်နေရမယ်။ မင်းအာရုံတွေက ပညာရေးတစ်ခုကိုသာ စိတ်ဝင်စားရမယ်။ ငါ့အရိပ်အောက်မှာ ငါ့အထောက်အပံ့ယူပြီး ရည်းစားနဲ့အလေလိုက်နေတာမျိူးကို ငါလုံးဝ သဘောမကျဘူး။.... အဲ့ တော့ မင်းရွေး...မင်းရဲ့ ပညာရေးလား...မင်းရဲ့အချစ်လား...''

'' ဒါဆို ကျွန်တော်တစ်ခုလောက်မေးမယ်ဆရာ။ ကျွန်တော့်နေရာမှာ ဆရာဆိုရင်ရော ဘာကိုရွေးမလဲ..''

'' ဒါက ကိုယ်ဖြေစရာမလိုအောင် ကိုယ်ရွေးချယ်ခဲ့ပြီးပြီ။ အချစ်ကိုပယ်ပြီး ကိုယ် ပညာရေးကိုရွေးခဲ့လို့ ဒီနေ့ ဒီနေရာမှာ ရပ်နေနိုင်တာ။ မင်းလည်း ကိုယ့်လိုလုပ်နိုင်ရမယ် ''

'' ကျွန်တော်နားလည်ပြီ ဆရာ ။ ဆရာက ဆရာ့လို ကျွန်တော့်ကိုဖြစ်စေချင်တာမလား ။ ဟုတ်ပြီ ဖြစ်စေရပါမယ် ဆရာ ''

'' မင်းနားလည်တာ ကိုယ်ဝမ်းသာပါတယ် ။ မင်းလစ်ဟင်းနေတဲ့မင်းတာဝန်တွေကို မင်းပြန်လုပ်ပါ ငါ့ညီ.... ''

'' ဟုတ်ကဲ့ပါ ဆရာ ''

ခွန်းဖုန်းကိုချပြီးတော့ ဟက်ဟက်ပက်ပက်ရီလိုက်တော့သည်။ မျက်ရည်တွေကျသည်အထိ နာကျင်စွာ ရယ်သည်။ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေမှာ ထွဋ်ခေါင်က သူ့ကိုတိကျတဲ့အဖြေတစ်ခုပေးလိုက်ပြီလေ။

ခေါင်းငုံ့ခံရုံကလွဲလို့ ဘာမှ မတတ်နိုင်သည့်အနေအထားကြောင့် ခွန်း စိတ်ပျက်စွာရီပြီးရင်း ရီမိသည်။ သူဟာလွတ်လပ်သည့် သူတစ်ယောက်မဟုတ်မှန်းအခုမှ သတိရတော့သည်။ သူ့မှာက နှောင်ထားတဲ့ကြိုးတွေနဲ့ ။

လူတွေတိုင်းက အတူတူချည်းပါပဲ သူတို့ဖြစ်ချင်တာပဲသိကြတာ
ကျွန်တော်ဘယ်လိုခံစားနေရမလဲ တွေးပေးတာဆိုလို့ အဲ့ဒီကလေးလေးပဲရှိတယ်။ ဒါတောင် ကျွန်တော်က သုညဘဝနဲ့မို့ ဘာခွန်အားနဲ့မှ မကာကွယ်ပေးနိုင်ခဲ့ဘူး။

ဖြစ်နေသမျှ အရာအားလုံးအတွက် ကျွန်တော့်ဘက်မှာ တစ်ယောက်တစ်လေတောင် ရှိမနေခဲ့ဘူး။ ကျွန်တော်က အမြဲ တစ်ယောက်တည်းပဲ။ နာကျင်လည်းခံ ဝမ်းနည်းလည်း စံ အမြဲ တစ်ယောက်တည်း။

ကျွန်တော့်ခံစားချက်တွေ ကျွန်တော့်ဆန္ဒတွေကို ထည့်တွေးပေးတဲ့သူဆိုတာ ခပ်ရှားရှားရယ်။

ကျွန်တော်လဲကျလည်း ကိုယ့်ဘာသာ ပြန်ထခဲ့ရတာချည်း။ ဒါတောင် တစ်ချိူ့တွေက ပြောတယ် ခွန်းမာနမောင် က အသည်းမာတယ်တဲ့လေ။

ကျချင်ရင်တောင် သုတ်ပေးမယ့်လက်တစ်ဖက်မရှိခဲ့တာမို့ မျက်ရည်ဆိုတာလည်း လွယ်လွယ်မကျတတ်ခဲ့ဘူး။ သေနေပါတယ်ဆိုတဲ့ ဒီစိတ်တွေကိုပဲ ခင်ဗျားတို့က အကြိမ်ကြိမ်သတ်နေခဲ့ကြတာလေ။

အဲ့နေ့ကကျွန်တော်မှာ အံကိုအတင်းကြိတ်ပြီး လမ်းခွဲစကားပြောခဲ့ရတာ ရှိုက်သံမထွက်အောင်ထိန်းပြီး ငိုခဲ့ရတာ။ လမ်းခွဲမယ်ပြော​တော့ မထားခဲ့ပါနဲ့ဆိုတာချည်းပဲ အသေအလဲပြောနေတဲ့ကလေးကြောင့် ဒီဘက်လူမှာလည်း ရင်ကွဲမတက်။ ဒီကလေးလောက် ချစ်တတ်တာ ဒီကလေးပဲရှိတာပါ...ဒါကိုမှ ဒီကလေးကိုချည်းနာကျင်စေမိတာ။

မောင့်ကို အသံကြားကတည်းကစွဲလမ်းခဲ့ရတာတဲ့။ အဲ့အကြောင်းပြောပြ​တုန်းကတောင် အံ့ဩမဆုံးပဲ။ လူတွေအများကြီး ထဲကမှ သူ့ရဲ့ ဖုန်းကောလ်ကို တိမ်တိုက်က ​ဖြေပေးခဲ့တာတဲ့လေ။ အချစ်ဆိုတာ အဲ့သည်လောက် ဆန်းကြယ်ခဲ့တာ။ ဒါပေမယ့် ...ဒါပေမယ့်...

ကယောင်ကတမ်း တွေငိုယိုပြီးပြောလာတာကြောင့် နောက်ဆုံး ဆက်နားမထောင်နိုင်တော့ပဲ...ဖုန်းကိုချပစ်လိုက်ခဲ့လိုက်သည်။

စိတ်ရှိတိုင်းသာဆို မင်းကို ခေါ်ပြီး အဝေးကြီးကိုထွက်သွားလိုက်ချင်တာ...တိမ်တိုက်ရယ် ဒါပေမယ့် ဒါတွေက သိပ်ကို ယုတ်တိမဆန်ခဲ့ဘူးလေ...

အားမရခြင်းတွေ မကျေနပ်ခြင်းတွေ ဒေါသတွေက အိပ်ယာဘေးက နံရံပေါ်မှာ တရစပ်ကျကုန်သည်။ အားသုံးပြီး ထိုးနေသည့်တိုင် အဲ့လက်ကလေ တစ်စက်ကလေးတောင်မနာခဲ့ဘူး။ သွေးတွေ ဗရပွထင်နေတဲ့ အထိ ဖြစ်နေတာတောင် ရင်ထဲက နာတာ မသက်သာခဲ့ပေ။

အဲ့အချိန် မွေးနေ့အတွက် စပရိုက်လုပ်ဖို့ဆိုပြီး မှာထားတဲ့ ကိတ်ကရောက်လာပြီး ဒဏ်ရာ တွေ ပေပွနေတဲ့ လက်နဲ့ သွားယူလိုက်သေးသည်။

ကိတ်လေးက အဝါရောင်လေး တိမ်တိုက်ရယ် မင်းလေး အရမ်းသဘောကျမှာ...
မင်းအကြိုက် မိုင်ကော်ဖီကိတ်အရသာလေးရဖို့ မောင် ဆိုင်ကို အတင်းအပူကပ်ခဲ့ရတာ သိလား....
မောင် ဖယောင်းတိုင်ထွန်းပြီး ဘက်ဒေးသီချင်းဆိုပေးလိုက်သေးတယ်
ငိုသံပါတာကတော့ နည်းနည်းသည်းခံနော်...

နောက်နေ့ မောင် ရှန်မင်းကို အကူအညီ လှမ်းတောင်းလိုက်တယ် မင်းကို သွားကြည့်ပေးဖို့ပေါ့။ ဘယ်ဆိုးလို့လဲ အလုပ်သွားတယ်တဲ့ ဒီတစ်ခါ မင်းလေး တိုးတက်လာပြီပဲ။ မောင်က မင်း ဆေးရုံထပ်ရောက်မှာကို စိုးရိမ်နေတာ။

မင်းအဆင်ပြေလာတဲ့အထိ မောင်သိချင်တာမို့ ရှန်မင်းကို တောင်းတောင်းပန်ပန် ပြောခဲ့ရသေးတယ်သိလား။ ဒါတောင် သူက ကိုယ့်ကို ကျောင်းမှာ တစ်ချက်ထိုးသွားသေးတယ်။ မောင်နဲ့ တန်ပါတယ်လေ။

မင်းက မောင်မရှိလည်း မောင့်စကားတွေ နားထောင်နေတုန်းမို့ မောင့်မှာ မျက်ရည်ဝဲရပြန်တယ်။ နေ့တိုင်း မောင့်ကို လာလာစောင့်နေတာ တွေ့တယ်။ မင်းရှေ့ ထွက်ပြဖို့ရာ ဘယ်လိုမှ မရဲတာမို့ အဝေးကနေပဲ မင်းကို ပြန်စောင့်
ကြည့်တယ်။ မင်းပြန်မှ မောင်လည်းသွားတာပေါ့။ မောင်တွေ့ပါရဲ့...တစ်ရက်က မင်း ကန်ဘောင်ပေါ် တစ်​ယောက်တည်း လမ်းလျှောက်နေတာ။ မောင်လည်း မလှမ်းမကမ်းမှာ မင်းနဲ့အတူ လျှောက်ခဲ့တယ်။

ဒါတွေ မင်းသိဖို့မလိုပါဘူး။ အဓိက က တဖြည်းဖြည်း မင်းမောင့်ကိုမုန်းလာပြီးမေ့သွားဖို့ပေါ့။

နောက်တော့ မင်းအလုပ်ပါ မလာတော့တာကြားလို့ ရှန်မင်းကိုမေးတော့ ထွေထွေထူးထူး မဟုတ်လို့ တော်သေးတယ်။

တစ်ရက် မောင် လှည်းတန်း ကိုသွားတုန်း မင်းတို့အုပ်စုနဲ့တွေ့လို့ မောင် ပြန်လှည့်ပြေးခဲ့ရတယ်။ ဒါကို မင်းက အနောက်ကအတင်းလိုက်လို့ ကိုယ်မနည်းပုန်းရတယ်။ ပြတ်လတ်စသံယောဇဥ်ကို ပြတ်စေချင်တာပါကလေးရယ် မင်း သိပ်ပင်ပန်းနေပြီး...အင်း.....မောင်ရောပဲ

နောက် မောင် အင်းလျားဘက်ထွက်လာပြီး ရေကန်စပ်မှာထိုင်နေတုန်း သီချင်းသံတွေကြားလို့ ကြည့်လိုက်တော့ မင်းတို့ဖြစ်နေပြန်ရော အဲ့တာနဲ့ တွေ့မှာစိုးလို့ ပြန်မယ်လုပ်နေတုန်း...မင်းအသံကြားတော့ မောင် ရပ်ကြည့်နေမိတယ်။ မျက်လုံးအုပ်ထားတဲ့မင်းက မောင့်ကိုမမြင်နိုင်တာကြောင့် မောင်အရဲစွန့်ကာအနားကပ်ပြီး မင်းဆိုတာကိုသေချာ နားထောင်ခဲ့တယ်။ ကြေကွဲစရာသီချင်းကြီးကို နာနာကျင်ကျင်ဆိုနေတဲ့မင်းကြောင့် မောင့်မှာ ရင်တွေနာလိုက်တာ ကွာ။

လှောင်အိမ်ထဲက ငှက်တစ်ကောင်ပါကလေးငယ်။
ဘယ်မှာ သူ့အတောင်တွေကိုအလှဆုံးဖြန့်ပြနိုင့်ပါ့မလဲ....

မောင့်ကို ခွင့်လွှတ်ပါ..

29.5.2022

(Zawgyi)

ဇာတ်လမ်း တစ်ပုဒ် ဒါမှမဟုတ် ရုပ်ရှင် တစ်ကား မှာ ဗီလိန်ဆိုတာ ပါစမြဲပါပဲ။ ဒါပေမယ့် ဇာတ်လိုက်က ဗီလိန်ဆိုတာကတော့ တော်တော်လေးရှားလှသည့် အဖြစ်အရပ်မျိူးပေါ့။

ဒါပေမယ့် ဒီဇာတ်လမ်းမှာ ကျွန်တော်က ဇာတ်လိုက်..ပြီးတော့ ကျွန်တော်ကပဲ ဗီလိန် ။

ဗီလိန်ဆိုတာ ဇာတ်အိမ်တစ်ခုရဲ့ ပဲ့ကိုင်ရှင်မလား....
သူ့ကြောင့်သာ...ဆိုပြီး ခေါင်းစဥ်တပ်လာမည့် ဇာတ်ကွက်တိုင်းဟာ ဇာတ်လမ်းရဲ့အသက်။
ဒီလိုပါပဲ ကျွန်တော်ဟာလည်း
ဇာတ်သိမ်းမသိသေးတဲ့ ခပ်ဆွေးဆွေး ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဗီလိန်.....

သားတစ်ယောက်လိုချစ်ပါသည်ဆိုတဲ့ အမျိူးသမီးက လည်း တကယ့်တကယ် သားအရင်းနဲ့ယှဥ်လာရင်တော့ သနားလှပါချည်ရဲ့ဆိုတဲ့ ကျွန်တော်ကိုလည်း သူ သနားနိုင်တော့မှာ မဟုတ်။ နားလည်ပါတယ်လေ ခွန်းမာနမောင် ဆိုတဲ့ ကျွန်တော်က ဒီလို ကံကြမ္မာနဲ့ကို မွေးဖွားလာတာမလား။

ဒီလိုပါပဲ အကုန်လုံးက ကျွန်တော့်အပေါ်ဆို သိပ်တစ်ဖက်သက်ဆန်ချင်ကြချည်း။ သူတို့ဖြစ်ချင်တာပဲတွေးကြပြီး ကျွန်တော့်ဘက်နည်းနည်းလေးတောင် လှည့်မကြည့်ပေးခဲ့ကြပါဘူး။

ကျွန်တော်အေးစက်သထက်အေးစက်လာတာ ဒီရပ်ဝန်းတွေကြောင့်လို့ဖြေရင် ယုံရောယုံကြပါ့မလား။

အဲ့သည့်နေ့က တိမ်တိုက်တို့အိမ်မှာ နောက်ဆုံးနေရတဲ့နေ့။ အတန်းချိန်တွေ စောစော ပြီးသွားတာကြောင့် အိမ်ကိုပဲ အရင်ပြန်လာလိုက်သည်။ တိမ်တိုက်အလုပ်က ဆင်းဖို့တော်တော်လေးလိုသေးတယ်လေ။

အိမ်ပြန်ရောက်တော့ ဒေါ်ယုယမြိုင် ကအရင်ပြန်ရောက်နေသည်။ အစောကြီးပြန်လာတာမို့မေးတော့ ခေါင်းမူးတာကြောင့် အိမ်ခနပြန်လာတာတဲ့။

အဲ့ဒါနဲ့ ယူနီဖောင်းမလဲသေးပဲ သံပရာရည် လေး အပြေးအလွှား သွားဖျော်ပေးပြီး ဒေါ်ယုယ ကို ပေးလိုက်တော့...

'' ထိုင်ပါဦးသားရယ် အမေ ပြောစရာလေးရှိလို့ ''

'' ဟုတ် အမေ ပြောလေ ''

ခွန်း ဝင်ထိုင်လိုက်တော့ ဒေါ်ယုယမြိုင် သက်ပြင်းလေးတစ်ခု ခိုးချပြီး

'' သားနဲ့ တိမ်တိုက်က ဘယ်လိုပတ်သက်နေကြတာလဲ ''

'' ဗျာ ''

ခွန်း မမျှော်လင့်ထားတာမို့ ရုတ်တရက်လန့်သွားသည်။ အဲ့သည့်မေးခွန်းအတွက် သူ့မှာ အဖြေမရှာရသေးပေ။

'' အမေ့ကို အမှန်တိုင်းပြောပါ သား။ အမေ့ မျက်လုံးထဲ သားတို့က ပုံမှန်မဟုတ်ဘူး ''

''......''

'' သားက gay လား...''

ဒေါ်ယုယမြိုင် အမေးကြောင့် ခွန်းဒုတိယအကြိမ် ထပ်လန့်သွားသည်။ ဒါ ယောက္ခမ ဆီမှာ ပေါ်တင် ဖွင့်ပြောရမည့်ကိန်းပင်။

သို့ပေမယ့် ခွန်း ဒေါ်ယုယမြိုင် ကိုမကြည့်ပဲ မျက်လွှာသာချထားရင်း တိတ်နေသည်။

'' သားကို အမေ တစ်ခုပြောပြချင်တယ်။ ဒါက တိမ်တိုက်တောင် မကြားဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်။ ''

'' ဟုတ် ''

'' အမေ့မှာ ငယ်ငယ်တုန်းက အရမ်းချစ်ရတဲ့ သူငယ်ချင်း တစ်ယောက်ရှိခဲ့ဖူးတယ်။ သူ့နာမည်က ကောင်းကင်တဲ့။ အမေတို့နှစ်ယောက်က အလယ်တန်းကတည်းက ခင်လာကြတာ။ ကောင်းကင်က အနေအထိုင် သိမ်မွေ့ပြီး နုနယ်တယ်။အမေကတော့ အဲ့အချိန်က ခပ်စွာစွာလေးပဲ။ ကောင်းကင်ကစာတော်ပြီး သူ့ဘာသာနေတာကြောင့် နုတယ်ဆိုပြီးကျောင်းသားတွေက သူ့ကိုပယ်ထားခဲ့ကြတာ..တချိူ့ကျတော့လည်း အနိုင်ကျင့်ကြတယ် အဲ့ဒီအခါ အမေက ဝင်စွာပေးရတယ်ပေါ့...ဒီလိုနဲ့ အမေတို့ ၂ယောက် ဆယ်တန်းရောက်လာခဲ့တယ်..အဲ့ဒီမှာ စတာပဲ...ဟင်းးး ''

ဒေါ်ယုယမြိုင် သက်ပြင်းတစ်ချက်ချပြီး သံပရာရည်လက်ကျန်ကို အကုန်မော့ချလိုက်ပြီး လွန်ခဲ့တဲ့ နှစ်များစွာ ဆီကို အတွေးပြန်နှင်ရတော့သည်။

Flask back. ...

ကိုးတန်းအောင်လို့ ဆယ်တန်းရောက်သည့်အခါ၌လည်း ယုယနှင့်ကောင်းကင်တို့ဟာ အခုထိတတွဲတွဲ။ ကောင်းကင်က စာတော်သလောက် ယုယက စာသိပ်မရ။ ယုယအလုပ်က ကောင်းကင်ကို အတန်းထဲက ကျားတွေလက်က လွတ်အောင် ကာကွယ်ရန်သာ ဖြစ်သည်။

ကောင်းကင်က လူပျိူဖော်ဝင်ပြီးနောက် ပို၍ ချောလာသည်။ အသားအရည်ကလည်း အရင်ကထက် နုလာတယ် ဟုထင်ရသည်။

ဒါသာမန် ယောကျာ်းလေးတစ်ယောက်ရဲ့ ပြောင်းလဲမှုမှ မဟုတ်ပဲလေ။ ကြမ်းတမ်းလာရမည့်အစား ပိုနုလာခြင်းဖြစ်နေသည်။ အိကျနေသော ဆံပင်များနှင့် ဖြူဖွေးသွယ်လျနေသော လက်ချောင်းလေးတွေက မိန်းကလေးရှုံးရသည်။

ဒါ့အပြင် နက်ရှိုင်းတဲ့ မျက်ဝန်းလှလှတွေထက်မှာ ကော့ညွှတ်ရှည်လျားနေတဲ့ မျက်တောင်တွေက ကောင်းကင်ရဲ့အသက်ပေါ့။

အတန်းထဲက အလှဂုဏ်ဆာသူ မိန်းကလေးတစ်ချိူ့ရဲ့ သဝန်တိုခြင်းကို ခနခန ခံရသူက ကောင်းကင်ပါ။

ယုယတစ်ယောက်ကလည်း သွေးသားပြောင်းကာ အရင်ကထက် ပိုလှလာသည်လေ။ ယုယ ကအမြဲ ဆံပင်တိုနဲ့ပဲနေလေ့ရှိခဲ့တာပင်။  တော်ရုံတိုတာမျှ မဟုတ်ပဲ ယောကျာ်း လေးကေ နဲ့သာပေါ့။

သူတို့နှစ်ယောက်ဟာ အလယ်တန်းကတည်းက ရှေ့ဆုံးတန်း ထောင့်မှာ နှစ်ယောက်တည်း သီးသန့်ထိုင်ခဲ့ကြတာ ဖြစ်သည်။

ဆရာမတွေကလည်း ကောင်းကင်နှင့်ယုယတို့ မိဘတွေနှင့် ရင်းနှီးကြ တာမို့ ချွင်းချက်အနေနှင့် ခွင့်ပြုပေးထားသည်။ မဟုတ်ရင်လည်း ကောင်းကင် ကို ယုယက လုံးဝ တစ်ယောက်တည်းပေးထားမှာမဟုတ်ပေ။ သူမ သာ မရှိရင် ကောင်းကင်ကို ဘယ်သူကာကွယ်မလဲနော့်

'' ဟဲ့ အကောင်း...နင် ငါ့ကောင်မလေး လုပ်မလား ''

တခါတလေ ယုယက ကောင်းကင်ကို တစိမ့်စိမ့်ကြည့်ရင်း ပစ်မှားသေးတာ။

ဒါပေမယ့် ယုယရော ကောင်းကင်ရောက တစ်ယောက်ကို တစ်ယောက် အတည်ကြံဖို့ စိတ်ကူးမရှိခဲ့ကြပေ။

ထိုအချိန် အတန်းထဲသို့ တခြားကျောင်းမှ ကျောင်းသားသစ်တစ်ယောက်ပြောင်းလာသည်။ စဝင်လာကတည်း သွားတက်လှလှလေးနဲ့ ပြုံးရင်းဝင်လာသူမို့ အကုန်လုံး၏ အာရုံက သူ့ထံတွင်သာ

သူ့နာမည်က တိမ်စိုင်ဦး...

နောက်မှရောက်လာသည်မို့ ခုံအလွတ်မရှိတော့ပေ။ ထို့ကြောင့် ယုယတို့ အတန်းမှာပဲ ဆရာမက ထိုင်ခိုင်းလိုက်သည်။ ယုယက မိန်းကလေးမို့ တိမ်စိုင်က ကောင်းကင်ဘေးတွင်သာ ကပ်ထိုင်လိုက်သည်။

ကောင်းကင်နီးပါးဖြူသော တိမ်စိုင်ကို အတန်းထဲက လူတွေ စိတ်ဝင်စားကြသည်။ တိမ်စိုင်က ဖြူသော်လည်း ကောင်းကင်လိုတော့ နုနွဲ့မနေပေ။ ကောင်းကင်ထက် ခန္ဓာကိုယ် ပိုကြီး ပြီး ပိုဖြောင့်သည်။ အတန်းထဲက မိန်းကလေးအားလုံးရဲ့ စိတ်ဟာလည်း ကောင်းကင်ဘေးက တိမ်စိုင် ပေါ်မှာ။
ထိုအထဲတွင်ယုယမြိုင်ဆိုသည့် မိန်းမပျိူလေးလည်း ပါဝင်နေခဲ့သည်။

ရေမွှေးနံ့ မဟုတ်တဲ့ခပ်ချေချေ ကိုယ်သင်းနံ့ က အလယ်မှာနေတဲ့ ကောင်းကင်နှာဖျားဝကို လာကျီစယ်နေတာဟာ...  စွဲလမ်းခြင်း၏အစဖြစ်လာတယ်ထင်ပါရဲ့။

တပတ်လောက်အကြာမှာ သူတို့သုံးယောက်က တော်တော်လေးရင်းနှီးနေကြပြီဖြစ်သည်။ အခုဆို ကောင်းကင်နဲ့ ယုယ ဟာ အကာကွယ်ခံ လူတန်းစားဖြစ်နေလေပြီ။ တိမ်စိုင်က ရန်ဖြစ်သည့်နေရာမှာလည်း တစ်ဖက်ကမ်းခပ်ကျွမ်းသည်။ ရလာသမျှ ဒဏ်ရာကိုလည်း ကောင်းကင်က ထိုင်ခံ ဆေးထည့်ပေးလေ့ရှိသည်။ မိန်းကလေးဖြစ်သည့် ယုယကတော့ ဟန်ဆာပလပ်တောင် တည့်အောင် မကပ်တတ်ဘူးလေ။

ဒီလိုနဲ့ သုံးယောက်သား အတွင်းသိသိ အဆင်းသိသိ တွေ ဖြစ်လာကြတော့ သည်။သို့သော် တက္ကသိုလ် ရောက်တော့ ကျောင်းတွေကွဲကုန်ကြ သည်။ ကောင်းကင် က ဆေးကျောင်းရောက်သွားပြီး... တိမ်စိုင်က ပညာရေးတက္ကသိုလ် ကို ဝင်လိုက်သည်။ ယုယကတော့ ရန်ကုန်တက္ကသိုလ်မှာပေါ့...

ကျောင်းကွဲပေမယ့် ကျောင်း သုံးခုလုံးက တစ်ဆက်တည်းရှိနေကြတာပင်။ ကောင်းကင်နဲ့ တိမ်စိုင်တို့ဆို ပိုတောင်နီးသေး သည်။
ဒါ့ကြောင့် နေ့လည်ဆို ထမင်းအတူစားဖြစ်ကြသည်။ ညနေပြန်ရင်တော့ သုံးယောက်သား လှည်းတန်း မှာ စုကြပြီးမှ ပြန်သည်။

တိမ်စိုင်၏ ထူးခြားလှပသည့် သွားတက် ဖွေးဖွေးကြောင့် ကျောင်းမှာ major Prince ရသည်။

နောက်တော့ တဖြည်းဖြည်း.. ကောင်းကင်က တိမ်စိုင့်အပေါ် စိတ်တွေ ပြောင်းလဲလာခဲ့သည်။ သူငယ်ချင်းထက်ပိုသော ခံစားမှုတို့က ကောင်းကင်ကို တုန်လှုပ်စေခဲ့သည်။ ယုယကတော့ အထက်တန်းကတည်း
တိမ်စိုင်ကို ပထမဦးဆုံးရင်ခုန်ခဲ့တာဖြစ်ပြီး သူမရဲ့ အချစ်ဦး ဟာလည် တိမ်စိုင် ဖြစ်လာသည်။

သို့သော် တိမ်စိုင်က Straight စစ်စစ် တစ်ယောက် ဖြစ်နေခဲ့သည်မို့ ကောင်းကင်ထက် ယုယအပေါ်ကို ချစ်စိတ် အားသာခဲ့သည်နှင့်တူပါသည်။

'' မင်းသာမိန်းကလေးဆို ငါခုချက်ချင်းယူလိုက်ပြီသိလား ''

တိမ်စိုင်ပြောသည့် ဘာရယ်မဟုတ်သည့် စကားတိုင်းဟာ ကောင်းကင်ကို စိတ်လှုပ်ရှားစေခဲ့သည်။ ဖုံးဖိမရသော ကောင်းကင် အပြုအမူတွေကြောင့် ကောင်းကင်ဟာ gay ဆိုတာ ယုယ ရိပ်မိလာခဲ့သည်။

အစကတည်းက ကောင်းကင်ကိုသာ ဦးစားပေးခဲ့သူမို့ သည်တစ်ခေါက်လည်း ကောင်းကင်ကိုသာ ဦးစားပေးမည်။ သူမအတွက် အရေးကြီးတာ ဒီ အမျိူးသားနှစ်ယောက် စိတ်ချမ်းသာဖို့ပင်။

တစ်နေ့ တိမ်စိုင်မွေးနေ့တွင် ညဘက် ပါတီကျင်းပကြသည်။ တိမ်စိုင့်ကျောင်းကတော်တော်များများလည်းလာကြသလို ယုယ သူငယ်ချင်း တစ်ချိူ့လည်း ပွဲကို ဖိတ်ထားသည်။ ထို့အပြင်စတိတ် ကျောင်းတုန်းက သူငယ်ချင်းတစ်ချိူ့ကိုပါဖိတ်သည်။

ပွဲက တိမ်စိုင့်အိမ်ခြံဝင်းထဲမှာကျင်းပတာဖြစ်ပြီး ရောင်စုံမီးလေးတွေ တလက်လက်နှင့် လွန်စွာလှပသည်။ ယုယကကောင်းကင်ကိုဝင်ခေါ်သော်လည်း နောက်မှ လိုက်ခဲ့မည်ဟု ပြောသဖြင့် ယုယတစ်ယောက်တည်း သွားနှင့်သည်။

ကိတ်မခွဲသေးပဲ ကောင်းကင်ကို စောင့်သည်။ထိုစဥ် ပွဲအတွင်းသို့ ရွှေရောင် ဒေါက်မြင့်ဖိနပ်ဖြင့် ကြွကြွလေးလှမ်းဝင်လာသည်။ ဒူးအတိရှိသော အဖြူရောင် ဂါဝန်တိုလေးက သွယ်လျသော ခြေသလုံးတို့ကို ပိုမိုလှပစေသည်။

နှုတ်ခမ်းနီရဲရဲလေးကို ဆိုးထားပြီး ခဲရောင် ဆံပင်ရှည်ကို ဘေးတစ်ဘက်တွင်စုချထားသည်။ လျှပ်တစ်ပြက်ကြည့်လိုက်လျှင် သိပ်ကိုနူးညံ့ လှပသော အမျိူးသမီးလေးတစ်ဦး ဖြစ်သည်။

ထိုသူက... ကောင်းကင်......

ပွဲတွင်းလူများအားလုံး အံ့အားသင့်ကုန်သည်။ အတုမဟုတ်သည့် မျက်တောင်ကော့ကော့တွေက ကောင်းကင်မှန်း သိအောင် တမင်လှပြနေသည်။ ဘယ်လိုပင်ပြင်ထား ပြင်ထား သည်လက်ချောင်းသွယ်သွယ်လေးနှင့် သည်မျက်တောင်လေးတွေဟာ ကောင်းကင်ဆိုသည့်အမျိူးသားလေးမှာသာတွေ့နိုင်သည့် အရာများဖြစ်သည်။

မပြောမဆိုနဲ့မို့ တိမ်စိုင်နဲ့ ယုယပါ ပါးစပ်အဟောင်းသားဖြစ်ကုန်သည်။ တဖြည်းဖြည်း တိမ်စိုင်ဆီ လျှောက်လာကာ ကြယ်လေးတွေ အပြည့်ခေါက်ထည့်ထားသော ဖန်ဘူး အကြည်လေးကို အလှဆုံးဖြစ်အောင် ထိုးပေးသည်။

ထိုအခြေအနေကို ပွဲကလူအားလုံးက မျက်တောင်မခတ်တမ်း ကြည့်နေကြသည့်အပြင် ဘယ်လို အနေအထားလဲဆိုတာ အားလုံး တွေးမိသည်။

'' သူက gay လား ''

အနောက်က မယုံနိုင်ခြင်းများစွာ ဖြင့် မေးခွန်းတွေလည်းထွက်လာသည်။ ထိုအခါမှ ကောင်းကင် အနောက်ကို သေချာလှည့်ကြည့်မိတော့ လူတွေအများကြီး ရှိနေသည်ကို တွေ့လိုက်ရသည်။ အကုန်လုံးကလည်း သူ့ကိုကြည့်ကာ ပြောနေကြသည်မို့ ကောင်းကင် တဖြည်းဖြည်း ကြောက်လာသည်။ ဝင်လာတုန်းက
ဒီလူတွေကို မမြင်မိတာအမှန်ပင်။ လူတွေအများကြီးလာလိမ့်မည်ဆိုတာလည်း သူလုံးဝမသိခဲ့ပေ။

ထိုစဥ်....

'' စောက် အခြောက်မ....''

ကောင်းကင်အနောက်ကနေ အသံဟိန်းကြီးထွက်လာပြီး ခေါင်းကိုဆောင့်ဆွဲခြင်းခံလိုက်ရကာ တပ်လာသော ဆံပင်အတုဟာ ထိုလူ့လက်ထဲပါသွားသည်။ အိစက်ကျနေသော ကောင်းကင်ဆံပင်တိုတို့ဟာ ဖရိုဖရဲ။

'' ဗြိ..ဗြီ ''

နောက်တစ်ဆက်တည်း ကျောလယ်က ဇစ်ဟာလည်း ခါးထိ ဆွဲဖြုတ်ခြင်းခံလိုက်ရသည်မို့ ကောင်းကင် လန့်သွားသည်။ ထို့နောက်တိမ်စိုင်နှင့် ယုယက ကောင်းကင်ကို ချက်ချင်းကာ ကာ အနောက်ကိုပို့လိုက်သည်။ တိမ်စိုင်က သူ့အပေါ်ကုတ်ကိုချွတ်ကာ ကောင်းကင်ကိုခြုံပေးလိုက်သည်။

'' ဟဲ့ နင်ဘာလုပ်တာလဲ ''

ယုယက ခပ်စွာစွာ အရင်ဝင်ပြောသည်။

'' မမြင်ဘူးလား ....အေး..အဲ့အခြောက်ကောင်က ငါ့ကို လူဘုံလယ်မှာ အရှက်ခွဲခဲ့တာ ငါ နည်းနည်းလေးမှ မကျေနပ်ဘူး ရှင်းလား ''

'' ကိုယ်စောက်သုံးမကျလို့ခံရတာကို ဖင်ခေါင်းလာကျယ်နေတယ် သူတောင်းစား..နင့်လိုကောင်မျိူးက ဆယ်ခါပြန်အရှက်ကွဲမှ အသိတရားဝင်မှာ ''

တကယ်တော့ ထိုလူက ကောင်းကင်ကို ကျောင်းမှာကတည်းက ရိသဲ့သဲ့လုပ်နေတာဖြစ်ပြီး တက္ကသိုလ် ရောက်တော့လည်း အတင်းလိုက်တွယ်ကပ်နေပြီး ဘေးကနေ အမျိူးမျိူး လိုက်နှောင့်ယှက် နေခဲ့တာဖြစ်သည်။ ထို့ပြင် လူလစ်လျှင်လစ်သလို အသားယူတတ်သေး သည်။ ကောင်းကင်က အားချင်းမမျှတာမို့ ငြိမ်ခံခဲ့ရုံသာ။

တစ်ရက် လူတွေရှေ့မှာ ကောင်းကင်ကို တစ်ခမ်းတနား ချစ်ခွင့်ပန်သည်။ ရှက်တတ်သော ကောင်းကင်က ဒီလိုလုပ်ရင် လက်ခံလိမ့်မည်ဟုထင်ထားပုံပင်။

သို့သော် ကောင်းကင်က လက်မခံခဲ့ပေ။ ဒါကို လူကြားထဲ လက်မခံရင် ဘာဖြစ်မည် ညာဖြစ်မယ် ဟုကပ်ကာ ခြိမ်းခြောက်သဖြင့် ကြောက်အားလန့်အားနှင့် ပါးရိုက်ချလိုက်တာကြောင့်
အရှက်ဗြန်းဗြန်းကွဲခဲ့တာဖြစ်သည်။ ဒါတွေအားလုံးကို ကောင်းကင်က ယုယကိုသာပြောပြထားတာကြောင့် တိမ်စိုင်ဘာမှမသိချေ။

'' တော်တော့ ယုယ..... ဒီကောင့်ကို ဆွဲထုတ်လိုက်တော့ ခြံထဲ ပေးမဝင်နဲ့ ''

ယုယအကြောင်းသိသည်မို့ တိမ်စိုင်အမြန်တားရသည်။ မဟုတ်လျှင် မကြားဖူးသော ဆဲနည်းပေါင်းစုံကိုကြားရတော့မည်။

တိမ်စိုင် အနောက်ကို လှည့်ကြည့်တော့ ကောင်းကင်မရှိတော့ပေ။ အိမ်ထဲဝင်သွားသည်ဟုပြောကြသောကြောင့် တိမ်စိုင်နဲ့ ယုယတို့ အိမ်ထဲလိုက်သွားသည်။ နောက်တော့ တိမ်စိုင့်အခန်းထဲက ငိုသံတွေ ကြားရသည်။ ယုယတို့ဝင်သွားတော့ ဒူးနှစ်ဖက်ကို လက်ဖြင့် တင်းတင်းပိုက်ကာ မျက်နှာအပ်ပြီး ငိုနေသော ကောင်းကင်ကို တွေ့လိုက်ရသည်။

'' ကောင်းကင်... ''

'' မလာနဲ့ ငါ့နား မလာကြနဲ့ ထွက်သွား.....အား...ထွက်သွားကြ ''

နားနှစ်ဖက်ကို ပိတ်ကာ အတင်းအော်ထုတ်သည်။ တိမ်စိုင်တို့လည်း အနားအတင်းတိုးသွားပြီး ကောင်းကင်ကို တင်းနေအောင်ဖက်ထားလိုက်ကြသည်။ အစက ရုန်းနေတဲ့ ကောင်းကင်ကနောက်တော့ တဖြည်းဖြည်း မောလာသည်နဲ့တူပါသည်....တိမ်စိုင်ရင်ခွင်ထဲ ငြိမ်ကျသွားသည်။

'' ငါအိမ်ပြန်ချင်တယ် တိမ်စိုင်  ''

တိမ်စိုင်တို့နှစ်ယောက်လည်း ကောင်းကင်ကို အဝတ်အစားလဲစေကာ အိမ်အထိလိုက်ပို့ပေးပြီး အခန်းထဲရောက်အောင်ပို့ပေးလိုက်ကြသည်။ အပြန်ကားပေါ်တွင်တော့ တိမ်စိုင်ရော ယုယရော နှစ်ယောက်လုံး တိတ်နေကြသည်။

တိမ်စိုင်က လုံးဝမထင်ထားတာမို့လန့်နေသလို ယုယကလည်း ဒီလောက်ထိ ကောင်းကင်လုပ်လာလိမ့်မယ်လို့မထင်ထား။

နောက်နေ့ကျတော့ ကောင်းကင်၏ အရှက်ကွဲသည့် video ဟာ
အွန်လိုင်းပေါ်ပြန့်သွားပြီး ပတ်ဝန်းကျင်ကလူတွေပါ သိကုန်ကာ အိမ်ကလူတွေ နားထဲထိရောက်သွားတော့သည်။

ကောင်းကင်မိဘတွေဟာ ကောင်းကင်ကို ဆူပူကြသည့်အပြင် ကိုယ်ထိလက်ရောက်ပါ ဆုံးမကြတော့သည်။ထို့ပြင် အခန်းပိတ်ကာ ကျောင်းလည်းဆက်မတက်ခိုင်းတော့သလို အိမ်ထဲကအိမ်ပြင်လည်းမထွက်ခိုင်းတော့ပေ။

တိမ်စိုင်တို့ ယုယတို့သွားတွေ့တာတောင် အတွေ့မခံကြတော့။ သည်လိုနှင့် နှစ်ပတ်ပြည့်သည့်နေ့တွင် ကောင်းကင်ရဲ့ နာရေးသတင်းကိုကြားရတော့သည်။

တစ်ညနေတွင် ကောင်းကင် အားခေါ်မရ၍ ဝင်ကြည့်လိုက်တော့ ပါးစပ်ကနေ အဖြူရောင် အမြှုပ်များထွက်လျက် သေဆုံးနေသည်။

ကောင်းကင်ဟာ video ကိုနေ့တိုင်းကြည့်ပြီး ကောမန့်တွေလည်းနေ့တိုင်းဖတ်သည်။ တဖြည်းဖြည်း နှင့် အပြောအဆိုဒဏ်မခံနိုင်တော့သည့်အခါ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ခြင်းပင်။ အစကတည်းကပင် အားနည်းသူအဖို့ သည်တောင်ကတော့ ကောင်းကင်အတွက်အလွန် ကြီးမားလွန်းကာ မကျော်နိုင်ပဲ ဖြစ်သွားသည်သာ။

နောက်ဆုံး ကောင်းကင် သေဆုံးပြီးကာမှ သိလိုက်ရတာတစ်ခုက ကောင်းကင်ဟာ မွေးရာပါသားအိမ်ပါလာခဲ့ပြီး သားအိမ်ခေါင်းကင်ဆာနောက်ဆုံးအဆင့်လည်းဖြစ်နေခဲ့တာပင်။

ကောင်းကင်ဗိုက်အောင့်တယ်ပြောတိုင်း ရိုးရိုးအောင့်သည်ပဲထင်ခဲ့သမျှ အခုတော့... မယုံနိုင်စရာကိစ္စဟာ ကောင်းကင်မှာဖြစ်သွားခဲ့သည်။

နောက်တော့ တိမ်စိုင်ဦးနှင့် ယုယမြိုင်တို့ နှစ်ဦး လက်ထက်ကြကာ တိမ်တိုက်ကြိုးဆိုသည့် သားငယ်လေးဖွားမြင်ခဲ့တာပင်။

...........................

ခွန်းက ဒေါ်ယုယမြိုင် ပြောပြသော အကြောင်းများနားထောင်ရင်း ရင်ထဲ မကောင်းပေ။ လူတစ်ယောက် ကလူတစ်ယောက်ကိုချစ်တာဟာ အချိန်အပိုင်းအခြားတစ်ခုခု နေရာပတ်ဝန်းကျင်တစ်ခုခုတွင် ပြစ်တင်ပြောဆိုစရာ သက်သက်သာ။

'' ကောင်းကင်က အမေတို့ဆီပြန်လာခဲ့တယ် သား....အမေတို့ အိမ်ထောင်ပြုပြီးတော့ အိမ်မက်ထဲမှာ ကောင်းကင်က အမေတို့ဆီပြန်လာဖို့ ခွင့်တောင်းတယ်။ အမေခွင့်ပြုခဲ့တယ်။ သိပ်မကြာခင်ပဲ အန်တီတို့ တိမ်တိုက်ကြိုးလေးကိုရခဲ့တယ် ''

'' ဒါ.. ဒါဆို တိမ်တိုက်က..''

'' ဟုတ်တယ်သား... သားမယုံလောက်ဘူးဆိုပေမယ့် တိမ်တိုက်က လူဝင်စား.... တစ်နည်းအားဖြင့် ကောင်းကင် ဝင်စားတာ...''

'' အမေဘယ်လိုသိလဲ ''

'' ဒါက အမေ့အတွက်လွယ်တယ်သား....နှစ်တွေအကြာကြီး ရင်းနှီးခဲ့တဲ့ အဲ့ဒီမျက်ဝန်းတွေ အဲ့ဒီ မျက်တောင်တွေက နှစ်ယောက်မရှိနိုင်ဘူး။ ပြီးတော့ သူ့လက်ချောင်းလေးတွေ ကလည်း အရမ်းသိသာတယ်။ လက်ဆစ်လေးတွေက နီနေတတ်ပြီး သွယ်နေတာ။ ပြီးတော့ ဆံပင်....အင်း......ကောင်းကင်ရှိတုန်းကလေ...သူ့ဆံပင်က အခုတိမ်တိုက်လိုပုံပဲ အုန်းမုက်ခွက်ကေလေး။ အိကျနေတဲ့ဆံသားတွေက အပေါ်ကိုလုံးဝမှ လှန်တင်လို့မရပဲ ဒီတိုင်းကျနေတော့တာ။ သွားတက်....သွားတက်ကတော့ သူ့အဖေမှာလည်းရှိတယ်။ အမေက သူ့ကိုဝမ်းနဲ့လွယ်မွေး ထားလို့သာ သူ့အမေဖြစ်နေတာ...အမေနဲ့တူတာ မရှိသလောက်လေ...''

'' ဪ.....''

ခွန်း တွေးမိလိုက်သည်။ အရင်ဘဝကရော အခုဘဝရောပါ တိမ်တိုက်ဟာ နုပြီး အားနည်းလွန်းသည်။

'' ပြီးတော့..နောက်ဆုံး အချက်က ......တိမ်တိုက်မှာ သားအိမ်ပါလာတယ် ဒါ့အပြင် တိမ်တိုက်ငယ်ငယ်တည်းက စကားပြောတတ်စအရွယ်မှာ အမေ့ကို ယုယ လို့ ခနခနခေါ်လေ့ရှိတယ်။ ဒါမှ ဒီအကျင့်ကို အမေတို့ဖျောက်ပေးခဲ့ကြတာ ''

'' ဗျာ.. သားအိမ်...ဟုတ်လား အမေ ''

'' ဟုတ်တယ်.... သားအိမ်ပဲသက်သက်ပါလာတာ...သွေးတွေဘာတွေ မဆင်းတာကြောင့် သူ့မှာ သားအိမ်ပါမှန်း တိမ်တိုက် မသိဘူး။ ''

'' ဒါ...ဒါဆို..ကင်...ဆာ..ကရော ''

'' နှစ်တိုင်းနှလုံး စစ်ရင်း သူမသိအောင်စစ်ထားတယ် ကင်ဆာတော့မရှိဘူး ''

'' တော်သေးတာပေါ့.....''

ခွန်း သက်ပြင်းလေးချလိုက်ပြီး ခုံနောက်ကိုမှီချလိုက်တော့သည်။ ဒေါ်ယုယမြိုင်တို့၏ အကြောင်းကို နားထောင်ရသည်မှာ ရုပ်ရှင်တစ်ကားကြည့်နေရသလိုပင်။

'' အဲ့တော့ အမေ ပြောချင်တာက......ကောင်းကင်လို တိမ်တိုက်ကို မဖြစ်စေချင်ဘူးသား။ တိမ်တိုက်က မင်းတွေ့တဲ့အတိုင်းအရမ်းနုလွန်းနေတယ်။ တစ်ခုခုဆို ဆေးရုံရောက်ရတာပဲ။ အရှေ့အခေါက်တွေက အန်တီတို့ ကံကောင်းလို့ အသက်မှီခဲ့တာ သား...။ သူ့ရောဂါက ဗြုန်းစားထ ထဖောက်တတ်တာမို့ အကြိမ်ကြိမ် ကံကောင်းဖို့ဆိုတာ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်လိမ့်မယ် ''

''. ......''

''သားတို့ချစ်ခြင်းကို အမေမခွဲချင်ပါဘူး။ ဒါပေမယ့်... တကယ့်တကယ် ရင်ဆိုင်လာရရင် သူမခံနိုင်ဘူးသား... ပြီးတော့ ကောင်းကင် ဘဝတုန်းက အဖြစ်မျိူး အမေ တိမ်တိုက်ကို ထပ်အဖြစ်မခံနိုင်ဘူး....သားနားလည်ရဲ့လား....သား ''

ခွန်းအတော်ကြာတိတ်နေပြီး သေချာစဥ်းစားနေသည်။ ဒေါ်ယုယမြိုင် သဘောထားကို သူကောင်းကောင်းကြီး နားလည်သည်။ သူ့အတွက်ကလည်း ခက်ခဲသည့်ကိစ္စမို့ ခွန်းအတော်လေးအကြပ်တွေ့နေသည်။

'' ဒါဆို အမေ့ဆန္ဒက တိမ်တိုက်နားက ကျွန်တော့်ကိုထွက်သွားစေချင်တာလား ''

ဇာတ်လမ်းအရှည်ကြီးကိုအစပျိူးခြင်းဟာ နောက်ဆုံး ဒီလိုဖြစ်စေချင်လို့ဆိုတာ ခွန်းနားလည်လိုက်သည်။

'' မိခင်တစ်ဦးရဲ့ အတ္တ ကို သားနားလည်ပေးပါကွယ်။ မိခင်တစ်ယောက်က သူ့သားသမီးအတွက်ဆိုရင် အမုန်းခံဆိုလည်း ခံဖို့အသင့်ပါ။ မင်း အမေ့ကိုမုန်းမယ်ဆိုရင်မုန်းပါတော့ကွယ်...ဒါပေမယ့် တိမ်တိုက်ကိုတော့ သာမန် ယောကျာ်း လေးတစ်ယောက်အနေနဲ့ပဲ ဘဝကိုဖြတ်သန်းပါစေတော့။ ''

ခွန်းအကြာကြီးစဥ်းစားသည်။ သူ့အဖို့ တိမ်တိုက်ကို စွန့်လွှတ်ဖို့ရာ သိပ်ကို ဝန်လေးလွန်းနေသည်။ ပြီးတော့ စိတ်ထဲလည်း မကောင်းပေ။ ဟိုတလောကပဲ အမေ ဖြစ်ပေးမယ်ဆိုသည့်လူက နောက်ဆုံးတော့လည်း သူစိမ်းတစ်ယောက်သာသာပါပဲ။ အမေဆိုရင် သားအတွက် ထည့်တွေးပေးရမှာပေါ့...အခုဟာက သူ့ခံစားချက်ကို ထည့်မတွက်ပဲ တစ်ဖက်သတ်ကြီး ဖြစ်စေချင်နေတာပင်။

ခွန်းနောက်ဆုံး မဲ့ပြုံးလေးပြုံးလိုက်ပြီး...ခေါင်းလေးတငြိမ်ငြိမ့်ဖြင့်

'' ဟုတ်ပြီ အန်တီဖြစ်စေချင်သလို ဖြစ်ပေေါမယျ။ ဒါပေမယ့် သူ့မွေးနေ့ပြီးမှ ကျွန်တော်လမ်းခွဲပေးနိုင်မယ်။..သူ့ကိုပေးလက်စ ကတိလေးရှိနေလို့ ''

ဒေါ်ယုယမြိုင် ခေါင်းငြိမ့်ပြတော့ ခွန်းနေရာကထသွားပြီး အဝတ်တွေ ထည့်ကာ အိမ်ကနေ ချက်ချင်းထွက်လာခဲ့လိုက်သည်။ မထွက်ခင် ဒေါ်ယုယမြိုင်ကိုတောင် ကန်တော့ခဲ့လိုက်သေးသည်။

အဲ့နောက်ပိုင်းရက်တွေမှာ ညတိုင်းခွန်း အိပ်မပျော်တော့ပေ။ အတွေးတွေတိုင်းက ခွဲခွာရမည့်အကြောင်းချည်းသက်သက်သာ။ ပြီးတော့ ကိုယ်ကစထားခဲ့ရမည်ဖြစ်၍ အထားခဲ့ခံရတာထက်ပိုနာကျင်နေသည်။

ထို့ကြောင့် တိမ်တိုက်မွေးနေ့မှာ သူ့စိတ်ကြိုက် လိုက်လျောခဲ့တာဖြစ်သည်။ နောက်ဆုံးဆိုတာမျိူးကိုနှလုံးသွင်းကာ အလိုလိုက်ပေးခဲ့သည်။ သို့သော် ကံကြမ္မာက ခွန်းကို နည်းနည်းလေးတောင် မျက်နှာသာ မပေးချင်ခဲ့။ မရှိမဲ့ရှိမဲ့ တစ်ရက်လေးကိုတောင် အပြည့်အဝ ပျော်ခွင့်မပေး။ ကွဲကွာတော့မည်ဆိုကာမှ ထွဋ်ခေါင်ကလည်း သိဖြစ်အောင် သိသွားတော့သည်။

စိတ်ညစ်နေမှာစိုးလို့ စိတ်ပြောင်းအောင် အတင်းကြိုးစားပေးနေတဲ့ ဘေးက ကလေးကို သိပ်အားနာလှသည်။ ဒီလိုအလိုက်သိလွန်းတဲ့ ကလေးကို လမ်းခွဲဖို့ဆိုတာ တော်ရုံရူးနေတာမျိူးနဲ့မရပေ။ ပြီးတော့ ဤချစ်တတ်လှပါပြီဆိုတဲ့ သူ့ကလေးမှ ရလိုက်တဲ့ဒဏ်ရာ။

ကျွန်တော်က ချစ်တယ် ဆိုရင် တိမ်တိုက်က ပိုချစ်တယ် ဆိုတဲ့ သူမျိူးဗျ ။

ရုပ်ရှင်ရုံထဲ ဝဲတက်လာတဲ့ မျက်ရည်စကို သူက တွေ့ဖြစ်အောင်တွေ့လိုက်သေးတာ။ မင်းလေးရှေ့မှာတော့ မောင်က ပျော့ညံ့လို့ ဘယ်ဖြစ်မှာလဲ။

အဲ့နေ့က ညနေပြန်တော့ တစ်ယောက်တည်း ။ ပထမက တိမ်တိုက်ကို ခေါ်သွားဖို့ စီစဥ်ထားတာဖြစ်ပြီး ပြောင်းလဲသွားသော အခြေ အနေတို့ကြောင့် တစ်ယောက်တည်းပြန်လာရသည်။ ညကျရင် ထွဋ်ခေါင်အတွက် ထုချေလွှာတွေ တင်ရဦးမှာပင်။

'' မင်းကို အဲ့လို လူမျိူးဖြစ်လိမ့်မယ်လို့ ကိုယ်ဘယ်တုန်းကမှ မတွေးခဲ့မိတာ အမှန်ပဲ ''

''ကျွန်တော်က ဂေးဖြစ်နေတာကို ဆရာပြောချင်တာလား...''

'' မင်း ရဲ့ ပုစွန်ဦးနှောက်နဲ့ လာပြောမနေနဲ့။ မင်းက လိမ်တတ်တဲ့သူမှန်း ငါတကယ်မသိခဲ့တာ ''

''အချိန်မရောက်သေးလို့ မပြောပြသေးတာပါဆရာ ''

'' အချိန် ဟုတ်လား.. ဘာလဲ မင်းလင်ယူသွားမှ အချိန်တန်မှာလား ''

ထွဋ်ခေါင် နှင့် ခွန်းတို့ရဲ့ လေလှို င်းတိုက်ပွဲ ဖြစ်သည်။ မပြောဖူးသည့် အရိုင်းစကားလုံးတွေပါထည့်သုံးလာပြီမို့ ထွဋ်ခေါင် တော်တော် စိတ်ဆိုးနေမှန်းသိသာသည်။ သူများ ပြောမှ အကြောင်းစုံသိရသောကြောင့် ဒေါသပိုထွက်သည်။

'' ငါမထင်ခဲ့တာ မင်းကတော့ ငါ့အပေါ်ကို ဒီလိုလုပ်လိမ့်မယ်လို့။ လက်သည်းဖွက်ထားတဲ့ ကြောင်တွေက သိပ်ရိုင်းတယ် ခွန်းမာနမောင်  ''

'' ကျွန်တော်ဘာတွေ လုပ်မိနေလို့လဲ။ ရည်းစားလေးထားမိတာနဲ့ ကျွန်တော့်အပြစ်က အဲ့လောက်ကြီးသွားလားဆရာ။ ကျွန်တော်တော်က အရွယ်ရောက်ပြီးသားလူတစ်ယောက် ငယ်ငယ်ကလို နေရာတကာ လိုက်ပိတ်ပင်နေလို့ မဖြစ်ဘူးဆရာ ကျွန်တော့်မှာ လည်း လွတ်လပ်ခွင့်ဆိုတာရှိတယ် ''

'' ရည်းစားထားတာ အပြစ်မဟုတ်ဘူး.... အဲဲ့ဒါကို လိမ်ခဲ့တဲ့တာက အပြစ်။ ငါမင်းကို ဘယ်လောက်ထိမျှော်မှန်းလဲ ဘယ်လောက်ထိဖြစ်စေချင်လဲ မင်းအသိဆုံး ။ မင်း ဖြစ်ချင်ခဲ့တာမှန်သမျှ မဖြစ်ခဲ့ရတာဘာရှိလဲ ငါ့ကိုပြော။ သွေးမတော်သားမစပ်တဲ့ မင်းကို ငါစေတနာ မေတ္တာသက်သက်နဲ့ ပြုစုပျိုးထောင်ခဲ့တာကွ။ အခုမင်းလုပ်ပုံက ကောင်းသေးလား ''

''. ..... ''

'' ငါ့ကိုလိမ်တယ် မင်းကျောင်းကကိစ္စရော ဘာရောအကုန်လုံးပဲ။ သူများ ပြောမှ တစ်ဆင့်အကုန်ပြန်သိရတယ်။ကြားရတဲ့သတင်းတွေကလည်း တစ်ခုမှ မကောင်း နေပါဦး.. မင်းကိုယ်မင်းဟုတ်လှပြီထင်နေတာလား ''

''. .....''

'' မင်းက ငါ့ပိုက်ဆံကိုယူပြီး ရည်းစား နဲ့လျှောက်သွားနေပြီး ငါ့ပိုက်ဆံတွေကို မင်းရည်းစားအတွက်သုံးနေတာလား။ ။ ငါဒီလိုထောက်ပံ့နေတဲ့ငွေတွေက မိုးပေါ်ကျလာတာမဟုတ်ဘူး။ ''

'' ဆရာ့ပိုက်ဆံတွေ ကျွန်တော် ပြန်ဆပ်မှာပါ ''

'' အဟက်...အခုတော့ မင်းဒီအသံထွက်ပြီးပေါ့ အေးပေါ့လေ မင်းမှာ မင်းအဖေ တစ်ယောက်လုံးရှိနေတာ ငါမေ့သွားတာပဲ ''

'' အဲ့လိုသဘောမျိူးမဟုတ်ဘူးဆရာ ''

ဦးမာန်ခွန်းစစ် လတိုင်းထောက်ပံ့နေသောငွေတို့အား မိဘမဲ့ဂေဟာတစ်ခုနာမည်နှင့်တိုက်ရိုက်လွှဲထားပြီးသားဖြစ်၍ အားကိုးရှာစရာဘာအကြောင်းမှမရှိပေ။

'' အဲ့တော့ ကိုယ်ရှင်းရှင်းပဲပြောတော့မယ်။ မင်းကိုယ့်အရိပ်အောက်မှာပဲ နေဦးမယ်ဆိုရင်တော့ ကိုယ့်သဘောအတိုင်းမင်းနေရမယ်။ ဒါမှမဟုတ် အားကိုးရှိလို့ မင်းထွက်ချင်တယ်ဆိုလည်းထွက် ကိုယ်က ပြတ်တယ် ''

ဒါ ထွဋ်ခေါင်၏ နောက်ဆုံးစကားပင်။ သူ့အထောက်အပံ့နှင့်ကျောင်းဆက်တက်မယ်ဆိုလျှင် သူ့သဘောတိုင်းနေရမည်။ မဟုတ်လျှင် ဦးမာန်ခွန်းစစ် ဆီ သွား ဆိုပြီးနှင်လွှတ်နေတာပင်။ ဒါ မသွားမှန်းသိလို့ သက်သက်အကြပ်ကိုင်နေခြင်းသာ။

ပညာရေးတစ်ပိုင်းတစ်စကြီးမို့ ကျောင်းထွက်၍ အလုပ်ဝင်လုပ်ဖို့ကလည်း သူ့ပုံစံနှင့်အတော်ခက်သည်။ ထို့ပြင် နှစ်ရှည်လများရဲ့ သည်လွှမ်းမိုးမှုအောက်က ရုန်းထွက်ရန် ခက်လှသည်။ အစစအရာရာ ကူညီစောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးရှင်ဟာ
ထွဋ်ခေါင်ဖြစ်သည်။ လူရောစိတ်ရော ကျန်းမာလာအောင် သူတစ်ယောက်တည်း အဘက်ဘက်က ကြိုးစားပေးခဲ့တာဖြစ်သည်။ ထွဋ်ခေါင်ကြောင့်သာမဟုတ်ရင် သူဒီလိုနေရမယ် မဟုတ်မှန်းနားလည်သည်။

''. ......''

'' ဒီမှာ ခွန်းမာနမောင် ကိုယ်တစ်ခုပြောပြမယ်။ ဒီအချိန်မှာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို မင်းသေချာစဥ်းစား... မင်းကဘာလဲ... မင်းက ဘယ်လို လူမျိူးလဲ..မင်းအနေအထားက ဘာလဲ ဆိုတာ မင်းကောင်းကောင်းသိဖို့လိုတယ်။
ဝ မရှိပဲ ဝိမလုပ်ချင်နဲ့ငါ့တပည့်။ အချစ်ဆိုတာ ဒီဘဝလမ်းကြောင်းမှာ ဘာမှ အရေးပါအရာမရောက်ဘူး.... အဲ့ဒီအချစ်က မင်းကို ဟိုးအောက်ဆုံးထိဆွဲချသွားလိမ့်မယ်။ အရေးမပါတာတွေ မလုပ်ချင်ပါနဲ့ ကွာ ''

'' ဆရာ့သဘောအတိုင်းဆိုတာက ''

'' ဟုတ်တယ် လမ်းခွဲလိုက်...မင်းရောသူရောက လောကကြီးအကြောင်းဘာမှမသိသေးတဲ့ကလေးသာသာပဲ။ အရေးမပါတဲ့ အချစ်က မင်းတို့ဘဝတွေကို ဖျက်စီးသွားမှာ မင်းနားလည်ရဲ့လား။ ငါ့သဘောဆိုတာက အဲ့တာပဲ မင်းအရင်လိုပြန်နေရမယ်။ မင်းအာရုံတွေက ပညာရေးတစ်ခုကိုသာ စိတ်ဝင်စားရမယ်။ ငါ့အရိပ်အောက်မှာ ငါ့အထောက်အပံ့ယူပြီး ရည်းစားနဲ့အလေလိုက်နေတာမျိူးကို ငါလုံးဝ သဘောမကျဘူး။.... အဲ့ တော့ မင်းရွေး...မင်းရဲ့ ပညာရေးလား...မင်းရဲ့အချစ်လား...''

'' ဒါဆို ကျွန်တော်တစ်ခုလောက်မေးမယ်ဆရာ။ ကျွန်တော့်နေရာမှာ ဆရာဆိုရင်ရော ဘာကိုရွေးမလဲ..''

'' ဒါက ကိုယ်ဖြေစရာမလိုအောင် ကိုယ်ရွေးချယ်ခဲ့ပြီးပြီ။ အချစ်ကိုပယ်ပြီး ကိုယ် ပညာရေးကိုရွေးခဲ့လို့ ဒီနေ့ ဒီနေရာမှာ ရပ်နေနိုင်တာ။ မင်းလည်း ကိုယ့်လိုလုပ်နိုင်ရမယ် ''

'' ကျွန်တော်နားလည်ပြီ ဆရာ ။ ဆရာက ဆရာ့လို ကျွန်တော့်ကိုဖြစ်စေချင်တာမလား ။ ဟုတ်ပြီ ဖြစ်စေရပါမယ် ဆရာ ''

'' မင်းနားလည်တာ ကိုယ်ဝမ်းသာပါတယ် ။ မင်းလစ်ဟင်းနေတဲ့မင်းတာဝန်တွေကို မင်းပြန်လုပ်ပါ ငါ့ညီ.... ''

'' ဟုတ်ကဲ့ပါ ဆရာ ''

ခွန်းဖုန်းကိုချပြီးတော့ ဟက်ဟက်ပက်ပက်ရီလိုက်တော့သည်။ မျက်ရည်တွေကျသည်အထိ နာကျင်စွာ ရယ်သည်။ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေမှာ ထွဋ်ခေါင်က သူ့ကိုတိကျတဲ့အဖြေတစ်ခုပေးလိုက်ပြီလေ။

ခေါင်းငုံ့ခံရုံကလွဲလို့ ဘာမှ မတတ်နိုင်သည့်အနေအထားကြောင့် ခွန်း စိတ်ပျက်စွာရီပြီးရင်း ရီမိသည်။ သူဟာလွတ်လပ်သည့် သူတစ်ယောက်မဟုတ်မှန်းအခုမှ သတိရတော့သည်။ သူ့မှာက နှောင်ထားတဲ့ကြိုးတွေနဲ့ ။

လူတွေတိုင်းက အတူတူချည်းပါပဲ သူတို့ဖြစ်ချင်တာပဲသိကြတာ
ကျွန်တော်ဘယ်လိုခံစားနေရမလဲ တွေးပေးတာဆိုလို့ အဲ့ဒီကလေးလေးပဲရှိတယ်။ ဒါတောင် ကျွန်တော်က သုညဘဝနဲ့မို့ ဘာခွန်အားနဲ့မှ မကာကွယ်ပေးနိုင်ခဲ့ဘူး။

ဖြစ်နေသမျှ အရာအားလုံးအတွက် ကျွန်တော့်ဘက်မှာ တစ်ယောက်တစ်လေတောင် ရှိမနေခဲ့ဘူး။ ကျွန်တော်က အမြဲ တစ်ယောက်တည်းပဲ။ နာကျင်လည်းခံ ဝမ်းနည်းလည်း စံ အမြဲ တစ်ယောက်တည်း။

ကျွန်တော့်ခံစားချက်တွေ ကျွန်တော့်ဆန္ဒတွေကို ထည့်တွေးပေးတဲ့သူဆိုတာ ခပ်ရှားရှားရယ်။

ကျွန်တော်လဲကျလည်း ကိုယ့်ဘာသာ ပြန်ထခဲ့ရတာချည်း။ ဒါတောင် တစ်ချိူ့တွေက ပြောတယ် ခွန်းမာနမောင် က အသည်းမာတယ်တဲ့လေ။

ကျချင်ရင်တောင် သုတ်ပေးမယ့်လက်တစ်ဖက်မရှိခဲ့တာမို့ မျက်ရည်ဆိုတာလည်း လွယ်လွယ်မကျတတ်ခဲ့ဘူး။ သေနေပါတယ်ဆိုတဲ့ ဒီစိတ်တွေကိုပဲ ခင်ဗျားတို့က အကြိမ်ကြိမ်သတ်နေခဲ့ကြတာလေ။

အဲ့နေ့ကကျွန်တော်မှာ အံကိုအတင်းကြိတ်ပြီး လမ်းခွဲစကားပြောခဲ့ရတာ ရှိုက်သံမထွက်အောင်ထိန်းပြီး ငိုခဲ့ရတာ။ လမ်းခွဲမယ်ပြောတော့ မထားခဲ့ပါနဲ့ဆိုတာချည်းပဲ အသေအလဲပြောနေတဲ့ကလေးကြောင့် ဒီဘက်လူမှာလည်း ရင်ကွဲမတက်။ ဒီကလေးလောက် ချစ်တတ်တာ ဒီကလေးပဲရှိတာပါ...ဒါကိုမှ ဒီကလေးကိုချည်းနာကျင်စေမိတာ။

မောင့်ကို အသံကြားကတည်းကစွဲလမ်းခဲ့ရတာတဲ့။ အဲ့အကြောင်းပြောပြတုန်းကတောင် အံ့ဩမဆုံးပဲ။ လူတွေအများကြီး ထဲကမှ သူ့ရဲ့ ဖုန်းကောလ်ကို တိမ်တိုက်က ဖြေပေးခဲ့တာတဲ့လေ။ အချစ်ဆိုတာ အဲ့သည်လောက် ဆန်းကြယ်ခဲ့တာ။ ဒါပေမယ့် ...ဒါပေမယ့်...

ကယောင်ကတမ်း တွေငိုယိုပြီးပြောလာတာကြောင့် နောက်ဆုံး ဆက်နားမထောင်နိုင်တော့ပဲ...ဖုန်းကိုချပစ်လိုက်ခဲ့လိုက်သည်။

စိတ်ရှိတိုင်းသာဆို မင်းကို ခေါ်ပြီး အဝေးကြီးကိုထွက်သွားလိုက်ချင်တာ...တိမ်တိုက်ရယ် ဒါပေမယ့် ဒါတွေက သိပ်ကို ယုတ်တိမဆန်ခဲ့ဘူးလေ...

အားမရခြင်းတွေ မကျေနပ်ခြင်းတွေ ဒေါသတွေက အိပ်ယာဘေးက နံရံပေါ်မှာ တရစပ်ကျကုန်သည်။ အားသုံးပြီး ထိုးနေသည့်တိုင် အဲ့လက်ကလေ တစ်စက်ကလေးတောင်မနာခဲ့ဘူး။ သွေးတွေ ဗရပွထင်နေတဲ့ အထိ ဖြစ်နေတာတောင် ရင်ထဲက နာတာ မသက်သာခဲ့ပေ။

အဲ့အချိန် မွေးနေ့အတွက် စပရိုက်လုပ်ဖို့ဆိုပြီး မှာထားတဲ့ ကိတ်ကရောက်လာပြီး ဒဏ်ရာ တွေ ပေပွနေတဲ့ လက်နဲ့ သွားယူလိုက်သေးသည်။

ကိတ်လေးက အဝါရောင်လေး တိမ်တိုက်ရယ် မင်းလေး အရမ်းသဘောကျမှာ...
မင်းအကြိုက် မိုင်ကော်ဖီကိတ်အရသာလေးရဖို့ မောင် ဆိုင်ကို အတင်းအပူကပ်ခဲ့ရတာ သိလား....
မောင် ဖယောင်းတိုင်ထွန်းပြီး ဘက်ဒေးသီချင်းဆိုပေးလိုက်သေးတယ်
ငိုသံပါတာကတော့ နည်းနည်းသည်းခံနော်...

နောက်နေ့ မောင် ရှန်မင်းကို အကူအညီ လှမ်းတောင်းလိုက်တယ် မင်းကို သွားကြည့်ပေးဖို့ပေါ့။ ဘယ်ဆိုးလို့လဲ အလုပ်သွားတယ်တဲ့ ဒီတစ်ခါ မင်းလေး တိုးတက်လာပြီပဲ။ မောင်က မင်း ဆေးရုံထပ်ရောက်မှာကို စိုးရိမ်နေတာ။

မင်းအဆင်ပြေလာတဲ့အထိ မောင်သိချင်တာမို့ ရှန်မင်းကို တောင်းတောင်းပန်ပန် ပြောခဲ့ရသေးတယ်သိလား။ ဒါတောင် သူက ကိုယ့်ကို ကျောင်းမှာ တစ်ချက်ထိုးသွားသေးတယ်။ မောင်နဲ့ တန်ပါတယ်လေ။

မင်းက မောင်မရှိလည်း မောင့်စကားတွေ နားထောင်နေတုန်းမို့ မောင့်မှာ မျက်ရည်ဝဲရပြန်တယ်။ နေ့တိုင်း မောင့်ကို လာလာစောင့်နေတာ တွေ့တယ်။ မင်းရှေ့ ထွက်ပြဖို့ရာ ဘယ်လိုမှ မရဲတာမို့ အဝေးကနေပဲ မင်းကို ပြန်စောင့်
ကြည့်တယ်။ မင်းပြန်မှ မောင်လည်းသွားတာပေါ့။ မောင်တွေ့ပါရဲ့...တစ်ရက်က မင်း ကန်ဘောင်ပေါ် တစ်ယောက်တည်း လမ်းလျှောက်နေတာ။ မောင်လည်း မလှမ်းမကမ်းမှာ မင်းနဲ့အတူ လျှောက်ခဲ့တယ်။

ဒါတွေ မင်းသိဖို့မလိုပါဘူး။ အဓိက က တဖြည်းဖြည်း မင်းမောင့်ကိုမုန်းလာပြီးမေ့သွားဖို့ပေါ့။

နောက်တော့ မင်းအလုပ်ပါ မလာတော့တာကြားလို့ ရှန်မင်းကိုမေးတော့ ထွေထွေထူးထူး မဟုတ်လို့ တော်သေးတယ်။

တစ်ရက် မောင် လှည်းတန်း ကိုသွားတုန်း မင်းတို့အုပ်စုနဲ့တွေ့လို့ မောင် ပြန်လှည့်ပြေးခဲ့ရတယ်။ ဒါကို မင်းက အနောက်ကအတင်းလိုက်လို့ ကိုယ်မနည်းပုန်းရတယ်။ ပြတ်လတ်စသံယောဇဥ်ကို ပြတ်စေချင်တာပါကလေးရယ် မင်း သိပ်ပင်ပန်းနေပြီး...အင်း.....မောင်ရောပဲ

နောက် မောင် အင်းလျားဘက်ထွက်လာပြီး ရေကန်စပ်မှာထိုင်နေတုန်း သီချင်းသံတွေကြားလို့ ကြည့်လိုက်တော့ မင်းတို့ဖြစ်နေပြန်ရော အဲ့တာနဲ့ တွေ့မှာစိုးလို့ ပြန်မယ်လုပ်နေတုန်း...မင်းအသံကြားတော့ မောင် ရပ်ကြည့်နေမိတယ်။ မျက်လုံးအုပ်ထားတဲ့မင်းက မောင့်ကိုမမြင်နိုင်တာကြောင့် မောင်အရဲစွန့်ကာအနားကပ်ပြီး မင်းဆိုတာကိုသေချာ နားထောင်ခဲ့တယ်။ ကြေကွဲစရာသီချင်းကြီးကို နာနာကျင်ကျင်ဆိုနေတဲ့မင်းကြောင့် မောင့်မှာ ရင်တွေနာလိုက်တာ ကွာ။

လှောင်အိမ်ထဲက ငှက်တစ်ကောင်ပါကလေးငယ်။
ဘယ်မှာ သူ့အတောင်တွေကိုအလှဆုံးဖြန့်ပြနိုင့်ပါ့မလဲ....

မောင့်ကို ခွင့်လွှတ်ပါ..

29.5.2022

המשך קריאה

You'll Also Like

101K 12.7K 106
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
61K 2.2K 68
မေမေကတော့ ပြောရှာပါတယ်။ သားလေးရင်ခုန်မိတာ ကောင်လေးတစ်ယောက်ဘဲရှိသေးတယ်။ နောက်တစ်ယောက်ကို သားရင်ခုန်မိသွားရင် အဲ့တစ်ယောက်ကတော့ မိန်းကလေးတစ်ယောက်ဖြစ်နို...
560K 30.1K 81
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022
65.1K 4.4K 54
ရွာ၂ရွာကြား ချောင်းကလေးကစည်းခြားထားသလို ကျွန်တော်တို့၂ယောက်ကြားမှာလည်းစည်းတချို့ကခြားထားသည်လေ.... ဒါပေမယ့် ရွာ၂ရွာကိုဆက်သွယ်ဖို့တံတားလေးတည်ဆောက်ထားလိ...