Unicode~
နှင်းဆီမြိုင်...
အရင်လို မကြွယ်ဝတော့၊ ဧကထောင်ချီသော ဝါခင်းတွေ မရှိတော့။
ညနေခင်းလက်ဖက်ရည်ဝိုင်းတွေလည်း မရှိတော့။
အရာရာပြောင်းလဲခဲ့ပြီ။
ခေတ်သစ်စနစ်သစ်တစ်ခုကို အမေရိကန်တောင်ပိုင်းပြည်သူတွေနဲ့အတူ ဂျော်ဂျီယာကနှင်းဆီမြိုင်ဝါခင်းကြီးလည်း ကျော်ဖြတ်နေရသည်၊ ရင်ဆိုင်နေရသည်။
"ခင်ဗျားကလည်း အဲ့လိုလုပ်ရတာ မဟုတ်ပါဘူးဆို"
"ကိုယ်မှ ဝါမဆွတ်တတ်ဘဲ"
"မလုပ်နဲ့တော့ဗျာ။ အိမ်ထဲဝင်တော့။ ခင်ဗျားကို သင်ရတာနဲ့ ကျုပ်ဝါဆွတ်လို့မပြီးတော့ဘူး"
Taehyung စိတ်မရှည်လာတော့။ Jeonက ဝါဆွတ်တဲ့နေရာမှာ ပါရမီကိုမပါတာ။
ဝါခင်းထဲဆင်းနေရတာ ဘယ်နှလတောင်ရှိပြီလဲ။ ဒါကို ခုထိ ဝါတစ်ပေါင်ပြည့်အောင် မဆွတ်နိုင်သေးတာက မလွန်လွန်းဘူးလား။
နောက်ခါများတော့ သူ့ယောကျ်ားကို လုံးဝ ဝါမဆွတ်ခိုင်းတော့။
"ချာတိတ်တစ်ယောက်တည်း ဘယ်ဖြစ်ပါ့မလဲ"
"ဖြစ်ပါတယ်ဆို။ ခင်ဗျားကို သင်နေရမှ ကြာနေတာ"
နှင်းဆီက အသည်းယားဖို့ကောင်းလှသည်။ မျက်ခုံးများကို တွန်းချိုးပြီး နှုတ်ဖျားက ပွစိပွစိပြောနေသေးသည်။
အနားသတ်ကျယ်ကျယ်နဲ့ မြက်ဦးထုပ်ဆောင်းထားပေမယ့် ချာတိတ်မျက်နှာပေါ်နေထိုးနေသည်။
ဂျော်ဂျီယာရဲ့ ဝါဆွတ်ချိန်က အမြဲဤသို့ပင်။
ယန်ကီတွေ အစစအရာရာသိမ်းယူပြီးတဲ့နောက် ကပ္ပလီကျွန်တွေဆိုတာ အိမ်စေအနည်းငယ်ကလွဲရင် ကျန်တာမရှိတော့။
သစ္စာခံ လယ်ကူလီတွေဆိုလျှင်တော့ ကျန်ကောင်းကျန်လိမ့်မည်။
ကပ္ပလီလွတ်လပ်ခွင့်နဲ့ မဲပေးခွင့် အမိန့်ထုတ်ပြန်ပြီး မြို့အသီးသီးမှာ လွတ်လပ်သောကပ္ပလီအစည်းအရုံးဆိုတာ ပေါ်လာတည်းက ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တဲ့ ကပ္ပလီတွေ မြို့ပေါ်မှာတော့ ဆောင့်ကြွားကြွား။
ထိုတည်းက Taehyungတို့လို လယ်ပိုင်ယာပိုင် လူဖြူတွေ လယ်ယာအခင်းထဲ ခါးကျိုးအောင် အလုပ်ဆင်းလုပ်ရတော့သည်။
"မလုပ်တတ်ဘူးဆို အိမ်ထဲသွားနေတော့ ဒီမှာနေပူတယ် ခင်ဗျားရဲ့"
ဝါဆွတ်ရင်း ရှပ်အင်္ကျီလက်နဲ့ နဖူးက ချွေးတွေကို ဆွဲသုတ်တဲ့ ချာတိတ်ရယ်။
မထင်မှတ်ထားလောက်အောင် ချာတိတ်က ဒူပေဒဏ်ပေခံသည်။
အခင်းတစ်ခုလုံးကို သူ့ခြေသူ့လက်နဲ့ မပြတ်စေရ။
"ကိုယ်ကြိုးစားလုပ်ပါ့မယ်။ ဝါခင်းနဲ့ စီးပွားရှာနေတာ ဝါမဆွတ်တတ်လို့ဖြစ်မလား"
"အဲ့လိုရုပ်ကြီး မဖြစ်သွားပါနဲ့ဆို။ ခင်ဗျားသိတဲ့အတိုင်း ဝါဆွတ်တယ်ဆိုတာ ကူလီတွေပဲ လုပ်ရတယ်လို့ မှတ်ခဲ့ကြတာမလား။ မလုပ်တတ်တာ အပြစ်မဟုတ်ပါဘူး။
ခင်ဗျားမပြောနဲ့ အိမ်စေကျွန်တွေတောင် ကူလီအလုပ်သူတို့ဝင်လုပ်ရကောင်းလားဆိုပြီး မျက်နှာတွေဆူပုတ်လို့"
"ကိုယ်က မလုပ်ချင်လို့ မျက်နှာဆူပုတ်နေတာ မဟုတ်ပါဘူးနော်"
ပြိုင်တူရယ်မိကြသည်။
ဒီလိုအချိန်လေးတွေကို နှင်းဆီမြိုင်ကြွယ်ဝစဥ်ကာလနဲ့ လဲလှယ်ရမည်ဆို မလဲနိုင်ပါ။
ကျိကျိတက် မချမ်းသာတော့သည့်တိုင် သူတို့ပျော်ကြသည်။
လက်တွေကြမ်းရှသည်အထိ ဝါဆွတ်ရ၊ ထွန်ယက်ရတဲ့ ဘဝကို ခုံမင်ကြသည်။
Jeonသာ ပြန်မလာရင် ဒီလို ဆင်းဆင်းရဲရဲကာလကို ဘယ်လိုဖြတ်ကျော်ရမလဲ တောင့်ခံနိုင်ပါ့မလား ကိုယ့်ကိုယ်ကိုယ် အာမ,မခံနိုင်။
"ရှေ့လကထက်တော့ ဝါထွက်ကောင်းလာသားပဲ"
"ရှေ့လတွေက ဝါထွက်မကောင်းဆို ဝါဆွတ်မှမဆွတ်တတ်ကြဘဲ။
ကပ္ပလီတွေကလည်း တွေ့တဲ့အတိုင်း..."
ချာတိတ်က စိတ်ပျက်လက်ပျက်မျက်နှာထားနဲ့ အနောက်မှာ ဝါဆွတ်နေတဲ့ အိမ်စေကျွန်တွေကို မျက်နှာရိပ်မျက်နှာကဲဖြင့်ပြသည်။
အိမ်စေကျွန်တွေက ဆင်းရဲသွားတဲ့လူဖြူတွေထက်ပင် ဝါဆွတ်ရမှာကို မုန်းနေသေးသည်။
သူတို့က ကပ္ပလီချင်းတောင် အဆင့်အတန်းခွဲခြားချင်ကြတာမျိုး။
"ကဲ..ကဲ ဒီနေ့နားကြတော့"
Jeonက အော်ပြောတော့ ကပ္ပလီတွေက ဝါဆွတ်ထားတဲ့ တောင်းတွေခြင်းတွေကို မ,ပြီး ဂိုထောင်ထဲသယ်သွားကြသည်။
"ဒီနေ့ညစာ ဘာလဲ ကိုယ်တော့ ဗိုက်ဆာနေပြီ"
"အဒေါ်ကြီး မြန်မြန်ချပေးတော့ ကျွန်တော့်ယောကျ်ား ဗိုက်ဆာနေပြီတဲ့"
"ချပေးပါမယ်တော် ချပေးပါမယ်"
ကပ္ပလီအဒေါ်ကြီးက နဂိုထော်နေတဲ့ နှုတ်ခမ်းကြီးကို ပိုထော်အောင်လုပ်ပြီး စကားပြောသည်။
သိပ်မကြာလိုက် မီးဖိုးခန်းထဲမှ အုပ်ကြီးတစ်ခုကိုင်ပြီး ပြန်ထွက်လာသည်။
"ဒီနေ့က ဟင်းကောင်းရခဲ့တယ်ထင်ပါရဲ့"
"ဟုတ်တယ် ရှားရှားပါးပါး တောကြက်လေးရလို့ ကောင်လုံးကင်ထားတယ် သခင်လေး"
ဝါခင်းထဲတစ်နေကုန်ပင်ပန်းခဲ့တာမို့ ညနေစာဆို အဝအပြဲစားကြသည်။
ရှားရှားပါးပါးကောင်လုံးကင်လေးပါ ရထားတာမို့ မြိန်ရေရှက်ရေစားရတဲ့ ညစာဖြစ်သည်။
"စာလာတယ်ဗျို့!"
အိမ်ရှေ့က ခေါ်သံကြားတော့ ထမင်းစားပြီး လက်ဖက်ရည်ကြမ်းသောက်နေတဲ့ လက်တွေ ရပ်တန့်သွားရသည်။
ကြေးနန်းစာလုပ်ငန်းနှောင့်နှေးမှုကြောင့် ညခင်းအချိန်မတော်ကြီး စာရောက်လာတာက အဆန်းတော့ မဟုတ်။
"ကိုယ်သွားယူလိုက်မယ်၊ ချာတိတ်ထိုင်နေ"
ခဏအကြာမှာ စာအိတ်တစ်အိတ်ယူ၍ရောက်လာသော Jeonကို တွေ့ရသည်။
သိပ်ပြီးမျက်နှာမကောင်းတာကြောင့် Taehyungကိုယ်တိုင်လည်း ရင်ထဲထိတ်သွားရသည်။
"ဘာစာလဲ၊ ဘယ်ကလဲ"
"အခွန်ရုံးကတဲ့။ ဒီနှစ်အတွက် လယ်ခွန်နဲ့ မြေခွန်ထင်ပါတယ်"
"ဖွင့်ကြည့်စမ်းပါ ဘယ်လောက်လဲလို့"
နှစ်ယောက်သားစာအိတ်ကို ဖောက်ဖတ်ကြည့်ရင်းမှ မျက်လုံးမျက်ဆံပြူးသွားကြသည်။
"မဖြစ်နိုင်တာ...ပြည်ထောင်စုဒေါ်လာချည်းပဲ ငါးထောင်က ဘယ်ကရမှာတဲ့လဲ။ ပြီးတော့ ဘာလို့ဧက ထောင့်ငါးရာလို့ တွက်ထားရတာလဲ။
ကျုပ်တို့မှာ မီးလောင်ကုန်ပြီလေ အဲ့လောက်မှ မရှိတော့တာ"
ယန်ကီအခွန်ရုံးကို မီးလောင်ဆုံးရှုံးသွားတဲ့ ဝါခင်းတွေကို ထည့်မတွက်ထားသည့်အပြင် ဝါရောင်းရဈေးထက် နှစ်ဆများပြီးတွက်ထားတဲ့ အခွန်တွေ။
"ကိုယ်ဖြေရှင်းပေးမယ် ကိုယ်ရအောင်လုပ်ပေးမယ်။ စိတ်မကောင်း မဖြစ်နဲ့နော်"
"ဘယ်လိုလုပ်မလဲ တစ်လအတွင်း ခင်ဗျားဒီငွေတွေ ဘယ်ကရှာမှာလဲ"
"ကိုယ်ရအောင်လုပ်ပေးမှာပါ။ မနက်ဖြန် ကိုယ်ဂျုန်းဘာရိုတက်သွားမယ်။ အခွန်ကိစ္စမပူနဲ့တော့နော် ဟုတ်ပြီလား"
Jeonကစိတ်မပူနဲ့ဆိုပေမယ့် ထိုညက Taehyung အိပ်မပျော်။
ဆင်းရဲမှုတွေက ကုန်ပင်မကုန်နိုင်။
တောင်ပိုင်းကဝါတွေကို မြောက်ပိုင်းဈေးနဲ့တွက်ပြီး အခွန်ကောက်စရာတဲ့လား။
"အိပ်မပျော်ဘူးလား။ ကိုယ်ချော့သိပ်မယ် မျက်စိမှိတ်ထားနော်"
သူ့ရင်ခွင်ထဲထည့်ဖက်ပြီး သီချင်းတစ်ပုဒ်ဆိုပြကာ ကျောကို တဖွဖွပုတ်ပေးသည်။
မျက်လုံးကို မဖွင့်စတမ်းမှိတ်ထားလိုက်ပြီး အချိန်အတော်ကြာမှ အိပ်ပျော်သွားတယ်ထင်ပါရဲ့။
နောက်တစ်နေ့မနက်မှာ Jeonက သူပြောထားတဲ့အတိုင်း ဂျုန်းဘာရိုသို့ မနက်စောစော ထွက်သွားသည်။
Jeon ဘယ်လိုဖြေရှင်းမယ်မှန်း ကိုယ်မသိ။
Jeon ပြန်မလာမချင်းသာ အိမ်ရှေ့ဆင်ဝင် နှင်းဆီရုံဘေး ထိုင်စောင့်နေခဲ့သည်။
ခပ်လှမ်းလှမ်းက ဝါခင်းတွေမှာ ကပ္ပလီကျွန်တွေ လက်ကြောမတင်းစွာ အလုပ်လုပ်နေကြသည်။
ဒီနေ့ သူကိုယ်တိုင်ဝါမဆွတ်နိုင်၊ သူမပါလျှင် ဝါသိပ်ရမှာမဟုတ်မှန်းလည်း သိနေသည်။
အိမ်စေကျွန်တွေက ဣန္ဒြေကြီးတစ်ခွဲသားနဲ့ ဝါဆွတ်နေကြတာများ Taehyung စိတ်ညစ်ညစ်ထိုင်နေရင်း နဲ့ပင် ဆွဲဆက်လုပ်ပစ်ချင်လာသည်။
"အရေးထဲ ဂျုန်းဘာရိုသွားတာ အဲ့လောက်ကြာရလားနော်"
အင်း...ကျွန်တော့်အတွက်တော့ ဆိုင်ဆိုင်မဆိုင်ဆိုင် သူ့ကိုလိုအပ်နေတာကိုး။
____
နေမထွက်ခင်က နှင်းဆီမြိုင်က လားတစ်ကောင်ကို စီးပြီးထွက်လာတာ နေ့ခင်း နေစူးစူးပူချိန်ရောက်မှ ဂျုန်းဘာရိုသို့ ရောက်သည်။
နားချိန်မရှိ..ဂျုန်းဘာရိုကြေးနန်းရုံးသို့ တန်းတန်းမတ်မတ်သွားပြီး တစ်နေရာကို ချောစာပို့လိုက်သည်။
'အမေရိကန်ပြည်ထောင်စု
နယူးယော့ခ်မြို့တော်၊ ဘဏ်ခွဲ ၃'
ဟု တံဆိပ်ကပ်ထားသော ချောစာကို ပို့လိုက်သည်။
အမြန်ဆုံးပို့ပေးရန်အလို့ငှာ စာတိုက်စာရေးလေးကို ဒေါ်လာအနည်းငယ်လာဘ်ထိုးလိုက်ရသည်။
တစ်လအတွင်း ငွေရမှဖြစ်လိမ့်မည်။
နယူးယော့ခ်ဘဏ်မှာ ငွေများများရှိသည်။ သို့သော် ယန်ကီအစိုးရက နှစ်စဥ်အခွန်ကို ဒရကြမ်းကောက်နေလျှင် ကုန်သွားလိမ့်မည်။
ငွေအဝင်အထွက်လည်ပတ်မိအောင် အတ္တလန်တာက လုပ်ငန်းတွေ ပြန်စဖို့ နှင်းဆီနဲ့ တိုင်ပင်ရဦးမည်။
မနက်စာစားပြီး ထွက်လာတည်းက ခုထိ ဘာမှမစားရသေးတာကြောင့် ဆာလောင်မွတ်သိပ်နေသည်။
ဂျုန်းဘာရိုက ဆိုင်တစ်ဆိုင်ဆိုင်မှာ ဝင်စားလို့ရပေမယ့် အပိုငွေမကုန်ချင်တာကြောင့် အောင့်အည်းသည့်ခံကာ နှင်းဆီမြိုင်သို့ ပြန်ခဲ့ရသည်။
ပူအိုက်နေတဲ့ ရာသီဥတုထဲ လှည်းလမ်းရှည်ကြီးကို မြင်းတစ်ကောင်နဲ့ အပြေးနှင်နေရသည်။
အဝေးက မြင်ရတဲ့ နှင်းဆီမြိုင်... လူက ချက်ချင်း အမောပြေသွားသည်။
သူ့ခွန်အားတွေပြည့်လာဖို့ နှင်းဆီမြိုင်က စိမ်းပြာရောင်နှင်းဆီလေးကို လိုအပ်နေပါပြီ...။
"ခင်ဗျားက ကြာလိုက်တာ။ ကျုပ်က စောင့်နေတာကို။ အခွန်ကိစ္စဘယ်လိုဖြစ်သွားပြီလဲဟင်"
စိုးရိမ်နေတဲ့ မျက်နှာနဲ့ အိမ်ဆင်ဝင်ရှေ့ ထွက်စောင့်နေသော Taehyung.
မြင်းညိုကြီးစီး၍ ပြန်လာသော Jeonကို မြင်မှ စိတ်ချသွားတဲ့ အမူအရာ။
"ပြေသွားမှာပါ။ ကိုယ်နယူးယော့ခ်ဘဏ်ကို ချောစာပို့ခဲ့တယ်လေ"
"ခင်ဗျားစုထားတဲ့ ပိုက်ဆံတွေထုတ်တော့မလို့လား...နှင်းဆီမြိုင်အတွက်လေ"
Jeonကို အားနာလိုက်တာ။ ဘယ်လိုပဲ တစ်ယောက်ပစ္စည်း တစ်ယောက်ပိုင်တယ်ဆိုဦးတော့ ငွေပမာဏက တစ်နှစ်စာ ဝါရောင်းရငွေထက် အဆမတန်များနေသည်။
"ကိုယ့်ပိုက်ဆံ သူ့ပိုက်ဆံရယ်လို့ ဘယ်ရှိပါ့မလဲ။ နှင်းဆီမြိုင်ကလည်း ကိုယ့်အိမ်ကိုယ့်ရာဖြစ်နေပြီပဲဟာ"
သူ့နဖူးကို Jeonက မြတ်မြတ်နိုးနိုးနမ်းရှိုက်တော့ ပြုံးမိသည်။
ပူပူနွေးနွေးနှုတ်ခမ်းတစ်စုံ တံဆိပ်ခတ်လိုက်တဲ့ နဖူးပြင်ရယ်။
"ကိုယ်ချာတိတ်နဲ့ အလုပ်ကိစ္စပြောစရာရှိသေးတယ်"
"ဟင်..."
____
နယူးယော့ခ်ကနေ အခွန်အတွက် ပိုက်ဆံရလာပြီးတော့ သူတို့နှစ်ယောက် ဂျုန်းဘာရိုအခွန်ရုံးမှာ အခွန်ဆောင်လိုက်သည်။
အခွန်ကိစ္စပြီး အတ္တလန်တာမှာ ကျန်နေတဲ့လုပ်ငန်းတွေဆက်လုပ်ဖို့ အတ္တလန်တာကို ခရီးဆက်ခဲ့သည်။
နေပူပေမယ့် မြင်းရထားလေးတစ်စီးရှိလို့ တော်ပါသေးရဲ့။
နေကျဲကျဲတောက်ပူတာများ မျက်လုံးတောင် ကောင်းကောင်းဖွင့်ကြည့်လို့မရ။
"အတ္တလန်တာလည်း ဘယ်လိုများနေလဲမသိဘူး။ ကျုပ်တစ်ခါမှ မရောက်သေးဘူး"
"အဆောက်အအုံပျက်နဲ့ ပြင်ဆင်လက်စတွေ ပြည့်နေမှာပေါ့"
"ကျုပ်တို့ လေညှင်းခံထွက်နေကျ ချောင်းစပ်လမ်းရော အရင်လို သာယာသေးရဲ့လားမသိဘူး"
"ဘယ်သာယာနိုင်တော့မလဲ။ ယန်ကီတွေဝင်စီးတဲ့ညက အကုန်ပျက်စီးမှာပဲကို"
ချာတိတ်က အဲ့အသံကြားတော့ မျက်နှာညှိုးသွားသည်။ ချောင်းစပ်လမ်းမှာ ညနေတိုင်း ဘာဂီစီးပြီး လေညှင်းခံထွက်ချင်တဲ့ ချာတိတ်။
မိဘတွေရှိတည်းက ဘာဂီစီးရတာကို သိပ်ကြိုက်သူလေး။
အခုတော့ ရှုခင်းသာတဲ့ နေရာလေးတွေလည်း ပျက်စီးကုန်ပြီ။
"ချာတိတ် လေညှင်းခံချင်ရင် ဆောင်းတွင်းလောက်ကျ တစ်နေရာရာ ခရီးထွက်ကြမယ်လေ"
"တော်ပါပြီ... ပိုက်ဆံကုန်ကကုန်နဲ့"
"အရမ်းချွေတာတတ်နေတာပဲ"
အတ္တလန်တာက အတော်ကြီးပြောင်းလဲသွားသည်။
အခုမှ စတည်ထောင်ဆဲ မြို့သစ်လေးလို ဖြစ်နေသည်။
ဆောက်လက်စ တိုက်တာတွေ၊ ပြိုပျက်နေတဲ့ အိမ်ရာတွေနဲ့... အရင်ကပုံစံနဲ့ နည်းနည်းမှ မတူတော့။
အတ္တလန်တာမှာရှိတဲ့ သူတို့အိမ်ကတော့ အချိန်မီ မီးငြိမ်းနိုင်လိုက်တယ်နဲ့ တူပါရဲ့။
အနောက်ဘက်အုတ်နံရံတွေ မဲတူးကုန်တာကလွဲရင် အပျက်အစီးကြီးကြီးမားမားတော့ မရှိ။
"ခန်းဆီးတွေတော့ မရှိတော့ဘူး သခင်လေး။ မီးလောင်တော့ အဲ့ခန်းဆီးတွေကို ရေစွတ်ပြီး ငြိမ်းရတာလေ"
ဖေဖေ့အကြိုတ်ခန်းဆီးတွေမို့ နှမြောတော့ နှမြောမိသည်။
ဒါပေမယ့် လိုအပ်လို့ လုပ်ရတာဆိုတော့လည်း ဘယ်တတ်နိုင်မလဲလေ။
"ကိုယ်ခန်းဆီးအသစ်၀ယ်ပေးမယ်။ စိတ်ညစ်မနေနဲ့တော့"
"မ၀ယ်ပါနဲ့။ ဒါဖေဖေ့အကြိုက်တွေမို့ နည်းနည်းနှမြောသွားတာပါ"
အတ္တလန်တာမှာ ကုန်လှောင်ရုံပြန်ဖွင့်ပြီး တခြားလုပ်ငန်းရှယ်ယာတွေဝင်ဖို့စီစဥ်ရသည်။
အလုပ်ကိစ္စနဲ့ လာရတာဆိုပေမယ့် နှစ်ကိုယ်တူ ခရီးလိုဖြစ်နေတာမို့ စိတ်ချမ်းသာရသည်။
မိတ်ဟောင်းဆွေဟောင်းတွေမှာလည်း အရင်လို မာန မထောင်လွှားကြတော့။
ခေတ်နဲ့အညီ လူတွေက ပြောင်းလဲကုန်ပြီ။
လူတွေက မပြောင်းလဲချင်ဘဲပြောင်းလဲရတာမို့ စိတ်မချမ်းသာတဲ့ရုပ်တွေက အတိုင်းသား။
"ကိုယ့်နှင်းဆီလည်း ကိုယ်နဲ့အတူ လိုက်နေရတာနဲ့ မျက်နှာတွေတောင် နေလောင်ကုန်ပြီပဲ"
"ဘာလဲ ကျုပ်က ကြည့်မကောင်းတော့ဘူးလား"
"ဟောဗျာ ကိုယ်အဲ့လိုမပြောမိပါဘူးနော်"
နွေရာသီကြီး အူယားဖားယားအလုပ်လုပ်နေရတာ ဘယ်သူမှ နေမလောင်ဘဲ ခံနိုင်ရိုးလဲ။
နေလောင်တာတောင် နည်းနည်းလေးမှ အလှမလျော့တဲ့ ချာတိတ်ကသာ ထူးဆန်းနေတာ။
"အတ္တလန်တာတောင် ပြောင်းလဲကုန်ပြီနော်။ ကပ္ပလီတွေကလည်း ထောင်လွှားလိုက်ကြတာ မျက်နှာတွေကို မော့လို့။ ယောကျ်ားတွေဆိုလည်း ယန်ကီတွေချည်းပဲ"
"နောက်ဆို ယန်ကီကပြားလေးတွေ မွေးလာကြတော့မှာပဲ"
Taehyungက အသံထွက်အောင်ရယ်သည်။
ပြောလည်းပြောချင်စရာ တောင်ပိုင်းယောကျ်ားတွေက စုတ်ပြတ်လို့၊ အဝတ်အထည်ကောင်းကောင်းပင်မဝတ်နိုင်ကြ။
ယန်ကီယောက်ျားတွေက အမျိုးသမီးတို့ မျက်စိကျချင်စရာ သန့်ပြန့်ကျော့ရှင်းလို့။
"လာပါ စကားများမနေဘဲ ပြန်ကြစို့"
နှင်းဆီမြိုင်အပြန်လမ်းက သာသာယာယာရယ်။
ကျေးငှက်တွန်သံလည်း ကြားရသလို သမင်၊ ဒရယ်တို့ ဖြတ်ပြေးသွားတဲ့အခါလည်းရှိသည်။
ဂျုန်းဘာရိုကိုကျော်လျှင် ထုံးစံအတိုင်း ကျွန်းသာယာ ကိုင်းတောကို အရင်မြင်ရသည်။
ကျွန်းသာယာကိုင်းတောနဲ့ နှင်းဆီမြိုင်ကြားက လှည်းလမ်းလေးကို မြင်ရလျှင် သူတို့နှစ်ယောက်ရဲ့ စတင်ဆုံဆည်းရာအချိန်လေးကို တမ်းတမိသည်။
"ခင်ဗျားနဲ့ အဲ့နေရာမှာ စတွေ့တာ"
"ကိုယ်မှတ်မိသားပဲ။ မြင်းနီကြီးကန်သွားတာ ကိုယ်အခုထိ ရင်ဘတ်တွေ အောင့်နေတုန်း"
ပိုပိုသာသာတမင်ပြောနေသော Jeonသာ မြင်းရထား မမောင်းနေဘူးဆို ရင်ဘတ်ကို ထုပစ်ချင်တာ။
ကြွက်သားအပြည့်နဲ့ Jeonရဲ့ လက်မောင်းကို ခေါင်းမှီထားသည်။
နေရောင်ကျဲကျဲက ခေါင်းပေါ်ထိုးကျနေတာကိုတောင် နှစ်ယောက်သား မေ့နေကြသည်အထိ။
နှင်းဆီရဲ့ လက်သွယ်သွယ်တွေကို ဆုပ်ကိုင်တော့ ကိုယ့်ကို မော့ကြည့်လာသည်။
စိမ်းပြာရောင်ရပ်ဝန်းက လူကို ဆွဲငင်နိုင်စွမ်းအားကြီး လိုက်တာ။
"ဘာလို့ကြည့်နေတာလဲ"
သူပဲ စကြည့်ပြီး ရှက်ရမ်းရမ်းနေပြန်သော နှင်းဆီငယ်ရယ်။
"ချစ်လို့လေ..."
ရင်ခွင်ထဲက မဖော်စတမ်း ခေါင်းကို ဝှက်ထားတော့သည်။
____
"ဟဲ့ ကလေးတွေ ဘယ်သွားကြမလို့လဲ"
"နှင်းဆီမြိုင်ဘိုးဘိုးဆီသွားမလို့"
ဟယ်လင် ကလေးတွေကို ကြည့်ရင်း ပြုံးမိသည်။
သူတို့ကျွန်းသာယာက ကလေးတွေက နှင်းဆီမြိုင်သွားရတာကို သဘောကျကြဟန်တူပါရဲ့။
မိုးလင်းတာနဲ့ နှင်းဆီမြိုင်သွားဖို့ တာဆူနေတာချည်းပဲ။
"သူများအိမ် ဒုက္ခသွားပေးနေပြန်ပြီ ဒီကလေးတွေတော့"
"မပေးပါဘူးနော်။ ဘိုးဘိုးနှင်းဆီနဲ့ ဘိုးဘိုး Jeonက သားတို့ကို ပုံပြင်ပြောရတာ ကြိုက်ပါတယ်"
နှင်းဆီမြိုင် ဘကြီးTaehyungကိုလည်း ကလေးတွေက သူ့ယောကျ်ား ဘကြီးJeon ခေါ်တဲ့အတိုင်း နှင်းဆီလို့ ခေါ်ကြသည်။
အဲ့လိုခေါ်သံကြားရင် ဘကြီးJeon မျက်နှာက မှုန်ကုတ်လို့ ဆိုတာ ဒီကဟယ်လင်က မသိရှာဘူးဆိုတော့။
"အေးပါ သွားရင်လည်း သွားကြ။ နေပူတယ် ဦးထုပ်ဆောင်းသွားကြဦး"
မကြာခင်မှာပဲ နှင်းဆီမြိုင်အိမ်ကြီးသို့ အစုလိုက်အပြုံလိုက် ရောက်လာတဲ့ ကလေးတွေရယ်။
ဘိုးဘိုးTaehyungက ရှိသမျှသစ်သီးနဲ့ ကွတ်ကီးတွေ ချကျွေးသည်။
သူတို့မှာ ရင်သွေးလည်းမရှိတာမို့ ဒီကလေးတွေက သွေးသားရင်းချာလို့ ဖြစ်နေတော့တာ။
"ဟော နှင်းဆီရဲ့ ကလေးတွေ ရောက်လာကြပြန်ပြီ"
"ဘိုးဘိုးနှင်းဆီက ပုံပြင်ပြောပြမယ်ဆိုလို့ပါ ဘိုးဘိုးJeonရဲ့"
"ဘာနှင်းဆီလဲ ငါလုပ်ထည့်လိုက်ရ။ ဘိုးဘိုး Taehyung လို့ပဲခေါ်ရမယ်လို့ ပြောထားတယ်လေ"
"ခင်ဗျားကလည်း ကလေးတွေ ကြိုက်သလို ခေါ်ပါစေလား"
ဘိုးဘိုးTaehyung ပြောလိုက်တော့မှ ပြန်မပြောရဲဘဲ တိတ်သွားရပါတဲ့ ဘိုးဘိုးJeonရယ်။
သူ့နှင်းဆီက ကလေးတွေကို ပုံပြင်ပြောပြနေခဲ့သည်။
ပုံပြင်ဆိုတာထက် ပြည်တွင်းစစ်တုန်းက သူတို့အကြောင်းတွေ။
စိတ်နုတဲ့ ကလေးမတွေက မျက်ရည်တွေဝိုင်းလို့။
အမေရိကန်ပြည်ထောင်စုကြီးက အစစအရာရာပြောင်းလဲခဲ့သည်။
နှင်းဆီမြိုင်ဝါခင်းကြီးနဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေကတော့ ရှင်သန်နေဆဲ။
အသက် ၆၀ကျော်အရွယ် နှင်းဆီက သူ့အမြင်မှာ ကျက်သရေရှိနေဆဲ။
ဂျော်ဂျီယာပြည်နယ်မှာ နှင်းဆီအသစ်တွေပွင့်နိုင်သည်။ သို့သော်သူ့အတွက်တော့ စိမ်းပြာရောင်အကြည့်တွေနဲ့ နှင်းဆီတစ်ပွင့်တည်း။
"ကလေးတွေရှေ့လည်း အရမ်းကြည့်တာက ခင်ဗျားက"
"နှင်းဆီက လှတာကိုး"
"ဒီအဘိုးကြီး ပိုပိုကဲကဲရှိလိုက်တာ"
အသက်တွေကြီးလို့ ဇရာထောင်းလာချိန်အထိ သူ့အမျိုးသားအပြောတွေမှာ ရှက်ရဆဲ။
စိတ်ဒဏ်ရာတွေ၊ တစ်ဖက်သတ်သောအချစ်တွေ၊ ခွဲခွာရခြင်းတွေ လောကဓံအမျိုးမျိုးကြား နှစ်ကိုယ်တူဖြတ်ကျော်နိုင်ခဲ့ကြပြီ။
ဘဝရဲ့ နေဝင်ချိန်အထိလည်း ပေါင်းသင်းခဲ့ကြပြီ။
ဒီအချိန်ထိ တစ်ယောက်ကိုတစ်ယောက် မြတ်နိုးတွယ်တာမှုက အတိုင်းအဆမရှိ ကြီးမားခိုင်မာဆဲ။
တုတ်ကောက်ကို လက်တစ်ဖက်မှာကိုင်၍ ကျန်လက်တစ်ဖက်က Jeonလက်မောင်းကို ချိတ်တွယ်ရင်း အိမ်ထဲဝင်လာသည်။
သူချိတ်တွယ်ထားတဲ့ လက်မောင်းက ကြွက်သားအပြည့်နဲ့ မဟုတ်တော့... ဒါပေမယ့် သူ့ကို ခွန်အားတွေ ပေးနေဆဲ။
အရည်တွန့်နေတဲ့ လက်တွေချင်း ခိုင်မြဲစွာ တွဲယှက်ထားနိုင်ဆဲ။
ပတ်ဝန်းကျင်ရဲ့ဒဏ်၊ ခေတ်စနစ်ရဲ့ဒဏ်၊ ဓလေ့ထုံစံရဲ့ဒဏ်တွေကြား ဒီအဘိုးအိုနှစ်ယောက်ရဲ့ လှပတဲ့ ချစ်ခြင်းတွေက ဘယ်လိုရှင်သန်နိုင်ခဲ့လဲဆိုတာ...
ကျည်မှန်ဒဏ်ရာအပြည့်နဲ့ သွေးစွန်းစာရွက်ညိုညိုက သက်သေပြလျက်ရှိသည်။
ဆွေးမြည့်ခါနီး စာရွက်ညိုညိုထိပ်မှာ...
'ဂျော်ဂျီယာက ကိုယ့်ရဲ့တစ်ပွင့်တည်းသော နှင်းဆီသို့'
ဟု မထင်မရှားစာလုံးများနှင့် အစချီလျက်..။
The End~
နှင်းဆီငယ်ကို ချစ်ပေးကြတဲ့ စာဖတ်သူတစ်ယောက်ချင်းဆီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
တကယ်တော့ အမေရိကန်ပြည်တွင်းစစ်ကာလမှာ တောင်ပိုင်းပြည်သူတွေအရမ်းဆင်းရဲခဲ့ကြတာပါ။
စစ်ပြီးကာလမှာ လူကုံထံလူဖြူတွေက မြင်းတစ်ကောင် လားတစ်ကောင်တောင်မပိုင်တော့တဲ့အထိ ဖြစ်ကြပါတယ်။
စားစရာသောက်စရာဆိုတာလည်း မငတ်ရုံတမယ်ပါ။
ဝါခင်းတွေဆို မီးရှို့ခံရပြီး လယ်ကူလီတွေကလည်း ပစ္စည်းတွေခိုးပြီး ထွက်ပြေးကြတာပါ။
တချို့ဆို ဒီficထဲကလို ကျွန်တွေတောင်မကျန်ပါဘူး။
စာရေးသူက fictionအရ သမိုင်းနဲ့ နည်းနည်းလွဲချော်ရတာလေးတွေရှိပါတယ်။
နားလည်ပေးကြမယ်လို့ ထင်ပါတယ်။
အတတ်နိုင်ဆုံး သမိုင်းနဲ့အညီရေးထားတာမို့ အဲ့ခေတ်အခြေအနေနဲ့ ထုံးစံတွေကို မြင်ယောင်မိတယ်ဆို ဝမ်းသာမိပါမှာပါ။
အထူးသဖြင့် 'A Rose of Georgia'ရဲ့ ဇာတ်ဆောင်၊ ဗီလိန်တစ်ယောက်စီတိုင်းရဲ့ Characterကို အမေရိကန်တောင်ပိုင်းသားတွေရဲ့ စည်းဘောင်ထဲက မထွက်အောင်ရေးရတာ သိပ်ကို Challengingဖြစ်ပါတယ်။
ဗီလိန်တွေ ဘယ်လိုစိတ်ဓါတ်မကောင်းပါစေ သူနာပြုအလုပ်ကို စိတ်ပါလက်ပါလုပ်သလို Aidenကလည်း ပြည်နယ်တပ်အတွက် မြင်းတွေလှူတာမျိုးပေါ့။
ဒီအထဲက ခုနှစ်နဲ့ Timeline တွေ စစ်ပွဲနာမည်နဲ့ နေရာဒေသကအစ သမိုင်းကြောင်းနဲ့ မလွဲအောင် အသေအချာပြင်ဆင်ရတာမို့ ပင်လည်းပင်ပန်းခဲ့သလို အားလည်းအားရမိပါတယ်။
ချယ့်အတွက် အားအစိုက်ရဆုံးficလို့တောင် ပြောလို့ရပါတယ်။ ကျေနပ်ကြမယ်လို့လည်း မျှော်လင့်မိပါတယ်❤
Reviews and Recommendations = Kisses and Hugs
'ဂျော်ဂျီယာက နှင်းဆီလေး'အပေါ် စာဖတ်သူတို့ အမြင်ကိုလည်း သိချင်ပါတယ်ရှင်🥀
Do vote⭐ me if you like it.
Love you and thank you Taekookers💜
Zawgyi~
ႏွင္းဆီၿမိဳင္...
အရင္လို မႂကြယ္ဝေတာ့၊ ဧကေထာင္ခ်ီေသာ ဝါခင္းေတြ မရွိေတာ့။
ညေနခင္းလက္ဖက္ရည္ဝိုင္းေတြလည္း မရွိေတာ့။
အရာရာေျပာင္းလဲခဲ့ၿပီ။
ေခတ္သစ္စနစ္သစ္တစ္ခုကို အေမရိကန္ေတာင္ပိုင္းျပည္သူေတြနဲ႔အတူ ေဂ်ာ္ဂ်ီယာကႏွင္းဆီၿမိဳင္ဝါခင္းႀကီးလည္း ေက်ာ္ျဖတ္ေနရသည္၊ ရင္ဆိုင္ေနရသည္။
"ခင္ဗ်ားကလည္း အဲ့လိုလုပ္ရတာ မဟုတ္ပါဘူးဆို"
"ကိုယ္မွ ဝါမဆြတ္တတ္ဘဲ"
"မလုပ္နဲ႔ေတာ့ဗ်ာ။ အိမ္ထဲဝင္ေတာ့။ ခင္ဗ်ားကို သင္ရတာနဲ႔ က်ဳပ္ဝါဆြတ္လို႔မၿပီးေတာ့ဘူး"
Taehyung စိတ္မရွည္လာေတာ့။ Jeonက ဝါဆြတ္တဲ့ေနရာမွာ ပါရမီကိုမပါတာ။
ဝါခင္းထဲဆင္းေနရတာ ဘယ္ႏွလေတာင္ရွိၿပီလဲ။ ဒါကို ခုထိ ဝါတစ္ေပါင္ျပည့္ေအာင္ မဆြတ္ႏိုင္ေသးတာက မလြန္လြန္းဘူးလား။
ေနာက္ခါမ်ားေတာ့ သူ႔ေယာက်္ားကို လုံးဝ ဝါမဆြတ္ခိုင္းေတာ့။
"ခ်ာတိတ္တစ္ေယာက္တည္း ဘယ္ျဖစ္ပါ့မလဲ"
"ျဖစ္ပါတယ္ဆို။ ခင္ဗ်ားကို သင္ေနရမွ ၾကာေနတာ"
ႏွင္းဆီက အသည္းယားဖို႔ေကာင္းလွသည္။ မ်က္ခုံးမ်ားကို တြန္းခ်ိဳးၿပီး ႏႈတ္ဖ်ားက ပြစိပြစိေျပာေနေသးသည္။
အနားသတ္က်ယ္က်ယ္နဲ႔ ျမက္ဦးထုပ္ေဆာင္းထားေပမယ့္ ခ်ာတိတ္မ်က္ႏွာေပၚေနထိုးေနသည္။
ေဂ်ာ္ဂ်ီယာရဲ႕ ဝါဆြတ္ခ်ိန္က အၿမဲဤသို႔ပင္။
ယန္ကီေတြ အစစအရာရာသိမ္းယူၿပီးတဲ့ေနာက္ ကပၸလီကြၽန္ေတြဆိုတာ အိမ္ေစအနည္းငယ္ကလြဲရင္ က်န္တာမရွိေတာ့။
သစၥာခံ လယ္ကူလီေတြဆိုလွ်င္ေတာ့ က်န္ေကာင္းက်န္လိမ့္မည္။
ကပၸလီလြတ္လပ္ခြင့္နဲ႔ မဲေပးခြင့္ အမိန္႔ထုတ္ျပန္ၿပီး ၿမိဳ႕အသီးသီးမွာ လြတ္လပ္ေသာကပၸလီအစည္းအ႐ုံးဆိုတာ ေပၚလာတည္းက ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ကုန္တဲ့ ကပၸလီေတြ ၿမိဳ႕ေပၚမွာေတာ့ ေဆာင့္ႂကြားႂကြား။
ထိုတည္းက Taehyungတို႔လို လယ္ပိုင္ယာပိုင္ လူျဖဴေတြ လယ္ယာအခင္းထဲ ခါးက်ိဳးေအာင္ အလုပ္ဆင္းလုပ္ရေတာ့သည္။
"မလုပ္တတ္ဘူးဆို အိမ္ထဲသြားေနေတာ့ ဒီမွာေနပူတယ္ ခင္ဗ်ားရဲ႕"
ဝါဆြတ္ရင္း ရွပ္အက်ႌလက္နဲ႔ နဖူးက ေခြၽးေတြကို ဆြဲသုတ္တဲ့ ခ်ာတိတ္ရယ္။
မထင္မွတ္ထားေလာက္ေအာင္ ခ်ာတိတ္က ဒူေပဒဏ္ေပခံသည္။
အခင္းတစ္ခုလုံးကို သူ႔ေျခသူ႔လက္နဲ႔ မျပတ္ေစရ။
"ကိုယ္ႀကိဳးစားလုပ္ပါ့မယ္။ ဝါခင္းနဲ႔ စီးပြားရွာေနတာ ဝါမဆြတ္တတ္လို႔ျဖစ္မလား"
"အဲ့လို႐ုပ္ႀကီး မျဖစ္သြားပါနဲ႔ဆို။ ခင္ဗ်ားသိတဲ့အတိုင္း ဝါဆြတ္တယ္ဆိုတာ ကူလီေတြပဲ လုပ္ရတယ္လို႔ မွတ္ခဲ့ၾကတာမလား။ မလုပ္တတ္တာ အျပစ္မဟုတ္ပါဘူး။
ခင္ဗ်ားမေျပာနဲ႔ အိမ္ေစကြၽန္ေတြေတာင္ ကူလီအလုပ္သူတို႔ဝင္လုပ္ရေကာင္းလားဆိုၿပီး မ်က္ႏွာေတြဆူပုတ္လို႔"
"ကိုယ္က မလုပ္ခ်င္လို႔ မ်က္ႏွာဆူပုတ္ေနတာ မဟုတ္ပါဘူးေနာ္"
ၿပိဳင္တူရယ္မိၾကသည္။
ဒီလိုအခ်ိန္ေလးေတြကို ႏွင္းဆီၿမိဳင္ႂကြယ္ဝစဥ္ကာလနဲ႔ လဲလွယ္ရမည္ဆို မလဲႏိုင္ပါ။
က်ိက်ိတက္ မခ်မ္းသာေတာ့သည့္တိုင္ သူတို႔ေပ်ာ္ၾကသည္။
လက္ေတြၾကမ္းရွသည္အထိ ဝါဆြတ္ရ၊ ထြန္ယက္ရတဲ့ ဘဝကို ခုံမင္ၾကသည္။
Jeonသာ ျပန္မလာရင္ ဒီလို ဆင္းဆင္းရဲရဲကာလကို ဘယ္လိုျဖတ္ေက်ာ္ရမလဲ ေတာင့္ခံႏိုင္ပါ့မလား ကိုယ့္ကိုယ္ကိုယ္ အာမ,မခံႏိုင္။
"ေရွ႕လကထက္ေတာ့ ဝါထြက္ေကာင္းလာသားပဲ"
"ေရွ႕လေတြက ဝါထြက္မေကာင္းဆို ဝါဆြတ္မွမဆြတ္တတ္ၾကဘဲ။
ကပၸလီေတြကလည္း ေတြ႕တဲ့အတိုင္း..."
ခ်ာတိတ္က စိတ္ပ်က္လက္ပ်က္မ်က္ႏွာထားနဲ႔ အေနာက္မွာ ဝါဆြတ္ေနတဲ့ အိမ္ေစကြၽန္ေတြကို မ်က္ႏွာရိပ္မ်က္ႏွာကဲျဖင့္ျပသည္။
အိမ္ေစကြၽန္ေတြက ဆင္းရဲသြားတဲ့လူျဖဴေတြထက္ပင္ ဝါဆြတ္ရမွာကို မုန္းေနေသးသည္။
သူတို႔က ကပၸလီခ်င္းေတာင္ အဆင့္အတန္းခြဲျခားခ်င္ၾကတာမ်ိဳး။
"ကဲ..ကဲ ဒီေန႔နားၾကေတာ့"
Jeonက ေအာ္ေျပာေတာ့ ကပၸလီေတြက ဝါဆြတ္ထားတဲ့ ေတာင္းေတြျခင္းေတြကို မ,ၿပီး ဂိုေထာင္ထဲသယ္သြားၾကသည္။
"ဒီေန႔ညစာ ဘာလဲ ကိုယ္ေတာ့ ဗိုက္ဆာေနၿပီ"
"အေဒၚႀကီး ျမန္ျမန္ခ်ေပးေတာ့ ကြၽန္ေတာ့္ေယာက်္ား ဗိုက္ဆာေနၿပီတဲ့"
"ခ်ေပးပါမယ္ေတာ္ ခ်ေပးပါမယ္"
ကပၸလီအေဒၚႀကီးက နဂိုေထာ္ေနတဲ့ ႏႈတ္ခမ္းႀကီးကို ပိုေထာ္ေအာင္လုပ္ၿပီး စကားေျပာသည္။
သိပ္မၾကာလိုက္ မီးဖိုးခန္းထဲမွ အုပ္ႀကီးတစ္ခုကိုင္ၿပီး ျပန္ထြက္လာသည္။
"ဒီေန႔က ဟင္းေကာင္းရခဲ့တယ္ထင္ပါရဲ႕"
"ဟုတ္တယ္ ရွားရွားပါးပါး ေတာၾကက္ေလးရလို႔ ေကာင္လုံးကင္ထားတယ္ သခင္ေလး"
ဝါခင္းထဲတစ္ေနကုန္ပင္ပန္းခဲ့တာမို႔ ညေနစာဆို အဝအၿပဲစားၾကသည္။
ရွားရွားပါးပါးေကာင္လုံးကင္ေလးပါ ရထားတာမို႔ ၿမိန္ေရရွက္ေရစားရတဲ့ ညစာျဖစ္သည္။
"စာလာတယ္ဗ်ိဳ႕!"
အိမ္ေရွ႕က ေခၚသံၾကားေတာ့ ထမင္းစားၿပီး လက္ဖက္ရည္ၾကမ္းေသာက္ေနတဲ့ လက္ေတြ ရပ္တန္႔သြားရသည္။
ေၾကးနန္းစာလုပ္ငန္းေႏွာင့္ေႏွးမႈေၾကာင့္ ညခင္းအခ်ိန္မေတာ္ႀကီး စာေရာက္လာတာက အဆန္းေတာ့ မဟုတ္။
"ကိုယ္သြားယူလိုက္မယ္၊ ခ်ာတိတ္ထိုင္ေန"
ခဏအၾကာမွာ စာအိတ္တစ္အိတ္ယူ၍ေရာက္လာေသာ Jeonကို ေတြ႕ရသည္။
သိပ္ၿပီးမ်က္ႏွာမေကာင္းတာေၾကာင့္ Taehyungကိုယ္တိုင္လည္း ရင္ထဲထိတ္သြားရသည္။
"ဘာစာလဲ၊ ဘယ္ကလဲ"
"အခြန္႐ုံးကတဲ့။ ဒီႏွစ္အတြက္ လယ္ခြန္နဲ႔ ေျမခြန္ထင္ပါတယ္"
"ဖြင့္ၾကည့္စမ္းပါ ဘယ္ေလာက္လဲလို႔"
ႏွစ္ေယာက္သားစာအိတ္ကို ေဖာက္ဖတ္ၾကည့္ရင္းမွ မ်က္လုံးမ်က္ဆံျပဴးသြားၾကသည္။
"မျဖစ္ႏိုင္တာ...ျပည္ေထာင္စုေဒၚလာခ်ည္းပဲ ငါးေထာင္က ဘယ္ကရမွာတဲ့လဲ။ ၿပီးေတာ့ ဘာလို႔ဧက ေထာင့္ငါးရာလို႔ တြက္ထားရတာလဲ။
က်ဳပ္တို႔မွာ မီးေလာင္ကုန္ၿပီေလ အဲ့ေလာက္မွ မရွိေတာ့တာ"
ယန္ကီအခြန္႐ုံးကို မီးေလာင္ဆုံးရႈံးသြားတဲ့ ဝါခင္းေတြကို ထည့္မတြက္ထားသည့္အျပင္ ဝါေရာင္းရေဈးထက္ ႏွစ္ဆမ်ားၿပီးတြက္ထားတဲ့ အခြန္ေတြ။
"ကိုယ္ေျဖရွင္းေပးမယ္ ကိုယ္ရေအာင္လုပ္ေပးမယ္။ စိတ္မေကာင္း မျဖစ္နဲ႔ေနာ္"
"ဘယ္လိုလုပ္မလဲ တစ္လအတြင္း ခင္ဗ်ားဒီေငြေတြ ဘယ္ကရွာမွာလဲ"
"ကိုယ္ရေအာင္လုပ္ေပးမွာပါ။ မနက္ျဖန္ ကိုယ္ဂ်ဳန္းဘာ႐ိုတက္သြားမယ္။ အခြန္ကိစၥမပူနဲ႔ေတာ့ေနာ္ ဟုတ္ၿပီလား"
Jeonကစိတ္မပူနဲ႔ဆိုေပမယ့္ ထိုညက Taehyung အိပ္မေပ်ာ္။
ဆင္းရဲမႈေတြက ကုန္ပင္မကုန္ႏိုင္။
ေတာင္ပိုင္းကဝါေတြကို ေျမာက္ပိုင္းေဈးနဲ႔တြက္ၿပီး အခြန္ေကာက္စရာတဲ့လား။
"အိပ္မေပ်ာ္ဘူးလား။ ကိုယ္ေခ်ာ့သိပ္မယ္ မ်က္စိမွိတ္ထားေနာ္"
သူ႔ရင္ခြင္ထဲထည့္ဖက္ၿပီး သီခ်င္းတစ္ပုဒ္ဆိုျပကာ ေက်ာကို တဖြဖြပုတ္ေပးသည္။
မ်က္လုံးကို မဖြင့္စတမ္းမွိတ္ထားလိုက္ၿပီး အခ်ိန္အေတာ္ၾကာမွ အိပ္ေပ်ာ္သြားတယ္ထင္ပါရဲ႕။
ေနာက္တစ္ေန႔မနက္မွာ Jeonက သူေျပာထားတဲ့အတိုင္း ဂ်ဳန္းဘာ႐ိုသို႔ မနက္ေစာေစာ ထြက္သြားသည္။
Jeon ဘယ္လိုေျဖရွင္းမယ္မွန္း ကိုယ္မသိ။
Jeon ျပန္မလာမခ်င္းသာ အိမ္ေရွ႕ဆင္ဝင္ ႏွင္းဆီ႐ုံေဘး ထိုင္ေစာင့္ေနခဲ့သည္။
ခပ္လွမ္းလွမ္းက ဝါခင္းေတြမွာ ကပၸလီကြၽန္ေတြ လက္ေၾကာမတင္းစြာ အလုပ္လုပ္ေနၾကသည္။
ဒီေန႔ သူကိုယ္တိုင္ဝါမဆြတ္ႏိုင္၊ သူမပါလွ်င္ ဝါသိပ္ရမွာမဟုတ္မွန္းလည္း သိေနသည္။
အိမ္ေစကြၽန္ေတြက ဣေျႏၵႀကီးတစ္ခြဲသားနဲ႔ ဝါဆြတ္ေနၾကတာမ်ား Taehyung စိတ္ညစ္ညစ္ထိုင္ေနရင္း နဲ႔ပင္ ဆြဲဆက္လုပ္ပစ္ခ်င္လာသည္။
"အေရးထဲ ဂ်ဳန္းဘာ႐ိုသြားတာ အဲ့ေလာက္ၾကာရလားေနာ္"
အင္း...ကြၽန္ေတာ့္အတြက္ေတာ့ ဆိုင္ဆိုင္မဆိုင္ဆိုင္ သူ႔ကိုလိုအပ္ေနတာကိုး။
____
ေနမထြက္ခင္က ႏွင္းဆီၿမိဳင္က လားတစ္ေကာင္ကို စီးၿပီးထြက္လာတာ ေန႔ခင္း ေနစူးစူးပူခ်ိန္ေရာက္မွ ဂ်ဳန္းဘာ႐ိုသို႔ ေရာက္သည္။
နားခ်ိန္မရွိ..ဂ်ဳန္းဘာ႐ိုေၾကးနန္း႐ုံးသို႔ တန္းတန္းမတ္မတ္သြားၿပီး တစ္ေနရာကို ေခ်ာစာပို႔လိုက္သည္။
'အေမရိကန္ျပည္ေထာင္စု
နယူးေယာ့ခ္ၿမိဳ႕ေတာ္၊ ဘဏ္ခြဲ ၃'
ဟု တံဆိပ္ကပ္ထားေသာ ေခ်ာစာကို ပို႔လိုက္သည္။
အျမန္ဆုံးပို႔ေပးရန္အလို႔ငွာ စာတိုက္စာေရးေလးကို ေဒၚလာအနည္းငယ္လာဘ္ထိုးလိုက္ရသည္။
တစ္လအတြင္း ေငြရမွျဖစ္လိမ့္မည္။
နယူးေယာ့ခ္ဘဏ္မွာ ေငြမ်ားမ်ားရွိသည္။ သို႔ေသာ္ ယန္ကီအစိုးရက ႏွစ္စဥ္အခြန္ကို ဒရၾကမ္းေကာက္ေနလွ်င္ ကုန္သြားလိမ့္မည္။
ေငြအဝင္အထြက္လည္ပတ္မိေအာင္ အတၱလန္တာက လုပ္ငန္းေတြ ျပန္စဖို႔ ႏွင္းဆီနဲ႔ တိုင္ပင္ရဦးမည္။
မနက္စာစားၿပီး ထြက္လာတည္းက ခုထိ ဘာမွမစားရေသးတာေၾကာင့္ ဆာေလာင္မြတ္သိပ္ေနသည္။
ဂ်ဳန္းဘာ႐ိုက ဆိုင္တစ္ဆိုင္ဆိုင္မွာ ဝင္စားလို႔ရေပမယ့္ အပိုေငြမကုန္ခ်င္တာေၾကာင့္ ေအာင့္အည္းသည့္ခံကာ ႏွင္းဆီၿမိဳင္သို႔ ျပန္ခဲ့ရသည္။
ပူအိုက္ေနတဲ့ ရာသီဥတုထဲ လွည္းလမ္းရွည္ႀကီးကို ျမင္းတစ္ေကာင္နဲ႔ အေျပးႏွင္ေနရသည္။
အေဝးက ျမင္ရတဲ့ ႏွင္းဆီၿမိဳင္... လူက ခ်က္ခ်င္း အေမာေျပသြားသည္။
သူ႔ခြန္အားေတြျပည့္လာဖို႔ ႏွင္းဆီၿမိဳင္က စိမ္းျပာေရာင္ႏွင္းဆီေလးကို လိုအပ္ေနပါၿပီ...။
"ခင္ဗ်ားက ၾကာလိုက္တာ။ က်ဳပ္က ေစာင့္ေနတာကို။ အခြန္ကိစၥဘယ္လိုျဖစ္သြားၿပီလဲဟင္"
စိုးရိမ္ေနတဲ့ မ်က္ႏွာနဲ႔ အိမ္ဆင္ဝင္ေရွ႕ ထြက္ေစာင့္ေနေသာ Taehyung.
ျမင္းညိဳႀကီးစီး၍ ျပန္လာေသာ Jeonကို ျမင္မွ စိတ္ခ်သြားတဲ့ အမူအရာ။
"ေျပသြားမွာပါ။ ကိုယ္နယူးေယာ့ခ္ဘဏ္ကို ေခ်ာစာပို႔ခဲ့တယ္ေလ"
"ခင္ဗ်ားစုထားတဲ့ ပိုက္ဆံေတြထုတ္ေတာ့မလို႔လား...ႏွင္းဆီၿမိဳင္အတြက္ေလ"
Jeonကို အားနာလိုက္တာ။ ဘယ္လိုပဲ တစ္ေယာက္ပစၥည္း တစ္ေယာက္ပိုင္တယ္ဆိုဦးေတာ့ ေငြပမာဏက တစ္ႏွစ္စာ ဝါေရာင္းရေငြထက္ အဆမတန္မ်ားေနသည္။
"ကိုယ့္ပိုက္ဆံ သူ႔ပိုက္ဆံရယ္လို႔ ဘယ္ရွိပါ့မလဲ။ ႏွင္းဆီၿမိဳင္ကလည္း ကိုယ့္အိမ္ကိုယ့္ရာျဖစ္ေနၿပီပဲဟာ"
သူ႔နဖူးကို Jeonက ျမတ္ျမတ္ႏိုးႏိုးနမ္းရႈိက္ေတာ့ ၿပဳံးမိသည္။
ပူပူေႏြးေႏြးႏႈတ္ခမ္းတစ္စုံ တံဆိပ္ခတ္လိုက္တဲ့ နဖူးျပင္ရယ္။
"ကိုယ္ခ်ာတိတ္နဲ႔ အလုပ္ကိစၥေျပာစရာရွိေသးတယ္"
"ဟင္..."
____
နယူးေယာ့ခ္ကေန အခြန္အတြက္ ပိုက္ဆံရလာၿပီးေတာ့ သူတို႔ႏွစ္ေယာက္ ဂ်ဳန္းဘာ႐ိုအခြန္႐ုံးမွာ အခြန္ေဆာင္လိုက္သည္။
အခြန္ကိစၥၿပီး အတၱလန္တာမွာ က်န္ေနတဲ့လုပ္ငန္းေတြဆက္လုပ္ဖို႔ အတၱလန္တာကို ခရီးဆက္ခဲ့သည္။
ေနပူေပမယ့္ ျမင္းရထားေလးတစ္စီးရွိလို႔ ေတာ္ပါေသးရဲ႕။
ေနက်ဲက်ဲေတာက္ပူတာမ်ား မ်က္လုံးေတာင္ ေကာင္းေကာင္းဖြင့္ၾကည့္လို႔မရ။
"အတၱလန္တာလည္း ဘယ္လိုမ်ားေနလဲမသိဘူး။ က်ဳပ္တစ္ခါမွ မေရာက္ေသးဘူး"
"အေဆာက္အအုံပ်က္နဲ႔ ျပင္ဆင္လက္စေတြ ျပည့္ေနမွာေပါ့"
"က်ဳပ္တို႔ ေလညႇင္းခံထြက္ေနက် ေခ်ာင္းစပ္လမ္းေရာ အရင္လို သာယာေသးရဲ႕လားမသိဘူး"
"ဘယ္သာယာႏိုင္ေတာ့မလဲ။ ယန္ကီေတြဝင္စီးတဲ့ညက အကုန္ပ်က္စီးမွာပဲကို"
ခ်ာတိတ္က အဲ့အသံၾကားေတာ့ မ်က္ႏွာညႇိဳးသြားသည္။ ေခ်ာင္းစပ္လမ္းမွာ ညေနတိုင္း ဘာဂီစီးၿပီး ေလညႇင္းခံထြက္ခ်င္တဲ့ ခ်ာတိတ္။
မိဘေတြရွိတည္းက ဘာဂီစီးရတာကို သိပ္ႀကိဳက္သူေလး။
အခုေတာ့ ရႈခင္းသာတဲ့ ေနရာေလးေတြလည္း ပ်က္စီးကုန္ၿပီ။
"ခ်ာတိတ္ ေလညႇင္းခံခ်င္ရင္ ေဆာင္းတြင္းေလာက္က် တစ္ေနရာရာ ခရီးထြက္ၾကမယ္ေလ"
"ေတာ္ပါၿပီ... ပိုက္ဆံကုန္ကကုန္နဲ႔"
"အရမ္းေခြၽတာတတ္ေနတာပဲ"
အတၱလန္တာက အေတာ္ႀကီးေျပာင္းလဲသြားသည္။
အခုမွ စတည္ေထာင္ဆဲ ၿမိဳ႕သစ္ေလးလို ျဖစ္ေနသည္။
ေဆာက္လက္စ တိုက္တာေတြ၊ ၿပိဳပ်က္ေနတဲ့ အိမ္ရာေတြနဲ႔... အရင္ကပုံစံနဲ႔ နည္းနည္းမွ မတူေတာ့။
အတၱလန္တာမွာရွိတဲ့ သူတို႔အိမ္ကေတာ့ အခ်ိန္မီ မီးၿငိမ္းႏိုင္လိုက္တယ္နဲ႔ တူပါရဲ႕။
အေနာက္ဘက္အုတ္နံရံေတြ မဲတူးကုန္တာကလြဲရင္ အပ်က္အစီးႀကီးႀကီးမားမားေတာ့ မရွိ။
"ခန္းဆီးေတြေတာ့ မရွိေတာ့ဘူး သခင္ေလး။ မီးေလာင္ေတာ့ အဲ့ခန္းဆီးေတြကို ေရစြတ္ၿပီး ၿငိမ္းရတာေလ"
ေဖေဖ့အႀကိဳတ္ခန္းဆီးေတြမို႔ ႏွေျမာေတာ့ ႏွေျမာမိသည္။
ဒါေပမယ့္ လိုအပ္လို႔ လုပ္ရတာဆိုေတာ့လည္း ဘယ္တတ္ႏိုင္မလဲေလ။
"ကိုယ္ခန္းဆီးအသစ္၀ယ္ေပးမယ္။ စိတ္ညစ္မေနနဲ႔ေတာ့"
"မ၀ယ္ပါနဲ႔။ ဒါေဖေဖ့အႀကိဳက္ေတြမို႔ နည္းနည္းႏွေျမာသြားတာပါ"
အတၱလန္တာမွာ ကုန္ေလွာင္႐ုံျပန္ဖြင့္ၿပီး တျခားလုပ္ငန္းရွယ္ယာေတြဝင္ဖို႔စီစဥ္ရသည္။
အလုပ္ကိစၥနဲ႔ လာရတာဆိုေပမယ့္ ႏွစ္ကိုယ္တူ ခရီးလိုျဖစ္ေနတာမို႔ စိတ္ခ်မ္းသာရသည္။
မိတ္ေဟာင္းေဆြေဟာင္းေတြမွာလည္း အရင္လို မာန မေထာင္လႊားၾကေတာ့။
ေခတ္နဲ႔အညီ လူေတြက ေျပာင္းလဲကုန္ၿပီ။
လူေတြက မေျပာင္းလဲခ်င္ဘဲေျပာင္းလဲရတာမို႔ စိတ္မခ်မ္းသာတဲ့႐ုပ္ေတြက အတိုင္းသား။
"ကိုယ့္ႏွင္းဆီလည္း ကိုယ္နဲ႔အတူ လိုက္ေနရတာနဲ႔ မ်က္ႏွာေတြေတာင္ ေနေလာင္ကုန္ၿပီပဲ"
"ဘာလဲ က်ဳပ္က ၾကည့္မေကာင္းေတာ့ဘူးလား"
"ေဟာဗ်ာ ကိုယ္အဲ့လိုမေျပာမိပါဘူးေနာ္"
ေႏြရာသီႀကီး အူယားဖားယားအလုပ္လုပ္ေနရတာ ဘယ္သူမွ ေနမေလာင္ဘဲ ခံႏိုင္႐ိုးလဲ။
ေနေလာင္တာေတာင္ နည္းနည္းေလးမွ အလွမေလ်ာ့တဲ့ ခ်ာတိတ္ကသာ ထူးဆန္းေနတာ။
"အတၱလန္တာေတာင္ ေျပာင္းလဲကုန္ၿပီေနာ္။ ကပၸလီေတြကလည္း ေထာင္လႊားလိုက္ၾကတာ မ်က္ႏွာေတြကို ေမာ့လို႔။ ေယာက်္ားေတြဆိုလည္း ယန္ကီေတြခ်ည္းပဲ"
"ေနာက္ဆို ယန္ကီကျပားေလးေတြ ေမြးလာၾကေတာ့မွာပဲ"
Taehyungက အသံထြက္ေအာင္ရယ္သည္။
ေျပာလည္းေျပာခ်င္စရာ ေတာင္ပိုင္းေယာက်္ားေတြက စုတ္ျပတ္လို႔၊ အဝတ္အထည္ေကာင္းေကာင္းပင္မဝတ္ႏိုင္ၾက။
ယန္ကီေယာက္်ားေတြက အမ်ိဳးသမီးတို႔ မ်က္စိက်ခ်င္စရာ သန္႔ျပန္႔ေက်ာ့ရွင္းလို႔။
"လာပါ စကားမ်ားမေနဘဲ ျပန္ၾကစို႔"
ႏွင္းဆီၿမိဳင္အျပန္လမ္းက သာသာယာယာရယ္။
ေက်းငွက္တြန္သံလည္း ၾကားရသလို သမင္၊ ဒရယ္တို႔ ျဖတ္ေျပးသြားတဲ့အခါလည္းရွိသည္။
ဂ်ဳန္းဘာ႐ိုကိုေက်ာ္လွ်င္ ထုံးစံအတိုင္း ကြၽန္းသာယာ ကိုင္းေတာကို အရင္ျမင္ရသည္။
ကြၽန္းသာယာကိုင္းေတာနဲ႔ ႏွင္းဆီၿမိဳင္ၾကားက လွည္းလမ္းေလးကို ျမင္ရလွ်င္ သူတို႔ႏွစ္ေယာက္ရဲ႕ စတင္ဆုံဆည္းရာအခ်ိန္ေလးကို တမ္းတမိသည္။
"ခင္ဗ်ားနဲ႔ အဲ့ေနရာမွာ စေတြ႕တာ"
"ကိုယ္မွတ္မိသားပဲ။ ျမင္းနီႀကီးကန္သြားတာ ကိုယ္အခုထိ ရင္ဘတ္ေတြ ေအာင့္ေနတုန္း"
ပိုပိုသာသာတမင္ေျပာေနေသာ Jeonသာ ျမင္းရထား မေမာင္းေနဘူးဆို ရင္ဘတ္ကို ထုပစ္ခ်င္တာ။
ႂကြက္သားအျပည့္နဲ႔ Jeonရဲ႕ လက္ေမာင္းကို ေခါင္းမွီထားသည္။
ေနေရာင္က်ဲက်ဲက ေခါင္းေပၚထိုးက်ေနတာကိုေတာင္ ႏွစ္ေယာက္သား ေမ့ေနၾကသည္အထိ။
ႏွင္းဆီရဲ႕ လက္သြယ္သြယ္ေတြကို ဆုပ္ကိုင္ေတာ့ ကိုယ့္ကို ေမာ့ၾကည့္လာသည္။
စိမ္းျပာေရာင္ရပ္ဝန္းက လူကို ဆြဲငင္ႏိုင္စြမ္းအားႀကီး လိုက္တာ။
"ဘာလို႔ၾကည့္ေနတာလဲ"
သူပဲ စၾကည့္ၿပီး ရွက္ရမ္းရမ္းေနျပန္ေသာ ႏွင္းဆီငယ္ရယ္။
"ခ်စ္လို႔ေလ..."
ရင္ခြင္ထဲက မေဖာ္စတမ္း ေခါင္းကို ဝွက္ထားေတာ့သည္။
____
"ဟဲ့ ကေလးေတြ ဘယ္သြားၾကမလို႔လဲ"
"ႏွင္းဆီၿမိဳင္ဘိုးဘိုးဆီသြားမလို႔"
ဟယ္လင္ ကေလးေတြကို ၾကည့္ရင္း ၿပဳံးမိသည္။
သူတို႔ကြၽန္းသာယာက ကေလးေတြက ႏွင္းဆီၿမိဳင္သြားရတာကို သေဘာက်ၾကဟန္တူပါရဲ႕။
မိုးလင္းတာနဲ႔ ႏွင္းဆီၿမိဳင္သြားဖို႔ တာဆူေနတာခ်ည္းပဲ။
"သူမ်ားအိမ္ ဒုကၡသြားေပးေနျပန္ၿပီ ဒီကေလးေတြေတာ့"
"မေပးပါဘူးေနာ္။ ဘိုးဘိုးႏွင္းဆီနဲ႔ ဘိုးဘိုး Jeonက သားတို႔ကို ပုံျပင္ေျပာရတာ ႀကိဳက္ပါတယ္"
ႏွင္းဆီၿမိဳင္ ဘႀကီးTaehyungကိုလည္း ကေလးေတြက သူ႔ေယာက်္ား ဘႀကီးJeon ေခၚတဲ့အတိုင္း ႏွင္းဆီလို႔ ေခၚၾကသည္။
အဲ့လိုေခၚသံၾကားရင္ ဘႀကီးJeon မ်က္ႏွာက မႈန္ကုတ္လို႔ ဆိုတာ ဒီကဟယ္လင္က မသိရွာဘူးဆိုေတာ့။
"ေအးပါ သြားရင္လည္း သြားၾက။ ေနပူတယ္ ဦးထုပ္ေဆာင္းသြားၾကဦး"
မၾကာခင္မွာပဲ ႏွင္းဆီၿမိဳင္အိမ္ႀကီးသို႔ အစုလိုက္အၿပဳံလိုက္ ေရာက္လာတဲ့ ကေလးေတြရယ္။
ဘိုးဘိုးTaehyungက ရွိသမွ်သစ္သီးနဲ႔ ကြတ္ကီးေတြ ခ်ေကြၽးသည္။
သူတို႔မွာ ရင္ေသြးလည္းမရွိတာမို႔ ဒီကေလးေတြက ေသြးသားရင္းခ်ာလို႔ ျဖစ္ေနေတာ့တာ။
"ေဟာ ႏွင္းဆီရဲ႕ ကေလးေတြ ေရာက္လာၾကျပန္ၿပီ"
"ဘိုးဘိုးႏွင္းဆီက ပုံျပင္ေျပာျပမယ္ဆိုလို႔ပါ ဘိုးဘိုးJeonရဲ႕"
"ဘာႏွင္းဆီလဲ ငါလုပ္ထည့္လိုက္ရ။ ဘိုးဘိုး Taehyung လို႔ပဲေခၚရမယ္လို႔ ေျပာထားတယ္ေလ"
"ခင္ဗ်ားကလည္း ကေလးေတြ ႀကိဳက္သလို ေခၚပါေစလား"
ဘိုးဘိုးTaehyung ေျပာလိုက္ေတာ့မွ ျပန္မေျပာရဲဘဲ တိတ္သြားရပါတဲ့ ဘိုးဘိုးJeonရယ္။
သူ႔ႏွင္းဆီက ကေလးေတြကို ပုံျပင္ေျပာျပေနခဲ့သည္။
ပုံျပင္ဆိုတာထက္ ျပည္တြင္းစစ္တုန္းက သူတို႔အေၾကာင္းေတြ။
စိတ္ႏုတဲ့ ကေလးမေတြက မ်က္ရည္ေတြဝိုင္းလို႔။
အေမရိကန္ျပည္ေထာင္စုႀကီးက အစစအရာရာေျပာင္းလဲခဲ့သည္။
ႏွင္းဆီၿမိဳင္ဝါခင္းႀကီးနဲ႔ သူတို႔ရဲ႕ခ်စ္ျခင္းေမတၱာေတြကေတာ့ ရွင္သန္ေနဆဲ။
အသက္ ၆၀ေက်ာ္အ႐ြယ္ ႏွင္းဆီက သူ႔အျမင္မွာ က်က္သေရရွိေနဆဲ။
ေဂ်ာ္ဂ်ီယာျပည္နယ္မွာ ႏွင္းဆီအသစ္ေတြပြင့္ႏိုင္သည္။ သို႔ေသာ္သူ႔အတြက္ေတာ့ စိမ္းျပာေရာင္အၾကည့္ေတြနဲ႔ ႏွင္းဆီတစ္ပြင့္တည္း။
"ကေလးေတြေရွ႕လည္း အရမ္းၾကည့္တာက ခင္ဗ်ားက"
"ႏွင္းဆီက လွတာကိုး"
"ဒီအဘိုးႀကီး ပိုပိုကဲကဲရွိလိုက္တာ"
အသက္ေတြႀကီးလို႔ ဇရာေထာင္းလာခ်ိန္အထိ သူ႔အမ်ိဳးသားအေျပာေတြမွာ ရွက္ရဆဲ။
စိတ္ဒဏ္ရာေတြ၊ တစ္ဖက္သတ္ေသာအခ်စ္ေတြ၊ ခြဲခြာရျခင္းေတြ ေလာကဓံအမ်ိဳးမ်ိဳးၾကား ႏွစ္ကိုယ္တူျဖတ္ေက်ာ္ႏိုင္ခဲ့ၾကၿပီ။
ဘဝရဲ႕ ေနဝင္ခ်ိန္အထိလည္း ေပါင္းသင္းခဲ့ၾကၿပီ။
ဒီအခ်ိန္ထိ တစ္ေယာက္ကိုတစ္ေယာက္ ျမတ္ႏိုးတြယ္တာမႈက အတိုင္းအဆမရွိ ႀကီးမားခိုင္မာဆဲ။
တုတ္ေကာက္ကို လက္တစ္ဖက္မွာကိုင္၍ က်န္လက္တစ္ဖက္က Jeonလက္ေမာင္းကို ခ်ိတ္တြယ္ရင္း အိမ္ထဲဝင္လာသည္။
သူခ်ိတ္တြယ္ထားတဲ့ လက္ေမာင္းက ႂကြက္သားအျပည့္နဲ႔ မဟုတ္ေတာ့... ဒါေပမယ့္ သူ႔ကို ခြန္အားေတြ ေပးေနဆဲ။
အရည္တြန္႔ေနတဲ့ လက္ေတြခ်င္း ခိုင္ၿမဲစြာ တြဲယွက္ထားႏိုင္ဆဲ။
ပတ္ဝန္းက်င္ရဲ႕ဒဏ္၊ ေခတ္စနစ္ရဲ႕ဒဏ္၊ ဓေလ့ထုံစံရဲ႕ဒဏ္ေတြၾကား ဒီအဘိုးအိုႏွစ္ေယာက္ရဲ႕ လွပတဲ့ ခ်စ္ျခင္းေတြက ဘယ္လိုရွင္သန္ႏိုင္ခဲ့လဲဆိုတာ...
က်ည္မွန္ဒဏ္ရာအျပည့္နဲ႔ ေသြးစြန္းစာ႐ြက္ညိဳညိဳက သက္ေသျပလ်က္ရွိသည္။
ေဆြးျမည့္ခါနီး စာ႐ြက္ညိဳညိဳထိပ္မွာ...
'ေဂ်ာ္ဂ်ီယာက ကိုယ့္ရဲ႕တစ္ပြင့္တည္းေသာ ႏွင္းဆီသို႔'
ဟု မထင္မရွားစာလုံးမ်ားႏွင့္ အစခ်ီလ်က္..။
The End~
ႏွင္းဆီငယ္ကို ခ်စ္ေပးၾကတဲ့ စာဖတ္သူတစ္ေယာက္ခ်င္းဆီကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္။
တကယ္ေတာ့ အေမရိကန္ျပည္တြင္းစစ္ကာလမွာ ေတာင္ပိုင္းျပည္သူေတြအရမ္းဆင္းရဲခဲ့ၾကတာပါ။
စစ္ၿပီးကာလမွာ လူကုံထံလူျဖဴေတြက ျမင္းတစ္ေကာင္ လားတစ္ေကာင္ေတာင္မပိုင္ေတာ့တဲ့အထိ ျဖစ္ၾကပါတယ္။
စားစရာေသာက္စရာဆိုတာလည္း မငတ္႐ုံတမယ္ပါ။
ဝါခင္းေတြဆို မီးရႈိ႕ခံရၿပီး လယ္ကူလီေတြကလည္း ပစၥည္းေတြခိုးၿပီး ထြက္ေျပးၾကတာပါ။
တခ်ိဳ႕ဆို ဒီficထဲကလို ကြၽန္ေတြေတာင္မက်န္ပါဘူး။
စာေရးသူက fictionအရ သမိုင္းနဲ႔ နည္းနည္းလြဲေခ်ာ္ရတာေလးေတြရွိပါတယ္။
နားလည္ေပးၾကမယ္လို႔ ထင္ပါတယ္။
အတတ္ႏိုင္ဆုံး သမိုင္းနဲ႔အညီေရးထားတာမို႔ အဲ့ေခတ္အေျခအေနနဲ႔ ထုံးစံေတြကို ျမင္ေယာင္မိတယ္ဆို ဝမ္းသာမိပါမွာပါ။
အထူးသျဖင့္ 'A Rose of Georgia'ရဲ႕ ဇာတ္ေဆာင္၊ ဗီလိန္တစ္ေယာက္စီတိုင္းရဲ႕ Characterကို အေမရိကန္ေတာင္ပိုင္းသားေတြရဲ႕ စည္းေဘာင္ထဲက မထြက္ေအာင္ေရးရတာ သိပ္ကို Challengingျဖစ္ပါတယ္။
ဗီလိန္ေတြ ဘယ္လိုစိတ္ဓါတ္မေကာင္းပါေစ သူနာျပဳအလုပ္ကို စိတ္ပါလက္ပါလုပ္သလို Aidenကလည္း ျပည္နယ္တပ္အတြက္ ျမင္းေတြလႉတာမ်ိဳးေပါ့။
ဒီအထဲက ခုႏွစ္နဲ႔ Timeline ေတြ စစ္ပြဲနာမည္နဲ႔ ေနရာေဒသကအစ သမိုင္းေၾကာင္းနဲ႔ မလြဲေအာင္ အေသအခ်ာျပင္ဆင္ရတာမို႔ ပင္လည္းပင္ပန္းခဲ့သလို အားလည္းအားရမိပါတယ္။
ခ်ယ့္အတြက္ အားအစိုက္ရဆုံးficလို႔ေတာင္ ေျပာလို႔ရပါတယ္။ ေက်နပ္ၾကမယ္လို႔လည္း ေမွ်ာ္လင့္မိပါတယ္❤
'ေဂ်ာ္ဂ်ီယာက ႏွင္းဆီေလး'အေပၚ စာဖတ္သူတို႔ အျမင္ကိုလည္း သိခ်င္ပါတယ္ရွင္🥀
Reviews and Recommendations = Kisses and Hugs
Do vote⭐ me if you like it.
Love you and thank you Taekookers💜