"နက်ရှိုင်း အကုန်ပြန်ပြီမလား"
"ဟုတ်ကဲ့ Boss နည်းနည်းသိမ်းဆည်းပြီးရင်ပြီးပြီဗျ"
"အင်း မင်းလဲနားတော့"
သွေး နက်ရှိုင်းကိုပြောပြီး နွေးရှိရာ အပေါ်ထပ်သို့တက်လာခဲ့သည်။
"ကျစ် ! ဟိုကောင်တွေအမြှောက်ကောင်းလို့ သောက်လိုက်တာ နွေး မကြိုက်ရင်တော့ အင်း မဂ်လာဦးညမှာ ခင်ပွန်းလေး စိတ်ဆိုးတာတော့ မခံနိုင်"
သွေးအခန်းထဲရောက်တော့ နွေးကို အိပ်ရာပေါ်လဲ မတွေ့ ရုတ်တရက် ရေချိုးခန်းမှ ရေကျသံများကြောင့်
ဟာကွာ ၊ ကိုယ်လေးကနွေးချင်နွေးချင်ဖြစ်နေတာကို ရေချိုးနေတယ် တောက် !!
ဒုန်း ဒုန်းး !!
"နွေး နွေး....နွေး ! ထွက်ခဲ့ အခုထွက်ခဲ့"
"ကျစ် ! နွေး ကိုယ့်ကိုစိတ်ပူအောင်မလုပ်နဲ့စမ်း ထွက်ခဲ့ အခု"
"........"
ဟင် ! အကိုလရောင်သွေး စိတ်တိုနေတဲ့ပုံပဲ နွေးရေချိုးမိလို့လား။
"နွေး လာပြီ....."
သွေးက တံခါးဖွင့်ဖွင့်ချင်း နွေးလက်ကို လမ်းဆွဲလိုက်တာကြောင့်
"ဘုရား....."
အင်း ခေါင်းးတော့မလျှော်ထားဘူး ၊ အအေးမိရင်ဘယ်လိုလုပ်မလဲကွာ ၊ ၁၀ နာရီရှိနေပြီ ရေချိုးရတယ်လို့။
"ဘာလုပ်တာလဲ ခင်ဗျား နည်းနည်းလေးမှလွှတ်ထားလို့မရဘူး ၊ ကိုယ်နွေးချင်နေတယ်လေ ဖျားသွားရင် ဘယ်လိုလုပ်မလဲ"
"နွေး ခေါင်းမလျှော်ဘူးလေ ပြီးတော့ အခု ရေလဲခြောက်အောင်သုတ်ပြီး အနွေးထည်...."
"နွေး ! ခေါင်းမလျှော်တာ ပြသာနာလားအခုက ခင်ဗျားဆရာဝန်မဟုတ်ဘူးလား"
"ဒီလိုအချိန်ဆို ဆင်ခြင် !! ဟင် နွေး ..."
"နွေး ငိုနေတာလား ကျစ် ! မငိုပါနဲ့ကွာ ကိုယ်တောင်းပန်တယ် ကိုယ်မှားတယ်နော် ကိုယ်အော်မိသွားတယ် ဟာ နွေးကွာ..."
ခုနထဲက ငိုချင်ချင်ဖြစ်နေတာကို သွေးမေ့သွားတာ။ ကိုယ်ကတော့စိတ်ပူပြီးအော်မိတာ သွေးစကားတောင်မဆုံးသေးဘူး လက်ကို အတင်းရုန်းနေသည်။ကြောက်၍ထင်သည် မျက်နှာလေးကိုလဲ အတင်းငုံ့ထားသည်။ သွေးကမလွှတ်ပေးတော့ သွေးကို ဘာမှမပြောပဲ ငြိမ်နေပေမဲ့ ရုတ်တရက် သွေးရဲ့လက်ပေါ် ကျလာတဲ့ နွေးရဲ့ မျက်ရည်စက်များကြောင့် စိုးရိမ်တကြီးဖြင့် နွေးရဲ့အေးစက်စက်ကိုယ်လေးကို ရင်ခွင်ထဲထည့်ကာ တင်းကျပ်စွာဖက်ထားလိုက်သည်။
"အင့် .... လွှတ် နွေးကို လွှတ်"
သွေးဖက်တာအားပါသွား၍ထင်သည်။သွေးရဲ့ကျောပြင်ကျယ်ကြီးကို နွေးက အားပါပါဖြင့်ထုနေသည်။
နွေးအသက်ရှု မဝမည်ကိုစိုး၍ လွှတ်ပေးလိုက်တော့ လဲ သွေးကို မကြည့် ၊ အတင်း မျက်နှာလေးကိုမော့စေမှ သွေးကို မျက်ရည်အရွှဲသားနဲ့ မော့ကြည့်လာသည်။
ကျစ် !! မှားပါတယ်ကွာ ရှေ့လျှောက်ခင်ဗျားလေးနဲ့နေရင် လေသံကအစ ပြင်ရတော့မည်။
"နွေး မငိုပါနဲ့ ကွာ ကိုယ်တကယ်တောင်းပန်တယ်နော် ကိုယ်နောက်ဆိုပြင်ပါ့မယ် လေသံကိုလဲ အတတ်နိုင်ဆုံးထိန်းပါ့မယ်"
"နွေး အဲ့လိုရီးမနေပါနဲ့ကွာ ကိုယ်စိတ်ပူတယ် မနေတတ်ဘူး"
"နွေး....."
"ဟုတ်"
ထို့နောက်
ရုတ်တရက် နွေးက သူ့နှာခေါင်းလုံးလုံးလေးတွေကို လက်နှစ်ဖက်ဖြင့် အတင်းအုပ်လိုက်တာကြောင့်
"ဘာဖြစ်လို့လဲ နွေး..."
"နွေးမကြိုက်ဘူး.."
ထိုအခုမှ နွေးပြောချင်သည်ကို သွေးနားလည်သည်။
"အာ ဆောရီးကွာ ကိုယ့်သူငယ်ချင်းတွေက အတင်းသောက်ခိုင်းနေလို့ ကိုယ်တစ်ခွက်ပဲသောက်တာပါ မမူးဘူး"
"ရ ရပါတယ် ဒါပေမဲ့ နွေးက ခေါင်းမူးတော့ ဒီည အကိုလရောင်သွေးပဲ အပြင်ထွက်အိပ်လိုက်တော့"
အမယ် ! ဒင်းလေးက မဂ်လာဦးညမှာ ယောကျာ်းကို ကုတင်ပေါ်က ကန်ချချင်နေတာပဲ ဒါမျိုးပြောဖို့ကြတော့ အသံက ငိုမဲ့မဲ့ မဟုတ်။
"ဟိတ် ဘယ်ပြေးတာတုန်း"
လစ်ခနဲပြေးမယ်ကြံနေတဲ့ နွေးရဲ့ ကိုယ်လေးကို သွေး အနောက်ကသိုင်းဖက်ကာ ပုခုံးသားနုနုလေးတွေကို အသာ ငုံ့ကိုက်လိုက်သည်။
"အာ့"
"ကျစ် ! အဲ့လိုမျိုး မအော်စမ်းနဲ့နွေး"
ဒီလူစိတ်က ခင်ဗျားလေးနဲ့ပက်သက်ရင် သိပ် ရောင့်ရဲနိုင်တာ မဟုတ်ဘူး။
"နွေးက အော်ချင်လို့အော်တာလား သူပဲလာကိုက်နေပြီးတော့"
"အကိုလရောင်သွေးနော် နွေးကိုလွှတ်လို့ !!"
"အကိုလရောင်သွေး အကိုလရောင်သွေး ဘယ်ချိန်ထိခေါ်နေမှာလဲ အဲ့လို ၊ ကိုယ်နားထောင်ကောင်းလို့နားထောင်နေတယ်များထင်နေလား ခင်ဗျား"
"........"
"ပြော ယောကျာ်းလို့ခေါ်ချင်လား မောင်လို့ခေါ်ချင်လား"
"ဟင် ! ဟို ယောကျာ်း ဟင့်အင်း မောင် အဲ့တာလဲ ဟင့်အင်း ဟိုလေ နွေးး"
"ကျစ် ! မရတော့ဘူး စိတ်ဆိုးလဲဆိုးတော့နွေး"
သွေး အသဲယားစွာ နွေးကိုယ်လေးကို သွေးဘက်ပြန်လှည့်ပြီး သေးငယ်လှတဲ့ နွေးရဲ့ခါးလေးကို သွေးရဲ့ လက်များဖြင့် ရစ်ပတ်လိုက်သည်။ထို့နောက် နွေးရဲ့ ဘာမှမလိမ်းမကျံပဲတောင် နီရဲနေတဲ့ နှုတ်ခမ်းသားတစ်စုံကို အမြတ်တနိုး ငုံထွေးလိုက်သည်။
အချိန်အတန်ကြာထိ မလွှတ်ပေးမိတာကြောင့် သွေးကို နွေးက သူ၏လက်သေးသေးသွယ်သွယ်လေးများဖြင့် ထုရိုက်တော့သည်။
"နွေး မောင်...."
နွေးကို ရီဝေဝေစိုက်ကြည့်ကာ နှုတ်ကလဲမောင်တဲ့ မရဘူး မရဘူးနော် ဟင့်အင်း နွေးမှအဆင်သင့်မဖြစ်သေးတာ။
"အရက်တွေသောက်ထားတာကို နွေးအဲ့လောက်မပေါတာ သိတယ်နော် ဖယ် လွှတ် !!"
ပြောတော့တာ ရင့်ရင့်သီးသီးတွေ ၊ သွေးကိုတော့အားနာတဲ့ မျက်လုံးများဖြင့် သူအဆင်သင့်မဖြစ်သေးပါဘူးပေါ့။
မရတော့ဘူးနွေး မောင့်ကို ဒီလိုဖြစ်အောင်လုပ်တာနွေးပဲ နွေးတာဝန်ယူရမယ်။
"မောင်မမူးဘူးလေကွာ"
"ဒါဆို နွေး ရေချိုးပြီးပြီလေ"
အဟက် ! ဒီအကြောင်းပြချက်လောက်နဲ့ သွေးဆိုတဲ့ကောင်ကို ငြင်းလို့ရမယ်ထင်နေလား။
"အင်း မနက်ကျရင် မောင်နဲ့တူတူ ပြန်ချိုးမယ်"
"အကိုလရောင်သွေးနော် !!'
"နွေး တကယ်အဆင်သင့်မဖြစ်သေးလို့ပါ..."
သွေးကနွေးကိုဂရုတစိုက်ကြည့်လိုက်တော့ ကြောက်နေပုံပင်။ မျက်နှာလေးကိုအသာမေ့ကာ ကြည့်လိုက်တော့လဲ ငိုတော့မည့်ပုံ။
"နွေး မောင့်ကိုကြည့် နွေးကြောက်နေမှာမောင်သိတယ် ဒါပေမဲ့ ဒါတွေက ခုမဟုတ်လဲ နောက်ကြုံလာမှာ ပြီးတော့ မောင်က နွေးကို အကြမ်းပတမ်းလုပ်မဲ့ရုပ်ပေါက်နေလား ကျစ် !! ဆောရီး မောင်စကားမှားသွားတယ် လိမ်မာပါတယ်ကွာ နော်"
"နွေး"
"ဟင့်အင်း ဟင့်အင်းနော်"
ကြည့်ငိုတော့မယ်။
"နွေး မငိုနဲ့ နွေးငိုရင် မောင်ပိုဆိုးသွားမယ်နော် ဒီည အိပ်ချင်တယ်မလား"
"............"
ဘယ်လိုမှပြောမရတဲ့အဆုံး အရှက်သည်းနေတဲ့ ထိုလူသားလေးကို သွေး ပေါင်ရင်းကချီကာ မွေ့ယာပေါ် အသာချပေးလိုက်သည်။
ဒါကို ဒင်းလေးက ဒီအခြေအနေရောက်နေပြီ ခေါင်းခါလို့ကောင်းတုန်း။
ထို့နောက် အကျီများချွတ်လိုက်ကာ နွေးအပေါ်မှ အုပ်မိုးပြီးသွေးရဲ့ လက်ဖဝါးများဖြင့် နွေးရဲ့ ခေါင်းလေးကိုအသာမကာသွေးရဲ့လက်ပေါ် နေစေသည်။
ကျန်လက်တစ်ဖက်ကတော့ သွေးရဲ့ပါးလေးကိုအမြတ်တနိုး ပွတ်သပ်နေမိသည်။နွေးရဲ့ခေါင်းလေးကိုလဲ ပွတ်ပေးနေသည်မှာ ကလေးတစ်ယောက်ကိုချော့နေသလိုပင် နွေးအတွက်တော့မကြောက်နဲ့နော် ဆိုတဲ့သဘောမျိုး။
"မောင် မင်းရဲ့ အရာအားလုံးကိုမြတ်နိုးတယ် နွေး"
"အဟင့် ဟင့်အင်းပါဆို"
"နွေး မောင် မငိုနဲ့လို့ကြိုပြောတယ်နော် ဒီည မအိပ်ရရင် မနက်ကျ မှမောင့်ကို ရန်မရှာနဲ့"
"ကွာမယ် မနေဘူး တူတူ ခုချက်ချင်းကွာပေး အဟင့် လူယုတ်မာရီး"
"ဟုတ်တယ် နွေးပြောတာမှန်တယ် ကိုယ်က လူယုတ်မာရီး အဲ့တာကြောင့် ဆက်ယုတ်မာမယ်နော်"
"အူးဝါးးး...တကယ်ကွာမှာ"
"ဟားဟား"
──────⊹⊱✫⊰⊹──────
အဟက် !!
ညက ကွာမယ် ကွာမယ် တကျီကျီလုပ်နေတဲ့မြတ်နိုးရတဲ့လူသားလေးက ခုကျတော့လဲ မောင့်ရင်ခွင်ထဲ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေပါလား။
တကယ်အမြတ်တနိုးနဲ့ ဆံပင်လေးကို ဖွဖွ သပ်ပေးပြီး နှဖူးလေးကို နိုးသွားမည်ဆိုး၍ အလား သာသာ ငုံ့နမ်းလိုက်သည်။
အင်း နိုးလာရင်တော့ ချော့ရပေတော့မည်။
မကြာပါဘူး....
သွေးရဲ့ခါးကိုတင်းကျပ်စွာဖတ်ထားတဲ့ လက်ကလေးတွေကို ရုတ်သိမ်းကာ နွေးက အိပ်ချင်မူးတူးအပျင်းကြောဆန့်တော့သည်။
"အင့်......အာ့"
ဟ !
ခင်ဗျားလေးက စိန်ခေါ်နေတာလား ညက အတွက်တောင်ဘယ်လိုချော့ရမလဲ မသိတာကို မနက်ပါ အဟင်း လိုက်ရင် တကယ်ကို ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးရမဲ့ပုံပဲ။
"နွေး ဘာဖြစ်လို့လဲ"
နွေးက သူ့ကို အပေါ်က အုပ်မိုးကာ လက်ကနှဖူးကို စမ်းလိုက် ပါးကိုစမ်းလိုက်နဲ့ စိုးရိမ်တကြီး မေးနေတဲ့ သွေးကို ဒီနေ့မနက်တွက်တော့ အမြင်ကမကြည်။
သူကပဲလုပ်ထားပြီး ဘာဖြစ်လို့လဲတဲ့။ အမြင်ကပ်ကပ်နှင့် ခပ်နာနာတွန်းပစ်လိုက်ချင်သော်လည်း အားကမရှိ။
"အဟင့် ! မုန်းတယ်"
"ဟော ယောကျာ်းကိုအိပ်ရာနိုးနိုး ချင်းပြောတဲ့စကားက မုန်းတယ်တဲ့လား"
နွေးက ဘာကို ကောက်ချင်နေတာလဲ သိပေမဲ့ ဒင်းလေး အရှက်သည်းကာ ဘယ်ကစပြသာနာရှာရမလဲလဲ မသိပုံ ၊ သူ့ဟာနဲ့ သူလည်နေတဲ့ နွေးကို သွေးတော်တော် စချင်နေသည်။ စိတ်ကအစထဲကဆိုးနေတာ တစ်ပူပေါ်နှစ်ပူဆင့်လဲ မဖြစ်ချင်။
"အဟင့် ခင်ဗျားနဲ့ ကွာမှာ !!"
"ဟိတ် ကိုယ့်ယောကျာ်းကို ဘာခင်ဗျားလဲ မောင်က နွေးရဲ့ အိမ်ဦးနတ်နော် ကိုင်ထဲ့လိုက်မယ် ဘာမှတ်နေလဲ"
"........."
ထိုအခါ သွေးကို မကြောက်တာဆိုတဲ့ အကြည့်နဲ့ကြည့်ကာမျက်နှာလွှဲသွားသည်။
အဟက် ! ချစ်စရာလေး။
"ကဲ နွေး အိပ်ဦးမလား ထချင်ပြီဆိုလဲလာ မောင်ဆေးထည့်ထားပေးပေမဲ့နာနေဦးမှာပဲ မောင်တစ်ရက်လုံးနွေးဘေးမှာရှိနေမှာမို့ မပူနဲ့ နွေး လုပ်ချင်တာ နွေးဖြစ်ချင်တာပြော"
"........."
ဟင်း ! ဒါတောင်စိတ်ကပြေသေးပုံမပေါက်။
"အော်နွေး အောက်က Library room ကိုပြင်ချင်တာဆို"
နွေး စိတ်ဝင်စားတာပြောလိုက်မှ မျက်လုံးလေးတွေရောင်တောက်ကာ သွေးကိုကြည့်လာသည်။
"ကဲ လာ မောင်ချီသွားမယ် မျက်နှာ သစ် ရေချိုးပြီး အစားစားမယ်နော် ပြီးရင် မောင်တို့ Library room က စာအုပ်တွေစီမယ် ဆေးလဲ နွေးလိုချင်တယ်ပြောတဲ့အရောင်လေးပြန်သုတ်မယ်နော်"
"ဟုတ်"
အကိုလရောင်သွေးက နွေးအပေါ်ဆို နူးညံ့လွန်းသည်။
မေမေ နွေး မမှားဘူး ၊ ဒယ်ဒီ့ကိုယုံခဲ့တာရော အကိုလရောင်သွေးကိုယုံကြည်ခဲ့တာရော။
နွေးကိုမေမေမြင်စေချင်တဲ့ပုံစံလေးမြင်ရအောင် နွေး အကိုလရောင်သွေးနဲ့တူတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေး တည်ဆောက်တော့မယ် မေမေ။
──────⊹⊱✫⊰⊹──────
Vote, comment and advices are always welcome pr ♡