Unicode
အခန်း(၅၈) - ရှေ့ပြေးဖြစ်ရပ်များ
ခေါင်းပြောင်ဘုန်းကြီးက ရှန်ကျစ်ရှန်းနောက်မှာ ဝင်ပုန်းသည်။ သူက အခု ရှန်ကျစ်ရှန်းနဲ့ ရန်ကျင်းအား အကာအရံ လုပ်ထားတာကြောင့် ကြည့်ရတာ အများကြီးပိုပြီး စိတ်သက်သာရာ ရသွားပုံပင်။ သူက ကျယ်လောင်စွာ အော်ဟစ်လာသည်။
"ရိုးရိုးသားသားပြောရရင် ငါမင်းကို ပြောပြီးသားလေ။ ဒီတစ်ခေါက် ငါ ဘာအမှားမှ မလုပ်ထားဘူး။ မင်းငါ့ကို ရိုက်လို့ မရဘူး!"
ချန်လျဲ့ ဟုခေါ်သည့် မျက်နှာအေးစက်စက်နဲ့ လူက သူ့အား ဂရုမထားစွာဖြင့်သာ ကြည့်နေသည်။ သူက နှင်းခဲများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် အေးစက်စက် မေးလာ၏။
"စီဖေး ဘယ်မှာလဲ?"
ခေါင်းပြောင်ဘုန်းကြီးက လည်ပင်းကို ပြန်နောက်ဆုတ်ပြီး သူ့ကို ငြင်းဆိုသည်။
"ငါအဲ့ဒီကလေးကို ပြောပြီးသား။ မင်း အားဖေးကို သွားမရှုပ်သင့်ဘူး။ ငါတို့မိသားစု အားဖေးက အရမ်းကောင်းတာ!"
ချန်လျဲ့ က ခေါင်းပြောင်ဘုန်းကြီးအား ခဏလောက် စိုက်ကြည့်ပြီးမှ ရှန်ကျစ်ရှန်းအား ခပ်သာသာ ခေါင်းညိတ်ပြပြီး အေးစက်စွာ ပြောလာသည်။
"အခုပြောတဲ့ သူ့စကားတွေက မမှန်ဘူး။ ဒီလူက အဓိပ္ပါယ်မဲ့စကားတွေ ပြောရတာကို သဘောကျပြီး အမှားနဲ့ အမှန်ကိုခွဲခြားလို့ မရနိုင်ဘူး"
သူ့ရဲ့ 'အဓိပ္ပါယ်မဲ့စကား' ဆိုတဲ့ စာလုံးက ခေါင်းပြောင်ဘုန်းကြီးအား ရည်ညွှန်းခြင်းဖြစ်ကာ ရှန်ကျစ်ရှန်းနဲ့ ဘာမှ ပတ်သတ်မှု မရှိပေ။
ရှန်ကျစ်ရှန်းက ခေါင်းပြောင်ဘုန်းကြီးအပေါ် သူ့ဆက်ဆံမှုနဲ့ ပတ်သတ်လို့လည်း ဘယ်လိုအမြင်မှ ရှိမနေ။ ဒါက သူတို့နှစ်ယောက်ကြားက ကိုယ်ရေးကိုယ်တာ ကိစ္စသာ ဖြစ်သည်လေ။ ဒါပေမဲ့ချန်လျဲ့က ခေါင်းပြောင်ဘုန်းကြီးကို သတ်ချင်နေတဲ့ အပေါ်မှာတော့ အမြင်ရှိတယ်..... အဲ့ဒါကြောင့်လည်း သူ့ဘက်က နားထောင်ဖို့ ပျော်ရွှင်မိသည်သာ
ရှန်ကျစ်ရှန်းသည်လည်း ဂရုမထားဟန် အမူအယာအား ဝတ်ဆင်လိုက်ပြီး ပြန်မေးသည်။
"ဒီလူက ဘယ်သူလဲ ဆိုတာ မေးခွင့်ရှိမလား....."
ချန်လျဲ့က တစ်ခြားသူများအား အေးစက်မောက်မာစွာသာ ဆက်ဆံလေ့ရှိသည်။ ခုနက သူ့ရှင်းပြချက်သည်ပင် အတော်လေး ရှည်လျားနေပြီဖြစ်ပြီး အလွန်ရှားပါးလှသည်ပင်။ ဒီအချိန်မှာတော့ သူက အေးစက်စွာသာ ပြန်ဖြေလာ၏။
" မင်းကျိုး , ချန်လျဲ့"
ထိုစကားကို ပြောပြီးတာနဲ့ သူကထရပ်ပြီး ထွက်ခွာသွားတော့သည်။
ရှန်ကျစ်ရှန်းရဲ့ စားပွဲနားကို ဖြတ်လျှောက်သွားတဲ့ အချိန်မှာ ခေါင်းပြောင်ဘုန်းကြီးအား တစ်ချက် ကြည့်လိုက်ပြီး သူ့မျက်လုံးများက နက်ရှိုင်းလှတဲ့ အမုန်းတရားများ ထုတ်ဖော်နေသည်။
"အနှေးနဲ့အမြန် အဲ့ဒီ ဆိုးဝါးတဲ့ အပြစ်အားလုံးကို ဖျတ်ဆီးပစ်မယ့်နေ့က ရောက်လာလိမ့်မယ်"
ခေါင်းပြောင်ဘုန်းကြီးက သူ့ကို သွားဖြီးပြုံးပြသည်။
"အဲဒါက မင်းကိုလည်း မမေးဘူး မင်းနဲ့လည်း လိုက်မရှုပ်နေဘူး ဘာလို့ မင်းက အဲ့ဒါနောက် လိုက်နေရတာလဲ?"
"မကောင်းမှုကို ခိုလှုံခွင့်ပေးတဲ့ နေရာမျိုးက ကောင်းကင်ဘုံအောက်မှာ မတည်ရှိနိုင်ဘူး"
သူထွက်သွားပြီးနောက်မှာ ခေါင်းပြောင်ဘုန်းကြီးက တိတ်တိတ်လေး တီးတိုးရေရွတ်သည်။
"စိတ်ရှုပ်ဖို့ကောင်းတဲ့ ကောင်လေး"
"အဲ့ဒါဘယ်သူလဲ?"
"အဲ့ဒီလူက မင်းကျိုးဂိုဏ်းကနေ လာတာ။ သူက မကောင်းမှုမှန်သမျှကို ဒဏ်ခတ်မယ်၊ ကုသိုလ်ကောင်းမှုကို မြှင့်တင်မယ်၊ ညစ်ညမ်းမှု မှန်သမျှကို ဖယ်ရှားပစ်မယ်လို့ သစ္စာဆိုထားတာ။"
ခေါင်းပြောင်ဘုန်းကြီးက အပြုံးနဲ့ ပြောနေပေမယ့်လည်း သူ့စကားထဲမှာ အနည်းငယ် ထေ့ငေါ့သံ ပါနေသည်။ သူက သက်ပြင်းဖွဖွချပြီး ဆက်ပြော၏။
"သူပြောတာတော့ ဝမ်လင်းမြို့က ကမ္ဘာပေါ်မှာ အညစ်ပတ်ဆုံးနေရာဖြစ်ပြီး မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ပျက်စီးသွားလိမ့်မယ်ဆိုပဲ"
ရှန်ကျစ်ရှန်းက မျက်လွှာချလိုက်သည်။
"ဝမ်လင်းမြို့က မိစ္ဆာတွေ နတ်ဆိုးတွေ ထောင်သောင်းချီနေတာ....အဲ့ဒီတော့ တကယ်ပဲ အဲ့ဒီလိုပုံပဲလေ။ သူပြောတဲ့ စီဖေးဆိုတာက ......ဝမ်လင်းမြို့က လူပဲလား?"
"သူက ဝမ်လင်းမြို့ရဲ့ မြို့အရှင်" ခေါင်းပြောင်ဘုန်းကြီးက ခပ်လွင်လွင်လေး ရယ်ရင်း စကားဆက်သည်။
"ဒီကမ္ဘာကြီးမှာ သူတို့ထင်သလို မဟုတ်တဲ့အရာတွေ အများကြီးရှိတယ်။ အဲ့ဒါက အဲ့ဒီလိုပုံပေါက်နေပေမယ့် တကယ်တော့..."
သူက ရပ်တန့်လိုက်ပြီး ခေါင်းယမ်း ပြုံးကာ သက်ပြင်းချလိုက်ပြန်သည်။
ရှန်ကျစ်ရှန်းက ထပ်မေးမိသည်။
"တကယ်ပဲ ဘာမို့လို့လဲ?"
ထိုအချိန်မှာပဲ စားပွဲထိုးလေးက "လာပြီဗျို့!" ဆိုတဲ့အသံနဲ့အတူ အသားပေါင်မုန့် လေးပွဲအား စားပွဲပေါ် တင်ပေးလာလေသည်။ ခေါင်းပြောင်ဘုန်းကြီးရဲ့ မျက်လုံးများက ချက်ချင်းတောက်ပသွားပြီး သူ့လက်များကို ပွတ်သပ်လိုက်သည်။ သူက အရမ်းကို စိတ်အားထက်သန်နေတာကြောင့် မုန့်တွေ ပူနေသေးတာကိုပင် ဂရုမစိုက်ပဲ လက်နှစ်ဖက်လုံးနဲ့ ကောက်ယူလိုက်၏။ သူ့ပုံစံက မုန့်ပေါင်းကို ကြိုက်တဲ့ပုံ ပေါ်ပေမယ့် တကယ်တမ်းတော့ အသားမုန့်ကိုပဲ ကြိုက်တာ
သူက အသားမုန့် နှစ်ခုအား စိုက်ကြည့်ရင်း သွားရည်များပင် ယိုလာ၏။
"အား, အနံ့လေးက မွေးနေတာပဲ! ငါအသားပေါင်မုန့်ကို တကယ်ကြိုက်တယ် အား!"
ရှန်ကျစ်ရှန်းသည် ထိုလူက ခေါင်းစဉ်အား တမင်ပြောင်းလဲလိုက်သည်ကို သိလိုက်တာကြောင့် ထပ်မေးမနေတော့ပဲ ဒီအတိုင်းသာ ပြောလိုက်သည်။
"ခင်ဗျားက အမြဲတမ်း မုန့်ပေါင်းအကြောင်းပဲ ပြောနေတော့ မုန့်ပေါင်းတစ်ခုတည်းကိုပဲ စားတယ်ထင်လိုက်တာ"
"အကယ်၍ ငါ့မှာသာ ပိုက်ဆံရှိရင် မုန့်ပေါင်းကိုပဲ နေ့တိုင်းစားနေပါ့မလား? အသားပေါင်မုန့်တွေကမှ တကယ် အရသာရှိတဲ့ဟာ!"
ခေါင်းပြောင်ဘုန်းကြီးက အသားမုန့်အား တစ်ဝက်လောက် ကိုက်ချပြီးနေပြီဖြစ်ပြီး အမြန်အဆန် ဝါးနေသည်။
"အဓိက ကတော့ ပိုက်ဆံမရှိလို့.......ငါက အလှုခံကြေး မရတဲ့ ဘုန်းကြီးလေ"
ရှန်ကျစ်ရှန်းက သူ့မျက်ခုံးကိုသာ ခပ်ဖွဖွ ပွတ်သပ်မိတော့လေသည်.
......
စားသောက်ဆိုင်မှာကတည်းက ချန်လျဲ့က သူတို့ပတ်ဝန်းကျင်မှာ ပိုပိုပြီး မကြာခဏ ပေါ်လာတတ်လာသည်။
ခေါင်းပြောင်ဘုန်းကြီးကတော့ ခါးသီးစွာသာ ငိုယိုမိသည်
"ဒီလူ, သူသေချာပေါက် ငါတို့နောက်ကနေ ဝမ်လင်းမြို့ကို လိုက်ချင်နေတာဖြစ်မယ်" သူက သက်ပြင်းတစ်ချိန်လုံး ချနေ၏။
"အားဖေးက သူထပ်ပြီး ရှာမတွေ့အောင် ဝမ်လင်းမြို့ကို ဖျောက်ထားတာ.....အားဖေးတော့ ငါ့ကို ထိပ်ပြောင်အောင် တုံးတော့မှာပဲ"
"ခင်ဗျားက ပြောင်ပြီးသားပဲလေ ဘာကိုစိုးရိမ်နေတာလဲ?"
ခေါင်းပြောင်ဘုန်းကြီးက ဂနာမငြိမ်စွာ ရေရွတ်နေသည်။
"သူက မနာလိုစိတ်လည်းကြီးတယ် အမုန်းတရားလည်း များတယ်၊ အရင်တုန်းက တစ်စုံတစ်ခုကို တွေ့ကြုံဘူးတာမို့လို့ မိစ္ဆာတွေ နတ်ဆိုးတွေကို အထူးတလှယ် မုန်းတီးနေတာ၊မိစ္ဆာတစ်ကောင်ကို မြင်တာနဲ့ သတ်ဖို့ ကြိုးစားလိမ့်မယ်။ အဲဒီမိစ္ဆာက ကောင်းလား မကောင်းလား ဆိုတဲ့အပေါ်မှာလည်း သူက ဘာမှတိုင်းတာမှု မရှိဘူး၊ နောက်ပိုင်း မင်းတို့ သူ့ကိုတွေ့ရင် ရှောင်သာရှောင်သွား။ အဲ့ဒီရေခဲတုန်းကြီးက ရူးသွပ်လာပြီ ဆိုရင် သူ့ကို ဘယ်သူမှ မတားနိုင်ဘူး"
ရှန်ကျစ်ရှန်းက တွေးဆဆ ပြောလိုက်သည်။
"သူက နတ်ဆိုးတွေ မိစ္ဆာတွေကို နက်နက်ရှိုင်းရှိုင်းမုန်းတီးနေတာ အဲ့ဒါ ကျွန်တော်တို့နဲ့ ဘာသက်ဆိုင်လို့လဲ?"
ခေါင်းပြောင်ဘုန်းကြီးက ရုတ်တရက် လှောင်ပြောင်ဟန် နှာမှုတ်လိုက်သည်။ ခဏလောက် အကြာမှာတော့ သူက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြီး သာမာန်ကာလျှံကာ ပြောလာ၏။
"အိုး, ငါတို့ဘယ်သွားနေကြတာလဲ? ခဏနေဦး, ငါလမ်းစဉ်းစားလိုက်ဦးမယ်....."
ရှန်ကျစ်ရှန်းက မျက်လုံးများကို မှေးကျဉ်းလိုက်လေသည်။
"ခင်ဗျားရဲ့ လက်ညှိုးတွေက ကြုံရာနေရာကို ထိုးနေတယ်လို့ ဘာလို့ ထင်မိပါလိမ့်? ခင်ဗျား ဘယ်လို ဆိုးသွမ်းတဲ့ အကြံတွေ ထုတ်နေတာလဲ?"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါက ရိုးသားတဲ့လူပါ" ခေါင်းပြောင်ဘုန်းကြီးက ထပ်ခါတလဲလဲ ငြင်းသည်။ သူက လမ်းကြောင်းမှန်ကိုရှာနေသလိုမျိုး သူ့မျက်လုံး ပိစိလေးများကို ကျဉ်းမြောင်းလိုက်ကာ သူ့လက်ချောင်းများက လျှောက်ထိုးနေသည်။
"သွား၊ ဒီလမ်းပဲ"
သူတို့ အုပ်စုက နောက်ထပ် ခုနစ်ရက် သို့မဟုတ် ရှစ်ရက်လောက် သွားခဲ့ကြပြီး တစ်ခါတစ်ရံမှာ ချန်လျဲ့နဲ့ တိုးမိကြသည်။ ထိုသို့ဖြစ်တဲ့အခါတိုင်း ခေါင်းပြောင်ဘုန်းကြီးက အပြောင်အပြက် စကားများလျှောက်ပြောပြီး ရယ်နေတတ်၏။ ပြီးရင်တော့ သူတို့တွေက ချန်လျဲ့ကို ရှောင်ကွင်းပြီး ခရီးဆက်ကြမှာပင်။
အစပိုင်းမှာတော့ ခေါင်းပြောင်ဘုန်းကြီးက ကြုံရာကျပန်း၊ အသုံးမဝင်တဲ့အရာများ အကြောင်းကို စကားတွေ အများကြီးပြောပြီး ဘယ်တော့မှ ရပ်တန့်မနေခဲ့ပေ။ သူက တစ်နေကုန် တစ်တွတ်တွတ် ပြောနေတတ်ပြီး သူ့ပါးစပ်ထဲ မုန့်ပေါင်းထည့်ပြီးရင်တောင် ဆက်ပြီးပြောနေသည်။
သို့သော်လည်း သူတို့သွားနေတဲ့ ခရီးလမ်းက ရှည်ကြာလေလေ သူက ပိုမိုတိတ်ဆိတ်လာလေလေပင်။ ကြောင်ကတိုးကို စီးနေရင်းဖြင့် ကြောင်လည်ပင်းပေါ်က အမွှေးများအား လက်ဖြင့်ပွတ်သပ်ပေးရင်းဖြင့် အချိန်အတော်ကြာအောင် အတွေးပျောက်နေတတ်သည်။ ရှန်ကျစ်ရှန်းက အကြိမ်အနည်းငယ်လောက် ခေါ်မှသာ တုံ့ပြန်လာတတ်၏။
သူ့ပုံစံက ထူးဆန်းနေတယ်လို့ ရှန်ကျစ်ရှန်း ခံစားရသည်။
"ခင်ဗျား ဘာဖြစ်နေတာလဲ?"
ခေါင်းပြောင်ဘုန်းကြီးက အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ရှန်ကျစ်ရှန်းအား လှည့်ကြည့်လာသည်။ သို့သော်လည်း သူကရှန်ကျစ်ရှန်းရဲ့မေးခွန်းကိုတော့ ပြန်မဖြေပေ။
"ငါ့မှာ မေးခွန်းရှိလို့....."
"ဟုတ်ပြီ?"
ရှန်ကျစ်ရှန်းက သက်တောင့်သက်သာဖြင့် ရန်ကျင်းလက်မောင်းကြားထဲမှာ ပြန်မှီလိုက်သည်။ ရန်ကျင်းက သူ့ခါးအား တည်ငြိမ်စွာ ဖက်ထားလိုက်ကာ သူ့ကို ခိုင်မြဲစွာဖြင့် စောင့်ကြပ်ပေးလိုက်၏။
ကြောင်ကတိုးအား ခေါင်းပြောင်ဘုန်းကြီးကို ပေးပြီးနောက်မှာ သူတို့က နှစ်ယောက် စီးနင်းလို့ရတဲ့ ပိုအားကောင်း ပိုကြီးမားသော မြင်းပျံတစ်ကောင်ကို ဝယ်ယူလိုက်ကြသည်။ ရှန်ကျစ်ရှန်းက အရမ်းကို ပျင်းရိတာကြောင့် ရန်ကျင်းနဲ့ အတူ စီးရသည်ကိုသာ ပိုနှစ်သက်ပြီး ထိုသူ့လက်မောင်းထဲ သက်တောင့်သက်သာ လှဲ၍ လေများဒဏ်ကနေ ကာကွယ်ရန် အတားအဆီးတစ်ခု လုပ်ခိုင်းထားလိုက်သည်လေ။ ရလဒ်ကတော့ သူက ဇိမ်ကျကျပဲ အနားယူနေသည်ပေါ့။
ခေါင်းပြောင်ဘုန်းကြီးက ဖြည်းညှင်းစွာ မေးလာသည်။
"အကယ်၍... ငါပြောချင်တာက အကယ်၍နော် တစ်နေ့မှာ မင်းချစ်တဲလူက တစ်ခြားတစ်ခုအဖြစ် လုံးဝကြီး ပြောင်းလဲသွားခဲ့ရင် မင်းသူ့ကို မုန်းမှာလား?"
သူက ထိုစကားအား နာမည်မတပ်ပဲ သူတို့နှစ်ယောက်ကို မေးလာခဲ့သည်။ ရှန်ကျစ်ရှန်းက သူ ဘယ်သူ့အကြောင်း ပြောနေမှန်း မသိပေမယ့် နားထောင်ပြီးတဲ့အခါကျတော့.....ဘာလို့ ရုတ်တရက်ကြီး အပြစ်ရှိသလို ခံစားလိုက်ရပါလိမ့်?
ရှန်ကျစ်ရှန်းက ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး ပြန်ဖြေသည်။
"တစ်ခြားတစ်ခုအဖြစ် လုံးဝကြီး ပြောင်းလဲသွားတယ် ဆိုတာက ဘာကိုဆိုလိုတာလဲ?"
"ဥပမာအားဖြင့် မိစ္ဆာဖြစ်သွားတာတို့ ဘာတို့လိုမျိုး ဆိုးဝါးတဲ့ အရာတစ်ခုခုကို ပြောင်းလဲသွားတာပေါ့"
ခေါင်းပြောင်ဘုန်းကြီးက အမြဲတမ်းလိုလို ရံဖန်ရံခါမှာ ဗေဒင်အကြောင်းများကို ထုတ်ပြောတတ်တာကြောင့် ရှန်ကျစ်ရှန်း စိတ်ထဲ သူနဲ့ ပတ်သတ်ပြီး ထိုလူက တစ်ခုခု သတိပြုမိတာ ဖြစ်မယ်လို့ ထင်ခဲ့မိသည်။ သို့သော်လည်း ထိုမေးခွန်းအား ကြားပြီးနောက်မှတော့ သူနားလည်လိုက်ရတာက ဒီဘုန်းကြီးက သူ့အကြောင်း ပြောနေတာ မဟုတ်ပဲ.....ရန်ကျင်းအကြောင်းကို ပြောနေတာလား?
ရန်ကျင်းရဲ့ ကိုယ်ထဲမှာ မိစ္ဆာချီရှိနေသည်။ သူက မိစ္ဆာအတတ် ကျင့်ကြံသူ ဖြစ်သွားမယ့် လမ်းကြောင်း အစွန်းလေးမှာ အကြိမ်ကြိမ်အဖန်ဖန် လျှောက်လှမ်းနေခဲ့ရသည်။ ရှန်ကျစ်ရှန်းက ဒါကို သိထားသည်လေ။ သူကတော့ ဒီအပေါ်မှာ ဘယ်လို မတူညီတဲ့ အမြင်မှ မရှိဘူး။ မိစ္ဆာအတတ် ကျင်ကြံတာနဲ့ အမတလမ်းစဉ် ကျင့်ကြံခြင်းက ကျင့်ကြံတဲ့ နည်းလမ်း မတူတာ တစ်ခုပဲဟာ။ မိစ္ဆာကျင့်ကြံသူနဲ့ ပတ်သတ်လို့လည်း ရှန်ကျစ်ရှန်းမှာ ဘယ်လိုအမြင်မှ ရှိမနေဘူး။ တကယ်တော့လည်း မိစ္ဆာအတတ် ကျင့်ကြံသူတွေထဲက အုပ်စုသေးသေးလေးသာ မကောင်းမှု ပြုကျင့်ကြသည်ပဲ။
အကယ်၍ ရန်ကျင်းက မိစ္ဆာအတတ် ကျင့်ကြံသူ ဖြစ်သွားရင်တောင် သူသာ ကမ္ဘာကြီးကို မဖျတ်ဆီးသ၍ ရှန်ကျစ်ရှန်းက ဂရုမစိုက်ဘူး
သူက "ဟင့်အင်း" ဟုသာ ပြန်ဖြေလိုက်သည်။
ခေါင်းပြောင်ဘုန်းကြီးက ထပ်မေး၏။
"အကယ်၍ သူ မိစ္ဆာဖြစ်သွားပြီးလို့ ကမ္ဘာကြီးကို ဖျတ်ဆီးရင်ရော? မင်းသူ့ကို စွန့်ပစ်မှာလား?"
ရှန်ကျစ်ရှန်းသည် အခုတော့ ဒီစကားက သူ့ကိုမေးတယ် ဆိုတာ သေချာသွားလေပြီ။ သူကဘာမှမတုံ့ပြန်ပဲ ခေါင်းပြောင်ဘုန်းကြီးအား ခဏလောက် ကြည့်နေလိုက်ပြီး သိချင်စိတ် ဖြစ်သွားရသည်။
"ဘာလို့ ဒီလို ဥပမာမျိုး မေးရတာလဲ?"
"အားယား, စိတ်မပူပါနဲ့ ငါက ဒီအတိုင်း ကြုံရာလျှောက်မေးလိုက်တာပါ"
ခေါင်းပြောင်ဘုန်းကြီးက ခေါင်းပြန်လှည့်သွားပြီး အနောက်ဘက်သို့သာ လှမ်းကြည့်နေသည်။ သူ့ကို ကြည့်ရတာ သိပ်ဂရုမစိုက်ပုံ ပေါ်ပေမယ့် သူ့မျက်လုံး ပိစိလေးများကတော့ ရှန်ကျစ်ရှန်းကိုသာ ချောင်းချောင်းကြည့်နေသည်။
ရှန်ကျစ်ရှန်းရဲ့ ပင်ကိုယ်သိစိတ်က တစ်ခုခုတော့ ရှိနေတယ်ဆိုတာ သိပေမယ့်လည်း ဘာမှန်း မခန့်မှန်းနိုင်ပေ။ သူက ပြန်တော့ဖြေသည်။
"ကျွန်တော့် အားကျင်းက အရမ်းလိမ်မာတာ။ အကယ်၍ သူ မိစ္ဆာလမ်းကြောင်းကို ရောက်သွားရင်တောင် ကမ္ဘာကြီးကို ဖျတ်ဆီးမှာ မဟုတ်ဘူး"
ထိုစကားကို ပြောပြီးနောက် သူ့ကို ပိုမိုတင်းကြပ်စွာ ပွေ့ဖက်ပြီး တုံ့ပြန်လာသည့် ရန်ကျင်းအား ပြန်မော့ကြည့်လိုက်သည်။ ထိုသူက သိမ်ငယ်ပြီး စိတ်ပူပန်နေသည့် အသံတိုးတိုးလေးဖြင့် 'ဆရာ' ဟုခေါ်လာ၏။
ရှန်ကျစ်ရှန်းက ဆက်ပြောသည်။
"မိစ္ဆာလမ်းကြောင်းကို ဝင်သွားတယ် ဆိုတာက ဒီအတိုင်း မိစ္ဆာလမ်းကြောင်းကို ဝင်သွားတာပဲလေ။ မိစ္ဆာတွေနဲ့ အမတကျင့်ကြံမှုရဲ့ အခြေခံတွေက ခွဲခြားဖို့ ခက်ခဲပါတယ်။ မကောင်းမှုတွေ လုပ်တဲ့ ဘီလူးလို မိစ္ဆာကျင့်ကြံမှုတွေ ရှိနေပေမယ့်လည်း ဒါက နည်းပါးတဲ့ အရေအတွက်ပဲလေ။ တမင်သက်သက် ဆိုးသွမ်းနေတဲ့ မိစ္ဆာအတတ် ကျင့်ကြံသူတွေ ရှိနေရင်တောင်မှ.....စိတ်နှလုံး ကောက်ကျစ်တဲ့ အမတ ကျင့်ကြံသူတွေလည်း အများကြီး ရှိတယ်လို့ ဆိုနိုင်တာပဲ။ ဒုတိယတစ်ခုက သူတို့ကိုယ်သူတို့ ကြောင်သူတော်အခွံထဲမှာ ထားခဲ့ပြီး တရားမျှတမှုကို တောင်းဆိုနေကြတာ သက်သက်ပဲ"
သူက သူနဲ့ရန်ကျင်းရဲ့ လက်ချောင်းများကို ယှက်နွယ်လိုက်ပြီး တည်ငြိမ်စွာ စကားဆက်သည်။
"ရန်ကျင်းက မိစ္ဆာလမ်းကြောင်းထဲ ဝင်သွားတာနဲ့ အဆုံးသတ်သွားရင်တောင် ကျွန်တော့်အတွက် ရန်ကျင်းကို မုန်းတီးဖို့ မဖြစ်နိုင်သလို သူ့ကို စွန့်ပစ်ဖို့က ပိုလို့တောင် မဖြစ်နိုင်ဘူး"
သူ့အသံက မထိန်းချုပ်နိုင်စွာ နူးညံ့သွားသည်။
"ကျွန်တော့် အားကျင်းက အဲ့ဒီလို လူဆိုးမျိုး မဟုတ်ဘူး"
သူ့လေသံက ယုံကြည်ချက်နဲ့ အားကိုးမှုများ ပြည့်နှက်နေတာကြောင့် ရန်ကျင်းအား ခပ်ဖျော့ဖျော့ ပြုံးမိစေ၏။ ခေါင်းပြောင်ဘုန်းကြီးက အနည်းငယ် စိတ်ထဲထိသွားဟန်ပေါ်ပြီး တီးတိုးရေရွတ်လာသည်။
"ဘယ်လိုတောင် ကျိုးကြောင်းသင့်လျော်တဲ့ ယေဘုယျသဘောတရားနဲ့ ရှားပါးတဲ့ ထိုးထွင်းသိမြင်မှုလဲလို့....ကံမကောင်းစွာနဲ့ အမြဲတမ်းနားလည်မှု မပေးနိုင်တဲ့သူတွေက အများကြီး ရှိနေတယ်......အဲ့ဒါဘာလဲ?"
သူက ကြောင်ကတိုးအား ရုတ်တရက် ပုတ်လိုက်ပြီး ရပ်တန့်စေလိုက်သည်။ ကြောင်ကတိုးက လိမ်လိမ်မာမာနဲ့ ရပ်တန့်လိုက်ကာ အမြီးလေးက လှုပ်ရမ်းနေရင်းဖြင့် သူ့ခြေလက်လေးချောင်းက မြေပြင်ပေါ်သို့ သက်ဆင်းသွားလေသည်။
ရန်ကျင်းက ထိုလူရုတ်တရက်ကြီး ရပ်သွားမယ်လို့ မထင်ခဲ့မိပေ။ မြင်းပျံက ပြေးတာ အရမ်းမြန်တာကြောင့် ထိုဘုန်းကြီးအား တော်တော်ဝေးဝေးထိ ကျော်တက်သွားမိသည်။ မြင်းပျံအား ထိန်းချုပ်ပြီးမှသာ အနောက်ကို ပြန်ဆုတ်ပြီး ဆင်းရ၏။
ဘုန်းကြီးရဲ့မျက်နှာပေါ်မှာ သူ့အတွင်းပိုင်း ပဋိပက္ခတွေနဲ့ ကူကယ်ရာမဲ့နေသည့် အပြစ်ရှိစိတ်များ ပေါ်လွင်နေသည်။ သူက ရုတ်တရက် မြေပြင်ပေါ် ပစ်လှဲချလိုက်ပြီး လှိမ့်လိုက်လေသည်။ သူက သူတို့ကို နင့်နင့်နဲနဲ ကြည့်နေရင်း အချိန်အတော်လေး ကြာမှ ပြန်ထလာသည်။သူ့စိတ်ထဲက အပြစ်ရှိစိတ်က သူ့ရင်ထဲမှာ ရှုပ်ထွေးပွေလီတဲ့ခံစားချက်တွေကို မွေးဖွားပေးလိုက်ပုံပေါ်ပြီး နူးညံ့စွာ ပြောလာသည်။
"ငါတကယ့်ကို တောင်းပန်ပါတယ် ဒါပေမဲ့ ငါမင်းတို့နှစ်ယောက်ကို ကိုယ့်စကားကိုယ် အမှတ်ရနေဖို့ ပြောချင်တယ်....ကျေးဇူးပြုပြီး အချင်းချင်း ဂရုစိုက်ကြပါ။ နောက်ပိုင်းမှာ အပြစ်ပေးတဲ့အနေနဲ့ ငါ့ကို သတ်ချင်တာပဲဖြစ်ဖြစ် ငါ့အသားကို လှီးဖြတ်ချင်တာပဲဖြစ်ဖြစ် ဒီဘုန်းကြီးက လိုက်နာပါ့မယ်"
ရှန်ကျစ်ရှန်းက သူ့ကို အံ့အားသင့်စွာ ကြည့်နေပြီးနောက် ရန်ကျင်းနဲ့အတူ အောက်ဆင်းလိုက်၏။ သူက ချက်ချင်း မတုန့်ပြန်နိုင်သော်လည်း ဘုန်းကြီးရဲ့ စကားများက ဘာကိုဆိုလိုတာလဲ ဆိုတာအား သိချင်စိတ် ဖြစ်သွားမိသည်။ ရုတ်တရက်ပင် မြေပြင်ပေါ်မှာ အားကောင်းတဲ့ လေပြင်းတစ်ခု ထိုးတက်လာပြီး သဲများကျောက်တုံးများ လွင့်ပျံတက်လာကာ ခေါင်းပြောင်ဘုန်းကြီးရဲ့ ပုံသဏ္ဍာန်အား ဖုံးကွယ်သွားသည်။
သူတို့ခြေထောက်အောက်က မြေပြင်သည်လည်း စတင် တုန်ယင်လာသည်။ မြေကြီးက ပွင့်ထွက်လာကာ အနက်ရှိုင်းဆုံး နေရာမှ လေအေးများ ထိုးတက်လာ၍ ထောင်ပေါင်းများစွာသော နတ်ဆိုးများနှင့် ရာနှင့်ချီသော သရဲတစ္ဆေများ၏ အော်ဟစ်သံကဲ့သို့ ဝိုးတဝါးနှင့် ထူးဆန်းသော အသံများစွာကို သယ်ဆောင်လာသည်။
သူတို့က အလွန်လျင်မြန်စွာ တုံ့ပြန်ကြပြီး ခေါင်းပြောင်ဘုန်းကြီးဆီသို့ ချက်ချင်းပြေးဝင်သွားကြသည်။သို့သော် သူတို့၏ခြေအောက်ရှိမြေသည် ပြောင်းလဲသွားပုံရပြီး စုပ်ဝဲလို သဲများအဖြစ်သို့ ပြောင်းသွားကာ သူတို့ကို စုပ်ယူသွားခဲ့သည်လေ။
ရန်ကျင်းက ဓားဆွဲထုတ်လိုက်ပေမယ့်လည်း အလွန်နောက်ကျသွားသည်။ဤအားကောင်းသော စွမ်းအားသည် သူတို့ ယခင်က တွေ့ကြုံဖူးသမျှကို ကျော်လွန်သွားခဲ့သည်။ ခဏတာအတွင်းမှာပဲ သူတို့ဟာ လုံး၀ မျိုချခံလိုက်ရပြီး မြေပြင်ပြောင်ပြောင်ကိုသာ ချန်ရစ်ထားခဲ့၏။
****
ခေါင်းပြောင်ဘုန်းကြီးက မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျလာကာ ပါးစပ်အပြည့် လေအဝရှုလိုက်ပြီး သူ့ခန္တာကိုယ်က ချွေးအေးများ ဖုန်းလွှမ်းနေသည်။ သူက အလွန်တုန်ယင်နေသည့် လက်များကို အချင်းချင်း ဆုပ်ကိုင်ထားသည်။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်..." သူ့အသံက တုန်လှုပ်နေသည်။ သူက ဆို့တက်လာသည့် သွေးများကို ပြန်မျိုချလိုက်ပြီး စာအုပ်တစ်အုပ်အား လက်တုန်တုန်နဲ့ ဆွဲထုတ်လိုက်သည်။
စာအုပ်က အတော်လေး ဟောင်းနွမ်းပြီး ထူထဲလှသည်။ အစွန်းများက အကြိမ်ပေါင်းများစွာ ဖွင့်ထားသလိုမျိုး စုတ်ပြဲနေလေသည်။
ခေါင်းပြောင်ဘုန်းကြီးသည် စာအုပ်ကို မြေပြင်ပေါ်တွင်ဖြန့်ကာ စာလုံးအချို့ကို ပါးစပ်မှရွတ်၍ မျက်နှာဖုံးစာမျက်နှာကို တိတ်တဆိတ်ဖွင့်လိုက်သည်။ သူက တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ စာမျက်နှာတစ်ရွက်ချင်းဆီသို့ လှန်လှောရင်း သူ့ပတ်ဝန်းကျင်ကို သတိထားဖို့ မေ့သွားသည်အထိ ပြင်းထန်စွာ ကြိုးစားနေခဲ့သည်။ ထို့ကြောင့် တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို သူ သတိမထားမိလိုက်ပေ။
"ဒီမှာပဲ......" သူ့မျက်လုံးများက တောက်ပသွားသည်။ သူက ထိုစာရွက်အား စုတ်ဖြဲဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ နီရဲနေသော ကြာပွတ်နှင့် အေးစက်သော လက်တစ်စုံ ပေါ်လာပြီး စာအုပ်ကို ဦးစွာ ကောက်ယူသွားလေသည်။
"— ဟေး?!"
ခေါင်းပြောင်ဘုန်းကြီးက ဖျော့တော့သွားပြီး ထိုသူ့ဆီ ပြေးဝင်သွားကာ စာအုပ်အဟောင်းကြီးအား ပြန်ဆွဲယူရန် ကြိုးစားသည်။
ဒီစာအုပ်ကို တစ်ခြားသူတွေ မြင်လို့မရဘူး။
ခေါင်းပြောင်ဘုန်းကြီးက သူ့လက်ကျန် အင်အားအကုန်လုံးဖြင့် လောင်းကြေးထပ်လိုက်၏။ သို့သော်လည်း မမျှော်လင့်စွာပင် ခြေနှစ်လှမ်းမျှ လှမ်းပြီးတာနဲ့ ချန်လျဲ့ကို တိုက်မိသွားသည်။ ထိုအဖြစ်ကြောင့် ချန်လျဲ့ရဲ့ လက်က ချော်သွားခဲ့ကာ စာအုပ်က ကျယ်လောင်သည့် အသံဖြင့် မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျသွားခဲ့သည်လေ။
ခေါင်းပြောင်ဘုန်းကြီးမှာ အင်အားတစ်စက်မှ မကျန်တော့။ သူနဲ့သိပ်မဝေးတဲ့ နေရာက စာအုပ်အား လှမ်းကြည့်နေသော်လည်း ပြန်ကောက်ယူနိုင်မယ့် ခွန်အားတော့ မကျန်ရစ်တော့ပေ။ သူက ချန်လျဲ့တစ်ယောက် စာအုပ်ကို နောက်တစ်ဖန် ပြန်ကောက်ယူလိုက်သည်ကိုသာ ကူရာမဲ့စွာ ကြည့်နေရသည်။
ကံကောင်းစွာနဲ့ စာအုပ်ပြုတ်ကျသွားတဲ့ အချိန်မှာ ပိတ်ရက်ကျသွားခဲ့တာဖြစ်သည်။ စာအုပ်ကို ဖွင့်ရန်အတွက် လျှို့ဝှက် စကားများ မန်းမှုတ်ရန် လိုအပ်သည်။ မန်းမှုတ်မှု မရှိပဲနဲ့ စာအုပ်ပွင့်လာခဲ့မယ် ဆိုရင်တောင် စာရွက်ဗြောင်များကိုသာ ပြနေမှာပင်။
ချန်လျဲ့က စာအုပ်ကို အကြိမ်ကြိမ်လှန်ကြည့်သော်လည်း ကြည့်မရခဲ့။ အေးစက်နေသည့် မျက်လုံးများက တုန်ယင်နေသည့် ခေါင်းပြောင်ဘုန်းကြီးအား လှမ်းကြည့်ကာ "ဒါဘာကြီးလဲ?" ဟုမေးလာခဲ့ပြီး သူ့လေသံက ရေခဲများ ဖုံးကွယ်လုမတတ် ဖြစ်နေသည်။
ခေါင်းပြောင်ဘုန်းကြီးက ချန်လျဲ့အား ကြည့်နေသည်။ သူက သူ့ရင်ထဲက စိုးရိမ်မှုအား လျှော့ချလိုက်ပြီး သူ့နှုတ်ခမ်းမှ သွေးများအား ဂရုမထားဟန်သုတ်လိုက်၍ ပြုံးလိုက်လေသည်။
"ဒါက ဒီဘုန်းကြီး လုပ်ထားတဲ့ မကောင်းမှုတွေ အားလုံးကို စုစည်းထားတာပဲ ဘာလဲ? မြင်ချင်လို့လား?"
27.5.2022
==================
Translator' Note
လျှို့ဝှက်ချက်တွေ တစ်ဖြည်းဖြည်း ပေါ်လာတော့မှာပါနော်။ အပိုင်းလည်း (21) ပိုင်းပဲလိုပါတော့တယ်
==================
Zawgyi
အခန္း(၅၈) - ေရွ႔ေျပးျဖစ္ရပ္မ်ား
ေခါင္းေျပာင္ဘုန္းၾကီးက ရွန္က်စ္ရွန္းေနာက္မွာ ဝင္ပုန္းသည္။ သူက အခု ရွန္က်စ္ရွန္းနဲ႔ ရန္က်င္းအား အကာအရံ လုပ္ထားတာေၾကာင့္ ၾကည့္ရတာ အမ်ားၾကီးပိုျပီး စိတ္သက္သာရာ ရသြားပံုပင္။ သူက က်ယ္ေလာင္စြာ ေအာ္ဟစ္လာသည္။
"ရိုးရိုးသားသားေျပာရရင္ ငါမင္းကို ေျပာျပီးသားေလ။ ဒီတစ္ေခါက္ ငါ ဘာအမွားမွ မလုပ္ထားဘူး။ မင္းငါ့ကို ရိုက္လို႔ မရဘူး!"
ခ်န္လ်ဲ႔ ဟုေခၚသည့္ မ်က္နွာေအးစက္စက္နဲ႔ လူက သူ႔အား ဂရုမထားစြာျဖင့္သာ ၾကည့္ေနသည္။ သူက နွင္းခဲမ်ား ျပည့္နွက္ေနသည့္ မ်က္လံုးမ်ားျဖင့္ ေအးစက္စက္ ေမးလာ၏။
"စီေဖး ဘယ္မွာလဲ?"
ေခါင္းေျပာင္ဘုန္းၾကီးက လည္ပင္းကို ျပန္ေနာက္ဆုတ္ျပီး သူ႔ကို ျငင္းဆိုသည္။
"ငါအဲ့ဒီကေလးကို ေျပာျပီးသား။ မင္း အားေဖးကို သြားမရွဳပ္သင့္ဘူး။ ငါတို႔မိသားစု အားေဖးက အရမ္းေကာင္းတာ!"
ခ်န္လ်ဲ႔ က ေခါင္းေျပာင္ဘုန္းၾကီးအား ခဏေလာက္ စိုက္ၾကည့္ျပီးမွ ရွန္က်စ္ရွန္းအား ခပ္သာသာ ေခါင္းညိတ္ျပျပီး ေအးစက္စြာ ေျပာလာသည္။
"အခုေျပာတဲ့ သူ႔စကားေတြက မမွန္ဘူး။ ဒီလူက အဓိပၸါယ္မဲ့စကားေတြ ေျပာရတာကို သေဘာက်ျပီး အမွားနဲ႔ အမွန္ကိုခြဲျခားလို႔ မရနုိင္ဘူး"
သူ႔ရဲ႔ 'အဓိပၸါယ္မဲ့စကား' ဆိုတဲ့ စာလံုးက ေခါင္းေျပာင္ဘုန္းၾကီးအား ရည္ညႊန္းျခင္းျဖစ္ကာ ရွန္က်စ္ရွန္းနဲ႔ ဘာမွ ပတ္သတ္မွု မရွိေပ။
ရွန္က်စ္ရွန္းက ေခါင္းေျပာင္ဘုန္းၾကီးအေပၚ သူ႔ဆက္ဆံမွုနဲ႔ ပတ္သတ္လို႔လည္း ဘယ္လိုအျမင္မွ ရွိမေန။ ဒါက သူတို႔နွစ္ေယာက္ၾကားက ကိုယ္ေရးကုိယ္တာ ကိစၥသာ ျဖစ္သည္ေလ။ ဒါေပမဲ့ခ်န္လ်ဲ့က ေခါင္းေျပာင္ဘုန္းၾကီးကို သတ္ခ်င္ေနတဲ့ အေပၚမွာေတာ့ အျမင္ရွိတယ္..... အဲ့ဒါေၾကာင့္လည္း သူ႔ဘက္က နားေထာင္ဖို႔ ေပ်ာ္ရႊင္မိသည္သာ
ရွန္က်စ္ရွန္းသည္လည္း ဂရုမထားဟန္ အမူအယာအား ဝတ္ဆင္လိုက္ျပီး ျပန္ေမးသည္။
"ဒီလူက ဘယ္သူလဲ ဆုိတာ ေမးခြင့္ရွိမလား....."
ခ်န္လ်ဲ႔က တစ္ျခားသူမ်ားအား ေအးစက္ေမာက္မာစြာသာ ဆက္ဆံေလ့ရွိသည္။ ခုနက သူ႔ရွင္းျပခ်က္သည္ပင္ အေတာ္ေလး ရွည္လ်ားေနျပီျဖစ္ျပီး အလြန္ရွားပါးလွသည္ပင္။ ဒီအခ်ိန္မွာေတာ့ သူက ေအးစက္စြာသာ ျပန္ေျဖလာ၏။
" မင္းက်ိဳး , ခ်န္လ်ဲ႔"
ထိုစကားကို ေျပာျပီးတာနဲ႔ သူကထရပ္ျပီး ထြက္ခြာသြားေတာ့သည္။
ရွန္က်စ္ရွန္းရဲ႔ စားပြဲနားကို ျဖတ္ေလ်ွာက္သြားတဲ့ အခ်ိန္မွာ ေခါင္းေျပာင္ဘုန္းၾကီးအား တစ္ခ်က္ ၾကည့္လုိက္ျပီး သူ႔မ်က္လံုးမ်ားက နက္ရွိုင္းလွတဲ့ အမုန္းတရားမ်ား ထုတ္ေဖာ္ေနသည္။
"အေနွးနဲ႔အျမန္ အဲ့ဒီ ဆိုးဝါးတဲ့ အျပစ္အားလံုးကို ဖ်တ္ဆီးပစ္မယ့္ေန႔က ေရာက္လာလိမ့္မယ္"
ေခါင္းေျပာင္ဘုန္းၾကီးက သူ႔ကို သြားျဖီးျပံဳးျပသည္။
"အဲဒါက မင္းကိုလည္း မေမးဘူး မင္းနဲ႔လည္း လုိက္မရွဳပ္ေနဘူး ဘာလို႔ မင္းက အဲ့ဒါေနာက္ လိုက္ေနရတာလဲ?"
"မေကာင္းမႈကို ခိုလွံဳခြင့္ေပးတဲ့ ေနရာမ်ိဳးက ေကာင္းကင္ဘံုေအာက္မွာ မတည္ရွိနုိင္ဘူး"
သူထြက္သြားျပီးေနာက္မွာ ေခါင္းေျပာင္ဘုန္းၾကီးက တိတ္တိတ္ေလး တီးတိုးေရရြတ္သည္။
"စိတ္ရွုပ္ဖို႔ေကာင္းတဲ့ ေကာင္ေလး"
"အဲ့ဒါဘယ္သူလဲ?"
"အဲ့ဒီလူက မင္းက်ိဳးဂိုဏ္းကေန လာတာ။ သူက မေကာင္းမွဳမွန္သမ်ွကို ဒဏ္ခတ္မယ္၊ ကုသိုလ္ေကာင္းမွဳကို ျမွင့္တင္မယ္၊ ညစ္ညမ္းမွု မွန္သမ်ွကို ဖယ္ရွားပစ္မယ္လို႔ သစၥာဆိုထားတာ။"
ေခါင္းေျပာင္ဘုန္းၾကီးက အျပံဳးနဲ႔ ေျပာေနေပမယ့္လည္း သူ႔စကားထဲမွာ အနည္းငယ္ ေထ့ေငါ့သံ ပါေနသည္။ သူက သက္ျပင္းဖြဖြခ်ျပီး ဆက္ေျပာ၏။
"သူေျပာတာေတာ့ ဝမ္လင္းျမိဳ႔က ကမာၻေပၚမွာ အညစ္ပတ္ဆုံးေနရာျဖစ္ၿပီး မၾကာခင္ ဒါမွမဟုတ္ ေနာက္ပိုင္းမွာ ပ်က္စီးသြားလိမ့္မယ္ဆိုပဲ"
ရွန္က်စ္ရွန္းက မ်က္လႊာခ်လိုက္သည္။
"ဝမ္လင္းျမိဳ႔က မိစာၦေတြ နတ္ဆိုးေတြ ေထာင္ေသာင္းခ်ီေနတာ....အဲ့ဒီေတာ့ တကယ္ပဲ အဲ့ဒီလိုပံုပဲေလ။ သူေျပာတဲ့ စီေဖးဆိုတာက ......ဝမ္လင္းျမိဳ႔က လူပဲလား?"
"သူက ဝမ္လင္းျမိဳ႔ရဲ႔ ျမိဳ႔အရွင္" ေခါင္းေျပာင္ဘုန္းၾကီးက ခပ္လြင္လြင္ေလး ရယ္ရင္း စကားဆက္သည္။
"ဒီကမာၻႀကီးမွာ သူတို႔ထင္သလို မဟုတ္တဲ့အရာေတြ အမ်ားႀကီးရွိတယ္။ အဲ့ဒါက အဲ့ဒီလိုပုံေပါက္ေနေပမယ့္ တကယ္ေတာ့..."
သူက ရပ္တန႔္လိုက္ျပီး ေခါင္းယမ္း ၿပဳံးကာ သက္ျပင္းခ်လိုက္ျပန္သည္။
ရွန္က်စ္ရွန္းက ထပ္ေမးမိသည္။
"တကယ္ပဲ ဘာမို႔လို႔လဲ?"
ထိုအခ်ိန္မွာပဲ စားပြဲထိုးေလးက "လာျပီဗ်ိဳ႔!" ဆိုတဲ့အသံနဲ႔အတူ အသားေပါင္မုန္႔ ေလးပြဲအား စားပြဲေပၚ တင္ေပးလာေလသည္။ ေခါငး္ေျပာင္ဘုန္းၾကီးရဲ႔ မ်က္လံုးမ်ားက ခ်က္ခ်င္းေတာက္ပသြားျပီး သူ႔လက္မ်ားကို ပြတ္သပ္လုိက္သည္။ သူက အရမ္းကို စိတ္အားထက္သန္ေနတာေၾကာင့္ မုန္႔ေတြ ပူေနေသးတာကိုပင္ ဂရုမစိုက္ပဲ လက္နွစ္ဖက္လံုးနဲ႔ ေကာက္ယူလိုက္၏။ သူ႔ပံုစံက မုန္႔ေပါင္းကို ၾကိဳက္တဲ့ပံု ေပၚေပမယ့္ တကယ္တမ္းေတာ့ အသားမုန္႔ကိုပဲ ၾကိဳက္တာ
သူက အသားမုန္႔ နွစ္ခုအား စိုက္ၾကည့္ရင္း သြားရည္မ်ားပင္ ယိုလာ၏။
"အား, အနံ႔ေလးက ေမြးေနတာပဲ! ငါအသားေပါင္မုန္႔ကို တကယ္ၾကိဳက္တယ္ အား!"
ရွန္က်စ္ရွန္းသည္ ထိုလူက ေခါင္းစဥ္အား တမင္ေျပာင္းလဲလိုက္သည္ကို သိလို္က္တာေၾကာင့္ ထပ္ေမးမေနေတာ့ပဲ ဒီအတိုင္းသာ ေျပာလိုက္သည္။
"ခင္ဗ်ားက အျမဲတမ္း မုန္႔ေပါင္းအေၾကာင္းပဲ ေျပာေနေတာ့ မုန္႔ေပါင္းတစ္ခုတည္းကိုပဲ စားတယ္ထင္လိုက္တာ"
"အကယ္၍ ငါ့မွာသာ ပိုက္ဆံရွိရင္ မုန္႔ေပါင္းကိုပဲ ေန႔တိုင္းစားေနပါ့မလား? အသားေပါင္မုန္႔ေတြကမွ တကယ္ အရသာရွိတဲ့ဟာ!"
ေခါင္းေျပာင္ဘုန္းၾကီးက အသားမုန္႔အား တစ္ဝက္ေလာက္ ကိုက္ခ်ျပီးေနျပီျဖစ္ျပီး အျမန္အဆန္ ဝါးေနသည္။
"အဓိက ကေတာ့ ပိုက္ဆံမရွိလို႔.......ငါက အလွဳခံေၾကး မရတဲ့ ဘုန္းၾကီးေလ"
ရွန္က်စ္ရွန္းက သူ႔မ်က္ခံုးကိုသာ ခပ္ဖြဖြ ပြတ္သပ္မိေတာ့ေလသည္.
......
စားေသာက္ဆိုင္မွာကတည္းက ခ်န္လ်ဲ႔က သူတို႔ပတ္ဝန္းက်င္မွာ ပိုပိုၿပီး မၾကာခဏ ေပၚလာတတ္လာသည္။
ေခါင္းေျပာင္ဘုန္းၾကီးကေတာ့ ခါးသီးစြာသာ ငိုယိုမိသည္
"ဒီလူ, သူေသခ်ာေပါက္ ငါတို႔ေနာက္ကေန ဝမ္လင္းျမိဳ႔ကို လိုက္ခ်င္ေနတာျဖစ္မယ္" သူက သက္ျပင္းတစ္ခ်ိ္န္လံုး ခ်ေန၏။
"အားေဖးက သူထပ္ျပီး ရွာမေတြ႔ေအာင္ ဝမ္လင္းျမိဳ႔ကို ေဖ်ာက္ထားတာ.....အားေဖးေတာ့ ငါ့ကို ထိပ္ေျပာင္ေအာင္ တုံးေတာ့မွာပဲ"
"ခင္ဗ်ားက ေျပာင္ျပီးသားပဲေလ ဘာကိုစိုးရိမ္ေနတာလဲ?"
ေခါင္းေျပာင္ဘုန္းၾကီးက ဂနာမျငိမ္စြာ ေရရြတ္ေနသည္။
"သူက မနာလိုစိတ္လည္းၾကီးတယ္ အမုန္းတရားလည္း မ်ားတယ္၊ အရင္တုန္းက တစ္စံုတစ္ခုကို ေတြ႔ၾကံဳဘူးတာမို႔လို႔ မိစာၦေတြ နတ္ဆိုးေတြကို အထူးတလွယ္ မုန္းတီးေနတာ၊မိစာၦတစ္ေကာင္ကို ျမင္တာနဲ႔ သတ္ဖို႔ ၾကိဳးစားလိမ့္မယ္။ အဲဒီမိစာၦက ေကာင္းလား မေကာင္းလား ဆုိတဲ့အေပၚမွာလည္း သူက ဘာမွတိုင္းတာမွု မရွိဘူး၊ ေနာက္ပိုင္း မင္းတို႔ သူ႔ကိုေတြ႔ရင္ ေရွာင္သာေရွာင္သြား။ အဲ့ဒီေရခဲတုန္းၾကီးက ရူးသြပ္လာျပီ ဆိုရင္ သူ႔ကို ဘယ္သူမွ မတားနုိင္ဘူး"
ရွန္က်စ္ရွန္းက ေတြးဆဆ ေျပာလိုက္သည္။
"သူက နတ္ဆိုးေတြ မိစာၦေတြကို နက္နက္ရွိုင္းရွိုင္းမုန္းတီးေနတာ အဲ့ဒါ က်ြန္ေတာ္တို႔နဲ႔ ဘာသက္ဆုိင္လို႔လဲ?"
ေခါင္းေျပာင္ဘုန္းၾကီးက ရုတ္တရက္ ေလွာင္ေျပာင္ဟန္ နွာမွုတ္လုိက္သည္။ ခဏေလာက္ အၾကာမွာေတာ့ သူက ပတ္ဝန္းက်င္အား လွည့္ပတ္ၾကည့္လုိက္ျပီး သာမာန္ကာလွ်ံကာ ေျပာလာ၏။
"အိုး, ငါတို႔ဘယ္သြားေနၾကတာလဲ? ခဏေနဦး, ငါလမ္းစဥ္းစားလုိက္ဦးမယ္....."
ရွန္က်စ္ရွန္းက မ်က္လံုးမ်ားကို ေမွးက်ဥ္းလုိက္ေလသည္။
"ခင္ဗ်ားရဲ႔ လက္ညွိဳးေတြက ၾကံဳရာေနရာကို ထိုးေနတယ္လို႔ ဘာလို႔ ထင္မိပါလိမ့္? ခင္ဗ်ား ဘယ္လို ဆိုးသြမ္းတဲ့ အၾကံေတြ ထုတ္ေနတာလဲ?"
"မဟုတ္ဘူး၊ မဟုတ္ဘူး၊ ငါက ႐ိုးသားတဲ့လူပါ" ေခါင္းေျပာင္ဘုန္းႀကီးက ထပ္ခါတလဲလဲ ျငင္းသည္။ သူက လမ္းေၾကာင္းမွန္ကိုရွာေနသလိုမ်ိဳး သူ႔မ်က္လံုး ပိစိေလးမ်ားကို က်ဥ္းေျမာင္းလုိက္ကာ သူ႔လက္ေခ်ာင္းမ်ားက ေလွ်ာက္ထိုးေနသည္။
"သြား၊ ဒီလမ္းပဲ"
သူတို႔ အုပ္စုက ေနာက္ထပ္ ခုနစ္ရက္ သို႔မဟုတ္ ရွစ္ရက္ေလာက္ သြားခဲ့ၾကျပီး တစ္ခါတစ္ရံမွာ ခ်န္လ်ဲ႔နဲ႔ တိုးမိၾကသည္။ ထိုသို႔ျဖစ္တဲ့အခါတုိင္း ေခါင္းေျပာင္ဘုန္းၾကီးက အေျပာင္အျပက္ စကားမ်ားေလွ်ာက္ေျပာျပီး ရယ္ေနတတ္၏။ ျပီးရင္ေတာ့ သူတို႔ေတြက ခ်န္လ်ဲ႔ကို ေရွာင္ကြင္းျပီး ခရီးဆက္ၾကမွာပင္။
အစပိုင္းမွာေတာ့ ေခါင္းေျပာင္ဘုန္းၾကီးက ႀကဳံရာက်ပန္း၊ အသုံးမဝင္တဲ့အရာမ်ား အေၾကာင္းကို စကားေတြ အမ်ားႀကီးေျပာၿပီး ဘယ္ေတာ့မွ ရပ္တန႔္မေနခဲ့ေပ။ သူက တစ္ေနကုန္ တစ္တြတ္တြတ္ ေျပာေနတတ္ျပီး သူ႔ပါးစပ္ထဲ မုန္႔ေပါင္းထည့္ျပီးရင္ေတာင္ ဆက္ျပီးေျပာေနသည္။
သို႔ေသာ္လည္း သူတို႔သြားေနတဲ့ ခရီးလမ္းက ရွည္ၾကာေလေလ သူက ပိုမိုတိတ္ဆိတ္လာေလေလပင္။ ေၾကာင္ကတိုးကို စီးေနရင္းျဖင့္ ေၾကာင္လည္ပင္းေပၚက အေမႊးမ်ားအား လက္ျဖင့္ပြတ္သပ္ေပးရင္းျဖင့္ အခ်ိန္အေတာ္ၾကာေအာင္ အေတြးေပ်ာက္ေနတတ္သည္။ ရွန္က်စ္ရွန္းက အၾကိမ္အနည္းငယ္ေလာက္ ေခၚမွသာ တံု႔ျပန္လာတတ္၏။
သူ႔ပံုစံက ထူးဆန္းေနတယ္လို႔ ရွန္က်စ္ရွန္း ခံစားရသည္။
"ခင္ဗ်ား ဘာျဖစ္ေနတာလဲ?"
ေခါင္းေျပာင္ဘုန္းၾကီးက အခ်ိန္အေတာ္ၾကာေအာင္ တိတ္ဆိတ္ေနျပီးမွ ရွန္က်စ္ရွန္းအား လွည့္ၾကည့္လာသည္။ သို႔ေသာ္လည္း သူကရွန္က်စ္ရွန္းရဲ႔ေမးခြန္းကိုေတာ့ ျပန္မေျဖေပ။
"ငါ့မွာ ေမးခြန္းရွိလို႔....."
"ဟုတ္ျပီ?"
ရွန္က်စ္ရွန္းက သက္ေတာင့္သက္သာျဖင့္ ရန္က်င္းလက္ေမာင္းၾကားထဲမွာ ျပန္မွီလိုက္သည္။ ရန္က်င္းက သူ႔ခါးအား တည္ျငိမ္စြာ ဖက္ထားလုိက္ကာ သူ႔ကို ခိုင္ျမဲစြာျဖင့္ ေစာင့္ၾကပ္ေပးလိုက္၏။
ေၾကာင္ကတိုးအား ေခါင္းေျပာင္ဘုန္းၾကီးကို ေပးျပီးေနာက္မွာ သူတို႔က နွစ္ေယာက္ စီးနင္းလို႔ရတဲ့ ပိုအားေကာင္း ပိုၾကီးမားေသာ ျမင္းပ်ံတစ္ေကာင္ကို ဝယ္ယူလုိက္ၾကသည္။ ရွန္က်စ္ရွန္းက အရမ္းကို ပ်င္းရိတာေၾကာင့္ ရန္က်င္းနဲ႔ အတူ စီးရသည္ကိုသာ ပိုနွစ္သက္ျပီး ထိုသူ႔လက္ေမာင္းထဲ သက္ေတာင့္သက္သာ လွဲ၍ ေလမ်ားဒဏ္ကေန ကာကြယ္ရန္ အတားအဆီးတစ္ခု လုပ္ခိုင္းထားလုိက္သည္ေလ။ ရလဒ္ကေတာ့ သူက ဇိမ္က်က်ပဲ အနားယူေနသည္ေပါ့။
ေခါင္းေျပာင္ဘုန္းၾကီးက ျဖည္းညွင္းစြာ ေမးလာသည္။
"အကယ္၍... ငါေျပာခ်င္တာက အကယ္၍ေနာ္ တစ္ေန႔မွာ မင္းခ်စ္တဲလူက တစ္ျခားတစ္ခုအျဖစ္ လံုးဝၾကီး ေျပာင္းလဲသြားခဲ့ရင္ မင္းသူ႔ကို မုန္းမွာလား?"
သူက ထိုစကားအား နာမည္မတပ္ပဲ သူတို႔နွစ္ေယာက္ကို ေမးလာခဲ့သည္။ ရွန္က်စ္ရွန္းက သူ ဘယ္သူ႔အေၾကာင္း ေျပာေနမွန္း မသိေပမယ့္ နားေထာင္ျပီးတဲ့အခါက်ေတာ့.....ဘာလို႔ ရုတ္တရက္ၾကီး အျပစ္ရွိသလို ခံစားလိုက္ရပါလိမ့္?
ရွန္က်စ္ရွန္းက ခပ္ဖြဖြ ေခ်ာင္းဟန္႔လိုက္ျပီး ျပန္ေျဖသည္။
"တစ္ျခားတစ္ခုအျဖစ္ လံုးဝၾကီး ေျပာင္းလဲသြားတယ္ ဆိုတာက ဘာကိုဆိုလိုတာလဲ?"
"ဥပမာအားျဖင့္ မိစာၦျဖစ္သြားတာတို႔ ဘာတို႔လိုမ်ိဳး ဆိုးဝါးတဲ့ အရာတစ္ခုခုကို ေျပာင္းလဲသြားတာေပါ့"
ေခါင္းေျပာင္ဘုန္းၾကီးက အျမဲတမ္းလိုလို ရံဖန္ရံခါမွာ ေဗဒင္အေၾကာင္းမ်ားကို ထုတ္ေျပာတတ္တာေၾကာင့္ ရွန္က်စ္ရွန္း စိတ္ထဲ သူနဲ႔ ပတ္သတ္ျပီး ထိုလူက တစ္ခုခု သတိျပဳမိတာ ျဖစ္မယ္လို႔ ထင္ခဲ့မိသည္။ သို႔ေသာ္လည္း ထိုေမးခြန္းအား ၾကားျပီးေနာက္မွေတာ့ သူနားလည္လုိက္ရတာက ဒီဘုန္းၾကီးက သူ႔အေၾကာင္း ေျပာေနတာ မဟုတ္ပဲ.....ရန္က်င္းအေၾကာင္းကို ေျပာေနတာလား?
ရန္က်င္းရဲ႔ ကိုယ္ထဲမွာ မိစာၦခ်ီရွိေနသည္။ သူက မိစာၦအတတ္ က်င့္ၾကံသူ ျဖစ္သြားမယ့္ လမ္းေၾကာင္း အစြန္းေလးမွာ အၾကိမ္ၾကိမ္အဖန္ဖန္ ေလွ်ာက္လွမ္းေနခဲ့ရသည္။ ရွန္က်စ္ရွန္းက ဒါကို သိထားသည္ေလ။ သူကေတာ့ ဒီအေပၚမွာ ဘယ္လို မတူညီတဲ့ အျမင္မွ မရွိဘူး။ မိစာၦအတတ္ က်င္ၾကံတာနဲ႔ အမတလမ္းစဥ္ က်င့္ၾကံျခင္းက က်င့္ၾကံတဲ့ နည္းလမ္း မတူတာ တစ္ခုပဲဟာ။ မိစာၦက်င့္ၾကံသူနဲ႔ ပတ္သတ္လို႔လည္း ရွန္က်စ္ရွန္းမွာ ဘယ္လိုအျမင္မွ ရွိမေနဘူး။ တကယ္ေတာ့လည္း မိစာၦအတတ္ က်င့္ၾကံသူေတြထဲက အုပ္စုေသးေသးေလးသာ မေကာင္းမွဳ ျပဳက်င့္ၾကသည္ပဲ။
အကယ္၍ ရန္က်င္းက မိစာၦအတတ္ က်င့္ၾကံသူ ျဖစ္သြားရင္ေတာင္ သူသာ ကမာၻၾကီးကို မဖ်တ္ဆီးသ၍ ရွန္က်စ္ရွန္းက ဂရုမစိုက္ဘူး
သူက "ဟင့္အင္း" ဟုသာ ျပန္ေျဖလုိက္သည္။
ေခါင္းေျပာင္ဘုန္းၾကီးက ထပ္ေမး၏။
"အကယ္၍ သူ မိစာၦျဖစ္သြားျပီးလို႔ ကမာၻၾကီးကို ဖ်တ္ဆီးရင္ေရာ? မင္းသူ႔ကို စြန္႔ပစ္မွာလား?"
ရွန္က်စ္ရွန္းသည္ အခုေတာ့ ဒီစကားက သူ႔ကိုေမးတယ္ ဆုိတာ ေသခ်ာသြားေလျပီ။ သူကဘာမွမတံု႔ျပန္ပဲ ေခါင္းေျပာင္ဘုန္းၾကီးအား ခဏေလာက္ ၾကည့္ေနလိုက္ျပီး သိခ်င္စိတ္ ျဖစ္သြားရသည္။
"ဘာလို႔ ဒီလို ဥပမာမ်ိဳး ေမးရတာလဲ?"
"အားယား, စိတ္မပူပါနဲ႔ ငါက ဒီအတိုင္း ၾကံဳရာေလ်ွာက္ေမးလုိက္တာပါ"
ေခါင္းေျပာင္ဘုန္းၾကီးက ေခါင္းျပန္လွည့္သြားျပီး အေနာက္ဘက္သို႔သာ လွမ္းၾကည့္ေနသည္။ သူ႔ကို ၾကည့္ရတာ သိပ္ဂရုမစိုက္ပံု ေပၚေပမယ့္ သူ႔မ်က္လံုး ပိစိေလးမ်ားကေတာ့ ရွန္က်စ္ရွန္းကိုသာ ေခ်ာင္းေခ်ာင္းၾကည့္ေနသည္။
ရွန္က်စ္ရွန္းရဲ႔ ပင္ကိုယ္သိစိတ္က တစ္ခုခုေတာ့ ရွိေနတယ္ဆိုတာ သိေပမယ့္လည္း ဘာမွန္း မခန္႔မွန္းနုိင္ေပ။ သူက ျပန္ေတာ့ေျဖသည္။
"က်ြန္ေတာ့္ အားက်င္းက အရမ္းလိမ္မာတာ။ အကယ္၍ သူ မိစာၦလမ္းေၾကာင္းကို ေရာက္သြားရင္ေတာင္ ကမာၻၾကီးကို ဖ်တ္ဆီးမွာ မဟုတ္ဘူး"
ထိုစကားကို ေျပာျပီးေနာက္ သူ႔ကို ပိုမိုတင္းၾကပ္စြာ ေပြ႔ဖက္ၿပီး တံု႔ျပန္လာသည့္ ရန္က်င္းအား ျပန္ေမာ့ၾကည့္လုိက္သည္။ ထိုသူက သိမ္ငယ္ျပီး စိတ္ပူပန္ေနသည့္ အသံတိုးတိုးေလးျဖင့္ 'ဆရာ' ဟုေခၚလာ၏။
ရွန္က်စ္ရွန္းက ဆက္ေျပာသည္။
"မိစာၦလမ္းေၾကာင္းကို ဝင္သြားတယ္ ဆုိတာက ဒီအတိုင္း မိစာၦလမ္းေၾကာင္းကို ဝင္သြားတာပဲေလ။ မိစာၦေတြနဲ႔ အမတက်င့္ၾကံမွုရဲ႔ အေျခခံေတြက ခြဲျခားဖို႔ ခက္ခဲပါတယ္။ မေကာင္းမွုေတြ လုပ္တဲ့ ဘီလူးလို မိစာၦက်င့္ၾကံမွုေတြ ရွိေနေပမယ့္လည္း ဒါက နည္းပါးတဲ့ အေရအတြက္ပဲေလ။ တမင္သက္သက္ ဆိုးသြမ္းေနတဲ့ မိစာၦအတတ္ က်င့္ၾကံသူေတြ ရွိေနရင္ေတာင္မွ.....စိတ္နွလံုး ေကာက္က်စ္တဲ့ အမတ က်င့္ၾကံသူေတြလည္း အမ်ားၾကီး ရွိတယ္လို႔ ဆုိနုိင္တာပဲ။ ဒုတိယတစ္ခုက သူတို႔ကိုယ္သူတို႔ ေၾကာင္သူေတာ္အခြံထဲမွာ ထားခဲ့ၿပီး တရားမွ်တမႈကို ေတာင္းဆိုေနၾကတာ သက္သက္ပဲ"
သူက သူနဲ႔ရန္က်င္းရဲ႔ လက္ေခ်ာင္းမ်ားကို ယွက္ႏြယ္လိုက္ျပီး တည္ျငိမ္စြာ စကားဆက္သည္။
"ရန္က်င္းက မိစာၦလမ္းေၾကာင္းထဲ ဝင္သြားတာနဲ႔ အဆံုးသတ္သြားရင္ေတာင္ က်ြန္ေတာ့္အတြက္ ရန္က်င္းကို မုန္းတီးဖို႔ မျဖစ္နုိင္သလို သူ႔ကို စြန္႔ပစ္ဖို႔က ပိုလို႔ေတာင္ မျဖစ္နုိင္ဘူး"
သူ႔အသံက မထိန္းခ်ဳပ္နုိင္စြာ ႏူးည့ံသြားသည္။
"က်ြန္ေတာ့္ အားက်င္းက အဲ့ဒီလို လူဆိုးမ်ိဳး မဟုတ္ဘူး"
သူ႔ေလသံက ယံုၾကည္ခ်က္နဲ႔ အားကိုးမွုမ်ား ျပည့္နွက္ေနတာေၾကာင့္ ရန္က်င္းအား ခပ္ေဖ်ာ့ေဖ်ာ့ ျပံဳးမိေစ၏။ ေခါင္းေျပာင္ဘုန္းၾကီးက အနည္းငယ္ စိတ္ထဲထိသြားဟန္ေပၚျပီး တီးတိုးေရရြတ္လာသည္။
"ဘယ္လိုေတာင္ က်ိဳးေၾကာင္းသင့္ေလ်ာ္တဲ့ ေယဘုယ်သေဘာတရားနဲ႔ ရွားပါးတဲ့ ထိုးထြင္းသိျမင္မွုလဲလို႔....ကံမေကာင္းစြာနဲ႔ အျမဲတမ္းနားလည္မွု မေပးနုိင္တဲ့သူေတြက အမ်ားၾကီး ရွိေနတယ္......အဲ့ဒါဘာလဲ?"
သူက ေၾကာင္ကတိုးအား ရုတ္တရက္ ပုတ္လိုက္ျပီး ရပ္တန္႔ေစလုိက္သည္။ ေၾကာင္ကတိုးက လိမ္လိမ္မာမာနဲ႔ ရပ္တန္႔လိုက္ကာ အျမီးေလးက လွဳပ္ရမ္းေနရင္းျဖင့္ သူ႔ေျခလက္ေလးေခ်ာင္းက ေျမျပင္ေပၚသို႔ သက္ဆင္းသြားေလသည္။
ရန္က်င္းက ထိုလူရုတ္တရက္ၾကီး ရပ္သြားမယ္လို႔ မထင္ခဲ့မိေပ။ ျမင္းပ်ံက ေျပးတာ အရမ္းျမန္တာေၾကာင့္ ထိုဘုန္းၾကီးအား ေတာ္ေတာ္ေဝးေဝးထိ ေက်ာ္တက္သြားမိသည္။ ျမင္းပ်ံအား ထိန္းခ်ဳပ္ျပီးမွသာ အေနာက္ကို ျပန္ဆုတ္ျပီး ဆင္းရ၏။
ဘုန္းၾကီးရဲ႔မ်က္နွာေပၚမွာ သူ႔အတြင္းပိုင္း ပဋိပကၡေတြနဲ႔ ကူကယ္ရာမဲ့ေနသည့္ အျပစ္ရွိစိတ္မ်ား ေပၚလြင္ေနသည္။ သူက ရုတ္တရက္ ေျမျပင္ေပၚ ပစ္လွဲခ်လိုက္ျပီး လွိမ့္လုိက္ေလသည္။ သူက သူတို႔ကို နင့္နင့္နဲနဲ ၾကည့္ေနရင္း အခ်ိန္အေတာ္ေလး ၾကာမွ ျပန္ထလာသည္။သူ႔စိတ္ထဲက အျပစ္ရွိစိတ္က သူ႔ရင္ထဲမွာ ရႈပ္ေထြးေပြလီတဲ့ခံစားခ်က္ေတြကို ေမြးဖြားေပးလုိက္ပံုေပၚျပီး ႏူးည့ံစြာ ေျပာလာသည္။
"ငါတကယ့္ကို ေတာင္းပန္ပါတယ္ ဒါေပမဲ့ ငါမင္းတို႔နွစ္ေယာက္ကို ကိုယ့္စကားကိုယ္ အမွတ္ရေနဖို႔ ေျပာခ်င္တယ္....ေက်းဇူးျပဳျပီး အခ်င္းခ်င္း ဂရုစိုက္ၾကပါ။ ေနာက္ပိုင္းမွာ အျပစ္ေပးတဲ့အေနနဲ႔ ငါ့ကို သတ္ခ်င္တာပဲျဖစ္ျဖစ္ ငါ့အသားကို လွီးျဖတ္ခ်င္တာပဲျဖစ္ျဖစ္ ဒီဘုန္းၾကီးက လိုက္နာပါ့မယ္"
ရွန္က်စ္ရွန္းက သူ႔ကို အံ့အားသင့္စြာ ၾကည့္ေနျပီးေနာက္ ရန္က်င္းနဲ႔အတူ ေအာက္ဆင္းလုိက္၏။ သူက ခ်က္ခ်င္း မတုန္႔ျပန္နုိင္ေသာ္လည္း ဘုန္းၾကီးရဲ႔ စကားမ်ားက ဘာကိုဆိုလိုတာလဲ ဆိုတာအား သိခ်င္စိတ္ ျဖစ္သြားမိသည္။ ရုတ္တရက္ပင္ ေျမျပင္ေပၚမွာ အားေကာင္းတဲ့ ေလျပင္းတစ္ခု ထိုးတက္လာျပီး သဲမ်ားေက်ာက္တံုးမ်ား လြင့္ပ်ံတက္လာကာ ေခါင္းေျပာင္ဘုန္းၾကီးရဲ႔ ပံုသ႑ာန္အား ဖံုးကြယ္သြားသည္။
သူတို႔ေျခေထာက္ေအာက္က ေျမျပင္သည္လည္း စတင္ တုန္ယင္လာသည္။ ေျမႀကီးက ပြင့္ထြက္လာကာ အနက္ရႈိင္းဆံုး ေနရာမွ ေလေအးမ်ား ထိုးတက္လာ၍ ေထာင္ေပါင္းမ်ားစြာေသာ နတ္ဆိုးမ်ားႏွင့္ ရာႏွင့္ခ်ီေသာ သရဲတေစၦမ်ား၏ ေအာ္ဟစ္သံကဲ့သို႔ ဝိုးတဝါးႏွင့္ ထူးဆန္းေသာ အသံမ်ားစြာကို သယ္ေဆာင္လာသည္။
သူတို႔က အလြန္လ်င္ျမန္စြာ တုံ႔ျပန္ၾကၿပီး ေခါင္းေျပာင္ဘုန္းၾကီးဆီသို႔ ခ်က္ခ်င္းေျပးဝင္သြားၾကသည္။သို႔ေသာ္ သူတို႔၏ေျခေအာက္ရွိေျမသည္ ေျပာင္းလဲသြားပုံရၿပီး စုပ္ဝဲလို သဲမ်ားအျဖစ္သို႔ ေျပာင္းသြားကာ သူတို႔ကို စုပ္ယူသြားခဲ့သည္ေလ။
ရန္က်င္းက ဓားဆြဲထုတ္လုိက္ေပမယ့္လည္း အလြန္ေနာက္က်သြားသည္။ဤအားေကာင္းေသာ စြမ္းအားသည္ သူတို႔ ယခင္က ေတြ႕ႀကဳံဖူးသမွ်ကို ေက်ာ္လြန္သြားခဲ့သည္။ ခဏတာအတြင္းမွာပဲ သူတို႔ဟာ လုံး၀ မ်ိဳခ်ခံလိုက္ရၿပီး ေျမျပင္ေျပာင္ေျပာင္ကိုသာ ခ်န္ရစ္ထားခဲ့၏။
****
ေခါင္းေျပာင္ဘုန္းၾကီးက ေျမျပင္ေပၚသို႔ ဘုတ္ခနဲ ျပဳတ္က်လာကာ ပါးစပ္အျပည့္ ေလအဝရွဳလုိက္ျပီး သူ႔ခႏာၱကိုယ္က ေခ်ြးေအးမ်ား ဖုန္းလႊမ္းေနသည္။ သူက အလြန္တုန္ယင္ေနသည့္ လက္မ်ားကို အခ်င္းခ်င္း ဆုပ္ကိုင္ထားသည္။
"ေတာင္းပန္ပါတယ္... ေတာင္းပန္ပါတယ္..." သူ႔အသံက တုန္လႈပ္ေနသည္။ သူက ဆို့တက္လာသည့္ ေသြးမ်ားကို ျပန္မ်ိဳခ်လုိက္ျပီး စာအုပ္တစ္အုပ္အား လက္တုန္တုန္နဲ႔ ဆြဲထုတ္လုိက္သည္။
စာအုပ္က အေတာ္ေလး ေဟာင္းႏြမ္းျပီး ထူထဲလွသည္။ အစြန္းမ်ားက အႀကိမ္ေပါင္းမ်ားစြာ ဖြင့္ထားသလိုမ်ိဳး စုတ္ျပဲေနေလသည္။
ေခါင္းေျပာင္ဘုန္းႀကီးသည္ စာအုပ္ကို ေျမျပင္ေပၚတြင္ျဖန႔္ကာ စာလုံးအခ်ိဳ႕ကို ပါးစပ္မွရြတ္၍ မ်က္ႏွာဖုံးစာမ်က္ႏွာကို တိတ္တဆိတ္ဖြင့္လိုက္သည္။ သူက တစ္စုံတစ္ခုကို ရွာေဖြေနသကဲ့သို႔ စာမ်က္ႏွာတစ္ရြက္ခ်င္းဆီသို႔ လွန္ေလွာရင္း သူ႔ပတ္ဝန္းက်င္ကို သတိထားဖို႔ ေမ့သြားသည္အထိ ျပင္းထန္စြာ ႀကိဳးစားေနခဲ့သည္။ ထို႔ေၾကာင့္ တစ္စုံတစ္ေယာက္ ခ်ဥ္းကပ္လာသည္ကို သူ သတိမထားမိလိုက္ေပ။
"ဒီမွာပဲ......" သူ႔မ်က္လံုးမ်ားက ေတာက္ပသြားသည္။ သူက ထိုစာရြက္အား စုတ္ျဖဲဖို႔ ျပင္လုိက္တဲ့ အခ်ိန္မွာပဲ နီရဲေနေသာ ၾကာပြတ္ႏွင့္ ေအးစက္ေသာ လက္တစ္စုံ ေပၚလာၿပီး စာအုပ္ကို ဦးစြာ ေကာက္ယူသြားေလသည္။
"— ေဟး?!"
ေခါင္းေျပာင္ဘုန္းၾကီးက ေဖ်ာ့ေတာ့သြားျပီး ထိုသူ႔ဆီ ေျပးဝင္သြားကာ စာအုပ္အေဟာင္းၾကီးအား ျပန္ဆြဲယူရန္ ၾကိဳးစားသည္။
ဒီစာအုပ္ကို တစ္ျခားသူေတြ ျမင္လို႔မရဘူး။
ေခါင္းေျပာင္ဘုန္းၾကီးက သူ႔လက္က်န္ အင္အားအကုန္လံုးျဖင့္ ေလာင္းေၾကးထပ္လုိက္၏။ သို႔ေသာ္လည္း မေမ်ွာ္လင့္စြာပင္ ေျခနွစ္လွမ္းမွ် လွမ္းျပီးတာနဲ႔ ခ်န္လ်ဲ႔ကို တိုက္မိသြားသည္။ ထိုအျဖစ္ေၾကာင့္ ခ်န္လ်ဲ႔ရဲ႔ လက္က ေခ်ာ္သြားခဲ့ကာ စာအုပ္က က်ယ္ေလာင္သည့္ အသံျဖင့္ ေျမျပင္ေပၚသို႔ ျပန္ျပဳတ္က်သြားခဲ့သည္ေလ။
ေခါင္းေျပာင္ဘုန္းၾကီးမွာ အင္အားတစ္စက္မွ မက်န္ေတာ့။ သူနဲ႔သိပ္မေဝးတဲ့ ေန၇ာက စာအုပ္အား လွမ္းၾကည့္ေနေသာ္လည္း ျပန္ေကာက္ယူနုိင္မယ့္ ခြန္အားေတာ့ မက်န္ရစ္ေတာ့ေပ။ သူက ခ်န္လ်ဲ႔တစ္ေယာက္ စာအုပ္ကို ေနာက္တစ္ဖန္ ျပန္ေကာက္ယူလိုက္သည္ကိုသာ ကူရာမဲ့စြာ ၾကည့္ေနရသည္။
ကံေကာင္းစြာနဲ႔ စာအုပ္ျပဳတ္က်သြားတဲ့ အခ်ိန္မွာ ပိတ္ရက္က်သြားခဲ့တာျဖစ္သည္။ စာအုပ္ကို ဖြင့္ရန္အတြက္ လွ်ိဳ႔ဝွက္ စကားမ်ား မန္းမွုတ္ရန္ လိုအပ္သည္။ မန္းမွဳတ္မွု မရွိပဲနဲ႔ စာအုပ္ပြင့္လာခဲ့မယ္ ဆိုရင္ေတာင္ စာရြက္ေျဗာင္မ်ားကိုသာ ျပေနမွာပင္။
ခ်န္လ်ဲ႔က စာအုပ္ကို အႀကိမ္ႀကိမ္လွန္ၾကည့္ေသာ္လည္း ၾကည့္မရခဲ့။ ေအးစက္ေနသည့္ မ်က္လံုးမ်ားက တုန္ယင္ေနသည့္ ေခါင္းေျပာင္ဘုန္းၾကီးအား လွမ္းၾကည့္ကာ "ဒါဘာၾကီးလဲ?" ဟုေမးလာခဲ့ျပီး သူ႔ေလသံက ေရခဲမ်ား ဖံုးကြယ္လုမတတ္ ျဖစ္ေနသည္။
ေခါင္းေျပာင္ဘုန္းၾကီးက ခ်န္လ်ဲ႔အား ၾကည့္ေနသည္။ သူက သူ႔ရင္ထဲက စိုးရိမ္မွဳအား ေလ်ွာ့ခ်လိုက္ျပီး သူ႔နွုတ္ခမ္းမွ ေသြးမ်ားအား ဂရုမထားဟန္သုတ္လိုက္၍ ျပံဳးလိုက္ေလသည္။
"ဒါက ဒီဘုန္းၾကီး လုပ္ထားတဲ့ မေကာင္းမွဳေတြ အားလံုးကို စုစည္းထားတာပဲ ဘာလဲ? ျမင္ခ်င္လို႔လား?"
27.5.2022
==================
Translator' Note
လွ်ိဳ႔ဝွက္ခ်က္ေတြ တစ္ျဖည္းျဖည္း ေပၚလာေတာ့မွာပါေနာ္။ အပိုင္းလည္း (21) ပိုင္းပဲလုိပါေတာ့တယ္
==================