Purple Dream [Complete]

By Sakawar-Hlaing

79.5K 6.6K 1.1K

အချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်... More

ခရမ်းရောင်အိမ်မက်
အလှဆုံးရွေးယူလာသောပန်းလေးတစ်ပွင့်
ဂျွန်နဲ့သူ့ကောင်မလေးတွေ
ခရမ်းရောင်လီလီနှင့်တူသောဂျွန်
ကျွန်တော်မမှတ်မိသောသူမ
ညစျေးအမှတ်တရ
နာကျင်မူကိုသဘောကျမိခြင်း
အနည်းငယ်သော ဂရုစိုက်မူလေး
ပြုစားနိုင်လွန်းတဲ့ဂျွန်
တစ်ရက်တာကမ်းခြေသို့
အမှတ်တရသစ်ပင်ငယ်
မုန်းတယ်ဂျွန် ဒါပေမဲ့..ဒီနေ့တစ်ရက်တည်း
ရက်စက်လွန်းပါတယ်ဂျွန်....
အရောင်နုနုအတ္တဖြင့်သာ
ချစ်ခြင်းနှင့်သံယောဇဥ်အားပြိုင်ရန်
ယောင်းကငါ့အပိုင်
ခိုးယူပိုင်ဆိုင်ခြင်း
မုန်း၍မရနိုင်သောဂျွန်...
လိမ္မော်ခင်းကြီးထဲကကုကီ
စကားတစ်ခွန်းတွင်ပြိုလဲခဲ့ရခြင်း....
မြတ်နိုးရလွန်းတဲ့ထယ်....
ပထမဆုံးသောနောင်တ
ငါ့ကိုဂရုမစိုက်နဲ့ယောင်း.....
ဝဋ်ကြွေးလှလှလေး
မရည်ရွယ်ပါပဲ ရယူမိခြင်း...
အနီရောင်နွေဦးပန်းတို့ကြားဝယ်....
ထားရက်ခဲ့လေသောဂျွန်....
ပြောင်းလဲဖြစ်ပျက်သွားခဲ့သော
ချစ်ခြင်း၏အရောင်နုသောအတ္တ
ခရမ်းရောင်လီလီတို့၏အတိတ်
အကြင်သူဖြင့်ပြန်လည်တွေ့ဆုံခြင်း
အကြင်သူ၏ခေါ်သံ...
အကြင်သူ၏‌တောင်းပန်စကား
ကံကြမ္မာလှည့်ကွက်...
ရှုပ်ထွေးခြင်းများကြား...
ကြေမွနေသောနှလုံးသားများ...
ခရမ်းလီလီ၏ နောင်တ...
ပြသာနာတို့ပြီးဆုံးချိန် ...
အဆုံးသတ်....
အမေး/အဖြေ

နှင်းမြူများကြားဝယ်...

1.2K 140 17
By Sakawar-Hlaing

Unicode

December 25

ဆိုးလ်မြို့၌ ဖွေးဆွနေသောနှင်းများကမိုးသီး၊မိုးပေါက်တွေအလားတဖွဲဖွဲကျဆင်းနေခဲ့ပြီဖြစ်သည်။ နှင်းကျသည်မှာသုံးရက်မျှပင်ရှိနေပြီဖြစ်၍ အဆောက်အဉီးများ၊ သစ်ပင်ပန်းများနှင့်လမ်းတစ်လျှောက်တွင်လည်းထိုဖွေးဆွဆွနှင်းတို့ကဖုံးလွှမ်းလျှက်...။ အအေးဒဏ်မှာလည်းလွန်ကဲနေခဲ့သလို ရာသီဥတုမှာလည်းအေးစိမ့်အုံ့မှုန်း၍သာ။

အအေးကြောက်သောtaehyungမှာလည်းစောင်ပုံထဲကွေးကာအိပ်ပျော်နေတုန်းပင်။
အပြင်မှာနှင်းတွေကျနေသည်ကြောင့် ယနေ့ဆိုင်ကိုအစောကြီးမသွားတော့ပဲနောက်ကျမှသွားဖို့တွေးကာ taehyungမှာအခုထိအိပ်နေခြင်းဖြစ်သည်။ ဘန်ဘန်ရှိလျှင်ဆိုင်ကစိတ်ချရသည်မို့ ဆိုင်အတွက်စိတ်ပူစရာမလို။

"ထယ်... ထတော့..။ ထယ်... "

အိပ်နေတုန်း နားထဲကြားလာမိသောအသံကြောင့်taehyung၏ အချိုးကျစွာသွယ်တန်းနေသောမျက်ခုံးတန်းလေးများကာ လှိုင်းတွန့်လေးများအလားတွန့်လိပ်သွားရသည်။
ထို့နောက်မျက်တောင်ဖျားလေးများကအနည်းငယ်လှုပ်ခပ်သွားပြီး နီပြည့်ပြည့်နှုတ်ခမ်းလွှာလေးများကလည်း ခပ်ဟဟလေးပွင့်အာသွား၏။ သို့ပေမဲ့ မျက်လွှာလေးများကတော့ပွင့်မလာခဲ့။

ထိုသို့အသေးစိတ်ပြောင်းလဲသွားသောအချင်းအရာများအား မြတ်နိုးရိပ်သန်းနေသည့်မျက်ဝန်းများနှင့်ငေးကြည့်ရင်း နူးညံ့စွာပြုံးနေသူမှာjiminသာ။
ထိုလူသားငယ်အား ဘယ်လောက်တောင်မှမြတ်နိုးရလဲဆိုတာ jiminကိုယ်တိုင်သာသိပါ၏။

"ထယ်... ငါမင်းကိုလာခေါ်တာလို့...ကြားရဲ့လား... ဟင်...ထတော့လို့..."

jiminမှာအိပ်ပျော်နေတဲ့ကောင်လေးရဲ့ နားရွက်နားလေးအထိကပ်သွားကာ လေသံလေးဖြင့်နူးညံ့စွာတိုးတိုးပြောလိုက်တော့မှ နားရွက်ထဲဝင်သွားသောလေနွေးနွေးတို့ကြောင့် လန့်ကာခန္ဒာလေးတွန့်သွားပြီး ချက်ချင်းထထိုင်လာသောtaehyung။ ထိုပုံစံလေးကိုကြည့်ပြီး jiminမှာအသည်းယားစွာ အသံထွက်အောင်ရယ်တော့သည်။

အိပ်ရာမှ လန့်ကာထထိုင်လာသောtaehyungမှာ သူ့အားလှောင်နေသောjiminဆီ ဘာစကားမှမဆိုရသေးခင်မှာပဲ အကြည့်စူးစူးလေးများဖြင့်အရင်ဆုံးရာဇသံပစ်လွှတ်ပါ၏။ taehyungဘယ်လောက်ပဲရင့်ကျင့်သွားပြီးပြောကြပါစေအုံးတော့ jiminကတော့အရင်တုန်းက taehyungပုံစံအတိုင်းဖြစ်သွားအောင် စနောက်နိုင်သောတစ်ဦးတည်းသောသူပင်။ အမြဲတမ်းမဟုတ်ရင်တောင် ခဏခဏတော့taehyungပြုံးနိုင်အောင် jiminဖန်တီးနိုင်ပါသည်။

"အာ Minie... အကျင့်မကောင်းလိုက်တာ။ ဘာလို့အစောကြီး ငါကိုလာနှောက်ယှက်နေတာလဲ"

မျက်ခုံးတန်းလေးများတွန့်ကာ မကျေမနပ်ဆိုလာသည်က ချစ်စရာကောင်းလွန်းသည်ကြောင့်နှာခေါင်းလုံးလုံးလေးအား အသဲယားစွာဆွဲညစ်လိုက်မိသည်။ သူ့နူတ်ခမ်းထက်အပြုံးတို့မှာ မြဲမြံလျက်ရှိနေခဲ့ပြီး နှလုံးအိမ်ကနူးညံ့စွာတသိမ့်သိမ့်ခုန်နေခဲ့သည်။

"ဘယ်ကသာအစောကြီးရမှာလဲထယ်ရယ်...ကိုးနာရီထိုးတော့မှာ။ သိရဲ့လား... ဟမ်...."

ထယ်က သူ့နှာခေါင်းပေါ်ကလက်အားဖယ်ချကာ သူ့ကိုမော့ကြည့်လာခဲ့သည်။ မျက်ဝန်းကြည်ကြည်လေးများ၌ စူးစမ်းလိုမူတို့ကြောင့်ကြည်လဲ့လျက်....။
ခေါင်းစခြေအဆုံးကြည့်နေပုံက သူ့ဖက်ရှင်ကြောင့်ဖြစ်လိမ့်မည်ပင်။
အနွေးထည်အထပ်ထပ်အပြင်လက်အိတ်၊လည်စည်းအပြည့်အစုံဝတ်ဆင်ထားသော သည်ကြောင့် ကြည့်ပြီးထယ့်မျက်ခုံးတန်းလှလှလေးကပင့်တက်သွားခဲ့သည်။

"အလုပ်ကိုဒီပုံစံနဲ့သွားမယ်တော့မပြောနေနဲ့နော်minie"

ထိုစကားကြောင့်jiminမှာပြုံးကာခေါင်းခါမိရင်း taehyungနဖူးလေးအားလက်ညိုဖြင့်ခပ်ဖွဖွလေးတွန်းပစ်လိုက်၏။

"အရူးလေး တစ်ကယ်ကောအိပ်ရာကနိုးနေတာဟုတ်လို့လား...ဟမ်... ယောင်များယောင်နေတာလား။ ဒီပုံစံနဲ့တော့ ငါကအလုပ်သွားမလားထယ်ရယ်...  အခုက မင်းကိုလျှောက်လည်ရအောင်လာခေါ်တာ "

"လျှောက်လည်မလို့? "

"အင်း ထတော့။ မျက်နှာသစ်အဝတ်လဲပြီးရင်သွားရအောင်။ နှင်းတွေကျနေတဲ့ နေ့တွေမှာအပြင်မထွက်မဆော့လိုက်ရရင် မင်းနောင်တရလိမ့်မယ်နော်... ဒီမှာ မင်းအတွက်ဒီလည်စည်းနဲ့လက်အိတ်တွေယူလာတယ်ထယ်..."

jiminမှာလက်ထဲကိုင်ထားသော အထုတ်များအားtaehyungမြင်အောင်တစ်ချက်မြှောက်ပြလိုက်ပြီး ကုတင်ခြေရင်းပေါ်တင်လိုက်သည်။

"အဲဒါတွေငါ့မှာလည်းရှိတာပဲကိုminie...
သက်သက်အပိုကုန်အောင်... "

နှုတ်ခမ်းပါးနီးဆွေးဆွေးလေးဆီမှပွင့်အံလာသောစကားသံတိုးတိုးတို့တွင် အားနာခြင်းတို့ရောနှောနေ၏။ မျက်ဝန်းအကြည့်တို့မှလည်း ကျေးဇူးတင်စကားတို့ဆိုနေခြင်းကို ကောင်းကောင်းနားလည်နိုင်ပါသည်။

"ငါ့အတွက်ဝယ်ရင်း မင်းအတွက်ပါဝယ်လာခဲ့တာထယ်... အဟက်...ငါဘာလို့နှစ်ခုစွဝယ်လာခဲ့လဲ သိလား...ပစ္စည်းတွေကနှစ်ခုဆိုပိုပြီးစျေးသက်သာလို့"

ရယ်ရင်းပြောလာသောminieအား ဘာမှပြောမနေတော့ပဲ သူရေချိုးခန်းထဲဝင်ခဲ့တော့သည်။ စျေးသက်သာလို့ဆိုသည့်အကြောင်းပြချက်က အမှန်မဟုတ်မှန်းသိပါသည်။ ထိုသည်က သူအားနာနေမည်စိုး၍သက်သက်အကြောင်းပြချက်ရှာခြင်း။ ဝယ်ယူလာသည်များက သူနဲ့လိုက်ဖက်မည့်အရာများကိုသာ သေချာရွေးဝယ်ခဲ့သည်မှာ အလွဲဧကန်ပင်။
.
.
.
.

"ထယ် ခဏ..."

ထိုအသံကြောင့် ရှေ့သို့လျှောက်လှမ်းနေသောခြေလှမ်းများကရပ်တန့်သွားခဲ့သည်။
ကြည့်လာသော မျက်ဝန်းလေးများမှာနှင်းမှုန်းတွေကြားမှာပင် လှပကြည်လင်ခြင်းတို့ကပျောက်မသွားခဲ့။ အနွေးထည်ထဲမြုတ်လုလူဖြစ်နေတဲ့ထယ်က ဆယ်ကျော်သက်လေးလားချစ်စရာကောင်းလွန်းပါသည်။

"မင်းဖိနပ်ကြိုးပြေနေလို့... ငါချည်ပေးမယ်"

ပြောရင်းtaehyungရှေ့မှာပင်ဒူးထောက်ထိုင်ချလိုက်သောjimin။ ထိုအချင်းအရာကြောင့် taehyungမှာလန့်ကာ ခြေများကိုနောက်သို့ပင်ဆုတ်လိုက်မိသည်။

"ရ...ရတယ်minie... ငါ့ဘာသာချည်လိုက်မယ်"

minieက ကြည်ဖြူစွာဂရုစိုက်ပေးတယ်ဆိုရင်တောင် ဖိနပ်ကြိုးချည်ပေးရလောက်တဲ့အထိတော့ မလုပ်စေချင်တာအမှန်ပါ။
ခြေထောက်ဆိုသည်က လူတစ်ယောက်၏အနိမ့်ကျဆုံးအစိတ်အပိုင်းမဟုတ်ပါလား...။

"ရတယ် ငါပဲချည်လိုက်မယ်။ ဘာမှမဖြစ်ဘူး။ ငါ့ကိုအားမနာနဲ့ထယ်... ငါလုပ်ပေးချင်လို့လုပ်ပေးတာ။ အားနာစရာမလိုဘူး"

ပြောရင်းjiminက taehyungခြေထောက်လေးအားဆွဲယူကာ သေချာကြိုးချည်ပေးပါသည်။ ထိုမြင်ကွင်းကိုကြည့်၍ taehyungရင်ထဲနွေးထွေးမူလှိုင်းလေးတစ်ခုကနွေးခနဲ့ဖြတ်ပြေးသွား၏။

Jimin၏ ချစ်ခြင်းမေတ္တာတို့ကထုတ်ပြောစရာမလိုပါပဲ အပြုအမူများကတစ်ဆင့်အထင်းသားမြင်နေရသည်။
​ချစ်ခြင်းမေတ္တာတို့၏အတိမ်အနက်ကိုလည်း ခံစားကြည့်ရုံဖြင့်သိနိုင်ပါ၏။ လုပ်ယူခြင်းမဟုတ်ပါပဲ လိုအပ်တိုင်းအလိုအလျှောက်ဖြစ်တည်လာမေတ္တာဓာတ်တို့ကနွေးထွေးလွန်းပါသည်။

"ကျေးဇူးတင်ပါတယ်minie..."

"ကျေးဇူးတင်ရင်မုန့်ဝယ်ကျွေးပေါ့ "

Jiminကရယ်ရင်းခပ်ရွှင်ရွှင်လေးစ ကာပြောလာခဲ့သည်။ ရယ်နေသော jiminအားtaehyungခပ်တွေတွေလေးငေးကြည့်နေမိ၏။ ကြည့်ရင်းရင်ဘတ်ထဲစိတ်ကောင်းဖြစ်ခြင်းတို့က နေရာယူလာခဲ့သည်။

သူ minieအပေါ်ဘယ်လောက်တောင်မှမတရားရာကျနေမိပြီလဲ....။
အမြဲတမ်းသူ့အနားမှာရှိနေပေးပြီး အသေးစိတ်ဂရုစိုက်ပေးနေတဲ့mineက သူ့ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ တစ်ခါမှဖွင့်မပြောခဲ့။ သူ့အတွက်ကိုသာအမြဲလိုတွေးပေးနေခဲ့တဲ့minieဟာ သူ့ခံစားချက်တွေကိုတော့သိုဝှက်ဖုံးကွယ်ထားခဲ့သည်။

တစ်ကိုယ်​ကောင်းဆန်စွာပင်သူကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုသာအဆင်ပြေအောင်ကြိုးစားနေခဲ့ပြီး minieခံစားချက်များကိုလျစ်လျူရူထားခဲ့မိ၏။
သူဟာလည်း တစ်ယောက်သူလိုရက်စက်လွန်းတဲ့သူမျိုးဖြစ်နေခဲ့ပြီလား....။

"အရမ်းအေးနေပြီလားထယ်... ရှေ့နားကကွင်းပြင်ကျယ်မှာနှင်းလူသားလုပ်ကြအုံးမလား"

.
.
.

"Jeon!  Minie!!"

ခေါ်သံမဆုံးမီမှာပင် jungkookကျောပြင်ဆီပထမဆုံးရောက်လာသောနှင်းများအားဆုတ်ထားသောနှင်းလုံး....။
ထို့နောက်တစ်ဆက်တည်းမှာပင် jiminဆီကိုလည်းနောက်ထပ်နှင်းလုံးတစ်ခုက အရှိုန်ဖြင့်ရောက်လာခဲ့သည်။
သူတို့ခန္ဒာနဲ့ထိ၍ ထိုနှင်းလုံးလေးမှာအစိတ်အစိတ်အမွှာမွှာပြိုကွဲသွား၏။

သူတို့နှစ်ယောက်အားနှင်းလုံးများဖြင့်ပစ်ကာ ရှိသမျှသွားများတွေအကုန်ဖြဲ၍ နောက်ခပ်လှမ်းလှမ်းတွင်ရပ်နေသောထယ်...။
လက်တစ်ဖက်တစ်ချက်စီမှာလည်းနှင်းလုံးတစ်ခုစီကိုင်ထားသေးသည်။

ပြုံးပျော်နေတဲ့မျက်နှာလေးက သူတို့နှစ်ယောက်လုံးအား အလစ်ဝင်တိုက်လိုက်နိုင်သည်ကိုဂုဏ်ဆာနေပုံရ၏။
နှင်းများပေလူးကာ အနွေးထည်ထဲပျောက်လုလုဖြစ်နေတဲ့taehyungက နှင်းများကြားဆော့နေတဲ့ဝက်ဝံပေါက်လေးအတိုင်း။

"ဟားဟား ဘယ်လိုလဲနေလို့ကောင်းကြလားချစ်လေးတို့"

ခပ်မြူးမြူးအသံလေးက နှင်းမြူများကိုဖောက်ထွင်း၍ထွက်လာသည်။

"မင်းက ငါတို့ကိုအလစ်ဝင်တိုက်လိုက်တာပေါ့လေထယ်! ဟုတ်လား"

Jiminပြောတော့ မေးလေးပင့်ကာ ​ဂုဏ်ဆာပြတဲ့အပြင်ကို ရုပ်ပြောင်ပြသေးသည်။

"အဲဒါမင်းတို့ညံ့လို့လေ! ဗက်ဟက်ဟက်"

"အေး မင်းတော့သေပြီပေါ့ယောင်းရာ...
jimin မင်းဟိုဘက်ကဖမ်း... ငါဒီကဖမ်းမယ်!!"

"အား မင်းတို့နှစ်ယောက်ပေါင်းပြီးအနိုင်ကျင့်တယ်။ လူဆိုးကောတေတွေ!"

Jiminနဲ့jungkookလိုက်တော့ လက်ထဲမှနှင်းလုံးများအားသူတို့ဆီလှမ်းပစ်ကာ taehyungမှာအော်၍ပြေးတော့သည်။ နောက်မှနှစ်ယောက်မှာလည်း ထိုဝက်ဝံပေါက်အားနောက်မှ​ပြေးလိုက်ရင်းနှင်းလုံးများဖြင့်ပစ်ကြ၏။

သူပစ်၊ကိုယ်ပစ်ဖြင့် ထိုနှင်းပြင်တွင်သူတို့ခြေရာများထပ်နေတော့သည်။
နှစ်ယောက်နဲ့တစ်ယောက်မို့ ခံရလာလျှင်ထိုဝက်ဝံပေါက်ဆီမှမကျေမနပ်သံထွက်လာတော့၏။

"မင်းတို့နှစ်ကောင်ပေါင်းပြီးငါ့ကိုအနိုင်ကျင့်တယ်။ မတရားဘူး။ တော်ပြီ မဆော့တော့ဘူးကွာ!"

မဆော့ဘူးဆိုကာ ကလေးဆန်စွာနှင်းတွေထဲထိုင်ကျပစ်လိုက်သည့်အကောင်ပေါက်ကြောင့် jungkookနှင့်jiminမှာအသဲယားကာအော်ရယ်ကျတော့သည်။ သူတို့အော်ရယ်တော့ မကျေမနပ်ဖြစ်ကာထိုင်နေသောtaehyungမှာ လည်း ထိုင်နေရမှနှင်းများဖြင့်လှမ်းပစ်ပြန်၏။

"ဘာရယ်ကြတာလဲ!! ရယ်စရာကောင်းနေလို့လား... မရယ်နဲ့!"

"ဟားဟား ဒီပွဲကိုမင်းအရင်စတာလေထယ်"

"အေး ဒါပေမဲ့ မင်းတို့နှစ်ယောက်ပေါင်းအနိုင်ကျင့်တာ"

"မင်းရှုံးတာဝင်ခံလိုက်စမ်းပါယောင်းရာ... ဘာလဲ သနားစရားအရှုံးသမားလေးကထိုင်ငိုနေပြီလား ဟားဟား "

"ငိုစရာလားJeon Jungkook!!
သွား... မင်းတို့နှစ်ကောင်ကိုမခေါ်တော့ဘူး"

jungkookနဲ့jiminမှာသူတို့စလိုက်၍စိတ်ကောက်သွားပါသောအကောင်ပေါက်လေးအားစိတ်ပြေအောင်ချော့ရန်မှာလည်း သူတို့ဆီသာဝန်အပြည့်ရောက်လာပါတော့သည်။

"ထယ် မုန့်သွားစားကြရအောင်လေ... ​မင်းစားချင်တစ်မျှငါလိုက်ကျွေးမယ်လေ
သိလား..."

jiminစကားအား taehyungပြန်မဖြေပါ။

"ငါတို့နှင်းလူသားလုပ်ကြမလားယောင်း... မင်းပဲအိမ်ကထွက်လာတုန်းကလုပ်ချင်တယ်ဆို"

နှင်းလူသားလုပ်မယ်ဆိုတဲ့စကားကြောင့် သူတို့ဆီမျက်နှာဆီ မော့ကြည့်လာသောအကောင်ပေါက်ကြောင့် jungkookမှာအားတက်ကာဆက်ပြောလာသည်။

"လုပ်မယ်မလား"

"နှင်းလူသားကို ငါ့နာမည်ပေးရင်လုပ်မယ်"

ထိုစကားကြောင့် Jungkookနဲ့jiminမှာရယ်ချင်သွားကြပေမဲ့မရယ်ရဲကြ။ ရယ်ချင်နေသည်ကိုနှုတ်ခမ်းကိုက်သူကကိုက်၊ချောင်းဆိုးသူကဆိုးဖြင့်ထိန်းလိုက်ကြသည်။ တော်ကြာ ကောက်စိန်လေးကပြန်စိတ်ကောက်သွားမှဖြင့်...။

"အင်း အဲလိုပေးကြတာပေါ့။ နှင်းလူသားကို Mr Kim Taehyungလို့ပေးပေးမယ်။ အိုကေတယ်မလားယောင်း... "

"နောက်ပြီး minie... မင်းပြောတဲ့အတိုင်းမုန့်တွေအကုန်လိုက်ဝယ်ကျွေးရမယ်နော် "

"အေးပါကွာ"

ထိုနေ့ကနှင်းလူသားအား အတူတည်ဆောက်ခဲ့ရသလို စနောက်သံတွေ၊ရယ်သံတွေနဲ့အပြုံးတွေကထိုနှင်းပြင်ကြီးထဲ ပျံ့လွင့်လို့ရှိနေခဲ့သည်။ ထိုအချင်းအရာများအား ကြွေကျနေသောနှင်းမြူလေးများကသူတို့တွေသိပ်ပျော်ခဲ့ကြကြောင်း သေချာပေါက်သက်သေပြုကြလိမ့်မည်ပင်။
.
.
.

အတိတ်မှပျော်စရာအမှတ်တရများက တွေးကြည့်မိတိုင်း နာကျင်ရလိမ့်မည်ဟု သူတစ်ခါမှမစဉ်းစားဖူးခဲ့...။
အခုတော့ အမှတ်တရများကနှလုံးအိမ်အားတင်းကျပ်စွာဖျစ်ညှစ်၍ နာကျင်စေခဲ့ကြပြီ။ မျက်ရည်စများဖြင့် ရင်နာစွာပြန်သတိရနေကြရပြီ။ ပျော်စရာတွေက ဝမ်းနည်းစရာတွေအဖြစ်ပြောင်းလဲခဲ့ရပြီ။
အကုန်လုံးက ကံကြမ္မာအလိုကျလား.... ဒါမှမဟုတ်.... သူ၏ကိုယ်၊စိတ်၊နှလုံးသုံးပါးလုံးကို ပိုင်စိုးခဲ့ဖူးသောအကြင်သူတစ်ယောက်ကြောင့်လား.....

ဆယ်ကျော်အသက်အရွယ်တုန်းကရှိခဲ့ဖူးသည့်အတိတ်အမှတ်တရများဆီ စိတ်အာရုံများလွင့်မျောနေရာမှ minieအသံကြားမှပစ္စုပန်အချိန်သို့ပြန်ရောက်လာခဲ့သည်။

"ထယ်!"

"ဘုန်း!"

ခေါ် အသံနဲ့အတူရောက်လာသော နှင်းလုံးတစ်ခုက taehyungခန္ဒအားကျ၍ အစိတ်စိတ်အမွှာမွှာကွဲထွက်သွား၏။ မျက်ရည်များရစ်ဝဲကာ နေရာမှာပင်ရနေမိသောtaehyungဟာလည်း ထိုနှင်းလုံး၏အထိအတွေ့ကိုရမှ ဆွေးမြေ့ခြင်းများကြက်ပျောက်၊ငှက်ပျောက်ဖြစ်သွားရသည်။

" ထယ် မင်းအလစ်ဝင်တိုက်ခိုက်မူကိုခံလိုက်ရပြီ။ မင်းရှုံးပြီထင်တယ်ဟုတ်တယ်မလား...ဟားဟား... "

လက်ထဲနှင်းလုံးတစ်ခုအား ပစ်ကာသင့်ကိုင်ထားရင်း ရယ်ကာဂုဏ်ယူစွာပြောလာသောjiminကြောင့် taehyungမျက်ခုံးတန်းလေးများပင့်တက်သွားရသည်။
ပြိုကျလုလုမိုးတိမ်မဲများအလားအုံးမှိုင်းနေခဲ့သောမျက်ဝန်းလေးမှာလည်း အချိန်jiminစကားတို့ကြောင့် တိမ်မိုက်များကင်းစင်ကာ လက်ခနဲ့။

"မင်းရှုံးတာကိုဝင်ခံပြီဆို နှင်းလူသားကိုငါ့နာမည်ပေးမှာနော်!"

ဒဏ်ရာတွေအထပ်ထပ်ဖြင့်နှလုံးသားသည်လည်း တစ်ခါတလေများတွင်တော့နာကျင်မူအားမေ့၍ ပျော်ရွှင်စွာလှုပ်ရှားခွင့်ရှိသည်မဟုတ်ပါလား...။ အခုချိန်taehyung၏ ဒဏ်ရာဗလပွဖြင့်နှလုံးသားလေးသည်လည်း မခံချင်စိတ်ဖြင့်နာကျင်မူများအားမေ့ကာ လှုပ်ရှားလာခဲ့ပါသည်။
ငယ်ငယ်တည်းကဘယ်အချိန်မှာပဲနှင်းလူသားလုပ်လုပ် ထိုနှင်းလူသားလေး၏အမည်မှာ Mr Kim Taehyungသာ...။

"နှင်းလူသားနာမည်ကအမြဲတမ်းMr Kim Taehyungပဲ။ ငါအရှုံးမပေးဘူးmine!"

taehyungကပြောရင်း အမြန်ပင်ထိုင်ကာနှင်းများအားလုံး၍ jiminအားပစ်ပါ၏။
Jiminကလည်း တက်ကြွစွာပင်ပြောကာတိုက်ခိုက်လာသောtaehyungကြောင့် ကျေနပ်စွာပြုံးမိရင်း taehyung၏နှင်းလုံးများအားထိုးစစ်ဆင်ရပြန်သည်။

"မရှုံးချင်ရင် ငါ့ကိုအနိုင်တိုက်ပေါ့ထယ်ရယ် ဟားဟား! "

နှင်းတွေတဖွဲဖွဲကျနေသည့်ကွင်းပြင်ကျယ်တွင် ကောင်လေးနှစ်ယောက်၏များပြားလှသောဖိနပ်ရာလေးများ၊ ဖြူဖြူစင်စင်အပြုံးများ၊ နှစ်ရှိုက်ကျေနပ်စရာကောင်းသောရယ်သံလွင်လွင်လေးများက နှင်းပွင့်၊နှင်းစက်ကလေးများနဲ့အတူ အသက်ဝင်နေခဲ့သည်။

နှင်းလုံးပစ်ပေါက်တိုက်ခိုက်ပွဲမှာလည်း ကောင်လေးတစ်ယောက်၏တမင်အရှုံးပေးမူကြောင့်ပြီးဆုံးသွားခဲ့သည်။
အနိုင်ရသွားသောကောင်လေးမှာ အရှုံးပေးလိုက်သောကောင်လေး၏ကျေနပ်စွာခန့်အပ်ထားသော နှလုံးသားအရှင်သခင်ဖြစ်သည်ကြောင့် အရှုံးပေးလိုက်သည်အပေါ်မြူတစ်မှုန့်စာမျှပင် နောင်တမရမိသလို ထိုအစားကြည်နူးများကသာရင်ထဲဖြစ်တည်နေခဲ့သည်။

နောက်ဆုံးနှင်းလူသားလေးအားတည်ဆောက်ကာ ထိုကောင်လေးနှစ်ယောက်ထွက်ခဲ့ပြီဖြစ်၏။
ထိုကောင်လေးတို့ထွက်သွားပြီး မိနစ်အနည်းအကြာလောက်မှာပင်ကျန်ရစ်ခဲ့သောနှင်းလူသားလေးဆီ ရောက်လာသောနောက်ထပ်ကောင်လေးတစ်ယောက်။
နောက်ထပ်ရောက်လာသောကောင်လေးမှာ ပျော်ရွှင်စွာဆော့ကစားနေခဲ့ကြသောကောင်လေးနှစ်ယောက်အား ခပ်လှမ်းလှမ်းမှငေးကြည့်နေခဲ့သောသူပင်...။

ထိုသူ၏မျက်ဝန်းနက်များကနှင်းများကြွေနေသောရာသီဥတုနှင့်အလားတူစွာပင် အုံးမှိုင်းနေခဲ့ပြီး ငွေ့ရည်တစ်ချို့ကလည်းထိုမျက်ဝန်းများတွင်နေရာယူနေခဲ့သည်။
တင်းတင်းစေ့စေ့ထားသောနှုတ်ခမ်းပါးမှာလည်း အအေးဓာတ်ကြောင့်ပေလားမသိ ဖြူဖျော့နေခဲ့၏။ လည်ပင်စည်း၍ပါသော ပဝါအားဖြုတ်ကာ Mr Kim Taehyungအမည်ရှိသော နှင်းလူသားလေး၏လည်ပင်းတွင်ပတ်ပေးလိုက်သည်။

"မင်းကအအေးကြောက်တယ်မလား... ယောင်း..."

Purple Dream

Updated 05.06.2022
Sakawar
Thanks you votes&comments

Zawgyi









Continue Reading

You'll Also Like

65.8K 3.8K 22
Jeon က Kim' အပိုင် ဟောဒီက Jeon Jungkook ဆိုတဲ့လူသားက Kim Taehyung ဆိုတဲ့မင်းလေးရဲ့အပိုင် Jeon Jungkook×Kim Taehyung
409K 25.6K 90
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
88.5K 1.1K 22
Ryu Suzuki the first piece Rias ever had but they were never really close. Rias preferred to spend more time with her queen the second piece she rein...
721K 34.5K 58
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...