Unicode
လေယာဉ်ပေါ်က ဆင်းလိုက်သည်နှင့်
ချောက်ချွမ် စိတ်လှုပ်ရှားကာ
သွေးတွေပူလာသည်။
ယခုဆို သူလေဆိပ်ကို ရောက်လာခဲ့ပြီ။
လေဆိပ်ကနေ Taxiတစ်စီးငှားကာ
ဟိုတယ်ကိုမသွားပဲ
ကျန်းလုပ်ငန်းစု၏ ရုံးချုပ်ကို
သူသိတဲ့လိပ်စာအတိုင်း တန်းသွားလိုက်သည်။
45မိနစ်ခန့် ကားစီးပြီးသည့်အခါ
မြို့လယ်ခေါင်က
ဟိန်းဟိန်းထနေသည့်ကုမ္ပဏီကြီးရှေ့သို့
သူရောက်ရှိသွားသည်။
Taxiခ ရှင်းလိုက်ပြီးနောက်
ကုမ္ပဏီထဲ ဝင်ဖို့သွားမိတော့
လုံခြုံရေးဝန်ထမ်း၏တားမြစ်ခြင်းကို
ခံလိုက်ရသည်။
" ဘာကိစ္စများရှိလို့လဲခင်ဗျာ "
" ကျန်းလုပ်ငန်းစုရဲ့သူဌေးကျန်းရိဝမ်နဲ့
တွေ့ချင်လို့ပါ "
သူပြောလိုက်တော့ ဦးလေးကြီးက
ဦးဆောင်ကာ ကုမ္ပဏီထဲဝင်သွားလေသည်။
ပြီးနောက် ဧည့်တွေ့ခန်းတွင်ထိုင်စေကာ
မန်နေဂျာကိုခေါ်ပေးသည်။
အသက်ငယ်ငယ် မျက်မှန်နဲ့
တရုတ်လူမျိုးမန်နေဂျာက
ချောက်ချွမ်ကို နာမည်ကြီးမင်းသားမှန်း
ချက်ချင်းမှတ်မိသွားသည်။
မန်နေဂျာက အံ့ဩနေသည့်သူ့ပုံရိပ်ကို
ထိန်းကာ
" Boss က သူ့အမျိုးသားနဲ့
မြန်မာနိုင်ငံကို ခရီးထွက်သွားပါတယ်.....
ဒီက ကြိုတင်ချိန်းထားတာမျိုးရှိလားမသိဘူး "
" အဲ့လိုမျိုးတော့ မရှိပါဘူး .....
အရေးကြီးလို့ ချက်ချင်းလာခဲ့တာ "
" Boss ပြန်လာတဲ့အထိ
စောင့်လို့ရလားခင်ဗျ .....
ရရင် ပြန်ရောက်တဲ့အချိန်
ဆက်သွယ်ပေးပါ့မယ် "
ချောက်ချွမ် တစ်ခဏစဥ်းစားပြီးနောက်
သိပ်မကြာလောက်ဘူးထင်တာကြောင့်
သဘောတူကာ
ဖုန်းနံပါတ်ချန်ပေးခဲ့လိုက်သည်။
ပြီးနောက် Taxiငှားကာ အနီးဆုံးရှိ
Hotel တစ်ခုမှာ တည်းလိုက်သည်။
သူHotelမှာ တစ်ပတ်ကျော်နေပြီးသည်အထိ
ကုမ္ပဏီမှ အကြောင်းပြန်မလာခဲ့ချေ။
ထို့ကြောင့် သူနောက်တစ်ခေါက်သွားဖို့
ဆုံးဖြတ်လိုက်ရသည်။
ပေါ့ပေါ့ပါးပါးဝတ်စုံတစ်ခုကို
လဲလှယ်ပြီးနောက် ဦးထုပ်ဆောင်း
Maskတပ်ကာ ကုမ္ပဏီရှေ့ကို
နောက်တစ်ခါပြန်ရောက်လာပြန်သည်။
သူ့မှာဆက်သွယ်ဖို့ရာ Wechatအပါအဝင်
အရာအားလုံးကိုကိုယ်တိုင်
ဖြတ်တောက်ခဲ့တာမို့ ဒီကုမ္ပဏီကသာလျှင်
ကျန်းသခင်ကြီးကိုတွေ့ဖို့ လမ်းစဖြစ်သည်။
ထို့ကြောင့် အခွင့်အရေးကို
လက်လွတ်မခံပဲ
ကျန်းရိဝမ်နဲ့ရအောင်တွေ့ကာ
ကျန်းသခင်ကြီးကို သူလိုက်ရှာရမည်။
ဒီတစ်ခါတွင်တော့ ထူးဆန်းစွာပင်
ကုမ္ပဏီရှေ့မှာ အနက်ရောင်ကားတွေ
တန်းစီကာ Bodyguard တွေနဲ့အတူ
လူတွေအုံခဲနေလေသည်။
သူဖြတ်ကနဲဝမ်းသာသွားပြီး
အလျင်အမြန်ပြေးသွားမိပေမယ့်
အထပ်ထပ်သောလုံခြုံရေးတွေ၏
တားဆီးခြင်းကို ခံလိုက်ရသည်။
" ဟိတ် ... ဟိတ် ဖယ်စမ်း
ဘယ်လာတာလဲ !! ဝေးဝေးသွားစမ်း!! "
ချောက်ချွမ်က သာမန်လူတစ်ယောက်လို
ဝတ်စားထားတာကြောင့်
Fanတစ်ယောက်အဖြစ် အထင်မှားကာ
တခြားသူတွေနဲ့အတူ
မောင်းထုတ်ခံရလေသည်။
" သွားစမ်း !! "
အ့ !!
ချောက်ချွမ်ရှင်းပြဖို့
ရှေ့ဆက်တိုးလိုက်ပေမယ့်
ထပ်မံတွန်းထုတ်ခံလိုက်ရတာကြောင့်
လမ်းဘေးကို လဲကျသွားတော့သည်။
ထိုစဥ် သူ့ဖုန်းသံမြည်လာပြီး
ခေါ်ဆိုသူက ဖန်လိဟုန်ဖြစ်နေလေသည်။
လူရှင်းတဲ့နေရာကိုရောက်အောင်သွားပြီး
ဖုန်းကိုကိုင်လိုက်သည်။
" Hello "
* .......... *
" ဘာ !! တ .. တကယ်ပြောတာလား "
* ...... *
" ကျေးဇူးတင်ပါတယ် ...
ကျနော်အခုချက်ချင်းလာခဲ့မယ် "
ဖုန်းချလိုက်ပြီးနောက်
သူHotel ဆီကိုအပြေးပြန်မိတော့သည်။
သူ့စိတ်က လျင်မြန်စွာခုန်လှုပ်နေတာမို့
နောက်ထပ်ဝင်လာသည့်
ဖုန်းကို မကိုင်မိတော့ချေ။
.
.
.
" ခေါ်လို့ရလား "
ကျန်းလုပ်ငန်းစုရဲ့လက်ရှိဥက္ကဌဖြစ်သူ
ကျန်းရိဝမ်က ကုတ်အင်္ကျီကို
ဆိုဖာပေါ် လှဲနေသည့် ချန်းယွင်ရှင်းပေါ်
လွှားတင်ပေးရင်း မန်နေဂျာကိုမေးလိုက်သည်။
" ဖုန်းမကိုင်ပါဘူး Boss "
ကျန်းရိဝမ်က မန်နေဂျာကို
ခေါင်းငြိမ့်ပြကာ ပြန်ခိုင်းလိုက်ပြီး
သူ့ပါပါးဆီဖုန်းခေါ်လိုက်သည်။
တီ .... တီ
* Hello သားငယ် *
" Hello ပါပါး ....
သားပြောစရာရှိလို့ခေါ်လိုက်တာ "
* ပြောလေသား ... သားမက်လေးရော *
" ရှင်းလေးက ပင်ပန်းလာလို့
နားနေတယ်ပါပါး .....
ချောက်ချွမ် ကုမ္ပဏီကိုလာသွားတယ်တဲ့ ...
သားနဲ့တော့ မတွေ့လိုက်ဘူး ပါပါး "
* ဟုတ်လား ..... ဘာလို့လာတာတဲ့လဲ
ပါပါးကို လာရှာတာတဲ့လား *
" သားဆီလာမှတော့
ပါပါးသတင်းစုံစမ်းချင်လို့ဖြစ်မှာပါ .....
သူ့ကိုပြန်ဆက်သွယ်လိုက်ပါလား ပါပါး "
ကျန်းရိဝမ်ဖုန်းထဲကနေ ဖခင်ဖြစ်သူ၏
သက်ပြင်းချသံသဲ့သဲ့ကို
သူကြားရသည်။
ဒီနှစ်ယောက်က ချစ်ရဲ့သားနဲ့
ဘာလို့များဝေးမယ့်လမ်းကိုပဲ
ရွေးချယ်နေကြလဲဆိုတာ သူနားမလည်နိုင်။
လူကြီးနှစ်ယောက်ကိစ္စဆိုတော့
သူလည်း တော်ရုံဝင်မပါဖြစ်ချေ။
သူတို့လည်းစဥ်းစားတွေးခေါ်တတ်ပြီး
ကိုယ်တိုင်ဆုံးဖြတ်တတ်တဲ့အရွယ်မလား။
သူတို့မှာ အကြောင်းရင်းရှိလို့
ဒီလိုဖြစ်နေတာလည်း ဖြစ်နိုင်ကြတာပဲလေ။
* သားပြောစရာမရှိတော့ရင် ဒါပဲလေ....
ပါပါးလုပ်စရာရှိသေးလို့ *
" ပါပါးဘယ်တော့ပြန်လာမှာလဲ "
* ..... *
" ပါပါး ... "
* တစ်နေ့နေ့ပေါ့ သားငယ်*
" ..... "
* ပါပါး သားနဲ့သမီးကို ပစ်မသွားပါဘူး
ပါပါးပြန်လာမှာပါ *
" ဟုတ်ကဲ့ ပါပါး ...
သားတို့ပါပါးပြန်လာမှာကို မျှော်နေမယ် "
* ကောင်းပြီ သားငယ် ...
ပါပါးချလိုက်တော့မယ် *
" ဟုတ်ကဲ့ပါပါး "
တီ ... တီ !!
ဖုန်းချလိုက်ပြီးနောက် ကျန်းရိဝမ်ဖုန်းကို
စားပွဲပေါ်ပစ်တင်လိုက်သည်။
တစ်ယောက်တည်း ခရီးထွက်သွားတဲ့
ပါပါးက အဆက်သွယ်ရပေမယ့်လည်း
ဘယ်ရောက်နေမှန်း သူမသိရချေ။
မေးလျှင်လည်း ဘယ်တော့မှမဖြေ။
အဆက်အသွယ်တော့ ပုံမှန်ရသည်။
လူအင်အားသုံးပြီး ရှာလို့ရပေမယ့်လည်း
ပါပါးစိတ်အနှောင့်အယှက်ဖြစ်သွားမှာကို
သူမလိုလားချေ။
ထို့ကြောင့် ပါပါးအမြန်ပြန်လာဖို့သာ
ဖုန်းဆက်တိုင်း
တတွတ်တွတ်ပြောရတော့သည်။
ပါပါးပြန်လာကောင်းပါရဲ့ .....
.
.
.
LAရောက်တော့ ချောက်ချွမ်အထုပ်တွေဆွဲကာ Taxi တစ်စီးငှားလိုက်သည်။
ယခင်ကဆို ဘယ်နိုင်ငံသွားသွား
ကိုယ်ပိုင်ကားနဲ့ Bodyguardတွေနဲ့ဆိုပေမယ့်
ယခုတော့ မတူချေ။
အရာရာကိုယ်တိုင်သာ
အပင်ပန်းခံရတော့သည်။
" Vegas 9 Hotel ကိုပို့ပေးပါ "
" ကောင်းပါပြီ မစ္စတာ "
ချောက်ချွမ် ကားပေါ်အထုပ်တွေတင်ပြီး
သူပါတက်လိုက်သည်။
Taxiကား ပေါ်ရောက်ပြီး
အမောဖြေတုန်းရှိသေး
သူ့ဘေးကတံခါးဖြတ်ကနဲပွင့်သွားပြီး
ဟိတ်ကြီးဟန်ကြီးနဲ့လူတစ်ယောက်
ဝင်ထိုင်လာလေသည်။
" မင်း !! "
သေချာကြည့်မှ အနှီလူက
ကျန်းသခင်ကြီး၏ညီဖြစ်သူ လျှန်ချိုး။
" ငါဘာဖြစ်လဲ !! ဆက်ပြောလေ "
ချောက်ချွမ်ထိုလူကိုတွေ့တော့
ဝမ်းသာသွားမိပေမယ့် ထိုလူကတော့
စောင့်ကြွားကြွားနဲ့ရိုက်ချင်စရာပင်။
" မင်းဘယ်သွားမလို့လဲ....
ဒီကားက ငါငှားထားတာ "
" မင်းအပိုင်မှမဟုတ်တာ ...
ငါလည်းထိုင်လို့ရတယ်လေ "
" ဒါပေမယ့် ငါပိုက်ဆံပေးငှားတာလေ "
" ငါဆယ်ဆပေးလိုက်မယ် "
လျှန်ချိုးက
ပြောပြောဆိုဆိုနဲ့ ဒေါ်လာတစ်ထပ်ကို
Driverလက်ထဲပစ်ထည့်လိုက်လေသည်။
" မင်း !! "
" အခုငါငှားတာဖြစ်သွားပြီ "
ချောက်ချွမ်အနှီရိုက်ချင်စရာလူကို
ဆက်မပြောတော့ပဲ ကားပေါ်ကဆင်းဖို့
ပြင်လိုက်သည်။
သို့သော် သူ့လက်ကိုလျှန်ချိုးက
လှမ်းဆွဲထား၏။
" ဘယ်သွားမှာလဲ "
" တစ်ခြားကားငှားမလို့ "
" ငါနဲ့အတူစီး "
" မစီးဘူး "
" ငါအကိုကြီးဆီသွားမှာ "
ေချာက်ချွမ်ငြိမ်ကျသွားလေသည်။
လျှန်ချိုးကတော့ မလုံမလဲနဲ့
တစ်ဖက်လှည့်ကာ ပြုံးစိစိ။
ပြီးမှ မျက်မှာပိုးသတ်ပြီး ချောက်ချွမ်ဘက်လှည့်ကာ
" ဘယ်လိုလဲ ... လိုက်မှာလား "
" အင်း "
လျှန်ချိုးပြုံးလိုက်ချိန်တွင်
ကားကလမ်းမပေါ်ရောက်နှင့်ကာ
တစ်နေရာကို ဦးတည်နေခဲ့ပြီ။
ချောက်ချွမ်ကတော့ တိတ်ဆိတ်နေပေမယ့်
ရင်တွေတလှပ်လှပ်ခုန်နေလျက်....
' ကျနော်လာပြီ ဦး .....
ဒီတစ်ခါ ထပ်မခွဲကြတော့ဘူး '
ဆက်ရန်
AN: အိုင်ပြန်လာပြီ။
Zawgyi
ေလယာဥ္ေပၚက ဆင္းလိုက္သည္ႏွင့္
ေခ်ာက္ခြၽမ္ စိတ္လႈပ္႐ွားကာ
ေသြးေတြပူလာသည္။
ယခုဆို သူေလဆိပ္ကို ေရာက္လာခဲ့ၿပီ။
ေလဆိပ္ကေန Taxiတစ္စီးငွားကာ
ဟိုတယ္ကိုမသြားပဲ
က်န္းလုပ္ငန္းစု၏ ႐ုံးခ်ဳပ္ကို
သူသိတဲ့လိပ္စာအတိုင္း တန္းသြားလိုက္သည္။
45မိနစ္ခန္႔ ကားစီးၿပီးသည့္အခါ
ၿမိဳ႕လယ္ေခါင္က
ဟိန္းဟိန္းထေနသည့္ကုမၸဏီႀကီးေ႐ွ႕သို႔
သူေရာက္႐ွိသြားသည္။
Taxiခ ႐ွင္းလိုက္ၿပီးေနာက္
ကုမၸဏီထဲ ဝင္ဖို႔သြားမိေတာ့
လုံျခဳံေရးဝန္ထမ္း၏တားျမစ္ျခင္းကို
ခံလိုက္ရသည္။
" ဘာကိစၥမ်ား႐ွိလို႔လဲခင္ဗ်ာ "
" က်န္းလုပ္ငန္းစုရဲ႕သူေဌးက်န္းရိဝမ္နဲ႔
ေတြ႕ခ်င္လို႔ပါ "
သူေျပာလိုက္ေတာ့ ဦးေလးႀကီးက
ဦးေဆာင္ကာ ကုမၸဏီထဲဝင္သြားေလသည္။
ၿပီးေနာက္ ဧည့္ေတြ႕ခန္းတြင္ထိုင္ေစကာ
မန္ေနဂ်ာကိုေခၚေပးသည္။
အသက္ငယ္ငယ္ မ်က္မွန္နဲ႔
တ႐ုတ္လူမ်ိဳးမန္ေနဂ်ာက
ေခ်ာက္ခြၽမ္ကို နာမည္ႀကီးမင္းသားမွန္း
ခ်က္ခ်င္းမွတ္မိသြားသည္။
မန္ေနဂ်ာက အံ့ဩေနသည့္သူ႕ပုံရိပ္ကို
ထိန္းကာ
" Boss က သူ႕အမ်ိဳးသားနဲ႔
ျမန္မာႏိုင္ငံကို ခရီးထြက္သြားပါတယ္.....
ဒီက ႀကိဳတင္ခ်ိန္းထားတာမ်ိဳး႐ွိလားမသိဘူး "
" အဲ့လိုမ်ိဳးေတာ့ မ႐ွိပါဘူး .....
အေရးႀကီးလို႔ ခ်က္ခ်င္းလာခဲ့တာ "
" Boss ျပန္လာတဲ့အထိ
ေစာင့္လို႔ရလားခင္ဗ် .....
ရရင္ ျပန္ေရာက္တဲ့အခ်ိန္
ဆက္သြယ္ေပးပါ့မယ္ "
ေခ်ာက္ခြၽမ္ တစ္ခဏစဥ္းစားၿပီးေနာက္
သိပ္မၾကာေလာက္ဘူးထင္တာေၾကာင့္
သေဘာတူကာ
ဖုန္းနံပါတ္ခ်န္ေပးခဲ့လိုက္သည္။
ၿပီးေနာက္ Taxiငွားကာ အနီးဆုံး႐ွိ
Hotel တစ္ခုမွာ တည္းလိုက္သည္။
သူHotelမွာ တစ္ပတ္ေက်ာ္ေနၿပီးသည္အထိ
ကုမၸဏီမွ အေၾကာင္းျပန္မလာခဲ့ေခ်။
ထို႔ေၾကာင့္ သူေနာက္တစ္ေခါက္သြားဖို႔
ဆုံးျဖတ္လိုက္ရသည္။
ေပါ့ေပါ့ပါးပါးဝတ္စုံတစ္ခုကို
လဲလွယ္ၿပီးေနာက္ ဦးထုပ္ေဆာင္း
Maskတပ္ကာ ကုမၸဏီေ႐ွ႕ကို
ေနာက္တစ္ခါျပန္ေရာက္လာျပန္သည္။
သူ႕မွာဆက္သြယ္ဖို႔ရာ Wechatအပါအဝင္
အရာအားလုံးကိုကိုယ္တိုင္
ျဖတ္ေတာက္ခဲ့တာမို႔ ဒီကုမၸဏီကသာလွ်င္
က်န္းသခင္ႀကီးကိုေတြ႕ဖို႔ လမ္းစျဖစ္သည္။
ထို႔ေၾကာင့္ အခြင့္အေရးကို
လက္လြတ္မခံပဲ
က်န္းရိဝမ္နဲ႔ရေအာင္ေတြ႕ကာ
က်န္းသခင္ႀကီးကို သူလိုက္႐ွာရမည္။
ဒီတစ္ခါတြင္ေတာ့ ထူးဆန္းစြာပင္
ကုမၸဏီေ႐ွ႕မွာ အနက္ေရာင္ကားေတြ
တန္းစီကာ Bodyguard ေတြနဲ႔အတူ
လူေတြအုံခဲေနေလသည္။
သူျဖတ္ကနဲဝမ္းသာသြားၿပီး
အလ်င္အျမန္ေျပးသြားမိေပမယ့္
အထပ္ထပ္ေသာလုံျခဳံေရးေတြ၏
တားဆီးျခင္းကို ခံလိုက္ရသည္။
" ဟိတ္ ... ဟိတ္ ဖယ္စမ္း
ဘယ္လာတာလဲ !! ေဝးေဝးသြားစမ္း!! "
ေခ်ာက္ခြၽမ္က သာမန္လူတစ္ေယာက္လို
ဝတ္စားထားတာေၾကာင့္
Fanတစ္ေယာက္အျဖစ္ အထင္မွားကာ
တျခားသူေတြနဲ႔အတူ
ေမာင္းထုတ္ခံရေလသည္။
" သြားစမ္း !! "
အ့ !!
ေခ်ာက္ခြၽမ္႐ွင္းျပဖို႔
ေ႐ွ႕ဆက္တိုးလိုက္ေပမယ့္
ထပ္မံတြန္းထုတ္ခံလိုက္ရတာေၾကာင့္
လမ္းေဘးကို လဲက်သြားေတာ့သည္။
ထိုစဥ္ သူ႕ဖုန္းသံျမည္လာၿပီး
ေခၚဆိုသူက ဖန္လိဟုန္ျဖစ္ေနေလသည္။
လူ႐ွင္းတဲ့ေနရာကိုေရာက္ေအာင္သြားၿပီး
ဖုန္းကိုကိုင္လိုက္သည္။
" Hello "
* .......... *
" ဘာ !! တ .. တကယ္ေျပာတာလား "
* ...... *
" ေက်းဇူးတင္ပါတယ္ ...
က်ေနာ္အခုခ်က္ခ်င္းလာခဲ့မယ္ "
ဖုန္းခ်လိုက္ၿပီးေနာက္
သူHotel ဆီကိုအေျပးျပန္မိေတာ့သည္။
သူ႕စိတ္က လ်င္ျမန္စြာခုန္လႈပ္ေနတာမို႔
ေနာက္ထပ္ဝင္လာသည့္
ဖုန္းကို မကိုင္မိေတာ့ေခ်။
.
.
.
" ေခၚလို႔ရလား "
က်န္းလုပ္ငန္းစုရဲ႕လက္႐ွိဥကၠဌျဖစ္သူ
က်န္းရိဝမ္က ကုတ္အက်ႌကို
ဆိုဖာေပၚ လွဲေနသည့္ ခ်န္းယြင္႐ွင္းေပၚ
လႊားတင္ေပးရင္း မန္ေနဂ်ာကိုေမးလိုက္သည္။
" ဖုန္းမကိုင္ပါဘူး Boss "
က်န္းရိဝမ္က မန္ေနဂ်ာကို
ေခါင္းၿငိမ့္ျပကာ ျပန္ခိုင္းလိုက္ၿပီး
သူ႕ပါပါးဆီဖုန္းေခၚလိုက္သည္။
တီ .... တီ
* Hello သားငယ္ *
" Hello ပါပါး ....
သားေျပာစရာ႐ွိလို႔ေခၚလိုက္တာ "
* ေျပာေလသား ... သားမက္ေလးေရာ *
" ႐ွင္းေလးက ပင္ပန္းလာလို႔
နားေနတယ္ပါပါး .....
ေခ်ာက္ခြၽမ္ ကုမၸဏီကိုလာသြားတယ္တဲ့ ...
သားနဲ႔ေတာ့ မေတြ႕လိုက္ဘူး ပါပါး "
* ဟုတ္လား ..... ဘာလို႔လာတာတဲ့လဲ
ပါပါးကို လာ႐ွာတာတဲ့လား *
" သားဆီလာမွေတာ့
ပါပါးသတင္းစုံစမ္းခ်င္လို႔ျဖစ္မွာပါ .....
သူ႕ကိုျပန္ဆက္သြယ္လိုက္ပါလား ပါပါး "
က်န္းရိဝမ္ဖုန္းထဲကေန ဖခင္ျဖစ္သူ၏
သက္ျပင္းခ်သံသဲ့သဲ့ကို
သူၾကားရသည္။
ဒီႏွစ္ေယာက္က ခ်စ္ရဲ႕သားနဲ႔
ဘာလို႔မ်ားေဝးမယ့္လမ္းကိုပဲ
ေ႐ြးခ်ယ္ေနၾကလဲဆိုတာ သူနားမလည္ႏိုင္။
လူႀကီးႏွစ္ေယာက္ကိစၥဆိုေတာ့
သူလည္း ေတာ္႐ုံဝင္မပါျဖစ္ေခ်။
သူတို႔လည္းစဥ္းစားေတြးေခၚတတ္ၿပီး
ကိုယ္တိုင္ဆုံးျဖတ္တတ္တဲ့အ႐ြယ္မလား။
သူတို႔မွာ အေၾကာင္းရင္း႐ွိလို႔
ဒီလိုျဖစ္ေနတာလည္း ျဖစ္ႏိုင္ၾကတာပဲေလ။
* သားေျပာစရာမ႐ွိေတာ့ရင္ ဒါပဲေလ....
ပါပါးလုပ္စရာ႐ွိေသးလို႔ *
" ပါပါးဘယ္ေတာ့ျပန္လာမွာလဲ "
* ..... *
" ပါပါး ... "
* တစ္ေန႔ေန႔ေပါ့ သားငယ္*
" ..... "
* ပါပါး သားနဲ႔သမီးကို ပစ္မသြားပါဘူး
ပါပါးျပန္လာမွာပါ *
" ဟုတ္ကဲ့ ပါပါး ...
သားတို႔ပါပါးျပန္လာမွာကို ေမွ်ာ္ေနမယ္ "
* ေကာင္းၿပီ သားငယ္ ...
ပါပါးခ်လိုက္ေတာ့မယ္ *
" ဟုတ္ကဲ့ပါပါး "
တီ ... တီ !!
ဖုန္းခ်လိုက္ၿပီးေနာက္ က်န္းရိဝမ္ဖုန္းကို
စားပြဲေပၚပစ္တင္လိုက္သည္။
တစ္ေယာက္တည္း ခရီးထြက္သြားတဲ့
ပါပါးက အဆက္သြယ္ရေပမယ့္လည္း
ဘယ္ေရာက္ေနမွန္း သူမသိရေခ်။
ေမးလွ်င္လည္း ဘယ္ေတာ့မွမေျဖ။
အဆက္အသြယ္ေတာ့ ပုံမွန္ရသည္။
လူအင္အားသုံးၿပီး ႐ွာလို႔ရေပမယ့္လည္း
ပါပါးစိတ္အေႏွာင့္အယွက္ျဖစ္သြားမွာကို
သူမလိုလားေခ်။
ထို႔ေၾကာင့္ ပါပါးအျမန္ျပန္လာဖို႔သာ
ဖုန္းဆက္တိုင္း
တတြတ္တြတ္ေျပာရေတာ့သည္။
ပါပါးျပန္လာေကာင္းပါရဲ႕ .....
.
.
.
LAေရာက္ေတာ့ ေခ်ာက္ခြၽမ္အထုပ္ေတြဆြဲကာ Taxi တစ္စီးငွားလိုက္သည္။
ယခင္ကဆို ဘယ္ႏိုင္ငံသြားသြား
ကိုယ္ပိုင္ကားနဲ႔ Bodyguardေတြနဲ႔ဆိုေပမယ့္
ယခုေတာ့ မတူေခ်။
အရာရာကိုယ္တိုင္သာ
အပင္ပန္းခံရေတာ့သည္။
" Vegas 9 Hotel ကိုပို႔ေပးပါ "
" ေကာင္းပါၿပီ မစၥတာ "
ေခ်ာက္ခြၽမ္ ကားေပၚအထုပ္ေတြတင္ၿပီး
သူပါတက္လိုက္သည္။
Taxiကား ေပၚေရာက္ၿပီး
အေမာေျဖတုန္း႐ွိေသး
သူ႕ေဘးကတံခါးျဖတ္ကနဲပြင့္သြားၿပီး
ဟိတ္ႀကီးဟန္ႀကီးနဲ႔လူတစ္ေယာက္
ဝင္ထိုင္လာေလသည္။
" မင္း !! "
ေသခ်ာၾကည့္မွ အႏွီလူက
က်န္းသခင္ႀကီး၏ညီျဖစ္သူ လွ်န္ခ်ိဳး။
" ငါဘာျဖစ္လဲ !! ဆက္ေျပာေလ "
ေခ်ာက္ခြၽမ္ထိုလူကိုေတြ႕ေတာ့
ဝမ္းသာသြားမိေပမယ့္ ထိုလူကေတာ့
ေစာင့္ႂကြားႂကြားနဲ႔႐ိုက္ခ်င္စရာပင္။
" မင္းဘယ္သြားမလို႔လဲ....
ဒီကားက ငါငွားထားတာ "
" မင္းအပိုင္မွမဟုတ္တာ ...
ငါလည္းထိုင္လို႔ရတယ္ေလ "
" ဒါေပမယ့္ ငါပိုက္ဆံေပးငွားတာေလ "
" ငါဆယ္ဆေပးလိုက္မယ္ "
လွ်န္ခ်ိဳးက
ေျပာေျပာဆိုဆိုနဲ႔ ေဒၚလာတစ္ထပ္ကို
Driverလက္ထဲပစ္ထည့္လိုက္ေလသည္။
" မင္း !! "
" အခုငါငွားတာျဖစ္သြားၿပီ "
ေခ်ာက္ခြၽမ္အႏွီ႐ိုက္ခ်င္စရာလူကို
ဆက္မေျပာေတာ့ပဲ ကားေပၚကဆင္းဖို႔
ျပင္လိုက္သည္။
သို႔ေသာ္ သူ႕လက္ကိုလွ်န္ခ်ိဳးက
လွမ္းဆြဲထား၏။
" ဘယ္သြားမွာလဲ "
" တစ္ျခားကားငွားမလို႔ "
" ငါနဲ႔အတူစီး "
" မစီးဘူး "
" ငါအကိုႀကီးဆီသြားမွာ "
ေခ်ာက္ခြၽမ္ၿငိမ္က်သြားေလသည္။
လွ်န္ခ်ိဳးကေတာ့ မလုံမလဲနဲ႔
တစ္ဖက္လွည့္ကာ ျပဳံးစိစိ။
ၿပီးမွ မ်က္မွာပိုးသတ္ၿပီး ေခ်ာက္ခြၽမ္ဘက္လွည့္ကာ
" ဘယ္လိုလဲ ... လိုက္မွာလား "
" အင္း "
လွ်န္ခ်ိဳးျပဳံးလိုက္ခ်ိန္တြင္
ကားကလမ္းမေပၚေရာက္ႏွင့္ကာ
တစ္ေနရာကို ဦးတည္ေနခဲ့ၿပီ။
ေခ်ာက္ခြၽမ္ကေတာ့ တိတ္ဆိတ္ေနေပမယ့္
ရင္ေတြတလွပ္လွပ္ခုန္ေနလ်က္....
' က်ေနာ္လာၿပီ ဦး .....
ဒီတစ္ခါ ထပ္မခြဲၾကေတာ့ဘူး '
ဆက္ရန္
အိုင္ျပန္လာၿပီ။