UNICODE
အပိုင်း (၂.၂)
ဆာတိုးရီမှာ နံဘေးအခန်းမှ ရေကျသံကို ကြားလိုက်၏။ ထို့နောက် ဆိုးစုခဲ ပြန်လာလေသည်။ ဆိုးစုခဲမှာ ဆိုဖာစပရိန်နှင့် ဆော့စကားနေသည့် ဆာတိုးရီအား မသင်္ကာဖွယ် ကြည့်နေတော့၏။
"ဘယ်လိုလဲ? အခုရော သက်သာသွားပြီလား?"
"အင်း"
ဝေခွဲမရဖြစ်နေသည့်မျက်နှာအမူအရာမျိုးဖြင့် ဆိုးစုခဲက ခေါင်းတညိတ်ညိတ်လုပ်နေသည့်ဆာတိုးရီအား ကြည့်လိုက်သည်။
"ခဏလောက်ခွင့်ပြု"
ဆိုးစုခဲက ဆာတိုးရီ၏မျက်နှာအား အမြဲဖုံးကွယ်ထားသည့် ရှေ့ဆံပင်အရှည်များကို လက်ချောင်းများဖြင့် ပင့်တင်လိုက်၏။ ဆာတိုးရီမှာ သူ၏နဖူးထက် လေတစ်ဝှေ့တိုက်ခတ်သွားသလို ခံစားလိုက်ရသည်။
"!"
ဆိုးစုခဲက ခေါင်းမသိမသာစောင်းလိုက်၏။
(အသားအရောင်ကတော့ အရင်လောက် ဖြူဖတ်ဖြူရော်မဖြစ်တော့ဘူး။)
ဆာတိုးရီက လန့်ဖျပ်သွားလေသည်။ ဆိုးစုခဲအား ကျောက်ရုပ်နှယ်တုပ်တုပ်မျှမလှုပ်ဘဲ မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေ၏။ တစ်စုံတစ်ဦးနှင့် ထိုကဲ့သို့ အကြည့်ချင်းဆုံဖြစ်ခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်သည်။
ဆိုးစုခဲက ဆာတိုးရီ၏အကြည့်ကို သတိထားမိသွားပြီး တစ်စုံတစ်ရာအား သဘောပေါက်သွားသည့်နှယ် မျက်တောင်တခတ်ခတ်လုပ်၏။ ထို့နောက် အူတိအူကြောင်ဖြင့် အခြားဘက်သို့ ကြည့်လိုက်လေသည်။
"ရုတ်တရက်နဖူးစမ်းမိတဲ့အတွက် ဆောရီး"
ပြီးလျှင် ဆာတိုးရီဘက် ပြန်လှည့်ကာ မီးဖိုချောင်ထဲ ဝင်သွားလေသည်။
(လန့်သွားတာပဲ။ ဖန်သားလို ကြည်တောက်နေတဲ့ မျက်လုံးတွေနဲ့ အကြည့်ခံလိုက်ရတော့။)
ဆာတိုးရီသည် ဆိုးစုခဲ စိတ်အနှောင့်အယှက်ဖြစ်နေကြောင်းအရိပ်အယောင်ကို အာရုံခံမိသည့်အခိုက် စိတ်ပျက်အားလျော့သွားရသည်။ ဆိုးစုခဲမှာ သူ့အကြည့်ကြောင့် ထိတ်လန့်သွားရသည်ဟု တွေးကာ သက်ပြင်းအလီလီချနေမိ၏။
"ရော့ လန်းသွားအောင်သောက်လိုက်.. ရေဓာတ်ပြည့်ထားတာ ကောင်းတယ်"
ပြောရင်းဆိုရင်း ဆိုးစုခဲက ဆာတိုးရီထံ အရည်တစ်မျိုးထည့်ထားသည့်ဘူးတစ်ဘူးကို ကမ်းပေးလိုက်သည်။ ဆာတိုးရီလည်း ထိုဘူးအား စိုက်ကြည့်နေမိ၏။ ခေါင်းအနည်းငယ်စောင်းရင်း ထိုဘူးအား တစ်ကိုက်ကိုက်မည်အပြု ဆိုးစုခဲမှာ အလန့်တကြား တားလိုက်ရသည်။
"ဟိတ်...! ဘာလုပ်နေတာတုန်း?!"
"..မာလိုက်တာ"
__ပြီးတော့ အရသာလည်း မရှိဘူး။
"ဘယ်လိုလူကများ ဘူးကို ကိုက်စားဖို့လုပ်နေတာလဲကွာ...?!"
ဆာတိုးရီမှာ သူ့အား ပေးသည့်အရာကို ပြန်ယူသွားကြောင်းသိသော် ဆိုးစုခဲအား မကျေနပ်သည့်အကြည့်ဖြင့် ကြည့်နေတော့သည်။
(တကယ်ကြီးလားဟ...?)
"ကြည့်... ဒီလိုသောက်ရတာ"
ဆိုးစုခဲက ဘူးထိပ်ရှိ အဖုံးသဖွယ်အရာအား လှည့်ကာ ဖွင့်လိုက်၏။
ဆာတိုးရီမှာ နောက်တစ်ဖန် ခေါင်းစောင်းကာ အရောင်အနည်းငယ်စွန်းနေသည့်အရည်၏အရောင်အား နှာခေါင်းဖြင့် တရှုံ့ရှုံ့နမ်းကြည့်သည်။ အနံ့မရှိချေ။ သတိထားနေသည့်မျက်နှာအမူအရာမျိုးဖြင့် ရှာထုတ်ကာ လျက်ကြည့်သည်။
"...!"
__အရမ်းကောင်းတယ်! အရမ်းကောင်းတာပဲ! ဘာလို့မှန်းမသိ အရသာအရမ်းရှိတယ်?"
"ဆိုးစုခဲ ဒီဟာက အရသာရှိလိုက်တာ! ဒီရေမှာ အရသာပါ ပါနေတာပဲ! ဘာလို့မှန်းမသိ အရသာအရမ်းရှိနေတာ.. ရော့ နည်းနည်းသောက်ကြည့်ပါလား?"
ဆာတိုးရီသာ တိရစ္ဆာန်အသွင်နှင့်တစ္ဆေဖြစ်နေမည်ဆိုလျှင် အမြီးကို လေပေါ်ထိ မြှောက်ကာ တယမ်းယမ်းလုပ်ပြနေမည်သာ။ သူ အလွန်ပျော်ရွှင်နေသည်မှာ သိသာလှသည်။ ဆာတိုးရီမှာ ရှက်ရွံ့ဖွယ်အဖြစ်နှင့် မကြုံရတော့ကြောင်းတွေးရင်း စိတ်ဖြေသိမ့်နေ၏။ ဆိုးစုခဲဘက်လှည့်လိုက်သည့်အခါ မျက်နှာထက်၌ အင်မတန်စိတ်ပင်ပန်းနေသည့်အမူအရာမျိုးကို မြင်တွေ့လိုက်ရလေသည်။
"... ဟင့်အင်း ငါမသောက်တော့ဘူး.. အာ အကုန်မသောက်ပစ်နဲ့လေ.. မင်းက ကလေးလား? လာ ဖြည်းဖြည်းသောက်.. သီးကုန်လိမ့်မယ်"
(ငါ့ကို ပိုမောအောင်လုပ်နေတာပဲ။)
ဆာတိုးရီလည်း ဆိုးစုခဲ၏အတွေးကို ကြားလိုက်ရချိန် စိတ်အားငယ်သွားရပြန်သည်။ နှုတ်ခမ်း၌ တေ့ထားသည့် ဘူးအဝကို ဖယ်လိုက်၏။ ဆိုဖာထက်၌ ထိုင်နေဆဲ ဆိုးစုခဲက ဆာတိုးရီအား စပ်စပ်စုစုကြည့်နေမိသည်။
"ဘာလို့လဲ? ကျန်သေးတယ်လေ"
"..ဟင့်အင်း.. ဗိုက်ဝသွားပြီ ရပြီ"
ဆိုးစုခဲက မျက်ခုံးမသိမသာပင့်၏။ ဆာတိုးရီ၏စကားအား ယုံသည့်ပုံမပေါ်။
(ဒီလိုခန္ဓာကိုယ်သေးသေးလေးနဲ့ အစာကို ဝအောင်စားတတ်ရဲ့လား..?)
ဤသို့ စကားအပြန်အလှန်ပြောနေကြသော်လည်း ဆိုးစုခဲက ဆာတိုးရီအား မှတ်မိပုံမပြ။ ဆာတိုးရီလည်း ဝမ်းနည်းသွားရသည်။ သို့သည့်တိုင် ဆိုးစုခဲနှုတ်မှထွက်လာသည့်စကားများက အင်မတန်နူးညံ့ညင်သာနေရာ ဆာတိုးရီအား မျက်ရည်များစီးကျလာအောင် တွန်းအားပေးနေသယောင်။
"ဟေ့ နာမည်ဘယ်လိုခေါ်လဲ? ငါ့ကို မပြောပြရသေးဘူးဟုတ်?"
ဆာတိုးရီ၏နှလုံးစိုင်က ရင်ဘတ်ထဲမှ ခုန်ထွက်သွားတော့မတတ်။ ဆိုးစုခဲအား တောင်းပန်တိုးလျှိုးသည့်အကြည့်မျိုးဖြင့် မထင်မှတ်ဘဲ ကြည့်လိုက်မိချိန် ဆိုးစုခဲမှာဖြင့် ဆာတိုးရီအား ညင်သာစွာ ငေးကြည့်နေသည်။ ဆာတိုးရီ၏ရင်ဘတ်မှာ တဖြည်းဖြည်းအောင့်လာတော့၏။
"...ဆာ-ဆာတိုး ...ရီ"
"ဆာတိုး? မင်းနာမည်က ဆာတိုးလား?"
"မ-မဟုတ်.."
မဟုတ်-?"
__အရူးတွေကပဲ လူစကားကို ယုံတာ။ လက်တွေ့မှာတော့ သားပြောပြောနေကျကလေးလေးတောင် သားဆီ ပြန်မလာခဲ့ဘူးလေ။ ဘယ်လိုလုပ် လူသားတွေကို ယုံနိုင်ရတာလဲ?
အေးစက်စက်လက်တစ်စုံက နှလုံးသားအား ဖျစ်ညှစ်နေသည့်အလား။ ဆာတိုးရီ၏နားထဲ အသံတစ်သံကို ရုတ်တရက် ကြားယောင်လာသည်။
__သား တကယ်မြတ်နိုးတန်ဖိုးထားရတဲ့လူသားရဲ့စိတ်နက်နက်ရှိုင်းရှိုင်းတစ်နေရာထဲ ဘာတွေတွေးနေလဲဆိုတာကို သားဘယ်တော့မှသိမှာမဟုတ်ဘူး။ အာ.. သား သူ့အတွေးကို ဖတ်နိုင်တယ်မလား? ဒါပေမဲ့ သားဖတ်နိုင်တဲ့အတွေးတွေဆိုတာ အပေါ်ယံအလွှာလေးတွေပဲ။ သား ဆက်သွားဖို့ စဥ်းစားနေတုန်းပဲလား? ရလဒ်အနေနဲ့ သား လုံးဝပျောက်ကွယ်သွားရမယ်ဆိုရင်တောင်မှလေ?
ဆာတိုးရီသည် ဆိုးစုခဲအား မည်သည့်အခြေအနေမျိုးဖြစ်ဖြစ် တွေ့ဆုံချင်ခဲ့မိသည်။ အနည်းငယ်တုန်လှုပ်နေရင်းပင် ဆိုးစုခဲအား နောက်တစ်ကြိမ်ပြန်ဆုံနိုင်ဖို့ရာ အနုးအညွတ်တောင်းပန်နေမိသည်။ နဂါးနတ်ဘုရားသည်လည်း အလွန်အမင်းလှပသော်ငြား အေးစက်သည့်အကြည့်မျိုးဖြင့် ဆာတိုးရီအား ငုံ့ကြည့်ကာ ဆိုလိုက်၏။
__ဘယ်လောက်တောင် ရူးနှမ်းလိုက်တဲ့ကလေးလဲ။ အကျိုးဆက်တွေကို မင်းကိုယ်တိုင်နားလည်သင့်တယ်။
ထိုအခိုက်အတန့်ဝယ် ဆာတိုးရီသည် ဆိုးစုခဲ သူ့အား မေ့ပျောက်သွားမည့်အရေးကို တွေးပင်မတွေးနိုင်တော့။
ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်ပူပန်မှုမျိုးစေ့လေးက ဆာတိုးရီ၏ကိုယ်ထဲ ပေါက်ဖွားလာရသည်။ ဆိုးစုခဲက သူ့အား မတွေ့ချင်လျှင် ဘယ်နှယ့်လုပ်မည်ကို စိုးထိတ်လာမိ၏။
ဆာတိုးရီက ခေါင်းအတွင်တွင်ခါနေရင်း ရုတ်တရက် အားတက်သရော ခေါင်းညိတ်လိုက်၏။
"ဆာ-ဆာတိုးဆိုရင် ရပါပြီ"
"ဘာကို 'ဆိုရင် ရပါပြီ'လဲ?
(ဘယ်ဟာက အမှန်လဲ?)
ဆိုးစုခဲက သူ့အား အလျင်စလိုအဖြေပေးလိုက်သည့် ဆာတိုးရီအား ခနဲ့တဲ့တဲ့ပြုံးပြလိုက်သည်။
(တကယ့်ကို အူကြောင်ကြောင်ပဲ။)
♪ • ♪ • ♪ • ♪ • ♪ • ♪ • ♪ • ♪ • ♪ • ♪ • ♪ • ♪
ZAWGYI
အပိုင္း (၂.၂)
ဆာတိုးရီမွာ နံေဘးအခန္းမွ ေရက်သံကို ၾကားလိုက္၏။ ထို႔ေနာက္ ဆိုးစုခဲ ျပန္လာေလသည္။ ဆိုးစုခဲမွာ ဆိုဖာစပရိန္ႏွင့္ ေဆာ့စကားေနသည့္ ဆာတိုးရီအား မသကၤာဖြယ္ ၾကည့္ေနေတာ့၏။
"ဘယ္လိုလဲ? အခုေရာ သက္သာသြားၿပီလား?"
"အင္း"
ေဝခြဲမရျဖစ္ေနသည့္မ်က္ႏွာအမူအရာမ်ိဳးျဖင့္ ဆိုးစုခဲက ေခါင္းတညိတ္ညိတ္လုပ္ေနသည့္ဆာတိုးရီအား ၾကည့္လိုက္သည္။
"ခဏေလာက္ခြင့္ျပဳ"
ဆိုးစုခဲက ဆာတိုးရီ၏မ်က္ႏွာအား အျမဲဖုံးကြယ္ထားသည့္ ေရွ႕ဆံပင္အရွည္မ်ားကို လက္ေခ်ာင္းမ်ားျဖင့္ ပင့္တင္လိုက္၏။ ဆာတိုးရီမွာ သူ၏နဖူးထက္ ေလတစ္ေဝွ႕တိုက္ခတ္သြားသလို ခံစားလိုက္ရသည္။
"!"
ဆိုးစုခဲက ေခါင္းမသိမသာေစာင္းလိုက္၏။
(အသားအေရာင္ကေတာ့ အရင္ေလာက္ ျဖဴဖတ္ျဖဴေရာ္မျဖစ္ေတာ့ဘူး။)
ဆာတိုးရီက လန့္ဖ်ပ္သြားေလသည္။ ဆိုးစုခဲအား ေက်ာက္႐ုပ္ႏွယ္တုပ္တုပ္မၽွမလွုပ္ဘဲ မ်က္လုံးအျပဴးသားျဖင့္ ေငးၾကည့္ေန၏။ တစ္စုံတစ္ဦးႏွင့္ ထိုကဲ့သို႔ အၾကည့္ခ်င္းဆုံျဖစ္ျခင္းဟာ ပထမဆုံးအႀကိမ္ျဖစ္သည္။
ဆိုးစုခဲက ဆာတိုးရီ၏အၾကည့္ကို သတိထားမိသြားၿပီး တစ္စုံတစ္ရာအား သေဘာေပါက္သြားသည့္ႏွယ္ မ်က္ေတာင္တခတ္ခတ္လုပ္၏။ ထို႔ေနာက္ အူတိအူေၾကာင္ျဖင့္ အျခားဘက္သို႔ ၾကည့္လိုက္ေလသည္။
"႐ုတ္တရက္နဖူးစမ္းမိတဲ့အတြက္ ေဆာရီး"
ၿပီးလၽွင္ ဆာတိုးရီဘက္ ျပန္လွည့္ကာ မီးဖိုေခ်ာင္ထဲ ဝင္သြားေလသည္။
(လန့္သြားတာပဲ။ ဖန္သားလို ၾကည္ေတာက္ေနတဲ့ မ်က္လုံးေတြနဲ႔ အၾကည့္ခံလိုက္ရေတာ့။)
ဆာတိုးရီသည္ ဆိုးစုခဲ စိတ္အေႏွာင့္အယွက္ျဖစ္ေနေၾကာင္းအရိပ္အေယာင္ကို အာ႐ုံခံမိသည့္အခိုက္ စိတ္ပ်က္အားေလ်ာ့သြားရသည္။ ဆိုးစုခဲမွာ သူ႔အၾကည့္ေၾကာင့္ ထိတ္လန့္သြားရသည္ဟု ေတြးကာ သက္ျပင္းအလီလီခ်ေနမိ၏။
"ေရာ့ လန္းသြားေအာင္ေသာက္လိုက္.. ေရဓာတ္ျပည့္ထားတာ ေကာင္းတယ္"
ေျပာရင္းဆိုရင္း ဆိုးစုခဲက ဆာတိုးရီထံ အရည္တစ္မ်ိဳးထည့္ထားသည့္ဘူးတစ္ဘူးကို ကမ္းေပးလိုက္သည္။ ဆာတိုးရီလည္း ထိုဘူးအား စိုက္ၾကည့္ေနမိ၏။ ေခါင္းအနည္းငယ္ေစာင္းရင္း ထိုဘူးအား တစ္ကိုက္ကိုက္မည္အျပဳ ဆိုးစုခဲမွာ အလန့္တၾကား တားလိုက္ရသည္။
"ဟိတ္...! ဘာလုပ္ေနတာတုန္း?!"
"..မာလိုက္တာ"
__ၿပီးေတာ့ အရသာလည္း မရွိဘူး။
"ဘယ္လိုလူကမ်ား ဘူးကို ကိုက္စားဖို႔လုပ္ေနတာလဲကြာ...?!"
ဆာတိုးရီမွာ သူ႔အား ေပးသည့္အရာကို ျပန္ယူသြားေၾကာင္းသိေသာ္ ဆိုးစုခဲအား မေက်နပ္သည့္အၾကည့္ျဖင့္ ၾကည့္ေနေတာ့သည္။
(တကယ္ႀကီးလားဟ...?)
"ၾကည့္... ဒီလိုေသာက္ရတာ"
ဆိုးစုခဲက ဘူးထိပ္ရွိ အဖုံးသဖြယ္အရာအား လွည့္ကာ ဖြင့္လိုက္၏။
ဆာတိုးရီမွာ ေနာက္တစ္ဖန္ ေခါင္းေစာင္းကာ အေရာင္အနည္းငယ္စြန္းေနသည့္အရည္၏အေရာင္အား ႏွာေခါင္းျဖင့္ တရွုံ႔ရွုံ႔နမ္းၾကည့္သည္။ အနံ႔မရွိေခ်။ သတိထားေနသည့္မ်က္ႏွာအမူအရာမ်ိဳးျဖင့္ ရွာထုတ္ကာ လ်က္ၾကည့္သည္။
"...!"
__အရမ္းေကာင္းတယ္! အရမ္းေကာင္းတာပဲ! ဘာလို႔မွန္းမသိ အရသာအရမ္းရွိတယ္?"
"ဆိုးစုခဲ ဒီဟာက အရသာရွိလိုက္တာ! ဒီေရမွာ အရသာပါ ပါေနတာပဲ! ဘာလို႔မွန္းမသိ အရသာအရမ္းရွိေနတာ.. ေရာ့ နည္းနည္းေသာက္ၾကည့္ပါလား?"
ဆာတိုးရီသာ တိရစၧာန္အသြင္ႏွင့္တေစၧျဖစ္ေနမည္ဆိုလၽွင္ အၿမီးကို ေလေပၚထိ ေျမႇာက္ကာ တယမ္းယမ္းလုပ္ျပေနမည္သာ။ သူ အလြန္ေပ်ာ္ရႊင္ေနသည္မွာ သိသာလွသည္။ ဆာတိုးရီမွာ ရွက္ရြံ႕ဖြယ္အျဖစ္ႏွင့္ မၾကဳံရေတာ့ေၾကာင္းေတြးရင္း စိတ္ေျဖသိမ့္ေန၏။ ဆိုးစုခဲဘက္လွည့္လိုက္သည့္အခါ မ်က္ႏွာထက္၌ အင္မတန္စိတ္ပင္ပန္းေနသည့္အမူအရာမ်ိဳးကို ျမင္ေတြ႕လိုက္ရေလသည္။
"... ဟင့္အင္း ငါမေသာက္ေတာ့ဘူး.. အာ အကုန္မေသာက္ပစ္နဲ႔ေလ.. မင္းက ကေလးလား? လာ ျဖည္းျဖည္းေသာက္.. သီးကုန္လိမ့္မယ္"
(ငါ့ကို ပိုေမာေအာင္လုပ္ေနတာပဲ။)
ဆာတိုးရီလည္း ဆိုးစုခဲ၏အေတြးကို ၾကားလိုက္ရခ်ိန္ စိတ္အားငယ္သြားရျပန္သည္။ ႏွုတ္ခမ္း၌ ေတ့ထားသည့္ ဘူးအဝကို ဖယ္လိုက္၏။ ဆိုဖာထက္၌ ထိုင္ေနဆဲ ဆိုးစုခဲက ဆာတိုးရီအား စပ္စပ္စုစုၾကည့္ေနမိသည္။
"ဘာလို႔လဲ? က်န္ေသးတယ္ေလ"
"..ဟင့္အင္း.. ဗိုက္ဝသြားၿပီ ရၿပီ"
ဆိုးစုခဲက မ်က္ခုံးမသိမသာပင့္၏။ ဆာတိုးရီ၏စကားအား ယုံသည့္ပုံမေပၚ။
(ဒီလိုခႏၶာကိုယ္ေသးေသးေလးနဲ႔ အစာကို ဝေအာင္စားတတ္ရဲ့လား..?)
ဤသို႔ စကားအျပန္အလွန္ေျပာေနၾကေသာ္လည္း ဆိုးစုခဲက ဆာတိုးရီအား မွတ္မိပုံမျပ။ ဆာတိုးရီလည္း ဝမ္းနည္းသြားရသည္။ သို႔သည့္တိုင္ ဆိုးစုခဲႏွုတ္မွထြက္လာသည့္စကားမ်ားက အင္မတန္ႏူးညံ့ညင္သာေနရာ ဆာတိုးရီအား မ်က္ရည္မ်ားစီးက်လာေအာင္ တြန္းအားေပးေနသေယာင္။
"ေဟ့ နာမည္ဘယ္လိုေခၚလဲ? ငါ့ကို မေျပာျပရေသးဘူးဟုတ္?"
ဆာတိုးရီ၏ႏွလုံးစိုင္က ရင္ဘတ္ထဲမွ ခုန္ထြက္သြားေတာ့မတတ္။ ဆိုးစုခဲအား ေတာင္းပန္တိုးလၽွိုးသည့္အၾကည့္မ်ိဳးျဖင့္ မထင္မွတ္ဘဲ ၾကည့္လိုက္မိခ်ိန္ ဆိုးစုခဲမွာျဖင့္ ဆာတိုးရီအား ညင္သာစြာ ေငးၾကည့္ေနသည္။ ဆာတိုးရီ၏ရင္ဘတ္မွာ တျဖည္းျဖည္းေအာင့္လာေတာ့၏။
"...ဆာ-ဆာတိုး ...ရီ"
"ဆာတိုး? မင္းနာမည္က ဆာတိုးလား?"
"မ-မဟုတ္.."
မဟုတ္-?"
__အ႐ူးေတြကပဲ လူစကားကို ယုံတာ။ လက္ေတြ႕မွာေတာ့ သားေျပာေျပာေနက်ကေလးေလးေတာင္ သားဆီ ျပန္မလာခဲ့ဘူးေလ။ ဘယ္လိုလုပ္ လူသားေတြကို ယုံနိုင္ရတာလဲ?
ေအးစက္စက္လက္တစ္စုံက ႏွလုံးသားအား ဖ်စ္ညႇစ္ေနသည့္အလား။ ဆာတိုးရီ၏နားထဲ အသံတစ္သံကို ႐ုတ္တရက္ ၾကားေယာင္လာသည္။
__သား တကယ္ျမတ္နိုးတန္ဖိုးထားရတဲ့လူသားရဲ့စိတ္နက္နက္ရွိုင္းရွိုင္းတစ္ေနရာထဲ ဘာေတြေတြးေနလဲဆိုတာကို သားဘယ္ေတာ့မွသိမွာမဟုတ္ဘူး။ အာ.. သား သူ႔အေတြးကို ဖတ္နိုင္တယ္မလား? ဒါေပမဲ့ သားဖတ္နိုင္တဲ့အေတြးေတြဆိုတာ အေပၚယံအလႊာေလးေတြပဲ။ သား ဆက္သြားဖို႔ စဥ္းစားေနတုန္းပဲလား? ရလဒ္အေနနဲ႔ သား လုံးဝေပ်ာက္ကြယ္သြားရမယ္ဆိုရင္ေတာင္မွေလ?
ဆာတိုးရီသည္ ဆိုးစုခဲအား မည္သည့္အေျခအေနမ်ိဳးျဖစ္ျဖစ္ ေတြ႕ဆုံခ်င္ခဲ့မိသည္။ အနည္းငယ္တုန္လွုပ္ေနရင္းပင္ ဆိုးစုခဲအား ေနာက္တစ္ႀကိမ္ျပန္ဆုံနိုင္ဖို႔ရာ အႏုးအညြတ္ေတာင္းပန္ေနမိသည္။ နဂါးနတ္ဘုရားသည္လည္း အလြန္အမင္းလွပေသာ္ျငား ေအးစက္သည့္အၾကည့္မ်ိဳးျဖင့္ ဆာတိုးရီအား ငုံ႔ၾကည့္ကာ ဆိုလိုက္၏။
__ဘယ္ေလာက္ေတာင္ ႐ူးႏွမ္းလိုက္တဲ့ကေလးလဲ။ အက်ိဳးဆက္ေတြကို မင္းကိုယ္တိုင္နားလည္သင့္တယ္။
ထိုအခိုက္အတန့္ဝယ္ ဆာတိုးရီသည္ ဆိုးစုခဲ သူ႔အား ေမ့ေပ်ာက္သြားမည့္အေရးကို ေတြးပင္မေတြးနိုင္ေတာ့။
ပထမဆုံးအႀကိမ္အျဖစ္ စိုးရိမ္ပူပန္မွုမ်ိဳးေစ့ေလးက ဆာတိုးရီ၏ကိုယ္ထဲ ေပါက္ဖြားလာရသည္။ ဆိုးစုခဲက သူ႔အား မေတြ႕ခ်င္လၽွင္ ဘယ္ႏွယ့္လုပ္မည္ကို စိုးထိတ္လာမိ၏။
ဆာတိုးရီက ေခါင္းအတြင္တြင္ခါေနရင္း ႐ုတ္တရက္ အားတက္သေရာ ေခါင္းညိတ္လိုက္၏။
"ဆာ-ဆာတိုးဆိုရင္ ရပါၿပီ"
"ဘာကို 'ဆိုရင္ ရပါၿပီ'လဲ?
(ဘယ္ဟာက အမွန္လဲ?)
ဆိုးစုခဲက သူ႔အား အလ်င္စလိုအေျဖေပးလိုက္သည့္ ဆာတိုးရီအား ခနဲ႔တဲ့တဲ့ျပဳံးျပလိုက္သည္။
(တကယ့္ကို အူေၾကာင္ေၾကာင္ပဲ။)
♪ • ♪ • ♪ • ♪ • ♪ • ♪ • ♪ • ♪ • ♪ • ♪ • ♪ • ♪