နှင်းတိုင်းပြည်{ႏွင္းတိုင္းျပ...

By veronicalann

1.7K 136 5

Original Author - Yasunari Kawabata English translation Author -Edward Seidensticker Genre - Novel It's not m... More

Hello
Part One 1
Part One 2
Part One 3
Part One 4
Part One 5
Part One 6
Part One 7
Part One 8
Part One 9
Part One 10
Part One 11
Part One 12
Part One 13
Part One 14
Part One 15
Part One 16
Part One 17 End
Part Two 1
Part Two 2
Part Two 3
Part Two 4
Part Two 5
Part Two 6
Part Two 7
Part Two 8
Part Two 9
Part Two 10
Part Two 11
Part Two 12
Part Two 13
Part Two 14
Part Two 15
Part Two 16
Part Two 17
Part Two 18
Part Two 19(Final)

Feelings about novel

119 5 5
By veronicalann

Unicode

မရှင်းမရှင်းတွေကို ဒီတိုင်း စိတ်ထဲရှိသလို ရေးချထားတာမို့စာရှည်သွားပါတယ် တိုတိုရေးမယ်စိတ်ကူးတိုင်း ရှည်ရှည်ရေးနေမိလို့ သည်းခံပေးပါဦးနော်😁

အရင်ဆုံးအနေနဲ့ပြောရရင် ကိုမားကို၊ရိုးကို နဲ့ ယုခိအိုတို့ သုံးယောက်ရဲ့ မရှင်းမလင်း ဆက်ဆံရေးပေါ့နော်။

ဇာတ်လမ်းဆုံးတဲ့ထိတောင် စာရေးဆရာကြီးက သူတို့ဆက်ဆံရေးကိုသေချာမရေးပြထားပါဘူး။ကိုယ်ကတော့ သူတို့သုံးယောက်လုံးက ငယ်သူငယ်ချင်းတွေလို့ပဲ နားလည်လိုက်တယ်။

ရိုးကိုက ယုခိအိုကို တစ်ဖတ်သက်ချစ်နေတယ်။ယုခိအိုကတော့ ကိုမားကိုကိုပဲ သဘောကျတာမို့ ရိုးကိုက ယုခိအိုဘေးနားကနေ ‌‌အဖြည့်ခံလိုပဲ စောင့်ရှောက်ပေးတယ်။ကိုယ်ချစ်ရတဲ့သူရဲ့ နောက်ဆုံးအချိန်မှာ သူတွေ့ချင်တဲ့ ကိုမားကို ကို ဘူတာရုံထိ ရိုးကိုက လိုက်ခေါ်ပေးခဲ့တယ်။ကိုမားကိုကလည်း သူ့ခံစားချက်နဲ့သူမို့ မသွားခဲ့ဘူး။ယုခိအို ဆုံးသွားခဲ့တယ်။ရိုးကိုနဲ့ ကိုမားကိုရဲ့သူငယ်ချင်းနှစ်ယောက် ဆက်ဆံရေးလည်း အဖုအထစ်တွေဖြစ်သွားခဲ့တယ်။

သူ့ခံစားချက်သူ သေချာမသိတဲ့ အတွေးသမား ရှီမမူရာကတော့ အစပိုင်းထဲကနေ ရိုးကိုနဲ့ကိုမားကိုနှစ်ယောက်ကြား အမြဲလွန်ဆွဲနေခဲ့တယ်။Part One တစ်ပိုင်းလုံးမှာ ရှီမမူရာက ကိုမားကို အပေါ်လုံးဝမချစ်မိသေးပါဘူး။

ကိုမားကို ကိုမြင်ချင်တယ် သဘောကျတယ်ဆိုတာက တကယ်သဘောကျတဲ့စိတ်မဟုတ်ပါဘူး ပြောရရင် ကိုမားကို ကိုမြင်တဲ့ချိန်ဖြစ်လာတဲ့ သူ့စိတ်ကိုပဲသူ သဘောကျသေးတာပါ။ရိုးကိုအပေါ်လည်းအဲ့လို သဘောပါပဲ။

ကိုမားကိုကတော့ Part One 7 မှာထဲကနေ ရှီမမူရာအပေါ် တကယ်ကြီးချစ်မိသွားခဲ့ပါတယ်။ဒါပေမဲ့လည်း အိမ်ထောင်ရှိတဲ့ အမျိုးသားနဲ့ သာမန် ရေပူစမ်းဂေးရှားမယ်လေးရဲ့ အချစ်ရေးက လုံးဝလုံးဝ ဖြစ်လာလို့မရတာမို့ နာကျင်ရတယ်ဆိုပြီး ခဏခဏ depressions ဝင်နေရသူပေါ့။

Part Two တစ်ဝက်လောက်ထိလည်း ရှီမမူရာက ကိုမားကို ကိုမချစ်မိသေးပါဘူး။Introvert သမားဖြစ်တဲ့ ရှီမမူရာနဲ့ ပါတီပွဲတွေတက်ပြီး ဂေးရှားမယ်တွေနဲ့ အပေါင်းအသင်းတွေဖွဲ့ ပြီး အမူးသမားဖြစ်နေတဲ့ extrovert ကိုမားကိုတို့ကြား ဆက်ဆံရေးကလည်း အထစ်အငေါ့လိုဖြစ်လာတယ်။

ဒါကြောင့်လည်း Part Two 9 မှာ ကိုမားကိုရဲ့ အချစ်တွေက သူ့အတွက် အလဟဿဖြစ်လာတယ် အဝတ်မပါတဲ့ အသားအရည်လိုပဲ သူခံစားနေရတယ်လို့ ပြောထားတာပါ။

ကိုမားကို ကို ရှီမမူရာ ရူးရူးမူးမူးချစ်မိနေမှန်း ဘယ်ချိန်မှသေချာသိလဲဆိုရင် Part Two 11 မှာပါ။တိုကျိုခေါ်သွားပေးဖို့ တောင်းဆိုလာတဲ့ရိုးကိုနဲ့ စကားပြောနေချိန်မှ သူ့စိတ်က ရှင်းရှင်းလင်းလင်းသိလာတာ‌ပါ။

ပေါင်းဖက်လို့မရတဲ့ အချစ်စစ်ကိုသိလာတဲ့ချိန်ကျ သူလည်း ကိုမားကိုလိုပဲ depressions စဝင်လာတယ်။

Part Two 13 ကတော့ သူတို့နှစ်ယောက်ရဲ့ ကြေကွဲစရာ depressions တွေ ပေါက်ထွက်လာတဲ့အပိုင်းပေါ့။အဲ့ဒီအပိုင်းက သေချာဖတ်မှ ခံစားနိုင်တာပါ။ရှီမမူရာပြောတဲ့

"မင်းက မိန်းမကောင်းလေးပဲ" (You're a good girl) ဆိုတာကနေ

"မင်းက အမျိုးသမီးကောင်းလေးပဲ" (You're a good woman)

ဆိုပြီး သူ့မသိစိတ်ကနေ ပြောင်းပြောမိသွားတဲ့နေရာက သူတို့နှစ်ယောက် အတူတူထပ်ပြီးတွေ့လို့မရ ပေါင်းဖက်လို့မရဘူးဆိုတာ ပြောထားတဲ့နေရာမို့ လုံးဝအသက်ပါပဲ။(Eng-translation Author လည်းအဲ့လိုပြောင်းသွားတဲ့နေရာလေးကို သုံးသပ်ပြောထားပါတယ်)

ဒါကြောင့် ကိုမားကိုအနား မရှိသင့်တော့ဘူးလို့ထင်တဲ့ ရှီမမူရာက ချီဂျိမိပိတ်ချောလုပ်ငန်းကို အာရုံလွှဲပြီး ရေပူစမ်းရွာကနေ ထွက်သွားဖို့လုပ်ခဲ့တာပါ။

ဇာတ်လမ်းအဆုံး ပိုးအိမ်ဂိုဒေါင် မီးလောင်တဲ့အချိန် ကိုယ်ကလေ ကိုမားကိုသေတော့မယ်လို့သေချာပေါက်ထင်ခဲ့တာ။ဘာလို့ဆို Part Two 17 မှာ "ကျွန်မရှင့်ကို မစောင့်စေချင်ဘူး"ဆိုပြီး လုံးဝထွက်သွားတော့မဲ့ ပုံစံလိုပဲ ပြောနေတာခဲ့တာကိုး။

နောက်ဆုံးအပိုင်း မီးလောင်တဲ့ ဂိုဒေါင်မှာလည်း ကိုမားကိုက ရှီမမူရာနဲ့ လူချင်းကွဲပြီး ပြန်လာတွေ့ချိန်ကြ ဆံပင်တွေကျွတ်လုမတတ် ပူနေပြီး လည်ပင်းညွတ်ကျတော့မလိုတွေ ရေးထားတာ ဖတ်ရတော့ မီးထဲသေသွားပြီး ဝိဉာဉ်ဘဝနဲ့ ရှီမမူရာက မြင်ယောင်နေတာလားလို့တောင်ထင်လိုက်သေးတယ်😁

နောက် ရိုးကို မီးလောင်ပြီးပြုတ်ကျလာတဲ့ အခန်း။အဲ့အခန်း ဖတ်ရတာကိုယ်နည်းနည်းတော့ surprise ဖြစ်မိတယ်။

အထူးသဖြင့် ရှီမမူရာရဲ့ ပြတ်သားတဲ့စိတ်ပါ။ကိုယ်ချစ်တဲ့ မိန်းကလေး ကိုမားကိုကလွဲပြီး ကျန်တဲ့သူ ဘာဖြစ်နေပါစေ ဘယ်သူ့ကိုမှ ကယ်ဖို့ရာ လုံးဝစိတ်မဝင်စားတဲ့သူ့စိတ်။

ဘယ်ချိန်ကနေစပြီး သိသာနေတာလည်းဆိုရင် Part Two 17 မှာ ကိုမားကိုက မီးလောင်တဲ့သူတွေစီ သူပဲသွားကြည့်မယ်ပြောပြီး ရှီမမူရာကို နေခဲ့ခိုင်းတဲ့အချိန်ပါ။ရှီမမူရာက မီးလောင်တဲ့သူတွေစီသွားကြည့်ဖို့ရာ သူလုံးဝ စိတ်မဝင်စားပေမဲ့ ကိုမားကိုက သွားကြည့်မယ်ပြောတော့ သူ့ခြေထောက်တွေကလည်း သွားကြည့်ဖို့ရာရွှေ့လာပြီး ကိုမားကိုနောက် အပြေးလိုက်ခဲ့တာပါပဲ။Part Two 18 မှာလည်း ကိုမားကိုက သူ့ကိုစောင့်နေဖို့ရာပြောပေမဲ့ သူထပ်လိုက်လာခဲ့တာကို ဖတ်ကြည့်ရင် သတိထားမိမှာပါ။

ပြီးတော့ကိုယ်ထင်ခဲ့တာ ရှီမမူရာက တစ်ချိန်လုံး ရိုးကိုနဲ့ ကိုမားကိုကြားဝေခွဲမရဖြစ်နေခဲ့သူဆိုတော့လေ မီးလောင်နေတဲ့အမျိုးသမီးက ရိုးကိုမှန်းသိသိချင်း သူပြေးကယ်မယ်ထင်ခဲ့တာ ဖြစ်ချင်တော့ သူကတုတ်တုတ်တောင်မလှုပ်ပါဘူး။

နောက် ကိုမားကိုက အရူးမီးဝိုင်းအော်ပြီး မီးလောင်နေတဲ့ ရိုးကိုစီ ပြေးဖက်တော့မှ သူပြေးကယ်ဖို့ရာပြင်တယ်။

စာရေးဆရာကြီးက ရိုးကိုဟာ အသိမရှိတော့ဘူးလို့ဘဲ ရေးထားပြီး သေသလားရှင်သလားဆိုတာကို မရှင်းမရှင်းရေးထားတာမို့ ကိုယ်ကတော့ မသေဘူးလို့ဘဲ ယူဆပါတယ်။(Eng-translation Author ကလည်း "We are not even told whether Yoko is alive or dead at the end of the novel." ဆိုပြီးသုံးသပ်ချက်မှာ ထည့်ပြောထားပါတယ်)

ချုံ့ပြောရရင် Happy ending လည်းမဟုတ် Sad ending လည်းမဟုတ်တဲ့ မရှင်းမရှင်း သဘာဝဆန်တဲ့ Natural ending လေးပေါ့။ဒါကြောင့် ကိုယ်အစကနေ ပြောပါတယ် Snow Country ရဲ့ Ending လေးက တစ်မျိုးလေးဆိုတာပေါ့ 😁

Novel ရဲ့‌နောက်ဆုံးပိတ် အဆုံးသတ်စာကြောင်း တစ်နည်းအားဖြင့် မီးလောင်နေတဲ့ရိုးကိုစီ ပြေးဖက်ထားတဲ့ ကိုမားကို ကိုပြေးကယ်ဖို့လုပ်နေချိန် ရှီမမူရာရဲ့ စိတ်ကိုပြောထားတဲ့ စာကြောင်းကတော့ ကိုယ်နားလည်ရခက်တဲ့ ဝတ္ထုတစ်ခုလုံးရဲ့ Epic Letterပါ။

"As he caught his footing, his head fell back, and the Milky Way flowed down inside him with a roar."

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ကိုယ့်ရဲ့ သုံးသပ်ချက်စာအရှည်ကြီးကို ထပ်ဖတ်လာပေးတဲ့အတွက် ကျေးဇူးထပ်တင်ပါတယ်လို့❤️

စကားမစပ် အောက်က ပုံလေးကတော့ မူရင်းစာရေးဆရာကြီး Yasunari Kawabata က ကိုမားကိုနေရာမှာ အခြေခံယူရေးထားတဲ့ ရေပူစမ်းဂေးရှားမယ်လေးပါတဲ့နော်🍁

-

ဒါက 1957 ခုနှစ်(အဖြူအမည်း Film ခေတ်)က နှင်းတိုင်းပြည်ရဲ့ Original Movie poster လေးပါနော်

(မူရင်းဇာတ်ကားကတော့ ဘယ်ကနေကြည့်ရမှန်းဆိုတာ ကိုယ်လည်းခုထိရှာမတွေ့သေးလို့သိတဲ့သူ ပြောပြပေးလို့ရပါတယ်နော် 😁)

ဒီ link က Original အဖြူအမည်း ဇာတ်ကားအတိုင်း တရုတ်အသံနဲ့ အကျဉ်းချုပ်ရှင်းပြထားတာဖြစ်မယ်ထင်လို့ ပြထားလိုက်တယ်နော် အချိန်က 18မိနစ်47 စက္ကန့်စာရှိပါတယ်

http://sharevideo1.com/v/M3hWVmtSWGtYVWs=?t=ytb&f=co

-

ဒါကတော့ 1965 ခုနှစ်က ပြန်ရိုက်ထားတဲ့ နောက်ထပ် Movie poster လေးပါနော်

ဒီ Link ကတော့ 1965 ခုနစ် ပြန်ရိုက်ထားတဲ့ Movie trailer ပါ အချိန်က 2မိနစ် 35စက္ကန့်ကြာပါတယ် သူကတော့ ဂျပန်သံလေးနဲ့ ကာလာပါပါတယ်နော်

https://m.imdb.com/video/vi1388953369/?playlistId=tt0171931?ref_=ext_shr_lnk

-

ဒါကတော့ အခု 2022 ထပ်ရိုက်ထားတာလေးပါ

သူကတော့ 2022 မတ်လ 28 ကထုတ်လွှင့်ထားတယ်ပြောပေမဲ့ Official poster တော့ခုထိမတွေ့သေးပါဘူးနော် Movie ကြည့်မယ်ဆိုရင် Amazon မှာဝယ်ကြည့်မှရမှာပါတဲ့🥺

Amazon ထဲမှာတော့ 1965 ကော 2022 version ပါရှိပါတယ်နော်😁

(တကယ်လို့ဝယ်မကြည့်ဘဲ free ကြည့်လို့ရတဲ့နေရာရှိရင် ကိုယ့်ကိုလာပြောပေးပါဦးနော့ 😁)

ပြီး‌တော့ နှင်းတိုင်းပြည် Movie နဲ့ပတ်သက်ပြီး စိတ်ဝင်တစားမေးလာပေးတဲ့ အဖိုးတန် reader လေးကိုလည်း ဒီနေရာကနေ ကျေးဇူးထပ်တင်ပါတယ်နော်♥️

Have a nice day🍀🍀🍀

************************************

Zawgyi

မရွင္းမရွင္းေတြကို ဒီတိုင္း စိတ္ထဲရွိသလို ေရးခ်ထားတာမို႔စာရွည္သြားပါတယ္ တိုတိုေရးမယ္စိတ္ကူးတိုင္း ရွည္ရွည္ေရးေနမိလို႔ သည္းခံေပးပါဦးေနာ္😁

အရင္ဆုံးအေနနဲ႔ေျပာရရင္ ကိုမားကို၊႐ိုးကို နဲ႔ ယုခိအိုတို႔ သုံးေယာက္ရဲ႕ မရွင္းမလင္း ဆက္ဆံေရးေပါ့ေနာ္။

ဇာတ္လမ္းဆုံးတဲ့ထိေတာင္ စာေရးဆရာႀကီးက သူတို႔ဆက္ဆံေရးကိုေသခ်ာမေရးျပထားပါဘူး။ကိုယ္ကေတာ့ သူတို႔သုံးေယာက္လုံးက ငယ္သူငယ္ခ်င္းေတြလို႔ပဲ နားလည္လိုက္တယ္။

႐ိုးကိုက ယုခိအိုကို တစ္ဖတ္သက္ခ်စ္ေနတယ္။ယုခိအိုကေတာ့ ကိုမားကိုကိုပဲ သေဘာက်တာမို႔ ႐ိုးကိုက ယုခိအိုေဘးနားကေန ‌‌အျဖည့္ခံလိုပဲ ေစာင့္ေရွာက္ေပးတယ္။ကိုယ္ခ်စ္ရတဲ့သူရဲ႕ ေနာက္ဆုံးအခ်ိန္မွာ သူေတြ႕ခ်င္တဲ့ ကိုမားကို ကို ဘူတာ႐ုံထိ ႐ိုးကိုက လိုက္ေခၚေပးခဲ့တယ္။ကိုမားကိုကလည္း သူ႔ခံစားခ်က္နဲ႔သူမို႔ မသြားခဲ့ဘူး။ယုခိအို ဆုံးသြားခဲ့တယ္။႐ိုးကိုနဲ႔ ကိုမားကိုရဲ႕သူငယ္ခ်င္းႏွစ္ေယာက္ ဆက္ဆံေရးလည္း အဖုအထစ္ေတြျဖစ္သြားခဲ့တယ္။

သူ႔ခံစားခ်က္သူ ေသခ်ာမသိတဲ့ အေတြးသမား ရွီမမူရာကေတာ့ အစပိုင္းထဲကေန ႐ိုးကိုနဲ႔ကိုမားကိုႏွစ္ေယာက္ၾကား အၿမဲလြန္ဆြဲေနခဲ့တယ္။Part One တစ္ပိုင္းလုံးမွာ ရွီမမူရာက ကိုမားကို အေပၚလုံးဝမခ်စ္မိေသးပါဘူး။

ကိုမားကို ကိုျမင္ခ်င္တယ္ သေဘာက်တယ္ဆိုတာက တကယ္သေဘာက်တဲ့စိတ္မဟုတ္ပါဘူး ေျပာရရင္ ကိုမားကို ကိုျမင္တဲ့ခ်ိန္ျဖစ္လာတဲ့ သူ႔စိတ္ကိုပဲသူ သေဘာက်ေသးတာပါ။႐ိုးကိုအေပၚလည္းအဲ့လို သေဘာပါပဲ။

ကိုမားကိုကေတာ့ Part One 7 မွာထဲကေန ရွီမမူရာအေပၚ တကယ္ႀကီးခ်စ္မိသြားခဲ့ပါတယ္။ဒါေပမဲ့လည္း အိမ္ေထာင္ရွိတဲ့ အမ်ိဳးသားနဲ႔ သာမန္ ေရပူစမ္းေဂးရွားမယ္ေလးရဲ႕ အခ်စ္ေရးက လုံးဝလုံးဝ ျဖစ္လာလို႔မရတာမို႔ နာက်င္ရတယ္ဆိုၿပီး ခဏခဏ depressions ဝင္ေနရသူေပါ့။

Part Two တစ္ဝက္ေလာက္ထိလည္း ရွီမမူရာက ကိုမားကို ကိုမခ်စ္မိေသးပါဘူး။Introvert သမားျဖစ္တဲ့ ရွီမမူရာနဲ႔ ပါတီပြဲေတြတက္ၿပီး ေဂးရွားမယ္ေတြနဲ႔ အေပါင္းအသင္းေတြဖြဲ႕ ၿပီး အမူးသမားျဖစ္ေနတဲ့ extrovert ကိုမားကိုတို႔ၾကား ဆက္ဆံေရးကလည္း အထစ္အေငါ့လိုျဖစ္လာတယ္။

ဒါေၾကာင့္လည္း Part Two 9 မွာ ကိုမားကိုရဲ႕ အခ်စ္ေတြက သူ႔အတြက္ အလဟႆျဖစ္လာတယ္ အဝတ္မပါတဲ့ အသားအရည္လိုပဲ သူခံစားေနရတယ္လို႔ ေျပာထားတာပါ။

ကိုမားကို ကို ရွီမမူရာ ႐ူး႐ူးမူးမူးခ်စ္မိေနမွန္း ဘယ္ခ်ိန္မွေသခ်ာသိလဲဆိုရင္ Part Two 11 မွာပါ။တိုက်ိဳေခၚသြားေပးဖို႔ ေတာင္းဆိုလာတဲ့႐ိုးကိုနဲ႔ စကားေျပာေနခ်ိန္မွ သူ႔စိတ္က ရွင္းရွင္းလင္းလင္းသိလာတာ‌ပါ။

ေပါင္းဖက္လို႔မရတဲ့ အခ်စ္စစ္ကိုသိလာတဲ့ခ်ိန္က် သူလည္း ကိုမားကိုလိုပဲ depressions စဝင္လာတယ္။

Part Two 13 ကေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ေၾကကြဲစရာ depressions ေတြ ေပါက္ထြက္လာတဲ့အပိုင္းေပါ့။အဲ့ဒီအပိုင္းက ေသခ်ာဖတ္မွ ခံစားႏိုင္တာပါ။ရွီမမူရာေျပာတဲ့

"မင္းက မိန္းမေကာင္းေလးပဲ" (You're a good girl) ဆိုတာကေန

"မင္းက အမ်ိဳးသမီးေကာင္းေလးပဲ" (You're a good woman)

ဆိုၿပီး သူ႔မသိစိတ္ကေန ေျပာင္းေျပာမိသြားတဲ့ေနရာက သူတို႔ႏွစ္ေယာက္ အတူတူထပ္ၿပီးေတြ႕လို႔မရ ေပါင္းဖက္လို႔မရဘူးဆိုတာ ေျပာထားတဲ့ေနရာမို႔ လုံးဝအသက္ပါပဲ။(Eng-translation Author လည္းအဲ့လိုေျပာင္းသြားတဲ့ေနရာေလးကို သုံးသပ္ေျပာထားပါတယ္)

ဒါေၾကာင့္ ကိုမားကိုအနား မရွိသင့္ေတာ့ဘူးလို႔ထင္တဲ့ ရွီမမူရာက ခ်ီဂ်ိမိပိတ္ေခ်ာလုပ္ငန္းကို အာ႐ုံလႊဲၿပီး ေရပူစမ္း႐ြာကေန ထြက္သြားဖို႔လုပ္ခဲ့တာပါ။

ဇာတ္လမ္းအဆုံး ပိုးအိမ္ဂိုေဒါင္ မီးေလာင္တဲ့အခ်ိန္ ကိုယ္ကေလ ကိုမားကိုေသေတာ့မယ္လို႔ေသခ်ာေပါက္ထင္ခဲ့တာ။ဘာလို႔ဆို Part Two 17 မွာ "ကြၽန္မရွင့္ကို မေစာင့္ေစခ်င္ဘူး"ဆိုၿပီး လုံးဝထြက္သြားေတာ့မဲ့ ပုံစံလိုပဲ ေျပာေနတာခဲ့တာကိုး။

ေနာက္ဆုံးအပိုင္း မီးေလာင္တဲ့ ဂိုေဒါင္မွာလည္း ကိုမားကိုက ရွီမမူရာနဲ႔ လူခ်င္းကြဲၿပီး ျပန္လာေတြ႕ခ်ိန္ၾက ဆံပင္ေတြကြၽတ္လုမတတ္ ပူေနၿပီး လည္ပင္းၫြတ္က်ေတာ့မလိုေတြ ေရးထားတာ ဖတ္ရေတာ့ မီးထဲေသသြားၿပီး ဝိဉာဥ္ဘဝနဲ႔ ရွီမမူရာက ျမင္ေယာင္ေနတာလားလို႔ေတာင္ထင္လိုက္ေသးတယ္😁

ေနာက္ ႐ိုးကို မီးေလာင္ၿပီးျပဳတ္က်လာတဲ့ အခန္း။အဲ့အခန္း ဖတ္ရတာကိုယ္နည္းနည္းေတာ့ surprise ျဖစ္မိတယ္။

အထူးသျဖင့္ ရွီမမူရာရဲ႕ ျပတ္သားတဲ့စိတ္ပါ။ကိုယ္ခ်စ္တဲ့ မိန္းကေလး ကိုမားကိုကလြဲၿပီး က်န္တဲ့သူ ဘာျဖစ္ေနပါေစ ဘယ္သူ႔ကိုမွ ကယ္ဖို႔ရာ လုံးဝစိတ္မဝင္စားတဲ့သူ႔စိတ္။

ဘယ္ခ်ိန္ကေနစၿပီး သိသာေနတာလည္းဆိုရင္ Part Two 17 မွာ ကိုမားကိုက မီးေလာင္တဲ့သူေတြစီ သူပဲသြားၾကည့္မယ္ေျပာၿပီး ရွီမမူရာကို ေနခဲ့ခိုင္းတဲ့အခ်ိန္ပါ။ရွီမမူရာက မီးေလာင္တဲ့သူေတြစီသြားၾကည့္ဖို႔ရာ သူလုံးဝ စိတ္မဝင္စားေပမဲ့ ကိုမားကိုက သြားၾကည့္မယ္ေျပာေတာ့ သူ႔ေျခေထာက္ေတြကလည္း သြားၾကည့္ဖို႔ရာေ႐ႊ႕လာၿပီး ကိုမားကိုေနာက္ အေျပးလိုက္ခဲ့တာပါပဲ။Part Two 18 မွာလည္း ကိုမားကိုက သူ႔ကိုေစာင့္ေနဖို႔ရာေျပာေပမဲ့ သူထပ္လိုက္လာခဲ့တာကို ဖတ္ၾကည့္ရင္ သတိထားမိမွာပါ။

ၿပီးေတာ့ကိုယ္ထင္ခဲ့တာ ရွီမမူရာက တစ္ခ်ိန္လုံး ႐ိုးကိုနဲ႔ ကိုမားကိုၾကားေဝခြဲမရျဖစ္ေနခဲ့သူဆိုေတာ့ေလ မီးေလာင္ေနတဲ့အမ်ိဳးသမီးက ႐ိုးကိုမွန္းသိသိခ်င္း သူေျပးကယ္မယ္ထင္ခဲ့တာ ျဖစ္ခ်င္ေတာ့ သူကတုတ္တုတ္ေတာင္မလႈပ္ပါဘူး။

ေနာက္ ကိုမားကိုက အ႐ူးမီးဝိုင္းေအာ္ၿပီး မီးေလာင္ေနတဲ့ ႐ိုးကိုစီ ေျပးဖက္ေတာ့မွ သူေျပးကယ္ဖို႔ရာျပင္တယ္။

စာေရးဆရာႀကီးက ႐ိုးကိုဟာ အသိမရွိေတာ့ဘူးလို႔ဘဲ ေရးထားၿပီး ေသသလားရွင္သလားဆိုတာကို မရွင္းမရွင္းေရးထားတာမို႔ ကိုယ္ကေတာ့ မေသဘူးလို႔ဘဲ ယူဆပါတယ္။(Eng-translation Author ကလည္း "We are not even told whether Yoko is alive or dead at the end of the novel." ဆိုၿပီးသုံးသပ္ခ်က္မွာ ထည့္ေျပာထားပါတယ္)

ခ်ဳံ႕ေျပာရရင္ Happy ending လည္းမဟုတ္ Sad ending လည္းမဟုတ္တဲ့ မရွင္းမရွင္း သဘာဝဆန္တဲ့ Natural ending ေလးေပါ့။ဒါေၾကာင့္ ကိုယ္အစကေန ေျပာပါတယ္ Snow Country ရဲ႕ Ending ေလးက တစ္မ်ိဳးေလးဆိုတာေပါ့ 😁

Novel ရဲ႕‌ေနာက္ဆုံးပိတ္ အဆုံးသတ္စာေၾကာင္း တစ္နည္းအားျဖင့္ မီးေလာင္ေနတဲ့႐ိုးကိုစီ ေျပးဖက္ထားတဲ့ ကိုမားကို ကိုေျပးကယ္ဖို႔လုပ္ေနခ်ိန္ ရွီမမူရာရဲ႕ စိတ္ကိုေျပာထားတဲ့ စာေၾကာင္းကေတာ့ ကိုယ္နားလည္ရခက္တဲ့ ဝတၳဳတစ္ခုလုံးရဲ႕ Epic Letterပါ။

"As he caught his footing, his head fell back, and the Milky Way flowed down inside him with a roar."

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ကိုယ့္ရဲ႕ သုံးသပ္ခ်က္စာအရွည္ႀကီးကို ထပ္ဖတ္လာေပးတဲ့အတြက္ ေက်းဇူးထပ္တင္ပါတယ္လို႔❤️

စကားမစပ္ ေအာက္က ပုံေလးကေတာ့ မူရင္းစာေရးဆရာႀကီး Yasunari Kawabata က ကိုမားကိုေနရာမွာ အေျခခံယူေရးထားတဲ့ ေရပူစမ္းေဂးရွားမယ္ေလးပါတဲ့ေနာ္🍁

-

ဒါက 1957 ခုႏွစ္(အျဖဴအမည္း Film ေခတ္)က ႏွင္းတိုင္းျပည္ရဲ့ Original Movie poster ေလးပါေနာ္

(မူရင္းဇာတ္ကားကေတာ့ ဘယ္ကေနၾကၫ့္ရမွန္းဆိုတာ ကိုယ္လည္းခုထိရွာမေတြ့ေသးလို႔သိတဲ့သူ ေျပာျပေပးလို႔ရပါတယ္ေနာ္😁)

ဒီ link က Original အျဖဴအမည္း ဇာတ္ကားအတိုင္း တရုတ္အသံနဲ႔ အက်ဉ္းခ်ဳပ္ရွင္းျပထားတာျဖစ္မယ္ထင္လို႔ ျပထားလိုက္တယ္ေနာ္ အခ်ိန္က 18မိနစ္47 စကၠန႔္စာရိွပါတယ္

http://sharevideo1.com/v/M3hWVmtSWGtYVWs=?t=ytb&f=co

-

ဒါကေတာ့ 1965 ခုႏွစ္က ျပန္ရိုက္ထားတဲ့ ေနာက္ထပ္ Movie poster ေလးပါေနာ္

ဒီ Link ကေတာ့ 1965 ခုနစ္ ျပန္ရိုက္ထားတဲ့ Movie trailer ပါ အခ်ိန္က 2မိနစ္ 35စကၠန္႔ၾကာပါတယ္ သူကေတာ့ ဂ်ပန္သံေလးနဲ႔ ကာလာပါပါတယ္ေနာ္

https://m.imdb.com/title/tt0171931/?ref_=ext_shr_lnk

-

ဒါကေတာ့ အခု 2022 ထပ္ရိုက္ထားတာေလးပါ

သူကေတာ့ 2022 မတ္လ 28 ကထုတ္လႊင့္ထားတယ္ေျပာေပမဲ့ Official poster ေတာ့ခုထိမေတြ့ေသးပါဘူးေနာ္ Movie ၾကၫ့္မယ္ဆိုရင္ Amazon မွာဝယ္ၾကၫ့္မွရမွာပါတဲ့🥺

Amazon ထဲမွာေတာ့ 1965 ေကာ 2022 version ပါရိွပါတယ္ေနာ္😁

(တကယ္လို႔ဝယ္မၾကၫ့္ဘဲ free ၾကၫ့္လို႔ရတဲ့ေနရာရိွရင္ ကိုယ့္ကိုလာေျပာေပးပါဦးေနာ့ 😁)

ၿပီး‌ေတာ့ ႏွင္းတိုင္းျပည္ Movie နဲ႔ပတ္သက္ၿပီး စိတ္ဝင္တစားေမးလာေပးတဲ့ အဖိုးတန္ reader ေလးကိုလည္း ဒီေနရာကေန ေက်းဇူးထပ္တင္ပါတယ္ေနာ္♥️

Have a nice day.🍀🍀🍀













Continue Reading

You'll Also Like

60.1K 2.9K 46
ស្នេហាកើតចេញពីការជំនួសមនុស្សម្នាក់ដែលគេស្រឡាញ់ព្រោះតែមានមុខមាត់ប្រហាក់ប្រហែលគ្នា មុនដំបូងគិតថាយកមកលេងសើចតែចៃដន្យអីជាប់ស្នេហ៍គេមែនទែនដកចិត្តមិនរួច និព...
5.4M 720K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
6.2K 496 11
Title: Eight Treasures Trousseau Author: Yue Xia Die Ying Chapter: 108 chapters I am not the owner of original story. This is just a fan translation...