နွေဦးဖြစ်ဖြစ်ဆောင်းဖြစ်ဖြစ် ဘာတစ်ခုမှပြောင်းလဲသွားတာမျိုးမရှိဘူး။ကျနော်ဟာအရင်နေရာမှာ အရင်အတိုင်း အထီးကျန်မြဲပင်။
လမ်းတွေလျှောက်နေပေမဲ့လိုရာမရောက်တော့ဘူး။
လေပြေတွေကိုအေးတယ်လို့မခံစားရတော့ဘူး။
ပျော်ရွှင်ခြင်းဆိုတဲ့အဓိပ္ပါယ် ကိုမဖော်ဆောင်တတ်တော့ဘူး။
လူတစ်ယောက်ကို ချစ်ခဲ့မိလို့ ဆုံးရှူံးမှုက ဒီလောက်များလိမ့်မယ်လို့ မထင်ထားခဲ့ချေ။
>>>>>>>>>
မနက်ခင်းနေရောင်ခြည်များက လူကိုစိုက်ကြည့်နေသယောင် မျက်နှာပေါ်သို့စူးပီးထိုးကျနေသောကြောင့် မျက်လုံးများချက်ချင်းမဖွင့်နိုင်သော်လည်း အားယူပီးကြိုးစား၍ဖွင့်ခဲ့ရသည်။အချိန်ကိုကြည့်လိုက်တော့နံနက်10နာရီပင်ရှိလေပီ။
📲📲🎶🎶🎶🎶🎶🎵🎵
"ဇော်......နိုးပီလား"
"အေး..လင်း...ငါအခုပဲနိုးတာ"
လင်းက အထက်တန်း ကတည်းက ခင်ခဲ့ရတဲ့ကျနော့်ရဲ့တဦးတည်းသော သူငယ်ချင်းပင်။
"ဒီနေ့ Sunday(အလုပ်ပိတ်ရက်)မို့ မင်းအိပ်ယာထနောက်ကျမှာသိလို့ ငါမနက်စာပြင်ပေးခဲ့တယ်"
"အင်း....မင်းရောမင်းမိဘအိမ်ရောက်ပီလား.. အန်တီ့ကိုလဲ စကားကောင်းကောင်း ပြောအုံးနော်... ကိုယ့်အမေဘဲလျှော့ သင့်တာအလျှော့ပေးလိုက် "
"အေးပါ... မင်းလဲနိုးပီဆိုတော့လုပ်စရာရှိတာလုပ်တော့လေ..ငါဖုန်းချလိုက်တော့မယ်"
ဖုန်းပြောပီး မျက်နှာသစ်ရန်ရေချိူခန်းထဲသို့ဝင်လာလိုက်သည် ။
လင်းပြင်ပေး ခဲ့တဲ့နံနက်စာ စားအပီး....
အိမ်သန့်ရှင်းရေးလုပ် ၊ ပစ်စရာရှိတာပစ် ၊ လျှော်စရာရှိတာ လျှော်ကာ တစ်ပတ်အတွင်း ပစ်ထားခဲ့တဲ့ တအိမ်လုံးက အလုပ်များကို ရုံးပိတ်ရက် တစ်ရက်သာသိမ်ကြုံး လုပ်ရသည် ။
တိုက်ခန်း တစ်ခုထဲမှာ လင်းနဲ့ ကျနော် နှစ်ယောက် အတူနေတာ ။ အလုပ်ကတော့ အတူတူ လင်းက ကုမ္ပဏီပိုင်ရှင် ကျနော်ကသူ့အလုပ်သမားပေါ့ ။
ကျနော်နဲ့ မတွေ့ခင်ကတည်းက 'လင်း'နဲ့ လင်းအမေတို့ရဲ့ သားအမိဆက်ဆံရေးက အဆင်မပြေကြပေ..........
လင်းက ကျနော့်လို tomboyတစ်ယောက်...
လင်းရဲ့အမေက လင်းကို မိန်းကလေးလိုပဲ နေစေချင်တာ ။
လင်းကတော့ မိန်းကလေးလို နေရတာမကြိုက်...
အဲ့ကိစ္စကြောင့်ဘဲ လင်းတို့သားအမိ ခဏခဏ စကားများကြတယ် ။
'လင်း' ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အချိန်ကျတော့ အခုလို သူ့မိဘနဲ့ ခွဲနေခြင်း ဖြစ်သည် ။ သူ့အဖေခေါ်ရင်တော့ တစ်ခါတစ်လေ အိမ်ပြန်လေ့ရှိသည် ။
အိမ်မှာလဲ တစ်ယောက်ထဲ ရှိတော့ နေ့လည်စာကိုအပြင်မှာဘဲ ထွက်စားလိုက်သည် ။
လင်းရှိရင်တော့ လင်းကချက်ကျွေးတယ်.. ကျနော်ကတော့ ချက်တတ်ပြုတ်တတ်တဲ့ စရင်းထဲမှာမပါ ။
ကျနော်က တစ်ယာက်ထဲ နေရတာကို အရမ်း သဘောကျတယ် ။
အရယ်အပြုံးလဲ မရှိသလို ကျနော်က လူမှုရေးမှာလဲ အလွန်ညံ့ဖျင်းသေးတယ် ။
တစ်စုံတစ်ယောက် ကျနော့်ဘဝထဲက ထွက်သွားတဲ့ အချိန်က စပီး ကျနော် အေးစက်သွားခဲ့ရတာ ထင်ပါတယ် ....
အချစ်က လူကို ပြောင်းလဲစေတတ်တယ်ဆိုတာ ကျနော် လက်ခံလာနိုင်ခဲ့တယ် ။
ရုတ်တရက် လူက ဖျတ်ကနဲ လန့်နိုးလာခဲ့သည် ။
နေ့လည်က စာအုပ် ဖတ်နေရင်း အိပ်ပျော်သွားတယ် ထင်တယ်....
အချိန်ကို ကြည့်လိုက်တော့ ညနေ၄နာရီပင်ရှိလေပီ ။
ရုံးပိတ်ရက်ဆို တိုက်ရှေ့က ပန်းခြံထဲကို ညနေတိုင်း ကျနော် လမ်းလျှောက်ထွက်ဖြစ်သည် ။
အချိန်ကလဲ ညနေရောက်နေပီ ဆိုတော့....
အခန်းထဲက အကျီလက်ရှည် ယူကာ ပန်းခြံဘက်သို့ထွက်လာခဲ့လိုက်သည် ။
တိုက်ခန်းနဲ့ပန်းခြံကြားမှာ ကားလမ်းလေးသာ ခြားသည် ။
ကျနော်က မိဘမဲ့ တစ်ယောက်ပါ ။
ကျနော့်မိဘတွေကကျနော် ၁၀တန်းနှစ်မှာဘဲ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခဲ့ကြတာ ။
မပြည့်စုံတဲ့ မိသားစုမို့ ပိုင်ဆိုင်မှုကဘာ တစ်ခုမှ မရှိချေ ။
လင်းက ကျနော်ရဲ့ သူငယ်ချင်းကောင်း ဆိုလဲဖြစ်သလို ကျေးဇူးရှင် တစ်ယောက် လဲဖြစ်တယ် ။
မိဘတေဆုံး သွားတော့ လင်းကသူနဲ့ အတူနေရန် ခေါ်ပီး သူ့အဖေ ကုမ္ပဏီမှာဘဲ ကျနော့်ကို အလုပ်သွင်းပေးခဲ့တယ် ။ အခုတော့သူ့ကုမ္ပဏီ ဖြစ်သွားပီပေါ့ ။
အဖွားဆီမှာ အပ်ထားတဲ့ ညီမလေးကိုလဲ ထောက်ပ့ရမှာမို့လို့ တက္ကသိုလ်ကို အဝေးသင်သာတက်ပီး အလုပ်ဆက် လုပ်ခဲ့ရတယ် ။
အမျိုးများ ရှိသော်လည်း မကြည်ဖြူကြပေ ။မိန်းကလေး ဖြစ်သည့် ကျနော်က ယောကျာ်းလေးလိုနေလို့ သူတို့အမြင်မှာ ရွံစရာလိုလို ဖြစ်နေခဲ့တယ်လေ ။
ပတ်ဝန်းကျင်အမြင် ကလဲ ထိုနည်းလည်းကောင်း။
ဘောပြားတို့ ယောက်ကလျာတို့ ခေါ်သံတို့ကို ကျနော်အရမ်းမုန်းသည် ။
အချိန်တန် ယောက်ျား ယူရမှာပဲဆိုတဲ့သူတို့ အမြင်ကို ဆန့်ကျင်ဘက် ဖြစ်အောင်ပြောင်းလဲ ပစ်ချင်ခဲ့တယ် ။
ဒါကြောင့် ကျနော် medical check outလုပ် testosterone များထိုးကာ ကိုယ့်ကိုကိုယ်ပြောင်းလဲ ပစ်ခဲ့တယ် ။
အချိန်ကြာလာသည် နဲ့အမျှ အရင်ကကျနော် ဆိုတာကို မှတ်မိသူသိပ်မရှိတော့ချေ။
ကိုယ်တိုင် Transmanတစ်ယောက် အဖစ်နေထိုင်ကာ ပြောင်းလဲလာတဲ့ခန္ဓာကိုယ်နဲ့အမျှ လောကဓံရိုက်ချက်များဟာလဲ ပြင်းထန်လှသည် ။
သူရဲ့သဘာဝကိုဆန့်ကျင်ခြင်း ကြောင့်လား ၊ကျနော့်ကိုဘဲအငြိုးကြီးနေခြင်းကြောင့်လားမသိ လောကကြီးကကျနော့်ကို မျက်နှာသာ မပေးတော့ေချ။
ကျနော့်ဆုတောင်း များကိုလဲ လျစ်လျူရှု ကြသလိုကျနော့် ပျော်ရွှင်ကိုလဲ လုယူ သွားခဲ့ကြသည် ။ ဘယ်စာမျက်နှာလှန်လှန် ဆုံးရှုံးမှု တွေက အသက်တမျှပင် ။
>>>>>>>>>>
"နန္ဒီ.... ဟိုရှေ့ကပန်းခြံလေးထဲမှာလမ်းဆင်းလျှောက်ရအောင်လေ "
တစ်လမ်းလုံးလဲ ကားမောင်းလာရတော့ အညောင်းပြေ အညာပြေ လျှောက်ရန် ဖြူ့အပြောကို သဘောတူဟန်ဖြင့် ခေါင်းညိမ့် ပြလိုက်သည် ။
ကားပါကင်ထိုးကာ ပန်းခြံထဲသို့ သူငယ်ချင်းနှစ်ယောက်လျှောက်လာခဲ့ ကြသည်။
ပန်းခြံထဲတစ်ပတ် လျှောက်အပီး......
နှစ်ယောက်ထိုင်ခုံလေးမှာ ဝင်ထိုင်ပီး ဖြတ်သွားဖြတ်လာလူများကိုကြည့်ကာ ရောက်တတ်ရာရာ စကားထိုင် ပြောနေကြသည် ။
"ပြန်ရအောင်လေ...ညနေတောင်တော်တော်စောင်းနေပီ"
" အင်းပြန်ကြရအောင် "
ထိုင်ခုံမှအထ.......
"ဖြူ.!!!.........."
ရုတ်တရက်နန္ဒီအော်သံကြောင့်...
############################
Zawgyi >>>>>>
နွေဦးဖြစ်ဖြစ် ဆောင်းဦးဖြစ်ဖြစ် ဘာတစ်ခုမှ ပြောင်းလဲ သွားတာမျိုး မရှိခဲ့ဘူး.....
ပျော်ရွှင်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကိုလဲ မဖော်ဆောင်တတ်တော့ဘူး........
လူတစ်ယောက်ကို ချစ်ခဲ့မိလို့ ဆုံးရှုံးမှုက ဒီလောက်များလိမ့်လို့ မထင်ထားခဲ့ချေ.....
📲📲🎵🎵🎵🎶🎶🎶
" ဇော်..နိုးပီလား..."
" အေး...လင်း...ငါအခုဘဲ နိုးတာ..."
လင်းက အထက်တန်းကတည်းက ခင်ခဲ့ရတဲ့ ကျနော့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပင် ။
" ဒီနေ့ Sunday(အလုပ်ပိတ်ရက်)ဆိုတော့ မင်းအိပ်ယာထ နောက်ကျမယ်မှန်းသိလို့ ငါမနက်စာပြင် ပေးခဲ့တယ် "
ကိုယ့်အမေဘဲ လျှော့သင့်တာ လျှော့ပေးလိုက် "
"အေးပါ.... မင်းလဲ နိုးပြီဆိုတော့ လုပ်စရာရှိတာ လုပ်တော့လေ ... ငါဖုန်းချလိုက်တော့မယ် "
ဖုန်းပြောပြီး မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ ဝင်လာလိုက်သည် ။
လင်း ပြင်ပေးခဲ့တဲ့ နံနက်စာ စားပြီး......
အိမ်သန့်ရှင်းရေးလုပ် ၊ ပစ်စရာရှိတာပစ် ၊ လျှော်စရာရှိတာ လျှော်ကာ တစ်ပတ်အတွင်း ပစ်ထားခဲ့တဲ့ တစ်အိမ်လုံးက အလုပ်များကို ရုံးပတ်ရက် တစ်ရက်သာ သိမ်းကြုံးလုပ်ရသည် ။
လင်းနဲ့ ကျနော်က တိုက်ခန်းတစ်ခုတည်းမှာ အတူနေတာ.......
အလုပ်ကတော့ အတူတူဘဲ လင်းက ကုမ္ပဏီပိုင်ရှင် ကျနော်က သူရဲ့ အလုပ်သမားပေါ့....
လင်းနဲ့ လင်းအမေတိုရဲ့ နှစ်ယောက် ဆက်ဆံရေးက အဆင်မပြေကြလို့ ကျနော်နဲ့အတူ နေခြင်းဖြစ်သည်။
လင်းက ကျနော့်လိုဘဲ tomboy တစ်ယောက်...
လင်းရဲ့အမေက လင်းကို မိန်းကလေးလိုဘဲ နေစေချင်တာ...
အဲ့ကိစ္စကြောင့် လင်းတို့ သားအမိ နှစ်ယောက် ခဏခဏ စကားများကြတယ် ။
ကျနော်နဲ့ စသိကတည်းက လင်းတို့သားအမိ ဆက်ဆံရေးက အဆင်မပြေကြတာ...
လင်းလဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အချိန်မှာတော့ အခုလို သူ့မိဘတွေနဲ့ ခွဲနေခြင်းဖြစ်သည် ။
လင်းအဖေကခေါ်ရင်တော့ တစ်ခါတစ်လေ လင်းက သူ့မိဘအိမ်ကို ပြန်လေ့ရှိသည် ။
အိမ်မှာလဲ တစ်ယောက်ထဲ ရှိတာဆိုတော့ နေ့လည်စာကို အပြင်မှာဘဲ ထွက်စားဖြစ်သည် ။
လင်းရှိရင်တော့ လင်းက ချက်ကျွေးတယ် ကျနော်ကတော့ ဘာတစ်ခုမှ မချက်တတ် ။
ကျနော်က တစ်ယောက်ထဲ နေရတာကို အရမ်းသဘောကျတယ် ။
အရယ်အပြုံးလဲ မရှိသလို ကျနော်က လူမှုရေးမှာလဲ အလွန် ညံဖျင်းသေးတယ် ။
တစ်စုံတစ်ယောက် ကျနော့်ဘဝထဲက ထွက်သွားချိန်ကစပြီး ကျနော် အရင်ကထက် အေးစက်လာခဲ့တယ် ။
အချစ်ကြောင့် လူတွေပြောင်းလဲ လာတယ်ဆိုတာ ကျနော် လက်ခံလာနိုင်တယ် ။
နေ့လည်က စာအုပ်ဖတ်ရင်း အိပ်ပျော်သွားတာ ထင်တယ် .....
အချိန်ကို ကြည့်လိုက်တော့ ညနေ 4နာရီပင် ရှိလေပြီ ။
အခန်းထဲက အင်္က်ျီလက်ရှည် ယူကာ ပန်းခြံဘက်သို့ ထွက်လာလိုက်သည် ။
တိုက်ခန်းနဲ့ ပန်းခြံကြားမှာ ကားလမ်းသာ ခြားသည် ။
ကျနော့်မိဘတွေက ကျနော် 10တန်းနှစ်မှာဘဲ ရှေ့ဆင့် နောက်ဆင့် ဆုံးပါးသွား ခဲ့ကြတာ....
မပြည့်စုံတဲ့ မိသားစုမို့ ပိုင်ဆိုင်မှုက တစ်ခုမှမရှိ...
လင်းက ကျနော့်ရဲ့ သူငယ်ချင်းကောင်းလဲ ဖြစ်သလို ကျေးဇူးရှင် တစ်ယောက်လဲ ဖြစ်သည် ။
မိဘတွေ ဆုံးပါးသွားတော့ ဒုက္ခရောက်နေတဲ့ ကျနော့်ကို သူနဲ့ အတူနေရန် ခေါ်ပြီး သူ့အဖေ ကုမ္ပဏီမှာဘဲ ကျနော့်ကို အလုပ်သွင်းပေးခဲ့တယ် ။
အခုတော့ လင်းရဲ့ ကုမ္ပဏီ ဖြစ်သွားခဲ့ပြီပေါ့ ။
အဖွားဆီမှာ အပ်ထားခဲ့တဲ့ ညီမလေးကို ထောက်ပ့ပေးရအုံးမှာ ဆိုတော့ တက္ကသိုလ်ကို အဝေးသင်သာ တက်ပြီး အလုပ်ဆက်လုပ် ခဲ့ရတယ် ။
မိန်းကလေး ဖြစ်သည့် ကျနော်က ယောကျာ်းလေးလို နေတော့ သူ့တို့ အမြင်မှာ ရွံစရာလိုလို အထင်သေးစရာလိုလို ဖြစ်နေခဲ့တယ်လေ ။
ဘောပြားတို့ ယောကလျာတို့ ခေါ်သံတွေကို ကျနော် အရမ်းမုန်းသည် ။
အချိန်တန် ယောကျာ်းယူမှာဘဲ ဆိုတဲ့ သူ့တို့ အမြင်တွေကို ဆန့်ကျင်ဘက် ဖြစ်အောင် ကျနော် ပြောင်းလဲ ချင်ခဲ့သည် ။
ဒါကြောင့် medical check out လုပ် testosterone များထိုးကာ ကိုယ့်ကိုကိုယ် ပြောင်းလဲ ပစ်ခဲ့တယ် ။
အချိန် ကြာလာသည်နှင့်အမျှ အရင်က ကျနော်ဆိုတာကို မှတ်မိတဲ့သူ သိပ်မရှိတော့ချေ ။
ကိုယ်တိုင် Transman အဖြစ် နေထိုင်ကာ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်နှင့်အမျှ လောကဓံ ရိုက်ချက် များဟာလဲ ပြင်းထန်လှသည် ။
သူ့ရဲ့ သဘာဝကို ဆန့်ကျင်ခြင်းကြောင့်လား ၊
လောကကြီးက ကျနော့်ကို မျက်နှာသာ မပေးတော့ချေ ။
ကျနော့် ဆုတောင်းတွေကို လျစ်လျူရှုကြသလို ကျနော့် ပျော်ရွှင်ခြင်းတွေကိုလဲ လုယူ သွားခဲ့ကြတယ် ။
" နန္ဒီ... ဟိုရှေ့မှာ ပန်းခြံရှိသားဘဲ... ခဏလောက် လမ်းဆင်းလျှောက် ရအောင် "
တစ်လမ်းလုံးလဲ ကားမောင်းလာရတော့ အညောင်းပြေ အညာပြေ ဆင်းလျှောက်ရန် ဖြူ့အပြောကို သဘောတူဟန်ဖြင့် ခေါင်းညိမ့်ပြလိုက်သည် ။
ကားပါကင် ထိုးကာ သူငယ်ချင်းနှစ်ယောက် ပန်းခြံထဲသို့ လျှောက်လာခဲ့ကြသည် ။
ပန်းခြံထဲ တစ်ပတ် လျှောက်အပြီး....
နှစ်ယောက် ထိုင်ခုံလေးတစ်ခုမှာ ဝင်ထိုင်ကာ ဖြတ်သွားဖြတ်လာ လူများကို ကြည့်ပြီး ရောက်တတ်ရာရာ စကားထိုင်ပြောနေကြသည် ။
" ပြန်ရအောင်လေ ညနေတောင် တော်တော် စောင်းနေပြီ "
" အင်း...သွားမယ်လေ.."
ထိုင်ခုံမှ အထ.......
" ဖြူ! !...."
######################