𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊...

By AureumV

113K 14.2K 2.8K

To my one and only Rose of Georgia... A devastated story between a traumatized boy and a psychiatrist during... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 25
Part 26
Part 27
Part 28
Part 29
Part 30 (Final)
For Physical Book📖
Book 📜
Can order now🥀

Part 24

2.3K 378 101
By AureumV

Unicode~

​ဂျော်ဂျီယာရဲ့ ပူစပ်စပ်​နွေရာသီသို့ ​​နေ့ချင်းညချင်း ​ရောက်လာသည်။
ပူရအိုက်ရသည့်ကြားက ချည်ထည်​အေး​အေးလူလူဆိုတာ မှန်ဘီလူးနဲ့ ရှာရမတတ်ကို ရှားပြီးရင်းရှားသည်။

ထို​နွေကာလမှာ နှင်းဆီမြိုင်ကစာ​တွေ တဒီးဒီး​ရောက်သည်။
ဦး​လေး Aidenဟာ သူမည်မျှ​​နေထိုင်၍မ​ကောင်း​ကြောင်း၊ မြင်းကို ခြံစည်းရိုး​ကျော်​အောင်မစီးနိုင်​တော့​ကြောင်း၊ သူ့အမျိုးသမီးက နှလုံး​ဖောက်​ကြောင်း၊ ကပ္ပလီကျွန်​တွေ ကလန်ကဆန်လုပ်တာ​ကြောင့် ​ဝါထွက်နှုန်းကျသွား​ကြောင်း အစရှိသဖြင့်။

"ဟား ဟား ဟား!"

ထိုစာကို ဖတ်ပြီး Taehyung ဟက်ဟက်ပက်ပက် ရယ်​မောမိသည်။
သက်ကြီး​ရောဂါနဲ့ ​သေခါနီး နှင်းဆီမြိုင်ကို ရစရာမရှိ​​အောင်လုပ်​နေတာ ကိုယ်ကမသိဘူးဆို​တော့​လေ။

"ဘာရယ်တာလဲ ကိုကို​လေး၊ ​ဖေ​ဖေတို့​နေမ​ကောင်းဘူးလို့ ​ပြောထားတာ ဘာရယ်စရာပါလဲ"

"မင်းအလှည့်ကျ သိပ်သိတတ်​နေတာပဲ​နော်။ မင်းအ​ဖေက နှင်းဆီမြိုင်အခွံပဲကျန်​တော့မှ ငါ့လက်ထဲထိုး​​ပေး​နေတာ ငါမသိဘူးထင်​နေလား"

"ဘာပဲဖြစ်ဖြစ် ငါတို့နှင်းဆီမြိုင်ပြန်ရမယ်။ ငါ့မိဘ​တွေကို ​အောက်တန်းစားကပ္ပလီ​တွေကြား မထားနိုင်ဘူး"

တံမြက်စည်းလှည်းနေတဲ့ အ​ဒေါ်ကြီးမျက်နှာက မှိုင်းကျသွားသည်။
လှုပ်ရှားမှုလည်း ရပ်တန့်သွားသည်။
မာနကြီးလှပါတယ်ဆိုတဲ့ Taehyung ပါ အားနာသွားသည်။

"ပြန်လို့ရရင် မင်းဘာသာပြန်! ငါ့​​ယောကျ်ားအလုပ်​တွေမပြတ်သ​ရွေ့ ငါ​တော့ အတ္တလန်တာက ​ရွှေ့မှာမဟုတ်ဘူး"

တကယ်တမ်း Joannaမှာအ​ပြောပဲရှိပြီး စိတ်သွားတိုင်း ကိုယ်မပါနိုင်​တော့။
မျက်တွင်း​ဟောက်ပက်နဲ့ ရှိရင်းစွဲအသက်ထက် နှစ် ၃၀ ​လောက် အိုစာ​နေသည်ဟုပင် ထင်ရသည်။

"ကိုကို​လေး မင်းအ​​တော် တစ်ကိုယ်​​ကောင်းဆန်ပါလား။ မ​ပြော​ကောင်း မဆို​ကောင်း အခုအ​တောအတွင်း ​ဖေ​ဖေတို့များ တစ်ခုခုဆို..."

'ဖြန်း!'

အိမ်မှာရှိတဲ့ ကပ္ပလီ​တွေအကုန်လန့်ဖြန့်ကုန်သည်။
သခင်​လေးကိုလည်း မတားရဲ... သခင်​လေးကို စိတ်ထိန်းနိုင်သူက Mr. Jeonကလွဲရင်မရှိ။
ဘယ်ကျွန်ကမှ အတင့်ရဲပြီး သခင်​လေးကို မဆွဲရဲ မတားရဲ။
ပါးစပ်အ​ဟောင်းသား မျက်လုံးအပြူးသားနဲ့သာ ​ငေး​မောကြည့်​နေကြရုံ။

"​ငါ့မိဘ​တွေ​တုန်းက မင်းမှာ အဲ့လိုစိတ်ရှိခဲ့လား ဟမ်! ငါမင်းကို သတ်ချင် သတ်ပစ်လို့ရတယ် နားလည်လား။
​ဖေ​ဖေနဲ့ ​မေ​မေက အဆုံးထိ မင်းကို ညီမ​လေးလို သ​ဘောထားဖို့ မှာသွားလို့သာ။
အမှန်ဆို မင်းနဲ့ငါ ​သွေး​တော် သားစပ်တာ​တောင် မဟုတ်ဘူး"

Joannaက မိသားစုအထုတ်​ဖြေချခံရလို့ရှက်တာရယ်၊ ပါးအရိုက်ခံရတဲ့ နာကျင်မှုရယ်​ပေါင်းပြီး တရှုံ့ရှုံ့ မျက်ရည်ကျ​နေသည်။

Taehyungက​တော့ Joanna ငို​နေတာကိုလည်း လျစ်လျူရှုပစ်သည်။
အ​တော်​လေး ကျက်သ​ရေမရှိလိုက်သည့် ဖြစ်ခြင်း။
ကိုယ့်အတွက်ပဲသိတတ်တဲ့ တစ်ဘို့တည်းသမား​တွေ စုထားတဲ့ မိသားစု။

သူ့မှာ နှင်းဆီမြိုင်သို့ ပြန်လို​သော ဆန္ဒမရှိသည်မဟုတ်။ လတ်တ​လော အလုပ်များ​နေ​သော ခင်ပွန်းဖြစ်သူ Jeon ​ကြောင့် ပြန်ဖို့ အချိန်ကို စောင့်ဆိုင်း​နေခြင်းသာ။

တစ်​နေ့​နေ့ သူဟာ နှင်းဆီမြိုင်ကို အပိုင်ပြန်သိမ်းဖို့ရာ တာဝန်ရှိသူတစ်ဦးဟုလည်း ကိုယ်တိုင်ယူဆထားသည်။

အတ္တလန်တာက ကိစ္စ​တွေ ပြီးပြတ်​အောင်လည်း Jeonမသိ​အောင် စာရွက်စာတမ်းတချို့ကို ​ဖြေရှင်း​ပေး​နေပြီဖြစ်သည်။
Jeonသိရင် သူအလုပ်လုပ်​​နေတာ၊ စာရင်းတွက်​နေတာ​တွေကို သ​ဘောကျမှာမှ မဟုတ်ဘဲ။

"ဘာ​တွေဖြစ်​နေကြတာလဲ"

"ပြန်လာရင် ​ရေချိုးပြီး အဝတ်အစားလဲ​တော့၊ ကျုပ်စကား​ပြောချင်စိတ်မရှိ​သေးဘူး"

Jeon အိမ်ပြန်​ရောက်​ရောက်ချင်းမြင်ကွင်းက မသာမယာ။
ကပ္ပလီကျွန်​တွေက ​​​ကျောက်ရုပ်လို ရပ်​နေကြပြီး မျက်လုံးများက ပြူးကျယ်လို့။
သူပြန်​ရောက်တာ​တွေ့​တော့ အားကိုးရာ ရသည့်နှယ် ကြည့်​နေကြသည်။

Joannaက ​ရောင်ကိုင်း​နေ​​​သော ပါးတစ်ဖက်ကို အုပ်ကိုင်ပြီး ချာတိတ်က မီး​တောက်မတတ်မျက်လုံး​တွေနဲ့ ကြည့်​နေသည်။
အင်း... တစ်ခုခု​တော့ အ​ခြေအ​နေပြင်းပြင်းထန်ထန်ဖြစ်သွားခဲ့တာ အ​သေအချာ။

"လာ ကိုယ့်နှင်းဆီ​လေး၊ စိတ်​လျှော့​​နော်"

လက်ဆွဲ​ခေါ်​တော့ မလိုက်ချင်လိုက်ချင် လိုက်လာသည်။

​ဒေါသကြီးလွန်းရင် စိတ်မထိန်းနိုင်တဲ့ ချာတိတ်ကို လွတ်ထားလို့​တော့မရ၊ ပြဿနာမကြီးသင့်တာ မကြီးရ​အောင် ထိန်းမှဖြစ်မည်။
ချာတိတ်စိတ်က ထိခိုက်လွယ်ဆဲ၊ မခိုင်မမာဖြစ်​နေဆဲ။
စိတ်ထိခိုက်သမျှကို ​ဒေါသအဖြစ်​ပြောင်းလဲသွားသည့် လက္ခဏာမျိုး။

"ဘာဆိုင်လို့ ​​လျှော့ရမှာလဲ။ ခင်ဗျားကိုလည်း ကြည်တာမဟုတ်ဘူး​နော်"

"ကိုယ့်ကို​တော့ သနား​သောအားဖြင့် ကြည်သင့်ပါတယ်​နော်"

"မသိဘူးဗျာ မကြည်ဘူး"

Jeonက ရယ်​နေသည်။ သူ့ပါးက ပါးချိုင့်​သေး​သေး​လေး​တွေ ​ပေါ်လာသည်အထိ။
ရယ်မိသည့်တိုင် သူ့နှင်း​ဆီငယ်​လေး စိတ်မကြည်​သေး​ကြောင်း သိ​နေသည်။

Taehyung စိတ်ထဲ အရာရာကို တနှုတ်နှုတ်ခံစား​နေရသည်။
အမြင်မကြည်ခြင်း​တွေ သံသယ​တွေ ကြီးစိုး​နေသည်။

မိဘ​တွေနဲ့ ပတ်သက်ပြီး Joannaနဲ့ စကားများမိတာ ​တော်​တော်ကြီးမားတဲ့ အကျိုးသက်​ရောက်မှုဖြစ်လာသည်။
နံရံ​ပေါ်မှာချိတ်ထားတဲ့ နှစ်လုံးပြူး​​သေနတ်နဲ့ Joannaတို့ မိသားစုကို ချိန်ပစ်လိုက်ချင်သည်။

"Joannaကို ရိုက်လိုက်တာလား"

"အင်း... ​နောင်တမရဘူး​နော် တရားချဖို့မကြိုးစားနဲ့"

"မချပါဘူးဗျာ.. ကိုယ့်ကို ဘာရင်ဖွင့်ချင်လဲ ​ပြောပြမလား"

Jeonက Taehyungကို သူ့ရင်ခွင်ထဲ ​သိမ်းဖွက်ထားသည်။
​ရွှေ​ရောင်ဆံပင်ဖွဖွ​လေးကို နမ်းရှိုက်သည်။

"ဦး​လေးက ​မွေးစားသား​လေ။ နှင်းဆီမြိုင်ကို ငယ်တည်းက ​လောဘတက်ခဲ့လို့ ကျုပ်မိဘ​တွေ​သေရတာ"

"ဪ...အဲ့လိုကိစ္စဖြစ်ခဲ့တာကိုး..."

​လောဘဆိုသည်မှာ လူတိုင်းစိတ်ထဲမီးကဲ့သို့ ​တောက်​​​လောင်​နေတဲ့အရာ။
အန်ကယ်Aidenရဲ့ ​ဒေါသမီးက သူကိုယ်တိုင်ကိုအပြင် ချာတိတ်မိသားစုနဲ့ ချာတိတ်ရဲ့ စိတ်သဏ္ဌာန်ကိုပါ ဒဏ်ရာ​ပေးခဲ့တာပင်။

"အင်း.. အခု သူနာမကျန်း​တော့ နှင်းဆီမြိုင်ကို အခွံကြီးကျန်​အောင်လုပ်ပြီး ကျုပ်ကို ထိုး​ပေး​နေတာ။
နှင်းဆီမြိုင်ပြန်ခဲ့ကြဖို့ စာ​ရေး​ထား​လေရဲ့"

"အင်း...နှင်းဆီက​ရော ဘယ်လိုထင်လဲ"

"ခင်ဗျား အလုပ်​တွေပါးချိန်မှ ပြန်မယ်၊ နှင်းဆီမြိုင်အခွံပဲကျန်ရင်​တောင် ယန်ကီ​တွေ မီးရှို့လို့ကုန်ရင်​တောင် ကျုပ်က ပြန်နလန်ထူ​အောင်လုပ်မယ်လို့ ​တွေးထားပြီးသား။
ဒါကို Joannaက.."

"သူ့ကို ထည့်တွက်မ​နေနဲ့။ ကိုယ်နှင်းဆီမြိုင်နဲ့ ပတ်သက်လို့ ချာတိတ်ကိုပဲ ယုံမယ် ဟုတ်ပြီလား"

Jeonစကားတစ်ခွန်းက Taehyung​သွေး​ကြောထဲ ခွန်အား​တွေ စီးဝင်သွားသကဲ့သို့ပင်။
တစ်​​လောကလုံးက လူ​တွေ သူ့ကိုတိုက်ခိုက်လာပါ​စေဦး Jeonတစ်​ယောက် သူ့ဘက်ရှိသည်ဟူ​သော အ​တွေးဖြင့် စိတ်သက်သာရသည်။

Jeon တစ်​ယောက်တည်း သူ့​ဘေးနားရှိရုံဖြင့် ဦး​လေး Aiden ဘယ်​လောက်ထိ သူ့ကိုချနင်းနင်း၊ လိုသုံပင်လုပ်လုပ် သူမမှု​တော့။

Jeonကို အဲ့​လောက်ထိ သူယုံကြည်အားကိုးရပါသည်။

Jeonက သူ့ရဲ့ အဆင်းအချင်း အားလုံးကို စိုးပိုင်ထားသူပါပင်။
ဪ... ဒီလူကို ပုံအပ်မိလို့က​တော့ ​နောင်တမရ​လောက်​​တော့ဘူးထင်ပါရဲ့။
____

အဲ့​ဒီ​နေ့က အိမ်​နောက်ဘက်၀က်သစ်ချပင်အိုကြီးမှ သစ်​ရွက်ခြောက်ကျသံ တ​ဖြောက်​ဖြောက်ကို ကြား​နေရသည်။
​လေတိုက်လျှင် သစ်ကိုင်းစ​တွေက ၀ရန်တာကို တ​ဂျောက်​ဂျောက် လာရိုက်ကြသည်။

​ရာသီဥတုက ပူစပ်စပ်မို့ ပြတင်းတံခါး​တွေ အကုန်ဖွင့်ထားတဲ့ ​နေ့ဖြစ်သည်။
အတ္တလန်တာရဲ့ ​နေ့တာအရှည်ဆုံး ဇွန်လရဲ့​​နေ့ရက်​တွေက ဤသို့ချည်းပင်။

ထို​နေ့မှာ Taehyungတစ်​ယောက် Jeonအလုပ်လုပ်​နေကျအခန်းထဲ စားပွဲမှာ ထိုင်​နေသည်။
Jeonစီထားတဲ့ စာရွက်စာတမ်းတစ်ရွက်ချင်းကို လိုက်ကြည့်​နေသည်။
စာရင်းဇယား​တွေကို နားမလည်လည်​အောင်ပင် ကြိုးစားတွက်ချက်​နေ​သေးသည်။

ဤသို့စစ်​နေရင်းဖြင့်ပင် Jeonကို ပိုပိုအထင်ကြီး ​လေးစားလာရသည်။
Jeonက တိကျ​သေချာစွာ လုပ်ငန်းတိုင်းကို ဦး​ဆောင်နိုင်သူ။

အင်္ဂလန်ရှိ ပိုးထည်ချည်ထည်လုပ်ငန်းကအစ ပိုက်ဆံအ​လေအလွှင့်မရှိ။
ဘဏ်လုပ်ငန်းဆိုလည်း ​ငွေ​ရေး​ကြေး​ရေး၊ ရှယ်ယာကိစ္စ ဘာမှလစ်ဟင်းမှုမရှိ။

Jeon ဆိုတဲ့ အမျိုးသားကို ပိုင်ဆိုင်ရတာ သူဘယ်​​လောက်ကံ​ကောင်းလိမ့်သလဲလို့ ​တွေးရင်း ​ကျေနပ်​နေခဲ့သည်။

အဲ့ဒီ​​​နေ့က တစ်စုံတစ်ခု​သော အရာက သူ့ရဲ့ ​​​ပျော်ရွှင်​ကျေနပ်ရခြင်း​တွေကို အပြီးအပိုင်ယူ​ဆောင်သွားလိမ့်မယ်ဆိုတာကိုသာ သိခဲ့ရင် သူJeonရဲ့ စာရင်း​တွေကို စစ်မိမှာမဟုတ်။
အိပ်ခန်းထဲမှာ ကပ္ပလီကျွန်တစ်​ယောက်ကိုသာ ယပ်ခတ်ခိုင်း၍ ​အေး​အေး​ဆေး​ဆေး​နေမိလိမ့်မည်။

​ဖောင်တိန်တစ်​ချောင်းနဲ့ သစ်သား​ပေတံတစ်​ချောင်းကို ကိုင်ကာ အလုပ်ရှုပ်​နေချိန်..။
​လေပူခပ်ကြမ်းကြမ်းက ပြတင်းတံခါးက​နေ ချဥ်းနင်း ဝင်​ရောက်လာသည်။

"ဟာ... ​​လေကလည်း ကျစ်! စာရွက်​တွေ လွှင့်ကုန်​တော့မှာပဲ"

​လေတ​ဖြေး​ဖြေးကြမ်းလာတာနဲ့အတူ ဖုန်မှုန့်​တွေက အခန်း​ထဲ ​လေနဲ့အတူ လွှင့်လာသည်။
တံခါးပိတ်ဖို့ ပြင်လိုက်စဥ်မှာပဲ...

'ဝုန်း!'

ရုတ်တရက် ​လေအရှိန်နဲ့ ပြုတ်ကျလာ​သော စာအုပ်စင်​ပေါ်က စာရွက်စာတမ်း အထပ်လိုက်ကြီး။
စာရွက်ဝါဝါညိုညိုတို့က ကြမ်းပြင်​ပေါ် ပြန့်ကျဲကုန်သည်။

"ကျစ်! ဒုက္ခပါပဲ သူသိရင် ​ပြောခံ​ရ​တော့မယ်"

ပြတင်းတံခါးဂျက်ကို မြန်မြန်ချပြီး စာရွက်​တွေကို ပြန်စီဖို့လုပ်သည်။
Jeonစီစဥ်ထားတဲ့ ပုံစံကို သူမှမမှတ်မိဘဲ.. ဒီအခန်းထဲ သူလာလာ​နေတာ Jeon မသိဖို့​တော့ ​မျှော်လင့်ရသည်။

စာရွက်​တွေကို ထပ်​နေရင်း မ​မျှော်လင့်ပဲ ​တွေ့လိုက်တဲ့ ပုံ​တွေ။
လူတစ်​ယောက် သို့မဟုတ် လူများစွာရဲ့ ဦး​နှောက်ပုံ​တွေ.. အ​သေးစိတ်​ရေးခြယ်ထားသည်။
ပန်းချီဆရာ​တွေဆွဲသလို အ​ပြင်ပိုင်းခဲပန်းချီလိုမဟုတ်။

အ​သေးစိတ် တိတိကျကျ ​ရေးဆွဲထားတာ... ဦး​နှောက်အစိတ်အပိုင်း​တွေကို နာမည်တပ်ထားခဲ့တာ။

ထိုပုံနဲ့ တွဲလျက်ရှိ​နေ​သော ဖိုင်တွဲ​လေးကို ယူကြည့်ပြီး Taehyung မျက်လုံး​တွေ ပြာဝေသွားရသည်။

လက်​ဖျား​တွေ တဆတ်ဆတ်တုန်ရီ​​နေပြီး ​ခြေအစုံက ကြမ်းပြင်မှာ ရပ်​နေရဲ့လား​တောင် မသိ​တော့။

'လူနာအမည် - Kim Taehyung
တာဝန်ကျ ဆရာဝန် - ​ဒေါက်တာ Jeon JungKook'

ဒါ...ဒါက ဘာကိုဆိုလိုတာလဲ။
ဖြစ်ပျက်​နေသမျှ သူဘာကိုမှ နားမလည်နိုင်​တော့။
တစ်ကိုယ်လုံး ရှိသမျှ​သွေး​တွေလည်း ဆူပွက်​နေခဲ့သည်။

'​စိတ်ရောဂါအ​ခြေအ​နေ - ပြင်းထန်'

အခု သူ့မှာ စိတ်​ရောဂါရှိ​နေတယ်လို့ ​ပြောလိုက်တာလား။ သူ့ကို အရူးလို့ Jeonက ထင်​နေခဲ့တာလား။
ရင်ထဲ ဆို့နင့်​အောင့်တက်လာပြီး ​ဝေခွဲမရခြင်း​​တွေသာ ရှိ​တော့သည်။

သူအဲ့ဖိုင်တွဲကို အဲ့​နေရာထိသာ ဖတ်ပြီး မီးရှို့ပစ်ခဲ့သင့်သည်။
ဒီ​လောက်သိလိုက်ရတာနဲ့တင် သူခံစားရတာက ရူးမတတ်။
Jeonဆီက ​ဖြေရှင်းချက်တစ်ခုခုကို ရချင်မိသည်၊ လက်ပူးလက်ကြပ်မိ​နေရဲ့သားနဲ့ 'မဟုတ်ပါဘူး' အမြင်မှား​​နေတယ်ဆိုတာကို ကြားချင်​နေ​သေးတာ။

မိုက်မဲစွာ ဖိုင်တွဲကို ဆက်ဖတ်ကြည့်သည်။

ဝါရှင်တန်တက္ကသိုလ်စိတ်ကျန်းမာ​ရေးအထူးကု မဟာတန်း​နောက်ဆုံးနှစ်က ​ဒေါက်တာ Jeon JungKook တဲ့လား။

ချာလက်စတန်မှာ ဦး​လေးနဲ့ Mr. Clarkကို ဆုံ​တွေ့ခဲ့ပြီး နှင်းဆီမြိုင်​ရောက်လာသူ။
​ရောက်လာတဲ့အ​ကြောင်းအရင်းက စိတ်​ဝေဒနာရှင်ဖြစ်​သော သူ့ကိုကုသဖို့ရန်။

ဪ... လုပ်ရက်လိုက်​လေခြင်း။
လူနာတစ်​ယောက်ကိုကြည့်ဖို့သက်သက်​ ချဥ်းကပ်ခဲ့တာတဲ့လားကွယ်။

ထို​နေရာမှာတင် ဆက်မဖတ်ဘဲ ရပ်လိုက်သင့်ပြီလို့ ကိုယ့်ကိုယ်ကိုယ် သတိ​ပေး​နေသည့်ကြား လက်​တွေက စာရွက်​တွေကို အလိုလိုလှန်​လှော​နေမိသည်။

စာမျက်နှာတစ်ခုကို​ရောက်လျှင် သူ့လက်​တွေအလိုလိုရပ်တန့်သွားရသည်။

'​မဟာတန်း​နောက်ဆုံးနှစ်အတွက် သု​တေသနစာတမ်းငယ်' ဆိုတဲ့ ​ခေါင်းစဥ်ကို တပ်ထားသည်။

မဟုတ်​လောက်ပါဘူးလို့ အထပ်ထပ်အခါခါဆု​တောင်း​​နေမိ​ပေမယ့် ဆု​တောင်းက မပြည့်လိုက်။
ထိုသု​တေသနအတွက် စမ်းသပ်ခံလူသားက Kim Taehyungဆိုတဲ့ သူကိုယ်တိုင်။

မယုံနိုင်​လောက်​အောင် အသုံးချခံရမှုကြီးများ သူဟာ ပါးစပ်အ​ဟောင်းသားဖြစ်​နေမိ​တော့သည်။
မျက်ရည်​တွေ တလိမ့်လိမ့်လျှံကျလာပြီး အမြင်​တွေက ​ဝေဝါးလာ​သည်။

မဟုတ်​လောက်ပါဘူး​နော်... မဟုတ်​လောက်ပါဘူး။
ဒီဟာ​တွေအတွက် ချစ်ဟန်​ဆောင်ခဲ့​တာ​တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး​နော်။
ဒီစာတမ်းအတွက်​လောက်နဲ့​တော့ ​ယောက်ျားသားတစ်​ယောက်ဖြစ်တဲ့ သူ့ကို လက်ထပ်မှာ မဟုတ်ဘူးမလား။

​သူဟာ စိတ်​ဝေဒနာရှင်ဖြစ်​နေပါတယ်ဆိုတဲ့ Jeonရဲ့ ​ကောက်ချက်ချခြင်း​တွေကို စိတ်မဝင်စား။
စိတ်​ဝေဒနာရှင်... ခပ်ရိုင်းရိုင်း​ပြောရရင် အရူးတစ်​​ယောက်ဖြစ်​ကောင်းဖြစ်လိမ့်မည်။
အခု Jeon လုပ်ရပ်​ကြောင့် သူပိုရူး​ကောင်း ရူး​တော့မည်။

Jeon သာ ဒီသု​တေသနအတွက် သူ့ကိုအသုံးချဖို့ ချဥ်းကပ်တာဆိုရင်​တော့ သူတကယ်ရူးရလိမ့်မည်။

စာရွက်ကို အလိုလိုလှန်​​နေမိတဲ့ တုန်ရီ​နေတဲ့ လက်​တွေရယ်။

'၁၈၆၁ နာတာလူးပွဲ​တော်'

လို့ ​ခေါင်းစဥ်တပ်ထားတဲ့ စာမျက်နှာရယ်၊ သူထို​နေ့ကို မှတ်မိသည်။
Jeon နဲ့ Suzanတွဲက​နေတဲ့အချိန် နှလုံးသားတစ်ခုလုံး ကွဲ​ကြေခဲ့ရ​သော​​နေ့။

​နာတာလူးပွဲ​တော်ပြီး ​နောက်ရက်မှာ သူ Jeonကို အိမ်က နှင်ထုတ်တဲ့အ​​ကြောင်း​ရေးထားသည်။
ထို​​နေ့က ချာတိတ်ရဲ့ စိတ်အ​ခြေအ​နေက ထူးဆန်း​နေသည်ဟူ၍လည်း​ကောင်း၊ ချာတိတ်ကို ​သူနားမလည်နိုင်​တော့ဟူ၍လည်း​ကောင်း စသဖြင့်။

ထို​​နေ့က Jeonဟာ ​ခပ်ရမ်းရမ်း ခေတ်ပျက်သူ​ဌေးတစ်​ယောက်နဲ့ ​တွေ့ခဲ့သည်။
ထိုလူကို ချာတိတ်အ​​ကြောင်း ရင်ဖွင့်​တော့ 'ခင်ဗျားကို သ၀န်တို​နေတာလည်း ဖြစ်နိုင်တာပဲ၊ တွဲကြည့်လိုက်၊ ခင်ဗျားစာတမ်းအတွက် သူ့ကိုလို​နေတာမလား' လို့ အကြံ​ပေးသတဲ့​လေ။

ဒီလိုဖြစ်မှာကို ​ကြောက်​ပေမယ့် ​နောက်ဆုံး​တော့ ဖြစ်သွားခဲ့ပြီ၊ ​သေချာသွားခဲ့ပြီ။
Jeonက သူ့ဆီမှာ လိုအပ်တာ​တွေရှိလို့ ချဥ်းကပ်ခဲ့ရုံ။

ပထမ​တော့ ၀မ်းနည်းသည်၊ ငိုချင်လာသည်။ တ​​ဖြေး​ဖြေး စိတ်အစဥ်က တည်ငြိမ်လာပြီး ​လေမုန်တိုင်းမတိုက်မီ ​လေငြိမ်သကဲ့သို့ ဖြစ်လာသည်။
​နောက်ဆုံး ချစ်ရသူကို စူးနင့်စွာ နာကျည်းပြီး မုန်းခြင်း ချစ်ခြင်း ခံစားချက်ကင်း​နေ​တော့တာ။

"ချာတိတ် ကိုယ်ပြန်​ရောက်ပြီ"

​လှေကားထစ်​​​ပေါ်တက်လာတဲ့ ​ခြေသံနဲ့အတူ ခင်ပွန်းဖြစ်သူ Jeon JungKookရဲ့ အသံရယ်။
သူမျက်ရည်​တွေကို ဖိသုတ်ပစ်သည်။

စိမ်းပြာလဲ့​နေတဲ့ ညှို့မျက်ဝန်း​တွေက အရင်လို ချစ်ရည်ရွှန်းလဲ့မ​နေ​တော့။
နာနာကျည်းကျည်း​တောက်ပ​​နေတဲ့ မီးတစ်ပွင့်လိုသာ။

ထိုင်​နေရာက ထလိုက်ပြီး အဆိုပါ သု​တေသနမူကြမ်းစာရွက်​တွေကို လက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားသည်။

'ကျွီ!'

သံ​ချေးတက်​နေ​သော တံခါးပတ္တာမှ အသံနဲ့အတူ..

"ချာတိတ် ဒီအခန်းမှာ ဘာလုပ်..."

ရှုပ်ကွ ပြန့်ကျဲ​နေ​သော စာရွက်ရာချီကို မြင်မှ Jeon JungKookရင်ထဲ မီး​တောက်သလို ခံစားချက် ဖြစ်လာ​တော့သည်။
သူဘာမှမ​ပြောနိုင်ဘဲ ဆွံအ​ နေသလို Taehyungကလည်း သူ့ကို နင့်သည်းစွာ ကြည့်​နေခဲ့သည်။

မငို​အောင် တင်းထားရ​ဟန်ရှိ​သော မျက်ရည်စ​တွေက မျက်​တောင်​ပေါ်မှာ ​ဝေ့သီလို့။

"နှင်း...နှင်းဆီ ကိုယ်ရှင်းပြ.."

"ဘာမှလာမရှင်းပြနဲ့! ခင်ဗျားဟာ ဦး​လေး​ခေါ်လာတဲ့လူဆိုတာ သိသိရက်နဲ့ ခင်ဗျားကို ယုံမိတာ ကျုပ်ရူးလို့ပဲ!"

Taehyungအား​ကုန်​အော်ဟစ်​နေ​ပေမယ့် အသံမှာ ရှိုက်သံ​တွေပါ​နေသည်။
​ခြေကုန်လက်ပန်း ကျလှပြီ။

"မရူးပါဘူး...ပြီး​တော့ ကိုယ်..."

"မရူးဘူး ဟုတ်လား..ဟက်! မရူးတဲ့လူက ခင်ဗျားလို စိတ်​ရောဂါဆရာဝန်ရဲ့ အစမ်းသပ်ခံ လူနာဖြစ်ခဲ့တာလား ဟမ်.. ​ပြောစမ်းပါ Jeon JungKookရဲ့"

Jeon ရဲ့ အင်္ကျီစကို ဆွဲကိုင်လှုပ်ရမ်းပြီး Taehyung စိတ်ထဲရှိသမျှ ​ပြောမိ​တော့သည်။
ချစ်ရသူက ကိုယ့်ကို လိုသလိုသုံးသွားတာများ ရက်ရက်စက်စက်။

နှလုံးသားက တ​အောင့်​အောင့်နဲ့ ​သွေးစိမ်းရှင်ရှင် ထွက်လာ​တော့သည်။

ကိုယ်ကအရူးလို ရူးရူးမိုက်မိုက်ချစ်​​နေမိတဲ့ တ​လျှောက်လုံး ချစ်ရသူအမြင်က ကိုယ်က စိတ်မကျန်းမာတဲ့ လူနာတစ်​ယောက်၊ ကြီးမြတ်လှပါ​သော သု​တေသနစာတမ်းကြီးအတွက် အစမ်းသပ်ခံလူသားတစ်​ယောက်။

"​အောင်မြင်လား"

"ဟမ်.."

"ကျုပ်ကို ကုသတာ ​အောင်မြင်သွားလား။ ခင်ဗျားရဲ့ စာတမ်းက​​ရော အ​တော်ခရီး​ရောက်​နေရဲ့လား"

"ချာတိတ်မှာ စိတ်​ဝေဒနာရယ်လို့မရှိ​​တော့ပါဘူးကွာ။ ပြီး​တော့ စာတမ်းကလည်း ဒီ​နေ့ ပြီးသွားပါပြီ။
​နောက် ကိုယ်ချာတိတ်ကို ချစ်တာကလည်း..."

Taehyung လက်ကာပြလိုက်လျှင် JungKook စကား​တွေ ရပ်တန့်သွားရသည်။
ချစ်ခြင်း​မေတ္တာ စိတ်ခံစားချက်အ​ကြောင်း​တွေ ထပ်မကြားလို​တော့။
ဒီလူနဲ့ သူ့​ရေစက်က ပြတ်ချင်​တော့လည်း တိခနဲ။

"အလုပ်​တွေရှုပ်​နေခဲ့တာ စာတမ်း​​ကြောင့်ကိုး..။ ကျုပ်က ခင်ဗျားအတွက် ဟာသကြီး​ပေါ့။ ​ခေတ်ပျက်သူ​ဌေးတစ်​ယောက်ရဲ့ အကြံ​ကြောင့် ကျုပ်ကို ​ခြေ​တော်တင်.."

"မဟုတ်ပါဘူး ချာတိတ်ရယ်။ ကိုယ်ရှင်းပြတာကို ခဏ​လေး... စက္ကန့်ပိုင်း​လောက်ပဲ နား​ထောင်​ပေး ​နော်"

"ထွက်သွား!"

​ဖြေရှင်းချက်​တွေ ထွက်ကျလာသမျှက အလိမ်အညာဖြစ်လိမ့်မည်။
ဒါ​တွေကို ဆက်နား​​​ထောင်​နေရင် သူရူးလို့...။

အခုပင် သူရူး​နေပြီ သွက်သွက်ခါ​တဲ့ လက္ခါဏာ​လေး မပြရုံတမယ်။
ရူး​နေတဲ့ ​ကောင်​လေးနဲ့ Jeon ဘယ်လိုများ ​ပေါင်းသင်းခဲ့တာလဲကွယ်။

​သွေးသားချင်း ရင်းနှီးခဲ့ကြတာလည်း အကြိမ်ကြိမ်။

Jeon ကို ထပ်မမြင်ချင်​တော့... ဒီဘဝ ဒီမျှ စိတ်ဒဏ်ရာက ကြီးမားလွန်းလှသည်။

တကယ်တမ်း သူ့ဘဝမှာ အားကိုးရာလူဟူ၍လည်း မရှိပါ​လေ..။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

​ေဂ်ာ္ဂ်ီယာရဲ႕ ပူစပ္စပ္​ေႏြရာသီသို႔ ​​ေန႔ခ်င္းညခ်င္း ​ေရာက္လာသည္။
ပူရအိုက္ရသည့္ၾကားက ခ်ည္ထည္​ေအး​ေအးလူလူဆိုတာ မွန္ဘီလူးနဲ႔ ရွာရမတတ္ကို ရွားၿပီးရင္းရွားသည္။

ထို​ေႏြကာလမွာ ႏွင္းဆီၿမိဳင္ကစာ​ေတြ တဒီးဒီး​ေရာက္သည္။
ဦး​ေလး Aidenဟာ သူမည္မွ်​​ေနထိုင္၍မ​ေကာင္း​ေၾကာင္း၊ ျမင္းကို ၿခံစည္း႐ိုး​ေက်ာ္​ေအာင္မစီးႏိုင္​ေတာ့​ေၾကာင္း၊ သူ႔အမ်ိဳးသမီးက ႏွလုံး​ေဖာက္​ေၾကာင္း၊ ကပၸလီကြၽန္​ေတြ ကလန္ကဆန္လုပ္တာ​ေၾကာင့္ ​ဝါထြက္ႏႈန္းက်သြား​ေၾကာင္း အစရွိသျဖင့္။

"ဟား ဟား ဟား!"

ထိုစာကို ဖတ္ၿပီး Taehyung ဟက္ဟက္ပက္ပက္ ရယ္​ေမာမိသည္။
သက္ႀကီး​ေရာဂါနဲ႔ ​ေသခါနီး ႏွင္းဆီၿမိဳင္ကို ရစရာမရွိ​​ေအာင္လုပ္​ေနတာ ကိုယ္ကမသိဘူးဆို​ေတာ့​ေလ။

"ဘာရယ္တာလဲ ကိုကို​ေလး၊ ​ေဖ​ေဖတို႔​ေနမ​ေကာင္းဘူးလို႔ ​ေျပာထားတာ ဘာရယ္စရာပါလဲ"

"မင္းအလွည့္က် သိပ္သိတတ္​ေနတာပဲ​ေနာ္။ မင္းအ​ေဖက ႏွင္းဆီၿမိဳင္အခြံပဲက်န္​ေတာ့မွ ငါ့လက္ထဲထိုး​​ေပး​ေနတာ ငါမသိဘူးထင္​ေနလား"

"ဘာပဲျဖစ္ျဖစ္ ငါတို႔ႏွင္းဆီၿမိဳင္ျပန္ရမယ္။ ငါ့မိဘ​ေတြကို ​ေအာက္တန္းစားကပၸလီ​ေတြၾကား မထားႏိုင္ဘူး"

တံျမက္စည္းလွည္းေနတဲ့ အ​ေဒၚႀကီးမ်က္ႏွာက မႈိင္းက်သြားသည္။
လႈပ္ရွားမႈလည္း ရပ္တန္႔သြားသည္။
မာနႀကီးလွပါတယ္ဆိုတဲ့ Taehyung ပါ အားနာသြားသည္။

"ျပန္လို႔ရရင္ မင္းဘာသာျပန္! ငါ့​​ေယာက်္ားအလုပ္​ေတြမျပတ္သ​ေ႐ြ႕ ငါ​ေတာ့ အတၱလန္တာက ​ေ႐ႊ႕မွာမဟုတ္ဘူး"

တကယ္တမ္း Joannaမွာအ​ေျပာပဲရွိၿပီး စိတ္သြားတိုင္း ကိုယ္မပါႏိုင္​ေတာ့။
မ်က္တြင္း​ေဟာက္ပက္နဲ႔ ရွိရင္းစြဲအသက္ထက္ ႏွစ္ ၃၀ ​ေလာက္ အိုစာ​ေနသည္ဟုပင္ ထင္ရသည္။

"ကိုကို​ေလး မင္းအ​​ေတာ္ တစ္ကိုယ္​​ေကာင္းဆန္ပါလား။ မ​ေျပာ​ေကာင္း မဆို​ေကာင္း အခုအ​ေတာအတြင္း ​ေဖ​ေဖတို႔မ်ား တစ္ခုခုဆို..."

'ျဖန္း!'

အိမ္မွာရွိတဲ့ ကပၸလီ​ေတြအကုန္လန္႔ျဖန္႔ကုန္သည္။
သခင္​ေလးကိုလည္း မတားရဲ... သခင္​ေလးကို စိတ္ထိန္းႏိုင္သူက Mr. Jeonကလြဲရင္မရွိ။
ဘယ္ကြၽန္ကမွ အတင့္ရဲၿပီး သခင္​ေလးကို မဆြဲရဲ မတားရဲ။
ပါးစပ္အ​ေဟာင္းသား မ်က္လုံးအျပဴးသားနဲ႔သာ ​ေငး​ေမာၾကည့္​ေနၾက႐ုံ။

"​ငါ့မိဘ​ေတြ​တုန္းက မင္းမွာ အဲ့လိုစိတ္ရွိခဲ့လား ဟမ္! ငါမင္းကို သတ္ခ်င္ သတ္ပစ္လို႔ရတယ္ နားလည္လား။
​ေဖ​ေဖနဲ႔ ​ေမ​ေမက အဆုံးထိ မင္းကို ညီမ​ေလးလို သ​ေဘာထားဖို႔ မွာသြားလို႔သာ။
အမွန္ဆို မင္းနဲ႔ငါ ​ေသြး​ေတာ္ သားစပ္တာ​ေတာင္ မဟုတ္ဘူး"

Joannaက မိသားစုအထုတ္​ေျဖခ်ခံရလို႔ရွက္တာရယ္၊ ပါးအ႐ိုက္ခံရတဲ့ နာက်င္မႈရယ္​ေပါင္းၿပီး တရႈံ႕ရႈံ႕ မ်က္ရည္က်​ေနသည္။

Taehyungက​ေတာ့ Joanna ငို​ေနတာကိုလည္း လ်စ္လ်ဴရႈပစ္သည္။
အ​ေတာ္​ေလး က်က္သ​ေရမရွိလိုက္သည့္ ျဖစ္ျခင္း။
ကိုယ့္အတြက္ပဲသိတတ္တဲ့ တစ္ဘို႔တည္းသမား​ေတြ စုထားတဲ့ မိသားစု။

သူ႔မွာ ႏွင္းဆီၿမိဳင္သို႔ ျပန္လို​ေသာ ဆႏၵမရွိသည္မဟုတ္။ လတ္တ​ေလာ အလုပ္မ်ား​ေန​ေသာ ခင္ပြန္းျဖစ္သူ Jeon ​ေၾကာင့္ ျပန္ဖို႔ အခ်ိန္ကို ေစာင့္ဆိုင္း​ေနျခင္းသာ။

တစ္​ေန႔​ေန႔ သူဟာ ႏွင္းဆီၿမိဳင္ကို အပိုင္ျပန္သိမ္းဖို႔ရာ တာဝန္ရွိသူတစ္ဦးဟုလည္း ကိုယ္တိုင္ယူဆထားသည္။

အတၱလန္တာက ကိစၥ​ေတြ ၿပီးျပတ္​ေအာင္လည္း Jeonမသိ​ေအာင္ စာ႐ြက္စာတမ္းတခ်ိဳ႕ကို ​ေျဖရွင္း​ေပး​ေနၿပီျဖစ္သည္။
Jeonသိရင္ သူအလုပ္လုပ္​​ေနတာ၊ စာရင္းတြက္​ေနတာ​ေတြကို သ​ေဘာက်မွာမွ မဟုတ္ဘဲ။

"ဘာ​ေတြျဖစ္​ေနၾကတာလဲ"

"ျပန္လာရင္ ​ေရခ်ိဳးၿပီး အဝတ္အစားလဲ​ေတာ့၊ က်ဳပ္စကား​ေျပာခ်င္စိတ္မရွိ​ေသးဘူး"

Jeon အိမ္ျပန္​ေရာက္​ေရာက္ခ်င္းျမင္ကြင္းက မသာမယာ။
ကပၸလီကြၽန္​ေတြက ​​​ေက်ာက္႐ုပ္လို ရပ္​ေနၾကၿပီး မ်က္လုံးမ်ားက ျပဴးက်ယ္လို႔။
သူျပန္​ေရာက္တာ​ေတြ႕​ေတာ့ အားကိုးရာ ရသည့္ႏွယ္ ၾကည့္​ေနၾကသည္။

Joannaက ​ေရာင္ကိုင္း​ေန​​​ေသာ ပါးတစ္ဖက္ကို အုပ္ကိုင္ၿပီး ခ်ာတိတ္က မီး​ေတာက္မတတ္မ်က္လုံး​ေတြနဲ႔ ၾကည့္​ေနသည္။
အင္း... တစ္ခုခု​ေတာ့ အ​ေျခအ​ေနျပင္းျပင္းထန္ထန္ျဖစ္သြားခဲ့တာ အ​ေသအခ်ာ။

"လာ ကိုယ့္ႏွင္းဆီ​ေလး၊ စိတ္​ေလွ်ာ့​​ေနာ္"

လက္ဆြဲ​ေခၚ​ေတာ့ မလိုက္ခ်င္လိုက္ခ်င္ လိုက္လာသည္။

​ေဒါသႀကီးလြန္းရင္ စိတ္မထိန္းႏိုင္တဲ့ ခ်ာတိတ္ကို လြတ္ထားလို႔​ေတာ့မရ၊ ျပႆနာမႀကီးသင့္တာ မႀကီးရ​ေအာင္ ထိန္းမွျဖစ္မည္။
ခ်ာတိတ္စိတ္က ထိခိုက္လြယ္ဆဲ၊ မခိုင္မမာျဖစ္​ေနဆဲ။
စိတ္ထိခိုက္သမွ်ကို ​ေဒါသအျဖစ္​ေျပာင္းလဲသြားသည့္ လကၡဏာမ်ိဳး။

"ဘာဆိုင္လို႔ ​​ေလွ်ာ့ရမွာလဲ။ ခင္ဗ်ားကိုလည္း ၾကည္တာမဟုတ္ဘူး​ေနာ္"

"ကိုယ့္ကို​ေတာ့ သနား​ေသာအားျဖင့္ ၾကည္သင့္ပါတယ္​ေနာ္"

"မသိဘူးဗ်ာ မၾကည္ဘူး"

Jeonက ရယ္​ေနသည္။ သူ႔ပါးက ပါးခ်ိဳင့္​ေသး​ေသး​ေလး​ေတြ ​ေပၚလာသည္အထိ။
ရယ္မိသည့္တိုင္ သူ႔ႏွင္း​ဆီငယ္​ေလး စိတ္မၾကည္​ေသး​ေၾကာင္း သိ​ေနသည္။

Taehyung စိတ္ထဲ အရာရာကို တႏႈတ္ႏႈတ္ခံစား​ေနရသည္။
အျမင္မၾကည္ျခင္း​ေတြ သံသယ​ေတြ ႀကီးစိုး​ေနသည္။

မိဘ​ေတြနဲ႔ ပတ္သက္ၿပီး Joannaနဲ႔ စကားမ်ားမိတာ ​ေတာ္​ေတာ္ႀကီးမားတဲ့ အက်ိဳးသက္​ေရာက္မႈျဖစ္လာသည္။
နံရံ​ေပၚမွာခ်ိတ္ထားတဲ့ ႏွစ္လုံးျပဴး​​ေသနတ္နဲ႔ Joannaတို႔ မိသားစုကို ခ်ိန္ပစ္လိုက္ခ်င္သည္။

"Joannaကို ႐ိုက္လိုက္တာလား"

"အင္း... ​ေနာင္တမရဘူး​ေနာ္ တရားခ်ဖို႔မႀကိဳးစားနဲ႔"

"မခ်ပါဘူးဗ်ာ.. ကိုယ့္ကို ဘာရင္ဖြင့္ခ်င္လဲ ​ေျပာျပမလား"

Jeonက Taehyungကို သူ႔ရင္ခြင္ထဲ ​သိမ္းဖြက္ထားသည္။
​ေ႐ႊ​ေရာင္ဆံပင္ဖြဖြ​ေလးကို နမ္းရႈိက္သည္။

"ဦး​ေလးက ​ေမြးစားသား​ေလ။ ႏွင္းဆီၿမိဳင္ကို ငယ္တည္းက ​ေလာဘတက္ခဲ့လို႔ က်ဳပ္မိဘ​ေတြ​ေသရတာ"

"ဪ...အဲ့လိုကိစၥျဖစ္ခဲ့တာကိုး..."

​ေလာဘဆိုသည္မွာ လူတိုင္းစိတ္ထဲမီးကဲ့သို႔ ​ေတာက္​​​ေလာင္​ေနတဲ့အရာ။
အန္ကယ္Aidenရဲ႕ ​ေဒါသမီးက သူကိုယ္တိုင္ကိုအျပင္ ခ်ာတိတ္မိသားစုနဲ႔ ခ်ာတိတ္ရဲ႕ စိတ္သဏၭာန္ကိုပါ ဒဏ္ရာ​ေပးခဲ့တာပင္။

"အင္း.. အခု သူနာမက်န္း​ေတာ့ ႏွင္းဆီၿမိဳင္ကို အခြံႀကီးက်န္​ေအာင္လုပ္ၿပီး က်ဳပ္ကို ထိုး​ေပး​ေနတာ။
ႏွင္းဆီၿမိဳင္ျပန္ခဲ့ၾကဖို႔ စာ​ေရး​ထား​ေလရဲ႕"

"အင္း...ႏွင္းဆီက​ေရာ ဘယ္လိုထင္လဲ"

"ခင္ဗ်ား အလုပ္​ေတြပါးခ်ိန္မွ ျပန္မယ္၊ ႏွင္းဆီၿမိဳင္အခြံပဲက်န္ရင္​ေတာင္ ယန္ကီ​ေတြ မီးရႈိ႕လို႔ကုန္ရင္​ေတာင္ က်ဳပ္က ျပန္နလန္ထူ​ေအာင္လုပ္မယ္လို႔ ​ေတြးထားၿပီးသား။
ဒါကို Joannaက.."

"သူ႔ကို ထည့္တြက္မ​ေနနဲ႔။ ကိုယ္ႏွင္းဆီၿမိဳင္နဲ႔ ပတ္သက္လို႔ ခ်ာတိတ္ကိုပဲ ယုံမယ္ ဟုတ္ၿပီလား"

Jeonစကားတစ္ခြန္းက Taehyung​ေသြး​ေၾကာထဲ ခြန္အား​ေတြ စီးဝင္သြားသကဲ့သို႔ပင္။
တစ္​​ေလာကလုံးက လူ​ေတြ သူ႔ကိုတိုက္ခိုက္လာပါ​ေစဦး Jeonတစ္​ေယာက္ သူ႔ဘက္ရွိသည္ဟူ​ေသာ အ​ေတြးျဖင့္ စိတ္သက္သာရသည္။

Jeon တစ္​ေယာက္တည္း သူ႔​ေဘးနားရွိ႐ုံျဖင့္ ဦး​ေလး Aiden ဘယ္​ေလာက္ထိ သူ႔ကိုခ်နင္းနင္း၊ လိုသုံပင္လုပ္လုပ္ သူမမႈ​ေတာ့။

Jeonကို အဲ့​ေလာက္ထိ သူယုံၾကည္အားကိုးရပါသည္။

Jeonက သူ႔ရဲ႕ အဆင္းအခ်င္း အားလုံးကို စိုးပိုင္ထားသူပါပင္။
ဪ... ဒီလူကို ပုံအပ္မိလို႔က​ေတာ့ ​ေနာင္တမရ​ေလာက္​​ေတာ့ဘူးထင္ပါရဲ႕။
____

အဲ့​ဒီ​ေန႔က အိမ္​ေနာက္ဘက္၀က္သစ္ခ်ပင္အိုႀကီးမွ သစ္​႐ြက္ေျခာက္က်သံ တ​ေျဖာက္​ေျဖာက္ကို ၾကား​ေနရသည္။
​ေလတိုက္လွ်င္ သစ္ကိုင္းစ​ေတြက ၀ရန္တာကို တ​ေဂ်ာက္​ေဂ်ာက္ လာ႐ိုက္ၾကသည္။

​ရာသီဥတုက ပူစပ္စပ္မို႔ ျပတင္းတံခါး​ေတြ အကုန္ဖြင့္ထားတဲ့ ​ေန႔ျဖစ္သည္။
အတၱလန္တာရဲ႕ ​ေန႔တာအရွည္ဆုံး ဇြန္လရဲ႕​​ေန႔ရက္​ေတြက ဤသို႔ခ်ည္းပင္။

ထို​ေန႔မွာ Taehyungတစ္​ေယာက္ Jeonအလုပ္လုပ္​ေနက်အခန္းထဲ စားပြဲမွာ ထိုင္​ေနသည္။
Jeonစီထားတဲ့ စာ႐ြက္စာတမ္းတစ္႐ြက္ခ်င္းကို လိုက္ၾကည့္​ေနသည္။
စာရင္းဇယား​ေတြကို နားမလည္လည္​ေအာင္ပင္ ႀကိဳးစားတြက္ခ်က္​ေန​ေသးသည္။

ဤသို႔စစ္​ေနရင္းျဖင့္ပင္ Jeonကို ပိုပိုအထင္ႀကီး ​ေလးစားလာရသည္။
Jeonက တိက်​ေသခ်ာစြာ လုပ္ငန္းတိုင္းကို ဦး​ေဆာင္ႏိုင္သူ။

အဂၤလန္ရွိ ပိုးထည္ခ်ည္ထည္လုပ္ငန္းကအစ ပိုက္ဆံအ​ေလအလႊင့္မရွိ။
ဘဏ္လုပ္ငန္းဆိုလည္း ​ေငြ​ေရး​ေၾကး​ေရး၊ ရွယ္ယာကိစၥ ဘာမွလစ္ဟင္းမႈမရွိ။

Jeon ဆိုတဲ့ အမ်ိဳးသားကို ပိုင္ဆိုင္ရတာ သူဘယ္​​ေလာက္ကံ​ေကာင္းလိမ့္သလဲလို႔ ​ေတြးရင္း ​ေက်နပ္​ေနခဲ့သည္။

အဲ့ဒီ​​​ေန႔က တစ္စုံတစ္ခု​ေသာ အရာက သူ႔ရဲ႕ ​​​ေပ်ာ္႐ႊင္​ေက်နပ္ရျခင္း​ေတြကို အၿပီးအပိုင္ယူ​ေဆာင္သြားလိမ့္မယ္ဆိုတာကိုသာ သိခဲ့ရင္ သူJeonရဲ႕ စာရင္း​ေတြကို စစ္မိမွာမဟုတ္။
အိပ္ခန္းထဲမွာ ကပၸလီကြၽန္တစ္​ေယာက္ကိုသာ ယပ္ခတ္ခိုင္း၍ ​ေအး​ေအး​ေဆး​ေဆး​ေနမိလိမ့္မည္။

​ေဖာင္တိန္တစ္​ေခ်ာင္းနဲ႔ သစ္သား​ေပတံတစ္​ေခ်ာင္းကို ကိုင္ကာ အလုပ္ရႈပ္​ေနခ်ိန္..။
​ေလပူခပ္ၾကမ္းၾကမ္းက ျပတင္းတံခါးက​ေန ခ်ဥ္းနင္း ဝင္​ေရာက္လာသည္။

"ဟာ... ​​ေလကလည္း က်စ္! စာ႐ြက္​ေတြ လႊင့္ကုန္​ေတာ့မွာပဲ"

​ေလတ​ေျဖး​ေျဖးၾကမ္းလာတာနဲ႔အတူ ဖုန္မႈန္႔​ေတြက အခန္း​ထဲ ​ေလနဲ႔အတူ လႊင့္လာသည္။
တံခါးပိတ္ဖို႔ ျပင္လိုက္စဥ္မွာပဲ...

'ဝုန္း!'

႐ုတ္တရက္ ​ေလအရွိန္နဲ႔ ျပဳတ္က်လာ​ေသာ စာအုပ္စင္​ေပၚက စာ႐ြက္စာတမ္း အထပ္လိုက္ႀကီး။
စာ႐ြက္ဝါဝါညိဳညိဳတို႔က ၾကမ္းျပင္​ေပၚ ျပန္႔က်ဲကုန္သည္။

"က်စ္! ဒုကၡပါပဲ သူသိရင္ ​ေျပာခံ​ရ​ေတာ့မယ္"

ျပတင္းတံခါးဂ်က္ကို ျမန္ျမန္ခ်ၿပီး စာ႐ြက္​ေတြကို ျပန္စီဖို႔လုပ္သည္။
Jeonစီစဥ္ထားတဲ့ ပုံစံကို သူမွမမွတ္မိဘဲ.. ဒီအခန္းထဲ သူလာလာ​ေနတာ Jeon မသိဖို႔​ေတာ့ ​ေမွ်ာ္လင့္ရသည္။

စာ႐ြက္​ေတြကို ထပ္​ေနရင္း မ​ေမွ်ာ္လင့္ပဲ ​ေတြ႕လိုက္တဲ့ ပုံ​ေတြ။
လူတစ္​ေယာက္ သို႔မဟုတ္ လူမ်ားစြာရဲ႕ ဦး​ေႏွာက္ပုံ​ေတြ.. အ​ေသးစိတ္​ေရးျခယ္ထားသည္။
ပန္းခ်ီဆရာ​ေတြဆြဲသလို အ​ျပင္ပိုင္းခဲပန္းခ်ီလိုမဟုတ္။

အ​ေသးစိတ္ တိတိက်က် ​ေရးဆြဲထားတာ... ဦး​ေႏွာက္အစိတ္အပိုင္း​ေတြကို နာမည္တပ္ထားခဲ့တာ။

ထိုပုံနဲ႔ တြဲလ်က္ရွိ​ေန​ေသာ ဖိုင္တြဲ​ေလးကို ယူၾကည့္ၿပီး Taehyung မ်က္လုံး​ေတြ ျပာေဝသြားရသည္။

လက္​ဖ်ား​ေတြ တဆတ္ဆတ္တုန္ရီ​​ေနၿပီး ​ေျခအစုံက ၾကမ္းျပင္မွာ ရပ္​ေနရဲ႕လား​ေတာင္ မသိ​ေတာ့။

'လူနာအမည္ - Kim Taehyung
တာဝန္က် ဆရာဝန္ - ​ေဒါက္တာ Jeon JungKook'

ဒါ...ဒါက ဘာကိုဆိုလိုတာလဲ။
ျဖစ္ပ်က္​ေနသမွ် သူဘာကိုမွ နားမလည္ႏိုင္​ေတာ့။
တစ္ကိုယ္လုံး ရွိသမွ်​ေသြး​ေတြလည္း ဆူပြက္​ေနခဲ့သည္။

'​စိတ္ေရာဂါအ​ေျခအ​ေန - ျပင္းထန္'

အခု သူ႔မွာ စိတ္​ေရာဂါရွိ​ေနတယ္လို႔ ​ေျပာလိုက္တာလား။ သူ႔ကို အ႐ူးလို႔ Jeonက ထင္​ေနခဲ့တာလား။
ရင္ထဲ ဆို႔နင့္​ေအာင့္တက္လာၿပီး ​ေဝခြဲမရျခင္း​​ေတြသာ ရွိ​ေတာ့သည္။

သူအဲ့ဖိုင္တြဲကို အဲ့​ေနရာထိသာ ဖတ္ၿပီး မီးရႈိ႕ပစ္ခဲ့သင့္သည္။
ဒီ​ေလာက္သိလိုက္ရတာနဲ႔တင္ သူခံစားရတာက ႐ူးမတတ္။
Jeonဆီက ​ေျဖရွင္းခ်က္တစ္ခုခုကို ရခ်င္မိသည္၊ လက္ပူးလက္ၾကပ္မိ​ေနရဲ႕သားနဲ႔ 'မဟုတ္ပါဘူး' အျမင္မွား​​ေနတယ္ဆိုတာကို ၾကားခ်င္​ေန​ေသးတာ။

မိုက္မဲစြာ ဖိုင္တြဲကို ဆက္ဖတ္ၾကည့္သည္။

ဝါရွင္တန္တကၠသိုလ္စိတ္က်န္းမာ​ေရးအထူးကု မဟာတန္း​ေနာက္ဆုံးႏွစ္က ​ေဒါက္တာ Jeon JungKook တဲ့လား။

ခ်ာလက္စတန္မွာ ဦး​ေလးနဲ႔ Mr. Clarkကို ဆုံ​ေတြ႕ခဲ့ၿပီး ႏွင္းဆီၿမိဳင္​ေရာက္လာသူ။
​ေရာက္လာတဲ့အ​ေၾကာင္းအရင္းက စိတ္​ေဝဒနာရွင္ျဖစ္​ေသာ သူ႔ကိုကုသဖို႔ရန္။

ဪ... လုပ္ရက္လိုက္​ေလျခင္း။
လူနာတစ္​ေယာက္ကိုၾကည့္ဖို႔သက္သက္​ ခ်ဥ္းကပ္ခဲ့တာတဲ့လားကြယ္။

ထို​ေနရာမွာတင္ ဆက္မဖတ္ဘဲ ရပ္လိုက္သင့္ၿပီလို႔ ကိုယ့္ကိုယ္ကိုယ္ သတိ​ေပး​ေနသည့္ၾကား လက္​ေတြက စာ႐ြက္​ေတြကို အလိုလိုလွန္​ေလွာ​ေနမိသည္။

စာမ်က္ႏွာတစ္ခုကို​ေရာက္လွ်င္ သူ႔လက္​ေတြအလိုလိုရပ္တန္႔သြားရသည္။

'​မဟာတန္း​ေနာက္ဆုံးႏွစ္အတြက္ သု​ေတသနစာတမ္းငယ္' ဆိုတဲ့ ​ေခါင္းစဥ္ကို တပ္ထားသည္။

မဟုတ္​ေလာက္ပါဘူးလို႔ အထပ္ထပ္အခါခါဆု​ေတာင္း​​ေနမိ​ေပမယ့္ ဆု​ေတာင္းက မျပည့္လိုက္။
ထိုသု​ေတသနအတြက္ စမ္းသပ္ခံလူသားက Kim Taehyungဆိုတဲ့ သူကိုယ္တိုင္။

မယုံႏိုင္​ေလာက္​ေအာင္ အသုံးခ်ခံရမႈႀကီးမ်ား သူဟာ ပါးစပ္အ​ေဟာင္းသားျဖစ္​ေနမိ​ေတာ့သည္။
မ်က္ရည္​ေတြ တလိမ့္လိမ့္လွ်ံက်လာၿပီး အျမင္​ေတြက ​ေဝဝါးလာ​သည္။

မဟုတ္​ေလာက္ပါဘူး​ေနာ္... မဟုတ္​ေလာက္ပါဘူး။
ဒီဟာ​ေတြအတြက္ ခ်စ္ဟန္​ေဆာင္ခဲ့​တာ​ေတာ့ ဘယ္နည္းနဲ႔မွ မျဖစ္ႏိုင္ပါဘူး​ေနာ္။
ဒီစာတမ္းအတြက္​ေလာက္နဲ႔​ေတာ့ ​ေယာက္်ားသားတစ္​ေယာက္ျဖစ္တဲ့ သူ႔ကို လက္ထပ္မွာ မဟုတ္ဘူးမလား။

​သူဟာ စိတ္​ေဝဒနာရွင္ျဖစ္​ေနပါတယ္ဆိုတဲ့ Jeonရဲ႕ ​ေကာက္ခ်က္ခ်ျခင္း​ေတြကို စိတ္မဝင္စား။
စိတ္​ေဝဒနာရွင္... ခပ္႐ိုင္း႐ိုင္း​ေျပာရရင္ အ႐ူးတစ္​​ေယာက္ျဖစ္​ေကာင္းျဖစ္လိမ့္မည္။
အခု Jeon လုပ္ရပ္​ေၾကာင့္ သူပို႐ူး​ေကာင္း ႐ူး​ေတာ့မည္။

Jeon သာ ဒီသု​ေတသနအတြက္ သူ႔ကိုအသုံးခ်ဖို႔ ခ်ဥ္းကပ္တာဆိုရင္​ေတာ့ သူတကယ္႐ူးရလိမ့္မည္။

စာ႐ြက္ကို အလိုလိုလွန္​​ေနမိတဲ့ တုန္ရီ​ေနတဲ့ လက္​ေတြရယ္။

'၁၈၆၁ နာတာလူးပြဲ​ေတာ္'

လို႔ ​ေခါင္းစဥ္တပ္ထားတဲ့ စာမ်က္ႏွာရယ္၊ သူထို​ေန႔ကို မွတ္မိသည္။
Jeon နဲ႔ Suzanတြဲက​ေနတဲ့အခ်ိန္ ႏွလုံးသားတစ္ခုလုံး ကြဲ​ေၾကခဲ့ရ​ေသာ​​ေန႔။

​နာတာလူးပြဲ​ေတာ္ၿပီး ​ေနာက္ရက္မွာ သူ Jeonကို အိမ္က ႏွင္ထုတ္တဲ့အ​​ေၾကာင္း​ေရးထားသည္။
ထို​​ေန႔က ခ်ာတိတ္ရဲ႕ စိတ္အ​ေျခအ​ေနက ထူးဆန္း​ေနသည္ဟူ၍လည္း​ေကာင္း၊ ခ်ာတိတ္ကို ​သူနားမလည္ႏိုင္​ေတာ့ဟူ၍လည္း​ေကာင္း စသျဖင့္။

ထို​​ေန႔က Jeonဟာ ​ခပ္ရမ္းရမ္း ေခတ္ပ်က္သူ​ေဌးတစ္​ေယာက္နဲ႔ ​ေတြ႕ခဲ့သည္။
ထိုလူကို ခ်ာတိတ္အ​​ေၾကာင္း ရင္ဖြင့္​ေတာ့ 'ခင္ဗ်ားကို သ၀န္တို​ေနတာလည္း ျဖစ္ႏိုင္တာပဲ၊ တြဲၾကည့္လိုက္၊ ခင္ဗ်ားစာတမ္းအတြက္ သူ႔ကိုလို​ေနတာမလား' လို႔ အႀကံ​ေပးသတဲ့​ေလ။

ဒီလိုျဖစ္မွာကို ​ေၾကာက္​ေပမယ့္ ​ေနာက္ဆုံး​ေတာ့ ျဖစ္သြားခဲ့ၿပီ၊ ​ေသခ်ာသြားခဲ့ၿပီ။
Jeonက သူ႔ဆီမွာ လိုအပ္တာ​ေတြရွိလို႔ ခ်ဥ္းကပ္ခဲ့႐ုံ။

ပထမ​ေတာ့ ၀မ္းနည္းသည္၊ ငိုခ်င္လာသည္။ တ​​ေျဖး​ေျဖး စိတ္အစဥ္က တည္ၿငိမ္လာၿပီး ​ေလမုန္တိုင္းမတိုက္မီ ​ေလၿငိမ္သကဲ့သို႔ ျဖစ္လာသည္။
​ေနာက္ဆုံး ခ်စ္ရသူကို စူးနင့္စြာ နာက်ည္းၿပီး မုန္းျခင္း ခ်စ္ျခင္း ခံစားခ်က္ကင္း​ေန​ေတာ့တာ။

"ခ်ာတိတ္ ကိုယ္ျပန္​ေရာက္ၿပီ"

​ေလွကားထစ္​​​ေပၚတက္လာတဲ့ ​ေျခသံနဲ႔အတူ ခင္ပြန္းျဖစ္သူ Jeon JungKookရဲ႕ အသံရယ္။
သူမ်က္ရည္​ေတြကို ဖိသုတ္ပစ္သည္။

စိမ္းျပာလဲ့​ေနတဲ့ ညႇိဳ႕မ်က္ဝန္း​ေတြက အရင္လို ခ်စ္ရည္႐ႊန္းလဲ့မ​ေန​ေတာ့။
နာနာက်ည္းက်ည္း​ေတာက္ပ​​ေနတဲ့ မီးတစ္ပြင့္လိုသာ။

ထိုင္​ေနရာက ထလိုက္ၿပီး အဆိုပါ သု​ေတသနမူၾကမ္းစာ႐ြက္​ေတြကို လက္ျဖင့္ တင္းတင္းဆုပ္ကိုင္ထားသည္။

'ကြၽီ!'

သံ​ေခ်းတက္​ေန​ေသာ တံခါးပတၱာမွ အသံနဲ႔အတူ..

"ခ်ာတိတ္ ဒီအခန္းမွာ ဘာလုပ္..."

ရႈပ္ကြ ျပန္႔က်ဲ​ေန​ေသာ စာ႐ြက္ရာခ်ီကို ျမင္မွ Jeon JungKookရင္ထဲ မီး​ေတာက္သလို ခံစားခ်က္ ျဖစ္လာ​ေတာ့သည္။
သူဘာမွမ​ေျပာႏိုင္ဘဲ ဆြံအ​ ေနသလို Taehyungကလည္း သူ႔ကို နင့္သည္းစြာ ၾကည့္​ေနခဲ့သည္။

မငို​ေအာင္ တင္းထားရ​ဟန္ရွိ​ေသာ မ်က္ရည္စ​ေတြက မ်က္​ေတာင္​ေပၚမွာ ​ေဝ့သီလို႔။

"ႏွင္း...ႏွင္းဆီ ကိုယ္ရွင္းျပ.."

"ဘာမွလာမရွင္းျပနဲ႔! ခင္ဗ်ားဟာ ဦး​ေလး​ေခၚလာတဲ့လူဆိုတာ သိသိရက္နဲ႔ ခင္ဗ်ားကို ယုံမိတာ က်ဳပ္႐ူးလို႔ပဲ!"

Taehyungအား​ကုန္​ေအာ္ဟစ္​ေန​ေပမယ့္ အသံမွာ ရႈိက္သံ​ေတြပါ​ေနသည္။
​ေျခကုန္လက္ပန္း က်လွၿပီ။

"မ႐ူးပါဘူး...ၿပီး​ေတာ့ ကိုယ္..."

"မ႐ူးဘူး ဟုတ္လား..ဟက္! မ႐ူးတဲ့လူက ခင္ဗ်ားလို စိတ္​ေရာဂါဆရာဝန္ရဲ႕ အစမ္းသပ္ခံ လူနာျဖစ္ခဲ့တာလား ဟမ္.. ​ေျပာစမ္းပါ Jeon JungKookရဲ႕"

Jeon ရဲ႕ အက်ႌစကို ဆြဲကိုင္လႈပ္ရမ္းၿပီး Taehyung စိတ္ထဲရွိသမွ် ​ေျပာမိ​ေတာ့သည္။
ခ်စ္ရသူက ကိုယ့္ကို လိုသလိုသုံးသြားတာမ်ား ရက္ရက္စက္စက္။

ႏွလုံးသားက တ​ေအာင့္​ေအာင့္နဲ႔ ​ေသြးစိမ္းရွင္ရွင္ ထြက္လာ​ေတာ့သည္။

ကိုယ္ကအ႐ူးလို ႐ူး႐ူးမိုက္မိုက္ခ်စ္​​ေနမိတဲ့ တ​ေလွ်ာက္လုံး ခ်စ္ရသူအျမင္က ကိုယ္က စိတ္မက်န္းမာတဲ့ လူနာတစ္​ေယာက္၊ ႀကီးျမတ္လွပါ​ေသာ သု​ေတသနစာတမ္းႀကီးအတြက္ အစမ္းသပ္ခံလူသားတစ္​ေယာက္။

"​ေအာင္ျမင္လား"

"ဟမ္.."

"က်ဳပ္ကို ကုသတာ ​ေအာင္ျမင္သြားလား။ ခင္ဗ်ားရဲ႕ စာတမ္းက​​ေရာ အ​ေတာ္ခရီး​ေရာက္​ေနရဲ႕လား"

"ခ်ာတိတ္မွာ စိတ္​ေဝဒနာရယ္လို႔မရွိ​​ေတာ့ပါဘူးကြာ။ ၿပီး​ေတာ့ စာတမ္းကလည္း ဒီ​ေန႔ ၿပီးသြားပါၿပီ။
​ေနာက္ ကိုယ္ခ်ာတိတ္ကို ခ်စ္တာကလည္း..."

Taehyung လက္ကာျပလိုက္လွ်င္ JungKook စကား​ေတြ ရပ္တန္႔သြားရသည္။
ခ်စ္ျခင္း​ေမတၱာ စိတ္ခံစားခ်က္အ​ေၾကာင္း​ေတြ ထပ္မၾကားလို​ေတာ့။
ဒီလူနဲ႔ သူ႔​ေရစက္က ျပတ္ခ်င္​ေတာ့လည္း တိခနဲ။

"အလုပ္​ေတြရႈပ္​ေနခဲ့တာ စာတမ္း​​ေၾကာင့္ကိုး..။ က်ဳပ္က ခင္ဗ်ားအတြက္ ဟာသႀကီး​ေပါ့။ ​ေခတ္ပ်က္သူ​ေဌးတစ္​ေယာက္ရဲ႕ အႀကံ​ေၾကာင့္ က်ဳပ္ကို ​ေျခ​ေတာ္တင္.."

"မဟုတ္ပါဘူး ခ်ာတိတ္ရယ္။ ကိုယ္ရွင္းျပတာကို ခဏ​ေလး... စကၠန္႔ပိုင္း​ေလာက္ပဲ နား​ေထာင္​ေပး ​ေနာ္"

"ထြက္သြား!"

​ေျဖရွင္းခ်က္​ေတြ ထြက္က်လာသမွ်က အလိမ္အညာျဖစ္လိမ့္မည္။
ဒါ​ေတြကို ဆက္နား​​​ေထာင္​ေနရင္ သူ႐ူးလို႔...။

အခုပင္ သူ႐ူး​ေနၿပီ သြက္သြက္ခါ​တဲ့ လကၡါဏာ​ေလး မျပ႐ုံတမယ္။
႐ူး​ေနတဲ့ ​ေကာင္​ေလးနဲ႔ Jeon ဘယ္လိုမ်ား ​ေပါင္းသင္းခဲ့တာလဲကြယ္။

​ေသြးသားခ်င္း ရင္းႏွီးခဲ့ၾကတာလည္း အႀကိမ္ႀကိမ္။

Jeon ကို ထပ္မျမင္ခ်င္​ေတာ့... ဒီဘဝ ဒီမွ် စိတ္ဒဏ္ရာက ႀကီးမားလြန္းလွသည္။

တကယ္တမ္း သူ႔ဘဝမွာ အားကိုးရာလူဟူ၍လည္း မရွိပါ​ေလ..။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue Reading

You'll Also Like

2K 135 5
A young cute couple, who wanted interesting things to happen in their life,ends up being in a live in relationship.Let's see how they navigate the up...
963K 22K 49
In wich a one night stand turns out to be a lot more than that.
470K 31.7K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
222K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...