'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆ...
By Kyar_nge
29.2K 2K 61
_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်‌ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အ... More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း (၁၃)
အပိုင်း(၁၄) [final]
အပိုင်း(၁၂)
1.3K 113 0
By Kyar_nge
Uni
_______________
" မမရယ် ထွေး မဟုတ်တာတွေ လုပ်နေတာမှ မဟုတ်ဘဲဟာ "
"အမလေးရတနာ ! ဟမ် နင် !"
စကားတွေ ဆက်မထွက်လာတော့တဲ့ မမဟာ စတီခုံပေါ်မှာ တအံ့တဩ ဖြစ်နေလေရဲ့
မမသည် ထွေးအား တားချင်နေပုံပါ
ဖြစ်နိုင်ရင် မမဟာ ထွေးကို မန္တလေး ကိုခုဘဲခေါ်သွားချင်ပုံ
" နင်က ငါပြောထားရဲ့နဲ့ !"
" ထွေးက မမ စကား နားမထောင်တာလည်း မဟုတ်ပါဘူး "
" စကားနားမထောင်တာထက် နင်လုပ်လိုက်တဲ့ ပြဿနာဟာ ဘယ်လောက်ကြီးလဲ သိရဲ့လား"
ခေါင်းငုံနေတဲ့ ထွေးဟာ သူ့ အမဖြစ်သူအား မော်မကြည့်ရဲခဲ့ပါ
ချစ်ကြောက်ရိုသေဆိုသလို မမကို မေမေ့ ထက်ထွေးပိုကြောက်ရပါသေးသည်။
အခုလည်းရန်ကုန်ထိ တကူးတက လိုက်လာပုံ ထောက်ရင်တော့ မမက ‌ထွေးမပါဘဲ အိမ်မပြန်မယ့်ပုံ
" ချစ်မိတာ အပြစ်လား "
" ချစ်မိတာအပြစ်မဟုတ်ပေမယ့် အေးနင်ချစ်လိုက်တာက မိန်းမ လေ တစ်ယောက်တောင်မဟုတ်ဘူး နှစ်ယောက်ဟဲ့နှစ်ယောက်!"
" အိုမမရယ်အချစ်မှာ မျက်လုံးပါလို့လား"
" မိရတနာ ဒါ ဇာတ်ကား ရိုက်နေတာမဟုတ်ဘူး!!နင့်မှာ ဦးနှောက်မရှိဘူးလားဟမ် အခု ငါတို့ မိသားစု အပြောအဆို ခံနေရတာရော သိရဲ့လား မေမေဆို ခုထိ ငိုနေတုန်း နင်မို့လို့ "
မမသည် ထွေး၏ နားထင်အား ခပ်နာနာထောက်ရင်း ဆိုနေသော်လည်း ထွေးထံတွင်ပေးစရာ အဖြေ မရှိခဲ့ပါ
ဒီအခြေအနေတွေက ရင်ဆိုင်ဖို့ ခက်ခဲမယ်မှန်း ကြိုတွေးခဲ့သော်လည်း လက်တွေ့က ပို ခက်ခဲမှန်း ထွေး နားလည်လိုက်သည်။
" သူက နင့်ကို အများကြီးမျှော်လင့်ထား*sob*
ခုလို လုပ်နေဖို့မှမဟုတ်တာ "
"...."
မမမျက်ရည်တွေ တွေ့သောအခါ ထွေးတွင် မျက်ရည်ကျဖို့ အခွင့်မရှိခဲ့ပါချေ
ဤ သဘောတရားသည်ငယ်စဉ်ကတည်းကပင် အရာရာ မြိုသိပ်နေခဲ့ရတဲ့ ထွေးတွင်လည်း ရင်တွင်း ဒဏ်ရာ ချက်ပေါင်းများစွာ
ဒီတစ်ခါတော့ဖြင့် ထွေးသည် မိသားစုအလို မလိုက်နိုင်တော့ပါ ထွေး၏ နွေဦးလေးများကို ထွေးကိုယ်တိုင် အဝေး မပို့ ချင်မိပါ။
" တစ်ခုခု ပြောစရာမရှိတော့ဘူးလား ရတနာ"
" တောင်းပန်ပါတယ် ထွေးဘယ်တော့မှ ဒီ အမျိုးသမီးနှစ်ယောက်ကို ထားခဲ့မှာမဟုတ်လို့ ဒီက ညမမိုက်ကို ထားခဲ့ပါတော့ မမရယ်"
" ရတနာရာ ...နင် မို့ နင်မို့ "
လက်ညိုးတစ်ထိုးထိုးနဲ့ မမဟာ
မျက်ရည်တွေကို အကြမ်းပတမ်းသုတ်နေသည်မို့ သူ(မ)ပါးဖွေးဖွေးလေးများ ပွန်းပဲ့သွားမည်ကို ထွေးစိုးရိမ်လိုက်ရသေး
နာနာကျည်းကျည်း ကြည့်လာတဲ့ မမဟာ ထွေးနှလုံးသားထဲ စကားအချို့ ရိုက်ထည့်ပြီးနောက် ထွက်ခွာသွားတော့သည်။
" နင်က ငါ့ညမ မဟုတ်တော့ဘူး !"
" ထွေးဟာ မြတ်နိုးရတဲ့ အမျိုးသမီးနှစ်ယောက်ကို ပိုင်ဆိုင်ချင်ခဲ့ယုံပါ "
သနပ်ခါးဖွေးဖွေးများ လိမ်းခြယ်ထားသော ပါးပြင်၌ မျက်ရည်စီးကြောင်း နှစ်ခု နေရာယူသွားသော်လည်း ရှိုက်သံတွေတော့ ထွက်မလာခဲ့ပါချေ။
မမဟာ အချိန်ကိုက်ကိုရောက်လာတာ
ထို အမျိုးသမီး နှစ်ယောက် အိမ်မှာ မရှိတုန်း ရောက်ချလာတာ မဟုတ်ရင် ပြဿနာတွေ ဖြစ်ကြအုံးမှာ ထွေး စိုးထိတ်ရပါသည်။
" ထွေးငယ် !!"
"ဟင့် အဝေ "
အိမ်ဝမှာ ရောက်ရောက်ခြင်း ဒေါကြီးမောကြီး ထွက်လာတဲ့ ထွေးငယ်ရဲ့ အမဖြစ်သူ တွေ့တာကြောင့် အဝေမှာလက်ထဲက အထုပ်တွေ ယွန်းထဲ အင့်ခနဲ ပစ်‌ေပးကာ ‌ဝင်လာတော့ ဧည့်ခန်းမှာ ထိုင်ငိုနေတဲ့ အမျိုးသမီးကို တွေ့လိုက်ရတော့သည်။ တစ်ကယ်တော့ ထွေးငယ်က အချွဲကလေးပင် ခုလည်း ကလေးလေးလို ရင်ခွင်ထဲ ဝင်ငိုနေပြန်
" ထွေးကိုဘာတွေ ပြောသွားသေးလည်း "
"ဟင့်အင်း ဟင့်အင်း ထွေး မပြောချင်ဘူး"
အယွန်းက ဝင်လာပြီး မေးသည်ကိုပင် မဖြေချင်တဲ့ထွေးဟာ အဝေ့ ရင်ခွင်ထဲကနေ ခေါင်းကိုသာ အဆက်မပြက် ခါရမ်းနေခဲ့သည်။
တစ်ခါတစ်လေတော့များ အချို့ပြဿနာတွေကို သုံးယောက်အတူ ဖြေရှင်းချင်တဲ့ ကိစ္စကို ထွေးအား နားလည်အောင် ဘယ်လို ပြောရမလည်း အဝေရော ယွန်းရော မ‌သိပေ
" အင့် အဝေ...!"
" ယွန်း အဲ့တာတွေနေရာ တကျထားပြီး လိုက်ခဲ့လိုက်တော့ "
" အင်း "
အဝေသည် အမျိုးသမီးငယ်ကို
တယုတယ ပွေ့ချီလိုက်တဲ့အခါ မျက်လုံးမှိတ်ပြီးအတင်း ခေါင်းရမ်းနေသော ထွေးမှာ အထိတ်ထိတ် အပြာပြာ
ယွန်းသည် အဝေ့အားခေါင့်ငြိမ့်ပြီးတာနဲ့
ဝယ်လာတဲ့ ပစ္စည်း အစုံအလင်ကို မီးဖိုချောင်ထဲ နေရာတကျသွားထားလေရဲ့
" အရာရာကို တစ်ယောက်တည်း မမြိုသိပ်ပါနဲ့လား ထွေးငယ် "
" ဟင့်အင်း ထွေး မြို မသိပါဘူး အဝေ"
ပြောရခက်တဲ့ အမျိုးသမီးဟာ နားလည်ရဲ့သားနဲ့ တမင်ရူးချင်ယောင် ဆောင်နေခြင်းသာ
စကားကို အပိတ်ပြောလာတဲ့ အမျိုးသမီးကြောင့် အဝေမှာ ဘာမှ မပြောတော့ဘဲ သက်ပြင်း ချယုံလေးတင်
အခန်းဝက ယွန်းမှာလည်း အထဲက ပုံရိပ်ကို
ခပ်ထွေထွေလေးငေးကြည့်နေမိသည်။
အမျိုးသမီးသုံးယောက်က ချစ်ကြိုက်နေပါတယ်ဆိုတဲ့ အခြေအနေကို ရင်ဆိုင်ရမှာ ခက်ခဲမယ်မှန်း သူတို့ သုံးယောက်လုံး သိကြပါသည်။
" အဝေ ဘာလို့ ပါးပါးလုပ်ငန်းထဲ ဝင်လည်း သိလားထွေးငယ် "
ခေါင်းရမ်းပြလာတဲ့ ထွေးငယ်ဟာ  အဝေ၏ ရင်ခွင်ထဲတွင် လက်သည်းတွေ ကို စိတ်လှုပ်ရှားတိုင်းဖိကိုက်နေတာမို့ လက်‌ကလေးတွေထိခိုက်မသွားဖို့ရာယွန်းမှာ တားရသေး
ယွန်းအခန်းထဲ ဝင်လာတာတွေ့တာနဲ့ အဝေ့ဟာ လွတ်နေတဲ့သူ့ရဲ့ တစ်ဖက်ခြမ်းကို လက်နဲ့ ပုတ်ပြကာလှမ်းခေါ်သည်။
အခုတော့ အဝေ့၏ တစ်ဖက်တစ်ချက်တွင် ချစ်သော အမျိုးသမီးနှစ်ယောက် ရှိနေလေပြီဖြစ်သည်။
" အဝေ ပိုက်ဆံစုမလို့ "
"ပိုက်ဆံ စုမလို့ ? "
သံယောင်လိုက်မေးလာတဲ့ ထွေးဟာ ချစ်စရာပေမို့ အဝေတစ်ယောက် ပြုံးလိုက်မိသေး
တစ်ကယ်တော့ ဒီ အမျိုးသမီးက ဘယ်လိုနေနေချစ်စရာကောင်းနေခဲ့တာပါ
ငြိမ်ငြိမ်လေး နားထောင်နေတဲ့ ယွန်းကတော့သူ့ဘဝရဲ့ စိမ့်စမ်းရေလေး အေးချမ်းပြီး လှပလွန်းတယ်
"အင်းလေ ဒီ အမျိုးသမီးနှစ်ယောက်ကို တင့်တင့်တယ်တယ် ထားနိုင်ဖို့ အတွက် အဝေ ပိုက်ဆံ စုရမယ်လေ ခင်ဗျားလေးတို့ရယ် "
"‌အဝေ~~"
"ဆောင်း~~"
ခပ်ချွဲချွဲ ပြိုင်တူ ချစ်စရာ
အသံလေး နှစ်ခုနဲ့အတူ
အဝေ့ ရင်ခွင်ထဲ ပို တိုးဝင်လာတဲ့ အမျိုးသမီးနှစ်ယောက်ဟာ အသဲယားစရာပေမို့ အဝေ့မှာ ရယ်လိုက်မိပါသေးသည်။
လုံလောက်တယ် အရာရာ စွန့်လွှတ်ရမယ် ဆိုရင်တောင် ဒီ အမျိုးသမီးနှစ်ယောက်ကို ပိုင်ဆိုင်ရမယ်ဆို အဝေ ဂရုစိုက်ဘူး ဘာကိုမှ
" ထွေးတို့ အတူ ကြိုးစားကြမယ်လေ"
"ဟုတ်တယ် ကိုယ်တို့ အတူကြိုးစားရအောင်ဆောင်း "
"ဟုတ်တာပေါ့ အမျိုးသမီးတို့ရယ် အချစ်တွေနဲ့ အတူ ကြိုးစားကြတာပေါ့"
အဝေ့သည်သူ့ လက်မောင်း ကြား တစ်ဖက်ဆီမှာ ရှိနေတဲ့ အမျိုးသမီးနှစ်ယောက်ကို ပါးပြင်မို့မို့လေးတွေ အသာ နမ်းရှိုက်မိတော့ ပြုံးရယ်လာတဲ့ အမျိုးသမီးနှစ်ယောက်ဟာ ပြိုင်တူဘဲ သူ(မ) ပါးပြင်ကို နမ်းရှိုက်လာတော့သည်။
"ချစ်လိုက်ရတာ ခင်ဗျားလေးတို့ရယ်"
"ပိုချစ်ရပါတယ်ဗျာ"
"ပိုချစ်ရပါတယ် "
အဝေသည် အမျိုးသမီး နှစ်ယောက်ကို
အသဲယားစွာ တင်းတင်းကျပ်ကျပ် ဖက်မိရင်းပြောတော့
ထပ်မံ ပြိုင်တူ ထွက်လာတဲ့ စကားသံနှစ်ခုကြောင့် အခန်းထဲ ရယ်သံတွေ ခပ်ဟဟ ဖုံးလွှမ်းသွားတော့သည်။
ဒီ အမျိုးသမီးတွေ အတွက်ဆို ဘယ်လို ပြဿနာဘဲလာလာ  ရင်ဆိုင်တော့မည်ပင်
အကြောက်တရားတော့ရှိတာပေါ့ ဒီ အမျိုးသမီးနှစ်ယောက်ကို ဆုံးရှုံးလိုက်ရမှာပင်
_________________
Words- 1283
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge
__________________
Zawgyi
_______________
"အမလေးရတနာ ! ဟမ် နင် !"
" နင်က ငါပြောထားရဲ့နဲ့ !"
" ချစ်မိတာ အပြစ်လား "
"...."
" ထွေးငယ် !!"
"ဟင့် အဝေ "
" အင့် အဝေ...!"
" အင်း "
" အဝေ ပိုက်ဆံစုမလို့ "
"ပိုက်ဆံ စုမလို့ ? "
"‌အဝေ~~"
"ဆောင်း~~"
အသံလေး နှစ်ခုနဲ့အတူ
"ပိုချစ်ရပါတယ်ဗျာ"
"ပိုချစ်ရပါတယ် "
_________________
Words- 1283
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge
__________________
Continue Reading
You'll Also Like
293K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
431K 16.2K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
420K 30.4K 33
PDF file available! including Extra 1+2 စိန်ပန်းတွေပွင့်တဲ့ နွေတစ်နေ့မှာ နှလုံးသားထဲ မြတ်နိုးမှုတို့ စတင်အမြစ်တွယ်ခဲ့ကြတယ်... အချစ်အကြောင်း‌ကောင်းကော...