'ဝဲ'

Par La_Yaung_Nge01

96.8K 3.6K 142

အဝါရောင်ကျူးလစ်ပန်းလေးရဲ့ အဓိပ္ပာယ်က Hopeless loveတဲ့💛 အဝါေရာင္က်ဴးလစ္ပန္းေလးရဲ႕ အဓိပၸာယ္က Hopeless loveတဲ့💛 Plus

Intro
Part 1(U & Z)
Part 2(U & Z)
Part 3 (U & Z)
Part 4 (U & Z)
Part 5 (U & Z)
Part 6 (U & Z)
Part 7 (U & Z)
Part 8 ( U & Z )
Part 9 ( U & Z )
Part 10 ( U & Z )
Part 11 ( U & Z )
Part 12 ( U & Z )
Part 13 ( U & Z )
Part 14 ( U & Z )
Part 15 ( U & Z )
Part 16 ( U & Z )
Part 17 ( U & Z )
Part 18 ( U & Z )
Part 19 ( U & Z )
Part 21 ( U & Z )
Part 22 ( U & Z )
Part 23 ( U & Z )
Part 24 (Final)

Part 20 ( U & Z )

3.3K 111 2
Par La_Yaung_Nge01

သူရဲ့သွားသေးသေးလေးတွေကိုပေါ်အောင် ရီ(ရယ်)ပြပြီး သူ့အနားမှာ ဝဲနေတဲ့ ကောင်မလေးတွေနဲ့ စကားပြောနေသည်။ ကောင်မလေးတွေနဲ့
အတူရှိနေရင် ကျုပ်အရမ်း သဝန်တိုတာပဲ။ စကားပြောရင်တောင်မကြိုက်ဘူး။

fan girlလေးတွေနဲ့ စကားပြောပြီး ဓာတ်ပုံရိုက်နေတာကို မနေ့ကတွေ့ခဲ့တဲ့ ဟိုလူကြီးကကားထဲကနေ ကြည့်နေတယ်။ဘာလဲ အဲ့လူကြီးက ကျနော့်ကို
နောက်ယောင်ခံလိုက်နေတာလား?။

"ကျူးလစ် အဆင်သင့်ဖြစ်ရင် ဓာတ်ပုံရိုက်တာ စကြမယ်နော် ကင်မရာမန်း ရောက်နေပြီ"
[ကင်မရာမန်း(cameraman)]

"လာပြီ ကိုထူးအောင်ရေ"

အဲ့အပြုံး! ကိုယ်ကလွဲပြီး တစ်ခြားသူစိမ်းတွေကို မပြုံးပြသင့်ဘူး။

ကားပေါ်ကဆင်းကာ အတွင်းရေးမှူးနှင့်အတူ ဆိုင်ထဲဝင်လာလိုက်သည်။အထဲရောက်တော့
ကျူးလစ်ရဲ့ shooting က စနေပြီ။ ထိုင်ခုံပေါ်
မှာ black coffeeသောက်ရင်း အေးဆေး
ထိုင်ကြည့်နေလိုက်တော့သည်။

"ဟိုဘက်လေးနည်းနည်းလှည့်မယ် ဟုတ်ပြီ
အဲ့အတိုင်းလေး ချပ်! ချပ်! နောက်တစ်ပုံ..."

ကျူးလစ်နှင့် ကြွေရုပ်နဲ့ကြားမှာ မတူညီတဲ့
အချက်တွေရှိတယ်။ကြွေရုပ်က ဓာတ်ပုံရိုက်ရမှာ ရှက်လွန်းတယ်...ကျူးလစ်ကတော့ ဓာတ်ပုံရိုက်တဲ့နေရာမှာ ဆရာကျလွန်းတယ်။ ကြွေရုပ်ကစကား
သိပ် မပြောပေမယ့် ကျူးလစ်ကတော့ သာလိကာလိုပဲ စကားများလွန်းအားကြီးတယ်။

ဓာတ်ပုံရိုက်ပြီးတော့ အဝတ်အစားလဲမယ်
လုပ်တော့ ကော်ဖီသောက်ရင်း ကျနော့်ကိုကြည့်နေတဲ့ ဟိုလူကြီးကိုတွေ့လိုက်ရတယ်။ သူ့ကို
နှောင့် ယှက်မှူနဲ့တရားစွဲလိုက်ရမလား။
ကျနော်လည်း သူရှေ့ကထိုင်ခုံပေါ်မှာထိုင်
လိုက်ပြီး စကားပြောမလို့ကို သူက...

"ကျုပ်က SK Entertainment CEOပါ
ကိုယ်မင်းကိုသတိထားမိနေတာကြာပြီ မင်းရဲ့
လုပ်ပုံကိုင်ပုံတွေကို သဘောကျလို့ ကိုယ့်ရဲ့
ကုမ္ပဏီနဲ့မင်းကို စာချုပ်ချုပ်ချင်လို့ပါ"

"ဗျာ!"

ကျနော်တကယ် ဆွံ့အသွားခဲ့တယ် SK Entertainment က ကျနော်နဲ့စာချုပ်ချင်လို့တဲ့။ အိမ်မက်များမက်နေတာလား?
ကျနော်ကလည်း CEOကို နှောင့်ယှက်တဲ့သူလို့ ထင်ခဲ့မိတယ်။ ကျနော်လည်း ဘာလုပ်ရမလဲမသိတာကြောင့် ကျနော့်ရဲ့မန်နေဂျာကိုထူးအောင် ကိုခေါ်လိုက်တော့ သူက ကျနော့်ကိုခေါင်းငြိမ့်ပြ တယ်။အဲ့တာကြောင့် စာချုပ်မှာလက်မှတ်ထိုးလိုက်သည်။

"နာမည်ကြီးကြော်ငြာတွေကို တစ်ခြားသူထက် မင်းကိုအရင်ပေးမယ် ဒါပေမယ့် မင်းငါ့ကို
ပြန်လုပ်ပေးရမှာ၁ခုရှိတယ်"

"ဘာလုပ်ပေးရမှာလဲဗျ"

"မင်းရဲ့အချိန်စာရင်းထဲမှာကိုယ့်အတွက် အချိန်၂နာရီချန်ထားပေးရမယ်"

"အဲ့တာက...ရလောက်ပါတယ်"

"မနက်ဖြန် ငါ့ရုံးခန်းကိုလာခဲ့"

ပြောပြီး ဆိုင်ထဲကထွက်လာခဲ့လိုက်သည်။
ကျုပ်က အားတဲ့သူမဟုတ်ဘူး အစည်းအဝေး
ရှိသေးတယ်။ ကျူးလစ်ဆိုတဲ့တစ်ယောက်ကတော့ ပါးစပ်လေးဟောင်းလောင်းနဲ့ကျန်ရစ်ခဲ့သည်။အစည်းအဝေးကို သွားတဲ့လမ်းမှာ
ဖုန်းဝင်လာခဲ့သည်။တစ်ဖက်လူပြောတဲ့စကားက 'ကြွေရုပ်လွှာ မသေဘဲ အသက်ရှင်နေသေးတယ်'တဲ့။

ကျူးလစ်ဆိုတဲ့ကောင်လေးက ကိုယ်ချစ်ရတဲ့
ကြွေရုပ်ဖြစ်နေတာလား။

ကိုယ်လေ..မင်းကိုလွမ်းနေခဲ့တာ။မင်းကိုအချိန်
အကြာကြီး ဖက်ထားချင်ခဲ့မိတယ်။
ကိုယ်လေ..မင်းမသေသေးဘူးဆိုတာသိတော့
ကိုယ့်ရဲ့မျက်ရည်တွေထိန်းမရအောင် ကျနေခဲ့တယ်။ ယောင်္ကျားရင့်မာကြီးတစ်ယောက်
မျက်ရည်ကျတယ်ဆိုတာက လူတစ်ယောက်ကို
အရမ်းချစ်နေမိလို့ပဲ။

                             _ _ _

ဒီနေ့လည်း အရင်လိုသာမာန်နေ့လေးတစ်နေ့ပဲ။ ဒီနေ့တော့ ပုံမှန်ထက် အစောကြီးနိုးပြီး
မီးဖိုချောင်ထဲ ခုန်ပေါက်ရင်း သီချင်းတွေ
အကျယ်ကြီးအော်ဆိုနေလို့ အဖိုးကတောင် လာဆူသေးတယ်။ မနက်စာစားပြီးသွားတာနဲ့ လွယ်အိတ်ကိုယူပြီး Taxiငှားကာ
SK Entertainmentကိုလာခဲ့လိုက်သည်။

နဂိုကထင်ထားတာထက်ကို ပိုပြီးတော့တောင်
ခမ်းနားနေသေးသည်။ ကျနော်ကတော့
'တောသား မြို့ရောက်ဆိုသလို' ကုမ္ပဏီထဲက
အရာရာကို လိုက်ကြည့်နေမိတော့သည်။
အဲ့အချိန်မှာ ကောင်မလေးတစ်ယောက် ကျနော့်စီ ချဉ်းကပ်လာသည်။

"ကြွေရုပ်..နင်မသေဘူး ဟုတ်လား တစ်ကယ်ပဲ နင်လား"

"လူမှားနေတယ်ထင်တယ်ဗျ ကျနော်က
ကြွေရုပ်မဟုတ်ဘူး ကျနော်နာမည်က
ကျူးလစ်ဝါပါ"

"မလိမ်ပါနဲ့ အသံကစ ဒီလောက်တူနေတာကို
နင်မမှတ်မိဘူးလား ငါ Mapleလေ"

"ကျနော်သွားတော့မယ်"

ဘယ်လိုလူတွေလဲမသိဘူး ဒီလောက်လူမှားနေတာကို ဘာလို့ကြွေရုပ်လို့ပဲခေါ်နေတာလဲ။ ကျနော်
လည်း အဲ့ကောင်မလေးကို ထားခဲ့ပြီး CEOရဲ့ရုံးခန်းရှိရာနေရာကို ထွက်လာခဲ့သည်။
CEOရဲ့အခန်းရှေ့ရောက်တော့ အတွင်းရေးမှူးလို့ ထင်ရတဲ့ကောင်မလေးတစ်ယောက်က CEOမရှိသေးလို့ အခန်းထဲမှာ ခနစောင့်နေဖို့ပြောတယ်။

CEOမရှိတုန်း အခန်းထဲဝင်ပြီး လျှောက်
ကြည့်နေရင်း စားပွဲပေါ်က ဓာတ်ပုံဘောင်တစ်ခုကို တွေ့လိုက်ရတယ်။ ဓာတ်ပုံထဲက
လူ၂ယောက်မှာ ၁ယောက်က CEOဖြစ်ပြီး
နောက်တစ်ယောက်ရဲ့မျက်နှာက ကျနော်နဲ့ တူလွန်းနေသည်။ သူကဘယ်သူလဲ။ အတွေးတွေ
များနေတုန်း အနောက်ကနေ အသံကြား
လိုက်ရတယ်...

"အဲ့တာက ကိုယ့်ရဲ့ ခင်ပွန်းသည် နာမည်က
ကြွေရုပ်လွှာတဲ့ လွန်ခဲ့တဲ့၄နှစ်ကဆုံးသွားတာ"

"ဒါနဲ့သူက ကျနော်နဲ့တူတယ်နော်"

"ဟုတ်တယ်မျက်နှာချင်းတူပေမယ့် အပြုအမူတွေကမတူဘူး သူကသနားကြင်နာတတ်ပြီး အေးအေးဆေးဆေး နေတတ်တယ် ပြီးတော့ ဓာတ်ပုံရိုက်ရမှာလဲအရမ်းရှက်တယ် မင်းလိုတော့မဟုတ်ဘူး"

အမလေး သူ့ခင်ပွန်းအကြောင်းပြောတာကို ဘာလို့ကျနော်နဲ့လာယှဉ်ပြီးနှိုင်းနေတာလဲ။ ကြွေရုပ်လွှာဆိုတဲ့နာမည်ကြားရင် ကျနော့်စိတ်ထဲမှာ တစ်မျိုးကြီးပဲ။

"ဘာလုပ်ဖို့ ကျနော့်ကိုခေါ်တာလဲ"

"ဘုရားသွားပြီး မင်းနဲ့အတူတူရှိနေရပါစေလို့ ဆုတောင်းမလို့"

"ဟမ်"

ဘယ်လိုလူလဲမသိဘူး သူ့ခင်ပွန်းနဲ့နည်းနည်း
တူတာကို လူကိုအပိုင်သိမ်းချင်နေတယ်။
ကျူးလစ်ဝါစိတ်ထိန်း သူက ငါ့ရဲ့အလုပ်ရှင်။

ကြောင်အမ်းအမ်းဖြစ်သွားသော ကောင်လေးကို
ကြည့်ပြီး ရီချင်စိတ်ကို မနည်းထိန်းထားရ
တယ်။ရုံးခန်းထဲကနေ သူ့ကိုခေါ်ကာ နေ့လည်စာစားဖို့ စားသောက်ဆိုင်ကိုခေါ်လာလိုက်တယ်။
ကျူးလစ်က ကြွေရုပ်ဖြစ်နိုင်မယ်ထင်လို့ အရင်က သူနဲ့အတူတူရှိခဲ့တဲ့အမှတ်တရတွေကို ပြန်မှတ်မိအောင် လုပ်ရမယ်။

"မင်းကလဲ ဖြည်းဖြည်းစားစမ်းပါ ငတ်နေတဲ့ပုံစံနဲ့"

"ဟုတ်တယ် ဒီလိုမစားရတာ ၁ပတ်လောက်ရှိတော့
မယ်"

ပြောပြီးခါမှ စိတ်မကောင်းတောင်ဖြစ်သွား
တယ်။ စားနေတာလဲကြည့်အုန်း
ပလုတ်ပလောင်းနဲ့ ပါးစပ်ထဲမကုန်သေးဘူး
နောက်တစ်လုပ်ကို ထပ်ထည့်နေသေးတယ်။
ကြွေရုပ်ဆို အစာစားရင် အိန္ဒြေနဲ့စားတာ
သူ့လိုမဟုတ်ပါဘူး။ စားသောက်ပြီးတာနဲ့
ကျူးလစ်ကိုအိမ်ခေါ်သွားဖို့ ပြင်လိုက်တယ်။
ကားပေါ်မှာတောင် ငြိမ်ငြိမ်မနေဘဲ
သီချင်းညဉ်းနေသေးသည်။ ခြေထောက်ကလဲ
လှုပ်စိလှုပ်စိနဲ့ သူကိုကြည့်လိုက်ရင် အပြစ်ပြော စရာတွေချည်းပဲ။

"CEOရဲ့ အိမ်ကြီးက အကြီးကြီးပဲ ဟိုမှာလဲ
ကျူးလစ်ပန်းတွေရှိသေးတယ်"

"ဟုတ်တယ် ကြွေရုပ်က ကျူးလစ်ပန်းတွေကို
ကြိုက်လို့ စိုက်ထားတာ"

ကျူးလစ်ခင်းတွေ၊ ပန်းပင်တွေ၊ဤအိမ်စသည့် အရာရာဟာ ကျနော်နဲ့အကျွမ်းတဝင်ရှိနေတယ် လို့ခံစားနေရတယ်။ကျနော်ခေါင်းထဲတွင် ပေါ်လာသော အချို့သောပုံရိပ်တွေ..။ အိမ်ထဲကို
ဝင်လိုက်တာနဲ့ ရုတ်တရက် ကျနော့်ခေါင်းတွေ
ကိုက်လာပြီး...

CEOနဲ့ကြွေရုပ်လွှာရဲ့ရီမောနေသောပုံရိပ်တွေ၊ ချစ်ကြည်နူးနေသော ပုံရိပ်တွေ၊ စကားများနေသောပုံရိပ်တွေ၊ကောင်လေး၂ယောက် မင်္ဂလာဆောင်တဲ့ပုံရိပ်တွေဟာ ခေါင်းထဲပြည့်နှက်လို့ လာသည်။
ခေါင်းကို လက်နှင့်ဖိကာ ထုရိုက်နေလိုက်တော့သည်။ခေါင်းတွေအ​ဆက်မပြတ်ကိုက်လို့
နေပြီး မျက်လုံးတွေလေးလာကာ ထိုနေရာမှာပဲ
မေ့လဲသွားတော့သည်။မေ့မလဲခင်
တစ်စုံတစ်ယောက် 'ကြွေရုပ်'လို့ ခေါ်နေသံကိုကြားလိုက်ရသည်။

"ကြွေရုပ်..ကြွေရုပ်"

လဲကျသွားသော ကြွေရုပ်ရဲ့ခန္ဓာကိုယ့်ကို ပွေ့ချီကာ အခန်းထဲသို့ခေါ်သွားလိုက်သည်။
ကုတင်ပေါ်မှာ တင်ပြီးတာနဲ့ ဆရာဝန်ကို အိမ်လာဖို့
ဖုန်းခေါ်လိုက်တယ်။ ကြွေရုပ်ရဲ့မေ့လဲနေသော ခန္ဓာကိုယ်ကိုကြည့်ကာ လွန်ခဲ့တဲ့ လေးနှစ်က
ကြွေရုပ်သေဆုံးသွားသော ပုံရိပ်ကို
ပြန်မြင်ယောင်လာပြီးမျက်ရည်ကျလို့နေသည်။

တစ်ယောက်လက်တစ်ယောက်ဆွဲပြီး
ကျူးလစ်ပန်းခင်းထဲမှာ ပြေးလွှားနေသော
ကောင်လေးနှစ်ယောက်။ ထိုကောင်လေး
နှစ်ယောက်ဟာ ရီမောနေရင်း 'ကြွေရုပ်'ဆိုတဲ့
ကောင်လေးကို ဘယ်ကရောက်လာမှန်းမသိတဲ့
ကားတစ်စီးက ဝင်တိုက်လိုက်သည်။

"အား...!"

"အိမ်မက်ဆိုးတွေမက်နေတာလား"

ဇောချွေးတွေပြန်ကာ အိပ်ယာကနေ လန့်နိုးလာသော ကောင်လေးရဲ့လက်ကို ကိုင်ရင်း
ကျောကုန်းကိုပွတ်သပ်ပေးလိုက်တယ်။

"၇နာရီတောင်ထိုးနေပြီ ကျနော်ပြန်တော့မယ်"

လက်မှာထိုးထားတဲ့ ဆေးပိုက်ကို ဆွဲပြုတ်ပြီး
ကုတင်ပေါ်ကဆင်းရင်း လွယ်အိတ်ကိုယူကာ အခန်းထဲက မြန်မြန်ထွက်လာလိုက်သည်။ အခန်းပြင်လဲရောက်တော့ နောက်ကနေ
ဆွဲဖက်ခြင်းခံလိုက်ရသည်။

"ဘာလုပ်တာလဲ လွှတ်ဗျာ"

"မသွားလို့မရဘူးလား ဒီတစ်ညတော့ ကိုယ်နှင့် အတူတူနေပေးပါလား ကိုယ်မင်းကိုအရမ်း
လွမ်း နေလို့ပါ"

"ဘာစကားတွေပြောနေတာလဲ ကျနော်က ခင်ဗျားထင်သလို အတန်းစားမဟုတ်ဘူး!"

ပြောပြီး အိမ်ထဲကနေ မြန်မြန်ပြေးထွက်လာ
လိုက်တယ်။ ခြံဝနားလဲရောက်ရော တွေ့ရာ Taxiပေါ်တက်ကာ အိမ်ပြန်လာလိုက်သည်။
၄နှစ်လုံးလုံးအတိတ်မေ့နေတာတောင် သူ့အနား
ပြန်ရောက်တာနဲ့ မေ့ထားတဲ့အတိတ်တွေတောင် သတိပြန်ရလာပြီ။ အခုထက်ထိ ကျနော့်ကို
စောင့်နေတုန်းပဲလား ကိုစိုင်းရယ်။ ကျနော်
ကိုစိုင်းကို အရမ်းမုန်းတယ်ဆိုတဲ့စကားကိုကြားမှ ကျနော့်အနားကထွက်သွားမှာလား။

La Yaung Nge(21.5.2022)

ကြွေရုပ်နဲ့ကိုကိုစိုင်းတို့ရဲ့ဓာတ်ပုံကိုမြင်လား👀


သူရဲ႕သြားေသးေသးေလးေတြကိုေပၚေအာင္ ရီ(ရယ္)ျပၿပီး သူ႔အနားမွာ ဝဲေနတဲ့ ေကာင္မေလးေတြနဲ႔ စကားေျပာေနသည္။ ေကာင္မေလးေတြနဲ႔
အတူရွိေနရင္ က်ဳပ္အရမ္း သဝန္တိုတာပဲ။ စကားေျပာရင္ေတာင္မႀကိဳက္ဘူး။

fan girlေလးေတြနဲ႔ စကားေျပာၿပီး ဓာတ္ပုံ႐ိုက္ေနတာကို မေန႔ကေတြ႕ခဲ့တဲ့ ဟိုလူႀကီးကကားထဲကေန ၾကည့္ေနတယ္။ဘာလဲ အဲ့လူႀကီးက က်ေနာ့္ကို
ေနာက္ေယာင္ခံလိုက္ေနတာလား?။

"က်ဴးလစ္ အဆင္သင့္ျဖစ္ရင္ ဓာတ္ပုံ႐ိုက္တာ စၾကမယ္ေနာ္ ကင္မရာမန္း ေရာက္ေနၿပီ"
[ကင္မရာမန္း(cameraman)]

"လာၿပီ ကိုထူးေအာင္ေရ"

အဲ့အၿပဳံး! ကိုယ္ကလြဲၿပီး တစ္ျခားသူစိမ္းေတြကို မၿပဳံးျပသင့္ဘူး။

ကားေပၚကဆင္းကာ အတြင္းေရးမႉးႏွင့္အတူ ဆိုင္ထဲဝင္လာလိုက္သည္။အထဲေရာက္ေတာ့
က်ဴးလစ္ရဲ႕ shooting က စေနၿပီ။ ထိုင္ခုံေပၚ
မွာ black coffeeေသာက္ရင္း ေအးေဆး
ထိုင္ၾကည့္ေနလိုက္ေတာ့သည္။

"ဟိုဘက္ေလးနည္းနည္းလွည့္မယ္ ဟုတ္ၿပီ
အဲ့အတိုင္းေလး ခ်ပ္! ခ်ပ္! ေနာက္တစ္ပုံ..."

က်ဴးလစ္ႏွင့္ ေႂကြ႐ုပ္နဲ႔ၾကားမွာ မတူညီတဲ့
အခ်က္ေတြရွိတယ္။ေႂကြ႐ုပ္က ဓာတ္ပုံ႐ိုက္ရမွာ ရွက္လြန္းတယ္...က်ဴးလစ္ကေတာ့ ဓာတ္ပုံ႐ိုက္တဲ့ေနရာမွာ ဆရာက်လြန္းတယ္။ ေႂကြ႐ုပ္ကစကား
သိပ္ မေျပာေပမယ့္ က်ဴးလစ္ကေတာ့ သာလိကာလိုပဲ စကားမ်ားလြန္းအားႀကီးတယ္။

ဓာတ္ပုံ႐ိုက္ၿပီးေတာ့ အဝတ္အစားလဲမယ္
လုပ္ေတာ့ ေကာ္ဖီေသာက္ရင္း က်ေနာ့္ကိုၾကည့္ေနတဲ့ ဟိုလူႀကီးကိုေတြ႕လိုက္ရတယ္။ သူ႔ကို
ေႏွာင့္ ယွက္မႉနဲ႔တရားစြဲလိုက္ရမလား။
က်ေနာ္လည္း သူေရွ႕ကထိုင္ခုံေပၚမွာထိုင္
လိုက္ၿပီး စကားေျပာမလို႔ကို သူက...

"က်ဳပ္က SK Entertainment CEOပါ
ကိုယ္မင္းကိုသတိထားမိေနတာၾကာၿပီ မင္းရဲ႕
လုပ္ပုံကိုင္ပုံေတြကို သေဘာက်လို႔ ကိုယ့္ရဲ႕
ကုမၸဏီနဲ႔မင္းကို စာခ်ဳပ္ခ်ဳပ္ခ်င္လို႔ပါ"

"ဗ်ာ!"

က်ေနာ္တကယ္ ဆြံ႕အသြားခဲ့တယ္ SK Entertainment က က်ေနာ္နဲ႔စာခ်ဳပ္ခ်င္လို႔တဲ့။ အိမ္မက္မ်ားမက္ေနတာလား?
က်ေနာ္ကလည္း CEOကို ေႏွာင့္ယွက္တဲ့သူလို႔ ထင္ခဲ့မိတယ္။ က်ေနာ္လည္း ဘာလုပ္ရမလဲမသိတာေၾကာင့္ က်ေနာ့္ရဲ႕မန္ေနဂ်ာကိုထူးေအာင္ ကိုေခၚလိုက္ေတာ့ သူက က်ေနာ့္ကိုေခါင္းၿငိမ့္ျပ တယ္။အဲ့တာေၾကာင့္ စာခ်ဳပ္မွာလက္မွတ္ထိုးလိုက္သည္။

"နာမည္ႀကီးေၾကာ္ျငာေတြကို တစ္ျခားသူထက္ မင္းကိုအရင္ေပးမယ္ ဒါေပမယ့္ မင္းငါ့ကို
ျပန္လုပ္ေပးရမွာ၁ခုရွိတယ္"

"ဘာလုပ္ေပးရမွာလဲဗ်"

"မင္းရဲ႕အခ်ိန္စာရင္းထဲမွာကိုယ့္အတြက္ အခ်ိန္၂နာရီခ်န္ထားေပးရမယ္"

"အဲ့တာက...ရေလာက္ပါတယ္"

"မနက္ျဖန္ ငါ့႐ုံးခန္းကိုလာခဲ့"

ေျပာၿပီး ဆိုင္ထဲကထြက္လာခဲ့လိုက္သည္။
က်ဳပ္က အားတဲ့သူမဟုတ္ဘူး အစည္းအေဝး
ရွိေသးတယ္။ က်ဴးလစ္ဆိုတဲ့တစ္ေယာက္ကေတာ့ ပါးစပ္ေလးေဟာင္းေလာင္းနဲ႔က်န္ရစ္ခဲ့သည္။အစည္းအေဝးကို သြားတဲ့လမ္းမွာ
ဖုန္းဝင္လာခဲ့သည္။တစ္ဖက္လူေျပာတဲ့စကားက 'ေႂကြ႐ုပ္လႊာ မေသဘဲ အသက္ရွင္ေနေသးတယ္'တဲ့။

က်ဴးလစ္ဆိုတဲ့ေကာင္ေလးက ကိုယ္ခ်စ္ရတဲ့
ေႂကြ႐ုပ္ျဖစ္ေနတာလား။

ကိုယ္ေလ..မင္းကိုလြမ္းေနခဲ့တာ။မင္းကိုအခ်ိန္
အၾကာႀကီး ဖက္ထားခ်င္ခဲ့မိတယ္။
ကိုယ္ေလ..မင္းမေသေသးဘူးဆိုတာသိေတာ့
ကိုယ့္ရဲ႕မ်က္ရည္ေတြထိန္းမရေအာင္ က်ေနခဲ့တယ္။ ေယာက်ၤားရင့္မာႀကီးတစ္ေယာက္
မ်က္ရည္က်တယ္ဆိုတာက လူတစ္ေယာက္ကို
အရမ္းခ်စ္ေနမိလို႔ပဲ။

                             _ _ _

ဒီေန႔လည္း အရင္လိုသာမာန္ေန႔ေလးတစ္ေန႔ပဲ။ ဒီေန႔ေတာ့ ပုံမွန္ထက္ အေစာႀကီးႏိုးၿပီး
မီးဖိုေခ်ာင္ထဲ ခုန္ေပါက္ရင္း သီခ်င္းေတြ
အက်ယ္ႀကီးေအာ္ဆိုေနလို႔ အဖိုးကေတာင္ လာဆူေသးတယ္။ မနက္စာစားၿပီးသြားတာနဲ႔ လြယ္အိတ္ကိုယူၿပီး Taxiငွားကာ
SK Entertainmentကိုလာခဲ့လိုက္သည္။

နဂိုကထင္ထားတာထက္ကို ပိုၿပီးေတာ့ေတာင္
ခမ္းနားေနေသးသည္။ က်ေနာ္ကေတာ့
'ေတာသား ၿမိဳ႕ေရာက္ဆိုသလို' ကုမၸဏီထဲက
အရာရာကို လိုက္ၾကည့္ေနမိေတာ့သည္။
အဲ့အခ်ိန္မွာ ေကာင္မေလးတစ္ေယာက္ က်ေနာ့္စီ ခ်ဥ္းကပ္လာသည္။

"ေႂကြ႐ုပ္..နင္မေသဘူး ဟုတ္လား တစ္ကယ္ပဲ နင္လား"

"လူမွားေနတယ္ထင္တယ္ဗ် က်ေနာ္က
ေႂကြ႐ုပ္မဟုတ္ဘူး က်ေနာ္နာမည္က
က်ဴးလစ္ဝါပါ"

"မလိမ္ပါနဲ႔ အသံကစ ဒီေလာက္တူေနတာကို
နင္မမွတ္မိဘူးလား ငါ Mapleေလ"

"က်ေနာ္သြားေတာ့မယ္"

ဘယ္လိုလူေတြလဲမသိဘူး ဒီေလာက္လူမွားေနတာကို ဘာလို႔ေႂကြ႐ုပ္လို႔ပဲေခၚေနတာလဲ။ က်ေနာ္
လည္း အဲ့ေကာင္မေလးကို ထားခဲ့ၿပီး CEOရဲ႕႐ုံးခန္းရွိရာေနရာကို ထြက္လာခဲ့သည္။
CEOရဲ႕အခန္းေရွ႕ေရာက္ေတာ့ အတြင္းေရးမႉးလို႔ ထင္ရတဲ့ေကာင္မေလးတစ္ေယာက္က CEOမရွိေသးလို႔ အခန္းထဲမွာ ခနေစာင့္ေနဖို႔ေျပာတယ္။

CEOမရွိတုန္း အခန္းထဲဝင္ၿပီး ေလွ်ာက္
ၾကည့္ေနရင္း စားပြဲေပၚက ဓာတ္ပုံေဘာင္တစ္ခုကို ေတြ႕လိုက္ရတယ္။ ဓာတ္ပုံထဲက
လူ၂ေယာက္မွာ ၁ေယာက္က CEOျဖစ္ၿပီး
ေနာက္တစ္ေယာက္ရဲ႕မ်က္ႏွာက က်ေနာ္နဲ႔ တူလြန္းေနသည္။ သူကဘယ္သူလဲ။ အေတြးေတြ
မ်ားေနတုန္း အေနာက္ကေန အသံၾကား
လိုက္ရတယ္...

"အဲ့တာက ကိုယ့္ရဲ႕ ခင္ပြန္းသည္ နာမည္က
ေႂကြ႐ုပ္လႊာတဲ့ လြန္ခဲ့တဲ့၄ႏွစ္ကဆုံးသြားတာ"

"ဒါနဲ႔သူက က်ေနာ္နဲ႔တူတယ္ေနာ္"

"ဟုတ္တယ္မ်က္ႏွာခ်င္းတူေပမယ့္ အျပဳအမူေတြကမတူဘူး သူကသနားၾကင္နာတတ္ၿပီး ေအးေအးေဆးေဆး ေနတတ္တယ္ ၿပီးေတာ့ ဓာတ္ပုံ႐ိုက္ရမွာလဲအရမ္းရွက္တယ္ မင္းလိုေတာ့မဟုတ္ဘူး"

အမေလး သူ႔ခင္ပြန္းအေၾကာင္းေျပာတာကို ဘာလို႔က်ေနာ္နဲ႔လာယွဥ္ၿပီးႏႈိင္းေနတာလဲ။ ေႂကြ႐ုပ္လႊာဆိုတဲ့နာမည္ၾကားရင္ က်ေနာ့္စိတ္ထဲမွာ တစ္မ်ိဳးႀကီးပဲ။

"ဘာလုပ္ဖို႔ က်ေနာ့္ကိုေခၚတာလဲ"

"ဘုရားသြားၿပီး မင္းနဲ႔အတူတူရွိေနရပါေစလို႔ ဆုေတာင္းမလို႔"

"ဟမ္"

ဘယ္လိုလူလဲမသိဘူး သူ႔ခင္ပြန္းနဲ႔နည္းနည္း
တူတာကို လူကိုအပိုင္သိမ္းခ်င္ေနတယ္။
က်ဴးလစ္ဝါစိတ္ထိန္း သူက ငါ့ရဲ႕အလုပ္ရွင္။

ေၾကာင္အမ္းအမ္းျဖစ္သြားေသာ ေကာင္ေလးကို
ၾကည့္ၿပီး ရီခ်င္စိတ္ကို မနည္းထိန္းထားရ
တယ္။႐ုံးခန္းထဲကေန သူ႔ကိုေခၚကာ ေန႔လည္စာစားဖို႔ စားေသာက္ဆိုင္ကိုေခၚလာလိုက္တယ္။
က်ဴးလစ္က ေႂကြ႐ုပ္ျဖစ္ႏိုင္မယ္ထင္လို႔ အရင္က သူနဲ႔အတူတူရွိခဲ့တဲ့အမွတ္တရေတြကို ျပန္မွတ္မိေအာင္ လုပ္ရမယ္။

"မင္းကလဲ ျဖည္းျဖည္းစားစမ္းပါ ငတ္ေနတဲ့ပုံစံနဲ႔"

"ဟုတ္တယ္ ဒီလိုမစားရတာ ၁ပတ္ေလာက္ရွိေတာ့
မယ္"

ေျပာၿပီးခါမွ စိတ္မေကာင္းေတာင္ျဖစ္သြား
တယ္။ စားေနတာလဲၾကည့္အုန္း
ပလုတ္ပေလာင္းနဲ႔ ပါးစပ္ထဲမကုန္ေသးဘူး
ေနာက္တစ္လုပ္ကို ထပ္ထည့္ေနေသးတယ္။
ေႂကြ႐ုပ္ဆို အစာစားရင္ အိေျႏၵနဲ႔စားတာ
သူ႔လိုမဟုတ္ပါဘူး။ စားေသာက္ၿပီးတာနဲ႔
က်ဴးလစ္ကိုအိမ္ေခၚသြားဖို႔ ျပင္လိုက္တယ္။
ကားေပၚမွာေတာင္ ၿငိမ္ၿငိမ္မေနဘဲ
သီခ်င္းညဥ္းေနေသးသည္။ ေျခေထာက္ကလဲ
လႈပ္စိလႈပ္စိနဲ႔ သူကိုၾကည့္လိုက္ရင္ အျပစ္ေျပာ စရာေတြခ်ည္းပဲ။

"CEOရဲ႕ အိမ္ႀကီးက အႀကီးႀကီးပဲ ဟိုမွာလဲ
က်ဴးလစ္ပန္းေတြရွိေသးတယ္"

"ဟုတ္တယ္ ေႂကြ႐ုပ္က က်ဴးလစ္ပန္းေတြကို
ႀကိဳက္လို႔ စိုက္ထားတာ"

က်ဴးလစ္ခင္းေတြ၊ ပန္းပင္ေတြ၊ဤအိမ္စသည့္ အရာရာဟာ က်ေနာ္နဲ႔အကြၽမ္းတဝင္ရွိေနတယ္ လို႔ခံစားေနရတယ္။က်ေနာ္ေခါင္းထဲတြင္ ေပၚလာေသာ အခ်ိဳ႕ေသာပုံရိပ္ေတြ..။ အိမ္ထဲကို
ဝင္လိုက္တာနဲ႔ ႐ုတ္တရက္ က်ေနာ့္ေခါင္းေတြ
ကိုက္လာၿပီး...

CEOနဲ႔ေႂကြ႐ုပ္လႊာရဲ႕ရီေမာေနေသာပုံရိပ္ေတြ၊ ခ်စ္ၾကည္ႏူးေနေသာ ပုံရိပ္ေတြ၊ စကားမ်ားေနေသာပုံရိပ္ေတြ၊ေကာင္ေလး၂ေယာက္ မဂၤလာေဆာင္တဲ့ပုံရိပ္ေတြဟာ ေခါင္းထဲျပည့္ႏွက္လို႔ လာသည္။
ေခါင္းကို လက္ႏွင့္ဖိကာ ထု႐ိုက္ေနလိုက္ေတာ့သည္။ေခါင္းေတြအ​ဆက္မျပတ္ကိုက္လို႔
ေနၿပီး မ်က္လုံးေတြေလးလာကာ ထိုေနရာမွာပဲ
ေမ့လဲသြားေတာ့သည္။ေမ့မလဲခင္
တစ္စုံတစ္ေယာက္ 'ေႂကြ႐ုပ္'လို႔ ေခၚေနသံကိုၾကားလိုက္ရသည္။

"ေႂကြ႐ုပ္..ေႂကြ႐ုပ္"

လဲက်သြားေသာ ေႂကြ႐ုပ္ရဲ႕ခႏၶာကိုယ့္ကို ေပြ႕ခ်ီကာ အခန္းထဲသို႔ေခၚသြားလိုက္သည္။
ကုတင္ေပၚမွာ တင္ၿပီးတာနဲ႔ ဆရာဝန္ကို အိမ္လာဖို႔
ဖုန္းေခၚလိုက္တယ္။ ေႂကြ႐ုပ္ရဲ႕ေမ့လဲေနေသာ ခႏၶာကိုယ္ကိုၾကည့္ကာ လြန္ခဲ့တဲ့ ေလးႏွစ္က
ေႂကြ႐ုပ္ေသဆုံးသြားေသာ ပုံရိပ္ကို
ျပန္ျမင္ေယာင္လာၿပီးမ်က္ရည္က်လို႔ေနသည္။

တစ္ေယာက္လက္တစ္ေယာက္ဆြဲၿပီး
က်ဴးလစ္ပန္းခင္းထဲမွာ ေျပးလႊားေနေသာ
ေကာင္ေလးႏွစ္ေယာက္။ ထိုေကာင္ေလး
ႏွစ္ေယာက္ဟာ ရီေမာေနရင္း 'ေႂကြ႐ုပ္'ဆိုတဲ့
ေကာင္ေလးကို ဘယ္ကေရာက္လာမွန္းမသိတဲ့
ကားတစ္စီးက ဝင္တိုက္လိုက္သည္။

"အား...!"

"အိမ္မက္ဆိုးေတြမက္ေနတာလား"

ေဇာေခြၽးေတြျပန္ကာ အိပ္ယာကေန လန႔္ႏိုးလာေသာ ေကာင္ေလးရဲ႕လက္ကို ကိုင္ရင္း
ေက်ာကုန္းကိုပြတ္သပ္ေပးလိုက္တယ္။

"၇နာရီေတာင္ထိုးေနၿပီ က်ေနာ္ျပန္ေတာ့မယ္"

လက္မွာထိုးထားတဲ့ ေဆးပိုက္ကို ဆြဲျပဳတ္ၿပီး
ကုတင္ေပၚကဆင္းရင္း လြယ္အိတ္ကိုယူကာ အခန္းထဲက ျမန္ျမန္ထြက္လာလိုက္သည္။ အခန္းျပင္လဲေရာက္ေတာ့ ေနာက္ကေန
ဆြဲဖက္ျခင္းခံလိုက္ရသည္။

"ဘာလုပ္တာလဲ လႊတ္ဗ်ာ"

"မသြားလို႔မရဘူးလား ဒီတစ္ညေတာ့ ကိုယ္ႏွင့္ အတူတူေနေပးပါလား ကိုယ္မင္းကိုအရမ္း
လြမ္း ေနလို႔ပါ"

"ဘာစကားေတြေျပာေနတာလဲ က်ေနာ္က ခင္ဗ်ားထင္သလို အတန္းစားမဟုတ္ဘူး!"

ေျပာၿပီး အိမ္ထဲကေန ျမန္ျမန္ေျပးထြက္လာ
လိုက္တယ္။ ၿခံဝနားလဲေရာက္ေရာ ေတြ႕ရာ Taxiေပၚတက္ကာ အိမ္ျပန္လာလိုက္သည္။
၄ႏွစ္လုံးလုံးအတိတ္ေမ့ေနတာေတာင္ သူ႔အနား
ျပန္ေရာက္တာနဲ႔ ေမ့ထားတဲ့အတိတ္ေတြေတာင္ သတိျပန္ရလာၿပီ။ အခုထက္ထိ က်ေနာ့္ကို
ေစာင့္ေနတုန္းပဲလား ကိုစိုင္းရယ္။ က်ေနာ္
ကိုစိုင္းကို အရမ္းမုန္းတယ္ဆိုတဲ့စကားကိုၾကားမွ က်ေနာ့္အနားကထြက္သြားမွာလား။

La Yaung Nge(21.5.2022)

ေႂကြ႐ုပ္နဲ႔ကိုကိုစိုင္းတို႔ရဲ႕ဓာတ္ပုံကိုျမင္လား👀

Continuer la Lecture

Vous Aimerez Aussi

738K 67.3K 36
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...
809K 82.8K 29
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
234K 9K 81
Kwon Eunbi with her children in the chatroom
2M 119K 43
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...