ကံ့ကော်ဝေသော//ကံ့ေကာ္ေဝေသာ

By ANawLay

113K 9.6K 306

ကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကို ဖန်တီးမိလိုက်တယ် 💛 ကံ့ေကာ္ေတြပြင့္တာျမင္ေ... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24 (End)

Part 13

3.9K 403 26
By ANawLay

Uni
အားလျော့နေသောနှလုံးသားတစ်စုံဟာ ညရဲ့ကဗျာဆန်မှုကိုလည်း မခံစားတတ် ၊ လရဲ့လှပနေမှုကိုလည်းမကြည့်တတ် ။

လှိုင် အခန်းပြတင်းပေါက်နားမှာရပ်ကာ စီးကရက်ငွေ့တွေကို ရှိုက်ထုတ်နေပြန်သည် ။ ရုတ်တရက်မြည်သံကြားလိုက်ရတာကြောင့် လှိုင် အိပ်ယာပေါ်ကဖုန်းကိုသွားယူကာ ပြတင်းပေါက်နားဆီကိုပဲပြန်သွားလိုက်သည် ။

" ဟလို "

ဖျော့တော့လွန်းသောအသံသေးသေးက လှိုင့်ကို သက်ပြင်းတစ်ချက်ပင်ချစေသည် ။

" မင်း ဘာတွေလုပ်နေတာလဲ ကလေးရယ် "
လှိုင် လေးလံစွာပင်ပြောလိုက်သည် ။

" မမလှိုင်ကရော ဘာတွေလုပ်နေလဲဟင် "

" စီးကရက်တွေသောက်နေတယ်လို့ဖြေရင် မင်း တို့ကိုစိတ်ဆိုးမှာလား "

" စိတ်ဆိုးမှာမဟုတ်ဘူး ။ စိတ်ပူမှာ ။ ထွေး မသောက်ဖို့မှာထားတာကို "

" ဘယ်တတ်နိုင်ပါ့မလဲ ။ မင်းမှတို့ကို ဂရုမစိုက်ပေးဘဲ ။ မင်း တို့ကိုမဆက်သွယ်တာ ၄ ရက်တောင်ရှိပြီမဟုတ်လား "

" ထွေး တောင်းပန်ပါတယ် မမလှိုင် ။ ထွေးလေ ... "
ခင်ထွေးမွန် စိတ်ကိုမထိန်းနိုင်တော့ဘဲ ငိုချပစ်လိုက်သည် ။

" တို့ သိပါတယ် ထွေးငယ် ။ တို့ ရိပ်စားမိပါတယ် "
လှိုင် သက်ပြင်းတွေသာအကြိမ်ကြိမ်ချနေမိသည် ။

" မေမေက ထွေးတို့အကြောင်းကိုသိသွားပြီ မမလှိုင် ။ ပြီးတော့ ထွေးတို့ကို သဘောမတူနိုင်ဘူးတဲ့ "

" ဘယ်အမေကများ ကိုယ့်သမီးလေး မိန်းမချင်းချစ်ကြိုက်နေတာကို သဘောကျပါ့မလဲ ။ အဓိကက တို့တွေ တစ်ယောက်ကိုတစ်ယောက်ချစ်နေဖို့ပဲမဟုတ်လား "

" ဒါပေမယ့် မမလှိုင်နဲ့ခွဲရရင် ထွေးသေလိမ့်မယ် မမလှိုင်ရဲ့ "

" အို ... နိမိတ်မရှိတာတွေကွယ် ။ တို့တွေ တွေ့ခွင့် ၊ မြင်ခွင့်ရှိပါသေးတယ် "

" ဘယ်အချိန်ထိလဲ ။ တွေ့ခွင့်၊မြင်ခွင့်က တစ်သက်လုံးရှိမှာလား ။ တစ်သက်လုံးလို့မမလှိုင် အာမခံနိုင်လား "
ခင်ထွေးမွန် မျက်ရည်တွေပင် သုတ်၍မနိုင်အောင်ဖြစ်နေရသည် ။

" အို... ကလေးရယ် ။ တို့တွေ ကြိုးစားရမှာပေါ့ ။ မင်းအမေလက်ခံလာအောင် ၊ အတူနေလို့ရအောင် ကြိုးစားမှဖြစ်မှာပေါ့ ။ လောကမှာ ဘယ်အရာမှလွယ်ကူမနေဘူးလေကွယ် "

" တကယ်ကြိုးစားရင် အဆင်ပြေလာမှာပါနော် မမလှိုင် "

" ပြေမှာပါကွယ် ။ မနက်ဖြန် ဆေးခန်းသွားမယ်မဟုတ်လား ။ တို့ မင်းကို လာတွေ့မယ် "

" ဟုတ် ။ မမလှိုင်က ဆေးခန်းနေရာကို သိလို့လား "

" မင်းနဲ့ပတ်သတ်တဲ့အရာတွေကို တို့မသိဘဲနေပါ့မလား ။ ကဲပါ မနက်ကျ တို့လာခဲ့မယ် ။ မင်းက ဒီညစောစောအိပ်နော် "

" ထွေးတော့အိပ်ပျော်ဦးမယ်မထင်ဘူး "

" တို့အိပ်ဆိုအိပ်လိုက်ပေါ့ကွယ် ။ မင်းမျက်နှာချောင်ကျနေတာမြင်ရင် မင်းအမျိုးသမီးဝမ်းနည်းရလိမ့်မယ် "

" ဟုတ် "

" ဒါဆို တို့ဖုန်းချလိုက်တော့မယ် " 

" ငါက လူကြီးပဲ ။ ငါ သတ္တိတော့ရှိရမှာပေါ့လေ "
လှိုင် စိတ်ထဲကနေတွေးလိုက်သည် ။

ထွေး ဖုန်းပြောပြီးသည်နှင့် လှိုင့်စကားကိုနားထောင်ကာ စောစောအိပ်ဖို့ပြင်လိုက်သည် ။
စိတ်ပူပန်မှုများနေသည့်အချိန်မျိုးမှာ အိပ်ပျော်ဖို့ကြိုးစားရသည်မှာလည်း လွယ်တော့မလွယ်ကူလှပေ ။

********************************

မနက်ခင်းစောစောမှာ လှိုင် အပြင်ကိုသွားဖို့ပြင်ဆင်နေသည် ။ မှန်တင်ခုံရှေ့ကိုထိုင်တာ နှုတ်ခမ်းနီရဲရဲတို့ကိုစိုးနေသည် ။ ဝါလွင်လွင်အဝတ်အစာကိုဝတ်ဆင်ထားသောလှိုင်က ဆံသားတို့ကိုလည်း အဝါရောင်ဖဲကြိုးစနှင့် ခပ်လျော့လျော့လေးစည်းလိုက်ပြန်သည် ။ ထို့နောက် လှိုင် လက်ကိုင်အိတ်နဲ့ကားသော့ကို ယူကာ အောက်ထပ်ကိုဆင်းသွားလိုက်သည် ။

ဧည့်ခန်းထဲမှာထိုင်နေတဲ့သူဇာတစ်ယောက် လှိုင့်ကို အားကျစွာပင်ကြည့်နေလိုက်သည် ။ သူဇာက မှုံနေအောင်မလှသော်ငြား ကြည့်ပျော်ရှုပျော်ရှပ်ရည်ရှိသော မိန်းကလေးတစ်ယောက်ပင်ဖြစ်သည် ။ ဆံပင် ပုခုံးကျော်ကျော်လောက်သာရှိပြီး အရပ်ကလည်း မပုလွန်းမရှည်လွန်း ။

" မလှိုင်ကတော့ အချိန်တိုင်းကို လှနေတော့တာပဲ ။ သူဇာတို့နဲ့များကွာပါ့ "

" ထင်လို့ပါ သူဇာရယ် "
လှိုင် သူဇာ့ကို ပြုံးပြလိုက်သည် ။

" အပြင်သွားမလို့လား မလှိုင် "

" အင်း ။ မင်းရော ဒီနေ့ ဆိုင်မသွားဘူးလား "

" မသွားဘူး မလှိုင် ။ သူဇာအခုတလော ခေါင်းတွေ ခဏခဏကိုက်နေလို့ နားနေတာ "

" အင်းပါ ။ တို့အပြင်သွားလိုက်ဦးမယ် "

" သူဇာရော လိုက်ချင်တယ် "

" တို့ တစ်ယောက်တည်းပဲသွားချင်တယ်လေ သူဇာရဲ့ "

" ဘာလဲ မလှိုင်က ရည်းစားနဲ့သွားတွေ့မှာမလို့လား "

" အိုး ... မဟုတ်ပါဘူး "

" ဒါဆို ဘာလို့လဲ "

" ဒီလိုပါပဲ ။ မင်းက ဘယ်ကိုသွားချင်လို့လဲ "

" သူဇာက ဆေးခန်းကို သွားချင်တာ "

သူဇာ့စကားကြောင့် လှိုင် တစ်ခုခုကို စဥ်းစားမိသွားသည် ။

" ဘယ်ဆေးခန်းလဲ သူဇာ "

" ကိုမင်းလွင်တို့ဆေးခန်းလေ "

" အင်း ဒါဆိုလည်း တို့လိုက်ပို့မယ်လေ "

" တကယ်လား မလှိုင် "

" အင်း လာ ။ လိုက်ခဲ့ "

လှိုင် သူဇာ့ကိုပါခေါ်ကာ ထွေးရှိရာသို့ သွားဖို့ပြင်လိုက်သည် ။

******************************

အသက်သုံးဆယ်ကျော်အရွယ်ဟုထင်ရသော ခပ်ချောချောအမျိုးသမီးတစ်ဦးက ခင်ထွေးမွန်ဘေးကိုရပ်ကာ ထွေးရဲ့ခါးကိုလည်း လက်တစ်ဖက်နဲ့ ဖက်ထားသည် ။ မင်းလွင်ကတော့ ထိုအမျိုးသမီးကိုကြည့်ကာ ပြုံးနေသည် ။

" ဂရုစိုက်ဦးနော် အန်တီ ။ ဆေးလည်းသေချာသောက်ဦး "

" အေးပါ သမီးရယ် "

" အမေ့ "
ရုတ်တရက်မြင်လိုက်ရတဲ့ စူးရှရှအကြည့်တစ်ခုကြောင့် ခင်ထွေးမွန်လန့်ပြီး သူ့ခါးကိုဖက်ထားသောလက်တစ်ဖက်ကို ခါချပစ်လိုက်သည် ။

" ဘာဖြစ်တာလဲ သမီး "

" ဟို...ခါးကို အဲ့လိုကိုင်ထားတော့ ယားသလို ဖြစ်သွားလို့ "

ခမ်းလှမ်းလှမ်းတွင်ထိုင်နေသော လှိုင့်ကို ခင်ထွေးမွန် မရဲတရဲလှမ်းကြည့်လိုက်သည် ။
လှိုင်ကတော့ ထွေးကို မျက်တောင်မခတ်ပင်ကြည့်နေသေးသည် ။

" လှိုင်နဲ့သူဇာတို့ရောက်နေတာလား "
မင်းလွင် လှိုင်တို့ကို လှမ်းနှုတ်ဆက်လိုက်သည် ။

" ဟုတ်တယ် ။ သူဇာလေ နည်းနည်းနေမကောင်းလို့ "

" ကျန်းမာရေးကို ဂရုစိုက်လေ ငါ့ညီမရဲ့ "
သူဇာ့ကိုစကားပြန်ပြောနေပေမယ့် မင်းလွင်ရဲ့အကြည့်တွေက လှိုင့်ဆီကိုသာရောက်သွားသည် ။

" အန်တီပြန်တော့မယ်နော် သမီးလေး "

" ဟုတ် "

ခင်ထွေးမွန်ကိုနှုတ်ဆက်ကာ ဆေးခန်းထဲကထွက်သွားသောအမျိုးသမီးရဲ့ကျောပြင်ကို လှိုင်တစ်ချက်လှမ်းကြည့်လိုက်သည် ။

" မမလှိုင် "
ခင်ထွေးမွန် လှိုင့်အနားကိုသွားရပ်လိုက်သည် ။

" အင်း "
လှိုင် ခင်ထွေးမွန်ကို မျက်စောင်းလေးတစ်ချက်ထိုးလိုက်သည် ။

" မလှိုင်လည်း နေမကောင်းဖြစ်ထားတယ်မလား ။ ဒီနေ့ ဒီနေ့ဒီမှာ တစ်ခါတည်းဆေး... "

" တို့ နေမကောင်းဘူးလို့မပြောနဲ့လို့ပြောထားတယ်လေ သူဇာ။ နေမကောင်းဘူးလို့အပြောခံရတာမကြိုက်ဘူး "
သူဇာ့စကားမဆုံးသေးခင် လှိုင် သူဇာ့ကိုဆူလိုက်သည် ။

" မင်းခဏနေခဲ့ဦးမယ်မလား သူဇာ ။ တို့အပြင်ကို ကိစ္စလေးတစ်ခုရှိလို့ ခဏသွားဦးမယ် ။ တော်တော်တော့ကြာမယ်နော် "

" ရတယ် မလှိုင် ။ အပြန်ကျ သူဇာ ကားငှားပြီးပြန်လိုက်မယ် "

" အင်း ဒါဆို တို့သွားလိုက်ဦးမယ် "

" ထွေးလည်း လိုက်ခဲ့မယ်လေ "
ခင်ထွေးမွန် လှိုင့်ကို အသနားခံနေသည့်မျက်လုံးများနှင့် ကြည့်လိုက်သည် ။

" သဘော "
လှိုင်ကတော့ တိုတိုတုတ်တုတ်ပင်ပြန်ဖြေလိုက်သည် ။

လှိုင်နှင့်ထွေးဆေးခန်းထဲကနေထွက်သွားတာကိုကြည့်ပြီး မင်းလွင်ပြုံးနေသည် ။

" လှိုင်က ဘယ်လိုနေမကောင်းဖြစ်တာလဲ သူဇာ "

" ဒီလိုပါပဲ "

" အင်းပါ ။ ကိုယ့်အစ်မကို သေချာလေးဂရုစိုက်ပေးလိုက်ဦး "

" သူဇာလည်း နေမကောင်းဖြစ်နေတာပဲလေ "
သူဇာ လှိုင့်ကိုမနာလိုတွေပင်ဖြစ်နေရသည် ။

******************************

ဦးပိန်တံတားပေါ်ကို ခပ်သွက်သွက်လျှောက်နေတဲ့ လှိုင့်လက်ကို ခင်ထွေးမွန် အနောက်ကနေလှမ်းဆွဲလိုက်သည် ။

" မမလှိုင် "

" ဘာလဲ "

" ထွေးကို စကားလည်း မပြောဘူး ။ မမလှိုင် ထွေးကို စိတ်ဆိုးနေတာလား "

" မသိဘူး "

" မမလှိုင်ကလည်း "

" တော်ပါ ။ တို့ကို လာချွဲမနေနဲ့ ။ ဆေးခန်းမှာတွေ့ခဲ့တဲ့ ဟိုအမျိုးသမီးကိုပဲ သွားချွဲ "

" မမလှိုင်က သဝန်တိုနေတာလား "

" အိုး ... ကိုယ်ပိုင်တဲ့ကလေးငယ်​ကို သူများကလာဖက်နေတာလေ ... တို့ သဝန်မတိုဘဲ နေပါ့မလား "

" သဝန်မတိုပါနဲ့ မမလှိုင်ရဲ့ ။ ထွေးက ဒေါ်ကံ့ကော်လှိုင်တစ်ယောက်ထဲကိုပဲ မြတ်မြတ်နိုးနိုးနဲ့ ချစ်တာပါ "

" တို့တော့ မယုံပါကွယ် "

" ယုံပါမမလှိုင်ရယ် ။ ထွေးအသက် ၊ ထွေးခန္ဓာ
ထက်တောင် မမလှိုင်ကို ပိုချစ်ရပါတယ် "

" တို့လည်း ထပ်တူပါပဲ ။ မင်းအမျိုးသမီးကလည်း ကိုယ့်ကိုယ်ကိုယ်ထက် မင်းကိုပိုလို့ချစ်တယ် "

လှိုင် ထွေးလက်ကလေးကို ဆုပ်ကိုင်ထားလိုက်သည် ။

" ဒီခုံမှာ ခဏထိုင်ရအောင် မမလှိုင် "

လှိုင်နှင့်ထွေးတို့ ခုံလေးတစ်ခုပေါ်မှာ ဝင်ထိုင်လိုက်ကြသည် ။

" မမလှိုင်က အဝါရောင်နဲ့ သိပ်လိုက်တာပဲ "

"အဝါရောင်က တို့အကြိုက်ဆုံး အရောင်ပဲလေ "

ဝါလွင်လွင်အဝတ်အစားကိုဝတ်ဆင်ထားသောလှိုင်က ကံ့ကော်ပွင့်ရဲ့ဝတ်မှုန်ဝါဝါတွေထက်ပင် နူးညံ့လှပလွန်းလှသည် ။ ပြုံးရိပ်သန်းနေသော နှုတ်ခမ်းရဲရဲတို့ကလည်း ကြည့်၍ပင်မဝနိုင်လွန်းအောင် ဆွဲဆောင်မှုရှိနေသည် ။ တည်ငြိမ်သောမျက်ဝန်းတို့ကလည်း အမြဲတစေ နစ်ဝင်သွားပစ်ချင်စရာပင် ။

"  စိတ်တွေသိပ်ပင်ပန်းနေတယ်မဟုတ်လား ထွေးငယ် ။ တို့ပုခုံးကို မှီထားလေကွယ် "

ခင်ထွေးမွန် လှိုင့်ပုခုံးလေးကိုမှီပြီး လှိုင့်လက်သွယ်သွယ်တို့ကိုလည်း တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည် ။

" ထွေး အချိန်တိုင်း မမလှိုင်အကြောင်းပဲတွေးမိနေတယ် ။ ထွေးတို့ချစ်ခြင်းမေတ္တာကို မိဘတွေလက်ခံလာအောင် ဘယ်လိုလုပ်ကြမလဲဟင် "

" တို့အိမ်က တို့ကြိုက်သလိုလုပ်လို့ရတယ် ။ မင်းမိသားစု တို့ကိုလက်ခံလာအောင်တော့ တို့ကြိုးစားရမှာပေါ့ "

" ထွေးလည်းအိမ်ကို ကြိုးစားပြီးနားချကြည့်မယ် "

" အဲ့သည်လောက်မလွယ်ဘူးလေကွယ် "
လှိုင် ထွေးခေါင်းလေးကိုဖွဖွလေးပုတ်လိုက်သည် ။

" ဒါဆို ဘယ်လိုလုပ်ရမလဲ "

" ဒီလိုပဲ အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး အခွင့်ရင်ရသလို မင်းအမေဆီကအမှတ်တွေယူရမှာပေါ့ "

" အဲ့တာက တကယ်အလုပ်ဖြစ်ပါ့မလား မမလှိုင် "

" မင်းအမျိုးသမီးကို ယုံလိုက်စမ်းပါကွယ် "

" ဟုတ်ကဲ့ မမလှိုင် "

" အင်း ... ဟုတ်ကဲ့ဆိုပြီး တို့ကွယ်ရာရောက်ရင် မိန်းမချောချောတွေကို လိုက်ငေးဦးမယ်မဟုတ်လား "
လှိုင့် မျက်စောင်းလှလှက ထွေးအပေါ်ကို ထိုးကျသွားပြန်သည် ။

" မမလှိုင်ကလည်း ထွေးက မမလှိုင် တစ်ယောက်ထဲကိုပဲချစ်တာပါဆို "

လှိုင် ထွေးပြောတာကို မကြားချင်ယောင်ဆောင်နေလိုက်သည် ။

" စိတ်ကောက်တော်မမူပါနဲ့ ။ ချစ်ခြင်းမေတ္တာတွေကို သက်သေပြပါ့မယ် "

ခင်ထွေးမွန် တစ်ခုခုကိုပြောဖို့အားယူလိုက်သည် ။

" ကျွန်မ တစ်သက်လုံး ဒေါ်ကံ့ကော်လှိုင်တစ်ယောက်ထဲကိုပဲ မြတ်မြတ်နိုးနိုးချစ်ပါမယ်လို့ "
ထွေး ခပ်ကျယ်ကျယ်လေးအော်လိုက်သည် ။

" အိုး... ဘေးမှာလူတွေရှိတယ်လေ ။ ကလေးဆန်လိုက်တာလည်း လွန်ပါရောလားကွာ "
လှိုင် မေးစေ့လေးကိုကိုင်ကာ ထွေးမျက်နှာလေးကို ​ချစ်ခြင်းအပြည့်နှင့်ကြည့်လိုက်သည် ။

" ယုံပြီလား မမလှိုင် "

" တို့ ယုံပါပြီကွယ် "

" ဟုတ် ။ ဒါနဲ့ မမလှိုင် နေမကောင်းဖြစ်တယ်ဆို ။ ဘာဖြစ်တာလဲပြောပါဦး ။ ထွေးဖြင့်စိတ်ပူလို့သေလိမ့်မယ် "

" စိတ်ပူရလောက်တဲ့အထိမဟုတ်ပါဘူးကွယ် ။ အခုတောင်ကြည့်ပါ့လား ။ တို့ နေကောင်းနေတယ်လေ "

" ဘာပဲဖြစ်ဖြစ်ဂရုစိုက်နော် မမလှိုင် "

" မင်းသာဂရုစိုက်စမ်းပါကွယ် ။ လူက တို့တစ်ကိုက်စာပဲရှိတယ် "

" အဲ့ထက်တော့ပိုပါတယ်နော် ။ မယုံရင် စမ်းကိုက်ကြည့်ပါလား "

" အိုး...မင်း ဘယ်လိုတွေပြောနေတာလဲ ။ အူတွေယားအောင်ကွယ် "

" ဟီး "

" ဟီး မနေနဲ့ ။ တို့တွေ ပြန်ဖို့သင့်ပြီ ။ ပြန်ကြရအောင်လေ "

" ဟုတ် "

လှိုင် ထွေးကို​ ဆေးခန်းကို ပြန်လိုက်ပို့လိုက်သည် ။ ဆေးခန်းရှေ့ကိုရောက်တော့ ခင်ထွေးမွန် ကားပေါ်ကနေ မဆင်းဘဲ ပေကပ်နေသည် ။

" မင်း မဆင်းတော့ဘူးလား ထွေးငယ် "

" ဟို... မမလှိုင် ထွေးနားကို ခဏတိုးပါဦး "

လှိုင် မျက်မှောင်ကလေးကြုတ်ကာ ခင်ထွေးမွန်အနားကိုတိုးလိုက်သည် ။

" မွ "

ခင်ထွေးမွန် လှိုင့်ပါးပြင်နုနုကို ဇွတ်အတင်းဖိနမ်းလိုက်သည် ။

" မမလှိုင် ဂရုစိုက်ပြီးပြန်နော်.. ဟီးဟီး "
ထွေး လှိုင့်ကို နှုတ်ဆက်ပြီး ကားပေါ်ကနေဆင်းသွားလိုက်သည် ။

" ဟင်း ...ဘယ်လိုဟာလေးလဲကွာ " လှိုင် ရေရွတ်ကာ ကားမောင်းပြီး အိမ်ကိုပြန်သွားလိုက်သည် ။

******************************

တစ်ပိုင်းလေးupဖို့အရေး အရမ်းကိုကြာ ။ စိတ်ရှည်ရှည်နဲ့ on going လိုက်ပေးနေတဲ့ ကလေးတွေကို အများကြီး ချစ်ပါတယ်ရှင် ။
အစစအရာရာဂရုစိုက်ကြပါ ။

Zg

အားေလ်ာ့ေနေသာႏွလုံးသားတစ္စုံဟာ ညရဲ႕ကဗ်ာဆန္မႈကိုလည္း မခံစားတတ္ ၊ လရဲ႕လွပေနမႈကိုလည္းမၾကည့္တတ္ ။

လွိုင္ အခန္းျပတင္းေပါက္နားမွာရပ္ကာ စီးကရက္ေငြ႕ေတြကို ရွိုက္ထုတ္ေနျပန္သည္ ။ ႐ုတ္တရက္ျမည္သံၾကားလိုက္ရတာေၾကာင့္ လွိုင္ အိပ္ယာေပၚကဖုန္းကိုသြားယူကာ ျပတင္းေပါက္နားဆီကိုပဲျပန္သြားလိုက္သည္ ။

" ဟလို "

ေဖ်ာ့ေတာ့လြန္းေသာအသံေသးေသးက လွိုင့္ကို သက္ျပင္းတစ္ခ်က္ပင္ခ်ေစသည္ ။

" မင္း ဘာေတြလုပ္ေနတာလဲ ကေလးရယ္ "
လွိုင္ ေလးလံစြာပင္ေျပာလိုက္သည္ ။

" မမလွိုင္ကေရာ ဘာေတြလုပ္ေနလဲဟင္ "

" စီးကရက္ေတြေသာက္ေနတယ္လို႔ေျဖရင္ မင္း တို႔ကိုစိတ္ဆိုးမွာလား "

" စိတ္ဆိုးမွာမဟုတ္ဘူး ။ စိတ္ပူမွာ ။ ေထြး မေသာက္ဖို႔မွာထားတာကို "

" ဘယ္တတ္နိုင္ပါ့မလဲ ။ မင္းမွတို႔ကို ဂ႐ုမစိုက္ေပးဘဲ ။ မင္း တို႔ကိုမဆက္သြယ္တာ ၄ ရက္ေတာင္ရွိၿပီမဟုတ္လား "

" ေထြး ေတာင္းပန္ပါတယ္ မမလွိုင္ ။ ေထြးေလ ... "
ခင္ေထြးမြန္ စိတ္ကိုမထိန္းနိုင္ေတာ့ဘဲ ငိုခ်ပစ္လိုက္သည္ ။

" တို႔ သိပါတယ္ ေထြးငယ္ ။ တို႔ ရိပ္စားမိပါတယ္ "
လွိုင္ သက္ျပင္းေတြသာအႀကိမ္ႀကိမ္ခ်ေနမိသည္ ။

" ေမေမက ေထြးတို႔အေၾကာင္းကိုသိသြားၿပီ မမလွိုင္ ။ ၿပီးေတာ့ ေထြးတို႔ကို သေဘာမတူနိုင္ဘူးတဲ့ "

" ဘယ္အေမကမ်ား ကိုယ့္သမီးေလး မိန္းမခ်င္းခ်စ္ႀကိဳက္ေနတာကို သေဘာက်ပါ့မလဲ ။ အဓိကက တို႔ေတြ တစ္ေယာက္ကိုတစ္ေယာက္ခ်စ္ေနဖို႔ပဲမဟုတ္လား "

" ဒါေပမယ့္ မမလွိုင္နဲ႕ခြဲရရင္ ေထြးေသလိမ့္မယ္ မမလွိုင္ရဲ႕ "

" အို ... နိမိတ္မရွိတာေတြကြယ္ ။ တို႔ေတြ ေတြ႕ခြင့္ ၊ ျမင္ခြင့္ရွိပါေသးတယ္ "

" ဘယ္အခ်ိန္ထိလဲ ။ ေတြ႕ခြင့္၊ျမင္ခြင့္က တစ္သက္လုံးရွိမွာလား ။ တစ္သက္လုံးလို႔မမလွိုင္ အာမခံနိုင္လား "
ခင္ေထြးမြန္ မ်က္ရည္ေတြပင္ သုတ္၍မနိုင္ေအာင္ျဖစ္ေနရသည္ ။

" အို... ကေလးရယ္ ။ တို႔ေတြ ႀကိဳးစားရမွာေပါ့ ။ မင္းအေမလက္ခံလာေအာင္ ၊ အတူေနလို႔ရေအာင္ ႀကိဳးစားမွျဖစ္မွာေပါ့ ။ ေလာကမွာ ဘယ္အရာမွလြယ္ကူမေနဘူးေလကြယ္ "

" တကယ္ႀကိဳးစားရင္ အဆင္ေျပလာမွာပါေနာ္ မမလွိုင္ "

" ေျပမွာပါကြယ္ ။ မနက္ျဖန္ ေဆးခန္းသြားမယ္မဟုတ္လား ။ တို႔ မင္းကို လာေတြ႕မယ္ "

" ဟုတ္ ။ မမလွိုင္က ေဆးခန္းေနရာကို သိလို႔လား "

" မင္းနဲ႕ပတ္သတ္တဲ့အရာေတြကို တို႔မသိဘဲေနပါ့မလား ။ ကဲပါ မနက္က် တို႔လာခဲ့မယ္ ။ မင္းက ဒီညေစာေစာအိပ္ေနာ္ "

" ေထြးေတာ့အိပ္ေပ်ာ္ဦးမယ္မထင္ဘူး "

" တို႔အိပ္ဆိုအိပ္လိုက္ေပါ့ကြယ္ ။ မင္းမ်က္ႏွာေခ်ာင္က်ေနတာျမင္ရင္ မင္းအမ်ိဳးသမီးဝမ္းနည္းရလိမ့္မယ္ "

" ဟုတ္ "

" ဒါဆို တို႔ဖုန္းခ်လိဳက္ေတာ့မယ္ " 

" ငါက လူႀကီးပဲ ။ ငါ သတၱိေတာ့ရွိရမွာေပါ့ေလ "
လွိုင္ စိတ္ထဲကေနေတြးလိုက္သည္ ။

ေထြး ဖုန္းေျပာၿပီးသည္ႏွင့္ လွိုင့္စကားကိုနားေထာင္ကာ ေစာေစာအိပ္ဖို႔ျပင္လိုက္သည္ ။
စိတ္ပူပန္မႈမ်ားေနသည့္အခ်ိန္မ်ိဳးမွာ အိပ္ေပ်ာ္ဖို႔ႀကိဳးစားရသည္မွာလည္း လြယ္ေတာ့မလြယ္ကူလွေပ ။

********************************

မနက္ခင္းေစာေစာမွာ လွိုင္ အျပင္ကိုသြားဖို႔ျပင္ဆင္ေနသည္ ။ မွန္တင္ခုံေရွ႕ကိုထိုင္တာ ႏႈတ္ခမ္းနီရဲရဲတို႔ကိုစိုးေနသည္ ။ ဝါလြင္လြင္အဝတ္အစာကိုဝတ္ဆင္ထားေသာလွိုင္က ဆံသားတို႔ကိုလည္း အဝါေရာင္ဖဲႀကိဳးစႏွင့္ ခပ္ေလ်ာ့ေလ်ာ့ေလးစည္းလိုက္ျပန္သည္ ။ ထို႔ေနာက္ လွိုင္ လက္ကိုင္အိတ္နဲ႕ကားေသာ့ကို ယူကာ ေအာက္ထပ္ကိုဆင္းသြားလိုက္သည္ ။

ဧည့္ခန္းထဲမွာထိုင္ေနတဲ့သူဇာတစ္ေယာက္ လွိုင့္ကို အားက်စြာပင္ၾကည့္ေနလိုက္သည္ ။ သူဇာက မႈံေနေအာင္မလွေသာ္ျငား ၾကည့္ေပ်ာ္ရႈေပ်ာ္ရွပ္ရည္ရွိေသာ မိန္းကေလးတစ္ေယာက္ပင္ျဖစ္သည္ ။ ဆံပင္ ပုခုံးေက်ာ္ေက်ာ္ေလာက္သာရွိၿပီး အရပ္ကလည္း မပုလြန္းမရွည္
လြန္း ။

" မလွိုင္ကေတာ့ အခ်ိန္တိုင္းကို လွေနေတာ့တာပဲ ။ သူဇာတို႔နဲ႕မ်ားကြာပါ့ "

" ထင္လို႔ပါ သူဇာရယ္ "
လွိုင္ သူဇာ့ကို ၿပဳံးျပလိုက္သည္ ။

" အျပင္သြားမလို႔လား မလွိုင္ "

" အင္း ။ မင္းေရာ ဒီေန႕ ဆိုင္မသြားဘူးလား "

" မသြားဘူး မလွိုင္ ။ သူဇာအခုတေလာ ေခါင္းေတြ ခဏခဏကိုက္ေနလို႔ နားေနတာ "

" အင္းပါ ။ တို႔အျပင္သြားလိုက္ဦးမယ္ "

" သူဇာေရာ လိုက္ခ်င္တယ္ "

" တို႔ တစ္ေယာက္တည္းပဲသြားခ်င္တယ္ေလ သူဇာရဲ႕ "

" ဘာလဲ မလွိုင္က ရည္းစားနဲ႕သြားေတြ႕မွာမလို႔လား "

" အိုး ... မဟုတ္ပါဘူး "

" ဒါဆို ဘာလို႔လဲ "

" ဒီလိုပါပဲ ။ မင္းက ဘယ္ကိုသြားခ်င္လို႔လဲ "

" သူဇာက ေဆးခန္းကို သြားခ်င္တာ "

သူဇာ့စကားေၾကာင့္ လွိုင္ တစ္ခုခုကို စဥ္းစားမိသြားသည္ ။

" ဘယ္ေဆးခန္းလဲ သူဇာ "

" ကိုမင္းလြင္တို႔ေဆးခန္းေလ "

" အင္း ဒါဆိုလည္း တို႔လိုက္ပို႔မယ္ေလ "

" တကယ္လား မလွိုင္ "

" အင္း လာ ။ လိုက္ခဲ့ "

လွိုင္ သူဇာ့ကိုပါေခၚကာ ေထြးရွိရာသို႔ သြားဖို႔ျပင္လိုက္သည္ ။

******************************

အသက္သုံးဆယ္ေက်ာ္အ႐ြယ္ဟုထင္ရေသာ ခပ္ေခ်ာေခ်ာအမ်ိဳးသမီးတစ္ဦးက ခင္ေထြးမြန္ေဘးကိုရပ္ကာ ေထြးရဲ႕ခါးကိုလည္း လက္တစ္ဖက္နဲ႕ ဖက္ထားသည္ ။ မင္းလြင္ကေတာ့ ထိုအမ်ိဳးသမီးကိုၾကည့္ကာ ၿပဳံးေနသည္ ။

" ဂ႐ုစိုက္ဦးေနာ္ အန္တီ ။ ေဆးလည္းေသခ်ာေသာက္ဦး "

" ေအးပါ သမီးရယ္ "

" အေမ့ "
႐ုတ္တရက္ျမင္လိုက္ရတဲ့ စူးရွရွအၾကည့္တစ္ခုေၾကာင့္ ခင္ေထြးမြန္လန့္ၿပီး သူ႕ခါးကိုဖက္ထားေသာလက္တစ္ဖက္ကို ခါခ်ပစ္လိုက္သည္ ။

" ဘာျဖစ္တာလဲ သမီး "

" ဟို...ခါးကို အဲ့လိုကိုင္ထားေတာ့ ယားသလို ျဖစ္သြားလို႔ "

ခမ္းလွမ္းလွမ္းတြင္ထိုင္ေနေသာ လွိုင့္ကို ခင္ေထြးမြန္ မရဲတရဲလွမ္းၾကည့္လိုက္သည္ ။
လွိုင္ကေတာ့ ေထြးကို မ်က္ေတာင္မခတ္ပင္ၾကည့္ေနေသးသည္ ။

" လွိုင္နဲ႕သူဇာတို႔ေရာက္ေနတာလား "
မင္းလြင္ လွိုင္တို႔ကို လွမ္းႏႈတ္ဆက္လိုက္သည္ ။

" ဟုတ္တယ္ ။ သူဇာေလ နည္းနည္းေနမေကာင္းလို႔ "

" က်န္းမာေရးကို ဂ႐ုစိုက္ေလ ငါ့ညီမရဲ႕ "
သူဇာ့ကိုစကားျပန္ေျပာေနေပမယ့္ မင္းလြင္ရဲ႕အၾကည့္ေတြက လွိုင့္ဆီကိုသာေရာက္သြားသည္ ။

" အန္တီျပန္ေတာ့မယ္ေနာ္ သမီးေလး "

" ဟုတ္ "

ခင္ေထြးမြန္ကိုႏႈတ္ဆက္ကာ ေဆးခန္းထဲကထြက္သြားေသာအမ်ိဳးသမီးရဲ႕ေက်ာျပင္ကို လွိုင္တစ္ခ်က္လွမ္းၾကည့္လိုက္သည္ ။

" မမလွိုင္ "
ခင္ေထြးမြန္ လွိုင့္အနားကိုသြားရပ္လိုက္သည္ ။

" အင္း "
လွိုင္ ခင္ေထြးမြန္ကို မ်က္ေစာင္းေလးတစ္ခ်က္ထိုးလိုက္သည္ ။

" မလွိုင္လည္း ေနမေကာင္းျဖစ္ထားတယ္မလား ။ ဒီေန႕ ဒီေန႕ဒီမွာ တစ္ခါတည္းေဆး... "

" တို႔ ေနမေကာင္းဘူးလို႔မေျပာနဲ႕လို႔ေျပာထားတယ္ေလ သူဇာ။ ေနမေကာင္းဘူးလို႔အေျပာခံရတာမႀကိဳက္ဘူး "
သူဇာ့စကားမဆုံးေသးခင္ လွိုင္ သူဇာ့ကိုဆူလိုက္သည္ ။

" မင္းခဏေနခဲ့ဦးမယ္မလား သူဇာ ။ တို႔အျပင္ကို ကိစၥေလးတစ္ခုရွိလို႔ ခဏသြားဦးမယ္ ။ ေတာ္ေတာ္ေတာ့ၾကာမယ္ေနာ္ "

" ရတယ္ မလွိုင္ ။ အျပန္က် သူဇာ ကားငွားၿပီးျပန္လိုက္မယ္ "

" အင္း ဒါဆို တို႔သြားလိုက္ဦးမယ္ "

" ေထြးလည္း လိုက္ခဲ့မယ္ေလ "
ခင္ေထြးမြန္ လွိုင့္ကို အသနားခံေနသည့္မ်က္လုံးမ်ားႏွင့္ ၾကည့္လိုက္သည္ ။

" သေဘာ "
လွိုင္ကေတာ့ တိုတိုတုတ္တုတ္ပင္ျပန္ေျဖလိုက္သည္ ။

လွိုင္ႏွင့္ေထြးေဆးခန္းထဲကေနထြက္သြားတာကိုၾကည့္ၿပီး မင္းလြင္ၿပဳံးေနသည္ ။

" လွိုင္က ဘယ္လိုေနမေကာင္းျဖစ္တာလဲ သူဇာ "

" ဒီလိုပါပဲ "

" အင္းပါ ။ ကိုယ့္အစ္မကို ေသခ်ာေလးဂ႐ုစိုက္ေပးလိုက္ဦး "

" သူဇာလည္း ေနမေကာင္းျဖစ္ေနတာပဲေလ "
သူဇာ လွိုင့္ကိုမနာလိုေတြပင္ျဖစ္ေနရသည္ ။

******************************

ဦးပိန္တံတားေပၚကို ခပ္သြက္သြက္ေလွ်ာက္ေနတဲ့ လွိုင့္လက္ကို ခင္ေထြးမြန္ အေနာက္ကေနလွမ္းဆြဲလိုက္သည္ ။

" မမလွိုင္ "

" ဘာလဲ "

" ေထြးကို စကားလည္း မေျပာဘူး ။ မမလွိုင္ ေထြးကို စိတ္ဆိုးေနတာလား "

" မသိဘူး "

" မမလွိုင္ကလည္း "

" ေတာ္ပါ ။ တို႔ကို လာခြၽဲမေနနဲ႕ ။ ေဆးခန္းမွာေတြ႕ခဲ့တဲ့ ဟိုအမ်ိဳးသမီးကိုပဲ သြားခြၽဲ "

" မမလွိုင္က သဝန္တိုေနတာလား "

" အိုး ... ကိုယ္ပိုင္တဲ့ကေလးငယ္ကို သူမ်ားကလာဖက္ေနတာေလ ... တို႔ သဝန္မတိုဘဲ ေနပါ့မလား "

" သဝန္မတိုပါနဲ႕ မမလွိုင္ရဲ႕ ။ ေထြးက ေဒၚကံ့ေကာ္လွိုင္တစ္ေယာက္ထဲကိုပဲ ျမတ္ျမတ္နိုးနိုးနဲ႕ ခ်စ္တာပါ "

" တို႔ေတာ့ မယုံပါကြယ္ "

" ယုံပါမမလွိုင္ရယ္ ။ ေထြးအသက္ ၊ ေထြးခႏၶာ
ထက္ေတာင္ မမလွိုင္ကို ပိုခ်စ္ရပါတယ္ "

" တို႔လည္း ထပ္တူပါပဲ ။ မင္းအမ်ိဳးသမီးကလည္း ကိုယ့္ကိုယ္ကိုယ္ထက္ မင္းကိုပိုလို႔ခ်စ္တယ္ "

လွိုင္ ေထြးလက္ကေလးကို ဆုပ္ကိုင္ထားလိုက္သည္ ။

" ဒီခုံမွာ ခဏထိုင္ရေအာင္ မမလွိုင္ "

လွိုင္ႏွင့္ေထြးတို႔ ခုံေလးတစ္ခုေပၚမွာ ဝင္ထိုင္လိုက္ၾကသည္ ။

" မမလွိုင္က အဝါေရာင္နဲ႕ သိပ္လိုက္တာပဲ "

"အဝါေရာင္က တို႔အႀကိဳက္ဆုံး အေရာင္ပဲေလ "

ဝါလြင္လြင္အဝတ္အစားကိုဝတ္ဆင္ထားေသာလွိုင္က ကံ့ေကာ္ပြင့္ရဲ႕ဝတ္မႈန္ဝါဝါေတြထက္ပင္ ႏူးညံ့လွပလြန္းလွသည္ ။ ၿပဳံးရိပ္သန္းေနေသာ ႏႈတ္ခမ္းရဲရဲတို႔ကလည္း ၾကည့္၍ပင္မဝနိုင္လြန္းေအာင္ ဆြဲေဆာင္မႈရွိေနသည္ ။ တည္ၿငိမ္ေသာမ်က္ဝန္းတို႔ကလည္း အၿမဲတေစ နစ္ဝင္သြားပစ္ခ်င္စရာပင္ ။

"  စိတ္ေတြသိပ္ပင္ပန္းေနတယ္မဟုတ္လား ေထြးငယ္ ။ တို႔ပုခုံးကို မွီထားေလကြယ္ "

ခင္ေထြးမြန္ လွိုင့္ပုခုံးေလးကိုမွီၿပီး လွိုင့္လက္သြယ္သြယ္တို႔ကိုလည္း တင္းက်ပ္စြာဆုပ္ကိုင္ထားလိုက္သည္ ။

" ေထြး အခ်ိန္တိုင္း မမလွိုင္အေၾကာင္းပဲေတြးမိေနတယ္ ။ ေထြးတို႔ခ်စ္ျခင္းေမတၱာကို မိဘေတြလက္ခံလာေအာင္ ဘယ္လိုလုပ္ၾကမလဲဟင္ "

" တို႔အိမ္က တို႔ႀကိဳက္သလိုလုပ္လို႔ရတယ္ ။ မင္းမိသားစု တို႔ကိုလက္ခံလာေအာင္ေတာ့ တို႔ႀကိဳးစားရမွာေပါ့ "

" ေထြးလည္းအိမ္ကို ႀကိဳးစားၿပီးနားခ်ၾကည့္မယ္ "

" အဲ့သည္ေလာက္မလြယ္ဘူးေလကြယ္ "
လွိုင္ ေထြးေခါင္းေလးကိုဖြဖြေလးပုတ္လိုက္သည္ ။

" ဒါဆို ဘယ္လိုလုပ္ရမလဲ "

" ဒီလိုပဲ အေျခအေနနဲ႕အခ်ိန္အခါကိုလိုက္ၿပီး အခြင့္ရင္ရသလို မင္းအေမဆီကအမွတ္ေတြယူရမွာေပါ့ "

" အဲ့တာက တကယ္အလုပ္ျဖစ္ပါ့မလား မမလွိုင္ "

" မင္းအမ်ိဳးသမီးကို ယုံလိုက္စမ္းပါကြယ္ "

" ဟုတ္ကဲ့ မမလွိုင္ "

" အင္း ... ဟုတ္ကဲ့ဆိုၿပီး တို႔ကြယ္ရာေရာက္ရင္ မိန္းမေခ်ာေခ်ာေတြကို လိုက္ေငးဦးမယ္မဟုတ္လား "
လွိုင့္ မ်က္ေစာင္းလွလွက ေထြးအေပၚကို ထိုးက်သြားျပန္သည္ ။

" မမလွိုင္ကလည္း ေထြးက မမလွိုင္ တစ္ေယာက္ထဲကိုပဲခ်စ္တာပါဆို "

လွိုင္ ေထြးေျပာတာကို မၾကားခ်င္ေယာင္ေဆာင္ေနလိုက္သည္ ။

" စိတ္ေကာက္ေတာ္မမူပါနဲ႕ ။ ခ်စ္ျခင္းေမတၱာေတြကို သက္ေသျပပါ့မယ္ "

ခင္ေထြးမြန္ တစ္ခုခုကိုေျပာဖို႔အားယူလိုက္သည္ ။

" ကြၽန္မ တစ္သက္လုံး ေဒၚကံ့ေကာ္လွိုင္တစ္ေယာက္ထဲကိုပဲ ျမတ္ျမတ္နိုးနိုးခ်စ္ပါမယ္လို႔ "
ေထြး ခပ္က်ယ္က်ယ္ေလးေအာ္လိုက္သည္ ။

" အိုး... ေဘးမွာလူေတြရွိတယ္ေလ ။ ကေလးဆန္လိုက္တာလည္း လြန္ပါေရာလားကြာ "
လွိုင္ ေမးေစ့ေလးကိုကိုင္ကာ ေထြးမ်က္ႏွာေလးကို ခ်စ္ျခင္းအျပည့္ႏွင့္ၾကည့္လိုက္သည္ ။

" ယုံၿပီလား မမလွိုင္ "

" တို႔ ယုံပါၿပီကြယ္ "

" ဟုတ္ ။ ဒါနဲ႕ မမလွိုင္ ေနမေကာင္းျဖစ္တယ္ဆို ။ ဘာျဖစ္တာလဲေျပာပါဦး ။ ေထြးျဖင့္စိတ္ပူလို႔ေသလိမ့္မယ္ "

" စိတ္ပူရေလာက္တဲ့အထိမဟုတ္ပါဘူးကြယ္ ။ အခုေတာင္ၾကည့္ပါ့လား ။ တို႔ ေနေကာင္းေနတယ္ေလ "

" ဘာပဲျဖစ္ျဖစ္ဂ႐ုစိုက္ေနာ္ မမလွိုင္ "

" မင္းသာဂ႐ုစိုက္စမ္းပါကြယ္ ။ လူက တို႔တစ္ကိုက္စာပဲရွိတယ္ "

" အဲ့ထက္ေတာ့ပိုပါတယ္ေနာ္ ။ မယုံရင္ စမ္းကိုက္ၾကည့္ပါလား "

" အိုး...မင္း ဘယ္လိုေတြေျပာေနတာလဲ ။ အူေတြယားေအာင္ကြယ္ "

" ဟီး "

" ဟီး မေနနဲ႕ ။ တို႔ေတြ ျပန္ဖို႔သင့္ၿပီ ။ ျပန္ၾကရေအာင္ေလ "

" ဟုတ္ "

လွိုင္ ေထြးကို ေဆးခန္းကို ျပန္လိုက္ပို႔လိုက္သည္ ။ ေဆးခန္းေရွ႕ကိုေရာက္ေတာ့ ခင္ေထြးမြန္ ကားေပၚကေန မဆင္းဘဲ ေပကပ္ေနသည္ ။

" မင္း မဆင္းေတာ့ဘူးလား ေထြးငယ္ "

" ဟို... မမလွိုင္ ေထြးနားကို ခဏတိုးပါဦး "

လွိုင္ မ်က္ေမွာင္ကေလးၾကဳတ္ကာ ခင္ေထြးမြန္အနားကိုတိုးလိုက္သည္ ။

" မြ "

ခင္ေထြးမြန္ လွိုင့္ပါးျပင္ႏုႏုကို ဇြတ္အတင္းဖိနမ္းလိုက္သည္ ။

" မမလွိုင္ ဂ႐ုစိုက္ၿပီးျပန္ေနာ္.. ဟီးဟီး "
ေထြး လွိုင့္ကို ႏႈတ္ဆက္ၿပီး ကားေပၚကေနဆင္းသြားလိုက္သည္ ။

" ဟင္း ...ဘယ္လိုဟာေလးလဲကြာ " လွိုင္ ေရ႐ြတ္ကာ ကားေမာင္းၿပီး အိမ္ကိုျပန္သြားလိုက္သည္ ။

******************************

တစ္ပိုင္းေလးupဖို႔အေရး အရမ္းကိုၾကာ ။ စိတ္ရွည္ရွည္နဲ႕ on going လိုက္ေပးေနတဲ့ ကေလးေတြကို အမ်ားႀကီး ခ်စ္ပါတယ္ရွင္ ။
အစစအရာရာဂ႐ုစိုက္ၾကပါ ။

Continue Reading

You'll Also Like

345K 20.6K 28
"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်"
477K 40.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
441K 16.4K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
587K 37.4K 62
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...