ချီလန်က ဒီနေရာမှာရပ်သွားတာကြောင့် ရုန်ယိက မေးလိုက်သည်။
"သူတို့ကို ဘယ်လိုနည်းလမ်းနဲ့ကာကွယ်ပေးမှာလဲ.. သူတို့မကြိုက်တာတွေ လုပ်ပြီးတော့လား.. ဒါမှမဟုတ် သူတို့ကို ထိခိုက်စေမဲ့ကိစ္စတွေ သူတို့ဘေးနားက လူတွေကို ထိခိုက်စေမဲ့ကိစ္စတွေ လုပ်ပြီးတော့လား"
ချီလန်က အသံကြားလိုက်တာကြောင့် အနားမှာ တစ်ယောက်ယောက်ရှိနေတာ သတိပြုမိသွားပြီး ရုန်ယိနဲ့ ရုန်ယိခန္ဓာကိုယ်ကို စိုက်ကြည့်လာသည်။
"မင်းတို့က ဘယ်သူတွေလဲ"
ရုန်ယိခန္ဓာကိုယ်က ရယ်မောကာ
"ငါတို့က မင်းရဲ့ အစ်ကိုကြီးတွေလေ"
ချီလန်က လက်မြှောက်ကာ သူတို့ကို ရေခဲဓားတစ်လက်နဲ့ ချိန်ရွယ်လာ၏။
ရုန်ယိခန္ဓာကိုယ်က အမြန် ဘေးကိုရွှေ့လိုက်ပြီး
"ခင်ဗျား ကျွန်တော်တို့ကို အစ်ကိုကြီးလို့ခေါ်နေတဲ့အချိန်ကို ပိုသဘောကျတယ်"
သူ့မှတ်ဉာဏ်တွေက နောက်ပြန်ဆုတ်နေပေမဲ့ သူ့ကျင့်ကြံဆင့်ကတော့ ဒီအတိုင်းရှိနေသေးလေသည်။ ရုန်ယိက သူ့အတွေးတွေကို သူ့ခန္ဓာကိုယ်ကို လွှဲပေးလိုက်သည်။
"ကျွန်တော်တို့မှာ ခင်ဗျားနဲ့ ကစားနေဖို့အချိန်မရှိဘူး ရှောင်ချီရေ.."
ရုန်ယိခန္ဓာကိုယ်က အမြန်လှည့်ကာ ထွက်ပြေးသွား၏။
"မင်းက ဘယ်သူလဲကွ!"
ချီလန်က လိုက်ဖမ်း၏။ အကွာအဝေးတစ်ခုလောက် ရောက်တဲ့အခါ သူ့မျက်ဝန်းတွေက အစောကလိုမျိုး ပြန်ကြည်လင်သွားလေသည်။ သူက ပတ်ပတ်လည်ကို ကြောက်ရွံ့စွာလိုက်ကြည့်လိုက်ပြီး ရှေ့မှာ တစ်ယောက်ယောက်ရှိနေတာ တွေ့တဲ့အခါ အမြန်လိုက်လာ၏။
ရုန်ယိခန္ဓာကိုယ်က သိချင်စိတ်ပြင်းပြစွာနဲ့
"ဘာလို့ သူ့မှတ်ဉာဏ်တွေက နောက်ပြန်ရောက်ပြီး.ငါတို့ကျတော့ မဖြစ်တာလဲ"
"ငါတို့က ခေတ်သစ်ကနေ ရှေးခတ်ကို ကူးပြောင်းလာခဲ့ကြတာလေ.. ငါတို့ ကလေးဘဝက မှတ်ဉာဏ်တွေကို ရောက်ဖို့ ဘယ်လောက်ထိပျံသွားရမလဲဆိုတာ ဘုရားဘဲသိလိမ့်မယ်.. ဒါကြောင့် ရလဒ်ကတော့ ငါတို့မှတ်ဉာဏ်တွေ နောက်ပြန်မဆုတ်သွားတာဘဲ.. ဒါပေမဲ့ ငါတို့လည်း အကွာအဝေးတစ်ခုထိ ရောက်ရင် ကလေးဘဝမှတ်ဉာဏ်တွေဆီ တိုက်ရိုက်ပြန်ရောက်သွားပြီး တဖြည်းဖြည်း မူလမှတ်ဉာဏ်တွေဆီ ပြန်ရောက်သွားလိမ့်မယ်"
ရုန်ယိခန္ဓာကိုယ်က ဂုဏ်ယူစွာနဲ့
"ဒီတော့ ဒီလမ်းကြောင်းက ငါတို့အပေါ် မသက်ရောက်ဘူးပေါ့"
"ငါတို့ဆက်ပျံနေမယ်ဆိုရင် မသေချာဘူး.. ဟမ်..ငါတို့ရှေ့မှာ တစ်ယောက်ယောက်ရှိနေတယ်"
ရှေ့မှာ လူတစ်ယောက်ရပ်နေတာ တွေ့လိုက်တာကြောင့် ရုန်ယိ သူ့ခန္ဓာကိုယ်ကို အမြန်တားလိုက်သည်။
"အစ်ကိုကြီး.. ဒါ ဘယ်နေရာကြီးလဲ"
ချီလန်က သူတို့ကို လိုက်မှီလာပြီး.ရုန်ယိဝတ်ရုံစကိုဆွဲထားကာ.. သူ့မှာ ငိုချင်နေပေမဲ့ မျက်ရည်တွေကို ခက်ခက်ခဲခဲ ထိန်းထားရသလိုမျိုး မျက်လုံးတွေလည်း ရဲနေ၏။
"ကျွန်တော် ကြောက်တယ်.. ဖေဖေနဲ့ မေမေကို တွေ့ချင်တယ်"
ချီလန်ရဲ့မှတ်ဉာဏ်တွေက သူကလေးငယ်လေးတုန်းက အချိန်ကို ပြန်ရောက်သွားပြီမှန်း ရုန်ယိသိလိုက်သည်။
ရုန်ယိခန္ဓာကိုယ်က ရုန်ယိကို မေးလာသည်။
" ဒီနေရာကနေထွက်သွားပြီးရင် ချီလန် ဒါတွေကို မှတ်မိနေဦးမယ်လို့ ထင်လား"
"အင်း ဖြစ်နိုင်တယ်"
ရုန်ယိခန္ဓာကိုယ်က မကောင်းဆိုးဝါးဆန်ဆန်ပြုံးလိုက်ပြီး
"သူငါတို့ကို ဒီနေရာမှာ အစ်ကိုကြီးလို့ ခေါ်ခဲ့တာကို ပြန်မှတ်မိရင် သူ့မျက်နှာသူ ဖြတ်ရိုက်ပစ်မိမလားမသိဘူး"
ရုန်ယိမှာ နှုတ်ခမ်းထောင့်လေးတွေ ကွေးသွားပြီး
"သူ သေတောင်သေချင်သွားမှာ စိုးရတယ်"
ရုန်ယိခန္ဓာကိုယ်မှာ ရယ်မောကာ ရှေ့တည့်တည့်ကို ပြန်ကြည့်လိုက်သည်။
"အဲ့လူက ဘယ်သူလဲ.. ဘာလို့ မလှုပ်တာလဲ"
ရုန်ယိက မျက်လုံးတွေ စင်းကာကြည့်လိုက်ရင်း
"အရင်တည်းက ဒီနေရာမှာ ပိတ်မိနေပြီး ပြန်မထွက်နိုင်တဲ့တစ်ယောက်ဖြစ်မှာပေါ့.. ဒါမှမဟုတ်လည်း တစ်ယောက်ယောက်ရဲ့ အတွင်းစိတ်မိစ္ဆာဖြစ်လိမ့်မယ်.. အရှေ့ကတစ်ယောက်ဆိုရင်တော့ ဘာမှမဖြစ်ဘူး.. ဒါပေမဲ့ အနောက်က တစ်မျိုးဆိုရင်တော့ ငါတို့ ဒုက္ခရောက်ပြီ"
"အစ်ကိုကြီး.. ကျွန်တော် ကြောက်တယ်"
ချီလန်က ခြောက်နှစ် ခုနှစ်နှစ်အရွယ် ကလေးလိုမျိုး ရုန်ယိကို ဖက်ထားကာ
"ကျွန်တော့်ကို မထားခဲ့ပါနဲ့"
ရုန်ယိမှာ သူ့ရဲ့ဖက်ထားမှုကြောင့် လည်ပင်းအစ်ကာ အသက်ရှူလို့မရတော့..
"အဟွတ်.. အဟွတ်.. လွှတ်ဦး.. ခင်ဗျားက ကျွန်တော့်ကို လည်ပင်းညှစ်ပြီး သတ်နေတာ.."
"ရုန်ယိ.. ဟိုလူ ဒီဘက်လှည့်လာပြီ!"
ရုန်ယိခန္ဓာကိုယ်က အော်ပြောလာသည်။
ရုန်ယိ သူ့လည်ပင်းက လက်ကို ဆွဲဖြုတ်ရင်း ရှေ့ကို ကြည့်လိုက်သည်။ တစ်ဖက်လူရဲ့ မျက်နှာကို တွေ့တဲ့အခါ သူရော သူ့ခန္ဓာကိုယ်ပါ အေးခဲသွားကြပြီးနောက် ချက်ချင်းဘဲ ပျော်ရွှင်စွာ အော်ခေါ်လိုက်ကြသည်။
"ကလေးတွေအဖေ!"
ရုန်ယိခန္ဓာကိုယ်က ဓားပျံစီးပြီး သွားတော့မဲ့အချိန်မှာ ချီလန်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
"ဦးလေးယင်!"
သူပျံသန်းနေတာကို ချက်ချင်း ရပ်ပစ်လိုက်ပြီး
"ဦးလေးယင်.. သူ ဦးလေးယင်လို့ ခေါ်လိုက်တာလား.. ဒါဆို ဒါက ကျင်းရဲ့မဟုတ်ဘဲ ကျင်းရဲ့ အဖေလား"
အစောက အနည်းငယ်လှမ်းနေတာကြောင့် သူတို့ ရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ကြ.. အခု အနည်းငယ် ပိုပြီးနီးသွားတာကြောင့် သူက တစ်ကယ်ဘဲ ယင်ကျင်းရဲ့ မဟုတ်တာတွေ့လိုက်ရသည်။ သူက ယင်ကျင်းရဲ့နဲ့ တော်တော်လေးဆင်တူပေမဲ့ သူက ပိုပြီး ရုပ်တည်ကာ နှုတ်ခမ်းတွေက တဖြောင့်တည်းဖြစ်နေပြီး အပြုံးအရယ်လည်းမရှိဘဲ စိတ်တွေက တစ်ခြားကိုလွင့်မြောနေသလိုဖြစ်ကာ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထား၏။
"ဒါ ကလေးတွေအဖေမဟုတ်ဘူး.. ဒါပေမဲ့ ကျင်းရဲ့အဖေက ဘာလို့ဒီမှာ ပေါ်လာရတာလဲ.. ဒီနှစ်တွေတစ်လျှောက်လုံး သူလျှို့ဝှက်နယ်မြေထဲမှာ ပိတ်မိနေတာလား"
ရုန်ယိခန္ဓာကိုယ်က
"အဲ့တာတွေထားလိုက်စမ်းပါ.. အရင်ဆုံး တစ်ချက်လောက် သွားကြည့်ကြရအောင်"
"ခဏလေး.. ဒီ ဦးလေးယင်က ချီလန်ရဲ့စိတ်ထဲက အတွင်းစိတ်မိစ္ဆာဖြစ်နိုင်တယ်"
သူ့နာမည်ကို ကြားလိုက်တဲ့အခါ ချီလန်က အပြစ်ကင်းစင်စွာနဲ့ မေးလာ၏။
"အစ်ကိုကြီး.. ကျွန်တော့်ကို ခေါ်တာလား"
ရုန်ယိ "....."
ရုန်ယိခန္ဓာကိုယ်က
"မင်း သွားမှာလား.. မသွားဘူးလား"
ရုန်ယိက သူ့ပုခုံးပေါ် ခေါင်းတင်ထားတဲ့ ချီလန်ကို လှည့်ကြည့်ကာ နှုတ်ခမ်းတွေ တွန့်သွားပြီး
"ဒါ ခင်ဗျားရဲ့ ဦးလေးယင်လေ.. ဘာလို့ သူ့ကို သွားမနှုတ်ဆက်တာလဲ"
ချီလန်က ဦးလေးယင်ကိုကြည့်ကာ သူတို့ကို ပြန်ကြည့်လိုက်ပြီး အသံသေးသေးလေးနဲ့ပြောလာသည်။
"ဦးလေးယင်က ရုပ်တည်ကြီးနဲ့.. ကျွန်တော် သူ့ကို သဘောမကျဘူး"
ရုန်ယိ "....."
ရုန်ယိခန္ဓာကိုယ်က သူ့ကို ခနဲ့လိုက်သည်။
"သူ့ကိုသဘောမကျဘူးဆိုရင်လည်း သူ့ကိုတွေ့တော့ ဘာလို့အရမ်း စိတ်လှုပ်ရှားသွားရတာလဲ"
ရုန်ယိက ပြောလိုက်သည်။
"မင်းဖြေးဖြေးချင်း ပျံသွားလိုက်.. တစ်ဖက်သူက တစ်ခုခုလှုပ်ရှားလာခဲ့ရင် ငါတို့....."
ကျန်တဲ့စကားလုံးတွေကိုတော့ စိတ်ထဲကနေ ဆက်ပြောလိုက်၏။
"ချီလန်ကို ဒိုင်းကာအဖြစ်ခေါ်သွား.. ဒါက သူ့ရဲ့အတွင်းစိတ်မိစ္ဆာလေ.. တစ်ယောက်ယောက်သေမယ်ဆိုရင်တောင်မှ သူဘဲဖြစ်သင့်တာပေါ့"
"မင်း တော်တော်ဆိုးတာဘဲ"
ရုန်ယိခန္ဓာကိုယ်က ပြုံးရယ်ကာ ရှေ့ကိုပျံသွားလိုက်သည်။
"ဟုတ်ပြီလေ.. ငါတို့ ယောက္ခထီးကြီးကို သွားတွေ့ကြရအောင်"
"ဟုတ်တယ်.. ဒါ ငါတို့ယောက္ခထီးကြီးနဲ့ ပထမဆုံးအကြိမ်တွေ့ရမှာ.. မင်း သူ့ကို လက်ဖက်ရည်ပါ တိုက်ဦးမလား"
ရုန်ယိက ဟာသလုပ်လိုက်သည်။
ရုန်ယိခန္ဓာကိုယ်က လက်ဖက်ခြောက်တစ်ထုပ် ထုတ်ကာ
"ဒါ ငါတို့အဖေ အကြိုက်ဆုံး လုံလက်ဖက်ခြောက်ဘဲ.. ငါတို့ ယောက္ခထီးကြီးလည်း ကြိုက်မယ်ထင်တာဘဲ"
ဒါပေမဲ့ သူတို့ဘယ်လောက် ပျံသန်းပါစေ.. ယင်ကျင်းရဲ့ အဖေဆီကို လုံးဝမရောက်နိုင်ကြပေ။ ဒါပေမဲ့ ချီလန်ရဲ့ မှတ်ဉာဏ်တွေကတော့ နောက်ကို ပြန်ဆုတ်သထက်ဆုတ်သွားပြီး အခုမှ စကားပြောသင်ခါစ တစ်နှစ်ကလေးအရွယ်ကို ပြန်ရောက်သွားသလိုပင်..။
"ဖေဖေ..."
ချီလန်က သူ့တစ်ကိုယ်လုံးကို ရုန်ယိပေါ် ပစ်ဝင်လိုက်၏။
"ဟမ်.."
ရုန်ယိမှာ လှည့်ကြည့်လိုက်မိပြီး
"ခင်ဗျား ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာ."
"ဖေဖေ.."
ချီလန်က ရုန်ယိခန္ဓာကိုယ်ကို လှမ်းကြည့်လိုက်ပြီး
"မေမေ.."
"!!!"
ရုန်ယိခန္ဓာကိုယ်က လူတွေရဲ့အသံကို ဖမ်းယူထားနိုင်တဲ့ အင်းကွက်အချို့ထုတ်လိုက်ကာ
"ခင်ဗျား ဘယ်လိုခေါ်လိုက်တာ.. ထပ်ခေါ်ပါဦး"
"မေမေ.."
ရုတ်တရက် ချီလန်က ကလေးသေးသေးလေးလိုမျိုး နှုတ်ခမ်းတွေတင်းတင်းစေ့လိုက်ကာ မျက်ရည်တွေစီးကျလာတော့၏။
"ဝါး..ဝါး..ဝါး.."
ရုန်ယိခန္ဓာကိုယ် "......"
ရုန်ယိမှာ အနည်းငယ်ထူးဆန်းနေသလို ခံစားလိုက်ရပြီး
"သူက ဘာလို့ ငါတို့ကို သူ့မိဘတွေလို့ထင်သွားတာလဲ"
"ငါ့အထင်တော့ သူ့မှတ်ဉာဏ်တွေက သူကလေးသေးသေးလေးတုန်းက အချိန်ကို ပြန်ရောက်သွားတဲ့အချိန်မှာ သူ့ဘေးနားမှာ ငါတို့ဘဲ ရှိနေတာလေ.. ဒါကြောင့် ငါတို့ကို သူ့မိဘတွေလို့ ထင်သွားတာဖြစ်မယ်"
ချလန်မှာပြင်းပြင်းထန်ထန် ငိုနေတာကြောင့် ကြို့တွေတောင် ထိုးနေလေပြီ။
"မေမေ..နို့... သောက်...နို့.. နို့..နို့.."
"နို့သောက်ချင်တာလား.."
ရုန်ယိနဲ့ သူ့ခန္ဓာကိုယ်မှာ လုံးဝကြောင်အသွားကြရပြီး
"ကျွန်တော်တို့မှာ ခင်ဗျားကိုတိုက်ဖို့ နို့ ဘယ်လိုလုပ် ရှိမှာလဲ"
ချီလန်က ငိုနေရင်းနဲ့ ရုန်ယိခန္ဓာကိုယ်ရဲ့ ရင်ဘက်ကိုကြည့်လာ၏။
"အာ.. မဟုတ်သေးဘူးနော်!"
ရုန်ယိခန္ဓာကိုယ်က သူ့ရင်ဘက်ကို အမြန်ကာလိုက်ကာ
"သောက်ချီး!.. ငါက ယောက်ျားကွ... ငါ့မှာ ဘယ်လိုလုပ် နို့ရှိမှာလဲ"
ရုန်ယိက လှောင်ပြုံးပြုံးလိုက်ပြီး
"ဟားဟား... ဒီတစ်ခေါက်တော့ ကလေးနို့စို့ခံရတာကို မင်းခံစားကြည့်ရမဲ့အလှည့်ဘဲ"
ရုန်ယိခန္ဓာကိုယ်က စိတ်တိုစွာနဲ့ပြောလာသည်။
"မင်းက ဘယ်လိုလုပ် ရယ်နေနိုင်သေးတာလဲ.. ငါခံရတယ်ဆိုတာ မင်းခံရတာဘဲလေ"
ချီလန်မှာ ထပ်စောင့်မနေနိုင်တော့.. သူ ရုန်ယိခန္ဓာကိုယ်ပေါ် ခုန်တက်လိုက်တာနဲ့ ရုန်ယိခန္ဓာကိုယ်က ထအော်လာ၏။
"အ.. ခင်ဗျား.. သားရဲကောင်ကြီး.. ကျွန်တော့် လက်ခုံကို ကိုက်ထားရလား"
ရုန်ယိမှာ သူတို့နှစ်ယောက်ကို အမြန် ခွဲလိုက်ရပြီးနောက် ရုတ်တရက် သူတို့နားမှာ ရယ်သံတွေကြားလိုက်ရ၏။
ရုန်ယိခန္ဓာကိုယ်ကလည်း ကြားလိုက်ရတာကြောင့်
"မင်း ရယ်သံတွေ ကြားလိုက်လား"
"ကြားတယ်"
ရုန်ယိ ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်တဲ့အခါ သူတို့အပေါ်မှာ ကလေးလေးချီထားတဲ့ အမျိုးသမီးတစ်ယောက်ပေါ်လာလေသည်။ ထို့နောက် ထိုမြင်ကွင်းက တဖြည်းဖြည်း ကြီးမားလာကာ ဘေးနားက အစေခံပုံကိုပါ တွေ့လာရ၏။
ထို့နောက် တစ်ယောက်ယောက်ပြောလိုက်တဲ့အသံကို ရုန်ယိကြားလိုက်ရသည်။
"သားလေး မွေးဖွားခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် သခင်မကြီး"
ချီလန်နဲ့ ရုပ်ချင်းဆင်တဲ့ အမျိုးသမီးတစ်ယောက်က ကလေးချီထားတဲ့ အမျိုးသမီးနားကို လျှောက်လာကာ သူမရဲ့ကလေးကို ပြောလိုက်လေသည်။
"လန်အာ.. သားညီလေးကို လာကြည့်ပါဦး"
"ညီလေး.."
သုံးနှစ်အရွယ် ချီလန်လေးက ကလေးလေးဆီကို ပြေးသွားပြီး
"ဒါ သားညီလေးလား"
ချီလန်ရဲ့အမေက ပြုံးရင်း ခေါင်းငြိမ့်ပြကာ
"သူ့နာမည်က ကျင်းရဲ့တဲ့.. အစ်ကိုကြီးတစ်ယောက်အနေနဲ့ သားက သူ့ကို စောင့်ရှောက်ပေးရမှာနော်.. သိပြီလား"
ချီလန်က လိမ္မာစွာနဲ့ခေါင်းငြိမ့်ကာ ကလေးရဲ့မျက်နှာလေးကို လက်ချောင်းလေးနဲ့တို့ကြည့်လိုက်သည်။
"ညီလေး.. ငါမင်းကို ကာကွယ်ပေးမယ်"
ရုန်ယိခန္ဓာကိုယ်က ဒါကိုမြင်တဲ့အခါ ပြောလာ၏။
"ကလေးတွေအဖေ ငယ်ငယ်လေးတုန်းက အရမ်းချစ်ဖို့ကောင်းတာဘဲ"
သူက သူရဲ့ဖုန်းကိုထုတ်ကာ ဓာတ်ပုံတွေအများကြီး ရိုက်ယူထားလိုက်သည်။
"ဘောင်းဘီတိုလေးသာဝတ်ထားရင် ပိုချစ်ဖို့ကောင်းမှာ.. တစ်ကိုယ်လုံး အဝတ်နဲ့ထုပ်ထားတာ နှမြောစရာဘဲ"
"......"
ရုန်ယိက ပုံတွေကိုကြည့်ကာ ခဏလောက်စဥ်းစားလိုက်ပြီး
"နောက်ပိုင်း ချီလန်နဲ့ သူ့မိသားစုကို အတူတွေ့တဲ့အချိန်ကျရင်.. ပုံတွေ ထပ်ရိုက်ထားလိုက်ဦး"
"ကောင်းပြီ"
ထိုမြင်ကွင်းထဲမှာတော့ ချီလန်ရဲ့အမေက ချီလန်ကို ယင်မိသားစုကနေ ပြန်ခေါ်သွားပြီးနောက် သူ့ကို မိသားစုနှစ်စုကြားက ဆက်ဆံရေးအကြောင်းကို ပြောပြခဲ့၏။
ချီမိသားစုက နဂိုက ယင်မိသားစုရဲ့ မိသားစုအခွဲ တစ်ခုဖြစ်၏။ နောက်ပိုင်းမှာ သူတို့ဘိုးဘေးတွေက သမီးတစ်ယောက်သာမွေးဖွားခဲ့ပြီး မိသားစုစီးပွားရေးကို ဆက်ခံဖို့အတွက် သားယောက်ျားလေးမရှိခဲ့တာကြောင့် တဖြည်းဖြည်းနဲ့ ယင်မိသားစုအခွဲလေးကနေ ချီမိသားစုအဖြစ် ခွဲထွက်သွားခဲ့သည်။ ဒီလိုနဲ့ နှစ်ထောင်ချီကြာပြီးနောက်မှာတော့ မိသားစုကြီးတစ်ခုဖြစ်လာခဲ့၏။
မိသားစုနှစ်စုကြားက ဆက်ဆံရေးက တဖြည်းဖြည်း နည်းသထက်နည်းလာခဲ့သည်။ ယင်ကျင်းရဲ့အဖေနဲ့ ချီလန့်အဖေတို့ လက်ထက်ကျတော့မှသာ နှစ်ဦးသားက ညီအစ်ကိုကောင်းတွေဖြစ်လာခဲ့ပြီး မိသားစုနှစ်စုကလည်း ပြန်ဆက်ဆံမှုတွေရှိလာခဲ့တာဖြစ်သည်။
ယင်ကျင်းရဲ့အဖေနဲ့ချီလန့်အဖေတို့က အရမ်းကို ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးရှိကြ၏။ သူတို့တွေ မိသားစုရဲ့ သခင်တွေ ဖြစ်မလာခင်တုန်းက ယင်ကျင်းရဲ့အမေက သူမရဲ့ ထူးချွန်တဲ့ ဆေးပညာနဲ့ ချီမိသားစုကို မကြာခဏ ကူညီပေးခဲ့ဖူးသည်။ တစ်ကြိမ် ချီလန်မှာ ထူးဆန်းတဲ့ရောဂါကြောင့် သေလုနီးပါးဖြစ်ခဲ့ဖူးသည်။ ယင်ကျင်းရဲ့အမေကြောင့်သာမဟုတ်ရင် သူအသက်ရှိမနေတော့။ ဒါကြောင့် ချီလန်ရဲ့မိဘတွေက ယင်ကျင်းရဲ့အမေကို အရမ်းကျေးဇူးတင်ကြပြီး ယင်ကျင်းရဲ့မိဘတွေ သူတို့ကို လိုအပ်တဲ့အချိန်တိုင်း အမြဲတမ်း အကူအညီပေးခဲ့လေသည်။ ဒါကြောင့် ချီလန်ရဲ့အမေက သူ့ကို အစ်ကိုတစ်ယောက်လိုမျိုး ယင်ကျင်းရဲ့ကို ကာကွယ်ပေးစေချင်ခဲ့တာဖြစ်လေသည်။
ချီလန်ကလည်း သူ ယင်ကျင်းရဲ့ကို ကာကွယ်ပေးမယ်လို့ပြောခဲ့တဲ့အချိန်ကစပြီး သူပြောတဲ့စကားအတိုင်း လုပ်ခဲ့သည်။ သူ့မှာ စားစရာတွေ ကစားစရာတွေရှိတိုင်းလည်း ယင်ကျင်းရဲ့ကိုပါ ဝေမျှပေးခဲ့၏။ ဒါကြောင့် ကလေးနှစ်ယောက်ကြားက ဆက်ဆံရေးက ကောင်းမွန်ကာ ညီအစ်ကိုအရင်းတွေထက်ပင် ပိုရင်းနှီးကြလေသည်။ ချီလန့်မိဘတွေကလည်း ယင်ကျင်းရဲ့ကို သားအရင်းတစ်ယောက်လိုသဘောထားတာကြောင့် သူ့မှာ ချီလန်ဆီမှာ ရှိသမျှ အကုန်ရှိပြီး ပိုတောင်ပိုသေးသည်။
ချီလန်ရဲ့အစ်ကိုတွေ အစ်မတွေကလည်း သူ့ကို ယင်ကျင်းရဲ့ကသာ သူတို့ကလေးအရင်းဖြစ်ပြီး သူကိုတော့ လမ်းဘေးကကောက်လာခဲ့တာလို့ အမြဲစနောက်လေ့ရှိသည်။
ချီလန်က စိတ်မဆိုးသလို မနာလိုလည်းမဖြစ်ဘဲ သူ့အစ်ကိုတွေ အစ်မတွေကို ယင်ကျင်းရဲ့အပေါ်မှာ အရမ်းကောင်းပေးဖို့ကိုပါ မျှော်လင့်သေးသည်။
ရုတ်တရက် မြင်ကွင်းက ပျော်ရွှင်စရာအခြေအနေကနေ ဝမ်းနည်းဖွယ်လေထုသို့ ကူးပြောင်းသွားလေသည်။ ချီမိသားစုရဲ့ ခန်းမထဲမှာ မိန်းမငယ်လေးနှစ်ယောက်ရဲ့ အလောင်းက လှဲလျောင်းနေ၏။
တစ်ခြားသူတွေက ဝမ်းနည်းပူဆွေးနေကြပြီး ချီလန်ရဲ့အမေက ပါးစပ်ကိုအုပ်ကာ ငိုကြွေးနေလေသည်။
ချီလန်မှာ အသက်လေးအနည်းငယ်သာရှိသေးပေမဲ့ သေဆုံးခြင်းရဲ့ အဓိပ္ပါယ်ကိုတော့ သူသိသေးသည်။ ကြမ်းပြင်ပေါ်က အလောင်းနှစ်လောင်းကိုတွေ့တဲ့အခါ ချက်ချင်း အလောင်းတွေဆီပြေးသွားကာ ငိုတော့သည်။
"မမကြီး...မမလေး..ထလေ... ဒီနေ့ ကျွန်တော့်ကို ကစားဖို့ အပြင်ခေါ်သွားပေးမယ်ဆို.. ကိုယ့်စကားကို မတည်လို့မရဘူးလေ..."
အစေခံတွေမှာ သူ့ကို အမြန်ချီလိုက်ကာ ရှိုက်ငိုရင်းနဲ့
"သခင်လေး.. မမလေး နှစ်ယောက်က အရမ်းပင်ပန်းနေလို့ပါ.. သူတို့ကို ကောင်းကောင်း အနားယူခိုင်းလိုက်လေနော်.."
"လိမ်နေတာ!..လူလိမ်တွေ!..."
ချီလန်က အော်ငိုကာ အစေခံတွေပေါ်မှာ ရုန်းပြီး ကန်ကြောက်နေ၏။
ချီလန်ရဲ့အဖေက မျက်လုံးတွေ နီရဲနေကာ ပြောလာသည်။
"အေးတယ်.. သူတို့ကို ကြမ်းပြင်ပေါ်မှာ မလှဲခိုင်းထားနဲ့တော့.."
"ဟုတ်ကဲ့ "
အစေခံတွေက ချီလန်ရဲ့ အစ်မတွေအတွက် စျာပနပွဲပြင်ဆင် ကျင်းပလိုက်ကြပြီး ထိုဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကြီးရဲ့ ပူဆွေးသောကတွေကနေ လွတ်မြောက်ဖို့အတွက် ချီမိသားစုမှာ နှစ်အတော်ကြာ အချိန်ယူခဲ့ရသည်။
ထိုဖြစ်ရပ်အပြီး သိပ်မကြာခင်မှာဘဲ ယင်ကျင်းရဲ့အဖေက ချီမိသားစုကိုလာပြီး အကူအညီထပ်တောင်းခဲ့၏။
**********
Zawgyi
ခ်ီလန္က ဒီေနရာမွာရပ္သြားတာေၾကာင့္ ႐ုန္ယိက ေမးလိုက္သည္။
"သူတို႔ကို ဘယ္လိုနည္းလမ္းနဲ႕ကာကြယ္ေပးမွာလဲ.. သူတို႔မႀကိဳက္တာေတြ လုပ္ၿပီးေတာ့လား.. ဒါမွမဟုတ္ သူတို႔ကို ထိခိုက္ေစမဲ့ကိစၥေတြ သူတို႔ေဘးနားက လူေတြကို ထိခိုက္ေစမဲ့ကိစၥေတြ လုပ္ၿပီးေတာ့လား"
ခ်ီလန္က အသံၾကားလိုက္တာေၾကာင့္ အနားမွာ တစ္ေယာက္ေယာက္ရွိေနတာ သတိျပဳမိသြားၿပီး ႐ုန္ယိနဲ႕ ႐ုန္ယိခႏၶာကိုယ္ကို စိုက္ၾကည့္လာသည္။
"မင္းတို႔က ဘယ္သူေတြလဲ"
႐ုန္ယိခႏၶာကိုယ္က ရယ္ေမာကာ
"ငါတို႔က မင္းရဲ႕ အစ္ကိုႀကီးေတြေလ"
ခ်ီလန္က လက္ျမႇောက္ကာ သူတို႔ကို ေရခဲဓားတစ္လက္နဲ႕ ခ်ိန္႐ြယ္လာ၏။
႐ုန္ယိခႏၶာကိုယ္က အျမန္ ေဘးကိုေ႐ႊ႕လိုက္ၿပီး
"ခင္ဗ်ား ကြၽန္ေတာ္တို႔ကို အစ္ကိုႀကီးလို႔ေခၚေနတဲ့အခ်ိန္ကို ပိုသေဘာက်တယ္"
သူ႕မွတ္ဉာဏ္ေတြက ေနာက္ျပန္ဆုတ္ေနေပမဲ့ သူ႕က်င့္ႀကံဆင့္ကေတာ့ ဒီအတိုင္းရွိေနေသးေလသည္။ ႐ုန္ယိက သူ႕အေတြးေတြကို သူ႕ခႏၶာကိုယ္ကို လႊဲေပးလိုက္သည္။
"ကြၽန္ေတာ္တို႔မွာ ခင္ဗ်ားနဲ႕ ကစားေနဖို႔အခ်ိန္မရွိဘူး ေရွာင္ခ်ီေရ.."
႐ုန္ယိခႏၶာကိုယ္က အျမန္လွည့္ကာ ထြက္ေျပးသြား၏။
"မင္းက ဘယ္သူလဲကြ!"
ခ်ီလန္က လိုက္ဖမ္း၏။ အကြာအေဝးတစ္ခုေလာက္ ေရာက္တဲ့အခါ သူ႕မ်က္ဝန္းေတြက အေစာကလိုမ်ိဳး ျပန္ၾကည္လင္သြားေလသည္။ သူက ပတ္ပတ္လည္ကို ေၾကာက္႐ြံ႕စြာလိုက္ၾကည့္လိုက္ၿပီး ေရွ႕မွာ တစ္ေယာက္ေယာက္ရွိေနတာ ေတြ႕တဲ့အခါ အျမန္လိုက္လာ၏။
႐ုန္ယိခႏၶာကိုယ္က သိခ်င္စိတ္ျပင္းျပစြာနဲ႕
"ဘာလို႔ သူ႕မွတ္ဉာဏ္ေတြက ေနာက္ျပန္ေရာက္ၿပီး.ငါတို႔က်ေတာ့ မျဖစ္တာလဲ"
"ငါတို႔က ေခတ္သစ္ကေန ေရွးခတ္ကို ကူးေျပာင္းလာခဲ့ၾကတာေလ.. ငါတို႔ ကေလးဘဝက မွတ္ဉာဏ္ေတြကို ေရာက္ဖို႔ ဘယ္ေလာက္ထိပ်ံသြားရမလဲဆိုတာ ဘုရားဘဲသိလိမ့္မယ္.. ဒါေၾကာင့္ ရလဒ္ကေတာ့ ငါတို႔မွတ္ဉာဏ္ေတြ ေနာက္ျပန္မဆုတ္သြားတာဘဲ.. ဒါေပမဲ့ ငါတို႔လည္း အကြာအေဝးတစ္ခုထိ ေရာက္ရင္ ကေလးဘဝမွတ္ဉာဏ္ေတြဆီ တိုက္ရိုက္ျပန္ေရာက္သြားၿပီး တျဖည္းျဖည္း မူလမွတ္ဉာဏ္ေတြဆီ ျပန္ေရာက္သြားလိမ့္မယ္"
႐ုန္ယိခႏၶာကိုယ္က ဂုဏ္ယူစြာနဲ႕
"ဒီေတာ့ ဒီလမ္းေၾကာင္းက ငါတို႔အေပၚ မသက္ေရာက္ဘူးေပါ့"
"ငါတို႔ဆက္ပ်ံေနမယ္ဆိုရင္ မေသခ်ာဘူး.. ဟမ္..ငါတို႔ေရွ႕မွာ တစ္ေယာက္ေယာက္ရွိေနတယ္"
ေရွ႕မွာ လူတစ္ေယာက္ရပ္ေနတာ ေတြ႕လိုက္တာေၾကာင့္ ႐ုန္ယိ သူ႕ခႏၶာကိုယ္ကို အျမန္တားလိုက္သည္။
"အစ္ကိုႀကီး.. ဒါ ဘယ္ေနရာႀကီးလဲ"
ခ်ီလန္က သူတို႔ကို လိုက္မွီလာၿပီး.႐ုန္ယိဝတ္႐ုံစကိုဆြဲထားကာ.. သူ႕မွာ ငိုခ်င္ေနေပမဲ့ မ်က္ရည္ေတြကို ခက္ခက္ခဲခဲ ထိန္းထားရသလိုမ်ိဳး မ်က္လုံးေတြလည္း ရဲေန၏။
"ကြၽန္ေတာ္ ေၾကာက္တယ္.. ေဖေဖနဲ႕ ေမေမကို ေတြ႕ခ်င္တယ္"
ခ်ီလန္ရဲ႕မွတ္ဉာဏ္ေတြက သူကေလးငယ္ေလးတုန္းက အခ်ိန္ကို ျပန္ေရာက္သြားၿပီမွန္း ႐ုန္ယိသိလိုက္သည္။
႐ုန္ယိခႏၶာကိုယ္က ႐ုန္ယိကို ေမးလာသည္။
" ဒီေနရာကေနထြက္သြားၿပီးရင္ ခ်ီလန္ ဒါေတြကို မွတ္မိေနဦးမယ္လို႔ ထင္လား"
"အင္း ျဖစ္နိုင္တယ္"
႐ုန္ယိခႏၶာကိုယ္က မေကာင္းဆိုးဝါးဆန္ဆန္ၿပဳံးလိုက္ၿပီး
"သူငါတို႔ကို ဒီေနရာမွာ အစ္ကိုႀကီးလို႔ ေခၚခဲ့တာကို ျပန္မွတ္မိရင္ သူ႕မ်က္ႏွာသူ ျဖတ္ရိုက္ပစ္မိမလားမသိဘူး"
႐ုန္ယိမွာ ႏႈတ္ခမ္းေထာင့္ေလးေတြ ေကြးသြားၿပီး
"သူ ေသေတာင္ေသခ်င္သြားမွာ စိုးရတယ္"
႐ုန္ယိခႏၶာကိုယ္မွာ ရယ္ေမာကာ ေရွ႕တည့္တည့္ကို ျပန္ၾကည့္လိုက္သည္။
"အဲ့လူက ဘယ္သူလဲ.. ဘာလို႔ မလႈပ္တာလဲ"
႐ုန္ယိက မ်က္လုံးေတြ စင္းကာၾကည့္လိုက္ရင္း
"အရင္တည္းက ဒီေနရာမွာ ပိတ္မိေနၿပီး ျပန္မထြက္နိုင္တဲ့တစ္ေယာက္ျဖစ္မွာေပါ့.. ဒါမွမဟုတ္လည္း တစ္ေယာက္ေယာက္ရဲ႕ အတြင္းစိတ္မိစ္ဆာျဖစ္လိမ့္မယ္.. အေရွ႕ကတစ္ေယာက္ဆိုရင္ေတာ့ ဘာမွမျဖစ္ဘူး.. ဒါေပမဲ့ အေနာက္က တစ္မ်ိဳးဆိုရင္ေတာ့ ငါတို႔ ဒုကၡေရာက္ၿပီ"
"အစ္ကိုႀကီး.. ကြၽန္ေတာ္ ေၾကာက္တယ္"
ခ်ီလန္က ေျခာက္ႏွစ္ ခုႏွစ္ႏွစ္အ႐ြယ္ ကေလးလိုမ်ိဳး ႐ုန္ယိကို ဖက္ထားကာ
"ကြၽန္ေတာ့္ကို မထားခဲ့ပါနဲ႕"
႐ုန္ယိမွာ သူ႕ရဲ႕ဖက္ထားမႈေၾကာင့္ လည္ပင္းအစ္ကာ အသက္ရႉလို႔မရေတာ့..
"အဟြတ္.. အဟြတ္.. လႊတ္ဦး.. ခင္ဗ်ားက ကြၽန္ေတာ့္ကို လည္ပင္းညွစ္ၿပီး သတ္ေနတာ.."
"႐ုန္ယိ.. ဟိုလူ ဒီဘက္လွည့္လာၿပီ!"
႐ုန္ယိခႏၶာကိုယ္က ေအာ္ေျပာလာသည္။
႐ုန္ယိ သူ႕လည္ပင္းက လက္ကို ဆြဲျဖဳတ္ရင္း ေရွ႕ကို ၾကည့္လိုက္သည္။ တစ္ဖက္လူရဲ႕ မ်က္ႏွာကို ေတြ႕တဲ့အခါ သူေရာ သူ႕ခႏၶာကိုယ္ပါ ေအးခဲသြားၾကၿပီးေနာက္ ခ်က္ခ်င္းဘဲ ေပ်ာ္႐ႊင္စြာ ေအာ္ေခၚလိုက္ၾကသည္။
"ကေလးေတြအေဖ!"
႐ုန္ယိခႏၶာကိုယ္က ဓားပ်ံစီးၿပီး သြားေတာ့မဲ့အခ်ိန္မွာ ခ်ီလန္က စိတ္လႈပ္ရွားစြာ ေအာ္လိုက္သည္။
"ဦးေလးယင္!"
သူပ်ံသန္းေနတာကို ခ်က္ခ်င္း ရပ္ပစ္လိုက္ၿပီး
"ဦးေလးယင္.. သူ ဦးေလးယင္လို႔ ေခၚလိုက္တာလား.. ဒါဆို ဒါက က်င္းရဲ႕မဟုတ္ဘဲ က်င္းရဲ႕ အေဖလား"
အေစာက အနည္းငယ္လွမ္းေနတာေၾကာင့္ သူတို႔ ရွင္းရွင္းလင္းလင္းမျမင္နိုင္ခဲ့ၾက.. အခု အနည္းငယ္ ပိုၿပီးနီးသြားတာေၾကာင့္ သူက တစ္ကယ္ဘဲ ယင္က်င္းရဲ႕ မဟုတ္တာေတြ႕လိုက္ရသည္။ သူက ယင္က်င္းရဲ႕နဲ႕ ေတာ္ေတာ္ေလးဆင္တူေပမဲ့ သူက ပိုၿပီး ႐ုပ္တည္ကာ ႏႈတ္ခမ္းေတြက တေျဖာင့္တည္းျဖစ္ေနၿပီး အၿပဳံးအရယ္လည္းမရွိဘဲ စိတ္ေတြက တစ္ျခားကိုလြင့္ေျမာေနသလိုျဖစ္ကာ ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ထား၏။
"ဒါ ကေလးေတြအေဖမဟုတ္ဘူး.. ဒါေပမဲ့ က်င္းရဲ႕အေဖက ဘာလို႔ဒီမွာ ေပၚလာရတာလဲ.. ဒီႏွစ္ေတြတစ္ေလွ်ာက္လုံး သူလွ်ို႔ဝွက္နယ္ေျမထဲမွာ ပိတ္မိေနတာလား"
႐ုန္ယိခႏၶာကိုယ္က
"အဲ့တာေတြထားလိုက္စမ္းပါ.. အရင္ဆုံး တစ္ခ်က္ေလာက္ သြားၾကည့္ၾကရေအာင္"
"ခဏေလး.. ဒီ ဦးေလးယင္က ခ်ီလန္ရဲ႕စိတ္ထဲက အတြင္းစိတ္မိစ္ဆာျဖစ္နိုင္တယ္"
သူ႕နာမည္ကို ၾကားလိုက္တဲ့အခါ ခ်ီလန္က အျပစ္ကင္းစင္စြာနဲ႕ ေမးလာ၏။
"အစ္ကိုႀကီး.. ကြၽန္ေတာ့္ကို ေခၚတာလား"
႐ုန္ယိ "....."
႐ုန္ယိခႏၶာကိုယ္က
"မင္း သြားမွာလား.. မသြားဘူးလား"
႐ုန္ယိက သူ႕ပုခုံးေပၚ ေခါင္းတင္ထားတဲ့ ခ်ီလန္ကို လွည့္ၾကည့္ကာ ႏႈတ္ခမ္းေတြ တြန့္သြားၿပီး
"ဒါ ခင္ဗ်ားရဲ႕ ဦးေလးယင္ေလ.. ဘာလို႔ သူ႕ကို သြားမႏႈတ္ဆက္တာလဲ"
ခ်ီလန္က ဦးေလးယင္ကိုၾကည့္ကာ သူတို႔ကို ျပန္ၾကည့္လိုက္ၿပီး အသံေသးေသးေလးနဲ႕ေျပာလာသည္။
"ဦးေလးယင္က ႐ုပ္တည္ႀကီးနဲ႕.. ကြၽန္ေတာ္ သူ႕ကို သေဘာမက်ဘဴး"
႐ုန္ယိ "....."
႐ုန္ယိခႏၶာကိုယ္က သူ႕ကို ခနဲ႕လိုက္သည္။
"သူ႕ကိုသေဘာမက်ဘဴးဆိုရင္လည္း သူ႕ကိုေတြ႕ေတာ့ ဘာလို႔အရမ္း စိတ္လႈပ္ရွားသြားရတာလဲ"
႐ုန္ယိက ေျပာလိုက္သည္။
"မင္းေျဖးေျဖးခ်င္း ပ်ံသြားလိုက္.. တစ္ဖက္သူက တစ္ခုခုလႈပ္ရွားလာခဲ့ရင္ ငါတို႔....."
က်န္တဲ့စကားလုံးေတြကိုေတာ့ စိတ္ထဲကေန ဆက္ေျပာလိုက္၏။
"ခ်ီလန္ကို ဒိုင္းကာအျဖစ္ေခၚသြား.. ဒါက သူ႕ရဲ႕အတြင္းစိတ္မိစ္ဆာေလ.. တစ္ေယာက္ေယာက္ေသမယ္ဆိုရင္ေတာင္မွ သူဘဲျဖစ္သင့္တာေပါ့"
"မင္း ေတာ္ေတာ္ဆိုးတာဘဲ"
႐ုန္ယိခႏၶာကိုယ္က ၿပဳံးရယ္ကာ ေရွ႕ကိုပ်ံသြားလိုက္သည္။
"ဟုတ္ၿပီေလ.. ငါတို႔ ေယာကၡထီးႀကီးကို သြားေတြ႕ၾကရေအာင္"
"ဟုတ္တယ္.. ဒါ ငါတို႔ေယာကၡထီးႀကီးနဲ႕ ပထမဆုံးအႀကိမ္ေတြ႕ရမွာ.. မင္း သူ႕ကို လက္ဖက္ရည္ပါ တိုက္ဦးမလား"
႐ုန္ယိက ဟာသလုပ္လိုက္သည္။
႐ုန္ယိခႏၶာကိုယ္က လက္ဖက္ေျခာက္တစ္ထုပ္ ထုတ္ကာ
"ဒါ ငါတို႔အေဖ အႀကိဳက္ဆုံး လုံလက္ဖက္ေျခာက္ဘဲ.. ငါတို႔ ေယာကၡထီးႀကီးလည္း ႀကိဳက္မယ္ထင္တာဘဲ"
ဒါေပမဲ့ သူတို႔ဘယ္ေလာက္ ပ်ံသန္းပါေစ.. ယင္က်င္းရဲ႕ အေဖဆီကို လုံးဝမေရာက္နိုင္ၾကေပ။ ဒါေပမဲ့ ခ်ီလန္ရဲ႕ မွတ္ဉာဏ္ေတြကေတာ့ ေနာက္ကို ျပန္ဆုတ္သထက္ဆုတ္သြားၿပီး အခုမွ စကားေျပာသင္ခါစ တစ္ႏွစ္ကေလးအ႐ြယ္ကို ျပန္ေရာက္သြားသလိုပင္..။
"ေဖေဖ..."
ခ်ီလန္က သူ႕တစ္ကိုယ္လုံးကို ႐ုန္ယိေပၚ ပစ္ဝင္လိုက္၏။
"ဟမ္.."
႐ုန္ယိမွာ လွည့္ၾကည့္လိုက္မိၿပီး
"ခင္ဗ်ား ကြၽန္ေတာ့္ကို ဘယ္လိုေခၚလိုက္တာ."
"ေဖေဖ.."
ခ်ီလန္က ႐ုန္ယိခႏၶာကိုယ္ကို လွမ္းၾကည့္လိုက္ၿပီး
"ေမေမ.."
"!!!"
႐ုန္ယိခႏၶာကိုယ္က လူေတြရဲ႕အသံကို ဖမ္းယူထားနိုင္တဲ့ အင္းကြက္အခ်ိဳ႕ထုတ္လိုက္ကာ
"ခင္ဗ်ား ဘယ္လိုေခၚလိုက္တာ.. ထပ္ေခၚပါဦး"
"ေမေမ.."
႐ုတ္တရက္ ခ်ီလန္က ကေလးေသးေသးေလးလိုမ်ိဳး ႏႈတ္ခမ္းေတြတင္းတင္းေစ့လိုက္ကာ မ်က္ရည္ေတြစီးက်လာေတာ့၏။
"ဝါး..ဝါး..ဝါး.."
႐ုန္ယိခႏၶာကိုယ္ "......"
႐ုန္ယိမွာ အနည္းငယ္ထူးဆန္းေနသလို ခံစားလိုက္ရၿပီး
"သူက ဘာလို႔ ငါတို႔ကို သူ႕မိဘေတြလို႔ထင္သြားတာလဲ"
"ငါ့အထင္ေတာ့ သူ႕မွတ္ဉာဏ္ေတြက သူကေလးေသးေသးေလးတုန္းက အခ်ိန္ကို ျပန္ေရာက္သြားတဲ့အခ်ိန္မွာ သူ႕ေဘးနားမွာ ငါတို႔ဘဲ ရွိေနတာေလ.. ဒါေၾကာင့္ ငါတို႔ကို သူ႕မိဘေတြလို႔ ထင္သြားတာျဖစ္မယ္"
ခ်လန္မွာျပင္းျပင္းထန္ထန္ ငိုေနတာေၾကာင့္ ႀကိဳ႕ေတြေတာင္ ထိုးေနေလၿပီ။
"ေမေမ..နို႔... ေသာက္...နို႔.. နို႔..နို႔.."
"နို႔ေသာက္ခ်င္တာလား.."
႐ုန္ယိနဲ႕ သူ႕ခႏၶာကိုယ္မွာ လုံးဝေၾကာင္အသြားၾကရၿပီး
"ကြၽန္ေတာ္တို႔မွာ ခင္ဗ်ားကိုတိုက္ဖို႔ နို႔ ဘယ္လိုလုပ္ ရွိမွာလဲ"
ခ်ီလန္က ငိုေနရင္းနဲ႕ ႐ုန္ယိခႏၶာကိုယ္ရဲ႕ ရင္ဘက္ကိုၾကည့္လာ၏။
"အာ.. မဟုတ္ေသးဘူးေနာ္!"
႐ုန္ယိခႏၶာကိုယ္က သူ႕ရင္ဘက္ကို အျမန္ကာလိုက္ကာ
"ေသာက္ခ်ီး!.. ငါက ေယာက္်ားကြ... ငါ့မွာ ဘယ္လိုလုပ္ နို႔ရွိမွာလဲ"
႐ုန္ယိက ေလွာင္ၿပဳံးၿပဳံးလိုက္ၿပီး
"ဟားဟား... ဒီတစ္ေခါက္ေတာ့ ကေလးနို႔စို႔ခံရတာကို မင္းခံစားၾကည့္ရမဲ့အလွည့္ဘဲ"
႐ုန္ယိခႏၶာကိုယ္က စိတ္တိုစြာနဲ႕ေျပာလာသည္။
"မင္းက ဘယ္လိုလုပ္ ရယ္ေနနိုင္ေသးတာလဲ.. ငါခံရတယ္ဆိုတာ မင္းခံရတာဘဲေလ"
ခ်ီလန္မွာ ထပ္ေစာင့္မေနနိုင္ေတာ့.. သူ ႐ုန္ယိခႏၶာကိုယ္ေပၚ ခုန္တက္လိုက္တာနဲ႕ ႐ုန္ယိခႏၶာကိုယ္က ထေအာ္လာ၏။
"အ.. ခင္ဗ်ား.. သားရဲေကာင္ႀကီး.. ကြၽန္ေတာ့္ လက္ခုံကို ကိုက္ထားရလား"
႐ုန္ယိမွာ သူတို႔ႏွစ္ေယာက္ကို အျမန္ ခြဲလိုက္ရၿပီးေနာက္ ႐ုတ္တရက္ သူတို႔နားမွာ ရယ္သံေတြၾကားလိုက္ရ၏။
႐ုန္ယိခႏၶာကိုယ္ကလည္း ၾကားလိုက္ရတာေၾကာင့္
"မင္း ရယ္သံေတြ ၾကားလိုက္လား"
"ၾကားတယ္"
႐ုန္ယိ ပတ္ပတ္လည္ကို လိုက္ၾကည့္လိုက္တဲ့အခါ သူတို႔အေပၚမွာ ကေလးေလးခ်ီထားတဲ့ အမ်ိဳးသမီးတစ္ေယာက္ေပၚလာေလသည္။ ထို႔ေနာက္ ထိုျမင္ကြင္းက တျဖည္းျဖည္း ႀကီးမားလာကာ ေဘးနားက အေစခံပုံကိုပါ ေတြ႕လာရ၏။
ထို႔ေနာက္ တစ္ေယာက္ေယာက္ေျပာလိုက္တဲ့အသံကို ႐ုန္ယိၾကားလိုက္ရသည္။
"သားေလး ေမြးဖြားခဲ့တဲ့အတြက္ ဂုဏ္ျပဳပါတယ္ သခင္မႀကီး"
ခ်ီလန္နဲ႕ ႐ုပ္ခ်င္းဆင္တဲ့ အမ်ိဳးသမီးတစ္ေယာက္က ကေလးခ်ီထားတဲ့ အမ်ိဳးသမီးနားကို ေလွ်ာက္လာကာ သူမရဲ႕ကေလးကို ေျပာလိုက္ေလသည္။
"လန္အာ.. သားညီေလးကို လာၾကည့္ပါဦး"
"ညီေလး.."
သုံးႏွစ္အ႐ြယ္ ခ်ီလန္ေလးက ကေလးေလးဆီကို ေျပးသြားၿပီး
"ဒါ သားညီေလးလား"
ခ်ီလန္ရဲ႕အေမက ၿပဳံးရင္း ေခါင္းၿငိမ့္ျပကာ
"သူ႕နာမည္က က်င္းရဲ႕တဲ့.. အစ္ကိုႀကီးတစ္ေယာက္အေနနဲ႕ သားက သူ႕ကို ေစာင့္ေရွာက္ေပးရမွာေနာ္.. သိၿပီလား"
ခ်ီလန္က လိမၼာစြာနဲ႕ေခါင္းၿငိမ့္ကာ ကေလးရဲ႕မ်က္ႏွာေလးကို လက္ေခ်ာင္းေလးနဲ႕တို႔ၾကည့္လိုက္သည္။
"ညီေလး.. ငါမင္းကို ကာကြယ္ေပးမယ္"
႐ုန္ယိခႏၶာကိုယ္က ဒါကိုျမင္တဲ့အခါ ေျပာလာ၏။
"ကေလးေတြအေဖ ငယ္ငယ္ေလးတုန္းက အရမ္းခ်စ္ဖို႔ေကာင္းတာဘဲ"
သူက သူရဲ႕ဖုန္းကိုထုတ္ကာ ဓာတ္ပုံေတြအမ်ားႀကီး ရိုက္ယူထားလိုက္သည္။
"ေဘာင္းဘီတိုေလးသာဝတ္ထားရင္ ပိုခ်စ္ဖို႔ေကာင္းမွာ.. တစ္ကိုယ္လုံး အဝတ္နဲ႕ထုပ္ထားတာ ႏွေျမာစရာဘဲ"
"......"
႐ုန္ယိက ပုံေတြကိုၾကည့္ကာ ခဏေလာက္စဥ္းစားလိုက္ၿပီး
"ေနာက္ပိုင္း ခ်ီလန္နဲ႕ သူ႕မိသားစုကို အတူေတြ႕တဲ့အခ်ိန္က်ရင္.. ပုံေတြ ထပ္ရိုက္ထားလိုက္ဦး"
"ေကာင္းၿပီ"
ထိုျမင္ကြင္းထဲမွာေတာ့ ခ်ီလန္ရဲ႕အေမက ခ်ီလန္ကို ယင္မိသားစုကေန ျပန္ေခၚသြားၿပီးေနာက္ သူ႕ကို မိသားစုႏွစ္စုၾကားက ဆက္ဆံေရးအေၾကာင္းကို ေျပာျပခဲ့၏။
ခ်ီမိသားစုက နဂိုက ယင္မိသားစုရဲ႕ မိသားစုအခြဲ တစ္ခုျဖစ္၏။ ေနာက္ပိုင္းမွာ သူတို႔ဘိုးေဘးေတြက သမီးတစ္ေယာက္သာေမြးဖြားခဲ့ၿပီး မိသားစုစီးပြားေရးကို ဆက္ခံဖို႔အတြက္ သားေယာက္်ားေလးမရွိခဲ့တာေၾကာင့္ တျဖည္းျဖည္းနဲ႕ ယင္မိသားစုအခြဲေလးကေန ခ်ီမိသားစုအျဖစ္ ခြဲထြက္သြားခဲ့သည္။ ဒီလိုနဲ႕ ႏွစ္ေထာင္ခ်ီၾကာၿပီးေနာက္မွာေတာ့ မိသားစုႀကီးတစ္ခုျဖစ္လာခဲ့၏။
မိသားစုႏွစ္စုၾကားက ဆက္ဆံေရးက တျဖည္းျဖည္း နည္းသထက္နည္းလာခဲ့သည္။ ယင္က်င္းရဲ႕အေဖနဲ႕ ခ်ီလန့္အေဖတို႔ လက္ထက်က်ေတာ့မွသာ ႏွစ္ဦးသားက ညီအစ္ကိုေကာင္းေတြျဖစ္လာခဲ့ၿပီး မိသားစုႏွစ္စုကလည္း ျပန္ဆက္ဆံမႈေတြရွိလာခဲ့တာျဖစ္သည္။
ယင္က်င္းရဲ႕အေဖနဲ႕ခ်ီလန့္အေဖတို႔က အရမ္းကို ခင္မင္ရင္းႏွီးတဲ့ဆက္ဆံေရးရွိၾက၏။ သူတို႔ေတြ မိသားစုရဲ႕ သခင္ေတြ ျဖစ္မလာခင္တုန္းက ယင္က်င္းရဲ႕အေမက သူမရဲ႕ ထူးခြၽန္တဲ့ ေဆးပညာနဲ႕ ခ်ီမိသားစုကို မၾကာခဏ ကူညီေပးခဲ့ဖူးသည္။ တစ္ႀကိမ္ ခ်ီလန္မွာ ထူးဆန္းတဲ့ေရာဂါေၾကာင့္ ေသလုနီးပါးျဖစ္ခဲ့ဖူးသည္။ ယင္က်င္းရဲ႕အေမေၾကာင့္သာမဟုတ္ရင္ သူအသက္ရွိမေနေတာ့။ ဒါေၾကာင့္ ခ်ီလန္ရဲ႕မိဘေတြက ယင္က်င္းရဲ႕အေမကို အရမ္းေက်းဇူးတင္ၾကၿပီး ယင္က်င္းရဲ႕မိဘေတြ သူတို႔ကို လိုအပ္တဲ့အခ်ိန္တိုင္း အၿမဲတမ္း အကူအညီေပးခဲ့ေလသည္။ ဒါေၾကာင့္ ခ်ီလန္ရဲ႕အေမက သူ႕ကို အစ္ကိုတစ္ေယာက္လိုမ်ိဳး ယင္က်င္းရဲ႕ကို ကာကြယ္ေပးေစခ်င္ခဲ့တာျဖစ္ေလသည္။
ခ်ီလန္ကလည္း သူ ယင္က်င္းရဲ႕ကို ကာကြယ္ေပးမယ္လို႔ေျပာခဲ့တဲ့အခ်ိန္ကစၿပီး သူေျပာတဲ့စကားအတိုင္း လုပ္ခဲ့သည္။ သူ႕မွာ စားစရာေတြ ကစားစရာေတြရွိတိုင္းလည္း ယင္က်င္းရဲ႕ကိုပါ ေဝမွ်ေပးခဲ့၏။ ဒါေၾကာင့္ ကေလးႏွစ္ေယာက္ၾကားက ဆက္ဆံေရးက ေကာင္းမြန္ကာ ညီအစ္ကိုအရင္းေတြထက္ပင္ ပိုရင္းႏွီးၾကေလသည္။ ခ်ီလန့္မိဘေတြကလည္း ယင္က်င္းရဲ႕ကို သားအရင္းတစ္ေယာက္လိုသေဘာထားတာေၾကာင့္ သူ႕မွာ ခ်ီလန္ဆီမွာ ရွိသမွ် အကုန္ရွိၿပီး ပိုေတာင္ပိုေသးသည္။
ခ်ီလန္ရဲ႕အစ္ကိုေတြ အစ္မေတြကလည္း သူ႕ကို ယင္က်င္းရဲ႕ကသာ သူတို႔ကေလးအရင္းျဖစ္ၿပီး သူကိုေတာ့ လမ္းေဘးကေကာက္လာခဲ့တာလို႔ အၿမဲစေနာက္ေလ့ရွိသည္။
ခ်ီလန္က စိတ္မဆိုးသလို မနာလိုလည္းမျဖစ္ဘဲ သူ႕အစ္ကိုေတြ အစ္မေတြကို ယင္က်င္းရဲ႕အေပၚမွာ အရမ္းေကာင္းေပးဖို႔ကိုပါ ေမွ်ာ္လင့္ေသးသည္။
႐ုတ္တရက္ ျမင္ကြင္းက ေပ်ာ္႐ႊင္စရာအေျခအေနကေန ဝမ္းနည္းဖြယ္ေလထုသို႔ ကူးေျပာင္းသြားေလသည္။ ခ်ီမိသားစုရဲ႕ ခန္းမထဲမွာ မိန္းမငယ္ေလးႏွစ္ေယာက္ရဲ႕ အေလာင္းက လွဲေလ်ာင္းေန၏။
တစ္ျခားသူေတြက ဝမ္းနည္းပူေဆြးေနၾကၿပီး ခ်ီလန္ရဲ႕အေမက ပါးစပ္ကိုအုပ္ကာ ငိုေႂကြးေနေလသည္။
ခ်ီလန္မွာ အသက္ေလးအနည္းငယ္သာရွိေသးေပမဲ့ ေသဆုံးျခင္းရဲ႕ အဓိပ္ပါယ်ကိုတော့ သူသိေသးသည္။ ၾကမ္းျပင္ေပၚက အေလာင္းႏွစ္ေလာင္းကိုေတြ႕တဲ့အခါ ခ်က္ခ်င္း အေလာင္းေတြဆီေျပးသြားကာ ငိုေတာ့သည္။
"မမႀကီး...မမေလး..ထေလ... ဒီေန႕ ကြၽန္ေတာ့္ကို ကစားဖို႔ အျပင္ေခၚသြားေပးမယ္ဆို.. ကိုယ့္စကားကို မတည္လို႔မရဘူးေလ..."
အေစခံေတြမွာ သူ႕ကို အျမန္ခ်ီလိုက္ကာ ရွိုက္ငိုရင္းနဲ႕
"သခင္ေလး.. မမေလး ႏွစ္ေယာက္က အရမ္းပင္ပန္းေနလို႔ပါ.. သူတို႔ကို ေကာင္းေကာင္း အနားယူခိုင္းလိုက္ေလေနာ္.."
"လိမ္ေနတာ!..လူလိမ္ေတြ!..."
ခ်ီလန္က ေအာ္ငိုကာ အေစခံေတြေပၚမွာ ႐ုန္းၿပီး ကန္ေၾကာက္ေန၏။
ခ်ီလန္ရဲ႕အေဖက မ်က္လုံးေတြ နီရဲေနကာ ေျပာလာသည္။
"ေအးတယ္.. သူတို႔ကို ၾကမ္းျပင္ေပၚမွာ မလွဲခိုင္းထားနဲ႕ေတာ့.."
"ဟုတ္ကဲ့ "
အေစခံေတြက ခ်ီလန္ရဲ႕ အစ္မေတြအတြက္ စ်ာပနပြဲျပင္ဆင္ က်င္းပလိုက္ၾကၿပီး ထိုဝမ္းနည္းဖြယ္ရာျဖစ္ရပ္ႀကီးရဲ႕ ပူေဆြးေသာကေတြကေန လြတ္ေျမာက္ဖို႔အတြက္ ခ်ီမိသားစုမွာ ႏွစ္အေတာ္ၾကာ အခ်ိန္ယူခဲ့ရသည္။
ထိုျဖစ္ရပ္အၿပီး သိပ္မၾကာခင္မွာဘဲ ယင္က်င္းရဲ႕အေဖက ခ်ီမိသားစုကိုလာၿပီး အကူအညီထပ္ေတာင္းခဲ့၏။
**********
20.5.2022