မိုးကောင်းကင်နှင့်ကမ္ဘာမြေ...

By SpringGenAerri

778K 71.3K 3.3K

မိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစ... More

part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
part(55)
part(56)
part(57)
part(58)
part(59)
part(60)
part(61)
part(62)
part(63)
part(64)
part (65)
part(66)
part(67)
part(68)
part(69)🍧🍧🍧
part(70)
part(71)ဇာတ်သိမ်းပိုင်း
မောင့်အကြောင်းလေးတွေ
ကြင်နာသူနဲ့ နေ့ရက်ပေါင်းများစွာ♥
အကြင်နာနှင့် နွေးထွေးသော အရိပ်
အကြင်နာ ဝေမျှခြင်း♥
ယနေ့မှစ နှစ်တစ်ရာတိုင်

နွေးထွေးစွာအေးမြလေသော အကြင်နာ♥

7.2K 454 54
By SpringGenAerri

Unicode

နေ့ထူးနဲ့နေ့မြတ်သည်ပင် ကြီးကောင်ဝင်ကြပြီ။

နေ့ထူးက ဆယ့်သုံးနှစ်ကျော်သွားပြီ.... နေ့မြတ်က ဆယ့်နှစ်နှစ်ကျော်ပြီ။
အခု ကလေးတွေကို ရန်ကုန်မှာ ကျောင်းထားဖို့အတွက် စီစဥ်ရသည်။ တိုင်ပင်ရတော့သည်။ အင်္ဂလိပ်စာအတွက် ကလေးတွေအခြေခံကောင်းရအောင် သူ့အဖေကအစီအစဥ်တကျ လုပ်ပေးခဲ့တာကြောင့် ထိုကလေးများသည် မိခင်ဘာသာစကားပြီးရင် ဒုတိယအ​နေနဲ့က​ အင်္ဂလိပ်လိုမွှတ်နေအောင် ပြောတတ်ကြသူတွေပါ။

နေ့ထူးကို အထက်တန်းတက်ရင် ရန်ကုန်မှာလာထားဖို့ ဝတ်ရည်တို့ ခေါ်နေကြတယ်။
နေ့ထူးကျောင်းသွားတက်ရင် နေ့မြတ်က တစ်ယောက်ထဲ ဗန်းမောက်မှာနေဖို့အဆင်ပြမှာ မဟုတ်ဘူး။ သူ့အကိုသွားရင် သူလိုက်မှာ။
ငယ်ထွေးကလဲ နေ့ထူးကိုရန်ကုန်မှာကျောင်းဆက်တက်စေချင်နေသည်။ နေ့ထူးက ဆေးကျောင်းတက်မယ်လို့ပြောနေသည်လေ။ အထက်တန်းကို အကောင်းဆုံး ပံ့ပိုးပေးကြဖို့ ရန်ကုန်ကိုသွားရမယ်မှလား။
ဗန်းမောက်မှာလဲ ကျောင်းကောင်းတွေရှိပါတယ်။ ဒါပေမဲ့လဲ ရန်ကုန်လောက်တော့ ရွေးချယ်စရာကမများဘူးလေ။

.
.
.

"အဲ့တော့.... ဘယ်လိုဖြစ်ချင်လို့လဲ.... မောင်က''

ငယ်ထွေးက မောင့်အတွက် အင်္ကျီအနွေးထည်လေးကို ဗီရိုဆီမှယူပေးရင်း မေးရတယ်။ ရာသီကြမ်းတဲ့ဒေသဖြစ်တဲ့အပြင် ဆောင်းကုန်ကာနီးမှ ချမ်းတာလက်ကုန်။
အအေးဒဏ်မခံနိုင်တဲ့ မောင့်ကို အပေါ်ထပ်အဝတ်ကို သေသေချာချာ ဝတ်ပေးရတယ်။

လက်နှစ်ဖက်ကိုဆန့်တန်းပြီး မောင်က အသင့်စောင့်ကြိုနေတယ်။ ဝတ်ပေးဖို့ပေါ့။

"မောင့်ဘာသာ.... ဝတ်''

စိတ်ကအနည်းငယ်တိုချင်သလိုမို့.....

"ငယ်.... မောင်က.... ကလေးတွေနဲ့မခွဲနိုင်ဘူးလေကွာ''

"အို.... ငယ်ရော.... မခွဲနိုင်တဲ့ဟာကို.... အခုက..... မောင့်အလုပ်တွေကြောင့်ပဲ.... ဖြစ်နေတာလေ''

"မောင့်အလုပ်က.... ဘာဖြစ်လို့လဲ.... ငယ်ရယ်.... မောင်...အလုပ်လုပ်လို့ပဲ....ငယ်ထွေးတို့သားအဖတွေ.... ကောင်းကောင်းမွန်မွန်နေနိုင်တာမှလား.... ''

"ဟုတ်ပါတယ်.... ဟုတ်ပါတယ်.... မောင်....ပိုက်ဆံရှာနိုင်ပေလို့ပဲ..... မဟုတ်ရင်....သားအဖတွေ.... အပြုံလိုက်.... ငတ်ကျရတော့မှာပါ.... ဒါတောင်...ငယ့် အလုပ်ကိုလဲ..... မောင်... ထွက်ခိုင်းလို့ထွက်ရတာ.... အခုတော့.... အလုပ်မရှိ.... အကိုင်မရှိကို.... ပြောဆိုပြီပေါ့.... ငွေစကားတွေ....''

ဘဂျမ်းဆိုလိုတာ တခြား.... သူကောက်တေးတာ တလွဲ။

"ငယ်ထွေးရယ်.... မောင့်ကိုများ.... ဘာတွေဆိုးချင်နေတာလဲလို့.... လာပါအုံး.... ဒီနားကို''

"မလာဘူး''

ဒေါက်တာလင်းသန့်​ကြည်သည် အသက်အားဖြင့်ဆိုရင် လေးဆယ်စွန်းပြီဖြစ်သည်။ သို့သော်.... မောင်နဲ့များအခြေအတင်ပြောရပြီလားဆိုရင် စတွေ့စဥ်ကအတိုင်း မပြောင်းလဲ..... ဆိုးဆိုးဆာဖြစ်ဆဲ။ ကလေးငယ်လိုချွဲတတ်ဆဲပါ။ သူ့ထက်အသက်ငယ်​သေးတဲ့ ခင်ပွန်းသည်ကတောင် ငယ်ထွေးလို့ ခေါ်မိတာပဲကြည့်လေ။

ဘီရိုကိုမှီကာရပ်နေရင်းက လာပါအုံးဆိုမှ ကုတင်ရှိရာကိုလျှောက်သွားပြီး ကုတင်စွန်းမှာထိုင်တယ်။
ငယ်ထွေးရှိရာကို ဘဂျမ်းကပဲ လိုက်သွားရတော့တာပေါ့။

"ရော့.... အရင်ဆုံး... မောင့်ကိုအင်္ကျီအရင်ဝတ်ပေး.... ချမ်းသလိုပဲ...ငယ်ရယ်''

မျက်လုံးဝိုင်းလေးတွေနဲ့ မော့်ကြည့်တယ်။ ဘဂျမ်းကမ်းပေးတဲ့အင်္ကျီကိုဆွဲယူပြီး ဘဂျမ်းလက်ကောက်ဝတ်ကို ဖမ်းကိုင်ကာ သွေးခုန်နှုန်း အရင်စမ်းတယ်။ ဘဂျမ်း လက်ဖဝါးပြင်ကို ဆွဲယူကာသူ့ပါးပြင်မှာ ကပ်ကြည့်တယ်။ ကြမ်းတမ်းတဲ့လက်ဖဝါးက နူးညံ့သောပါးပြင်ပေါ်မှာ နေရာတကျ။ မျက်လုံးလေးတွေက မောင့်ကိုစိုးရိမ်နေပြီ။

"ဖျားချင်နေပြီလား.... မောင်.... ရေချိုးတာကြာသွားတယ်''

"ငယ်ကြောင့်လေ.... ''

"အာ... မောင်ကလဲ.... ဘာမှန်းကိုမသိဘူး''

"ငယ့်ကိုလဲ.... မောင်မသိတော့ပါဘူးဗျာ.... ဘာလေးမှန်းကိုမသိဘူး.... မောင့်ကိုဆို.... ဆိုးဖို့ပဲလား''

"လာ.... လက်အရင်လျှို.... ''

ကုတင်ပေါ်မှာထိုင်နေရင်းက ထရပ်လာပြီး အင်္ကျီဝတ်ပေးတယ်။ ရင်ဘတ်ကြယ်သီးတွေအစေ့တပ်ပေးသွားတယ်။ ဘဂျမ်းကို ကုတင်ပေါ်တက်ပြီး ပက်လက်လှန်ဖို့ လက်ဟန်ခြေဟန်နဲ့ပြတယ်။
စကားမပြောဘဲ လက်ညှိုးက ကွေးချည်ဆန့်ချည်နဲ့.... ဘာလဲ.... ငယ်ထွေးက ဆရာကြီးလား။

ပြီးတာနဲ့ သူ့ဆေးသေတ္တာကိုပြေးယူတယ်။

.
.
.

ငယ်ထွေးမှာ အခမဲ့ဆေးပေးခန်းလေးတစ်ခုရှိတယ်။
အဲ့သည်ကလူနာတွေပြီရင် နှစ်ဆယ့်လေးနာရီစောင့်ရှောက်မှုပေးနေရတဲ့ လူနာကတော့ ကိုဘဂျမ်းပါပဲ။
မှော်ထဲကိုသွားရင်လဲ လိုက်တယ်။
ငယ်ထွေး ပါလာတာကြောင့် မှော်ထဲမှာ ညအိပ်လို့ကမရတော့ဘူး။ ဘဂျမ်းကလဲ အလုပ်နဲ့တွေ့မိရင်သိတဲ့အတိုင်းလေ။
နေ့တိုင်း သွေးပေါင်ချိန် ဆီးချိုတိုင်းနဲ့ ဘဂျမ်းကို တစ်ချက်မှ မလစ်ဟင်းရအောင် ငယ်ထွေး ဂရုစိုက်သည်။
ဘဂျမ်းသည်လဲ ပင်ပန်းတာမျိုးတွေကို ကိုယ်တိုင်အရမ်း မလုပ်ရတော့ပါ။ တူလေးဦးစီး​ပေးနေတာကြောင့် လုပ်ငန်းအားလုံးအဆင်ပြေပါသည်။ သို့သော် အလုပ်သရဲက သူကိုယ်တိုင် မလုပ်ရရင်အလိုလိုနေလို့မကောင်းတော့တာ။ အလုပ်လုပ်နေမှ ဖျားတာလဲမသိ နာတာလဲမသိသူ။
.
.
.

ငယ်ထွေးအမေက ငယ်ထွေးလက်ပေါ်မှာတင် ဆုံးပါးသွားတာ သုံးနှစ်ပြည့်တော့မည်။ အမေလဲ တူတူပါပဲ.... လွန်ခဲ့သောနှစ်က ဆုံးပါးသွားခဲ့ပြီ။ အမေတို့ မဆုံးပါးခင် အလှူအတန်းတွေရက်ရက်စက်စက်လုပ်ပေးခဲ့ကြတယ်။
အမေနှစ်ယောက်အတွက်ဆိုရင် ဘာမဆိုဖြည့်ဆည်းပေးဖို့ အသင့်ရှိနေကြတာ ဘဂျမ်းရော လင်းသန့်ကြည်ရောပဲလေ။
သူတို့မြေးတွေ ရှင်ပြုအလှူပွဲကို ခြိမ့်ခြိမ့်သဲကျင်းပပေးခဲ့ကြသည်။ ဝတ်ရည်နဲ့အာကာ့​သမီး ကာရံလေးက နားသပေါ့။
မှော်ထဲက အလုပ်သမားမိသားစုဝင်တွေတစ်ယောက်မှ မကျန်စေရအောင် ထည့်ပြီးလှူပေးတာ။
ကိုရင်အရွယ်ကို.... ကိုရင်
ရဟန်းအရွယ်ကို....ရဟန်း.... ဝတ်ပေးလှူပေးခဲ့ကြသည်။
ဗန်းမောက်တစ်မြို့လုံး ဘဂျမ်းနဲ့လင်းသန့်ကြည်အလှူလောက်ကြီးသော အလှူမရှိသည်အထိပါပဲ။

အမေတို့မရှိတော့တာကြောင့် ငယ်ထွေးတာဝန်တစ်ချို့ပေါ့ပါးသွားသော်လည်း အရမ်းအားလပ်သွားတာတော့မဟုတ်။ သူ့သားနှစ်ယောက်ကိစ္စနဲ့ မောင့်ကိစ္စတွေအားလုံးကို ကိုယ်တိုင်စီမံရသည်လေ။

.
.
.

"အဲတော့ကွာ.... ငယ့်သားတွေသွားရင်.... ငယ်လဲနောက်ကလိုက်ရတော့မယ်လေ.... မဟုတ်ဘူးလား''

"အဲ့တော့.... ဘာဖြစ်လဲ.... မောင်က.... မောင့်သားတွေနဲ့ပြိုင်ပြီး.... လုတော့မယ်ပေါ့''

"လုစရာလား.... ငယ်ထွေးကမောင့်အပိုင်ပဲလေ... နောက်မှရောက်လာတဲ့.... ဟိုနှစ်ကောင်က.... မောင့်ထက်ပဲ.... ပိုရမလား... ပြောကြည့်....ငယ်ထွေးသားတွေနဲ့....မောင့်ကိုဆိုရင်....ဘယ်သူ့ကိုပိုချစ်လဲ''

"မောင်.... အဲ့ဒါတွေပြောပြီး....စကားမလွှဲနဲ့.... နောက်ဆို....ကလေးတွေပညာရေးအတွက်ရော..... မောင့်ကျန်းမာရေးအတွက်ရော.... ရန်ကုန်ကိုပြောင်းနေမှ.... အဆင်ပြေမှာနော်''

"ဟာ....ကွာ.... ငယ်ထွေးရာ.... မောင်...တကယ်ရန်ကုန်မှာ.... မနေချင်ဘူးလို့''

ဒါက အမှန်စကား။ ရန်ကုန်ကိုစိတ်ကုန်တာ ဘဝအဆက်ဆက်စာပါ။ တောကတက်လာတဲ့ ဘဂျမ်းအဖို့ ရန်ကုန်သည် အောင်မြေမဟုတ်ခဲ့သလို နေချင်စရာလဲမကောင်းခဲ့။ အဖေဆုံးလို့ မဖြစ်မနေ ရန်ကုန်တက်လာရလို့သာပါ။ ဘယ်တုန်းကမှ ရန်ကုန်မှာ ဘဂျမ်း မပျော်ခဲ့။
နေရစားရကျဥ်းကျပ်ပြီး စိတ်ရဲ့လွတ်လပ်ခြင်းကင်းမဲ့ဇုန်လို့သာ ထင်မိသည်။ နယ်မြို့မှာ အခြေချပြီးနောက်ပိုင်း ပိုဆိုးသေးသည်။ အလုပ်ကိစ္စနဲ့ တစ်ခါတစ်ရံ သွားရတာတောင် ဗန်းမောက်ကအိမ်ကိုပဲ လွမ်းနေတော့တာ။

ရန်ကုန်မှာ ဘဂျမ်းအတွက် စကားထဲထည့်ပြောစရာ ကျေနပ်စရာကိစ္စဆိုလို့ ငယ်ထွေးနဲ့တွေ့ခဲ့ခြင်းတစ်ခုသာရှိသည်။

ဆေးခန်းငယ်လေးထဲက အကြည်ရောင်အရိပ်လေးကို ပြန်ပြိးမြင်ယောင်မိတယ်။ အရေးပေါ်ခန်းထဲက လူနာကိုစောင့်ပေးတဲ့ ဆရာဝန်ပေါက်စလေးကိုလဲ မြင်ယောင်တယ်။ ဘဂျမ်းအ​ပေါ် အကြင်နာတွေပိုနေတတ်တဲ့ ထိုအကြည်ရောင်လေးသည်...... အခုတော့....

"မောင် ကလေ... မောင့်အလုပ်တွေပဲ.... တွေးနေတာ.... မောင့်အကြောင်း.... ငယ်သိတယ်.... တော်ပြီ.... ငယ်... စိတ်ညစ်တယ်''

"လန့်လိုက်တာ.... ငယ်ထွေးရယ်.... ဖြေးဖြေးပြောပါ''

"မောင်.... ဘာတွေတွေးနေတာလဲ.... ငယ်ဖြေးဖြေးပဲပြောတာလေ..... ငယ်ပြောတာ.... နားထောင်မနေဘူး.... ဘယ်အယောက်ဆီများ စိတ်ရောက်နေတာလဲ''

"သြော်.... မောင့်ကို.... ခိုးချစ်နေတဲ့...ဟိုဆရာဝန်လေးပါ''

"ဘာ.... ဘယ်ဆရာဝန်လဲ.... အာကာလား''

"ဟာ.... ငယ်ရာ.... တကယ့်ကိုပဲ.... ငယ်မမှတ်မိတော့တာလား''

"မမှတ်မိဘူး..... မမှတ်မိချင်တော့တာဆိုရင် ပိုမှန်မယ်''

"မောင်.... ဘာလုပ်မိလို့လဲ.... ငယ်ထွေးကိုချစ်လို့လေ.... ငယ့်သားတွေကိုလဲ...ချစ်လို့လေ''

"ချစ်ပဲချစ်နေ...ကျန်တာဘာမှဆက်မတွေးနဲ့တော့... ဘဂျမ်းကြီး''

ပြောလဲပြော.... သွက်လက်ဖြတ်လတ်နေတဲ့ လက်ငယ်လေးတွေကလဲ သူ့အလုပ်ကိုသူ လုပ်သွားသေးတာ။
ဘဂျမ်းကြီးဆိုတာက သူအူယားရင်ခေါ်နေကြ နာမည်။

သာမိုမီတာလေးနဲ့ ဘဂျမ်းနဖူးကိုတိုင်းထောက်ကာကြည့်တော့....

"မောင်..... ၉၉ နော်.... ဒီည.... ဆေးသောက်ပြီးမှအိပ်''

"အင်းပါ.... ထမင်းရောစားရမလား''

"ဆန်ပြုတ်လေးသောက်ပေါ့.... ခရုနဲ့သောက်မလား.... ငါးနဲ့သောက်မလား.... ကြက်သားနဲ့သောက်မလား''

"ငယ်နဲ့ပဲ....သောက်ချင်တာ''

ပြောရင်း ငယ့်လက်ကိုဆွဲယူကာ ပွတ်သပ်ပြနေတယ်။
လက်ဖျားကနေ တရွရွတက်လာတဲ့ မောင့်လက်တွေက လက်ရင်းထိရောက်အောင်မသွားဘဲ အောက်ကိုပွတ်သပ်ကာ ပြန်လျှောဆင်းနေတယ်။ မထိတထိနဲ့ကလိနေတာ။

"သွား.... မထိနဲ့.... နားရမှာ​နော်.... ပေါက်ကရလုပ်ဖို့မတွေးနဲ့.... နားရမှာ.... ဟွန့်''

"အဲ့အဖျားလောက်ကတော့.... နားစရာမလိုဘူး... ချွေးထွက်ရင်ပျောက်တယ်''

"မောင့်..... "

"ဟောဗျာ.... မောင်ပြောတာရိုးရိုးပါကွ.... ငယ်ထွေးက... လျှောက်တွေးပစ်တော့တာပဲ.... ဘာလဲ...မောင့်ဆီက...အဲ့လောက်မျှော်လင့်နေမိတာပဲလား.... အ့...ငယ်ထွေး''

ဘုန်းကနဲနေအောင်ထုချပစ်လိုက်တာလေ။
လူကို တစ်ချိန်လုံးသူပဲ စချင်တိုင်းစ....မွှေချင်တိုင်းမွှေနေတာ။ မောင်စကားလမ်းကြောင်းလွှဲနေတာ ပါသွားလို့မဖြစ်ဖို့ လင်းသန့်ကြည် ကိုယ့်ကိုယ်ကို သတိပေးတယ်။

"နော်.... မောင်ရယ်... ရန်ကုန်မှာ.... အိမ်တစ်လုံးလောက်ကွာ.... ကွန်ဒိုပဲဖြစ်ဖြစ်လေ.... ဝယ်ရ​အောင်ကွာ''

"အိမ်ဝယ်ပေးရင်.... ငယ်ထွေး....မောင့်အနားမနေတော့မှာ....မောင်သိတယ်....ငယ့်သားတွေနောက်ပဲ.... လိုက်နေတော့မယ်မှလား.... ''

"ကလေးတွေပညာရေးလေ.....မောင်ရယ်....မောင်ပဲ... မောင့်သားတွေကို.... ဖြစ်ချင်တာအကုန်ဖြည့်ဆည်းပေးမယ်ဆို.... ဟင်....မောင်ရယ်''

မောင့်ရင်ခွင်ထဲတိုးဝင်ကာ မေးဖျားကိုလက်နဲ့ထိကိုင်ရင်း ပြောမိတယ်။
ဆွေးနေတဲ့ မောင့်မျက်ဝန်းတွေက ငယ် တောင်းဆိုတာကို လုပ်မပေးချင်လို့မဟုတ်ဘူးဆိုတာ ငယ်သိတာပေါ့။
ငြင်းခုန်ပြောဆိုကြရခြင်းရဲ့ ဇာတ်သိမ်းခန်းသည် ထိုသို့ပင် နူးညံ့သိမ်မွေ့စွာ သိမ်းသွင်းရသော happy ending မျိုးဖြစ်သည်။ မောင့်စိတ်တွေ မောင့်အတွေးတွေကို ငယ်ထွေးထက်များ ဘယ်သူကပိုသိမှာတဲ့လဲ။
မောင်က မိသားစုရဲ့ဦးစီးပဲ့ကိုင်ဘုရင်တပါးပဲလေ။
မောင့်ဘေးမှာ အချိန်တိုင်း မောင့်စိတ်ကူးအိမ်မက်တွေကိုဖြည့်ဆည်းပေးနေရတဲ့ ငယ်ထွေးက မောင်ဖြစ်ချင်တာတွေကို သိပ်ကိုမှသိနေရသူပါ။

ဒါပေမဲ့..... မောင်ရေ.... ငယ်ကတော့ မောင့်အနားသေသည်အထိ အတူရှိနေမှာပါ။ မောင့်သားတွေကိုတော့ မောင်စိတ်လျှော့ပါလို့ တောင်းပန်ရအုံးမယ်။
.
.
.

ဘဂျမ်းက အကုန်သိပါတယ်။ ကလေးတွေ ကြီးပြင်းလာတာနဲ့အမျှ လက်လွှတ်ဖို့လဲနီးလာပြီဆိုတာကို​ပေါ့။ ဒါပေမဲ့ အချိန်တွေက အကုန်မြန်လွန်းပြီး ကလေးတွေကို အကြောင်းပြချက်တစ်ခုခုနဲ့ ခွဲခွာချိန်ကလဲ မြန်လွန်းတယ်လို့ ထင်မိတယ်။
ပညာရေးသည် ငယ်ထွေးရော ဘဂျမ်းပါအလေးထားဆုံးအရာ။
ဘဂျမ်းကပိုဆိုးတာပေါ့.... ကိုယ်တိုင်ပညာမှမတတ်တာ။
ကိုယ့်သွေးသားနဲ့ဖြစ်တည်တဲ့ နေ့ထူး နေ့မြတ်တို့ကိုမပြောနဲ့.... တူတွေ တူမတွေကိုပင် ဘဂျမ်းဘယ်လိုထောက်ပံ့မွေးမြူပြီး ပညာသင်ပေးခဲ့သလဲ။

ပညာတတ်တွေ ဖြစ်ကိုဖြစ်ကြမဲ့ သားနှစ်ယောက်ကို ထောက်ပံ့ပေးရမှာ သူများထက်ပိုပြီး ဘဂျမ်းက သိတာပေါ့။ အခုက.... မခွဲနိုင်တာလေ.... ဘယ့်နှယ်လုပ်ပါ့မလဲ။

အလုပ်တွေကိုပစ်ခတ်ထားခဲ့လို့လဲမရဘူး။
အလုပ်ကကြီးမားလွန်းနေပြီ။
တူလေးတစ်ယောက်ထဲဆို နိုင်မှာမဟုတ်ဘူးလေ။
ကိုဝင်းအောင်ဆိုတာကလဲ ဒီလောကထဲမှာ ဘဂျမ်းလောက်လုပ်ငန်းကြီးမားတာမဟုတ်တော့ဘူး။ ဘဂျမ်းသာ လောဘတကြီးရှာဖွေစုဆောင်းနေပေမဲ့ ကိုဝင်းအောင်တို့က အခြေအနေတစ်ခုအတည်တကျဖြစ်တာနဲ့ နားနားနေနေလုပ်ကြပြီ။

တခြားသူဌေးသားတွေဆို နိုင်ငံခြါးထိကျောင်းသွားထားကြတာလဲ မြင်တယ် သိတယ်။ ကိုယ်ကမထားပေးနိုင်လို့ မဟုတ်ဘူး။ သူတို့ထက် ထားပေးနိုင်တယ်။ ဒါပေမဲ့ သူတို့က ယောကျားဖြစ်သူဒီနေရာမှာ အလုပ်လုပ်ပြီး ပိုက်ဆံပို့တာကို မိန်းမကစီစဥ်တာ။ ရှင်းရှင်းပြောရရင် ခွဲနေနိုင်ကြသူတွေ။

ဘဂျမ်းကလဲရှင်းရှင်းပဲပြောရရင် ငယ်ထွေးကိုမခွဲနိုင်သေး။

သူ့သားတွေသာ ရန်ကုန်ပို့မိရင် ဘဂျမ်းအလုပ်တွေ လူလွှဲပေးရင်ပေး.... မပေးရင် ငယ်ထွေးနဲ့ခွဲနေ... ဒါပဲရှိတာ။ ဒါကြောင့်လဲ ဘဂျမ်း သိရက်နဲ့ ခွင့်ပြုမပေးနိုင်ဖြစ်နေရတာပါ။

.
.
.

"မောင်.... ဆန်ပြုတ်ရပြီ....''

"ငယ်ထွေးလေး.....မောင်ကလေ.... သိလား... တမင်.... လုပ်တာမဟုတ်ဘူး.... ကွာ...ငယ်ထွေးသိလား''

"အင်း... သိတယ်....မောင်''

ဆန်ပြုတ်လေးတစ်ဇွန်းခပ်ကာ နှုတ်ခမ်းလေးတထော်ထော်နဲ့ အေးသွားအောင်မှုတ်ပေးတယ်။
နားလည်မှုရှိလွန်းတဲ့ အိမ်ထောင်ရေးကတော့ ဒီလိုပဲ သာယာတာပေါ့။

"အရင်စားရအောင်.... မောင်''

တလုတ်ပြီးတလုတ် ဖြေးဖြေးခွံ့တယ်။ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်နေမိရင်း မောင့်ရင်ထဲက မိသားစုအပေါ်ထားတဲ့ နူးညံ့တဲ့အတ္တလေးတွေကိုမြင်ရသလို ငယ်ထွေးရင်ထဲက ကြင်နာမှုတွေကိုလဲ ခံစားရတယ်။
စကားလုံးတွေဖြင့် မလိုပါဘူးလေ။

.
.
.
.

ကျေးဇူးတင်ပါသည်။
အမှတ်တရ တင်ပေးတာပါနော်။
လွမ်းများလွမ်းနေမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပါ။

2152021(Sat)

.
.

Zawgyi


ေန႕ထူးနဲ႕ေန႕ျမတ္သည္ပင္ ႀကီးေကာင္ဝင္ၾကၿပီ။

ေန႕ထူးက ဆယ့္သုံးႏွစ္ေက်ာ္သြားၿပီ.... ေန႕ျမတ္က ဆယ့္ႏွစ္ႏွစ္ေက်ာ္ၿပီ။
အခု ကေလးေတြကို ရန္ကုန္မွာ ေက်ာင္းထားဖို႔အတြက္ စီစဥ္ရသည္။ တိုင္ပင္ရေတာ့သည္။ အဂၤလိပ္စာအတြက္ ကေလးေတြအေျခခံေကာင္းရေအာင္ သူ႕အေဖကအစီအစဥ္တက် လုပ္ေပးခဲ့တာေၾကာင့္ ထိုကေလးမ်ားသည္ မိခင္ဘာသာစကားၿပီးရင္ ဒုတိယအ​ေနနဲ႕က​ အဂၤလိပ္လိုမႊတ္ေနေအာင္ ေျပာတတ္ၾကသူေတြပါ။

ေန႕ထူးကို အထက္တန္းတက္ရင္ ရန္ကုန္မွာလာထားဖို႔ ဝတ္ရည္တို႔ ေခၚေနၾကတယ္။
ေန႕ထူးေက်ာင္းသြားတက္ရင္ ေန႕ျမတ္က တစ္ေယာက္ထဲ ဗန္းေမာက္မွာေနဖို႔အဆင္ျပမွာ မဟုတ္ဘူး။ သူ႕အကိုသြားရင္ သူလိုက္မွာ။
ငယ္ေထြးကလဲ ေန႕ထူးကိုရန္ကုန္မွာေက်ာင္းဆက္တက္ေစခ်င္ေနသည္။ ေန႕ထူးက ေဆးေက်ာင္းတက္မယ္လို႔ေျပာေနသည္ေလ။ အထက္တန္းကို အေကာင္းဆုံး ပံ့ပိုးေပးၾကဖို႔ ရန္ကုန္ကိုသြားရမယ္မွလား။
ဗန္းေမာက္မွာလဲ ေက်ာင္းေကာင္းေတြရွိပါတယ္။ ဒါေပမဲ့လဲ ရန္ကုန္ေလာက္ေတာ့ ေ႐ြးခ်ယ္စရာကမမ်ားဘူးေလ။

.
.
.

"အဲ့ေတာ့.... ဘယ္လိုျဖစ္ခ်င္လို႔လဲ.... ေမာင္က''

ငယ္ေထြးက ေမာင့္အတြက္ အကၤ်ီအႏြေးထည္ေလးကို ဗီရိုဆီမွယူေပးရင္း ေမးရတယ္။ ရာသီၾကမ္းတဲ့ေဒသျဖစ္တဲ့အျပင္ ေဆာင္းကုန္ကာနီးမွ ခ်မ္းတာလက္ကုန္။
အေအးဒဏ္မခံနိုင္တဲ့ ေမာင့္ကို အေပၚထပ္အဝတ္ကို ေသေသခ်ာခ်ာ ဝတ္ေပးရတယ္။

လက္ႏွစ္ဖက္ကိုဆန့္တန္းၿပီး ေမာင္က အသင့္ေစာင့္ႀကိဳေနတယ္။ ဝတ္ေပးဖို႔ေပါ့။

"ေမာင့္ဘာသာ.... ဝတ္''

စိတ္ကအနည္းငယ္တိုခ်င္သလိုမို႔.....

"ငယ္.... ေမာင္က.... ကေလးေတြနဲ႕မခြဲနိုင္ဘူးေလကြာ''

"အို.... ငယ္ေရာ.... မခြဲနိုင္တဲ့ဟာကို.... အခုက..... ေမာင့္အလုပ္ေတြေၾကာင့္ပဲ.... ျဖစ္ေနတာေလ''

"ေမာင့္အလုပ္က.... ဘာျဖစ္လို႔လဲ.... ငယ္ရယ္.... ေမာင္...အလုပ္လုပ္လို႔ပဲ....ငယ္ေထြးတို႔သားအဖေတြ.... ေကာင္းေကာင္းမြန္မြန္ေနနိုင္တာမွလား.... ''

"ဟုတ္ပါတယ္.... ဟုတ္ပါတယ္.... ေမာင္....ပိုက္ဆံရွာနိုင္ေပလို႔ပဲ..... မဟုတ္ရင္....သားအဖေတြ.... အၿပဳံလိုက္.... ငတ္က်ရေတာ့မွာပါ.... ဒါေတာင္...ငယ့္ အလုပ္ကိုလဲ..... ေမာင္... ထြက္ခိုင္းလို႔ထြက္ရတာ.... အခုေတာ့.... အလုပ္မရွိ.... အကိုင္မရွိကို.... ေျပာဆိုၿပီေပါ့.... ေငြစကားေတြ....''

ဘဂ်မ္းဆိုလိုတာ တျခား.... သူေကာက္ေတးတာ တလြဲ။

"ငယ္ေထြးရယ္.... ေမာင့္ကိုမ်ား.... ဘာေတြဆိုးခ်င္ေနတာလဲလို႔.... လာပါအုံး.... ဒီနားကို''

"မလာဘူး''

ေဒါက္တာလင္းသန့္​ၾကည္သည္ အသက္အားျဖင့္ဆိုရင္ ေလးဆယ္စြန္းၿပီျဖစ္သည္။ သို႔ေသာ္.... ေမာင္နဲ႕မ်ားအေျခအတင္ေျပာရၿပီလားဆိုရင္ စေတြ႕စဥ္ကအတိုင္း မေျပာင္းလဲ..... ဆိုးဆိုးဆာျဖစ္ဆဲ။ ကေလးငယ္လိုခြၽဲတတ္ဆဲပါ။ သူ႕ထက္အသက္ငယ္​ေသးတဲ့ ခင္ပြန္းသည္ကေတာင္ ငယ္ေထြးလို႔ ေခၚမိတာပဲၾကည့္ေလ။

ဘီရိုကိုမွီကာရပ္ေနရင္းက လာပါအုံးဆိုမွ ကုတင္ရွိရာကိုေလွ်ာက္သြားၿပီး ကုတင္စြန္းမွာထိုင္တယ္။
ငယ္ေထြးရွိရာကို ဘဂ်မ္းကပဲ လိုက္သြားရေတာ့တာေပါ့။

"ေရာ့.... အရင္ဆုံး... ေမာင့္ကိုအကၤ်ီအရင္ဝတ္ေပး.... ခ်မ္းသလိုပဲ...ငယ္ရယ္''

မ်က္လုံးဝိုင္းေလးေတြနဲ႕ ေမာ့္ၾကည့္တယ္။ ဘဂ်မ္းကမ္းေပးတဲ့အကၤ်ီကိုဆြဲယူၿပီး ဘဂ်မ္းလက္ေကာက္ဝတ္ကို ဖမ္းကိုင္ကာ ေသြးခုန္ႏႈန္း အရင္စမ္းတယ္။ ဘဂ်မ္း လက္ဖဝါးျပင္ကို ဆြဲယူကာသူ႕ပါးျပင္မွာ ကပ္ၾကည့္တယ္။ ၾကမ္းတမ္းတဲ့လက္ဖဝါးက ႏူးညံ့ေသာပါးျပင္ေပၚမွာ ေနရာတက်။ မ်က္လုံးေလးေတြက ေမာင့္ကိုစိုးရိမ္ေနၿပီ။

"ဖ်ားခ်င္ေနၿပီလား.... ေမာင္.... ေရခ်ိဳးတာၾကာသြားတယ္''

"ငယ္ေၾကာင့္ေလ.... ''

"အာ... ေမာင္ကလဲ.... ဘာမွန္းကိုမသိဘူး''

"ငယ့္ကိုလဲ.... ေမာင္မသိေတာ့ပါဘူးဗ်ာ.... ဘာေလးမွန္းကိုမသိဘူး.... ေမာင့္ကိုဆို.... ဆိုးဖို႔ပဲလား''

"လာ.... လက္အရင္လွ်ို.... ''

ကုတင္ေပၚမွာထိုင္ေနရင္းက ထရပ္လာၿပီး အကၤ်ီဝတ္ေပးတယ္။ ရင္ဘတ္ၾကယ္သီးေတြအေစ့တပ္ေပးသြားတယ္။ ဘဂ်မ္းကို ကုတင္ေပၚတက္ၿပီး ပက္လက္လွန္ဖို႔ လက္ဟန္ေျခဟန္နဲ႕ျပတယ္။
စကားမေျပာဘဲ လက္ညွိုးက ေကြးခ်ည္ဆန့္ခ်ည္နဲ႕.... ဘာလဲ.... ငယ္ေထြးက ဆရာႀကီးလား။

ၿပီးတာနဲ႕ သူ႕ေဆးေသတၱာကိုေျပးယူတယ္။

.
.
.

ငယ္ေထြးမွာ အခမဲ့ေဆးေပးခန္းေလးတစ္ခုရွိတယ္။
အဲ့သည္ကလူနာေတြၿပီရင္ ႏွစ္ဆယ့္ေလးနာရီေစာင့္ေရွာက္မႈေပးေနရတဲ့ လူနာကေတာ့ ကိုဘဂ်မ္းပါပဲ။
ေမွာ္ထဲကိုသြားရင္လဲ လိုက္တယ္။
ငယ္ေထြး ပါလာတာေၾကာင့္ ေမွာ္ထဲမွာ ညအိပ္လို႔ကမရေတာ့ဘူး။ ဘဂ်မ္းကလဲ အလုပ္နဲ႕ေတြ႕မိရင္သိတဲ့အတိုင္းေလ။
ေန႕တိုင္း ေသြးေပါင္ခ်ိန္ ဆီးခ်ိဳတိုင္းနဲ႕ ဘဂ်မ္းကို တစ္ခ်က္မွ မလစ္ဟင္းရေအာင္ ငယ္ေထြး ဂ႐ုစိုက္သည္။
ဘဂ်မ္းသည္လဲ ပင္ပန္းတာမ်ိဳးေတြကို ကိုယ္တိုင္အရမ္း မလုပ္ရေတာ့ပါ။ တူေလးဦးစီး​ေပးေနတာေၾကာင့္ လုပ္ငန္းအားလုံးအဆင္ေျပပါသည္။ သို႔ေသာ္ အလုပ္သရဲက သူကိုယ္တိုင္ မလုပ္ရရင္အလိုလိုေနလို႔မေကာင္းေတာ့တာ။ အလုပ္လုပ္ေနမွ ဖ်ားတာလဲမသိ နာတာလဲမသိသူ။
.
.
.

ငယ္ေထြးအေမက ငယ္ေထြးလက္ေပၚမွာတင္ ဆုံးပါးသြားတာ သုံးႏွစ္ျပည့္ေတာ့မည္။ အေမလဲ တူတူပါပဲ.... လြန္ခဲ့ေသာႏွစ္က ဆုံးပါးသြားခဲ့ၿပီ။ အေမတို႔ မဆုံးပါးခင္ အလႉအတန္းေတြရက္ရက္စက္စက္လုပ္ေပးခဲ့ၾကတယ္။
အေမႏွစ္ေယာက္အတြက္ဆိုရင္ ဘာမဆိုျဖည့္ဆည္းေပးဖို႔ အသင့္ရွိေနၾကတာ ဘဂ်မ္းေရာ လင္းသန့္ၾကည္ေရာပဲေလ။
သူတို႔ေျမးေတြ ရွင္ျပဳအလႉပြဲကို ၿခိမ့္ၿခိမ့္သဲက်င္းပေပးခဲ့ၾကသည္။ ဝတ္ရည္နဲ႕အာကာ့​သမီး ကာရံေလးက နားသေပါ့။
ေမွာ္ထဲက အလုပ္သမားမိသားစုဝင္ေတြတစ္ေယာက္မွ မက်န္ေစရေအာင္ ထည့္ၿပီးလႉေပးတာ။
ကိုရင္အ႐ြယ္ကို.... ကိုရင္
ရဟန္းအ႐ြယ္ကို....ရဟန္း.... ဝတ္ေပးလႉေပးခဲ့ၾကသည္။
ဗန္းေမာက္တစ္ၿမိဳ႕လုံး ဘဂ်မ္းနဲ႕လင္းသန့္ၾကည္အလႉေလာက္ႀကီးေသာ အလႉမရွိသည္အထိပါပဲ။

အေမတို႔မရွိေတာ့တာေၾကာင့္ ငယ္ေထြးတာဝန္တစ္ခ်ိဳ႕ေပါ့ပါးသြားေသာ္လည္း အရမ္းအားလပ္သြားတာေတာ့မဟုတ္။ သူ႕သားႏွစ္ေယာက္ကိစၥနဲ႕ ေမာင့္ကိစၥေတြအားလုံးကို ကိုယ္တိုင္စီမံရသည္ေလ။

.
.
.

"အဲေတာ့ကြာ.... ငယ့္သားေတြသြားရင္.... ငယ္လဲေနာက္ကလိုက္ရေတာ့မယ္ေလ.... မဟုတ္ဘူးလား''

"အဲ့ေတာ့.... ဘာျဖစ္လဲ.... ေမာင္က.... ေမာင့္သားေတြနဲ႕ၿပိဳင္ၿပီး.... လုေတာ့မယ္ေပါ့''

"လုစရာလား.... ငယ္ေထြးကေမာင့္အပိုင္ပဲေလ... ေနာက္မွေရာက္လာတဲ့.... ဟိုႏွစ္ေကာင္က.... ေမာင့္ထက္ပဲ.... ပိုရမလား... ေျပာၾကည့္....ငယ္ေထြးသားေတြနဲ႕....ေမာင့္ကိုဆိုရင္....ဘယ္သူ႕ကိုပိုခ်စ္လဲ''

"ေမာင္.... အဲ့ဒါေတြေျပာၿပီး....စကားမလႊဲနဲ႕.... ေနာက္ဆို....ကေလးေတြပညာေရးအတြက္ေရာ..... ေမာင့္က်န္းမာေရးအတြက္ေရာ.... ရန္ကုန္ကိုေျပာင္းေနမွ.... အဆင္ေျပမွာေနာ္''

"ဟာ....ကြာ.... ငယ္ေထြးရာ.... ေမာင္...တကယ္ရန္ကုန္မွာ.... မေနခ်င္ဘူးလို႔''

ဒါက အမွန္စကား။ ရန္ကုန္ကိုစိတ္ကုန္တာ ဘဝအဆက္ဆက္စာပါ။ ေတာကတက္လာတဲ့ ဘဂ်မ္းအဖို႔ ရန္ကုန္သည္ ေအာင္ေျမမဟုတ္ခဲ့သလို ေနခ်င္စရာလဲမေကာင္းခဲ့။ အေဖဆုံးလို႔ မျဖစ္မေန ရန္ကုန္တက္လာရလို႔သာပါ။ ဘယ္တုန္းကမွ ရန္ကုန္မွာ ဘဂ်မ္း မေပ်ာ္ခဲ့။
ေနရစားရက်ဥ္းက်ပ္ၿပီး စိတ္ရဲ႕လြတ္လပ္ျခင္းကင္းမဲ့ဇုန္လို႔သာ ထင္မိသည္။ နယ္ၿမိဳ႕မွာ အေျခခ်ၿပီးေနာက္ပိုင္း ပိုဆိုးေသးသည္။ အလုပ္ကိစၥနဲ႕ တစ္ခါတစ္ရံ သြားရတာေတာင္ ဗန္းေမာက္ကအိမ္ကိုပဲ လြမ္းေနေတာ့တာ။

ရန္ကုန္မွာ ဘဂ်မ္းအတြက္ စကားထဲထည့္ေျပာစရာ ေက်နပ္စရာကိစၥဆိုလို႔ ငယ္ေထြးနဲ႕ေတြ႕ခဲ့ျခင္းတစ္ခုသာရွိသည္။

ေဆးခန္းငယ္ေလးထဲက အၾကည္ေရာင္အရိပ္ေလးကို ျပန္ၿပိးျမင္ေယာင္မိတယ္။ အေရးေပၚခန္းထဲက လူနာကိုေစာင့္ေပးတဲ့ ဆရာဝန္ေပါက္စေလးကိုလဲ ျမင္ေယာင္တယ္။ ဘဂ်မ္းအ​ေပၚ အၾကင္နာေတြပိုေနတတ္တဲ့ ထိုအၾကည္ေရာင္ေလးသည္...... အခုေတာ့....

"ေမာင္ ကေလ... ေမာင့္အလုပ္ေတြပဲ.... ေတြးေနတာ.... ေမာင့္အေၾကာင္း.... ငယ္သိတယ္.... ေတာ္ၿပီ.... ငယ္... စိတ္ညစ္တယ္''

"လန့္လိုက္တာ.... ငယ္ေထြးရယ္.... ေျဖးေျဖးေျပာပါ''

"ေမာင္.... ဘာေတြေတြးေနတာလဲ.... ငယ္ေျဖးေျဖးပဲေျပာတာေလ..... ငယ္ေျပာတာ.... နားေထာင္မေနဘူး.... ဘယ္အေယာက္ဆီမ်ား စိတ္ေရာက္ေနတာလဲ''

"ေၾသာ္.... ေမာင့္ကို.... ခိုးခ်စ္ေနတဲ့...ဟိုဆရာဝန္ေလးပါ''

"ဘာ.... ဘယ္ဆရာဝန္လဲ.... အာကာလား''

"ဟာ.... ငယ္ရာ.... တကယ့္ကိုပဲ.... ငယ္မမွတ္မိေတာ့တာလား''

"မမွတ္မိဘူး..... မမွတ္မိခ်င္ေတာ့တာဆိုရင္ ပိုမွန္မယ္''

"ေမာင္.... ဘာလုပ္မိလို႔လဲ.... ငယ္ေထြးကိုခ်စ္လို႔ေလ.... ငယ့္သားေတြကိုလဲ...ခ်စ္လို႔ေလ''

"ခ်စ္ပဲခ်စ္ေန...က်န္တာဘာမွဆက္မေတြးနဲ႕ေတာ့... ဘဂ်မ္းႀကီး''

ေျပာလဲေျပာ.... သြက္လက္ျဖတ္လတ္ေနတဲ့ လက္ငယ္ေလးေတြကလဲ သူ႕အလုပ္ကိုသူ လုပ္သြားေသးတာ။
ဘဂ်မ္းႀကီးဆိုတာက သူအူယားရင္ေခၚေနၾက နာမည္။

သာမိုမီတာေလးနဲ႕ ဘဂ်မ္းနဖူးကိုတိုင္းေထာက္ကာၾကည့္ေတာ့....

"ေမာင္..... ၉၉ ေနာ္.... ဒီည.... ေဆးေသာက္ၿပီးမွအိပ္''

"အင္းပါ.... ထမင္းေရာစားရမလား''

"ဆန္ျပဳတ္ေလးေသာက္ေပါ့.... ခ႐ုနဲ႕ေသာက္မလား.... ငါးနဲ႕ေသာက္မလား.... ၾကက္သားနဲ႕ေသာက္မလား''

"ငယ္နဲ႕ပဲ....ေသာက္ခ်င္တာ''

ေျပာရင္း ငယ့္လက္ကိုဆြဲယူကာ ပြတ္သပ္ျပေနတယ္။
လက္ဖ်ားကေန တ႐ြ႐ြတက္လာတဲ့ ေမာင့္လက္ေတြက လက္ရင္းထိေရာက္ေအာင္မသြားဘဲ ေအာက္ကိုပြတ္သပ္ကာ ျပန္ေလွ်ာဆင္းေနတယ္။ မထိတထိနဲ႕ကလိေနတာ။

"သြား.... မထိနဲ႕.... နားရမွာ​ေနာ္.... ေပါက္ကရလုပ္ဖို႔မေတြးနဲ႕.... နားရမွာ.... ဟြန့္''

"အဲ့အဖ်ားေလာက္ကေတာ့.... နားစရာမလိုဘူး... ေခြၽးထြက္ရင္ေပ်ာက္တယ္''

"ေမာင့္..... "

"ေဟာဗ်ာ.... ေမာင္ေျပာတာရိုးရိုးပါကြ.... ငယ္ေထြးက... ေလွ်ာက္ေတြးပစ္ေတာ့တာပဲ.... ဘာလဲ...ေမာင့္ဆီက...အဲ့ေလာက္ေမွ်ာ္လင့္ေနမိတာပဲလား.... အ့...ငယ္ေထြး''

ဘုန္းကနဲေနေအာင္ထုခ်ပစ္လိုက္တာေလ။
လူကို တစ္ခ်ိန္လုံးသူပဲ စခ်င္တိုင္းစ....ေမႊခ်င္တိုင္းေမႊေနတာ။ ေမာင္စကားလမ္းေၾကာင္းလႊဲေနတာ ပါသြားလို႔မျဖစ္ဖို႔ လင္းသန့္ၾကည္ ကိုယ့္ကိုယ္ကို သတိေပးတယ္။

"ေနာ္.... ေမာင္ရယ္... ရန္ကုန္မွာ.... အိမ္တစ္လုံးေလာက္ကြာ.... ကြန္ဒိုပဲျဖစ္ျဖစ္ေလ.... ဝယ္ရ​ေအာင္ကြာ''

"အိမ္ဝယ္ေပးရင္.... ငယ္ေထြး....ေမာင့္အနားမေနေတာ့မွာ....ေမာင္သိတယ္....ငယ့္သားေတြေနာက္ပဲ.... လိုက္ေနေတာ့မယ္မွလား.... ''

"ကေလးေတြပညာေရးေလ.....ေမာင္ရယ္....ေမာင္ပဲ... ေမာင့္သားေတြကို.... ျဖစ္ခ်င္တာအကုန္ျဖည့္ဆည္းေပးမယ္ဆို.... ဟင္....ေမာင္ရယ္''

ေမာင့္ရင္ခြင္ထဲတိုးဝင္ကာ ေမးဖ်ားကိုလက္နဲ႕ထိကိုင္ရင္း ေျပာမိတယ္။
ေဆြးေနတဲ့ ေမာင့္မ်က္ဝန္းေတြက ငယ္ ေတာင္းဆိုတာကို လုပ္မေပးခ်င္လို႔မဟုတ္ဘူးဆိုတာ ငယ္သိတာေပါ့။
ျငင္းခုန္ေျပာဆိုၾကရျခင္းရဲ႕ ဇာတ္သိမ္းခန္းသည္ ထိုသို႔ပင္ ႏူးညံ့သိမ္ေမြ႕စြာ သိမ္းသြင္းရေသာ happy ending မ်ိဳးျဖစ္သည္။ ေမာင့္စိတ္ေတြ ေမာင့္အေတြးေတြကို ငယ္ေထြးထက္မ်ား ဘယ္သူကပိုသိမွာတဲ့လဲ။
ေမာင္က မိသားစုရဲ႕ဦးစီးပဲ့ကိုင္ဘုရင္တပါးပဲေလ။
ေမာင့္ေဘးမွာ အခ်ိန္တိုင္း ေမာင့္စိတ္ကူးအိမ္မက္ေတြကိုျဖည့္ဆည္းေပးေနရတဲ့ ငယ္ေထြးက ေမာင္ျဖစ္ခ်င္တာေတြကို သိပ္ကိုမွသိေနရသူပါ။

ဒါေပမဲ့..... ေမာင္ေရ.... ငယ္ကေတာ့ ေမာင့္အနားေသသည္အထိ အတူရွိေနမွာပါ။ ေမာင့္သားေတြကိုေတာ့ ေမာင္စိတ္ေလွ်ာ့ပါလို႔ ေတာင္းပန္ရအုံးမယ္။
.
.
.

ဘဂ်မ္းက အကုန္သိပါတယ္။ ကေလးေတြ ႀကီးျပင္းလာတာနဲ႕အမွ် လက္လႊတ္ဖို႔လဲနီးလာၿပီဆိုတာကို​ေပါ့။ ဒါေပမဲ့ အခ်ိန္ေတြက အကုန္ျမန္လြန္းၿပီး ကေလးေတြကို အေၾကာင္းျပခ်က္တစ္ခုခုနဲ႕ ခြဲခြာခ်ိန္ကလဲ ျမန္လြန္းတယ္လို႔ ထင္မိတယ္။
ပညာေရးသည္ ငယ္ေထြးေရာ ဘဂ်မ္းပါအေလးထားဆုံးအရာ။
ဘဂ်မ္းကပိုဆိုးတာေပါ့.... ကိုယ္တိုင္ပညာမွမတတ္တာ။
ကိုယ့္ေသြးသားနဲ႕ျဖစ္တည္တဲ့ ေန႕ထူး ေန႕ျမတ္တို႔ကိုမေျပာနဲ႕.... တူေတြ တူမေတြကိုပင္ ဘဂ်မ္းဘယ္လိုေထာက္ပံ့ေမြးျမဴၿပီး ပညာသင္ေပးခဲ့သလဲ။

ပညာတတ္ေတြ ျဖစ္ကိုျဖစ္ၾကမဲ့ သားႏွစ္ေယာက္ကို ေထာက္ပံ့ေပးရမွာ သူမ်ားထက္ပိုၿပီး ဘဂ်မ္းက သိတာေပါ့။ အခုက.... မခြဲနိုင္တာေလ.... ဘယ့္ႏွယ္လုပ္ပါ့မလဲ။

အလုပ္ေတြကိုပစ္ခတ္ထားခဲ့လို႔လဲမရဘူး။
အလုပ္ကႀကီးမားလြန္းေနၿပီ။
တူေလးတစ္ေယာက္ထဲဆို နိုင္မွာမဟုတ္ဘူးေလ။
ကိုဝင္းေအာင္ဆိုတာကလဲ ဒီေလာကထဲမွာ ဘဂ်မ္းေလာက္လုပ္ငန္းႀကီးမားတာမဟုတ္ေတာ့ဘူး။ ဘဂ်မ္းသာ ေလာဘတႀကီးရွာေဖြစုေဆာင္းေနေပမဲ့ ကိုဝင္းေအာင္တို႔က အေျခအေနတစ္ခုအတည္တက်ျဖစ္တာနဲ႕ နားနားေနေနလုပ္ၾကၿပီ။

တျခားသူေဌးသားေတြဆို နိုင္ငံျခါးထိေက်ာင္းသြားထားၾကတာလဲ ျမင္တယ္ သိတယ္။ ကိုယ္ကမထားေပးနိုင္လို႔ မဟုတ္ဘူး။ သူတို႔ထက္ ထားေပးနိုင္တယ္။ ဒါေပမဲ့ သူတို႔က ေယာက်ားျဖစ္သူဒီေနရာမွာ အလုပ္လုပ္ၿပီး ပိုက္ဆံပို႔တာကို မိန္းမကစီစဥ္တာ။ ရွင္းရွင္းေျပာရရင္ ခြဲေနနိုင္ၾကသူေတြ။

ဘဂ်မ္းကလဲရွင္းရွင္းပဲေျပာရရင္ ငယ္ေထြးကိုမခြဲနိုင္ေသး။

သူ႕သားေတြသာ ရန္ကုန္ပို႔မိရင္ ဘဂ်မ္းအလုပ္ေတြ လူလႊဲေပးရင္ေပး.... မေပးရင္ ငယ္ေထြးနဲ႕ခြဲေန... ဒါပဲရွိတာ။ ဒါေၾကာင့္လဲ ဘဂ်မ္း သိရက္နဲ႕ ခြင့္ျပဳမေပးနိုင္ျဖစ္ေနရတာပါ။

.
.
.

"ေမာင္.... ဆန္ျပဳတ္ရၿပီ....''

"ငယ္ေထြးေလး.....ေမာင္ကေလ.... သိလား... တမင္.... လုပ္တာမဟုတ္ဘူး.... ကြာ...ငယ္ေထြးသိလား''

"အင္း... သိတယ္....ေမာင္''

ဆန္ျပဳတ္ေလးတစ္ဇြန္းခပ္ကာ ႏႈတ္ခမ္းေလးတေထာ္ေထာ္နဲ႕ ေအးသြားေအာင္မႈတ္ေပးတယ္။
နားလည္မႈရွိလြန္းတဲ့ အိမ္ေထာင္ေရးကေတာ့ ဒီလိုပဲ သာယာတာေပါ့။

"အရင္စားရေအာင္.... ေမာင္''

တလုတ္ၿပီးတလုတ္ ေျဖးေျဖးခြံ႕တယ္။ တစ္ေယာက္မ်က္ႏွာကို တစ္ေယာက္ၾကည့္ေနမိရင္း ေမာင့္ရင္ထဲက မိသားစုအေပၚထားတဲ့ ႏူးညံ့တဲ့အတၱေလးေတြကိုျမင္ရသလို ငယ္ေထြးရင္ထဲက ၾကင္နာမႈေတြကိုလဲ ခံစားရတယ္။
စကားလုံးေတြျဖင့္ မလိုပါဘူးေလ။

.
.
.
.

ေက်းဇူးတင္ပါသည္။
အမွတ္တရ တင္ေပးတာပါေနာ္။
လြမ္းမ်ားလြမ္းေနမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႕ပါ။

2152021(Sat)

.
.

Continue Reading

You'll Also Like

8.7K 721 28
လွင်သိလား။ လိပ်ကလေးတစ်ကောင်က သူပေါက်ဖွားတဲ့ ကမ်းခြေရဲ့ သဲနံ့ကို လျက်ပြီး မှတ်ထားတတ်တယ်တဲ့။ ဘယ်ခရီး၊ ပင်လယ်တွေ ရောက်ရောက်ဘယ်လှိုင်း၊ ဘယ်လောက်ထန်ထန် တစ...
135K 10.7K 65
"A String between two ends."
20.6K 1.5K 28
Zawgyi ငယ္ေပါင္း သူငယ္ခ်င္းကေန အဆင့္တက္သြားၾကမယ့္ ကေ းႏွစ္ေယာက္ပံုစံ ေပါ့ေပါ့ပါးပါးေလးပါ ကိုယ့္ရပ္ ကိုယ့္နယ္ ကကိုယ္သိတဲ့ကေလးႏွစ္ေယာက္ကို ပံုေဖာ္သြားမ...
88.3K 7.3K 86
(Zawgyi) ေနရယ္...လရယ္....ၾကယ္ရယ္... တစ္မိုးေအာက္မွာ အတူ႐ွိၾကေပမယ့္ မင္းတို႔ႏွစ္ေယာက္နဲ႔ယွဥ္ရင္ ေပ်ာက္ကြယ္ေပးရတဲ့ ငါ့အျဖစ္က...ေနလို.... (Unicode) နေရယ...