မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသ...

By Garnialove

168 46 29

အရမ်းချီးကျူးလေးစားဖို့ကောင်းတဲ့မိခင်တွေထဲမှာကျန်းကျယ်ဟန့်ဆိုတဲ့ လူသားလေးကိုမွေးထုတ်ပေးခဲ့ပြီး အကြည်ဓါတ်လေးနဲ... More

ကျန်းမားမားအကြောင်း
လက်လျှော့စရာအကြောင်းမရှိဘူး
မငိုပါနဲ့သူငယ်ချင်း
အမေ့ဆီကအသံတစ်ခု
ကျွန်မအိုမင်းသွားလို့မဖြစ်သေးဘူး
သားလေး မိုးရွာနေရင် ထီးယူသွားပါ
အမေများနေ့အမှတ်တရ
ကျန်းမားမားပြောတဲ့ ဟန်အာလေးပုံပြင် အပိုင်း-၁
ကျန်းမားမားပြောတဲ့ ဟန်အာလေးပုံပြင် အပိုင်း-၃
ကျန်းမားမားပြောတဲ့ Kola လေး အကြောင်း
ကျန်းမားမားရေးတဲ့ XiaoZhe ခရီးသွားမှတ်တမ်း
ဂေါ်ဖီထုပ်မားမား
ကိုလာလေးကိုပဲ အသနားပိုမိတယ်
တောင်တန်းရော ပင်လယ်ပါ မင်းပိုင်ဆိုင်နိုင်ပါစေ
ရင်ခုန်သံတွေထပ်တူညီခဲ့ကြတယ် အိပ်မက်နောက်ကိုလိုက်ခဲ့တာ အထီးမကျန်ခဲ့ပါဘူး
ထာဝရစိတ်ခံစားမှု
ပိုမိုကောင်းမွန်သောနေ့ရက်များရောက်လာမယ်လို့ယုံကြည်ပါ
ကျွန်မရဲ့ထာဝရဂုဏ်ယူစရာအတွက်
ကိုလာလေးပျော်ရွှင်ရင်ကျွန်မလည်းပျော်ရွှင်တယ်
ကျွန်မက ကျွန်မကိုယ်တိုင်ရဲ့ အလင်းရောင်ပါပဲ
ကျွန်မတို့ရဲ့ ပြီးပြည့်စုံသောအချိန်ကာလလေး
မြို့တစ်မြို့၊ အချစ်တစ်ခု၊ ခရီးစဥ်တစ်ခု
ဩဂုတ်လကိုဖြတ်ကျော်ခြင်း
မင်းရဲ့အိပ်မက်တွေကို ကမ္ဘာကြီးကကြားနိုင်ပါစေ

ကျန်းမားမားပြောတဲ့ဟန်အာလေးပုံပြင် အပိုင်း-၂

3 1 0
By Garnialove

Unicode

ကျန်းမားမားပြောတဲ့ဟန်အာလေးပုံပြင် အပိုင်း-၂

ဒီတခေါက်နွေဦးပွဲတော်အတွက် ကျွန်မအိမ်ပြန်လာတဲ့အခါ ကိုင်တွယ်ဖြေရှင်းစရာတွေ အများကြီးနဲ့အလုပ်ရှုပ်လွန်းလို့ စာရေးဖို့တောင်အချိန်မရှိခဲ့ဘူး။ 

ဒီနေ့တော့ အားလပ်ချိန်လေး နည်းနည်းရှိတော့ ဟိုအရင်တုန်းက သိမ်းဆည်းထားတဲ့ စာမူအချို့ကို ဖြတ်ပြီး တစ်ခုခုတော့ရေးစရာ ရသွားတယ်။

ငယ်ငယ်တုန်းက ဟန်အာလေးအကြောင်း ရေးခဲ့တဲ့ ဆောင်းပါးလေးတွေကိုစုစည်းပြီးတော့ သူ့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အခိုက်အတန့်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။

ဟန်အာနဲ့ကျူးအားရီ

"ဟန်အာ~ ကျူးအားရီ က သားအတွက် ရှောက်သီးတွေ လာပို့တယ်" လို့ အိမ်ထဲဝင်တာနဲ့ ကျွန်မက ပြောရင်း  သားကို လှမ်းခေါ်လိုက်တယ်။

"ဟေး ~ ကျူးအားရီ " ဟန်အာက ဝမ်းသာအားရပြေးလာပြီး အထုပ်ကိုဖွင့်ခါနီးတော့ ကျွန်မက သားကိုကြည့် ရယ်မောပြီး " ဟန်အာ သားက အရမ်းအစားပုတ်တဲ့အ ကြောင်းကို ကျူးအားရီးဆီကို စာရေးလိုက်မယ် " လို့ကျွန်မကပြောတော့ ဟန်အာက "မားမား ကျူးအားရီဆီကိုစာမရေးပါနဲ့နော် ကျူးအားရီးက သိသွားရင် သားကို ရယ်လိမ့်မယ်”လို့ ဟန်အာကပြာပြာသလဲပြောတယ်။

အသက်လေးနှစ်မပြည့် သေးတဲ့ သားက မျက်နှာအရမ်းလိုချင်သေးတယ်။  ကျူးအားရီဆိုတာက Shanghai Cadre Training College မှာ ကျွန်မကျောင်းတက်နေတုန်းက ဆုံတွေ့ခဲရတဲ့ အတန်းဖော်တစ်ဦးဖြစ်ပါတယ်။

သူမက ကျွန်မနှင့် အသက်အရွယ်တူ Zhengzhou မှဖြစ်ပြီး အဆောင်တစ်ခုတည်းမှာ နေထိုင်ပါတယ်။ ရှန်ဟိုင်းကို ကျွန်မကျောင်းလာတက်တော့ ဟန်အာကို ကျွန်မနှင့်အတူ ခေါ်ဆောင်လာခဲ့တယ်။

ပုံမှန်အားဖြင့် အတန်းချိန်အတွင်းမှာ သူ့ကို ကျွန်မရဲ့ သူငယ်ချင်းအိမ်မှာ အပ်ထားခဲ့ပြီ တနင်္ဂနွေနေ့များတွင်တော့ ကျွန်မနှင့် အတူနေရန် ဟန်အာကို ကျောင်းအဆောင်ကို ခေါ်လာခဲ့တယ်။ ဤနည်းဖြင့် ဟန်အာက သူ၏ ကျူးအားရီကို သိကျွမ်းလာခဲ့တယ်။

ဟန်အာက သူ့ မားမားနဲ့ သူ့ ကျူးအားရီနဲ့အတူတူနေရတဲ့ တနင်္ဂနွေနေ့တွေကိုအမြဲ စောင့်မျှော်နေတတ်ပါတယ်။ ဟန်အာအဆောင်ကို ရောက်တော့ ကျူးအားရီက ဟန်အာကိုပြောတယ် "ဟန်အာ၊ ကျူးအားရီမှာ ကလေးလေးမရှိဘူး၊ ဟန်အာက ကျူးအားရီနဲ့ အတူတူအိပ်လို့ရမလား" ဟန်အာက ကျူးအားရီရဲ့ အိပ်ယာထဲကို စိတ်အားထက်သန်စွာ တက်အိပ်တတ်တယ်။ 

ကျူးအားရီရဲ့ မန်ဒရင်စကားသံက အရမ်းနားထောင်ကောင်းတယ်။ ဟန်အာရဲ့ စကားသံက ကျန်းရှီးလေသံဝဲနေတော့ ကျူးအားရီက သူ့ကို အမြဲတမ်းအတုယူပြီး နောက်ပြောင်တတ်ပါတယ်။

ဟန်အာက  “မားမား ကျူးအားရီလို နားထောင်ကောင်းအောင် ဟန်အာ ဘယ်လိုပြောရမလဲ” လို့ တိတ်တဆိတ် မေးတတ်ပါတယ်။

ကျူးအားရီက ဟန်အာကို ကလေးချောလေးလို့ ခေါ်ပြီး ဟန်အာအိပ်ပျော်နေချိန်တိုင်း ဟန်အာကို ငုံ့နမ်းပြီး "ဒီလှပတဲ့ မျက်နှာလေးက အိပ်ပျော်သွားတဲ့အခါ ပိုပြီးလှပတယ်" လို့ပြောတတ်ပါတယ်။   ဟန်အာကလည်း အရမ်းထက်မြက်ပြီး သူ့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုရာမှာ ထူးချွန်ပါတယ်။

"ကျူးအားရီက အရမ်းလှတယ်၊ ကျူးအားရီကို ဟန်အာက အရမ်းချစ်တယ်" လို့သားကပြောရင်  ကျူးအားရီကအရမ်းပျော်သွားတတ်တယ်။

"မင်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အမွှမ်းတင်လိုက်တာ"လို့ကျွန်မက ပြောယူရတဲ့အထိပါပဲ၊ သားရဲ့ ကျူးအားရီ က ချောမောလှပရုံတင်မကပဲ သီချင်းသီဆိုတာနဲ့ အကလည်းအရမ်းကောင်းပါတယ်။  ဟန်အာက ကျူးအားရီကို သဘောကျသည်မှာလည်း အဓိပ္ပါယ်ရှိပါတယ်။  

အနုပညာဖျော်ဖြေပွဲတွေမှာ  ကျူးအားရီနဲ့ကျွန်မက စင်မြင့်ပေါ်မှာ အတူတူသီချင်းသီဆိုခဲ့ပါတယ်။ ဟန်အာ က သူ့မားမားကျွန်မအတွက် စိတ်လှုပ်ရှားခြင်းမရှိပေမယ့် သူ့ရဲ့ ကျူးအားရီကို အမြဲ အားပါးတရ အားပေးပါတယ်။   ချောမောလှပတဲ့ အမျိုးသမီးများကို နှစ်သက်ခြင်းက ယောက်ျားလေးရဲ့ သဘာဝလည်း ဖြစ်ပုံရပါတယ်။ 

ဟန်အာက တခါတရံမှာ သူ့ကျူးအားရီကို လူကြီးလေးလိုမျိုး စကားပြောတတ်ပါတယ်။ သူ့မားမားကျွန်မတောင် မသိ‌လောက်အောင် ဖုံးကွယ်ထားတဲ့ ခံစားချက်တချို့ကို ဟန်အာက သူ့ရဲ့ ကျူးအားရီကို ပြောပြပါလိမ့်မယ်။

ကျူးအားရီကလည်း ဟန်အာကို အရမ်းချစ်ပြီး သူ့အတွက် အဝတ်အစားနဲ့ ကစားစရာအရုပ်တွေ ဝယ်ပေးတတ်ပါတယ်။  ကျွန်မက ဟန်အာကို တခြားသူတွေရဲ့ လက်ဆောင်တွေကို လက်ခံခွင့်မပြုပေမယ့် သားက "ကျူးအားရီ က တခြားသူ မဟုတ်ဘူးလေ" လို့ ပြန်ပြောပါတယ်။ 

ကျူးအားရီ ရဲ့ခင်ပွန်းက ရှန်ဟိုင်းရောက်လာတော့ ဟန်အာနဲ့ ကျွန်မက နောက်အခန်းကိုပြောင်းရပါတယ်။ ဒါကို ဟန်အာက မပျော်မရွှင်ဖြစ်ပြီး သူလုပ်စရာရှိတိုင်း ကျူးအားရီ ရဲ့ အခန်းတံခါးကို အမြဲသွားခေါက်တတ်ပါတယ်။ အချိန်အတော်ကြာပြီးမှ ကျူးအားရီတို့စုံတွဲ ပြန်ဆုံကြတာကြောင့် ကျွန်မက ဟန်အာက သူတို့ကို အနှောင့်အယှက်ပေးမိမှာစိုးရိမ်ပါတယ်။

ကျွန်မ ဟန်အာကို မသွားဖို့ပြောရင်သူက " သားက  ကျူးအားရီကို ကာကွယ်ချင်တယ်" လို့ ပြောလိုက်တာက သူ့ရဲ့ ကျူးအားရီဆီသွားဖို့ အကြောင်းပြချက် ဖြစ်လာပါတယ်။ 

ဟန်အာက သူ့ရဲ့ ကျူးအားရီက သူ့ကို မိတ်ကပ်လိမ်း ပေးဖို့ အကူအညီတောင်းတတ်ပြီး ကျူးအားရီရဲ့ ခင်ပွန်းကို ပန်းချီဆေးခြယ်နည်းသင်ပေးဖို့ တောင်းဆိုခဲ့ပါတယ် (ကျူးအားရီရဲ့ ခင်ပွန်းက ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်) ဟန်အာက သူတို့ကို အမြဲတမ်း တွယ်ကပ်နေတတ်ပါတယ်။ 

ဟန်အာက ရှန်ဟိုင်းမှာ သူ့ရဲ့ အပျော်ဆုံးနေ့ရက်များကို ဖြတ်သန်းခဲ့ပါတယ်။ ဟန်အာက ရှန်ဟိုင်းမြို့နဲ့အနီးတဝိုက်နေရာတွေကို လျှောက်လိုက်သွားပြီး လှပတဲ့ နောက်ခံ ရှုခင်းတွေနဲ့ မတူညီတဲ့ အမူအရာတွေနဲ့ ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့ပါတယ်။ 

နောက်ပိုင်းအချိန်မှာဟန်အာက အခြားအရာများကို မမှတ်မိနိုင်သော်လည်း သူ့ရဲ့ ကျူးအားရီကိုတော့ သူက အမြဲတမ်းမှတ်မိနေတတ်ပါတယ်။

အမှန်တော့ သူက Zhengzhou ကို တစ်ခါမှ မရောက်ဖူးပဲ Zhengzhou က ဘယ်မှာလဲဆိုတာ မသိပေမယ့် အဲ့နေရာမှာ သူ့ရဲ့ကျူးအားရီ ရှိတယ်ဆိုတာတော့ သူသိပါတယ်။ ကျူးအားရီက သူ့နှလုံးသားထဲမှာ အမြဲ ရှိနေပါတယ်။ ကျူးအားရီက ဟန်အာအတွက် နွေဦးရာသီ၏ အမှတ်တရတစ်ခုပဲ ဖြစ်ပါတယ်။

ဟန်အာလေးကို အရမ်းချစ်ပြီး အူယားလွန်းလို့ မွပစ်ချင်နေပါပြီ 🥰

Zawgyi

က်န္းမားမားေျပာတဲ့ဟန္အာေလးပုံျပင္ အပိုင္း-၂

ဒီတေခါက္ေႏြဦးပြဲေတာ္အတြက္ ကြၽန္မအိမ္ျပန္လာတဲ့အခါ ကိုင္တြယ္ေျဖရွင္းစရာေတြ အမ်ားႀကီးနဲ႔အလုပ္ရႈပ္လြန္းလို႔ စာေရးဖို႔ေတာင္အခ်ိန္မရွိခဲ့ဘူး။ 

ဒီေန႔ေတာ့ အားလပ္ခ်ိန္ေလး နည္းနည္းရွိေတာ့ ဟိုအရင္တုန္းက သိမ္းဆည္းထားတဲ့ စာမူအခ်ိဳ႕ကို ျဖတ္ၿပီး တစ္ခုခုေတာ့ေရးစရာ ရသြားတယ္။

ငယ္ငယ္တုန္းက ဟန္အာေလးအေၾကာင္း ေရးခဲ့တဲ့ ေဆာင္းပါးေလးေတြကိုစုစည္းၿပီးေတာ့ သူ႔ရဲ႕ စိတ္ဝင္စားစရာေကာင္းတဲ့ အခိုက္အတန႔္ေတြကို မွတ္တမ္းတင္ခဲ့ပါတယ္။

ဟန္အာနဲ႔က်ဴးအားရီ

"ဟန္အာ~ က်ဴးအားရီ က သားအတြက္ ေရွာက္သီးေတြ လာပို႔တယ္" လို႔ အိမ္ထဲဝင္တာနဲ႔ ကြၽန္မက ေျပာရင္း  သားကို လွမ္းေခၚလိုက္တယ္။

"ေဟး ~ က်ဴးအားရီ " ဟန္အာက ဝမ္းသာအားရေျပးလာၿပီး အထုပ္ကိုဖြင့္ခါနီးေတာ့ ကြၽန္မက သားကိုၾကည့္ ရယ္ေမာၿပီး " ဟန္အာ သားက အရမ္းအစားပုတ္တဲ့အ ေၾကာင္းကို က်ဴးအားရီးဆီကို စာေရးလိုက္မယ္ " လို႔ကြၽန္မကေျပာေတာ့ ဟန္အာက "မားမား က်ဴးအားရီဆီကိုစာမေရးပါနဲ႔ေနာ္ က်ဴးအားရီးက သိသြားရင္ သားကို ရယ္လိမ့္မယ္”လို႔ ဟန္အာကျပာျပာသလဲေျပာတယ္။

အသက္ေလးႏွစ္မျပည့္ ေသးတဲ့ သားက မ်က္ႏွာအရမ္းလိုခ်င္ေသးတယ္။  က်ဴးအားရီဆိုတာက Shanghai Cadre Training College မွာ ကြၽန္မေက်ာင္းတက္ေနတုန္းက ဆုံေတြ႕ခဲရတဲ့ အတန္းေဖာ္တစ္ဦးျဖစ္ပါတယ္။

သူမက ကြၽန္မႏွင့္ အသက္အ႐ြယ္တူ Zhengzhou မွျဖစ္ၿပီး အေဆာင္တစ္ခုတည္းမွာ ေနထိုင္ပါတယ္။ ရွန္ဟိုင္းကို ကြၽန္မေက်ာင္းလာတက္ေတာ့ ဟန္အာကို ကြၽန္မႏွင့္အတူ ေခၚေဆာင္လာခဲ့တယ္။

ပုံမွန္အားျဖင့္ အတန္းခ်ိန္အတြင္းမွာ သူ႔ကို ကြၽန္မရဲ႕ သူငယ္ခ်င္းအိမ္မွာ အပ္ထားခဲ့ၿပီ တနဂၤေႏြေန႔မ်ားတြင္ေတာ့ ကြၽန္မႏွင့္ အတူေနရန္ ဟန္အာကို ေက်ာင္းအေဆာင္ကို ေခၚလာခဲ့တယ္။ ဤနည္းျဖင့္ ဟန္အာက သူ၏ က်ဴးအားရီကို သိကြၽမ္းလာခဲ့တယ္။

ဟန္အာက သူ႔ မားမားနဲ႔ သူ႔ က်ဴးအားရီနဲ႔အတူတူေနရတဲ့ တနဂၤေႏြေန႔ေတြကိုအၿမဲ ေစာင့္ေမွ်ာ္ေနတတ္ပါတယ္။ ဟန္အာအေဆာင္ကို ေရာက္ေတာ့ က်ဴးအားရီက ဟန္အာကိုေျပာတယ္ "ဟန္အာ၊ က်ဴးအားရီမွာ ကေလးေလးမရွိဘူး၊ ဟန္အာက က်ဴးအားရီနဲ႔ အတူတူအိပ္လို႔ရမလား" ဟန္အာက က်ဴးအားရီရဲ႕ အိပ္ယာထဲကို စိတ္အားထက္သန္စြာ တက္အိပ္တတ္တယ္။ 

က်ဴးအားရီရဲ႕ မန္ဒရင္စကားသံက အရမ္းနားေထာင္ေကာင္းတယ္။ ဟန္အာရဲ႕ စကားသံက က်န္းရွီးေလသံဝဲေနေတာ့ က်ဴးအားရီက သူ႔ကို အၿမဲတမ္းအတုယူၿပီး ေနာက္ေျပာင္တတ္ပါတယ္။

ဟန္အာက  “မားမား က်ဴးအားရီလို နားေထာင္ေကာင္းေအာင္ ဟန္အာ ဘယ္လိုေျပာရမလဲ” လို႔ တိတ္တဆိတ္ ေမးတတ္ပါတယ္။

က်ဴးအားရီက ဟန္အာကို ကေလးေခ်ာေလးလို႔ ေခၚၿပီး ဟန္အာအိပ္ေပ်ာ္ေနခ်ိန္တိုင္း ဟန္အာကို ငုံ႔နမ္းၿပီး "ဒီလွပတဲ့ မ်က္ႏွာေလးက အိပ္ေပ်ာ္သြားတဲ့အခါ ပိုၿပီးလွပတယ္" လို႔ေျပာတတ္ပါတယ္။   ဟန္အာကလည္း အရမ္းထက္ျမက္ၿပီး သူ႔ရဲ႕ခံစားခ်က္ေတြကို ထုတ္ေဖာ္ေျပာဆိုရာမွာ ထူးခြၽန္ပါတယ္။

"က်ဴးအားရီက အရမ္းလွတယ္၊ က်ဴးအားရီကို ဟန္အာက အရမ္းခ်စ္တယ္" လို႔သားကေျပာရင္  က်ဴးအားရီကအရမ္းေပ်ာ္သြားတတ္တယ္။

"မင္းတို႔ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ အမႊမ္းတင္လိုက္တာ"လို႔ကြၽန္မက ေျပာယူရတဲ့အထိပါပဲ၊ သားရဲ႕ က်ဴးအားရီ က ေခ်ာေမာလွပ႐ုံတင္မကပဲ သီခ်င္းသီဆိုတာနဲ႔ အကလည္းအရမ္းေကာင္းပါတယ္။  ဟန္အာက က်ဴးအားရီကို သေဘာက်သည္မွာလည္း အဓိပၸါယ္ရွိပါတယ္။  

အႏုပညာေဖ်ာ္ေျဖပြဲေတြမွာ  က်ဴးအားရီနဲ႔ကြၽန္မက စင္ျမင့္ေပၚမွာ အတူတူသီခ်င္းသီဆိုခဲ့ပါတယ္။ ဟန္အာ က သူ႔မားမားကြၽန္မအတြက္ စိတ္လႈပ္ရွားျခင္းမရွိေပမယ့္ သူ႔ရဲ႕ က်ဴးအားရီကို အၿမဲ အားပါးတရ အားေပးပါတယ္။   ေခ်ာေမာလွပတဲ့ အမ်ိဳးသမီးမ်ားကို ႏွစ္သက္ျခင္းက ေယာက္်ားေလးရဲ႕ သဘာဝလည္း ျဖစ္ပုံရပါတယ္။ 

ဟန္အာက တခါတရံမွာ သူ႔က်ဴးအားရီကို လူႀကီးေလးလိုမ်ိဳး စကားေျပာတတ္ပါတယ္။ သူ႔မားမားကြၽန္မေတာင္ မသိ‌ေလာက္ေအာင္ ဖုံးကြယ္ထားတဲ့ ခံစားခ်က္တခ်ိဳ႕ကို ဟန္အာက သူ႔ရဲ႕ က်ဴးအားရီကို ေျပာျပပါလိမ့္မယ္။

က်ဴးအားရီကလည္း ဟန္အာကို အရမ္းခ်စ္ၿပီး သူ႔အတြက္ အဝတ္အစားနဲ႔ ကစားစရာအ႐ုပ္ေတြ ဝယ္ေပးတတ္ပါတယ္။  ကြၽန္မက ဟန္အာကို တျခားသူေတြရဲ႕ လက္ေဆာင္ေတြကို လက္ခံခြင့္မျပဳေပမယ့္ သားက "က်ဴးအားရီ က တျခားသူ မဟုတ္ဘူးေလ" လို႔ ျပန္ေျပာပါတယ္။ 

က်ဴးအားရီ ရဲ႕ခင္ပြန္းက ရွန္ဟိုင္းေရာက္လာေတာ့ ဟန္အာနဲ႔ ကြၽန္မက ေနာက္အခန္းကိုေျပာင္းရပါတယ္။ ဒါကို ဟန္အာက မေပ်ာ္မ႐ႊင္ျဖစ္ၿပီး သူလုပ္စရာရွိတိုင္း က်ဴးအားရီ ရဲ႕ အခန္းတံခါးကို အၿမဲသြားေခါက္တတ္ပါတယ္။ အခ်ိန္အေတာ္ၾကာၿပီးမွ က်ဴးအားရီတို႔စုံတြဲ ျပန္ဆုံၾကတာေၾကာင့္ ကြၽန္မက ဟန္အာက သူတို႔ကို အေႏွာင့္အယွက္ေပးမိမွာစိုးရိမ္ပါတယ္။

ကြၽန္မ ဟန္အာကို မသြားဖို႔ေျပာရင္သူက " သားက  က်ဴးအားရီကို ကာကြယ္ခ်င္တယ္" လို႔ ေျပာလိုက္တာက သူ႔ရဲ႕ က်ဴးအားရီဆီသြားဖို႔ အေၾကာင္းျပခ်က္ ျဖစ္လာပါတယ္။ 

ဟန္အာက သူ႔ရဲ႕ က်ဴးအားရီက သူ႔ကို မိတ္ကပ္လိမ္း ေပးဖို႔ အကူအညီေတာင္းတတ္ၿပီး က်ဴးအားရီရဲ႕ ခင္ပြန္းကို ပန္းခ်ီေဆးျခယ္နည္းသင္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္ (က်ဴးအားရီရဲ႕ ခင္ပြန္းက ပန္းခ်ီဆရာတစ္ဦးျဖစ္ပါတယ္) ဟန္အာက သူတို႔ကို အၿမဲတမ္း တြယ္ကပ္ေနတတ္ပါတယ္။ 

ဟန္အာက ရွန္ဟိုင္းမွာ သူ႔ရဲ႕ အေပ်ာ္ဆုံးေန႔ရက္မ်ားကို ျဖတ္သန္းခဲ့ပါတယ္။ ဟန္အာက ရွန္ဟိုင္းၿမိဳ႕နဲ႔အနီးတဝိုက္ေနရာေတြကို ေလွ်ာက္လိုက္သြားၿပီး လွပတဲ့ ေနာက္ခံ ရႈခင္းေတြနဲ႔ မတူညီတဲ့ အမူအရာေတြနဲ႔ ဓာတ္ပုံေတြ အမ်ားႀကီး ႐ိုက္ခဲ့ပါတယ္။ 

ေနာက္ပိုင္းအခ်ိန္မွာဟန္အာက အျခားအရာမ်ားကို မမွတ္မိႏိုင္ေသာ္လည္း သူ႔ရဲ႕ က်ဴးအားရီကိုေတာ့ သူက အၿမဲတမ္းမွတ္မိေနတတ္ပါတယ္။

အမွန္ေတာ့ သူက Zhengzhou ကို တစ္ခါမွ မေရာက္ဖူးပဲ Zhengzhou က ဘယ္မွာလဲဆိုတာ မသိေပမယ့္ အဲ့ေနရာမွာ သူ႔ရဲ႕က်ဴးအားရီ ရွိတယ္ဆိုတာေတာ့ သူသိပါတယ္။ က်ဴးအားရီက သူ႔ႏွလုံးသားထဲမွာ အၿမဲ ရွိေနပါတယ္။ က်ဴးအားရီက ဟန္အာအတြက္ ေႏြဦးရာသီ၏ အမွတ္တရတစ္ခုပဲ ျဖစ္ပါတယ္။

ဟန္အာေလးကို အရမ္းခ်စ္ၿပီး အူယားလြန္းလို႔ မြပစ္ခ်င္ေနပါၿပီ 🥰

Continue Reading

You'll Also Like

86K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
26.1K 3.1K 42
BL novel အသစ်လေး update လုပ်ထားပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page က...
211K 31.5K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...
28.8K 3.7K 66
Title - A Nest of Snake inside the Old Tomb သင်္ချိုင်းဟောင်းမှ မြွေမိသားစု (Description) မြွေပွေးတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာခဲ့သည့် လူသားတစ်ယော...