'စိန်ပန်းပွင့်' ‌တွေ 'နီဆွေးဆ...
By Kyar_nge
31.4K 2.1K 63
_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်‌ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အ... More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄) [final]
အပိုင်း(၁၁)
1.8K 126 1
By Kyar_nge
Uni
______________
ချောက်ကနဲ အရောင်ပြောင်းသွားတဲ့ မီးပြာလဲ့လဲ့အောက်မှာ မျက်လုံးဝိုင်းဝိုင်းများနဲ့ ထိတ်လန့်နေကြသော အမျိုးသမီးနှစ်ယောက်မှာ သိပ်ကို ချစ်စရာကောင်းလို့နေသလို
ခပ်ကြမ်းကြမ်းကလေးချစ်ပစ်ချင်စရာလဲ ကောင်းနေပြန်
" အဝေ ဘာလုပ်မလို့လဲ "
" ကိုယ်တို့ တစ်နေ့က မဂ်လာ မဦးရသေးဘူးမလား ~~"
အမျိုးသမီးနှစ်ယောက်ကြား ဝင်ရင်း လေသံ တိုးတိုးလေးနဲ့ ဆိုလာတာကြောင့် တုန်ကာလှုပ်လှုပ်ရွရွ ဖြစ်သွားတဲ့ ချစ်သောတို့ကြောင့် အဝေသည် သိပ်ကိုမှဘဲ အသဲယားလာတော့သည်။
" ဟင့် အယွန်း !!"
အဝေသည် သူ၏ နှုတ်ခမ်းပါးတွေနဲ့ ယွန်း၏ လည်တိုင်တွေ နမ်းရှိုက်ရင်းသတိပေးလိုက်တော့ အကင်းပါးလွန်းတဲ့ အမျိုးသမီးဟာ ချက်ခြင်းထလာကာ ထွေးပေါ် အုပ်မိုးတော့သည်။ ထွေးမှာ အမျိုးသမီးနှစ်ယောက်ကြား ထွက်ပေါက်မဲ့နေတဲ့ ကြွက်ကလေးပမာ
" စီးကရပ်သောက်တဲ့ ဒီ နှုတ်ခမ်းတွေ အပြစ်ပေးရအောင်"
"အဝေ အင့်!!"
သိမ်းပိုက်ခံလိုက်ရသော နှုတ်ခမ်းသားတွေဟာ အဝေ့ထံတွင် ပျော်မြူးလို့
ယွန်း၏ အနမ်းတွေဟာ ထွေး၏ တစ်ကိုယ်လုံး ပြန့်ကျဲနေတဲ့အပြင် အဝေ၏ အကြော စိမ်းစိမ်းများတဲ့ လက်ဖြူဖြူတွေကပါ တစ်ကိုယ်လုံး ပြေးလွှားနေတာကြောင့် ထွေး၏ ကိုယ်လေးဟာ ထို အမျိုးသမီးနှစ်ယောက်ကြား တွန့်လိန်လို့
" ဟာ့ မီး မီး ပိတ်ပေး ~~"
"အဟက် အဆိုးကလေးက အမှောင်ကြောက်တယ်လေ "
မျက်နှာရဲရဲလေးနဲ့ ထွေးဟာအဝေ့၏ စကားကြောင့် မျက်စောင်းလေးက ထိုးလာသေး
ယွန်းဟာတော့ သူဟာသူ အချစ်သက်သေ တွေလုပ်နေရင်း အလုပ်မအားပုံ
ကျန်တဲ့အချိန် အရာရာ လိုက်လျောပေးမယ်
ဒီ အချိန်တော့ မရဘူး ဆိုတဲ့ အဝေဟာ
မီးပိတ်မပေးခဲ့ပါ
ကြမ်းပြင်ထက် အရှက်မဲ့စွာ ခုန်ဆင်းလာတဲ့ ဂါဝန် များ လျှက်နွယ် ပူးကပ်ထားတဲ့ ခြေထောက်သွယ်သွယ်များကြား နေရာမရမက ယူပစ်တဲ့ အဝေဟာ လူဆိုးကလေးပင် ထွေးတစ်ယောက် ဤ ညတာ‌ရှည်သောညတွင် အမျိုးသမီးနှစ်ယောက်လက်မှ ပြေးမလွှတ်နိုင်မှန်း နားလည်သွားတော့သည်။
မီးရောင်ပြာလဲ့လဲ့အောက်တွင် ပူးကပ် ရှုပ်ရှက်ခတ်နေတဲ့ အမျိုးသမီးသုံးယောက်ဟာ အရိုင်းဆန်တဲ့ ပန်းချီကားတစ်ချပ်လို လှပနေခဲ့သည်။ ဆူညံနေတဲ့ အခန်းထဲ အပြာရောင်အသံပေါင်းစုံ ညံလို့နေသည်မှာ ဂီတသံစဥ်တွေအလား ပါးပြင်ပေါ် ဖြတ်သွားတဲ့ မျက်ရည်တွေကို အနမ်းတွေဖြင့် ချော့မြူနေတဲ့ အမျိုးသမီးနှစ်ယောက်ဟာ ထွေးအကြောင်း ကောင်းကောင်း သိသူများသာ
ဝေလီဝေလင်းအချိန်မှာ ငြိမ်သက်သွားတဲ့ အခန်းငယ်
ပွေလီတွန့်ကြေနေတဲ့ အိပ်ယာခင်းကို မလဲအား ကြမ်းပြင်ထက်က အဝတ်တွေ ယူမလဲအား နေရောင်ခြည်က ဝင်မနှောက်ယှက်စေရန် လိုက်ကာ‌စတွေ ဆွဲပိတ်လို့ ပင်ပန်းကာ အိပ်မောကျနေသည့် ထွေးဘေး၌ အမျိုးသမီးနှစ်ယောက်ဟာ တစ်ဖက်စီနေရာယူလိုက်ကြပြီး ဖက်ကာ အိပ်စက်လိုက်တော့သည်။
မအိပ်ခင် ယွန်းဟာ အဝေနှင့် ထွေးပါးပြင်လေး ကို နမ်းရှိုက်လာတာကြောင့် ပြုံးနေတဲ့ အဝေကလည်း ထပ်တူ တယုတယ နမ်းရှိုက်ပေးလာတော့သည်။
" အီးဟီး လမ်းလျှောက်လို့မရတော့ဘူး အောက်ပိုင်းသေသွားတာလား ဗြဲ !!!"
"ဟာဟာ ထွေးငယ် ဘာတွေလျှောက်အော်နေတာလဲ "
"အောက်ပိုင်းတော့ မသေလောက်ပါဘူး ထွေးရဲ့ "
မထွက်တဲ့ မျက်ရည်ကို အတင်းညစ်ရင်း အာပြဲကြီးနဲ့ ထိုင်အော်နေတဲ့ ကုတင်ပေါ်က ထွေးအား အဝေနှင့် ယွန်းမှာ အသဲအသန် ချော့ရလေပြီဖြစ်သည်။
ယွန်း၏ အကျီလက်ရှည်အကြီး တစ်ထည်သာ ကိုယ်ပေါ် ရှိနေသော ထွေးဟာ အိပ်ယာထစဖြစ်တာကြောင့် စုတ်ဖွားလေးနဲ့ ဖျစ်ညစ်ချင်စရာလေး ဖြစ်နေတော့သည်။
" လူယုတ်မာကြီးတွေ !!!"
"အင်းပါ အင်းပါ ကိုယ်တို့မှားပါတယ်"
"လာပါအုံး ဒူးကိုဆေးထည့်ရအောင် "
စိတ်ကောက်နေတဲ့ အမျိုးသမီးဟာ ခါးကနေ ထိန်းကာခေါ်တော့လည်း အဝေ့ ပေါင်ပေါ် ဆွေ့ခနဲပါလာသည်မှာ သိပ်တော့ မလိုက်ချင်ပါဘူး သို့သော် မယ်တော်လေးက ရုပ်ကလေးကို ဆူချိတ်ထားလို့နေသေးသည်။
" ထွေး နေ့လည်စာ စားတော့မလား ကိုယ်သွားပြင်လိုက်မယ်"
"ဟင် နေ့လည်စာ !"
"ဟုတ်တယ် လေ အချိန်ကိုလည်း ကြည့်ပါအုံး အမျိုးသမီးရဲ့ "
ထိုအခါမှ နာရီကို လှည့်ကြည့်တော့
ဆယ်နှစ်နာရီကို ထိုးပြနေတဲ့ နာရီလက်တံရှည်က ထွေးကိုလှောင်ပြနေသလို
ရုပ်ကလေးက အင်တင်တင်လေး ဖြစ်သွားတဲ့အခါ ယွန်းနဲ့ အဝေမှာ ခိုးရယ်နေလိုက်သေး
" အယွန်းခွံ့‌ေကျွးမှာလား "
"ဒါပေါ့ ခွံ‌ေကျွးရမှာပေါ့ "
အောက်ထပ်ကို အမြန်ပြေးဆင်းသွားတဲ့ယွန်းဟာ သူ့ အမျိုးသမီးနှစ်ယောက်ကို နေ့လယ်စာ ခွံ့ကျွေးဖို့ရာ အလျင်လိုနေပုံ
အဝေသည် ပေါင်ပေါ်က ကိုယ်လေးကို အူယားစွာ ဖျစ်ညစ်ပလိုက်တော့ အင့်ခနဲ အသံလေး ထွက်လာသေး
" အဝေ ဘာတွေလုပ်နေပြန်တာလဲ အာ့ !!"
" အူယားလို့လေ  "
အကျီအောက်လျှိုဝင်သွားတဲ့ အဝေ့ ခေါင်းနဲ့အတူ ဗိုက်သားတွေ အကိုက်ခံလိုက်ရတာမို့
ထွေး၏ ရုပ်လေးက မဲ့မဲ့ကလေး ဖြစ်သွားတော့သည်။ ပါးဖောင်းဖောင်းလေး ဆွဲကာချော့တော့လည်း ထို အမျိုးသမီးဟာ အရူးကလေးလို ချက်ခြင်း ပြုံးတက်လာတော့သည်။
" ပြပါအုံး ဒီဒူးလေးတွေ "
"အာ့ စပ်တယ်"
"ငြိမ်ငြိမ်နေ မှုတ်ပေးမယ် "
လသာဆောင်က ကြမ်းပြင်ပေါ် ဒူးထောက်ထားရတဲ့ ဒူးဆစ်လေးတွေက နီရဲ ကာနေတဲ့အပြင် ကုတင်ပေါ်မှာပါ ဒူးထောက်ခဲ့ရတော့ ထွေး၏ ပါးလွန်းသော အရေပြားမှာ ပေါက်ပြဲလေပြီဖြစ်သည်။
ဆေးထည့်တော့ စပ်လို့ထင် အမျိုးသမီးဟာ အဝေ့၏ အကျီလက်စကို အသာဆွဲရင်းအော်လာသည်။ အဝေသည် ဒူးနားကပ်ကာ လေအေးအေးနဲ့ မှုတ်ပေးတော့ ထွေး၏ နားလေးများ ရဲတက်လာသည်ကိုလည်း အသဲယားဖွယ်တွေ့လိုက်ရသေး
" အဟမ်း အဟမ်း "
အခန်းဝက ယွန်း၏ ဟန့်သံနဲ့အတူ အကြံကြီးသော အပြုံးကြီးကိုပါ တွေ့လိုက်ရသဖြင့် ထွေးနှင့် အဝေမှာ ကျက်သည်းတွေပင် ထသွားရတော့သည်။
ထို့အပြင် ယွန်းသည် ထိုသို့ပြုံးရင်း စိုက်ကြည့်နေတာမို့ အဝေတစ်ယောက် ကျောပင် မလုံ သလို ဖြစ်လာရသည်။
" ....!!!!နှာဘူးမ!!"
"အဟက်ဟက် ကိုယ့် အမျိုးသမီးတွေဘဲ ဘူးတာပါ "
အဝေသည် ငုံထားသောကြောင့် ဟိုက်နေသော သူ၏ အကျီ လည်ပင်းအစနားကို ဖုံးအုပ်လိုက်ရင်း မျက်နှာရဲရဲကလေးနဲ့ အော်လာတဲ့အခါ ယွန်းသည် လက်ထဲက ထမင်းပန်းကန်ထည့်ထားတဲ့ ဗန်းကို ကုတင်ဘေးက စားပွဲပေါ် တင်ရင်း ရယ်ကာပြောလာတော့သည်။
" လာပါအုံး ဒီကို "
ယွန်းသည် ခုံးတစ်လုံး အနားဆွဲကာ ယူလာရင်း သူ့ပေါင်ကို ပုတ်ကာ ဆိုလိုက်သဖြင့် အဝေ့ ပေါင်ပေါ်က ထွေးသည် ဇိုးခနဲဇက်ခနဲ ယွန်းပေါင်ပေါ် ရောက်သွားတော့သည်‌။
အော်လမ်းမလျှောက်နိုင်လို့သာပေါ့
အူမြူးနေဟန် ရတဲ့ ယွန်းသည် တခွီးခွီး ရယ်နေတာကြောင့် အဝေတစ်ယောက်သိပ်မကြည်ချင်တော့ပင် ဒီနေ့ ထမင်းတော့စားရလောက်မယ် မလား
" အယွန်း ထွေးတို့ စားတော့စားရအုံးမှာပါနော်"
"ဟီးလာလာ ခွံကြွေးမယ် "
ထွေးကပါ ပြောလာတော့ ယွန်း သည် ဆက်မ‌ရယ်နေတော့ဘဲ ဟီးခနဲ သွားဖြဲပြလာတာ ထမင်းပန်းကန်ကို လက်လှမ်းလိုက်တော့သည်။
ဒီတစ်ခါတော့ အဝေနှင့်ထွေးတွင် ကုတင်ပေါ် ရောက်သွားပြီဖြစ်၍ နဘေးတွင် ယွန်းရှိနေခဲ့သည်။ သူ့ ခွံကြွေးတဲ့ ထမင်းကို ပြုံးပြုံးကလေးတွေ စားနေကြတဲ့ အမျိုးသမီးနှစ်ယောက်ဟာ ယွန်း၏ မျက်နှာလေးကိုပါ အလိုလို ပြုံးလာ‌ေစတော့သည်။
ပြီးပြည့်စုံခြင်း ဆိုတာထက်ပိုလွန်းခဲ့သော အခိုက်အတန့်တွေပေါ့
" အလုပ်တွေ ရှုပ်နေတာလား ဆောင်း"
"နောက်လကြ daddy ဆီမှာ အလုပ်ဆင်းရတော့မှာလေ "
" အာ ပင်ပန်းနေတော့မှာဘဲ "
" အားဆေးလေးတွေ ရှိနေလို့ မပင်ပန်းပါဘူးဗျ"
စာကြည့်ခန်းမှာ စာရင်းဇယားတွေနဲ့ အလုပ်ရှုပ်နေသော  အဝေ အနား နွားနို့ခွက်လေး ကိုင်ရင်းရောက်လာသည်က ယွန်းပင်
ပါးကို လှမ်းနမ်းရင်း ဆိုလာတဲ့ အမျိုးသမီး၏ စကာ‌းကြောင့် ယွန်းဟာ ပိုတက်ရန်ကောဟု ချစ်စဖွယ် နှာခေါင်းလေးရှုံ့ပြလာသည်။
" လာ ယွန်း "
" ဟင့်အင်း "
"နှစ်ခါမခေါ်ချင်ဘူးနော် !"
"သူ့ ထွေးငယ်အတိုင်း လူကိုဘဲ အနိုင်ကျင့်နေကြတယ်"
"အင့်! အဟက်ဟက် ပွစိပွစိ ပြောမနေနဲ့အကုန်ကြားတယ် "
အဝေသည် စာရင်းတွေလေ့လာနေရာက ရပ်ပြီး ပေါင်ပေါ်ပုတ်ပြတော့ ခေါင်းရမ်းလာတဲ့ ယွန်းဟာ ထိုင်ရမှာ ရှက်နေပုံပါ
ခပ်မာမာလေးလည်း ခြိမ်းခြောက်လိုက်ရော ဆောင့်အောင့်ပြီးထိုင်ချလိုက်သည်ဆိုတာ အဝေမှာ အင့်ခနဲပင် ဖြစ်သွားရသည်။
ထို့အပြင် ဆူပုပ်ရင်း ပွစိပွစိ တိုးတိုးကလေး  ပြောနေတဲ့ ယွန်းဟာ သူကြားကြောင်း သတိပေးတော့ မျက်စောင်းထိုးရင်း ငြိမ်ကျသွားသည်မှာ အသဲယားစရာကောင်းလွန်းလှသည်။
" ရွတ် မွှေးနေတာဘဲ "
" ဆောင်း ကိုယ့်ကို အသားယူတာတော်တော်ကို များနေပြီ"
သနပ်ခါးဖွေးဖွေးနဲ့ ပါးပြင်ကို မွှေးကြူရင်းဆိုမိတော့ ထပ်မံရလိုက်တဲ့ မျက်စောင်းလေး တစ်ချက်နဲ့အတူ ယွန်း၏ ပြောစကားကြောင့် အဝေတစ်ယောက် ပြုံးလျက်သား။
ဒီ အမျိုးသမီးနှစ်ယောက်ကို မြင်တိုင်း အသားတင်မက အကုန် ရယူချင်နေတာလည်း အခက်သား
" အဲ့တော့ ကိုယ့် ယွန်းက မကြိုက်ဘူးလား"
"မဟုတ်ပါဘူးကြိုက်တယ်လို့ပြောမလို့"
"အဟက်ဟက် ချစ်စ‌ရာလေးကွာ ခင်ဗျားက"
"ချစ်စရာလေးဆို ချစ်လိုက်‌ေလ ဘယ်သူက မချစ်နဲ့ အွင့် ဆောင်း!!အွတ်"
ပြီတိတိမျက်နှာလေး နဲ့ ဆိုလာတဲ့ ယွန်းကြောင့် အဝေမှာချစ်ဖို့ကောင်းလွန်းနေတာကြောင့် ခေါင်းမော့ကာ ရယ်မိတော့သည်။
ထို့နောက် စကားများလွန်းတဲ့ အမျိုးသမီး၏ နှုတ်ခမ်းတွေကို အနမ်းတွေနဲ့ချိတ်ပိတ်‌လိုက်တော့ ယွန်း၏ အော်သံဆူးဆူးတွေဟာ
တိမ်ငုတ်ပြောက်ကွယ်သွားရတော့သည်။
ယွန်း၏ ပါးပြင်နှစ်ဖက်ကို အုပ်မိုးထားတဲ့ အဝေ၏ လက်များဟာ မက်မက်မောမော
နက်ရှိုင်းလှတဲ့ အနမ်းပင်လယ်မှာလည်း တမေ့တမော
" ပြန်ရောက်ကတည်းက ဆိုးလာတာ "
" ချစ်လို့ပါ"
ရပ်တန့်ပေးလိုက်တော့ အသက်လုရှုရင်း ဆိုလာ ယွန်း၏ စကားသံ‌များဟာပြတ်တိပြတ်တောင်း ဖြစ်နေပေမယ့် အဝေ့အတွက် မက်မောဖွယ်ရာအတိ ‌ပုခုံးပေါ် မှီကျလာတဲ့ ယွန်း၏ ခေါင်းလေးကို ပွတ်သတ်ကာ အဝေက တိုးတိုး‌လေး ဆိုလာသည်။
" ထွေးငယ်ရော "
" အောက်မှာ ဆောင်း စားဖို့ အသီးခွဲနေတယ်"
"ကျစ် အဲ့ ကောင်မလေးက အမြဲနမော်နမဲ့နဲ့ တော်ကြာ လက်တွေရှကုန်မှဖြင့်"
"အို ထွေးက ကလေး မဟုတ်ပါဘူး အဝေ "
ကြားလိုက်ရတဲ့အသံဟာ အခန်းဝကမို့
ထွေးသည် မျက်စောင်းကလေး ဝင့်ရင်းဆိုနေလိမ့်မယ်ဆိုတာ ကျောပေးထားပေမယ့် အဝေလှည့်မကြည့်ဘဲ ထို အမျိုးသမီး၏ အရာရာအားသိပါသည်။
" ကိုယ်က စိတ်ပူလို့ပါ "
"သိပါတယ် အမျိုးသမီးရယ် ရွှတ် ‌"
"ဟာ ထွေးငယ် ရာ~"
"အင့်!!ကျုပ်နဲ့ ဘာမှမဆိုင်ဘူးလေ မမဆောင်း"
ထွေးသည် သူ့လက်ထဲ အသီးပန်းကန်ကို အဝေ့ စားပွဲပေါ် တင်ရင်း ပြုံးကာ
ခါးကိုင်းရင်း အဝေ၏ နဖူးကို နမ်းရှိုက်ပလိုက်သည်မို့ အဝေတစ်ယောက်ရင်ထဲ လိပ်ပြာတွေပျံကုန်ကာ ရင်ခွင်ထဲက ယွန်းကို ဖျစ်ညစ်မိတော့သည်။ အင့်ခနဲ အသံလေးနဲ့အတူ ဆူအောင့်အောင့် အသံလေးထွက်တော့ အဝေနှင့်ထွေးတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်လိုက်မိကြတော့သည်။
ထိုအခါ အဝေ့ ပုခုံးပေါ်မှီထားတဲ့ ယွန်းဟာလည်း ရယ်နေမယ်ဆိုတာ မလွဲမသေပါပေ
________________
Words- 1957
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge
_________________
Zawgyi
_________________
" အဝေ ဘာလုပ်မလို့လဲ "
" ဟင့် အယွန်း !!"
"အဝေ အင့်!!"
" ဟာ့ မီး မီး ပိတ်ပေး ~~"
မီးပိတ်မပေးခဲ့ပါ
" လူယုတ်မာကြီးတွေ !!!"
"ဟင် နေ့လည်စာ !"
" အယွန်းခွံ့‌ကျွေးမှာလား "
"ဒါပေါ့ ခွံ‌ကျွေးရမှာပေါ့ "
" အူယားလို့လေ  "
" ပြပါအုံး ဒီဒူးလေးတွေ "
"အာ့ စပ်တယ်"
" အဟမ်း အဟမ်း "
" ....!!!!နှာဘူးမ!!"
" လာပါအုံး ဒီကို "
"ဟီးလာလာ ခွံကြွေးမယ် "
" လာ ယွန်း "
" ဟင့်အင်း "
" ရွတ် မွှေးနေတာဘဲ "
"ချစ်စရာလေးဆို ချစ်လိုက်‌လေ ဘယ်သူက မချစ်နဲ့ အွင့် ဆောင်း!!အွတ်"
" ချစ်လို့ပါ"
" ထွေးငယ်ရော "
" ကိုယ်က စိတ်ပူလို့ပါ "
"ဟာ ထွေးငယ် ရာ~"
________________
Words- 1957
All I love you
Take care all my bae
Stay safe
Be happy
@kyar_nge
Continue Reading
You'll Also Like
161K 13.8K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...
127K 10.3K 25
558K 33.8K 42
#Unicode ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စောက်ရမ်းချစ်မိနေတဲ့ ဒီလူကလဲ မ ရက်စက်လေ ပိုချစ်လေဆိုတာ တနေ့တခြာ...
236K 16.2K 28
နှင်းဆီနီတွေကြိုက်တတ်တဲ့ မမနီ ဆိုတဲ့အမျိုးသမီးဟာ ကျွန်မအတွက် မြတ်နိုးစရာ🌹♥ Start Date**12-2-2022 End Date***26-5-2022